My Weird Husband [ Completed ]
By Thee_Oo
311K 13.3K 91
[ Unicode & Zawgyi ] ငါမြင်ဖူးသမျှထဲမှာစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတဲ့မိန်းမတွေတောင် မင်းလောက်စိတ်ဝင်စားဖို့... More
Notice!
Part 1(U&Z)
Part 2(U&Z)
Part 3(U&Z)
Part 4(U&Z)
Part 5(U&Z)
Part 6(U&Z)
Part 7(U&Z)
Part 9(U&Z)
Part 10(U&Z)
Part 11(U&Z)
Part 12(U&Z)
Part 13(U&Z)
Part 14(U&Z)
Part 15(U&Z)
Part 16(U&Z)
Part 17(U&Z)
Part 18(U&Z)
Part 19(U&Z)
Part 20(U&Z)
Part 21(U&Z)
Part 22(U&Z)
Part 23(U&Z)
Part 24(U&Z)
Part 25(U&Z)
Part 26(U&Z)
Part 27(U&Z)
Part 28(U&Z)
Part 29(U&Z)
Part 30 Final(U&Z)
Extra(U&Z)
Thank You Letter & About Character
Double T သို့မိတ်ဆက်(U&Z)
Part 8(U&Z)
7.8K 435 0
By Thee_Oo
Kiss Scenes Warningပါ။🚨၁၅နှစ်အောက် ကလေးများဖတ်ရန်မသင့်တော်ပါ။
Unicode
"ဗျို့...လူလေး!ဒီမှာထန်းရည်တွေရှိတယ် လာသောက်အုံးမလား"
ထန်းတောထဲဝင်လာရင်း ဟိုဘက်ထန်းတောမှ လူကြီးတစ်ချို့အော်ခေါ်လိုက်သံကြောင့် စက်လှည့်ကြည့်ဖြစ်သည်။ လူကြီး ၅ယောက်လောက်က ဝိုင်းထိုင်နေပြီး အလယ်မှာ ထန်းရည်အိုး ၁၀အိုးလောက်ချထားကာ မြေပဲလှော်နှင့် ထန်းလျက်ခဲတို့က အမြည်းသဘောဖြစ်
သည်။ စက်လဲ ထိုလူကြီးတွေကိုကြည့်လိုက်ပြီး လက်ထဲက သောက်လက်စ စီးကရက်ကိုလွှင့်ပစ်ကာ သွားထိုင်လိုက်သည်။
ပုံစံကြည့်ရတာတော့ထန်းတက်သမားတွေဖြစ်ပုံပေါ်မည်။ ထန်းပင်ကြီးတစ်ပင်ရဲ့အောက်မှာ အခင်းလေးနှင့် အုပ်စုဖွဲ့ထိုင်နေကြတာဖြစ်ပြီး စက်ရောက်လာတော့ အကုန်လုံးကငေးကြည့်လျက် သူတို့အမြင်မှာတော့ စက်ကိုဘယ်လိုမြင်လဲမသိ။
"လူလေးက ဘယ်အရွယ်လဲ၊ ငယ်သေးတယ်ဆိုရင်တော့ ထန်းရည်ကိုမသောက်ပါနဲ့အုံး ထန်းရည်ခါးတွေဆိုတော့ မူးမှာစိုးလိူ့"
"ကျွန်တော်အသက်၃၀ဗျ၊ ထန်းရည်ခါးကတော့ ကျွန်တော့်အတွက်အပျော့ပါ"
"ဟေ"
ထိူလူကြီး၅ယောက်က စက်ကို အံ့သြသလိုကြည့်သည်။ ဒီလို နုနုထွဋ်ထွဋ်လေးက အသက်၃၀တဲ့လား။ဖြစ်နိုင်ရဲ့လား။ မြို့မှာနေသူမို့ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်နေခဲ့ရသူပဲဖြစ်မယ်၊ ဒီရွာမှာ ကြည့်ပျော်ရှုပျော်ရှိတာဆိုလို့ ဟိုအရူးတစ်ကောင်ပဲရှိတာမဟုတ်ဘူးလား၊ အဲ့တစ်ယောက်ကလဲရုပ်လေးသာချောတာ၊ လူကတော့စိတ်မနှံ့သူဖြစ်သည်။ စက်မြေပဲလှော်လက်တစ်ဆုပ်ယူပြီး ပါးစပ်ထဲသွင်းကာ ထန်းရည်ကိုမော့ချလိုက်သည်။
ဘယ်ဆိုးလိူ့လဲ။ ရွာမှာနေတော့ ရွာအကြိုက်ပေါ့။ မြို့မှာနေတော့မြို့အကြိုက်ပေါ့။ လည်ချောင်းထဲစီးဝင်လာတဲ့ထန်းရည်ခါးကိုသဘော
ကျပြီးတစ်ခွက်ထပ်သောက်လိုက်၏၊ ထို့နောက် တစ်ခွက်ပြီး တစ်ခွက်၊ ဒါမျိုးဆိုလူက ခံနိုင်ရည်ရှိပြီးသားဖြစ်သည်။ မြေပဲလှော်စားလိုက် ထန်းရည်သောက်လိုက်နဲ့ ထန်းရည်၁၀အိုးလုံးကုန်ခါနီးမှ လက်ထဲက ယူလာတဲ့ အထုပ်ကိုသတိရတာဖြစ်၏၊ ဒီအထုပ်လာပေးဖိူ့ တောထဲလာခဲ့တာမဟုတ်ဘူးလား၊ ဒီမှာဘာထိုင်လုပ်နေမိပါလိမ့်။ မိုးချုပ်မှသတိဝင်လာတော့ ထရပ်လိုက်တာနဲ့လူကယိုင်သွားသည်။
ဘယ့်နှယ့် ထန်းရည်ဆိုပြီး အထင်သေးလို့မရပါလား။ခြေထောက်ယိုင်သွားတဲ့စက်ကိုကြည့်လိုက်ပြီး ရွာလူကြီးတွေက စိုးရိမ်သလိုကြည့်ကာ
"လူလေးရရဲ့လား"
"ကျွန်တော်...ရ...တယ်..ဒါနဲ့ ဟိုတစ်ယောက်နေတဲ့တောရိုးကဘယ်မှာလဲ"
"ဘယ်တစ်ယောက်လဲလူလေး"
"ဟို...သရဲမြင်ရတယ်ဆိုတဲ့ကောင်!"
"ဟေ!သူက ဟိုဘက်ထန်းတောမှာနေတာ၊ လူလေးကဘာသွားလုပ်မလို့လဲ၊ မိုးလဲချုပ်နေပြီ မသွားပါနဲ့တော့လူလေးရယ်၊ အဲ့တစ်ယောက်က ပုံမှန်ဟုတ်တာလဲမဟုတ်ဘူး။လူလေးကိုထိခိုက်နေပါအုံးမယ်"
"ရတယ်၊ကျွန်တော်မကြောက်ဘူး"
ပြောဆိုရင်းယိုင်နဲ့နဲ့ဖြင့်ဟိုဘက်တောကိုထွက်သွားတဲ့ စက်ကို လူကြီး
၅ယောက်လုံးပြူးကြည့်နေလိုက်ကြသည်။ ဒီကောင် မလွယ်ကြောပဲ။
ဟိုဘက်တောက ကောင်လဲ မလွယ်ကြောပဲ။ခက်တော့တာပဲ။ တစ်ရွာလုံးကပယ်ထားတဲ့အရူးကိုမှဘာလို့သွားတွေ့ချင်ရတာလဲ။
တောရိုးထဲရောက်လာတော့ ဓနိတဲလေးထဲဝင်ကြည့်လိုက်ပြီး စာဆိုကိုလိုက်ရှာနေ၏၊ဘယ်သူမှမရှိပါလား။ ဒီကောင်ဘယ်ရောက်နေတာလဲ။ရွာထဲသွားနေတာလား။ ထိုစဥ်နောက်မှ ဖိနပ်သံကြားလို့ စက်လှည့်ကြည့်လိုက်တော့ ထန်းလျက်ဗန်းကိုင်လာတဲ့ စာဆိုက အံ့သြသလိုဖြစ်သွားပြီး ဖျက်ခနဲ မျက်နှာပြန်ပြောင်းလဲကာ တည်တင်းသွားတာဖြစ်သည်။
ထို့နောက်ထန်းလျက်ဗန်းကို စားပွဲပေါ်တင်ပြီး ဆေးပြင်းလိပ် တစ်လိပ်ထုတ်ယူကာတစ်ဖွာနှစ်ဖွာရှိုက်ရင်းနဲ့မှ စက်ကိုကြည့်လိုက်ပြီး
"ဘာကိစ္စတောထဲထိလာတာလဲ၊ မိုးချုပ်နေပြီလေ၊ ဒီကနေညဘက်ကြီးပြန်သွားရင်တောထဲမှာ လမ်းပျောက်ပြီးသရဲခြောက်ခံနေရအုံးမယ်"
"သရဲကြောက်တက်တဲ့ကောင်မှမဟုတ်တာ၊ ဒီမှာ ဒေါ်လေးက မင်းအတွက်မုန့်ပေးခိုင်းလိူ့"
စကားပြောလိုက်တာနဲ့ ထောင်းခနဲထွက်လာတဲ့ ထန်းရည်အနံ့ကြောင့် စာဆိုနှာခေါင်းရှုံ့လိုက်ပြီး လက်တစ်ဖက်ဖြင့် အထုတ်ဆွဲယူကာ ခပ်ထေ့ထေ့ကြည့်၍
"ပေးပြီးရင်လဲပြန်တော့"
နေအုံး!
စက် လက်ထဲက အထုတ်ဆွဲယူပြီး ဓနိတဲလေးထဲဝင်ဖို့ခြေလှမ်းလိုက်တာနဲ့နောက်မှသြရှရှအသံကြောင့် ရပ်တန့်သွားတာဖြစ်၏၊ပြီးတော့ စက် ကိုပြန်လှည့်ကြည့်ကာ ဆေးပြင်းလိပ်ရှိုက်လိုက်ရင်း
"ဘာပြောစရာကျန်သေးလိူ့လဲ"
"မင်းနဲ့ငါရှင်းစရာရှိသေးလို့"
"ဘာ! ကျုပ်ကတော့ ခင်ဗျားနဲ့ဘာပြောစရာမှမရှိဘူးထင်တာပဲ"
"မင်းမရှိပေမယ့် ငါဘက်ကရှိတယ် ရှေးစာဆို၊ မင်းငါ့ကို ဘာကိစ္စ ရွံ့သလို မသတီသလို အဖက်မတန်တဲ့ မျက်လုံးမျိုးနဲ့ကြည့်တာလဲ၊ အဲ့တာအခုရှင်း"
"ကျုပ်ဘာသာ ဘယ်သူ့ကို ဘယ်လိုမျက်လုံးမျိုးနဲ့ကြည့်ကြည့်ခင်ဗျားနဲ့ဘာဆိုင်လဲ၊ ခင်ဗျားလဲ ကိုယ့်လမ်းကိုယ်သွား၊ကျုပ်လဲကိုယ့်လမ်းကိုယ်သွားရင်ဘယ်သူမှဝင်တိုက်မိမှာမဟုတ်ဘူး။ ပြီးတော့ ကျုပ်ဘာသာဘယ်လိုကြည့်ကြည့်ခင်ဗျားနဲ့မဆိုင်ဘူး"
စာဆို့စကားကြောင့် စက်ဒေါသထွက်သွားသည်။ ကိုယ်ကပဲသူ့ကိုတမင်လိုက်ပတ်သတ်နေသလို။ ပြီးတော့ စာဆို့ပုခုံးကိုဆွဲယူလိုက်ပြီးလက်ဖြင့်ဖိဆုတ်ကာ
"ဆိုင်တာပေါ့၊ ဘာလို့မဆိုင်ရမှာလဲ။ ငါ့ဘဝမှာ ငါ့ကို အဲ့သလိုမျက်
လုံးမျိုးနဲ့ဘယ်သူမှကြည့်တာမခံခဲ့ရဘူး၊မင်းလဲမကြည့်ရဘူး၊
အဟက်!ရှေးစာဆို၊ မင်းကိုငါမသိပဲလား။ ရွာထဲက ငါ့သတင်းတွေကြောင့် ငါ့ကိုရွံမုန်းနေတာကိုလေ၊"
စက်ဖိထားတဲ့လက်ကို စာဆို ချက်ချင်းဖယ်ချကာ မျက်လွှာပင့်ကြည့်လိုက်ပြီးမဲ့ပြုံးတစ်ချက်ဖြင့် လက်ထဲက ဆေးပြင်းလိပ်ကိုလွှင့်ပစ်၍
"ဟွန်း!ခင်ဗျားက ကိုယ့်ကိုယ်ကိုဘယ်လိုထင်နေတာလဲ၊ ဒီနေရာက ခင်ဗျား သြဇာသက်ရောက်မယ့်နေရာမဟုတ်ဘူးနော်၊ ရန်ကုန်မှာလို ခင်ဗျားလုပ်ချင်တိုင်းလုပ်လို့ရတဲ့နေရာလဲမဟုတ်သလို၊ ဒီမှာခင်ဗျားကိုကြောက်တဲ့လူလဲဘယ်သူမှမရှိဘူး"
ဘာ!မင်းဘာပြောလိုက်တယ်!
စက်ဒေါသကြောင့် နားထင်သွေးကြောများပင်ထောင်တက်လာကာ စာဆို့လက်မောင်းကိုဆွဲယူပြီးလှုပ်ရမ်းလိုက်တာနဲ့ စာဆိုအတင်းပြန်ဖယ်ချကာ ရွံ့သလိုမျက်လုံးမျိုးနှင့်ကြည့်တော့ စက်ရင်တစ်ခုလုံးဗြောင်းဆန်သွားသည်။ဒီလိုကောင်ကသူ့ထက်ဘာများသာနေလို့ သူ့ကိုဒီလိုအကြည့်မျိုးနဲ့လာကြည့်ရတာလဲ။ အဟက်!မင်းကတော့ စက်ရာရှိန်လင်းဆိုတဲ့ကောင်ကိုဘယ်လိုလူစားမှန်းမသိ လာငြိနေတာပဲ။ ဒီနေ့ကစပြီးမင်းငါ့အကြောင်းသိစေရမယ်။
စာဆိုရုန်းဖယ်ပြီးတာနဲ့ ပြန်လှည့်ထွက်မည်အပြုစက်ကနောက်ကနေလက်ပြန်ဆွဲယူပြီး ထန်းပင်တစ်ပင်မှာကျောကပ်ချကာ မေဖျားကနေခပ်ကြမ်းကြမ်းပင့်ယူလိုက်ပြီး နှုတ်ခမ်းအစုံကိုပူးကပ်ကာစုပ်ယူပစ်
လိုက်သည်။စက်ရဲ့အရိုင်းဆန်တဲ့ နမ်းရှိုက်မှုကြောင့် စာဆို အံ့သြခြင်းနဲ့အတူ ဒေါသပါယှဥ်တွဲလျက် စက်ကိုအားကုန်သုံးကာတွန်းထုတ်လိုက်ပြီး လက်တစ်ဖက်ကစက်ပါးပြင်ပေါ်ကျရောက်သွားပြီဖြစ်
သည်။
ဖြောင်း!
ခင်ဗျား!လူယုတ်မာ!အောက်တန်းစား!
ရုတ်တရက်ကိုယ့်ထက်၁၀နှစ်လောက်ငယ်တဲ့ ကလေးရဲ့ပါးရိုက်ခြင်းခံလိုက်ရတော့ စက်မျက်ဝန်းများဒေါသကြောင့်နီရဲတက်လာပြီမျက်ရည်
များဝဲတက်လာကာ အစိမ်းလိုက်ဝါးစားမတက်။ မတက်နိုင်ပါ ကိုယ့်ထက်အသက်ကြီးလဲစော်ကားမော်ကားလုပ်တာတော့လက်မခံနိုင်တာဖြစ်သည်။ ထို့နောက်ဓနိတဲလေးဆီပြန်သွားဖို့ခြေလှမ်းလိုက်တာနဲ့ စက်ကလျင်လျင်မြန်မြန်နောက်ကနေ လက်ကိုပြန်ဆွဲယူပြီး တစ်ကိုယ်လုံးကိုဆွဲချုပ်ဖက်ထားကာ မေဖျားတို့ကိုအတင်းပင့်ယူပြီးနှုတ်ခမ်း
သားတို့ကို လျှာဖြင့်ခပ်ကြမ်းကြမ်းပွတ်ဆွဲကာပွင့်ဟသွားသောနှုတ်
ခမ်းနှစ်လွှာကြားလျှာတစ်ခုလုံးတိုးဝင်၍ ခံတွင်းတစ်ခုလုံးကိုအနိုင်ယူသိမ်းပိုက်ပစ်သည်။ထို့နောက်ရုန်းထွက်လာတဲ့လက်နှစ်ဖက်ကိုပါဆွဲချုပ်လိုက်ပြီးနှုတ်ခမ်းသားတို့ကို အပေါ်ကနေ စုပ်ယူလိုက်အောက်နှုတ်ခမ်းလွှာကိုစုပ်ယူလိုက်နဲ့ အသက်ရှုရခက်လာသည်။
အွန်း!
အ!
ရိုင်းစိုင်းကြမ်းတမ်းတဲ့အနမ်းများအောက် စာဆို အငွေ့ပျံပျောက်ကွယ်သွားချင်၏ ဒီလူကို ရှောင်နေရင်းနဲ့ပဲ ဒီလူနဲ့ ဝင်တိုက်မိတဲ့အဖြစ်ပါလား။ ဘယ်လိုရေစက်ဆိုးကြောင့်ဒီလူနဲ့မှလာဆုံစည်းရသလဲ။
ဦးစက်!ခင်ဗျားအခုချက်ချင်းလွှတ်!
ဟင်း!
အတင်းရုန်းနေတော့မှ စက်ကိုယ်ကိုပြန်ခွာကာဖယ်ပေးလိုက်ပြီး နှုတ်ခမ်းကိုလက်ချောင်းဖြင့်ဖိပွတ်၍မျက်ဝန်းတို့က လူမိုက်ဆန်သည့်အောင်နိုင်သူအပြုံးများဖြင့်။အဟက်!စက်ရာရှိန်လင်းကိုဘာမှတ်နေသလဲ၊ မကြိုက်တာကိုမှပိုလုပ်ချင်တာ၊ ဟွန်း!ဒီလိုလျှော့တွက်လို့တော့ဘယ်ရမလဲ။
###########
Zawgyi
"လူလေးက ဘယ်အရွယ်လဲ၊ ငယ်သေးတယ်ဆိုရင်တော့ ထန်းရည်ကိုမသောက်ပါနဲ့အုံး ထန်းရည်ခါးတွေဆိုတော့ မူးမှာစိုးလို့"
"ဟေ"
"လူလေးရရဲ့လား"
"ဘယ်တစ်ယောက်လဲလူလေး"
"သရဲကြောက်တက်တဲ့ကောင်မှမဟုတ်တာ၊ ဒီမှာ ဒေါ်လေးက မင်းအတွက်မုန့်ပေးခိုင်းလို့"
နေအုံး!
"ဘာပြောစရာကျန်သေးလို့လဲ"
သည်။
ဖြောင်း!
အွန်း!
အ!
ဟင်း!
###########
Continue Reading
You'll Also Like
403K 21K 45
6.6M 432K 94
Hanary Victor + Loon Tar Nay San
428K 26.3K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
904K 48K 43