I'm Pregnant With Wang Yibo's...

By idun_givafuk

462K 48.2K 1.5K

ဝမ်ရိပေါ်ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီ/ ဝမ္ရိေပၚရဲ႕ ကေလးကို ကိုယ္ဝန္ေဆာင္ထားရၿပီ Associated Name 一不小心揣了对家的... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
31
32
33
34
Final
Extra 1

30

9.4K 987 14
By idun_givafuk

Unicode.

စော်အော့်ရဲ့ ရက်တစ်ရာပြည့်အထိမ်းအမှတ်ပါတီပွဲကို
ခမ်းခမ်းနားနားကျင်းပခဲ့ပြီး ပွဲရဲ့ထက်ဝက်ခန့်ကို အနုပညာ
နယ်ပယ်က ကြယ်ပွင့်တွေပဲ နေရာယူထားကြတာပါ။

ခန်းမအပြင်အဆင်နဲ့ ဖိတ်စာတွေ၊လက်ဆောင်တွေအထိ
ရှောင်းကျန့်နဲ့ဝမ်ရိပေါ်တို့ကိုယ်တိုင် ပြင်ဆင်ထားခဲ့ကြတာ
ပါ။ နှစ်ယောက်လုံးက အိမ်မှာနေပြီး အလုပ်မရှိဖြစ်နေကြ
တယ်လေ။ ရက်တစ်ရာပြည့် ပါတီပွဲအတွက် ပြင်ဆင်တာက
သူတို့အတွက် အကြီးမားဆုံးအရာ ဖြစ်နေခဲ့တယ်။ ဝမ်ရိပေါ်
ရဲ့မိခင်က ဝမ်ရိပေါ်တို့မိသားစုသုံးယောက် ပါတီပွဲမှာ ဝတ်ဖို့
အတွက် ဝတ်စုံတွေကို သူမရဲ့ ဒီဇိုင်နာဆီမှာ အထူးတောင်း
ဆိုအပ်နှံထားခဲ့တယ်။ ရှောင်းကျန့်နဲ့ဝမ်ရိပေါ်က တူညီတဲ့
ဝတ်စုံအမျိုးအစားကို ဝတ်ဆင်ခဲ့ကြပြီး စော်အော်လေးက
အဲ့လိုရှုပ်ထွေးတဲ့ဝတ်စုံတွေဝ​တ်ဖို့အတွက် ငယ်သေးတာမို့
စော်အော့်အတွက် ယုန်ဖြူလေးတစ်ကောင်လိုဖြစ်သွားစေ
မယ့်ပုံစံမျိုးကို ဒီဇိုင်းဆွဲခဲ့ပြီး အဲ့ဒီယုန်ဖြူလေးဝတ်စုံကိုမှ
သူ့အဖေနှစ်ယောက်နဲ့တူသွားအောင် ပြင်ပေးလိုက်တယ်။

ဝမ်ရိပေါ်က ယုန်ပုံလက်စွပ်လေးဝတ်ထားတော့ ရှောင်း
ကျန့်က ကော်လာချိတ်မှာ တစ်ခုခုထည့်ဖို့ အကြံရသွားခဲ့
ပြီး ကော်လာချိတ်မှာ ခြင်္သေ့နဲ့ယုန်လေး အချင်းချင်း ဖက်
တွယ်ထားပုံလေးကို ချိတ်ဆွဲလိုက်ပါတော့တယ်။ ဖိတ်စာ
ကို လက်ခံရရှိခဲ့တဲ့ အနုပညာရှင်တွေက ဝေ့ပေါ်မှာ အမှတ်
တရ ပိုစ့်တွေ တင်ခဲ့ကြပါတယ်။ ဝေ့ပေါ်မသုံးတာ နှစ်ချီနေ
ပြီဖြစ်တဲ့ ဝမ်ဟန့်တောင်မှ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်တို့နဲ့
တွဲရိုက်ထားတဲ့ ပုံတစ်ပုံကို တင်ခဲ့တယ်။

@汪涵 : အဖေတစ်ယောက်ဖြစ်သွားပြီဆိုတော့ ပိုပြီး
ရင့်ကျက်တည်ငြိမ်ရမယ်နော်! @UNIQ-王一博

လက်ဆောင်သေတ္တာကို ရှောင်းကျန့် ဒီဇိုင်းထုတ်တဲ့
သော့ခလောက်ပုံစံအတိုင်း သူ့စိတ်ကြိုက်ပြင်ဆင်ထား
ပါတယ်။ သော့ခလောက်လေးထဲမှာ အချစ်မှဲ့လေးတစ်
ခုလည်း ပါသေးတယ်လေ။ သေတ္တာရဲ့ အဓိကအရောင်
က အလွန်နွေးထွေးတဲ့ အဝါရောင်ဖြစ်ပြီး လက်ဆောင်
တွေကတော့ ရှောင်းကျန့်ပြင်ဆင်ထားတာတွေပါ။

ဝမ်ရိပေါ် ရဲ့စိတ်ကြိုက် တွေနဲ့ ပါတီပွဲကို ပြင်ဆင်
ထားတာမို့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဝေ့ပေါ်
မှာ ယောက်ယက်ခတ်နေကြတဲ့ အင်တာနက်အသုံး
ပြုသူတွေက အနုပညာရှင်အမျိုးမျိုးရဲ့ ဝေ့ပေါ်ပိုစ့်
တွေဆီ အပြေးအလွှားသွားခဲ့ကြပြီး နောက်ဆုံးမှာ
တော့ ပါတီရဲ့အကြောင်းကို နားလည်သွားခဲ့ကြကာ
ရှောင်းကျန့်လုပ်ထားတဲ့ ချစ်စရာ ယုန်နဲ့ခြင်္သေ့ပုံတွေ
ကိုကြည့်ရင်း ဖန်တွေက အော်ဟစ်ခဲ့ကြပါတယ်။

သူတို့တွေ ဒီနှစ်ယောက်ရဲ့ ဘယ်တော့မှ မသေနိုင်တဲ့
အချစ်အကြောင်း အခါတစ်သောင်းလောက်ပြောရင်
တောင် လုံးဝပင်ပန်းမှာမဟုတ်ဘူး ! ! !

ဖန်တွေက ညသန်းခေါင်အထိ ဝေ့ပေါ်မှာ စောင့်မျှော်
နေကြဆဲပင်ဖြစ်ပြီး နောက်ဆုံးမှာတော့ ရှောင်းကျန့်နဲ့
ဝမ်ရိပေါ်တို့က လှုပ်ရှားလာခဲ့ပါတယ်။ သူတို့နှစ်ဦးက
ဖခင်ဖြစ်လာတာနဲ့ ပက်သက်တဲ့အကြောင်း ဝေ့ပေါ်ကို
မျှဝေလာတာတော့မဟုတ်ဘူး။ စော်အော်ရက်တစ်ရာ
ပြည့်က သူတို့ရဲ့ ကော်လာတွေအကြောင်းကိုပဲ ရိုးရှင်း
စွာနဲ့ ဟန်မဆောင်ဘဲ မျှဝေလာခဲ့တာပါ။

စော်အော်မွေးပြီးတာ ရက်တစ်ရာပြည့်ပြီဖြစ်ပြီး သူတို့
နှစ်ဦးအတွက် ဆိုးရွားတဲ့ဖြစ်ရပ် ကြုံတွေ့ရတာကလည်း ရက်တစ်ရာပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ အင်တာနက်ကို
ထိတ်လန့်တုန်လှုပ်သွားစေခဲ့တဲ့ ဒီဖြစ်ရပ်ကို စုံစမ်း စစ်
ဆေးဖို့ တိုင်ကြားထားပြီးဖြစ်ပေမယ့် မှုခင်းအပြင် အရပ်
ဘက်အမှုတွဲလည်းရှိသေးတာကြောင့် ကြားကာလက
နည်းနည်းပိုရှည်သွားပေမယ့် သုံးလထက်တော့ မပိုပါ
ဘူး။ ပြီးတော့ အခုဆို ရက်ပေါင်းတစ်ရာရှိနေပြီလေ။
သိပ်ပြီးကြာတော့မှာမဟုတ်ပါဘူး။ ဝမ်ရိပေါ် ရဲ့ဥပဒေ
ရေးရာအဖွဲ့က ရှင်းဟိုက်အင်တာတိန်းမင့်ရဲ့ နှစ်များ
တစ်လျှောက် ရှေ့နေကျူးဦးဆောင်လာတဲ့ ထိပ်တန်း
ရှေ့နေများနဲ့ ဖွဲ့စည်ထားတာဖြစ်ပြီး သူတို့ရဲ့လက်ထဲမှာ
လုံလောက်တဲ့ အထောက်အထားမျိုးစုံ ရှိကြပါတယ်။

အသံဖိုင်ကို ငြင်းဆိုရုန်းကန်ဖို့အတွက် တစ်ဖက်က
အင်တာနက်ပေါ်မှာ ညစ်ပတ်တဲ့ ရေဆိုးရေညစ်တွေ
လောင်းချတာကလွဲပြီးတော့ အခြားဘာလုပ်ကြမယ်
ဆိုတာကို သိကြမယ့်ပုံ မပေါ်ပါဘူး။

စော်အော့်ရဲ့ ၁၂၅ရက်မြောက်မှာတော့ အမှုကို
ရုံးတင်စစ်ဆေးဖို့ ဖြစ်လာခဲ့ပါပြီ။

ဒီတရားခွင်က တော်တော်လေးကို အာရုံစိုက်ခံရတယ်လို့
ပြောလို့ရတယ်။ တရားရုံးအဝင်ဝကို မီဒီယာမျိုးစုံက ဝန်းရံ
ပိတ်ဆို့ထားကြပါလေရဲ့။ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့အပြင်
ယွီလော့လည်း တရားခွင်ကို တက်ရောက်ခဲ့ပါတယ်။

သူမက ဘီးတပ်ကုလားထိုင်ပေါ်မှာ သူနာပြုရဲ့ တွန်းပို့
ပေးခြင်းကိုခံနေရပြီး မျက်နှာက ဖြူဖျော့နေကာ နာမ
ကျန်းဖြစ်နေပုံရပါတယ်။ သူမက ရှောင်းကျန့်ရှိရာကို
ကြည့်လာတဲ့အခါ သူမရဲ့မျက်ဝန်းတွေက နာကြည်းမှု
တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်
ရှေ့မှာ ကာရပ်လိုက်ပြီး သူမကို အဆိပ်ပြင်းပြီး အေး
စက်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လိုက်တယ်။ သူမက
ရှောင်းကျန့်ရှေ့မှာရပ်နေတဲ့ ဝမ်ရိပေါ်ကိုမြင်လိုက်ရတဲ့
အခါမှာ တစ်ခုခုကိုပြောဖို့ပြင်လိုက်ပေမယ့် ဝမ်ရိပေါ်က
ယွီလော့ကို လျစ်လျူရှုပြီး ခေါင်းကိုတစ်ဖက်သို့လှည့်ကာ
နောက်ဖက်ကို နည်းနည်းမှလှည့်မကြည့်ဘဲ ရှောင်းကျန့်
ကို အခန်းထဲသို့ အသာလေး ဆွဲခေါ်သွားခဲ့ပါတယ်။

တံခါးပေါက်ပိတ်သွားတဲ့အသံကို ကြားလိုက်ရပြီးနောက်
သူမအဲ့ဒါကိုကြားလိုက်ရတဲ့အခါ ယွီလော့ကဝမ်းနည်းသွား
ခဲ့ပါတယ်။ သူမက လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး
သူနာပြုကို အထဲကိုတွန်းပို့ပေးဖို့ ပြောလိုက်လေတယ်။

ရှောင်းကျန့်နဲ့ ယွီလော့တို့ နှစ်ယောက်လုံးက သက်သေ
စာရင်းမှာ ပါဝင်ပါတယ်။ အဲ့ဒီအဖြစ်အပျက်ဖြစ်နေချိန်
အဲ့ဒီနေရာမှာ ရှိနေခဲ့တဲ့သူတွေပဲ ဖြစ်စဥ်အကြောင်းကို
ပြောပြပေးနိုင်တာပဲဖြစ်ပါတယ်။ အမှုမစစ်ဆေးခင်မှာ
ရှေ့နေကျူးက ရှောင်းကျန့်ကို အဲ့ဒီနေ့က အကြောင်း
အရာတိုင်းကို အသေးစိတ်ရှင်းပြပေးဖို့၊ကိုယ်ဝန်ဆောင်
အိုမီဂါတစ်ယောက်အနေနဲ့ ဘယ်လိုအန္တရာယ်မျိုးတွေ
သူခံစားခဲ့ရ၊ဘယ်လိုဘယ်ပုံမျိုးနဲ့ လွတ်မြောက်အောင်
ကြိုးစားခဲ့ရ...အစရှိတာတွေကို လူတိုင်းကို ဂရုတစ်စိုက်
နဲ့ သေချာပြောပြပေးဖို့ရာ တောင်းဆိုခဲ့ပါတယ်။

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့အပြင် သက်သေနေရာမှာ
တရားမဝင်တဲ့ အယ်လ်ဖာအမျိုးသမီးနဲ့ ဆေးရုံက
ဒေါက်တာလီတို့လည်း ပါဝင်ခဲ့ပါသေးတယ်။ အခင်း
ဖြစ်ပွားပြီးနောက်မှာ ဝမ်ရိပေါ်က လက်ရှိ ဒီနေရာကို
ရောက်ရှိနေတဲ့ တရားမဝင်တဲ့ အယ်လ်ဖာအမျိုးသမီး
ကို လျင်မြန်စွာ ထိန်းချုပ်ခဲ့ပါတယ်။ Omega Pro-
tection Actမှာ အိုမီဂါကို အတင်းအကြပ် ဖိအား
ပေးရင် ထောင်ကျမှာပဲဖြစ်ပါတယ်။ ရှောင်းကျန့်ကို
သူမလုပ်ခဲ့တဲ့ ပျက်စီးဆုံးရှူံးမှုက ပြန်ပြုပြင်လို့ မရ
တော့သလို နောက်ဆုတ်လို့လည်း မရတော့ဘူးဆိုတဲ့
အကြောင်းကို သူမ(အယ်လ်ဖာအမျိုးသမီး)သိတယ်။

သူမက အသက်နှစ်ဆယ်ကျော်အရွယ်ပဲရှိသေးတာ။ အခု
တော့ ဒီဘဝက အဆုံးသတ်ရတော့မယ်။ ဝမ်ရိပေါ် ရဲ့ မန်
နေဂျာနဲ့ ရှေ့နေကျူးတို့က တရားမဝင်တဲ့ အဲ့ဒီ အယ်လ်
ဖာအမျိုးသမီးနဲ့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြတယ်။
နှစ်ဦးနှစ်ဖက်ကြား ညှိနှိုင်းအပြီးမှာ သူမက ယွီလော့ဟာ
ပြန်ပေးဆွဲခြင်း ပြုလုပ်ခဲ့ကြောင်းနဲ့ အိုမီဂါကို ကိုယ်ဝန်ရှိ
နေစဥ်မှာ ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရစေခဲ့ကြောင်း
ဝမ်ရိပေါ်ဘက်က သက်သေလိုက်ပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။

" ယွီလော့နဲ့ ကျွန်မက ဝေ့ပေါ်မှာ တွေ့ခဲ့ကြတာ "

အယ်လ်ဖာအမျိုးသမီးက သက်သေခံခုံမှာ ထိုင်နေခဲ့ပြီး
ရှောင်းကျန့်ရှိရာကို မျက်နှာမူလာပြီးနောက် မျက်နှာကို
အုပ်ရင်းနဲ့ ရှိုက်ကြီးတစ်ငင် ငိုကြွေးပါတော့တယ်။

" အဲ့ဒီအချိန်တုန်းက သူမက ကျွန်မကို ဆက်သွယ်လာ
ခဲ့တယ် သူမက ကျွန်မရဲ့ အချက်အလက်တွေကို လေ့လာ
ခဲ့ပြီး ကျွန်မက တရားမဝင်တဲ့ဖန်တစ်ယောက်ဆိုတာကို
သိသွားခဲ့တယ် ကျွန်မက ရှောင်းကျန့်သွားတဲ့နေရာ မှန်
သမျှကို လိုက်တတ်ပါတယ်....အဲ့ဒီမှာ သူမက ကျွန်မကို
စဆက်သွယ်လာခဲ့ပြီး ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကို ကွဲကွာ
စေမယ့် နည်းလမ်းတစ်ခုရှိတယ်လို့ ပြောလာခဲ့တယ် အ
စတုန်းကတော့ ကျွန်မမယုံခဲ့ပါဘူး ဒါပေမယ့်...သူမက
' ပေါ်ကျွင်းရိရှောင်းက ဒီနေ့ရော မကွာရှင်းကြဘူးလား '
ဆိုတဲ့ အကောင့်ကို ဖွင့်လိုက်တော့ ကျွန်မကိုယ်တိုင်လည်း
ဇဝေဇဝါဖြစ်သွားခဲ့တယ်လေ ယွီလော့မှာ အရင်းအနှီး
တွေအများကြီးရှိတာမို့ သူမနဲ့သာပူးပေါင်းလိုက်မယ်ဆို
ရင် ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့နှစ်ယောက်ကို တကယ်
ကွဲသွားအောင်လုပ်နိုင်လောက်တယ်ဆိုပြီး.... "

" ဒါကို ခင်ဗျားတို့ ဘယ်လိုစီစဥ်ခဲ့ကြတာလဲ? "

မျက်ရည်တွေကျနေတဲ့ အယ်လ်ဖာအမျိုးသမီးကို မျက်
နှာချင်းဆိုင်ကြည့်ပြီး ရှေ့နေကျူးက အေးစက်တည်ငြိမ်
နေတဲ့ပုံနဲ့ မေးခွန်းတွေ မရပ်မနား မေးနေခဲ့တယ်။

အယ်လ်ဖာအမျိုးသမီးရဲ့ ငိုသံက နှေးကွေးသွားခဲ့ပြီး
သူမက တုန်ယင်နေတဲ့အသံနဲ့ : " ယွီလော့နဲ့ ကျွန်မ
ပူးပေါင်းဖို့ ဆုံးဖြတ်ကြပြီးတဲ့နောက် ယွီလော့က ငွေ
နဲ့ နောက်ကွယ်က ထောက်ပံ့ပေးပြီး ကျွန်မကတော့
ရှောင်းကျန့်နောက်ကို ခြေရာခံလိုက်ခဲ့တယ် ပြီးတော့
ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့ကို လူတွေတစ်မျိုးမြင်ကြ
စေဖို့ အင်တာနက်မှာလည်း ကောလဟာလအမျိုးမျိုး
ဖန်တီးပြီးတော့ အပုပ်ချခဲ့ကြပါတယ်....ရှောင်းကျန့်
ရဲ့ကိုယ်ဝန်စစ်ဆေးမယ့်နေ့ကို ကျွန်မနောက်ယောင်ခံ
စုံစမ်းပြီးတဲ့နောက်တော့ ယွီလော့က ကျွန်မပေးထား
တဲ့ သတင်းအချက်အလက်တွေ မှန်ကန်မှုရှိမရှိ ကိုယ်
ဝန်ဆောင် အမျိုးသမီးတစ်ယောက်ရဲ့အသွင်ကို ယူပြီး
တော့ ဆေးရုံကို လူကိုယ်တိုင်သွားခဲ့ပါတယ်....ကျွန်မ
ရဲ့အချက်အလက်တွေကို မှန်ကန်ကြောင်း အတည်ပြု
ပြီးတဲ့နောက်တော့ သူမက ရှောင်းကျန့်ကို ပြန်ပေးဆွဲ
မယ်ဆိုတဲ့ အစီအစဥ်ကို စတင်ခဲ့တော့တာပါပဲ.... "

" သူမက ရှောင်းကျန့်ကို ထိခိုက်စေဖို့ ရည်ရွယ်ထားတာ
အဲ့ဒါကို ကျွန်မသေချာတယ် ယွီလော့ အဲ့ဒီနေ့က ဓားကို
လက်ထဲမှာ ယူလာခဲ့တာ အစတုန်းကတော့ pheromone
နဲ့ အကျပ်ကိုင်ပြီးပဲ ကလေးကို ထိခိုက်အောင်လုပ်မယ်လို့
ကျွန်မကထင်ခဲ့ပေမယ့် သူမက ဓားကိုယူလာခဲ့တယ်လေ
ဟုတ်တယ်...သူမက ကလေးအပြင် ရှောင်းကျန့်ကိုပါ ထိ
ခိုက်စေချင်ခဲ့တာပါ အကယ်၍ ဝမ်ရိပေါ်သာ နည်းနည်း
နောက်ကျပြီးမှလာခဲ့ရင် နောက်ဆက်တွဲအကျိုးဆက်က
မတွေးချင်လောက်အောင် ဆိုးရွားနေမှာ.... "

အယ်လ်ဖာအမျိုးသမီးရဲ့ စွပ်စွဲချက်တွေကြားမှာ ယွီလော့
က လန့်ဖျပ်သွားခဲ့ပြီး တရားသူကြီးကို အယ်လ်ဖာ အမျိုး
သမီးနဲ့ ဝမ်ရိပေါ်က ပူးပေါင်းကြံစည်ပြီး သူမကို စွပ်စွဲနေ
ကြတာဖြစ်ပြီး အဲ့ဒီစကားတွေက ယုံကြည်ဖွယ်မရှိဘူးလို့
စကားလုံးအမျိုးမျိုးသုံးပြီးတော့ ငြင်းဆိုခဲ့ပါတယ်။

အယ်လ်ဖာအမျိုးသမီးက ယွီလော့ကို မယုံကြည်နိုင်တဲ့
မျက်ဝန်းတွေနဲ့ ကြည့်လာခဲ့ပြီး သူမရဲ့ မျက်နှာက ဒေါသ
ကြောင့် ဖြူဖျော့သွားခဲ့ကာ : " နင်ဆက်ပြီးငြင်းမနေနဲ့
တော့ နင်ငါ့ကို ဆက်သွယ်လာတဲ့ အကြောင်းအရာ မှန်
သမျှကို ငါအကုန်သိမ်းထားတယ် "

ရှေ့နေကျူးက မတ်တပ်ရပ်ပြီး တရားသူကြီးဆီကို
အယူခံဝင်ခဲ့ပါတယ် : " သက်သေနဲ့ Mr.Wangတို့
ကြားမှာ ဘယ်လိုငွေကြေးဆိုင်ရာပက်သက်မှုမှ မရှိ
ကြသလို တရားခံက သူလုပ်ခဲ့တဲ့ အရာနဲ့ ပက်သက်
ပြီး ဝန်မခံလည်း ကိစ္စမရှိပါဘူး ကျွန်တော်တို့ဖက်မှာ
သက်သေအထောက်အထားအစုံအလင် ရှိပါတယ်...
Mr.Xiaoရဲ့ဖုန်းထဲမှာ အသံဖိုင်သက်သေရှိသလိုပဲ
သက်သေပြောသွားတဲ့ အကြောင်းအရာတွေကလည်း
အသံဖိုင်ထဲက အကြောင်းအရာတွေနဲ့ ကိုက်ညီနေပါ
တယ် တရားသူကြီးမင်းခင်ဗျ .... "

သူပြောတဲ့အတိုင်း ရှေ့နေ့က လက်ထဲမှာ စာရွက်စာ
တမ်းမျိုးစုံကို ကိုင်ဆောင်ထားပြီး ဝေ့ပေါ် နဲ့ ဝီချတ်က
ပရင့်မှတ်တမ်းတွေကို လူတိုင်းကိုလိုက်ပြပြီး အသံဖိုင်
ကိုလည်း ဖွင့်လှစ်ပြသလာခဲ့ပါတော့တယ်။

တရားသူကြီးက ယွီလော့ဖက်က ရှေ့နေကို မျက်မှောင်
ကြုတ်ကြည့်လိုက်ပြီး ပြောလာခဲ့ပါတယ် : " တရားခံ,
သက်သေဘက်က Mr.Wangနဲ့ ငွေအပေးအယူလုပ်
ခဲ့တယ်ဆိုတဲ့ အထောက်အထားကို ပြနိုင်ပါသလား.....
ကျွန်တော် ခင်ဗျားတို့ တရားခွင်စချိန်ထဲက အခုချိန်ထိ
အထောက်အထားတစ်ခုမှ ထုတ်ပြမလာကြသေးဘူးဆို
တာကို သတိပေးလိုက်ပါရစေ ထပ်မေးပါ့မယ် သက်သေ
ဘက်က လာဘ်ထိုးခံထားရတယ်ဆိုတဲ့ အထောက်အထား​
ကို တရားခံဘက်က ပြနိုင်ပါသလား " ၊ ရှေ့နေကျူးက
မတ်တပ်ထရပ်လာခဲ့ပြီး : " တရားခံရဲ့ အခြေအမြစ်မရှိ
တဲ့ ထင်ကြေးပေးမှုတွေကို ကန့်ကွက်ပါတယ် "

ရှေ့နေကျူးဆီက ရှောင်းကျန့် ကြားသိလိုက်ရတာက
တရားသူကြီးတွေက လူအဖွဲ့အစည်းဆီက အာရုံစိုက်ခံ
ရတဲ့ ဒီလိုအမှုတွေမှာ အပိုပြဿနာတွေ မလုပ်ချင်ကြ
ပေမယ့်လည်း မီဒီယာတွေနဲ့ အကျယ်တဝံ့ဖြစ်လာမယ့်
အမှုတွေကိုတော့ ရလဒ်ကောင်း မျှော်လင့်တတ်ကြပါ
သတဲ့။ အရမ်းရွံဖို့ကောင်းတာပဲ။ (မီသိပ်နားမလည်...)

ဒေါသနဲ့ကိုယ်ကျိုးမဖက်တတ်တဲ့ တရားသူကြီးရဲ့
တင်းမာတဲ့မျက်နှာထားကို မြင်လိုက်တာနဲ့ ယွီလော့
ရဲ့ရှေ့နေက စိတ်ဓာတ်ကျစွာနဲ့ ထိုင်ချလိုက်ပြီးတော့
အသံတိုးတိုးနဲ့ ပြောလာခဲ့ပါတယ် : " မပြနိုင်ပါဘူး "

ဝမ်ရိပေါ်က အဲ့ဒီရှေ့နေရဲ့ အမူအရာကို ကြည့်ရင်း
မျက်ခုံးပင့်လိုက်ပြီး ရှောင်းကျန့်ရဲ့ လက်ကလေးကို
တိတ်တဆိတ် ဆုပ်ကိုင်လိုက်ပါတယ်။

" ကြောက်ဖို့မလိုဘူးနော် "

သူက ရှောင်းကျန့်ကို ခပ်တိုးတိုး ပြောလိုက်တယ်။

" ကျွန်တော်တို့အနိုင်ရလိမ့်မယ် "

-TBC-

Zawgyi.

ေစာ္ေအာ့္ရဲ႕ ရက္တစ္ရာျပည့္ အထိမ္းအမွတ္ပါတီပြဲကို
ခမ္းခမ္းနားနားက်င္းပခဲ့ၿပီး ပြဲရဲ႕ထက္ဝက္ခန့္ကို အႏုပညာ
နယ္ပယ္က ၾကယ္ပြင့္ေတြပဲ ေနရာယူထားၾကတာပါ။

ခန္းမအျပင္အဆင္နဲ႕ ဖိတ္စာေတြ၊လက္ေဆာင္ေတြအထိ
ေရွာင္းက်န့္နဲ႕ဝမ္ရိေပၚတို႔ကိုယ္တိုင္ ျပင္ဆင္ထားခဲ့ၾကတာ
ပါ။ ႏွစ္ေယာက္လုံးက အိမ္မွာေနၿပီး အလုပ္မရွိျဖစ္ေနၾက
တယ္ေလ။ ရက္တစ္ရာျပည့္ ပါတီပြဲအတြက္ ျပင္ဆင္တာက
သူတို႔အတြက္ အႀကီးမားဆုံးအရာ ျဖစ္ေနခဲ့တယ္။ ဝမ္ရိေပၚ
ရဲ႕မိခင္က ဝမ္ရိေပၚတို႔မိသားစုသုံးေယာက္ ပါတီပြဲမွာ ဝတ္ဖို႔
အတြက္ ဝတ္စုံေတြကို သူမရဲ႕ ဒီဇိုင္နာဆီမွာ အထူးေတာင္း
ဆိုအပ္ႏွံထားခဲ့တယ္။ ေရွာင္းက်န့္နဲ႕ဝမ္ရိေပၚက တူညီတဲ့
ဝတ္စုံအမ်ိဳးအစားကို ဝတ္ဆင္ခဲ့ၾကၿပီး ေစာ္ေအာ္ေလးက
အဲ့လိုရႈပ္ေထြးတဲ့ဝတ္စုံေတြဝတ္ဖို႔အတြက္ ငယ္ေသးတာမို႔
ေစာ္ေအာ့္အတြက္ ယုန္ျဖဴေလးတစ္ေကာင္လိုျဖစ္သြားေစ
မယ့္ပုံစံမ်ိဳးကို ဒီဇိုင္းဆြဲခဲ့ၿပီး အဲ့ဒီယုန္ျဖဴေလးဝတ္စုံကိုမွ
သူ႕အေဖႏွစ္ေယာက္နဲ႕တူသြားေအာင္ ျပင္ေပးလိုက္တယ္။

ဝမ္ရိေပၚက ယုန္ပုံလက္စြပ္ေလးဝတ္ထားေတာ့ ေရွာင္း
က်န့္က ေကာ္လာခ်ိတ္မွာ တစ္ခုခုထည့္ဖို႔ အႀကံရသြားခဲ့
ၿပီး ေကာ္လာခ်ိတ္မွာ ျခေသၤ့နဲ႕ယုန္ေလး အခ်င္းခ်င္း ဖက္
တြယ္ထားပုံေလးကို ခ်ိတ္ဆြဲလိုက္ပါေတာ့တယ္။ ဖိတ္စာ
ကို လက္ခံရရွိခဲ့တဲ့ အႏုပညာရွင္ေတြက ေဝ့ေပၚမွာ အမွတ္
တရ ပိုစ့္ေတြ တင္ခဲ့ၾကပါတယ္။ ေဝ့ေပၚမသုံးတာ ႏွစ္ခ်ီေန
ၿပီျဖစ္တဲ့ ဝမ္ဟန့္ေတာင္မွ ဝမ္ရိေပၚ နဲ႕ ေရွာင္းက်န့္တို႔နဲ႕
တြဲရိုက္ထားတဲ့ ပုံတစ္ပုံကို တင္ခဲ့တယ္။

@ : အေဖတစ္ေယာက္ျဖစ္သြားၿပီဆိုေတာ့ ပိုၿပီး
ရင့္က်က္တည္ၿငိမ္ရမယ္ေနာ္! @UNIQ-王一博

လက္ေဆာင္ေသတၱာကို ေရွာင္းက်န့္ ဒီဇိုင္းထုတ္တဲ့
ေသာ့ခေလာက္ပုံစံအတိုင္း သူ႕စိတ္ႀကိဳက္ျပင္ဆင္ထား
ပါတယ္။ ေသာ့ခေလာက္ေလးထဲမွာ အခ်စ္မွဲ႕ေလးတစ္
ခုလည္း ပါေသးတယ္ေလ။ ေသတၱာရဲ႕ အဓိကအေရာင္
က အလြန္ႏြေးေထြးတဲ့ အဝါေရာင္ျဖစ္ၿပီး လက္ေဆာင္
ေတြကေတာ့ ေရွာင္းက်န့္ျပင္ဆင္ထားတာေတြပါ။

ဝမ္ရိေပၚ ရဲ႕စိတ္ႀကိဳက္ ေတြနဲ႕ ပါတီပြဲကို ျပင္ဆင္
ထားတာမို႔ အရမ္းခ်စ္ဖို႔ေကာင္းပါတယ္။ ေဝ့ေပၚ
မွာ ေယာက္ယက္ခတ္ေနၾကတဲ့ အင္တာနက္အသုံး
ျပဳသူေတြက အႏုပညာရွင္အမ်ိဳးမ်ိဳးရဲ႕ ေဝ့ေပၚပိုစ့္
ေတြဆီ အေျပးအလႊားသြားခဲ့ၾကၿပီး ေနာက္ဆုံးမွာ
ေတာ့ ပါတီရဲ႕အေၾကာင္းကို နားလည္သြားခဲ့ၾကကာ
ေရွာင္းက်န့္လုပ္ထားတဲ့ ခ်စ္စရာ ယုန္နဲ႕ျခေသၤ့ပုံေတြ
ကိုၾကည့္ရင္း ဖန္ေတြက ေအာ္ဟစ္ခဲ့ၾကပါတယ္။

သူတို႔ေတြ ဒီႏွစ္ေယာက္ရဲ႕ ဘယ္ေတာ့မွ မေသနိုင္တဲ့
အခ်စ္အေၾကာင္း အခါတစ္ေသာင္းေလာက္ေျပာရင္
ေတာင္ လုံးဝပင္ပန္းမွာမဟုတ္ဘူး ! ! !

ဖန္ေတြက ညသန္းေခါင္အထိ ေဝ့ေပၚမွာ ေစာင့္ေမွ်ာ္
ေနၾကဆဲပင္ျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ေရွာင္းက်န့္နဲ႕
ဝမ္ရိေပၚတို႔က လႈပ္ရွားလာခဲ့ပါတယ္။ သူတို႔ႏွစ္ဦးက
ဖခင္ျဖစ္လာတာနဲ႕ ပက္သက္တဲ့အေၾကာင္း ေဝ့ေပၚကို
မွ်ေဝလာတာေတာ့မဟုတ္ဘူး။ ေစာ္ေအာ္ရက္တစ္ရာ
ျပည့္က သူတို႔ရဲ႕ ေကာ္လာေတြအေၾကာင္းကိုပဲ ရိုးရွင္း
စြာနဲ႕ ဟန္မေဆာင္ဘဲ မွ်ေဝလာခဲ့တာပါ။

ေစာ္ေအာ္ေမြးၿပီးတာ ရက္တစ္ရာျပည့္ၿပီျဖစ္ၿပီး သူတို႔
ႏွစ္ဦးအတြက္ ဆိုး႐ြားတဲ့ျဖစ္ရပ္ ႀကဳံေတြ႕ရတာကလည္း ရက္တစ္ရာျပည့္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ အင္တာနက္ကို
ထိတ္လန့္တုန္လႈပ္သြားေစခဲ့တဲ့ ဒီျဖစ္ရပ္ကို စုံစမ္း စစ္
ေဆးဖို႔ တိုင္ၾကားထားၿပီးျဖစ္ေပမယ့္ မႈခင္းအျပင္ အရပ္
ဘက္အမႈတြဲလည္းရွိေသးတာေၾကာင့္ ၾကားကာလက
နည္းနည္းပိုရွည္သြားေပမယ့္ သုံးလထက္ေတာ့ မပိုပါ
ဘူး။ ၿပီးေတာ့ အခုဆို ရက္ေပါင္းတစ္ရာရွိေနၿပီေလ။
သိပ္ၿပီးၾကာေတာ့မွာမဟုတ္ပါဘူး။ ဝမ္ရိေပၚ ရဲ႕ဥပေဒ
ေရးရာအဖြဲ႕က ရွင္းဟိုက္အင္တာတိန္းမင့္ရဲ႕ ႏွစ္မ်ား
တစ္ေလွ်ာက္ ေရွ႕ေနက်ဴးဦးေဆာင္လာတဲ့ ထိပ္တန္း
ေရွ႕ေနမ်ားနဲ႕ ဖြဲ႕စည္ထားတာျဖစ္ၿပီး သူတို႔ရဲ႕လက္ထဲမွာ
လုံေလာက္တဲ့ အေထာက္အထားမ်ိဳးစုံ ရွိၾကပါတယ္။

အသံဖိုင္ကို ျငင္းဆို႐ုန္းကန္ဖို႔အတြက္ တစ္ဖက္က
အင္တာနက္ေပၚမွာ ညစ္ပတ္တဲ့ ေရဆိုးေရညစ္ေတြ
ေလာင္းခ်တာကလြဲၿပီးေတာ့ အျခားဘာလုပ္ၾကမယ္
ဆိုတာကို သိၾကမယ့္ပုံ မေပၚပါဘူး။

ေစာ္ေအာ့္ရဲ႕ ၁၂၅ရက္ေျမာက္မွာေတာ့ အမႈကို
႐ုံးတင္စစ္ေဆးဖို႔ ျဖစ္လာခဲ့ပါၿပီ။

ဒီတရားခြင္က ေတာ္ေတာ္ေလးကို အာ႐ုံစိုက္ခံရတယ္လို႔
ေျပာလို႔ရတယ္။ တရား႐ုံးအဝင္ဝကို မီဒီယာမ်ိဳးစုံက ဝန္းရံ
ပိတ္ဆို႔ထားၾကပါေလရဲ႕။ ေရွာင္းက်န့္နဲ႕ ဝမ္ရိေပၚတို႔အျပင္
ယြီေလာ့လည္း တရားခြင္ကို တက္ေရာက္ခဲ့ပါတယ္။

သူမက ဘီးတပ္ကုလားထိုင္ေပၚမွာ သူနာျပဳရဲ႕ တြန္းပို႔
ေပးျခင္းကိုခံေနရၿပီး မ်က္ႏွာက ျဖဴေဖ်ာ့ေနကာ နာမ
က်န္းျဖစ္ေနပုံရပါတယ္။ သူမက ေရွာင္းက်န့္ရွိရာကို
ၾကည့္လာတဲ့အခါ သူမရဲ႕မ်က္ဝန္းေတြက နာၾကည္းမႈ
ေတြနဲ႕ ျပည့္ႏွက္ေနခဲ့ပါတယ္။ ဝမ္ရိေပၚက ေရွာင္းက်န့္
ေရွ႕မွာ ကာရပ္လိုက္ၿပီး သူမကို အဆိပ္ျပင္းၿပီး ေအး
စက္တဲ့ မ်က္ဝန္းေတြနဲ႕ စိုက္ၾကည့္လိုက္တယ္။ သူမက
ေရွာင္းက်န့္ေရွ႕မွာရပ္ေနတဲ့ ဝမ္ရိေပၚကိုျမင္လိုက္ရတဲ့
အခါမွာ တစ္ခုခုကိုေျပာဖို႔ျပင္လိုက္ေပမယ့္ ဝမ္ရိေပၚက
ယြီေလာ့ကို လ်စ္လ်ဴရႈၿပီး ေခါင္းကိုတစ္ဖက္သို႔လွည့္ကာ
ေနာက္ဖက္ကို နည္းနည္းမွလွည့္မၾကည့္ဘဲ ေရွာင္းက်န့္
ကို အခန္းထဲသို႔ အသာေလး ဆြဲေခၚသြားခဲ့ပါတယ္။

တံခါးေပါက္ပိတ္သြားတဲ့အသံကို ၾကားလိုက္ရၿပီးေနာက္
သူမအဲ့ဒါကိုၾကားလိုက္ရတဲ့အခါ ယြီေလာ့ကဝမ္းနည္းသြား
ခဲ့ပါတယ္။ သူမက လက္သီးေတြကို တင္းတင္းဆုပ္ထားၿပီး
သူနာျပဳကို အထဲကိုတြန္းပို႔ေပးဖို႔ ေျပာလိုက္ေလတယ္။

ေရွာင္းက်န့္နဲ႕ ယြီေလာ့တို႔ ႏွစ္ေယာက္လုံးက သက္ေသ
စာရင္းမွာ ပါဝင္ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ျဖစ္ေနခ်ိန္
အဲ့ဒီေနရာမွာ ရွိေနခဲ့တဲ့သူေတြပဲ ျဖစ္စဥ္အေၾကာင္းကို
ေျပာျပေပးနိုင္တာပဲျဖစ္ပါတယ္။ အမႈမစစ္ေဆးခင္မွာ
ေရွ႕ေနက်ဴးက ေရွာင္းက်န့္ကို အဲ့ဒီေန႕က အေၾကာင္း
အရာတိုင္းကို အေသးစိတ္ရွင္းျပေပးဖို႔၊ကိုယ္ဝန္ေဆာင္
အိုမီဂါတစ္ေယာက္အေနနဲ႕ ဘယ္လိုအႏၱရာယ္မ်ိဳးေတြ
သူခံစားခဲ့ရ၊ဘယ္လိုဘယ္ပုံမ်ိဳးနဲ႕ လြတ္ေျမာက္ေအာင္
ႀကိဳးစားခဲ့ရ...အစရွိတာေတြကို လူတိုင္းကို ဂ႐ုတစ္စိုက္
နဲ႕ ေသခ်ာေျပာျပေပးဖို႔ရာ ေတာင္းဆိုခဲ့ပါတယ္။

ေရွာင္းက်န့္နဲ႕ ဝမ္ရိေပၚတို႔အျပင္ သက္ေသေနရာမွာ
တရားမဝင္တဲ့ အယ္လ္ဖာအမ်ိဳးသမီးနဲ႕ ေဆး႐ုံက
ေဒါက္တာလီတို႔လည္း ပါဝင္ခဲ့ပါေသးတယ္။ အခင္း
ျဖစ္ပြားၿပီးေနာက္မွာ ဝမ္ရိေပၚက လက္ရွိ ဒီေနရာကို
ေရာက္ရွိေနတဲ့ တရားမဝင္တဲ့ အယ္လ္ဖာအမ်ိဳးသမီး
ကို လ်င္ျမန္စြာ ထိန္းခ်ဳပ္ခဲ့ပါတယ္။ Omega Pro-
tection Actမွာ အိုမီဂါကို အတင္းအၾကပ္ ဖိအား
ေပးရင္ ေထာင္က်မွာပဲျဖစ္ပါတယ္။ ေရွာင္းက်န့္ကို
သူမလုပ္ခဲ့တဲ့ ပ်က္စီးဆုံးရႉံးမႈက ျပန္ျပဳျပင္လို႔ မရ
ေတာ့သလို ေနာက္ဆုတ္လို႔လည္း မရေတာ့ဘူးဆိုတဲ့
အေၾကာင္းကို သူမ(အယ္လ္ဖာအမ်ိဳးသမီး)သိတယ္။

သူမက အသက္ႏွစ္ဆယ္ေက်ာ္အ႐ြယ္ပဲရွိေသးတာ။ အခု
ေတာ့ ဒီဘဝက အဆုံးသတ္ရေတာ့မယ္။ ဝမ္ရိေပၚ ရဲ႕ မန္
ေနဂ်ာနဲ႕ ေရွ႕ေနက်ဴးတို႔က တရားမဝင္တဲ့ အဲ့ဒီ အယ္လ္
ဖာအမ်ိဳးသမီးနဲ႕ အခ်ိန္အေတာ္ၾကာ ေဆြးႏြေးခဲ့ၾကတယ္။
ႏွစ္ဦးႏွစ္ဖက္ၾကား ညွိႏွိုင္းအၿပီးမွာ သူမက ယြီေလာ့ဟာ
ျပန္ေပးဆြဲျခင္း ျပဳလုပ္ခဲ့ေၾကာင္းနဲ႕ အိုမီဂါကို ကိုယ္ဝန္ရွိ
ေနစဥ္မွာ ရည္႐ြယ္ခ်က္ရွိရွိ ထိခိုက္ဒဏ္ရာရေစခဲ့ေၾကာင္း
ဝမ္ရိေပၚဘက္က သက္ေသလိုက္ေပးဖို႔ ဆႏၵရွိခဲ့ပါတယ္။

" ယြီေလာ့နဲ႕ ကြၽန္မက ေဝ့ေပၚမွာ ေတြ႕ခဲ့ၾကတာ "

အယ္လ္ဖာအမ်ိဳးသမီးက သက္ေသခံခုံမွာ ထိုင္ေနခဲ့ၿပီး
ေရွာင္းက်န့္ရွိရာကို မ်က္ႏွာမူလာၿပီးေနာက္ မ်က္ႏွာကို
အုပ္ရင္းနဲ႕ ရွိုက္ႀကီးတစ္ငင္ ငိုေႂကြးပါေတာ့တယ္။

" အဲ့ဒီအခ်ိန္တုန္းက သူမက ကြၽန္မကို ဆက္သြယ္လာ
ခဲ့တယ္ သူမက ကြၽန္မရဲ႕ အခ်က္အလက္ေတြကို ေလ့လာ
ခဲ့ၿပီး ကြၽန္မက တရားမဝင္တဲ့ဖန္တစ္ေယာက္ဆိုတာကို
သိသြားခဲ့တယ္ ကြၽန္မက ေရွာင္းက်န့္သြားတဲ့ေနရာ မွန္
သမွ်ကို လိုက္တတ္ပါတယ္....အဲ့ဒီမွာ သူမက ကြၽန္မကို
စဆက္သြယ္လာခဲ့ၿပီး ေရွာင္းက်န့္နဲ႕ ဝမ္ရိေပၚကို ကြဲကြာ
ေစမယ့္ နည္းလမ္းတစ္ခုရွိတယ္လို႔ ေျပာလာခဲ့တယ္ အ
စတုန္းကေတာ့ ကြၽန္မမယုံခဲ့ပါဘူး ဒါေပမယ့္...သူမက
' ေပၚကြၽင္းရိေရွာင္းက ဒီေန႕ေရာ မကြာရွင္းၾကဘူးလား '
ဆိုတဲ့ အေကာင့္ကို ဖြင့္လိုက္ေတာ့ ကြၽန္မကိုယ္တိုင္လည္း
ဇေဝဇဝါျဖစ္သြားခဲ့တယ္ေလ ယြီေလာ့မွာ အရင္းအႏွီး
ေတြအမ်ားႀကီးရွိတာမို႔ သူမနဲ႕သာပူးေပါင္းလိုက္မယ္ဆို
ရင္ ေရွာင္းက်န့္နဲ႕ ဝမ္ရိေပၚတို႔ႏွစ္ေယာက္ကို တကယ္
ကြဲသြားေအာင္လုပ္နိုင္ေလာက္တယ္ဆိုၿပီး.... "

" ဒါကို ခင္ဗ်ားတို႔ ဘယ္လိုစီစဥ္ခဲ့ၾကတာလဲ? "

မ်က္ရည္ေတြက်ေနတဲ့ အယ္လ္ဖာအမ်ိဳးသမီးကို မ်က္
ႏွာခ်င္းဆိုင္ၾကည့္ၿပီး ေရွ႕ေနက်ဴးက ေအးစက္တည္ၿငိမ္
ေနတဲ့ပုံနဲ႕ ေမးခြန္းေတြ မရပ္မနား ေမးေနခဲ့တယ္။

အယ္လ္ဖာအမ်ိဳးသမီးရဲ႕ ငိုသံက ႏွေးေကြးသြားခဲ့ၿပီး
သူမက တုန္ယင္ေနတဲ့အသံနဲ႕ : " ယြီေလာ့နဲ႕ ကြၽန္မ
ပူးေပါင္းဖို႔ ဆုံးျဖတ္ၾကၿပီးတဲ့ေနာက္ ယြီေလာ့က ေငြ
နဲ႕ ေနာက္ကြယ္က ေထာက္ပံ့ေပးၿပီး ကြၽန္မကေတာ့
ေရွာင္းက်န့္ေနာက္ကို ေျခရာခံလိုက္ခဲ့တယ္ ၿပီးေတာ့
ေရွာင္းက်န့္နဲ႕ ဝမ္ရိေပၚတို႔ကို လူေတြတစ္မ်ိဳးျမင္ၾက
ေစဖို႔ အင္တာနက္မွာလည္း ေကာလဟာလအမ်ိဳးမ်ိဳး
ဖန္တီးၿပီးေတာ့ အပုပ္ခ်ခဲ့ၾကပါတယ္....ေရွာင္းက်န့္
ရဲ႕ကိုယ္ဝန္စစ္ေဆးမယ့္ေန႕ကို ကြၽန္မေနာက္ေယာင္ခံ
စုံစမ္းၿပီးတဲ့ေနာက္ေတာ့ ယြီေလာ့က ကြၽန္မေပးထား
တဲ့ သတင္းအခ်က္အလက္ေတြ မွန္ကန္မႈရွိမရွိ ကိုယ္
ဝန္ေဆာင္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕အသြင္ကို ယူၿပီး
ေတာ့ ေဆး႐ုံကို လူကိုယ္တိုင္သြားခဲ့ပါတယ္....ကြၽန္မ
ရဲ႕အခ်က္အလက္ေတြကို မွန္ကန္ေၾကာင္း အတည္ျပဳ
ၿပီးတဲ့ေနာက္ေတာ့ သူမက ေရွာင္းက်န့္ကို ျပန္ေပးဆြဲ
မယ္ဆိုတဲ့ အစီအစဥ္ကို စတင္ခဲ့ေတာ့တာပါပဲ.... "

" သူမက ေရွာင္းက်န့္ကို ထိခိုက္ေစဖို႔ ရည္႐ြယ္ထားတာ
အဲ့ဒါကို ကြၽန္မေသခ်ာတယ္ ယြီေလာ့ အဲ့ဒီေန႕က ဓားကို
လက္ထဲမွာ ယူလာခဲ့တာ အစတုန္းကေတာ့ pheromone
နဲ႕ အက်ပ္ကိုင္ၿပီးပဲ ကေလးကို ထိခိုက္ေအာင္လုပ္မယ္လို႔
ကြၽန္မကထင္ခဲ့ေပမယ့္ သူမက ဓားကိုယူလာခဲ့တယ္ေလ
ဟုတ္တယ္...သူမက ကေလးအျပင္ ေရွာင္းက်န့္ကိုပါ ထိ
ခိုက္ေစခ်င္ခဲ့တာပါ အကယ္၍ ဝမ္ရိေပၚသာ နည္းနည္း
ေနာက္က်ၿပီးမွလာခဲ့ရင္ ေနာက္ဆက္တြဲအက်ိဳးဆက္က
မေတြးခ်င္ေလာက္ေအာင္ ဆိုး႐ြားေနမွာ.... "

အယ္လ္ဖာအမ်ိဳးသမီးရဲ႕ စြပ္စြဲခ်က္ေတြၾကားမွာ ယြီေလာ့
က လန့္ဖ်ပ္သြားခဲ့ၿပီး တရားသူႀကီးကို အယ္လ္ဖာ အမ်ိဳး
သမီးနဲ႕ ဝမ္ရိေပၚက ပူးေပါင္းႀကံစည္ၿပီး သူမကို စြပ္စြဲေန
ၾကတာျဖစ္ၿပီး အဲ့ဒီစကားေတြက ယုံၾကည္ဖြယ္မရွိဘူးလို႔
စကားလုံးအမ်ိဳးမ်ိဳးသုံးၿပီးေတာ့ ျငင္းဆိုခဲ့ပါတယ္။

အယ္လ္ဖာအမ်ိဳးသမီးက ယြီေလာ့ကို မယုံၾကည္နိုင္တဲ့
မ်က္ဝန္းေတြနဲ႕ ၾကည့္လာခဲ့ၿပီး သူမရဲ႕ မ်က္ႏွာက ေဒါသ
ေၾကာင့္ ျဖဴေဖ်ာ့သြားခဲ့ကာ : " နင္ဆက္ၿပီးျငင္းမေနနဲ႕
ေတာ့ နင္ငါ့ကို ဆက္သြယ္လာတဲ့ အေၾကာင္းအရာ မွန္
သမွ်ကို ငါအကုန္သိမ္းထားတယ္ "

ေရွ႕ေနက်ဴးက မတ္တပ္ရပ္ၿပီး တရားသူႀကီးဆီကို
အယူခံဝင္ခဲ့ပါတယ္ : " သက္ေသနဲ႕ Mr.Wangတို႔
ၾကားမွာ ဘယ္လိုေငြေၾကးဆိုင္ရာပက္သက္မႈမွ မရွိ
ၾကသလို တရားခံက သူလုပ္ခဲ့တဲ့ အရာနဲ႕ ပက္သက္
ၿပီး ဝန္မခံလည္း ကိစၥမရွိပါဘူး ကြၽန္ေတာ္တို႔ဖက္မွာ
သက္ေသအေထာက္အထားအစုံအလင္ ရွိပါတယ္...
Mr.Xiaoရဲ႕ဖုန္းထဲမွာ အသံဖိုင္သက္ေသရွိသလိုပဲ
သက္ေသေျပာသြားတဲ့ အေၾကာင္းအရာေတြကလည္း
အသံဖိုင္ထဲက အေၾကာင္းအရာေတြနဲ႕ ကိုက္ညီေနပါ
တယ္ တရားသူႀကီးမင္းခင္ဗ် .... "

သူေျပာတဲ့အတိုင္း ေရွ႕ေန႕က လက္ထဲမွာ စာ႐ြက္စာ
တမ္းမ်ိဳးစုံကို ကိုင္ေဆာင္ထားၿပီး ေဝ့ေပၚ နဲ႕ ဝီခ်တ္က
ပရင့္မွတ္တမ္းေတြကို လူတိုင္းကိုလိုက္ျပၿပီး အသံဖိုင္
ကိုလည္း ဖြင့္လွစ္ျပသလာခဲ့ပါေတာ့တယ္။

တရားသူႀကီးက ယြီေလာ့ဖက္က ေရွ႕ေနကို မ်က္ေမွာင္
ၾကဳတ္ၾကည့္လိုက္ၿပီး ေျပာလာခဲ့ပါတယ္ : " တရားခံ,
သက္ေသဘက္က Mr.Wangနဲ႕ ေငြအေပးအယူလုပ္
ခဲ့တယ္ဆိုတဲ့ အေထာက္အထားကို ျပနိုင္ပါသလား.....
ကြၽန္ေတာ္ ခင္ဗ်ားတို႔ တရားခြင္စခ်ိန္ထဲက အခုခ်ိန္ထိ
အေထာက္အထားတစ္ခုမွ ထုတ္ျပမလာၾကေသးဘူးဆို
တာကို သတိေပးလိုက္ပါရေစ ထပ္ေမးပါ့မယ္ သက္ေသ
ဘက္က လာဘ္ထိုးခံထားရတယ္ဆိုတဲ့ အေထာက္အထား
ကို တရားခံဘက္က ျပနိုင္ပါသလား " ၊ ေရွ႕ေနက်ဴးက
မတ္တပ္ထရပ္လာခဲ့ၿပီး : " တရားခံရဲ႕ အေျခအျမစ္မရွိ
တဲ့ ထင္ေၾကးေပးမႈေတြကို ကန့္ကြက္ပါတယ္ "

ေရွ႕ေနက်ဴးဆီက ေရွာင္းက်န့္ ၾကားသိလိုက္ရတာက
တရားသူႀကီးေတြက လူအဖြဲ႕အစည္းဆီက အာ႐ုံစိုက္ခံ
ရတဲ့ ဒီလိုအမႈေတြမွာ အပိုျပႆနာေတြ မလုပ္ခ်င္ၾက
ေပမယ့္လည္း မီဒီယာေတြနဲ႕ အက်ယ္တဝံ့ျဖစ္လာမယ့္
အမႈေတြကိုေတာ့ ရလဒ္ေကာင္း ေမွ်ာ္လင့္တတ္ၾကပါ
သတဲ့။ အရမ္း႐ြံဖို႔ေကာင္းတာပဲ။ (မီသိပ္နားမလည္...)

ေဒါသနဲ႕ကိုယ္က်ိဳးမဖက္တတ္တဲ့ တရားသူႀကီးရဲ႕
တင္းမာတဲ့မ်က္ႏွာထားကို ျမင္လိုက္တာနဲ႕ ယြီေလာ့
ရဲ႕ေရွ႕ေနက စိတ္ဓာတ္က်စြာနဲ႕ ထိုင္ခ်လိဳက္ၿပီးေတာ့
အသံတိုးတိုးနဲ႕ ေျပာလာခဲ့ပါတယ္ : " မျပနိုင္ပါဘူး "

ဝမ္ရိေပၚက အဲ့ဒီေရွ႕ေနရဲ႕ အမူအရာကို ၾကည့္ရင္း
မ်က္ခုံးပင့္လိုက္ၿပီး ေရွာင္းက်န့္ရဲ႕ လက္ကေလးကို
တိတ္တဆိတ္ ဆုပ္ကိုင္လိုက္ပါတယ္။

" ေၾကာက္ဖို႔မလိုဘူးေနာ္ "

သူက ေရွာင္းက်န့္ကို ခပ္တိုးတိုး ေျပာလိုက္တယ္။

" ကြၽန္ေတာ္တို႔အနိုင္ရလိမ့္မယ္ "

-TBC-

Continue Reading

You'll Also Like

72.5K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
25.3K 4K 30
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
469K 64.7K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
52.1K 4.1K 58
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...