{Unicode }(8.2)
" ငါတို့ရဲ့ ကိစ္စ အကြောင်း မင်းကိုပြောပြ စရာရှိတယ် ''
ယုစုယန်က ပြောလိုက် တယ်။
" မင်းက ဘွဲ့လွန် အတွက် ဘာဆက်လုပ် မယ်ဆိုတဲ့ အစီအစဉ် ရှိသလား ဆိုတာ ငါမသိဘူး။ ဒါပေမယ့် မင်းက ဘွဲ့လွန်ယူဖို့ ကျောင်း ကောင်းကောင်း တစ်ခု ရဲ့ ဝင်ခွင့် စာမေးပွဲကို အောင်ခဲ့ရင်တော့ ငါတို့ ၂ ယောက် အတူရှိချင် ရှိနေအုံးမှာပဲ ''
" ကျောင်းကောင်းကောင်း တစ်ခု? "
ရှုပေါ်စုရဲ့ မျက်ခုံးတွေက ပင့်တက်သွားလေတယ်။
" ဟုတ်တယ်။ မင်းရဲ့ အရည်အချင်း က အရမ်းကြီး မဆိုးပါဘူး။ ဒါ့ကြောင့် မင်း ခက်ခက်ခဲခဲနဲ့ ကြိုးစား ရင်တော့ ဝင်ခွင့် စာမေးပွဲ အောင်မှာပါလေ ''
ယုစုယန် ကတော့ သူ့အတွေးတွေ ထဲမှာ သူ့ကိုယ်သူ ဝင်ခွင့် စာမေးပွဲ အောင်မယ်လို့ သေချာပေါက် ယုံကြည်ချက် တွေ ပြင်းထန်နေခဲ့တယ်။ ကျန်းရှုလည်း သူ့လို အောင်ရင် မိဘတွေ ဆီဖွင့်ပြော ပြလို့ရပြီလေ။
" တကယ်လို့ မင်းက စာမေးပွဲ မအောင်ခဲ့ရင်ကော? "
ကျန်းရှုက မေးလိုက်တယ်။ သူ့ရဲ့ စိတ်ခံစားချက် တွေက လုံးဝ အတော်လေးကို တည်ငြိမ်နေလေတယ်။ သူပြောရဲတယ် တွေးနေစရာကို မလိုဘူး ဒီလိုကောင်က ဘယ်လိုဆန်ကုန်မြေလေး ကောင်ဖြစ်လာ မလဲ ဆိုတာကို သူသိပြီးသားမို့ ထိုင်သာရီချင်တော့တယ်။
" ဒါဆိုရင် ငါက ဘာမှ လုပ်လို့ မရတော့ဘူးပေါ့ ''
ယုစုယန် ကဆက်ပြောလေတယ်။
" ငါ့ရဲ့ အခြေအနေ က အရမ်းမဆိုးတာကို မင်းလည်း သိတာပဲ။ ဒါ့ကြောင့် ငါလည်း ငါ့လက်ထဲမှာ ကိုင်ထားလို့ရမယ့် တစ်စုံတစ်ယောက် ကို လက်ထပ်ရတော့ မှာပဲလေ''
[ ဖိနပ် ဘယ်မလဲ ငါပါးချ ချင်လို့ 🔥]
ကျန်းရှုက အနည်းငယ် လောက် ပြန်ဖြေလိုက်တယ်။
" မင်းရဲ့ အရေးမပါ စောက်ရူးထတဲ့ စကားတွေကို အပြီးထိ နားထောင် ပြီးသွားပြီလေ။ ဒီသခင်လေးက ထမင်းစား ဖို့သွားရ တော့မယ်။ ဆိုတော့ ခွင့်ပြုပါအုံး နော် ''
ဘေးကနေ ကွေ့မသွားပဲ သူ့အရှေ့က ပိတ်ရပ်ထားတဲ့ ယုစုယန်ကို တွန်းကာထွက်သွားလေတယ်။ ခြေတစ်လှမ်း ချင်း တစ်လှမ်းချင်း ပြတ်သားမှုတွေ လှောင်ပြောင်မှု တွေ အပြည့်နဲ့ပေါ့။
သူသာ အဲ့နေ့က ထိုစကားတွေကိုသာ မကြားခဲ့ရင် အခု ယုစုယန် ပြောတဲ့ စကားတွေ ကို သူယုံမိမှာပဲ။ အခုလို တွန်းထုတ်ပြီး ဘယ်လိုလုပ် ထွက်လာ လို့ရပါ့မလဲ။ ကျန်းရှုက အရမ်းကို ဒေါသထွက်ပြီး တဗျစ်တောက်တောက် ပြောချင်နေ ခဲ့တယ်။
အကုန်ခြုံပြော ရရင် သူကတကယ်ကြီး ဆင်းရဲနေတာမှ မဟုတ်တာ။
ဒါပေမယ့် သူက အခုတော့ ဆင်းရဲသွားခဲ့ ပြီးတော့ ဘယ်သူနဲ့မှ မထိုက်တန်တော့ ဘူးဆိုတာကို သဘောပေါက် သွားခဲ့ပါပြီနော်။
( ဒါက ရှုလေးက ရွဲ့ပြောတာ)
ကျောင်းကန်တင်းမှာ ထမင်းစားဖို့ ဟင်းပွဲတွေ ရွေးချယ်ရာမှာ သူ့ကိုယ်သူ သာမန်ဆန်နေတယ် လို့ ထင်နေမိတယ်။ ဒါပေမယ့် သက်ပြင်းချရင်းနဲ့ပဲ သူတက်နိုင်တဲ့ စျေးရှိတဲ့ ဟင်းပွဲတွေကို ရွေးချယ် ကာ ဝယ်ယူ လိုက်တယ်။
လောင်နျို နဲ့ သူ့ရဲ့ အတန်းဖော်တွေကို ရှာချင်ပေမယ့် ကန်တင်းထဲမှာ လူတွေပြည့်နေတာကြောင့် ရှာမရခဲ့လေဘူး။ ဒါ့ကြောင့် ဘေးနားလေးက စားပွဲခုံထောင့်လေးမှာ ထိုင်ကာ ဆာလောင်နေတဲ့ အစာအိမ်ကို မြန်မြန်ဖြည့်လိုက်တော့တယ်။
စားပြီးလို့ အိပ်ဆောင်ပြန်နေတဲ့ လမ်းမှာ ကျန်းချုနမ် က ဖုန်းခေါ်လာခဲ့လေတယ်။
" ရှုရှု မင်း နေ့လည်စာ စားပြီးပြီလား? "
ကျန်းရှုက ပြန်ဖြေတယ်။
" စားပြီးလို့ အိပ်ဆောင်ပြန်ပြီးတော့ အနားယူ မလို့ ညနေကျရင် စာမေးပွဲ တစ်ခု ရှိသေးတယ်။ ''
ဖုန်းရဲ့ တစ်ဖက်က ကျန်းချုနမ် ကတော့ မျက်မှောင်ကြုတ် ကာ ဖြစ်နိုင်စွမ်းတွေကို အများကြီး စဥ်းစား နေခဲ့လေတယ်။
ခါတိုင်းဆို ကျန်းရှုက သူ့ဖုန်းကို မဖြေဘူး။ ဒါမှမဟုတ် ဖြေရင်လည်း ယင်နဲ့ယန်လို အကန်တွေ ချည်းပဲ ဖြေလေ့ရှိတယ်။ ဒါပေမယ့် အခုကျတော့ ဘာမှ ဖြစ်မလာပဲ အတော်လေးကို တိတ်ဆိတ်နေခဲ့တာကြောင့် သူနေသား မကျလေဘူး။
" မင်း မနေ့ည တုံးက ဒေါသ ထွက်သွားတာလား? "
ကျန်းချုနမ်က အရမ်းကို စိတ်ပျက် နေခဲ့ပေမယ့် ကျန်းရှုက နားမထောင်မှန်း သိလေတော့ ဘာတစ်ခု မှ မပြောခဲ့လေဘူး။
" ကျွန်တော် စိတ်မတိုပါဘူး။ ကျွနွတော်က အခုဆို အရွယ်ရောက်နေပြီပဲလေ။ မဟုတ်လို့လား? "
ကျန်းရှုက ပြုံးကာ ပြောလေတယ်။
" ကျွန်တော့်ရဲ့ ကျန်ရှိနေတဲ့ တစ်ဘဝလုံး ခများကိုပဲ မှီခိုနေလို့မှ မရတော့တာလေ။ ''
ကျန်းချူနမ် ''......''
ဒီစကားရဲ့ အကျိုးသက်ရောက် မှုက အတော်လေး ကောင်းပါတယ်။ ဒါက သူ့ကို တကယ်စိတ်ရှုပ်အောင် လုပ်နိုင်လေတယ်။
" တစ်ခြား ဘာပြောစရာ ကျန်သေးလို့လဲ ။ ကျွန်တော်က ဒီအတိုင်းပဲ ဆက်ကိုင် ထားရမှာ ခများက အဆင်ပြေ လို့လား? "
" မင်း.. ...''
" ဟမ်? "
ကျန်းချူနမ် က အချိန်အတော်ကြာမှ ပြောလေတယ်။
" သုံးဖို့ ငွေကော ရှိသေးရဲ့လား။ လောက်ကော လောက်ရဲ့လား။ ငါပေးချေမှု တစ်ခု ကိုရခဲ့....''
" အို။ နောင်လာမယ့် နေ့ရက်တွေမှာ ခများ ပိုက်ဆံပေး ဖို့မလိုတော့ ပါဘူး။ ''
ကျန်းရှုက အလွန်စဥ်စားပေးဟန် နဲ့ သဘော ထားကြီးစွာပြောခဲ့တယ်။
" ကျွန်တော်ရဲ့ ဘော့စ်က အသက်လည်း မငယ်တော့ဘူး လေ။ ပြီးတော့ လက်ထပ်ပြီးသွားပြီလေ။ ခများက သူတို့ အိမ်မှာပဲ နေပြီးတော့ သူတို့ရဲ့ ဘဝတွေကို တာဝန်ယူ ထောက်ပံ့ ပေးရတော့မှာပဲလေ။ ကျွန်တော် က အဲ့တာတွေကို မသုံး နိုင်ပါဘူးဗျာ ။ ကျွန်တော်က အရမ်းကို ရိုးရှင်းတဲ့ ကောလိပ်ကျောင်းသား လေးတစ်ယောက် ပါဗျ။ သာမန် လူတစ်ယောက် ပါ။ ခများရဲ့ အနာဂတ် ကလေးအပေါ် ပေးဖို့ ခများရဲ့ အချိန်တွေကို ချန်ထား လိုက်ပါအုံးနော် ''
ကျန်းချူနမ် တစ်ယောက် ထိုစကားရဲ့ တစ်ဝက်ကို ကြားကတည်းက ခေါင်းထဲမှာ တဝီဝီ မြည်လာခဲ့တယ်။
ဒီမျိုးမစစ်လေး ကတော့ ဘာကို ပြောချင်နေတာလဲ?
ဘာလို့ သူက ပြောလေလေ ပိုပိုပြီး မှားလာသလို ဘာလို့ ခံစားနေမိတာလဲ?
သူ့ကို ဒီစကားတွေ ကြားပြီးတော့ ဒေါသထွက် ပြီး အသက်တိုစေ ချင်နေတာလား?
" ရှုရှု။ မင်း ဒီလိုပြောတာ တစ်ခုခု ရှိလို့လား? "
အချိန် အတော်ကြာ ပြီးမှ ကျန်းရှုက ဆက်ပြောတယ်။
" ကျွန်တော့်က တကယ့်ကို စဥ်းစား တက်လာပါပြီဗျာ။ ကျန်းချူနမ် ။ ကျွန်တော်က ကိုယ့်ဘဝကိုယ် ရှင်သန်တော့မှာပါဗျ။ ခများ နားပဲ တစ်သက် လုံးမှီခိုနေလို့ မရနိုင်ဘူး လေ။''
ကျန်းရှုက အသံအေးအေး လေးနဲ့ပဲ ဆက်ပြောတယ်။
" ပျော်ရွှင်တဲ့ လက်ထပ်ပွဲ တစ်ခု ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ် အဖေ ''
...............
ကျန်းရှုက ပြန်ဖြေတယ်။
ကျန်းချူနမ် ''......''
" မင်း.. ...''
" ဟမ်? "
...............