စေလိုရာစေ...
(Unicode)
ဒီနေ့က လေညှင်းရဲ့အားလပ်ရက်။အားလပ်ရက်ဆိုပေမယ့် နားရမယ်မထင်နဲ့။မနက် ကိုးနာရီလောက် အမ စုလဲ့ရဲ့weddingသွားစရာရှိတာကြောင့် မနေ့ညကတည်းက သားအဖသုံးယောက်
အတွက် တခါတည်း အဝတ်တွေ ပြင်ဆင်ပြီးသား။
"မောင်ရေ....သားသား အအေးပက် မယ်လေ..မြန်မြန်ထွက်ခဲ့တော့!"
မနက်ထကတည်းက ရေချိုးမယ်ဆိုပြီး ဝင်သွားတဲ့ သားအဖ အခုလေညှင်း ဘုရားဝတ်ပြုပြီးသည်အထိ ထွက် မလာသေး။မောင်က သားသားကို တအားအလိုလိုက်တယ်။ဟိုဟာလေးကလည်း သူ့ဒယ်ဒီအားကိုးနဲ့ဆို လေညှင်းရဲ့ပြောစကားကို သိပ်နားမထောင်ချင်တော့ဘူး။အဲ့လိုအခါကျ လေညှင်းက ရိုက်မယ်ဘာညာလုပ်လိုက်ရင် မောင်က အမြဲအရှေ့ကနေ ကာဆီးကာဆီးနဲ့။ခက်တယ် ဒီလိုသာ ရှေ့ဆက်သွားရင် မြတ်ပဏ္ဍာမောင်တို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ပျက်ဆီးမှာတော့ မြင်ယောင်တယ်။
"ဟား..ဟား..မင်းပါးပါးက ဒယ်ဒီ့ကိုပိုချစ်တာဆိုကွာ...မယုံရင် ပါပါးကို မေးကြည့်"
"အမ်..ဟုတ်ပဲနဲ့..ပုတင်းကို..ပိုဂျစ်တာပါဆို.."
သားအဖနှစ်ယောက် ရေချိုးခန်းထဲက ထွက်လာကတည်းက စကားနိုင်လုနေတာ တစ်ယောက် မှအလျော့မပေး။မောင်ကလည်း ပူတင်းကို တအားအစနောက်သန်သလို ပူတင်းကလည်း
သူ့ဒယ်ဒီစလို့ မနိုင်တော့ဘူးဆိုရင် အာပြဲြကီးနဲ့ငိုပြီး လေညှင်းကိုတိုင်ပြီ။အဲ့လိုအချိန်ကျရင်တော့ ပူတင်းက လေညှင်းနဲ့တဖွဲ့တည်း ဖြစ်သွားပြီး မောင့်ကို ဝိုင်းပြီးအနိုင်ကျင့်ကြတာ တကယ်ပျော်စရာကောင်းသည်။
"ပါပါး..သားသားကို ဒယ်ရီ်ထက် ပိုဂျစ်တယ်မရားဟင်..ဟုတ်ရယ်မလား..ဒယ်ရီကို ပြောရိုက်..ပူတင်းကို ပိုချစ်ရာရို့"
ဖင်ပြောင်လေးကို ဘောင်းဘီအပွလေးစွပ်ပေးနေတုန်း ပါးစပ်ကလည်းအငြိမ်မနေ အဝတ်စားဝတ်နေတဲ့ သူ့ဒယ်ဒီကို ချောင်းကြည့် လိုက် လေညှင်းအနားတိုးကပ်ပြီး မေးလိုက်နဲ့ တစ်ယောက်တည်း အလှုပ်ရှုပ်နေတဲ့ ပေါက်စပါလေ။
"အင်း..ပါပါးပြောလိုက်မယ်..ဟုတ်ပြီလား.."
"ဟီး..အာ့ကြောင့် သားသားက ပါပါးကို ချစ်နေရရာ"
သူလိုချင်တာရတော့ ပေါက်စက လေညှင်းရဲ့ပါးကို သူ့ရဲ့ နူတ်ခမ်းထော်ထော်လေးနဲ့ ဘယ်ပြန်ညာပြန် နမ်းသည်။
"အာ..သားရာ..ဒါဒယ်ဒီပိုင်တဲ့ နေရာလေကွာ..ဒယ်ဒီနမ်းဖို့လည်းထားပါဦး..ကဲ..လာထားကွာ..မွ..မွ"
"အား..ရပူး..သာသား နမ်းဦးမှာဆို..သွား..ဒယ်ရီ နမ်းနက်"
သားသားနမ်းနေတာ တွေ့သွားတော့ ထုံးစံအတိုင်း မောင်က ပူတင်းလေးကို ဆွေ့ခနဲကောက်ချီပြီး လေညှင်းကိုဖက်၍ ပူတင်းနမ်းသွားသလို နမ်းပြီး သူ့သားကိုစနေသည်။ပူတင်းကလည်း အားကျမခံ သူ့ဒယ်ဒီကို အတင်းတွန်းလွှတ်ပြီး ပြောမရတော့ ငိုမဲ့မဲ့ဖြစ်လို့လာသည်။
"ကဲပါ..မောင်ရယ်..စောစောစီးစီး..မောင့်သားကို ငိုအောင်မစစမ်းပါနဲ့..ပြီးရင် လေညှင်းကိုပဲ မောင့်သားက ဂျီကျလို့မဆုံးတာ မောင်လည်းသိရဲ့သားနဲ့"
မောင့်ကို မျက်စောင်းထိုးပြီး ပြောတော့ လူဆိုးကောင်က သေဘာတကျရယ်သည်။
"ဟား...ဟား..အသည်းယားစရာလေးကွာ..မောင့်ကိုမျက်စောင်းထိုးတဲ့ပုံလေးက..မောင်အပိုပြောတာမဟုတ်ဘူး..ကလေးက သားထက်တောင် ချစ်စရာကောင်းတယ်သိလား..အဲ့လိုအမူယာလေးတွေလုပ်တိုင်း ဟောဒီကောင်က အခုချက်ချင်း တစ်ကိုယ်လုံး မြိုချပစ်ချင်စိတ်တွေပေါက်လာတာ..အဟင်း"
"မောင်နော်..ကလေးရှေ့မှာ..ဘာတွေပေါက်ကရပြောနေလဲမသိဘူး..တော်ပြီ..လေညှင်း
အရင်ဆင်းနှင့်တော့မယ်.."
"အော်ဟော်..မောင်က ဘာပေါက်ကရတွေ ပြောနေလို့လဲ အချစ်ရယ်..ဟက်..ရှက်သွားပြန်ပြီ..ဒီကလေးအဖေလေးကတော့..သားရေ..မင်းပါပါးက ဒယ်ဒီနဲ့ညားတာ နှစ်တွေကြာတာတောင် အခုထိ ရှက်နေတုန်းတဲ့..ကဲ...အရှက်သည်းလွန်းတဲ့ မင်းပါပါးကို ဘယ်လိုလုပ်ရမလဲပြော"
"ဖက်နမ်းရိုက်..ခစ်..ခစ်"
"ဟား..ဟား..ဟား..မင်းက တကယ့်ကောင်ပဲဟေ့..မောင့်အသက်ရေ.ဒီမှာ မင်းသားက ပါပါးရှက်နေရင် ဖက်နမ်းလိုက်တဲ့..မင်းပါပါးကြားရင် မင်းကို ရိုက်လိမ့်မယ်..ဟား..ဟား"
"ဒယ်ရီရှိတယ်..ကြောက်ပု..ခစ်..ခစ်"
ရှေ့သွားကလေး နှစ်ချောင်းပေါ်အောင် ရယ်ပြတဲ့ ပေါက်စလေး။စက္ခမှာ အသည်းယားလွန်း၍ သနပ်ခါးတွေ ဖွေးနေတဲ့ ပါးဖောင်းလေးနှစ်ဖက်ကို နှာတံချွန်ချွန် နစ်ဝင်နေအောင် နမ်းပစ်လိုက်သည်။
"ယား..ဒယ်ရီ ကောင်းပူး..ပုတင်း ခါးခါးတွေ ပျက်တုန်ပါပြီ.."
"ပျက်တော့ ဘာဖြစ်လဲကွာ...ဒယ်ဒီပြန်လူးပေးမှာပေါ့"
"ဟင့်အင်း..ပါပါးယူးတာပဲ လှဒါ..ဒယ်ရီလူးနဲ့"
ဖင်လေးကို လုံးလုံးနဲ့ ပြောပြီး တံခါးလက်ကိုင်ကို မမှီမကမ်းနဲ့ ဖွင့်နေတဲ့ ပူတင်းလေးက တကယ်ကို
ချစ်စရာအကောင်ပေါက်လေးပါ။သူနဲ့ ကလေးရဲ့ ဘဝထဲကို ရောက်ရှိလာတဲ့ ဆုလာဘ်လေးတစ်ခုဆိုလည်း မမှားဘူး။
"ဟား..ဒီနေ့ ငါ့မြေးက စတိုင်အပြည့်နဲ့ပါလားဟေ့..ကြည့်ရတာ သားအဖတွေ ဒီနေ့ dateလုပ်ကြမလို့ထင်တယ်"
"ဟီး..ပုတင်းကို လှဒယ်ကြောလို့ အာဘွားယူ ဦးကျံ..မွမွ"
ထုံးစံအတိုင်း ထမင်းစားပွဲနားရောက်တာနဲ့ ဦးစံပေါင်ပေါ်ပြေးတက်ပြီး ပါးကိုဘယ်ညာနမ်း၍ ညာစားနေတဲ့ အကောင်ပေါက်ပါလေ။အဲ့ဒါကြောင့်ပြောတာ လေညှင်းတို့အိမ်က ပူတင်းလေးထပ်ရောက်လာမှ ရယ်မောသံလေးတွေနဲ့ ပိုပြီးမြိုင်ဆိုင်သွားတော့တာ။
"ဒီနေ့ weddingတစ်ခု သွားစရာရှိနေလို့..ဦးစံ..အဲ့ဒါကြောင့် အစောကြီးထပြီး ပူတင်းနဲ့မောင့်ကို ပြင်ဆင်ပေးနေရတာ"
"အဲ့ဒါကြောင့်ကိုး..ဒီနေ့ သားအဖသုံးယောက်လုံးက စတိုင်တမျိုးစီနဲ့ မိုက်နေကြတာ..ကဲကဲ..မနက်စာလေး စားပြီးမှသွားကြပေါ့"
မနက်စာစားပြီးတာနဲ့ wedding သွားဖို့ အချိန်လိုသေးတာကြောင့် သားသား ပူဆာတဲ့အတိုင်း မောင်က ကားကို မနက်စောစောလေး ရွှေတိဂုံ ဘုရားသို့ ဦးတည်မောင်းလိုက်သည်။ဘုရားကနေမှတဆင့်Wedddingသို့သွားမည် ဖြစ်သည်။
"သားသား..ဦးတော်လုပ်မယ်..လက်အုပ်လေးချီ.."
မောင်က ဘေးမှာ ဘုရားဦးချပြီးတော့ လမ်းကဝယ်လာတဲ့ ကြာပန်းတွေကို ဘုရားပန်းအိုးထဲ သွားထည့်ပြီး ရေသပ္ပါယ်နေသည်။
"သားသားရေ..ငေးမနေနဲ့လေကွာ..ဘုရားရောက်ပြီး ဦးတော်မလုပ်ရင် ပါပါးမကြိုက်ဘူးနော်."
သားသားက ဘုရားပေါ်က နိုင်ငံခြားသားတွေကို အထူးဆန်းတစ်ခုလို လိုက်ငေးနေပြီး နေရာသစ် ပတ်ဝန်းကျင်သစ်ဆို အခုလိုမျိုး အရာရာ စူးစမ်းတတ်တဲ့ အကျင့်လေးရှိသည်။
"ဟုတ်..ပါပါး"
ဖောင်းကစ်ကစ် လက်လေးနှစ်ဖက်ကို သေချာပူးပြီး ထိခြင်းငါးပါးနဲ့ ကန်တော့နေတော့ လေညှင်းမှာ သဘောကျရပြန်သည်။သားသားကို သိတတ်တဲ့အရွယ်လေးကနေစပြီး ဘာသာတရားကိုင်း
ရှိုင်းတတ်အောင် အမြဲလေ့ကျင်သင်ကြားပေးသည်။ဒါကြောင့်လည်း သားသားက အခုလို လူကြီးလေးတစ်ယောက်လို ဘုရားရှိခိုးကန်တော့တတ်တာ ဖြစ်သည်။
"ကြည့်ပါဦး..မောင်တို့သားလေးက တော်တော်ချစ်ဖို့ကောင်းတယ်.."
မောင်က အဝေးကနေ လေညှင်းနဲ့ သားသားရဲ့ ပုံကို ရူ့ထောင့်အမျိုးမျိုးကနေ ဖုန်းနဲ့ဓာတ်ပုံရိုက်ယူထားတဲ့ ပုံလေးတွေကို တစ်ပုံခြင်း ရွေ့ပြလာသည်။
"ဟုတ်ပ..ချစ်စရာကောင်းလိုက်တာ..မောင်ရယ်..အခုလိုကြည့်တော့ သားသားက မောင်နဲ့တထေရာတည်းပဲ..အရွယ်ရောက်လာရင် မောင်နဲ့ပုံတူကူးထားသလို ဖြစ်နေမှာ မြင်ယောင်သေးတယ်.."
"အင်း..မောင်ရဲ့ ကိုယ်ပွားလေးလေ..ပူတင်းက..ဒီက ဒေါက်တာလေးကတော့ မောင့်ရဲ့
အသည်းဦးပိုင်ရှင်လေး"
ပါးလေးကို ဆွဲညစ်ပြီးပြော လိုက်တော့ မျက်နှာလေးက ရှုံ့မဲ့သွားသည်။
"အား..နာတယ်..မောင်ရာ..လွှတ်တော့..ဟိုမှာ မောင့်သားလာနေပြီ"
ဘုရားရှိခို့ပြီးသွားတော့ လေညှင်းတို့အနားကို
လုံးတုံးတုံးနဲ့ ပြေးလာလေသည်။
"ပါပါး..ပုတင်းကို ဒါ့ပုံ ရိုက်ပေးဦး.."
"ဒီမှာ သားဒယ်ဒီက ခုန ရိုက်ပေးထါးပါတယ်တဲ့ဗျာ..ဘာလဲ..သာသားက ထပ်ရိုက်ချင်သေးတာလား"
"ဟုတ်တဲ့..ဟီး"
လုပ်နေကျ သွားလေးကို ဖြဲပြီး သူဓာတ်ပုံရိုက်ချင်တာကို ချွဲ ပြီးပြောနေတဲ့ ပူတင်းလေးကို အသည်းယားလွန်း၍ နဖူးပေါ်က ဆံပင်ခပ်အုပ်အုပ်လေးကို လက်နဲ့ ဆွဲဖွပစ်လိုက်တော့သည်။
"ကဲ..ရိုက်ပြီနော်..ဟုတ်ပြီ..ပို့စ်ပြောင်းမယ်..ဟုတ်ပြီ..မောင့်သားက ကြီးလာရင် မော်ဒယ်ဖြစ်မလားမသိဘူး ကလေးရေ..ကြည့်ပါဦး..ပို့စ်အမျိုးမျိုးပေးနေတာ အခုထိ ထပ်သွားတယ်မရှိသေးဘူး..ဟား..ဟား"
ဘုရားဇောင်းတန်းလေးမှာ ဝင်ထိုင်ပြီး မောင်တို့သားအဖကို ကြည့်နေတုန်း မောင်က အော်ပြောလာတော့ သဘောတကျ ရယ်မိပြန်သည်။
ဟုတ်လည်းဟုတ်တယ် ၊ ပူတင်းလေးက အလှအပလည်းတအား နှစ်သက်သလို အခုလို ဓာတ်ပုံရိုက်ပေးတဲ့အခါမျိုးဆိုလည်း လူကြီးတွေက ပြင်ပေးစရာမလို ပိုစ့်အမျိုးမျိုးနဲ့ စတိုင်ထုတ်တတ်တဲ့ ပေါက်စပါလေ။
အဲ့လိုလုပ်တတ်တာလည်း ဘယ်ကတတ်သလဲမေးဦး ၊တနေ့တနေ့ ဆေးရုံကပြန်လာပြီတာနဲ့ လေညှင်းရဲ့ ဖုန်းကိုယူပြီး youtubeကနေ ကလေးသီချင်းတွေ ကဗျာတွေ လိုက်ဆိုရတာနဲ့ သူ့ဒယ်ဒီ facebookသုံးနေရင် မော်ဒယ်အမျိုးမျိုးရဲ့ ပုံတွေ လိုက်ကြည့်ရတာနဲ့ ပူတင်းတစ်ယောက် အားတယ်လို့မရှိဘူး။
"ကဲ..မောင်ရေ..ပူတင်းကို ချော့ပြီး ခေါ်ခဲ့လိုက်တော့ နေလည်းပူလာပြီ..တော်ကြာ မောင့်သား အပူရှပ်ပြီး ဖျားနေမယ်..လာကြတော့..ဒီမှာခဏထိုင်နားပြီးရင်..weddingသွားကြမယ်..အခုလောက်သွားမှ ဟိုက ပွဲစတာနဲ့ အတော်ပဲ"
လေညှင်းက weddingသွားရင် ပွဲအစဦးဆုံးချိန်ကို ရွေးသွားသည်။အဲ့ဒီအချိန်က ဧည့်သည်လည်း သိပ်မရောက်သေးတော့ လူသိပ်မများတဲ့အပြင် သတို့သား သတိူ့သမီးနဲ့ သေချာနူတ်ဆက်စကားပြောလို့ရသောကြောင့်ဖြစ်သည်။
ခန်းမက ဘုန်းကြီးကျောင်းက ပြုလုပ်ထားသော အဆောက်အုံကျယ်တစ်ခုဖြစ်ပြီး ငွေရတု ရွှေရတု ပုလဲရတု ခန်းမသုံးခုအနက် အမစုလဲ့တို့က ပုလဲရတု ခန်းမဖြစ်တာကြောင့် ကားလေးကို ချိုးကွေ့ဝင်ပြီး ပါကင်ပေးထါးတဲ့နေရာမှာ နေရာယူလိုက်သည်။ထို့နောက် အစ်မနှင်းလဲ့က လေညှင်းတို့ကားကို လှမ်းမြင်လိုက်တာကြောင့်
ခန်းမရှေ့ထွက်ကြိုလေသည်။
"ငါ့မောင်တို့ ရောက်လာပြီပဲ..ကဲ..လာကြ..လာကြ..အခုမှ ပွဲကစတာ"
ယ
သားသားကို မောင်ကပွေ့ချီပြီး အစ်မနှင်းလဲ့အနောက်က လိုက်ဝင်တော့ သတို့သား သတိုးသမီးနဲ့ တန်းတွေ့တာကြောင့် အရင်ဓာတ်ပုံရိုက်လိုက်ပြီး ထောင့်ကျတဲ့ ဝိုင်းမှာထိုင်ဖို့ပြင်လိုက်သည်။
"သားသားက တနေ့တခြား ပိုပိုပြီး ချစ်ဖို့ကောင်းလာတယ်ရှင့်..လာပါဦး..တီတီ့ဆီကို..ဟိုတခါ shopping mallမှာ တွေ့ခဲ့တာ မှတ်မိတယ်မလား..ပူတင်းလေး"
"ခစ်..ခစ်..မှတ်မိရယ်..တီတီ လှလှ"
မောင်က သူ့သား လူတကာ ညာစားတတ်တာကိုမြင်ပြီး သဘောတကျ ရယ်လေသည်။မပြောဘူးလား ပူတင်းက မောင့်လို အတတ်လေးပါဆို။
ခဏနေတော့ အစ်မနှစ်ယောက်ကို နူတ်ဆက်ပြီးတာနဲ့ weddingကနေ ပြန်ထွက်လာခဲ့ကြသည်။မောင်ကတော့ ဘယ်ဆက်သွားဦးမလဲမေးတော့ ပူတင်းတို့က ထုံးစံအတိုင်း ကစားကွင်းသွားမယ် ပူဆာသည်ပေါ့။
ဒါပေမယ့် လေညှင်းနားချင်နေတာ မောင်က သိနေတော့ အလိုက်တသိနဲ့ ပူတင်းကိုချော့ပြီး အိမ်ပဲပြန်လာခဲ့လိုက်တော့သည်။ကောက်စိန်ကတော့ တစ်လမ်းလုံး နူတ်ခမ်းဆူလိုက်လာပြီး သူ့ဒယ်ဒီက အိမ်ရောက်ရင် အတူတူဘောလုံးကန်ကြမယ်ဆိုတော့မှသာ မျက်နှာတော်လေးက
ပြုံးရွင်သွားတော့သည်။တကယ်ကို အပြောင်းလဲ
ြမန်လွန်းတဲ့ ပေါက်စပါလေ။
#Thanks for reading
TBC Extra
Syringa
************************************
ေစလိုရာေစ...
(Zawgyi)
ဒီေန႔က ေလညႇင္းရဲ႕အားလပ္ရက္။အားလပ္ရက္ဆိုေပမယ့္ နားရမယ္မထင္နဲ႔။မနက္ ကိုးနာရီေလာက္ အမ စုလဲ့ရဲ႕weddingသြားစရာရွိတာေၾကာင့္ မေန႔ညကတည္းက သားအဖသုံးေယာက္
အတြက္ တခါတည္း အဝတ္ေတြ ျပင္ဆင္ၿပီးသား။
"ေမာင္ေရ....သားသား အေအးပက္ မယ္ေလ..ျမန္ျမန္ထြက္ခဲ့ေတာ့!"
မနက္ထကတည္းက ေရခ်ိဳးမယ္ဆိုၿပီး ဝင္သြားတဲ့ သားအဖ အခုေလညႇင္း ဘုရားဝတ္ျပဳၿပီးသည္အထိ ထြက္ မလာေသး။ေမာင္က သားသားကို တအားအလိုလိုက္တယ္။ဟိုဟာေလးကလည္း သူ့ဒယ္ဒီအားကိုးနဲ႔ဆို ေလညႇင္းရဲ႕ေျပာစကားကို သိပ္နားမေထာင္ခ်င္ေတာ့ဘူး။အဲ့လိုအခါက် ေလညႇင္းက ႐ိုက္မယ္ဘာညာလုပ္လိုက္ရင္ ေမာင္က အၿမဲအေရွ႕ကေန ကာဆီးကာဆီးနဲ႔။ခက္တယ္ ဒီလိုသာ ေရွ႕ဆက္သြားရင္ ျမတ္ပ႑ာေမာင္တို႔ ငယ္ငယ္ရြယ္ရြယ္နဲ႔ ပ်က္ဆီးမွာေတာ့ ျမင္ေယာင္တယ္။
"ဟား..ဟား..မင္းပါးပါးက ဒယ္ဒီ့ကိုပိုခ်စ္တာဆိုကြာ...မယုံရင္ ပါပါးကို ေမးၾကည့္"
"အမ္..ဟုတ္ပဲနဲ႔..ပုတင္းကို..ပိုဂ်စ္တာပါဆို.."
သားအဖႏွစ္ေယာက္ ေရခ်ိဳးခန္းထဲက ထြက္လာကတည္းက စကားႏိုင္လုေနတာ တစ္ေယာက္ မွအေလ်ာ့မေပး။ေမာင္ကလည္း ပူတင္းကို တအားအစေနာက္သန္သလို ပူတင္းကလည္း
သူ့ဒယ္ဒီစလို႔ မႏိုင္ေတာ့ဘူးဆိုရင္ အာၿပဲြကီးနဲ႔ငိုၿပီး ေလညႇင္းကိုတိုင္ၿပီ။အဲ့လိုအခ်ိန္က်ရင္ေတာ့ ပူတင္းက ေလညႇင္းနဲ႔တဖြဲ႕တည္း ျဖစ္သြားၿပီး ေမာင့္ကို ဝိုင္းၿပီးအႏိုင္က်င့္ၾကတာ တကယ္ေပ်ာ္စရာေကာင္းသည္။
"ပါပါး..သားသားကို ဒယ္ရီ္ထက္ ပိုဂ်စ္တယ္မရားဟင္..ဟုတ္ရယ္မလား..ဒယ္ရီကို ေျပာ႐ိုက္..ပူတင္းကို ပိုခ်စ္ရာ႐ို႕"
ဖင္ေျပာင္ေလးကို ေဘာင္းဘီအပြေလးစြပ္ေပးေနတုန္း ပါးစပ္ကလည္းအၿငိမ္မေန အဝတ္စားဝတ္ေနတဲ့ သူ့ဒယ္ဒီကို ေခ်ာင္းၾကည့္ လိုက္ ေလညႇင္းအနားတိုးကပ္ၿပီး ေမးလိုက္နဲ႔ တစ္ေယာက္တည္း အလႈပ္ရႈပ္ေနတဲ့ ေပါက္စပါေလ။
"အင္း..ပါပါးေျပာလိုက္မယ္..ဟုတ္ၿပီလား.."
"ဟီး..အာ့ေၾကာင့္ သားသားက ပါပါးကို ခ်စ္ေနရရာ"
သူလိုခ်င္တာရေတာ့ ေပါက္စက ေလညႇင္းရဲ႕ပါးကို သူ့ရဲ႕ ႏူတ္ခမ္းေထာ္ေထာ္ေလးနဲ႔ ဘယ္ျပန္ညာျပန္ နမ္းသည္။
"အာ..သားရာ..ဒါဒယ္ဒီပိုင္တဲ့ ေနရာေလကြာ..ဒယ္ဒီနမ္းဖို႔လည္းထားပါဦး..ကဲ..လာထားကြာ..မြ..မြ"
"အား..ရပူး..သာသား နမ္းဦးမွာဆို..သြား..ဒယ္ရီ နမ္းနက္"
သားသားနမ္းေနတာ ေတြ႕သြားေတာ့ ထုံးစံအတိုင္း ေမာင္က ပူတင္းေလးကို ေဆြ႕ခနဲေကာက္ခ်ီၿပီး ေလညႇင္းကိုဖက္၍ ပူတင္းနမ္းသြားသလို နမ္းၿပီး သူ့သားကိုစေနသည္။ပူတင္းကလည္း အားက်မခံ သူ့ဒယ္ဒီကို အတင္းတြန္းလႊတ္ၿပီး ေျပာမရေတာ့ ငိုမဲ့မဲ့ျဖစ္လို႔လာသည္။
"ကဲပါ..ေမာင္ရယ္..ေစာေစာစီးစီး..ေမာင့္သားကို ငိုေအာင္မစစမ္းပါနဲ႔..ၿပီးရင္ ေလညႇင္းကိုပဲ ေမာင့္သားက ဂ်ီက်လို႔မဆုံးတာ ေမာင္လည္းသိရဲ႕သားနဲ႔"
ေမာင့္ကို မ်က္ေစာင္းထိုးၿပီး ေျပာေတာ့ လူဆိုးေကာင္က ေသဘာတက်ရယ္သည္။
"ဟား...ဟား..အသည္းယားစရာေလးကြာ..ေမာင့္ကိုမ်က္ေစာင္းထိုးတဲ့ပုံေလးက..ေမာင္အပိုေျပာတာမဟုတ္ဘူး..ကေလးက သားထက္ေတာင္ ခ်စ္စရာေကာင္းတယ္သိလား..အဲ့လိုအမူယာေလးေတြလုပ္တိုင္း ေဟာဒီေကာင္က အခုခ်က္ခ်င္း တစ္ကိုယ္လုံး ၿမိဳခ်ပစ္ခ်င္စိတ္ေတြေပါက္လာတာ..အဟင္း"
"ေမာင္ေနာ္..ကေလးေရွ႕မွာ..ဘာေတြေပါက္ကရေျပာေနလဲမသိဘူး..ေတာ္ၿပီ..ေလညႇင္း
အရင္ဆင္းႏွင့္ေတာ့မယ္.."
"ေအာ္ေဟာ္..ေမာင္က ဘာေပါက္ကရေတြ ေျပာေနလို႔လဲ အခ်စ္ရယ္..ဟက္..ရွက္သြားျပန္ၿပီ..ဒီကေလးအေဖေလးကေတာ့..သားေရ..မင္းပါပါးက ဒယ္ဒီနဲ႔ညားတာ ႏွစ္ေတြၾကာတာေတာင္ အခုထိ ရွက္ေနတုန္းတဲ့..ကဲ...အရွက္သည္းလြန္းတဲ့ မင္းပါပါးကို ဘယ္လိုလုပ္ရမလဲေျပာ"
"ဖက္နမ္း႐ိုက္..ခစ္..ခစ္"
"ဟား..ဟား..ဟား..မင္းက တကယ့္ေကာင္ပဲေဟ့..ေမာင့္အသက္ေရ.ဒီမွာ မင္းသားက ပါပါးရွက္ေနရင္ ဖက္နမ္းလိုက္တဲ့..မင္းပါပါးၾကားရင္ မင္းကို ႐ိုက္လိမ့္မယ္..ဟား..ဟား"
"ဒယ္ရီရွိတယ္..ေၾကာက္ပု..ခစ္..ခစ္"
ေရွ႕သြားကေလး ႏွစ္ေခ်ာင္းေပၚေအာင္ ရယ္ျပတဲ့ ေပါက္စေလး။စကၡမွာ အသည္းယားလြန္း၍ သနပ္ခါးေတြ ေဖြးေနတဲ့ ပါးေဖာင္းေလးႏွစ္ဖက္ကို ႏွာတံခြၽန္ခြၽန္ နစ္ဝင္ေနေအာင္ နမ္းပစ္လိုက္သည္။
"ယား..ဒယ္ရီ ေကာင္းပူး..ပုတင္း ခါးခါးေတြ ပ်က္တုန္ပါၿပီ.."
"ပ်က္ေတာ့ ဘာျဖစ္လဲကြာ...ဒယ္ဒီျပန္လူးေပးမွာေပါ႔"
"ဟင့္အင္း..ပါပါးယူးတာပဲ လွဒါ..ဒယ္ရီလူးနဲ႔"
ဖင္ေလးကို လုံးလုံးနဲ႔ ေျပာၿပီး တံခါးလက္ကိုင္ကို မမွီမကမ္းနဲ႔ ဖြင့္ေနတဲ့ ပူတင္းေလးက တကယ္ကို
ခ်စ္စရာအေကာင္ေပါက္ေလးပါ။သူနဲ႔ ကေလးရဲ႕ ဘဝထဲကို ေရာက္ရွိလာတဲ့ ဆုလာဘ္ေလးတစ္ခုဆိုလည္း မမွားဘူး။
"ဟား..ဒီေန႔ ငါ႔ေျမးက စတိုင္အျပည့္နဲ႔ပါလားေဟ့..ၾကည့္ရတာ သားအဖေတြ ဒီေန႔ dateလုပ္ၾကမလို႔ထင္တယ္"
"ဟီး..ပုတင္းကို လွဒယ္ေၾကာလို႔ အာဘြားယူ ဦးက်ံ..မြမြ"
ထုံးစံအတိုင္း ထမင္းစားပြဲနားေရာက္တာနဲ႔ ဦးစံေပါင္ေပၚေျပးတက္ၿပီး ပါးကိုဘယ္ညာနမ္း၍ ညာစားေနတဲ့ အေကာင္ေပါက္ပါေလ။အဲ့ဒါေၾကာင့္ေျပာတာ ေလညႇင္းတို႔အိမ္က ပူတင္းေလးထပ္ေရာက္လာမွ ရယ္ေမာသံေလးေတြနဲ႔ ပိုၿပီးၿမိဳင္ဆိုင္သြားေတာ့တာ။
"ဒီေန႔ weddingတစ္ခု သြားစရာရွိေနလို႔..ဦးစံ..အဲ့ဒါေၾကာင့္ အေစာႀကီးထၿပီး ပူတင္းနဲ႔ေမာင့္ကို ျပင္ဆင္ေပးေနရတာ"
"အဲ့ဒါေၾကာင့္ကိုး..ဒီေန႔ သားအဖသုံးေယာက္လုံးက စတိုင္တမ်ိဳးစီနဲ႔ မိုက္ေနၾကတာ..ကဲကဲ..မနက္စာေလး စားၿပီးမွသြားၾကေပါ႔"
မနက္စာစားၿပီးတာနဲ႔ wedding သြားဖို႔ အခ်ိန္လိုေသးတာေၾကာင့္ သားသား ပူဆာတဲ့အတိုင္း ေမာင္က ကားကို မနက္ေစာေစာေလး ေရႊတိဂုံ ဘုရားသို႔ ဦးတည္ေမာင္းလိုက္သည္။ဘုရားကေနမွတဆင့္Wedddingသို႔သြားမည္ ျဖစ္သည္။
"သားသား..ဦးေတာ္လုပ္မယ္..လက္အုပ္ေလးခ်ီ.."
ေမာင္က ေဘးမွာ ဘုရားဦးခ်ၿပီးေတာ့ လမ္းကဝယ္လာတဲ့ ၾကာပန္းေတြကို ဘုရားပန္းအိုးထဲ သြားထည့္ၿပီး ေရသပၸါယ္ေနသည္။
"သားသားေရ..ေငးမေနနဲ႔ေလကြာ..ဘုရားေရာက္ၿပီး ဦးေတာ္မလုပ္ရင္ ပါပါးမႀကိဳက္ဘူးေနာ္."
သားသားက ဘုရားေပၚက ႏိုင္ငံျခားသားေတြကို အထူးဆန္းတစ္ခုလို လိုက္ေငးေနၿပီး ေနရာသစ္ ပတ္ဝန္းက်င္သစ္ဆို အခုလိုမ်ိဳး အရာရာ စူးစမ္းတတ္တဲ့ အက်င့္ေလးရွိသည္။
"ဟုတ္..ပါပါး"
ေဖာင္းကစ္ကစ္ လက္ေလးႏွစ္ဖက္ကို ေသခ်ာပူးၿပီး ထိျခင္းငါးပါးနဲ႔ ကန္ေတာ့ေနေတာ့ ေလညႇင္းမွာ သေဘာက်ရျပန္သည္။သားသားကို သိတတ္တဲ့အရြယ္ေလးကေနစၿပီး ဘာသာတရားကိုင္း
ရႈိင္းတတ္ေအာင္ အၿမဲေလ့က်င္သင္ၾကားေပးသည္။ဒါေၾကာင့္လည္း သားသားက အခုလို လူႀကီးေလးတစ္ေယာက္လို ဘုရားရွိခိုးကန္ေတာ့တတ္တာ ျဖစ္သည္။
"ၾကည့္ပါဦး..ေမာင္တို႔သားေလးက ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတယ္.."
ေမာင္က အေဝးကေန ေလညႇင္းနဲ႔ သားသားရဲ႕ ပုံကို ႐ူ့ေထာင့္အမ်ိဳးမ်ိဳးကေန ဖုန္းနဲ႔ဓာတ္ပုံ႐ိုက္ယူထားတဲ့ ပုံေလးေတြကို တစ္ပုံျခင္း ေရြ႕ျပလာသည္။
"ဟုတ္ပ..ခ်စ္စရာေကာင္းလိုက္တာ..ေမာင္ရယ္..အခုလိုၾကည့္ေတာ့ သားသားက ေမာင္နဲ႔တေထရာတည္းပဲ..အရြယ္ေရာက္လာရင္ ေမာင္နဲ႔ပုံတူကူးထားသလို ျဖစ္ေနမွာ ျမင္ေယာင္ေသးတယ္.."
"အင္း..ေမာင္ရဲ႕ ကိုယ္ပြားေလးေလ..ပူတင္းက..ဒီက ေဒါက္တာေလးကေတာ့ ေမာင့္ရဲ႕
အသည္းဦးပိုင္ရွင္ေလး"
ပါးေလးကို ဆြဲညစ္ၿပီးေျပာ လိုက္ေတာ့ မ်က္ႏွာေလးက ရႈံ႕မဲ့သြားသည္။
"အား..နာတယ္..ေမာင္ရာ..လႊတ္ေတာ့..ဟိုမွာ ေမာင့္သားလာေနၿပီ"
ဘုရားရွိခို႔ၿပီးသြားေတာ့ ေလညႇင္းတို႔အနားကို
လုံးတုံးတုံးနဲ႔ ေျပးလာေလသည္။
"ပါပါး..ပုတင္းကို ဒါ႔ပုံ ႐ိုက္ေပးဦး.."
"ဒီမွာ သားဒယ္ဒီက ခုန ႐ိုက္ေပးထါးပါတယ္တဲ့ဗ်ာ..ဘာလဲ..သာသားက ထပ္႐ိုက္ခ်င္ေသးတာလား"
"ဟုတ္တဲ့..ဟီး"
လုပ္ေနက် သြားေလးကို ၿဖဲၿပီး သူဓာတ္ပုံ႐ိုက္ခ်င္တာကို ခြၽဲ ၿပီးေျပာေနတဲ့ ပူတင္းေလးကို အသည္းယားလြန္း၍ နဖူးေပၚက ဆံပင္ခပ္အုပ္အုပ္ေလးကို လက္နဲ႔ ဆြဲဖြပစ္လိုက္ေတာ့သည္။
"ကဲ..႐ိုက္ၿပီေနာ္..ဟုတ္ၿပီ..ပို႔စ္ေျပာင္းမယ္..ဟုတ္ၿပီ..ေမာင့္သားက ႀကီးလာရင္ ေမာ္ဒယ္ျဖစ္မလားမသိဘူး ကေလးေရ..ၾကည့္ပါဦး..ပို႔စ္အမ်ိဳးမ်ိဳးေပးေနတာ အခုထိ ထပ္သြားတယ္မရွိေသးဘူး..ဟား..ဟား"
ဘုရားေဇာင္းတန္းေလးမွာ ဝင္ထိုင္ၿပီး ေမာင္တို႔သားအဖကို ၾကည့္ေနတုန္း ေမာင္က ေအာ္ေျပာလာေတာ့ သေဘာတက် ရယ္မိျပန္သည္။
ဟုတ္လည္းဟုတ္တယ္ ၊ ပူတင္းေလးက အလွအပလည္းတအား ႏွစ္သက္သလို အခုလို ဓာတ္ပုံ႐ိုက္ေပးတဲ့အခါမ်ိဳးဆိုလည္း လူႀကီးေတြက ျပင္ေပးစရာမလို ပိုစ့္အမ်ိဳးမ်ိဳးနဲ႔ စတိုင္ထုတ္တတ္တဲ့ ေပါက္စပါေလ။
အဲ့လိုလုပ္တတ္တာလည္း ဘယ္ကတတ္သလဲေမးဦး ၊တေန႔တေန႔ ေဆး႐ုံကျပန္လာၿပီတာနဲ႔ ေလညႇင္းရဲ႕ ဖုန္းကိုယူၿပီး youtubeကေန ကေလးသီခ်င္းေတြ ကဗ်ာေတြ လိုက္ဆိုရတာနဲ႔ သူ့ဒယ္ဒီ facebookသုံးေနရင္ ေမာ္ဒယ္အမ်ိဳးမ်ိဳးရဲ႕ ပုံေတြ လိုက္ၾကည့္ရတာနဲ႔ ပူတင္းတစ္ေယာက္ အားတယ္လို႔မရွိဘူး။
"ကဲ..ေမာင္ေရ..ပူတင္းကို ေခ်ာ့ၿပီး ေခၚခဲ့လိုက္ေတာ့ ေနလည္းပူလာၿပီ..ေတာ္ၾကာ ေမာင့္သား အပူရွပ္ၿပီး ဖ်ားေနမယ္..လာၾကေတာ့..ဒီမွာခဏထိုင္နားၿပီးရင္..weddingသြားၾကမယ္..အခုေလာက္သြားမွ ဟိုက ပြဲစတာနဲ႔ အေတာ္ပဲ"
ေလညႇင္းက weddingသြားရင္ ပြဲအစဦးဆုံးခ်ိန္ကို ေရြးသြားသည္။အဲ့ဒီအခ်ိန္က ဧည့္သည္လည္း သိပ္မေရာက္ေသးေတာ့ လူသိပ္မမ်ားတဲ့အျပင္ သတို႔သား သတိူ့သမီးနဲ႔ ေသခ်ာႏူတ္ဆက္စကားေျပာလို႔ရေသာေၾကာင့္ျဖစ္သည္။
ခန္းမက ဘုန္းႀကီးေက်ာင္းက ျပဳလုပ္ထားေသာ အေဆာက္အုံက်ယ္တစ္ခုျဖစ္ၿပီး ေငြရတု ေရႊရတု ပုလဲရတု ခန္းမသုံးခုအနက္ အမစုလဲ့တို႔က ပုလဲရတု ခန္းမျဖစ္တာေၾကာင့္ ကားေလးကို ခ်ိဳးေကြ႕ဝင္ၿပီး ပါကင္ေပးထါးတဲ့ေနရာမွာ ေနရာယူလိုက္သည္။ထို႔ေနာက္ အစ္မႏွင္းလဲ့က ေလညႇင္းတို႔ကားကို လွမ္းျမင္လိုက္တာေၾကာင့္
ခန္းမေရွ႕ထြက္ႀကိဳေလသည္။
"ငါ႔ေမာင္တို႔ ေရာက္လာၿပီပဲ..ကဲ..လာၾက..လာၾက..အခုမွ ပြဲကစတာ"
ယ
သားသားကို ေမာင္ကေပြ႕ခ်ီၿပီး အစ္မႏွင္းလဲ့အေနာက္က လိုက္ဝင္ေတာ့ သတို႔သား သတိုးသမီးနဲ႔ တန္းေတြ႕တာေၾကာင့္ အရင္ဓာတ္ပုံ႐ိုက္လိုက္ၿပီး ေထာင့္က်တဲ့ ဝိုင္းမွာထိုင္ဖို႔ျပင္လိုက္သည္။
"သားသားက တေန႔တျခား ပိုပိုၿပီး ခ်စ္ဖို႔ေကာင္းလာတယ္ရွင့္..လာပါဦး..တီတီ့ဆီကို..ဟိုတခါ shopping mallမွာ ေတြ႕ခဲ့တာ မွတ္မိတယ္မလား..ပူတင္းေလး"
"ခစ္..ခစ္..မွတ္မိရယ္..တီတီ လွလွ"
ေမာင္က သူ့သား လူတကာ ညာစားတတ္တာကိုျမင္ၿပီး သေဘာတက် ရယ္ေလသည္။မေျပာဘူးလား ပူတင္းက ေမာင့္လို အတတ္ေလးပါဆို။
ခဏေနေတာ့ အစ္မႏွစ္ေယာက္ကို ႏူတ္ဆက္ၿပီးတာနဲ႔ weddingကေန ျပန္ထြက္လာခဲ့ၾကသည္။ေမာင္ကေတာ့ ဘယ္ဆက္သြားဦးမလဲေမးေတာ့ ပူတင္းတို႔က ထုံးစံအတိုင္း ကစားကြင္းသြားမယ္ ပူဆာသည္ေပါ႔။
ဒါေပမယ့္ ေလညႇင္းနားခ်င္ေနတာ ေမာင္က သိေနေတာ့ အလိုက္တသိနဲ႔ ပူတင္းကိုေခ်ာ့ၿပီး အိမ္ပဲျပန္လာခဲ့လိုက္ေတာ့သည္။ေကာက္စိန္ကေတာ့ တစ္လမ္းလုံး ႏူတ္ခမ္းဆူလိုက္လာၿပီး သူ့ဒယ္ဒီက အိမ္ေရာက္ရင္ အတူတူေဘာလုံးကန္ၾကမယ္ဆိုေတာ့မွသာ မ်က္ႏွာေတာ္ေလးက
ၿပဳံးရြင္သြားေတာ့သည္။တကယ္ကို အေျပာင္းလဲ
ျမန္လြန္းတဲ့ ေပါက္စပါေလ။
#Thanks for reading
TBC Extra
Syringa
************************************