『Unicode』
"မင်း နာမည်စဉ်းစားပြီးပြီလား?"
ချင်ဝေ့ဟော်က သူတို့အတူထွက်လာချိန်မှာ မေးလိုက်သည်။
"အင်း,"
အန်းနင်က နောက်ကနေလိုက်ပါလာရင်း ခေါင်းညိတ်ပြမိ၏။
"အရင်တုန်းက Just so so ဆိုပြီးရှိတယ်မလား? ဒါဆို ဒီတစ်ခုကို Veyronလို့ခေါ်ကြရအောင်!*"
[*TN: Bugatti Veyronကား က နာမည်ပါ။ ]
ချင်ဝေ့ဟော်က 'မင်းတကယ်ပြောနေတာလား'ဆိုတဲ့ အမူအရာနဲ့ ခေါင်းလှည့်လာခဲ့၏။
အန်းနင်က,
"ဒီနာမည်ကို ကြားလိုက်တာနဲ့ မင်း repointလုပ်ခဲ့တဲ့ တောင်ဆိုတာ သိသွားနိုင်တယ်လေ။ ငါ စဉ်းစားပြီးပြီ, မင်းredpointလုပ်မဲ့ နောက်လမ်းကြောင်းကိုလဲ R1လို့ ခေါ်မယ်!"
ချင်ဝေ့ဟော်က အရှေ့ကိုလျှောက်ရင်း ပြုံးလိုက်သည်။
"ဒါဆို ငါ ဆိုင်ကယ်ဘယ်နှစ်စီးလောက်များ ဝယ်ရမှာပါလိမ့်....."
သူ့အသံကိုကြားရတော့ အန်းနင်လဲ မသေချာတော့။
အထွက်လမ်းက ကျဉ်းနေသောကြောင့် လူတစ်ဦး ဖြတ်ရန်သာ နေရာလုံလောက်လေသည်။
လက်ရှိမှာတော့ သူက ချင်ဝေ့ဟော် နောက်ကလိုက်နေပြီး သူ့ရဲ့ အမူအရာကိုကြည့်ရန် ချင်ဝေ့ဟော်ကို အမီလိုက်ချင်နေမိသည်။ သူ မှီသွားသည်နှင့် တပြိုင်နက် ချင်ဝေ့ဟော်ရဲ့ ခြေတံရှည်များသည် ရှေ့သို့ လှမ်းတက်နေပြီ ဖြစ်သောကြောင့်အနောက်မှ မေးလိုက်ရသည်။
"... မင်း မကြိုက်ဘူးလား?"
ချင်ဝေ့ဟော်က လမ်းလျှောက်နေရင်း,
"မဟုတ်တာ၊ ငါကြိုက်ပါတယ်"
သူ ပြောလိုက်ပြီး ခေါင်းကိုလှည့်လာခဲ့၏။ သူ့အမူအရာက ဘေးဘက်ကို အလုံးစုံ လှည့်မလာသော်လည်း အန်းနင်ကတော့သူ့ရဲ့ မျက်ခုံးတွေပင့်နေတာကိုမြင်လိုက်ရ၏; ဒါက ပျော်နေတဲ့ အမူအရာပဲ!
သူ စိတ်အေးသွားရကာ နောက်ကနေ လိုက်လာခဲ့သည်။
"ဒါဆိုလဲ မင်းကြိုက်တဲ့ trendy brandတွေဆိုရင်ရော?"
ချင်ဝေ့ဟော်က ခဏတာ စဉ်းစားလိုက်သည်။
"OFF-WHITEလား?... အသံထွက်ကတော့ ကံမကောင်းသလိုပဲ."
အန်းနင်က ရယ်လိုက်သည်။
"တကယ်တော့, ဂြိုလ်ကြီး ကိုးလုံးက နာမည်တွေကို သုံးဖို့ စဉ်းစားထားခဲ့တာ၊ ဒါမှမဟုတ်လဲ အာကာသ စူးစမ်းရေးယာဉ်နာမည်တွေတို့"
မင်းက အာကာသယာဉ်မှူး ဖြစ်ချင်တာမဟုတ်လား? ဒါဆိုရင် ရှေ့လျှောက် ကျောက်နံရံအသစ်တိုင်းက မင်းရဲ့ ကြယ်စုကိုခရီးထွက်ရသလို ဖြစ်လာလိမ့်မယ်...
ချင်ဝေ့ဟော်ရဲ့ ခြေလှမ်းတွေက အရှိန်လျော့လာခဲ့ပြီး ခပ်ဖွဖွနင်းသလိုတောင်ဖြစ်လာရ၏။
"မင်း အများကြီးတွေနေပြီ"
နောက်ထပ်တစ်ဖန် သူတို့တွေ နေရောင်ခြည်တန်းမှ မှိုင်းပျပျ ဥမင်ထဲကို လျှောက်လာရသည်။ ချင်ဝေ့ဟော်ရဲ့ အသံက လှိုဏ်ခေါင်းထဲမှာ ပဲ့တင့်နေပြီး ဥမင်ထဲကို ရေကျသည့်နှယ် ခပ်နိမ့်နိမ့်နဲ့ နူးညံ့တဲ့ ခံစားချက်ကိုရနေသည်။
အန်းနင် မပြောပြနိုင်တဲ့ ခံစားချက်တို့ လွှမ်းခြုံလာသလို ခံစားရသည်။ သူ့မှာ ဒကျဉ်းမြောင်းတဲ့ ချိုင့်ဝှမ်းအဟက အုပ်မိုးခံထားပြီး ဒီအသံကိုလည်း အုပ်မိုးထားရ၏။
နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်လုံး စကားမပြောဖြစ်တော့။
ကျဉ်းမြောင်းပြီး မှုန်ဝါးဝါးနေရာများတွင် ချင်ဝေ့ဟော်ရဲ့ ဟိတ်ဟန်ကြီးမှုနဲ့ နူးညံ့သိမ်မွေ့မှုကို ပို၍ ခံစားနိုင်ပုံပေါ်လေသည်။
သူတို့တွေ အဟ,ကြားက ထွက်လာတဲ့အခါ အပြင်ဘက် ကောင်းကင်ကြီးက တောက်ပနေပြီး မြူမှုန်တို့ကလဲ ပျောက်ကွယ်သွားပြီပင်။
အန်းနင်မှာ အုပ်မိုးခံထားရတဲ့ လေထုထဲမှ လွတ်မြောက်သွားပြီဟု ခံစားလိုက်ရပြီး သူတို့ကြားမှာရှိနေတဲ့ ထုံထိုင်းခြင်းကလဲ ရုတ်တရက် အားပျော့သွားပုံရသည်။
တောထဲကတော့၊ တောထဲသာ ဖြစ်သည်။ များစွာတဲ့ ငှက်တွေက ကျည်ကျည်ကျာကျာမြည်နေဆဲပင်။ ရုတ်တရက် အန်းနင် တွေးမိသွား၏။
ဒီမှာ ကြောင်ရိုင်းတွေ၊ ကျားသစ်တွေနဲ့ လင့်ကြောင်မှီးတို အစရှိတာတွေ ရှိနေရင်ရော...
ထို့ကြောင့် သူ ချင်ဝေ့ဟော်ကို မေးလိုက်သည်။
"မင်းကမကြာခဏ တောထဲ တောင်တက်ဖို့သွားတော့၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ ပက်ပင်းကြုံမှာ စိတ်မပူဘူးလား? "
"ဒါဆို ငါတို့က နှစ်ယောက်ဖြစ်နေတော့ရော စိတ်ပူစရာမလိုတော့ဘူးလား? "
ချင်ဝေ့ဟော်က ပြန်ဖြေရင်း အနည်းငယ်ကွေးလို့နေတဲ့ မျက်ဝန်းများက 'မင်းက ငတုံးလား'လို့ ပြောနေသည့်နှယ် သူ့ကိုကြည့်လာခဲ့၏။
အန်းနင်မှာ ယင်းအကြည့်နဲ့ စိုက်ကြည့်ခံလိုက်ရသောကြောင့် တုန်လှုပ်သွားရပြီး အားတင်း ဖုံးကွယ်လိုက်ကာ သူ့ခေါင်းကိုညိတ်ပြလိုက်သည်။
"... မှန်တာပဲ"
သူနဲ့ ချင်ဝေ့ဟော် အတွက်ဆိုလျှင် တောရိုင်းတိရစ္ဆာန်တွေက နောက်ထပ်လူကိုမြင်လိုက်လို့ တိုက်ခိုက်လာမှာမဟုတ်ပါဘဲအပို အသားလေး ရမယ့်အခွင့်အလမ်းကောင်းကြောင့်သာဖြစ်နိူင်ပေမည်။ နောက်ထပ် သူ တစ်စုံတစ်ခုကို တွေးလိုက်မိပြန်၏။
"တောရိုင်းတိရိစ္ဆာန်တွေသာ မကပါဘဲ 127 Hourထဲကလို ဖြစ်နေရင်လဲ ကြောက်စရာကောင်းနေလိမ့်မယ်"*
[*TN: 127 Hours = တောင်တက်နေတုန်း ပြုတ်ကျပြီး ညာဘက်လက်က နံရံကိုဆန်သွားသောကြောင့် ကျောက်တုံးတွေပိတ်မိသွားတဲ့ တောင်တက်သမားအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကား။]
ချင်ဝေ့ဟော်က ပြောလာသည်။
"မဆိုးဘူး။ မင်းက အရာတော်တော်များများကို မြင်နိုင်သားပဲ"
ဒါပေါ့!
အန်းနင် တွေးလိုက်မိသည်။
ဒါကငါ့ စာကြည့်ချိန်တွေအများကြီးကို ယူထားတာပဲ၊ ဒါကြောင့် ငါ့မှာ နောက်semesterအတွက် စကော်လားရှစ်ရဖို့ လမ်းမမြင်တော့ဘူး။ အထက်တန်းကျောင်းမှာ Puppy Loveတွေ ခွင့်မပြုတာ အံ့ဩစရာမရှိတော့ပါဘူး....
"ငါ လင့်ကြောင်နဲ့ တွေ့ဖူးတယ်"
ရုတ်တရက် ချင်ဝေ့ဟော်က အံ့ဩလောက်စေမယ့်အရာကို ပြောလာခဲ့သည်။ အန်းနင်လဲ နားစွင့်လိုက်ရင်း စိုးရိမ်တကြိမေးလိုက်သည်။
"မင်းကို တိုက်ခိုက်ခဲ့သေးလား?"
ချင်ဝေ့ဟော်က ခေါင်းပြန်လှည့်လာ၍ သူ့ မျက်ခုံးများမှာ ပြုံးနေတဲ့ အမူအရာဖြစ်နေလျှင် 'မင်းက ငတုံးလား'ဆိုတဲ့မျက်နှာပေးမျိုးနဲ့လဲ ဖြစ်နေ၏။
အန်းနင် ရှက်ရွံ့စွာ မေးလိုက်မိသည်။
"ဒါဆို...လင့်ကြောင်က လှလား?"
ချင်ဝေ့ဟော်က အရှေ့ကို ဆက်လျှောက်ရင်း ခေါင်းညိတ်သည်။
"လှတယ် ၊ ရိပ်ခနဲ့ပဲ မြင်လိုက်ရတာပါ; အဲ့အချိန်တုန်းက ဖုန်းပြောနေခဲ့တာလေ၊ သူက ချုံပုတ်နောက်မှာ ပုန်းနေခဲ့တာ။ ငါသူ့ရဲ့ နားတွေမမြင်ရတာနဲ့ လင့်ကြောင်လို့ သတ်မှတ်လိုက်တာ။."
"အဲ့ဒါက မင်းကို ဘာလို့ မတိုက်ရတာလဲ..."
အန်းနင်က သူ့ဟာသူရေရွတ်လိုက်ရင်း အကြံအိုက်သွားရသည်။
ချင်ဝေ့ဟော်ကလဲ ပြန်အမှတ်ဖော်ရင်း,
"ငါထင်တာကတော့ အဲ့ဒါက ငါ့အကြောင်း သိချင်ရုံပဲနေမှာ၊ ပြီးတော့ ရန်လိုနေတာမျိူးလဲ မခံစားရဘူး."
"အဲ့ဒါနဲ့ မင်းက ဒီတိုင်းထွက်လာရောပေါ့?"
"အင်း," ချင်ဝေ့ဟော်ကပြောလိုက်၏။
"ငါ သူ့ရှေ့မှာပဲ ဒီတိုင်း ထွက်လာခဲ့တာ"
စင်စစ်တွင်တော့ နောက်ပိုင်းမှ အွန်လိုင်းကနေ စစ်ဆေးကြည့်ခဲ့သည်။ တောရိုင်းတိရစ္ဆာန်နဲ့ ရင်ဆိုင်ရတဲ့အခါ နောက်ကျောပေးပြိး ပြန်ထွက်သွားခြင်းက သူ့အတွက် အတော်လေး အန္တရာယ်များသည်ပင်၊ ဒါပေမယ့် လင့်ကြောင်က သူ့ကို မတိုက်ခိုက်ပါဘဲ ၎င်းက သူ့ရဲ့ ကြင်နာမှုအကြောင်း ပြသခဲ့ပုံပေါ်သည်။
"မင်းက ဖုန်းပြောနေတယ်ဆိုတော့ သူမင်းအသံကို ကြားမှာပဲ။ ဒါ့အပြင် မင်းက ရပ်ပြီး ခရီးဆောင် ကျောပိုးအိတ်ကိုလဲသယ်ထားတော့ သူက မင်းက သူ့ထက်ကြီးတယ်လို့ ထင်သွားတာဖြစ်မယ်၊ ဒါကြောင့် သူ မတိုက်ခိုက်တော့ဘူး " , အန်းနင်မှန်းဆကြည့်လိုက်၏။
ချင်ဝေ့ဟော်က ခဏတာ တွေးလိုက်ပြီး,
"ငါရပ်လိုက်တာနဲ့ သူက တကယ်ထွက်သွားတာ"
"ငယ်သေးတဲ့ လင့်ကြောင် ဖြစ်မယ်နော်."
အန်းနင်ပြောလိုက်ရင်း ချင်ဝေ့ဟော်ကို ထပ်ကြည့်လိုက်ကာ ရင်ထဲမှာတော့ စကားဆိုနေမိသည်။
အဲ့ဒါက သူ သစ်နက်ကိုတော့ မနိူင်လောက်ဘူးလို့ ခံစားရလို့ထင်တယ်...
လမ်းကြမ်းမောင်းတဲ့ကားက အရှေ့ကို မြင်နေရပြီဖြစ်သည်။
ထိုအချိန်တွင် မွန်းတည့်လုပြီဖြစ်သည်။
ချင်ဝေ့ဟော်က ပြောလာ၏။
"မင်း ဘာစားချင်လဲ?"
သူတို့တွေက ဘယ်နေရာမှန်းမသိတဲ့နေရာရဲ့ အလယ်မှာဖြစ်လို့ ဈေးဆိုင်လဲ မရှိပေ။ အန်းနင် မျက်လုံးပြူးသွားရသည်။
"အမဲလိုက်မှာ?"
ချင်ဝေ့ဟော်က ကားပစ္စည်းခန်းကိုဖွင့်လိုက်ရာ အထဲ၌ တစ်စုံတစ်ခု ရှိနေခဲ့၏။ သူက သေတ္တာကိုဖွင့်လိုက်ပြိး ပေါင်မုန့်အချို့နဲ့ ဝက်ပေါင်ခြောက် sausageတို့ကို ထုတ်ယူလိုက်သည်။
"ဒါတွေပဲ ရှိတယ်."
လူနှစ်ယောက်က ကားနောက်ဘက်မှာ ထိုင်နေရင်း ရေသောက်ပြီး ပေါင်မုန့်နဲ့ sausage တွေကို စားနေခဲ့ကြ၏။ တောရဲ့အဖျားပိုင်း ရှူ့ခင်းက လတ်ဆတ်နေခဲ့သောကြောင့် ပေါင်မုန့်ခြောက်က အရသာမကောင်းဘူးလို့ မခံစားရတော့ပေ။
ချင်ဝေ့ဟော်က အနက်ရောင် သားမွေးဂျာကင်နဲ့ ဂျင်းကို ပြန်လဲလိုက်ပြီး သူကတော့ ဘတ်စကက်ဘောရှူးကို အရင်တစ်ရံပြန်လဲလိုက်သည်။ အန်းနင်မှာ သူက လူအသွင်ပြောင်းလာတဲ့ သစ်နက်တစ်ကောင်ဟု လွဲမှားစွာ တွေးလိုက်မိသေးသည်။
ခန္ဓာကိုယ်က လူအသွင်ပြောင်းလာခြင်း။
လူဖြစ်လာတဲ့ ထိုကဲ့သို့သော နတ်မျိုးများက ရုပ်ချောသည်မှာ သေချာပါသည်။ မည်သို့ပင်ဖြစ်စေ သူတို့က လူသားတွေဖြစ်လာကြပေမယ့် ဘာကြောင့် သာမန်ပုံပန်းနဲ့ပဲ သွားကြတာတဲ့လဲ?
ဒါကြောင့် သူလဲ နတ်ဘုရားတစ်ပါးနဲ့ တွေ့ဆုံခဲ့တာဖြစ်ပေမယ့် လျောင်ကျိုက်* ထဲက မြေခွေးငယ် နတ်လိုတော့မဟုတ်ပါချေ။—နတ်ကလဲ အရပ်ရှည်ပြီး ချောမောနိုင်တာပဲလေ။ ဒါကို စဉ်းစားလိုက်ကာ ပေါင်မုန့်စားရင်း သူ့ဘာသာသူ ပြုံးလိုက်မိသည်။
[*TN: လျောင်ကျိုက် မှ ထူးဆန်းသော ပုံပြင်များ" ကလာပါတယ်။ ဝတ္ထုက သဘာဝလွန်နဲ့ နတ်လို အရာတွေအကြောင်းဝတ္ထုတိုစုစည်းမှု ဖြစ်ပါတယ်။]
ချင်ဝေ့ဟော်က သူ့ကို တစ်ချက်ကြည့်၍ ခေါင်းငုံ့လျက် ပေါင်မုန့်စားလိုက်ပြီးမှ စားမြုံ့ပြန်လိုက်ရင်း ပြုံးလိုက်သည်။
"ဒီနေ့က နှစ်သစ်ကူးအကြိုနေ့ပဲနော်,"
အန်းနင် တောကြီးရဲ့ ရှူ့ခင်းကို ကြည့်ရင်း ပြောလိုက်မိသည်။
"လျန်ရှန်းဟန်နဲ့ ရှောင်ပေါင်ကတော့ တစ်ညလုံးပျော်ပါးဖို့ ထွက်သွားကြတယ်"
သူ ချင်ဝေ့ဟော်ကို ကြည့်လိုက်ပြီး,
"ငါတို့ရော ဘယ်လို သုံးကြမလဲ?"
ချင်ဝေ့ဟော်က ရပ်သွားကာ သူ့ကို ကြည့်လာခဲ့၏။ ချင်ဝေ့ဟော်ရဲ့ စိုက်ကြည့်နေမှုမှာ အန်းနင် ရှက်ရွံသွားရပြီး သူဘာပြောမိလိုက်လဲဆိုတာကို သဘောပေါက်သွားရ၏။ ဒါကိုပြောဖို့ အရမ်းထူးဆန်းနေတယ်လေ။
ဘာလို့များသူ 'ငါတို့' လို့ သုံးလိုက်မိတာတဲ့လဲ? သူတို့က အတူ ကုန်ဆုံးကြမှာမှ မဟုတ်ပါဘဲ....
ချင်ဝေ့ဟော်က စားပြီးတဲ့ ပေါင်မုန့်အခွံအား လှိမ့်နေခဲ့သည်။သူ့အဝတ်အစားတွေကို ပွတ်သပ်လိုက်သည်နှင့် အောက်ခံအင်္ကျီက အသံထွက်လာသည်။
"မင်းက ဘယ်လိုသုံးချင်လို့လဲ?"
အန်းနင် အမှားပြင်လိုက်မိသည်။
"ဒီည အိပ်ဆောင်အခန်းထဲမှာ countdown ပါတီ ကြည့်ကြတာပေါ့!"
"ကောင်းပြီလေ, ဒါပေမယ့် အရင်ဆုံး ငါကားပြန်ထားရမယ်,"
အန်းနင် ခေါင်းညိတ်ပြလိုက်၏။
"အင်း, ကားအရင် သွားထားကြမယ်!"
သူ မတ်တပ်ရပ်လိုက်၍ ပလက်စတစ်အိတ်ကိုကိုင်ကာ အမှိုက်တွေကိုကောက်ထည့်လိုက်သည်။ ချင်ဝေ့ဟော်က သူ့ကိုလှိမ့်ထားတဲ့ အခွံလေး ကမ်းပေးလာခဲ့၏။သူ ယူလိုက်မိလျှင် ချင်ဝေ့ဟော်ရဲ့ လက်ချောင်းများနဲ့ ထိမိသွားရလေသည်။
သူအနေနဲ့ ဒါကို ရှောင်ရှားဖို့ နည်းလမ်းမရှိခဲ့၊ အန်းနင် သူ့ကိုယ်သူ သက်တောင့်သက်သာဖြစ်စေရန် ခေါင်းငုံ့လိုက်မိသည်။အခွံလေးက ချင်ဝေ့ဟော်ရဲ့လက်ထဲမှာ သေးသေးလေး ဖြစ်အောင် လှိမ့်ထားပြီး ၎င်းကို သူ့ရဲ့ လက်ကြီး,ကြီးနဲ့ ကိုင်ထားခဲ့သည်။
သူ ၎င်းကို ချင်ဝေ့ဟော် လက်ထဲကနေ ယူလိုက်မိသည်။ သူ ယူလိုက်တဲ့အခါ အဲ့ဒါက ချင်ဝေ့ဟော်ရဲ့ လျှော့ပေးလိုက်တဲ့လက်ချောင်းများနဲ့အတူ ဖြည်းညှင်းစွာပွင့်ထွက်လာသော ပန်းတစ်ပွင့်နဲ့ ဆင်တူနေခဲ့သည်။
-
နေ့လယ်ခင်းမှာတော့ အန်းနင်လဲ ချင်ဝေ့ဟော်နဲ့ အတူ လန်ထျန်းနိူင်ငံကို ရောက်လာခဲ့သည်။ ပထမဆုံးအဖြစ် ချင်ဝေ့ဟော်ရဲ့ ဆရာ ကျုံးကျင်းကို သူ တွေ့လိုက်ရသည်။ သူထင်ထားတာထက် ပိုငယ်နေခဲ့၏။ သူ ဝီးချဲလ်ကို မြင်လိုက်ရသောအခါဘဝင်မကျသလို ခံစားလိုက်ရပြီး ချင်ဝေ့ဟော်ရဲ့ အကြောင်းအား ဆက်တွေးမိသွားရသည်။
ဝီးချဲလ် ရွှေ့သွားတိုင်း သူ့မှာ ချင်ဝေ့ဟော် ကိုတောင် မကြည့်နိုင်။
ကျုံးကျင်းက ချင်ဝေ့ဟော်ရဲ့ အစ်ကိုကြီးတစ်ယောက်ကဲ့သို့ သဏ္ဌာန်တူလှသည်။ သူက အဖေနဲ့ တူတဲ့ အစ်ကိုကြီးတစ်ယောက်လို နည်းနည်း ခံစားရစေပြီး သူ့ကို တွေ့ပြီးနောက်မှာလဲ အထူးတလယ်ပင် အန်းနင်ကို ကြိုဆိုပေးခဲ့သည်။
အန်းနင်ခမျာ သူက ချင်ဝေ့ဟော် အိမ်ကို ပထမဆုံးခေါ်လာတဲ့ သူငယ်ချင်းတစ်ယောက်လို ခံစားနေရသည်။ အတန်းဖော်အိမ်သို့ ပထမဆုံးအကြိမ် သွားမိတဲ့ တတိယတန်း ကျောင်းသားတစ်ယောက်ကဲ့သို့ပင်။
သူတို့သုံးယောက် ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်ဖြစ်ခဲ့ကြသည်။ တီဗွီစခရင်က အရမ်းကြီးလွန်းပြီး အန်းနင်က ဇာတ်ကားတစ်ကားကြည့်နေသလို ထင်ရ၏။ ကျူံးကျင်းက သူ့ကို မေးလာခဲ့သည်။
"သူ့ကို သင်ပေးရတာ ခက်လား?"
သူ မြန်မြန်ဆန်ဆန်ပင်,
"မခက်ပါဘူးဗျ, သူက တော်တော်လေး ဉာဏ်ကောင်းပါတယ်။"
ချင်ဝေ့ဟော်ကတော့ သူ့ဘေးမှာထိုင်နေခဲ့ပြီး ဆိုဖာအနောက်ကို မှီတွယ်ထားသည်။ အန်းနင်ထိုင်နေတာက အတော်လေးအရှေ့ရောက်နေသဖြင့် သူ ချင်ဝေ့ဟော်ကို မမြင်ရ၊ သို့ပေမယ့် သူ့နောက်မှ တိုးပြီး ကြာရှည်ကာ ခပ်နက်နက်ဖြစ်နေတဲ့အသက်ရှူသံကို ကြားနေရ၏။
ကျုံးကျင်းက ပြောလာခဲ့သည်။
"သူ ဉာဏ်ကောင်းကြောင်း ချီးကျူးတာ မင်းက ပထမဆုံးပါပဲ၊ အမြဲလိုလို သူက ချောတာကြောင့်ပဲ ချီးကျူးခံရတာ."
အန်းနင် ရင်ထဲကနေ မပြောလိုက်ပဲ မနေနိုင်ခဲ့။
ဟုတ်တာပေါ့..သူက တကယ်ကြီးကို အရမ်း ချောလွန်းနေတယ်လေ။
ချင်ဝေ့ဟော်က,
"ကျွန်တော်က ဉာဏ်ကောင်းရုံတင်မဟုတ်ဘူး၊ ရုပ်လဲချောတယ် ရပြီလား? ဒါကို ထပ်ခါတလဲလဲ အတည်ပြုဖို့ လိုနေသေးတာလား?"
ကျူံးကျင်းရဲ့ ဇနီးက အိမ်မှာမရှိတာကြောင့် ဗီလာထဲမှာ ကျုံးကျင်းက တစ်ကိုယ်တည်းဖြစ်နေခဲ့၏။
ကြားထဲမှာ မူတန်က ဖုန်းခေါ်လာပြီး သူတို့ လာတယ်လို့ ကြားတဲ့အခါ ညအိပ်ဖို့ ပြောလာခဲ့သည်။သူမက "လူအိုကြီး ကျုံးတစ်ကိုယ်တည်းဖြစ်ပြီး အိမ်မှာ အထီးကျန်နေမှာ စိတ်ပူတယ်"လို့ ပြောလာခဲ့သည်။
ထို့ကြောင့် ကျုံးကျင်းက သူတို့ကို နေစေခဲ့သည်။
ချင်ဝေ့ဟော် ပြောလိုက်၏။
"ကျွန်တော် သူ့ကို ပြန်ပို့ရမယ်၊ ဘာလို့လဲဆိုတော့ သူ Self-Study လုပ်ဖို့ ပြန်သွားရမှာမို့။ သူက တစ်ရက်လေးတောင် လွတ်လို့ရတာမဟုတ်ဘူး"
အန်းနင် ရှက်သွားရသည်; အထူးသဖြင့် 'တစ်ရက်လေးတောင် လွတ်လို့ ရတာမဟုတ်ဘူး'ဆိုတဲ့ဝါကျက သူ ချင်ဝေ့ဟော်ထံမှ ညည်းတွားခံလိုက်ရသလိုပင်။ သူ့ မျက်နှာလေး ရဲသွားပြီး ပြောလိုက်မိသည်။
"ကျွန်တော် တစ်ရက်လေးတောင် လွတ်လို့ မရဘူးဆိုတာမျိူးတော့ မဟုတ်ပါဘူး..."
ကျူံးကျင်းက,
"ဒါဆိုလဲ နေလိုက်လေ၊ နှစ်သစ်ကူး အကြိုညမှာ အိပ်ဆောင်မှာ တစ်ယောက်တည်းဆို ပျင်းစရာကြီး!"
ဒီဧည့်ဝတ်ကျေပွန်မှုကြောင့် အန်းနင် ငြင်းရခက်သွားရသည်။ ပြီးလျှင် ချင်ဝေ့ဟော်ကိုလဲ သူ့ကို အိပ်ဆောင်ပြန်ပို့တာနဲ့ သူ့ဆရာနဲ့ အတူနေပေးတာ ကြားထဲမှာ အခက်မတွေ့စေချင်ပါပေ။ ဒါကြောင့် သူ ခေါင်းညိတ်လိုက်၏။
"ဒါဆိုလဲ ကျွန်တော် နှောင့်ယှက်မိတဲ့အတွက် အားနာပါတယ်"
ချင်ဝေ့ဟော်ရဲ့ မျက်ခုံးများက တွန့်ချိူးနေပြီး သူ့ကိုကြည့်လာကာ,
"စကော်လားရှစ်အတွက်ကရော?"
အန်းနင်ခမျာ ဤသို့ အမေးခံလိုက်ရလျှင် အလွန့်အလွန်ကို ကို့ရို့ကားရားဖြစ်သလို ခံစားရပါ၏။
ကျုံးကျင်းက ချင်ဝေ့ဟော်ကို စူးစူးဝါးဝါးကြည့်လိုက်ရင်း,
"မင်းဆိုတဲ့ကောင်! ရပ်တန်းကရပ်လိုက်တော့!"
ချင်ဝေ့ဟော် တိတ်တိတ်လေး ပြုံးလိုက်သည်။ သူ့လက်မောင်းတွေကို ဆိုဖာ လက်တန်းမှာ ထား,ထားကာ သူ့လက်တွေကတော့ သူ့ပါးကို ထောက်ထားလျက် အမှန်တကယ်ကို ပျော်ရွှင်နေသည့် ပုံပေါ်နေလေသည်။
----------------------------
စာထက် သူ့ကို ရွေးသွားလို့ ပျော်နေပြန်ပြီ။
『Zawgyi』
"အင်း,"
အန်းနင်က,
"... မင်း မကြိုက်ဘူးလား?"
အန်းနင်က ရယ်လိုက်သည်။
"... မှန်တာပဲ"
ဒါပေါ့!
"ငါထင်တာကတော့ အဲ့ဒါက ငါ့အကြောင်း သိချင်ရုံပဲနေမှာ၊ ပြီးတော့ ရန်လိုနေတာမျိုးလဲ မခံစားရဘူး."
အဲ့ဒါက သူ သစ်နက်ကိုတော့ မနိုင်လောက်ဘူးလို့ ခံစားရလို့ထင်တယ်...
ချင်ဝေ့ဟော်က ပြောလာ၏။
"မင်း ဘာစားချင်လဲ?"
"အမဲလိုက်မှာ?"
"ဒါတွေပဲ ရှိတယ်."
-
သူ မြန်မြန်ဆန်ဆန်ပင်,
ချင်ဝေ့ဟော်က,
"ကျွန်တော် တစ်ရက်လေးတောင် လွတ်လို့ မရဘူးဆိုတာမျိုးတော့ မဟုတ်ပါဘူး..."
ကျူံးကျင်းက,
ချင်ဝေ့ဟော်ရဲ့ မျက်ခုံးများက တွန့်ချိုးနေပြီး သူ့ကိုကြည့်လာကာ,
----------------------------