စေလိုရာစေ(Completed)
Od Syringa99
386K 18.9K 411
ဘဝတစ်ခုလုံး ပုံအပ်ခဲ့ပြီးပြီမို့.. သူစေလိုရာစေ.. နေဖို့အဆင်သင့်... Main Character-မှော်စက္ခ❤ လေညှင်းသွဲ့ Star... Viac
Ep(1)
Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep (8)
Ep (9)
Ep(10)
Ep(11)
Ep(12)
Ep(13)
Ep(14)
Ep(15)
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep (21)
Ep(22)
Ep(23)
Ep(24)
Ep(25)
Ep(26)
Ep(27)
Ep(28)
Ep(29)
Ep(30)
Ep(31)
Ep(32)
Ep(33)
Ep(34)
Ep(35)
Ep(36)
EP(37)
Ep (38)
Ep(39)
Ep(40)
Ep(41)
Ep(42)
Ep(43)
Ep(44)
Ep(45)
Ep(46)
Ep(47)
Ep(48)
Ep(49)
Ep(50)
Ep(52)
Ep(53)
Ep(54)
Ep(55)
*Final
ကျေးဇူးတင်လွှာ
Extra
Ep(51)
5.6K 264 10
Od Syringa99
စေလိုရာစေ...
(Unicode)
⛔⛔Warning
"အ!..ဖြည်းဖြည်း...မောင်"
Midnight clubရဲ့ VIPအခန်းလေးထဲ စက္ခရဲ့ အချစ်ကြမ်းခြင်း ခံနေရသည့် ဒေါက်တာလေး။.
မောင့်ကို ညုတုတုပြောကာ စနောက်လိုက်ခြင်း၏ ရလဒ်အဖြစ် အိမ်တောင်မရောက်ပဲ
မောင့်ရဲ့clubမှာ အစားခံရတော့မည့် လေညှင်းအဖြစ်ပါလေ။
Clubထဲကို သတိုသမီးချီသလို ပွေ့ပြီးဝင်သွားခဲ့တဲ့ မောင့်ကြောင့် လေညှင်းမှာ မျက်နှာပူလို့မဆုံး။တော်သေးတာက ကလပ်ထဲ လူသိပ်မရှိသေးတာကြောင့်ရော မောင်က ကလပ်ပိုင်ရှင်
ဆိုတာ သိတဲ့အတွက်ကြောင့် ဘယ်သူမှ ပေါ်ပေါ်ထင်ထင် မကြည့်ရဲကြပေ။
အခန်းထဲရောက်တာနဲ့ လေညှင်းနူတ်ခမ်းတွေကို ပြတ်ထွက်သွားလောက်အောင် ကြမ်းတမ်းခက်ထန်တဲ့ အနမ်းတွေ ပေးလါတဲ့မောင်။ပြီးတော့ လက်ကလည်း အငြိမ်မနေ ကိုယ်ပေါ်က ရှိသမျှ အဝတ်စားမှန်သမျှကို တစ်မိနစ်အတွင်း အလုံးစုံ ချွတ်ချပစ်သည်။
ထို့နောက် တရွေ့ရွေ့ ရှေ့တိုးလာတဲ့ မောင့်ခြေလှမ်းတွေနဲ့ စည်းချက်ညီစွာ နောင်ကို တရွေ့ရွေ့ဆုတ်ရင်း အဆုံးမှာတော့ အိစက်ပျော့ပြောင်းတဲ့ အနက်ရောင်မွေ့ယာကြီးပေါ် နောက်ပြန်လဲကျသွားတဲ့အခါ မောင်လူဆိုးလေးက လေညှင်းကိုယ်ပေါ် တက်ခွထိုင်ပြီး တစ်ကိုယ်လုံးကို လက်ကြမ်းကြမ်းကြီးတွေနဲ့ အထက်အောက် ပွတ်သပ်ပစ်တော့သည်။
ထို့နောက် ခါးသိမ်သိမ်လေးကနေ ဆွဲမ၍ လက်တွေကို မွေ့ယာထက် ထောင်ထားစေပြီး တင်ပါးအိအိလေးကို သူ့မျက်နှာရှေ့ အရောက်ပို့လိုက်တဲ့မောင်က သိပ်ကို လျင်မြန်လွန်းသည်။
"အ..ဟ!"
ပူနွေးနွေး လျာဖျား၏ အထိတွေ့က တစ်ကိုယ်လုံးက သွေးတွေဆူပွက်လာအောင် စွမ်းဆောင်နိုင်ပြီး ခံစားမှုက ထိပ်ဆုံးရောက်အောင် ကောင်းလွန့်းသည်မို့ နူတ်က ခပ်ရိုင်းရိုင်း ငြီးငြူသံတွေ ထွက်မိသည်အထိ။
ခဏနေတော့  မောင့်အရာက တစ်ရစ်ချင်းတိုးဝင်လာပြီး အဆုံးထိရောက်တာနဲ့ ခါးကို အရှေ့အနောက် ခပ်မြန်မြန် အတိုးအဆုတ်လုပ်ပြီး အားကျိုးမာန်တက် လုပ်ဆောင်နေသည့် မောင်ဟာ ဒီလိုအချိန်မျိုးဆို အမဲဖျက်ဖို့ အမြဲချောင်းနေသည့် သားရဲတစ်ကောင်လိုပင်။
"အ!..ဟ..မောင်..အရှိန်နည်းနည်း လျော့ပါဦး..".
မောင်က လေညှင်းပြောတာ နားထဲဝင်တော့ဟန်လည်းမတူ။နောက်ကနေ ထပ်လျက်လှဲချလာပြီး
ပိုမိုမြန်ဆန်လာသည်ကြောင့် လေညှင်းမှာ အော်ဖို့ အသံ နည်းနည်းလေးတောင် ကျန်မနေတော့။
"အား..ရှီးးး..ပြီးပြီ မောင့်ကလေးလေး...ဟူး"
မောင့်အရာကို ဆွဲထုတ်သွားမှ လူလည်းအနားရတော့သည်။လှုပ်ဖို့အင်အား တစ်စက်ကလေးတောင် မကျန်တော့တာ​ကြောင့် မောင်သန့်ရှင်းပေးသည်ကို ငြိမ်ခံနေလိုက်ပြီး
ဘယ်လို ဘယ်လို အိပ်ပျော်သွားလဲတောင် မသိလိုက်တော့ပေ။
-
-
-
"အာ့.."
သေနတ်ဒဏ်ရာက နှလုံးတည့်တည့်မှာမို့ တစ်ချက်လှုပ်လိုက်တိုင်း စူးခနဲဖြစ်သွားသည့် နာကျင်မှုက ပြောမပြတ်လောက်အောင်ပင်။
မိုးစက် သူရောက်နေတဲ့ နေရာကို အကဲခတ်ကြည့်လိုက်သည်။နံရံမှစ အခန်းမျက်နှာကြတ်အဆုံး အဖြူရောင်ကိုသာ သုံးထားပြီး အပြင်အဆင်ကလည်း ခေတ်မီသည်မို့ လူချမ်းသာတစ်ယောက်၏ အိမ်ဖြစ်လိမ့်မည်။
ဒါပေမယ့် သူဒီကို ဘယ်လိုရောက်လာတာလဲ?
နောက်ဆုံးမှတ်မိတာက မျိုးထက်သာရဲ့ တပည့်တွေနဲ့ သူသေကိုယ်သေ ပစ်ခတ်ခဲ့ပြီး ဟိုဘက်က အင်အားများသည်မို့ နောက်ဆုံးမှာ သူအဖမ်းခံလိုက်ရကာ နှလုံးတည့်တည့်ကို ​ေသနတ်နဲ့အချက်ပေါင်းများစွာ ပစ်သတ်ခံရတယ်ဆိုတာပဲ။
ဦးနှောက်ကို ရသလောက် အလုပ်ပေးနေပေမယ့် မိုးစက် ဒီထက်ပိုပြီး စဥ်းစားမရတော့။ဘာပဲ​ြဖ​စ်ဖြစ် မျိုးထက်သာလည်း သူ့ထက်မနည်းတဲ့ ဒဏ်ရာရသွားခဲ့ပေမယ့် အသက်ရှင်နိုင်သေးတာမို့ မပြီးဆုံးသေးတဲ့ တာဝန်ကို ဆက်လက်လုပ်ဆောင်ရဦးမည်။
"အိုး..မင်းသတိရနေပြီပဲ"
အခန်းထဲ ဝင်လာကာ ဝမ်းသာအားရစကားပြောလာတဲ့ အသက်လေးဆယ်အရွယ် နိုင်ငံခြားသားတစ်ယောက်။အသားရည်က နီစက်စက်နှင့် ကော်ဖီရောင်ဆံပင်တွေကို နောက်လှန်ဖြီးထားပြီး
ခန္ဓာကိုယ်က ခပ်တောင့်တောင့်မို့ မိုးစက်နဲ့ အရပ်ချင်း မတိမ်းမယိမ်းလောက်တော့ရှိလိမ့်မည်။
"အိုး..မေ့နေတာ..ငါကိုယ့်ငါ မိတ်ဆက်ပေးမယ်..ငါ့နာမည် Grayson...အရေပြားအထူးကု ဆရာဝန်...ရင်းရင်းနှိးနှိး Grayလို့ ခေါ်လို့ရတယ်.."
"ကောင်းပြီ..Gray..ငါမေးချင်တာရှိတယ် မင်းငါ့ကို ကယ်ခဲ့တာလား..ငါသတိမေ့နေတာ ဘယ်လောက်ကြာပြီလဲ"
"ငါးလကျော်ပြီ...မင်းကိုမာဝင်သွားတာ"
"ငါ့ကိုကယ်ပေးခဲ့လို့ ကျေးဇူးတင်တယ်..အခုတော့ ငါ့ကို သွားခွင့်ပြုပါ..ငါလုပ်စရာတွေရှိသေးတယ်"
"အိုး..ရတာပေါ့..မင်းသွားနိုင်ပါတယ်..အခွင့်ရေးရှိသေးရင် ပြန်ဆုံကြတာပေါ့.."
လွန်ခဲ့တဲ့ ခြောက်လတုန်းက မျိုးထက်သာနောက်ကို ခြေရာခံလိုက်ရင်း မြန်မာပြည်မှာမရှိတော့တာ ရိပ်မိခဲ့သည်။ထို့ကြောင့် ပြည်ပအဝင်အထွက်စာရင်းကို စစ်ကြည့်လိုက်တော့ ထင်သည့်အတိုင်း မျိုးထက်သာတို့သားအဖ (.......)နိုင်ငံကို
ခိုးထွက်သွားတာ သိလိုက်ရတာကြောင့် မိုးစက်ပါ
ဒီနိုင်ငံအထိ လိုက်လာခဲ့ခြင်း။
အရာရာကို အကွက်ကျကျ လုပ်ဆောင်တတ်တဲ့
မိုးစက်တစ်ယောက် ဒီနေရာမှာတော့ ဟာကွက်တစ်ခုရှိသွားသည်။အဲ့ဒါက မျိုးထက်သာ မြှားခေါ်ခဲ့တဲ့ ထောင်ချောက်မှာ သူကိုယ်တိုင် တိုးဝင်လိုက်သလို ဖြစ်သွားခဲ့သည်။
မျိုးထက်သာရဲ့ MKဂိုဏ်းကို သူ မြန်မာပြည်မှာ အပြတ်သုတ်သင်ခဲ့ပေမယ့် ဒီနိုင်ငံမှာ အခြားနာမည်တစ်ခုနဲ့ ဂိုဏ်းခွဲတစ်ခုထပ်ရှိနေတာ ဒီရောက်မှ သိသွားခဲ့လို့ နောက်ပြန်လှည့်ဖို့ ကြံရွယ်ခဲ့သော်လည်း အချိန်မမှီတော့။
စစချင်း မျိုးထက်သာနဲ့ တိုက်ခိုက်ခဲ့ရာ မိုးစက်ဘက်က တပန်းသာပြီး မျိုးထက်သာက ဒဏ်ရာများစွာနဲ့ သေဆုံးလုနီးနီးမှာ သူ့ဂိုဏ်းသားတွေ ရောက်ချလာပြီး မိုးစက်ကို တိရစ္ဆာန် တစ်ကောင်လို ညှင်းပန်းနှိက်စက်၍ သေနတ်နဲ့ ပစ်သတ်ခဲ့ကြသည်။ထို့နောက် သေပြီအထင်နဲ့ လူပြတ်တဲ့နေရာမှာ မိုးစက်ကို ပစ်ထားခဲ့ပြီး အခု အရေပြားအထူးကု ဆရာဝန်က တွေ့၍ ကယ်တင်ခဲ့ရာမှ မိုးစက်အသက်ရှင်ကျန်ခဲ့ခြင်း ဖြစ်လေသည်။
အခုတော့ သူ မြန်မာပြည်အမြန်ပြန်ရမည် ၊ မျိုးထက်သာက သူသေပြီအထင်နဲ့ အခုချိန်လောက်ဆို ဆရာနဲ့အကိုလေးကို အန္တာရာယ်ပြုဖို့ နောက်ထပ်တခါ ကြံစည်နေနိုင်သည်မို့ မြန်နိုင်သမျှ မြန်မြန်ပြန်ပြီး ဆရာတို့ကို ကာကွယ်ပေးဖို့ မိုးစက်မှာတာဝန်ရှိသည်။
-
-
-
ဒီနေ့က မောင့်ရဲ့မွေးနေ့မို့ တစ်ပတ်ကျော်ကျော်လောက် အချိန်ယူ စဥ်းစားခဲ့ရသည့် လက်ဆောင်လေးကို ပေးဖို့ အချိန်ရောက်လာတာကြောင့် လေညှင်းတစ်ယောက် စိတ်တွေအရမ်းလှုပ်ရှားလို့နေသည်။
ညအိပ်ရာဝင်ကတည်းက 11နာရီခွဲ alarmပေးထါးသော်လည်း အချိန်မတိုင်မီ  နိုးနေသည်မို့ alarmကိုပြန်ပိတ်ပြီး မောင်မနိုးစေရန် တိတ်တိတ်လေး ငြိမ်နေလိုက်သည်။
11:55 PM..
မောင်မသိအောင် ဝယ်ထားတဲ့ ကိတ်ကလေးကို အဝတ်လဲခန်းထဲမှာ ဖယောင်းတိုင်လေးတွေ စိုက်ကာ မီးညှိလိုက်ပြီးသည်နှင့် လေညှင်းရဲ့သက်ဆိုင်သူ လူဆိုးလေး မောင့်ကို surpriseလုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။
ဘေးနားက အနွေးလုံးလေးမရှိတာ သိလိုက်သည်နှင့် စက္ခ ချက်ချင်းထထိုင်လိုက်သည်။
"သန့်စင်ခန်း သွားတာ ဖြစ်မယ်..မောင့်ကိုမနိူးဘူး..ဒီကလေးတော့ အပြစ်ပေးမှရတော့..."
"Happy Birthday To You..
Happy Birthday To You..
Happy Birthday To My Dear Maung..
Happy Birthday To You..
အမှောင်ချထားတဲ့ အခန်းတွင်း ဖယောင်းတိုင်မီးရောင်လေး ထင်ဟပ်နေသော သူ့ပိုင်ဆိုင်ရာလေးအား ကြည့်ရင်း စက္ခ ပါးပြင်ထက် မျက်ရည်စတွေ နေရာယူလို့လာသည်။
မှော်စက္ခ ပိုင်ဆိုင်သော ဤလူသားငယ်လေးသည် သူ၏ ငိုခြင်းရယ်ခြင်းတို့အား လိုရာညို့ယူ စေခိုင်းနိုင်သည့် တစ်ဦးတည်းသော မြတ်နိုးရာလေး ဖြစ်သည်။
လူမှန်းသိတတ်စအရွယ်ကစလို့ အသေးလေးနဲ့ မတွေ့သေးခင် အချိန်ထိ သူများတွေ အရေးတယူကျင်းပနေခဲ့ကြတဲ့ မွေိးနေ့ဆိုတာ ဘယ်လိုမှန်းမသိခဲ့။အခုတော့ စက္ခ၏ မွေးနေ့ရက်မြတ်​လေးကို အရေးတယူ အမှတ်ရပေးမယ့် ချစ်ရသူလေးက သတိတရ ရှိပေးလါသည်။
တကယ်ပါ ဒီကမ္ဘာမှာ စက္ခအတွက် အရေးပါဆုံး အလိုအပ်ဆုံးအရာကို ရွေးချယ်ပါဆိုရင် လေညှင်းသွဲ့ဆိုသည့် ချစ်စရာဒေါက်တာလေးအား အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ရွေးချယ်နေဦးမည် ဖြစ်သည်
"Happy 25th Birthday ပါ မောင်..နောင်နှစ်ပေါင်းများစွာထိ ကျန်းမာအောင် နေထိုင်ပြီး ဒီက ဒေါက်တာလေးကို ချစ်ပေးပါဦးနော်"
မောင့်ပါးပြင်က မျက်ရည်စတွေ မြင်လိုက်တော့ လက်ထဲက ကိတ်မုန့်လေးအား စားပွဲပုလေးပေါ် တင်လိုက်ပြီး ကုတင်ပေါ် ခြေထောက်ချထိုင်နေသော မောင့်အရှေ့မှာခြေစုံရပ်၍ အကြိမ်ပေါင်းများစွာ နမ်းရှိုက်ခဲ့ဖူးသော မောင့်ပါးပြင်ကို လက်မလေးနဲ့ တယုတယ ပွတ်သပ်ပေးမိသည်။
"မွေးနေ့မှာ မငိုရဘူးလေ..မောင်ရဲ့..တိတ်တော့နော်..ကိုကို့ လူဆိုးလေး..ဒီလိုနေ့မျိုးမှာ မွေးနေ့ရှင်က လူအားလုံးထဲမှာ အပျော်ရွင်ဆုံး ဖြစ်နေရမှာ..ဒီက ကိုကိုက အငိုတိတ်အောင် ချော့ပေးမယ်နော်"
မောင်က လေညှင်းရဲ့ ခါးသွယ်သွယ်လေးကို ဖက်တွယ်လာပြီး ရင်ခွင်သေးသေးလေးထဲ ခေါင်းကိုတိုးကပ်လို့လာသည်။
"မောင့်ဘဝမှာ ကလေးကို ပိုင်ဆိုင်လိုက်ရတာက ဆုလာဘ်တစ်ခုလိုပဲ သိလား..မောင် ခင်ဗျားလေးကို အရမ်းချစ်တယ်..မြတ်နိုးတာထက်တောင် ပိုပါတယ် မောင့်အသက်ရယ်"
"လေညှင်းလည်း မောင့်ကိုအရမ်းချစ်တယ်..အတိတ်မှာ ဘယ်လိုကိစ္စတွေပဲရှိခဲ့ရှိခဲ့ လေညှင်းတို့အရာအားလုံးကို မေ့ပစ်ပြီး အနာဂတ်ကို သားလေးနဲ့အတူ ပုံဖော်ရအောင်နော် မောင်"
"မောင်လေ အခုချိန်ထိ အပြစ်ရှိသလို ခံစားနေရတယ်..ကလေးကို ချစ်လွန်းလို့ လုပ်ခဲ့မိတဲ့အမှားတွေက တကယ်ကို ဆိုးရွားခဲ့လို့ မောင်တစ်ခါ ထပ်ပြီးတော့ တောင်းပန်ပါတယ်"
လေညှင်းက မတ်တပ်ရပ်နေ၍ မောင့်ထက်အရပ်ရှည်သလို ဖြစ်နေပြီး နင့်နင့်နဲနဲ ငေးကြည့်နေတဲ့ မောင့်ကို  ခေါင်းလေးငုံ့၍ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကို အသာဖယ်ပြီးနောက် နူးညံ့နွေးထွေးခြင်း အတိပြီးသော အနမ်းတစ်ပွင့် ဖြစ်တည်စေသည်။
"မောင့်ကို ချစ်မိ​ေနပြီဆိုမှတော့..ဒီလူရဲ့ ကောင်းကွက်ဆိုးကွက် မှန်သမျှ လက်ခံပေးနိုင်လို့ပေါ့ မောင်ရဲ့..နောက်တခါ တောင်းပန်တယ်ဆိုတဲ့စကားကို ထပ်မပြောနဲ့တော့..တောင်းပန်တယ်ဆိုတာ ခွင့်လွှတ်မှုမရသေးတဲ့ သူရဲ့ ထုချေလွှာပဲလေ မောင်..လေညှင်းက မောင့်ရဲ့ မေတ္တာစစ်မေတ္တာမှန်ကို မြင်နိုင်ခဲ့လို့.. အတိတ်မှာ ဖြစ်ခဲ့တဲ့ အရာအားလုံး မျက်ကွယ်ပြုပြီး ခွင့်လွှတ်ခဲ့ပြီးပြီ..ဒါကြောင့် ဒီအကြောင်းအရာလေးတစ်ခုတည်းနဲ့ လေညှင်းတို့နှစ်ယောက်ကြား ငြိုငြင်မှုလေး နည်းနည်းတောင် အဖြစ်မခံပါနဲ့လား.မေုင်ရယ်..လေညှင်းပြောတာ နားလည်ရဲ့လား..မောင်..ဟင်"
"အင်း..မောင်နားလည်ပါပြီ..အခုလိုနားလည်ပေးတဲ့မောင့်ကလေးကို မောင်အရမ်းချစ်တယ်"
ထို့နောက် ကိတ်မုန့်လေးကို ဖယောင်းတိုင်ထပ်စိုက်၍ မီးညှိလိုက်ပြီးနောက် မောင့်ဘေးမှာထိုင်ကာ မွေးနေ့ပွဲလေးကို ဆက်လက်ဖန်တီးလိုက်သည်။
"မောင် ဘာဆုတောင်းလဲဟင်..လေညှင်းကိုပြောပြလို့ရလား"
"..မောင်ဆုတောင်းတာက အခြားမဟုတ်ပါဘူး ကလေးရဲ့..မောင်  အသက်ရှင်နေသမျှကာလပတ်လုံး ဒီလူသားလေးရဲ့ အနားမှာ အမြဲနေခွင့်ရပါစေလို့လေ..ဒီဆန္ဒလေးတစ်ခုပဲ မောင့်ဘဝမှာလိုအပ်တာ..ဘယ်အချိန် ဆုတောင်းဆုတောင်း ဒီအတိုင်းပဲ..ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူး"
အပြုံးစစနဲ့ ပြောလာတဲ့မောင့်ကို ကြည့်ပြီး ရင်ခုန်နူန်းတွေ မြန်ဆန်လာရသည်။လူတစ်ယောက်ရဲ့ ချစ်ခြင်းကို ရလိုက်တာ အချစ်ခံရတာ ဒီလိုလေးပါလားလို့ တွေးမိပြန်တော့ တသိမ့်သိမ့်ကြည်နူးရပြန်သည်။
တကယ်ပါ မောင့်လိုလူမျိုးက ဘယ်သူမှ ယှဥ်မရလောက်အောင် အနစ်နာခံပြီး ပေးဆပ်ချစ်တတ်တဲ့ လူဆိုးလေး မောင်ပါလေ။
"ဒီမှာ..မောင့်အတွက်..မွေးနေ့လက်ဆောင်"
လက်ထဲရောက်လာတဲ့ မီးခိုးရောင်ပေါ် ဖဲပြားအဖြူလေးချည်ထားတဲ့ ဘူးသေးသေးလေး။အဖုံးလေးကို ဖွင့်ကြည့်လိုက်တော့ cufflink(ရှပ်အက်ျီလက်ကြယ်သီး)လေးတစ်စုံ ဖြစ်သည်။ငွေရောင်တလက်လက်နဲ့ သေသပ်လှပလွန်းကာ အမြင်နဲ့တင် တန်ဖိုးကြီးတဲ့ အရာလေးမှန်း သိသာလှ​ပြီး ထို့ထက် ပို တန်ဖိုးမဖြတ်နိုင်တာက ကြယ်သီးလေးပေါ် ထွင်းထားသည့် စာသားလေးတွေပင်။
"MSK ~♡♡~LNT"
  သူတို့နှစ်ယောက်ရဲ့ နာမည်အစစာလုံးတွေကို ကမ္ဗည်းထိုးထားသည့်အပြင် အောက်ခြေမှာ လပ်ထပ်သည့် နေ့စွဲလေးပါ ထည့်ထားလေသည်။
"လေညှင်းရဲ့လက်ဆောင်ကို သဘောကျရဲ့လား"
"သဘောကျတာပေါ့ ကလေးရယ်..သေးငယ်တဲ့အရာလေးတွေဆိုပေမယ့်..မောင့်အတွက် တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ..အခုကစပြီး ဒီကြယ်သီးလေးတွေကို မောင့်ကိုယ်နဲ့မကွာ ထားတော့မှာ"
ရင်တွေတသိမ့်သိမ့်ခုန်နေပြီး မောင်ရင်ခွင်ထဲ တိုးဝင်လိုက်တော့ အလိုက်သင့်လေး ဖက်ပေးတဲ့ မောင်။
ဒီသံသရာ ဒီဘဝတစ်လျောက် ဤလူသားအား သစ္စာမပျက် ချစ်သွားမည်ဟု သိန္နိဌာန်ချမိသည်။
ဤမှန်သော သစ္စာစကားကြောင့် လေညှင်းတို့နှစ်ယောက် ဘဝနေဝင်ချိန်ထိတိုင် လက်တွဲမဖြုတ်ရပါစေသား..။
#Thanks for reading
Syringa
*************************************
စေလိုရာစေ...
(Zawgyi)
⛔⛔Warning
"အ!..ဖြည်းဖြည်း...မောင်"
"အ..ဟ!"
-
-
-
"အာ့.."
"အိုး..မင်းသတိရနေပြီပဲ"
-
-
-
11:55 PM..
"သန့်စင်ခန်း သွားတာ ဖြစ်မယ်..မောင့်ကိုမနိုးဘူး..ဒီကလေးတော့ အပြစ်ပေးမှရတော့..."
"Happy Birthday To You..
Happy Birthday To You..
Happy Birthday To You..
"မောင့်ကို ချစ်မေိ​နပြီဆိုမှတော့..ဒီလူရဲ့ ကောင်းကွက်ဆိုးကွက် မှန်သမျှ လက်ခံပေးနိုင်လို့ပေါ့ မောင်ရဲ့..နောက်တခါ တောင်းပန်တယ်ဆိုတဲ့စကားကို ထပ်မပြောနဲ့တော့..တောင်းပန်တယ်ဆိုတာ ခွင့်လွှတ်မှုမရသေးတဲ့ သူရဲ့ ထုချေလွှာပဲလေ မောင်..လေညှင်းက မောင့်ရဲ့ မေတ္တာစစ်မေတ္တာမှန်ကို မြင်နိုင်ခဲ့လို့.. အတိတ်မှာ ဖြစ်ခဲ့တဲ့ အရာအားလုံး မျက်ကွယ်ပြုပြီး ခွင့်လွှတ်ခဲ့ပြီးပြီ..ဒါကြောင့် ဒီအကြောင်းအရာလေးတစ်ခုတည်းနဲ့ လေညှင်းတို့နှစ်ယောက်ကြား ငြိုငြင်မှုလေး နည်းနည်းတောင် အဖြစ်မခံပါနဲ့လား.မေုင်ရယ်..လေညှင်းပြောတာ နားလည်ရဲ့လား..မောင်..ဟင်"
"MSK ~♡♡~LNT"
#Thanks for reading
Syringa
*************************************
Pokračovať v čítaní
You'll Also Like
1.4M 176K 150
BL
459K 22.8K 46
မောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ် 💙💐 ကွန့်ထူးထည်ဝါ မောင့်အာရုဏ်ဦး coverartist = Pann Eain 💐 မောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.