Zawgyi
ဆိုရက္စ္ဟာ ဒန္နာရီလက္ထဲက ေက်ာက္ကို လိုခ်င္တပ္မက္စြာ ၾကည့္ေနသည့္ကလီနာကို ႐ြံရွာဖြယ္အၾကည့္ျဖင့္ ၾကည့္လုိက္ေပမယ့္ သူညီငယ္ေရွ႕မွာ မေကာင္းတဲ့ပံုရိပ္မထြက္ေစခ်င္တာေၾကာင့္ အျပဳအမူကို ဆင္ျခင္လိုက္သည္၊ထိုေနာက္ ဒန္နာရီေရွ႕ပိတ္ကာလိုက္ၿပီး ကလီနာကို ၿပံဳးကာ ၾကည့္လိုက္သည္၊
"အေမ အျမင္မွားေနတာလား ဒါေသခ်ာေပါက္ ကြၽန္ေတာ့္ဆရာေပးလိုက္တဲ့ေမွာ္ေက်ာက္တံုးဆီကပဲေလ" ဆိုရက္စ္ဟာ သူရဲ႕ကြဲေနတဲ့ေက်ာက္ကို ေရွ႕ထုတ္ျပရင္း ေျပာလိုက္ၿပီးေနာက္မွာ ဆိုရက္စ္ဟာ အနည္းငယ္စိတ္မေကာင္းသည့္အသံျဖင့္
"အေမက ဒီဘက္ကို ေျပးလာၿပီး ဘာေၾကာင့္ ေက်ာက္တံုးအေၾကာင္းကို အရင္အျငင္းပြားရတာလဲ...ကြၽန္ေတာ္တို႔ အဆင္ေျပမေျပတာ မေမးဘူး ဒါကြၽန္ေတာ့္ကို စိတ္ထိခိုက္ေစတာ အမွန္ပဲ"ဆုိရက္စ္ ေျပာသည္နဲ႔ နီကိုးနက္စ္ဟာလည္း အလိုက္သင့္ေလး သူရဲ႕အမူရာကို ဝမ္းနည္းခ်င္ေယာင္ေဆာင္လိုက္သည္၊ဒန္နာရီကေတာ့ သူ႔အစ္ကိုေတြ အျပဳအမူကို နားမလည္ေပမယ့္ သူဟာ ၅နွစ္ကေလးျဖစ္တာေၾကာင့္ မေၾကာက္ဘူးဆုိရင္ လူေတြတစ္မ်ိဳးထင္ကုန္မည္ စိုးတာေၾကာင့္
"ကိုကို...ဒန္နာရီ ေၾကာက္တယ္ ..."ေသးငယ္ကာ ေၾကာက္လန္႔ေနသည့္အသံငယ္ဟာ လူမ်ားစြာရဲ႕နွလံုးသားကို ဆြဲဖ်စ္ညႇစ္လိုက္သလိုပင္၊
ဘယ္အစ္ကိုကို ေခၚသည္လဲမသိေသာ္လည္း ဆိုရက္စ္၊နီကိုးနက္စ္ဟာ ဒန္နာရီကို ၾကည့္လာေတာ့သည္၊သူတို႔မ်က္ဝန္းထဲမွာ စိုးရိမ္ေၾကာင့္ၾကမႈမ်ားျဖင့္ ျပည့္သိပ္ေနၿပီး ဆိုရက္စ္ဟာ အႀကီးပီပီ အနီးနားက အေစခံတစ္ဦးအား သမားေတာ္သြားေခၚရင္ အမိန္႔ေပးေစခိုင္းလိုက္သည္၊နီကိုးနက္စ္ဟာလည္း ဒန္နာရီေက်ာေလးအား ဖြဖြေလးပုတ္ေပးရင္း ေခ်ာ့ေပးေနေတာ့သည္၊
အခုမွ ပြဲတက္ေရာက္လာသည့္ မင္းသားသံုးပါးသည္လည္း ဘာေတြျဖစ္ပ်က္သြားမွန္းမသိတာေၾကာင့္ အနီးနားက အေစခံတစ္ဦးကို ေမးျမန္းကာ အေၾကာင္းစံုသိသြားေတာ့သည္၊မင္းသားသံုးပါးထဲက မင္းသားေဂ်ာ့ဖေရးဟာ ခ်က္ခ်င္းစိုးရိမ္ေၾကာင့္ၾကသြားကာ ဒန္နာရီတို႔ဆီ အလ်င္အျမန္ေလွ်ာက္သြားေတာ့သည္၊
"ဒန္နာရီ" ဆယ္ႏွစ္အ႐ြယ္သာရွိေသးသည့္ကေလးတစ္ေယာက္အသံေပမယ့္ အရွိန္အဝါပါကာ ထူးျခားၿပီးနားဝင္ခ်ိဳတဲ့အသံျဖစ္သည္၊လူအမ်ားဟာ ဒီမင္းသားငယ္ကို မနွစ္ၿမိဳ႕ေသာ္လည္း ဒီမင္းသားငယ္ရဲ႕ဆြဲေဆာင္နိုင္စြမ္းမွာ အၿမဲပိတ္မိေနတတ္သည္၊ငယ္႐ြယ္ေသာ္လည္း တစ္ျခားညီအစ္ကိုမ်ားထက္ ေခ်ာေမာကာ အမွန္ေပ၊
"မင္းသားေဂ်ာ့ဖေရး" အကုန္လံုးဟာ ဝိုင္းဝန္းႏူတ္ဆက္ေသာ္လည္း ေဂ်ာ့ဖေရးရဲ႕အၾကည့္မ်ားသည္ ဒန္နာရီဆီ၌သာ၊
"ဒန္နာရီ"
"ကိုကို..." ဒန္နာရီဟာ ပထမက နားၾကားမွားသည္ထင္သြားေသာ္လည္း ေဘးပတ္ဝန္က်င္ဟာ အနည္းဆိတ္ၿငိမ္သက္သြားၿပီးေနာက္ မင္းသားေဂ်ာ့ဖေရးဆိုၿပီး ဝိုင္းႏူတ္ဆက္ေနသည္ကို သိေတာ့ သူလည္း ေခါင္းေထာင္ကာ ၾကည့္လိုက္ေတာ့သည္၊ထိုခ်ိန္မွာ သူ႔နာမည္ ေခၚလာျပန္တာေၾကာင့္ နတ္သူငယ္ေတာအုပ္မွာ ေဂ်ာ့ဖေရးေခၚခိုင္းသည့္အတိုင္း သူဟာေခၚလိုက္ေတာ့သည္၊
ေ႐ႊေရာင္မ်က္ဝန္းပိုင္ဆိုင္ထားသည့္ မ်က္လံုးမ်ားဟာ အနည္းငယ္ေကြးတက္သြားကာ ထိုမင္းသားငယ္ေလးရဲ႕မ်က္နွာအမူအရာသည္လည္း ေပ်ာ္႐ႊင္သြားဟန္ ထင္ရွားလြန္းလွသည္၊ အၿမဲတစ္ေစ မ်က္နွာေသနဲ႔ေနကာ ေအးစက္စက္နိုင္တဲ့မင္းသားငယ္ေဂ်ာ့ဖေရးဟာ ေပ်ာ္တတ္သည္လား၊
"ဒန္နာရီ မေၾကာက္နဲ႔ ေဂ်ာဖေရးေရာက္လာၿပီ" ေဂ်ာ့ဖေရးဟာ ဒန္နာရီလက္ကို ဆြဲကာ သူ႔လက္နွစ္ဖက္နဲ႔ဆုပ္ကိုင္လိုက္ၿပီး စိုးရိမ္ေနတဲ့အသံျဖင့္ ေျပာလာေတာ့သည္၊
"ကြၽန္ေတာ္မေၾကာက္ေတာ့ဘူး ကိုကို"
ဒန္နာရီက အေျဖရလိုက္ေပမယ့္ ေဂ်ာ့ဖေရးဟာ စိုးရိ္္မ္ေနဆဲ၊ဒါေၾကာင့္ သူ႔မ်က္ဝန္းနဲ႔ေသခ်ာစစ္ေဆးၿပီးမွ ဘာမွမျဖစ္တာ ျမင္မွသက္ျပင္းခ်နိုင္ေတာ့သည္၊ထိုခ်ိန္မွာ ေနာက္ထပ္ကေလးအသံထြက္လာေတာ့သည္၊
"ကိုကိုေဂ်ာ့ဖေရး...ကိုကိုအိုလီဘာေရာ" ေဂ်ာ့ဖေရးေ႐ႊအိုေရာက္မ်က္ဝန္းမ်ားဟာ အသံလာရာဘက္ကို လွည့္လာေတာ့သည္၊ေအးစက္စက္မ်က္ဝန္းမ်ားဟာ အသံပိုင္ရွင္ျဖစ္တဲ့အန္ဒီးယားကို အထင္ေသးသလို စိုက္ၾကည့္လာၿပီးေနာက္မွာ ေျပာလာေတာ့သည္၊
"မင္းသားတစ္ပါးကို ခြင့္ျပဳခ်က္မရွိဘဲ လက္လြတ္စပယ္ေခၚေနတာ ရိုစဲဆလပ္အမတ္အိမ္ေတာ္က အင္ပါယာကို မထီျမင္ျပဳေနၿပီလား ဒါမွမဟုတ္ ဒီမင္းသားကို အထင္ေသးတာလား" ေဂ်ာ့ဖေရးရဲ႕ခက္ထန္တဲ့ေလသံဟာ အၿမဲအလိုလိုက္ခံကာ အားလံုးရဲ႕ခ်စ္ခင္မႈကိုရထားတဲ့အန္ဒီးယားကုိ ေၾကာက္ရံြတုန္လႈပ္သြားေတာ့သည္၊
သူ႔ကို ဘယ္သူမွေလသံမာမာနဲ႔မဆက္ဆံဖူးတာေၾကာင့္ အန္ဒီးယားဟာ ေဂ်ာ့ဖေရးကို ေၾကာက္႐ြံစြာၾကည့္ေနမိသည္၊
"မင္းသားေဂ်ာ့ဖေရး အန္ဒီးယားက ငယ္႐ြယ္ေသးလို႔ပါ ေက်းဇူးျပဳၿပီး မင္းသားကပဲ သေဘာထားႀကီးႀကီးနဲ႔ခြင့္လႊတ္ေပးလိုက္ပါ" အန္ဒီးယားရဲ႕မိခင္ဟာ ကိုယ္ကိုနိမ့္ကာ ေျပာလာေတာ့သည္၊ေဂ်ာ့ဖေရးဟာ ကလီနာကို ၾကည့္ၿပီး သူရဲ႕ႏူတ္ခမ္းမ်ားဟာ ေကာ့သြားကာ
"အိမ္ေတာ္တစ္အိမ္ေတာ္မွာ အသံုးမက်တဲ့သားတစ္ေယာက္ကေတာ့ ပါစၿမဲဆုိတာ ဒီမင္းသားလက္ခံမိသြားတာ အမွန္ပဲ၊ခင္ဗ်ားရဲ႕သားအငယ္ဆံုးနဲ႔ လအနည္းငယ္ကြာတဲ့ဒန္နာရီကေတာ့ မၾကာေသးခင္ကမွ လမ္းပန္းဆက္သြယ္ေရးနဲ႔ပတ္သတ္ၿပီး အႀကံေပးနိုင္ခဲ့တယ္"
ေဂ်ာ့ဖေရးဟာ အန္ဒီးယားကို ေစ့ေစ့ၾကည့္ကာ ဘြင္းဘြင္းကိုေျပာခ်လာေတာ့သည္၊
"အသံုးမက်ဆံုးနဲ႔ရုပ္အဆိုးဆံုးပဲ"
-----------
Chapter-12ေမ်ွာ္
chapter-11.2ျဖစ္တာေၾကာင့္ အပိုင္းတိုထားသည္။
-----------
Unicode
ဆိုရက်စ်ဟာ ဒန်နာရီလက်ထဲက ကျောက်ကို လိုချင်တပ်မက်စွာ ကြည့်နေသည့်ကလီနာကို ရွံရှာဖွယ်အကြည့်ဖြင့် ကြည့်လိုက်ပေမယ့် သူညီငယ်ရှေ့မှာ မကောင်းတဲ့ပုံရိပ်မထွက်စေချင်တာကြောင့် အပြုအမူကို ဆင်ခြင်လိုက်သည်၊ထိုနောက် ဒန်နာရီရှေ့ပိတ်ကာလိုက်ပြီး ကလီနာကို ပြုံးကာ ကြည့်လိုက်သည်၊
"အမေ အမြင်မှားနေတာလား ဒါသေချာပေါက် ကျွန်တော့်ဆရာပေးလိုက်တဲ့မှော်ကျောက်တုံးဆီကပဲလေ" ဆိုရက်စ်ဟာ သူရဲ့ကွဲနေတဲ့ကျောက်ကို ရှေ့ထုတ်ပြရင်း ပြောလိုက်ပြီးနောက်မှာ ဆိုရက်စ်ဟာ အနည်းငယ်စိတ်မကောင်းသည့်အသံဖြင့်
"အမေက ဒီဘက်ကို ပြေးလာပြီး ဘာကြောင့် ကျောက်တုံးအကြောင်းကို အရင်အငြင်းပွားရတာလဲ...ကျွန်တော်တို့ အဆင်ပြေမပြေတာ မမေးဘူး ဒါကျွန်တော့်ကို စိတ်ထိခိုက်စေတာ အမှန်ပဲ"ဆိုရက်စ် ပြောသည်နဲ့ နီကိုးနက်စ်ဟာလည်း အလိုက်သင့်လေး သူရဲ့အမူရာကို ဝမ်းနည်းချင်ယောင်ဆောင်လိုက်သည်၊ဒန်နာရီကတော့ သူ့အစ်ကိုတွေ အပြုအမူကို နားမလည်ပေမယ့် သူဟာ ၅နှစ်ကလေးဖြစ်တာကြောင့် မကြောက်ဘူးဆိုရင် လူတွေတစ်မျိုးထင်ကုန်မည် စိုးတာကြောင့်
"ကိုကို...ဒန်နာရီ ကြောက်တယ် ..."သေးငယ်ကာ ကြောက်လန့်နေသည့်အသံငယ်ဟာ လူများစွာရဲ့နှလုံးသားကို ဆွဲဖျစ်ညှစ်လိုက်သလိုပင်၊
ဘယ်အစ်ကိုကို ခေါ်သည်လဲမသိသော်လည်း ဆိုရက်စ်၊နီကိုးနက်စ်ဟာ ဒန်နာရီကို ကြည့်လာတော့သည်၊သူတို့မျက်ဝန်းထဲမှာ စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်သိပ်နေပြီး ဆိုရက်စ်ဟာ အကြီးပီပီ အနီးနားက အစေခံတစ်ဦးအား သမားတော်သွားခေါ်ရင် အမိန့်ပေးစေခိုင်းလိုက်သည်၊နီကိုးနက်စ်ဟာလည်း ဒန်နာရီကျောလေးအား ဖွဖွလေးပုတ်ပေးရင်း ချော့ပေးနေတော့သည်၊
အခုမှ ပွဲတက်ရောက်လာသည့် မင်းသားသုံးပါးသည်လည်း ဘာတွေဖြစ်ပျက်သွားမှန်းမသိတာကြောင့် အနီးနားက အစေခံတစ်ဦးကို မေးမြန်းကာ အကြောင်းစုံသိသွားတော့သည်၊မင်းသားသုံးပါးထဲက မင်းသားဂျော့ဖရေးဟာ ချက်ချင်းစိုးရိမ်ကြောင့်ကြသွားကာ ဒန်နာရီတို့ဆီ အလျင်အမြန်လျှောက်သွားတော့သည်၊
"ဒန်နာရီ" ဆယ်နှစ်အရွယ်သာရှိသေးသည့်ကလေးတစ်ယောက်အသံပေမယ့် အရှိန်အဝါပါကာ ထူးခြားပြီးနားဝင်ချိုတဲ့အသံဖြစ်သည်၊လူအများဟာ ဒီမင်းသားငယ်ကို မနှစ်မြို့သော်လည်း ဒီမင်းသားငယ်ရဲ့ဆွဲဆောင်နိုင်စွမ်းမှာ အမြဲပိတ်မိနေတတ်သည်၊ငယ်ရွယ်သော်လည်း တစ်ခြားညီအစ်ကိုများထက် ချောမောကာ အမှန်ပေ၊
"မင်းသားဂျော့ဖရေး" အကုန်လုံးဟာ ဝိုင်းဝန်းနူတ်ဆက်သော်လည်း ဂျော့ဖရေးရဲ့အကြည့်များသည် ဒန်နာရီဆီ၌သာ၊
"ဒန်နာရီ"
"ကိုကို..." ဒန်နာရီဟာ ပထမက နားကြားမှားသည်ထင်သွားသော်လည်း ဘေးပတ်ဝန်ကျင်ဟာ အနည်းဆိတ်ငြိမ်သက်သွားပြီးနောက် မင်းသားဂျော့ဖရေးဆိုပြီး ဝိုင်းနူတ်ဆက်နေသည်ကို သိတော့ သူလည်း ခေါင်းထောင်ကာ ကြည့်လိုက်တော့သည်၊ထိုချိန်မှာ သူ့နာမည် ခေါ်လာပြန်တာကြောင့် နတ်သူငယ်တောအုပ်မှာ ဂျော့ဖရေးခေါ်ခိုင်းသည့်အတိုင်း သူဟာခေါ်လိုက်တော့သည်၊
ရွှေရောင်မျက်ဝန်းပိုင်ဆိုင်ထားသည့် မျက်လုံးများဟာ အနည်းငယ်ကွေးတက်သွားကာ ထိုမင်းသားငယ်လေးရဲ့မျက်နှာအမူအရာသည်လည်း ပျော်ရွှင်သွားဟန် ထင်ရှားလွန်းလှသည်၊ အမြဲတစ်စေ မျက်နှာသေနဲ့နေကာ အေးစက်စက်နိုင်တဲ့မင်းသားငယ်ဂျော့ဖရေးဟာ ပျော်တတ်သည်လား၊
"ဒန်နာရီ မကြောက်နဲ့ ဂျောဖရေးရောက်လာပြီ" ဂျော့ဖရေးဟာ ဒန်နာရီလက်ကို ဆွဲကာ သူ့လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်နေတဲ့အသံဖြင့် ပြောလာတော့သည်၊
"ကျွန်တော်မကြောက်တော့ဘူး ကိုကို"
ဒန်နာရီက အဖြေရလိုက်ပေမယ့် ဂျော့ဖရေးဟာ စိုးရိ််မ်နေဆဲ၊ဒါကြောင့် သူ့မျက်ဝန်းနဲ့သေချာစစ်ဆေးပြီးမှ ဘာမှမဖြစ်တာ မြင်မှသက်ပြင်းချနိုင်တော့သည်၊ထိုချိန်မှာ နောက်ထပ်ကလေးအသံထွက်လာတော့သည်၊
"ကိုကိုဂျော့ဖရေး...ကိုကိုအိုလီဘာရော" ဂျော့ဖရေးရွှေအိုရောက်မျက်ဝန်းများဟာ အသံလာရာဘက်ကို လှည့်လာတော့သည်၊အေးစက်စက်မျက်ဝန်းများဟာ အသံပိုင်ရှင်ဖြစ်တဲ့အန်ဒီးယားကို အထင်သေးသလို စိုက်ကြည့်လာပြီးနောက်မှာ ပြောလာတော့သည်၊
"မင်းသားတစ်ပါးကို ခွင့်ပြုချက်မရှိဘဲ လက်လွတ်စပယ်ခေါ်နေတာ ရိုစဲဆလပ်အမတ်အိမ်တော်က အင်ပါယာကို မထီမြင်ပြုနေပြီလား ဒါမှမဟုတ် ဒီမင်းသားကို အထင်သေးတာလား" ဂျော့ဖရေးရဲ့ခက်ထန်တဲ့လေသံဟာ အမြဲအလိုလိုက်ခံကာ အားလုံးရဲ့ချစ်ခင်မှုကိုရထားတဲ့အန်ဒီးယားကို ကြောက်ရံွတုန်လှုပ်သွားတော့သည်၊
သူ့ကို ဘယ်သူမှလေသံမာမာနဲ့မဆက်ဆံဖူးတာကြောင့် အန်ဒီးယားဟာ ဂျော့ဖရေးကို ကြောက်ရွံစွာကြည့်နေမိသည်၊
"မင်းသားဂျော့ဖရေး အန်ဒီးယားက ငယ်ရွယ်သေးလို့ပါ ကျေးဇူးပြုပြီး မင်းသားကပဲ သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးလိုက်ပါ" အန်ဒီးယားရဲ့မိခင်ဟာ ကိုယ်ကိုနိမ့်ကာ ပြောလာတော့သည်၊ဂျော့ဖရေးဟာ ကလီနာကို ကြည့်ပြီး သူရဲ့နူတ်ခမ်းများဟာ ကော့သွားကာ
"အိမ်တော်တစ်အိမ်တော်မှာ အသုံးမကျတဲ့သားတစ်ယောက်ကတော့ ပါစမြဲဆိုတာ ဒီမင်းသားလက်ခံမိသွားတာ အမှန်ပဲ၊ခင်ဗျားရဲ့သားအငယ်ဆုံးနဲ့ လအနည်းငယ်ကွာတဲ့ဒန်နာရီကတော့ မကြာသေးခင်ကမှ လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သတ်ပြီး အကြံပေးနိုင်ခဲ့တယ်"
ဂျော့ဖရေးဟာ အန်ဒီးယားကို စေ့စေ့ကြည့်ကာ ဘွင်းဘွင်းကိုပြောချလာတော့သည်၊
"အသုံးမကျဆုံးနဲ့ရုပ်အဆိုးဆုံးပဲ"
-----------
Chapter-12မျှော်
chapter-11.2ဖြစ်တာကြောင့် အပိုင်းတိုထားသည်။