B O G(ZSWW)[Complete]

Galing kay Kaori_HZar

53.1K 2.9K 78

ရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပ... Higit pa

1(U)
1(Z)
2(U)
2(Z)
3(U)
3(Z)
4(U)
4(Z)
5(U)
5(Z)
6(U)
6(Z)
7(U)
7(Z)
8(U)
8(Z)
9(U)
9(Z)
10(U)
10(Z)
11(U)
11(Z)
12(U)
12(Z)
13(U)
13(Z)
14(U)
14(Z)
15(U)
15(Z)
A/N
16(U)
16(Z)
17(U)
17(Z)
18(Z)
19(U)
19(Z)
20(U)
20(Z)
21(U)
21(Z)
22(U)
22(Z)
23(U)
23(Z)
24(U)
24(Z)
A/N
25(U)
25(Z)
A/N
26(U)
26(Z)
27(U)
27(Z)
28(U)
28(Z)
29(U)
29(Z)
30(U)(Final)
30(Z)Final
A/N

18(U)

1K 72 4
Galing kay Kaori_HZar

💮
ကျောင်းနောက်ဆုံးရက်

အလောတကြီးပြေးထွက်သွားတဲ့ကျောပြင်ငယ်ကိုဆွေးဆွေးမြည့်မြည့်စိုက်ကြည့်နေဆဲရှောင်းကျန့်ရဲ့ ပုခုံးကို အသာပုတ်ကာ အဆင်ပြေသွားမှာပါ ဆိုသည့်သဘောနှင့်ပိုင်ရှို့အသာဖိကိုင်ထားပေးလိုက်တယ်။

ပြန်ကြည့်လာတဲ့ မျက်ဝန်းဝိုင်းဝိုင်းညိုညိုလေး
တွေမှာတော့ မျက်ရည်စလေးတွေနဲ့...

"ကျန့်"

"ပိုင်ရှို့"

"ငါ ဆုံးဖြတ်လိုက်ပြီ  ငါသွားမယ်  သူရှောင်းကိုချစ်တာလား ငါ့ကိုချစ်တာလား မသေချာသေးသ၍ငါနိုင်ငံခြားကပြန်မလာဘူး....တကယ်လို့....တကယ်လို့
သူ့ရွေးချယ်မှုကငါမဟူတ်ဘဲရှောင်းဖြစ်ခဲ့ရင်....... ငါ...တစ်သက်လုံးပြန်မလာတော့ဘူး"

".........."

ပိုင်ရှို့မှာပြောစရာစကားမရှိခဲ့......။မနှစ်သိမ့်ပေးတတ်လို့တော့မဟုတ်  ...ချစ်ရသူက တစ်ခြားတစ်ယောက်အတွက်ပူဆွေးနေတာကိုကိုယ်တိုင်မြင်နေရပြီး ရင်ကွဲလုမတက်ခံစားနေရတာမို့ ......

💮
"ဘာတွေအဲ့လောက်တွေးနေတာလဲ ဟင်"

မနေ့ညက ပိုင်ရှို့ပြောသည့်အကြောင်းအရာတစ်ချို့ကိုပြန်တွေးနေတုန်း ကျောဘက်ကပွေ့ဘက်မှုနဲ့နားထင်ကိုဖွဖွလေး လာထိကပ်တဲ့ ပူနွေးနွေးအထိအတွေ့လေး....။

"ရှောင်းကျန့်~"

"ပြောပါဗျ "

"ငါ့ကို ပြောပြပါလား"

"ဘာကို.."

"ငါနဲ့ရှောင်းနဲ့ ကိစ္စကို မင်းဘယ်လိုသိသွားတာလဲ"

ပုခုံးပေါ်ကို မှေးတင်
ထားသည့်ရှောင်းကျန့်က ခေါင်းလှည့်ပြီး ရိပေါ်ရဲ့ပါးဖောင်းလေးကို နမ်းပြန်သည်။

"ပြီးပြီးသားတွေလေ အသည်းရဲ့ ဘာလို့သိချင်ရတာလဲ"

"...."

မျက်စောင်းနဲ့တစ်ချက်အနောက်ကိုလှည့်ကြည့်ပေးတော့ ပိုပြီးတင်းကြပ်လာတဲ့လက်တွေနဲ့ လေငွေ့နွေးနွေးကရိပေါ်ရဲ့လည်ဂုတ်ထက်မှာ....

"ဝမ့် ကို သူငယ်ချင်းစလုပ်မလားလို့မေးတဲ့အချိန်ကတည်းက"

"ဘာလို့လဲ...."

"....."

"ငါ့လိုလှေနံနှစ်ဖက်နင်းတဲ့ကောင်ကိုမှ ဘာလို့လဲ မင်းကိုအစားထိုးအနေနဲ့အသုံးပြုခဲ့တဲ့ကောင် မျက်နှာပြောင်တိုက်အနားခေါ်ခဲ့တဲ့ကောင်.... မင်းမမုန်းဘူးလား"

တဖြည်းဖြည်းတုန်ရီလာတဲ့ခန္တာကိုယ်လေးကို ပခုံးကနေကိုင်လို့ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်တယ်။အောက်ငုံ့သွားတဲ့ မျက်နှာလေးက ရှောင်ကျန့်ကို တစ်ချက်မော့မကြည့်....ငိုချင်တာကိုအံကြိတ်ထားလို့ထင်ပါရဲ့ ပါးလေးတွေနဲ့ခန္တာကိုယ်လေးကတဆတ်ဆတ်တုန်ရီလို့.....

"အကယ်၍ အကယ်၍ ငါကရှောင်းကို ရွေးခဲ့ရင် မင်းဘယ်လိုလုပ်မှာလဲ.....မင်းမစဉ်းစားတတ်ဘူးလား.....မင်းဉီးနှောက်မပါဘူးလား"

ပြောရင်း ဝမ်က သူ့ရင်ဘတ်တွေကိုလက်သီးဆုပ်တွေနဲ့ထုရိုက်ပြန်
တယ်။မိန်းကလေးများလိုနူးနူးညံညံတော့မဟူတ် တစ်ချက်ရိုက်တိုင်းရင်ဘတ်တောင် တစ်ခါအောင့်ရသည်အထိ အားကပြင်းလွန်းသည်။

"အ....အ...နာလာပြီ အသည်းရဲ့..... "

ရှောင်ကျန့်တစ်ချက်ငြီးငြူးတော့ လေထဲတွင်တန့်သွားတဲ့လက်လေးတွေက ရှောင်ကျန့်ရဲ့ရင်ဘတ်ကိုလက်လေးတွေနဲ့ခပ်ဖွဖွပွတ်သတ်ပေးတယ်။

ပါးချိုင့်လေးတွေပေါ်အောင်အထိကိုအားရပါးရရယ်ရင်း ဝမ်ရိပေါ်ကိုအတင်းဖျစ်ညစ်ပစ်လိုက်သည်။ချစ်လိုက်ရတာ.... အသည်းရယ်......

——————☘

"ကလေးတွေကို ဘယ်တော့ပြောပြထားဖို့စဉ်းစားထားလဲ "

"ကျွန်တော် မပြောပြချင်သေးဘူး သာ့ကော ကျွန်တော် ကျွန်တော် ကိုယ့်ကိုယ်အပြစ်မကင်းသလိုခံစားနေရသေးတယ်"

"တောင်းပန်ပါတယ် ပါးနဲ့မားကို နားဝင်အောင် geအစကတည်းကပြောပေးခဲ့ရမှာ..."

"ရပါတယ် ပြီးခဲ့တာတွေလည်းပြီးပါစေတော့ ပါးနဲ့မားလည်းရှိတော့တာမှမဟုတ်တာ"

ညီငယ်လေးးရဲ့မျက်နှာကိုကြည့်ရင်း ယူကျုံးမရဖြစ်မိတဲ့ အခါ မျက်နှာပေါ် မျက်ရည်ဉတွေကခိုဆင်းတယ်။

"အဲ့တုန်းက အလိုတူအလိုပါဖြစ်ခဲ့တဲ့ geကိုခွင့်လွှတ်ပါ ပါးတို့ကနားမလည်ရင်တောင် မင်းနဲ့အနေနီးတဲ့geကနားလည်ပေးရမှာကို....."

"မဟူတ်တာ မဟူတ်တာသာ့ကောကလည်း ဖြစ်သင့်ပါတယ် ကျွန်တော့်လိုgayတစ်ယောက်ကိုလွယ်လွယ်နဲ့လက်မခံနိုင်တာဖြစ်သင့်ပါတယ်"

"Geအခုနားလည်ပါပြီ နားလည်ခဲ့ပါပြီ အချစ်မှာ genderခွဲ ခြားမှုမရှိဘူးဆိုတာ "

"ကျွန်တော် ပြောပြမှာပါ ရိပေါ်နဲ့ ရှောင်းငယ် သေသေချာချာ အဆင်ပြေတဲ့အချိန်ကျရင်"

တစ်ယောက်နဲ့တစ်ယောက်ပြောနေသည့်ဉီးတည်ချက်တွေကမတူပေမယ့်လို့ ပြောမြဲပြောနေသည့်လူနှစ်ဉီးအနက် ရှောင်းရှန်းကမျက်နှာလွှဲလို့အောက်ငုံ့ထားပေမယ့် ရှောင်းကျားလုံကတော့ သူ့ညီငယ်အား တောင်းပန်
တိုးလျှိုးသည့်မျက်ဝန်းများနှင့်သာ ကြည့်မြဲကြည့်နေသည်။

ရှောင်းရှန်းမှာ မိမိ gayဖြစ်ခြင်းကိုသိသွားသည့်မိဘနှစ်ပါးနှင့်အကို ကို မိမိအားနားလည်​
မည်ထင်ခဲ့သည်။ပါးနှင့်မားတို့ နားမလည်ရင်တောင် သာ့ကောကတော့နားလည်မယ်ထင်ခဲ့တာ....သို့သော် သာ့ကော ကပါ လျစ်လျူရှု မမြင်ချင်ယောင်ဆောင်တဲ့အခါ မိမိယုံကြည်ထားသမျှ သဲထဲရေသွန်ဖြစ်ခဲ့ရသည်။
ထို့အပြင်မိမိကိုပါ အိမ်ကနှင်ချခဲ့သောကြောင့် ရခဲ့သည့် စိတ်ဒဏ်ရာကအတွင်းထဲအထိနက်နက်နဲနဲပင်..... အခုချိန်ထိ ပါးနဲ့မားအပါအဝင် သာ့ကောကိုလည်းခွင့်မလွှတ်နိုင်သေး.....ရှောင်းငယ်နှင့်ရိပေါ်၏မျက်နှာကြောင့်သာ သာ့ကောနှင့်အခုလိုတွေ့နေရတာ.....

"ဒါဆို ခွင့်ပြုပါဉီး ကျွန်တော်အလုပ်လေးရှိသေးလို့"

——————☘
"အင်းး သေချာဖြောင်းဖြပေး "

"......."

"ငါသူ့ဘေးနားရှိမှာ သူ့ဉီးနှောက်သေးသေးလေးနဲ့ဘာတွေများစဉ်းစားနေလဲမသိဘူး"

"......."

"ထားပါ ငါသိတယ် dramaတွေထဲကလို လာမလုပ်နဲ့ 100percentကိုသေချာတယ်.... "

"........"

"မင်းကဘာတွေdramaချိုးလိုက်မှန်းမှ မသိတာ ငါ့အသည်းက ငိုယိုနေတာပဲ....."

"....."

"အင့်...."

"ဟေ့ကောင် ဟေ့ကောင် ဒါပဲ ငါ့အသည်းနိုးလာပြီထင်တယ်"

ကုတင်ပေါ်ကအိပ်နေသည့် အသည်းကလှုပ်ရွ လှုပ်ရွဖြစ်လာသည့်မို့ ဖုန်းအမြန်ချကာ အသည်းဘေးနားဝင်လှဲလိုက်သည်။လူငွေ့ရလို့ထင်အသည်းက သူ့ဆီတဖြည်းဖြည်းတိုးလာပြီး ခါးဆီလာဖက်တယ်။အသည်းနဲ့သူ့ရဲ့အရပ်ကသိပ်မကွာတာမို့ ရင်ခွင်ထဲမရောက်နေတဲ့အသည်း၏ဝင်လေထွက်လေ နွေးနွေးက ရှောင်းကျန့်ရဲ့ လည်ပင်းနားတစ်ဝိုက်မှာ....

နည်းနည်းလေးငုံ့ရင်တောင်  အသည်းရဲ့နူတ်ခမ်းတွေနဲ့ ရှောင်းကျန့်ရဲ့နူတ်ခမ်းတွေကထိလုနီးနီး.......ဒီအတိုင်းဆက်နေလျှင် မဖြစ်တော့မှန်းကိုယ့်စိတ်ကိုယ်သိတာမလို့ ခန္တာကိုယ်ကို အပေါ်ဘက် နည်းနည်းရွေ့ကာ အသည်းကိုရင်ဘတ်ထဲထည့်ပွေ့ထားလိုက်သည်။နဖူးလေးကို တစ်ချက် မွှေးကြူလိုက်ကာ ဆံပင်လေးများကိုလည်း သပ်တင်ပေးရင်း အသည်းရဲ့မျက်နှာလေးကို သေသေချာချာပြန်ကြည့်မိတယ်။

အရင်ကနဲ့သိပ်မကွာခြားပဲ မေးရိုးအနည်းထင်းလာရုံ၊ခန္တာကိုယ်လေးနည်းနည်းထွားလာပြီး ရင့်ကျက်လါကလွှဲ အကုန်လုံးကအရင်အတိုင်းပင်။ဂျစ်ကန်ကန်အကျင့်နဲ့မပွင့်မလင်းလုပ်တတ်တဲ့ အကျင့်ရော....

"Good night ချစ်ရတဲ့အဆိုးလေး~"

ဆက်ကြည့်နေမိရင် အသည်းကိုတစ်စဆီလုပ်မိမှာစိုးလို့ ဆက်မကြည့်တော့ဘဲ နူတ်ခမ်းလုံးလုံးဆီကိုသာ ကြာကြာလေးတစ်ချက်ဖိနမ်းပြီး ရင်ခွင်ထဲတင်းတင်းကြပ်ကြပ်ဖက်ကာ အိပ်စက်ခြင်းဆီသို့.......

************************************

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

278K 48.5K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
288K 17.7K 25
𝐈 𝐤𝐧𝐨𝐰 𝐭𝐡𝐢𝐬 𝐢𝐬 𝐜𝐫𝐚𝐳𝐲 𝐣𝐨𝐛, 𝐛𝐮𝐭 𝐈 𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐫𝐞𝐠𝐫𝐞𝐭 𝐢𝐭. 𝐁𝐞𝐜𝐚𝐮𝐬𝐞 " 𝑰 𝒍𝒐𝒗𝒆 𝒉𝒊𝒎 ".
98.1K 15.9K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
72.3K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။