My Weird Husband [ Completed ]

By Thee_Oo

311K 13.3K 91

[ Unicode & Zawgyi ] ငါမြင်ဖူးသမျှထဲမှာစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတဲ့မိန်းမတွေတောင် မင်းလောက်စိတ်ဝင်စားဖို့... More

Notice!
Part 1(U&Z)
Part 2(U&Z)
Part 3(U&Z)
Part 4(U&Z)
Part 5(U&Z)
Part 6(U&Z)
Part 7(U&Z)
Part 8(U&Z)
Part 9(U&Z)
Part 11(U&Z)
Part 12(U&Z)
Part 13(U&Z)
Part 14(U&Z)
Part 15(U&Z)
Part 16(U&Z)
Part 17(U&Z)
Part 18(U&Z)
Part 19(U&Z)
Part 20(U&Z)
Part 21(U&Z)
Part 22(U&Z)
Part 23(U&Z)
Part 24(U&Z)
Part 25(U&Z)
Part 26(U&Z)
Part 27(U&Z)
Part 28(U&Z)
Part 29(U&Z)
Part 30 Final(U&Z)
Extra(U&Z)
Thank You Letter & About Character
Double T သို့မိတ်ဆက်(U&Z)

Part 10(U&Z)

8.1K 401 0
By Thee_Oo

Unicode

ပြောဆိုပြီးအခန်းထဲက ပြန်ထွက်လာတာနဲ့ အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီးဖွင့်ကြည့်လိုက်တော့ Missed Call 35 Callတွေ့လိုက်တာနဲ့ ဖုန်းပြန်ခေါ်လိုက်တာဖြစ်သည်။

"Hello ဒေါ်လေးလား"

"စက်!မင်းဘယ်မှာလဲ၊ ဘာလို့အခုချိန်ထိပြန်မလာသေးတာလဲ၊ တစ်ရွာလုံးကလဲရုတ်ရုတ်သဲသဲတွေဖြစ်နေကြပြီ"

"ဘာဖြစ်လို့လဲဒေါ်လေး"

"ရှေးစာဆို မြို့ပေါ်တက်ရင်းပျောက်သွားလို့တဲ့ အဲ့တာ မင်းလဲအမြန်ပြန်လာခဲ့တော့"

ဖုန်းထဲမှစိုးရိမ်နေသောလေသံဖြင့်ပြောနေသောအဒေါ်ဖြစ်သူစကားကြောင့် ဟွန်းခနဲ ရီလိုက်ပြီး

"ရှေးစာဆိုကိုရှာဖို့မလိုတော့ဘူးဒေါ်လေး၊ ရှေးစာဆိုက ကျွန်တော်နဲ့အတူရှိတယ်၊ ပြီးတော့ ကျွန်တော်ဒီနေ့ည ရွာပြန်မလာတော့ဘူး။ ညောင်ဦးရောက်နေလို့၊ရွာသူကြီးကိုလဲပြောလိုက် စက်ရာရှိန်လင်းက ရှေးစာဆို ဆိုတဲ့ကောင်ကို ခိုးပြေးသွားပြီလို့"

"ဘုရားရေ!"

တစ်ဖက်မှ ဖုန်းချသွားတာနဲ့ ဒေါ်မေမိုး ထိုင်ခုံပေါ် ဖင်ထိုင်ချလိုက်မိသည်။အံ့သြခြင်းနဲ့အတူ ဘာကိုစ စဥ်းစားရမလဲမသိတော့။စက်က စာဆို့ကို ခိုးပြေးသွားတယ်၊ စက်ကိုထင်ခဲ့တာ မိန်းမပဲရှုပ်တယ်လို့လေ၊ အခုစက်ကအဲ့သလိုမဟုတ်ဘူးလား၊ တကယ်ပဲတောရိုးသွားတဲ့နေ့က သူတို့နှစ်ယောက်ဘာဖြစ်ခဲ့တာလဲ။ သေချာတာကတော့ စက်က စာဆို့ကို ကြိုက်နေတာလဲမဖြစ်နိုင်။ ဒါဆိုဘာကြောင့်ခိုးပြေးသွားတာလဲ။ တစ်ဆက်တည်းတွေးလိုက်မိတာက ဦးကိုကိုဆီဖုန်းဆက်ရမည်။ဒါပေမယ့်ဖြစ်ပါ့မလား။ ဦးကိုကိုရဲ့စိတ်ကိုလဲသိထားတာကြောင့် ဒီကိစ္စသာသိရင်ဘယ်လိုဖြစ်မလဲ။

ခိုးပြေးတယ်ဆိုတဲ့ကိစ္စကတော်ရုံမဟုတ်၊ပြီးတော့ ခိုးပြေးတာကလဲ မိန်းကလေးမဟုတ်သည့်အပြင် ကိုယ့်တူထက် ၁၀နှစ်လောက်ငယ်တဲ့ ယောက်ျားလေးတစ်ယောက်။ပြီးတော့တစ်ရွာလုံးကဝိုင်းပယ်ထားတဲ့အရူးကိုမှ။ အို...ဘာတွေဖြစ်ကုန်ပြီလဲ။အခုချက်ချင်းလဲ ညောင်ဦးထိလိုက်ခေါ်ဖို့ကမဖြစ်နိုင်။

ဒေါ်မေမိုးတစ်ယောက်အိမ်ထဲမှာ တကယ်ကိုခြေမကိုင်မိ လက်မကိုင်မိနှင့် အငြိမ်မနေနိုင်တော့တာဖြစ်သည်။ဒါပေမယ့် ရွာသားတွေကလဲတောထဲလိုက်ရှာနေကြတာမို့ ဆက်မရှာတော့ဖို့ ရွာသူကြီး ကိုအရင်ဆုံးသွားပြောရမည်ဖြစ်၏ ဒေါ်မေမိုးသက်ပြင်းသာချဖြစ်သည်။မင်းတကယ်ပဲ ရောက်လေရာမှာပြဿနာရှာတက်တာပဲစက်။

သူကြီးရေ!သူကြီး!

အိမ်ရှေ့မှခေါ်သံကြောင့် ရွာသူကြီးနှင့်ရွာသားအချို့ ထွက်လာပြီး ဒေါ်မေမိုးကိုကြည့်ကာ

"ဘာဖြစ်လို့လဲ ရှေးစာဆို ပြန်ရောက်လာလိူ့လား"

"မဟုတ်ဘူး! ဟို!မေမိုး ပြောစရာရှိလို့သူကြီးကို အဲ့တာကလေ ဟို!"

ဒေါ်မေမိုးမျက်နှာကြီး မအီမလည်နှင့် ပြောလဲပြောချင်သလို၊ မပြောလဲ မပြောရဲ ပုံစံမျိုးဖြစ်နေတော့ ရွာသားအချို့ပါလှုပ်လှုပ်ရှားရှားဖြစ်လာကာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြ၏၊ ခဏကြာမှ ဒေါ်မေမိုးကအင်တင်တင်နှင့် စကားစလိုက်တာဖြစ်သည်။

"ဟို!ရှေးစာဆိုကို လိုက်ရှာဖို့မလိုတော့ဘူး၊ သူကြီး"

"ဟေ!ပြန်ရောက်နေပြီလား"

"မဟုတ်ဘူး!"

အူတူတူလုပ်နေတဲ့ ဒေါ်မေမိုးပုံစံကိုကြည့်လိုက်ပြီး ရွာသူကြီး စိတ်မရှည်သလိုဖြစ်သွားကာ

"မေမိုး၊ နင်ရှင်းအောင်ပြောစမ်း!ရှေးစာဆိုကိုလိုက်မရှာရတော့ဘူးလဲပြောသေးတယ်၊ ပြန်ရောက်ပြီလားဆိုတော့လဲ မဟုတ်ဘူးဆိုတော့၊တကယ်ပဲ နင်ပြောချင်တာကဘာလဲ"

ဒေါ်မေမိုးအသံတွေတုန်လာကာ မျက်ရည်များဝဲလျက် မျက်နှာငုံ့ထားလိုက်ပြီး

"ရှေးစာဆိုကို ခိုးပြေးသွားလို့"

ဟေ!

ဒီတစ်ခါတော့ ရွာသူကြီးတင်မဟုတ်၊ ရွာသားများပါအံ့သြ သွားကာ မျက်လုံးပြူးမျက်စံပြူးနှင့်ဖြစ်သည်။ တစ်ရွာလုံးက ပယ်ထားတဲ့အရူးကို ခိုးပြေးသွားတဲ့ လူက စိတ်မှမှန်သေးရဲ့လား။ ပြီးတော့ ဘယ်သူက ဒီလို အရူးကိုခိုးပြေးသွားတာလဲ။ ရွာက မိန်းကလေးတွေလဲ အကြောင်းသိသူမို့ ယောက်ျားလေးတစ်ယောက်ကိုတော့ မိန်းကလေးဘက်ကခိုးပြေးတာမျိုးလဲမဖြစ်နိုင်ပါ။ ဒါမှမဟုတ် တစ်ခြားရွာက များခိုးပြေးသွားတာလား။ ဘာပဲ ဖြစ်ဖြစ် ခိုးပြေးတဲ့လူကတော်ရုံမဟုတ်တာလဲသေချာသည်။ ဒီလိုအရူးကိုခိုးပြေးတာက အရူးထက်ပိုရူးနေတာရောမဖြစ်နိုင်ဘူးလား။တကယ်ပဲသြချလောက်ပါဘိ။ထိုစဥ်ရွာသားတစ်ယောက်က အံ့သြတကြီးနှင့် ဒေါ်မေမိုးကိုကြည့်ကာ

"အဲ့တာဆို ရှေးစာဆိုကို ခိုးပြေးသွားတာဘယ်သူဖြစ်နိုင်လဲ၊ ဒီရွာက မဟုတ်တာတော့ကြိမ်းသေတယ်၊ ဘယ်နှယ့်အရူးကိုများခိုးပြေးရတယ်လို့၊ ကျုပ်တို့တစ်ရွာလုံးတော့ အံ့ပါ့အေ!"

"ရှေးစာဆိုကိုခိုးပြေးတဲ့လူက၊ ကျွန်မရဲ့တူလေးပါပဲရှင်၊ အခုညောင်ဦးမှာတဲ့ညတွင်းချင်းလဲ လိုက်လို့မရဘူး အီးဟီး"

ဟေ!

ညလေအေးအေးလေးတစ်ချက်တိုက်ခက်သွားကာ ရုတ်ချည်းဆိုသလိုအကုန်လုံးတိတ်ဆိတ်သွားကြသည်။ ရွာသားတွေလဲ ဘာပြောရမလဲမသိတော့တာဖြစ်၏၊ ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးကို ပြန်ခိုးပြေးတယ်၊သူတို့ရွာမှာ ဒီလိုအဖြစ်မျိုးမရှိခဲ့တာမို့ ဘာကဘယ်လိုမှားယွင်းလဲဘယ်သူမှမသိ။ ဒေါ်မေမိုးရဲ့တူက မဟုတ်မှ ရှေးစာဆိုကိုကြိုက်နေတာလား။ ရန်ကုန်မှာတုန်းကတော့ မိန်းမပွေတယ်ဆို။ ဒီလိုလူမျိုးက ယောက်ျားအချင်းချင်းခိုးပြေးတယ်ဆိုတာ အနောက်အရပ်က နေထွက်လာသလိုပင်။အကုန်လုံးလဲမျက်စိလည်ကုန်ကြပြီ။ထိုစဥ်ရွာသူကြီး ဒေါ်မေမိုး ပုခုံးကို ခပ်ဖွဖွပုတ်လိူက်ပြီး

"ငိုမနေနဲ့ မေမိုး၊ ဒီညတော့ထားလိုက်တော့၊ မင်းရဲ့တူကလူကြီးပဲဟာ၊
ချင့်ချင့်ချိန်ချိန်စဥ်းစားတက်မှာပါ ၊ အိမ်ပြန်ပြီးသာ မင်းတူကို ထိုင်စောင့်နေလိုက်တော့၊ ရွာသားတွေလဲ ဆက်ရှာဖို့မလိုတော့ပါဘူးနော် အကုန်လုံးလဲ အနားယူလိူ့ရပါပြီ"

သူကြီးပြောလိုက်တော့မှ အကုန်လုံးကသက်ပြင်းချပြီး ထွက်ခွာသွားကြသည်။ ဘယ့်နှယ့် ချင့်ချင့်ချိန်ချိန်စဥ်းစားတက်တဲ့လူကယောက်ျား
တစ်ယောက်လုံးကြီးကို ခိုးပြေးပါ့မလား။ ဒေါ်မေမိုးလဲ အိမ်ရောက်တာနဲ့ ရှိုက်ငိုရင်း ဖုန်းကိုကြည့်လိုက်မိတာဖြစ်၏၊ မနက်ဖြန် သူ့အဖေဖြစ်သူဆီ ဖုန်းခေါ်ရပေအုံးမည်။ တကယ်မလွယ်တဲ့ကောင်ပါ့လား။ သူမ နေရာမှာထိုင်နေရင်းနဲ့အသက်သာထွက်သွားလိုက်ချင်သည်။

**** ****
****

"ဖေဖေဆေးရုံသွားတော့မလို့လား"

"အေး"

ထမင်းစားခန်းထဲကနေ လင်း ဖေဖေ့ကိုလှမ်းကြည့်ပြီးပြောလိုက်တာဖြစ်သည်။

"T..T..T"

ဆေးရုံသွားဖို့ လက်ကိုင်အိတ်ဆွဲယူပြီး အိမ်ရှေ့အထွက် ဖုန်းဝင်လာတော့ဦးကိုကို မျက်မှောင်ကုပ်ပြီး ဖုန်းကောက်ကိုင်လိုက်သည်။

"Hello ခယ်မလေး ပြော! ဘာထူးလို့လဲ"

"......."

ဘာ!

ဦးကိုကို အသံကြီး တိုက်တစ်ခုလုံးဟိန်းထွက်သွားတော့ ထမင်းစားခန်း မှ ကြွေပန်းကန်တွေဖုန်သုတ်ရင်း လင်းလှည့်ကြည့်ဖြစ်သည်။ ထို့နောက် ဦးကိုကိုမျက်နှာကြီး နီမြန်းလာပြီး ဖုန်းကိုဆောင့်ချကာ မတ်တပ်ရပ်နေစဥ်မှာပဲဒေါသကြောင့် နားထင်တွေကိုက်ခဲလာပြီး ရုတ်တရက်ဆိုသလိုပစ်လဲကျသွားသည်။

ဘုန်း!

လင်းပန်းကန်တွေသုတ်ရင်းအသံကြောင့် အိမ်ရှေ့ကိုပြန်ကြည့်လိုက်တော့ လဲကျသွားတဲ့ ဦးကိုကို ကိုမြင်လိုက်တာနဲ့ လက်ထဲက ပန်းကန်တွေ လွှတ်ချလိုက်ပြီးအိမ်ရှေ့အပြေးသွားကာ

"ဖေဖေ! ဖေဖေ! ထပါအုံး!ဖေဖေဘာဖြစ်သွားတာလဲ...အီးဟီး! ဦးတုတ်ကြီးရေ!ဦးတုတ်ကြီး! ဒီမှာဖေဖေမူးလဲသွားလို့ လာပါအုံး!"

ခြံထဲပန်းပင်ရေလောင်းရင်း လင်းခေါ်သံကြောင့် ကိုတုတ်ကြီး အပြေးသွားကာကြည့်လိုက်တော့ လဲကျနေတဲ့ ဦးကိုကို ကိုဖက်ထားရင်း ငိုယိုနေတဲ့လင်းကိုမြင်လိုက်တာနဲ့

ဆရာ!

"မမလေး!ဆရာဘာဖြစ်တာလဲ"

"လင်းလဲ မသိဘူး ဦးတုတ်ကြီး ဖုန်းဝင်လာတာကိုင်လိုက်ပြီးတာနဲ့ လဲကျသွားတော့တာပဲ အီးဟီး"

"နေအုံးနေအုံး! ဦးတုတ်ကြီး ဆေးရုံကိုဖုန်းခေါ်လိုက်မယ်"

Female Nurseမလေးက ဦးကိုကို ကိုစစ်ဆေးပြီးတာနဲ့ သွေးတိုးကျဆေးများကို လင်းဆီလှမ်းပေးလာတော့ သူမကိုမော့ကြည့်ပြီး ဆေးတို့ကိုယူလိုက်သည်။ ထို့နောက် Nurseမလေးက လင်းကိုတစ်ချက်ကြည့်ပြီး ဦးကိုကို ကိုပြန်ကြည့်ကာစကားစ၏၊

"Doctorက Shockရသွားလို့ လဲကျသွားတာ၊ အရမ်းကြီးတော့မစိုးရိမ်ရပါဘူး၊ သွေးနဲနဲတက်သွားရုံတင် ၊ Doctorကိုသေချာလေးတော့ဂရုစိုက်ပေးပါအခုတလော ခွဲစိတ်ခန်းတွေဆက်တိုက်ဝင်ပြီး ဖိစီးနေတာဆိုတော့"

သူမကိုကြည့်ပြီး ပြောလာတဲ့ Nurseမလေးကိူပြန်ကြည့်လိူက်တော့
ကျူရှင်သွားတုန်းက ကားဖြင့်တိုက်မိမလိုဖြစ်သည့် သူနာပြုမလေးဖြစ်ကာသူမက ဖေဖေ့တို့ဆေးရုံက သူနာပြုဖြစ်ပြီး ဖေဖေနဲ့လဲရင်းနှီးသူဖြစ်၏။ထို့နောက်လက်ကိုင်အိတ်ဆွဲပြီး ပြန်ထွက်သွားတော့ လင်း သူမနောက်ကနေလိုက်လာပြီး သူမလက်ကိုလှမ်းဆွဲလိုက်သည်။

"ဟို!ဖေဖေ့ကို လာကြည့်ပေးလို့ ကျေးဇူးတင်ပါတယ် မမ"

လင်းစကားကြောင့် နူးညံ့သောမျက်ဝန်းတို့ဖြင့် လင်းကိုပြန်ကြည့်လိုက်ပြီးလှမ်းဆွဲထားတဲ့ လက်ဖမိူးလေးကို ဖိဆုတ်လိုက်ကာ

"မလိုပါဘူး! Doctorနဲ့ မ အတွက်တော့ ဆရာတပည့်တွေလိုပါပဲ။ညီမလေးလဲ မျက်ကွင်းတွေနဲနဲညိုနေတယ်နော် ကျန်းမာရေးဂရုစိုက်"

ထို့နောက်ဖိဆုတ်ထားတဲ့လက်ကလေးတွေကို အသာအယာပြန်ဖယ်ချလိုက်ပြီး သူမလှည့်ထွက်သွားကို လင်းကြည့်နေလိုက်ရင်း နူးညံ့သောလေသံနှင့်အပြောတို့ကြောင့် လင်းရင်ထဲ နွေးခနဲခံစားလိုက်ရ၏။ လင်းသူမကို မြင်မြင်ချင်းတုန်းက မာနကြီးမယ် ထင်ခဲ့သည်။

တကယ်တမ်းကျ သူမကလင်းထင်သလိုလူမျိုးမဟုတ်ပါလား။အချိန်ခဏလေးအတွင်းမှာ လင်းအပေါ်အသေးစိတ်လေးက အစသတိထားမိသူဖြစ်ပြီး လင်းကိုပင်ကျန်းမာရေးဂရုစိုက်ရန်ပြောသွားတာဖြစ်
သည်။လင်း ထိုမိန်းကလေးကိုကြည့်ပြီး ပြုံးလိုက်မိတာဖြစ်၏။ ထိုစဥ်နောက်မှကိုတုတ်ကြီးရောက်လာပြီး ခြံပြင်ထွက်သွားတဲ့ မိန်းကလေးကိုကြည့်ရင်းပြုံးလိုက်တဲ့ လင်းကိုကြည့်၍အထူးအဆန်းဖြစ်သွားသလို။

"အကိုလေး အိမ်ပေါ်က ဆင်းသွားပြီးတဲ့နောက် မမလေးပြုံးတာ ပထမဆုံးပြန်မြင်ရတာပဲ၊ မမလေးကိုပြုံးအောင်လုပ်နိုင်တဲ့လူက တော်ရုံမဟုတ်ဘူးပဲ။ကြည့်စမ်းပါအုံး အဲ့ဒီသူနာပြုမလေးက ဆရာနဲ့ရင်းနှီးတယ်မလား"

လင်းဘက်လှည့်ပြီး ပြုံးစိစိနဲ့ပြောလာတဲ့ကိုတုတ်ကြီးစကားကြောင့်
လင်း မျက်နှာ ရေနွေးပူလောင်းချလိုက်သလိုပူထူသွားကာ ဖြူဆွတ်နေသောမျက်နှာလေးက ချက်ချင်းရဲတက်လာပြီး ရှက်ကိုးရှက်ကန်းနဲ့ အပေါ်ထပ်တက်ပြေးလိုက်သည်နှင့်တပြိုင်နက် ဘယ်ဘက်ရင်အုံမှာလဲ ပူရှိန်းရှိန်းခံစားလိုက်ရတာဖြစ်သည်။

#############

Zawgyi

ေျပာဆိုၿပီးအခန္းထဲက ျပန္ထြက္လာတာနဲ႕ အိတ္ကပ္ထဲက ဖုန္းကိုထုတ္ၿပီးဖြင့္ၾကည့္လိုက္ေတာ့ Missed Call 35 Callေတြ႕လိုက္တာနဲ႕ ဖုန္းျပန္ေခၚလိုက္တာျဖစ္သည္။

"Hello ေဒၚေလးလား"

"စက္!မင္းဘယ္မွာလဲ၊ ဘာလို႔အခုခ်ိန္ထိျပန္မလာေသးတာလဲ၊ တစ္႐ြာလုံးကလဲ႐ုတ္႐ုတ္သဲသဲေတြျဖစ္ေနၾကၿပီ"

"ဘာျဖစ္လို႔လဲေဒၚေလး"

"ေရွးစာဆို ၿမိဳ႕ေပၚတက္ရင္းေပ်ာက္သြားလို႔တဲ့ အဲ့တာ မင္းလဲအျမန္ျပန္လာခဲ့ေတာ့"

ဖုန္းထဲမွစိုးရိမ္ေနေသာေလသံျဖင့္ေျပာေနေသာအေဒၚျဖစ္သူစကားေၾကာင့္ ဟြန္းခနဲ ရီလိုက္ၿပီး

"ေရွးစာဆိုကိုရွာဖို႔မလိုေတာ့ဘူးေဒၚေလး၊ ေရွးစာဆိုက ကြၽန္ေတာ္နဲ႕အတူရွိတယ္၊ ၿပီးေတာ့ ကြၽန္ေတာ္ဒီေန႕ည ႐ြာျပန္မလာေတာ့ဘူး။ ေညာင္ဦးေရာက္ေနလို႔၊႐ြာသူႀကီးကိုလဲေျပာလိုက္ စက္ရာရွိန္လင္းက ေရွးစာဆို ဆိုတဲ့ေကာင္ကို ခိုးေျပးသြားၿပီလို႔"

"ဘုရားေရ!"

တစ္ဖက္မွ ဖုန္းခ်သြားတာနဲ႕ ေဒၚေမမိုး ထိုင္ခုံေပၚ ဖင္ထိုင္ခ်လိဳက္မိသည္။အံ့ၾသျခင္းနဲ႕အတူ ဘာကိုစ စဥ္းစားရမလဲမသိေတာ့။စက္က စာဆို႔ကို ခိုးေျပးသြားတယ္၊ စက္ကိုထင္ခဲ့တာ မိန္းမပဲရႈပ္တယ္လို႔ေလ၊ အခုစက္ကအဲ့သလိုမဟုတ္ဘူးလား၊ တကယ္ပဲေတာရိုးသြားတဲ့ေန႕က သူတို႔ႏွစ္ေယာက္ဘာျဖစ္ခဲ့တာလဲ။ ေသခ်ာတာကေတာ့ စက္က စာဆို႔ကို ႀကိဳက္ေနတာလဲမျဖစ္နိုင္။ ဒါဆိုဘာေၾကာင့္ခိုးေျပးသြားတာလဲ။ တစ္ဆက္တည္းေတြးလိုက္မိတာက ဦးကိုကိုဆီဖုန္းဆက္ရမည္။ဒါေပမယ့္ျဖစ္ပါ့မလား။ ဦးကိုကိုရဲ႕စိတ္ကိုလဲသိထားတာေၾကာင့္ ဒီကိစၥသာသိရင္ဘယ္လိုျဖစ္မလဲ။

ခိုးေျပးတယ္ဆိုတဲ့ကိစၥကေတာ္႐ုံမဟုတ္၊ၿပီးေတာ့ ခိုးေျပးတာကလဲ မိန္းကေလးမဟုတ္သည့္အျပင္ ကိုယ့္တူထက္ ၁၀ႏွစ္ေလာက္ငယ္တဲ့ ေယာက္်ားေလးတစ္ေယာက္။ၿပီးေတာ့တစ္႐ြာလုံးကဝိုင္းပယ္ထားတဲ့အ႐ူးကိုမွ။ အို...ဘာေတြျဖစ္ကုန္ၿပီလဲ။အခုခ်က္ခ်င္းလဲ ေညာင္ဦးထိလိုက္ေခၚဖို႔ကမျဖစ္နိုင္။

ေဒၚေမမိုးတစ္ေယာက္အိမ္ထဲမွာ တကယ္ကိုေျခမကိုင္မိ လက္မကိုင္မိႏွင့္ အၿငိမ္မေနနိုင္ေတာ့တာျဖစ္သည္။ဒါေပမယ့္ ႐ြာသားေတြကလဲေတာထဲလိုက္ရွာေနၾကတာမို႔ ဆက္မရွာေတာ့ဖို႔ ႐ြာသူႀကီး ကိုအရင္ဆုံးသြားေျပာရမည္ျဖစ္၏ ေဒၚေမမိုးသက္ျပင္းသာခ်ျဖစ္သည္။မင္းတကယ္ပဲ ေရာက္ေလရာမွာျပႆနာရွာတက္တာပဲစက္။

သူႀကီးေရ!သူႀကီး!

အိမ္ေရွ႕မွေခၚသံေၾကာင့္ ႐ြာသူႀကီးႏွင့္႐ြာသားအခ်ိဳ႕ ထြက္လာၿပီး ေဒၚေမမိုးကိုၾကည့္ကာ

"ဘာျဖစ္လို႔လဲ ေရွးစာဆို ျပန္ေရာက္လာလိူ႕လား"

"မဟုတ္ဘူး! ဟို!ေမမိုး ေျပာစရာရွိလို႔သူႀကီးကို အဲ့တာကေလ ဟို!"

ေဒၚေမမိုးမ်က္ႏွာႀကီး မအီမလည္ႏွင့္ ေျပာလဲေျပာခ်င္သလို၊ မေျပာလဲ မေျပာရဲ ပုံစံမ်ိဳးျဖစ္ေနေတာ့ ႐ြာသားအခ်ိဳ႕ပါလႈပ္လႈပ္ရွားရွားျဖစ္လာကာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ေနၾက၏၊ ခဏၾကာမွ ေဒၚေမမိုးကအင္တင္တင္ႏွင့္ စကားစလိုက္တာျဖစ္သည္။

"ဟို!ေရွးစာဆိုကို လိုက္ရွာဖို႔မလိုေတာ့ဘူး၊ သူႀကီး"

"ေဟ!ျပန္ေရာက္ေနၿပီလား"

"မဟုတ္ဘူး!"

အူတူတူလုပ္ေနတဲ့ ေဒၚေမမိုးပုံစံကိုၾကည့္လိုက္ၿပီး ႐ြာသူႀကီး စိတ္မရွည္သလိုျဖစ္သြားကာ

"ေမမိုး၊ နင္ရွင္းေအာင္ေျပာစမ္း!ေရွးစာဆိုကိုလိုက္မရွာရေတာ့ဘူးလဲေျပာေသးတယ္၊ ျပန္ေရာက္ၿပီလားဆိုေတာ့လဲ မဟုတ္ဘူးဆိုေတာ့၊တကယ္ပဲ နင္ေျပာခ်င္တာကဘာလဲ"

ေဒၚေမမိုးအသံေတြတုန္လာကာ မ်က္ရည္မ်ားဝဲလ်က္ မ်က္ႏွာငုံ႕ထားလိုက္ၿပီး

"ေရွးစာဆိုကို ခိုးေျပးသြားလို႔"

ေဟ!

ဒီတစ္ခါေတာ့ ႐ြာသူႀကီးတင္မဟုတ္၊ ႐ြာသားမ်ားပါအံ့ၾသ သြားကာ မ်က္လုံးျပဴးမ်က္စံျပဴးႏွင့္ျဖစ္သည္။ တစ္႐ြာလုံးက ပယ္ထားတဲ့အ႐ူးကို ခိုးေျပးသြားတဲ့ လူက စိတ္မွမွန္ေသးရဲ႕လား။ ၿပီးေတာ့ ဘယ္သူက ဒီလို အ႐ူးကိုခိုးေျပးသြားတာလဲ။ ႐ြာက မိန္းကေလးေတြလဲ အေၾကာင္းသိသူမို႔ ေယာက္်ားေလးတစ္ေယာက္ကိုေတာ့ မိန္းကေလးဘက္ကခိုးေျပးတာမ်ိဳးလဲမျဖစ္နိုင္ပါ။ ဒါမွမဟုတ္ တစ္ျခား႐ြာက မ်ားခိုးေျပးသြားတာလား။ ဘာပဲ ျဖစ္ျဖစ္ ခိုးေျပးတဲ့လူကေတာ္႐ုံမဟုတ္တာလဲေသခ်ာသည္။ ဒီလိုအ႐ူးကိုခိုးေျပးတာက အ႐ူးထက္ပို႐ူးေနတာေရာမျဖစ္နိုင္ဘူးလား။တကယ္ပဲၾသခ်ေလာက္ပါဘိ။ထိုစဥ္႐ြာသားတစ္ေယာက္က အံ့ၾသတႀကီးႏွင့္ ေဒၚေမမိုးကိုၾကည့္ကာ

"အဲ့တာဆို ေရွးစာဆိုကို ခိုးေျပးသြားတာဘယ္သူျဖစ္နိုင္လဲ၊ ဒီ႐ြာက မဟုတ္တာေတာ့ႀကိမ္းေသတယ္၊ ဘယ္ႏွယ့္အ႐ူးကိုမ်ားခိုးေျပးရတယ္လို႔၊ က်ဳပ္တို႔တစ္႐ြာလုံးေတာ့ အံ့ပါ့ေအ!"

"ေရွးစာဆိုကိုခိုးေျပးတဲ့လူက၊ ကြၽန္မရဲ႕တူေလးပါပဲရွင္၊ အခုေညာင္ဦးမွာတဲ့ညတြင္းခ်င္းလဲ လိုက္လို႔မရဘူး အီးဟီး"

ေဟ!

ညေလေအးေအးေလးတစ္ခ်က္တိုက္ခက္သြားကာ ႐ုတ္ခ်ည္းဆိုသလိုအကုန္လုံးတိတ္ဆိတ္သြားၾကသည္။ ႐ြာသားေတြလဲ ဘာေျပာရမလဲမသိေတာ့တာျဖစ္၏၊ ေယာက္်ားေလးတစ္ေယာက္က ေယာက္်ားေလးကို ျပန္ခိုးေျပးတယ္၊သူတို႔႐ြာမွာ ဒီလိုအျဖစ္မ်ိဳးမရွိခဲ့တာမို႔ ဘာကဘယ္လိုမွားယြင္းလဲဘယ္သူမွမသိ။ ေဒၚေမမိုးရဲ႕တူက မဟုတ္မွ ေရွးစာဆိုကိုႀကိဳက္ေနတာလား။ ရန္ကုန္မွာတုန္းကေတာ့ မိန္းမေပြတယ္ဆို။ ဒီလိုလူမ်ိဳးက ေယာက္်ားအခ်င္းခ်င္းခိုးေျပးတယ္ဆိုတာ အေနာက္အရပ္က ေနထြက္လာသလိုပင္။အကုန္လုံးလဲမ်က္စိလည္ကုန္ၾကၿပီ။ထိုစဥ္႐ြာသူႀကီး ေဒၚေမမိုး ပုခုံးကို ခပ္ဖြဖြပုတ္လိူက္ၿပီး

"ငိုမေနနဲ႕ ေမမိုး၊ ဒီညေတာ့ထားလိုက္ေတာ့၊ မင္းရဲ႕တူကလူႀကီးပဲဟာ၊ ခ်င့္ခ်င့္ခ်ိန္ခ်ိန္စဥ္းစားတက္မွာပါ ၊ အိမ္ျပန္ၿပီးသာ မင္းတူကို ထိုင္ေစာင့္ေနလိုက္ေတာ့၊ ႐ြာသားေတြလဲ ဆက္ရွာဖို႔မလိုေတာ့ပါဘူးေနာ္ အကုန္လုံးလဲ အနားယူလိူ႕ရပါၿပီ"

သူႀကီးေျပာလိုက္ေတာ့မွ အကုန္လုံးကသက္ျပင္းခ်ၿပီး ထြက္ခြာသြားၾကသည္။ ဘယ့္ႏွယ့္ ခ်င့္ခ်င့္ခ်ိန္ခ်ိန္စဥ္းစားတက္တဲ့လူကေယာက္်ားတစ္ေယာက္လုံးႀကီးကို ခိုးေျပးပါ့မလား။ ေဒၚေမမိုးလဲ အိမ္ေရာက္တာနဲ႕ ရွိုက္ငိုရင္း ဖုန္းကိုၾကည့္လိုက္မိတာျဖစ္၏၊ မနက္ျဖန္ သူ႕အေဖျဖစ္သူဆီ ဖုန္းေခၚရေပအုံးမည္။ တကယ္မလြယ္တဲ့ေကာင္ပါ့လား။ သူမ ေနရာမွာထိုင္ေနရင္းနဲ႕အသက္သာထြက္သြားလိုက္ခ်င္သည္။

**** ****
****

"ေဖေဖေဆး႐ုံသြားေတာ့မလို႔လား"

"ေအး"

ထမင္းစားခန္းထဲကေန လင္း ေဖေဖ့ကိုလွမ္းၾကည့္ၿပီးေျပာလိုက္တာျဖစ္သည္။

"T..T..T"

ေဆး႐ုံသြားဖို႔ လက္ကိုင္အိတ္ဆြဲယူၿပီး အိမ္ေရွ႕အထြက္ ဖုန္းဝင္လာေတာ့ဦးကိုကို မ်က္ေမွာင္ကုပ္ၿပီး ဖုန္းေကာက္ကိုင္လိုက္သည္။

"Hello ခယ္မေလး ေျပာ! ဘာထူးလို႔လဲ"

"......."

ဘာ!

ဦးကိုကို အသံႀကီး တိုက္တစ္ခုလုံးဟိန္းထြက္သြားေတာ့ ထမင္းစားခန္း မွ ေႂကြပန္းကန္ေတြဖုန္သုတ္ရင္း လင္းလွည့္ၾကည့္ျဖစ္သည္။ ထို႔ေနာက္ ဦးကိုကိုမ်က္ႏွာႀကီး နီျမန္းလာၿပီး ဖုန္းကိုေဆာင့္ခ်ကာ မတ္တပ္ရပ္ေနစဥ္မွာပဲေဒါသေၾကာင့္ နားထင္ေတြကိုက္ခဲလာၿပီး ႐ုတ္တရက္ဆိုသလိုပစ္လဲက်သြားသည္။

ဘုန္း!

လင္းပန္းကန္ေတြသုတ္ရင္းအသံေၾကာင့္ အိမ္ေရွ႕ကိုျပန္ၾကည့္လိုက္ေတာ့ လဲက်သြားတဲ့ ဦးကိုကို ကိုျမင္လိုက္တာနဲ႕ လက္ထဲက ပန္းကန္ေတြ လႊတ္ခ်လိဳက္ၿပီးအိမ္ေရွ႕အေျပးသြားကာ

"ေဖေဖ! ေဖေဖ! ထပါအုံး!ေဖေဖဘာျဖစ္သြားတာလဲ...အီးဟီး! ဦးတုတ္ႀကီးေရ!ဦးတုတ္ႀကီး! ဒီမွာေဖေဖမူးလဲသြားလို႔ လာပါအုံး!"

ၿခံထဲပန္းပင္ေရေလာင္းရင္း လင္းေခၚသံေၾကာင့္ ကိုတုတ္ႀကီး အေျပးသြားကာၾကည့္လိုက္ေတာ့ လဲက်ေနတဲ့ ဦးကိုကို ကိုဖက္ထားရင္း ငိုယိုေနတဲ့လင္းကိုျမင္လိုက္တာနဲ႕

ဆရာ!

"မမေလး!ဆရာဘာျဖစ္တာလဲ"

"လင္းလဲ မသိဘူး ဦးတုတ္ႀကီး ဖုန္းဝင္လာတာကိုင္လိုက္ၿပီးတာနဲ႕ လဲက်သြားေတာ့တာပဲ အီးဟီး"

"ေနအုံးေနအုံး! ဦးတုတ္ႀကီး ေဆး႐ုံကိုဖုန္းေခၚလိုက္မယ္"

Female Nurseမေလးက ဦးကိုကို ကိုစစ္ေဆးၿပီးတာနဲ႕ ေသြးတိုးက်ေဆးမ်ားကို လင္းဆီလွမ္းေပးလာေတာ့ သူမကိုေမာ့ၾကည့္ၿပီး ေဆးတို႔ကိုယူလိုက္သည္။ ထို႔ေနာက္ Nurseမေလးက လင္းကိုတစ္ခ်က္ၾကည့္ၿပီး ဦးကိုကို ကိုျပန္ၾကည့္ကာစကားစ၏၊

"Doctorက Shockရသြားလို႔ လဲက်သြားတာ၊ အရမ္းႀကီးေတာ့မစိုးရိမ္ရပါဘူး၊ ေသြးနဲနဲတက္သြား႐ုံတင္ ၊ Doctorကိုေသခ်ာေလးေတာ့ဂ႐ုစိုက္ေပးပါအခုတေလာ ခြဲစိတ္ခန္းေတြဆက္တိုက္ဝင္ၿပီး ဖိစီးေနတာဆိုေတာ့"

သူမကိုၾကည့္ၿပီး ေျပာလာတဲ့ Nurseမေလးကိူျပန္ၾကည့္လိူက္ေတာ့က်ဴရွင္သြားတုန္းက ကားျဖင့္တိုက္မိမလိုျဖစ္သည့္ သူနာျပဳမေလးျဖစ္ကာသူမက ေဖေဖ့တို႔ေဆး႐ုံက သူနာျပဳျဖစ္ၿပီး ေဖေဖနဲ႕လဲရင္းႏွီးသူျဖစ္၏။ထို႔ေနာက္လက္ကိုင္အိတ္ဆြဲၿပီး ျပန္ထြက္သြားေတာ့ လင္း သူမေနာက္ကေနလိုက္လာၿပီး သူမလက္ကိုလွမ္းဆြဲလိုက္သည္။

"ဟို!ေဖေဖ့ကို လာၾကည့္ေပးလို႔ ေက်းဇူးတင္ပါတယ္ မမ"

လင္းစကားေၾကာင့္ ႏူးညံ့ေသာမ်က္ဝန္းတို႔ျဖင့္ လင္းကိုျပန္ၾကည့္လိုက္ၿပီးလွမ္းဆြဲထားတဲ့ လက္ဖမိူးေလးကို ဖိဆုတ္လိုက္ကာ

"မလိုပါဘူး! Doctorနဲ႕ မ အတြက္ေတာ့ ဆရာတပည့္ေတြလိုပါပဲ။ညီမေလးလဲ မ်က္ကြင္းေတြနဲနဲညိုေနတယ္ေနာ္ က်န္းမာေရးဂ႐ုစိုက္"

ထို႔ေနာက္ဖိဆုတ္ထားတဲ့လက္ကေလးေတြကို အသာအယာျပန္ဖယ္ခ်လိဳက္ၿပီး သူမလွည့္ထြက္သြားကို လင္းၾကည့္ေနလိုက္ရင္း ႏူးညံ့ေသာေလသံႏွင့္အေျပာတို႔ေၾကာင့္ လင္းရင္ထဲ ႏြေးခနဲခံစားလိုက္ရ၏။ လင္းသူမကို ျမင္ျမင္ခ်င္းတုန္းက မာနႀကီးမယ္ ထင္ခဲ့သည္။

တကယ္တမ္းက် သူမက လင္း ထင္သလိုလူမ်ိဳးမဟုတ္ပါလား။ အခ်ိန္ခဏေလးအတြင္းမွာ လင္းအေပၚအေသးစိတ္ေလးက အစသတိထားမိသူျဖစ္ၿပီး လင္းကိုပင္က်န္းမာေရးဂ႐ုစိုက္ရန္ေျပာသြားတာျဖစ္သည္။ လင္း ထိုမိန္းကေလးကိုၾကည့္ၿပီး ၿပဳံးလိုက္မိတာျဖစ္၏။ ထိုစဥ္ေနာက္မွ ကိုတုတ္ႀကီးေရာက္လာၿပီး ၿခံျပင္ထြက္သြားတဲ့ မိန္းကေလးကိုၾကည့္ရင္းၿပဳံးလိုက္တဲ့ လင္းကိုၾကည့္၍ အထူးအဆန္းျဖစ္သြားသလို။

"အကိုေလး အိမ္ေပၚက ဆင္းသြားၿပီးတဲ့ေနာက္ မမေလးၿပဳံးတာ ပထမဆုံးျပန္ျမင္ရတာပဲ၊ မမေလးကိုၿပဳံးေအာင္လုပ္နိုင္တဲ့လူက ေတာ္႐ုံမဟုတ္ဘူးပဲ။ၾကည့္စမ္းပါအုံး အဲ့ဒီသူနာျပဳမေလးက ဆရာနဲ႕ရင္းႏွီးတယ္မလား"

လင္းဘက္လွည့္ၿပီး ၿပဳံးစိစိနဲ႕ေျပာလာတဲ့ကိုတုတ္ႀကီးစကားေၾကာင့္ လင္း မ်က္ႏွာ ေရႏြေးပူေလာင္းခ်လိဳက္သလိုပူထူသြားကာ ျဖဴဆြတ္ေနေသာမ်က္ႏွာေလးက ခ်က္ခ်င္းရဲတက္လာၿပီး ရွက္ကိုးရွက္ကန္းနဲ႕ အေပၚထပ္တက္ေျပးလိုက္သည္ႏွင့္တၿပိဳင္နက္ ဘယ္ဘက္ရင္အုံမွာလဲ ပူရွိန္းရွိန္းခံစားလိုက္ရတာျဖစ္သည္။

#############

Continue Reading

You'll Also Like

171K 18.5K 65
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
205K 5.3K 56
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...
642K 93.7K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~