My Weird Husband [ Completed ]

By Thee_Oo

316K 13.4K 91

[ Unicode & Zawgyi ] ငါမြင်ဖူးသမျှထဲမှာစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတဲ့မိန်းမတွေတောင် မင်းလောက်စိတ်ဝင်စားဖို့... More

Notice!
Part 1(U&Z)
Part 2(U&Z)
Part 3(U&Z)
Part 4(U&Z)
Part 5(U&Z)
Part 6(U&Z)
Part 7(U&Z)
Part 8(U&Z)
Part 9(U&Z)
Part 10(U&Z)
Part 11(U&Z)
Part 12(U&Z)
Part 14(U&Z)
Part 15(U&Z)
Part 16(U&Z)
Part 17(U&Z)
Part 18(U&Z)
Part 19(U&Z)
Part 20(U&Z)
Part 21(U&Z)
Part 22(U&Z)
Part 23(U&Z)
Part 24(U&Z)
Part 25(U&Z)
Part 26(U&Z)
Part 27(U&Z)
Part 28(U&Z)
Part 29(U&Z)
Part 30 Final(U&Z)
Extra(U&Z)
Thank You Letter & About Character
Double T သို့မိတ်ဆက်(U&Z)

Part 13(U&Z)

7.4K 380 0
By Thee_Oo

Unicode

ဧည့်ခံပွဲထဲမှာတော့ ဦးကိုကို တောင့်တောင့်ကြီးရပ်လျက်။ ဝါရင့်သူနာပြုကြီးအချို့နဲ့၊ဆရာဝန်ကြီးအချို့က ဦးကိုကိုဆီလာပြီး ပုခုံးပုတ်ကာနှစ်သိမ့်ပေးနေသလိုရှိကာအကုန်လုံးက သူတို့သတင်းကိုကြားထားပြီးသားဖြစ်သည်။ သားဆိုးကြောင့်ဦးကိုကို ရှေ့မျက်နှာ
နောက်ထားပြီးသာဝင်လာသမျှဧည့်သည်တို့ကိုလက်ခံနေတာဖြစ်၏။ စက်လိုချင်သည့်အဖြစ်က ဒါပင်ဖြစ်မည်။ အလုပ်မှလူကြီးများနှင့် အသိုင်းအဝိုင်းတွေကြားမှာ တစ်ခါထဲ သူ့သိက္ခာကို ချလိူက်ခြင်း။
ထိုစဥ်ဆရာဝန်ကြီးတစ်ယောက်က ဦးကိုကို အနားရောက်လာကာ

"ဒေါသတွေလဲသိပ်မထွက်ပါနဲ့ ဦးကိုရာ၊ သားသမီးကို နိုင်တဲ့ မိဘဆို
တာဘယ်မှာများရှိလို့လဲ၊ ခင်ဗျားသားကိုသာနားလည်ဖို့ကြိုးစားကြည့်ပါ"

ထိုဆရာဝန်ကြီးက ပြောလာသည့်တိုင် ဦးကိုကိုကတော့ မတုန်မလှုပ်ရပ်နေဆဲဖြစ်သည်။စိတ်ထဲမှာတော့ဘဝင်မကျပါ ၊ တစ်ဘဝလုံးတည်ဆောက်လာတဲ့ အရှက်သိက္ခာတွေကို စက္ကန့်ပိုင်းလေးနဲ့ဆုံးရှုံးလိုက်ရတာဖြစ်သောကြောင့်။ အရှက်နဲ့အသက်လုပ်လာတဲ့ သူ့အတွက်
ဒါဟာအတ္တဆိုလဲမတတ်နိုင်ပါ။ မိသားစု သိက္ခာကို သူ့ဘက်က
အပြည့်အဝကာကွယ်ပေးချင်သည့်တိုင် သားဖြစ်သူရဲ့ အချိုးမပြေမှုကြောင့်အရာအားလုံးကမောက်ကမဖြစ်ခဲ့ရပြီ။

"အဟမ်း! တစ်လောကလုံးကမိန်းမတွေရဲ့အသည်းကိုခွဲခဲ့တဲ့ စက်ရာရှိန်လင်းကနောက်ဆုံးယူလိုက်တော့ ယောက်ျားလေးတဲ့လား၊ စက်!မင်းကိုငါက မိန်းကလေးတွေကိုပဲစိတ်ဝင်စားတယ်ထင်တာ၊ မင်းက ယောက်ျားလေးလဲစိတ်ဝင်စားတာပဲ၊ ငါ့သူငယ်ချင်းကိုအဲ့သလိုမှန်းသိရင် ဟိုးအရင်ကတည်းကယောက်ျားလေးတစ်ယောက်လောက်ရှာပေးခဲ့ပါတယ်ကွာ၊ ဧည့်ခံပွဲ ပြီးရင်တော့ တစ်ဝိုင်းနော် စက်"

အဝတ်လဲခန်းထဲဝင်လာပြီး ပြီတီတီရုပ်နှင့်ပြောလာတဲ့ရဲသွေးကို တစ်ချက်လှည့်ကြည့်ပြီးမဲ့ပြုံးဖြင့် မှန်ချပ်ကြီးရှေ့ရပ်ကာNecktieစည်းနေလိုက်ပြီး

"အဟက်!ယူချင်လို့ယူတာမဟုတ်ဘူးကွ၊ ဦးကိုကို ဆိုတဲ့လူကိုသိက္ခာချခြင်လို့၊ ဟွန်း!သူသိပ်ကိုတန်ဖိုးထားတဲ့သိက္ခာတွေ အားလုံးကုန်ပြီလေ၊ပြီးတော့ ဟိုကောင်ကလဲ တစ်စက်ကလေးမှအချိုးမပြေဘူး၊ ငါ့ဘက်ကဖော်ဖော်ရွေရွေနေပေးမလို့ကို ကိန်းကြီးခန်းကြီးနဲ့မလို့ ပညာပြချင်လို့ခိုးပြေးလိုက်တာ၊ လူတွေများ စက်ရာဆိုတဲ့ကောင်ကိုလျှော့တွက်လွန်းကြတယ်၊ အခုတော့ငါဘာကောင်လဲ သူတို့သိပြီ
မလား"

စက်ရာပြောသမျှကိုနားထောင်နေလိုက်ပြီးရဲသွေး ဘာမှ မပြောတော့ပဲ Coat အင်္ကျီအနက်ကို ယူလိုက်ပြီး စက်ကိုလှမ်းပေးလိူက်တာဖြစ်သည်။ ပထွေးဖြစ်သူကိုသိက္ခာချခြင်တာနဲ့ပဲ ကိုယ်မကြိုက်တဲ့လူကိုကောက်ယူလိုက်တာတဲ့ ဒီကောင်ဟုတ်ရောဟုတ်ရဲ့လား။ သူများသိက္ခာကိုချနင်းဖို့အတွက် ကိုယ့်သိက္ခာကို အရင်ဆုံးချနင်းရတာပဲမလား။ သူ့သူငယ်ချင်းကတော့ တကယ်မလွယ်တဲ့ကောင်ပါ။

ထို့နောက်စက်ကSuitအပြည့်အစုံဝတ်ပြီးတာနဲ့ စာဆိုရှိရာအခန်းထဲဆီဝင်လာပြီး

"မင်းအခုထိမပြီးသေးဘူးလား၊ ပွဲစတော့မယ်"

နောက်မှပြောသံကြောင့် စာဆိုလှည့်ကြည့်လိုက်ပြီး စက်ကိုသေသေ
ချာချာကြည့်လိုက်၏။ အဖြူရောင်ရှပ်အင်္ကျီ ပေါ်မှာမှ Coatအနက်ထပ်ဝတ်ထားကာ စတိုင်ပင်အနက်နှင့် ဘောင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်ထည့်ထားပြီးရပ်နေတာဖြစ်သည်။ ထို့နောက် ဘိုကေကိုမှ နဲနဲရှည်နေသော ရှေ့ဆံပင်တို့ကိုနဖူးပေါ်မှ လှန်တင်ထားပြီး ဆံပင်စလေး တစ်မျှင်နှစ်မျှင်ကျနေပုံကလူကြီးဆန်ပြီးကြည့်ကောင်းလှသည်။
ဖြူဝင်းနေသောအသားရောင်ကြောင့် ညာဘက်ပါးက စပယ်တင်မှည့်နက်လေးကထင်းလျက်။ ငေးကြည့်နေပြီးအသိဝင်လာတာနဲ့ရှေ့ပြန်လှည့်ကာ ချပေးထားတဲ့ Necktieကိုကောက်ယူပြီး စည်းဖို့ရွယ်လိုက်စဥ်စက်ကချက်ချင်းရောက်လာပြီး Necktieကိုဆွဲယူ၍ ကိုယ်တိုင်
ကိုယ်ကျစည်းပေးဖို့ လက်လှမ်းလိုက်တာနဲ့

"မလုပ်နဲ့ဖယ်၊ ကိုယ့်ဘာသာကိုယ်စည်းတတ်တယ်"

"ငြိမ်ငြိမ်နေစမ်း!မင်းလိုတောသားက ဘာသိမှာမို့လို့လဲ၊ အဟမ်း!တစ်ရွာလုံးကဝိုင်းပယ်ထားတဲ့မင်းလိုအရူးကိုငါက တရားဝင်ယူလိုက်တာနဲ့တင် မင်းဘယ်လောက်ကံကောင်းတယ်ဆိုတာသိသင့်တယ် ရှေးစာဆို"

ကိုယ့်ဖြစ်တည်မှုကိုလာရွဲ့နေတော့ စာဆို ဒေါကန်သွားပြီး စည်းပေးနေတဲ့လက်ကိုဖြုတ်ချလိုက်ကာ ကိုယ့်ဘာသာကိုယ် ဆက်စည်းနေလိုက်၏။ဘာတဲ့!ကိုယ်ကပဲသူ့ကိုရလို့ ကံကောင်းတယ်တောင်မှတ်ရအုံးမတဲ့။ဟွန်း!သူကသရဲမြင်ရတဲ့ အရူးဆို။ သူ့ရှေ့မှာရှိနေတဲ့လူကတော့ ဘဝင်ရူးပဲ။ ရူးတာတောင်တော်ရုံမဟုတ်။သူများကိုနှိမ့်ချပြီး ကိုယ့်ကိုယ်ကို မြှောက်ပင့်နေတဲ့ဘဝင်ရူး။ ဆေးမရှိတဲ့ဘဝင်ရူး။

မျက်နှာထားတင်းသွားတဲ့ စာဆိုကိုကြည့်လိုက်ပြီး စက်မချိတရိပြုံးကာ စီးကရက်တစ်လိပ်ထုတ် သောက်ပြီး ဆိုဖာအစွန်းမှာထိုင်၍ကြည့်နေလိုက်သည်။ရွာထဲမှာမြင်နေကျ အဖာအထေးတစ်ရာ ပုဆိုးလေးနဲ့ခပ်နွမ်းနွမ်းအင်္ကျီလေးကိုသာဝတ်နေကျကောင်လေးဟာ ၊ အနောက်
တိုင်းဝတ်စုံပြည့်ဖြင့် ဆံပင်ဘေးခွဲလေးကိုမှသပ်တင်ထားပြီး ဝင်းမွတ်
သောအသားအရည်နှင့် မတိမ်းမယိမ်း အရပ်ကြီးကြောင့် တောင်းမှာအကွပ်လူမှာအဝတ်ဆိုသလိုမြင်နေကျပုံစံနှင့်လုံးဝမတူပဲကွဲထွက်ကာ သန့်ပြန့်ချောမောလှတာဖြစ်သည်။ ဒီကောင်ဒီလိုကျတော့ဘယ်ဆိုးလိူ့လဲ။

မင်္ဂလာပွဲစတာနှင့် ရောက်လာကြတဲ့ဧည့်သည်တွေဟာ သူတို့နှစ်ယောက်လုံးကိုသေချာကြည့်နေသည်။ စက်က သူ့ထက်ငယ်တဲ့ကလေးကိုမှယူတယ်ဆိုတာဟုတ်ရဲ့လား။ သူတို့အားလုံးရဲ့အမြင်မှာတော့ ဒီနှစ်ယောက်ဟာ ရွယ်တူတွေအတိုင်းပဲဖြစ်၏။စက်ကပဲနုပျိူလွန်းတာလားထိုကလေးကပဲ စက်ရဲ့ရုပ်ရည်ကိုအမှီလိုက်နိုင်တာပဲလားမခွဲခြားတက်။ ဦးကိုကိုကတော့ အမြင်မကြည်သော မျက်လုံးမျိုးနှင့်စက်ကိုမနိုင်လို့သာ ဒီပွဲကိုလက်ခံလိုက်ရတာဖြစ်သည်။

လင်းကတော့ Wineတစ်ခွက်ယူသောက်လိုက်ရင်း ဧည့်သည်တွေကိုကြည့်နေရင်းနဲ့မှ တစ်စုံတစ်ယောက်ကိုတွေ့သွားသည်နှင့် Wineခွက်ကိုင်ရင်းအပြေးသွားလိုက်တာဖြစ်၏။

"မမ!"

ကျောနောက်မှခေါ်လိုက်သံကြောင့်ဧကရီ လှည့်လိုက်တော့ Doctor
ရဲ့သမီးဖြစ်သူဖြစ်နေတာနှင့် အအေးခွက်ကိုင်ရင်း ပြုံးလိုက်မိတာဖြစ်သည်။

"သြော်...ညီမလေးပဲ"

"မမလဲ လာတာပဲလား၊ လင်းက မမ မလာတော့ဘူးထင်တာ!"

"တို့မလာတော့ဘူးလို့ မင်းကိုဘယ်သူပြောတုန်း"

"ကိုယ့်ဟာကိုယ်တွေးမိတာပါ၊ မမနာမည်ဘယ်လိုခေါ်လဲဟင်!လင်းရဲ့နာမည်က ရှိန်လင်းကိုကိုတဲ့ ဒီတိုင်းလင်းလို့ပဲခေါ်ပါ။ မမနာမည်သိခွင့်ရှိမလား"

ပုံစံလေးကြည့်ရတာတော့ ရင်းနှီးလွယ်မယ့်သူမလို့ ဧကရီလဲခေါင်း
ငြိမ့်လိုက်ပြီး ပြောလိုက်တာနဲ့ သူမက ဆံပင်ရှည်တွေ ဝေ့ခနဲနေအောင် ခါလိုက်ပြီး

"ဒါဆို အခုကစပြီး မမဧကရီနဲ့ လင်း သူငယ်ချင်းဖြစ်သွားပြီနော်၊
ရတယ်မလား"

"အင်း!"

ထို့နောက် လင်းကWineခွက်လေးကို အကြောင်းမဲ့ကုပ်ခြစ်ရင်း ဧကရီကိုလှည့်ကြည့်လိုက်ပြီး

"လင်း ငယ်ငယ်ကတည်းက မေမေဆုံးသွားတာ၊ မေမေဆုံးပြီးတဲ့နောက်ဖေဖေနဲ့ကိုကိုကလဲသိပ်အဆင်မပြေဘူးလေ၊ စည်းကမ်းကြီးတဲ့ဖေဖေ့လက်အောက်မှာပဲကြီးပြင်းခဲ့ရတော့ လင်းမှာ သူငယ်ချင်းရယ်လို့သိပ်မရှိဘူး။ကျောင်းတက်တုန်းကလဲ တစ်ချို့လူတွေက လင်းကိုမာနကြီးတယ်ထင်ပြီး အပေါင်းအသင်းမလုပ်ကြဘူး"

ပြောရင်းပြန်လှည့်ကြည့်လိုက်ပြီး အချိုသာဆုံးအပြုံးတို့ဖြင့် မျက်ဝန်းလေးတွေမှေးစင်းလျက်ရီလိုက်ကာ

"မမဧကရီကတော့လင်းပထမဆုံးရင်းနှီးတဲ့လူပဲသိလား၊မမကို မြင်မြင်ချင်းတုန်းကမာနကြီးမယ်ထင်ခဲ့တာ၊ ဖေဖေမူးလဲတဲ့နေ့ကမှ လင်းထင်သလိုမဟုတ်မှန်းသိခဲ့ရတာ အဲ့တာကြောင့်ပဲ လင်း မမကိုတွယ်
တာခဲ့မိတာထင်တယ်"

ဒီကောင်မလေးဘာဖြစ်လို့သူမကို ဒီအကြောင်းတွေလာပြောနေရတာလဲ၊ပြောပြနေတော့နားထောင်လိုက်တာပဲကောင်းပါတယ်ဟုတွေး
၍အအေးကိုမော့လိုက်၏။ထို့နောက် တစ်စုံတစ်ခုကိုစဥ်းစားမိပြီးလင်းဘက်လှည့်၍

"ဆေးရုံမဆင်းရတဲ့ နားရက်တွေဆိုရင် မ ဆီလင်း လာလည်လို့ရပါတယ်၊လင်းပျင်းတဲ့ရက်တွေဆိုရင်ပေါ့ "

"တကယ်လားမမ!"

"အင်း!"

ထို့နောက်လင်းကဆံပင်လေးနားရွက်ကြားညှပ်လိုက်ပြီး မိန်းကလေးဆန်လွန်းသောအမူအယာလေးဖော်ကျုးလျက်ခေါင်းငြိမ့်လိုက်သည်။သူမကိုပြုံးအောင်လုပ်နိုင်တဲ့ဒီကောင်မလေးကြောင့်သူမဘဝဟာ စိုပြေလာခဲ့သလိုရှိလာတာဖြစ်၏။သူမနဲ့နှစ်ခါပဲတွေ့ရသေးမယ့် သူမက လင်းအတွက်တော့ပေါ့ပေါ့ပါးပါးပေါင်းသင်းလို့ရတဲ့ လူတစ်ယောက်သာဖြစ်သည်။

###########

Zawgyi

ဧည့္ခံပြဲထဲမွာေတာ့ ဦးကိုကို ေတာင့္ေတာင့္ႀကီးရပ္လ်က္။ ဝါရင့္သူနာျပဳႀကီးအခ်ိဳ႕နဲ႕၊ဆရာဝန္ႀကီးအခ်ိဳ႕က ဦးကိုကိုဆီလာၿပီး ပုခုံးပုတ္ကာႏွစ္သိမ့္ေပးေနသလိုရွိကာအကုန္လုံးက သူတို႔သတင္းကိုၾကားထားၿပီးသားျဖစ္သည္။ သားဆိုးေၾကာင့္ဦးကိုကို ေရွ႕မ်က္ႏွာေနာက္ထားၿပီးသာဝင္လာသမွ်ဧည့္သည္တို႔ကိုလက္ခံေနတာျဖစ္၏။ စက္လိုခ်င္သည့္အျဖစ္က ဒါပင္ျဖစ္မည္။ အလုပ္မွလူႀကီးမ်ားႏွင့္ အသိုင္းအဝိုင္းေတြၾကားမွာ တစ္ခါထဲ သူ႕သိကၡာကို ခ်လိဴက္ျခင္း။ထိုစဥ္ဆရာဝန္ႀကီးတစ္ေယာက္က ဦးကိုကို အနားေရာက္လာကာ

"ေဒါသေတြလဲသိပ္မထြက္ပါနဲ႕ ဦးကိုရာ၊ သားသမီးကို နိုင္တဲ့ မိဘဆို
တာဘယ္မွာမ်ားရွိလို႔လဲ၊ ခင္ဗ်ားသားကိုသာနားလည္ဖို႔ႀကိဳးစားၾကည့္ပါ"

ထိုဆရာဝန္ႀကီးက ေျပာလာသည့္တိုင္ ဦးကိုကိုကေတာ့ မတုန္မလႈပ္ရပ္ေနဆဲျဖစ္သည္။စိတ္ထဲမွာေတာ့ဘဝင္မက်ပါ ၊ တစ္ဘဝလုံးတည္ေဆာက္လာတဲ့ အရွက္သိကၡာေတြကို စကၠန့္ပိုင္းေလးနဲ႕ဆုံးရႈံးလိုက္ရတာျဖစ္ေသာေၾကာင့္။ အရွက္နဲ႕အသက္လုပ္လာတဲ့ သူ႕အတြက္ဒါဟာအတၱဆိုလဲမတတ္နိုင္ပါ။ မိသားစု သိကၡာကို သူ႕ဘက္က
အျပည့္အဝကာကြယ္ေပးခ်င္သည့္တိုင္ သားျဖစ္သူရဲ႕ အခ်ိဳးမေျပမႈေၾကာင့္အရာအားလုံးကေမာက္ကမျဖစ္ခဲ့ရၿပီ။

"အဟမ္း! တစ္ေလာကလုံးကမိန္းမေတြရဲ႕အသည္းကိုခြဲခဲ့တဲ့ စက္ရာရွိန္လင္းကေနာက္ဆုံးယူလိုက္ေတာ့ ေယာက္်ားေလးတဲ့လား၊ စက္!မင္းကိုငါက မိန္းကေလးေတြကိုပဲစိတ္ဝင္စားတယ္ထင္တာ၊ မင္းက ေယာက္်ားေလးလဲစိတ္ဝင္စားတာပဲ၊ ငါ့သူငယ္ခ်င္းကိုအဲ့သလိုမွန္းသိရင္ ဟိုးအရင္ကတည္းကေယာက္်ားေလးတစ္ေယာက္ေလာက္ရွာေပးခဲ့ပါတယ္ကြာ၊ ဧည့္ခံပြဲ ၿပီးရင္ေတာ့ တစ္ဝိုင္းေနာ္ စက္"

အဝတ္လဲခန္းထဲဝင္လာၿပီး ၿပီတီတီ႐ုပ္ႏွင့္ေျပာလာတဲ့ရဲေသြးကို တစ္ခ်က္လွည့္ၾကည့္ၿပီးမဲ့ၿပဳံးျဖင့္ မွန္ခ်ပ္ႀကီးေရွ႕ရပ္ကာNecktieစည္းေနလိုက္ၿပီး

"အဟက္!ယူခ်င္လို႔ယူတာမဟုတ္ဘူးကြ၊ ဦးကိုကို ဆိုတဲ့လူကိုသိကၡာခ်ျခင္လို႔၊ ဟြန္း!သူသိပ္ကိုတန္ဖိုးထားတဲ့သိကၡာေတြ အားလုံးကုန္ၿပီေလ၊ၿပီးေတာ့ ဟိုေကာင္ကလဲ တစ္စက္ကေလးမွအခ်ိဳးမေျပဘူး၊ ငါ့ဘက္ကေဖာ္ေဖာ္ေ႐ြေ႐ြေနေပးမလို႔ကို ကိန္းႀကီးခန္းႀကီးနဲ႕မလို႔ ပညာျပခ်င္လို႔ခိုးေျပးလိုက္တာ၊ လူေတြမ်ား စက္ရာဆိုတဲ့ေကာင္ကိုေလွ်ာ့တြက္လြန္းၾကတယ္၊ အခုေတာ့ငါဘာေကာင္လဲ သူတို႔သိၿပီမလား"

စက္ရာေျပာသမွ်ကိုနားေထာင္ေနလိုက္ၿပီးရဲေသြး ဘာမွ မေျပာေတာ့ပဲ Coat အကၤ်ီအနက္ကို ယူလိုက္ၿပီး စက္ကိုလွမ္းေပးလိူက္တာျဖစ္သည္။ ပေထြးျဖစ္သူကိုသိကၡာခ်ျခင္တာနဲ႕ပဲ ကိုယ္မႀကိဳက္တဲ့လူကိုေကာက္ယူလိုက္တာတဲ့ ဒီေကာင္ဟုတ္ေရာဟုတ္ရဲ႕လား။ သူမ်ားသိကၡာကိုခ်နင္းဖို႔အတြက္ ကိုယ့္သိကၡာကို အရင္ဆုံးခ်နင္းရတာပဲမလား။ သူ႕သူငယ္ခ်င္းကေတာ့ တကယ္မလြယ္တဲ့ေကာင္ပါ။

ထို႔ေနာက္စက္ကSuitအျပည့္အစုံဝတ္ၿပီးတာနဲ႕ စာဆိုရွိရာအခန္းထဲဆီဝင္လာၿပီး

"မင္းအခုထိမၿပီးေသးဘူးလား၊ ပြဲစေတာ့မယ္"

ေနာက္မွေျပာသံေၾကာင့္ စာဆိုလွည့္ၾကည့္လိုက္ၿပီး စက္ကိုေသေသခ်ာခ်ာၾကည့္လိုက္၏။ အျဖဴေရာင္ရွပ္အကၤ်ီ ေပၚမွာမွ Coatအနက္ထပ္ဝတ္ထားကာ စတိုင္ပင္အနက္ႏွင့္ ေဘာင္းဘီအိတ္ကပ္ထဲလက္တစ္ဖက္ထည့္ထားၿပီးရပ္ေနတာျဖစ္သည္။ ထို႔ေနာက္ ဘိုေကကိုမွ နဲနဲရွည္ေနေသာ ေရွ႕ဆံပင္တို႔ကိုနဖူးေပၚမွ လွန္တင္ထားၿပီး ဆံပင္စေလး တစ္မွ်င္ႏွစ္မွ်င္က်ေနပုံကလူႀကီးဆန္ၿပီးၾကည့္ေကာင္းလွသည္။ ျဖဴဝင္းေနေသာအသားေရာင္ေၾကာင့္ ညာဘက္ပါးက စပယ္တင္မွည့္နက္ေလးကထင္းလ်က္။ ေငးၾကည့္ေနၿပီးအသိဝင္လာတာနဲ႕ေရွ႕ျပန္လွည့္ကာ ခ်ေပးထားတဲ့ Necktieကိုေကာက္ယူၿပီး စည္းဖို႔႐ြယ္လိုက္စဥ္စက္ကခ်က္ခ်င္းေရာက္လာၿပီး Necktieကိုဆြဲယူ၍ ကိုယ္တိုင္ကိုယ္က်စည္းေပးဖို႔ လက္လွမ္းလိုက္တာနဲ႕

"မလုပ္နဲ႕ဖယ္၊ ကိုယ့္ဘာသာကိုယ္စည္းတတ္တယ္"

"ၿငိမ္ၿငိမ္ေနစမ္း!မင္းလိုေတာသားက ဘာသိမွာမို႔လို႔လဲ၊ အဟမ္း!တစ္႐ြာလုံးကဝိုင္းပယ္ထားတဲ့မင္းလိုအ႐ူးကိုငါက တရားဝင္ယူလိုက္တာနဲ႕တင္ မင္းဘယ္ေလာက္ကံေကာင္းတယ္ဆိုတာသိသင့္တယ္ ေရွးစာဆို"

ကိုယ့္ျဖစ္တည္မႈကိုလာ႐ြဲ႕ေနေတာ့ စာဆို ေဒါကန္သြားၿပီး စည္းေပးေနတဲ့လက္ကိုျဖဳတ္ခ်လိဳက္ကာ ကိုယ့္ဘာသာကိုယ္ ဆက္စည္းေနလိုက္၏။ဘာတဲ့!ကိုယ္ကပဲသူ႕ကိုရလို႔ ကံေကာင္းတယ္ေတာင္မွတ္ရအုံးမတဲ့။ဟြန္း!သူကသရဲျမင္ရတဲ့ အ႐ူးဆို။ သူ႕ေရွ႕မွာရွိေနတဲ့လူကေတာ့ ဘဝင္႐ူးပဲ။ ႐ူးတာေတာင္ေတာ္႐ုံမဟုတ္။သူမ်ားကိုႏွိမ့္ခ်ၿပီး ကိုယ့္ကိုယ္ကို ျမႇောက္ပင့္ေနတဲ့ဘဝင္႐ူး။ ေဆးမရွိတဲ့ဘဝင္႐ူး။

မ်က္ႏွာထားတင္းသြားတဲ့ စာဆိုကိုၾကည့္လိုက္ၿပီး စက္မခ်ိတရိၿပဳံးကာ စီးကရက္တစ္လိပ္ထုတ္ ေသာက္ၿပီး ဆိုဖာအစြန္းမွာထိုင္၍ၾကည့္ေနလိုက္သည္။႐ြာထဲမွာျမင္ေနက် အဖာအေထးတစ္ရာ ပုဆိုးေလးနဲ႕ခပ္ႏြမ္းႏြမ္းအကၤ်ီေလးကိုသာဝတ္ေနက်ေကာင္ေလးဟာ ၊ အေနာက္တိုင္းဝတ္စုံျပည့္ျဖင့္ ဆံပင္ေဘးခြဲေလးကိုမွသပ္တင္ထားၿပီး ဝင္းမြတ္ေသာအသားအရည္ႏွင့္ မတိမ္းမယိမ္း အရပ္ႀကီးေၾကာင့္ ေတာင္းမွာအကြပ္လူမွာအဝတ္ဆိုသလိုျမင္ေနက်ပဳံစံႏွင့္လုံးဝမတူပဲကြဲထြက္ကာ သန့္ျပန့္ေခ်ာေမာလွတာျဖစ္သည္။ ဒီေကာင္ဒီလိုက်ေတာ့ဘယ္ဆိုးလိူ႕လဲ။

မဂၤလာပြဲစတာႏွင့္ ေရာက္လာၾကတဲ့ဧည့္သည္ေတြဟာ သူတို႔ႏွစ္ေယာက္လုံးကိုေသခ်ာၾကည့္ေနသည္။ စက္က သူ႕ထက္ငယ္တဲ့ကေလးကိုမွယူတယ္ဆိုတာဟုတ္ရဲ႕လား။ သူတို႔အားလုံးရဲ႕အျမင္မွာေတာ့ ဒီႏွစ္ေယာက္ဟာ ႐ြယ္တူေတြအတိုင္းပဲျဖစ္၏။စက္ကပဲႏုပ်ိဴလြန္းတာလားထိုကေလးကပဲ စက္ရဲ႕႐ုပ္ရည္ကိုအမွီလိုက္နိုင္တာပဲလားမခြဲျခားတက္်။ ဦးကိုကိုကေတာ့ အျမင္မၾကည္ေသာ မ်က္လုံးမ်ိဳးႏွင့္စက္ကိုမနိုင္လို႔သာ ဒီပြဲကိုလက္ခံလိုက္ရတာျဖစ္သည္။

လင္းကေတာ့ Wineတစ္ခြက္ယူေသာက္လိုက္ရင္း ဧည့္သည္ေတြကိုၾကည့္ေနရင္းနဲ႕မွ တစ္စုံတစ္ေယာက္ကိုေတြ႕သြားသည္ႏွင့္ Wineခြက္ကိုင္ရင္းအေျပးသြားလိုက္တာျဖစ္၏။

"မမ!"

ေက်ာေနာက္မွေခၚလိုက္သံေၾကာင့္ဧကရီ လွည့္လိုက္ေတာ့ Doctorရဲ႕သမီးျဖစ္သူျဖစ္ေနတာႏွင့္ အေအးခြက္ကိုင္ရင္း ၿပဳံးလိုက္မိတာျဖစ္သည္။

"ေၾသာ္...ညီမေလးပဲ"

"မမလဲ လာတာပဲလား၊ လင္းက မမ မလာေတာ့ဘူးထင္တာ!"

"တို႔မလာေတာ့ဘူးလို႔ မင္းကိုဘယ္သူေျပာတုန္း"

"ကိုယ့္ဟာကိုယ္ေတြးမိတာပါ၊ မမနာမည္ဘယ္လိုေခၚလဲဟင္!လင္းရဲ႕နာမည္က ရွိန္လင္းကိုကိုတဲ့ ဒီတိုင္းလင္းလို႔ပဲေခၚပါ။ မမနာမည္သိခြင့္ရွိမလား"

ပုံစံေလးၾကည့္ရတာေတာ့ ရင္းႏွီးလြယ္မယ့္သူမလို႔ ဧကရီလဲေခါင္းၿငိမ့္လိုက္ၿပီး ေျပာလိုက္တာနဲ႕ သူမက ဆံပင္ရွည္ေတြ ေဝ့ခနဲေနေအာင္ ခါလိုက္ၿပီး

"ဒါဆို အခုကစၿပီး မမဧကရီနဲ႕ လင္း သူငယ္ခ်င္းျဖစ္သြားၿပီေနာ္၊ရတယ္မလား"

"အင္း!"

ထို႔ေနာက္ လင္းကWineခြက္ေလးကို အေၾကာင္းမဲ့ကုပ္ျခစ္ရင္း ဧကရီကိုလွည့္ၾကည့္လိုက္ၿပီး

"လင္း ငယ္ငယ္ကတည္းက ေမေမဆုံးသြားတာ၊ ေမေမဆုံးၿပီးတဲ့ေနာက္ေဖေဖနဲ႕ကိုကိုကလဲသိပ္အဆင္မေျပဘူးေလ၊ စည္းကမ္းႀကီးတဲ့ေဖေဖ့လက္ေအာက္မွာပဲႀကီးျပင္းခဲ့ရေတာ့ လင္းမွာ သူငယ္ခ်င္းရယ္လို႔သိပ္မရွိဘူး။ေက်ာင္းတက္တုန္းကလဲ တစ္ခ်ိဳ႕လူေတြက လင္းကိုမာနႀကီးတယ္ထင္ၿပီး အေပါင္းအသင္းမလုပ္ၾကဘူး"

ေျပာရင္းျပန္လွည့္ၾကည့္လိုက္ၿပီး အခ်ိဳသာဆုံးအၿပဳံးတို႔ျဖင့္ မ်က္ဝန္းေလးေတြေမွးစင္းလ်က္ရီလိုက္ကာ

"မမဧကရီကေတာ့လင္းပထမဆုံးရင္းႏွီးတဲ့လူပဲသိလား၊မမကို ျမင္ျမင္ခ်င္းတုန္းကမာနႀကီးမယ္ထင္ခဲ့တာ၊ ေဖေဖမူးလဲတဲ့ေန႕ကမွ လင္းထင္သလိုမဟုတ္မွန္းသိခဲ့ရတာ အဲ့တာေၾကာင့္ပဲ လင္း မမကိုတြယ္တာခဲ့မိတာထင္တယ္"

ဒီေကာင္မေလးဘာျဖစ္လို႔သူမကို ဒီအေၾကာင္းေတြလာေျပာေနရတာလဲ၊ေျပာျပေနေတာ့နားေထာင္လိုက္တာပဲေကာင္းပါတယ္ဟုေတြး၍အေအးကိုေမာ့လိုက္၏။ထို႔ေနာက္ တစ္စုံတစ္ခုကိုစဥ္းစားမိၿပီးလင္းဘက္လွည့္၍

"ေဆး႐ုံမဆင္းရတဲ့ နားရက္ေတြဆိုရင္ မ ဆီလင္း လာလည္လို႔ရပါတယ္၊လင္းပ်င္းတဲ့ရက္ေတြဆိုရင္ေပါ့ "

"တကယ္လားမမ!"

"အင္း!"

ထို႔ေနာက္လင္းကဆံပင္ေလးနား႐ြက္ၾကားညွပ္လိုက္ၿပီး မိန္းကေလးဆန္လြန္းေသာအမူအယာေလးေဖာ္က်ဳးလ်က္ေခါင္းၿငိမ့္လိုက္သည္။သူမကိုၿပဳံးေအာင္လုပ္နိုင္တဲ့ဒီေကာင္မေလးေၾကာင့္သူမဘဝဟာ စိုေျပလာခဲ့သလိုရွိလာတာျဖစ္၏။သူမနဲ႕ႏွစ္ခါပဲေတြ႕ရေသးမယ့္ သူမက လင္းအတြက္ေတာ့ေပါ့ေပါ့ပါးပါးေပါင္းသင္းလို႔ရတဲ့ လူတစ္ေယာက္သာျဖစ္သည္။

###########

Continue Reading

You'll Also Like

339K 13.5K 41
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
576K 37.8K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
156K 19.7K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
861K 54K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...