Pa Pa's boy (ပါးပါးရဲ့ ကလေးငယ...
De Clover-Y
5K 350 28
ကျွန်တော် အရွယ်ရောက်လာတဲ့ အခါကျရင် ပါးပါးကို ​ပြန် ပြီး ကာကွယ်စောင့်ရှောက်မှာမို့ အဲဒီအချိန်အထိ ကျွန်တော့်ကို... Mais
Pa Pa's boy : 1
Pa Pa's boy : 2
Pa Pa's boy : 3
Pa Pa's boy : 4
Pa Pa's boy : 5
Pa Pa's boy : 6 ( Final)
932 56 18
De Clover-Y
အိမ်ကြီး တစ်အိမ်ရဲ့ အခန်းတစ်ခုထဲမှာ ကောင်လေး
တစ်ယောက်သာ တိတ်တဆိတ်ထိုင်နေလေသည်။
သူက သူ့အရှေ့ရှိ ဖုန်းလေး ကိုသာမမှိတ်မသုန်
စိုက်ကြည့်နေပြီး မျက်နှာက တည်တင်းနေလေသည်။
ပြီးတော့ ထိုကောင်လေးသည် လက်မှ နာရီကိုလည်း
ခနခနကြည့်နေလေသည်။ ထိုကောင်လေးဘေးမှ
လူနှစ်ယောက်ကတော့ ကျောက်ရုပ်များသဖွယ် ငြိမ်သက်လို့ မတ်တပ်ရပ်စောင့်နေပါသည်။
ဒီအိမ်ကိုရောက်လာပြီးကတည်းက စားပွဲပေါ်ကို
ဖုန်းတစ်လုံးတင်၍ မမှိတ်မသုန်စိုက်ကြည့်နေသော
အိမ်ကြီးရှင်သခင်လေးက ရည်းစားကို ကြည့်နေသည့်အတိုင်း။
သူတို့မတ်တပ်ရပ်နေရသည်မှာလည်း နာရီလက်တံ သုံးပတ်ပင် ပြည့်ရော့မည်။
"ကျစ် ပါးပါးက ဘာလို့ အခုထိဖုန်းမခေါ်သေးတာလဲ ဟိုနှစ်ကောင်"
"ခင်ဗျာ"
ဂျောန်ကခေါ်တော့ မှ လှုပ်လှုပ်ရှားရှားဖြစ်လာသည့်
ထိုနှစ်ယောက်၊ မျက်နှာကလည်း ပြူးတူးပြဲတဲလေးတွေနှင့်။
"မင်းတို့ပြောကြည့် ပါးပါးက ငါ့ကိုဖုန်းခေါ်လာပါ့မလား"
ထိုအခါတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍
ထွက်လာသောစကား။
"အဲ ခေါ် ခေါ်မှာပါ ဘယ်မိဘကမှ ကိုယ့်သားသမီးကို အကြာကြီးပစ်မထားပါဘူး"
"တိတ်စမ်း ဘာသားသမီးလဲ ပါးပါးနဲ့ငါက သားဖတွေမဟုတ်ဘူး"
ဂျောန်ငေါက်လိုက်တော့လည်း ပါးစပ်လေးတွေ
ပိတ်၍ငြိမ်ကျသွားပြန်သည်။ ခနအကြာတွင် ဂျောန်ဖုန်း
screen​​လေးက မီးလင်းလာပြီး 'ဂျောန်ရဲ့ ပါးပါး'
ဆိုပြီး contact မှတ်ထားသော ဖုန်းနံပါတ်လေးက
အဝင်call ဝင်လာလေသည်။ ဂျောန်မျက်နှာမှာ
ပြုံးနေလိုက်တာများ ဖုံးမရဖိမရ။ ပါးပါးဆိုတဲ့
လူသားလေးက သိပ်ဆိုးတာရယ် ဂျောန်ကို ငိုအောင်
ရယ်အောင် အမျိုးမျိုး လုပ်နိူင်တာရယ်။
ဖုန်းလေးသည် ပထမတစ်ခါ အဝင်callမှာ မကိုင်တော့
ကျသွားသည်။ သူတို့သခင်လေးက ဖုန်းမျှော်နေတာမဟုတ်ဘူးလား အခု ခေါ်တော့လည်းမကိုင် ။
သို့သော် မျက်နှာကကျ ပြုံးဖြီးလို့။ ခနအကြာတွင် ထပ်ဝင်လာသော ဖုန်းလေး။
"...."
"ဟဲလို ပါးပါး ဟုတ် ကျွန်တော် လမ်းဘေးက ဆိုင်လေးတစ်ဆိုင်မှာ "
"...."
"ကျွန်တော်ပြန်မလာတော့ဘူး ပါးပါးဆီကို ပါးပါးအနှောင့်အယှက်ဖြစ်မှာစိုးလို့"
"..."
"ပါးပါး တကယ်ပြောတာလား ပါးပါးက ဂျောန်ကိုချစ်တယ်ဆိုတာ တကယ်နော် ပြီးတော့ လူကြီးဖြစ်ပြီး မညာရဘူးနော် အဲဒါဆို ဂျောန်အခုချက်ချင်းလာခဲ့မယ်"
"...."
"ရတယ်ပါးပါး ဂျောန်ဘာသာ ပြန်ခဲ့မယ် ပါးပါးကို တွေ့ချင်လှပြီ ချစ်တယ်နော် ပါးပါး"
ဂျောန်ဆိုတဲ့လူဆိုးလေးရဲ့ မျက်နှာကလိုချင်တာရသွားတဲ့
ကလေးငယ်လေးလို ဝင်းပလို့။ ဂျောန်ဘေးက
နှစ်ယောက်ကတော့ အပြောင်းအလဲမြန်လွန်းတဲ့
သခင်လေးကို နှာခေါင်းတရှုံ့ရှုံ့နဲ့။ တကယ်ပါ ဂျောန်ဆိုတာ
ပါးပါးနဲ့ ပတ်သတ်လာရင် မူယာမာယာ ပလီပလာတွေနဲ့
အဲလိုလေးတွေလည်း ချွဲတတ်သေးတာ။ ဂျောန်က
သူကိုယ်တိုင်လည်း ချစ်ပေးနိူင်သလို အချစ်ကလည်းခံချင်သေးတာရယ်။
🍉🍉🍉🍉🍉🍉🍉
ချစ်ရတဲ့လူသားလေးနှစ်ယောက် တစ်နည်းအားဖြင့်
တစ်ဦးကိုတစ်ဦး မေတ္တာတွေပုံပေးထားတဲ့ အမျိုးသားလေးနှစ်ဦးရဲ့
ရိုးရှင်းသော လက်ထပ်ပွဲလေးတစ်ခု။
တစ်ယောက်နှင့်တစ်ယောက်က အသက်အရွယ်တွေ
ကွာဟလွန်းနေလည်း တစ်ဦးအပေါ်တစ်ဦး
ပေးထားတဲ့
မေတ္တာတွေကတော့ အတူတူပါဘဲ။ လက်ထပ်ပွဲလေးရဲ့
ဇာတ်ဆောင်နှစ်ယောက်က အမျိုးသားနှစ်ဦးဖြစ်နေလည်း
လိုက်ဖက်လွန်းတဲ့ အရာတွေကတော့ လိုက်ဖက်လွန်းနေတာပါဘဲ။ အခုလည်းကြည့်
အ​ဖြူရောင်အ​နောက်တိုင်းဝတ်စုံနှင့် သတိုးသားငယ်လေးဟာ
နောက်ထပ် အဖြူရောင်ဝတ်စုံနှင့်သတိုးသားလေးက
သူ့ပါးပါးရဲ့လက်ကိုတွဲ၍ လျှေက်လာတာကို ကြည့်နေတာများ ကမ္ဘပေါ်မှာ တစ်ယောက်တည်းပဲရှိသည့်အတိုင်း။
လိပ်ပြာတွေက ပန်းလှလှလေးတွေအပေါ် ဝဲသလို
ဂျောန်ရဲ့ချစ်ခြင်းမေတ္တာတွေဆိုတာလည်း ပါးပါးဆိုတဲ့
လူသားလေးဆီမှာဘဲ ဝဲပျံခြင်းသတဲ့။ အချစ်က
အပြာရောင်လေးပါလို့ ပြောခဲ့တုန်းက ဂျောန်က
ဟင့်အင်းပါတဲ့၊ အချစ်က ပါးပါးပါလို့ ပြန်ဖြေခဲ့သတဲ့။
ဂျောန်အနားမှာ လိပ်ပြာလှလှလေးတွေ ဝဲနေခဲ့လည်း
ဂျောန်ကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဥယျဥ်မှုးကိုဘဲ ခြွေစေချင်တယ်တဲ့။
သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို အပြစ်တင်ဝေဖန်တဲ့သူ​တွေကိုလည်း
ဂျောန်ဟာ လှလှပပလေးတုံဲပြန်ခဲ့သတဲ့။ မင်္ဂလာပွဲလေးကိုလည်း သူ့ပါးပါးစိတ်တိုင်းကျ
မြက်ခင်းပြင်စိမ်းစိမ်းလေးမှာ အဖြူရောင်တန်ဆာတွေကိုသာ ဆင်ယင် အသုံးပြုထားခဲ့သတဲ့။
သတိုးသားလေးကို သူ့လက်ထဲသို့ အပ်နှံခံရချိန်မှာတော့ ဂြိုလ်​​ကြည့်အ​ကြည့်ခံရလည်း ဂျောန်တို့ကတော့
ပြုံးနေတာပါဘဲ။ ပြီးတော့ လူအများရှေ့မှာဘဲ
သတိုးသားလေးကို အဖြူရောင် နှင်းဆီတစ်ပွင့်နဲ့
သူ့အပိုင်ဖြစ်ပေးဖို့ ဒူးထောက်တောင်းဆိုသတဲ့။
နှင်းဆီပန်း တစ်ပွင့်ရဲ့ အဓိပ္ပာယ်က 'ကိုယ့်ရင်ထဲမှာ မင်းဘဲရှိပါတယ်'တဲ့။
"ပါးပါးကို ကျွန်တော် ဂျောန်ဂျောင်ဂုဂ်က ဤနှင်းဆီတစ်ပွင့်နှင့် ကျွန်တော့်ကိုလက်ထပ်ဖို့တောင်းဆိုပါသည်၊ ကျွန်တော့်ရဲ့ ဘဝတစ်လျှေက်လုံးကိုလည်း ပါးပါးရဲ့လက်တစ်စုံနှင့်သာ လက်တွဲသွားပါမည်ဟု လူအများရှေ့တွင် ကတိသစ္စာပြုပါသည်၊ ကျေးဇူးပြု၍ ကျွန်တော့်ကို လက်ခံပေးပါ "
ဂျောန်က ဒီလိုတွေပြောတော့ ဂျောန်ရဲ့မကြီးမငယ်
သတိုးသားလေးဟာ ငိုသတဲ့၊ ပြီးတော့ ခေါင်းတဆတ်ဆတ်ငြိမ့်လို့ ဂျောန်ကိုလက်ထပ်ပါမည်
ဆိုတဲ့အကြောင်း အဖြေပြန်ပေးသတဲ့။ ဂျောန်ဟာလည်း
နှင်းဆီပန်းပွင့်လေးထဲမှာ မြုပ်ထားတဲ့ လက်စွပ်လေးကို လက်သူကြွယ်မှာ ဝတ်ပေးပြီး
သူ့အပိုင်အဖြစ် ချည်နှောင်သတဲ့။ နှင်းဆီပန်းလေးကိုရင်ဘတ်မှာစိုက်ပြီး တစ်သက်လုံးသိမ်းထား
ရမယ့်အကြောင်းပြောတော့ ဂျောန်ရဲ့ မကြီးမငယ်လေးဟာ
ရယ်သတဲ့။ လူအများရှေ့မှာ နမ်းမယ်ဆိုပြန်တော့
ဂျောန်ရဲ့ မကြီးမငယ်လေးဟာ အရှက်သည်းပြန်ပါရော၊
ပြီးတော့ပြောသေးတာ 'ဂျောန်ရေ ဒါကရှက်စရာကောင်းတယ်နော်'တဲ့။
ဒါလည်း ဂျောန်တို့က မကြားချင်ယောင်ဆောင်လိုက်တာပါဘဲ။
မင်္ဂလာပွဲလေးပြီးသွားလို့ အိမ်ပြန်မယ်ဆိုတော့ မင်ဂျီမင်ဆိုတဲ့ ကောင်လေးက ရောက်လာပါသည်။
"ဦးလေးငယ်နဲ့ ဦးလေးဂျောင်ဂု ကျွန်တော်ရောလိုက်မယ် "
ဒါလည်း ဂျောန်တို့ဝဋ်လည်တာပါဘဲ။ ဂျောန်တို့
အကြောင်းကိုသိသွားကတည်းက သူ့ကို ဦးလေး
လို့ခေါ်ပါတော့သည်။ ဂျောန်တို့ဆိုတာလည်း ပါးစောင်ကို
လျှာနဲ့ထိုးလို့ လက်သီးဆုပ်ပြရုံကလွှဲလို့ ပြန်ချေပလို့မရ၊ ပါးပါးက ဘေးမှာကိုး။
"မင်းက ဘာလိုက်လုပ်မှာလဲ အိမ်ပြန်ချင် ကိုယ့်ဘာသာကို ပြန်လေ "
"ဂျောန် "
ဂျောန်ရဲ့မကြီးမငယ် သတိုးသားအသစ်စက်စက်ကလေးက နံမည်လေးခေါ်ပြီး
မျက်လုံးလေးပြူးပြလိုက်တာနဲ့ ဂျောန်တို့မှာ အရာရာကို
နှုတ်ဆိတ်လိုက်ရတာပါဘဲ။
"ဂျီမင်လေးက အိမ်ပြန်လိုက်မို့လား ဦးလေးငယ်တို့နဲ့ လိုက်လို့ရတယ်လေ လာ"
"အစကတော့ ဟုတ်တယ် အခုတော့ မလိုက်တော့ပါဘူး တစ်ချို့ကလိုက်စေချင်ပုံမပေါ်ဘူးဆိုတော့ တော်ကြာဝဋ်လည်နေမှာစိုးလို့ အခု ပါးပါးကြီးတို့ကားနဲ့ဘဲ ပြန်တော့မယ်"
ဂျီမင်လေးသည်လည်း နှုတ်ခမ်းစူလို့ ခြေစောင့်ကာ
ထွက်သွားပါတော့သည်။ ဂျောန်ကိုကြည့်လိုက်တော့လည်း
လူလည်လေးက နှုတ်ခမ်းစူလို့၊ မင်လည်း ပြုံး၍သာ။
ထို့နောက်တွင်တော့ ကားဖြူလေးသည် ဂျောန်ကိုယ်တိုင်ပြင်ဆင်ထားသော စံအိမ်တော်ဆီသို့။
အ​ဖြူရောင်တစ်ထပ် အိမ်လေးသည် ခြံဝန်းအကျယ်
ကြီးထဲတွင် ရိုးရိုးရှင်းရှင်းဆောက်လုပ်ထားပြီး
အိမ်ရှေ့တွင် နှင်းဆီအဖြူတို့ကို စနစ်တကျ စိုက်ပျိုး
ထားလေသည်။ အိမ်၏ အနောက်ဘက်တွင်တော့
ဂျောန်က သူ့ပါးပါးအကြိုက် လိမ္မော်ပင်တို့ကို စိုက်ပျိုးပေးထားလေသည်။
"ကဲ ပါးပါး အိမ်ကိုရောက်ပါပြီခင်ဗျ သဘောရောကျရဲ့လား"
မင် အိမ်ပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
သဘောကျကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
သူ့ကလေးငယ်က သူ့အကြိုက်ကို လုပ်ပေးထားခြင်းပင်၊
ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်သည့်နေရာမို့ အရမ်းကိုအေးချမ်းပါသည်။
အိမ်ထဲကိုဝင်လိုက်သောအခါတွင်တော့ အိမ်ထဲက
အပြင်အဆင်အားလုံးက အပြာရောင်နုနုလေး
တွေကိုသာ သုံးထားသောကြောင့် မြင်ရတာ စိတ်အေးချမ်းစေသည်။
"ပါးပါးလာ အခန်းထဲကိုသွားကြမယ်"
မင်သည် ဂျောန်ဆွဲခေါ်ရာ အခန်းထဲသို့ရောက်တော့
တွေ့လိုက်ရတာက လှလှပပအခန်းပြာလေး။
"ဂျောန် ဒါတွေကို ဘယ်ကတည်းကပြင်ထားတာလဲ"
"လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းက"
"အင်း အဲချိန်တွေတုန်းက ပင်ပန်းခဲ့မှာပေါ့"
ကဲ ကြည့် မကြီးမငယ်လေးက စိတ်မကောင်းဖြစ်နေပြန်ပြီ။
ဂျောန် ပါးပါးရဲ့ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီးဖက်ထားလိုက်သည်။
"အင်း ပင်ပန်းတယ် အဲ့အချိန်တွေတုန်းက ပါးပါးဆီပြန်ချင်တာတောင် ပြန်မလာနိူင်ခဲ့လို့ တောင်းပန်ပါတယ် အဲဒါကြောင့်မို့ ဂျောန်ကို အများကြီးပိုချစ်ပေးနော် ပါးပါး"
"အင်း ပါးပါးက ဂျောန်ကို ဟိုးအရင်ကထက် ပိုပိုပြီး ချစ်ပေးမယ် အခုတော့ ပါးပါးကို ခနလွှတ်ပေးအုံး"
မင်က လွှတ်ပေးဖို့ပြောသော်လည်း ပို၍ တင်းကြပ်လာသော
လက်တစ်စုံကြောင့် အသက်ရှူရကြပ်လာသလိုလို။
ဟိုအရင်ကတည်းက ဖက်နေကြဆိုပေမဲ့ အခုက
ဒီအခြေအနေနဲ့ မင် အသားမကျသေး။ ပြီးတော့
အဆိုးလေးက မင့်ပုခုံးပေါ် မေးတင်၍ ဆံပင်တွေကို
နမ်းနေပြန်သေးသည်။ မင်ရုန်းကြည့်သော်လည်းမရ။
"လွှတ်အုံးလို့ ဂျောန်ရ ပါးပါးမနေတတ်တော့ဘူးနော်"
"ပါးပါးကလည်း ဖက်တာလေးကို"
"ပါးပါးကမလည်းနဲ့တော့ သွားတော့ဂျောန် ရေချိုးမှာဆို ချိုးတော့ ပင်ပန်းလာတယ်မလား"
နှုတ်ခမ့်းဆူနေသော်လည်း မတတ်နိူင် ။ ရေချိုးဖို့ နှင်လွှတ်လိုက်ရသည်။
"ပါးပါး ဂျောန်တို့ အတူတူရေချိုးကြမလား"
ချက်ချင်းပင် အနီရောင်ပြောင်းသွားသော မျက်နှာဖြူဖြူလေး။
"မချိုးဘူး မင်းပြီးမှ ငါချိုးမယ် သွားပါ မြန်မြန်သာ သွားချိုးစမ်းပါ"
"ပါးပါးကလည်း အချိန်ကုန် သက်သာအောင်လို့လည်း ခေါ်ရသေးတယ် ပြီးတော့ ပါးပါးက ဒီဝတ်စုံလေးနဲ့ အရမ်းချစ်စရာကောင်းတယ် သိလား"
ပြောရင်းနှင့်ပင် မင့်ပါးကိုနမ်း၍ လူလည်ကျသွားသော
အဆိုးလေး။ ပြီးတော့ လုပ်ချင်တာများလုပ်နေရင်
တဟားဟားနဲ့ အော်ရယ်တတ်သော ကောင်လေးကတော့
ရေချိုးခန်းထဲသို့ ဝင်သွားပြီဖြစ်သည်။
"ဂျောန်ဂျောင်ဂုဂ် အေး ​ ထွက်လာရင်တွေ့မယ်"
"အဟား ပါးပါးကလည်း ချစ်လို့နမ်းတာကို စိတ်မဆိုးပါနဲ့"
"ကဲ ရပြီ အအေးပတ်မယ် ရေမြန်မြန်ချိုးတော့"
ရေချိုးခန်းတံခါးကနေ ခေါင်းပြူ၍ ပြောနေသော
ကောင်လေးကို စကားပြောရတာမော၍ ကုတင်ပေါ် လှဲအိပ်ချလိုက်သည်။
ဂျောန် ရေချိုးပြီးသွားတော့ ပါပါးက ကုတင်ပေါ်တွင်
ခွေခွေလေး အိပ်ပျော်နေလေပြီ။ နေရာကျအောင်
ပြန်ပြင်ပေးလိုက်ပြီး ခေါင်းလုံးလုံးလေးကို တစ်ချက်
နမ်းလိုက်သည်။ အိပ်နေတာလေးကလည်း ကလေးလေး
ကျလို့ တကယ်ပါ ဂျောန်ဆိုတာ ပါးပါးကို ငုံထားလို့
သာရရင် အာခံတွင်းထဲ ထည့်ငုံထားမှာ။ ပြီးတော့
ဒီလူက အရမ်းကိုဖြူစင်လွန်းတယ် ၊လှည့်စားရ
သိပ်လွယ်တယ် ဒီလူက တစ်သက်လုံး သူ့အပိုင်ဘဲ။
ဖြူဖြူဖွေးဖွေး မျက်နှာလေးကို နေရာအနှံ နမ်းပြစ်လိုက်သည်၊
ပင်ပန်းနေ၍ထင် တုပ်တုပ်မျှမလှုပ်။ နိုးနေတဲ့အချိန်
နမ်းရင် ရှက်ပြီးအနမ်းခံမှာမဟုတ်တဲ့အတွက် အခု
ကတည်းက အကြွေးယူ၍ နမ်းရမည်။ ဂျောန်နှုတ်ခမ်းပါးပေါ်က
အပြုံးတွေဆိုတာလည်း မင်ယူန်းဂီဆိုတဲ့ မကြီးမငယ်လေးနဲ့မှ
အသက်ဝင် ပီပြင်တာမျိုး။
"အား ဒီဖြူဖြူသေးသေးလေးကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့"
ထိုအချိန်တွင် မားမားကြီးဆီမှ ဖုန်းဝင်လာလေသည်။
ဂျောန် ပါးပါးကို အသာလေးထားခဲ့ပြီး အခန်းပြင်သို့ ထွက်လာလိုက်သည်။
"ဂျောင်ဂုဂ်လေးရေ သားငယ်ရော မားမားတို့ဆီလာခဲ့အုံးလေ ပွဲကနေ အဲကိုတန်းပြန်သွားတာဆိုတော့"
"ဟုတ် မားမားကြီး ပါပါးကအိပ်နေတာမို့ မနက်ဖြန်မနက်မှ စောစော လာခဲ့ပါ့မယ်"
"သြော် အင်းအင်း အဲဒါဆိုလည်း မနက်မှ လာခဲ့လိုက်တော့ ပြီးတော့ မင့်ပါးပါးကို အကြာကြီးမအိပ်ခိုင်းနဲ့နော်"
"ဟုတ်ကဲ့ပါဗျ"
ဂျောန်အခန်းထဲပြန်ဝင်၍ အလုပ်တစ်ချို့လုပ်ပြီးချိန်ထိ
ကုတင်ပေါ်က
လူသားငယ်လေးက အိပ်နေတုန်း။ ထိုလူသားလေးကိုနှိုး၍
ရေချိုးခိုင်းလိုက်ပြီး အဝတ်အစားတစ်ချို့ကို ထုတ်ပေးထားလိုက်သည်။
ဂျောန်ကတော့ မီးဖိုခန်းဆီသို့။
ရေချိုးပြီးသွားတဲ့ ပါးပါးကို ဂျောန်တစ်ချက် အနမ်းပေးလိုက်ပြီး
ညစာစားရန် ပြင်လိုက်ငည်။
"ပါးပါးလာ ဂျောန်တို့ ညစာစားကြမယ်"
"အင်း ဒီနေ့ မားမားတို့ကိုလည်း နှုတ်မဆက်ဖြစ်ဘူး ညစာစားပြီးရင် အိမ်ကိုသွားရအောင်"
"မနက်ဖြန်မှ လာမယ်လို့ မားမားကြီးကို ဖုန်းဆက်ထားတယ် ပါးပါး ဒီနေ့တော့ ကောင်းကောင်းနားလိုက်ပါအုံး"
"အင်း ဒါဆိုလည်း မနက်ကျမှ မားမားတို့ဆီ သွားကြတာပေါ့"
ညစာစားပြီးသွားတော့ ဂျောန်က မင့်ရဲ့ပေါင်ပေါ်မှာလှဲ၍
ဇာတ်ကားကြည့်သည်။ အဆိုးလေးက တစ်ခါတစ်ခါ
မင့်ရဲ့ မေးကို ဖွဖွလေး လှမ်းကိုက်တတ်သေးသည်။ ထိုအချိန် မင်ကအော်ရင် ဂျောန်က တခစ်ခစ်နဲ့ ရယ်သည်။
"ပါးပါး အဲ့TVကြီးကြည့်နေတာ မပျင်းဘူးလားလို့ မအိပ်ချင်သေးဘူးလား"
"ဟင် ဂျောန်ကအိပ်ချင်လို့လား အိပ်ချင်ရင် သွားအိပ်တော့လေ ပါးပါးက နေ့လည်က အိပ်ထားတော့ မအိပ်ချင်သေးဘူး"
မကြီးမငယ်လေးက ဂျောန်ကို ရှောင်ချင်နေမှန်း
သိသည်။ ဂျောန်တစ်ချက်ပြုံးလိုက်ရင်း ထထိုင်လိုက်သည်။
"ဂျောန်တစ်ယောက်တည်း မအိပ်ချင်ပါဘူး ဒီလိုလုပ် ပါးပါးက မအိပ်ချင်သေးဘူးဆိုတော့ ဂျောန်တို့ တစ်ခုခု လုပ်ကြမလာ"
"ဘာ ဘာလုပ်မှာလဲ ဂျောန်ရ"
ထိတ်လန့်နေသည် မကြီးမငယ်လေးကို ကြည့်၍
အဆိုးလေးက လှလှပပလေးပြုံးကာ အကြောစိမ်းတွေ
ယှက်နွယ်နေသည့် လက်တစ်စုံက လည်တံဖြူဖြူတစ်ဝှိုက်သို့ ယှက်နွှယ်လာလေသည်။
"ပျော်စရာ တစ်ခုခုလုပ်ကြမလားလို့ပါ ပါးပါးရ မစိုးရိမ်ပါနဲ့ ကျွန်တော့်ကို ယုံလိုက်"
"ဂျောင်ဂုဂ်"
အဆိုးလေးက မထိတထိလာကလိတော့ မကြီးမယ်လေးက
အရှက်သည်းစွားနှင့်အော်ပါတော့သည်။ အဲဒီနောက်တော့
အဆိုးလေးရဲ့ ယုန်သွားတို့နှင့် အကိုက်ခံလိုက်ရသည့် လည်တိုင်ဖြူဖြလေး။
"ဂျောင်ဂုဂ် အ့ ဘာလုပ်"
အဆိုးလေးက ဘယ်ကို ဦးတည်နေမှန်း သိပြီမို့
လက်ဖြူဖြူလေးတွေက ဂျောန်ရင်ဘတ်ကို တွန်းလွှတ်
ပါသည်။
သို့သော်လည်း လက်ကောက်ဝတ်လေးတစ်စုံဟာ
အဆိုးလေးရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီး
နှုတ်ခမ်းတစ်စုံဟာလည်း ချိတ်ပိတ်ခံလိုက်ရပါတော့သည်။
အဆိုးလေးရဲ့ လက်တစ်ဖက်က အဝတ်ဖြူဖြူတွေအောက်
ပြေးလွှားနေပြီး နှုတ်ခမ်းတွေဟာ တတိတိ အကိုက်ခံနေရတော့
ကိုယ်ငယ်လေးဟာ အထိအတွေ့တွေကြားမှာ မလူးသာမလွန်သာ။
လှစ်ဟာသွားသော ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်အတူ
နှုတ်ခမ်းတစ်စုံဟာလည်း ရင်ဘတ်ဖြူဖြူတွေအပေါ် အပြေးအလွှားရောက်ရှိလျှက်။
ပါးစပ်လေးကိုဟ၍ အောက်ဆီဂျင်ကို ရှိုက်၍
ရှူနေပါသော မကြီးမငယ်လူသားလေးကိုကြည့်၍
အဆိုးလေးက သဘောတကျ ပြုံးလျှက် ။
"အ့ ဂျောန် ဘာလုပ်တာလဲ တော်တော့"
ရင်ဘတ်ဖြူဖြူတွေကို အကိုက်ခံရတော့ မကြီးမငယ်လေးက
အော်ပါတော့သည်။ တဆက်တည်းမှာပင် ဂျောန်က
ကိုယ်ငယ်လေးကို ပွေ့ချီလိုက်တော့ မကြီးမငယ်လေးက
အလန့်တကြားနှင့် ဂျောန်ကို သိုင်းဖက်ပါသည်။
"ဂျောန် ဘာလုပ်အုံးမလို့လဲ တော်လိုက်တော့နော်"
"ဆိုဖာပေါ်ထက် ကုတင်ပေါ်က ပိုပြီးပျော်စရာ ကောင်းမယ်ထင်တယ် ပါးပါးရ "
"အမ် တော်ပြီ တော်ပြီ မသွားဘူး ဂျောန် ပါးပါးကို အောက်ပြန်ချပေးစမ်း"
အသည်းအသန်ကို ခေါင်းရမ်း၍ ငြင်းနေပါသော
မကြီးမငယ်လေးကို ကြည့်၍ အဆိုးလေးက ပင့်သက်ရှိုက်လျှက်။
"ဘာလဲ ပါးပါးက ဒီမှာဘဲ ကစားချင်လို့လား"
"အဲ အဲ့လိုမဟုတ်"
"အဲဒါဆို သွားကြမယ် အခန်းထဲကို"
ဆတ်ခနဲ အပွေ့ခံလိုက်ရတဲ့ ကိုယ်ငယ်လေးနဲ့ အတူ
အဆိုးလေးရဲ့ ခြေလှမ်းတွေဟာ အခန်းထဲသို့ တန်းတန်းမတ်မတ်။
တကယ်တော့ အဆိုးလေးကို မလိုက်လျောချင်၍ မဟုတ်၊
ပထမဦးဆုံးအကြိမ်မို့ ရှက်တာရယ် ကြောက်တာရယ်ကြောင့် ဗျာများနေရခြင်းပင်။
"ဂျောန် ငါ ငါကြောက်တယ်"
မျက်ရည်တွေဝိုင်းနေသော မကြီးမငယ်လေးကိုကြည့်၍ ဂျောန်နှစ်သိမ့်တာက
"ဂျောန့်ကိုယုံ ပါပါးမနာစေရဘူး ဂျောန်နောက်သာလိုက်ခဲ့"တဲ့။
နောက်ဆုံးတော့လည်း ပလီပလာတွေ သိပ်ပြောလွန်းတဲ့
ယုန်ဆိုးလေးဟာ ကြောင်လေးတစ်ကောင်ကို အရိုးရော
အသားပါမကျန် တစ်ညလုံး တတိတိနဲ့ စားသုံးခဲ့သတဲ့။
"ဂျောန် မင်းကသိပ်ဆိုးလွန်းတယ်"ဆိုတော့
"အဲဒါက ပါးပါးက ဆွဲဆောင်လို့ပါ"တဲ့။
အပြာရောင်အခန်းလေး ထဲမှာရှိတဲ့ အိပ်ရာပေါ်က
လူသားနှစ်ယောက်ကတော့ အပြာရောင်ညလေးကို
လှလှပပပုံဖော်ခဲ့ကြသတဲ့။ အသက်အရွယ်တွေခြားနားပေမဲ့
အချစ်တွေကတော့ ထပ်တူညီနေကြမယ်ဆိုတာ ယုံကြည်ရင်းနှင့်.....
################################
ပြီးပါပြီ ။
အားလုံးလည်း ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင် နိူင်ပြီး ပျော်စရာ အိပ်မက်တွေ ဖန်တီးနိုင် ပါစေလို့ တောင်းဆုပြုရင်း🙏🙏🙏
ကျေးဇူးတင်ပါတယ် 👋👋👋
Zawgyi version
ခနခနကြည့်နေလေသည်။ ထိုကောင်လေးဘေးမှ
"ခင်ဗျာ"
ထွက်လာသောစကား။
အဝင်call ဝင်လာလေသည်။ ဂျောန်မျက်နှာမှာ
ရယ်အောင် အမျိုးမျိုး လုပ်နိုင်တာရယ်။
"...."
"...."
"..."
"...."
သူကိုယ်တိုင်လည်း ချစ်ပေးနိုင်သလို အချစ်ကလည်းခံချင်သေးတာရယ်။
ပေးထားတဲ့