သို့....မာလီပါး [Complete]

By _nayyyyy_

14.8K 1K 322

တိုက်ပွဲအကြောင်းအရာများ၊မြို့နှင့်ပတ်သက်သည့်အကြောင်းအရာများကလွဲလျှင် ဇာတ်ကောင်နှစ်ယောက်နှင့် သူတို့၏ဘဝအကြောင်... More

Intro
PART - 1{မာလီပါး (ခေါ်) ဒုတိယ မကာအို}
PART - 2{မာလီပါး၏ဖခင်ကြီး}
PART - 4 (U/Z)
PART - 5 (U/Z)
PART - 6 (U/Z)
PART - 7 (U/Z)
PART - 8 {နဝတ/နအဖ အဖွဲ့နှင့် ကိုးကန့်အရေးအခင်း}
PART - 9 (U/Z)
PART - 10 (U/Z)
Ans
Photos Collection
PART - 11 (U/Z)
PART - 12 (U/Z)
PART - 13 (U/Z)
PART - 14 (U/Z)
PART - 15 (U/Z)
PART - 16 (U/Z)
PART - 17 (U/Z)
PART - 18 (U/Z)

PART - 3 (U/Z)

719 64 14
By _nayyyyy_

"ပြီးသွားတဲ့ အားမိန်တို့က ဒီဘက်ခြမ်းမှာစောင့်ပေးကြပါ။ကျန်တဲ့သူတွေကတော့အဆင်သင့်လုပ်ထားကြနော်"

"ဟုတ်ကဲ့"

စည်ကားသိုက်မြိုက်သောနေရာတစ်ခု၌ ထိုင်သူကထိုင် ထသူကထနှင့် ရှုပ်ယှက်ခတ်နေ၏။
ကြီးမားကျယ်ဝန်းလှသောအခန်းထဲ၌
အယောက်သုံးဆယ်ထက် မနည်းသည့်မိန်းကလေးများထိုင်နေကာ စာရွက်ကိုယ်စီကိုင်ထားကြလေသည်။

ထိုမိန်းကလေးများ၏ရှေ့၌မူ
ရာထူးကြီးပိုင်းမှဖြစ်ပုံပေါ်သည့် လူကြီးတစ်ယောက်က ထိုင်နေသည့်လူများကိုကြည့်လိုက်၊ကိုင်ထားသည့် စာရွက်များကိုကြည့်လိုက်လုပ်ကာ အဆင်သင့်စောင့်နေရန်ပြောဆိုပြီး အခန်းတစ်ခုထဲသို့ပြန်ဝင်သွားလေသည်။

ကျန်ခဲ့သည့် မိန်းကလေးများကတော့ သူ့အလှည့်ရောက်နိုးနိုး ကိုယ့်အလှည့်ရောက်နိုးနိုးနှင့် စောင့်ဆိုင်းနေကြ၏။

"နံပါတ်၂၅ဝင်မယ်နော်"

"ဟုတ်ကဲ့"

သိပ်မကြာလိုက်ပေ။
နံပါတ်အခေါ်ခံလိုက်ရသည့်မိန်းကလေးက
ထရပ်လိုက်ကာ ကိုယ့်ကိုကိုယ်အားတင်းလိုက်သည့်ပုံစံဖြင့် ‌ပြုံပြုံးရွှင်ရွှင်
အခန်းထဲသို့ဝင်လိုက်သွားတော့သည်။

အခန်းထဲတွင်တော့ အမျိုးသားကြီးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိုင်နေ‌ကာ ဝင်လာသည့် သူမအား ကြည့်နေ၏။
အနားရောက်သွားသောအခါတွင်မူ Mrs.Lu ဟုနာမည်တပ်ထားသည့် အမျိုးသမီးကပြုံးပြကာ နှုတ်ဆက်လာလေသည်။

"လာထိုင်ညီမလေး"

"ဟုတ်ကဲ့"

"လမ်းခရီးချောမွေ့ရဲ့လား"

"ရှင်..."

ထူးဆန်းစွာ အစမရှိအဆုံးမရှိမေးလာသည့် သူမ၏စကားကြောင့် နံပါတ်(၂၅)မိန်းကလေးသည် ကြောင်အသွားကာ ‌သူမအားကြည့်လိုက်မိသည်။ထိုအခါMrs.Luသည် စနောက်သည့်ပုံစံဖြင့် သာမန်ကာလျှံကာ အပြုအမူမျိုးလုပ်ပြကာ အင်တာဗျူးစတင်ရန်ပြင်တော့၏။

"ဟား ဟုတ်ပါပြီ။ထားလိုက်ပါတော့။
ကဲ အင်တာဗျူးလေးစကြရအောင်နော်"

"ဟုတ်ကဲ့"

အင်တာဗျူးရာတွင်လည်း ထိုအမျိုးသမီးကသာ လိုအပ်သည်များကို မေးမြန်းသွားလေသည်။ဘေးမှလူကြီးနှစ်ယောက်ကတော့ သူမတို့ပြောနေကြသည့်စကားများအားနားထောင်နေရုံသက်သက်။သိပ်မကြာလိုက်။နာရီဝက်လောက်နှင့် ပြီးသွားလေသည်။

အင်တာဗျူးပြီးသွားချိန်မှာတော့ ပထမက တိတ်ဆိတ်နေခဲ့သည့် လူကြီးနှစ်ယောက်ထဲမှ တရုတ်မျက်နှာပေါက်နှင့်ခပ်ဝဝလူကြီးသည်သည် Mrs.Lu အား တစ်ချက်စောင်းငဲ့ကြည့်လိုက်လေ၏။

ထိုအကြည့်ကြောင့် Mrs Luလည်း မသိမသာပြုံးလိုက်ကာ သူမရှေ့ရှိနံပါတ်(၂၅)အားလိုအပ်သည်များမှာကြား‌တော့၏။

"အမတို့ဘက်က သတ်မှတ်ချက်တွေကတော့ ညီမလေးတို့လည်းသိပြီးလောက်ပါပြီ။ဒီအခန်းထဲမဝင်လာခင်လည်း လာခေါ်တဲ့အကိုကတစ်ခေါက်ဖတ်ပြတယ်မလား"

"ဟုတ်ကဲ့"

"chinese နဲ့ english က အဓိကဆိုတော့ ညီမလေးအပါအဝင်လာလျှောက်တဲ့လူတွေက ကလည်း ပြောတတ်ကြတယ်။"

"ဟုတ်ကဲ့"

"အဲ့တော့ အမတို့ဆီကခေါ်ယူမယ့် ဝန်ထမ်းအသစ်(၂၀)ထဲမှာညီမလေးပါ ပါစေနော်။
Good luckပါ။သွားလို့ရပါပြီ"

"ဟုတ်ကဲ့"

ထွက်သွားသည့်မိန်းကလေးအား ကျန်ခဲ့သည့်လူများက အသေအချာလိုက်ကြည့်နေကြ၏။
စကားတစ်ခွန်းမှမပြောဆိုကြသော်လည်း
ထိုသူတို့၏ အကြည့်များသည်ကား...

******

တစ်ဖက်တွင်တော့

(ဤနေရာတွင်ပြောသောစကားသည် တရုတ်စကားများဖြစ်ပါသည်။)

"ကဲ ချကြငါ့လူတို့ ဒီညအေးဆေးမှပြန်ကြမယ်။အသစ်လေးတွေရောက်မှာဆိုတော့ သူတို့နဲ့အချိန်ကုန်ဆုံးရအုံးမှာလေ ဟားးဟားး"

"ဟာာ ပိုင်လှချည်လား ကိုယ့်လူရဲ့။မင်းသတင်းက တိကျလှချည်လား"

ကုန်သည်များ၊ပွဲစားများ၊ကျောက်သမားများ
တို့၏ ပျော်မွေ့ရာဖြစ်သော ကာစီနိုသည်ဆူညံပွက်လောရိုက်လျက်ရှိသည်။
ထိုကဲ့သို့ လောင်းကစား၊အရက်သေစာ၊အပျော်အပါး၊ဆေး အစုံအလင်ရှိလှသော
ကာစီနိုကား ထိုသူများအတွက်တော့ လောကနိဗ္ဗာန်ဘုံပင်.....

ကစားသူကစား၊သောက်သူကသောက်နှင့် အားလုံးကအရှိန်ကောင်းနေကြ၏။
ခဏကြာတော့ ထိုတရုတ်လူမျိုးများရှိသောဝိုင်းသို့ ဝိတ်တာကောင်လေးတစ်ယောက်ရောက်လာပြီး ထိုသူတို့၏အနားနားကပ်ကာ တီးတိုးပြောလိုက်လေသည်။

ထိုအခါ နားထောင်လျက်ရှိသော လူကြီးများ၏မျက်နှာများက ပြုံးဖြီးသွားကြ၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ ခေါင်းညှိမ့်ပြလိုက်ကြ၏။
ခဏကြာတော့ ထိုလူကြီးများထဲမှခပ်ပိန်ပိန်၊
ဥပတိရုပ်သန့်သန့်နှင့်လူတစ်ယောက်သည်
ထိုင်ရာမှထရပ်၍ ထိုဝိတ်တာလေး၏ ပုခုံးအားပုတ်လိုက်ကာ ထွက်သွားလေတော့သည်။

ကျန်ခဲ့သည့်လူကြီးများကတော့ ထိုထွက်သွားသည့်လူအားကြည့်ကာ တဟားဟားရယ်နေကြ၏။

"ငါ့ညီ ခဏနေကြရင် သူသွားတဲ့အခန်းထဲ ဒါသွားပို့ပေးလိုက်အုံး။စိတ်ကျေနပ်မှုရရှိအောင်ပေါ့ကွာ..ဟားးးးးဟားးး"

"ဟုတ်ကဲ့"

ထိုလူများထဲမှတစ်ယောက်က စားပွဲပေါ်၌တင်ထားသည့် အမှုန့်ထုပ် ခပ်သေးသေးတစ်ထုတ်အား လက်ညှိုးထိုးပြကာပြောလာသည်မို့ ထိုဝိတ်တာကောင်လေးက ခေါင်းညှိမ့်ပြလိုက်လေသည်။

ပြောစရာများကုန်ဆုံးသွားတော့
ဝိတ်တာလေးသည်ထိုအထုပ်အားကောက်ယူလာပြီးတဟားဟားအော်ရယ်နေသည့် လူများနားမှထွက်လာကာ စားဖိုဆောင်နားသို့သာပြန်လာခဲ့လိုက်သည်။

"ဟာာ နိုင်း ဘယ်လိုဖြစ်လာတာလဲ"

စားဖိုဆောင်နားရောက်သည်လက်ထဲ၌ကိုင်လာသည့် အထုပ်ကိုစားပွဲပေါ်သို့ပစ်တင်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
ထိုကဲ့သို့အပြုအမူကို ဘေး၌ရှိနေသည့်
အကိုရန်ကသတိထားမိသွားပြီးမေးလာသည်မို့ နိုင်းခေါင်းခါပြလိုက်ကာ

"ဘာမှမဖြစ်ပါဘူးဗျာ။ဒီတိုင်းပါပဲ...ဒါနဲ့
ကော ဒီနေ့အပေါ်ဆုံးအထပ်မှာ အင်တာ‌ဗျူးရှိတာလား"

"ဟုတ်တယ်လေ"

"ဪ ဘယ်နေရာမှာခန့်ဖို့အတွက်လဲ"

"Face မော်ဒယ်လ်တွေလေကွာ။အရင်လူတွေက ကြာနေပြီမလို့ လူလဲတာ "

"ဪ"

ဘယ်လိုface မော်ဒယ်လ်လဲဟုမေးချင်သော်လည်း အလုပ်ရှုပ်နေသည်မို့ ဆက်မမေးမိ။

"ဒါနဲ့ ဒါတွေက"

"အာာ အဲ့တာ အပေါ်က VVIP အခန်းတွေထဲပို့ရမယ့်ဟာ‌တွေလေ"

အဆင်သင့်ပြင်ထားသည့် ပင်လယ်စာဗန်းကိုကြည့်နေရင်း ဘေး၌ရှိနေသည့်စာရွက်ကိုကြည့်မိတော့
ပို့ရမည့် နံပါတ်က ခုနကတရုတ်ကြီးသွားသည့်အခန်းနံပါတ်။

ထိုအခန်းထဲသို့ရောက်လျှင် မမြင်ချင်သည့်အရာများ၊မကြားချင်သည့်အသံများကြားရမည့်အတွက်ကြောင့် ခပ်တိုးတိုးသာသက်ပြင်းချလိုက်မိသည်။

ဘယ်သူသွားပို့ရမည်မှန်းမသိသော်လည်း
ခုလောလောဆယ်မှာတော့လူတိုင်းက
သူ့အလုပ်နှင့်သူရှုပ်နေကြပြီး မိန်းကလေးများသာအားလပ်ကြ‌လေသည်။

မိန်းကလေးများအား ထိုအခန်းများထဲသို့ပို့ခိုင်းရန်မှာလည်း အဆင်မပြေလှသည်မို့ သူကိုယ်တိုင်ပို့ရန်သာပြင်ရတော့သည်။

"နိုင်း မင်းသွားပို့မှာလား"

"ဟုတ်ကဲ့"

"အေ အေ "

မေးလာသည့်အကိုရန်အား သူ‌ပြုံးပြလိုက်ရင်းနေရာမှ လှည့်ထွက်လာကာ အပေါ်ထပ်သို့သွားရန်ပြင်‌တော့သည်။

မသွားခင်လည်း အစောပိုင်း စားပွဲပေါ်၌တင်ထားသည့် အမှုန့်ထုပ်ကိုလည်း မမေ့မလျော့..

အစားအစာဗန်းကိုင်ရင်းပုံမှန်ခြေလှမ်းဖြင့် လျှောက်လှမ်းလာပြီး ထိုအခန်းရှေ့ရောက်တော့ အသာအယာရပ်လိုက်ကာ တံခါးခေါက်လိုက်သော်လည်း ပြန်ဖြေလာသည့်အသံကိုမကြားရ။

ထို့ကြောင့် တာဝန်ဝတ္တရားအရအခန်းထဲသို့သာဝင်ခဲ့လိုက်တော့သည်။

အခန်းထဲဝင်လိုက်သည်နှင့် မိန်းမတစ်ယောက်၏ ညီးညူသံကနားထဲသို့ဝင်လာလေ၏။

မကြားချင်ယောင်ဆောင်၍ အစားအစာများချကာ စားပွဲပေါ်မှအမှိုက်များအားဆက်လက်ရှင်းလင်းနေချိန် ထိုအမျိုးသမီး၏ အသံကပိုမိုကျယ်လောင်လာလေ၏။

ထိုအမျိုးသမီးအသံက ပိုမိုကျယ်လာသလို တစ်ခါတစ်ရံမှာတော့ ထိုလူကြီး၏အသံကိုလည်းကြားရလေ၏။
စကားသံများလည်းပါဝင်နေသလို

ထိုလူကြီးပါးစပ်မှထွက်လာသည့်စကား‌ ကြောင့် ‌ထိုမိန်းကလေးမှာ ဘာလူမျိုးဆိုတာသိလိုက်ရ၏။

နိုင်းထိုစကားကြောင့် မျက်မှောင်ကြုတ်မိကာ
လှုပ်ရှားနေသောလက်များကတင်းခနဲဖြစ်သွား၏။
ထိုအခန်းထဲ၌ဆက်နေလျှင် သူ့အတွက်အဆင်မပြေတော့သည်မို့ လုပ်လက်စများကိုမြန်မြန်ဆန်ဆန်အပြီးသတ်ကာ အခန်းထဲမှထွက်လာတော့သည်။

အခန်းထဲမှထွက်လာချိန်အထိ အသံများကဆက်လက်ထွက်ပေါ်နေသောကြောင့် ခေါင်းခါလိုက်မိကာ လှေကားပေါ်မှဆင်းလာ၏။

ဆင်းနေရင်းနှင့် လှေကားတဝက်လောက်ရောက်ချိန်မှာတော့ သွားလာလှုပ်ရှား၊ကစားနေကြသောလူများကိုကြည့်လိုက်မိသည်။
ထိုသို့ကြည့်နေရင်း,နှင့် သူ၏အမြင်အားဖမ်းစားသွားသည့် မြင်ကွင်းတစ်ခု...

အားလုံးထဲမှ ထင်းထွက်နေသော အရပ်အမောင်း..
အေးအေးလူလူလမ်းလျှောက်နေပုံက မည်သူတစ်ဦးတစ်ယောက်ကိုမှဂရုစိုက်ပုံလည်းမပေါ်...
ပို၍ထူးခြားသည်က အမဲရောင်းလောင်းကုတ်ရှည်ကိုဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးအမဲရောင်ကိုသာဝတ်ဆင်ထားလေသည်။

လိုက်ကြည့်နေရင်းကြည့်နေရင်းပြန်သတိရသွားသည်က
ဟိုတစ်နေ့ကတိုက်မိသည့်မြင်ကွင်း ။

ထိုနေ့ကလည်း အဲ့နေရာမှာပင်...
အချင်းချင်းတိုက်မိပြီး လူကိုဘာမပြောညာမပြောလှည့်ထွက်သွားသည်မို့ စိတ်ကသိပ်တော့ကျေနပ်လှသည်မဟုတ်...

ထို့ကြောင့်ရပ်နေမိသည့် လှေကားအလည်မှ ခပ်မြန်မြန်ပြေးဆင်းကာ ထိုလူ၏နောက်သို့အပြေးလိုက်လေတော့သည်။

ယောကျာ်းတစ်ယောက်၏ ပြေးနှုန်းမို့ ထိုလူအားမှီသွားချိန်မှာတော့ အမဲရောင်လောင်းကုတ်အားလှမ်းဆွဲလိုက်ပြီး

"ဟေ့လူ"

ထိုလူက လျှောက်လှမ်းနေသည့်ခြေလှမ်းများအားရပ်လိုက်ကာ စောင်းငဲ့ကြည့်လာလေသည်။
နိုင်းသည်လည်း အားကစားလိုက်စားသောယောက်ျားတစ်ယောက်မို့ ထိုလူနှင့်
အရပ်အ‌မောင်းသိပ်တော့မကွာလှ။

ပြန်လှည့်ကြည့်လာသည့် ထိုလူအားမေးငေါ့ပြလိုက်ကာ

"ကျွန်တော့်ကိုမှတ်မိလား"

လှည့်ကြည့်ရုံကလွဲပြီး ဘာမှပြောမလာသည့်လူကြောင့်သူ့မယ် သိပ်မမြင်ရသည့်
ထိုလူ၏မျက်စိတစ်စုံအားသေချာစူးစိုက်ကြည့်၍ထပ်မေးလိုက်၏။

"ကျွန်တော့်ကို မှတ်မိလားလို့"

"ကိုယ်က မင်းကိုမှတ်မိလောက်အောင် အချိန်တွေပေါမနေဘူးကိုယ့်လူ။"

ပြောလာသည့်စကားသံသည် ဝဲတဲတဲသံလေးခပ်ပါးပါး ပါလာ၏။

"ဟာ ဟိုနေ့ကကျွန်တော်တို့တိုက်မိကြသေးတယ်လေ"

နိုင်းပြောသည့်စကားအား ဆက်ပြောမလာသည့်သူက စဉ်းစားနေပုံပေါ်၏။

"ပြောပြီးပြီလေ။ကိုယ်မှာ အဲ့လောက်အချိန်တွေအားမနေဘူးလို့။ခွင့်ပြုပါဦး"

ပြောချင်ရာပြောပြီး ဆွဲထားသည့် အင်္ကျီစကို ဖြုတ်ချသွားသူက နောက်ပင်လှည့်မကြည့်တော့ပေ။

"ဟာာ ဒီလူကွာ"

နိုင်းမကျေနပ်‌ချက်များကြောင့် ထိုလူ၏နောက်သို့ဆက်လိုက်ရန်ပြင်ချိန်
ခြေထောက်နား၌ ကျနေသည့် ဝူကျော့တန်‌နှစ်ရွက်။

ထိုဝူကျော့တန်လေးကြောင့် ထွက်သွားသည့် လူကိုလည်းသတိမရတော့ပေ။
ကာစီနိုထဲ၌ ဝူကျော့တန်လေးများက
ကောက်မဲ့သူမရှိအောင်ပင်ပေါသော်လည်း သူကတော့သဘောတကျသိမ်းထားတတ်သည်။
တွေ့တိုင်းမကောက်တတ်သော်လည်း
သူစိတ်ရှိလျှင်တော့ ကောက်သိမ်းတတ်၏။

ဝူကျော့တန်နှစ်ရွက်

(ဝူကျော့ = 100ကျပ်
ဝူကျော့ဆိုတာ 5ကျော့ပေါ့ 1ယွမ်ရဲ့တစ်ဝက်ပါခုနောက်ပိုင်းတော့ ဝူကျော့တန်တွေရှိတော့ပါဘူး)

ထိုဝူကျော့တန်များအားကောက်သိမ်းလိုက်သာ အကိုရန်တို့အနားသို့သာ လျှောက်လာခဲ့တော့၏။သူ၏စိတ်ထဲဝယ် စောနကတွေ့သည်လူလည်း မရှိတော့ပေ။
သို့သော် နောက်တစ်ခါတွေ့ရင်တော့ ထိုလူ
နှင့်စကားပြောဖြစ်အောင်ပြောမည်ဟု တေးမှတ်ထားလိုက်တော့သည်။

*****************

"ကိုကြီးနိုင်းရေ ဒီဘက်မှာလာခူး ဒီမှာအပင်မြင့်တယ်"

"အေအေ လာပြီ"

"ကိုကြီး အရွက်ကြမ်းတွေပဲခူးနော် အဖူးတွေနဲ့ အရွက်နုတွေမခူးနဲ့ "

"အေးပါဟာ နင်ကလည်း အဲ့စကားကိုမခူးခင်ကတည်းကပြောနေတာ အခုချိန်ထိပဲ"

"ဟီးး ကိုကြီးနိုင်း မှားခူးကုန်မှာဆိုးလို့ပါ"

"သွားသွား နင်အပင်နိမ့်တွေမှာသွားခူး။ဒီအမြင့်က ငါတက်ခူးမယ်"

"ဟုတ်"

"ဟိုးဘက်တောင်ကြောက ဟာတွေရောခူးပြီးပြီလား"

"ပြီးပြီ"

"ပြောင်အောင်ခူးရဲ့လား"

"ပြောင်ပါတယ်ကိုကြီးရဲ့"

"ပြောင်ရင်လည်းပြီးတာပါပဲ ။ဟိုဘက်မှာသွားခူးတော့လေ"

"ဟုတ်"

တကယ်တော့နိုင်းဒီနေ့ လက်ဖက်ခူးလိုက်နေခြင်း။
ကြံခုတ်ရာသီကလည်း နောက်တစ်လ
(နိုဝင်ဘာလဝက်)လောက်ဆိုကုန်ပြီဖြစ်လို့
ရှိသည့်အလုပ်ကလေးလိုက်လုပ်ခြင်း။
လက်ဖက်ခူးချိန်ရောက်ပြီမို့ နိုင်းအတွက် အခါအခွင့်သင့်သွား၏။

လက်ဖက်ကို မေလနှင့် ဇွန်လများတွင်စိုက်ပျိုးကြပြီး ဇွန်၊ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာ၊အောက်တိုဘာ၊နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင်ခူးဆွတ်ကြသည်။

ပြာသိုတပို့တွဲလများ လက်ဖက်ရွက်ကြမ်းများဝေကြတော့မည့်ဆဲဆဲတွင် နှင်းအားကိုပြုထွက်လာသော လက်ဖက်ရွက်နုကလေးများကို နှင်းတက်လက်ဖက် ဟုခေါ်ကြပြီး ထိုနှင်းတက်လက်ဖက်သည် နာမည်ကြီးလူကြိုက်များသော ရွှေဖီမိုးလွတ်လက်ဖက်နှင့် အခြားလက်ဖက်များကဲ့သို့
ပေါပေါများများမရနိုင်ပေ။

မ့်စန်ဒေသမှထွက်သော နာမည်ကျော် လူကြိုက်များသော လက်ဖက်မှာ
ရွှေဖီမိုးလွတ် လက်ဖက်ဖြစ်
ရွှေဖီမိုးဆိုသည်မှာ မိုးကျမီ သင်္ကြန်တိုင်ခင် ပေါ်ဦးပေါ်ဖျားပေါ်သောလက်ဖက်ကိုပြော၍ မိုးရေလွတ်ည့်အတွက် ရွှေဖီမိုးလွတ်လက်ဖက်ဟုခေါ်ဆိုခြင်းဖြစ်သည်

လက်ဖက်တွင်လည်း နှင်းတက်လက်ဖက်၊ရွှေဖီမိုဦးလက်ဖက်၊ ခါးကန်လက်ဖက်၊ခါးကွက်(ခါးဝှက်)လက်ဖက်၊ခါးနိုင်လက်ဖက်ဟူ၍ လက်ဖက်အမျိုးမျိုးရှိ‌လေသည်။

ရှမ်းပြည်နယ်တွင်အများဆုံးစိုက်ပျိုးကြပြီး
မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး၊ကချင်ပြည်နယ်တွင် တတိယအများဆုံးနှင့် ချင်းပြည်နယ်တွင် စတုတ္ထအများဆုံးစိုက်ပျိုးကြောင်းသိရသည်။

လက်ဖက်အစိုထဲတွင်တော့ ဇယန်းလက်ဖက်ဟုခေါ်ကြသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မ့်ဆန်မြို့နယ်ရှိယန်းကျေးရွာမှထွက်သောလက်ဖက်သည်အကောင်းဆုံးဖြစ်သည်။

(Note - မ့်စန်နဲ့ မ့်ဆန် မတူပါဘူးနော်အဲ့အကြောင်းကို အောက်ဆုံးမှာရှင်းပြထားပါတယ်။)

အခုတော့ နိုင်းတို့က လက်ဖက်ပင်တွင်ကျန်ရှိနေသည့် အရွက်ကြမ်းများအားခူးနေခြင်း။
လက်ဖက်အကြမ်းများ အဖူးများလောက်တော့ဈေးကောင်းမရ။‌ဈေးအရနည်း၏။

လက်ဖက်ပင်တွင်လည်း အပင်နိမ့်နှင့်အပင်မြင့်ဟူ၍ရှိသေးသည်။
အပင်နိမ့်များတွင် ဒူး၊ခြေသလုံး၊ပေါင်၊ခါး လောက်ထိ အရွယ်အစားများရှိကာ ထိုထက်ကြီးသည့်အပင်များကတော့ တက်ခူး၍ရလေသည်။ထိုအပင်ကြီးများ၌ အဖူးကပိုများ၏။

နိုင်းအာရုံစိုက်၍သာခူးနေမိသည်။ ခုချိန်မှာ လက်ဖက်တွေ‌က ဈေးကောင်းရနေသည်မဟုတ်ပါလား။

အဲ့လိုလက်ဖက်ပင်ဆိုရင် အဖူးနည်းပါတယ်အဖူးတွေသေးသေးလေးပဲ ပါပါတယ်

"ပြီးပြီလား ကိုကြီး ပြီးရင် နေပူသွားလှန်းကြမယ်"

"အေ ပြီးပြီ မ‌ပလောင်ရေ"

"ဟုတ်"

တကယ်တော့ ထိုပလောင်မလေးက အသက်၁၂လောက်သာရှိသေးသည်။နာမည်က အဇိုက်ဆိုလား..အဇက်ဆိုလား..
နိုင်းမသိ။နိုင်းကတော့ ပလောင်မလေးဟုသာခေါ်လေသည်။

သူတို့မိသားစုက ပလောင်လူမျိုးများဖြစ်ကြ၏။အဘွားနှင့်အဖေသာရှိတော့သည့် သူတို့မိသားစုက ဖော်ရွေကြကာ နိုင်းကိုလည်းချစ်ကြ၏။နိုင်းလို တစ်ကောင်ကြွက်အတွက်တော့ သူတို့က မိသားစုကဲ့သို့ပင်

"နိုက်(နိုင်း) ရာ(အဖွား-ပလောင်) ထမင်းပြင်ထားတယ် စားကြရအောင်"

"ဟုတ်ကဲ့ ရာ လာပြီဗျ။ဦး‌လေးကရော"

"သူပြန်မလာသေးပါဘူး ရာတို့ပဲစားနှင့်ကြရအောင် သူကဒီနေ့နောက်ကျမယ်လို့ပြောသွားတယ်"

"ဟုတ်ကဲ့ ပလောင်မလေး ကဘယ်ရောက်သွားပြန်ပြီလဲမသိ..."

"နိုက် ဝါအီပတ်(ညီမလေး-ပလောင်)ခဏနေလာလိမ့်မယ် သူအိမ်ထဲမှာဘာသွားလုပ်နေလဲမသိဘူး"

"ဟုတ်ဟုတ်"

"ဒီနေ့ဟင်းတွေစုံပါ့လားဗျ"

"အေး နိုက်လာမယ်ဆိုလို့ ရာကချက်ထားတာ။အများကြီးစားနော်"

"ဟုတ်ကဲ့"

ပြောပြီးနိုင်းစားရန်ပြင်တော့သည်။ရာက
ပလောင်မ ဖြစ်လို့ နိုင်းလာချိန်တိုင်း ပလောင်ဟင်းကတော့ အမြဲတမ်းချက်ကျွေးသည်။
သိန္ဒီဘက်မှဝင်သည့်
ခေါပုတ်ကြော်လည်းပါသေး၏။နိုင်းက ခေါပုတ်သိပ်ကြိုက်သူဖြစ်လို့ ရာက သိသောကြောင့်ဝယ်ထားပေးပုံရ၏။

ခေါပုတ်တွင်အဖြူ၊အညိုနှစ်မျိုးရှိရာ
အညိုက ကြော်ပြီးသကြားနှင့်တွဲဖက်စားရကာ အဖြူကတော့ နှမ်းမဲနှင့်စားရလေသည်။ထိုနှစ်မျိုးတွင် နိုင်းကတော့အညိုကိုသာပိုကြိုက်လေသည်။နိုင်းစိတ်ထဲ အညိုကအရသာပိုရှိသလားလို့....

သူတို့ရှမ်းပြည်က ခေါပုတ်က
ကန့်ဘလူ၊ကောလင်းဝန်းသိုဘက်က
ခေါစီ နှင့်ပုံစံတူသော်လည်း သူတို့ရှမ်းပြည်က ခေါပုတ်ကအပြားသေး၏။ရှမ်းပြည်က ခေါပုတ်အားကြော်စားကြ၍ ကန့်ဘလူ၊ကောလင်း၊ဝန်းသိုဘက်မှ ခေါစီအား အများအားဖြင့်ကင်စားလေ့ရှိကြသည်။

ခေါပုတ်က ရှမ်းပြည်မှထွက်သည့်
ရှမ်းရိုးရာအစားအစာဖြစ်ကာ ခေါစီသည်
အညာဒေသမှထွက်သည့် အညာရိုးရာအစားအစာဖြစ်သည်။

နိုင်းကတော့ ရှမ်းပြည်တွင်အနေကြာ၍လားမသိ....ခေါပုတ်ကိုသာပိုကြိုက်လေသည်။
နိုင်းထမင်းစားပြီး ခေါပုတ်စားနေချိန်မှ
ပလောင်မလေးက ရောက်လာလေသည်။

ခေါပုတ်အစိမ်း

ကြော်ပြီးသားခေါပုတ်

"ပလောင်မလေး ငါလက်ဖက်ရုတ်တော့မယ်။ပြီးရင် လှော်ပြီး လှိမ့်ပေးခဲ့မယ်။နင်လှမ်းလိုက်နော်.... ငါသွားစရာရှိသေးလို့ အဲ့တာလုပ်ပေးပြီးရင် ပြန်တော့မယ်"

"ဟုတ်ကိုကြီး"

"အေအေ"

ပြောပြီးနိုင်းလည်း လက်ဖက်လှမ်းထားရာသို့သာ လာခဲ့တော့သည်။

လက်ဖက်က လှမ်းထားတာကြာပြီဖြစ်လို့ ဒီအချိန်လောက်ဆို အနေတော်ဖြစ်နေပြီ။
နိုင်း ထိုလှမ်းထားသည့် လက်ဖက်ရွက်များကိုရုတ်ကာ အိုးထဲထည့်၍လှော်တော့သည်။

လက်ဖက်အရွက်များ နွမ်းသွားသည်နှင့် ချက်ချင်းချကာ ဇကာထဲသို့ဖြန့်ထည့်လိုက်သည်။ပြီးနောက် ထိုဖြန့်ထားသည့်လက်ဖက်များအား လက်နှစ်ဖက်ဖြင့် စလှိမ့်တော့သည်။
အေးသွားသည့်အချိန်ထိစောင့်၍မရ။ဤကဲ့သို့ ပူနေသည့်အခါတွင်သာလှိမ့်၍ အဆင်ပြေသည်။မဟုတ်လျှင် လက်ဖက်အရွက်များက မလိပ်ဘဲနေကာ အရွက်အပြားလိုက်ဖြစ်တတ်သလို အရွက်များ ကျိုးကြေတတ်၏။

နိုင်း လက်ဖက်အရွက်များလှိမ့်ပြီးချိန်မှာတော့ ဇကာတွင်ဖြန့်ကာ လှမ်းခဲ့တော့သည်။
ဤကဲ့သို့လှိမ့်ပြီးသားလက်ဖက်ကို နေပူထဲတွင် တစ်နေလှမ်းစရာမလိုတော့။
နေအနည်းငယ်ပြပြီး အိမ်ထဲတွင် ဖြန့်ကာလှမ်းရုံနှင့်အဆင်ပြေသည်။

ခြောက်သွားသည့်အချိန်မှာတော့ လက်ဖက်ရည်ကြမ်းသောက်သည့် လက်ဖက်ခြောက်ကိုရလေသည်။

"ရာ ကျွန်တော်သွားပြီဗျ လက်ဖက်ကိုလှိမ့်ပြီးနေပြထားတယ် ပြီးရင်ပလောင်မလေးကို ရုတ်ခိုင်းပြီး အိမ်ထဲမှာ ဖြန့်ထားခိုင်းအုံးနော်"

"အေအေ နိုက် ကသွားတော့မှာလား"

"ဟုတ် သွားစရာရှိလို့"

"‌အေ ဒီမှာပိုက်ဆံလာယူသွားအုံးလေ"

"ဟာာာ မဟုတ်တာတွေ ရာ ကလည်း ။ကျွန်တော်မယူတော့ဘူး"

"ဒီကောင်လေး လာယူပါဆိုတာကို"

"နောက်မှ ထမင်းလာစားတော့မယ် ရာရေ..
ခုတော့သွားပြီ"

ပြောပြီးနိုင်း ‌မပြေးရုံတမယ်ခြေလှမ်းများဖြင့် ထွက်လာခဲ့တော့သည်။မဟုတ်လျှင် ရာ့ဆီက ပိုက်ဆံကို ယူလာနေရဦးမည်။
ရာတို့ဆီမှာ အလုပ်လုပ်ပေးပြီးလျှင် နိုင်းမှာ ရှောင်ပြေးရတာလည်းအမော...
မိသားစုကဲ့သို့ ဝင်ထွက်သွားလာစားသောက်နေသူမို့ ပိုက်ဆံယူလျှင်အားနာစရာကြီးမဟုတ်ပါလား။ဒါတောင်တစ်ခါတစ်လေ ရာက အတင်းထိုးထည့်ပေးတတ်လွန်းလို့ သူ့မှာ ယူလိုက်ရသည့်အခါများလည်းရှိပါသေးသည်။

ပြောရလျှင် ဤမိသားစုအားသူခင်မင်မိပါ၏။တစ်ကောင်ကြွက်သူ့အတွက်တော့ နွေးထွေးရာခိုလှုံရာသည် သူတို့သာရှိကြသည်မို့
သူ့အတွက်တော့ ဆွေမျိုးအရင်းမဟုတ်သော ဆွေမျိုးတွေပါပင်။
တစ်ခါတစ်လေ နွေးထွေးမှုဆိုတာ တစ်‌ဦးတစ်ယောက်ထံမှရရှိဖို့အတွက် ထိုလူနှင့် သွေးချင်းမနှောလည်း အဆင်ပြေနိုင်ပါ၏။

အချစ်များစွာဖြင့်🌸
နေး

27.2.2022 (09:02AM)

(Note - နမ့်စန်နဲ့မ့်ဆန်ကမတူပါဘူးနော်
မ့်ဆန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)
လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ကမြို့တစ်မြို့ပါ
ကျောက်မဲမြို့ရဲ့မြောက်ဘက်၊နမ္မတူမြို့ရဲ့အနောက်တောင်ဘက်တွင်တည်ရှိပါတယ်

မ့်စန်ကရှမ်းပြည်နယ်လွိုင်လင်မြို့တွင်တည်ရှိပြီး အရှေ့အလယ်ပိုင်းတိုင်းမှာ အကြီးဆုံးမြို့တစ်မြို့ပါ
တောင်ကြီးမြို့နဲ့ ၇၂မိုင်ခန့်ကွာဝေးပြီး တောင်ကြီး-တာချီလိတ် ကားလမ်းမပေါ်တွင်တည်ရှိပါသည်

နာမည်ကြီးလူကြိုက်များသော ရွှေဖီမိုးလွတ်လက်ဖက်ကနမ့်စန်မှထွက်ပြီး
လက်ဖက်အစိုထဲတွင်နာမည်ကြီးသော လက်ဖက်ကတော့ယန်းလက်ဖက်ဟုခေါ်သည့် မ့်ဆန်မြို့ ၊ဇယန်းကျေးရွာမှထွက်သည့် လက်ဖက်ဖြစ်သည်

လက်ဖက်ခြောက်ကိုလည်း နိုင်းလုပ်တဲ့နည်းအတိုင်းလုပ်ကြတာပါနေးတို့အဲ့ဘက်မှာနေတုန်းကဆို လက်‌ဖက်ခြောက်ကိုဝယ်သောက်စရာလိုပါဘူးကိုယ်တိုင်ခူးကိုယ်တိုင်လှမ်းပြီး သုံးကြတာပါ
ဟဲဟဲ ကြွားတာ)
*********
************************************

(Zawgyi)

"ၿပီးသြားတဲ့ အားမိန္တို႔က ဒီဘက္ျခမ္းမွာေစာင့္ေပးၾကပါ။က်န္တဲ့သူေတြကေတာ့အဆင္သင့္လုပ္ထားၾကေနာ္"

"ဟုတ္ကဲ့"

စည္ကားသိုက္ၿမိဳက္ေသာေနရာတစ္ခု၌ ထိုင္သူကထိုင္ ထသူကထႏွင့္ ရႈပ္ယွက္ခတ္ေန၏။
ႀကီးမားက်ယ္ဝန္းလွေသာအခန္းထဲ၌
အေယာက္သံုးဆယ္ထက္ မနည္းသၫ့္မိန္းကေလးမ်ားထိုင္ေနကာ စာရြက္ကိုယ္စီကိုင္ထားၾကေလသည္။

ထိုမိန္းကေလးမ်ား၏ေရ႔ွ၌မူ
ရာထူးႀကီးပိုင္းမျွဖစ္ပံုေပၚသၫ့္ လူႀကီးတစ္ေယာက္က ထိုင္ေနသၫ့္လူမ်ားကိုၾကည့္လိုက္၊ကိုင္ထားသၫ့္ စာရြက္မ်ားကိုၾကၫ့္လိုက္လုပ္ကာ အဆင္သင့္ေစာင့္ေနရန္ေျပာဆိုၿပီး အခန္းတစ္ခုထဲသို႔ျပန္ဝင္သြားေလသည္။

က်န္ခဲ့သၫ့္ မိန္းကေလးမ်ားကေတာ့ သူ႔အလွၫ့္ေရာက္ႏိုးႏိုး ကိုယ့္အလွၫ့္ေရာက္ႏိုးႏိုးႏွင့္ ေစာင့္ဆိုင္းေနၾက၏။

"နံပါတ္၂၅ဝင္မယ္ေနာ္"

"ဟုတ္ကဲ့"

သိပ္မၾကာလိုက္ေပ။
နံပါတ္အေခၚခံလိုက္ရသၫ့္မိန္းကေလးက
ထရပ္လိုက္ကာ ကိုယ့္ကိုကိုယ္အားတင္းလိုက္သၫ့္ပံုစံျဖင့္ ‌ၿပံဳၿပံဳးရႊင္ရႊင္
အခန္းထဲသို႔ဝင္လိုက္သြားေတာ့သည္။

အခန္းထဲတြင္ေတာ့ အမ်ိဳးသားႀကီးႏွစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးထိုင္ေန‌ကာ ဝင္လာသၫ့္ သူမအား ၾကၫ့္ေန၏။
အနားေရာက္သြားေသာအခါတြင္မူ Mrs.Lu ဟုနာမည္တပ္ထားသၫ့္ အမ်ိဳးသမီးကၿပံဳးျပကာ ႏႈတ္ဆက္လာေလသည္။

"လာထိုင္ညီမေလး"

"ဟုတ္ကဲ့"

"လမ္းခရီးေခ်ာေမြ့ရဲ့လား"

"ရွင္..."

ထူးဆန္းစြာ အစမရိွအဆံုးမရိွေမးလာသၫ့္ သူမ၏စကားေၾကာင့္ နံပါတ္(၂၅)မိန္းကေလးသည္ ေၾကာင္အသြားကာ ‌သူမအားၾကၫ့္လိုက္မိသည္။ထိုအခါMrs.Luသည္ စေနာက္သၫ့္ပံုစံျဖင့္ သာမန္ကာလ်ွံကာ အျပဳအမူမ်ိဳးလုပ္ျပကာ အင္တာဗ်ူးစတင္ရန္ျပင္ေတာ့၏။

"ဟား ဟုတ္ပါၿပီ။ထားလိုက္ပါေတာ့။
ကဲ အင္တာဗ်ူးေလးစၾကရေအာင္ေနာ္"

"ဟုတ္ကဲ့"

အင္တာဗ်ူးရာတြင္လည္း ထိုအမ်ိဳးသမီးကသာ လိုအပ္သည္မ်ားကို ေမးျမန္းသြားေလသည္။ေဘးမွလူႀကီးႏွစ္ေယာက္ကေတာ့ သူမတို႔ေျပာေနၾကသၫ့္စကားမ်ားအားနားေထာင္ေနရံုသက္သက္။သိပ္မၾကာလိုက္။နာရီဝက္ေလာက္ႏွင့္ ၿပီးသြားေလသည္။

အင္တာဗ်ူးၿပီးသြားခ်ိန္မွာေတာ့ ပထမက တိတ္ဆိတ္ေနခဲ့သၫ့္ လူႀကီးႏွစ္ေယာက္ထဲမွ တရုတ္မ်က္ႏွာေပါက္ႏွင့္ခပ္ဝဝလူႀကီးသည္သည္ Mrs.Lu အား တစ္ခ်က္ေစာင္းငဲ့ၾကၫ့္လိုက္ေလ၏။

ထိုအၾကၫ့္ေၾကာင့္ Mrs Luလည္း မသိမသာၿပံဳးလိုက္ကာ သူမေရ႔ွရိွနံပါတ္(၂၅)အားလိုအပ္သည္မ်ားမွာၾကား‌ေတာ့၏။

"အမတို႔ဘက္က သတ္မွတ္ခ်က္ေတြကေတာ့ ညီမေလးတို႔လည္းသိၿပီးေလာက္ပါၿပီ။ဒီအခန္းထဲမဝင္လာခင္လည္း လာေခၚတဲ့အကိုကတစ္ေခါက္ဖတ္ျပတယ္မလား"

"ဟုတ္ကဲ့"

"chinese နဲ႔ english က အဓိကဆိုေတာ့ ညီမေလးအပါအဝင္လာေလ်ွာက္တဲ့လူေတြက ကလည္း ေျပာတတ္ၾကတယ္။"

"ဟုတ္ကဲ့"

"အဲ့ေတာ့ အမတို႔ဆီကေခၚယူမယ့္ ဝန္ထမ္းအသစ္(၂၀)ထဲမွာညီမေလးပါ ပါေစေနာ္။
Good luckပါ။သြားလို႔ရပါၿပီ"

"ဟုတ္ကဲ့"

ထြက္သြားသၫ့္မိန္းကေလးအား က်န္ခဲ့သၫ့္လူမ်ားက အေသအခ်ာလိုက္ၾကၫ့္ေနၾက၏။
စကားတစ္ခြန္းမွမေျပာဆိုၾကေသာ္လည္း
ထိုသူတို႔၏ အၾကၫ့္မ်ားသည္ကား...

******

တစ္ဖက္တြင္ေတာ့

(ဤေနရာတြင္ေျပာေသာစကားသည္ တရုတ္စကားမ်ားျဖစ္ပါသည္။)

"ကဲ ခ်ၾကငါ့လူတို႔ ဒီညေအးေဆးမျွပန္ၾကမယ္။အသစ္ေလးေတြေရာက္မွာဆိုေတာ့ သူတို႔နဲ႔အခ်ိန္ကုန္ဆံုးရအံုးမွာေလ ဟားးဟားး"

"ဟာ ပိုင္လွခ်ည္လား ကိုယ့္လူရဲ့။မင္းသတင္းက တိက်လွခ်ည္လား"

ကုန္သည္မ်ား၊ပြဲစားမ်ား၊ေက်ာက္သမားမ်ား
တို႔၏ ေပ်ာ္ေမြ့ရာျဖစ္ေသာ ကာစီႏိုသည္ဆူညံပြက္ေလာရိုက္လ်က္ရိွသည္။
ထိုကဲ့သို႔ ေလာင္းကစား၊အရက္ေသစာ၊အေပ်ာ္အပါး၊ေဆး အစံုအလင္ရိွလွေသာ
ကာစီႏိုကား ထိုသူမ်ားအတြက္ေတာ့ ေလာကနိဗၺာန္ဘံုပင္.....

ကစားသူကစား၊ေသာက္သူကေသာက္ႏွင့္ အားလံုးကအရိွန္ေကာင္းေနၾက၏။
ခဏၾကာေတာ့ ထိုတရုတ္လူမ်ိဳးမ်ားရိွေသာဝိုင္းသို႔ ဝိတ္တာေကာင္ေလးတစ္ေယာက္ေရာက္လာၿပီး ထိုသူတို႔၏အနားနားကပ္ကာ တီးတိုးေျပာလိုက္ေလသည္။

ထိုအခါ နားေထာင္လ်က္ရိွေသာ လူႀကီးမ်ား၏မ်က္ႏွာမ်ားက ၿပံဳးၿဖီးသြားၾက၍ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္လိုက္ကာ ေခါင္းၫွိမ့္ျပလိုက္ၾက၏။
ခဏၾကာေတာ့ ထိုလူႀကီးမ်ားထဲမွခပ္ပိန္ပိန္၊
ဥပတိရုပ္သန႔္သန႔္ႏွင့္လူတစ္ေယာက္သည္
ထိုင္ရာမွထရပ္၍ ထိုဝိတ္တာေလး၏ ပုခံုးအားပုတ္လိုက္ကာ ထြက္သြားေလေတာ့သည္။

က်န္ခဲ့သၫ့္လူႀကီးမ်ားကေတာ့ ထိုထြက္သြားသၫ့္လူအားၾကၫ့္ကာ တဟားဟားရယ္ေနၾက၏။

"ငါ့ညီ ခဏေနၾကရင္ သူသြားတဲ့အခန္းထဲ ဒါသြားပို႔ေပးလိုက္အံုး။စိတ္ေက်နပ္မႈရရိွေအာင္ေပါ့ကြာ..ဟားးးးးဟားးး"

"ဟုတ္ကဲ့"

ထိုလူမ်ားထဲမွတစ္ေယာက္က စားပြဲေပၚ၌တင္ထားသၫ့္ အမႈန႔္ထုပ္ ခပ္ေသးေသးတစ္ထုတ္အား လက္ၫွိုးထိုးျပကာေျပာလာသည္မို႔ ထိုဝိတ္တာေကာင္ေလးက ေခါင္းၫွိမ့္ျပလိုက္ေလသည္။

ေျပာစရာမ်ားကုန္ဆံုးသြားေတာ့
ဝိတ္တာေလးသည္ထိုအထုပ္အားေကာက္ယူလာၿပီးတဟားဟားေအာ္ရယ္ေနသၫ့္ လူမ်ားနားမွထြက္လာကာ စားဖိုေဆာင္နားသို႔သာျပန္လာခဲ့လိုက္သည္။

"ဟာ ႏိုင္း ဘယ္လိုျဖစ္လာတာလဲ"

စားဖိုေဆာင္နားေရာက္သည္လက္ထဲ၌ကိုင္လာသည့္ အထုပ္ကိုစားပြဲေပၚသို႔ပစ္တင္လိုက္ၿပီး သက္ျပင္းခ်လိုက္မိသည္။
ထိုကဲ့သို႔အျပဳအမူကို ေဘး၌ရိွေနသၫ့္
အကိုရန္ကသတိထားမိသြားၿပီးေမးလာသည္မို႔ ႏိုင္းေခါင္းခါျပလိုက္ကာ

"ဘာမွမျဖစ္ပါဘူးဗ်ာ။ဒီတိုင္းပါပဲ...ဒါနဲ႔
ေကာ ဒီေန့အေပၚဆံုးအထပ္မွာ အင္တာ‌ဗ်ူးရိွတာလား"

"ဟုတ္တယ္ေလ"

"ဪ ဘယ္ေနရာမွာခန႔္ဖို႔အတြက္လဲ"

"Face ေမာ္ဒယ္လ္ေတြေလကြာ။အရင္လူေတြက ၾကာေနၿပီမလို႔ လူလဲတာ "

"ဪ"

ဘယ္လိုface ေမာ္ဒယ္လ္လဲဟုေမးခ်င္ေသာ္လည္း အလုပ္ရႈပ္ေနသည္မို႔ ဆက္မေမးမိ။

"ဒါနဲ႔ ဒါေတြက"

"အာ အဲ့တာ အေပၚက VVIP အခန္းေတြထဲပို႔ရမယ့္ဟာ‌ေတြေလ"

အဆင္သင့္ျပင္ထားသၫ့္ ပင္လယ္စာဗန္းကိုၾကၫ့္ေနရင္း ေဘး၌ရိွေနသၫ့္စာရြက္ကိုၾကၫ့္မိေတာ့
ပို႔ရမၫ့္ နံပါတ္က ခုနကတရုတ္ႀကီးသြားသၫ့္အခန္းနံပါတ္။

ထိုအခန္းထဲသို႔ေရာက္လ်ွင္ မျမင္ခ်င္သၫ့္အရာမ်ား၊မၾကားခ်င္သၫ့္အသံမ်ားၾကားရမၫ့္အတြက္ေၾကာင့္ ခပ္တိုးတိုးသာသက္ျပင္းခ်လိုက္မိသည္။

ဘယ္သူသြားပို႔ရမည္မွန္းမသိေသာ္လည္း
ခုေလာေလာဆယ္မွာေတာ့လူတိုင္းက
သူ႔အလုပ္ႏွင့္သူရႈပ္ေနၾကၿပီး မိန္းကေလးမ်ားသာအားလပ္ၾက‌ေလသည္။

မိန္းကေလးမ်ားအား ထိုအခန္းမ်ားထဲသို႔ပို႔ခိုင္းရန္မွာလည္း အဆင္မေျပလွသည္မို႔ သူကိုယ္တိုင္ပို႔ရန္သာျပင္ရေတာ့သည္။

"ႏိုင္း မင္းသြားပို႔မွာလား"

"ဟုတ္ကဲ့"

"ေအ ေအ "

ေမးလာသၫ့္အကိုရန္အား သူ‌ၿပံဳးျပလိုက္ရင္းေနရာမွ လွၫ့္ထြက္လာကာ အေပၚထပ္သို႔သြားရန္ျပင္‌ေတာ့သည္။

မသြားခင္လည္း အေစာပိုင္း စားပြဲေပၚ၌တင္ထားသၫ့္ အမႈန႔္ထုပ္ကိုလည္း မေမ့မေလ်ာ့..

အစားအစာဗန္းကိုင္ရင္းပံုမွန္ေျခလွမ္းျဖင့္ ေလ်ွာက္လွမ္းလာၿပီး ထိုအခန္းေရ႔ွေရာက္ေတာ့ အသာအယာရပ္လိုက္ကာ တံခါးေခါက္လိုက္ေသာ္လည္း ျပန္ေျဖလာသၫ့္အသံကိုမၾကားရ။

ထို႔ေၾကာင့္ တာဝန္ဝတၲရားအရအခန္းထဲသို႔သာဝင္ခဲ့လိုက္ေတာ့သည္။

အခန္းထဲဝင္လိုက္သည္ႏွင့္ မိန္းမတစ္ေယာက္၏ ညီးၫူသံကနားထဲသို႔ဝင္လာေလ၏။

မၾကားခ်င္ေယာင္ေဆာင္၍ အစားအစာမ်ားခ်ကာ စားပြဲေပၚမွအမိႈက္မ်ားအားဆက္လက္ရွင္းလင္းေနခ်ိန္ ထိုအမ်ိဳးသမီး၏ အသံကပိုမိုက်ယ္ေလာင္လာေလ၏။

ထိုအမ်ိဳးသမီးအသံက ပိုမိုက်ယ္လာသလို တစ္ခါတစ္ရံမွာေတာ့ ထိုလူႀကီး၏အသံကိုလည္းၾကားရေလ၏။
စကားသံမ်ားလည္းပါဝင္ေနသလို

ထိုလူႀကီးပါးစပ္မွထြက္လာသၫ့္စကား‌ ေၾကာင့္ ‌ထိုမိန္းကေလးမွာ ဘာလူမ်ိဳးဆိုတာသိလိုက္ရ၏။

ႏိုင္းထိုစကားေၾကာင့္ မ်က္ေမွာင္ၾကဳတ္မိကာ
လႈပ္ရွားေနေသာလက္မ်ားကတင္းခနဲျဖစ္သြား၏။
ထိုအခန္းထဲ၌ဆက္ေနလ်ွင္ သူ႔အတြက္အဆင္မေျပေတာ့သည္မို႔ လုပ္လက္စမ်ားကိုျမန္ျမန္ဆန္ဆန္အၿပီးသတ္ကာ အခန္းထဲမွထြက္လာေတာ့သည္။

အခန္းထဲမွထြက္လာခ်ိန္အထိ အသံမ်ားကဆက္လက္ထြက္ေပၚေနေသာေၾကာင့္ ေခါင္းခါလိုက္မိကာ ေလွကားေပၚမွဆင္းလာ၏။

ဆင္းေနရင္းႏွင့္ ေလွကားတဝက္ေလာက္ေရာက္ခ်ိန္မွာေတာ့ သြားလာလႈပ္ရွား၊ကစားေနၾကေသာလူမ်ားကိုၾကၫ့္လိုက္မိသည္။
ထိုသို႔ၾကၫ့္ေနရင္း,ႏွင့္ သူ၏အျမင္အားဖမ္းစားသြားသၫ့္ ျမင္ကြင္းတစ္ခု...

အားလံုးထဲမွ ထင္းထြက္ေနေသာ အရပ္အေမာင္း..
ေအးေအးလူလူလမ္းေလ်ွာက္ေနပံုက မည္သူတစ္ဦးတစ္ေယာက္ကိုမွဂရုစိုက္ပံုလည္းမေပၚ...
ပို၍ထူးျခားသည္က အမဲေရာင္းေလာင္းကုတ္ရွည္ကိုဝတ္ဆင္ထားၿပီး တစ္ကိုယ္လံုးအမဲေရာင္ကိုသာဝတ္ဆင္ထားေလသည္။

လိုက္ၾကၫ့္ေနရင္းၾကၫ့္ေနရင္းျပန္သတိရသြားသည္က
ဟိုတစ္ေန့ကတိုက္မိသၫ့္ျမင္ကြင္း ။

ထိုေန့ကလည္း အဲ့ေနရာမွာပင္...
အခ်င္းခ်င္းတိုက္မိၿပီး လူကိုဘာမေျပာညာမေျပာလွၫ့္ထြက္သြားသည္မို႔ စိတ္ကသိပ္ေတာ့ေက်နပ္လွသည္မဟုတ္...

ထို႔ေၾကာင့္ရပ္ေနမိသၫ့္ ေလွကားအလည္မွ ခပ္ျမန္ျမန္ေျပးဆင္းကာ ထိုလူ၏ေနာက္သို႔အေျပးလိုက္ေလေတာ့သည္။

ေယာက်ာ္းတစ္ေယာက္၏ ေျပးႏႈန္းမို႔ ထိုလူအားမွီသြားခ်ိန္မွာေတာ့ အမဲေရာင္ေလာင္းကုတ္အားလွမ္းဆြဲလိုက္ၿပီး

"ေဟ့လူ"

ထိုလူက ေလ်ွာက္လွမ္းေနသၫ့္ေျခလွမ္းမ်ားအားရပ္လိုက္ကာ ေစာင္းငဲ့ၾကၫ့္လာေလသည္။
ႏိုင္းသည္လည္း အားကစားလိုက္စားေသာေယာက္်ားတစ္ေယာက္မို႔ ထိုလူႏွင့္
အရပ္အ‌ေမာင္းသိပ္ေတာ့မကြာလွ။

ျပန္လွၫ့္ၾကၫ့္လာသၫ့္ ထိုလူအားေမးေငါ့ျပလိုက္ကာ

"ကြၽန္ေတာ့္ကိုမွတ္မိလား"

လွၫ့္ၾကၫ့္ရံုကလြဲၿပီး ဘာမွေျပာမလာသၫ့္လူေၾကာင့္သူ႔မယ္ သိပ္မျမင္ရသၫ့္
ထိုလူ၏မ်က္စိတစ္စံုအားေသခ်ာစူးစိုက္ၾကၫ့္၍ထပ္ေမးလိုက္၏။

"ကြၽန္ေတာ့္ကို မွတ္မိလားလို႔"

"ကိုယ္က မင္းကိုမွတ္မိေလာက္ေအာင္ အခ်ိန္ေတြေပါမေနဘူးကိုယ့္လူ။"

ေျပာလာသၫ့္စကားသံသည္ ဝဲတဲတဲသံေလးခပ္ပါးပါး ပါလာ၏။

"ဟာ ဟိုေန့ကကြၽန္ေတာ္တို႔တိုက္မိၾကေသးတယ္ေလ"

ႏိုင္းေျပာသၫ့္စကားအား ဆက္ေျပာမလာသၫ့္သူက စဉ္းစားေနပံုေပၚ၏။

"ေျပာၿပီးၿပီေလ။ကိုယ္မွာ အဲ့ေလာက္အခ်ိန္ေတြအားမေနဘူးလို႔။ခြင့္ျပဳပါဦး"

ေျပာခ်င္ရာေျပာၿပီး ဆြဲထားသၫ့္ အက်ႌစကို ျဖဳတ္ခ်သြားသူက ေနာက္ပင္လွၫ့္မၾကၫ့္ေတာ့ေပ။

"ဟာ ဒီလူကြာ"

ႏိုင္းမေက်နပ္‌ခ်က္မ်ားေၾကာင့္ ထိုလူ၏ေနာက္သို႔ဆက္လိုက္ရန္ျပင္ခ်ိန္
ေျခေထာက္နား၌ က်ေနသၫ့္ ဝူေက်ာ့တန္‌ႏွစ္ရြက္။

ထိုဝူေက်ာ့တန္ေလးေၾကာင့္ ထြက္သြားသၫ့္ လူကိုလည္းသတိမရေတာ့ေပ။
ကာစီႏိုထဲ၌ ဝူေက်ာ့တန္ေလးမ်ားက
ေကာက္မဲ့သူမရိွေအာင္ပင္ေပါေသာ္လည္း သူကေတာ့သေဘာတက်သိမ္းထားတတ္သည္။
ေတြ့တိုင္းမေကာက္တတ္ေသာ္လည္း
သူစိတ္ရိွလ်ွင္ေတာ့ ေကာက္သိမ္းတတ္၏။

ဝူေက်ာ့တန္ႏွစ္ရြက္

(ဝူေက်ာ့ = 100က်ပ္
ဝူေက်ာ့ဆိုတာ 5ေက်ာ့ေပါ့ 1ယြမ္ရဲ့တစ္ဝက္ပါ။ခုေနာက္ပိုင္းေတာ့ ဝူေက်ာ့တန္ေတြမရိွေတာ့ပါဘူး)

ထိုဝူေက်ာ့တန္မ်ားအားေကာက္သိမ္းလိုက္သာ အကိုရန္တို႔အနားသို႔သာ ေလ်ွာက္လာခဲ့ေတာ့၏။သူ၏စိတ္ထဲဝယ္ ေစာနကေတြ့သည္လူလည္း မရိွေတာ့ေပ။
သို႔ေသာ္ ေနာက္တစ္ခါေတြ့ရင္ေတာ့ ထိုလူ
ႏွင့္စကားေျပာျဖစ္ေအာင္ေျပာမည္ဟု ေတးမွတ္ထားလိုက္ေတာ့သည္။

*****************

"ကိုႀကီးႏိုင္းေရ ဒီဘက္မွာလာခူး ဒီမွာအပင္ျမင့္တယ္"

"ေအေအ လာၿပီ"

"ကိုႀကီး အရြက္ၾကမ္းေတြပဲခူးေနာ္ အဖူးေတြနဲ႔ အရြက္ႏုေတြမခူးနဲ႔ "

"ေအးပါဟာ နင္ကလည္း အဲ့စကားကိုမခူးခင္ကတည္းကေျပာေနတာ အခုခ်ိန္ထိပဲ"

"ဟီးး ကိုႀကီးႏိုင္း မွားခူးကုန္မွာဆိုးလို႔ပါ"

"သြားသြား နင္အပင္နိမ့္ေတြမွာသြားခူး။ဒီအျမင့္က ငါတက္ခူးမယ္"

"ဟုတ္"

"ဟိုးဘက္ေတာင္ေၾကာက ဟာေတြေရာခူးၿပီးၿပီလား"

"ၿပီးၿပီ"

"ေျပာင္ေအာင္ခူးရဲ့လား"

"ေျပာင္ပါတယ္ကိုႀကီးရဲ့"

"ေျပာင္ရင္လည္းၿပီးတာပါပဲ ။ဟိုဘက္မွာသြားခူးေတာ့ေလ"

"ဟုတ္"

တကယ္ေတာ့ႏိုင္းဒီေန့ လက္ဖက္ခူးလိုက္ေနျခင္း။
ႀကံခုတ္ရာသီကလည္း ေနာက္တစ္လ
(ႏိုဝင္ဘာလဝက္)ေလာက္ဆိုကုန္ၿပီျဖစ္လို႔
ရိွသၫ့္အလုပ္ကေလးလိုက္လုပ္ျခင္း။
လက္ဖက္ခူးခ်ိန္ေရာက္ၿပီမို႔ ႏိုင္းအတြက္ အခါအခြင့္သင့္သြား၏။

လက္ဖက္ကို ေမလႏွင့္ ဇြန္လမ်ားတြင္စိုက္ပ်ိဳးၾကၿပီး ဇြန္၊ဇူလိုင္၊ဩဂုတ္၊စက္တင္ဘာ၊ေအာက္တိုဘာ၊ႏိုဝင္ဘာႏွင့္ ဒီဇင္ဘာလမ်ားတြင္ခူးဆြတ္ၾကသည္။

ျပာသို၊တပို႔တြဲလမ်ား လက္ဖက္ရြက္ၾကမ္းမ်ားေဝၾကေတာ့မၫ့္ဆဲဆဲတြင္ ႏွင္းအားကိုျပဳ၍ထြက္လာေသာ လက္ဖက္ရြက္ႏုကေလးမ်ားကို ႏွင္းတက္လက္ဖက္ ဟုေခၚၾကၿပီး ထိုႏွင္းတက္လက္ဖက္သည္ နာမည္ႀကီးလူႀကိဳက္မ်ားေသာ ေရႊဖီမိုးလြတ္လက္ဖက္ႏွင့္ အျခားလက္ဖက္မ်ားကဲ့သို႔
ေပါေပါမ်ားမ်ားမရႏိုင္ေပ။

နမ့္စန္ေဒသမွထြက္ေသာ နာမည္ေက်ာ္ လူႀကိဳက္မ်ားေသာ လက္ဖက္မွာ
ေရႊဖီမိုးလြတ္ လက္ဖက္ျဖစ္၍
ေရႊဖီမိုးဆိုသည္မွာ မိုးမက်မီ သႂကၤန္မတိုင္ခင္ ေပၚဦးေပၚဖ်ားေပၚေသာလက္ဖက္ကိုေျပာ၍ မိုးေရလြတ္သည့္အတြက္ ေရႊဖီမိုးလြတ္လက္ဖက္ဟုေခၚဆိုျခင္းျဖစ္သည္။

လက္ဖက္တြင္လည္း ႏွင္းတက္လက္ဖက္၊ေရႊဖီမိုဦးလက္ဖက္၊ ခါးကန္လက္ဖက္၊ခါးကြက္(ခါးဝွက္)လက္ဖက္၊ခါးႏိုင္လက္ဖက္ဟူ၍ လက္ဖက္အမ်ိဳးမ်ိဳးရိွ‌ေလသည္။

ရွမ္းျပည္နယ္တြင္အမ်ားဆံုးစိုက္ပ်ိဳးၾကၿပီး
မႏၲေလးတိုင္းေဒသႀကီးတြင္ ဒုတိယအမ်ားဆံုး၊ကခ်င္ျပည္နယ္တြင္ တတိယအမ်ားဆံုးႏွင့္ ခ်င္းျပည္နယ္တြင္ စတုတၴအမ်ားဆံုးစိုက္ပ်ိဳးေၾကာင္းသိရသည္။

လက္ဖက္အစိုထဲတြင္ေတာ့ ဇယန္းလက္ဖက္ဟုေခၚၾကသၫ့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဆန္ၿမိဳ႔နယ္ရိွ ဇယန္းေက်းရြာမွထြက္ေသာလက္ဖက္သည္အေကာင္းဆံုးျဖစ္သည္။

(Note - နမ့္စန္နဲ႔ နမ့္ဆန္ မတူပါဘူးေနာ္။အဲ့အေၾကာင္းကို ေအာက္ဆံုးမွာရွင္းျပထားပါတယ္။)

အခုေတာ့ ႏိုင္းတို႔က လက္ဖက္ပင္တြင္က်န္ရိွေနသၫ့္ အရြက္ၾကမ္းမ်ားအားခူးေနျခင္း။
လက္ဖက္အၾကမ္းမ်ား အဖူးမ်ားေလာက္ေတာ့ေဈးေကာင္းမရ။‌ေဈးအရနည္း၏။

လက္ဖက္ပင္တြင္လည္း အပင္နိမ့္ႏွင့္အပင္ျမင့္ဟူ၍ရိွေသးသည္။
အပင္နိမ့္မ်ားတြင္ ဒူး၊ေျခသလံုး၊ေပါင္၊ခါး ေလာက္ထိ အရြယ္အစားမ်ားရိွကာ ထိုထက္ႀကီးသၫ့္အပင္မ်ားကေတာ့ တက္ခူး၍ရေလသည္။ထိုအပင္ႀကီးမ်ား၌ အဖူးကပိုမ်ား၏။

ႏိုင္းအာရံုစိုက္၍သာခူးေနမိသည္။ ခုခ်ိန္မွာ လက္ဖက္ေတြ‌က ေဈးေကာင္းရေနသည္မဟုတ္ပါလား။

အဲ့လိုလက္ဖက္ပင္ဆိုရင္ အဖူးနည္းပါတယ္။အဖူးေတြေသးေသးေလးပဲ ပါပါတယ္။

"ၿပီးၿပီလား ကိုႀကီး ၿပီးရင္ ေနပူသြားလွန္းၾကမယ္"

"ေအ ၿပီးၿပီ မ‌ပေလာင္ေရ"

"ဟုတ္"

တကယ္ေတာ့ ထိုပေလာင္မေလးက အသက္၁၂ေလာက္သာရိွေသးသည္။နာမည္က အဇိုက္ဆိုလား..အဇက္ဆိုလား..
ႏိုင္းမသိ။ႏိုင္းကေတာ့ ပေလာင္မေလးဟုသာေခၚေလသည္။

သူတို႔မိသားစုက ပေလာင္လူမ်ိဳးမ်ားျဖစ္ၾက၏။အဘြားႏွင့္အေဖသာရိွေတာ့သၫ့္ သူတို႔မိသားစုက ေဖာ္ေရြၾကကာ ႏိုင္းကိုလည္းခ်စ္ၾက၏။ႏိုင္းလို တစ္ေကာင္ႂကြက္အတြက္ေတာ့ သူတို႔က မိသားစုကဲ့သို႔ပင္

"ႏိုက္(ႏိုင္း) ရာ(အဖြား-ပေလာင္) ထမင္းျပင္ထားတယ္ စားၾကရေအာင္"

"ဟုတ္ကဲ့ ရာ လာၿပီဗ်။ၪီး‌ေလးကေရာ"

"သူျပန္မလာေသးပါဘူး ရာတို႔ပဲစားႏွင့္ၾကရေအာင္ သူကဒီေန့ေနာက္က်မယ္လို႔ေျပာသြားတယ္"

"ဟုတ္ကဲ့ ပေလာင္မေလး ကဘယ္ေရာက္သြားျပန္ၿပီလဲမသိ..."

"ႏိုက္ ဝါအီပတ္(ညီမေလး-ပေလာင္)ခဏေနလာလိမ့္မယ္ သူအိမ္ထဲမွာဘာသြားလုပ္ေနလဲမသိဘူး"

"ဟုတ္ဟုတ္"

"ဒီေန့ဟင္းေတြစံုပါ့လားဗ်"

"ေအး ႏိုက္လာမယ္ဆိုလို႔ ရာကခ်က္ထားတာ။အမ်ားႀကီးစားေနာ္"

"ဟုတ္ကဲ့"

ေျပာၿပီးႏိုင္းစားရန္ျပင္ေတာ့သည္။ရာက
ပေလာင္မ ျဖစ္လို႔ ႏိုင္းလာခ်ိန္တိုင္း ပေလာင္ဟင္းကေတာ့ အၿမဲတမ္းခ်က္ေကြၽးသည္။
သိႏၵီဘက္မွဝင္သၫ့္
ေခါပုတ္ေၾကာ္လည္းပါေသး၏။ႏိုင္းက ေခါပုတ္သိပ္ႀကိဳက္သူျဖစ္လို႔ ရာက သိေသာေၾကာင့္ဝယ္ထားေပးပံုရ၏။

ေခါပုတ္တြင္အျဖဴ၊အညိုႏွစ္မ်ိဳးရိွရာ
အညိုက ေၾကာ္ၿပီးသၾကားႏွင့္တြဲဖက္စားရကာ အျဖဴကေတာ့ ႏွမ္းမဲႏွင့္စားရေလသည္။ထိုႏွစ္မ်ိဳးတြင္ ႏိုင္းကေတာ့အညိုကိုသာပိုႀကိဳက္ေလသည္။ႏိုင္းစိတ္ထဲ အညိုကအရသာပိုရိွသလားလို႔....

သူတို႔ရွမ္းျပည္က ေခါပုတ္က
ကန႔္ဘလူ၊ေကာလင္း၊ဝန္းသိုဘက္က
ေခါစီ ႏွင့္ပံုစံတူေသာ္လည္း သူတို႔ရွမ္းျပည္က ေခါပုတ္ကအျပားေသး၏။ရွမ္းျပည္က ေခါပုတ္အားေၾကာ္စားၾက၍ ကန႔္ဘလူ၊ေကာလင္း၊ဝန္းသိုဘက္မွ ေခါစီအား အမ်ားအားျဖင့္ကင္စားေလ့ရိွၾကသည္။

ေခါပုတ္က ရွမ္းျပည္မွထြက္သၫ့္
ရွမ္းရိုးရာအစားအစာျဖစ္ကာ ေခါစီသည္
အညာေဒသမွထြက္သၫ့္ အညာရိုးရာအစားအစာျဖစ္သည္။

ႏိုင္းကေတာ့ ရွမ္းျပည္တြင္အေနၾကာ၍လားမသိ....ေခါပုတ္ကိုသာပိုႀကိဳက္ေလသည္။
ႏိုင္းထမင္းစားၿပီး ေခါပုတ္စားေနခ်ိန္မွ
ပေလာင္မေလးက ေရာက္လာေလသည္။

ေခါပုတ္အစိမ္း

ေၾကာ္ၿပီးသားေခါပုတ္

"ပေလာင္မေလး ငါလက္ဖက္ရုတ္ေတာ့မယ္။ၿပီးရင္ ေလွာ္ၿပီး လိွမ့္ေပးခဲ့မယ္။နင္လွမ္းလိုက္ေနာ္.... ငါသြားစရာရိွေသးလို႔ အဲ့တာလုပ္ေပးၿပီးရင္ ျပန္ေတာ့မယ္"

"ဟုတ္ကိုႀကီး"

"ေအေအ"

ေျပာၿပီးႏိုင္းလည္း လက္ဖက္လွမ္းထားရာသို႔သာ လာခဲ့ေတာ့သည္။

လက္ဖက္က လွမ္းထားတာၾကာၿပီျဖစ္လို႔ ဒီအခ်ိန္ေလာက္ဆို အေနေတာ္ျဖစ္ေနၿပီ။
ႏိုင္း ထိုလွမ္းထားသၫ့္ လက္ဖက္ရြက္မ်ားကိုရုတ္ကာ အိုးထဲထၫ့္၍ေလွာ္ေတာ့သည္။

လက္ဖက္အရြက္မ်ား ႏြမ္းသြားသည္ႏွင့္ ခ်က္ခ်င္းခ်ကာ ဇကာထဲသို႔ျဖန႔္ထၫ့္လိုက္သည္။ၿပီးေနာက္ ထိုျဖန႔္ထားသၫ့္လက္ဖက္မ်ားအား လက္ႏွစ္ဖက္ျဖင့္ စလိွမ့္ေတာ့သည္။
ေအးသြားသၫ့္အခ်ိန္ထိေစာင့္၍မရ။ဤကဲ့သို႔ ပူေနသၫ့္အခါတြင္သာလိွမ့္၍ အဆင္ေျပသည္။မဟုတ္လ်ွင္ လက္ဖက္အရြက္မ်ားက မလိပ္ဘဲေနကာ အရြက္အျပားလိုက္ျဖစ္တတ္သလို အရြက္မ်ား က်ိဳးေၾကတတ္၏။

ႏိုင္း လက္ဖက္အရြက္မ်ားလိွမ့္ၿပီးခ်ိန္မွာေတာ့ ဇကာတြင္ျဖန႔္ကာ လွမ္းခဲ့ေတာ့သည္။
ဤကဲ့သို႔လိွမ့္ၿပီးသားလက္ဖက္ကို ေနပူထဲတြင္ တစ္ေနလွမ္းစရာမလိုေတာ့။
ေနအနည္းငယ္ျပၿပီး အိမ္ထဲတြင္ ျဖန႔္ကာလွမ္းရံုႏွင့္အဆင္ေျပသည္။

ေျခာက္သြားသၫ့္အခ်ိန္မွာေတာ့ လက္ဖက္ရည္ၾကမ္းေသာက္သၫ့္ လက္ဖက္ေျခာက္ကိုရေလသည္။

"ရာ ကြၽန္ေတာ္သြားၿပီဗ် လက္ဖက္ကိုလိွမ့္ၿပီးေနျပထားတယ္ ၿပီးရင္ပေလာင္မေလးကို ရုတ္ခိုင္းၿပီး အိမ္ထဲမွာ ျဖန႔္ထားခိုင္းအံုးေနာ္"

"ေအေအ ႏိုက္ ကသြားေတာ့မွာလား"

"ဟုတ္ သြားစရာရိွလို႔"

"‌ေအ ဒီမွာပိုက္ဆံလာယူသြားအံုးေလ"

"ဟာ မဟုတ္တာေတြ ရာ ကလည္း ။ကြၽန္ေတာ္မယူေတာ့ဘူး"

"ဒီေကာင္ေလး လာယူပါဆိုတာကို"

"ေနာက္မွ ထမင္းလာစားေတာ့မယ္ ရာေရ..
ခုေတာ့သြားၿပီ"

ေျပာၿပီးႏိုင္း ‌မေျပးရံုတမယ္ေျခလွမ္းမ်ားျဖင့္ ထြက္လာခဲ့ေတာ့သည္။မဟုတ္လ်ွင္ ရာ့ဆီက ပိုက္ဆံကို ယူလာေနရဦးမည္။
ရာတို႔ဆီမွာ အလုပ္လုပ္ေပးၿပီးလ်ွင္ ႏိုင္းမွာ ေရွာင္ေျပးရတာလည္းအေမာ...
မိသားစုကဲ့သို႔ ဝင္ထြက္သြားလာစားေသာက္ေနသူမို႔ ပိုက္ဆံယူလ်ွင္အားနာစရာႀကီးမဟုတ္ပါလား။ဒါေတာင္တစ္ခါတစ္ေလ ရာက အတင္းထိုးထၫ့္ေပးတတ္လြန္းလို႔ သူ႔မွာ ယူလိုက္ရသၫ့္အခါမ်ားလည္းရိွပါေသးသည္။

ေျပာရလ်ွင္ ဤမိသားစုအားသူခင္မင္မိပါ၏။တစ္ေကာင္ႂကြက္သူ႔အတြက္ေတာ့ ေနြးေထြးရာခိုလႈံရာသည္ သူတို႔သာရိွၾကသည္မို႔
သူ႔အတြက္ေတာ့ ေဆြမ်ိဳးအရင္းမဟုတ္ေသာ ေဆြမ်ိဳးေတြပါပင္။
တစ္ခါတစ္ေလ ေနြးေထြးမႈဆိုတာ တစ္‌ဦးတစ္ေယာက္ထံမွရရိွဖို႔အတြက္ ထိုလူႏွင့္ ေသြးခ်င္းမေနွာလည္း အဆင္ေျပႏိုင္ပါ၏။

အခ်စ္မ်ားစြာျဖင့္🌸
ေနး

27.2.2022 (09:02AM)

(Note - နမ့္စန္နဲ႔နမ့္ဆန္ကမတူပါဘူးေနာ္။
နမ့္ဆန္က ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)
ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ကၿမိဳ႔တစ္ၿမိဳ႔ပါ။
ေက်ာက္မဲၿမိဳ႔ရဲ့ေျမာက္ဘက္၊နမၼတူၿမိဳ႔ရဲ့အေနာက္ေတာင္ဘက္တြင္တည္ရိွပါတယ္။

နမ့္စန္ကရွမ္းျပည္နယ္၊လြိုင္လင္ၿမိဳ႔တြင္တည္ရိွၿပီး အေရ႔ွအလယ္ပိုင္းတိုင္းမွာ အႀကီးဆံုးၿမိဳ႔တစ္ၿမိဳ႔ပါ။
ေတာင္ႀကီးၿမိဳ႔နဲ႔ ၇၂မိုင္ခန႔္ကြာေဝးၿပီး ေတာင္ႀကီး-တာခ်ီလိတ္ ကားလမ္းမေပၚတြင္တည္ရိွပါသည္။

နာမည္ႀကီးလူႀကိဳက္မ်ားေသာ ေရႊဖီမိုးလြတ္လက္ဖက္ကနမ့္စန္မွထြက္ၿပီး
လက္ဖက္အစိုထဲတြင္နာမည္ႀကီးေသာ လက္ဖက္ကေတာ့ ဇယန္းလက္ဖက္ဟုေခၚသၫ့္ နမ့္ဆန္ၿမိဳ႔ ၊ဇယန္းေက်းရြာမွထြက္သၫ့္ လက္ဖက္ျဖစ္သည္။

လက္ဖက္ေျခာက္ကိုလည္း ႏိုင္းလုပ္တဲ့နည္းအတိုင္းလုပ္ၾကတာပါ။ေနးတို႔အဲ့ဘက္မွာေနတုန္းကဆို လက္‌ဖက္ေျခာက္ကိုဝယ္ေသာက္စရာမလိုပါဘူး။ကိုယ္တိုင္ခူး၊ကိုယ္တိုင္လွမ္းၿပီး သံုးၾကတာပါ။
ဟဲဟဲ ႂကြားတာ)
*********
************************************

Continue Reading

You'll Also Like

9.2K 161 14
IN PROGRESS what happens when our beloved characters, Sheldon, Raj, Howard, Leonard, Penny, Amy and Bernadette let a newcomer join their group? Will...
3.7K 58 18
This is an AU of pjsk where there are two kingdoms, who historically hates each other, each one with different princesses and warriors. They will be...
20.4K 46 22
This is the second instalment to my 3 Part series of Books about a Young Blonde Teen Girl who suddenly starts to loose control of her bladder and bow...
52.9K 1.1K 21
.. a story, of a girl who has a condition that could change her life for the greater good. Loni has a medical condition that stopped her from develop...