စေလိုရာစေ...
(Unicode)
ခြောက်လခန့်ကြာသော်....
ဆေးရုံအခန်းတစ်ခုထဲတွင် ဒေါ်လုံး ကိုထွန်း
မိနွယ် ဦးစံတို့က ဘေးပတ်လည် ကာရံထားပြီး အလည်က ကုတင်မှာတော့ စက္ခက မျက်လုံးပတ်တီးဖြေဖို့ စောင့်ဆိုင်းနေလျက်ရှိသည်။
"ဆရာ ပတ်တီးစဖြေတော့မယ်နော်..လူနာက ပတ်တီးဖြေပြီးတာနဲ့ မျက်လုံးကို ချက်ချင်းမဖွင့်သေးနဲ့ဦး...နည်းနည်းချင်း အချိန်ယူပြီး ဖွင့်ကြည့်ပါ..အကယ်၍ တစ်ခုခု အဆင်မပြေတာရှိရင်
ဆရာ့ကို ချက်ချင်းပြော ဟုတ်ပြီလား..ကဲ..စမယ်နော်"
လေညှင်း မောင့်ရဲ့အေးစက်ထုံထိုင်းနေတဲ့ လက်တွေကို ပြန်လည်ဆုပ်ကိုင်ပေးထါးရသည်။ သူ့ကို ပထမဆုံးငေးကြည့်လာမယ့် မောင့်မျက်ဝန်းကြည်ကြည်လေးတွေ မြင်ရတော့မှာကြောင့် စိတ်လှုပ်ရှားနေသည်မှာ ရင်ဘတ်ဆီမှ တဒိန်းဒိန်းခုန်လှုပ်နေသည်ကသက်သေပင်။
"ကဲ..ရပါပြီ..နည်းနည်းချင်း စဖွင့်ကြည့်ပါ"
စက္ခ မျက်ခွံကို အသာပင့်မလိုက်တော့ ပထမဆုံး ဝင်ရောက်လာသည်က ခပ်စူးစူးအလင်းတန်း။အမှောင်ထဲ နေသားကျနေတာမို့ စစချင်းနေ့အလင်းရောင်ကို ခံနိုင်စွမ်းမရှိသေးတာမို့ မျက်စိကို ပြန်မှိတ်လိုက်ရသည်။
"စိတ်အေးအေးထားနော်..မောင်..လေညှင်းအနားမှာရှိတယ်...ဘာမှစိတ်မပူနဲ့.."
ထို့နောက် အားယူပြီး မျက်လုံးကို ပြန်ဖွင့်ကြည့်တော့ မှုန်ဝါးဝါး မြင်ကွင်းအချို့ကို စမြင်ရပြီး
နောက် အနားက ဗီတာမင်လေးရှိရာ အကြည့်ရွေ့လိုက်တော့ ဝေဝါးနေခဲ့သည့် ပုံရိပ်လေးက တဖြည်းဖြည်း ကြည်လင်လို့လာတော့သည်။
"ကလေး..မောင့်ရဲ့ကလေးလေး!"
စက္ခရှေ့က မျက်ရည်အဝဲသားနဲ့ အားယူပြုံးပြနေသူလေးရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ပွတ်သပ်ကိုင်တွယ်တော့ ကလေးက ခေါင်းလေးတဆတ်ဆတ်ညိတ်ပြလာပြီး ပျော်လွန်းလို့ ငွေ့ရည်ဖွဲ့ကာကျရောက်လာသည့် မျက်ရည်ဥလေးတွေက စက္ခလက်ပေါ်စီးဆင်းလို့လာသည်။
"ဟုတ်ပါတယ်...မောင့်ရဲ့ဒေါက်တာလေးပါ..မောင်ရဲ့တစ်ဦးဆိုင် လူသားလေး လေညှင်းပါ..မောင်...အင့်..ဟင့်"
လူအများရှေ့လည်း မရှက်နိုင်တော့ မောင့်ရဲ့ပေါင်ပေါ် ဘေးစောင်းဝင်ထိုင်လိုက်ပြီး လည်တိုင်ကို လက်နှစ်ဖက်နဲ့ ခိုတွဲ၍ ပုခုံးပေါ်မေးတင်းကာ တင်းထားသမျှ ငိုချမိတော့သည်။
"မငိုပါနဲ့..ကလေးရယ်...မောင်ပြန်ကောင်းလာပြီပဲ..မငိုနဲ့တော့နော်...အဟား...မောင့်ကလေးက အငိုသန်လေးပါကွာ...နောက်ငါးလကြာရင် ပူတင်းလေးတောင် ရောက်လာတော့မယ်..ဒီက သူ့ပါပါးက အငိုမင်းသားလေး ဖြစ်နေတုန်း"
ပူတင်းလေးဆိုတာ အခြားမဟုတ် ၊ လေညှင်းတို့ရဲ့ မိသားစုလေးထဲ နောက်ငါးလကြာရင် ဝင်ရောက်လာတော့မယ့် မိသားစုဝင် အသစ်လေးဖြစ်သည်။စက္ခ မျက်စိခဲွဲပြီး တစ်လနေတော့ ဦးစံက ဘန်ကောက်မှာ ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် ကလေးလေးတစ်ယောက်ယူဖို့ လေညှင်းတို့ကို အကြံပေးလါခဲ့သည်။
လေညှင်းတို့နှစ်ယောက်လုံး သေချာတိုင်ပင်ပြီးနောက် ဦးစံပေးတဲ့အကြံကို လက်ခံလိုက်သည်မို့ အငှားကိုယ်ဝန်ဆောင်၏ သားအိမ်ထဲ ဖန်ပြွန်သန္ဓေသား ထည့်၍ လက်တွေ့အကောင်ထည်ဖော်ခဲ့ကြရာ အောင်မြင်သွားတာကြောင့် အခုဆို ကလေးက ငါးလထဲ ဝင်လာပြီ ဖြစ်သည်။
အငှားကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ အမြဲတမ်း အဆက်သွယ်ရသည်မို့ ပူတင်းမကြိုက်သူက သားလေးကို ရှိမှ ပူတင်းတွေချည်း လိမ့်စားသည်ဟု ကြားရတာကြောင့် သားလေးကို ပူတင်းလေးဟု ချစ်စနိုးနဲ့ နာမည်ပေးလိုက်ခြင်း ဖြစ်သည်။
"ဟား..ဟား..ဟုတ်ပါ့ မောင်စက္ခရာ..ငါ့တူက ပူတင်းနဲ့ အပြိုင်ငိုမယ့် အနေထားမှာရှိတယ်ဟေ့..မင်း ကလေးနှစ်ယောက် ပြိုင်တူ ချော့ဖို့သာ ပြင်ထား မောင်စက္ခရေ ဟား..ဟား"
ဦးစံအပြောကြောင့် အခန်းထဲရှိနေသူအားလုံး လိုက်ရယ်ကြပြီး ပွဲကျလို့သွားလေသည်။
ထို့နောက် ဆရာဝန်က စက္ခ အမြင်အာရုံတွေ ပြန်ရတာသေချာပြီဆိုမှ တခါထပ်စစ်ဆေးရင်း အခန်းထဲက ထွက်သွားသည်။ဦးစံလည်း အစည်းဝေးရှိတာကြောင့် ကြီးလုံးတို့ပြန်တာနဲ့အတူ လိုက်ထွက်သွားပြီး အခုတော့ အခန်းထဲမှာ လေညှင်းတို့နှစ်ယောက်တည်း ကျန်ခဲ့လေသည်။
"မောင် တစ်ပတ်လောက် အိမ်မှာနားပြီးရင်..Midnightကို ပြန်သွားမှရလိမ့်မယ်ကလေး..မိုးစက်မရှိတာနဲ့ ကလပ်က ဖရိုဖရဲတွေ ဖြစ်နေတော့ မောင်ဝင်ထိန်းမှရမယ့် အခြေနေဖြစ်နေပြီ"
ကုန်လွန်သွားသည့် ခြောက်လအတွင်းမှာ မိုးစက်က မျိုးထက်သာနောက် ခြေရာခံလိုက်ရင်းနှင့် အဆက်ပြတ်တောက်သွားခဲ့သည်မှာ အခုချိန်ထိပင်။ဘယ်နိုင်ငံ ဘယ်ဒေသ ရောက်နေလဲဆိုတာ မသိသလို အသက်အန္တာရာယ် ကင်းရဲ့လားဆိုတာလည်း စက္ခမသိရ။
ထို့ပြင် မရဏကလည်း သူတို့၏ ဂိုဏ်းသား ဖြစ်သည့် မိုးစက် ပျောက်ဆုံးသွား၍ အပူတပြင်း လိုက်ရှာခဲ့ကြသော်လည်း အခြေနေကမထူး။ယခုအချိန်ထိ မိုးစက် ဘယ်ရောက်နေလဲဆိုတာ မရဏမှာ အဖြေမထွက်တဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေတော့သည်။
"မိုးစက်အကြောင်းကို တွေးနေတာလား...မောင်"
"အင်း..သူက မောင်ဂိုဏ်းမှာ ရှိနေတုန်းကရော..ကိုယ်ဂိုဏ်းကနေ ထွက်လိုက်တဲ့အထိရော
သစ္စာရှိ လူယုံတစ်ယောက်ဖြစ်ခဲ့တာလေ..မျိုးထက်သာနောက်ကို လိုက်ဖို့ အမိန့်ပေးခဲ့မိတာ တခါတလေ နောင်တရမိတယ်..မောင်သာ အမိန့်မပေးခဲ့ရင် မိုးစက်လည်း ဒီလို ပျောက်သွားစရာအကြောင်းမရှိဘူး"
"အရမ်းကြီး စိတ်ထဲထားမနေပါနဲ့လား မောင်..မိုးစက်က မောင့်လောက်နီးပါး တိုက်ခိုက်ရေးကျွမ်းကျင်ပြီး လိမ္မာပါးနပ်တဲ့သူပဲလေ..အကြောင်းတစ်ခုခုရှိလို့ သူဇာတ်မြုပ်နေတာ ဖြစ်ပါလိမ့်မယ်.."
"အင်း..မောင်လည်း အဲ့လိုပဲယူဆတယ်..ပြီးတော့ မိုးစက် အသက်ရှင်နေသေးတယ်လို့ မောင်ယုံကြည်တယ်..သူက မောင့်အမိန့်ကို တသေမတိမ်းလိုက်နာတဲ့သူမို့ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ဖြေရှင်းနေရလို့ပဲဖြစ်မှာပါ"
ခဏနေတော့ မောင့်ကို ကိုထွန်းနဲ့ပြန်ထည့်ပေးလိုက်ပြီး လေညှင်းက ဆေးရုံမှာ dutyပြန်ဝင်ဖို့ လုပ်ရသည်။
"အင်း..ဘာလိုလိုနဲ့ တို့ဆရာတောင် ကလေးအဖေဖြစ်တော့မယ်နော်..ဒါနဲ့ ပူတင်းလေးရော ကျန်းမာရဲ့လား ဆရာ"
Dutyပြီးလို့ ထမင်းစားနားတုန်း လေညှင်းရဲ့လက်ထောက်နပ်စ် အစ်မသင်းနွယ်နဲ့ စကားလက်ဆုံကျနေခြင်း ဖြစ်သည်။
"ဟား..ဟား..ပူတင်းတို့ ကျန်းမာချက်ကတော့ အစ်မရေ..နေ့နေ့ညည ဗိုက်ကိုတအားကန်နေလို့ အငှားကိုယ်ဝန်ဆောင် အစ်မကတောင် ပြောယူရတယ်.."
"ဟယ်..ဟုတ်လား..ဒါဆို ကလေးက အရွယ်ရောက်လာရင် အတော်သန်မယ့်ပုံပဲ ..အသားရည်လေးက ဒီက ဒေါက်တာလေးနဲ့တူ..အင်း အရပ်တို့ မျက်ခုံး မျက်လုံးတို့က စက္ခနဲ့တူလိုက်ရင်..အမလေး ဒီကလေးလေးကတော့ လူချောလေး ဖြစ်မှာကျိန်းသေပေါက်ပဲ"
တကယ်တော့ ဖန်ပြွန်ထဲ ထည့်လိုက်သည့် semenက မောင့်ဆီက ယူထားခြင်းဖြစ်သည်။သို့သော် ဒီအကြောင်းကို လေညှင်းတို့မိသားစုဝင်မှလွဲ၍ အခြားသူများကို အသိပေးထါးခြင်းမရှိပေ။ဒီအတိုင်း ပူတင်းလေးက ဘယ်သူ့သားရယ်လို့ ခဲွဲခြားနိုင်မှာမဟုတ်ပဲ လေညှင်းတို့နှစ်ယောက်လုံးရဲ့ သွေးသားလေးဟုသာ ယူဆစေချင်သည်။
"ဒါပေါ့ အစ်မရဲ့..ပူတင်းလေးက လူချောလေးဖြစ်မှာ..အင်း..ပြောနေရင်း နောက်ငါးလအထိတောင် မစောင့်ချင်တော့ဘူး..အခုချက်ချင်း ပူတင်းလေးကို တွေ့ချင်လာပြီ"
"ေဩာ်..ငါးလဆိုတဲ့ အချိန်က ခဏလေးပါ ငါ့မောင်ရယ်..မျက်စိတမှိတ်တွင်း ကလေးလေး
ရောက်လာလိမ့်မယ် မလောပါနဲ့..ဟုတ်ပြီလား"
"ဟီး..ဟုတ်"
မကြာခင် ကလေးအဖေဖြစ်တော့မယ့် ဆရာဝန်လေးကို ကြည့်ရင်း အပျိုကြီး တစ်ကိုယ်တည်းဖြစ်နေတဲ့ သင်းနွယ်မှာ အားကျလို့မဆုံး။
အကြည့်နဲ့တောင် ထိပါးမခံတဲ့ ယောက်ျားဖြစ်သူနဲ့ တီတီတာတာ ပြောတတ်တဲ့ ကလေးလေးကိုလည်း ပိုင်ဆိုင်ခွင့်ရတော့မှာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ။သူ့မှာတော့ လာကြိုက်မယ့်သူမရှိလို့ စျေးဗန်းခင်းရုံတင်မက စျေးလျော့ပေးမယ်ဆိုရင်တောင် ဝယ်မယ့်သူမရှိတဲ့ နှစ်တထောင်အက်ဖ်အေဂိုဏ်းချုပ် ဖြစ်လို့နေသည်။ဒါမှမဟုတ် အခုမွေးလာတော့မယ့် ပူတင်းလေးကို သင်းနွယ် စောင့်လိုက်ရင်ရော?
"ဟိ..ဟိ..ဆရာတော့ ငါ့အတွေးကိုသိရင် သတ်တော့မယ်"
-
-
နောက်တပတ်လောက်နေတော့ ညနေတိုင်း မောင်ကကိုယ်တိုင်လာကြိုမည်ဆိုလို့ တားနေရသည်။
မျက်လုံးက အခုမှပြန်ကောင်းခါစရှိသေးသည်မို့ ကိုယ်တိုင် ကားကိုမောင်းဖို့ဆိုတာ သိပ်ကိုအန္တာရာယ်များလွန်းသည်လေ။မောင်တစ်ယောက်ကတော့ သူ့ကို လူနာလိုသဘောထားနေတယ်ဆိုပြီး ဒီနေ့လည်း စိတ်ကောက်တော်မူပြီး ဖုန်းချသွားလေသည်။
အမြဲတမ်း စိတ်ဆိုးစိတ်ကောက်လုပ်တတ်တာ လေညှင်းမို့ အခုလို မောင်က စိတ်ကောက်တယ်ဆိုတော့ ရယ်ချင်မိသား။ဒါပေမယ့်လည်း မောင်လူဆိုးလေးက အချော့ခံချင်လို့ သက်သက် စိတ်ဆိုးချင်ယောင်ဆောင်နေမှန်း လေညှင်းသိတယ်၊ ဒါက လေညှင်း လုပ်ခဲ့တဲ့ အကွက်တွေပဲမဟုတ်လားလေ။
"ေဩာ်..မောင်လိုက်လာတာပဲ..မသိပါဘူး..လေညှင်းကို စိတ်ဆိုးပြီး ကိုထွန်းကိုပဲ လွှတ်လိုက်မယ်တောင်ထင်တာ"
ကားနောက်ခန်း တံခါးဖွင့်ဖွင့်ချင်း ဘယ်ဘက် ပြတင်းပေါက်ဘက်မှာ လက်ပိုက်ပြီး ရုပ်တည်ကြီးနဲ့ ဟန်ပါပါ ခြေထောက်ချိတ်ထိုင်နေတဲ့
မောင့်ကို တွေ့လိုက်ရတာကြောင့် စိတ်ထဲက ကြိတ်ရယ်မိသွားသည်။
စိတ်ကောက်တယ်သာ ပြောတာ ပြီးရင် သူလည်းနေနိုင်တာလည်းမဟုတ်ပဲနဲ့။
"မောင်စိတ်ဆိုးနေတုန်းနော်.."
"အင်းလေ..သိတာပေါ့..အဲ့ဒါကြောင့် ဒီက ကိုကိုက ချော့မလိုလေ"
အလယ်က ခြားထားတဲ့ သရေအိတ်လေးကို ဘေးကိုပို့ပြီး မောင်ပုခုံးပေါ် မေးတင်၍ နားရွက်ကားလေးအနားကပ်ကာ ခပ်တိုးတိုးပြောတော့ မောင်တစ်ယောက် သူ့ကိုအသည်းယားနေတာကို အတင်းချုပ်တည်းနေပုံရပြီး အရေပြားပေါ်က ကြက်သီးမွှေးညင်းလေးတွေ ထသွားတာလည်း မြင်လိုက်ရသေးသည်။
ဟင်းဟင်း ခဲနေချင်ယောင်ဆောင်တဲ့ ရေခဲတုံးကြီး လေညှင်းရဲ့ ဒီလိုအပြောတွေကို ခံနိုင်ရိုးတဲ့လား။
"မောင်လို့...လေညှင်းလေ အခု မောင်က မျက်လုံးတွေ ပြန်ကောင်းသွားပြီဆိုတော့ ဂုဏ်ပြုတဲ့အနေနဲ့ ဆုချမလို့ကို..အင်းပါ..မောင်က စိတ်ဆိုးနေတယ်ဆိုတော့ ထားလိုက်ပါမယ်..ကာယကံရှင်က မလိုချင်ဘူးဆိုမှတော့
ပေးချင်လည်း အပိုပဲလေ..ဟုတ်တယ်မလား မောင်"
အနက်ရောင် ရှပ်ကို ကြယ်သီးနှစ်လုံးဖြုတ်ထားတာကြောင့် တစွန်းတစပေါ်နေသော ရင်ဘတ်ကို
လက်မနဲ့လက်ညိုးလေးနဲ့ ခပ်ရွရွပွတ်သပ်ပြီး ပြောလိုက်တော့ မောင့်မေးရိုးတွေ တင်းခနဲဖစ်သွားပြီး နားရွက်တွေပါ နီရဲလာတဲ့မောင်။
ထို့နောက် အထိမခံနိုင်အောင် sensitiveဖြစ်လွယ်သည့် မောင့်ရဲ့adam appleလေးနား လက်ကအရောက် တဝက်တပျက်နဲ့ သွေးကြောတွေထင်းနေသည့် လက်တစ်စုံ၏ လျှပ်တပြက် တားဆီးခြင်းကို ခံလိုက်ရသည်။
"ခင်ဗျားလေး..ကျုပ်ကို ဒီအပြောတွေနဲ့ လာခြွေနေတာ..မကြောက်ဘူးလား..ဟင်!..ဒီကောင်က အကြည့်တစ်ချက်နဲ့တင် ခင်ဗျားကို မက်မောလွန်းလို့ မရမက သိမ်းပိုက်ခဲ့တဲကောင်ဆိုတာ မေ့နေပြီလား..နောက်မှ မောင်က အရမ်းဆိုးတာပဲလို့ လာမပြောနဲ့..ဟွန်း"
မောင့်ရဲ့ မျက်လုံးတွေ ပြန်မြင်ရတာ တစ်ခုတော့ ရင်ဖိုဖွယ်ကောင်းသည်။တစ်ဖက်သားကို မြွေတကောင်လို ဖမ်းစားညို့ယူတတ်တဲ့ မောင့်
အကြည့်တွေက လေညှင်းကို ခပ်စူးစူး ကြည့်လာတဲ့အခါတိုင်း လူက ကတုန်ကရင်နဲ့ ဘာကိုကြောက်လို့ကြောက်နေမှန်းမသိတဲ့ ခံစားချက်ကြီးက နည်းနည်းတော့ထူးဆန်းပေမယ့် သဘောကျသည်လေ။မောင့်ရဲ့ အဲ့လိုအကြည့်တွေကို လေညှင်းကြာကြာ စုံမကြည့်နိုင်ပေ။အမြဲတမ်း သူ့ဘက်ကသာ မျက်နှာလွှဲသွားစမြဲမို့ဒီတစ်ခါလည်း မောင့်ရဲ့အကြည့်တွေကို ရှောင်ရှားရပြန်သည်။
စက္ခတစ်ယောက် သူ့ပြောလိုက်တဲ့ စကားကြောင့် ရှက်ပြီး ခေါင်းလေးငုံ့သွားသူကိုကြည့်ရင်း ဒေါက်တာလေးကို ကြမ်းရမ်းချင်တဲ့စိတ်တွေ လွတ်မထွက်သွားအောင် အတော်ထိန်းချုပ်ထားရသည်။
"လူဆိုးလေးမှန်း သိရက်နဲ့ ချစ်မိသွားတဲ့သူပါ..မောင်ရယ်..လေညှင်းက ကြောက်တယ်ဆိုတာ ရှိပါ့မလားလို့..အဟင်း
ထိုစကားလေး တစ်ခွန်းက စက္ခရဲ့ ပေါက်ကွဲချင်နေတဲ့စိတ်ရိုင်းတွေကို လောင်စာဖြည့်ပေးလိုက်သလိုဖြစ်တာကြောင့် တစ်ကိုယ်လုံး လိုချင်တပ်မက်တဲ့စိတ်တွေ ပြည့်နှက်လာပြီးနောက်..
"ကိုထွန်း!..ကျွန်တော်တို့ ဒီည အိမ်မပြန်တော့ဘူး..ဒီနားက midnight clubကိုပဲ ပို့ပေးပါ!"
#Thanks for reading
Syringa
***************************************
ေစလိုရာေစ...
(Zawgyi)
ေျခာက္လခန္႔ၾကာေသာ္....
ေဆး႐ုံအခန္းတစ္ခုထဲတြင္ ေဒၚလုံး ကိုထြန္း
မိႏြယ္ ဦးစံတို႔က ေဘးပတ္လည္ ကာရံထားၿပီး အလည္က ကုတင္မွာေတာ့ စကၡက မ်က္လုံးပတ္တီးေျဖဖို႔ ေစာင့္ဆိုင္းေနလ်က္ရွိသည္။
"ဆရာ ပတ္တီးစေျဖေတာ့မယ္ေနာ္..လူနာက ပတ္တီးေျဖၿပီးတာနဲ႔ မ်က္လုံးကို ခ်က္ခ်င္းမဖြင့္ေသးနဲ႔ဦး...နည္းနည္းခ်င္း အခ်ိန္ယူၿပီး ဖြင့္ၾကည့္ပါ..အကယ္၍ တစ္ခုခု အဆင္မေျပတာရွိရင္
ဆရာ့ကို ခ်က္ခ်င္းေျပာ ဟုတ္ၿပီလား..ကဲ..စမယ္ေနာ္"
ေလညႇင္း ေမာင့္ရဲ႕ေအးစက္ထုံထိုင္းေနတဲ့ လက္ေတြကို ျပန္လည္ဆုပ္ကိုင္ေပးထါးရသည္။ သူ့ကို ပထမဆုံးေငးၾကည့္လာမယ့္ ေမာင့္မ်က္ဝန္းၾကည္ၾကည္ေလးေတြ ျမင္ရေတာ့မွာေၾကာင့္ စိတ္လႈပ္ရွားေနသည္မွာ ရင္ဘတ္ဆီမွ တဒိန္းဒိန္းခုန္လႈပ္ေနသည္ကသက္ေသပင္။
"ကဲ..ရပါၿပီ..နည္းနည္းခ်င္း စဖြင့္ၾကည့္ပါ"
စကၡ မ်က္ခြံကို အသာပင့္မလိုက္ေတာ့ ပထမဆုံး ဝင္ေရာက္လာသည္က ခပ္စူးစူးအလင္းတန္း။အေမွာင္ထဲ ေနသားက်ေနတာမို႔ စစခ်င္းေန႔အလင္းေရာင္ကို ခံႏိုင္စြမ္းမရွိေသးတာမို႔ မ်က္စိကို ျပန္မွိတ္လိုက္ရသည္။
"စိတ္ေအးေအးထားေနာ္..ေမာင္..ေလညႇင္းအနားမွာရွိတယ္...ဘာမွစိတ္မပူနဲ႔.."
ထို႔ေနာက္ အားယူၿပီး မ်က္လုံးကို ျပန္ဖြင့္ၾကည့္ေတာ့ မႈန္ဝါးဝါး ျမင္ကြင္းအခ်ိဳ႕ကို စျမင္ရၿပီး
ေနာက္ အနားက ဗီတာမင္ေလးရွိရာ အၾကည့္ေရြ႕လိုက္ေတာ့ ေဝဝါးေနခဲ့သည့္ ပုံရိပ္ေလးက တျဖည္းျဖည္း ၾကည္လင္လို႔လာေတာ့သည္။
"ကေလး..ေမာင့္ရဲ႕ကေလးေလး!"
စကၡေရွ႕က မ်က္ရည္အဝဲသားနဲ႔ အားယူၿပဳံးျပေနသူေလးရဲ႕ မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႔ ပြတ္သပ္ကိုင္တြယ္ေတာ့ ကေလးက ေခါင္းေလးတဆတ္ဆတ္ညိတ္ျပလာၿပီး ေပ်ာ္လြန္းလို႔ ေငြ႕ရည္ဖြဲ႕ကာက်ေရာက္လာသည့္ မ်က္ရည္ဥေလးေတြက စကၡလက္ေပၚစီးဆင္းလို႔လာသည္။
"ဟုတ္ပါတယ္...ေမာင့္ရဲ႕ေဒါက္တာေလးပါ..ေမာင္ရဲ႕တစ္ဦးဆိုင္ လူသားေလး ေလညႇင္းပါ..ေမာင္...အင့္..ဟင့္"
လူအမ်ားေရွ႕လည္း မရွက္ႏိုင္ေတာ့ ေမာင့္ရဲ႕ေပါင္ေပၚ ေဘးေစာင္းဝင္ထိုင္လိုက္ၿပီး လည္တိုင္ကို လက္ႏွစ္ဖက္နဲ႔ ခိုတြဲ၍ ပုခုံးေပၚေမးတင္းကာ တင္းထားသမွ် ငိုခ်မိေတာ့သည္။
"မငိုပါနဲ႔..ကေလးရယ္...ေမာင္ျပန္ေကာင္းလာၿပီပဲ..မငိုနဲ႔ေတာ့ေနာ္...အဟား...ေမာင့္ကေလးက အငိုသန္ေလးပါကြာ...ေနာက္ငါးလၾကာရင္ ပူတင္းေလးေတာင္ ေရာက္လာေတာ့မယ္..ဒီက သူ့ပါပါးက အငိုမင္းသားေလး ျဖစ္ေနတုန္း"
ပူတင္းေလးဆိုတာ အျခားမဟုတ္ ၊ ေလညႇင္းတို႔ရဲ႕ မိသားစုေလးထဲ ေနာက္ငါးလၾကာရင္ ဝင္ေရာက္လာေတာ့မယ့္ မိသားစုဝင္ အသစ္ေလးျဖစ္သည္။စကၡ မ်က္စိခဲွဲၿပီး တစ္လေနေတာ့ ဦးစံက ဘန္ေကာက္မွာ ဖန္ႁပြန္သေႏၶသားနည္းပညာျဖင့္ ကေလးေလးတစ္ေယာက္ယူဖို႔ ေလညႇင္းတို႔ကို အႀကံေပးလါခဲ့သည္။
ေလညႇင္းတို႔ႏွစ္ေယာက္လုံး ေသခ်ာတိုင္ပင္ၿပီးေနာက္ ဦးစံေပးတဲ့အႀကံကို လက္ခံလိုက္သည္မို႔ အငွားကိုယ္ဝန္ေဆာင္၏ သားအိမ္ထဲ ဖန္ႁပြန္သေႏၶသား ထည့္၍ လက္ေတြ႕အေကာင္ထည္ေဖာ္ခဲ့ၾကရာ ေအာင္ျမင္သြားတာေၾကာင့္ အခုဆို ကေလးက ငါးလထဲ ဝင္လာၿပီ ျဖစ္သည္။
အငွားကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးနဲ႔ အၿမဲတမ္း အဆက္သြယ္ရသည္မို႔ ပူတင္းမႀကိဳက္သူက သားေလးကို ရွိမွ ပူတင္းေတြခ်ည္း လိမ့္စားသည္ဟု ၾကားရတာေၾကာင့္ သားေလးကို ပူတင္းေလးဟု ခ်စ္စႏိုးနဲ႔ နာမည္ေပးလိုက္ျခင္း ျဖစ္သည္။
"ဟား..ဟား..ဟုတ္ပါ႔ ေမာင္စကၡရာ..ငါ႔တူက ပူတင္းနဲ႔ အၿပိဳင္ငိုမယ့္ အေနထားမွာရွိတယ္ေဟ့..မင္း ကေလးႏွစ္ေယာက္ ၿပိဳင္တူ ေခ်ာ့ဖို႔သာ ျပင္ထား ေမာင္စကၡေရ ဟား..ဟား"
ဦးစံအေျပာေၾကာင့္ အခန္းထဲရွိေနသူအားလုံး လိုက္ရယ္ၾကၿပီး ပြဲက်လို႔သြားေလသည္။
ထို႔ေနာက္ ဆရာဝန္က စကၡ အျမင္အာ႐ုံေတြ ျပန္ရတာေသခ်ာၿပီဆိုမွ တခါထပ္စစ္ေဆးရင္း အခန္းထဲက ထြက္သြားသည္။ဦးစံလည္း အစည္းေဝးရွိတာေၾကာင့္ ႀကီးလုံးတို႔ျပန္တာနဲ႔အတူ လိုက္ထြက္သြားၿပီး အခုေတာ့ အခန္းထဲမွာ ေလညႇင္းတို႔ႏွစ္ေယာက္တည္း က်န္ခဲ့ေလသည္။
"ေမာင္ တစ္ပတ္ေလာက္ အိမ္မွာနားၿပီးရင္..Midnightကို ျပန္သြားမွရလိမ့္မယ္ကေလး..မိုးစက္မရွိတာနဲ႔ ကလပ္က ဖ႐ိုဖရဲေတြ ျဖစ္ေနေတာ့ ေမာင္ဝင္ထိန္းမွရမယ့္ အေျခေနျဖစ္ေနၿပီ"
ကုန္လြန္သြားသည့္ ေျခာက္လအတြင္းမွာ မိုးစက္က မ်ိဳးထက္သာေနာက္ ေျခရာခံလိုက္ရင္းႏွင့္ အဆက္ျပတ္ေတာက္သြားခဲ့သည္မွာ အခုခ်ိန္ထိပင္။ဘယ္ႏိုင္ငံ ဘယ္ေဒသ ေရာက္ေနလဲဆိုတာ မသိသလို အသက္အႏၲာရာယ္ ကင္းရဲ႕လားဆိုတာလည္း စကၡမသိရ။
ထို႔ျပင္ မရဏကလည္း သူတို႔၏ ဂိုဏ္းသား ျဖစ္သည့္ မိုးစက္ ေပ်ာက္ဆုံးသြား၍ အပူတျပင္း လိုက္ရွာခဲ့ၾကေသာ္လည္း အေျခေနကမထူး။ယခုအခ်ိန္ထိ မိုးစက္ ဘယ္ေရာက္ေနလဲဆိုတာ မရဏမွာ အေျဖမထြက္တဲ့ ပုစၧာတစ္ပုဒ္လို ျဖစ္ေနေတာ့သည္။
"မိုးစက္အေၾကာင္းကို ေတြးေနတာလား...ေမာင္"
"အင္း..သူက ေမာင္ဂိုဏ္းမွာ ရွိေနတုန္းကေရာ..ကိုယ္ဂိုဏ္းကေန ထြက္လိုက္တဲ့အထိေရာ
သစၥာရွိ လူယုံတစ္ေယာက္ျဖစ္ခဲ့တာေလ..မ်ိဳးထက္သာေနာက္ကို လိုက္ဖို႔ အမိန္႔ေပးခဲ့မိတာ တခါတေလ ေနာင္တရမိတယ္..ေမာင္သာ အမိန္႔မေပးခဲ့ရင္ မိုးစက္လည္း ဒီလို ေပ်ာက္သြားစရာအေၾကာင္းမရွိဘူး"
"အရမ္းႀကီး စိတ္ထဲထားမေနပါနဲ႔လား ေမာင္..မိုးစက္က ေမာင့္ေလာက္နီးပါး တိုက္ခိုက္ေရးကြၽမ္းက်င္ၿပီး လိမၼာပါးနပ္တဲ့သူပဲေလ..အေၾကာင္းတစ္ခုခုရွိလို႔ သူဇာတ္ျမဳပ္ေနတာ ျဖစ္ပါလိမ့္မယ္.."
"အင္း..ေမာင္လည္း အဲ့လိုပဲယူဆတယ္..ၿပီးေတာ့ မိုးစက္ အသက္ရွင္ေနေသးတယ္လို႔ ေမာင္ယုံၾကည္တယ္..သူက ေမာင့္အမိန္႔ကို တေသမတိမ္းလိုက္နာတဲ့သူမို႔ မၿပီးျပတ္ေသးတဲ့ ကိစၥေတြ ေျဖရွင္းေနရလို႔ပဲျဖစ္မွာပါ"
ခဏေနေတာ့ ေမာင့္ကို ကိုထြန္းနဲ႔ျပန္ထည့္ေပးလိုက္ၿပီး ေလညႇင္းက ေဆး႐ုံမွာ dutyျပန္ဝင္ဖို႔ လုပ္ရသည္။
"အင္း..ဘာလိုလိုနဲ႔ တို႔ဆရာေတာင္ ကေလးအေဖျဖစ္ေတာ့မယ္ေနာ္..ဒါနဲ႔ ပူတင္းေလးေရာ က်န္းမာရဲ႕လား ဆရာ"
Dutyၿပီးလို႔ ထမင္းစားနားတုန္း ေလညႇင္းရဲ႕လက္ေထာက္နပ္စ္ အစ္မသင္းႏြယ္နဲ႔ စကားလက္ဆုံက်ေနျခင္း ျဖစ္သည္။
"ဟား..ဟား..ပူတင္းတို႔ က်န္းမာခ်က္ကေတာ့ အစ္မေရ..ေန႔ေန႔ညည ဗိုက္ကိုတအားကန္ေနလို႔ အငွားကိုယ္ဝန္ေဆာင္ အစ္မကေတာင္ ေျပာယူရတယ္.."
"ဟယ္..ဟုတ္လား..ဒါဆို ကေလးက အရြယ္ေရာက္လာရင္ အေတာ္သန္မယ့္ပုံပဲ ..အသားရည္ေလးက ဒီက ေဒါက္တာေလးနဲ႔တူ..အင္း အရပ္တို႔ မ်က္ခုံး မ်က္လုံးတို႔က စကၡနဲ႔တူလိုက္ရင္..အမေလး ဒီကေလးေလးကေတာ့ လူေခ်ာေလး ျဖစ္မွာက်ိန္းေသေပါက္ပဲ"
တကယ္ေတာ့ ဖန္ႁပြန္ထဲ ထည့္လိုက္သည့္ semenက ေမာင့္ဆီက ယူထားျခင္းျဖစ္သည္။သို႔ေသာ္ ဒီအေၾကာင္းကို ေလညႇင္းတို႔မိသားစုဝင္မွလြဲ၍ အျခားသူမ်ားကို အသိေပးထါးျခင္းမရွိေပ။ဒီအတိုင္း ပူတင္းေလးက ဘယ္သူ့သားရယ္လို႔ ခဲွဲျခားႏိုင္မွာမဟုတ္ပဲ ေလညႇင္းတို႔ႏွစ္ေယာက္လုံးရဲ႕ ေသြးသားေလးဟုသာ ယူဆေစခ်င္သည္။
"ဒါေပါ႔ အစ္မရဲ႕..ပူတင္းေလးက လူေခ်ာေလးျဖစ္မွာ..အင္း..ေျပာေနရင္း ေနာက္ငါးလအထိေတာင္ မေစာင့္ခ်င္ေတာ့ဘူး..အခုခ်က္ခ်င္း ပူတင္းေလးကို ေတြ႕ခ်င္လာၿပီ"
"ေဩာ္..ငါးလဆိုတဲ့ အခ်ိန္က ခဏေလးပါ ငါ႔ေမာင္ရယ္..မ်က္စိတမွိတ္တြင္း ကေလးေလး
ေရာက္လာလိမ့္မယ္ မေလာပါနဲ႔..ဟုတ္ၿပီလား"
"ဟီး..ဟုတ္"
မၾကာခင္ ကေလးအေဖျဖစ္ေတာ့မယ့္ ဆရာဝန္ေလးကို ၾကည့္ရင္း အပ်ိဳႀကီး တစ္ကိုယ္တည္းျဖစ္ေနတဲ့ သင္းႏြယ္မွာ အားက်လို႔မဆုံး။
အၾကည့္နဲ႔ေတာင္ ထိပါးမခံတဲ့ ေယာက္က်ားဖြစ္သူနဲ႔ တီတီတာတာ ေျပာတတ္တဲ့ ကေလးေလးကိုလည္း ပိုင္ဆိုင္ခြင့္ရေတာ့မွာ ဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္သလဲ။ ။သူ့မွာေတာ့ လာႀကိဳက္မယ့္သူမရွိလို႔ ေစ်းဗန္းခင္း႐ုံတင္မက ေစ်းေလ်ာ့ေပးမယ္ဆိုရင္ေတာင္ ဝယ္မယ့္သူမရွိတဲ့ ႏွစ္တေထာင္အက္ဖ္ေအဂိုဏ္းခ်ဳပ္ ျဖစ္လို႔ေနသည္။ဒါမွမဟုတ္ အခုေမြးလာေတာ့မယ့္ ပူတင္းေလးကို သင္းႏြယ္ ေစာင့္လိုက္ရင္ေရာ?
"ဟိ..ဟိ..ဆရာေတာ့ ငါ႔အေတြးကိုသိရင္ သတ္ေတာ့မယ္"
-
-
ေနာက္တပတ္ေလာက္ေနေတာ့ ညေနတိုင္း ေမာင္ကကိုယ္တိုင္လာႀကိဳမည္ဆိုလို႔ တားေနရသည္။
မ်က္လုံးက အခုမှျပန္ေကာင္းခါစရွိေသးသည္မို႔ ကိုယ္တိုင္ ကားကိုေမာင္းဖို႔ဆိုတာ သိပ္ကိုအႏၲာရာယ္မ်ားလြန္းသည္ေလ။ေမာင္တစ္ေယာက္ကေတာ့ သူ့ကို လူနာလိုသေဘာထားေနတယ္ဆိုၿပီး ဒီေန႔လည္း စိတ္ေကာက္ေတာ္မူၿပီး ဖုန္းခ်သြားေလသည္။
အၿမဲတမ္း စိတ္ဆိုးစိတ္ေကာက္လုပ္တတ္တာ ေလညႇင္းမို႔ အခုလို ေမာင္က စိတ္ေကာက္တယ္ဆိုေတာ့ ရယ္ခ်င္မိသား။ဒါေပမယ့္လည္း ေမာင္လူဆိုးေလးက အေခ်ာ့ခံခ်င္လို႔ သက္သက္ စိတ္ဆိုးခ်င္ေယာင္ေဆာင္ေနမွန္း ေလညႇင္းသိတယ္၊ ဒါက ေလညႇင္း လုပ္ခဲ့တဲ့ အကြက္ေတြပဲမဟုတ္လားေလ။
"ေဩာ္..ေမာင္လိုက္လာတာပဲ..မသိပါဘူး..ေလညႇင္းကို စိတ္ဆိုးၿပီး ကိုထြန္းကိုပဲ လႊတ္လိုက္မယ္ေတာင္ထင္တာ"
ကားေနာက္ခန္း တံခါးဖြင့္ဖြင့္ခ်င္း ဘယ္ဘက္ ျပတင္းေပါက္ဘက္မွာ လက္ပိုက္ၿပီး ႐ုပ္တည္ႀကီးနဲ႔ ဟန္ပါပါ ေျခေထာက္ခ်ိတ္ထိုင္ေနတဲ့
ေမာင့္ကို ေတြ႕လိုက္ရတာေၾကာင့္ စိတ္ထဲက ႀကိတ္ရယ္မိသြားသည္။
စိတ္ေကာက္တယ္သာ ေျပာတာ ၿပီးရင္ သူလည္းေနႏိုင္တာလည္းမဟုတ္ပဲနဲ႔။
"ေမာင္စိတ္ဆိုးေနတုန္းေနာ္.."
"အင္းေလ..သိတာေပါ႔..အဲ့ဒါေၾကာင့္ ဒီက ကိုကိုက ေခ်ာ့မလိုေလ"
အလယ္က ျခားထားတဲ့ သေရအိတ္ေလးကို ေဘးကိုပို႔ၿပီး ေမာင္ပုခုံးေပၚ ေမးတင္၍ နားရြက္ကားေလးအနားကပ္ကာ ခပ္တိုးတိုးေျပာေတာ့ ေမာင္တစ္ေယာက္ သူ့ကိုအသည္းယားေနတာကို အတင္းခ်ဳပ္တည္းေနပုံရၿပီး အေရျပားေပၚက ၾကက္သီးေမႊးညင္းေလးေတြ ထသြားတာလည္း ျမင္လိုက္ရေသးသည္။
ဟင္းဟင္း ခဲေနခ်င္ေယာင္ေဆာင္တဲ့ ေရခဲတုံးႀကီး ေလညႇင္းရဲ႕ ဒီလိုအေျပာေတြကို ခံႏိုင္႐ိုးတဲ့လား။
"ေမာင္လို႔...ေလညႇင္းေလ အခု ေမာင္က မ်က္လုံးေတြ ျပန္ေကာင္းသြားၿပီဆိုေတာ့ ဂုဏ္ျပဳတဲ့အေနနဲ႔ ဆုခ်မလို႔ကို..အင္းပါ..ေမာင္က စိတ္ဆိုးေနတယ္ဆိုေတာ့ ထားလိုက္ပါမယ္..ကာယကံရွင္က မလိုခ်င္ဘူးဆိုမွေတာ့
ေပးခ်င္လည္း အပိုပဲေလ..ဟုတ္တယ္မလား ေမာင္"
အနက္ေရာင္ ရွပ္ကို ၾကယ္သီးႏွစ္လုံးျဖဳတ္ထားတာေၾကာင့္ တစြန္းတစေပၚေနေသာ ရင္ဘတ္ကို
လက္မနဲ႔လက္ညိဳးေလးနဲ႔ ခပ္ရြရြပြတ္သပ္ၿပီး ေျပာလိုက္ေတာ့ ေမာင့္ေမး႐ိုးေတြ တင္းခနဲဖစ္သြားၿပီး နားရြက္ေတြပါ နီရဲလာတဲ့ေမာင္။
ထို႔ေနာက္ အထိမခံႏိုင္ေအာင္ sensitiveျဖစ္လြယ္သည့္ ေမာင့္ရဲ႕adam appleေလးနား လက္ကအေရာက္ တဝက္တပ်က္နဲ႔ ေသြးေၾကာေတြထင္းေနသည့္ လက္တစ္စုံ၏ လွ်ပ္တျပက္ တားဆီးျခင္းကို ခံလိုက္ရသည္။
"ခင္ဗ်ားေလး..က်ဳပ္ကို ဒီအေျပာေတြနဲ႔ လာေႁခြေနတာ..မေၾကာက္ဘူးလား..ဟင္!..ဒီေကာင္က အၾကည့္တစ္ခ်က္နဲ႔တင္ ခင္ဗ်ားကို မက္ေမာလြန္းလို႔ မရမက သိမ္းပိုက္ခဲ့တဲေကာင္ဆိုတာ ေမ့ေနၿပီလား..ေနာက္မွ ေမာင္က အရမ္းဆိုးတာပဲလို႔ လာမေျပာနဲ႔..ဟြန္း"
ေမာင့္ရဲ႕ မ်က္လုံးေတြ ျပန္ျမင္ရတာ တစ္ခုေတာ့ ရင္ဖိုဖြယ္ေကာင္းသည္။တစ္ဖက္သားကို ေႁမြတေကာင္လို ဖမ္းစားညိဳ႕ယူတတ္တဲ့ ေမာင့္
အၾကည့္ေတြက ေလညႇင္းကို ခပ္စူးစူး ၾကည့္လာတဲ့အခါတိုင္း လူက ကတုန္ကရင္နဲ႔ ဘာကိုေၾကာက္လို႔ေၾကာက္ေနမွန္းမသိတဲ့ ခံစားခ်က္ႀကီးက နည္းနည္းေတာ့ထူးဆန္းေပမယ့္ သေဘာက်သည္ေလ။ေမာင့္ရဲ႕ အဲ့လိုအၾကည့္ေတြကို ေလညႇင္းၾကာၾကာ စုံမၾကည့္ႏိုင္ေပ။အၿမဲတမ္း သူ့ဘက္ကသာ မ်က္ႏွာလႊဲသြားစၿမဲမို႔ဒီတစ္ခါလည္း ေမာင့္ရဲ႕အၾကည့္ေတြကို ေရွာင္ရွားရျပန္သည္။
စကၡတစ္ေယာက္ သူ့ေျပာလိုက္တဲ့ စကားေၾကာင့္ ရွက္ၿပီး ေခါင္းေလးငုံ႔သြားသူကိုၾကည့္ရင္း ေဒါက္တာေလးကို ၾကမ္းရမ္းခ်င္တဲ့စိတ္ေတြ လြတ္မထြက္သြားေအာင္ အေတာ္ထိန္းခ်ဳပ္ထားရသည္။
"လူဆိုးေလးမွန္း သိရက္နဲ႔ ခ်စ္မိသြားတဲ့သူပါ..ေမာင္ရယ္..ေလညႇင္းက ေၾကာက္တယ္ဆိုတာ ရွိပါ႔မလားလို႔..အဟင္း
ထိုစကားေလး တစ္ခြန္းက စကၡရဲ႕ ေပါက္ကြဲခ်င္ေနတဲ့စိတ္႐ိုင္းေတြကို ေလာင္စာျဖည့္ေပးလိုက္သလိုျဖစ္တာေၾကာင့္ တစ္ကိုယ္လုံး လိုခ်င္တပ္မက္တဲ့စိတ္ေတြ ျပည့္ႏွက္လာၿပီးေနာက္..
"ကိုထြန္း!..ကြၽန္ေတာ္တို႔ ဒီည အိမ္မျပန္ေတာ့ဘူး..ဒီနားက midnight clubကိုပဲ ပို႔ေပးပါ!"
#Thanks for reading
Syringa
***************************************