နောက်နေ့ soobinတို့ကျောင်းသွားရင်း ကျောင်းရောက်တော့ ကန်တင်းထိုင်နေတုန်း ကျောင်းရှေ့အဆောင်ရဲ့ အလယ်တည့်တည့်ကို ဝင်လာတဲ့ ကားအကောင်းစားကြီး နှစ်စီး။ သူတို့နောက်ကပါလာတာ limited နဲ့ထုတ်ထားတဲ့ ဆိုင်ကယ်တစ်စီး။
ထိုယာဥ်အသီးသီးပေါ်မှဆင်းလာကြတဲ့ ကောင်လေးသုံးယောက်။
ပထမကားပေါ်မှ ဆင်းလာတဲ့ကောင်လေးက မျက်မှန်လေးနဲ့ စာအုပ်တွေကိုလက်မှာအပြည့်ကိုင်ကာ လွယ်အိတ်ကိုတစ်ဖက်ကလွယ်ရင်း ကျောင်းထဲဝင်သွားသည်။
ဒုတိယကားပေါ်မှာက ကျောင်းuniformကို ကျကျနနဝတ်ဆင်ကာ ဆံပင်ကို ကျော့နေအောင်ဖြီးထားသည်။ ပြောင်လက်နေတဲ့ဖိနပ်နဲ့ လွယ်အိတ်ကိုကားထဲကဆွဲယူပြီးကောင်မလေးတွေရဲ့ အသည်းကိုဖမ်းစားထားတဲ့ ကိုလူချော။
နောက်က limited နဲ့ထုတ်ထားတဲ့ ဆိုင်ကယ်ပေါ်မှဆင်းလာပြီး helmetကိုချွတ်ကာ ဆံပင်အရှည်ကို ဂျယ်လ်လိမ်းပြီး အနောက်ဘက်သို့သပ်တင်ထားသည့်ပုံစံမျိုးနှင့် မိန်းကလေးတိုင်းရဲ့ idea type။
မိန်းကလေးများကထိုကောင်လေးတွေရဲ့နားမှာ ပတ်လည်ဝိုင်းပြီး အော်ဟစ်နေကြသော်လည်း ကန်တင်းမှာမုန့်စားမပျက်ရှိနေသူကတော့ Soobinတို့သုံးယောက်နှင့် သူတို့သူငယ်ချင်း ယောက်ကလျာလေး Boram။
Soobin- သူတို့က....ဘယ်သူတွေလည်း??
Boram- ......
Kai- ဟဲ့....မေးနေတယ်လေ ram!!
Boram- ပြီးအောင်စားပါရစေဦးဟဲ့။ အိမ်ကဘာမှမစားခဲ့ရဘူး။
Taehyun- မြို...မြို။ နင်ပြီးလည်းသေနေဦးမယ်။
Boram- အစားကလူနဲ့တည့်တယ်လေ။ ပြော....ဘာမေးတာလည်း??
Soobin- အရှေ့ဆောင်မှာ ခုနကဝင်သွားတဲ့ ကောင်လေးသုံးယောက်က ဘယ်သူလည်းလို့။
Boram- Hyunjin ရယ်၊ Yeonjunရယ်၊ နောက်တစ်ယောက်က beomgyu။ သူတို့က ကျောင်းက Kingတွေလေ။ သူတို့အလုပ်တွေကြောင့် ကျောင်းမတက်တော့တာ။ ထူးထူးဆန်းဆန်း ပြန်လာတယ်ဆိုတော့.... ငါလည်းမသိဘူး။
Taehyun- နင်ကသိတယ်ပေါ့။ အဲ့ကောင်မလေးတွေလိုမျိုး နင်ကသည်းသည်းလှုပ်လား??
Boram- မဟုတ်ပါဘူးနော်။ ငါက hyunjinနဲ့ ရင်းနှီးတယ်လေ။ အလုပ်အတူတူဘဲ။
Kai- တကယ်လား??
Boram- အွင်း။
Soobin- အတန်းတက်ရတော့မယ် boramနင်သွားတော့လေ။
Boram- ဟမ်း......ကျေးဇူး သူငယ်ချင်းလေး။ ဒီနေ့အတန်းမတက်ရင် ရုံးခန်းရောက်တော့မယ်။
Taehyun- ဟွန့် ....သူလည်းမလွယ်ပါလား။
.
.
.
နေ့ခင်းနေ့လည် အတန်းမပြီးသေးတဲ့ soobin နဲ့ Kaiကိုစောင့်ရင်း ကော်ရစ်တာမှာ လမ်းလျှောက်နေတဲ့ Taehyun။ လူတစ်ယောက်က အရှိန်နဲ့ပြေးလာရင်းသူ့ကိုဝင်တိုက်သွားသည်။
အ့...
??- တောင်းပန်ပါတယ်ဗျ။ ကျွန်တော်အလျင်လိုနေတာနဲ့....
Taehyun- ရ...ရပါတယ်။ ကျွန်တော်လည်းသေချာမကြည့်ဖြစ်တာ။
??- အကိုရော...ဘာဖြစ်သွားလည်းမသိဘူး
အကိုတဲ့လားကွာ။ တောက်စ်....
Taehyun- ရပါတယ်။ ဘာမှမဖြစ်ပါဘူး။
??- ကျွန်တော်က Hyunjinပါ။ အကူညီလိုရင်ပြောပါဗျ။
Taehyun- အာ....မနက်က ဆိုင်ကယ်နဲ့တစ်ယောက်ဘဲ။ ကျွန်တော်က taehyunပါ။ Kang Taehyun ပထမနှစ်က...
Hyunjin- ဒါဆို Kang taeလို့ခေါ်လို့ရတယ်မလား။
Taehyun- ရပါတယ်။ ကြိုက်သလိုသာခေါ်ပါ။ ဒါဆ်ုသွားခွင့်ပြုပါဦး။ သူငယ်ချင်းတွေအတန်းပြီးပြီမလို့။
Hyunjin- ဟုတ်ပါပြီ ။
ထိုအဖြစ်အပျက်တွေကို အကုန်မြင်နေတာက မလှမ်းမကမ်းက hyunjinတို့ကိုစောင့်နေသော သူ၏သူငယ်ချင်းနှစ်ယောက်။
Yeonjun- ဘယ်သူလည်း??
Hyunjin- ဟိုနေ့က မင်းနဲ့ ပြဇာတ်ရုံရှေ့မှာ ပြဿနာဖြစ်တဲ့ကောင်လေးရဲ့ သူငယ်ချင်း။
Beomgyu- ချစ်စရာလေး။
တိုးညှင်းစွာပြောလာတဲ့အသံ။
Yeonjun- ဟင်?
ဘာပြောတာလည်း beomgyu
Beomgyu- ဘာမှမဟုတ်ပါဘူး။ သွားမယ်။ နောက်အတန်းရှိသေးတယ်။
Hyunjin- အင်း။
.
.
.
Kai- ဟျောင့်...ခုနက စီနီယာ hyunjinမလား။
Taehyun- ဟုတ်မှာပေါ့။
Kai- ဘာတွေပြောနေတာလည်း??
Taehyun- ဝင်တိုက်မိလို့ပါ။ တောင်းပန်မိတ်ဆက်နေကြတာ။
Kai- အော....။
Soobin- ငါသူ့ကိုမြင်ဖူးသလားလို့??
Taehyun- ငါရောဘဲ။
Kai- ချောတာကိုး။
Soobin- အော...ငါ့သူငယ်ချင်းလေးကစီနီယာ့ကိုကြိုက်နေတာလား။??
Kai- မဟုတ်ပါဘူးကွ။ ချောလို့ချောတယ်ပြောတာ။
စိတ်ထဲမှာတော့ စီနီယာ့မျက်နှာ တစ်ကမ္ဘာဘဲ ဟု၍သာ အော်ပြောနေမိသည်။
.
.
.
မိမိတို့အတန်းပြီးလို့ ကန်တင်းရောက်လာတာနဲ့ boramနှင့်တန်းတိုးလေသည်။ သူက စားပွဲမှာထိုင်ပြီး စာသောက်နေလေရဲ့။ ဘယ်လောက်စားစား မဝနိုင်တဲ့ဟာမလေး။
Kai- အာ.....
Boram- ရော့...
Kai- ဖြေးဖြေးလုပ်ပါဟဲ့...အမေမွေးထားတဲ့မျက်နှာလှလှလေး ပျက်ကုန်တော့မယ်။
Boram- အန်တီ့ကိုတော့အားနာပါတယ်။ နင်က ဘယ်တုန်းကမှ ငါ့မျက်လုံးထဲမလှဘူး။
Kai- နွားမလေး။
သူတို့ရန်ဖြစ်ပြီးစာသောက်နေတုန်း သူတို့ဝိုင်းနား hyunjinရောက်လာသည်။...
Hyunjin- ram..... အာညော်
Boram- ရောက်ပြီလား။ ဒီနေ့နောက်ကျမှသွားရမဲ့ဟာ။
Hyunjin- အင်း အတန်းမရှိတာနဲ့ ပြီးတော့ Kang taeကိုတွေ့လို့လာလိုက်တာ။
Boram- သူ့ကိုတွေ့ရင် သူ့နှုတ်ဆက်ပါလား။ စလာကတည်းက ငါ့နာမည်နဲ့...မပြောလိုက်ချင်ဘူး။
Hyunjin- အေးပါ။ ဒါနဲ့ Kang taeနေ့ခင်းက ကိစ္စတောင်းပန်ပါတယ်နော်။ တစ်ခုခုပြန်ဝယ်ကျွေးမယ်လေ။
Taehyun- ရပါတယ်။ မစားတော့ပါဘူး။
-ထိုစကားဝိုင်းထဲမှာမပါတာက Soobinနဲ့ Kai။-
Hyunjin- စားလိုက်ပါ။ နော်.....
Taehyun- Nae....
Soobin- ဟင်....စီနီယာက သူကိုဘဲလား။ တကယ်ဆို ကျွန်တော်တို့က စီနီယာနဲ့ မေဂျာတူတဲ့လူတွေပါနော်။
Hyunjin- ဒါဆို မင်းတို့ကို ငါ့သူငယ်ချင်းဆီကနေ ပိုက်ဆံချေးပြီးဝယ်ကျွေးမယ်။ အခုတော့ Kang taeတစ်ယောက်စာဘဲလောက်တယ်။
Soobin- ဘယ်သူလည်း hyung သူငယ်ချင်းက....
Hyunjin- Yeonjunလေ။ ဟော...ပြောရင်းဆိုရင်းလာပြီ။
-soobinစိတ်ထဲတော့ ဒီနာမည်သူကြားဖူးနေသည်ဟုစဥ်းစားနေသည်။ -
Yeonjun- Hyunjinရယ်...ထွက်သွားတာတောင် ငါတို့ကိုမစောင့်ဘူး။ ဒီကြားထဲ Choi Beomgyuက နှေးတုံ့နှေးတုံ့နဲ့...
Beomgyu- ဟိုဘက်တိုး...အဲ့ဒါငါထိုင်မဲ့နေရာ။
-စာအုပ်ကိုကိုင်ထားရင်း ပြောလာတဲ့သူ။ taehyunမော့ကြည့်လိုက်မိသည်။
*အားလား...ချောလိုက်တာ။ နတ်သားလေးများ ပြုတ်ကျလာလေသလား။ *
Yeonjun- လေးလုံးကောင်။
Beomgyu- အရူး...။
Yeonjun- အာရှီး...ငါရိုက်မိတော့မယ်။
Soobin- ဟင်...သူခိုး...။
Kai- ဘယ်မှာလည်း soobin??
ဘာပစ္စည်းပါသွားသေးလည်း??
Soobin- First Kiss...
Taehyun- ဟမ်??
Yeonjun- စွာစိလေး။
Soobin- ဘာစွာစိလေးလည်း?? ခင်ဗျားကိုထပ်မတွေ့စေနဲ့လိုပြောထားတယ်လေ။ ခင်ဗျားအခုအသေဘဲ။
Yeonjun- ဘလာ...ဆောရီးဘဲ စွာစိလေးရေ။
-လျှာထုတ်ကာပြောင်ပြနေသော yeonjunကို အရှေ့ကအအေးဘူးနှင်ကောက်ပေါက်လိုက်လေသည်။ ထိတော့မသွား။ boramကတော့ သူအအေးဘူးပါသွားတော့ နာစည်ကွဲနိုင်တဲ့လေသံမျိုးနှင့် အော်လေသည်။
Boram- Yarrrr!!!!!
Soobin- အယ်...တောင်းပန်တယ်နော်။ သွားပြီ။
Kai- ငါလည်းလိုက်မယ်...
Boram- အေး...Choi Soobin နင်တွေ့တဲ့နေရာမှာအသေဘဲ။
Taehyun- ဟားဟားဟား။ အရူးတွေကြီးဘဲ။
Hyunjin- အရူးဖြစ်သွားတာ Kang taeလို့ကိုယ်ထင်တယ်။
Taehyun- Wae??
Hyunjin- သူတို့တွေ ပိုက်ဆံတစ်ယောက်မှရှင်းမသွားကြဘူးလေ။
Taehyun- ဟင်??....ဟာ။ Choi Soobin!!! Boram!!! Kai!!! ပိုက်ဆံလာရှင်းသွားဦးလေ။ နောက်နေ့ငါရှေ့ပေါ်ရဲပေါ်လာကြည့်။ အကုန်ဟန်မြစ်ထဲပစ်ချပစ်မယ်။
ဟူး......
Taehyun- အကိုတို့မှာ ပိုက်ဆံပါကြလား။??
Hyunjin- ဘာလုပ်ဖို့??
Taehyun- သူတို့ဟာတွေရှင်းရမယ်လေ။ ကျွန်တော်ပိုက်ဆံမပါလာလို့
Beomgyu- ငါရှင်းပါ့မယ်။ မင်းတို့သွားကြတော့။
Taehyun- အော် အ့လိုလား။ ကျေးဇူးပါဘဲ အကိုရယ်။ ကျွန်တော် ဆက်ဆက်ပြန်လာပေးပါ့မယ်။
Beomgyu- အင်း။
.
.
.
-----------------
ကန်တင်းမြင်တော့ ကန်တင်းကအမှတ်တရတွေက သူ့ကိုအတိတ်သို့ပြန်လည်ခေါ်ဆောင်လာသည်။
ဒီအမှတ်တရတစ်ချို့ကဘဲ ပုံပြင်တစ်ပုဒ်စတင်မိခဲ့ကြတယ်။
.
.
.
"ထုတ် ပိုက်ဆံတွေ။ အကုန်ထုတ်။"
Kai- ဖြေးဖြေးလုပ်ပါ Kang Taehyunရယ်။ မင်းဟာက ဓားပြတိုက်တာကြလို့..."
Taehyun- အသေသတ်ချင်နေတာ။ မင်းတို့လုပ်လို့ စီနီယာဆီမှာမျက်နှာပျက်ရပြီ။ အကုန်လုံး လူစုံတက်စိထုတ်ကြနော်။
Boram- ရော့...ရော့။
Taehyun- မင်းတို့သွားကြတော့။ Soobinက ငါနဲ့အားကစားဌာနကိုခဏလိုက်ခဲ့။ အဲ့ဒီမှာ စီနီယာ့ကို အကြွေးသွားပြန်ဆပ်ရမယ်။ hyunjin hyungကိုမေးကြည့်တော့ သူတို့အခုချိန်ဆို နှစ်ယောက်လုံး အာကစားဌာနကိုရောက်နေလောက်ပြီတဲ့။
Soobin- အေး...သွားလေ။
.
.
.
Taehyun- Wow...ကွင်းကြီးကအကျယ်ကြီးဘဲ။
Soobin- ငါတို့လည်း clubထဲဝင်လိုက်ရင် ဒီကစားကွင်းထဲဝင်ရမှာပေါ့နော်။ လာပါ...ပြီးတဲ့အထိရပ်စောင့်ရအောင်။
Girls- ကြိုးစား... Choi Yeonjun!!!
Girls- ရူပါထူးတဲ့ Choi Beomgyu!! ကြိုစားထား။
-မကြာခင်ပွဲပြီးခါနီးလို့ 15မိနစ်အချိန်ပိုရသည်။
အချိန်ပိုကစားပွဲအတွင်း ပွဲကြည့်နေတဲ့ Taehyunတို့ဘက်သို့ ဘောလုံးလွင့်စင်လာသည်။ ပွဲကြည့်စင်အမြင့်မှာလည်းမဟုတ်တော့ ဘောလုံးက ခုန်ကာရောက်လာခြင်းပင်။ -
Soobin- taehyun na!!
Taehyun- အား.....။
-အော်ရင်းမျက်လုံးကမှိတ်ထားလေတော့ဘာဆက်ဖြစ်လည်းသူမသိတော့။ အသံလေးကြားမှ မျက်လုံးဖွင့်ကြည့်မိသည်။-
"ထိလည်းမထိဘဲနဲ့ဘာလို့အော်နေတာလည်း?? "
-ရင်းနှီးသလိုရှိတဲ့အသံ။
Taehyun- ဟင်!!
စီနီယာ beomgyu
Beomgyu- ဘယ်နေရာထိမိသွားသေးလည်း?? ပြစမ်း...
Taehyun- ဘာ..ဘာမှမဖြစ်ဘူး စီနီယာ။ ကျွန်တော်အဆင်ပြေပါတယ်။
Beomgyu- အင်း။ အဲ့ဒါနဲ့များအော်နေသေးတယ်။ သွား ပွဲကြည့်စင်ကို။
Taehyun- ဟုတ်။
-yeonjunဆိုတဲ့တစ်ယောက်ကတော့ ပွဲထဲကနေပြီး Soobinကိုလှမ်းစနေသည်။ soobinကတော့ဒေါကန်နေခြင်းသာ။-
Basketball ပွဲပြီးသွားလို့ အကုန်လုံးပြန်ထွက်လာတဲ့အချိန်ကျတော့ beomgyuဆီကိုtaehyunရောက်လာပြီး အကြွေးလာပြန်ဆပ်သည်။
Taehyun- စီနီယာ...ဟီး မနေ့ကအကြွေးလာပြန်ဆပ်တာ။
Beomgyu- ဘာအကြွေးလည်း??
Taehyun- ဟိုဟာလေ ကန်တင်းမှာ ရှင်းလိုက်တဲ့ ပိုက်ဆံ။ ပြန်လာဆပ်မယ်လို့ပြောတယ်လေ။
Beomgyu- ဟက်!! ကတိတည်တတ်သားဘဲ။ ကဲပါ...အဲ့ဒါကိုယူထားလိုက်။ hyungတစ်နေ့လာပြန်တောင်းတဲ့နေ့ကြရင်သာ ပေးနိုင်အောင်ကြိုးစား။
Taehyun- Nae??
Beomgyu- ဒီလိုလေ...hyungအခုမယူသေးဘူး။ တစ်နေ့hyungပြန်လာတောင်းတဲ့အခါကျ မင်းကပြန်ပေးနိုင်အောင်ကြိုးစားပေါ့ကွ။ အဲ့အခါကျ ပိုက်ဆံလည်းဖြစ်ချင်ဖြစ်မယ်၊ တစ်ခြားအရာလည်းဖြစ်ချင်ဖြစ်မယ်။ အဲ့ဒါကမင်းပေါ်မူတည်တယ်။
Taehyun- ဟုတ်...ဟုတ်ကဲ့။
-အပြုံးလေးက ရှက်ပြုံးလေးနှင့်သာ ပြုံပြပြီးဖြေမိလိုက်သည်။ -
Yeonjun- မင်းတစ်ခုခုစားမလား။??
Soobin- ရပါတယ်။ ခင်ဗျားကြီးဆီကလည်း မစားချင်ဘူး။
Yeonjun- ဟုတ်လို့လား......အင်း.....ကြက်ကြော်အစပ်လေးနဲ့ ကိုလာ။
Soobin- ကျွန်တော်လည်းဝယ်စားနိုင်ပါတယ်နော်။
Yeonjun- မင်းသဘောလေ။ ငါကအခုသွားစားမှာ။
Soobin- အားနာလို့လိုက်စားပေးမယ် ဟီးဟီး။
Yeonjun- စွာစိက ပဲများနေသေးတယ်။
Soobin- ခင်ဗျားကြီးနော်.....။
.
.
.
-------------------------------
Jun Kyoung- ဆရာ...ဆရာ။ ကျွန်တော်ချောလား??
Kai- ငါ့ကို မင်းသူငယ်ချင်းများမှတ်နေလား။ သွား....အတန်းထဲဝင်ကြ။
Jun Kyoung- ဟုတ် ဆရာ။
Kai- ဆရာ...ပြောထားသလိုမျိုးဘဲနော်။ ငါပြောတဲ့ ပုံပြင်လေးတွေ ဆက်နားထောင်ချင်ရင်တော့ စာကြိုးစားကြပေါ့။
Jun Kyoung & Student- Nae....sam!
Kai- လုပ်...စာဆက်သင်ကြမယ်။ စာအုပ်ထုတ်။
-ကျောင်းလေးနဲ့ အရာအားလုံးကပုံမှန်လည်ပတ်နေသည်။-
-------------------------------------------------------
Forever
Su Jerry(piggy)
-------------------------------------------------------