Behind the lust for a man(Com...
By YitDaungNyo_15
265K 13.3K 616
ခင်‌ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံ... More
BTLFAM ( 1 ) Unicode
BTLFAM (1) Zawgyi
BTLFAM (2) Unicode
BTLFAM(2) Zawgyi
BTLFAM (3) Unicode
BTLFAM (3) Zawgyi
BTLFAM (4) Unicode
BTLFAM (4) Zawgyi
BTLFAM (5) Unicode
BTLFAM (5) Zawgyi
BTLFAM (6) Unicode
BTLFAM (6) Zawgyi
BTLFAM (7)+ Unicode
BTLFAM (7)+ Zawgyi
BTLFAM (8) Zawgyi
BTLFAM (9) Unicode
BTLFAM (9) Zawgyi
BTLFAM (10) Unicode
BTLFAM (10) Zawgyi
BTLFAM (11) Unicode
BTLFAM (11) Zawgyi
BTLFAM (12) Unicode
BTLFAM (12) Zawgyi
BTLFAM (13) Unicode
BTLFAM (13) Zawgyi
BTLFAM (14) Unicode
BTLFAM (14) Zawgyi
BTLFAM (15) Unicode
BTLFAM (15) Zawgyi
BTLFAM (16) Unicode
BTLFAM (16) Zawgyi
BTLFAM (17) Unicode
BTLFAM (17) Zawgyi
BTLFAM (18) Unicode
BTLFAM (18) Zawgyi
BTLFAM (19.5) Uni/Zawgyi
BTLFAM (19) Unicode
BTLFAM (19) Zawgyi
BTLFAM (20) Unicode
BTLFAM (20) Zawgyi
BTLFAM (21) Unicode
BTLFAM (21) Zawgyi
BTLFAM (22) Unicode
BTLFAM (22) Zawgyi
BTLFAM (23) Unicode
BTLFAM (23) Zawgyi
BTLFAM (24) Unicode
BTLFAM (24) Zawgyi
BTLFAM (25) Unicode
BTLFAM (25) Zawgyi
BTLFAM (26) Unicode
BTLFAM (26) Zawgyi
BTLFAM (27) Unicode
BTLFAM (27) Zawgyi
BTLFAM (28) Unicode
BTLFAM (28) Zawgyi
BTLFAM (29) Unicode
BTLFAM (29) Zawgyi
BTLFAM (Final 30)Unicode
BTLFAM (Final 30) Zawgyi
တစ်ခန်းရပ်(uni/Zawgyi)
For New fic
BTLFAM (8) Unicode
5.3K 353 10
By YitDaungNyo_15
Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)
အပိုင်း(၈)
ဒေါက်.! ဒေါက်.!
တံခါးခေါက်သံကြောင့် Baz၏မျက်လုံးတို့ပွင့်လာခဲ့သည်။ တစ်ဆက်ထဲမှာပင် နှုတ်ခမ်းတို့ကွေးညွတ်သွားသည်။
တစ်စုံတစ်ယောက်ကိုမျက်နှာမူပြီးနိုးထရသည့် မနက်ခင်းက ဤမျှပျော်ဖို့ကောင်းသည်လား Bazမသိခဲ့ချေ..။
Logan၏ဗိုက်ပေါ်၌တင်ထားမိသော လက်တို့ကို အသာ,မ ယူလိုက်သည်။ ပြီးနောက် ပြေပြစ်ပြစ်နှဖူးပေါ်ရှိ ဆံနွယ်တချို့ကို ခပ်ဖွဖွဖယ်ပြီး နှုတ်ခမ်းဖြင့်ထိရုံနမ်းလိုက်သည်။ နှာတံဆင်းဆင်း၏ထိပ်ဖျားကိုလည်း ခပ်ဖွဖွနမ်းလိုက်ပါသေးသည်။
ဤလူသားသည် အိပ်နေသည့်အချိန်တောင်မှ အရှိန်အဝါမလျော့သွားချေ..။ နှုတ်ခမ်းကိုပင်ခိုးမနမ်းမိအောင်သတိထားရသည်အထိ Bazကိုသိမ်ငယ်အောင်လုပ်နိုင်သေးသည်။
Baz ဘေးဘက်ရှိ စားပွဲပေါ်တွင် အဆင်သင့်ရှိနေသော တဘက်အညိုတစ်ထည်ကို ခါးမှာပတ်ပြီး ထလာခဲ့သည်။
တချို့နေရာတွေသည် နာကျင်မှုရှိပါသော်လည်း Bazလို Mafiaတစ်ယောက်အတွက်မှုစရာမဟုတ်ချေ..။
ကျွီ..
" ဘာကိစ္စရှိလို့လဲ Ace "
" Ms.ကအခုပြန့်နေတဲ့ သတင်း‌တွေကို အသိပေးခိုင်းလို့ပါ Master "
Aceသည် လက်နှစ်ဖက်ကိုအရှေ့မှာယှက်လိမ်ပြီး ခေါင်းငုံ့ကာရိုရိုသေသေပြောသည်။ ယှက်လိမ်ထားသည့်လက်ထဲ၌ ipadတစ်ခုကို ကိုင်ထားသေးသည်။
" ကောင်းပြီ..ဝင်ခဲ့.."
Bazအရှေ့ကနေ ဆိုဖာရှိရာလျှောက်လာသည်။ ဆိုဖာပေါ်၌ ခပ်လျှောလျှောထိုင်ပြီး ခြေနှစ်ချောင်းကို အရှေ့ရှိစားပွဲပေါ်တင်ထားလိုက်ပြီး ဝီစကီတစ်ခွက်ကိုလှုပ်ရမ်းကာ တစ်ငုံမော့လိုက်သည်။ စီးကရက်ကိုလည်း ရဲနေသည်အထိမီးညှိကာ ရှိုက်ချလိုက်သည်။
Baz၏ Breakfastသည် ယမကာနှင့်သူ၏အပေါင်းအဖော်များပင်ဖြစ်သည်။
Baz၏ရှေ့၌ ခေါင်းငုံ့ကာရပ်နေသူသည် Aceဖြစ်သည်။ Maxiyoဂိုဏ်းသားတိုင်းတွင် ခေါင်းဆောင်၏အိပ်ခန်းထဲကို ဘယ်တော့မှမျက်စိမသရမ်းတတ်သည့် အမူအကျင့်ကောင်းတစ်ခုရှိသေးသည်။
" ပေး.."
" ဒီမှာပါ Master "
Aceသည် ipadကိုဖွင့်ကာ ထိုးပေးလာသည်။
Bazယူကြည့်လိုက်သည်။ ပြီးနောက် လက်ထဲရှိ စီးကရက်အရှည်ကို ပြာခွက်ထဲ၌ ပြားချပ်သွားသည်အထိ ဖိချေကာ မီးသတ်လိုက်သည်။ မျက်ခုံးနှစ်ခုသည်လည်း စုကြုံ့ထားသည်။
လူမှုကွန်ယက်ပေါ်၌ တွေ့ရသည့် ဝန်ကြီးချုပ်သမီး၏မင်္ဂလာပွဲသတင်း..။ထိုသတင်းထပ်ပိုကြော်ကြားနေသည်က Mr. Loganသည်အမျိုးသားငယ်လေးတစ်ယောက်ဖြင့် အတူပွဲတက်ခဲ့ဆိုသော သတင်း..။ ထိုသတင်းနှင့်အတူ Logan၏ယုယုယယဖက်ထားခြင်းခံရသော ‌ကောင်လေးနှင့်Logan၏ပုံရိပ်တွေသည် ဝေဝါးထားခြင်းမရှိပါပဲ အရှိအတိုင်းတင်ထားသည်။
" ကျစ်.! ဒီပုံကဘယ်လိုဖြစ်တာလဲ "
" ဒီပုံက Global Newsရဲ့ သတင်းသမားရိုက်ထားတာလို့သိရပါတယ် Master "
" ပုံအကြည်ကိုတင်ခွင့်ပြုတဲ့လူကရော "
" Global Newsရဲ့ CEOလို့သိရပါတယ် Master "
" ကျစ်.! ဒီလူက ဘာဖြစ်ရပြန်တာလဲ.."
Global Newsရဲ့ CEOသည် Bazနှင့်တစ်ချိန်ကရန်ငြိုးရန်စရှိဖူးသူဖြစ်သည်။ စီးပွားရေး၌ရန်စရှိ‌သူမဟုတ်ဘဲ..သိပ်ချော၊သိပ်လှသည့် အန်တီလေးကိုလုရာမှ ရန်စရှိသူဖြစ်သည်။
" သတင်းပြန့်နှုန်းက တစ်မိနစ်ကိုရာနဲ့ချီပြီးတက်နေပါတယ် Master "
" ကျစ်.! ငါ့ကိုcomputerယူပေး Ace "
အခန်းထောင့်ရှိခုံတစ်လုံးပေါ်၌ရှိသော computerကိုယူကာ လက်ထဲထည့်ပေးလိုက်သည်။
computerပေါ်၌ Baz၏လက်ချောင်းရှည်ရှည်တွေသည် မိနစ်အနည်းငယ်မျှပြေးလွှားပြီးနောက် ရပ်တန့်သွားသည်။ Baz၏လက်တို့ရပ်တန့်သွားသည်နှင့် သတင်းစီးဆင်းမှုပါ ရပ်တန့်သွားသည်။
" အခု ဒီအခြေအနေမှာပဲထားထားအုံး..ကျန်တာနောက်မှပြောမယ်..မင်းသွားလို့ရပြီ.."
" ဪ..ပြီးတော့..နောက်တစ်ခါတံခါးလာခေါက်ရင် ခေါက်တဲ့လက်အပျက်ပဲ.."
ထိုအရာသည် Bazခြိမ်းခြောက်ခြင်းမဟုတ်..။ အတည်ပြောလိုက်ခြင်းဖြစ်သည်။ ရှားရှားပါးပါး အတူရှိရမယ့်အချိန်တွေ သူတို့ကြောင့်လျော့သွားလို့မဖြစ်ဘူးလေ..။
Baz ဝီစကီကိုတစ်ခွက်လုံးမော့ချလိုက်သည်။ ပြီးနောက် မွေ့ရာဆီပြန်လာပြီး ပြန်အိပ်ရန် လှဲလိုက်သည်။ ဘေးစောင်းမြင်နေရသည့် Logan၏မျက်နှာသည် ပြစ်ချက်ကင်းလွန်းသည်။ Bazအချိန်တစ်ခုအထိ ခေါင်းအောက်ကိုလက်မောင်းထည့်ကာ ပြစ်မျိုးမထင်ခန့်ညားလွန်းသော အမျိုးသားကိုကြည့်နေမိသည်။
ဒီနေ့ကျမှ ဒီအမျိုးသားဟာ ငါ့အပိုင်ပါလား ဟူ၍လည်းခံစားနေမိသည်..။
'အပိုင်'ဆိုသည့် စကားစုလေးသည် တည်တင်းသော နှုတ်ခမ်းတစ်စုံကိုကော့တက်သွားစေဖို့အထိလုံလောက်ခဲ့သည်။ Bazတဖြေးဖြေး အိပ်စက်ခြင်းဆီသို့ကူးပြောင်းသွားသည်။
Baz၏အိပ်မက်ထဲ၌ လူသတ်နေခဲ့ခြင်းမဟုတ်သလို ယမကာသုံးစွဲနေခြင်းလည်းမဟုတ်ချေ..။တစ်စုံတစ်ယောက်နှင့်အတူ Eiffel tower၏ရှေ့၌ အကြင်နာတို့ ဖလှယ်နေခြင်းဖြစ်သည်။
↭↭↭↭
" မင်္ဂလာနေ့လည်ခင်းပါ boss "
Loganသည် ထမင်းစားခန်းရှိဝန်ထမ်းအားလုံး၏နှုတ်ဆက်လာသည်ကို ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။ ပြီးနောက် စားပွဲ၏ထိပ်ဆုံးဝိုင်းမှာ ထိုင်လိုက်သည်။
Tigသည်ပူပူနွေးနွေးsteakကို Logan၏ရှေ့ကိုတရိုတသေချပေးကာ ဘေးနား၌ လက်နှစ်ဖက်ကိုယှက်လိမ်ကာရပ်နေသည်။
Logan steakကိုဓားဖြင့်အသင့်အတင့်စားလို့ရရုံမျှ ပိုင်းဖြတ်ပြီးတစ်ခုချင်းစီစားနေသည်။
Ti..Ti..
Tig၏ခါး၌ ချိတ်ဆွဲထားသော ဆက်သွယ်ရေးကရိယာသည်မြည်လာသည်။ ရုတ်တရက်ကြားရသော ကရိယာကြောင့် Loganမျက်လုံးပင့်ကြည့်လိုက်သည်။
" ဘာကိစ္စလည်း Tig.."
" ခြံရှေ့မှာ Masterရဲ့ဧည့်သည်ဆိုပြီး အမျိုးသမီးတစ်ယောက်ဝင်ခွင့်တောင်းနေလို့ပါ Boss "
" ကျစ်.! ရှုတ်ရှုတ်ယှက်ယှက် "
Logan ဓားနဲ့ခရင်းကိုချပြီး ဘေး၌တင်ထားသော ipadကိုယူကာ ခြံရှေ့cctvကိုကြည့်လိုက်သည်။
တကယ်ဒီအမျိုးသမီးပဲလား..။
" ဝင်ခွင့်ပေးလိုက်.."
" ဟုတ်ကဲ့ပါ boss "
Logan ဓားနဲ့ခရင်းကိုပြန်ကိုင်ပြီး စားလက်စကိုဆက်စားနေလိုက်သည်။ ပြီးနောက် နှုတ်ခမ်းကိုသုတ်ကာ ipadကိုကိုင်ပြီးထွက်လာခဲ့သည်။
" ဟယ်လို..Mr.Logan ရှင်ကျွန်မကိုသိမယ်ထင်တယ်..ကျွန်မက ရှင့်ယောင်္ကျားရဲ့.."
" တော်ပြီ..ငါမင်းကိုသိတယ်..ဒီကိုလာတာဘာကိစ္စလဲ "
Logan ဆိုဖာပေါ်မှာခြေချိတ်ထိုင်လိုက်သည်။ ပြီးနောက် လက်ထဲရှိipadကိုစားပွဲပေါ်တင်လိုက်သည်။
" Tig ဧည့်သည်ကိုဘာသောက်မလဲမေးပြီးလုပ်ပေးလိုက် "
" ဟုတ်ကဲ့ပါ boss..မဒမ် ဘာများသုံးဆောင်ပါမလဲ.."
" Whiskeyတစ်ခွက်လောက်ရနိုင်မလား.."
Tigအံ့ဩမိသည်။ အိမ်ကိုလာသည့် အမျိုးသမီးဧည့်သည်တိုင်းသည် ခပ်ချွဲချွဲပုံစံဖြစ်ပြီး သောက်ရင်လည်းဖျော်ရည်၊ဝိုင်နှင့် ကော်ဖီ‌သာသောက်တတ်သည်။ ဒီအမျိုးသမီးကတော့ တခြားလူတွေနှင့်မတူ မျက်နှာကြောမာသည်။ ဟိတ်ဟန်ရှိသည်။ အရက်ပြင်းပြင်းကိုပါတောင်းပြန်သေးသည်။
Loganကတော့ဟွန်းခနဲမဲ့ပြီး ချပေးဖို့မျက်စပြစ်ပြလိုက်သည်။
" ရည်းစားဟောင်းအိမ်ကို ဘာလာလုပ်တာလဲ Ms.April "
" အို..လာလည်တာပေါ့.."
" နှစ်ယောက်လုံးလက်ထပ်ပြီးသားဟာကို ထပ်ပတ်သက်နေကြတာ အိမ်ထောင်ဖက်တွေကိုအားမနားကြဘူးလား "
" အဟက်.! ချစ်တောင်ချစ်ခဲ့ကြသေးတာပဲ ထပ်မပတ်သက်ရအောင်ရန်သူတွေမှမဟုတ်ကြပဲ..အိမ်ထောင်ဖက်တွေကိုကအားနာစရာမှမလိုတာ ကျွန်မတို့က လူမြင်ကွယ်ရာမှာပေါ်တင်တွေ့တယ်..သူများတွေလို လူဘုံလည်မှာ ကိုယ့်အိမ်ထောင်ဖက်ကိုအရှက်ခွဲနေတာမှမဟုတ်တာ.."
" မင်း.!.."
Loganအနာပေါ်တုတ်ကျသွားသလို ခံပြင်းကာ ထ ရပ်လိုက်သည်။
" Whiskeyအတွက် ကျေးဇူးပဲ Mr.Logan..ရှင်အချိုးမပြေရင် ကျွန်မရည်းစားဟောင်းကို ကျွန်မပြန်လာခေါ်ရလိမ့်မယ် "
" မင်းရရင်လုပ်လိုက်လေ.."
" အို..မိန်းမတစ်ယောက်ကိုစိန်မခေါ်နဲ့ Mr.Logan..ရှင့်ဒီအချိုးနဲ့ သူ့အလိုလိုကျွန်မဆီရောက်လာအောင်လုပ်လို့ရတယ်..တကယ်လည်းရောက်လာတယ်လေ..အဟက်.! "
Logan၏လက်သီးတို့တင်းတင်းကြပ်နေအောင်စုတ်ထားသည်။
Aprilကတော့ပြောချင်ရာပြောပြီး whiskeyကိုမော့ကာ ပြန်ထွက်သွားခဲ့သည်။Aprilပြောတာ ဘာမှမမှားချေ။ အရင်အပတ်က Aprilတောင်မခေါ်ဘဲ Bazရောက်လာတာမလား။
Aprilအခုကြည့်ပုံအရတော့ Logan
တစ်ယောက်ဂျေကိုက်နေတာသေချာနေပြီဖြစ်သည်။ သို့သော် ငတုံးတူတော်မောင်ကသိမှာမဟုတ်သေးချေ။
ဒုန်း..
တံခါးစောင့်ပိတ်သံကြောင့် Bazနိုးလာပြီး အခန်းထဲကိုဝေ့ဝဲကြည့်တော့ ဒေါသတကြီးဖြစ်နေသည့် သူ..။ အံ့ဆွဲတွေကိုလှန်လောပြီး ဘာကိုရှာနေမှန်းမသိသည့်သူ..။
Bazခေါင်းအုံးပေါ်မေးတင်ကာ ကြည့်နေလိုက်သည်။
" Logan ခင်ဗျားဘာရှာနေတာလဲ.."
" လက်စွပ်...အင်း...မင်းဘာသာအိပ်စရာရှိတာအိပ်စမ်းပါ.."
Bazပြုံးလိုက်ပြီး Bazသိမ်းထားသည့် လက်ထပ်လက်စွပ်ကိုကမ်းပေးလိုက်သည်။
" ရော့..ဒါရှာနေတာမလား.."
" အင်း..ငါကောင်လေးတွေပဲကြိုက်တော့လို့ ကောင်မလေးတွေလာကပ်ရင် coverဖြစ်အောင်ဝတ်ထားမလို့..အဟက်.! "
" ဪ.."
ဆက်အိပ်ဖို့အင်အားမရှိတော့၍ Bazအိပ်ရာကနေမြန်မြန်ထပြီး ရေချိုးခန်းထဲဝင်လာခဲ့သည်။
သူ့ဘက်ကcoverသဘောထားတဲ့ ဒီလက်စွပ်တွေရဲ့ဖြစ်တည်မှုကို ကိုယ့်ဘက်ကမြတ်နိုးနေတဲ့အခါ နာနာကျင်ကျင်အော်ရယ်ချင်လာမိသည်။
" မင်းကဘာဖြစ်နေရတာလဲ..ဒီအတိုင်းတစ်ညလေးအိပ်ပြီးတာကို..သူကချစ်လာမယ်ထင်လို့လား အဟက်.! အပေါစားဆန်လိုက်တာကွာ..မင်းမှတ်ထား Baz သူကမင်းပိုင်ထားပေမယ့် မင်းအပိုင်မဟုတ်သေးဘူး..ပိုင်ဆိုင်ဖို့လဲ မင်းမကြိုးစားနဲ့ မင်းရှေ့တစ်လှမ်းတိုးရင် တစ်လှမ်းပိုနာကျင်ရမယ်.."
မှန်ထဲရှိပုံရိပ်ကို ခါးခါးသီးသီးရယ်ပြီး အသိစိတ်တို့ကို တည်တည်ငြိမ်ငြိမ်ပြန်သွင်းရတော့သည်။ ဘေစင်အပေါ်ထောက်ထားသည့် လက်အစုံသည်လည်း သိသိသာသာတုန်လှုပ်နေခဲ့ပါသည်။
ဖျက်..ဖျက် ( ရေထိသံ )
‌ရေပိုက်မှ ရေတချို့ကို လက်ခုတ်ဖြင့်ခံယူကာ မျက်နှာကို ပက်လိုက်သည်။ ရေအေး၏ထိတွေ့မှုကြောင့် ခံစားချက်တို့နေသာထိုင်သာရှိသွားပါသည်။ ပြီးနောက် ရေချိုးခြင်းအမှုကိုပြုသည်။
နီညိုရောင် style pantsနှင့် လည်ပင်းV shape shirtအပွကိုရင်ခေါင်းအထိကြယ်သီးဖြုတ်ပြီး ဝတ်လိုက်သည်။ ပြီးနောက် လက်ကောက်ဝတ်၌ ချိန်းကြိုးသဏ္ဍာန် Braceletတစ်ကွင်းကို ဝတ်လိုက်သည်။ Bracelet၏အလည်ရှိ အပြားလေး၌ ထွင်းထုထားသည့် စာလုံးလေးကိုမြင်တော့ Bazပြုံးမိပြန်ပါသည်။ ◁31▷ဒီစာလုံးလေးက သူတို့နှစ်ဦးရဲ့မင်္ဂလာရက်လည်းဖြစ်သလို သူတစ်ယောက်ထဲသာမှတ်မိနေတဲ့သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုအစပဲဖြစ်သည်။ လျစ်ဟာနေသည့် ရင်ဘတ်၏အပေါ်၌ Braceletနှင့်ဆင်တူ ဆွဲကြိုးတစ်ကုံးဟာနေရာယူထားပါသေးသည်။
Bazပြည့်ပြည့်စုံစုံဝတ်ဆင်နေရခြင်းသည် ဒီနေ့ သူ မဆိုသလောက်လေး စိတ်ချမ်းသာနေ၍ဖြစ်ပြီး Momနဲ့သွားတွေ့ဖို့ကြံရွယ်ထား၍ဖြစ်သည်။
Bazအားလုံးပြင်ပြီး၍ အရှေ့ရှိတစ်ကိုယ်လုံးပေါ်သည့်မှန်ရှေ့၌ ရပ်ပြီး ခေါင်းအစခြေအဆုံးတစ်ချက်ကြည့်လိုက်သည်။ ရှည်ချင်နေသည့်ဆံပင်တွေကိုအပြောင်သပ်တင်ထား၍ ထင်းနေသည့်မျက်ခုံးနှစ်စုံနှင့် ရဲတင်းသည့်အညိုရောင်မျက်ဝန်း၊ နှဖူးပြေပြေပြစ်ပြစ်တို့သည် ထင်ပေါ်နေသည်။ အညိုရောင်မျက်ဝန်းကိုကာရံထားသည်မျက်တောင်စိတ်စိတ်တွေနှင့်မျက်ရစ်ကြီးကြီးတို့ဟာလည်း ပိုထင်ပေါ်နေသည်။ နှာတံချွန်ချွန်နှင့် နှစ်လိုဖွယ်ကောင်းသည့် နှုတ်ခမ်းတို့ဟာတော့ပြောစရာမလိုအောင်ကြည့်ကောင်းနေသည်။
အကြည့်များသည်မျက်နှာမှအောက်သို့ခပ်လျှောလျှောဆင်းသွားသည့်အခါ လည်ပင်း၌အညိုရောင်ထနေသည့် အကွက်တချို့ကိုတွေ့ရသည်။ နီညိုရောင်ဝတ်စုံနှင့်ထိုအညိုရောင်အချစ်အမှတ်ရာများနှင့်တောင် ကြည့်ကောင်းနေသေးသည်။ Baz စင်ပေါ်ရှိပြောင်လက်နေသည့် လည်သာဖိနပ်ကိုဝတ်လိုက်သည်။
ယခု Baz၏ပုံသည် လုံးဝperfectဖြစ်နေသည်..။
Bazတံခါးကိုဖွင့်ကာအောက်ကိုဆင်းလာခဲ့သည်။ အောက်ထပ်တစ်ခုလုံးသည် အပ်ကျသံပင်မကြားရအောင်ငြိမ်သက်နေပါသည်။ Baz၏မျက်လုံးတို့သည်တစ်ယောက်သောသူကိုရှာမိနေပြန်ပါသည်။
အခန်းထဲမှာရော အပြင်မှာပါမရှိသည့် ချစ်ရပါသောကို ဘယ်မှာများလိုက်ရှာရပါမလဲ..။
" အကုန်ပြင်ပြီးပါပြီ Master..ပြီးတော့ Mr.Loganက.."
" ဒီနေ့Loganဘယ်သွားသွားငါ့ကိုအသိမပေးလို့ရမလား.."
" ဟုတ်ကဲ့ Master ကျွန်တော်M1နဲ့2ကိုစောင့်ကြည့်ခိုင်းထားပါတယ် "
" အင်း သွားကြတာပေါ့.."
Baz၏ကားအနက်လေးသည် Maxiyo၏ပိုင်နက်အတွင်းသို့တဖြေးဖြေးဝင်လာပါတော့သည်။
" Goodevening Mom.."
Baz အဖြူရောင်နှင်းဆီပန်းစည်းကိုကိုင်ကာ ကားပေါ်ကဆင်းပြီး အပေါက်ဝရှိ မိခင်ဖြစ်သူကိုနှူတ်ဆက်ပြီး သူမ၏ရှေ့သို့ လျှောက်လာခဲ့သည်။
" Goodevening Baz.."
Bellaသည်အနားရောက်လာသော သားဖြစ်သူကို ဖက်ကာကြိုဆိုလိုက်သည်။
" Hello Guys "
Momအနောက်ကထွက်လာသည့် Aprilကိုမြင်တော့ Bazမျက်စောင်းထိုးလိုက်သည်။ ပြီးမှ..
" Goodevening April.."
နှုတ်ဆက်ကာ ဖက်လိုက်သည်။
" ကိုယ့်လူ ဒီအချိန်မှာတော့ အန်တီလေးလို့ခေါ်ပေးနိုင်မလား.?.."
Aprilလည်းပြန်ဖက်ပြီးမဖြစ်နိုင်သောစကားကိုပြောလိုက်သည်။
" ဆုတောင်းနေလိုက်လေ အဟက်.!.."
" ငါ့ကိုကျေးဇူးတင်သင့်တယ်နော် ကိုယ့်လူ "
" အဟွင်း..အံ့ဩဘ.."
လူကိုခေါင်းအစခြေအဆုံးကြည့်လာသော Aprilကြောင့် နှုတ်ခမ်းကိုလက်ညှိုးဖြင့် အသာသပ်ကာ ပြောလိုက်သည်။
Aprilတို့နှစ်ယောက် အခုလမ်းလျှောက်ပြီး စကားပြောလာကြခြင်းဖြစ်သည်။ Momကတော့ အရှေ့မှသွားပြီဖြစ်သည်။
ဒီနေ့သူတို့အားလုံး နီညိုရောင်ဝတ်စုံတွေနဲ့ဖြစ်သည်။
Momကနီညိုရောင် လည်ပိတ်ဆွယ်တာနှင့် ဘောင်းဘီအကြပ်ကိုတွဲဖက်ဝတ်ဆင်ကာ ဆံပင်ကိုအမြင့်စည်းထားပြီး နီရဲနေသည့် ဒေါက်ဖိနပ်ကိုပါစီးထားသေးသည်။
Aprilက နီညိုရောင်Oversize T-shirtနှင့် အနောက်ကွဲဒူးပေါ်စကပ်ကို အစပ်အဟက်မရှိဝတ်ကာ နီညိုရောင်ရဲနေသည့်ဒေါက်ဖိနပ်ကိုစီးထားပြီးဆံပင်တွေကိုဖြန့်ချထားသေးသည်။
ဒီနေ့သည် သူတို့အားလုံးအတွက်အရေးပါသောနေ့တစ်နေ့ဖြစ်ပေသည်..။
သူတို့အားလုံး၏ခြေလှမ်းဦးတည်ရာတွေသည် ခေါင်မိုးထပ်ကိုဖြစ်ပေသည်။ နီညိုရောင်ခပ်မှိုင်းမှိုင်းအပြင်အဆင်နှင့် အ‌လင်းမှိန်ဖျဖျသာရှိသည့်ခေါင်မိုးထပ်သည့် ဒီနေ့မှပိုဝမ်းနည်းဖို့ကောင်းနေသည်။ အလည်ရှိ စားပွဲ၌ သူတို့သုံးယောက်ထိုင်လိုက်သည်။
စားပွဲပေါ်တွင်ထွေထွေထူးထူးဟင်းအမယ်တို့အစားsteakတစ်မျိုးသာရှိပြီး တန်ဖိုးကြီးအရက်ပုလင်းများနှင့် ရေခဲများသည်သာ အလျှံအပယ်ရှိသည်။
" သောက်ဖို့အဆင်သင့်ပဲလား Ladies "
" အင်း မြန်မြန်ဖောက်ရင်ပိုကောင်းမယ် "
နှစ်ယောက်လုံးစီကထွက်လာသောစကားကြောင့် Bazပြုံးမိသည်။ ဒီလိုနေ့မျိုးဆို မှိုင်တွေနေတတ်သည့် ဒီအမျိုးသမီးနှစ်ယောက်ကိုပြုံးပျော်အောင်လုပ်ပေးရခြင်းသည် Baz၏တာဝန်တစ်ရက်ပဲဖြစ်ပေသည်။
" Cheers.."
ခွက်တိုက်ပြီး သုံးယောက်စလုံး အရသာခံသောက်မည့်အစား ယမကာ၏ကြမ်းရှရှအရသာကို ခပ်ပြင်းပြင်းခံယူလိုက်သည်။
နာရီ၏ လက်တံရှည်လေးသည် တဖြေးဖြေးရွေ့လျားသွားသည့်နောက်တော့ ရဲဆေးတင်ထားသည့်ယမကာကြောင့် ငိုချင်စိတ်တို့ကိုဖွင့်ချကြသည်။
" သိလား Baz မင်းရဲ့အန်ကယ်လေးကလေ ငါ့လက်ထဲမှာပဲသေသွားရတာ.."
ကြယ်တစ်စုကိုငေးမောရင်းပြောလိုက်သော April၏စကားသည် တကယ်ခပ်ဆွေးဆွေးရယ်ပါ..။
" အဲ့အချိန်က သူ့သွေးတွေငါ့အင်္ကျီပေါ်အထိ..မဟုတ်ဘူး..ငါ့လက်လက်တွေအထိစွန်းနေခဲ့တာ..သူက..သူက ငါ့ကိုကယ်ရင်းနဲ့..."
April လက်ထဲရှိယမကာခွက်ကိုကောက်မော့လိုက်ပြီး မျက်ရည်စီးကြောင်းကို အကြမ်းပတမ်းသုတ်လိုက်လေသည်။
" ဒီနေ့ကို အရမ်းမုန်းတာပဲ အချစ်ရယ်..ကလေးချီထားပြီးကိုယ့်ဆီပြေးလာခဲ့တဲ့ အချစ်ရဲ့ပုံရိပ်တွေ..ဂိုဏ်းသားတွေပြေးလွှားနေကြတဲ့ပုံရိပ်တွေ..နောက်ဆုံး..နောက်ဆုံးကတော့ အချစ်ကိုကိုယ့်လက်ထဲမှာဆုံးရှုံးခဲ့ရတဲ့ ပုံရိပ်တွေ.."
Bella နက်ပြာရောင်ကောင်းကင်ကိုကြည့်ပြီး နာနာကျင်ကျင်ကိုတမ်းတနေသည်။ ပါးပြင်ပေါ်ရှိ မျက်ရည်တချို့ကိုလည်း လျစ်လျူရှုခဲ့သည်။
ကိုယ်ချစ်ရတဲ့လူကို ကိုယ့်လက်ထဲမှာဆုံးရှုံးလိုက်ရတဲ့နာကျင်မှုသည် နှလုံးသားကိုအစိမ်းခွဲပြီးဆားသိပ်နေသလို..တကယ် စပ်ဖျဉ်းဖျဉ်းခံစားချက်ရယ်ပါ...။
#21.2.22
Edit-13.7.22
ပြန်မှန်ပါတော့မယ် နေမကောင်းလို့နောက်ကျသွားတာပါ..
နောက်တစ်ပိုင်းကျ Maxiyoရဲ့အတိတ်ကိုတူးဖော်ရအောင်
ဒါကတော့ Bazဝတ်ထားတဲ့Braceletပုံစံပါ အလည်ကစာလုံးလေးဖြည့်ကြည့်ပေးပါနော်
ဒါက necklaceပါ
Continue Reading
You'll Also Like
578K 15K 77
502K 60.4K 54
The boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits.What will happen when a ghost comes to h...
121K 12.7K 51