ဒီလိုပုံစံနဲ့ တစ်လလောက် အချိန်ကုန်သွားခဲ့ပြန်တယ်....နှစ်သက်မှု ရမှတ်တွေ ထပ်တိုးမလာတော့တာကြောင့် ရှဲ့ဟယ် အခုလိုနေရတာကို သဘောကျနေပေမယ့်လဲ နောက်ထပ်ခြေလှမ်းအသစ်တွေ ထပ်လှမ်းဖို့ ပြင်ဆင်ရုံကလွဲပြီး ရွေးစရာမရှိတော့ဘူး....
ရှဲ့ဟယ်က 444 နဲ့စကားပြောနေရင်းကနေ တန့်ကျင်းဝမ်းရဲ့ ရုံးခန်းထဲမှာ တပ်ထားတဲ့ စောင့်ကြည့်ရေး ကင်မရာကိုလဲ ကြည့်နေတယ်...
[ရှဲ့ဟယ်: တန့်ကျင်းဝမ်းက လိင်စိတ်ဆန္ဒကြောင့် ကိုယ့်ကိုကိုယ် ကျရှုံးခံမယ့်လူမျိုးမဟုတ်ဘူး...]
[444: သူ Host တာ့တာ့ကို တစ်နေကုန် အဲ့တာ မလုပ်လို့လား? ]
[ရှဲ့ဟယ်: အပေါ်ယံကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ဘေဘီရဲ့...]
[ရှဲ့ဟယ်: ငါရဲ့ လှပတဲ့ ခန္ဓာကိုယ်ကို တွေ့နေရတာတောင် နှစ်သက်မှု 78 ပဲပေးတယ်ဆိုတော့ ငါ့အလှတရားကို စော်ကားလိုက်တာပဲ....အနည်းဆုံးတော့ 85 မှတ်လောက်ဖြစ်သင့်တာပေါ့...နင်းချီတစ်ယောက်ပဲ normal လို့ပြောလို့ရတာ...ငါသာဆို အမှတ် 90 လောက် တစ်ခါတည်း ပစ်ပေးလိုက်ပြီ]
[ 444: .....Oh! !!!]ဒါဆို Host တာ့တာ့က သူ့ကိုယ်သူ normal မဟုတ်မှန်း အသိအမှတ်ပြုလိုက်ပြီပေါ့....
နှစ်ဉီးသားကြားမှာ ပဋိပက္ခတွေမရှိတော့တာကြောင့် ဆက်ဆံရေးပိုကောင်းလာတယ်....တန့်ကျင်းဝမ်းကလဲ သူ့အပေါ် ကောင်းကောင်းဆက်ဆံပေးရှာပါတယ်....သူကလေးမဟူတ်မှန်း သတိနေတာတောင် အရင်ကထက်ပိုပြီး ဂရုစိုက်ပေးလာတယ်လေ....ရှဲ့ဟယ် လိုချင်သမျှကိုလဲ အကုန်ဖြည့်ဆည်းပေးတယ်...အချိန်လိုပိုပေးလာတယ်...အများစုက အိပ်ယာထဲမှာ ဖြစ်နေတာကတော့ တစ်မျိုးပေါ့.....
ရှဲ့ဟယ်ဘက်ကလဲ ဒါတွေကို ကောင်းကောင်းလက်ခံခဲ့တယ်....ခန္ဓာကိုယ်ချင်း ထိတွေ့ပါများလာတော့ ခံစားချက်တွေလဲ တည်ငြိမ်လာတယ်....အရင်တုန်းကဆို တန့်ကျိုးက တန့်ကျင်းဝမ်းရဲ့ သားဖြစ်ခဲ့ပေမယ့် တစ်အိမ်ထဲမှာ အတူနေကြတဲ့ သူစိမ်းတွေလိုပဲ....အခုတော့ အရင်ကထက်စာရင် ပိုရင်းနှီးလာကြပြီ......
သို့သော်လဲ ဒါတွေလောက်နဲ့တော့ တန့်ကျင်းဝမ်း သူ့ကို ချစ်မိသွားဖို့ မလုံလောက်နိုင်ပေ..... သူ့အပေါ်ထားတဲ့ တန့်ကျင်းဝမ်းရဲ့ စေတနာတွေ မြင့်မားလာတဲ့အခါ သူတို့ကြားက ဆက်ဆံရေးကို ဆင်ခြင်သုံးသပ်ဖို့ အချိန်တန်လာခဲ့ပြီ.....
တန့်ကျင်းဝမ်းက ရှဲ့ဟယ်ကို ချုပ်ချယ်မထားပေမယ့် ညဘက်အပြင်ထွက်တာမျိုးတွေ အကျင့်ပျက်စေတဲ့ နေရာမျိုးတွေကိုသွားတာမျိုးတွေကိုတော့ တားမြစ်ထားတယ်....မိန်းမတွေကိုပဲ သဘောကျတဲ့ သူဌေးသားလေးအတွက် ဒီတားမြစ်ချက်က လူမဆန်လွန်းဘူးဆိုတာ သိသာလွန်းနေတယ်....ရှဲ့ဟယ် လိမ်မာချင်ယောင်ဆောင်ပြီး အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး နေနေခဲ့တယ်...ဒါပေမယ့် မူလခန္ဓာကိုယ်ပိုင်ရှင် တန့်ကျိုးရဲ့ ဇာတ်ကောင်စရိုက်နဲ့ဆို ဒါမျိုးကို ဘယ်လိုမှ သည်းခံနိင်မှာမဟုတ်လောက်ဘူး...ဒါ့အပြင် တန့်ကျင်းဝမ်းကလဲ အရင်ကထက်ပိုပြီး အလိုလိုက်လာတယ်ဆိုတော့ ပုံစံအမှန်ကို ပြန်ပြောင်းဖို့ အချိန်တန်ပြီလေ.....
ဟိုလို နေရာတွေကို မသွားနိုင်ရင်တောင် ကျောင်းပြန်တက်လို့ရသေးတာပဲ....
တန့်ကျိုးက စောက်သုံးတစ်စက်မှမကျပေမယ့် ဉစ္စာပေါ ရုပ်ချောဆိုတော့ သူ့ကို လိုက်နေတဲ့ ကောင်မလေးတွေ အများကြီးရှိသေးတယ်....တန့်ကျိုးကလဲ ဒီ Feeling ကို သိပ်သဘောကျတယ်....ကျောင်းဆိုတာ တန့်ကျိုးအတွက်တော့ မောင်းမဆောင်ကြီးပဲလေ....
ကျောင်းထဲကို ခြေဆန့်ဖို့ ရှဲ့ဟယ် စဉ်းစားလိုက်တယ်....မိန်းမတစ်ယောက်ကို အိပ်ယာထဲမှာ မခုန်အုပ်ဘဲ rich kid တစ်ယောက်လို ထင်ရာစိုင်းပြရုံလောက်တော့ ဖြစ်ပါသေးတယ်....
ဒါ့ကြောင့် Monday နံနက်ပိုင်း တန့်ကျင်းဝမ်းအလုပ်သွားတာနဲ့ သူလဲ sport car တစ်စီးနဲ့ ကျောင်းတော်ကြီးဆီ ချီတက်သွားခဲ့တယ်....
ခွင့်မတိုင်ဘဲ ရှဲ့ဟယ် ကျောင်းပြေးနေတာ လနဲ့ချီနေပြီ.....တခြားကျောင်းသားသာဆို ကျောင်းထုတ်ခံရတာ ကြာရောပေါ့...သို့ပေမယ့် ရှဲ့ဟယ်က တစ်ခြားသူမှမဟုတ်တာ ..အဲ့တော့ အကုန်အေးဆေးပဲ....ဒါပေမယ့် စာသင်ခန်းထဲဝင် လိုက်ချိန်မှာ အတော်လေး တုန်လှုပ်သွားခဲ့ရတယ်.....
သူ့ကို မိသားစုစာရင်းကနေ ထုတ်လိုက်တဲ့သတင်းကို အထက်တန်းလွှာတွေကြားမှာပဲ ကန့်သတ်ထားတာကြောင့် အတန်းဖော်အများစုက ဒီသတင်းကို မသိကြဘူး....
ရှဲ့ဟယ် အခန်းထဲဝင်လိုက်တာနဲ့ မိန်းကလေး
အတန်းဖော် အများစုက သူ့နားမှာ ဝိုင်းအုံလာပြီး....
"ဘယ်တွေပျောက်နေတာလဲ ကျိုးကျိုးရယ်...ကျဲကျဲတို့ကို မလွမ်းဘူးလား...."
ရှဲ့ဟယ်: .........
[ရှဲ့ဟယ် : တန့်ကျိုးရဲ့ မှတ်ဉာဏ်တွေကို ယုံကြည်လိုက်မိတာ ငါ့အမှားပါ...]
[ 444: Host တာ့တာ့ မယုံဘူးလို့ပဲ ကျွန်တော်ထင်နေတာ...]
[ရှဲ့ဟယ်: .......]မဟုတ်ဘူး၊ သူ့မှာ ယုံကြည်ချက်နည်းနည်းရှိနေတုန်းပဲ။ အနည်းဆုံးတော့ တန့်ကျိုးက မိန်းမတွေနဲ့ ကစားနေတယ်လို့ပဲထင်ခဲ့တာ....မိန်းမတွေက သူ့ကိုကစားနေတယ်လို့ မထင်ခဲ့မိရုံပါ....
မျက်လုံးကနေ အစိမ်းရောင်အလင်းတန်းတွေဖြာထွက်နေတဲ့ မိန်းကလေးအုပ်စုကို ကြည့်ရတာ ကြောင်တစ်ကောင်အတွက်နဲ့ ရန်ဖြစ်ကြတော့မယ့်ပုံပဲ....ဟူးးးးးမောင်းမဆောင်ထဲက တိုက်ပွဲတွေက ခါးသီးလွန်းပါတယ်ကွာ.....
ရှဲ့ဟယ်ရဲ့ ဘယ်ဘက်လက်မောင်းကို မိန်းကလေးတစ်ယောက်က ပွေ့ဖက်ထားပြီး
"ကျိုးကျိုး....ငါ့ဘေးမှာ ထိုင်ခုံလွတ်ရှိတယ်။ ငါနဲ့ အတူလာထိုင်နော်...."
ရှဲ့ဟယ်ရဲ့ ညာဘက်လက်မောင်းကို အခြားမိန်းကလေးက လှမ်းဆွဲလိုက်ပြီး
"တန့်ကျိုး နင် ငါနဲ့ လျှောက်မလည်ဖြစ်တာ အတော်ကြာနေပြီနော်....
ရှေ့တည့်တည့်ကတစ်ယောက်ကလဲ အားကျမခံ ရှဲ့ဟယ်ရဲ့ မျက်နှာကို ကိုင်လိုက်ပြီး.....
"နင့်အသားအရေ အရမ်းကောင်းတာပဲဟယ်.....အသားရေထိန်းသိမ်းနည်း လျို့ဝှက်ချက်လေး မျှဝေစမ်းပါဉီး...."
ဒါကိုသည်းခံနိုင်လ်ို့ကတော့ သည်းမခံနိုင်လောက်တဲ့အရာဆိုတာ ရှိမှာမဟုတ်တော့ဘူး....ဒါဟာ သူဌေးသားတွေအတွက်တော့ မဟာအရှက်တော် ဝက်ဝက်ကွဲခြင်းပဲ....ရှဲ့ဟယ် ဘေးနားက မိန်းကလေးတွေကို တွန်းထုတ်လိုက်ပြီး အကြာ့်တစ်ချက်ဝင့်လိုက်ပြီး ပျင်းတိပျင်းရွဲ လေသံနဲ့....
"လမ်းဖယ်ပေးကြဉီး....ဒီနေ့တစ်နေ့လုံး ငါကနတ်ဘုရားမလေး ဟွေးဟွေးရဲ့ အပိုင်ပဲ..."
ဒီလိုပြောပြီးတာနဲ့ လူအုပ်ကြီးကို ဖြတ်ကျော်ပြီး အလှလေးဟွေးဟွေးဆီ လျှောက်သွားလိုက်တယ်...ဟွေးဟွေးက စကားကို ဘုနဲ့ဘောက်ပြောတတ်တဲ့ တစ်ဉီးတည်းသော အတန်းဖော်ပါ....
ရှဲ့ဟယ်က ဟွေးဟွေးရဲ့ ဘေးမှာ ထိုင်နေတဲ့ကောင်လေးကို အေးစက်စက်နဲ့ အမိန့်ပေးလိုက်တယ်....
"ဖယ်ပေးစမ်း..."
ကျောင်းသားလေး"..........."
ရန်ဟွေးဟွေး:" ဖယ်ပေးစရာမလိုဘူး..."
ကျောင်းသားလေး:"......... "ငါလေးက အပြစ်ကင်းသူလေးပါနော်....
စိတ်မရှည်တော့တဲ့ ရှဲ့ဟယ်က ကျောင်းသားလေးကို ဂုတ်ကနေဆွဲပြီး....
"ထွက်သွားစမ်း...."
ပြီးတာနဲ့ ရန်ဟွေးဟွေးရဲ့ ဘေးမှာ ဝင်ထိုင်ပြီး ပြုံးပြလိုက်တယ်....
"မတွေ့တာကြာပြီနော်..."
တွန်းထုတ်ခံရလို့ လဲကျသွားတဲ့ ကျောင်းသားလေးခင်မျာ အသံထွက်ပြီး ဆဲမိတော့မတတ်ပဲ....သို့သေပေမယ့် တမူထူးကဲပြီး ကျော့ရှင်းလှပတဲ့ ရန်ဟွေးဟွေးကို ပြိုင်ဘက်ကင်းအလှလေး ရှဲ့ဟယ်နဲ့ တွဲဖက်ပြီးမြင်လိုက်ရတော့.....
ကောင်းပြီ....ဒေါသထွက်ပြနေလို့လဲ အကျိုးမထူးတော့ဘူး....
ကျောင်းသားလေးခင်မျာ စာအုပ်တွေကောက်သိမ်းပြီး တခြားနေရာမှာ သွားထိုင်နေလိုက်တော့တယ်....
ရန်ဟွေးဟွေးက ရှဲ့ဟယ်ကို ပလစ်ထားတယ်...
ဒီလိုပြသာနာမျိုးဆိုတာ အလုပ်သင်လက်သစ်လေးတွေရဲ့ အခက်အခဲထက်တောင် ပိုလွယ်သေးတယ်....
"ဒီနေ့ မင်းဝတ်ထားတဲ့စကတ်က ကြည့်ကောင်းတယ်နော်...."
ရန်ဟွေးဟွေးကတော့ မတုန်မလှုပ်တည်ငြိမ်နေဆဲပင်...
"ဒါပေမယ့် ဒီစကတ်က မင်းကိုယ်ပေါ်ရောက်သွားတော့ ဖြန်းတီးပစ်သလိုဖြစ်သွားတယ်.."
နောက်ဆုံးတော့ ရန်ဟွေးဟွေး ရှဲ့ဟယ်ကို လှည့်ကြည့်ပါပြီ....
ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းထောင့်တွေ မြင့်တင်လာတယ်.... သူမရဲ့ အလှတရားမှာ မှင်သက်နေသူတစ်ဉီးလို ရှဲ့ဟယ် ပြန်ကြည့်ပေးလိုက်တယ်...
"အကုန်လုံးရဲ့ အကြည့်တွေက မင်းမျက်နှာလေးပေါ်မှာပဲ ရှိနေတော့ ဘယ်သူမှ ဒီကတ်ကို သတိထားမိမှာမဟုတ်ဘူး..."
ရန်ဟွေးဟွေး:". ......"
ပွဲကြည့်ပုရိတ်သတ်အပေါင်းရဲ့ စိတ်ထဲမှာတော့ WTF လို့သာ အော်ဟစ်နေကြတယ်...ကျိုးကျိုးတစ်ယောက် လအနဘ်းငယ်လောက်ကျောင်းပြေးပြီး ပြန်ပေါ်လာပြန်တော့လဲ ဖလစ်နည်းအသစ်တွေနဲ့ပါလား....
ရန်ဟွေးဟွေးတစ်ယောက် အပြုံးတွေကို အပြည့်အဝအဖိနှိပ်ထားနိုင်တော့ပေ..." ဟွန့် "ကနဲ့အသံပေးပြီး ရှဲ့ဟယ်ကို အာရုံစိုက်နေခြင်းကို ရပ်တန့်လိုက်တယ်....
ရှဲ့ဟယ် ဒါကို စိတ်မရှိပါဘူး...ပိုက်ဆံမပေးရတိုင်း ချိုသာတဲ့စကားတွေကို တလဆက်ပစ်လွှတ်နေလိုက်တယ်...ဒါ့အပြင် သူ့အမူအရာကလဲ ပကတိရိုးသားဖြူစင်နေတယ်...နောက်ဆုံးတော့ ရန်ဟွေးဟွေးတစ်ယောက် မနေနိူင်တော့တာနဲ့...
"နင် စာသင်တာကို အာရုံမစိုက်ဘူးလား..."
ရှဲ့ဟယ် ခေါင်းခါပြလိုက်ပြီး...
"နင့်အတွက်ကြောင်သြာ မဟုတ်ရင် ဒီလိုခေါင်းပြောင်ကြီးရဲ့ အတန်းချိန်ကို လာမတက်ဘူး..."
ရန်ဟွေးဟွေးတစ်ယောက် speechless ဖြစ်ပြီးကျန်ခဲ့တယ်....
အတန်းချိန်ပြီးတာနဲ့ နာမည်ကျော် ရေခဲတုံးအလှလေးတစ်ယောက် ရှဲ့ဟယ်ရဲ့ စနောက်မှုတွေကြောင့် မျက်နှာတစ်ခုလုံးနီမြန်းပြီး ပြေးထွက်သွားပါလေရော....
ကျန်တဲ့အတန်းသားတွေအကုန်လုံး ရှဲ့ဟယ်ကို လေးစားတဲ့အကြည့်တွေနဲ့ ကြည့်နေကြတယ်...ကောင်မလေးတွေရဲ့ မျက်ဝန်းတွေ တောက်ပလာကြတယ်....
ကျိုးကျိုးကတော့ ကျိုးကျိုးပါပဲ...ပိုပြီးတော့တောင်ချစ်ဖို့ကောင်းလာသေးတယ်...ဘယ်လိုလုပ်ရမလဲ...ငါတို့လဲ ကျိုးကျိုးဆီကနေ စနောက်ခံချင်တယ်လေဟယ်....ကျိုးကျိုးဆီကနေ နောက်ပြောင်ကျီစယ်ခံရဖို့ ဘာလုပ်ရမလဲ....ပိုပိုပြီးတောင် ကျိုးကျိုးကို သဘောကျလာပြီ...ဘာလုပ်သင့်လဲ...
ရှဲ့ဟယ် စာသင်ခန်းထဲကနေ ဖြည်းဖြည်းချင်း ပြန်ထွက်လာခဲ့တယ်...
[ ရှဲ့ဟယ်: ရုပ်ရည်ကိုပဲ ကြည့်တတ်ကြတဲ့ ရေပေါ်ဆီအမျိုးသမီးတွေပဲ....]
[444:ခေါင်းညိတ် ခေါင်းညိတ် ခေါင်းညိတ်...]
[ရှဲ့ဟယ်:ဒါပေမယ့်လဲ ငါသူတို့ကို သဘောကျသေးတယ်....]
[444:. ...] ကံကောင်းလိုက်တာ...နားလာ်လက်ခံဖို့ မခက်ခဲတော့ဘူး....
ကျေနပ်နေတာကြောင့် ရှဲ့ဟယ်ရဲ့ မျက်လုံးထောင့်လေးမှာ အပြုံးတွေ တွဲခိုနေတယ်...သူတစ်ဖက်ကိုလှည့်လိုက်တော့ အသံတိတ်စောင့်ဆိုင်းနေတဲ့ နင်းချီကို မြင်လိုက်ရတယ်...
နင်းချီကို မြင်တာနဲ့ အပြုံးတွေ ပျောက်ကွယ်သွားပြီး ရွံရှာတဲ့ အမူအရာတွေအစားထိုးဝင်ရောက်လာပြီး ချက်ချင်းလှည့်ပြန်ဖို့ဘပြင်လိုက်တယ်....
နင်းချီရဲ့ အမူအရာကလဲ ဝေခွဲမရဖြစ်နေတယ်..တန့်ကျိုးနဲ့ တွေ့ဖြစ်ဖို့ မလွယ်ကူတာကြောင့် လွယ်လွယ်လွှတ်မပေးနိုင်ဘူး...ခြေလှမ်းကျဲကြီးတွေနဲ့ ရှဲ့ဟယ်ဆီ ပြေးသွားလိုက်ပြီး လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်တယ်....
"ရှောင်ကျိုး...."
"လွှတ်ပေးစမ်း...."
ရှဲ့ဟယ်မပျော်တော့ဘူး....
နင်းချီရဲ့ မျက်ဝန်းတွေထဲမှာ နာကျင်မှုအရိပ်အယောင်တွေမြင်နေရတယ်...
"လွှတ်ပေးမယ်...ဟိုနားမှာ စကားသွားပြောကြမယ်..."
ရှဲ့ဟယ် ခေါင်းခါလိုက်ပြီး....
"မသွားဘူး.."
နင်းချီဘက်က အားအများကြီးမသုံးတာတောင် ရှဲ့ဟယ်လွှတ်အောင် မရုန်းနိုင်ခဲ့ပေ...နောက်ဆုံးမှာတော့ ထောင့်တစ်ခုဆီ ဆွဲခေါ်သွားခြင်းခံလိုက်ရတော့တာပါပဲ....
နင်းချီက ရှဲ့ဟယ်ရဲ့ လက်မောင်းကို အသေဆုပ်ကိုင်ထားပြီး....
"ကိုယ့်ကို အပြစ်တင်နေတုန်းပဲလား ရှောင်ကျိုး..."
"ထွီ.....ပွဲလန့်တုန်း ဖျာဝင်ခင်းချင် ကြောင်သူတော်လိုလူစား...."
". ....."
နင်းချီ စိတ်အေးအေးထားဖို့ ကြိုးစားနေတယ်...တန့်ကျိုးအကြောင်း သူကောင်းကောင်းသိတယ်...ဒါဆိုတာ အခုမှကြုံတွေ့ဖူးတာမှမဟုတ်တာ...နင်းချီ လေအေးတစ်သုတ် ရှိုက်သွင်းလိုက်ပြီး....
"အဲ့နေ့တုန်းက လုပ်ရပ်အတွက် တောင်းပန်ချင်နေတာပါ...ဒါပေမယ့် ကိုယ်မင်းကို သဘောကျတယ်ဆိုတာကတော့ တကယ်ပါ....မင်း နားလည်ဖို့ မျှော်လင့်ပါတယ်..."
"ခင်ဗျားက ကျွန်တော့်မျက်နှာကိုပဲ သဘောကျတာ...တောင်းပန်တယ်ဆိုတာကလဲ ကျွန်တော့်အဖေကြောင့် မလား..."
နင်းချီအံ့သြသွားတယ်..မတွေ့ဖြစ်တဲ့အတောအတွင်း ဒီကောင်လေးရဲ့ နားလည်နိူင်စွမ်းတွေ မြင့်မားလာပြီပဲ...ဘာအတွက်ကြောင့်များ အခုလောက်ထိပြောင်းလဲသွားတာပါလိမ့်.....
"မင်းမျက်နှာကို မကြိုက်ဘူးလို့ပြောရင်ရော မင်း ယုံမှာလား....ဒါပေမယ့်လဲ ကိုယ် မင်းကို တကယ်သဘောကျတယ်....တန့်ကျင်းဝမ်း မရှိရင်လဲ ကိုယ်မင်းကို နာကျင်အောင်မလုပ်ပါဘူး....မင်းဘက်က ဒါကို သံသယဖြစ်စရာမလိုဘူး...."
"အဲ့တုန်းက ကိုယ် ဒေါသထွက်နေလို့ပါ...ဒါပေမယ့် မင်းကို ကာကွယ်ပါ့မယ်လို့ပြောခဲ့တာကတော့ အတည်ပါကွာ....ကိုယ် မင်းကို ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ...ကိုယ်က မင်းပြောသလို လူစားမျိုးဆို ကျောက်လင်းတို့ မင်းကိုဆက်ဆံသလို ဆက်ဆံခဲ့မှာပေါ့...ဒါပေမယ့် ကိုယ် မလုပ်ခဲ့ဘူး...ဘာ့ကြောင့်ဆိုတာ တွေးကြည့်ဖူးလား...."
ကျောက်လင်းရဲ့နာမည် ကိုကြားတော့ ရှဲ့ဟယ်ရဲ့ မျက်ဝန်းထဲမှာ ဒေါသအရိပ်အယောင်တွေထွက်ပေါ်လာတယ်....
မည်သို့ပင်ဆိုစေကာမူ နင်းချီရဲ့စကားတွေကျိုးကြောင်းဆီလျော်ပုံပေါက်နေတယ်လေ....
"ဒါပေမယ့် ခင်ဗျား...ကျွန်တော့်ကို
ကို အတင်းနမ်းတယ်..."
ရှဲ့ဟယ် တစ်ဖက်ကိုလှည့်လိုက်တဲ့အခါ နားရွက်တစ်ခုလုံးနီမြန်းနေတယ်....
ဒီကောင်လေး တကယ်ချစ်ဖို့ကောင်းတာပဲလို့ နင်းချီတွေးလိုက်မိတော့ မသိမသာ သက်ပြင်းချလိုက်မိတယ်....
" တောင်းပန်ပါတယ်... အဲ့တုန်းက ခံစားချက်တွေ တောက်လောင်နေတော့ မထိန်းလိုက်နိုင်ဘူး...."
ရှဲ့ဟယ် ယောက်ကျားတွေကို တကယ်သဘောမကျတာပါ...ဒါပေမယ့် နင်းချီက သူ့ကို နာကျင်အောင်မလုပ်ဖူးတဲ့အပြင် တိတ်တိတ်လေး ကြိတ်ကြိုက်နေခဲ့တဲ့အတွက် သိပ်တော့ရွံရှာစက်ဆုပ်စရာမကောင်းတော့သလိုပဲ...ဒါပေမယ့်လဲ သူမှ နင်းချီကိုမကြိုက်တာ...
"အင်း...ကျွန်တော်သိပြဆိုတော့ သွားလို့ရပြီလား...."
"ရှောင်ကျိုး…"
နင်းချီက တဖြည်းဖြည်း တိုးကပ်သွားပြီး ကောင်လေးကို စိုက်ကြည့်နေတယ်....နာကျင်မှုနဲ့ အသံတိတ်သည်းခံနိုင်စွမ်းတွေ
သူ့မျက်ဝန်းတွေထဲကနေ ထွက်ပေါ်လာပြီး
"ကိုယ့်ကို မမုန်းလိုက်ပါနဲ့ နော်? မင်းရဲ့ စီနီယာဖြစ်ခွင့်ရှိဉီးမလား..."
"ခင်ဗျားကို မယုံတော့ဘူး.... "
ဆက်မနေချင်တော့တာကြောင့် ရှဲ့ဟယ် လှည့်ပြန်ဖို့ပြင်လိုက်တယ်....
နင်းချီ လှမ်းဆွဲလိုက်တာကြောင့် ရှဲ့ဟယ်ဝတ်ထားတဲ့ T shirt က ပခုံးအထိလျောကျသွားပြီး ညှပ်ရိုးလှလှလေးပေါ်က ခရမ်းရောင်အမှတ်တွေကို အတိုင်းသားမြင်နေရတယ်....
နင်းချီရဲ့ အမူအရာတွေ တမဟုတ်ချင်း ပြောင်းလဲသွားပါပြီ.....
ရှဲ့ဟယ်က နင်းချီရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး အင်းကျီကို အတင်းအကြပ်ဆွဲစိနေတယ်...မျက်ဝန်းတွေထဲမှာလဲ စိုးရိမ်ထိတ်လန့်မှုတွေက ပေါ်လိုက်ပျောက်လိုက်နဲ့....
ဒီတစ်ခါတော့ နင်းချီရဲ့ လှုပ်ရှားမှုက ပိုပြီးတော့တောင် မြန်ဆန်သေးတယ်...ကောင်လေးကို သူဘက်ရောက်အောင် ဆွဲခေါ်လိုက်တယ်....ဒီအမှတ်ကအသားတွေကို တစ်ချက်ကြည့်ရုံနဲ့ ယောက်ကျားတစ်ကြောင့်ရလာတဲ့အမှတ်အသားတွေမှန်း သိသာလွန်းတယ်...ဒါ့အပြင် အဲ့ဒီ့ယောက်ကျားကလဲ တကယ်ကို ကြမ်းတမ်းသူပဲ ဖြစ်ရမယ်....
သူ့အသက်ရှူသံတွေ ပြင်းထန်လာပြီး မျက်လုံးတွေလဲ မှောင်မိုက်လာတယ်...သူ ကောင်လေးကို စိုက်ကြည့်ကာ တုန်လှုပ်နေတဲ့ အသံကို ထိန်းပြီး
"ဒါတွေက ဘာတွေလဲ"
လူသိမခံချင်ဆုံးသော လျို့ဝှက်ချက်ကြီး ပေါက်ကြားသွားတဲ့အတွက် ရှဲ့ဟယ် တကိုယ်လုံးတုန်ရီနေပြီ....ဒါဟာဒေါသကြောင့်ရော ကြောက်နေတာကြောင့်လဲ ဖြစ်နိုင်တာပဲ....ဟန်ကိုယ်ဖို့အမူအရာနဲ့ နင်းချီကို ခပ်တင်းတင်းပြန်ကြည့်လိုက်ပြီး...
" ခင်ဗျားအလုပ်မဟုတ်ဘူး...လွှတ်ပေးစမ်းပါ..."
ဒါက နင်းချီကို ပိုပြီး အတွေးပွားစေခဲ့တယ်....အဲ့နေ့တုန်းက ကောင်လေးရဲ့ ထိတ်လန့်နေမှုနဲ့ ဒီကနေ မြင်လိုက်ရတာတွေက အဆက်အစပ်ရှိနေပုံပဲ....ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး....ဒါပေမယ့် ဆင်ခြင်တုံတရားကို အမိုက်ဒေါသဖုံးသွားလို့ မဖြစ်ချေသေးဘူး....ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက အပြစ်ကင်းပြီးဖြူစင်တယ်....ဒီထက်ပိုပြီး ဝေးသွားလို့မဖြစ်တော့ဘူး....ဒါ့ကြောင့် ပျော့ပြောင်းညှင်သာတဲ့အသံအနေအထားတဲ့ မေးလိုက်တယ်....
"မင်းကို ဘယ်သူဖိအားပေးခဲ့တာလဲ..."
နင်းချီရဲ့ အကြည့်တွေကို ရှောင်တိမ်းနေတဲ့ ရှဲ့ဟယ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားတဲ့အပြင် မျက်နှာတစ်ခုလုံးကလဲ ဖြူဖျော့နေတယ်....
ကောင်လေးကို ဒီလိုပုံစံနဲ့မြင်လိုက်ရတော့ နင်းချီရဲ့ နှလုံးသားထဲမှာ နူးညံ့ချိုသာမှုတွေ ပြည့်လျှံလာတယ်....အမျက်ဒေါသကို အနိုင်နိုင်ဖိနှိပ်ပြီး အနူးညံ့ဆုံးလေသံနဲ့ ထပ်မေးလိုက်တယ်....
"ပြောပြပါ...ကိုယ်မင်းကို ကူညီနိုင်အောင် ပြောပြပါ..."
ရှဲ့ဟယ် သူ့ကို ပြန်ကြည့်လိုက်တယ်...လှပတဲ့
မျက်ဝန်းတွေထဲမှာ အလင်းတန်းတစ်ချက်ဖြတ်ပြေးသွားပြီး တခဏချင်းကွယ်ပျောက်သွားပြန်တယ်....
"ခင်ဗျားရဲ့ အကူအညီမလိုဘူး... "
နင်းချီ သူ့ကို စူးစိုက်ကြည့်နေလိုက်ပြီး...
"ဘာလို့လဲ ...ကိုယ် ကူညီနိူင်တယ်ဆိုတာ မယုံလို့လား...."
ရှဲ့ဟယ် နှုတ်ခမ်းကိုက်လိုက်ပြီး...
"ဘာကြောင့်ဆိုတာမျိုး မရှိဘူး....ကျွန်တော့်ကို လွှတ်ပေးတော့...."
နောက်ဆုံးတော့လဲ ဒီကောင်လေးကို နင်းချီ မလွန်ဆန်နိုင်ခဲ့ပါဘူး....ဒါပေမယ့် ဒီကိစ္စကို အောက်ခြေအထိ သေချာစုံစမ်းဖို့ တိတ်တဆိတ်ဆုံးဖြတ်လိုက်ပြီ.....ဒီကောင်လေးကို နာကျင်အောင် လုပ်သူတိုင်းကို ခွင့်မလွှတ်နိုင်ဘူး.....
နောက်ဆုံးမှာတော့ ကောင်လေးကို ဖြည်းဖြည်းချင်း လက်လွှတ်ပေးလိုက်တယ်...သူ့ဆီကနေ အသည်းအသန်ထွက်ပြေးချင်နေတဲ့ ကောင်လေးကို မေးခွန်းတစ်ခုမေးလိုက်မိတယ်...
"ဒါတွေကို တန့်ကျင်းဝမ်း သိလား..."
အကယ်၍ တန့်ကျင်းဝမ်း သာသိရင် ဒါမျိုးကို ဒီအတိုင်းကြည့်နေမှာလား....
ရှဲ့ဟယ် တောင့်တင်းသွားပေမယ့် ပြန်မဖြေဘဲ အမြန်ဆုံးနည်းနဲ့ ပြေးထွက်လာခဲ့တယ်....
.......................................
ရှဲ့ဟယ် အိမ်ပြန်ရောက်တဲ့အထိ တန့်ကျင်းဝမ်း ပြန်မလာသေးဘူး....
[444: Host တာ့တာ့ ဘာလို့ ဒီနေ့အပြင်သွားတာလဲဟင်...]
[ရှဲ့ဟယ် : အကြောင်းပြချက်ရှိမှ အပြင်ထွက်ရမှာလား...ဒီအတိုင်း ပျော်ချင်လို့ရော မရဘူးလား...]
[ 444:...... ]
[ရှဲ့ဟယ် : မင်းငါ့ကို မယုံတော့ပြန်ဘူးလား...]
[444: 😒]
[ရှဲ့ဟယ် : ခဏလေးပဲစောင့်....မကြာခင် တန့်ကျင်းဝမ်း ပြန်လာတော့မယ်....]
တန့်ကျင်းဝမ်း အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ အိပ်ပြီး game ဆော့နေတဲ့ကောင်လေးကို မြင်လိုက်ရတယ်...တံခါးဖွင့်သံ ကြားတာနဲ့ ကောင်လေးက ဆော့နေလက်စကို ပစ်ထားလိုက်ပြီး တောက်ပတဲ့အပြုံးတွေနဲ့ ကြိုဆိုနေတယ်...
"Daddy ပြန်လာပြီ..."
တန့်ကျင်းဝမ်းဘက်က ဘာမှ မတုံ့ပြန်ခဲ့ပေ....ဒီကောင်လေးက သိပ်ကိုရိုးရှင်းလွန်းတယ်...ဘယ်လောက်ပဲ နာကျင်အောင်လုပ်လုပ် နည်းနည်းလောက်ကြင်နာပြလိုက် ပြုံးပြလိုက်တာနဲ့ ခွေးပေါက်လေးလို ခြေထောက်ကြားမှာ ပတ်ပြေးနေတော့တာပဲ....
ဒီလိုကောင်လေးမျိုးကို ဘယ်မုန်းနိုင်ပါ့လဲ...ဒါ့အပြင် ဒီကောင်လေး သူ့အပေါ်မှီခိုအားထားပြီး ကြည်ညိုလေးစားနေတာကိုလဲ သူ တကယ်သဘောကျတယ်....
တန့်ကျိုးကို စောင့်ကြည့်ခိုင်းထားတဲ့လူတွေဆီက ပြန်ကြားရတဲ့ ကျောင်းက အဖြစ်အပျက်တွေကြောင့် တန့်ကျင်းဝမ်း စိတ်မကြည်တော့ဘူး....ဒီကောင်လေး သူ့အပိုင်ဖြစ်သွားပြီးကတည်းက မိန်းမလိုက်စားဖို့ အပြင်မထွက်သင့်တော့ဘူး....ရှင်းရှင်းပြောရရင် ဘယ်သူ့ကိုမှ မမက်မောသင့်တော့ဘူး....ဒီကောင်လေးက တစ်ခြားတစ်ယောက်နဲ့ သက်ဆိုင်သွားရင်ဆိုတာမျိုးတွေးမိလိုက်ရုံနဲ့တင် စိတ်ကသိကအောက်ဖြစ်လာရော....
ဒီကောင်လေးက သူ့အတွက်ပဲ ဖြစ်ရမယ်...
တန့်ကျင်းဝမ်းက အပေါ်ဝတ် ကုတ်အင်းကျီကို အိမ်အကူတစ်ယောက်ဆီလှမ်းပေးလိုက်ပြီး ကောင်လေးရဲ့ မေးစေ့ကို ပင့်လိုက်တယ်...
"မင်း ဒီနေ့ ကျောင်းသွားတယ်ဆို..."
ရှဲ့ဟယ် ခေါင်းမော့လိုက်တယ်...တန့်ကျင်းဝမ်းရှေ့မှာ အမြဲတမ်း ချစ်ဖို့ကောင်းနေရမယ်လေ....
"ဟုတ် Daddy. .."
"ရုတ်တရက်ကြီး ဘာလို့ကျောင်းတက်ချင်ရတာလဲ..."
စာသင်ရတာ ဒီလောက်မုန်းတဲ့ ကောင်လေးက ရုတ်တရက်ကြီး ကျောင်းသွားတက်တယ်တဲ့....ဒီကိစ္စကို သေချာရှင်းရမယ်...
"ကျွန်တော်... Daddy မျက်နှာမပျက်ရအောင် စာကောင်းကောင်းသင်ပါ့မယ်..."
"တကယ်လား...??"
ရှဲ့ဟယ် အင်တိုက်အားတိုက် ခေါင်းညိတ်ပြလိုက်တယ်....
ဟမ့်...ရယ်နေပေမယ့်လဲ တန့်ကျင်းဝမ်းရဲ့ အကြည့်တွေက အေးစက်နေတယ်... ကောင်လေးရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး...
"မင်းနဲ့ နင်းမိသားစုက သခင်လေးတို့က သိပ်ရင်းနှီးကြတာပဲလား...ဟမ်"
နင်းချီရဲ့ နာမည်ကို ကြားတော့ ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ ရှုပ်ထွေးတဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာတယ်...ခဏလောက် တုံ့ဆိုင်းနေပြီးမှ....
"ဟုတ်....စီနီယာက ကျွန်တော့်ကို ဂရုစိုက်ပေးတယ်...."
တန့်ကျင်းဝမ်းပြုံးနေပေမယ့် မျက်ဝန်းတွေကတော့ အသက်မဲ့နေတယ်....
"မင်းတို့က ညဝတ်အင်းကျီ ယူဝတ်ပြီး တစ်ကုတင်ထဲ အတူအိပ်တဲ့အထိ ရင်းနှီးကြတာ
လား...."
ဒီကောင်လေး သူစိမ်းယောက်ကျားတစ်ယောက်ရဲ့ ညဝတ်အင်းကျီကို ဝတ်ထားတဲ့ မြင်ကွင်းက သူ့အတွက်တော့ အဆိပ်ဆူးတစ်ခုလိုပါပဲ....သူ စုံစမ်းကြည့်လိုက်တော့ ဘာမှမဖြစ်ခဲ့မှန်း သိရတဲ့အပြင် နင်းမိသားစုနဲ့လဲ ရန်ညိုးမဖွဲ့ချင်လို့သူ လျှော့ပေးလိုက်တာ...နို့မို့ဆို ဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူး....
ဒါပေမယ့် နင်းချီဘက်က သူ့ (တန့်ကျင်းဝမ်း) ကောင်လေးကို မက်မောနေဉီးမယ်ဆို အရင်တစ်ခေါက်ကလို လွယ်လွယ်နဲ့ အလျှော့မပေးနိုင်တော့ဘူး....
ရှဲ့ဟယ် ထိတ်လန့်တကြားပြန်ကြည့်လိုက်တယ်....အစတုန်းကတော့ ဒါကို ဘာမှမဟုတ်ဘူးလို့ပဲ ထင်ထားခဲ့တာ...ဒါပေမယ့် တန့်ကျင်းဝမ်းရဲ့ သင်ခန်းစာတွေရယ် နင်းချီရဲ့ ဖွင့်ဟဝန်ခံမှုတွေရယ်ကို ကြုံတွေ့ပြီးချိန်မှာ အရင်ကထက်ပိုပြီး sensitive ဖြစ်လာတယ်...
တန့်ကျင်းဝမ်း မကျေမနပ်ဖြစ်နေမှန်း သိတာကြောင့် အမြန်ပြန်ဖြေလိုက်တယ်....
"သူနဲ့ ကျွန်တော့်ကြားမှာ ဘာမှမရှိပါဘူး..."
"ဒီကောင် ယောက်ကျားတွေကို သဘောကျတာ မင်းမသိဘူးလား..."
တန့်ကျင်းဝမ်း ခပ်ထေ့ထေ့ရယ်မောနေတယ်...ဒီရယ်သံကြောင့် ရှဲ့ဟယ် တစ်ကိုယ်လုံးတုန်ရီနေပြီ....
"ကျွန်တော် မသိဘူး...ကျွန်တော်မသိဘူး...."
တန့်ကျင်းဝမ်းက လက်ကို ဆန့်ထုတ်လိုက်ပြီး ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းကို ဖိထားတယ်...
"လိမ်ပြောတတ်တဲ့ကလေးဆိုးတွေ အပြစ်ပေးခံရတတ်တယ်..."
ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ ကြောက်ရွံမှုတွေ ပြည့်လျှံနေတယ်.... Daddy သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပေမယ့် ကြောက်စရာကောင်းတဲ့ အမှတ်တရတွေကိုမမေ့နိူင်သေးဘူး....
သူ့မျက်လုံးတွေ နီရဲလာပြီး အသံတွေလဲ တုန်နေတယ်....
"အရင်တုန်းက မသိခဲ့ဘူး...သူနဲ့ကျွန်တော် ဘာမှမဖြစ်ခဲ့ဘူး....ပြီးတော့ ကျွန်တော် သူ့ကို မကြိုက်ဘူး..."
"ဟုတ်လား...."
ရှဲ့ဟယ်က တန့်ကျင်းဝမ်း သူ့ကိုမယုံမှစိုးတဲ့အတွက် မိုးကောင်းကင်ကိုတောင် တိုင်တည်ပြီး ကျိန်ဆိုပြချင်နေပြီ....
"ဟုတ်တယ်...ကျွန်တော် ယောက်ကျားတွေကို မကြိုက်ဘူး...."
တန့်ကျင်းဝမ်းရဲ့ အမူအရာတွေ ပိုပြီး
အေးစက်လာတယ်....
"အဲ့တော့ မင်းက ရန်ဟွေးဟွေးလို မိန်းမမျိုးကို ကြိုက်တယ်ပေါ့...."
တန့်ကျင်းဝမ်းရဲ့ ရေခဲတမျှအေးစက်နေတဲ့ လေသံကြောင့် ရှဲ့ဟယ် ကြောက်လန့်ပြီး တစ်သံမျှမထွက်ရဲတော့ပေ....
ဒါကိုမြင်တော့ တန့်ကျင်းဝမ်းရဲ့ နှလုံးသားထဲမှာ မီးတောက်နေသလိုခံစားနေရပြီး စိတ်မကောင်းဖြစ်နေခဲ့တယ်...သူဘာ့ကြောင့် ဒီလိုတွေခံစားနေရလဲ နားမလည်နိုင်တော့ဘူး...ဒီကောင်လေး ယောက်ကျားတွေက မကြိုက်ဘူး...သူ့ကိုကျတော့ အမြဲတမ်း ယုံကြည်ကိုးစားပြီး ကြည်ညိုတဲ့အကြည့်နဲ့ပဲ ကြည့်နေတယ်....ဒါကလဲ သူ့ကို အဖေတစ်ယောက်အဖြစ်သတ်မှတ်ထားလို့ပဲလေ....
ဒီကိစ္စကို တရေးတယူလုပ်ပြီး ဂရုစိုက်ရမယ်လို့ တစ်ခါမှတွေးနထားခဲ့မိဘူး....
[ တင်းတောင်...တန့်ကျင်းဝမ်းရဲ့ နှစ်သက်မှု 2 မှတ် ထပ်တိုးပါတယ်...စုစုပေါင်း 80 ရှိနေပါပြီ... ]
ရှဲ့ဟယ်က မဝံ့မရဲဖြစ်နေဟန်နဲ့ ငေးကြည့်နေတယ်...တန့်ကျင်းဝမ်းဘာကြောင့် ဒေါသထွက်နေမှန်း မသိတော့ သူ့ရဲ့ လှပတဲ့ မျက်ဝန်းတွေစိုစွတ်လာတယ်....နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ပြီး....
"Daddy. ...."
တန့်ကျင်းဝမ်း မျက်မှောင်ကျုံ့လိုက်ပြီး ကောင်လေးကို အေးစက်စွာ စိုက်ကြည့်နေလိုက်တယ်...
"Daddy "ဆိုတဲ့ ခေါ်သံက ဒီအချိန်မှာ အတော်လေးနားဝင်ဆိုးနေတယ်....သူ ဒီကောင်လေးရဲ့ အဖေ မဖြစ်ချင်ဘူး...ဒါကို ဒီကောင်လေး ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး....ဘယ်လောက်ပဲ နိုင်လိုမင်းထက် ပြုမူဆက်ဆံပြီး Sir လို့ ခေါ်ခိုင်းနေပါစေ ..ဒီကောင်လေး ရဲ့ ခန္ဓာကိုယ်က သူ့ကို ဘယ်လောက်ပဲ နှစ်သက်လက်ခံနေပါစေ...ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး....
ဒီအကြည့်တွေက သားတစ်ယောက်က အဖေတစ်ယောက်ကို ကြည့်တဲ့ အကြည့်တွေပဲ....
သူတကယ် မပျော်တော့ဘူး....အလွန့်အလွန်ကို စိတ်မချမ်းမသာဖြစ်နေပြီ....
တန့်ကျင်းဝမ်း ကောင်လေးကို ညှင်ညှင်သာသာလေးနမ်းလိုက်တယ်....တစ်စုံတစ်ယောက်ကြောင့်
တောင့်တမှု၊ မြတ်နိုးမှု၊ မနာလိုမှု၊အမျက်ဒေါသအစရှိတဲ့ခံစားချက်တွေကို မခံစားစခဲ့ရတာ ကြာပါပြီ....
သူက အမြဲတမ်း ခေါင်းအေးအေးထားတတ်တဲ့ဆင်ခြင်တုံတရားရှိတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူ ပိုင်းခြားစိတ်ဖြာတတ်သူပါ... ဒီအချိန်မှာ သူ့နှလုံးသား တုန်ခါနေပြီ....
ကောင်လေးကို ချစ်တယ်လို့ မယုံကြည်ပေမယ့် ကောင်လေးက သူ့အတွက် ရိုးရိုးရှင်းရှင်း ကစားစရာတစ်ခုထက်တော့ သာလွန်ပါတယ်....
ဒီကောင်လေးရဲ့ ကိုယ်ခန္ဓာရော စိတ်နှလုံးသားကိုပါ အပြည့်အဝ အပိုင်ရချင်ပါတယ်...
"ငါ့ကို Daddy လို့မခေါ်နဲ့...."
" Sir. ."
ရှဲ့ဟယ် ချက်ချင်းဆိုသလို အခေါ်အဝေါ်တွေ ပြင်လိုက်တယ်... နာခံတတ်ဖို့ သင်ယူခဲ့ရဖဓတယ်လေ...ခံစားရတာသက်သာအောင်တော့ နာခံပြရမှာပဲ....
ကောင်လေးရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တော့ ရိုသေမှုအပြင် အကြောက်တရားတွေကိုပါ တွေ့မြင်နေရတယ်...ဒီကောင်လေး သူ့ကို Daddy လို့ ထပ်မခေါ်တော့တာသေချာပေမယ့် သူ မကျေနပ်နိူင်သေးဘူး...ဘာ့ကြောင့်ဆိုတော့ ကောင်လေးဘက်က မရိုးသားဘူးလေ...ဒါတွေအကုန်လုံးက ခြိမ်းခြောက်ခံရလို့ နာခံပြနေတာတွေပဲ....
အရင်တုန်းကတော့ ဒါတွေကို ဂရုမစိုက်ခဲ့ဘူး...ဘာပဲဖြစ်ဖြစ် နာခံတတ်ရင်ရပြီ...ဒါပေမယ့်လဲ ဒီထက့်ပိုပြီး လိုချင်သေးတယ်...
"မင်းက ငါ့အပိုင်ပဲ..နားလည်လား..."
"ကျွန်တော် နားလည်ပါတယ်..."
တန့်ကျင်းဝမ်းက ခေါင်းခါလိုက်ပြီး ကြောက်စရာကောင်းတဲ့ အပြုံးတွေပြုံးနေတယ်...
"မင်း နားမလည်ပါဘူး..."
ရှဲ့ဟယ် သတိအနေအထားနဲ့ ပြန်ကြည့်လိုက်တယ်...တန့်ကျင်းဝမ်း ဒီလိုပြောရခြင်းရဲ့နောက်မှာ ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ကပ်ပါလာတတ်တယ်လေ....
သူ ထိတ်လန့်တကြား တုန်လှုပ်သွားပြီး စိတ်အားထက်သန်မှု သယ်ဆောင်လာတဲ့ အသံနဲ့
“နားလည်ပါတယ်! နားလည်ပါတယ်!"
"အိုးးး? ?? ဘာတွေနားလည်တာလဲ...ပြောပြစမ်းပါဉီး...."
ရှဲ့ဟယ် က ဒီကိစ္စကို သေချာစဉ်းစားပြီး သတိထားပြီး ပြောလိုက်တယ်....
"ကျွန်တော်က Sir ရဲ့ အပိုင်ပါ..."
"ပြီးတော့ရော..."
" Sir စကားကို နားထောင် ပါ့မယ်..."
"ဆက်ပြော...."
ရှဲ့ဟယ် တုန်လှုပ်နေပြီ... မျက်နှာလှလှလေးပေါ်မှာလဲ ရှုပ်ထွေးမှုတွေက အထင်းသားပဲ....အချိန်အတော်ကြာထိ တွေးပြီးမှ မသေချမရောဟန်နဲ့....
" Sir နဲ့ အိပ်ပေးရမယ်...Sir ကို ကျေနပ်အောင်ပြုစုရမယ်..."
တန့်ကျင်းဝမ်း ခဏလောက် အသံတိတ်သွားတယ်....
"ဘာကျန်သေးလဲ.. "
ဘာကိုမှ စဉ်းစားလို့မရတော့တာကြောင့် ရှဲ့ဟယ် သနားစဖွယ်အကြည့်နဲ့ မော့ကြည့်နေလိုက်တယ်...
တန့်ကျင်းဝမ်း သက်ပြင်းချလိုက်ပြီး...
"အဲ့တော့ မင်းနားမလည်ဘူးပေါ့..."
ထို့နောက် ရှဲ့ဟယ်တစ်ယောက် Play room ထဲကို ခေါ်သွားခံရလိုက်ရတော့တယ်....
နှစ်နာရီကြာပြီးနောက်.....ရှဲ့ဟယ်က တန့်ကျင်ဝမ်းရဲ့ ရင်ခွင်ထဲမှာ ငါးသေတစ်ကောင်လို လှဲလျောင်းနေတယ်....တန့်ကျင်းဝမ်းကလဲ ရှဲ့ဟယ်ကို ပွေ့ဖက်ထားပြီး နူးနူးညံ့ညံ့လေး နမ်းနေပြန်တယ်...
"အခုရော နားလည်သွားပြီလား..."
တန့်ကျင်းဝမ်းရဲ့ အသံက ရှဲ့ဟယ်ရဲ့ နားထဲမှာ ပဲ့တင်ထပ်နေတယ်....
ရှဲ့ဟယ် မျက်လုံးဖွင့်ကြည့်လိုက်တယ်....ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံထားရတာကြောင့် အသံတွေ အက်ကွဲနေတယ်....
"ကျွန်တော်...."
စဉ်းစားလို့ရသမျှ အကုန်ပြောပြီးနေပြီလေ...ဘာကြောင့်များ မကျေနပ်နိုင်သေးတာလဲ....
တန့်ကျင်းဝမ်းတစ်ယောက် ကူကယ်ရာမဲ့သလို ခံစားနေရတယ်...ကောင်လေးရဲ့ မျက်တောင်တွေကို ခပ်ဖွဖွထိတွေ့လိုက်ပြီး...
"မင်းက ငါ့အပိုင်ပဲ... .အဲ့စကားရဲ့အဓိပ္ပါယ်က ယောက်ကျားပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် မင်းဘယ်သူ့ကိုမှ ကြိုက်လို့မရဘူး ဆိုတာပဲ..."
"ငါ့တစ်ယောက်တည်းကိုပဲ ကြိုက်ရမယ်...."
တန့်ကျင်းဝမ်းက တစ်ခွန်းချင်းစီသေချာပြောပြနေတယ်...
ရှဲ့ဟယ်က နားမလည်နိုင်သေးဟန်နဲ့ သူ့ကို ကြည့်နေတယ်....သူ တန့်ကျင်းဝမ်းက ကြိုက်ပါတယ်..ဒါပေမယ့် သူငယ်ချင်းတွေ မိန်းမတွေကို ကြိုက်သလိုတော့ ဘယ်ဟုတ်မလဲ...
ဘာဖြစ်လို့ တန့်ကျင်းဝမ်းကလွဲရင်ဘယ်သူ့ကိုမှ ကြိုက်လို့မဖြစ်တာလဲဟင်? ???
Zawgyi
ဒီလိုပုံစံနဲ႔ တစ္လေလာက္ အခ်ိန္ကုန္သြားခဲ့ျပန္တယ္....ႏွစ္သက္မႈ ရမွတ္ေတြ ထပ္တိုးမလာေတာ့တာေၾကာင့္ ႐ွဲ႕ဟယ္ အခုလိုေနရတာကို သေဘာက်ေနေပမယ့္လဲ ေနာက္ထပ္ေျခလွမ္းအသစ္ေတြ ထပ္လွမ္းဖို႔ ျပင္ဆင္႐ုံကလြဲၿပီး ေ႐ြးစရာမ႐ွိေတာ့ဘူး....
႐ွဲ႕ဟယ္က 444 နဲ႔စကားေျပာေနရင္းကေန တန္႔က်င္းဝမ္းရဲ႕ ႐ုံးခန္းထဲမွာ တပ္ထားတဲ့ ေစာင့္ၾကည့္ေရး ကင္မရာကိုလဲ ၾကည့္ေနတယ္...
[႐ွဲ႕ဟယ္: တန္႔က်င္းဝမ္းက လိင္စိတ္ဆႏၵေၾကာင့္ ကိုယ့္ကိုကိုယ္ က်႐ႈံးခံမယ့္လူမ်ိဳးမဟုတ္ဘူး...]
[444: သူ Host တာ့တာ့ကို တစ္ေနကုန္ အဲ့တာ မလုပ္လို႔လား? ]
[႐ွဲ႕ဟယ္: အေပၚယံကိုပဲ ၾကည့္ၿပီး ဆုံးျဖတ္လို႔မရဘူး ေဘဘီရဲ႕...]
[႐ွဲ႕ဟယ္: ငါရဲ႕ လွပတဲ့ ခႏၶာကိုယ္ကို ေတြ႕ေနရတာေတာင္ ႏွစ္သက္မႈ 78 ပဲေပးတယ္ဆိုေတာ့ ငါ့အလွတရားကို ေစာ္ကားလိုက္တာပဲ....အနည္းဆုံးေတာ့ 85 မွတ္ေလာက္ျဖစ္သင့္တာေပါ့...နင္းခ်ီတစ္ေယာက္ပဲ normal လို႔ေျပာလို႔ရတာ...ငါသာဆို အမွတ္ 90 ေလာက္ တစ္ခါတည္း ပစ္ေပးလိုက္ၿပီ]
[ 444: .....Oh! !!!]ဒါဆို Host တာ့တာ့က သူ႕ကိုယ္သူ normal မဟုတ္မွန္း အသိအမွတ္ျပဳလိုက္ၿပီေပါ့....
ႏွစ္ဉီးသားၾကားမွာ ပဋိပကၡေတြမ႐ွိေတာ့တာေၾကာင့္ ဆက္ဆံေရးပိုေကာင္းလာတယ္....တန္႔က်င္းဝမ္းကလဲ သူ႕အေပၚ ေကာင္းေကာင္းဆက္ဆံေပး႐ွာပါတယ္....သူကေလးမဟူတ္မွန္း သတိေနတာေတာင္ အရင္ကထက္ပိုၿပီး ဂ႐ုစိုက္ေပးလာတယ္ေလ....႐ွဲ႕ဟယ္ လိုခ်င္သမွ်ကိုလဲ အကုန္ျဖည့္ဆည္းေပးတယ္...အခ်ိန္လိုပိုေပးလာတယ္...အမ်ားစုက အိပ္ယာထဲမွာ ျဖစ္ေနတာကေတာ့ တစ္မ်ိဳးေပါ့.....
႐ွဲ႕ဟယ္ဘက္ကလဲ ဒါေတြကို ေကာင္းေကာင္းလက္ခံခဲ့တယ္....ခႏၶာကိုယ္ခ်င္း ထိေတြ႕ပါမ်ားလာေတာ့ ခံစားခ်က္ေတြလဲ တည္ၿငိမ္လာတယ္....အရင္တုန္းကဆို တန္႔က်ိဳးက တန္႔က်င္းဝမ္းရဲ႕ သားျဖစ္ခဲ့ေပမယ့္ တစ္အိမ္ထဲမွာ အတူေနၾကတဲ့ သူစိမ္းေတြလိုပဲ....အခုေတာ့ အရင္ကထက္စာရင္ ပိုရင္းႏွီးလာၾကၿပီ......
သို႔ေသာ္လဲ ဒါေတြေလာက္နဲ႔ေတာ့ တန္႔က်င္းဝမ္း သူ႕ကို ခ်စ္မိသြားဖို႔ မလုံေလာက္ႏိုင္ေပ..... သူ႕အေပၚထားတဲ့ တန္႔က်င္းဝမ္းရဲ႕ ေစတနာေတြ ျမင့္မားလာတဲ့အခါ သူတို႔ၾကားက ဆက္ဆံေရးကို ဆင္ျခင္သုံးသပ္ဖို႔ အခ်ိန္တန္လာခဲ့ၿပီ.....
တန္႔က်င္းဝမ္းက ႐ွဲ႕ဟယ္ကို ခ်ဳပ္ခ်ယ္မထားေပမယ့္ ညဘက္အျပင္ထြက္တာမ်ိဳးေတြ အက်င့္ပ်က္ေစတဲ့ ေနရာမ်ိဳးေတြကိုသြားတာမ်ိဳးေတြကိုေတာ့ တားျမစ္ထားတယ္....မိန္းမေတြကိုပဲ သေဘာက်တဲ့ သူေဌးသားေလးအတြက္ ဒီတားျမစ္ခ်က္က လူမဆန္လြန္းဘူးဆိုတာ သိသာလြန္းေနတယ္....႐ွဲ႕ဟယ္ လိမ္မာခ်င္ေယာင္ေဆာင္ၿပီး အိမ္ထဲမွာပဲ ၿငိမ္ၿငိမ္ေလး ေနေနခဲ့တယ္...ဒါေပမယ့္ မူလခႏၶာကိုယ္ပိုင္႐ွင္ တန္႔က်ိဳးရဲ႕ ဇာတ္ေကာင္စ႐ိုက္နဲ႔ဆို ဒါမ်ိဳးကို ဘယ္လိုမွ သည္းခံနိင္မွာမဟုတ္ေလာက္ဘူး...ဒါ့အျပင္ တန္႔က်င္းဝမ္းကလဲ အရင္ကထက္ပိုၿပီး အလိုလိုက္လာတယ္ဆိုေတာ့ ပုံစံအမွန္ကို ျပန္ေျပာင္းဖို႔ အခ်ိန္တန္ၿပီေလ.....
ဟိုလို ေနရာေတြကို မသြားႏိုင္ရင္ေတာင္ ေက်ာင္းျပန္တက္လို႔ရေသးတာပဲ....
တန္႔က်ိဳးက ေစာက္သုံးတစ္စက္မွမက်ေပမယ့္ ဉစၥာေပါ ႐ုပ္ေခ်ာဆိုေတာ့ သူ႕ကို လိုက္ေနတဲ့ ေကာင္မေလးေတြ အမ်ားႀကီး႐ွိေသးတယ္....တန္႔က်ိဳးကလဲ ဒီ Feeling ကို သိပ္သေဘာက်တယ္....ေက်ာင္းဆိုတာ တန္႔က်ိဳးအတြက္ေတာ့ ေမာင္းမေဆာင္ႀကီးပဲေလ....
ေက်ာင္းထဲကို ေျခဆန္႔ဖို႔ ႐ွဲ႕ဟယ္ စဥ္းစားလိုက္တယ္....မိန္းမတစ္ေယာက္ကို အိပ္ယာထဲမွာ မခုန္အုပ္ဘဲ rich kid တစ္ေယာက္လို ထင္ရာစိုင္းျပ႐ုံေလာက္ေတာ့ ျဖစ္ပါေသးတယ္....
ဒါ့ေၾကာင့္ Monday နံနက္ပိုင္း တန္႔က်င္းဝမ္းအလုပ္သြားတာနဲ႔ သူလဲ sport car တစ္စီးနဲ႔ ေက်ာင္းေတာ္ႀကီးဆီ ခ်ီတက္သြားခဲ့တယ္....
ခြင့္မတိုင္ဘဲ ႐ွဲ႕ဟယ္ ေက်ာင္းေျပးေနတာ လနဲ႔ခ်ီေနၿပီ.....တျခားေက်ာင္းသားသာဆို ေက်ာင္းထုတ္ခံရတာ ၾကာေရာေပါ့...သို႔ေပမယ့္ ႐ွဲ႕ဟယ္က တစ္ျခားသူမွမဟုတ္တာ ..အဲ့ေတာ့ အကုန္ေအးေဆးပဲ....ဒါေပမယ့္ စာသင္ခန္းထဲဝင္ လိုက္ခ်ိန္မွာ အေတာ္ေလး တုန္လႈပ္သြားခဲ့ရတယ္.....
သူ႕ကို မိသားစုစာရင္းကေန ထုတ္လိုက္တဲ့သတင္းကို အထက္တန္းလႊာေတြၾကားမွာပဲ ကန္႔သတ္ထားတာေၾကာင့္ အတန္းေဖာ္အမ်ားစုက ဒီသတင္းကို မသိၾကဘူး....
႐ွဲ႕ဟယ္ အခန္းထဲဝင္လိုက္တာနဲ႔ မိန္းကေလး
အတန္းေဖာ္ အမ်ားစုက သူ႕နားမွာ ဝိုင္းအုံလာၿပီး....
"ဘယ္ေတြေပ်ာက္ေနတာလဲ က်ိဳးက်ိဳးရယ္...က်ဲက်ဲတို႔ကို မလြမ္းဘူးလား...."
႐ွဲ႕ဟယ္: .........
[႐ွဲ႕ဟယ္ : တန္႔က်ိဳးရဲ႕ မွတ္ဉာဏ္ေတြကို ယုံၾကည္လိုက္မိတာ ငါ့အမွားပါ...]
[ 444: Host တာ့တာ့ မယုံဘူးလို႔ပဲ ကြၽန္ေတာ္ထင္ေနတာ...]
[႐ွဲ႕ဟယ္: .......]မဟုတ္ဘူး၊ သူ႕မွာ ယုံၾကည္ခ်က္နည္းနည္း႐ွိေနတုန္းပဲ။ အနည္းဆုံးေတာ့ တန္႔က်ိဳးက မိန္းမေတြနဲ႔ ကစားေနတယ္လို႔ပဲထင္ခဲ့တာ....မိန္းမေတြက သူ႕ကိုကစားေနတယ္လို႔ မထင္ခဲ့မိ႐ုံပါ....
မ်က္လုံးကေန အစိမ္းေရာင္အလင္းတန္းေတြျဖာထြက္ေနတဲ့ မိန္းကေလးအုပ္စုကို ၾကည့္ရတာ ေၾကာင္တစ္ေကာင္အတြက္နဲ႔ ရန္ျဖစ္ၾကေတာ့မယ့္ပုံပဲ....ဟူးးးးးေမာင္းမေဆာင္ထဲက တိုက္ပြဲေတြက ခါးသီးလြန္းပါတယ္ကြာ.....
႐ွဲ႕ဟယ္ရဲ႕ ဘယ္ဘက္လက္ေမာင္းကို မိန္းကေလးတစ္ေယာက္က ေပြ႕ဖက္ထားၿပီး
"က်ိဳးက်ိဳး....ငါ့ေဘးမွာ ထိုင္ခုံလြတ္႐ွိတယ္။ ငါနဲ႔ အတူလာထိုင္ေနာ္...."
႐ွဲ႕ဟယ္ရဲ႕ ညာဘက္လက္ေမာင္းကို အျခားမိန္းကေလးက လွမ္းဆြဲလိုက္ၿပီး
"တန္႔က်ိဳး နင္ ငါနဲ႔ ေလွ်ာက္မလည္ျဖစ္တာ အေတာ္ၾကာေနၿပီေနာ္....
ေ႐ွ႕တည့္တည့္ကတစ္ေယာက္ကလဲ အားက်မခံ ႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာကို ကိုင္လိုက္ၿပီး.....
"နင့္အသားအေရ အရမ္းေကာင္းတာပဲဟယ္.....အသားေရထိန္းသိမ္းနည္း လ်ိဳ႕ဝွက္ခ်က္ေလး မွ်ေဝစမ္းပါဉီး...."
ဒါကိုသည္းခံႏိုင္လ္ိဳ႕ကေတာ့ သည္းမခံႏိုင္ေလာက္တဲ့အရာဆိုတာ ႐ွိမွာမဟုတ္ေတာ့ဘူး....ဒါဟာ သူေဌးသားေတြအတြက္ေတာ့ မဟာအ႐ွက္ေတာ္ ဝက္ဝက္ကြဲျခင္းပဲ....႐ွဲ႕ဟယ္ ေဘးနားက မိန္းကေလးေတြကို တြန္းထုတ္လိုက္ၿပီး အၾကာ္႕တစ္ခ်က္ဝင့္လိုက္ၿပီး ပ်င္းတိပ်င္း႐ြဲ ေလသံနဲ႔....
"လမ္းဖယ္ေပးၾကဉီး....ဒီေန႔တစ္ေန႔လုံး ငါကနတ္ဘုရားမေလး ေဟြးေဟြးရဲ႕ အပိုင္ပဲ..."
ဒီလိုေျပာၿပီးတာနဲ႔ လူအုပ္ႀကီးကို ျဖတ္ေက်ာ္ၿပီး အလွေလးေဟြးေဟြးဆီ ေလွ်ာက္သြားလိုက္တယ္...ေဟြးေဟြးက စကားကို ဘုနဲ႔ေဘာက္ေျပာတတ္တဲ့ တစ္ဉီးတည္းေသာ အတန္းေဖာ္ပါ....
႐ွဲ႕ဟယ္က ေဟြးေဟြးရဲ႕ ေဘးမွာ ထိုင္ေနတဲ့ေကာင္ေလးကို ေအးစက္စက္နဲ႔ အမိန္႔ေပးလိုက္တယ္....
"ဖယ္ေပးစမ္း..."
ေက်ာင္းသားေလး"..........."
ရန္ေဟြးေဟြး:" ဖယ္ေပးစရာမလိုဘူး..."
ေက်ာင္းသားေလး:"......... "ငါေလးက အျပစ္ကင္းသူေလးပါေနာ္....
စိတ္မ႐ွည္ေတာ့တဲ့ ႐ွဲ႕ဟယ္က ေက်ာင္းသားေလးကို ဂုတ္ကေနဆြဲၿပီး....
"ထြက္သြားစမ္း...."
ၿပီးတာနဲ႔ ရန္ေဟြးေဟြးရဲ႕ ေဘးမွာ ဝင္ထိုင္ၿပီး ျပဳံးျပလိုက္တယ္....
"မေတြ႕တာၾကာၿပီေနာ္..."
တြန္းထုတ္ခံရလို႔ လဲက်သြားတဲ့ ေက်ာင္းသားေလးခင္မ်ာ အသံထြက္ၿပီး ဆဲမိေတာ့မတတ္ပဲ....သို႔ေသေပမယ့္ တမူထူးကဲၿပီး ေက်ာ့႐ွင္းလွပတဲ့ ရန္ေဟြးေဟြးကို ၿပိဳင္ဘက္ကင္းအလွေလး ႐ွဲ႕ဟယ္နဲ႔ တြဲဖက္ၿပီးျမင္လိုက္ရေတာ့.....
ေကာင္းၿပီ....ေဒါသထြက္ျပေနလို႔လဲ အက်ိဳးမထူးေတာ့ဘူး....
ေက်ာင္းသားေလးခင္မ်ာ စာအုပ္ေတြေကာက္သိမ္းၿပီး တျခားေနရာမွာ သြားထိုင္ေနလိုက္ေတာ့တယ္....
ရန္ေဟြးေဟြးက ႐ွဲ႕ဟယ္ကို ပလစ္ထားတယ္...
ဒီလိုျပသာနာမ်ိဳးဆိုတာ အလုပ္သင္လက္သစ္ေလးေတြရဲ႕ အခက္အခဲထက္ေတာင္ ပိုလြယ္ေသးတယ္....
"ဒီေန႔ မင္းဝတ္ထားတဲ့စကတ္က ၾကည့္ေကာင္းတယ္ေနာ္...."
ရန္ေဟြးေဟြးကေတာ့ မတုန္မလႈပ္တည္ၿငိမ္ေနဆဲပင္...
"ဒါေပမယ့္ ဒီစကတ္က မင္းကိုယ္ေပၚေရာက္သြားေတာ့ ျဖန္းတီးပစ္သလိုျဖစ္သြားတယ္.."
ေနာက္ဆုံးေတာ့ ရန္ေဟြးေဟြး ႐ွဲ႕ဟယ္ကို လွည့္ၾကည့္ပါၿပီ....
႐ွဲ႕ဟယ္ရဲ႕ ႏႈတ္ခမ္းေထာင့္ေတြ ျမင့္တင္လာတယ္.... သူမရဲ႕ အလွတရားမွာ မွင္သက္ေနသူတစ္ဉီးလို ႐ွဲ႕ဟယ္ ျပန္ၾကည့္ေပးလိုက္တယ္...
"အကုန္လုံးရဲ႕ အၾကည့္ေတြက မင္းမ်က္ႏွာေလးေပၚမွာပဲ ႐ွိေနေတာ့ ဘယ္သူမွ ဒီကတ္ကို သတိထားမိမွာမဟုတ္ဘူး..."
ရန္ေဟြးေဟြး:". ......"
ပြဲၾကည့္ပုရိတ္သတ္အေပါင္းရဲ႕ စိတ္ထဲမွာေတာ့ WTF လို႔သာ ေအာ္ဟစ္ေနၾကတယ္...က်ိဳးက်ိဳးတစ္ေယာက္ လအနဘ္းငယ္ေလာက္ေက်ာင္းေျပးၿပီး ျပန္ေပၚလာျပန္ေတာ့လဲ ဖလစ္နည္းအသစ္ေတြနဲ႔ပါလား....
ရန္ေဟြးေဟြးတစ္ေယာက္ အျပဳံးေတြကို အျပည့္အဝအဖိႏွိပ္ထားႏိုင္ေတာ့ေပ..." ဟြန္႔ "ကနဲ႔အသံေပးၿပီး ႐ွဲ႕ဟယ္ကို အာ႐ုံစိုက္ေနျခင္းကို ရပ္တန္႔လိုက္တယ္....
႐ွဲ႕ဟယ္ ဒါကို စိတ္မ႐ွိပါဘူး...ပိုက္ဆံမေပးရတိုင္း ခ်ိဳသာတဲ့စကားေတြကို တလဆက္ပစ္လႊတ္ေနလိုက္တယ္...ဒါ့အျပင္ သူ႕အမူအရာကလဲ ပကတိ႐ိုးသားျဖဴစင္ေနတယ္...ေနာက္ဆုံးေတာ့ ရန္ေဟြးေဟြးတစ္ေယာက္ မေနႏိူင္ေတာ့တာနဲ႔...
"နင္ စာသင္တာကို အာ႐ုံမစိုက္ဘူးလား..."
႐ွဲ႕ဟယ္ ေခါင္းခါျပလိုက္ၿပီး...
"နင့္အတြက္ေၾကာင္ၾသာ မဟုတ္ရင္ ဒီလိုေခါင္းေျပာင္ႀကီးရဲ႕ အတန္းခ်ိန္ကို လာမတက္ဘူး..."
ရန္ေဟြးေဟြးတစ္ေယာက္ speechless ျဖစ္ၿပီးက်န္ခဲ့တယ္....
အတန္းခ်ိန္ၿပီးတာနဲ႔ နာမည္ေက်ာ္ ေရခဲတုံးအလွေလးတစ္ေယာက္ ႐ွဲ႕ဟယ္ရဲ႕ စေနာက္မႈေတြေၾကာင့္ မ်က္ႏွာတစ္ခုလုံးနီျမန္းၿပီး ေျပးထြက္သြားပါေလေရာ....
က်န္တဲ့အတန္းသားေတြအကုန္လုံး ႐ွဲ႕ဟယ္ကို ေလးစားတဲ့အၾကည့္ေတြနဲ႔ ၾကည့္ေနၾကတယ္...ေကာင္မေလးေတြရဲ႕ မ်က္ဝန္းေတြ ေတာက္ပလာၾကတယ္....
က်ိဳးက်ိဳးကေတာ့ က်ိဳးက်ိဳးပါပဲ...ပိုၿပီးေတာ့ေတာင္ခ်စ္ဖို႔ေကာင္းလာေသးတယ္...ဘယ္လိုလုပ္ရမလဲ...ငါတို႔လဲ က်ိဳးက်ိဳးဆီကေန စေနာက္ခံခ်င္တယ္ေလဟယ္....က်ိဳးက်ိဳးဆီကေန ေနာက္ေျပာင္က်ီစယ္ခံရဖို႔ ဘာလုပ္ရမလဲ....ပိုပိုၿပီးေတာင္ က်ိဳးက်ိဳးကို သေဘာက်လာၿပီ...ဘာလုပ္သင့္လဲ...
႐ွဲ႕ဟယ္ စာသင္ခန္းထဲကေန ျဖည္းျဖည္းခ်င္း ျပန္ထြက္လာခဲ့တယ္...
[ ႐ွဲ႕ဟယ္: ႐ုပ္ရည္ကိုပဲ ၾကည့္တတ္ၾကတဲ့ ေရေပၚဆီအမ်ိဳးသမီးေတြပဲ....]
[444:ေခါင္းညိတ္ ေခါင္းညိတ္ ေခါင္းညိတ္...]
[႐ွဲ႕ဟယ္:ဒါေပမယ့္လဲ ငါသူတို႔ကို သေဘာက်ေသးတယ္....]
[444:. ...] ကံေကာင္းလိုက္တာ...နားလာ္လက္ခံဖို႔ မခက္ခဲေတာ့ဘူး....
ေက်နပ္ေနတာေၾကာင့္ ႐ွဲ႕ဟယ္ရဲ႕ မ်က္လုံးေထာင့္ေလးမွာ အျပဳံးေတြ တြဲခိုေနတယ္...သူတစ္ဖက္ကိုလွည့္လိုက္ေတာ့ အသံတိတ္ေစာင့္ဆိုင္းေနတဲ့ နင္းခ်ီကို ျမင္လိုက္ရတယ္...
နင္းခ်ီကို ျမင္တာနဲ႔ အျပဳံးေတြ ေပ်ာက္ကြယ္သြားၿပီး ႐ြံ႐ွာတဲ့ အမူအရာေတြအစားထိုးဝင္ေရာက္လာၿပီး ခ်က္ခ်င္းလွည့္ျပန္ဖို႔ဘျပင္လိုက္တယ္....
နင္းခ်ီရဲ႕ အမူအရာကလဲ ေဝခြဲမရျဖစ္ေနတယ္..တန္႔က်ိဳးနဲ႔ ေတြ႕ျဖစ္ဖို႔ မလြယ္ကူတာေၾကာင့္ လြယ္လြယ္လႊတ္မေပးႏိုင္ဘူး...ေျခလွမ္းက်ဲႀကီးေတြနဲ႔ ႐ွဲ႕ဟယ္ဆီ ေျပးသြားလိုက္ၿပီး လက္ေကာက္ဝတ္ကိုလွမ္းဆြဲလိုက္တယ္....
"ေ႐ွာင္က်ိဳး...."
"လႊတ္ေပးစမ္း...."
႐ွဲ႕ဟယ္မေပ်ာ္ေတာ့ဘူး....
နင္းခ်ီရဲ႕ မ်က္ဝန္းေတြထဲမွာ နာက်င္မႈအရိပ္အေယာင္ေတြျမင္ေနရတယ္...
"လႊတ္ေပးမယ္...ဟိုနားမွာ စကားသြားေျပာၾကမယ္..."
႐ွဲ႕ဟယ္ ေခါင္းခါလိုက္ၿပီး....
"မသြားဘူး.."
နင္းခ်ီဘက္က အားအမ်ားႀကီးမသုံးတာေတာင္ ႐ွဲ႕ဟယ္လႊတ္ေအာင္ မ႐ုန္းႏိုင္ခဲ့ေပ...ေနာက္ဆုံးမွာေတာ့ ေထာင့္တစ္ခုဆီ ဆြဲေခၚသြားျခင္းခံလိုက္ရေတာ့တာပါပဲ....
နင္းခ်ီက ႐ွဲ႕ဟယ္ရဲ႕ လက္ေမာင္းကို အေသဆုပ္ကိုင္ထားၿပီး....
"ကိုယ့္ကို အျပစ္တင္ေနတုန္းပဲလား ေ႐ွာင္က်ိဳး..."
"ထြီ.....ပြဲလန္႔တုန္း ဖ်ာဝင္ခင္းခ်င္ ေၾကာင္သူေတာ္လိုလူစား...."
". ....."
နင္းခ်ီ စိတ္ေအးေအးထားဖို႔ ႀကိဳးစားေနတယ္...တန္႔က်ိဳးအေၾကာင္း သူေကာင္းေကာင္းသိတယ္...ဒါဆိုတာ အခုမွၾကဳံေတြ႕ဖူးတာမွမဟုတ္တာ...နင္းခ်ီ ေလေအးတစ္သုတ္ ႐ိႈက္သြင္းလိုက္ၿပီး....
"အဲ့ေန႔တုန္းက လုပ္ရပ္အတြက္ ေတာင္းပန္ခ်င္ေနတာပါ...ဒါေပမယ့္ ကိုယ္မင္းကို သေဘာက်တယ္ဆိုတာကေတာ့ တကယ္ပါ....မင္း နားလည္ဖို႔ ေမွ်ာ္လင့္ပါတယ္..."
"ခင္ဗ်ားက ကြၽန္ေတာ္႕မ်က္ႏွာကိုပဲ သေဘာက်တာ...ေတာင္းပန္တယ္ဆိုတာကလဲ ကြၽန္ေတာ္႕အေဖေၾကာင့္ မလား..."
နင္းခ်ီအံ့ၾသသြားတယ္..မေတြ႕ျဖစ္တဲ့အေတာအတြင္း ဒီေကာင္ေလးရဲ႕ နားလည္ႏိူင္စြမ္းေတြ ျမင့္မားလာၿပီပဲ...ဘာအတြက္ေၾကာင့္မ်ား အခုေလာက္ထိေျပာင္းလဲသြားတာပါလိမ့္.....
"မင္းမ်က္ႏွာကို မႀကိဳက္ဘူးလို႔ေျပာရင္ေရာ မင္း ယုံမွာလား....ဒါေပမယ့္လဲ ကိုယ္ မင္းကို တကယ္သေဘာက်တယ္....တန္႔က်င္းဝမ္း မ႐ွိရင္လဲ ကိုယ္မင္းကို နာက်င္ေအာင္မလုပ္ပါဘူး....မင္းဘက္က ဒါကို သံသယျဖစ္စရာမလိုဘူး...."
"အဲ့တုန္းက ကိုယ္ ေဒါသထြက္ေနလို႔ပါ...ဒါေပမယ့္ မင္းကို ကာကြယ္ပါ့မယ္လို႔ေျပာခဲ့တာကေတာ့ အတည္ပါကြာ....ကိုယ္ မင္းကို ဘယ္တုန္းက လိမ္ခဲ့ဖူးလို႔လဲ...ကိုယ္က မင္းေျပာသလို လူစားမ်ိဳးဆို ေက်ာက္လင္းတို႔ မင္းကိုဆက္ဆံသလို ဆက္ဆံခဲ့မွာေပါ့...ဒါေပမယ့္ ကိုယ္ မလုပ္ခဲ့ဘူး...ဘာ့ေၾကာင့္ဆိုတာ ေတြးၾကည့္ဖူးလား...."
ေက်ာက္လင္းရဲ႕နာမည္ ကိုၾကားေတာ့ ႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းထဲမွာ ေဒါသအရိပ္အေယာင္ေတြထြက္ေပၚလာတယ္....
မည္သို႔ပင္ဆိုေစကာမူ နင္းခ်ီရဲ႕စကားေတြက်ိဳးေၾကာင္းဆီေလ်ာ္ပုံေပါက္ေနတယ္ေလ....
"ဒါေပမယ့္ ခင္ဗ်ား...ကြၽန္ေတာ္႕ကို
ကို အတင္းနမ္းတယ္..."
႐ွဲ႕ဟယ္ တစ္ဖက္ကိုလွည့္လိုက္တဲ့အခါ နား႐ြက္တစ္ခုလုံးနီျမန္းေနတယ္....
ဒီေကာင္ေလး တကယ္ခ်စ္ဖို႔ေကာင္းတာပဲလို႔ နင္းခ်ီေတြးလိုက္မိေတာ့ မသိမသာ သက္ျပင္းခ်လိုက္မိတယ္....
" ေတာင္းပန္ပါတယ္... အဲ့တုန္းက ခံစားခ်က္ေတြ ေတာက္ေလာင္ေနေတာ့ မထိန္းလိုက္ႏိုင္ဘူး...."
႐ွဲ႕ဟယ္ ေယာက္က်ားေတြကို တကယ္သေဘာမက်တာပါ...ဒါေပမယ့္ နင္းခ်ီက သူ႕ကို နာက်င္ေအာင္မလုပ္ဖူးတဲ့အျပင္ တိတ္တိတ္ေလး ႀကိတ္ႀကိဳက္ေနခဲ့တဲ့အတြက္ သိပ္ေတာ့႐ြံ႐ွာစက္ဆုပ္စရာမေကာင္းေတာ့သလိုပဲ...ဒါေပမယ့္လဲ သူမွ နင္းခ်ီကိုမႀကိဳက္တာ...
"အင္း...ကြၽန္ေတာ္သိျပဆိုေတာ့ သြားလို႔ရၿပီလား...."
"ေ႐ွာင္က်ိဳး…"
နင္းခ်ီက တျဖည္းျဖည္း တိုးကပ္သြားၿပီး ေကာင္ေလးကို စိုက္ၾကည့္ေနတယ္....နာက်င္မႈနဲ႔ အသံတိတ္သည္းခံႏိုင္စြမ္းေတြ
သူ႕မ်က္ဝန္းေတြထဲကေန ထြက္ေပၚလာၿပီး
"ကိုယ့္ကို မမုန္းလိုက္ပါနဲ႔ ေနာ္? မင္းရဲ႕ စီနီယာျဖစ္ခြင့္႐ွိဉီးမလား..."
"ခင္ဗ်ားကို မယုံေတာ့ဘူး.... "
ဆက္မေနခ်င္ေတာ့တာေၾကာင့္ ႐ွဲ႕ဟယ္ လွည့္ျပန္ဖို႔ျပင္လိုက္တယ္....
နင္းခ်ီ လွမ္းဆြဲလိုက္တာေၾကာင့္ ႐ွဲ႕ဟယ္ဝတ္ထားတဲ့ T shirt က ပခုံးအထိေလ်ာက်သြားၿပီး ညႇပ္႐ိုးလွလွေလးေပၚက ခရမ္းေရာင္အမွတ္ေတြကို အတိုင္းသားျမင္ေနရတယ္....
နင္းခ်ီရဲ႕ အမူအရာေတြ တမဟုတ္ခ်င္း ေျပာင္းလဲသြားပါၿပီ.....
႐ွဲ႕ဟယ္က နင္းခ်ီရဲ႕လက္ကို ပုတ္ထုတ္လိုက္ၿပီး အင္းက်ီကို အတင္းအၾကပ္ဆြဲစိေနတယ္...မ်က္ဝန္းေတြထဲမွာလဲ စိုးရိမ္ထိတ္လန္႔မႈေတြက ေပၚလိုက္ေပ်ာက္လိုက္နဲ႔....
ဒီတစ္ခါေတာ့ နင္းခ်ီရဲ႕ လႈပ္႐ွားမႈက ပိုၿပီးေတာ့ေတာင္ ျမန္ဆန္ေသးတယ္...ေကာင္ေလးကို သူဘက္ေရာက္ေအာင္ ဆြဲေခၚလိုက္တယ္....ဒီအမွတ္ကအသားေတြကို တစ္ခ်က္ၾကည့္႐ုံနဲ႔ ေယာက္က်ားတစ္ေၾကာင့္ရလာတဲ့အမွတ္အသားေတြမွန္း သိသာလြန္းတယ္...ဒါ့အျပင္ အဲ့ဒီ့ေယာက္က်ားကလဲ တကယ္ကို ၾကမ္းတမ္းသူပဲ ျဖစ္ရမယ္....
သူ႕အသက္႐ွဴသံေတြ ျပင္းထန္လာၿပီး မ်က္လုံးေတြလဲ ေမွာင္မိုက္လာတယ္...သူ ေကာင္ေလးကို စိုက္ၾကည့္ကာ တုန္လႈပ္ေနတဲ့ အသံကို ထိန္းၿပီး
"ဒါေတြက ဘာေတြလဲ"
လူသိမခံခ်င္ဆုံးေသာ လ်ိဳ႕ဝွက္ခ်က္ႀကီး ေပါက္ၾကားသြားတဲ့အတြက္ ႐ွဲ႕ဟယ္ တကိုယ္လုံးတုန္ရီေနၿပီ....ဒါဟာေဒါသေၾကာင့္ေရာ ေၾကာက္ေနတာေၾကာင့္လဲ ျဖစ္ႏိုင္တာပဲ....ဟန္ကိုယ္ဖို႔အမူအရာနဲ႔ နင္းခ်ီကို ခပ္တင္းတင္းျပန္ၾကည့္လိုက္ၿပီး...
" ခင္ဗ်ားအလုပ္မဟုတ္ဘူး...လႊတ္ေပးစမ္းပါ..."
ဒါက နင္းခ်ီကို ပိုၿပီး အေတြးပြားေစခဲ့တယ္....အဲ့ေန႔တုန္းက ေကာင္ေလးရဲ႕ ထိတ္လန္႔ေနမႈနဲ႔ ဒီကေန ျမင္လိုက္ရတာေတြက အဆက္အစပ္႐ွိေနပုံပဲ....ဘာေတြျဖစ္ပ်က္ခဲ့တယ္ဆိုတာ ဘယ္လိုမွ နားမလည္ႏိုင္ေတာ့ဘူး....ဒါေပမယ့္ ဆင္ျခင္တုံတရားကို အမိုက္ေဒါသဖုံးသြားလို႔ မျဖစ္ေခ်ေသးဘူး....ဘာပဲျဖစ္ျဖစ္ ဒီေကာင္ေလးက အျပစ္ကင္းၿပီးျဖဴစင္တယ္....ဒီထက္ပိုၿပီး ေဝးသြားလို႔မျဖစ္ေတာ့ဘူး....ဒါ့ေၾကာင့္ ေပ်ာ့ေျပာင္းညႇင္သာတဲ့အသံအေနအထားတဲ့ ေမးလိုက္တယ္....
"မင္းကို ဘယ္သူဖိအားေပးခဲ့တာလဲ..."
နင္းခ်ီရဲ႕ အၾကည့္ေတြကို ေ႐ွာင္တိမ္းေနတဲ့ ႐ွဲ႕ဟယ္က ႏႈတ္ခမ္းကို တင္းတင္းေစ့ထားတဲ့အျပင္ မ်က္ႏွာတစ္ခုလုံးကလဲ ျဖဴေဖ်ာ့ေနတယ္....
ေကာင္ေလးကို ဒီလိုပုံစံနဲ႔ျမင္လိုက္ရေတာ့ နင္းခ်ီရဲ႕ ႏွလုံးသားထဲမွာ ႏူးညံ့ခ်ိဳသာမႈေတြ ျပည့္လွ်ံလာတယ္....အမ်က္ေဒါသကို အႏိုင္ႏိုင္ဖိႏွိပ္ၿပီး အႏူးညံ့ဆုံးေလသံနဲ႔ ထပ္ေမးလိုက္တယ္....
"ေျပာျပပါ...ကိုယ္မင္းကို ကူညီႏိုင္ေအာင္ ေျပာျပပါ..."
႐ွဲ႕ဟယ္ သူ႕ကို ျပန္ၾကည့္လိုက္တယ္...လွပတဲ့
မ်က္ဝန္းေတြထဲမွာ အလင္းတန္းတစ္ခ်က္ျဖတ္ေျပးသြားၿပီး တခဏခ်င္းကြယ္ေပ်ာက္သြားျပန္တယ္....
"ခင္ဗ်ားရဲ႕ အကူအညီမလိုဘူး... "
နင္းခ်ီ သူ႕ကို စူးစိုက္ၾကည့္ေနလိုက္ၿပီး...
"ဘာလို႔လဲ ...ကိုယ္ ကူညီႏိူင္တယ္ဆိုတာ မယုံလို႔လား...."
႐ွဲ႕ဟယ္ ႏႈတ္ခမ္းကိုက္လိုက္ၿပီး...
"ဘာေၾကာင့္ဆိုတာမ်ိဳး မ႐ွိဘူး....ကြၽန္ေတာ္႕ကို လႊတ္ေပးေတာ့...."
ေနာက္ဆုံးေတာ့လဲ ဒီေကာင္ေလးကို နင္းခ်ီ မလြန္ဆန္ႏိုင္ခဲ့ပါဘူး....ဒါေပမယ့္ ဒီကိစၥကို ေအာက္ေျခအထိ ေသခ်ာစုံစမ္းဖို႔ တိတ္တဆိတ္ဆုံးျဖတ္လိုက္ၿပီ.....ဒီေကာင္ေလးကို နာက်င္ေအာင္ လုပ္သူတိုင္းကို ခြင့္မလႊတ္ႏိုင္ဘူး.....
ေနာက္ဆုံးမွာေတာ့ ေကာင္ေလးကို ျဖည္းျဖည္းခ်င္း လက္လႊတ္ေပးလိုက္တယ္...သူ႕ဆီကေန အသည္းအသန္ထြက္ေျပးခ်င္ေနတဲ့ ေကာင္ေလးကို ေမးခြန္းတစ္ခုေမးလိုက္မိတယ္...
"ဒါေတြကို တန္႔က်င္းဝမ္း သိလား..."
အကယ္၍ တန္႔က်င္းဝမ္း သာသိရင္ ဒါမ်ိဳးကို ဒီအတိုင္းၾကည့္ေနမွာလား....
႐ွဲ႕ဟယ္ ေတာင့္တင္းသြားေပမယ့္ ျပန္မေျဖဘဲ အျမန္ဆုံးနည္းနဲ႔ ေျပးထြက္လာခဲ့တယ္....
.......................................
႐ွဲ႕ဟယ္ အိမ္ျပန္ေရာက္တဲ့အထိ တန္႔က်င္းဝမ္း ျပန္မလာေသးဘူး....
[444: Host တာ့တာ့ ဘာလို႔ ဒီေန႔အျပင္သြားတာလဲဟင္...]
[႐ွဲ႕ဟယ္ : အေၾကာင္းျပခ်က္႐ွိမွ အျပင္ထြက္ရမွာလား...ဒီအတိုင္း ေပ်ာ္ခ်င္လို႔ေရာ မရဘူးလား...]
[ 444:...... ]
[႐ွဲ႕ဟယ္ : မင္းငါ့ကို မယုံေတာ့ျပန္ဘူးလား...]
[444: 😒]
[႐ွဲ႕ဟယ္ : ခဏေလးပဲေစာင့္....မၾကာခင္ တန္႔က်င္းဝမ္း ျပန္လာေတာ့မယ္....]
တန္႔က်င္းဝမ္း အိမ္ျပန္ေရာက္ေတာ့ ဧည့္ခန္းထဲက ဆိုဖာေပၚမွာ အိပ္ၿပီး game ေဆာ့ေနတဲ့ေကာင္ေလးကို ျမင္လိုက္ရတယ္...တံခါးဖြင့္သံ ၾကားတာနဲ႔ ေကာင္ေလးက ေဆာ့ေနလက္စကို ပစ္ထားလိုက္ၿပီး ေတာက္ပတဲ့အျပဳံးေတြနဲ႔ ႀကိဳဆိုေနတယ္...
"Daddy ျပန္လာၿပီ..."
တန္႔က်င္းဝမ္းဘက္က ဘာမွ မတုံ႔ျပန္ခဲ့ေပ....ဒီေကာင္ေလးက သိပ္ကို႐ိုး႐ွင္းလြန္းတယ္...ဘယ္ေလာက္ပဲ နာက်င္ေအာင္လုပ္လုပ္ နည္းနည္းေလာက္ၾကင္နာျပလိုက္ ျပဳံးျပလိုက္တာနဲ႔ ေခြးေပါက္ေလးလို ေျခေထာက္ၾကားမွာ ပတ္ေျပးေနေတာ့တာပဲ....
ဒီလိုေကာင္ေလးမ်ိဳးကို ဘယ္မုန္းႏိုင္ပါ့လဲ...ဒါ့အျပင္ ဒီေကာင္ေလး သူ႕အေပၚမွီခိုအားထားၿပီး ၾကည္ညိဳေလးစားေနတာကိုလဲ သူ တကယ္သေဘာက်တယ္....
တန္႔က်ိဳးကို ေစာင့္ၾကည့္ခိုင္းထားတဲ့လူေတြဆီက ျပန္ၾကားရတဲ့ ေက်ာင္းက အျဖစ္အပ်က္ေတြေၾကာင့္ တန္႔က်င္းဝမ္း စိတ္မၾကည္ေတာ့ဘူး....ဒီေကာင္ေလး သူ႕အပိုင္ျဖစ္သြားၿပီးကတည္းက မိန္းမလိုက္စားဖို႔ အျပင္မထြက္သင့္ေတာ့ဘူး....႐ွင္း႐ွင္းေျပာရရင္ ဘယ္သူ႕ကိုမွ မမက္ေမာသင့္ေတာ့ဘူး....ဒီေကာင္ေလးက တစ္ျခားတစ္ေယာက္နဲ႔ သက္ဆိုင္သြားရင္ဆိုတာမ်ိဳးေတြးမိလိုက္႐ုံနဲ႔တင္ စိတ္ကသိကေအာက္ျဖစ္လာေရာ....
ဒီေကာင္ေလးက သူ႕အတြက္ပဲ ျဖစ္ရမယ္...
တန္႔က်င္းဝမ္းက အေပၚဝတ္ ကုတ္အင္းက်ီကို အိမ္အကူတစ္ေယာက္ဆီလွမ္းေပးလိုက္ၿပီး ေကာင္ေလးရဲ႕ ေမးေစ့ကို ပင့္လိုက္တယ္...
"မင္း ဒီေန႔ ေက်ာင္းသြားတယ္ဆို..."
႐ွဲ႕ဟယ္ ေခါင္းေမာ့လိုက္တယ္...တန္႔က်င္းဝမ္းေ႐ွ႕မွာ အၿမဲတမ္း ခ်စ္ဖို႔ေကာင္းေနရမယ္ေလ....
"ဟုတ္ Daddy. .."
"႐ုတ္တရက္ႀကီး ဘာလို႔ေက်ာင္းတက္ခ်င္ရတာလဲ..."
စာသင္ရတာ ဒီေလာက္မုန္းတဲ့ ေကာင္ေလးက ႐ုတ္တရက္ႀကီး ေက်ာင္းသြားတက္တယ္တဲ့....ဒီကိစၥကို ေသခ်ာ႐ွင္းရမယ္...
"ကြၽန္ေတာ္... Daddy မ်က္ႏွာမပ်က္ရေအာင္ စာေကာင္းေကာင္းသင္ပါ့မယ္..."
"တကယ္လား...??"
႐ွဲ႕ဟယ္ အင္တိုက္အားတိုက္ ေခါင္းညိတ္ျပလိုက္တယ္....
ဟမ့္...ရယ္ေနေပမယ့္လဲ တန္႔က်င္းဝမ္းရဲ႕ အၾကည့္ေတြက ေအးစက္ေနတယ္... ေကာင္ေလးရဲ႕ ေခါင္းကို ပြတ္သပ္ေပးလိုက္ၿပီး...
"မင္းနဲ႔ နင္းမိသားစုက သခင္ေလးတို႔က သိပ္ရင္းႏွီးၾကတာပဲလား...ဟမ္"
နင္းခ်ီရဲ႕ နာမည္ကို ၾကားေတာ့ ႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ ႐ႈပ္ေထြးတဲ့ အရိပ္အေယာင္ေတြ ေပၚထြက္လာတယ္...ခဏေလာက္ တုံ႔ဆိုင္းေနၿပီးမွ....
"ဟုတ္....စီနီယာက ကြၽန္ေတာ္႕ကို ဂ႐ုစိုက္ေပးတယ္...."
တန္႔က်င္းဝမ္းျပဳံးေနေပမယ့္ မ်က္ဝန္းေတြကေတာ့ အသက္မဲ့ေနတယ္....
"မင္းတို႔က ညဝတ္အင္းက်ီ ယူဝတ္ၿပီး တစ္ကုတင္ထဲ အတူအိပ္တဲ့အထိ ရင္းႏွီးၾကတာ
လား...."
ဒီေကာင္ေလး သူစိမ္းေယာက္က်ားတစ္ေယာက္ရဲ႕ ညဝတ္အင္းက်ီကို ဝတ္ထားတဲ့ ျမင္ကြင္းက သူ႕အတြက္ေတာ့ အဆိပ္ဆူးတစ္ခုလိုပါပဲ....သူ စုံစမ္းၾကည့္လိုက္ေတာ့ ဘာမွမျဖစ္ခဲ့မွန္း သိရတဲ့အျပင္ နင္းမိသားစုနဲ႔လဲ ရန္ညိဳးမဖြဲ႕ခ်င္လို႔သူ ေလွ်ာ့ေပးလိုက္တာ...ႏို႔မို႔ဆို ဒီအတိုင္းၿငိမ္ေနမွာမဟုတ္ဘူး....
ဒါေပမယ့္ နင္းခ်ီဘက္က သူ႕ (တန္႔က်င္းဝမ္း) ေကာင္ေလးကို မက္ေမာေနဉီးမယ္ဆို အရင္တစ္ေခါက္ကလို လြယ္လြယ္နဲ႔ အေလွ်ာ့မေပးႏိုင္ေတာ့ဘူး....
႐ွဲ႕ဟယ္ ထိတ္လန္႔တၾကားျပန္ၾကည့္လိုက္တယ္....အစတုန္းကေတာ့ ဒါကို ဘာမွမဟုတ္ဘူးလို႔ပဲ ထင္ထားခဲ့တာ...ဒါေပမယ့္ တန္႔က်င္းဝမ္းရဲ႕ သင္ခန္းစာေတြရယ္ နင္းခ်ီရဲ႕ ဖြင့္ဟဝန္ခံမႈေတြရယ္ကို ၾကဳံေတြ႕ၿပီးခ်ိန္မွာ အရင္ကထက္ပိုၿပီး sensitive ျဖစ္လာတယ္...
တန္႔က်င္းဝမ္း မေက်မနပ္ျဖစ္ေနမွန္း သိတာေၾကာင့္ အျမန္ျပန္ေျဖလိုက္တယ္....
"သူနဲ႔ ကြၽန္ေတာ္႕ၾကားမွာ ဘာမွမ႐ွိပါဘူး..."
"ဒီေကာင္ ေယာက္က်ားေတြကို သေဘာက်တာ မင္းမသိဘူးလား..."
တန္႔က်င္းဝမ္း ခပ္ေထ့ေထ့ရယ္ေမာေနတယ္...ဒီရယ္သံေၾကာင့္ ႐ွဲ႕ဟယ္ တစ္ကိုယ္လုံးတုန္ရီေနၿပီ....
"ကြၽန္ေတာ္ မသိဘူး...ကြၽန္ေတာ္မသိဘူး...."
တန္႔က်င္းဝမ္းက လက္ကို ဆန္႔ထုတ္လိုက္ၿပီး ႐ွဲ႕ဟယ္ရဲ႕ ႏႈတ္ခမ္းကို ဖိထားတယ္...
"လိမ္ေျပာတတ္တဲ့ကေလးဆိုးေတြ အျပစ္ေပးခံရတတ္တယ္..."
႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ ေၾကာက္႐ြံမႈေတြ ျပည့္လွ်ံေနတယ္.... Daddy သူ႕ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးေပမယ့္ ေၾကာက္စရာေကာင္းတဲ့ အမွတ္တရေတြကိုမေမ့ႏိူင္ေသးဘူး....
သူ႕မ်က္လုံးေတြ နီရဲလာၿပီး အသံေတြလဲ တုန္ေနတယ္....
"အရင္တုန္းက မသိခဲ့ဘူး...သူနဲ႔ကြၽန္ေတာ္ ဘာမွမျဖစ္ခဲ့ဘူး....ၿပီးေတာ့ ကြၽန္ေတာ္ သူ႕ကို မႀကိဳက္ဘူး..."
"ဟုတ္လား...."
႐ွဲ႕ဟယ္က တန္႔က်င္းဝမ္း သူ႕ကိုမယုံမွစိုးတဲ့အတြက္ မိုးေကာင္းကင္ကိုေတာင္ တိုင္တည္ၿပီး က်ိန္ဆိုျပခ်င္ေနၿပီ....
"ဟုတ္တယ္...ကြၽန္ေတာ္ ေယာက္က်ားေတြကို မႀကိဳက္ဘူး...."
တန္႔က်င္းဝမ္းရဲ႕ အမူအရာေတြ ပိုၿပီး
ေအးစက္လာတယ္....
"အဲ့ေတာ့ မင္းက ရန္ေဟြးေဟြးလို မိန္းမမ်ိဳးကို ႀကိဳက္တယ္ေပါ့...."
တန္႔က်င္းဝမ္းရဲ႕ ေရခဲတမွ်ေအးစက္ေနတဲ့ ေလသံေၾကာင့္ ႐ွဲ႕ဟယ္ ေၾကာက္လန္႔ၿပီး တစ္သံမွ်မထြက္ရဲေတာ့ေပ....
ဒါကိုျမင္ေတာ့ တန္႔က်င္းဝမ္းရဲ႕ ႏွလုံးသားထဲမွာ မီးေတာက္ေနသလိုခံစားေနရၿပီး စိတ္မေကာင္းျဖစ္ေနခဲ့တယ္...သူဘာ့ေၾကာင့္ ဒီလိုေတြခံစားေနရလဲ နားမလည္ႏိုင္ေတာ့ဘူး...ဒီေကာင္ေလး ေယာက္က်ားေတြက မႀကိဳက္ဘူး...သူ႕ကိုက်ေတာ့ အၿမဲတမ္း ယုံၾကည္ကိုးစားၿပီး ၾကည္ညိဳတဲ့အၾကည့္နဲ႔ပဲ ၾကည့္ေနတယ္....ဒါကလဲ သူ႕ကို အေဖတစ္ေယာက္အျဖစ္သတ္မွတ္ထားလို႔ပဲေလ....
ဒီကိစၥကို တေရးတယူလုပ္ၿပီး ဂ႐ုစိုက္ရမယ္လို႔ တစ္ခါမွေတြးနထားခဲ့မိဘူး....
[ တင္းေတာင္...တန္႔က်င္းဝမ္းရဲ႕ ႏွစ္သက္မႈ 2 မွတ္ ထပ္တိုးပါတယ္...စုစုေပါင္း 80 ႐ွိေနပါၿပီ... ]
႐ွဲ႕ဟယ္က မဝံ့မရဲျဖစ္ေနဟန္နဲ႔ ေငးၾကည့္ေနတယ္...တန္႔က်င္းဝမ္းဘာေၾကာင့္ ေဒါသထြက္ေနမွန္း မသိေတာ့ သူ႕ရဲ႕ လွပတဲ့ မ်က္ဝန္းေတြစိုစြတ္လာတယ္....ႏႈတ္ခမ္းကို ခပ္ဖြဖြကိုက္ၿပီး....
"Daddy. ...."
တန္႔က်င္းဝမ္း မ်က္ေမွာင္က်ံဳ႕လိုက္ၿပီး ေကာင္ေလးကို ေအးစက္စြာ စိုက္ၾကည့္ေနလိုက္တယ္...
"Daddy "ဆိုတဲ့ ေခၚသံက ဒီအခ်ိန္မွာ အေတာ္ေလးနားဝင္ဆိုးေနတယ္....သူ ဒီေကာင္ေလးရဲ႕ အေဖ မျဖစ္ခ်င္ဘူး...ဒါကို ဒီေကာင္ေလး ဘယ္ေတာ့မွ နားလည္မွာမဟုတ္ဘူး....ဘယ္ေလာက္ပဲ ႏိုင္လိုမင္းထက္ ျပဳမူဆက္ဆံၿပီး Sir လို႔ ေခၚခိုင္းေနပါေစ ..ဒီေကာင္ေလး ရဲ႕ ခႏၶာကိုယ္က သူ႕ကို ဘယ္ေလာက္ပဲ ႏွစ္သက္လက္ခံေနပါေစ...ဘယ္ေတာ့မွေျပာင္းလဲသြားမွာမဟုတ္ဘူး....
ဒီအၾကည့္ေတြက သားတစ္ေယာက္က အေဖတစ္ေယာက္ကို ၾကည့္တဲ့ အၾကည့္ေတြပဲ....
သူတကယ္ မေပ်ာ္ေတာ့ဘူး....အလြန္႔အလြန္ကို စိတ္မခ်မ္းမသာျဖစ္ေနၿပီ....
တန္႔က်င္းဝမ္း ေကာင္ေလးကို ညႇင္ညႇင္သာသာေလးနမ္းလိုက္တယ္....တစ္စုံတစ္ေယာက္ေၾကာင့္
ေတာင့္တမႈ၊ ျမတ္ႏိုးမႈ၊ မနာလိုမႈ၊အမ်က္ေဒါသအစ႐ွိတဲ့ခံစားခ်က္ေတြကို မခံစားစခဲ့ရတာ ၾကာပါၿပီ....
သူက အၿမဲတမ္း ေခါင္းေအးေအးထားတတ္တဲ့ဆင္ျခင္တုံတရား႐ွိတဲ့သူတစ္ေယာက္ျဖစ္ၿပီး သူ႕ကိုယ္သူ ပိုင္းျခားစိတ္ျဖာတတ္သူပါ... ဒီအခ်ိန္မွာ သူ႕ႏွလုံးသား တုန္ခါေနၿပီ....
ေကာင္ေလးကို ခ်စ္တယ္လို႔ မယုံၾကည္ေပမယ့္ ေကာင္ေလးက သူ႕အတြက္ ႐ိုး႐ိုး႐ွင္း႐ွင္း ကစားစရာတစ္ခုထက္ေတာ့ သာလြန္ပါတယ္....
ဒီေကာင္ေလးရဲ႕ ကိုယ္ခႏၶာေရာ စိတ္ႏွလုံးသားကိုပါ အျပည့္အဝ အပိုင္ရခ်င္ပါတယ္...
"ငါ့ကို Daddy လို႔မေခၚနဲ႔...."
" Sir. ."
႐ွဲ႕ဟယ္ ခ်က္ခ်င္းဆိုသလို အေခၚအေဝၚေတြ ျပင္လိုက္တယ္... နာခံတတ္ဖို႔ သင္ယူခဲ့ရဖဓတယ္ေလ...ခံစားရတာသက္သာေအာင္ေတာ့ နာခံျပရမွာပဲ....
ေကာင္ေလးရဲ႕ မ်က္လုံးေတြကို စိုက္ၾကည့္လိုက္ေတာ့ ႐ိုေသမႈအျပင္ အေၾကာက္တရားေတြကိုပါ ေတြ႕ျမင္ေနရတယ္...ဒီေကာင္ေလး သူ႕ကို Daddy လို႔ ထပ္မေခၚေတာ့တာေသခ်ာေပမယ့္ သူ မေက်နပ္ႏိူင္ေသးဘူး...ဘာ့ေၾကာင့္ဆိုေတာ့ ေကာင္ေလးဘက္က မ႐ိုးသားဘူးေလ...ဒါေတြအကုန္လုံးက ၿခိမ္းေျခာက္ခံရလို႔ နာခံျပေနတာေတြပဲ....
အရင္တုန္းကေတာ့ ဒါေတြကို ဂ႐ုမစိုက္ခဲ့ဘူး...ဘာပဲျဖစ္ျဖစ္ နာခံတတ္ရင္ရၿပီ...ဒါေပမယ့္လဲ ဒီထက့္ပိုၿပီး လိုခ်င္ေသးတယ္...
"မင္းက ငါ့အပိုင္ပဲ..နားလည္လား..."
"ကြၽန္ေတာ္ နားလည္ပါတယ္..."
တန္႔က်င္းဝမ္းက ေခါင္းခါလိုက္ၿပီး ေၾကာက္စရာေကာင္းတဲ့ အျပဳံးေတြျပဳံးေနတယ္...
"မင္း နားမလည္ပါဘူး..."
႐ွဲ႕ဟယ္ သတိအေနအထားနဲ႔ ျပန္ၾကည့္လိုက္တယ္...တန္႔က်င္းဝမ္း ဒီလိုေျပာရျခင္းရဲ႕ေနာက္မွာ ေၾကာက္စရာေကာင္းတဲ့ အက်ိဳးဆက္ေတြ ကပ္ပါလာတတ္တယ္ေလ....
သူ ထိတ္လန္႔တၾကား တုန္လႈပ္သြားၿပီး စိတ္အားထက္သန္မႈ သယ္ေဆာင္လာတဲ့ အသံနဲ႔
“နားလည္ပါတယ္! နားလည္ပါတယ္!"
"အိုးးး? ?? ဘာေတြနားလည္တာလဲ...ေျပာျပစမ္းပါဉီး...."
႐ွဲ႕ဟယ္ က ဒီကိစၥကို ေသခ်ာစဥ္းစားၿပီး သတိထားၿပီး ေျပာလိုက္တယ္....
"ကြၽန္ေတာ္က Sir ရဲ႕ အပိုင္ပါ..."
"ၿပီးေတာ့ေရာ..."
" Sir စကားကို နားေထာင္ ပါ့မယ္..."
"ဆက္ေျပာ...."
႐ွဲ႕ဟယ္ တုန္လႈပ္ေနၿပီ... မ်က္ႏွာလွလွေလးေပၚမွာလဲ ႐ႈပ္ေထြးမႈေတြက အထင္းသားပဲ....အခ်ိန္အေတာ္ၾကာထိ ေတြးၿပီးမွ မေသခ်မေရာဟန္နဲ႔....
" Sir နဲ႔ အိပ္ေပးရမယ္...Sir ကို ေက်နပ္ေအာင္ျပဳစုရမယ္..."
တန္႔က်င္းဝမ္း ခဏေလာက္ အသံတိတ္သြားတယ္....
"ဘာက်န္ေသးလဲ.. "
ဘာကိုမွ စဥ္းစားလို႔မရေတာ့တာေၾကာင့္ ႐ွဲ႕ဟယ္ သနားစဖြယ္အၾကည့္နဲ႔ ေမာ့ၾကည့္ေနလိုက္တယ္...
တန္႔က်င္းဝမ္း သက္ျပင္းခ်လိုက္ၿပီး...
"အဲ့ေတာ့ မင္းနားမလည္ဘူးေပါ့..."
ထို႔ေနာက္ ႐ွဲ႕ဟယ္တစ္ေယာက္ Play room ထဲကို ေခၚသြားခံရလိုက္ရေတာ့တယ္....
ႏွစ္နာရီၾကာၿပီးေနာက္.....႐ွဲ႕ဟယ္က တန္႔က်င္ဝမ္းရဲ႕ ရင္ခြင္ထဲမွာ ငါးေသတစ္ေကာင္လို လွဲေလ်ာင္းေနတယ္....တန္႔က်င္းဝမ္းကလဲ ႐ွဲ႕ဟယ္ကို ေပြ႕ဖက္ထားၿပီး ႏူးႏူးညံ့ညံ့ေလး နမ္းေနျပန္တယ္...
"အခုေရာ နားလည္သြားၿပီလား..."
တန္႔က်င္းဝမ္းရဲ႕ အသံက ႐ွဲ႕ဟယ္ရဲ႕ နားထဲမွာ ပဲ့တင္ထပ္ေနတယ္....
႐ွဲ႕ဟယ္ မ်က္လုံးဖြင့္ၾကည့္လိုက္တယ္....ရက္ရက္စက္စက္ ညႇင္းပန္းႏွိပ္စက္ခံထားရတာေၾကာင့္ အသံေတြ အက္ကြဲေနတယ္....
"ကြၽန္ေတာ္...."
စဥ္းစားလို႔ရသမွ် အကုန္ေျပာၿပီးေနၿပီေလ...ဘာေၾကာင့္မ်ား မေက်နပ္ႏိုင္ေသးတာလဲ....
တန္႔က်င္းဝမ္းတစ္ေယာက္ ကူကယ္ရာမဲ့သလို ခံစားေနရတယ္...ေကာင္ေလးရဲ႕ မ်က္ေတာင္ေတြကို ခပ္ဖြဖြထိေတြ႕လိုက္ၿပီး...
"မင္းက ငါ့အပိုင္ပဲ... .အဲ့စကားရဲ႕အဓိပၸါယ္က ေယာက္က်ားပဲ ျဖစ္ျဖစ္ မိန္းမပဲျဖစ္ျဖစ္ မင္းဘယ္သူ႕ကိုမွ ႀကိဳက္လို႔မရဘူး ဆိုတာပဲ..."
"ငါ့တစ္ေယာက္တည္းကိုပဲ ႀကိဳက္ရမယ္...."
တန္႔က်င္းဝမ္းက တစ္ခြန္းခ်င္းစီေသခ်ာေျပာျပေနတယ္...
႐ွဲ႕ဟယ္က နားမလည္ႏိုင္ေသးဟန္နဲ႔ သူ႕ကို ၾကည့္ေနတယ္....သူ တန္႔က်င္းဝမ္းက ႀကိဳက္ပါတယ္..ဒါေပမယ့္ သူငယ္ခ်င္းေတြ မိန္းမေတြကို ႀကိဳက္သလိုေတာ့ ဘယ္ဟုတ္မလဲ...
ဘာျဖစ္လို႔ တန္႔က်င္းဝမ္းကလြဲရင္ဘယ္သူ႕ကိုမွ ႀကိဳက္လို႔မျဖစ္တာလဲဟင္? ???