Behind the lust for a man(Com...

By YitDaungNyo_15

260K 13.2K 616

ခင်‌ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံ... More

BTLFAM ( 1 ) Unicode
BTLFAM (1) Zawgyi
BTLFAM (2) Unicode
BTLFAM(2) Zawgyi
BTLFAM (3) Unicode
BTLFAM (3) Zawgyi
BTLFAM (4) Unicode
BTLFAM (4) Zawgyi
BTLFAM (5) Unicode
BTLFAM (5) Zawgyi
BTLFAM (6) Unicode
BTLFAM (6) Zawgyi
BTLFAM (7)+ Unicode
BTLFAM (7)+ Zawgyi
BTLFAM (8) Unicode
BTLFAM (8) Zawgyi
BTLFAM (9) Zawgyi
BTLFAM (10) Unicode
BTLFAM (10) Zawgyi
BTLFAM (11) Unicode
BTLFAM (11) Zawgyi
BTLFAM (12) Unicode
BTLFAM (12) Zawgyi
BTLFAM (13) Unicode
BTLFAM (13) Zawgyi
BTLFAM (14) Unicode
BTLFAM (14) Zawgyi
BTLFAM (15) Unicode
BTLFAM (15) Zawgyi
BTLFAM (16) Unicode
BTLFAM (16) Zawgyi
BTLFAM (17) Unicode
BTLFAM (17) Zawgyi
BTLFAM (18) Unicode
BTLFAM (18) Zawgyi
BTLFAM (19.5) Uni/Zawgyi
BTLFAM (19) Unicode
BTLFAM (19) Zawgyi
BTLFAM (20) Unicode
BTLFAM (20) Zawgyi
BTLFAM (21) Unicode
BTLFAM (21) Zawgyi
BTLFAM (22) Unicode
BTLFAM (22) Zawgyi
BTLFAM (23) Unicode
BTLFAM (23) Zawgyi
BTLFAM (24) Unicode
BTLFAM (24) Zawgyi
BTLFAM (25) Unicode
BTLFAM (25) Zawgyi
BTLFAM (26) Unicode
BTLFAM (26) Zawgyi
BTLFAM (27) Unicode
BTLFAM (27) Zawgyi
BTLFAM (28) Unicode
BTLFAM (28) Zawgyi
BTLFAM (29) Unicode
BTLFAM (29) Zawgyi
BTLFAM (Final 30)Unicode
BTLFAM (Final 30) Zawgyi
တစ်ခန်းရပ်(uni/Zawgyi)
For New fic

BTLFAM (9) Unicode

4.8K 341 10
By YitDaungNyo_15

Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)

အပိုင်း(၉)

လွန်ခဲ့သောနှစ်(၃၀)က..

ကျယ်ဝန်းသောခြံကြီး၏ အနောက်စွန်းစွန်း၌ အနက်ရောင်သာအသုံးပြုထားသည့် သုံးထပ်စံအိမ်ကြီးသည် ထီးထီးမားမားတည်ရှိနေသည်။ ခြံ၏အရှေ့၌ ပြာလဲ့လဲ့ရေကန်ကြီးအပြင် ပိုးသားအခင်းတစ်ခုသဖွယ်ပေါက်ရောက်နေသောမြက်ပင်နုနုလေးတွေသည်လည်း ကားများဝင်ရာလမ်းမှအပခြံဝန်းတစ်ခုလုံး၌ စိမ်းစိမ်းစိုစိုပေါက်ရောက်နေသည်။

ထိုမြက်ခင်းနုနုလေး၌ အရွယ်မတိမ်းမယိမ်းရှိသည့် ကလေးနှစ်ယောက်သည် ပြေးလွှားကာဆော့နေကြသည်။

" ဟာ..မမကြီးပြန်လာပြီ.."

ထိုကလေးနှစ်ဦးထဲမှ ကောင်လေးသည် အိမ်ထဲသို့ဝင်လာသောကားလေးကိုကြည့်ပြီး မည်သူမှန်းသိစွာ အိမ်၏စင်ဝင်အောက်သို့ပြေးသွားသည်။

" ငယ်လေး..ငါ့ကိုစောင့်ပါအုံး.."

ကျန်နေခဲ့သည့် ကောင်မလေးက ပြေးသွားသည့်ကောင်လေးကိုလှမ်းအော်ပြီး အနောက်ကပြေးလိုက်ပါတော့သည်။ အနားရှိ bodyguardများသည် ရှေ့ရှိကလေးနှစ်ယောက်ကိုကြည့်ကာပြုံးနေကြသည်။

ဒီကလေးနှစ်ယောက်သည် ဒီဂိုဏ်း၏ဆက်ခံသူပြီးရင် သူတို့ကာကွယ်ရမည့်လူတွေမလား..။

" ဖြေးဖြေးလာကြပါ ငယ်လေးတို့ရယ် "

ကားပေါ်ကဆင်းလာသည့် အရပ်ရှည်ရှည်၊ခန္ဓာကိုယ်ကျစ်ကျစ်ရှိသည့် အမျိုးသမီးငယ်လေးသည် အနားရောက်လာသည့်ကလေးနှစ်ယောက်ကို စွေ့ခနဲကောက်မပြီးပြောလိုက်သည်။ ပုံမှန်အမျိုးသမီးတစ်ယောက်ဆိုရင်တော့ (၆)နှစ်အရွယ်ရှိသည့်အမြွှာနှစ်ယောက်ကိုတစ်ပြိုင်နက် မ ချင်မှ မ နိုင်လိမ့်မည်။ ဒီအမျိုးသမီးကတော့ ဖော့တုံးလေးတွေလိုအလွယ်တကူ မ နိုင်ပါသည်။

ဒီအမျိုးသမီးသည် တခြားသူမဟုတ် Maxiyo၏ဆက်ခံသူ Bella Maxiyoဖြစ်သည်။

" မမကြီး သားအတွက်မုန့်ပါလား.."

" ဟော..မမကြီးက လေ့ကျင့်ကွင်းကပြန်လာတာလေ ငယ်လေးရဲ့ ဘယ်လိုလုပ်မုန့်ပါမလဲ..ပြီးတော့ အိမ်မှာမုန့်တွေအစုံရှိတာကို..."

" ဟီး သားကမေ့သွားလို့ "

" ဒီကလေးတော့ဖြစ်ရတယ်.."

" မမကြီးက‌လေ့ကျင့်ကွင်းကပြန်လာတာဆိုတော့ Aprilမှာလိုက်တာပါလားဟင် "

" ငယ်လေးမှာတာကျ မမကြီးမှာရှိပေမယ့် ငယ်လေးက ငယ်သေးလို့ပေးလို့မရသေးဘူး"

" ဟွန့်..မမကြီးကလည်း Aprilအသက်က (၆)နှစ်ကြီးများတောင်ရှိပါပြီနော် "

လက်‌(၆)ချောင်းကိုထောင်ပြပြီး နှုတ်ခမ်းလေးဆူနေသည့် April၏ပါးကို ခပ်ဖွဖွမွှေးကြူလိုက်သည်။ Aprilတောင်းတာကို Bellaပေးလို့မရချေ..။ ဒင်းလေးတောင်းတာသည် Bella၏ limited editionဖြစ်သည့် အမည်းရောင်ပေါ်၌ ရွှေရောင်စာတန်းပါသည့် ပစ္စတိုဖြစ်ပေသည်။

" မမကြီး သားကိုရော.."

" ဟက်..အလည်လေးကိုလည်း ပေးရမှာပေါ့ မွမွ.."

" ဟီး သားကလဲ ပြန်ပေးမယ် မွမွ "

" အမလေး အမောတွေပြေသွားသလိုပဲ "

အမှန်ဆို Bellaတော်တော်ပင်ပန်းနေပြီဖြစ်သည်။ ဆက်ခံသူမို့ အခြားဂိုဏ်းသားတွေထပ်ပိုလေ့ကျင့်ရသည်။ နေ့မနား ညမအိပ်လေ့ကျင့်ရသည့်ကြားမှ အားလပ်ချိန်ဆိုအိမ်ပြန်လာပြီး ဒီဗီတာမင်လေးတွေနဲ့အားလာဖြည့်ရသည်။

အသက်(၂၀)အရွယ်အမျိုးသမီးတစ်ယောက်ပေမယ့် စိတ်ဓာတ်ပိုင်းရော ဦးဆောင်မှုပိုင်းမှာပါ တခြားလူတွေနှင့်ရင်ဘောင်တန်းလို့‌ရနေပြီဖြစ်သည်။ 

" သခင်မလေး..သခင်ကြီးကဖုန်းခေါ်နေပါတယ် "

" အင်း လာခဲ့မယ် "

Bodyguardကို တစ်ချက်လှည့်ပြောပြီး ကလေးနှစ်ယောက်ကိုချီထားရာမှချလိုက်သည်။

" ငယ်လေးတို့ ဒီနားမှာပဲဆော့နော် ခဏနေရင်အိမ်ထဲလာခဲ့တော့.."

" ဟုတ် မမကြီး "

ထွက်ပေါ်လာသော အသံဆာဆာလေးတွေကြောင့် ပြုံးလိုက်ပြီး ခေါင်းတစ်ချက်စီပုတ်ကာအိမ်‌ထဲဝင်လာခဲ့သည်။ အိမ်ထဲရောက်မှ ဖုန်းကိုင်လိုက်သည်။

" Hello Dad.."

" Bella ညကျရင် ပါတီတစ်ခုကိုDadအစားသွားတက်ရမယ် ပြင်ဆင်ထားပါ..."

" Okay Dad.."

" အင်း ဟိုပေါက်စနှစ်ကောင်ရော.."

" ခြံထဲမှာဆော့နေတယ် Dad.."

" အင်း.. အင်း "

အမြွှာနှစ်ယောက်ကို Dadရော Bellaပါ ချစ်ကြသည်။ ဒီကလေးနှစ်ယောက်၏ မိဘနှစ်ပါးသည် ဂိုဏ်း၏ကိစ္စတစ်ခုကြောင့် အသက်စွန့်သွားကြရသည်။

" ကလေးနှစ်ယောက်ကို ညနေစာကျွေးတော့ ပြီးရင်ခြံထဲကိုမဆင်းခိုင်းနဲ့တော့ "

ကလေးနှစ်ယောက်၏နာနီဖြစ်သူကို မှာခဲ့ပြီး Bellaအပေါ်သို့တက်လာခဲ့သည်။ ပြီးနောက် ဒူးအထက်ထိခွဲထားသော နီညိုရောင်ပွဲတက်ဂါဝန်ကိုဝတ်ကာ ပေါင်၌အနက်ရောင်အစည်းတစ်ခုပတ်လိုက်ပြီး သူမ၏မူပိုင်ပစ္စတိုနှင့် ဓားနှစ်ချောင်းကိုထည့်လိုက်သည်။ ပြီးသည်၏ သူမ၏အညိုရောင်ဆံနွယ်ရှည်ရှည်ကို ဆံထုံးဖွဖွထုံးလိုက်ပြီး နှစ်ခွရှိသည့်ဆံထိုးကိုထိုးလိုက်သည်။ ဆံထိုး၏ ထိပ်သည် ချွန်ထက်လွန်းသည်။ ဆံထိုး၏အလှသည် နီလာကျောက်အဝိုင်းလေးဖြစ်သည်။ ထိုကျောက်၌ ခြေရာခံစက်ပါသည်ကိုတော့ သူမတို့ဂိုဏ်း၏အကြီးအကဲတွေမှလွဲ၍မည်သူ့မျှမသိချေ။

တစ်ဆိတ်လောက်..Mrs.Bellaက ပါတီသွားမှာရောဟုတ်ရဲ့လား..?

ဟုတ်ပါတယ်။ သူမပါတီသွားမှာပါ..။ ဒီပါတီသည် ဂိုဏ်းတစ်ခု၏ လေလံပွဲဖြစ်သည်မို့ သူမလိုဆက်ခံသူတစ်ယောက်အတွက်သတိလက်လွတ်သွား၍ မရချေ..။

" သွားမယ်.."

နီညိုရောင်နှုတ်ခမ်း၏ဆိုးပြီး နီညိုရောင်ဒေါက်ဖိနပ်ချွန်ချွန်ကိုဝတ်ပြီးနောက် သူမ အောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်။

" အာ..မမကြီးက လှလိုက်တာ.."

" ဟက်..ငလည်လေး "

အမြွှာနှစ်ယောက်သည် TVကြည့်နေရာမှလှည့်လာပြီး အရောင်တောက်တောက်မျက်ဝန်းတွေဖြင့်လာကြည့်နေသည်။

" မမကြီးက Aprilရဲ့ idolပဲ "

" ဟုတ်ပါပြီ..မြှောက်နေတာတော်ကြတော့..မမသွားစရာရှိ‌သေးတယ်ငယ်လေးတို့ရဲ့..ခြံထဲမဆင်းကြနဲ့တော့နော်.."

" ဟုတ်.."

" ဟုတ်.."

အမြွှာနှစ်ယောက်သည် သူတို့ထိုင်နေသည့်နေရာသို့ပြန်သွားလေသည်။ ကလေးနှစ်ယောက်၏လှုပ်ရှားမှုတွေကိုကြည့်ပြီးမှ Bella ဒီဘက်ကိုလှည့်ကာ..

" တံခါးတွေလုံအောင်ပိတ်ထား..ပြီးရင် ဟိုကောင်တွေကိုခြံထဲလွှတ်ထား..ကလေးနှစ်ယောက်ကိုသေချာဂရုစိုက်ပါ.."

" ဟုတ်ကဲ့ပါ သခင်မလေး.."

Bella ဒီနေ့ညတစ်ခုခုဖြစ်မှာကြိုသိနေခဲ့သည်။ Bellaလွတ်လာတာနဲ့ ဒီအိမ်ကိုဖောက်ကြမှာ သိ၍ ခြံထဲ၌ ခြင်္သေ့သုံးကောင်ကိုလွှတ်ထားခိုင်းလိုက်သည်။ ပြီးသည်နှင့် ကားပေါ်တက်ကာ ပါတီပွဲဆီသို့လာခဲ့သည်။

Maxiyo၏ဆက်ခံသူသည် အမျိုးသမီးတွေကိုသာစိတ်ဝင်စားသည်ဟုအတိအလင်း‌ပြောထားတာတောင် လာကပ်သည့် အမျိုးသားတချို့ရှိနေသေးသည်။ Bellaကားပေါ်ကဆင်းသည်နှင့် သူမ၏ဟိတ်ဟန်ရှိသောမျက်နှာထားနှင့် ဖြူဖွေးသောလည်တိုင်ကျော့ကျော့၊ ဖြောင့်ဆင်းနေသည့်ခြေသလုံးနှင့် တောင့်တင်းသောခန္ဓာ၊ အရပ်အမောင်းကောင်းကောင်းတို့ကြောင့် ပုရိသများ၏အကြည့်တို့သည် သူမထံတွင်သာရှိသည်။

လေလံဆွဲတော့မည်ဖြစ်၍ ဧည့်သည်တော်များထိုင်ရာနေရာ၌ သူမဝင်ထိုင်လိုက်သည်။
ဒီလေလံပွဲတွင် လိင်ကျွန်များနှင့် လက်နက်များသာပါဝင်သည်မို့ သူမ ဒီလေလံပွဲကိုစိတ်မဝင်စား၍ လေလံဆွဲမည့်ပစ္စည်းတွေကိုအာရုံမရချေ။ သူမအတွက်လိင်ကျွန် မလိုအပ်သလို ကိုယ်တိုင်ထုတ်နေသည့် လက်နက်လည်းမလိုအပ်ချေ..။

" လေလံပွဲစပါပြီ.."
.
.
.
.
" လေလံပွဲပြီးဆုံးပါပြီ "

လေလံပွဲပြီးဆုံးသည်နှင့် အနိုင်ရခဲ့သည့်လူများအတွက်ဂုဏ်ပြုပါတီကိုတက်ရသည်။ ပါတီ၌ Bellaသည် တော်ရုံလူများကိုသိပေမယ့် မရောချေမို့ မည်သူမျှအနားမကပ်ရဲချေ..။

" ဟေး တစ်ယောက်ထဲလား "

" ဘယ်နှယောက်မြင်လဲ.."

" အို အစွာလေးပဲ "

ယောင်္ကျားတစ်ယောက်သည်Bella၏ခါးကိုလာဖက်သောကြောင့် ခန္ဓာကိုယ်သည်တွန့်သွားပေမယ့် အလျင်အမြန်ပြန်ထိန်းလိုက်သည်။

" ခါးကလက်ကိုဖယ်လိုက်.! "

Bella၏အသံတွင် အမိန့်ပေးဟန်တွေပါဝင်နေသည်။

" မိန်းမက မိန်းမလိုနေ Mrs.Maxiyo "

" တောက်စ်.! Maxiyoမှန်းသိသိရက်နဲ့ လာထိတာပေါ့ "

" အို Maxiyoလဲ ဘာအရေးလဲ "

Bellaသည် ခါးရှိရွေ့လျားမှုကို အာရုံစိုက်နေကာ မျက်လုံးတစ်ချက်စွေကြည့်လိုက်သည်။

ဪ..အဆိပ်လူးအပ်ပဲ..

" ငါ့ကို ဒီစောက်ချိုးလာမချိုးနဲ့.."

Bellaသည် ထိုအမျိုးသား၏လက်ကိုလိမ်ချိုးကာနောက်ပြန်ထားထားလိုက်သည်။

" အာ့..မင်းဘာလုပ်တာ.."

" ဒီလိုကလေးအကွက်တွေနဲ့ ငါ့ကိုသတ်လို့ရမယ်မထင်နဲ့ "

ဟိုလူကလည်း မခေ..။ လက်ကိုပြန်ရိုက်ချကာ တိုက်ကွက်ဆင်လာသည်။ ထိုသူသည် ယောင်္ကျားအားဖြင့် တိုက်ခိုက်သော်လည်း
ပရိယာယ်ကြွယ်ဝသော ဆက်ခံသူတစ်ယောက်သည် ထိုလူကိုအကောင်းဆုံးကျော်လွှားနိုင်သည်။

" မင်းက လာလှချည်လား "

ထိုသူသည် ခါးရှိအိတ်ထဲမှ အဆိပ်အပ်ကိုထုတ်ပြီး ပြစ်လာသည်။ Bellaသည်လည်း
မျက်စိလျင်စွာအလျင်အမြန်ရှောင်လိုက်ပါတော့သည်။ ဘေးရှိလူများသည် ရှဲသွားပြီး ကြိုးဝိုင်တစ်ခုကိုကြည့်သည့်နယ် အနိုင်ရရေးကို ကြည့်နေကြသည်။

ဒီဧရိယာမှာ ဘယ်ဂိုဏ်းသားမှ လူမသတ်ရဲချေမို့ သူတို့စိတ်ချလက်ချနေလို့ရခြင်းသာ..။

တိုက်ခိုက်လိုက်တိုင်း ဂါဝန်သည် တစ်ချက်၊တစ်ချက်ဝဲသွားလေသည်။ ဂါဝန်ဝဲသွားတိုင်း ပေါ်လာသည့် ရှည်လျားသွယ်လျကာဖြူဖြူဖွေးဖွေး ပြစ်ချက်ကင်းသည့် ပေါင်တံသည် အနားရှိလူတိုင်းကိုမျက်စိကျစေသည်။ သူမ၏တိုက်ကွက်တို့သည် ဆန်းကြယ်ပြီး သွက်လက်သည်။ ထက်မြတ်သည်။ မျက်စိလျင်လွန်းသည့် သူမကို အားလုံးကချီးမွမ်းကြသည်။

ထိုလူ၏လက်ကိုချုပ်ကာ နံရံနှင့်ဖိကပ်ပြီးခေါင်း၌ထိုးထားသော ဆံထိုးကိုအလျင်အမြန်ဖြုတ်ကာ ထိုလူ၏လည်ပင်းသို့စိုက်လိုက်လေသည်။ ဖွာကျလာသော အညိုရောင်ဆံနွယ်‌တွေနှင့်အပြိုင်လှပလွန်းသော အမျိုးသမီးကိုကြည့်ရင်း ပတ်ဝန်းကျင်ရှိလူများကြက်သေသေနေကြပါတော့သည်။ ထိုအမျိုးသမီးကတော့ သွေးပန်းထွက်နေသည့်လူကိုမှအားမနာ သူမ၏ဆံထိုးကိုချက်ချင်းပြန်နှုတ်ပြီး ထိုလူ၏ဂုတ်ပိုးကိုတစ်ချက်ကြည့်လိုက်သည်။

ဪ..မြေခွေးပဲ..

Foxဂိုဏ်းသည် ဒီလေလံပွဲကိုကျင်းပသည့်ဂိုဏ်းဖြစ်ပြီး Bellaကိုတမင်လာအောင်လုပ်ခဲ့တာဖြစ်ပေလိမ့်မည်။

" အကြံအကုန်ပဲလား.."

ခန်းမကျယ်၌Bella၏အသံသည်ဟိန်းသွားသည်။ ထိုနှင့်အတူ ကျန်ဂိုဏ်းခွဲများမှလူများသည်လည်း သူတို့၏ခေါင်းဆောင်ကိုလာခေါ်သွားကြလေသည်။ သူတို့သည်ကျွဲနှစ်ကောင်ခပ်တဲ့ပွဲမှာ ကြားထဲကမြေစာပင်တော့မဖြစ်လိုကြချေ..။ ဒီလောကမှာ အင်အားကြီးသည့် ဂိုဏ်းနှစ်ဂိုဏ်းပြိုင်ကြပေတော့မည်လေ..။

အလျှိုလျှိုထွက်လာသောလူတွေကြောင့် Bellaလည်း ပေါင်ရှိသေနတ်ကိုထုတ်ကာ အလျင်အမြန်တိုက်ခိုက်ရန်ပြင်သည်။ သူမတို့လူဦးရေသည် ခုနှစ်ယောက်သာရှိပြီး ဆယ်နှင့်ချီသောရန်သူတွေကိုဖြိုခွင်ဖို့ဟန်ပြင်ရတော့သည်။ မကြာမီ အကူများရောက်လာမည်ကိုလည်း သူမတို့ယုံကြည်ကြသည်။

သူမတို့စိတ်ထဲ၌တွေးနေသည်က Maxiyoတွေသည် ဘယ်တော့မှသွေးမကြောင်တတ်ဘူး။ရှောင်မပြေးတတ်ဘူး။

အကောင်းဆုံးလက်ရွေးစင်တွေဖြစ်သည့်အလျောက် သူမတို့ဘက်ကတိုက်ခိုက်ရေးပိုကောင်းသော်လည်း ရန်သူ၏နယ်မြေမှာမို့ ရန်သူသည်ပိုအင်အားကြီးနေလေသည်။

ဒိုင်း..ဒိုင်း..

ရှပ်..

Bella၏ဘယ်ဘက်လက်မောင်းသို့ကျည်ရှပ်ထိသွားလေသည်။ အသားနှင့်တိုက်ရိုက်မို့ သွေးများစီးကျနေလေသည်။ အကွယ်တစ်နေရာ၌ Bellaခဏထိုင်ကာ ဂါဝန်အောက်ဖျားကိုဖျဲလိုက်ပြီး လက်မောင်းကိုတင်းအောင်ပတ်လိုက်သည်။ ပြီးနောက် ပြန်တိုက်ခိုက်လေသည်။

Maxiyo၏‌ဆက်ခံသူတိုင်းသည် ပစ်တိုင်းထောင်များဖြစ်ကြသည်ကို လူတချို့ကတော့ မသိချေ..။

ရန်သူအင်အားနှင့်မမျှသောကြောင့် သူမတို့ရှိ ကျည်များကုန်သွားရတော့သည်။ ထို့ကြောင့် အရံသင့်ဆောင်ထားသည့် ဓားနှစ်လက်ကိုထုတ်ကာ မြဲမြဲကိုင်ထားလိုက်သည်။ တော်သေးသည်က ရန်သူသည် ဆယ်ယောက်သာကျန်တော့သည်။

သူမသည် နံရံအကွယ်၌ စောင့်နေပြီး လာရှာသမျှလူတိုင်းနှင့် တိုက်ခိုက်သည်။

" အင်း..."

ဓားရေးရှင်ရာတွင် ယောင်္ကျားအားဖြစ်သောကြောင့် သူမ၌ ချွေးတို့ပင်ထွက်လာသည်။ သူမသည်လည်း  ဒီအချိန်မှာ အသက်လုနေရချေပြီ..။

ဇွပ်..

" အင့်.."

သူမ၏မျက်ခုံးနှစ်ခုကွေးသွားသည်။ သူမဓားချက်ထိလေပြီ..။ များမကြာလိုက် သူမ၏ရန်သူသည်လည်း လည်ပင်း၌ ဓားရာဖြင့် ကိစ္စလျှောသွားလေသည်။

ရန်သူတွေမရှိသလောက်နီးပါးဖြစ်မှ သူမညာဘက်လက်မောင်းကိုဖိကာ ထိုင်ချလိုက်သည်။ ညာဘက်ရှိဓားရာသည် နက်သောကြောင့် ဘယ်ဘက်သည် ကျည်ရှပ်ထိထားသော်လည်းမနာအားချေ။

သွေးတိတ်စေရန် ဂါဝန်စကိုဖျဲပြီး ထပ်စည်းနှောင်ထားလိုက်သည်။

" သခင်မလေး..အခုချက်ချင်းစံအိမ်ပြန်ရပါမယ်..ကျွန်တော်တို့အကူတွေမရောက်လာခင် သူ့‌လူတွေလာရင် မလွယ်ပါဘူး "

" အင်း ငါသိတယ်..အခုပြန်မယ် "

Bellaထရပ်လိုက်သည်။ ပြီးနောက်ပြန်ဖို့ခြေလှမ်းစတင်လိုက်သည်။

ဒီအမျိုးသမီးသည် အန္တရာယ်ကြားမှတောင် ဒေါက်ဖိနပ်မကျွတ်ဘဲ လှ‌နိုင်သေး၏။

" ဟင့်..အီး..ကျွန်မကိုကယ်ပါ..ကျွန်မကိုကယ်ပေးပါ..အီးဟီး "

Bellaကြည့်လိုက်တော့ ဒေါင့်၌ အဖြူရောင်ဂါဝန်၌ သွေးရွဲနေသည့် အမျိုးသမီးတစ်ယောက်..။ သူမလိုပဲ လက်မောင်း၌ ကြည်ရှပ်ထိထားသည်။ သို့သော် သွေးအလွန်အမင်းထွက်နေလေသည်။

" ကျေးဇူးပြုပြီး ကျွန်မကိုကယ်ပါ.."

Bellaသူမအနားကိုသွားလိုက်သည်။ ပြီးနောက် ကြောက်ရွံမှုအပြည့်ပါသော သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးနှင့်ဆုံလေတော့ ရင်ခုန်နှုန်းသည် မူမမှန်တော့ချေ..။ လက်သည်ပင် သူမ၏ခေါင်းပေါ်သို့အလိုအလျောက်ရောက်သွားကာ ‌ရွှေဝါရောင်ရှိသောဆံနွယ်အိအိကို ကလေးတစ်ယောက်သဖွယ်ဖွဖွလေးပုတ်ပေးနေသည်။

" ဘာမှမကြောက်နဲ့နော် မမ မင်းကိုကယ်သွားမယ် "

အဘယ့်ကြောင့် အမြွှာနှစ်ယောက်လိုမျိုးသူမကိုဆက်ဆံလိုက်ရသလဲ Bellaရှည်ရှည်ဝေးဝေးမစဉ်းစားမိ‌ချေ..။

သူမ၏ရှည်လျားသောမျက်တောင်စိပ်စိပ်တွေ၏လှုပ်ခတ်မှု၌ တစ်ဖန်မှင်သက်သွားရသည်။

လှရက်လွန်းတယ်..။ အန္တရာယ်ကြားမှာတော့ မင်းလည်းလှရက်လွန်းတာပဲ..။

ထိုသူမလေးသည် Bella၏လက်သို့အားကိုးတကြီးစုတ်ကိုင်ပြီး..

" သေချာပေါက် ကယ်ပေးပါ မမ..တောင်းပန်ပါတယ် "

လျှောကျသွားသောလက်နှင့် မေ့မျောသွားသည့်သူမ..။

ဒီလိုနှင့် Maxiyo၏ဆက်ခံသူသည် မနိုင်ဝန်ကိုချီလိုက်ပြန်ပါသည်။

ဒေါက်ဖိနပ်ကိုချွတ်ကာလက်မှာကိုင်ပြီး ထိုအမျိုးသမီးလေးကို စွေ့ခနဲကောက်ချီလိုက်သည်။ ပြီးနောက် သေနတ်ကို ပေါင်၌ပြန်ထည့်ထားလိုက်သည်။

" မင်းကပေါ့ပေါ့လေးပဲ အဟက်.! "

" သခင်မလေး..ကျွန်တော်ချီ..."

" ရတယ် ကျွန်မနိုင်တယ်.."

အမျိုးသမီးတစ်ယောက်ကို ဒဏ်ရာတွေကြယးကတောင် ပွေ့ချီနိုင်တဲ့အထိ ဒီဆက်ခံသူသည် အဘယ်ဆီမှ ခွန်အားများရနေပါသနည်း..။

#စောမိုင်းခ(ဒေါင်းညို)
#23.2.22
နောက်ကြောင်းပြန်နေပြီဖြစ်လို့ Momရဲ့ပုံစံကိုပဲတွေ့ရမှာပါ

Continue Reading

You'll Also Like

4.2K 139 44
"ကိုယ်က မသေမျိုးဖြစ်ပေမယ့် ထာဝရဆိုတဲ့စကားလုံးကို လုံးဝအယုံအကြည်မရှိလို့ သူ့ကိုသုံးဖို့နေရာ ရှိလာမယ်လို့ ဘယ်တုံးကမှ မတွေးခဲ့ဘူး.... ရှိမယ့်ရှိလာတော့လည...
536K 60K 36
LOVE IS LIKE COFFEE S2
133K 11.2K 52
သမိုင်းထဲက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို မှီငြမ်းပြီး ထပ်ဆင့်စိတ်ကူးယဉ်ရေးသားထားပါတယ်။ Fantasy Drama အမျိုးအစားလေး ဖြစ်ပါတယ်။
109K 7.9K 52
⚡Cover By Rina⚡-Romance Drama×Horror Theme- ⚡⚡အချစ်ကြီးသူ၊အငြိုးကြီးသူ၊အမှတ်သည်းခြေကြီးသူတစ်ယောက်ရဲ့ ကျိန်စာတွေဟာ နောင်တစ်ချိန်ချိန်မှာ ပျက်ပြယ်သွားန...