B O G(ZSWW)[Complete]

Por Kaori_HZar

53.1K 2.9K 78

ရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပ... Mais

1(U)
1(Z)
2(U)
2(Z)
3(U)
3(Z)
4(U)
4(Z)
5(U)
5(Z)
6(U)
6(Z)
7(U)
7(Z)
8(U)
8(Z)
9(U)
9(Z)
10(U)
10(Z)
11(U)
11(Z)
12(U)
12(Z)
13(U)
13(Z)
14(U)
14(Z)
15(U)
15(Z)
A/N
16(U)
16(Z)
17(U)
17(Z)
18(U)
18(Z)
19(U)
19(Z)
20(U)
20(Z)
21(U)
21(Z)
22(U)
23(U)
23(Z)
24(U)
24(Z)
A/N
25(U)
25(Z)
A/N
26(U)
26(Z)
27(U)
27(Z)
28(U)
28(Z)
29(U)
29(Z)
30(U)(Final)
30(Z)Final
A/N

22(Z)

346 12 0
Por Kaori_HZar

"Happy Birthdayရန်ဟွေ့ မွေးနေ့မှာပျော်ရွှင်ပါစေ"

မွေးနေ့လက်ဆောင်ကမ်းရင်းဆိုတော့ ရန်ဟွေ့ကအပြုံးနုနုနဲ့တုံ့ပြန်ကာ ဘေးဘီဝဲကြည့်ရင်း

"ကျေးဇူးပဲ ရှန်း ဒါနဲ့ ရိပေါ်ရော "

"လာလိမ့်မယ် ရှောင်းကျန့်နဲ့စိတ်ကောက်နေလို့"

"အော် ဟုတ်လား ရှန်းရော...."

"ဟမ်!!ဘာကိုရှန်းရောလည်းလဲ"

"ရှန်းရော စိတ်မကောက်ချင်ဘူးလားလို့"

ပြာနုရောင် suiteကိုဝတ်ဆင်ထားပြီး ရှန်းဘေးနားကပ်လို့ ပြီတီတီပြောနေပုံကိုက တကယ်ဆွဲဆတ်လုပ်လိုက်ချင်စရာ....ဆွဲကုပ်ချင်စရာလို့ပြောပါတယ်....ဟင်းးးး ဟိုတစ်ခါရိပေါ်နဲ့ပတ်သတ်လို့ရင်ဖွင့်ပြီးကတည်းက အရင်ကနဲ့မတူ ခြားနားလာတဲ့ရန်ဟွေ့ရဲ့အပြုအမူတွေကြား အနည်းငယ်ရင်ခုန်မိသလိုရှိပေမယ့် ရိပေါ်ကိုတော့မမေ့ပစ်နိုင်သေး...... ရိပေါ်ကအချစ်ဉီးနဲ့အချစ်ဆုံးဖြစ်ခဲ့သကိုးး ဒီကလေးကြောင့်သူစွန့်လွှတ်ခဲ့ရတာများပေမယ့်လည်း ဒီကလေးကြောင့်ပဲသူခိုကိုးရာမဲ့နေတဲ့အချိန် အားကိုးရာရင်ခွင်ရခဲ့တာမဟုတ်လားး

"ရှန်းးးစိတ်ဆိုးသွားတာလား"

အတွေးလွန်နေမိတဲ့တစ်ခနလေး မျက်နှာငယ်လေးနဲ့ထိုစကားမေးလာသည်။

"မဆိုးပါဘူး "

"မသိပါဘူး ငါ့ကိုများစိတ်ဆိုးသွားတာလားလို့"

"မဆိုးပါဘူးဆို ကဲ မွေးနေ့ရှင်ကြီး ကျွန်တော်မျိုးနားပဲနေမနေနဲ့ ဟိုမှာလာတဲ့ဧည့်သည်တွေကို သွားနူတ်ဆက်ဉီး"

"အင်းး ရှန်းရောလိုက်ခဲ့ပါလား "

"ဘာလုပ် ဖို့လဲ"

"တစ်ခါတည်းဆွေးပြမျိုးပြ ဖြစ်အောင်"

"မင်း....."

"သွားလိုက်ဉီးမယ် ဟိုမှာလှမ်းခေါ်နေပြီ ဟဲ ဟဲ"

စကားဖြတ်ပြောကာ အမြန်ပြေးသွားတဲ့ရန်ဟွေ့က သူဆူဆဲမှာတော့ ကြောက်သည်...နေနှင့်ဉီးပေါ့ကွာ

"ကိုယ်ပြောချင်တာ အဲ့လိုမဟုတ်ဘူးလေကွာ"

"..........."

ရှောင်းကျန့်ပြောတာကိုမကြားသလို ဂိမ်းထိုင်နှိပ်နေဆဲ အသည်းက နှလုံးခနခနအောင့်သည်မို့ သူဆေးရုံသွားခိုင်းတာကို မသွားချင်ဘူးချည်း ဘူးတစ်လုံးခံငြင်းသည်။ပြောမရ၍ "နေပေါ့ကွာ မသွားလည်း အမြဲတမ်းငါကကောင်းစေချင်လို့ပြောရင် လက်မခံဘူး ငါကချစ်လို့အလိုလိုက်အကြိုက်ဆောင်ပေးသလောက် မင်းကတော့ငါ့စကားကိုမြူမှုန်လောက်တောင်အလေးမထားဘူး အေးလေ အရမ်းချစ်ပြမိတော့လည်း ငါ့အချစ်ကိုအရေးမထားတန်ဖိုးမထားတာက မဆန်းပါဘူး ငါကလိုသုံးထက်မပိုခဲ့တာမေ့သွားတယ်"
ထိုသို့ပြောလိုက်မှ နူတ်ခမ်းများတဆတ်ဆတ်တုန်ရီကာ မျက်ဝန်းတွင်မျက်ရည်များဝိုင်းလာသည့်ရိပေါ်က မျက်ရည်မကျအောင်အတင်းထိန်းရင်း တောက်စ် တစ်ချက်သာခေါက်ပြီး sofaပေါ်တွင် gameထိုင်နှိပ်နေသည်။

ကိုယ့်စကားကိုယ်လွန်မှန်းသိသော်လည်း ဆိုးလွန်းလှသည့်အသည်းကြောင့် ပါးစပ်ကမတော်တဆထွက်သွား၏။တမင်သတ်သတ်ရည်ရွယ်တာမျိုးမဟုတ်သော်လည်း အသည်းကိုသူခံစားမိစေမိပြီ.....

"ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်မှားတာပါ ကိုယ်အဲ့လိုထွက်သွားဖို့တကယ်မရည်ရွယ်ပါဘူး"

သူပြောနေသော်လည်း အသည်းကတုတ်တုတ်မျှမလှုပ်လာ.......ဂိမ်းဆော့နေပေမယ့် အသည်းရဲ့မျက်ဝန်းတွေလက်ခနဲ လက်ခနဲဖြစ်သွားတာ သူမြင်ပါသည်.... တွေ့လား အသည်းရဲ့အဲ့လိုအပြုအမှုတွေကြောင့်လေ ဝမ်းနည်းရင် ဝမ်းနည်းကြောင်း စိတ်ဆိုးရင်စိတ်ဆိုးတယ် ဒေါသထွက်တယ် မပြောဘဲမြိုသိပ်ထားတာတွေကြောင့် သူအားမလို အားမရဖြစ်တာ.....

အသည်းရဲ့စိတ်ကိုမြင်အောင်ကြည့်နိုင်သည့်တိုင် အသည်းကိုယ်တိုင်ပါးစပ်ကထုတ်ပြောတာကိုသူကြားချင်ပါသည်။ဘယ်သူ့ကိုမှမပွင့်လင်းတောင် အသည်းကသူ့ကိုတော့ပွင့်လင်းရမည်လေ......

"ဟင်းးးး"

ချောက်!!

သက်ပြင်းတစ်ချက်ချလို့ထွက်သွားသည့်လူက သူ့ကိုအချစ်များလျော့လေပြီလား....မင်းကိုလိုသုံးထက်မပိုခဲ့ဘူးတဲ့လား....ပြောရက်လေခြင်းလို့မပြောနိုင်ရုံတမယ် ငါ့စိတ်တွေက အဲ့စကားလေးတစ်ခွန်းနဲ့တင် ပြိုလဲနေတာဘယ်လိုလုပ်ရမလဲ......မင်းလည်း ငါ့စိတ်ထဲဝင်မကြည့်နိုင်ပြန်ဘူးထင်တယ် ငါ့အခြေအနေ တစ်နေ့ထက်တစ်နေ့ဆိုးလာတာသိလည်း ငါဆေးရုံမသွားဖြစ်ဘူး ခွဲစိတ်ဖို့မစဉ်းစားခဲ့ဘူး ဘာလို့လဲဆိုတဲ့မေးခွန်းတွေရဲ့နောက်မှာ မင်းဆိုတဲ့ရှောင်းကျန့်ကတစ်စီတစ်တန်းပါတယ် 50%ပဲ သေချာတဲ့ခွဲစိတ်မှုကြီးကို ငါမသွားရဲတာလည်း မင်းကြောင့်ပေါ့ အချစ်ရယ်.... ငါသာ တစ်ခုခုဖြစ်သွားခဲ့ရင် ငါမင်းဘေးနားမနေနိုင်တော့ရင် လို့တွေးမိတိုင်း အောင့်တက်လာတဲ့ ရင်ဘတ်က မင်းကိုငါဘယ်လောက်ချစ်လဲပြောပြဖို့မလိုလောက်တော့ဘူးထင်တယ်......ကံတရားကိုငါ့အသက်နဲ့အလောင်းအစားလုပ်ပြီး မလဲလှယ်ရဲဘူးအချစ်ရဲ့

ဒီနေ့duty offရက်မို့ အိမ်အတွက် လိုအပ်တာလေးတွေ mini marketမှာလာဝယ်ရင်းမမျှော်လင့်ဘဲ counterမှာ ပိုက်ဆံရှင်းနေသည့် ကျန့်ကိုတွေ့လိုက်ရသည်။ မျက်စိမှားနေသလားလို့ အကြိမ်ကြိမ်အခါခါ ကိုယ့်မျက်စိကိုယ်ပြန်ပွတ်ကာ အတည်ပြုနေမိ၏။
ဟုတ်ရဲ့လားလို့အတည်ပြုနေသည့် ပိုင်ရှို့မှာအခုထိmarkအထဲကိုမဝင်ရသေး

"ပိုင်ရှို့"

ပိုက်ဆံရှင်းကာ ထွက်လာသည့်သူက တံခါးဝမှာ ပိုင်ရှို့ကိုမြင်တော့ တုံ့ဆိုင်းခြင်းမရှိဘဲနူတ်ဆက်လာသည်။ရှောင်းကျန့်က သူ့ကိုမှတ်မိသည်တဲ့လား........

"ကျန့်"

"မတွေ့တာတောင်အတော်ကြာပြီကွာ နော့"

ပုခုံးကိုဖက်ကာ ဆိုလာသည်မို့ ပိုင်ရှို့ရင်ခုန်သံတွေဟာဝုန်းဒိုင်းကြဲနေလေပြီ ။မင်းကတော့
ကိုယ့်သူငယ်ချင်းတစ်ယောက်ကို ပြန်တွေ့လို့ဝမ်းသာအားရနူတ်ဆက်လိုက်ပေမယ့် မဖြူစင်တော့တဲ့ငါက မင်းကိုပိုင်ဆိုင်ချင်လာပြန်တယ်။

"လာကွာ ငါတို့cafeဆိုင်တစ်ခုခုမှာ ဝင်ထိုင်ရအောင်"

ချစ်ရသူကိုပြန်တွေ့ရတဲ့အခိုက်အတန့်လေးမှာ ပိုင်ရှို့ကတစ်ဝကြီးကိုငေးတယ်။အရင်ကထက်ပိုခန့်လာ ပိုတည်ကြည်လာတဲ့အပြင် အရပ်ကလည်း ပိုမြင့်လာသေးသည်။

"ပိုင်ရှို့ ဟေ့ကောင် ဟေ့ကောင် ငါပြောတာကြားလား"

"ဟမ် ဟမ်!"

"ဟာ မင်းဘာတွေလုပ်နေလဲလို့အခုနှစ်တွေအတွင်း"

"ငါ့ရည်မှန်းချက် အိမ်မက်ချက်လေးရှင်သန်အောင် ကြိုးစားနေတာပေါ့ကွာ"

"မင်းအိမ်မက် မင်းအိမ်မက်က နှလုံးခွဲစိတ်ဆရာဝန်လား...."

"အင်းးးးဟုတ်တယ်...."

"ဒါ.....ဒါဆို...ဟေ့ကောင် ငါ့အိမ်လိုက်ခဲ့ကွာ အသည်းလေ
အခုတလောရင်ဘတ်ခနခနအောင့်နေတယ် ငါဆေးရုံသွားမယ်ဆိုလည်းလက်မခံဘူး အဲ့တာ မင်းခနလောက်လိုက်စမ်းပေးလို့ရလား"

"အသည်း"

"ဝမ်လေ ဝမ့်ကိုပြောတာ အဲ့တာ ငါစိတ်ပူလို့ ခနလောက် လိုက်စမ်းပေးပါကွာ"

ခေါင်းထဲအချက်ပေးသံတွေတတီတီမြည်သွားသည်။ ရိပေါ်ရဲ့ရောဂါအကြောင်း သူ့အသိပေးလိုက်ရမလား ဒါမှမဟုတ် ဒီအတိုင်း ဒီအတိုင်း ရိပေါ်ကိုသေခိုင်းလိုက်ရမလား.....မကောင်းတဲ့အကြံမှန်းသိပေမယ့် ဒီလူသားလေးကို သူလည်း ပိုင်ဆိုင်မိချင်သည်လေ......

************************************

Continuar a ler

Também vai Gostar

278K 48.5K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
82.5K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
73.6K 18.7K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
566K 49.3K 29
Taekook Fanfiction Jeon Kim Own creation