[Complete]လမ်းခွဲပြီးတဲ့နောက်...

By Kyiphyuswe

600K 76.7K 1.5K

'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe... More

မိတ်ဆက် ( Intro)
Chapter 1. 1
Chapter 1.2
chapter 1.3
Chapter (2.1)
Chapter (2.2)
Chapter (2.3)
Chapter (3.1)
Chapter (3.2)
Chapter (3.3)
Chapter (4.1)
Chapter 4.2
Chapter (4.3)
Chapter( 5.1)
Chapter 5.2
Chapter (5.3)
Chapter (6.1)
Chapter (6.2)
Chapter 6.3
Chapter (7.1)
Chapter (7.2)
Chapter (7.3)
Chapter (8.1)
Chapter (8.2)
Chapter (8.3)
Chapter (9.1)
Chapter (9.2)
Chapter (10.1)
Chapter (10.2)
Chapter (10.3)
Chapter (11.1)
Chapter (11.2)
Chapter (12.1)
Chapter (13.1)
Chapter (13 .2)
Chapter (14.1)
Chapter (14.2)
Chapter (15.1)
Chapter (15.2)
Chapter (16.1)
Chapter (16.2)
Chapter (17.1)
Chapter (17.2)
Chapter (18.1)
Chapter (18.2)
Chapter (19.1)
Chapter (19.2)
Chapter (20.1)
Chapter (20.2)
Chapter (21.1)
Chapter (21.2)
Chapter (22.1)
Chpater (22.2)
Chpater (22.3)
Chapter (23.1)
Chpater (23.2)
Chapter (23.3)
Chpater (24.1)
Chapter (24.2)
Chapter (24.3)
Chapter 25. 1
Chapter (25.2)
Chapter (25.3)
Chapter (26.1)
Chapter (26.2)
Chapter (26.3)
Chapter (27.1)
Chapter (27.2)
Chapter (28.1)
Chapter (28.2)
Chapter (28.3)
Chapter (29.1)
Chapter (29.2)
Chapter (29.3)
Chapter (30.1)
Chapter (30.2)
Chapter (30.3)
Chapter (31.1)
Chapter (31.2)
Chapter (31.3)
Chapter (31.3)
Chapter (32.1)
Chapter (32.2)
Chapter (32.3)
Chapter (33.1)
Chapter (33.2)
Chapter (33.3)
Chapter (34.1)
Chapter (34.2)
Chapter (34.3)
Chapter (35.1)
Chapter (35.2)
Chpater (35.3)
Chapter (36.1)
Chapter (36 .2)
Chapter (36.3)
Chapter (36.4)
Chapter 37.1
Chapter (37.2)
Chapter (37.3)
Chapter (38.1)
Chpater (38.2)
Chpater (38.3)
Chapter (39.1)
Chapter (39.2)
Chapter (39.3)
Chapter (40.1)
Chapter (40.2)
Chapter (40.3)
Chapter (41.1)
Chapter (41.2)
Chapter (42)[Final]
Extra 1
Extra (1.2)
Extra 2 .1
Extra (2.2)
Extra (2.3)

Chapter (12.2)

4.9K 714 18
By Kyiphyuswe

[Unicode] (12.2)

ကျန်းရှု တစ်ယောက် သူ့ရဲ့ ခေါင်းကို မော့ကြည့်လိုက်တဲ့ အခါ မှာ​တော့ မျက်စိကို ဖမ်းစားနိုင်တဲ့ ရှုပေါ်စုရဲ့ အရပ်အရှည် ကြီးကို ဘေကွန်ပြားတွေလို ပြည့်သိပ်နေတဲ့ လူအုပ်ကြီး ကြားထဲမှာတွေ့ လိုက်ရတယ်။ သူ့ဘေးနားကို တစ်စုံတစ်ယောက် က ကပ်လာပြီး တစ်ချို့ လူတွေက သူ့နားမှာ ဝန်းရံနေပေမယ့် ရှုပေါ်စုက တော့ထိုကပ်လာတဲ့ လူကို လျစ်လျူ ရှုထားလေတယ်။

သူက ဖုန်းကို ကြည့်နေရင်းနဲ့ ကျန်းရှုကို တွေ့သွား တော့တယ်။ နောက်တော့ ကျန်းရှု နားကို ရောက်အောင် တိုးနေရင်း ပြုံးပြကာ လက်ကိုဝှေ့ယမ်း ပြလိုက်တယ် ။

သူ့ဘေးက သူငယ်ချင်း တွေကတော့ ထူးဆန်းသွားကာ ပြောလိုက်တယ်။

" ဒီလောက် ချောမောတဲ့ အကိုကြီးက ဘယ်သူလဲ မသိဘူးဟ? "

ကျန်းရှုရဲ့ ပါးစပ်ထဲ ကနေ အလိမ်အညာ တစ်ခု က ရုတ်တရက် ထွက်သွား လေတယ်။

" ငါ့သူငယ်ချင်း..... ''

ကျန်းရှုက မရေမရာ နဲ့ပြောလာတယ်။

" ငါတို့က သူ့ကို ညစာ စားဖို့ခေါ်ကြ မလား? "

အဲ့လူ က ကျန်းရှုရဲ့ သူငယ်ချင်း လားဟ?

အတော့်ကို အရမ်းချောမော မလွန်းနေဘူးလား ကွာ?!

လောင်နျိုက ကျန်းရှုကိုတွန်းကာ ပြောလိုက်တယ်။

" ဘယ်အချိန် တုံးကများ ဒီလိုအမြင့်စား သူငယ်ချင်း မျိုးကို မင်းရသွားတာလဲ? သူ့ရဲ့ ပုံစံက အနုပညာရှင် တစ်ယောက် နဲ့တူတယ်ကွ ''

ကျန်းရှုက ရှက်သွား ကာ ရှုပေါ်စု ဆီကို လမ်းလျောက် သွားလေတယ်။

" ခများက ကျွန်တော့်ကို လာကစားချင်နေတယ်ပေါ့လေ။ ''

ဒါက သောက်ရမ်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်ကွ။

ရှုပေါ်စု ဟာ သန့်ရှင်း သပ်ရပ်စွာ ဝတ်ဆင်ထားပြီး လူကြီး လူကောင်း ဆန်နေလေတယ်။ သူ့လက်ထဲ မှာတော့ အချက်အလက် စာဖိုင်တွေ ထည့်ထားတဲ့ ဖိုင်အိတ် တစ်ခုကို ကိုင်ထားလေတယ်။ သူက ကျန်းရှုထက် ခေါင်း ၁ လုံးစာ ပိုမြင့်လေတယ်။ ဒါကြောင့် သူ့ရဲ့လက်ကို မြှောက်ကာ ကျန်းရှုရဲ့ ခေါင်းအနောက်ကို ထိလိုက်တယ်။

" အလုပ်က စောစော ဆင်းသွားလို့ ကိုယ်က ဒီနေရာကိုရောက်နေ တာပါကွာ ''

"ခများကို ဘယ်သူကမေးနေသလဲ ''

ကျန်းရှုက သူ့ကို အော်ကာ အနောက်ကို ပြန်လှည့်ပြီး ပါလာတဲ့ အခန်းဖော် ၂ ယောက် နဲ့ မိတ်ဆက် ပေးလိုက်တယ်။

" သူက ဒီကို ထမင်းစား ဖို့ရောက်နေတာပဲ။ သူ့ကိ အကိုရှုလို့ပဲ ခေါ်လို့ရတယ် ''

လောင်နျိုက အရမ်းကြီး အာရုံစိုက် တက်တဲ့ လူမျိုးမဟုတ် တာကြောင့် သူ့ရဲ့လက်တွေကို ထုတ်ကာ လက်ဆွဲနှုတ်ဆက်ဖို့ လုပ်လိုက်တော့ တယ်။

" ဟလို ၊ အကိုရှုရေ ကျွန်တော့် နာမည် ကတော့ မုတျန်းမင်ပါ။ ကျန်းရှုရဲ့ သူငယ်ချင်း ပါဗျ ''

လေးလုံးကလည်း နှုတ်ဆက် လာတယ်။

" အကိုရှုရေ မင်္ဂလာ ပါဗျ။ ကျွန်တော် ကတော့ ဝမ်ရှောင်ဟွေး ပါဗျာ.....''

ရှုပေါ်စုက တစ်ယောက် ပြီး တစ်ယောက် လက်ဆွဲ နှုတ်ဆက် လိုက်တယ်။

အချင်းချင်း သိကြပြီးတဲ့နောက် ကျန်းရှုက အကြံပြု လိုက်တယ်။

" ဒါဆိုလည်း ကျွန်တော်မျိုးကြီး ကပဲ ခများတို့ ကိုညစာ စားဖို့ ဖိတ်ပါ့မယ်။ ''

နောက်တော့ သူက ရှုပေါ်စုကို တစ်ချက် ပြန်ကြည့် လိုက်ပြီးမှ အရှေ့ကနေ ဦးဆောင် သွားတော့တယ်။

" အကိုရှုက ဘယ်မှာ ကျောင်းတက်ခဲ့တာလဲဗျ ?''

လောင်နျို က ရှုပေါ်စု ကို မေးမြန်းနေတယ်။

" အဆင့်မြင့် သုတေသန အထူးပြု တက္ကသိုလ် ''

ရှုပေါ်စု ကပြုံး လိုက်တယ်။

" မင်းတို့နဲ့ ရှုရှုက အခန်းဖော် တွေလား? "

လေးလုံးက ကြက်သွန်ဖြူ နွှာနေတဲ့ အိတ်ကလေးလို ခေါင်းလေး ငြိမ့်ပြလေတယ်။

" ဟုတ်ပါတယ် ။ ကျွန်တော်တို့ ၃ ယောက်လုံးက အခန်းဖော်တွေ ပါ။ အစတုံးက ၄ ယောက်ရှိတာ။ ဒါပေမယ့် သူက အကြာကြီး မနေခဲ့ဘူးလေ။ သူလည်းနိုင်ငံခြားကို ရောက်သွားတော့ ကျွန်တော်တို့နဲ့ အဆက်အသွယ် ပျက်သွား တာပေါ့ဗျာ ''

သက်ပြင်းချ လိုက်မိတယ်။

လူတိုင်းက အခုဆို မတူညီ တဲ့ လမ်းကြောင်း တွေကို စလျောက်ကြတော့မယ်။

နောက်နှစ်အနည်းငယ် ကြာလာတဲ့ အချိန်ကြရင် သူတို့ကြားမှာ ကွာခြားချက်တွေက ပိုပြီးတော့ ပိုလို့တောင် ဝေးသွားကြ အုံးမယ်။

တစ်နေ့ကြရင် အတူတူ ကျောင်းက အဆောင်မှာ အိပ်ခဲ့ကြတာတွေ ၊ အတူတူဂိမ်းဆော့ ခဲ့ကြတာတွေ ၊ အတူတူ လုပ်ခဲ့တာတွေကို မေ့သွားကြတော့မယ်။

( ရေးရင်း စိတ်ထဲ မကောင်းဘူး 😞)

" ဟုတ်ပါပြီ။ တရုတ်မှာလည်း တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်ကွ ''

ရှုပေါ်စုက ပြောလိုက် တယ်။ သူ့ရဲ့ စိတ်ချနိုင်စေတဲ့ အရှိန်အဝါက အထူးသဖြင့် လူတိုင်းကို သိမ်းသွင်းရာမှာ အများကြီး အသုံးဝင်လေတယ်။

ဝမ်ရှောင်ဟွေးလည်း သူ့ကိုယ်သူ အနည်းငယ် အားတက်သွားကာ ပြုံးလိုက်မိ တော့တယ်။

ကျန်းရှုဟာ သူတို့တွေကို ဧည့်သည် တွေလို ဆက်ဆံကာ ငွေကြေးလည်း ရှင်းပြီးတော့ စားသောက် ဆိုင်အသေးလေး ဆီကို ခေါ်သွားလေတယ်။ ကျောင်းသားတွေ အများစုက ဒီနေရာမှာ စားသောက်နေ ကြတယ်။

ဆူညံ နေတဲ့ ဒုတိယ အထပ်မှာ စားပွဲဝိုင်း တစ်နေရာလွတ်နေပြီးတော့ ထိုနေရာက လည်း သန့်ရှင်းနေကြတယ်။ ထိုနေရာရဲ့ ဘေးဘက်မှာတော့ ကြမ်းပြင်က မျက်နှာကျက် အထိရှည်တဲ့ ပြတင်းပေါက်မှန်တွေ ရှိတာကြောင့် လမ်းမကြီးရဲ့ သွားလာလှုပ်ရှားနေကြတဲ့ မြင်ကွင်းကို ခံစားနိုင်တယ်။

" ငါတို့ရဲ့ ကံက တစ်ကယ် ကိုကောင်းနေတာပဲဟေး ''

လူတိုင်းက ထိုနေရာကို ရလို့ ဝမ်းသာ နေကြလေရဲ့။

" ဘာစားကြ မလဲ ဆိုတာ ကြည့်ကြစို့ ''

ကျန်းရှုက အတွင်းဘက် မှာထိုင်နေရင်း သူ့ဘေးနားမှာထိုင်နေတဲ့ ရှုပေါ်စု လက်ထဲကို မီနူးထည့်ပေး လိုက်တယ်။

ပြောရရင်တော့ ဒီစားသောက်ဆိုင်ရဲ့ စျေးနှုန်းတွေက ကျောင်းသားတွေ အတွက်ကို အတော်အသင့် စျေးကြီးတယ် လို့ပြောလို့ရတယ်။ တကယ်လို့ ရှုပေါ်စု သာ မပါလာရင် သူတို့က ဟော့ပေါ့ သွားစားကြဖို့ လုပ်ထားတာ။

" ကျေးဇူး ပါ။ ''

ရှုပေါ်စုက မီနူးကို ယူလိုက်ပြီးတော့ ကျန်းရှုကိုတစ်ချက်ကြည့် လိုက်တယ်။

"မင်းဘာစား ရတာကို သဘောကျသလဲ? "

သူတို့က တစ်ဝိုင်းထဲထိုင်တာ ဖြစ်တဲ့အတွက် သူမှာ တာကို တစ်ခြားလူတွေ ကပါ စားကြရမှာ ဖြစ်လေတယ်။

ကျန်းရှုက နှုတ်ခမ်း ထော်လိုက်တယ်။

" ကိုယ့်ဘာကို ပဲ ဂရုစိုက် စမ်းပါ။ ဒါပဲ ''

ရှုပေါ်စု: '' ကိုယ်က မင်းပါးစပ် ထဲမှာ အရသာရှိတဲ့ အစားအစာတွေကို မသိဘူးလေ ''

သေးငယ်တဲ့ အမဲသားကျော်ကို ညွှန်ပြကာ ပြောလိုက် တယ်။

" ဒါက အဆင်ပြေတယ်လို့ မင်းထင်လား? "

" ဘာပဲ ဖြစ်ဖြစ်ပါ ''

ကျန်းရှုက အမဲသားမွကျော် ၊ အရွက်သုပ် ၊ ဘီယာ တစ်ဒါဇင်နဲ့ တစ်ခြား သင့်တော်တဲ့ စားစရာတွေကို မှာလိုက် တယ်။ ပြီး​တော့မှ အခန်းဖော် တွေဆီ မီနူးပေးလိုက်တယ်။ သူတို့ အားလုံးက အသိအကျွမ်းတွေ ပဲ ဖြစ်ကြလေတယ်။ လူပို ဖြစ်တဲ့ရှုပေါ်စု ပါရင်တောင်မှ သူတို့က တစ်ခမ်းတစ်နားကြီး လုပ်မနေလေဘူး။

ဒီဆိုင်က ငွေကို အရင်ချေပြိီးမှစား ရတဲ့အနောက်တိုင်း စားသောက် ဆိုင်ပဲ ဖြစ်လေတယ် ။ ဒါကြောင့် ငွေကောက်ခံဖို့ ပြေစာကိုင်ကာ ကောင်မလေးတစ်ယောက် က လာလေတယ်။

" ဟလို sir ''

ကောင်မလေးက မီနူးကို ပြန်သိမ်းကာ ပြောလိုက်တယ်။

" ကျွန်မ တို့ရဲ့ ဆိုင်မှာ ကံစမ်းမဲဖောက်ပေးတဲ့ အစီအစဉ် ရှိပါတယ် ။ တကယ်လို့ ရှင်တို့က ယွမ် ၄၀၀ သုံးရင် ကံစမ်းမဲ တစ်စောင် ရရှိပါတယ် ။ ထိုကံစမ်းမဲက ငွေချေပေးနိုင်တဲ့ ကူပွန်တွေပါ။ လဲလိုက်ကြပါအုံးနော် ''

ဒီနေရာမှာ ဒီလို တာဝန် သိတက်တဲ့ သူဌေးမျိုးလည်း ရှိသေးတာပဲလား။ အကုန်လုံး က ပါကင်တွေနဲ့ ထုတ်ထားတဲ့ လက်ဆောင်တွေကို စိတ်မဝင်စားကြပါဘူး။ ဒါကြောင့် လူတွေ စိတ်ဝင်စား လာအောင် နည်းတစ်မျိုးပြောင်းပြီးတော့ ဆွဲဆောင်တာပဲ ဖြစ်လေတယ်။

" ငါကတော့ ကံစမ်းမဲ မပေါက်လောက် ဘူးဆိုတာ သေချာနေသလိုပဲကွ ''

ကျန်းရှုက သာမန်ရထားတဲ့ ကံစမ်းမဲ ကိုကြည့်ကာ မျက်မှောင်ကုတ်လိုက်တယ်။ ဒါပေမယ့် သူလည်း ဖွင့်ကြည့် လိုက်ရော ယွမ် ၂၀၀တန် ငွေချေကူပွန်ကိုတွေ့လိုက်ရတယ်။ ချောမောတဲ့ သခင်လေးက သူ့ရဲ့မျက်ခုံးတွေကို မြှင့်လိုက်မိတယ်။

" ကြည့် ''

ရှုပေါ်စုက သူ့နားကို ကပ်လာကာ စကားလုံးတွေကို ဖက်ပြလိုက်တယ်။

" ဂုဏ်ယူပါတယ်! မင်းက ၂၀၀ယွမ် ငွေချေကူပွန်ကို ရရှိပါပြီ။...... မင်းရဲ့ဆုကို ထုတ်ယူလိုက်ပါ ''

၄၀၀ ယွမ်ကုန်ခဲ့တာက ၂၀၀ ယွမ်ပြန်ရတယ်ဆိုတဲ့ သဘောပေါ့လေ။

လခွမ်း ဒါကလူတွေကို ဆွဲဆောင် ဖို့သုံးတဲ့ နည်းလမ်း အဟောင်း ကြီးပဲကို ။

ကျန်းရှု လည်း ကြောင်အနေရာမှ ရယ်လာခဲ့တယ်။

" ဟားဟားဟား ဟားဟား ''

လောင်နျိုက ပြောလိုက်တယ်။

" ငါက အဲ့တာကို လဲဖို့သွားလိုက်မယ် ''

ကျန်းရှု:'' ဒီနေ့တော့ ဒီကလေးရဲ့ ကံဇာတာတွေ တက်နေပါလားဟေ ''

" သွားပြောင်းလိုက်တော့ ''

တစ်သက်လုံး မဲမပေါက်ဘူးတဲ့ လေးလုံးကလည်း ပြောလာတယ်။

ကျန်းရှု က မဲကိုလောင်နျိုဆီပေးလိုက်တယ်။

...

" ဘီယာဘူးတွေ ဖွင့်ကြဟေး။ တစ်ငုံ မသောက် ခင် စကားပြောကြအုံး ''

" စီနီယာ နှစ်အတွက် ကွ ''

" ခွေးကောင်တွေ အတွက်ကွာ ချီးယား! "

" ချီးယား! "

သူတို့ထက် အသက်အတော်ကြိီးတဲ့ ရှုပေါ်စု ကလည်း ဝိုင်ခွက်ကို မြောက်လာတယ်။

" မင်းတို့တွေရဲ့ ကံကောင်းခြင်းတွေ အတွက် ''

ကျန်းရှုက ခဏလောက် တုံ့ဆိုင်း ပြီးမှ သူ့ဘေးက ဝိုင်ကရားကို ထိလိုက်တယ်။ သူက ရှုပေါ်စု နဲ့အတူ သောက်တာ ဒါ ဒုတိယ အကြိမ် ပဲ ဖြစ်တယ်။

နွေရာသီ ကလည်း စတင်လေပြီ။

လူတိုင်းကလည်း သူ့တို့အနာဂတ် အတွက်မျှော်လင့်ချက်တွေ ရှိလာပြီ။

ဘီယာဘူး တစ်ဒါဇင်က လူလေးယောက်အတွက် များတယ်လို့ မဆိုနိုင်ပါဘူး။ သူတို့သောက်လို့ သောက်လိုက်မှန်းတောင် မသိလိုက် ရလေဘူး။ ဒါပေမယ့် ဒီထက့်ပိုသောက်ကြဖို့ လည်း အစီအစဉ် မရှိကြပါဘူး ။

" အိုကေ ''

ကျန်းရှုက မက်တပ်ရပ် ကာ အကြောဆန့်လိုက်တယ်။

" စားသောက် ပြီးတော့ အိမ်ပြန်ကြမယ် "

ရှုပေါ်စု ကနေရာကနေ မရွေ့ပဲ ကျန်းရှု အခန်းဖော်တွေကို ပြုံးပြခဲ့တယ်။

" မင်းတို့ အရင်ပြန်ကြတော့။ ငါအကိုရှုနဲ့ ပြောစရာ ရှိသေးလို့ ''

ထမင်းတစ်နပ် အတူစားပြီးတဲ့နောက်မှာ ရှုပေါ်စု အပေါ် ကျန်းရှုရဲ့ အခန်းဖော်တွေက အကောင်း မြင်လာကြ ပြီပဲ ဖြစ်လေတယ် ။

" အိုကေ ။ အိုကေ ။ မင်းတို့ပြောကြပေါ့ ''

အခန်းဖော်တွေ ထွက်သွား တဲ့အခါ ကျန်းရှုက ရှုပေါ်စု ကို သံသယ ဖြစ်စွာ ကြည့်လိုက်တယ်။

" ဘာဖြစ်တာလဲ? "

မစ္စတာ ရှုက နာရီ ကိုငုံ့ ကြည့်ကာ ​ပြောလိုက််တယ်။

" ည၈ နာရီကျော်နေပြီ ။ အိမ်ကို ပြန်ကြစို့လေကွာ ''

နောက်တော့ သူကထလိုက်ပေမယ့် ကျန်းရှုက မလှုပ် ရှားဘူးဆိုတာကိုတွေ့လိုက် ရတယ်။

" ကျွန်တော်က အခုမှ စာမေးပွဲ ပြီးသွားတာဗျ။ ခများနဲ့အတူ ပြန်မလိုက်နိုင်သေးဘူး ''

ရှုပေါ်စု တစ်ယောက် ငြိုးကျသွားလေတယ်။

ဟုတ်ပါပြီ ဒီညမှာ သူရော ရှုပေါ်စုရော နှစ်ယောက် လုံးအလွန်တွေ ဖြစ်ခဲ့တယ်ဆိုတာ သူနားလည် ပါတယ်နော်။ ရှုပေါ်စု က ခေါင်းလေးငုံ့ကာ ကျန်းရှုဘေး ကနေ ထွက်သွား ဖို့လုပ်လိုက်တော့ ခြေထောက်ကို အကန်ခံလိုက် ရတယ်။

" အိုး မင်းကန်တာ အရမ်းပြင်းတာပဲ...!''

ရှုပေါ်စု ခမျာ နာကျင်သွားတဲ့ သူ့ခြေထောက် လေးကိုပွတ်ကာ ကျန်းရှုနောက်ကို ခက်ခက်ခဲခဲနဲ့ လိုက်သွား ရတော့တယ်။

................


















































































...



















" ဘာဖွဈတာလဲ? "

မစ်စတာ ရှုက နာရီ ကိုငုံ့ ကွညျ့ကာ ​ပွောလိုကျျတယျ။







ရှုပေါျစု ခမြာ နာကငြျသှားတဲ့ သူ့ခွထေောကျ လေးကိုပှတျကာ ကနြျးရှုနောကျကို ခကျခကျခဲခဲနဲ့ လိုကျသှား ရတော့တယျ။

................

Continue Reading

You'll Also Like

214K 5.2K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
321K 40K 39
own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing
495K 64.8K 60
Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Yaoi Status in COO - 64 chapters Full cr...
479K 82.3K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...