DO YOU

By Bo_Mo_Lan

148K 24.6K 3.3K

SOMEONE STOLE MY ATTENTION. More

Do You
Episode
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45

Part 27

2.4K 473 120
By Bo_Mo_Lan

ပျင်းရိဖွယ်ကောင်းသောတစ်နေ့တာ။
ပြတင်းပေါက်ကိုကျောပေးထားသော
ဒီထိုင်ခုံတွင်ထိုင်​၏။
ကျောနောက်က ပြတင်းပေါက်အပြင်ကို
အခေါက်တစ်ရာလှည့်ကြည့်ဖြစ်သည်။
ဗိုက်ဆာလာတယ်ထင်ရတဲ့အချိန်မှာ
ထမင်းလာပို့သည်။

ကြိုက်တယ်လို့ ခံစားရတဲ့
ဟင်းတွေမို့အကုန်စားဖြစ်သည်။

ထိုထိုင်ခုံမှာပြန်ထိုင်သည်။
ပြတင်းပေါက်ကိုလှည့်ကြည့်ဖြစ်သည်။

တစ်နေ့ထပ်တစ်နေ့ ဘာမှမလုပ်ရပဲ
အပိတ်ခံထားရသောအခါ
လူကလည်း ရူးချင်လာသည်

အိပ်ယာထဲကွေးနေတတ်တဲ့အကျင့်က
မရှိတဲ့အတွက် သူ့ရဲ့နေရာက အဲ့ဒီထိုင်ခုံပေါ်မှာပဲ။
​နေ့ရောက်လာတယ်။ညရောက်သွားပြန်တယ်။

Baekhyun သည် သူ့မျက်နှာတည့်တည့်သို့တိုးဝင်နေသော နေရောင်ခြည်ကို ခေါင်းတစ်ချက်စောင်းငှဲ့ကာ ကြည့်သည်။

​ရောင်ခြည်တွေကလတ်ဆတ်တယ်လို့
ခံစားရတာကြောင့်
သူသည်ထိုင်ရာမှထကာ
လိုက်ကာကိုဆွဲပိတ်ရန်မပြုခင်
ခြံထဲကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
သူ့နေရာနဲ့သူ စောင့်ကြပ်နေကြသော
သက်တော်စောင့်များကို မြင်လိုက်ရတဲ့အခါ
လိုက်ကာကိုဆွဲပိတ်လိုက်ပြီး
ထိုင်ခုံတွင်ပြန်ထိုင်လိုက်သည်။

ဒီအခန်းထဲတွင် cctv ရှိနေသည်။
သူသည် 24 နာရီစောင့်ကြည့်ခံနေရတာဖြစ်သည်။
တရုတ်နှင်းဆီပန်းတွေရှိတဲ့အခန်းကို
မျက်နှာချင်းတောင်မဆိုင်နဲ့လို့ parkchanyeol ပြောပြီးကတည်းက baekhyun သည်ဒီအခန်းထဲမှ
အပြင်သို့တစ်လှမ်းတောင်
ထွက်ခွင့်မရှိတော့ခြင်းဖြစ်သည်။

ထိုင်ခုံပေါ်က လက်နှစ်ဆစ်လောက်
သာကျန်တော့သော
ရေဘူးကိုမော့သောက်ဖြစ်သည်။

ဘာမှလုပ်စရာမရှိတော့တဲ့အဆုံးတွင်တော့
Baekhyun သည်
သူနေ့တိုင်းထုတ်ကြည့်နေကြဖြစ်သော
လူနှစ်ယောက်​၏ ဓာတ်ပုံကို
အံဆွဲထဲမှ ထုတ်ယူလိုက်ပြီးနောက်
ထိုင်ခုံကိုမှီကာ ပက်လက်လှန်ချပြီး
ထိုဓာတ်ပုံကိုမိုးပေါ်ထောင်၍ ကြည့်လိုက်​သည်

ခပ်ရေးရေးမြင်နေသော Parkchanyeol ရဲ့
ပါးချိုင့်တွေနဲ့ ဘေးက တစ်ယောက်​၏
နစ်ဝင်နေသော
ပါးချိုင့်နက်တွေ။

ဒီပုံကို မြင်တိုင်းဘာလို့ခေါင်းတွေ
ကိုက်လာရသနည်း။

မှောင်မိုက်နေသော အေးစက်စက် အဲ့ဒီညက
သူ့ဘေးတွင်ဒူးထောက်ထိုင်ချရင်း
ဝမ်းနည်းနေသော မျက်လုံးတွေနဲ့
ဝမ်းနည်းစရာမေးခွန်းတွေ
မေးခဲ့သူကို မြင်ယောင်လာမိသည်​။

ခပ်ရေးရေးမြင်ယောင်လာတဲ့ ပုံရိပ်ယောင်တိုင်းက
ဝိုးတဝါးပဲ။ဘာတစ်ခုမှရေရေရာရာမရှိသလို
မည်သည့်အရာကမှ မတိကျ။
ဒီအတိုင်းကျွန်တော့်ကို
ခေါင်းတွေသာကိုက်စေသည်။

ခေါင်းထဲကထုတ်ပစ်လိုက်လည်း ခဏပဲ။
ပြီးရင်အတွေးတွေထဲပြန်ရောက်လာတာပဲ။

အထူးသဖြင့် အဲ့ဒီ အရမ်းကိုနက်ရှိုင်းခဲ့တဲ့
ဆက်ဆံရေးတွေရှိခဲ့သလို ငေးကြည့်တတ်တဲ့ parkchanyeol တွေရဲ့မျက်လုံးတွေက
ပိုပြီးခေါင်းကိုက်စေသည်။

ထိုနေ့ညကလည်း ..

baekhyun သည် စိတ်ပျက်လက်ပျက်နဲ့ ဓာတ်ပုံကို ရှေ့ကခုံပေါ်ပြန်တင်ပြီး မျက်နှာကျက်ကိုသာ
မျက်နှာသေနဲ့မော့ကြည့်ဖြစ်သည်

" အဲ့ကောင်လေးက

တရုတ်နှင်းဆီပန်းတွေကို အရမ်းကြိုက်တယ် "

နားစည်ထဲသို့ပြတ်ပြတ်သားသားဟိန်းဝင်လာသော
စကားသံကြောင့် baekhyun မျက်လုံးတွေမှိတ်
ချလိုက်ရသည်။

အမှောင်ချထားသောအခန်းထဲက သေနေသော
ပန်းပင်တွေကိုမြင်ယောင်လာမိ​၏

အဖြူရောင် ပန်းပွင့်သေးသေးလေးတွေ ...

ခေါင်းအတွင်းထဲထိ
ထိုးကိုက်လာသော ဝေဒနာကြောင့် baekhyun သည်
နားနှစ်ဖက်လုံးကိုလက်နဲ့ပိတ်ကာ
ခေါင်းငုံ့ချထားမိသည်။

တွေးမိလေ နာကျင်ရလေပဲ။
ဆက်တွေးမိလေလေ သူနာကျင်ရလေပဲ

အတိတ်တွေ​၏ တစ်စွန်းတစ်စတိုင်းက
နာကျင်နေခဲ့ရသလိုပဲ

ဘာကြောင့်လဲ

သူဟာ အတိတ်မှာ ဒီအခြေအနေထပ်
ဆိုးရွားတဲ့ဘဝကိုရင်ဆိုင်ခဲ့ရတာလား။

ဒီထပ်ပိုပြီးတော့ လေ ..?

သက်ပြင်းတစ်ချက်သာချမိသည်

အပြင်မှာကျနေတဲ့နှင်းတွေလို
ပျောက်ကွယ်သွားလိုက်ချင်တော့သည်။

တစ်ရက်

နှစ်ရက်

တစ်ပတ် ..

သည်းမခံနိူင်တော့ပါ

ရှစ်ရက် ...

ဆယ်ရက်

၂ ပတ်မြောက်တွင်တော့ Baekhyun သည်
နေ့လည်စာ ထမင်းလာပို့မည့်အချိန်တွင်
အခန်းတံခါးနားမှာရပ်စောင့်နေဖြစ်သည်။

baekhyunရှိနေတဲ့အခန်းကို
သော့ခတ်ပိတ်ထားတာမျိုးမဟုတ်သော်လည်း တံခါးအပြင်မှာသက်တော်စောင့်တွေ
သေချာစောင့်ကြပ်နေကြတာကြောင့်
သူဘယ်မှသွားလို့မရပါ

စိတ်ကလောနေတာကြောင့်
တံခါးနားတွင်
ဟိုလျှောက် ဒီလျှောက်နဲ့သာ ထမင်းလာပို့သူကို
စောင့်ရင်း နောက်ဆုံးတော့တံခါးခေါက်သံကြားရပြီ

ထိုတော့မှ baekhyun ချက်ချင်း
တံခါးကိုဆွဲဖွင့်လိုက်သည်။
ထင်ထားတဲ့အတိုင်းပဲ ထမင်းလာပို့သူဟာ
အိမ်တော်ထိန်းဖြစ်ပြီး
ယူလာတဲ့ ထမင်းပန်းကန်တွေကို
သက်တော်စောင့်တစ်ယောက်ကိုပေးခဲ့၍
ပြန်လှည့်ထွက်သွားတာ
လှေကားထိပ်အထိရောက်နေပြီမို့
baekhyun လှမ်းခေါ်လိုက်ရသည်။

" ဦးလေး "

ချက်ချင်းလှည့်ကြည့်လာသည့် အိမ်တော်ထိန်းသည်
Baekhyun ကိုမြင်လိုက်တဲ့အခါ
ခေါင်းငုံ့အရိုအသေပေးသည်။

baekhyun သည်မျက်ခုံးတွေကို
အစွမ်းကုန်တွန့်ချိုးထားပြီး
စိတ်အလိုမကျသည့်ဟန်နဲ့မေးမိသည်

" parkchanyeol ဘယ်မှာလဲ "

" Boss စံအိမ်မှာမရှိပါဘူး "

" ရှိရှိမရှိရှိ
ဘာလုပ်မှာလဲ
ဘာမှမပြောပဲ လူကိုပိတ်ထားတာ
၁ လနီးပါးရှိနေပြီ "

" boss ကဘယ်မှမသွားရဘူးလို့ အမိန့်ပေးထားလို့ပါ လူကြီးမင်း"

" အဲ့ Boss boss
အဲ့တာကြောင့် အဲ့ကောင်ဘယ်မှာလဲလို့ "

" ကျွန်တော်တို့လည်းမသိပါဘူး "

baekhyun သည်
ကျွတ်တစ်ချက်စုတ်ကာ
ဘာမှမရှိတဲ့လေဟာနယ်ကို
အားအကုန်ကန်ပစ်မိသည်။

ဘာလို့ ဒီအိမ်ကလူတွေအားလုံး
စိတ်ပျက်စရာကောင်းနေတာလဲမသိဘူး။
စိတ်ကိုရအောင်လျော့တာတောင်
သည်းမခံနိူင်တော့တဲ့အတိုင်းအတာမို့
baekhyun ဒေါသတွေသာ ထွက်မိသည်။

ပြင်းထန်နေသော အသက်ရှုသံတွေကို
ထိန်းရင်း baekhyun သည် အိမ်တော်ထိန်းရှိရာ
လှည့်ပြောလိုက်သည်

" parkchanyeol ကို ကျွန်တော့်လာခဲ့ဖို့
ဆက်သွယ်ပေး"

အိမ်တော်ထိန်းသည် baekhyun ​၏စကားကိုကြားလိုက်တဲ့အခါ တစ်ချက်လှမ်းကြည့်သည်။
ထိုအကြည့်သည် မသိလျှင် သူ့ဆီကဒီစကားကြားရဖို့ မမျှော်လင့်ထားတဲ့ပုံစံမျိုးဖြစ်သည်။

" ပြောလိုက်ပါ့မယ် "

အိမ်တော်ထိန်း​၏အပြုံးရေးရေးနဲ့တုံ့ပြန်မှုကြောင့်
baekhyun သည် ဘာမှပြန်မပြောတော့ပဲ
အခန်းထဲပြန်ဝင်လာလိုက်သည်။

ဘာမှစားချင်စိတ်မရှိတာကြောင့်
လာပို့တဲ့နေ့လည်စာကို စားပွဲပေါ်တင်ထားပြီး
ထိုင်နေဖြစ်သည်

ဒီအတိုင်းဆက်သွားလို့ မဖြစ်နိူင်တာသိတဲ့အတွက်
လွတ်လမ်းတစ်ခုခုရှာရမည်

ထွက်ပြေးလို့မရတာသိသည်။
parkchanyeol လက်ထဲကနေ လုံးဝထွက်ပြေးလို့
မရတဲ့အတွက် နောက်ဆုံးကျန်တဲ့နည်းလမ်းက
တိုက်ရိုက်တွေ့ဖို့ပဲ။

မျက်နှာချင်းဆိုင် တောင်းဆိုကြည့်ရမယ်

တောင်းဆိုကြည့်မှဖြစ်မယ်
ဒီအတိုင်းတော့ လုံးဝဆက်မနေနိူင်တော့ပါ။
ကျွန်တော်တကယ် လွတ်လပ်ချင်တယ်

ထိုင်ခုံတွင်ကျောက်ချထိုင်ရင်း
အတွေးမျိုးစုံ တွေးနေမိရင်းမှ
နေရောင်ခြည်က မျက်စိရှေ့မှာတင်
အရောင်မှိန်ကျသွားခဲ့သည်။

ညနေပိုင်းသို့ရောက်ရှိပြီး
ညအချိန်သို့ပင်ကူးပြောင်းတော့မည်။

သူပြောခိုင်းလိုက်တဲ့စကားကရော
parkchanyeol ဆီရောက်ပါ့မလား ဆိုတဲ့စိတ်နဲ့
သက်ပြင်းတွေသာချမိသည်

​ပတ်ဝန်းကျင်မှောင်လာတဲ့အခါ ခြံထဲတွင်
လမ်းမီးတိုင်များလင်းလာတာကို
Baekhyun မြင်နေရ​၏။

တိုက်ခတ်လာသော လေပြေတွေကိုမျက်လုံးမှိတ်
ကာခံစားရင်း Baekhyun သည် အိပ်မောကျသွားခဲ့သည်။

မည်သူထင်ထားမည်နည်း။

baekhyun မျက်လုံးတွေပြန်ဖွင့်လာတဲ့အခါ
မနက်မိုးလင်းသွားပြီဖြစ်သည်။

သူညက အိပ်ပျော်သွားတာဖြစ်လိမ့်မည်။

" ဒေါက် ဒေါက် "

တံခါးခေါက်သံကြားတာကြောင့်နောက်လှည့်ကြည့်တဲ့အခါ
အခန်းထဲဝင်လာသူက
အမြဲတမ်း သူ့ကိုလာကြည့်နေကြဖြစ်တဲ့
သက်တော်စောင့်ဖြစ်သည်။

Baekhyun သည် သက်ပြင်းချကာ
ရှေ့သို့ပြန်လှည့်ထိုင်ချလိုက်သည်။
နောက်တစ်ရက်ထပ်ကူးသွားပြန်ပြီ။

ဘယ်အချိန်အထိ ဒီအတိုင်းနေရမှာလဲ။

သူ့အခန်းထဲကိုဝင်လာတဲ့သက်တော်စောင့်တိုင်း။
အိမ်တော်ထိန်းကို မြင်လိုက်တိုင်း
parkchanyeol ကိုသူ့ဆီလာခဲ့ရန်ပြောရတာ
အကြိမ်ပေါင်းတစ်ထောင်မကတော့ပါ။

သို့သော် နေ့ရက်တွေသာ ထပ်မံကုန်ဆုံးလာခဲ့တယ်
parkchanyeol ​၏အရိပ်တောင်မမြင်ခဲ့ရ။

တမင်မလာတာလား။
သူပြောတဲ့စကားတွေက ထိုလူထံမရောက်တာလား။
စိတ်ရှည်ရှည်နဲ့စောင့်လည်း မလာသလို
အိမ်တော်ထိန်းကို မေးကြည့်ရင်လည်း
ကျွန်တော် boss ကိုပြောထားပါတယ်ဆိုတဲ့
စကားမှလွဲ၍ တခြားအရာမရှိ။

သည်းခံနိူင်စွမ်းက နောက်ဆုံးအဆင့်အထိ
ရောက်သွားအချိန်တွင်တော့ baekhyun သည်
မိုင်ကုန်သွားပြီဖြစ်ပါသည်။

" ညစာ လာပို့တာပါ "

အခန်းတံခါးခေါက်ကာ ဝင်လာသော
သက်တော်စောင့်သည်
ထမင်းပန်းကန်ကို စားပွဲခုံပေါ်တင်ပေးပြီးနောက်
ပြန်လည်ထွက်ခွာသွားသည်။

Baekhyun သည်သူထိုင်နေကျထိုင်ခုံမှာထိုင်၍
သက်တော်စောင့်လုပ်သမျှကို
ထိုင်ကြည့်နေ​၏။
စိတ်ဓာတ်ကျတာထပ် အလွန်မွန်းကြပ်နေသော
ခံစားချက်တွေကြောင့် Baekhyun ​၏
မျက်နှာတွေချောင်ကျနေသည်။
နေ့ရောက်ပြီ ညရောက်ပြီဆိုတာမှလွဲ၍
လောကကြီးနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်
သွားအောင် အပိတ်ခံထားရတာ ၁ လနီးပါးရှိသွားပြီဖြစ်သည်

baekhyun မျက်နှာသည် အမူအရာနတ္ထိ။
အလွန်အေးစက်သော မျက်လုံးသေများနဲ့
လာပို့ထားသော ထမင်းပန်းကန်ကိုလှမ်းကြည့်နေသည်။

ထို့နောက်တွင် ထိုင်ခုံပေါ်မှထလာကာ
ထမင်းတင်ထားသော
စားပွဲခုံနားကိုတစ်လှမ်းခြင်းလျှောက်လာ​သည်။
ဇွန်းနဲ့ခရင်း စီစီရီရီချထားပေးသော
ထမင်းပန်းကန်ကို baekhyun လှန်ချပစ်လိုက်သည်
တစ်စစီလွင့်ထွက်ကုန်သော ထမင်းဟင်းများနဲ့အတူ
ကျယ်လောင်သောပန်းကန်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့​၏။

Baekhyun သည် ပန်းကန်ကွဲစတစ်ခုကို
ကောက်ယူကာာ အခန်းတံခါးရှိရာကို လှည့်ကြည့်လိုက်သည်။ထို့နောက် cctv ရှိရာကို
လှမ်းကြည့်သည်။

​ခက်ထန်အေးစက်နေသော baekhyun ​၏မျက်လုံးများသည် ဆုံးဖြတ်ချက်တစ်ခုချလိုက်သလို
ပြတ်ပြတ်သားသား။

အခန်းတံခါးရှိရာလျှောက်သွားပြီး
တံခါးကိုလော့ချပစ်လိုက်သည်။

တင်းကျပ်နေအောင်ဆုပ်ကိုင်ထားသော
လက်သီးဆုပ်ထဲမှာရှိနေတဲ့
ပန်းကန်ကြွေပြားအစိတ်အပိုင်းသည်
လက်ဖဝါးတွေထဲကိုစိုက်ဝင်ကာ
သွေးနီနီတွေစိမ့်ထွက်နေပြီ။

သို့သော် baekhyun မျက်နှာတွင်နာကျင်မှုမရှိ။
ခံစားချက်မရှိတော့သည် မျက်နှာခပ်ဖျော့ဖျော့က
အခုအချိန်တွင်တော့
အတန်ငယ်ကြောက်စရာကောင်းနေသည်။
baekhyun သည် အခန်းထောင့်က cctv ရှေ့တွင်
ခြေစုံရပ်ကာ cctv ကိုမော့ကြည့်သည်။
လူသတ်ချင်စိတ်ပေါက်နေသူတစ်ယောက်လိုသေနေသော မျက်လုံးတွေက
ကျောချမ်းစရာကောင်းလွန်းသည်။

3 မိနစ်လောက်ငြိမ်သက်စွာ
ရပ်ကြည့်နေပြီးနောက်တွင်

ဝုန်း !!!!! ခနဲအခန်းတံခါးထုသံကြီးကိုကြားလိုက်ရသည်။

" တံခါးဖွင့် !!!
လူကြီးမင်း !!!! တံခါးဖွင့် !! "

တံခါးအပြင်ဘက်က
ဆူညံနေတဲ့အသံပေါင်းစုံကိုကြားရပုံထောက်ရင်
parkchanyeol cctv ကိုကြည့်နေတယ်နေမယ်

အတော်ပဲ။

အရမ်းမိုက်တဲ့မြင်ကွင်းတစ်ခု ဖန်တီးပေးမယ်

baekhyun သည် cctv ကိုမော့ကြည့်နေရာမှ
ချက်ချင်း သူ့​၏ဘယ်ဘက်လက်ကောက်ဝတ်ကို
ကိုင်ထားသော ကြွေပြားစနဲ့ လှီးဖြတ်ပစ်လိုက်သည်။

ဖြန်းခနဲစိမ့်ထွက်လာသော သွေးတို့
ကြမ်းပြင်ရှိရာကို အဆက်မပြတ်ကျဆင်းလာ​၏။

baekhyun သည် cctv ကို ရုပ်သေနဲ့
ပြန်လှမ်းကြည့်သည်။ထို့နောက်တွင်
ထိုဓားနဲ့အလှီးခံထားရသော
လက်ကောက်ဝတ်အပေါ် ကြွေပြားစ​၏ချွန်နေသော ထိပ်နဲ့ ထိုးချလိုက်သည်။
နာကျင်မှုကြောင့် ဖြစ်သွားသော
မျက်နှာအမူအရာတွင် မဲ့ပြုံးတစ်ခုကလွဲ၍အခြားအရာမရှိ။

သွေးတွေအဆက်မပြတ်
ကျဆင်းနေသောလက်ကောက်ဝတ်ကိုငုံကြည့်ရင်း baekhyun ရယ်သည်။သို့သော် cctv ကို
ပြန်လည်မော့ကြည့်လိုက်သော
Baekhyun မျက်နှာကတော့
​ရေခဲတုံးပမာ အေးစက်နေလျက်ရှိသည်။

" Byun baekhyunnnnn !!!! "

ဟိန်းထွက်လာသည့်ကျယ်လောင်သော
အသံသည်
တံခါးအပြင်ဘက်က ဖြစ်သည်။
အခုမှ သူကြားချင်နေတဲ့
လူရဲ့အသံကိုကြားရတော့တာပဲ။

သူတွေးထားသလိုပဲ
Parkchanyeol က ဒီစံအိမ်ထဲမှာ ရှိနေတာ။

ဝုန်း !!!!!

တံခါးထုသံပင်မဟုတ်တော့ပါ
တစ်စုံတစ်ယောက်က တံခါးကို
ခြေထောက်နဲ့ကန်တာဖြစ်စေ။
သို့မဟုတ် ကိုယ်လုံးနဲ့
အရှိန်ပြင်းပြင်းတိုက်ဖွင့်နေတာမျိုး ဖြစ်နိူင်သည်။

ဝုန်းခနဲ အသံအကျယ်ကြီးနောက်တွင်
အခန်းတံခါးသည် သူ့အလိုလိုပွင့်ထွက်သွားခဲ့သည်။

ကြမ်းပြင်ပေါ် အသံအကျယ်ကြီး
ပြုတ်ကျသွားသော
တံခါးချပ်​၏နောက်တွင်ပေါ်လာတာက
Parkchanyeol ​၏ အသက်ရှုသံတွေပြင်းနေသော
ပုံရိပ်ဖြစ်သည်​။
ဒေါသတွေလား စိုးရိမ်မှုတွေလား
မသဲကွဲသောမျက်နှာဟာ နီရဲနေပြီး
ကြောက်စရာကောင်းသော မျက်လုံးအိမ်တွေထဲ
မျက်ရည်စသေးသေးလေးတွေကိုမြင်နေရသည်။

baekhyun သည် chanyeol ကိုကြည့်ကာ ပြုံးသည်။
နှုတ်ခမ်းတစ်ဖက်တွန့်ကွေးရုံ လောကကြီးကို
အရွဲ့တိုက်သည့် အပြုံးသက်သက်သာဖြစ်သည်။

" ဒီလိုကျတော့ ရောက်လာသားပဲ "

Chanyeol သည် baekhyun ​၏
လက်ကောက်ဝတ်ကိုလှမ်းကြည့်သည်။
Chanyeol ​၏ရင်ဘတ်များနိမ့်ချည်မြင့်ချည်။
အလွန်တုန်လှုပ်နေသော မျက်လုံးအိမ်များထဲတွင်
အရည်ကြည်များ တစ်ဖြည်းဖြည်းပြည့်လျံလာတာကို baekhyun မြင်နေရ​၏။

chanyeol သည် baekhyun ရှိရာကို
လျှောက်လာသည်။

" ငါ့အနားကိုလာရင် သတ်ပစ်မှာ "

​baekhyun ​၏စကားကိုဂရုမစိုက်။
ခြေလှမ်းတွေကိုသာ အရှိန်မြင့်​၏။

" တကယ် သတ်ပစ်မှာ "

baekhyun သည်တောက်လောင်နေသော
ဒေါသကြောင့် သူ့အရှေ့သို့ရောက်လာပြီဖြစ်တဲ့
parkchanyeol အား လက်ထဲက ကြွေပြားစနဲ့
အားအကုန်ထိုးလိုက်ရန် ရွယ်လိုက်ပေမယ့်
chanyeol သည် baekhyun အား
သူ့ရဲ့ရင်ခွင်ထဲသို့ ဆွဲသိမ်းဖက်ပစ်လိုက်သည်။
အလွန်ပြင်းထန်သောအားအင်ကြောင့်
baekhyun သည်chanyeol ​၏လက်ထဲ
ပါသွားရုံပင်မတတ်နိူင်လိုက်။
chanyeol ​၏လက်တစ်ဖက်သည်
ကြွေပြားစကိုကိုင်ထားသော
baekhyun ​၏လက်ဖဝါးကို
လှမ်း၍ ဆုပ်ကိုင်လိုက်​၏။
အသားတွေထဲနစ်ဝင်တဲ့အထိ
အားပါပါဆုပ်ကိုင်ထားသော
ကြွေပြားစကို Baekhyun ​၏
လက်ထဲမှအတင်းဆွဲယူကာ လွှင့်ပစ်လိုက်သည်။

" တောက် !!!! "

Chanyeol ​၏တောက်ခေါက်သံထဲ
ဒေါသကိုလွှမ်းမိုးထားသည့် စိုးရိမ်မှုများကိုသာ
ခံစားရသည်။
ပြင်းထန်သော
အသက်ရှုသံများကိုမျက်နှာအပ်ထားသော
ရင်ဘတ်အတွင်းမှ
ကြားနေရသည်။
chanyeol သည် baekhyun ​၏
ဖန်ကွဲစဒဏ်ရာကြောင့်
သွေးများစိမ့်ထွက်နေသော
လက်ဖဝါးကိုလွတ်ထွက်သွားမှာစိုးရိမ်သည့်အလား
အလွန်တင်းကျပ်စွာဆုပ်ကိုင်ထား​၏။

" ရူးသွားတာလား

လက်ကောက်ဝတ်ကိုဘာထင်နေလဲ
ရူးသွားတာလား "

baekhyun ကိုရင်ခွင်ထဲသို့နစ်ဝင်နေအောင်
တိုးဖက်လိုက်သောchanyeol ​၏
အပြုအမူဟာ
ကြမ်းတမ်းပေမယ့်
ခပ်တိုးတိုးရေရွတ်နေသောစကားသံများသည်
baekhyun ပင်သေချာမကြားရတဲ့အထိ
တိုးညင်းလွန်းလှသည်။

chanyeol ​၏အသံသည်
baekhyun တစ်ခုခုဖြစ်သွားမှာကို
အလွန်ကြောက်ရွံ့နေသည့်အလား
တသိမ့်သိမ့်တုန်ခါနေသည်။

Baekhyun သည် parkchanyeol ​၏
မမျှော်လင့်ထားသော တုန့်ပြန်မှုကြောင့်
​ပြောမယ်ပြင်ထားသည့်
စကားတွေပင်ခေတ္တမေ့ပျောက်သွားမိ​၏။

တကယ်တော့ ဒီလိုအခြေအနေမျိုးလောက်
လုပ်ချပေးလိုက်ရင် parkchanyeol တစ်ခါလောက်တော့ လာကြည့်လောက်မှာပဲဆိုတဲ့
အတွေးသာရှိခဲ့သည်။

ဒီလိုမျိုး သူ့အတွက်အလွန်စိုးရိမ်စွာဝဲတတ်လာသော
မျက်ဝန်းများနဲ့ သူ့ကို ထွေးပွေ့ထားသည့် တုန်ယင်နေသော parkchanyeol ​၏ ရင်ဘတ်တွေ။
ဒါဟာ ဘယ်လိုအခိုက်အတန့်မျိုးဖြစ်ပါသလဲ။

လက်ကောက်ဝတ်​၏အရှိန်ကြောင့်
ခေါင်းအနည်းငယ်ကိုက်လာပေမယ့်
ခံစားရသောနွေးထွေးမှုကို
မရပ်တန့်စေချင်သည့်အတွက်
ဘလူးဘယ်ရီအနံ့သင်းသော
ရင်ခွင်ထဲကို သူ့ကိုယ်သူတောင်မသိလိုက်ပါပဲ အသိစိတ်လွတ်စွာ တိုးဝင်မိသည်။

မျက်လုံးတွေစုံမှိတ်ထားရာမှ
လောကကြီးက သူနဲ့ဝေးကွာလာသလိုခံစားရ​၏။
Baekhyun သည် မိုက်ခနဲပြိုကျသွားသည်။
အသင့်လှမ်းဖမ်းပေးမည့်ရင်ခွင်ထဲကို
​လဲကျသွားသော ခန္ဓာကိုယ်က
လုံခြုံသွားပြီလို့ ဘာကြောင့်ခံစားရသနည်း။

လုံးဝသတိလစ်သွားမျိုးမဟုတ်တာကြောင့်
baekhyun အသိရှိနေသေးသည်။
ကုတင်ပေါ်ကို သူ့အားခပ်ဖြည်းဖြည်းလှဲစေတဲ့
Parkchanyeol ဟာ သေချာငုံ့ကြည့်ရင်း
တစ်စုံတစ်ရာကိုပြောနေသည်။
baekhyun သည်ကြားတစ်ချက် မကြားတစ်ချက်။
ခပ်ဝါးဝါးသာမြင်နေရသော အမြင်အာရုံထဲမှာ
parkchanyeol ကမ္ဘာပျက်နေတာကို
သိသော်လည်း အရာအားလုံးသည်
ရေးတေးတေးလေးသာဖြစ်သည်။

အမှောင်ထုဘက်ကို
ရောက်ရှိလာသော စိတ်အာရုံတွေထဲ
သူ့ရဲ့လက်ကိုတစ်စုံတစ်ယောက်က
ဆုပ်ကိုင်ထားတာကိုခံစားနေရသည်။

မျက်လုံးဖွင့်ကြည့်ချင်ပေမယ့်
​စိတ်သွားတိုင်းကိုယ်ကမရ။
နိူးနေပေမယ့် မထနိူင်တာမျိုး။
တစ်ကိုယ်လုံးက သွေးတွေဆုပ်ယူခံထားရသကဲ့သို့
အားနည်းနေသလိုခံစားရပြီး
​နုံးချိနေသည်။

မျက်လုံးတွေကိုခေတ္တပြန်မှိတ်ထားပြီးနောက်
နာရီပိုင်း အနည်းငယ်အကြာတွင်
baekhyun ပြန်လည်နိူးထလာခဲ့သည်။

ဒီတစ်ခါတွင်တော့ သူမျက်လုံးဖွင့်ကြည့်လို့ရပြီ
ဖြစ်သည်။သူ့လက်တွေကိုဆုပ်ကိုင်ထားတာ
မည်သူလဲဆိုတဲ့စိတ်နဲ့ လှမ်းကြည့်လိုက်တဲ့အခါ
ကုတင်ပေါ်တွင်ခေါင်းတင်ပြီးအိပ်ပျော်နေသော parkchanyeol ​၏မျက်နှာကိုမြင်လိုက်ရ​သည်။
လက်နှစ်ဖက်လုံးနဲ့ baekhyun ​၏
လက်ဖဝါးကိုအပေါ်အောက်ဆုပ်ကိုင်ထားပြီး
အိပ်ပျော်နေလျက်ရှိသည်။

သတိလစ်ပြီးနိူးထလာရတဲ့အချိန်တွေက
ဟိုးအရင်ကတည်းက
နေ့တိုင်းနီးပါးပဲမို့ baekhyun အတွက် မထူးခြားပါ​
အိမ်ထဲမှာ တစ်ယောက်တည်း
သတိလစ်ရင်းသုံးရက်လောက်ကျော်သွားတာမျိုးတွေလည်းရှိခဲ့ဖူးသည်။
ပြန်နိူးလာရင်လည်း ဘာမှမဖြစ်သလို
ဆေးတစ်လုံးဝယ်သောက်ပြီး
ဟိုသွားဒီသွားနဲ့ အခြေအနေတွေကြားမှာ
သက်သောင့်သက်သာရှင်သန်လာခဲ့ဖူး​၏။

သို့သော် ဒီလူနဲ့စတွေ့ကတည်းက
အမြဲနေသားကျသော ဘဝကြီးက
နေရခက်လာခဲ့သည်။မျက်လုံးဖွင့်ကြည့်တိုင်း
မျက်နှာကျက်ပဲ ရှိနေတဲ့ သူ့အနားမှာ
အခု အမြဲဒီလူရှိနေသည်။

နာကျင်စွာမေ့မြောသွားရသည့်
အချိန်များကိုကျော်ဖြတ်ပြီး
နိူးထလာရတဲ့အချိန်တိုင်း သူ့ရဲ့ဘေးမှာ
ဒီလူကိုမြင်ရသည်။

လစ်လျူရှုထားလည်း
မရင်းနှီးသော နွေးထွေးမှုသဲ့သဲ့ကို
ဒီအေးစက်နေတဲ့လူထံမှာ
ခံစားရတာကို ဝန်ခံရလိမ့်မည်။

baekhyun သည် Chanyeol ကို
အတန်ကြာငေးကြည့်နေမိပြီးနောက်
မျက်နှာချင်းဆိုင်က
မျက်နှာကျက်ကြီးကို
သက်ပြင်းချကာမော့ကြည့်မိသည်​။

စိုးရိမ်မှုကြောင့်မျက်ရည်တွေဝဲတတ်လာသောparkchanyeol ​၏
တုန်လှုပ်နေသည့်မျက်နှာကိုမြင်ယောင်လာမိသည်။

နက်နက်ရှိုင်းရှိုင်းအနမ်းခံခဲ့ရသော ညတစ်ညကို
ပြန်တွေးကြည့်မိတဲ့အခါ
baekhyun မျက်လုံးတွေပြန်မှိတ်လိုက်မိသည်။

" လေပြေညင်းတွေကမင်းကို မင်းချစ်ရတဲ့လူဆီ ခေါ်ဆောင်သွားလိမ့်မယ် "

တစ်ခုထဲသော မှတ်မိနေတဲ့မှတ်ဉာဏ်က
parkchanyeol နဲ့ပတ်သက်နေတယ်ဆိုတဲ့
ကိစ္စရပ်အပေါ်မှာ Baekhyun အခုထိ
တစ်ချိန်လုံးတွေးနေမိတဲ့အရာသည်
သူ့ဘက်က parkchanyeol အပေါ်
မည်သည့်ခံစားချက်မျိုးရှိခဲ့ပါသလဲ
ဆိုတာပဲဖြစ်သည်။

အဲ့ဒီစကားက ဘာမို့လို့လဲ
အဲ့ဒီအခိုက်အတန့်မှာ ချယ်ရီပင်တွေအောက်က
သူ့ကို ငုံ့ကြည့်နေတဲ့လူက
တကယ်parkchanyeol သာ
ဖြစ်ခဲ့မယ်ဆိုရင်
အဲ့ဒီအခိုက်အတန့်က ဘာမို့လို့လဲ။

ဘာတွေအရေးပါနေလို့
သူ့ဦးနှောက်တစ်ခုလုံးကအဲ့တစ်ခုကိုပဲ
မှတ်မိတာလဲ​

ဘာကြောင့်လဲ​။

အဖြေကိုသိနိူင်လောက်မှာ
အခုသူ့ဘေးမှာရှိနေတဲ့တစ်ယောက်ဖြစ်ပေမယ့်
ဘာမှမေးလို့မရတာ
တော်တော်ဆိုးဆိုးမွန်းကြပ်စေသည်။

ကိုယ့်ကိုယ်ကိုယ်လည်းဝေခွဲမရဖြစ်ရသည်။
ကျွန်တော်ဟာ အဲ့ဒီအတိတ်တွေဆီက
ထွက်ပြေးချင်တာလား။
ပြန်လှည့်ကြည့်ချင်မိတာလား။

မျက်လုံးတွေမှိတ်ထားရင်း အတွေးများနေတဲ့
Baekhyun ​၏ နဖူးပြင်ပေါ်ကျယ်ပြန့်နွေးထွေးသော
လက်ဖဝါးတစ်ခုထိကပ်လာသည်။

" ကိုယ်ပူကျသွားပြီ "

ရေရွတ်သံတိုးတိုးကိုကြားရသည်။
ကြည့်ရတာ parkchanyeol သည်
သူအိပ်ပျော်နေတုန်းလို့ထင်တာဖြစ်လောက်မည်။

စောင်အပြင်ဘက်ရောက်နေတာကြောင့်
အေးနေတယ်လို့ခံစားရတဲ့ သူ့လက်ချောင်းများ
နွေးနွေးထွေးထွေးဆုပ်ကိုင်ခံလိုက်ရသည်။

ထို့နောက်တွင် နွေးခနဲဖြစ်သွားရတဲ့ နဖူးပြင်။

ဒီကောင် ခိုးနမ်းပြန်ပြီ

ပါးပြင်ပေါ် ခပ်ဖွဖွထိတွေ့လာသော
လက်ချောင်းများကို ခံစားမိတဲ့အချိန်တွင်တော့
baekhyun ​၏အသက်ရှုသံအနည်းငယ်
ငြိမ်သက်သွားခဲ့သည်။

" ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်တတ်တဲ့
အကျင့်ကို ဘယ်ကောင့်ဆီကတတ်လာတာလဲ "

ပါးပြင်ကို ခပ်ပွပွထိရင်း chanyeol
သူ့ဘာသာသာသူပြောနေသည်။
လေသံရှိုက်ရှိုက်သာကြားရသော
​အသံမျိုးဖြစ်ပေမယ့် baekhyun နားထဲမှာ
ပြတ်ပြတ်သားသားကျယ်လောင်နေ​သည်။
မှန်းကြည့်သလောက်တော့
chanyeol သူ့ကိုငုံ့ကြည့်နေတာဖြစ်လောက်မည်။

" ချော်လဲရင်တောင် သေအောင်နာတတ်တဲ့သူက
တစ်ကိုယ်လုံးဒဏ်ရာတွေချည်းပဲ "

chanyeol ​၏သက်ပြင်းချသံတစ်ခုကို
ကြားလိုက်ရ​​၏။

" ဒီအတိုင်း ငါ့အရိပ်အောက်မှာ
အေးအေးဆေးဆေးနေပေးရင်ကောင်းမယ် "

" Boss, Doctor ရောက်လာပါပြီ "

အနောက်က အိမ်တော်ထိန်း​၏စကားကိုကြားတဲ့အခါ chanyeol သည် ထိုင်ရာမှထပြီး
ပါးပြင်ပေါ်က လက်တွေကိုရုတ်သိမ်းသွားသည်။

ဆုပ်ကိုင်ထားသော လက်တွေကို
chanyeol ခေတ္တလွှတ်ချသွားတဲ့အခါ
Baekhyun သည် မသိသာသည့်
အေးစက်မှုတစ်ခုကိုခံစားလိုက်ရ​သည်။

အမှတ်မထင်ကြားလိုက်ရသောစကားတွေကြောင့်
ပြည့်နှက်သွားသော ဆို့နင့်မှုများသည်
ဘာမှန်းမသိသော စိတ်ခံစားချက်များကို
ယူဆောင်လာပေးသည်။
မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်၍
​Parkchanyeol ရှိနေလောက်မည့်နေရာကိုမှန်းဆကာ
ကြည့်လိုက်မိသည်။

ဒဏ်ရာကိုကြည့်ပေးနေသော
ဆရာဝန်​၏နောက်တွင် မတ်တပ်ရပ်နေသော chanyeol သည်ဆရာဝန်ကုသပေးနေသော
baekhyun ​၏လက်ကို
ငုံ့ကြည့်နေလျက်ရှိသည်။

စက္ကန့်ပိုင်းအကြာမှာတင်
channyeol ​၏မျက်လုံးများသည်
baekhyun ထံသို့ရောက်ရှိလာခဲ့သည်။
မျက်လုံးချင်းဆုံသွားခဲ့ကြ​၏။

chanyeol သည် နိူး​ေနသော
Baekhyun ကိုမြင်တဲ့အခါ
မျက်တောင်များပင်မခတ်တော့ပဲ
ငြိမ်သက်သွားခဲ့သည်။
ထိုအေးစက်စက်အကြည့်တွေထဲမှာ
ရှိနေသော အဓိပ္ပာယ်တွေကို Baekhyun
မခန့်မှန်းနိူင်ပါ။
chanyeol သည်
အလွန်နင့်နဲစွာစိုက်ကြည့်နေပြီးနောက်တွင်
ခပ်တိုးတိုးမေးလာ​ခဲ့သည်။

" နာနေလား "

baekhyun သည် မထင်မှတ်ထားတဲ့မေးခွန်းကို
ကြားလိုက်ရတာကြောင့် ပြုံးသည်။

" နည်းနည်းပေါ့ "

" သက်သာသွားလိမ့်မယ် "

ဆက်၍ကြားလိုက်ရတဲ့စကားကြောင့်
baekhyun သည် chanyeol ကို
သေချာပြန်စိုက်ကြည့်လိုက်မိသည်။
ပြန်ပြောစရာ စကားမရှိတော့တာမျိုးမဟုတ်ပေမယ့်
ဘာဆက်ပြောရမလဲမသိဖြစ်သွားရတာကြောင့်
မျက်လုံးတွေလွှဲဖယ်ပစ်လိုက်ကာ
ဆန့်ကျင်ဘက်ကိုသာ ခေါင်းလှည့်ပစ်လိုက်သည်

ဒီနေရခက်နေတဲ့ ခံစားချက်ကို အမုန်းဆုံးမို့
အဝေးဆုံးကို ပြေးချင်တာဖြစ်သည်။

" လက်ကောက်ဝတ်က
အသက်အန္တရာယ်အရမ်းများပါတယ်
အခုကပင်မသွေးကြောကို မထိလို့
ကံကောင်းသွားတယ်လို့ပြောရမယ်
နောက်တစ်ခါ ဒီလိုမျိုးတွေမလုပ်ရင်ကောင်းမယ်
အခန့်မသင့်ရင် သေသွားနိူင်တယ် "

ရှင်းပြနေသော ဆရာဝန်ကိုbaekhyun
လှည့်ကြည့်​၏။
ထို့နောက် ရုပ်တည်နဲ့ထပြောလေသည်။

" သေမှာစိုးလို့
သွေးကြောရှောင်လှီးထားတာ "

" ......... "

ဆရာဝန်သည် ဆွံ့အသွားတာကြောင့်
baekhyun ကိုကြောင်ကြည့်သည်။
ထို့နောက် အနောက်တွင်ရပ်နေတဲ့ chanyeol ကို
လှည့်ကြည့်သည်။

Chanyeol သည် ဆရာဝန်ကိုငုံ့ကြည့်သည်။

ဆရာဝန်သည်
ဘာမှထပ်မပြောတော့ပဲ
​လိုအပ်တဲ့ဆေးတွေကိုပေးပြီး
ဆောင်ရန်ရှောင်ရန်ပြော၍
ထွက်ခွာသွားလေသည်။

chanyeol သည်
အိမ်တော်ထိန်းကို baekhyun အတွက်
ဆန်ပြုတ်ပူပူလေးတစ်ခွက်ပြုတ်ရန် အမိန့်ပေးပြီး ဘေးတွင်ရပ်နေသော သက်တော်စောင့်များကိုလည်း
အခန်းအပြင်တွင်စောင့်စေသည်။
အသီးသီးထွက်ခွာသွားကြတဲ့အခါ
တိတ်ဆိတ်နေသော
အခန်းထဲတွင် သူတို့နှစ်ယောက်သာကျန်နေခဲ့သည်။

" နောက်တစ်ခါ ဒီလိုထပ်မလုပ်နဲ့ "

chanyeol သည် baekhyun ​၏လက်ကောက်ဝတ်အပေါ်စီးထားသော ပတ်တီးကို
ခပ်ဖွဖွထိတွေ့ရင်း
ပြောလာသည်။

Baekhyun သည် ဆေးထိုးထားတဲ့အရှိန်ကြောင့်
လူကအိပ်ချင်နေပြီဖြစ်သည်။
သို့သော်သူသည် မျက်လုံးတွေမှိတ်မသွားခင်
ဒီစကားကိုတော့ ရအောင်ပြောဖြစ်သည်

" ပြန်နိူးလာရင် ခင်ဗျားရှိမှာလား "

chanyeol သည်မထင်မှတ်ထားသလို
လှမ်းကြည့်လာသည်။

ဘာလဲ။အကောင်းပြောတယ်ထင်တာလား။
အခုက စကားပြောဖို့အားမရှိတော့လို့
နိူးလာမှဆက်ပြောဖို့ကိုမေးနေတာ။
ပိုင်ပိုင်နိူင်နိူင်ပြောနိူင်တဲ့အချိန်မှ
တစ်လလုံးပိတ်ထားတဲ့ကိစ္စကိုလည်း ပြောရမယ်။

အခုအရေးကြီးတာက သူပြန်နိူးလာရင်
ဒီကောင်ဘယ်လိုနည်းနည်းနဲ့ပဲဖြစ်ဖြစ်
သူ့အနားမှာရှိနေမှဖြစ်မယ်။

baekhyun ​၏ စိတ်ကို
သိတာလား။
မသိတာလား။
မသေချာသူကတော့
မေးတာကိုမဖြေပဲ စိုက်သာကြည့်နေသည်။

ဆရာဝန်ထိုးပေးထားတဲ့အထဲ
အိပ်ဆေးပါတာကြောင့်
လူက ချက်ချင်းမျက်လုံးတွေဝါးလာသည်။
အရင်ကတည်းက အားနည်းနေတာကြောင့်လည်း
ဖြစ်မည်။baekhyun သည်
မှိန်းကျသွားတော့​၏။

ပြန်မဖြေပဲ စိုက်ကြည့်နေတဲ့လူကို
စိတ်ရှိလက်ရှိ ထလုပ်ချင်ပေမယ့်
လက်တွေ့တွင်တော့
မျက်လုံးတွေသာ မှိတ်ကျသွားခဲ့သည်။
baekhyun သည် အိပ်ပျော်သွားတဲ့အထိ
Chanyeol ​၏အဖြေကို မကြားလိုက်ရပါ။

တကယ်တော့ Chanyeol ပြန်ဖြေခဲ့သည်။

​ဝေဝါးသောမြင်ကွင်းအလယ်မှာ
baekhyunကို ငုံ့ကြည့်နေသော chanyeol ဟာ
မျက်လုံးတွေမှိတ်သွားသော baekhyun ​၏
နဖူးပြင်ကို ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီးနောက်
ဒီလိုမျိုး ပြန်ဖြေလာခဲ့သည်။

အေးစက် နူးညံ့နေသည့်
သန်မာခိုင်ခံ့လွန်းသော chanyeol ​၏အဖြေကို
ကျဆင်းနေသောနှင်းတွေနဲ့အတူ
baekhyun လည်း
ကြားခဲ့သင့်တာဖြစ်သည်။

🚶🚶🚶

ဆောင်းရာသီအလယ်
တစ်ဖက်သတ်သော
ခံစားချက်တွေကို ပိုက်ထွေးထားတဲ့
အပြုံးမရှိသော ထိုသူဟာ
ရင်ထဲကလာတဲ့ ဖြေသံခပ်တိုးတိုးကို
ဆိုင်သူ အိပ်မောကျသွားခဲ့တဲ့အချိန်မှာမှ
ခိုးဝှက်သော အနမ်းတစ်ခုနဲ့အတူ
တိတ်တဆိတ်ဖွင့်ဟခဲ့တယ်

" အမြဲတမ်း ရှိပါ့မယ်

ငါကတိပေးတယ် "

🚶🚶

Zawkyi

ပ်င္းရိဖြယ္ေကာင္းေသာတစ္ေန႔တာ။
ျပတင္းေပါက္ကိုေက်ာေပးထားေသာ
ဒီထိုင္ခုံတြင္ထိုင္​၏။
ေက်ာေနာက္က ျပတင္းေပါက္အျပင္ကို
အေခါက္တစ္ရာလွည့္ၾကည့္ျဖစ္သည္။
ဗိုက္ဆာလာတယ္ထင္ရတဲ့အခ်ိန္မွာ
ထမင္းလာပို႔သည္။

ႀကိဳက္တယ္လို႔ ခံစားရတဲ့
ဟင္းေတြမို႔အကုန္စားျဖစ္သည္။

ထိုထိုင္ခုံမွာျပန္ထိုင္သည္။
ျပတင္းေပါက္ကိုလွည့္ၾကည့္ျဖစ္သည္။

တစ္ေန႔ထပ္တစ္ေန႔ ဘာမွမလုပ္ရပဲ
အပိတ္ခံထားရေသာအခါ
လူကလည္း ႐ူးခ်င္လာသည္

အိပ္ယာထဲေကြးေနတတ္တဲ့အက်င့္က
မရွိတဲ့အတြက္ သူ႔ရဲ့ေနရာက အဲ့ဒီထိုင္ခုံေပၚမွာပဲ။
​ေန႔ေရာက္လာတယ္။ညေရာက္သြားျပန္တယ္။

Baekhyun သည္ သူ႔မ်က္ႏွာတည့္တည့္သို႔တိုးဝင္ေနေသာ ေနေရာင္ျခည္ကို ေခါင္းတစ္ခ်က္ေစာင္းငွဲ႕ကာ ၾကည့္သည္။

​ေရာင္ျခည္ေတြကလတ္ဆတ္တယ္လို႔
ခံစားရတာေၾကာင့္
သူသည္ထိုင္ရာမွထကာ
လိုက္ကာကိုဆြဲပိတ္ရန္မျပဳခင္
ၿခံထဲကိုတစ္ခ်က္လွမ္းၾကည့္လိုက္သည္။
သူ႔ေနရာနဲ႔သူ ေစာင့္ၾကပ္ေနၾကေသာ
သက္ေတာ္ေစာင့္မ်ားကို ျမင္လိုက္ရတဲ့အခါ
လိုက္ကာကိုဆြဲပိတ္လိုက္ၿပီး
ထိုင္ခုံတြင္ျပန္ထိုင္လိုက္သည္။

ဒီအခန္းထဲတြင္ cctv ရွိေနသည္။
သူသည္ 24 နာရီေစာင့္ၾကည့္ခံေနရတာျဖစ္သည္။
တ႐ုတ္ႏွင္းဆီပန္းေတြရွိတဲ့အခန္းကို
မ်က္ႏွာခ်င္းေတာင္မဆိုင္နဲ႔လို႔ parkchanyeol ေျပာၿပီးကတည္းက baekhyun သည္ဒီအခန္းထဲမွ
အျပင္သို႔တစ္လွမ္းေတာင္
ထြက္ခြင့္မရွိေတာ့ျခင္းျဖစ္သည္။

ထိုင္ခုံေပၚက လက္ႏွစ္ဆစ္ေလာက္
သာက်န္ေတာ့ေသာ
ေရဘူးကိုေမာ့ေသာက္ျဖစ္သည္။

ဘာမွလုပ္စရာမရွိေတာ့တဲ့အဆုံးတြင္ေတာ့
Baekhyun သည္
သူေန႔တိုင္းထုတ္ၾကည့္ေနၾကျဖစ္ေသာ
လူႏွစ္ေယာက္​၏ ဓာတ္ပုံကို
အံဆြဲထဲမွ ထုတ္ယူလိုက္ၿပီးေနာက္
ထိုင္ခုံကိုမွီကာ ပက္လက္လွန္ခ်ၿပီး
ထိုဓာတ္ပုံကိုမိုးေပၚေထာင္၍ ၾကည့္လိုက္​သည္

ခပ္ေရးေရးျမင္ေနေသာ Parkchanyeol ရဲ့
ပါးခ်ိဳင့္ေတြနဲ႔ ေဘးက တစ္ေယာက္​၏
နစ္ဝင္ေနေသာ
ပါးခ်ိဳင့္နက္ေတြ။

ဒီပုံကို ျမင္တိုင္းဘာလို႔ေခါင္းေတြ
ကိုက္လာရသနည္း။

ေမွာင္မိုက္ေနေသာ ေအးစက္စက္ အဲ့ဒီညက
သူ႔ေဘးတြင္ဒူးေထာက္ထိုင္ခ်ရင္း
ဝမ္းနည္းေနေသာ မ်က္လုံးေတြနဲ႔
ဝမ္းနည္းစရာေမးခြန္းေတြ
ေမးခဲ့သူကို ျမင္ေယာင္လာမိသည္​။

ခပ္ေရးေရးျမင္ေယာင္လာတဲ့ ပုံရိပ္ေယာင္တိုင္းက
ဝိုးတဝါးပဲ။ဘာတစ္ခုမွေရေရရာရာမရွိသလို
မည္သည့္အရာကမွ မတိက်။
ဒီအတိုင္းကၽြန္ေတာ့္ကို
ေခါင္းေတြသာကိုက္ေစသည္။

ေခါင္းထဲကထုတ္ပစ္လိုက္လည္း ခဏပဲ။
ၿပီးရင္အေတြးေတြထဲျပန္ေရာက္လာတာပဲ။

အထူးသျဖင့္ အဲ့ဒီ အရမ္းကိုနက္ရွိုင္းခဲ့တဲ့
ဆက္ဆံေရးေတြရွိခဲ့သလို ေငးၾကည့္တတ္တဲ့ parkchanyeol ေတြရဲ့မ်က္လုံးေတြက
ပိုၿပီးေခါင္းကိုက္ေစသည္။

ထိုေန႔ညကလည္း ..

baekhyun သည္ စိတ္ပ်က္လက္ပ်က္နဲ႔ ဓာတ္ပုံကို ေရွ႕ကခုံေပၚျပန္တင္ၿပီး မ်က္ႏွာက်က္ကိုသာ
မ်က္ႏွာေသနဲ႔ေမာ့ၾကည့္ျဖစ္သည္

" အဲ့ေကာင္ေလးက

တ႐ုတ္ႏွင္းဆီပန္းေတြကို အရမ္းႀကိဳက္တယ္ "

နားစည္ထဲသို႔ျပတ္ျပတ္သားသားဟိန္းဝင္လာေသာ
စကားသံေၾကာင့္ baekhyun မ်က္လုံးေတြမွိတ္
ခ်လိုက္ရသည္။

အေမွာင္ခ်ထားေသာအခန္းထဲက ေသေနေသာ
ပန္းပင္ေတြကိုျမင္ေယာင္လာမိ​၏

အျဖဴေရာင္ ပန္းပြင့္ေသးေသးေလးေတြ ...

ေခါင္းအတြင္းထဲထိ
ထိုးကိုက္လာေသာ ေဝဒနာေၾကာင့္ baekhyun သည္
နားႏွစ္ဖက္လုံးကိုလက္နဲ႔ပိတ္ကာ
ေခါင္းငုံ႔ခ်ထားမိသည္။

ေတြးမိေလ နာက်င္ရေလပဲ။
ဆက္ေတြးမိေလေလ သူနာက်င္ရေလပဲ

အတိတ္ေတြ​၏ တစ္စြန္းတစ္စတိုင္းက
နာက်င္ေနခဲ့ရသလိုပဲ

ဘာေၾကာင့္လဲ

သူဟာ အတိတ္မွာ ဒီအေျခအေနထပ္
ဆိုးရြားတဲ့ဘဝကိုရင္ဆိုင္ခဲ့ရတာလား။

ဒီထပ္ပိုၿပီးေတာ့ ေလ ..?

သက္ျပင္းတစ္ခ်က္သာခ်မိသည္

အျပင္မွာက်ေနတဲ့ႏွင္းေတြလို
ေပ်ာက္ကြယ္သြားလိုက္ခ်င္ေတာ့သည္။

တစ္ရက္

ႏွစ္ရက္

တစ္ပတ္ ..

သည္းမခံနိူင္ေတာ့ပါ

ရွစ္ရက္ ...

ဆယ္ရက္

၂ ပတ္ေျမာက္တြင္ေတာ့ Baekhyun သည္
ေန႔လည္စာ ထမင္းလာပို႔မည့္အခ်ိန္တြင္
အခန္းတံခါးနားမွာရပ္ေစာင့္ေနျဖစ္သည္။

baekhyunရွိေနတဲ့အခန္းကို
ေသာ့ခတ္ပိတ္ထားတာမ်ိဳးမဟုတ္ေသာ္လည္း တံခါးအျပင္မွာသက္ေတာ္ေစာင့္ေတြ
ေသခ်ာေစာင့္ၾကပ္ေနၾကတာေၾကာင့္
သူဘယ္မွသြားလို႔မရပါ

စိတ္ကေလာေနတာေၾကာင့္
တံခါးနားတြင္
ဟိုေလၽွာက္ ဒီေလၽွာက္နဲ႔သာ ထမင္းလာပို႔သူကို
ေစာင့္ရင္း ေနာက္ဆုံးေတာ့တံခါးေခါက္သံၾကားရၿပီ

ထိုေတာ့မွ baekhyun ခ်က္ခ်င္း
တံခါးကိုဆြဲဖြင့္လိုက္သည္။
ထင္ထားတဲ့အတိုင္းပဲ ထမင္းလာပို႔သူဟာ
အိမ္ေတာ္ထိန္းျဖစ္ၿပီး
ယူလာတဲ့ ထမင္းပန္းကန္ေတြကို
သက္ေတာ္ေစာင့္တစ္ေယာက္ကိုေပးခဲ့၍
ျပန္လွည့္ထြက္သြားတာ
ေလွကားထိပ္အထိေရာက္ေနၿပီမို႔
baekhyun လွမ္းေခၚလိုက္ရသည္။

" ဦးေလး "

ခ်က္ခ်င္းလွည့္ၾကည့္လာသည့္ အိမ္ေတာ္ထိန္းသည္
Baekhyun ကိုျမင္လိုက္တဲ့အခါ
ေခါင္းငုံ႔အရိုအေသေပးသည္။

baekhyun သည္မ်က္ခုံးေတြကို
အစြမ္းကုန္တြန႔္ခ်ိဳးထားၿပီး
စိတ္အလိုမက်သည့္ဟန္နဲ႔ေမးမိသည္

" parkchanyeol ဘယ္မွာလဲ "

" Boss စံအိမ္မွာမရွိပါဘူး "

" ရွိရွိမရွိရွိ
ဘာလုပ္မွာလဲ
ဘာမွမေျပာပဲ လူကိုပိတ္ထားတာ
၁ လနီးပါးရွိေနၿပီ "

" boss ကဘယ္မွမသြားရဘူးလို႔ အမိန႔္ေပးထားလို႔ပါ လူႀကီးမင္း"

" အဲ့ Boss boss
အဲ့တာေၾကာင့္ အဲ့ေကာင္ဘယ္မွာလဲလို႔ "

" ကၽြန္ေတာ္တို႔လည္းမသိပါဘူး "

baekhyun သည္
ကၽြတ္တစ္ခ်က္စုတ္ကာ
ဘာမွမရွိတဲ့ေလဟာနယ္ကို
အားအကုန္ကန္ပစ္မိသည္။

ဘာလို႔ ဒီအိမ္ကလူေတြအားလုံး
စိတ္ပ်က္စရာေကာင္းေနတာလဲမသိဘူး။
စိတ္ကိုရေအာင္ေလ်ာ့တာေတာင္
သည္းမခံနိူင္ေတာ့တဲ့အတိုင္းအတာမို႔
baekhyun ေဒါသေတြသာ ထြက္မိသည္။

ျပင္းထန္ေနေသာ အသက္ရႈသံေတြကို
ထိန္းရင္း baekhyun သည္ အိမ္ေတာ္ထိန္းရွိရာ
လွည့္ေျပာလိုက္သည္

" parkchanyeol ကို ကၽြန္ေတာ့္လာခဲ့ဖို႔
ဆက္သြယ္ေပး"

အိမ္ေတာ္ထိန္းသည္ baekhyun ​၏စကားကိုၾကားလိုက္တဲ့အခါ တစ္ခ်က္လွမ္းၾကည့္သည္။
ထိုအၾကည့္သည္ မသိလၽွင္ သူ႔ဆီကဒီစကားၾကားရဖို႔ မေမၽွာ္လင့္ထားတဲ့ပုံစံမ်ိဳးျဖစ္သည္။

" ေျပာလိုက္ပါ့မယ္ "

အိမ္ေတာ္ထိန္း​၏အျပဳံးေရးေရးနဲ႔တုံ႔ျပန္မႈေၾကာင့္
baekhyun သည္ ဘာမွျပန္မေျပာေတာ့ပဲ
အခန္းထဲျပန္ဝင္လာလိုက္သည္။

ဘာမွစားခ်င္စိတ္မရွိတာေၾကာင့္
လာပို႔တဲ့ေန႔လည္စာကို စားပြဲေပၚတင္ထားၿပီး
ထိုင္ေနျဖစ္သည္

ဒီအတိုင္းဆက္သြားလို႔ မျဖစ္နိူင္တာသိတဲ့အတြက္
လြတ္လမ္းတစ္ခုခုရွာရမည္

ထြက္ေျပးလို႔မရတာသိသည္။
parkchanyeol လက္ထဲကေန လုံးဝထြက္ေျပးလို႔
မရတဲ့အတြက္ ေနာက္ဆုံးက်န္တဲ့နည္းလမ္းက
တိုက္ရိုက္ေတြ႕ဖို႔ပဲ။

မ်က္ႏွာခ်င္းဆိုင္ ေတာင္းဆိုၾကည့္ရမယ္

ေတာင္းဆိုၾကည့္မွျဖစ္မယ္
ဒီအတိုင္းေတာ့ လုံးဝဆက္မေနနိူင္ေတာ့ပါ။
ကၽြန္ေတာ္တကယ္ လြတ္လပ္ခ်င္တယ္

ထိုင္ခုံတြင္ေက်ာက္ခ်ထိုင္ရင္း
အေတြးမ်ိဳးစုံ ေတြးေနမိရင္းမွ
ေနေရာင္ျခည္က မ်က္စိေရွ႕မွာတင္
အေရာင္မွိန္က်သြားခဲ့သည္။

ညေနပိုင္းသို႔ေရာက္ရွိၿပီး
ညအခ်ိန္သို႔ပင္ကူးေျပာင္းေတာ့မည္။

သူေျပာခိုင္းလိုက္တဲ့စကားကေရာ
parkchanyeol ဆီေရာက္ပါ့မလား ဆိုတဲ့စိတ္နဲ႔
သက္ျပင္းေတြသာခ်မိသည္

​ပတ္ဝန္းက်င္ေမွာင္လာတဲ့အခါ ၿခံထဲတြင္
လမ္းမီးတိုင္မ်ားလင္းလာတာကို
Baekhyun ျမင္ေနရ​၏။

တိုက္ခတ္လာေသာ ေလေျပေတြကိုမ်က္လုံးမွိတ္
ကာခံစားရင္း Baekhyun သည္ အိပ္ေမာက်သြားခဲ့သည္။

မည္သူထင္ထားမည္နည္း။

baekhyun မ်က္လုံးေတြျပန္ဖြင့္လာတဲ့အခါ
မနက္မိုးလင္းသြားၿပီျဖစ္သည္။

သူညက အိပ္ေပ်ာ္သြားတာျဖစ္လိမ့္မည္။

" ေဒါက္ ေဒါက္ "

တံခါးေခါက္သံၾကားတာေၾကာင့္ေနာက္လွည့္ၾကည့္တဲ့အခါ
အခန္းထဲဝင္လာသူက
အျမဲတမ္း သူ႔ကိုလာၾကည့္ေနၾကျဖစ္တဲ့
သက္ေတာ္ေစာင့္ျဖစ္သည္။

Baekhyun သည္ သက္ျပင္းခ်ကာ
ေရွ႕သို႔ျပန္လွည့္ထိုင္ခ်လိုက္သည္။
ေနာက္တစ္ရက္ထပ္ကူးသြားျပန္ၿပီ။

ဘယ္အခ်ိန္အထိ ဒီအတိုင္းေနရမွာလဲ။

သူ႔အခန္းထဲကိုဝင္လာတဲ့သက္ေတာ္ေစာင့္တိုင္း။
အိမ္ေတာ္ထိန္းကို ျမင္လိုက္တိုင္း
parkchanyeol ကိုသူ႔ဆီလာခဲ့ရန္ေျပာရတာ
အႀကိမ္ေပါင္းတစ္ေထာင္မကေတာ့ပါ။

သို႔ေသာ္ ေန႔ရက္ေတြသာ ထပ္မံကုန္ဆုံးလာခဲ့တယ္
parkchanyeol ​၏အရိပ္ေတာင္မျမင္ခဲ့ရ။

တမင္မလာတာလား။
သူေျပာတဲ့စကားေတြက ထိုလူထံမေရာက္တာလား။
စိတ္ရွည္ရွည္နဲ႔ေစာင့္လည္း မလာသလို
အိမ္ေတာ္ထိန္းကို ေမးၾကည့္ရင္လည္း
ကၽြန္ေတာ္ boss ကိုေျပာထားပါတယ္ဆိုတဲ့
စကားမွလြဲ၍ တျခားအရာမရွိ။

သည္းခံနိူင္စြမ္းက ေနာက္ဆုံးအဆင့္အထိ
ေရာက္သြားအခ်ိန္တြင္ေတာ့ baekhyun သည္
မိုင္ကုန္သြားၿပီျဖစ္ပါသည္။

" ညစာ လာပို႔တာပါ "

အခန္းတံခါးေခါက္ကာ ဝင္လာေသာ
သက္ေတာ္ေစာင့္သည္
ထမင္းပန္းကန္ကို စားပြဲခုံေပၚတင္ေပးၿပီးေနာက္
ျပန္လည္ထြက္ခြာသြားသည္။

Baekhyun သည္သူထိုင္ေနက်ထိုင္ခုံမွာထိုင္၍
သက္ေတာ္ေစာင့္လုပ္သမၽွကို
ထိုင္ၾကည့္ေန​၏။
စိတ္ဓာတ္က်တာထပ္ အလြန္မြန္းၾကပ္ေနေသာ
ခံစားခ်က္ေတြေၾကာင့္ Baekhyun ​၏
မ်က္ႏွာေတြေခ်ာင္က်ေနသည္။
ေန႔ေရာက္ၿပီ ညေရာက္ၿပီဆိုတာမွလြဲ၍
ေလာကႀကီးနဲ႔လုံးဝအဆက္အသြယ္ျပတ္ေတာက္
သြားေအာင္ အပိတ္ခံထားရတာ ၁ လနီးပါးရွိသြားၿပီျဖစ္သည္

baekhyun မ်က္ႏွာသည္ အမူအရာနတၳိ။
အလြန္ေအးစက္ေသာ မ်က္လုံးေသမ်ားနဲ႔
လာပို႔ထားေသာ ထမင္းပန္းကန္ကိုလွမ္းၾကည့္ေနသည္။

ထို႔ေနာက္တြင္ ထိုင္ခုံေပၚမွထလာကာ
ထမင္းတင္ထားေသာ
စားပြဲခုံနားကိုတစ္လွမ္းျခင္းေလၽွာက္လာ​သည္။
ဇြန္းနဲ႔ခရင္း စီစီရီရီခ်ထားေပးေသာ
ထမင္းပန္းကန္ကို baekhyun လွန္ခ်ပစ္လိုက္သည္
တစ္စစီလြင့္ထြက္ကုန္ေသာ ထမင္းဟင္းမ်ားနဲ႔အတူ
က်ယ္ေလာင္ေသာပန္းကန္ကြဲသံတစ္ခု ထြက္ေပၚလာခဲ့​၏။

Baekhyun သည္ ပန္းကန္ကြဲစတစ္ခုကို
ေကာက္ယူကာာ အခန္းတံခါးရွိရာကို လွည့္ၾကည့္လိုက္သည္။ထို႔ေနာက္ cctv ရွိရာကို
လွမ္းၾကည့္သည္။

​ခက္ထန္ေအးစက္ေနေသာ baekhyun ​၏မ်က္လုံးမ်ားသည္ ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္သလို
ျပတ္ျပတ္သားသား။

အခန္းတံခါးရွိရာေလၽွာက္သြားၿပီး
တံခါးကိုေလာ့ခ်ပစ္လိုက္သည္။

တင္းက်ပ္ေနေအာင္ဆုပ္ကိုင္ထားေသာ
လက္သီးဆုပ္ထဲမွာရွိေနတဲ့
ပန္းကန္ေႂကြျပားအစိတ္အပိုင္းသည္
လက္ဖဝါးေတြထဲကိုစိုက္ဝင္ကာ
ေသြးနီနီေတြစိမ့္ထြက္ေနၿပီ။

သို႔ေသာ္ baekhyun မ်က္ႏွာတြင္နာက်င္မႈမရွိ။
ခံစားခ်က္မရွိေတာ့သည္ မ်က္ႏွာခပ္ေဖ်ာ့ေဖ်ာ့က
အခုအခ်ိန္တြင္ေတာ့
အတန္ငယ္ေၾကာက္စရာေကာင္းေနသည္။
baekhyun သည္ အခန္းေထာင့္က cctv ေရွ႕တြင္
ေျခစုံရပ္ကာ cctv ကိုေမာ့ၾကည့္သည္။
လူသတ္ခ်င္စိတ္ေပါက္ေနသူတစ္ေယာက္လိုေသေနေသာ မ်က္လုံးေတြက
ေက်ာခ်မ္းစရာေကာင္းလြန္းသည္။

3 မိနစ္ေလာက္ၿငိမ္သက္စြာ
ရပ္ၾကည့္ေနၿပီးေနာက္တြင္

ဝုန္း !!!!! ခနဲအခန္းတံခါးထုသံႀကီးကိုၾကားလိုက္ရသည္။

" တံခါးဖြင့္ !!!
လူႀကီးမင္း !!!! တံခါးဖြင့္ !! "

တံခါးအျပင္ဘက္က
ဆူညံေနတဲ့အသံေပါင္းစုံကိုၾကားရပုံေထာက္ရင္
parkchanyeol cctv ကိုၾကည့္ေနတယ္ေနမယ္

အေတာ္ပဲ။

အရမ္းမိုက္တဲ့ျမင္ကြင္းတစ္ခု ဖန္တီးေပးမယ္

baekhyun သည္ cctv ကိုေမာ့ၾကည့္ေနရာမွ
ခ်က္ခ်င္း သူ႔​၏ဘယ္ဘက္လက္ေကာက္ဝတ္ကို
ကိုင္ထားေသာ ေႂကြျပားစနဲ႔ လွီးျဖတ္ပစ္လိုက္သည္။

ျဖန္းခနဲစိမ့္ထြက္လာေသာ ေသြးတို႔
ၾကမ္းျပင္ရွိရာကို အဆက္မျပတ္က်ဆင္းလာ​၏။

baekhyun သည္ cctv ကို ႐ုပ္ေသနဲ႔
ျပန္လွမ္းၾကည့္သည္။ထို႔ေနာက္တြင္
ထိုဓားနဲ႔အလွီးခံထားရေသာ
လက္ေကာက္ဝတ္အေပၚ ေႂကြျပားစ​၏ခၽြန္ေနေသာ ထိပ္နဲ႔ ထိုးခ်လိုက္သည္။
နာက်င္မႈေၾကာင့္ ျဖစ္သြားေသာ
မ်က္ႏွာအမူအရာတြင္ မဲ့ျပဳံးတစ္ခုကလြဲ၍အျခားအရာမရွိ။

ေသြးေတြအဆက္မျပတ္
က်ဆင္းေနေသာလက္ေကာက္ဝတ္ကိုငုံၾကည့္ရင္း baekhyun ရယ္သည္။သို႔ေသာ္ cctv ကို
ျပန္လည္ေမာ့ၾကည့္လိုက္ေသာ
Baekhyun မ်က္ႏွာကေတာ့
​ေရခဲတုံးပမာ ေအးစက္ေနလ်က္ရွိသည္။

" Byun baekhyunnnnn !!!! "

ဟိန္းထြက္လာသည့္က်ယ္ေလာင္ေသာ
အသံသည္
တံခါးအျပင္ဘက္က ျဖစ္သည္။
အခုမွ သူၾကားခ်င္ေနတဲ့
လူရဲ့အသံကိုၾကားရေတာ့တာပဲ။

သူေတြးထားသလိုပဲ
Parkchanyeol က ဒီစံအိမ္ထဲမွာ ရွိေနတာ။

ဝုန္း !!!!!

တံခါးထုသံပင္မဟုတ္ေတာ့ပါ
တစ္စုံတစ္ေယာက္က တံခါးကို
ေျခေထာက္နဲ႔ကန္တာျဖစ္ေစ။
သို႔မဟုတ္ ကိုယ္လုံးနဲ႔
အရွိန္ျပင္းျပင္းတိုက္ဖြင့္ေနတာမ်ိဳး ျဖစ္နိူင္သည္။

ဝုန္းခနဲ အသံအက်ယ္ႀကီးေနာက္တြင္
အခန္းတံခါးသည္ သူ႔အလိုလိုပြင့္ထြက္သြားခဲ့သည္။

ၾကမ္းျပင္ေပၚ အသံအက်ယ္ႀကီး
ျပဳတ္က်သြားေသာ
တံခါးခ်ပ္​၏ေနာက္တြင္ေပၚလာတာက
Parkchanyeol ​၏ အသက္ရႈသံေတြျပင္းေနေသာ
ပုံရိပ္ျဖစ္သည္​။
ေဒါသေတြလား စိုးရိမ္မႈေတြလား
မသဲကြဲေသာမ်က္ႏွာဟာ နီရဲေနၿပီး
ေၾကာက္စရာေကာင္းေသာ မ်က္လုံးအိမ္ေတြထဲ
မ်က္ရည္စေသးေသးေလးေတြကိုျမင္ေနရသည္။

baekhyun သည္ chanyeol ကိုၾကည့္ကာ ျပဳံးသည္။
ႏႈတ္ခမ္းတစ္ဖက္တြန႔္ေကြး႐ုံ ေလာကႀကီးကို
အရြဲ႕တိုက္သည့္ အျပဳံးသက္သက္သာျဖစ္သည္။

" ဒီလိုက်ေတာ့ ေရာက္လာသားပဲ "

Chanyeol သည္ baekhyun ​၏
လက္ေကာက္ဝတ္ကိုလွမ္းၾကည့္သည္။
Chanyeol ​၏ရင္ဘတ္မ်ားနိမ့္ခ်ည္ျမင့္ခ်ည္။
အလြန္တုန္လႈပ္ေနေသာ မ်က္လုံးအိမ္မ်ားထဲတြင္
အရည္ၾကည္မ်ား တစ္ျဖည္းျဖည္းျပည့္လ်ံလာတာကို baekhyun ျမင္ေနရ​၏။

chanyeol သည္ baekhyun ရွိရာကို
ေလၽွာက္လာသည္။

" ငါ့အနားကိုလာရင္ သတ္ပစ္မွာ "

​baekhyun ​၏စကားကိုဂ႐ုမစိုက္။
ေျခလွမ္းေတြကိုသာ အရွိန္ျမင့္​၏။

" တကယ္ သတ္ပစ္မွာ "

baekhyun သည္ေတာက္ေလာင္ေနေသာ
ေဒါသေၾကာင့္ သူ႔အေရွ႕သို႔ေရာက္လာၿပီျဖစ္တဲ့
parkchanyeol အား လက္ထဲက ေႂကြျပားစနဲ႔
အားအကုန္ထိုးလိုက္ရန္ ရြယ္လိုက္ေပမယ့္
chanyeol သည္ baekhyun အား
သူ႔ရဲ့ရင္ခြင္ထဲသို႔ ဆြဲသိမ္းဖက္ပစ္လိုက္သည္။
အလြန္ျပင္းထန္ေသာအားအင္ေၾကာင့္
baekhyun သည္chanyeol ​၏လက္ထဲ
ပါသြား႐ုံပင္မတတ္နိူင္လိုက္။
chanyeol ​၏လက္တစ္ဖက္သည္
ေႂကြျပားစကိုကိုင္ထားေသာ
baekhyun ​၏လက္ဖဝါးကို
လွမ္း၍ ဆုပ္ကိုင္လိုက္​၏။
အသားေတြထဲနစ္ဝင္တဲ့အထိ
အားပါပါဆုပ္ကိုင္ထားေသာ
ေႂကြျပားစကို Baekhyun ​၏
လက္ထဲမွအတင္းဆြဲယူကာ လႊင့္ပစ္လိုက္သည္။

" ေတာက္ !!!! "

Chanyeol ​၏ေတာက္ေခါက္သံထဲ
ေဒါသကိုလႊမ္းမိုးထားသည့္ စိုးရိမ္မႈမ်ားကိုသာ
ခံစားရသည္။
ျပင္းထန္ေသာ
အသက္ရႈသံမ်ားကိုမ်က္ႏွာအပ္ထားေသာ
ရင္ဘတ္အတြင္းမွ
ၾကားေနရသည္။
chanyeol သည္ baekhyun ​၏
ဖန္ကြဲစဒဏ္ရာေၾကာင့္
ေသြးမ်ားစိမ့္ထြက္ေနေသာ
လက္ဖဝါးကိုလြတ္ထြက္သြားမွာစိုးရိမ္သည့္အလား
အလြန္တင္းက်ပ္စြာဆုပ္ကိုင္ထား​၏။

" ႐ူးသြားတာလား

လက္ေကာက္ဝတ္ကိုဘာထင္ေနလဲ
႐ူးသြားတာလား "

baekhyun ကိုရင္ခြင္ထဲသို႔နစ္ဝင္ေနေအာင္
တိုးဖက္လိုက္ေသာchanyeol ​၏
အျပဳအမူဟာ
ၾကမ္းတမ္းေပမယ့္
ခပ္တိုးတိုးေရရြတ္ေနေသာစကားသံမ်ားသည္
baekhyun ပင္ေသခ်ာမၾကားရတဲ့အထိ
တိုးညင္းလြန္းလွသည္။

chanyeol ​၏အသံသည္
baekhyun တစ္ခုခုျဖစ္သြားမွာကို
အလြန္ေၾကာက္ရြံ့ေနသည့္အလား
တသိမ့္သိမ့္တုန္ခါေနသည္။

Baekhyun သည္ parkchanyeol ​၏
မေမၽွာ္လင့္ထားေသာ တုန႔္ျပန္မႈေၾကာင့္
​ေျပာမယ္ျပင္ထားသည့္
စကားေတြပင္ေခတၱေမ့ေပ်ာက္သြားမိ​၏။

တကယ္ေတာ့ ဒီလိုအေျခအေနမ်ိဳးေလာက္
လုပ္ခ်ေပးလိုက္ရင္ parkchanyeol တစ္ခါေလာက္ေတာ့ လာၾကည့္ေလာက္မွာပဲဆိုတဲ့
အေတြးသာရွိခဲ့သည္။

ဒီလိုမ်ိဳး သူ႔အတြက္အလြန္စိုးရိမ္စြာဝဲတတ္လာေသာ
မ်က္ဝန္းမ်ားနဲ႔ သူ႔ကို ေထြးေပြ႕ထားသည့္ တုန္ယင္ေနေသာ parkchanyeol ​၏ ရင္ဘတ္ေတြ။
ဒါဟာ ဘယ္လိုအခိုက္အတန႔္မ်ိဳးျဖစ္ပါသလဲ။

လက္ေကာက္ဝတ္​၏အရွိန္ေၾကာင့္
ေခါင္းအနည္းငယ္ကိုက္လာေပမယ့္
ခံစားရေသာေႏြးေထြးမႈကို
မရပ္တန႔္ေစခ်င္သည့္အတြက္
ဘလူးဘယ္ရီအနံ့သင္းေသာ
ရင္ခြင္ထဲကို သူ႔ကိုယ္သူေတာင္မသိလိုက္ပါပဲ အသိစိတ္လြတ္စြာ တိုးဝင္မိသည္။

မ်က္လုံးေတြစုံမွိတ္ထားရာမွ
ေလာကႀကီးက သူနဲ႔ေဝးကြာလာသလိုခံစားရ​၏။
Baekhyun သည္ မိုက္ခနဲၿပိဳက်သြားသည္။
အသင့္လွမ္းဖမ္းေပးမည့္ရင္ခြင္ထဲကို
​လဲက်သြားေသာ ခႏၶာကိုယ္က
လုံျခဳံသြားၿပီလို႔ ဘာေၾကာင့္ခံစားရသနည္း။

လုံးဝသတိလစ္သြားမ်ိဳးမဟုတ္တာေၾကာင့္
baekhyun အသိရွိေနေသးသည္။
ကုတင္ေပၚကို သူ႔အားခပ္ျဖည္းျဖည္းလွဲေစတဲ့
Parkchanyeol ဟာ ေသခ်ာငုံ႔ၾကည့္ရင္း
တစ္စုံတစ္ရာကိုေျပာေနသည္။
baekhyun သည္ၾကားတစ္ခ်က္ မၾကားတစ္ခ်က္။
ခပ္ဝါးဝါးသာျမင္ေနရေသာ အျမင္အာ႐ုံထဲမွာ
parkchanyeol ကမၻာပ်က္ေနတာကို
သိေသာ္လည္း အရာအားလုံးသည္
ေရးေတးေတးေလးသာျဖစ္သည္။

အေမွာင္ထုဘက္ကို
ေရာက္ရွိလာေသာ စိတ္အာ႐ုံေတြထဲ
သူ႔ရဲ့လက္ကိုတစ္စုံတစ္ေယာက္က
ဆုပ္ကိုင္ထားတာကိုခံစားေနရသည္။

မ်က္လုံးဖြင့္ၾကည့္ခ်င္ေပမယ့္
​စိတ္သြားတိုင္းကိုယ္ကမရ။
နိူးေနေပမယ့္ မထနိူင္တာမ်ိဳး။
တစ္ကိုယ္လုံးက ေသြးေတြဆုပ္ယူခံထားရသကဲ့သို႔
အားနည္းေနသလိုခံစားရၿပီး
​ႏုံးခ်ိေနသည္။

မ်က္လုံးေတြကိုေခတၱျပန္မွိတ္ထားၿပီးေနာက္
နာရီပိုင္း အနည္းငယ္အၾကာတြင္
baekhyun ျပန္လည္နိူးထလာခဲ့သည္။

ဒီတစ္ခါတြင္ေတာ့ သူမ်က္လုံးဖြင့္ၾကည့္လို႔ရၿပီ
ျဖစ္သည္။သူ႔လက္ေတြကိုဆုပ္ကိုင္ထားတာ
မည္သူလဲဆိုတဲ့စိတ္နဲ႔ လွမ္းၾကည့္လိုက္တဲ့အခါ
ကုတင္ေပၚတြင္ေခါင္းတင္ၿပီးအိပ္ေပ်ာ္ေနေသာ parkchanyeol ​၏မ်က္ႏွာကိုျမင္လိုက္ရ​သည္။
လက္ႏွစ္ဖက္လုံးနဲ႔ baekhyun ​၏
လက္ဖဝါးကိုအေပၚေအာက္ဆုပ္ကိုင္ထားၿပီး
အိပ္ေပ်ာ္ေနလ်က္ရွိသည္။

သတိလစ္ၿပီးနိူးထလာရတဲ့အခ်ိန္ေတြက
ဟိုးအရင္ကတည္းက
ေန႔တိုင္းနီးပါးပဲမို႔ baekhyun အတြက္ မထူးျခားပါ​
အိမ္ထဲမွာ တစ္ေယာက္တည္း
သတိလစ္ရင္းသုံးရက္ေလာက္ေက်ာ္သြားတာမ်ိဳးေတြလည္းရွိခဲ့ဖူးသည္။
ျပန္နိူးလာရင္လည္း ဘာမွမျဖစ္သလို
ေဆးတစ္လုံးဝယ္ေသာက္ၿပီး
ဟိုသြားဒီသြားနဲ႔ အေျခအေနေတြၾကားမွာ
သက္ေသာင့္သက္သာရွင္သန္လာခဲ့ဖူး​၏။

သို႔ေသာ္ ဒီလူနဲ႔စေတြ႕ကတည္းက
အျမဲေနသားက်ေသာ ဘဝႀကီးက
ေနရခက္လာခဲ့သည္။မ်က္လုံးဖြင့္ၾကည့္တိုင္း
မ်က္ႏွာက်က္ပဲ ရွိေနတဲ့ သူ႔အနားမွာ
အခု အျမဲဒီလူရွိေနသည္။

နာက်င္စြာေမ့ေျမာသြားရသည့္
အခ်ိန္မ်ားကိုေက်ာ္ျဖတ္ၿပီး
နိူးထလာရတဲ့အခ်ိန္တိုင္း သူ႔ရဲ့ေဘးမွာ
ဒီလူကိုျမင္ရသည္။

လစ္လ်ဴရႈထားလည္း
မရင္းႏွီးေသာ ေႏြးေထြးမႈသဲ့သဲ့ကို
ဒီေအးစက္ေနတဲ့လူထံမွာ
ခံစားရတာကို ဝန္ခံရလိမ့္မည္။

baekhyun သည္ Chanyeol ကို
အတန္ၾကာေငးၾကည့္ေနမိၿပီးေနာက္
မ်က္ႏွာခ်င္းဆိုင္က
မ်က္ႏွာက်က္ႀကီးကို
သက္ျပင္းခ်ကာေမာ့ၾကည့္မိသည္​။

စိုးရိမ္မႈေၾကာင့္မ်က္ရည္ေတြဝဲတတ္လာေသာparkchanyeol ​၏
တုန္လႈပ္ေနသည့္မ်က္ႏွာကိုျမင္ေယာင္လာမိသည္။

နက္နက္ရွိုင္းရွိုင္းအနမ္းခံခဲ့ရေသာ ညတစ္ညကို
ျပန္ေတြးၾကည့္မိတဲ့အခါ
baekhyun မ်က္လုံးေတြျပန္မွိတ္လိုက္မိသည္။

" ေလေျပညင္းေတြကမင္းကို မင္းခ်စ္ရတဲ့လူဆီ ေခၚေဆာင္သြားလိမ့္မယ္ "

တစ္ခုထဲေသာ မွတ္မိေနတဲ့မွတ္ဉာဏ္က
parkchanyeol နဲ႔ပတ္သက္ေနတယ္ဆိုတဲ့
ကိစၥရပ္အေပၚမွာ Baekhyun အခုထိ
တစ္ခ်ိန္လုံးေတြးေနမိတဲ့အရာသည္
သူ႔ဘက္က parkchanyeol အေပၚ
မည္သည့္ခံစားခ်က္မ်ိဳးရွိခဲ့ပါသလဲ
ဆိုတာပဲျဖစ္သည္။

အဲ့ဒီစကားက ဘာမို႔လို႔လဲ
အဲ့ဒီအခိုက္အတန႔္မွာ ခ်ယ္ရီပင္ေတြေအာက္က
သူ႔ကို ငုံ႔ၾကည့္ေနတဲ့လူက
တကယ္parkchanyeol သာ
ျဖစ္ခဲ့မယ္ဆိုရင္
အဲ့ဒီအခိုက္အတန႔္က ဘာမို႔လို႔လဲ။

ဘာေတြအေရးပါေနလို႔
သူ႔ဦးေႏွာက္တစ္ခုလုံးကအဲ့တစ္ခုကိုပဲ
မွတ္မိတာလဲ​

ဘာေၾကာင့္လဲ​။

အေျဖကိုသိနိူင္ေလာက္မွာ
အခုသူ႔ေဘးမွာရွိေနတဲ့တစ္ေယာက္ျဖစ္ေပမယ့္
ဘာမွေမးလို႔မရတာ
ေတာ္ေတာ္ဆိုးဆိုးမြန္းၾကပ္ေစသည္။

ကိုယ့္ကိုယ္ကိုယ္လည္းေဝခြဲမရျဖစ္ရသည္။
ကၽြန္ေတာ္ဟာ အဲ့ဒီအတိတ္ေတြဆီက
ထြက္ေျပးခ်င္တာလား။
ျပန္လွည့္ၾကည့္ခ်င္မိတာလား။

မ်က္လုံးေတြမွိတ္ထားရင္း အေတြးမ်ားေနတဲ့
Baekhyun ​၏ နဖူးျပင္ေပၚက်ယ္ျပန႔္ေႏြးေထြးေသာ
လက္ဖဝါးတစ္ခုထိကပ္လာသည္။

" ကိုယ္ပူက်သြားၿပီ "

ေရရြတ္သံတိုးတိုးကိုၾကားရသည္။
ၾကည့္ရတာ parkchanyeol သည္
သူအိပ္ေပ်ာ္ေနတုန္းလို႔ထင္တာျဖစ္ေလာက္မည္။

ေစာင္အျပင္ဘက္ေရာက္ေနတာေၾကာင့္
ေအးေနတယ္လို႔ခံစားရတဲ့ သူ႔လက္ေခ်ာင္းမ်ား
ေႏြးေႏြးေထြးေထြးဆုပ္ကိုင္ခံလိုက္ရသည္။

ထို႔ေနာက္တြင္ ေႏြးခနဲျဖစ္သြားရတဲ့ နဖူးျပင္။

ဒီေကာင္ ခိုးနမ္းျပန္ၿပီ

ပါးျပင္ေပၚ ခပ္ဖြဖြထိေတြ႕လာေသာ
လက္ေခ်ာင္းမ်ားကို ခံစားမိတဲ့အခ်ိန္တြင္ေတာ့
baekhyun ​၏အသက္ရႈသံအနည္းငယ္
ၿငိမ္သက္သြားခဲ့သည္။

" ကိုယ့္ကိုယ္ကိုယ္ ထိခိုက္ေအာင္လုပ္တတ္တဲ့
အက်င့္ကို ဘယ္ေကာင့္ဆီကတတ္လာတာလဲ "

ပါးျပင္ကို ခပ္ပြပြထိရင္း chanyeol
သူ႔ဘာသာသာသူေျပာေနသည္။
ေလသံရွိုက္ရွိုက္သာၾကားရေသာ
​အသံမ်ိဳးျဖစ္ေပမယ့္ baekhyun နားထဲမွာ
ျပတ္ျပတ္သားသားက်ယ္ေလာင္ေန​သည္။
မွန္းၾကည့္သေလာက္ေတာ့
chanyeol သူ႔ကိုငုံ႔ၾကည့္ေနတာျဖစ္ေလာက္မည္။

" ေခ်ာ္လဲရင္ေတာင္ ေသေအာင္နာတတ္တဲ့သူက
တစ္ကိုယ္လုံးဒဏ္ရာေတြခ်ည္းပဲ "

chanyeol ​၏သက္ျပင္းခ်သံတစ္ခုကို
ၾကားလိုက္ရ​​၏။

" ဒီအတိုင္း ငါ့အရိပ္ေအာက္မွာ
ေအးေအးေဆးေဆးေနေပးရင္ေကာင္းမယ္ "

" Boss, Doctor ေရာက္လာပါၿပီ "

အေနာက္က အိမ္ေတာ္ထိန္း​၏စကားကိုၾကားတဲ့အခါ chanyeol သည္ ထိုင္ရာမွထၿပီး
ပါးျပင္ေပၚက လက္ေတြကို႐ုတ္သိမ္းသြားသည္။

ဆုပ္ကိုင္ထားေသာ လက္ေတြကို
chanyeol ေခတၱလႊတ္ခ်သြားတဲ့အခါ
Baekhyun သည္ မသိသာသည့္
ေအးစက္မႈတစ္ခုကိုခံစားလိုက္ရ​သည္။

အမွတ္မထင္ၾကားလိုက္ရေသာစကားေတြေၾကာင့္
ျပည့္ႏွက္သြားေသာ ဆို႔နင့္မႈမ်ားသည္
ဘာမွန္းမသိေသာ စိတ္ခံစားခ်က္မ်ားကို
ယူေဆာင္လာေပးသည္။
မ်က္လုံးေတြကိုျဖည္းျဖည္းခ်င္းဖြင့္၍
​Parkchanyeol ရွိေနေလာက္မည့္ေနရာကိုမွန္းဆကာ
ၾကည့္လိုက္မိသည္။

ဒဏ္ရာကိုၾကည့္ေပးေနေသာ
ဆရာဝန္​၏ေနာက္တြင္ မတ္တပ္ရပ္ေနေသာ chanyeol သည္ဆရာဝန္ကုသေပးေနေသာ
baekhyun ​၏လက္ကို
ငုံ႔ၾကည့္ေနလ်က္ရွိသည္။

စကၠန႔္ပိုင္းအၾကာမွာတင္
channyeol ​၏မ်က္လုံးမ်ားသည္
baekhyun ထံသို႔ေရာက္ရွိလာခဲ့သည္။
မ်က္လုံးခ်င္းဆုံသြားခဲ့ၾက​၏။

chanyeol သည္ နိူး​ေနေသာ
Baekhyun ကိုျမင္တဲ့အခါ
မ်က္ေတာင္မ်ားပင္မခတ္ေတာ့ပဲ
ၿငိမ္သက္သြားခဲ့သည္။
ထိုေအးစက္စက္အၾကည့္ေတြထဲမွာ
ရွိေနေသာ အဓိပၸာယ္ေတြကို Baekhyun
မခန႔္မွန္းနိူင္ပါ။
chanyeol သည္
အလြန္နင့္နဲစြာစိုက္ၾကည့္ေနၿပီးေနာက္တြင္
ခပ္တိုးတိုးေမးလာ​ခဲ့သည္။

" နာေနလား "

baekhyun သည္ မထင္မွတ္ထားတဲ့ေမးခြန္းကို
ၾကားလိုက္ရတာေၾကာင့္ ျပဳံးသည္။

" နည္းနည္းေပါ့ "

" သက္သာသြားလိမ့္မယ္ "

ဆက္၍ၾကားလိုက္ရတဲ့စကားေၾကာင့္
baekhyun သည္ chanyeol ကို
ေသခ်ာျပန္စိုက္ၾကည့္လိုက္မိသည္။
ျပန္ေျပာစရာ စကားမရွိေတာ့တာမ်ိဳးမဟုတ္ေပမယ့္
ဘာဆက္ေျပာရမလဲမသိျဖစ္သြားရတာေၾကာင့္
မ်က္လုံးေတြလႊဲဖယ္ပစ္လိုက္ကာ
ဆန႔္က်င္ဘက္ကိုသာ ေခါင္းလွည့္ပစ္လိုက္သည္

ဒီေနရခက္ေနတဲ့ ခံစားခ်က္ကို အမုန္းဆုံးမို႔
အေဝးဆုံးကို ေျပးခ်င္တာျဖစ္သည္။

" လက္ေကာက္ဝတ္က
အသက္အႏၲရာယ္အရမ္းမ်ားပါတယ္
အခုကပင္မေသြးေၾကာကို မထိလို႔
ကံေကာင္းသြားတယ္လို႔ေျပာရမယ္
ေနာက္တစ္ခါ ဒီလိုမ်ိဳးေတြမလုပ္ရင္ေကာင္းမယ္
အခန႔္မသင့္ရင္ ေသသြားနိူင္တယ္ "

ရွင္းျပေနေသာ ဆရာဝန္ကိုbaekhyun
လွည့္ၾကည့္​၏။
ထို႔ေနာက္ ႐ုပ္တည္နဲ႔ထေျပာေလသည္။

" ေသမွာစိုးလို႔
ေသြးေၾကာေရွာင္လွီးထားတာ "

" ......... "

ဆရာဝန္သည္ ဆြံ့အသြားတာေၾကာင့္
baekhyun ကိုေၾကာင္ၾကည့္သည္။
ထို႔ေနာက္ အေနာက္တြင္ရပ္ေနတဲ့ chanyeol ကို
လွည့္ၾကည့္သည္။

Chanyeol သည္ ဆရာဝန္ကိုငုံ႔ၾကည့္သည္။

ဆရာဝန္သည္
ဘာမွထပ္မေျပာေတာ့ပဲ
​လိုအပ္တဲ့ေဆးေတြကိုေပးၿပီး
ေဆာင္ရန္ေရွာင္ရန္ေျပာ၍
ထြက္ခြာသြားေလသည္။

chanyeol သည္
အိမ္ေတာ္ထိန္းကို baekhyun အတြက္
ဆန္ျပဳတ္ပူပူေလးတစ္ခြက္ျပဳတ္ရန္ အမိန႔္ေပးၿပီး ေဘးတြင္ရပ္ေနေသာ သက္ေတာ္ေစာင့္မ်ားကိုလည္း
အခန္းအျပင္တြင္ေစာင့္ေစသည္။
အသီးသီးထြက္ခြာသြားၾကတဲ့အခါ
တိတ္ဆိတ္ေနေသာ
အခန္းထဲတြင္ သူတို႔ႏွစ္ေယာက္သာက်န္ေနခဲ့သည္။

" ေနာက္တစ္ခါ ဒီလိုထပ္မလုပ္နဲ႔ "

chanyeol သည္ baekhyun ​၏လက္ေကာက္ဝတ္အေပၚစီးထားေသာ ပတ္တီးကို
ခပ္ဖြဖြထိေတြ႕ရင္း
ေျပာလာသည္။

Baekhyun သည္ ေဆးထိုးထားတဲ့အရွိန္ေၾကာင့္
လူကအိပ္ခ်င္ေနၿပီျဖစ္သည္။
သို႔ေသာ္သူသည္ မ်က္လုံးေတြမွိတ္မသြားခင္
ဒီစကားကိုေတာ့ ရေအာင္ေျပာျဖစ္သည္

" ျပန္နိူးလာရင္ ခင္ဗ်ားရွိမွာလား "

chanyeol သည္မထင္မွတ္ထားသလို
လွမ္းၾကည့္လာသည္။

ဘာလဲ။အေကာင္းေျပာတယ္ထင္တာလား။
အခုက စကားေျပာဖို႔အားမရွိေတာ့လို႔
နိူးလာမွဆက္ေျပာဖို႔ကိုေမးေနတာ။
ပိုင္ပိုင္နိူင္နိူင္ေျပာနိူင္တဲ့အခ်ိန္မွ
တစ္လလုံးပိတ္ထားတဲ့ကိစၥကိုလည္း ေျပာရမယ္။

အခုအေရးႀကီးတာက သူျပန္နိူးလာရင္
ဒီေကာင္ဘယ္လိုနည္းနည္းနဲ႔ပဲျဖစ္ျဖစ္
သူ႔အနားမွာရွိေနမွျဖစ္မယ္။

baekhyun ​၏ စိတ္ကို
သိတာလား။
မသိတာလား။
မေသခ်ာသူကေတာ့
ေမးတာကိုမေျဖပဲ စိုက္သာၾကည့္ေနသည္။

ဆရာဝန္ထိုးေပးထားတဲ့အထဲ
အိပ္ေဆးပါတာေၾကာင့္
လူက ခ်က္ခ်င္းမ်က္လုံးေတြဝါးလာသည္။
အရင္ကတည္းက အားနည္းေနတာေၾကာင့္လည္း
ျဖစ္မည္။baekhyun သည္
မွိန္းက်သြားေတာ့​၏။

ျပန္မေျဖပဲ စိုက္ၾကည့္ေနတဲ့လူကို
စိတ္ရွိလက္ရွိ ထလုပ္ခ်င္ေပမယ့္
လက္ေတြ႕တြင္ေတာ့
မ်က္လုံးေတြသာ မွိတ္က်သြားခဲ့သည္။
baekhyun သည္ အိပ္ေပ်ာ္သြားတဲ့အထိ
Chanyeol ​၏အေျဖကို မၾကားလိုက္ရပါ။

တကယ္ေတာ့ Chanyeol ျပန္ေျဖခဲ့သည္။

​ေဝဝါးေသာျမင္ကြင္းအလယ္မွာ
baekhyunကို ငုံ႔ၾကည့္ေနေသာ chanyeol ဟာ
မ်က္လုံးေတြမွိတ္သြားေသာ baekhyun ​၏
နဖူးျပင္ကို ခပ္ဖြဖြနမ္းရွိုက္လိုက္ၿပီးေနာက္
ဒီလိုမ်ိဳး ျပန္ေျဖလာခဲ့သည္။

ေအးစက္ ႏူးညံ့ေနသည့္
သန္မာခိုင္ခံ့လြန္းေသာ chanyeol ​၏အေျဖကို
က်ဆင္းေနေသာႏွင္းေတြနဲ႔အတူ
baekhyun လည္း
ၾကားခဲ့သင့္တာျဖစ္သည္။

🚶🚶🚶

ေဆာင္းရာသီအလယ္
တစ္ဖက္သတ္ေသာ
ခံစားခ်က္ေတြကို ပိုက္ေထြးထားတဲ့
အျပဳံးမရွိေသာ ထိုသူဟာ
ရင္ထဲကလာတဲ့ ေျဖသံခပ္တိုးတိုးကို
ဆိုင္သူ အိပ္ေမာက်သြားခဲ့တဲ့အခ်ိန္မွာမွ
ခိုးဝွက္ေသာ အနမ္းတစ္ခုနဲ႔အတူ
တိတ္တဆိတ္ဖြင့္ဟခဲ့တယ္

" အျမဲတမ္း ရွိပါ့မယ္

ငါကတိေပးတယ္ "

🚶🚶

Continue Reading

You'll Also Like

370K 21.2K 40
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
10.7M 249K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
3.8M 159K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.1M 127K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...