Z&U
ဘမ္း!
"အားးးး! ေသပါၿပီ ေသပါၿပီဟဲ့"
ဂ်ိဳင္း ဝုန္း ဒုန္း!
ငွက္သိုက္ရဲ႕အသံက ထိုေနရာတြင္ စူးခနဲက်ယ္ေလာင္စြာထြက္လာေလသည္။ က်ယ္ေလာင္စြာ ထြက္လာတာလည္းမေျပာနဲ႔ မ်က္ႏွာကိုေဘာလံုးမွန္သည့္အျပင္ စက္ဘီးပါလဲသည္မို႔ နာက်က္မႈေရာေဒါသပါ အလံုးလိုက္ႁပြတ္သိပ္ကာ ဝင္လာေလသည္။
"ဟဲ့ ေသာက္ကေလးေတြ ဘယ္လိုေတာင္လုပ္လိုက္တာလဲ လူတစ္ေကာင္လံုးလာေနတာ မျမင္ဘူးလားဟမ္"
"မျမင္လို႔ေပါ့အန္တီရာ ျမင္မွေတာ့ အန္တီ့ကိုမွန္ေတာ့မလားဗ် ေဘာလံုးေလးမွန္တာကိုမ်ား ဆယ္ဘီးကားတတ္ႀကိတ္ခံရသလို ေအာ္ေနတယ္"
ငွက္သိုက္မေတာ့ သူမကိုအန္တီဟုေခၚၿပီး လာဆံုးမေနေသာ လက္ေတာက္ေလာက္ကိုၾကည့္ကာ ထသတ္ျခင္လာေလသည္။ ျပန္လုပ္ရင္လည္း ကေလးေတြကို အႏိုင့္က်င့္တယ္ျဖစ္ဦးမယ္။ ေသာက္လက္ေတာက္ေလာက္ ေလးေတြက ဒီလိုစြာေတးလန္ၿပီး ေသာက္ခ်ိဳးမေျပတဲ့ ဟာေလးေတြဆိုတာ မိဘေတြမသိၾက။
"နင္တို႔ကို ေခြးခ်ီးေပးေနတဲ့ ဖိနပ္နဲ႔ပါးတို႔ရင္ႀကိဳက္လား ဟမ္ ေခြးခ်ီးနင္းမွန္းမသိ ႏြားခ်ီးနင္းမွန္းမသိတဲ့ နင္တို႔ရဲ႔ေျခေထာက္တကာနဲ႔ ကန္ထားတဲ့ ေဘာလံုးေလ ၿပီးေတာ့ ဒူးပါျပဲေသးတယ္ နင္တို႔ဆိုရင္ေကာ ေပ်ာ္ေနမွာေပါ့ ဟုတ္လား ေအး! ငါေခြးခ်ီးလိုက္သုပ္ေပးမယ္ ေခြးေကာင္ေလးေတြ အ့!"
"ဟာ ေဟ့! ေမ့ငွက္သိုက္မဟုတ္လား ဘယ္ကဘယ္လို ငါတို႔ရပ္ကြက္ထဲ ေရာက္လာတာလဲ"
ေနာက္လွည့္ၾကည့္လိုက္ေတာ့ ထိုက္သစ္သစ္ဆန္းက သူမအနားေျပးလာကာ သူမကိုတြဲထူေပးသည္။ သို႔ေသာ္ျငား ေျခေထာက္က ႐ူးေလာက္ေအာင္ နာေနသည္မို႔ ထ၍မရေတာ့ေျခ။
"ဘယ္ကနင္တို္႔ရပ္ကြက္လဲ ဒါငါတို႔ရပ္ကြက္ပါဟ ေအာင္မေလးျဖည္းျဖည္းလုပ္ပါ ထိုက္သစ္ရာ နာ ထာ
ေသာက္ကေလးေတြ ေတြ႔လို႔ကေတာ့ေခြးခ်ီးနဲ႔ကို လိုက္တို႔မယ္"
ပါးစပ္ကလည္း ေပါက္ကရေတြေျပာေနတဲ့ ငွက္သိုက္ေၾကာင့္ ထိုက္သစ္ျပံဳးမိသည္။ ေဘာလံုးမွန္ထားသည့္ မ်က္ႏွာမွာ ေျမမႈန္႔ေတြေပေနၿပီး
ေခြၽးေတြကဟိုတစ္ကြက္ ဒီတစ္ကြက္ႏွင့္မို႔ ႂကြတ္စုတ္တစ္ေကာင္လို စုတ္ပဲ့လို႔။
"နင့္ထမီမွာေသြးေတြပါလား ျပၾကည့္ၾကည္ၾကည့္ေပးမယ္ ဒူးေနရာဆိုေတာ့ ဒူးေတာ္ေတာ္ထိသြားတာျဖစ္မယ္"
ငွက္သိုက္လည္း ကိုယ့္ဒူးကိုလွမ္းမကိုင္ႏိုင္သည္မို႔ ေခါင္းသာၿငိမ့္ျပလိုက္ေလသည္။
"ဟင္ နင့္မွာေျခသလံုးေမႊး႐ွိတယ္"
"ဟ့ ေျခသလံုးေမႊပဲ မိန္းကေလးျဖစ္ျဖစ္ေယာက္်ားေလးျဖစ္ျဖစ္ ႐ွိမွာေပါ့ဟ ေျခသလံုးေမႊး႐ွိတာစမ္းလား လ်ွာ႐ွည္လိုက္တာ ထိုက္သစ္ရယ္ အဲ့ထမီစကိုဒူးကေနခြာလိုက္စမ္းပါ ငါစပ္လို႔ေသေတာ့မယ္"
အေရးထဲ ထိုက္သစ္ကေျခသလံုးေမႊးကို ဆန္းစစ္ေနသည္မို႔ ငွက္သိုက္စိတ္တိုတိုႏွင့္ ပိတ္ေအာ္လိုက္ေလသည္။ တကယ္ပါပဲ။
"ေအးေအး လုပ္ၿပီ နာမယ္ေနာ္"
ဇာမဏီတစ္ေယာက္ ဖိနပ္ႀကိဳးခ်ီေနတုန္း မေထာ္မနန္းအသံေတြၾကားသည္မို႔ ျခံဳပုဒ္နားကပ္၍ ေက်ာခိုင္းကာ နားေထာင္ေနလိုက္ေလသည္။ သူငယ္ခ်င္းေတြ ေရာက္တုန္းေရာက္ခိုက္ အတြဲေခ်ာင္းသည့္ ဝါသနာလည္းပါသည္မို႔ ဖိနပ္ႀကိဳးခ်ည္ေနသလိုလိုနဲ႔ မသိမသာေခ်ာင္းနားေထာင္ ေနမိသည္။
"ရား တစ္လႈပ္လႈပ္လုပ္မေနနဲ႔ဟဲ့ လုပ္စရာ႐ွိတာ တစ္ဆံုးထိလုပ္လိုက္ ငါခံႏိုင္တယ္ လုပ္သာလုပ္"
oh shi* ေကာင္မေလးက စေကားၾကမ္းခ်က္ ဘယ္လိုေတာင္။ ဇာမဏီေတြးရင္း မ်က္လံုးေတြပါ ျပဴးလာေလသည္။ ေနခင္းႀကီး ေလ်ွာက္မေတြးရဘူး။
ထမီနဲ႔ကပ္ေနတာကို တစ္ခြာတည္း ဆြဲမခြာပဲ တို႔စိတို႔စိလုပ္ေနသည္မို႔ ငွက္သိုက္မွာ ဒူးကအသဲခိုက္ေအာင္နာလွသည္မို႔ စိတ္မ႐ွည္ေတာ့။
"အ့! အမေလး ေသပါၿပီ ေသပါၿပီ မႈတ္ဟဲ့မႈတ္ စပ္လို႔ေသပါၿပီဟဲ့! "
စြတ္ဆက္ေအာ္တဲ့အသံက ရင္းရင္းႏွီးႏွီးၾကားသလိုလိုရယ္ စိတ္ထဲမသိးမသန္႔။
"မႈတ္ေနပါၿပီ ေမ့ငွက္သိုက္ရာ"
နာမည္ၾကားၿပီး ဇာမဏီ့ေခါင္းထဲ ဒိန္းခနဲဝင္ေစာင့္ေတာ့သည္။ ေမ့ငွက္သိုက္ ေခြးမ လူျမင္ကြင္းမွာ ေခြးဇာတ္ခင္းေနတဲ့ ေခြးမိုက္မ!။
"ေမ့ငွက္သိုက္ ေခြးမ! ဒီေကာင္ဘယ္ကေကာင္လဲ ဟမ္"
ဇာမဏီက ထိုက္သစ္ကိုဆြဲမကာထိုးဖို႔ျပင္ေနသည္မို႔ ငွက္သိုက္မွာ ၾကားကေနဝင္တားေနရေလသည္။ သို႔ေသာ္ ဇာမဏီကလည္းေခသူမဟုတ္ ညီမကိုမထိေစဖို႔ ထိုက္သစ္ကို ထုေသာ္ျငား အလယ္ကေန ငွက္သိုက္က ဖ်တ္လို႔ဖ်တ္ဆီး။
"မဟုတ္ဘူး ကိုႀကီးခ်က္ ဒါ ဒါ ငွက္ေလးသူငယ္ခ်င္းပါ မလုပ္ပါနဲ႔ ကိုႀကီးခ်က္အထင္မလြဲပါနဲ႔"
"ဟိုေကာင္ လာခဲ့စမ္း!"
"ထိုက္သစ္ ေျပး ေျပး ငါရတယ္ နင္ေျပးေတာ့"
ဇာမဏီ့ေျခေထာက္ကိုဖက္ကာ ထိုက္သစ္ကိုေအာ္ေျပာေတာ့ ေျပးတာမ်ားေနာက္ေတာင္လွည့္မၾကည့္ေတာ့ေခ်။ ငွက္ေလးကေတာ့ သြားေလးၿဖီးကာက်န္ခဲ့ေလသည္။ ကိုယ့္ညီမပဲ သတ္ေတာ့ မသတ္ထလာက္ဖူးမလား။
ေလးစားလၽွက္
မယ္ေရႊဇြန္
Z&U
ဘမ်း!
"အားးးး! သေပါပြီ သေပါပြီဟဲ့"
ဂျိုင်း ဝုန်း ဒုန်း!
ငှက်သိုက်ရဲ့အသံက ထိုနေရာတွင် စူးခနဲကျယ်လောင်စွာထွက်လာလေသည်။ ကျယ်လောင်စွာ ထွက်လာတာလည်းမပြောနဲ့ မျက်နှာကိုဘောလုံးမှန်သည့်အပြင် စက်ဘီးပါလဲသည်မို့ နာကျက်မှုရောဒေါသပါ အလုံးလိုက်ပြွတ်သိပ်ကာ ဝင်လာလေသည်။
"ဟဲ့ သောက်ကလေးတွေ ဘယ်လိုတောင်လုပ်လိုက်တာလဲ လူတစ်ကောင်လုံးလာနေတာ မမြင်ဘူးလားဟမ်"
"မမြင်လို့ပေါ့အန်တီရာ မြင်မှတော့ အန်တီ့ကိုမှန်တော့မလားဗျ ဘောလုံးလေးမှန်တာကိုများ ဆယ်ဘီးကားတတ်ကြိတ်ခံရသလို အော်နေတယ်"
ငှက်သိုက်မတော့ သူမကိုအန်တီဟုခေါ်ပြီး လာဆုံးမနေသော လက်တောက်လောက်ကိုကြည့်ကာ ထသတ်ခြင်လာလေသည်။ ပြန်လုပ်ရင်လည်း ကလေးတွေကို အနိုင့်ကျင့်တယ်ဖြစ်ဦးမယ်။ သောက်လက်တောက်လောက် လေးတွေက ဒီလိုစွာတေးလန်ပြီး သောက်ချိုးမပြေတဲ့ ဟာလေးတွေဆိုတာ မိဘတွေမသိကြ။
"နင်တို့ကို ခွေးချီးပေးနေတဲ့ ဖိနပ်နဲ့ပါးတို့ရင်ကြိုက်လား ဟမ် ခွေးချီးနင်းမှန်းမသိ နွားချီးနင်းမှန်းမသိတဲ့ နင်တို့ရဲ့ခြေထောက်တကာနဲ့ ကန္ထားတဲ့ ဘောလုံးလေ ပြီးတော့ ဒူးပါပြဲသေးတယ် နင်တို့ဆိုရင်ကော ပျော်နေမှာပေါ့ ဟုတ္လား အေး! ငါခွေးချီးလိုက်သုပ်ပေးမယ် ခွေးကောင်လေးတွေ အ့!"
"ဟာ ဟေ့! မေ့ငှက်သိုက်မဟုတ်လား ဘယ္ကဘယ္လို ငါတို့ရပ်ကွက်ထဲ ရောက်လာတာလဲ"
နောက်လှည့်ကြည့်လိုက်တော့ ထိုက်သစ်သစ်ဆန်းက သူမအနားပြေးလာကာ သူမကိုတွဲထူပေးသည်။ သို့သော်ငြား ခြေထောက်က ရူးလောက်အောင် နာနေသည်မို့ ထ၍မရတော့ခြေ။
"ဘယ်ကနင်တို့်ရပ်ကွက်လဲ ဒါငါတို့ရပ်ကွက်ပါဟ အောင်မလေးဖြည်းဖြည်းလုပ်ပါ ထိုက်သစ်ရာ နာ ထာ
သောက်ကလေးတွေ တွေ့လို့ကတော့ခွေးချီးနဲ့ကို လိုက်တို့မယ်"
ပါးစပ်ကလည်း ပေါက်ကရတွေပြောနေတဲ့ ငှက်သိုက်ကြောင့် ထိုက်သစ်ပြုံးမိသည်။ ဘောလုံးမှန်ထားသည့် မျက်နှာမှာ မြေမှုန့်တွေပေနေပြီး
ချွေးတွေကဟိုတစ်ကွက် ဒီတစ်ကွက်နှင့်မို့ ကြွတ်စုတ်တစ်ကောင်လို စုတ်ပဲ့လို့။
"နင့်ထမီမှာသွေးတွေပါလား ပြကြည့်ကြည်ကြည့်ပေးမယ် ဒူးနေရာဆိုတော့ ဒူးတော်တော်ထိသွားတာဖြစ်မယ်"
ငှက်သိုက်လည်း ကိုယ့်ဒူးကိုလှမ်းမကိုင်နိုင်သည်မို့ ခေါင်းသာငြိမ့်ပြလိုက်လေသည်။
"ဟင် နင့်မှာခြေသလုံးမွှေးရှိတယ်"
"ဟ့ ခြေသလုံးမွှေပဲ မိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ် ရှိမှာပေါ့ဟ ခြေသလုံးမွှေးရှိတာစမ်းလား လျှာရှည်လိုက်တာ ထိုက်သစ်ရယ် အဲ့ထမီစကိုဒူးကနေခွာလိုက်စမ်းပါ ငါစပ်လို့သေတော့မယ်"
အေရးထဲ ထိုက်သစ်ကခြေသလုံးမွှေးကို ဆန်းစစ်နေသည်မို့ ငှက်သိုက်စိတ်တိုတိုနှင့် ပိတ်အော်လိုက်လေသည်။ တကယ်ပါပဲ။
"အေးအေး လုပ်ပြီ နာမယ်နော်"
ဇာမဏီတစ်ယောက် ဖိနပ်ကြိုးချီနေတုန်း မထော်မနန်းအသံတွေကြားသည်မို့ ခြုံပုဒ်နားကပ်၍ ကျောခိုင်းကာ နားထောင်နေလိုက်လေသည်။ သူငယ်ချင်းတွေ ရောက်တုန်းရောက်ခိုက် အတွဲချောင်းသည့် ဝါသနာလည်းပါသည်မို့ ဖိနပ်ကြိုးချည်နေသလိုလိုနဲ့ မသိမသာချောင်းနားထောင် နေမိသည်။
"ရား တစ်လှုပ်လှုပ်လုပ်မနေနဲ့ဟဲ့ လုပ်စရာရှိတာ တစ်ဆုံးထိလုပ်လိုက် ငါခံနိုင်တယ် လုပ်သာလုပ်"
oh shi* ကောင်မလေးက စကေားကြမ်းချက် ဘယ်လိုတောင်။ ဇာမဏီတွေးရင်း မျက်လုံးတွေပါ ပြူးလာလေသည်။ နေခင်းကြီး လျှောက်မတွေးရဘူး။
ထမီနဲ့ကပ်နေတာကို တစ်ခွာတည်း ဆြဲမခြာပဲ တို့စိတို့စိလုပ်နေသည်မို့ ငှက်သိုက်မှာ ဒူးကအသဲခိုက်အောင်နာလှသည်မို့ စိတ်မရှည်တော့။
"အ့! အမေလး သေပါပြီ သေပါပြီ မှုတ်ဟဲ့မှုတ် စပ်လို့သေပါပြီဟဲ့! "
စွတ်ဆက်အော်တဲ့အသံက ရင်းရင်းနှီးနှီးကြားသလိုလိုရယ် စိတ်ထဲမသိးမသန့်။
"မှုတ်နေပါပြီ မေ့ငှက်သိုက်ရာ"
နာမည်ကြားပြီး ဇာမဏီ့ခေါင်းထဲ ဒိန်းခနဲဝင်စောင့်တော့သည်။ မေ့ငှက်သိုက် ခွေးမ လူမြင်ကွင်းမှာ ခွေးဇာတ်ခင်းနေတဲ့ ခွေးမိုက်မ!။
"မေ့ငှက်သိုက် ခွေးမ! ဒီကောင်ဘယ်ကကောင်လဲ ဟမ်"
ဇာမဏီက ထိုက်သစ်ကိုဆွဲမကာထိုးဖို့ပြင်နေသည်မို့ ငှက်သိုက်မှာ ကြားကနေဝင်တားနေရလေသည်။ သို့သော် ဇာမဏီကလည်းခေသူမဟုတ် ညီမကိုမထိစေဖို့ ထိုက္သစ္ကို ထုသော်ငြား အလယ္ကေန ငွက္သိုက္က ဖျတ်လို့ဖျတ်ဆီး။
"မဟုတ္ဘူး ကိုကြီးချက် ဒါ ဒါ ငှက်လေးသူငယ်ချင်းပါ မလုပ်ပါနဲ့ ကိုကြီးချက်အထင်မလွဲပါနဲ့"
"ဟိုကောင် လာခဲ့စမ်း!"
"ထိုက်သစ် ပြေး ပြေး ငါရတယ် နင်ပြေးတော့"
ဇာမဏီ့ခြေထောက်ကိုဖက်ကာ ထိုက်သစ်ကိုအော်ပြောတော့ ပြေးတာများနောက်တောင်လှည့်မကြည့်တော့ချေ။ ငှက်လေးကတော့ သွားလေးဖြီးကာကျန်ခဲ့လေသည်။ ကိုယ့်ညီမပဲ သတ်တော့ မသတ္ထလာက္ဖူးမလား။
လေးစားလျှက်
မယ်ရွှေဇွန်