"Babyကလည်းကိုကိုတို့မင်္ဂလာပွဲကျရင်လည်းခမ်းခမ်းနားနားကြီးကိုလုပ်ပစ်ဦးမှာ....ကဲအခုတော့မုန့်စားလိုက်ဦးအေးကုန်တော့မယ်.."
"ဟုတ်ပါပြီ..ဟုတ်ပါပြီ..ကိုကိုအားလုံးအဆင်သင့်ဖြစ်တဲ့အထိBabyစောင့်ပါ့မယ်"
လရောင်လည်းထိုသို့ပြောပြီးကာမုန့်ပန်းကန်လေးကိုယူလိုက်ပြီးထိုနေရာတွင်နှစ်ယောက်စလုံးထိုင်ကာစားနေတော့သည်။ထိုအချိန်သံစဥ်ချိုတစ်ယောက်နန္ဒတို့နားသို့ရောက်လာသည်။
"နန္ဒနဲ့လရောင် အကိုမြတ်မင်းပိုင်က စားပြီးရင်သူတို့ဆီလာခဲ့ပါတဲ့"
နန္ဒတို့လည်းဟုတ်"ဆိုပြီးခေါင်းညိတ်ကာပန်းကန်ထဲကမုန့်တွေကိုကုန်အောင်စားလိုက်ကြသည်။ပြီးနောက်တစ်ရှူးဖြင့်ပါးစပ်ကိုသုတ်ကာထိုနေရာမှထ၍မြတ်မင်းပိုင်တို့ရှိရာသို့နန္ဒတို့ရောက်လာကြသည်။
"Bossကျွန်တော်တို့ကိုခေါ်တယ်ဆိုလို့.."
မင်္ဂလာပွဲကလည်းလူပါးသွားပြီဖြစ်သောကြောင့်မြတ်မင်းပိုင်တစ်ယောက်နန္ဒတို့ကိုဓာတ်ပုံတူတူရိုက်ဖို့ခေါ်လိုက်တာဖြစ်သည်။ထိုအချိန်သူကြီးလည်းအိမ်ပေါ်မှမဏ္ဍပ်ရှိရာနေရာသို့ဆင်းလာတော့သည်။ဦးဖိုးတုတ်လည်းကမန်းကတန်းနှင့်ထိုမင်္ဂလာပွဲသို့ဦးတည်ပြီးလာနေတာကိုသူကြီးတစ်ယောက်တွေ့သွားလေသည်။ဦးဖိုးတုတ် လည်းရောက်"ချင်းထိုမဏ္ဍပ်ထဲသို့ဝင်လာတော့သည်။ထိုနေရာတွင်တော့မ်ိအေးနှင့်သံစဥ်ချိုကလက်ဖွဲ့တွေကိုအိမ်ထဲသို့သိမ်းနေပြီဖြစ်သည်။နန္ဒနဲ့လရောင်ကလည်းသာဗျောတို့အနောက်တွင်ရပ်နေကြသည်။သူကြီးကတော့ဦးဖိုးတုတ်နားတဖြည်းဖြည်းလျှောက်လာသည်။
"ခင်ဗျားကိုကျုပ်ကမလာတော့ဘူးလို့တောင်ထင်ထားတာ...တော်တော့ကိုနောက်ကျနေပြီ.."
သူကြီးတစ်ယောက်လည်းဦးဖိုးတုတ်ကိုသေချာစိုက်ကြည့်ကာစကားဆိုလိုက်သည်။ ဦးဖိုးတုတ်လည်းဖြည်းညှင်းစွာရယ်လိုက်ပြီး...
"မနက်ကလယ်ထဲဆေးဖျန်းနေတာနဲ့နောက်ကျသွားတာ...မလာလို့ရမလား...ငါ့တူတွေမင်္ဂလာပွဲလာရမှာပေါ့"
"လာဒါဆိုလည်းအိမ်ထဲသွားရအောင်ဗျာ..."
သူကြီးတစ်ယောက်လည်းဦးဖိုးတုတ်ကိုအိမ်ထဲသို့ဝင်ခိုင်းလိုက်သည်။
ထိုစဥ်သာဗျောတစ်ယောက်လှမ်းတားလိုက်သည်။
"ခဏလေးကျုပ်တို့ဓာတ်ပုံရိုက်ဦးမယ်လေ..သူကြီးရောဦးဖိုးတုတ်ရောပါတစ်ခါထဲဝင်ရိုက်လိုက်.."
ထိုအချိန်မိအေးတို့လည်းအနောက်ကနေရောက်လာခဲ့သည်။
"ငါတို့လည်းရိုက်မှာ..နော်.....ဓာတ်ပုံဆရာရေ...ကျွန်မတို့ကိုလှလှလေးရိုက်ပေးပါတော်"
ဓာတ်ပုံဆရာလည်းကောင်းပါပြီဆိုသောပုံစံဖြင့်ပြုံးပြကာခေါင်းညိတ်လိုက်သည်။
ထိုအခါသတို့သားနှစ်ယောက်ဖြစ်သောမြတ်မင်းပိုင်နဲ့သာဗျောကအလယ်မှာနေပြီးဘယ်ဘက်ခြမ်းရှိသာဗျောဘေးတွင်နန္ဒနှင့်လရောင်၊မိအေးဖြစ်ပြီး မြတ်မင်းပိုင်ရဲ့ဘေးတွင်သူကြီး,ဦးဖိုးတုတ်နှင့်သံစဥ်ချိုဖြစ်သည်။သူတို့၇ယောက်လည်းသေချာနေရာတကျရပ်ကာအဆင့်သင့်ဖြစ်ပြီဖြစ်သောကြောင့်ဓာတ်ပုံဆရာလည်းရိုက်ဖို့ပြင်တော့သည်။
"ကဲ..ရိုက်ပြီ..123..ချက်!"
ဆိုသောအလင်းတန်းနဲ့အတူထိုမိသားစုဓာတ်ပုံလေးဟာလည်းတစ်ယောက်ကိုအပြုံးကိုယ်စီနဲ့ထွက်လာခဲ့ကြသည်။ဆိုင်းဘုတ်ကိုအနောက်ခံထားကာဓာတ်ပုံရိုက်သောကြောင့်မြတ်မင်းပိုင်နှင့်သာဗျောမင်္ဂလာဧည့်ခံပွဲဆိုသောစာလုံးကြီးတွေဟာဓာတ်ပုံမှာထင်ထင်ရှားရှားပါနေတော့သည်။ထိုသို့တစ်ယောက်တစ်လှည့်ဓာတ်ပုံရိုက်ပြီးကာသူကြီးနှင့်ဦးဖိုးတုတ်လည်းအိမ်ထဲသို့ဝင်သွားခဲ့၏။
ထိုအခါမြတ်မင်းပိုင်တစ်ယောက်လည်းနန္ဒဘက်သို့လှည့်ကာစကားဆိုလိုက်သည်။
"နန္ဒအခုငါတို့ပိုက်ဆံကြဲဖို့ပြင်ထားလိုက်တော့...1000အထက်ပဲထည့်ထားတာမလား"
"ဟုတ်တယ်Bossအကြွေမပါဘူး..အားလုံးထောင်တန်နဲ့သောင်းတန်တွေကြည်းပါပဲ.."
မြတ်မင်းပိုင် တစ်ယောက်လည်းကောင်းပြီဆိုသောပုံစံဖြင့်ခေါင်းညိတ်ပြသည်။နန္ဒနှင့်လရောင်လည်းပိုက်ဆံကြဲဖို့ထည့်ထားသောငွေဖလားကြီးနှစ်လုံးကိုအိမ်ထဲမှသွားယူလေသည်။မိအေးနှင့်သံစဥ်ချိုတို့ကကလေးတွေနဲ့အပြိုင်ရှေ့ဆုံးကပိုက်ဆံကောက်ဖို့ပြင်နေတော့သည်။ထိုအချိန်မဏ္ဍပ်၌ပိုက်ဆံကြဲမည်ဟုမိုက်ခ်နဲ့အသိပေးသောကြောင့်တစ်ရွာလုံးနီးပါးထိုနေရာသို့ရောက်ချလာသည်။
ကလေးတွေကပိုများသည်။သာဗျောတစ်ယောက်လည်းမြတ်မင်းပိုင်ရဲ့လက်မောင်းလေးကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာဦးဟုခေါ်၍ထိုလက်မောင်းလေးသို့လှုပ်လိုက်သည်။မြတ်မင်းပိုင်လည်းသူ့ငယ်ခေါ်သောအသံကြောင့်လှည့်ကြည့်လာသည်။
"ငယ်ဘာဖြစ်လို့လဲ"
"ငယ်လည်းပိုက်ဆံကောက်ချင်တယ်လေ...."
မြတ်မင်းပိုင် လည်းတစ်ချက်ပြုံးလိုက်ကာ..ငယ့်ရဲ့ပါးလေးနှစ်ဖက်သို့ကိုင်ပြီး..
"ငယ်ရယ်...ကလေးတွေကိုပဲဦးစားပေးလိုက်ပါ...ငယ့်မှာ...ကိုတစ်ယောက်လုံးရှိနေပြီပဲ...ကို့ပိုင်ဆိုင်သမျှတွေအားလုံးငယ်ပိုင်တယ်...ပိုက်ဆံတော့ဝင်မကောက်နဲ့နော်...ငယ်ရယ်လိမ်မာပါတယ်"
သာဗျောတစ်ယောက်ပိုက်ဆံလိုချင်လို့တော့မဟုတ်အပျော်သက်သက်ဝင်ဆော့ချင်တာဖြစ်သည်။သာဗျောလည်းနှုတ်ခမ်းကြီးဆူပုတ်ကာလက်လျှော့လိုက်တော့သည်။ထိုအချိန်နန္ဒနှင့်လရောင်လည်းငွေဖလားကြီးတွေကိုင်ကာလူအုပ်နားသို့လျှောက်လာခဲ့သည်။.ထိုအချိန်သံစဥ်ချိုလည်းသာဗျောသို့လှမ်းအော်ပြောတော့သည်။
"ဟဲ့..နင်ဝင်မကောက်ဘူးလား...ပျော်စရာကြီးလာလေ"
သာဗျောတစ်ယောက်လည်းမလာတေ့ာဘူးပုံစံဖြင့်ခေါင်းကြီးခါကာနှုတ်ခမ်းဆူပြသည်။
"တော်ပါပြီမလာတော့ဘူး...ကျုပ်ကလေရွှေဒင်္ဂါးကိုထွေခင်းကစားမဲ့သူဗျ...အမတို့ကိုပဲဦးစားပေးလိုက်ပြီ...အမတို့ပဲကောက်ကျ.."
သံစဥ်ချိုတစ်ယောက်လည်းလေလုံးထွားသောသာဗျောသို့မျက်စောင်းထိုးကာနှာခေါင်းရှုံ့လိုက်သည်။
မြတ်မင်းပိုင်လည်းသူ့ရဲ့ငယ်ဘက်သို့ခေါင်းလေးလှည့်ကာငယ့်ကိုသေချာကြည့်လာသည်။.ပြီးနောက်ငယ့်ရဲ့လက်ချောင်းကြားလေးသို့သူ့ရဲ့လက်ချောင်းများဖြင့်တိုးယှက်လာကာသာဗျောလက်လေးကိုဖမ်းဆုပ်လိုက်သည်။
"ငယ်စကားအရမ်းတွေတတ်နေတယ်နော်...ကိုငယ့်ကိုအရမ်းအသဲယားတာပဲ..အခုချက်ချင်းတောင်ကုတင်ပေါ်တင်ပြီးငယ့်ကိုချစ်ပစ်လိုက်ချင်တယ်"
မြတ်မင်းပိုင် လည်းနှစ်ကိုယ်ကြားလေသံဖြင့်သာဗျောနားသို့ကပ်ကာပြောလိုက်သည်။သာဗျောရဲ့ပါးလေးတွေဟာလည်းရှက်လို့နှင့်တူပါတယ်ပန်းသီးလေးသဖွယ်နီမြန်းနေပြီဖြစ်သည်။
"ဟာ..ဦးကလည်းဘာတွေပြောနေတာလဲ..လူတွေအများကြီးရှိနေတာကို"
"ဘယ်သူမှမကြားပါဘူးငယ်ရဲ့"
ဆိုကာမြတ်မင်းပိုင်လည်းသာဗျောကိုသွားကြီးစိပြီးရယ်ပြတော့သည်။
ထိုအချိန်နန္ဒရဲ့အသံဟာထိုနေရာတွင်ပျံနှံ့သွားတော့သည်.။
"ကဲကဲ...အားလုံးပဲပိုက်ဆံကြဲပါတော့မယ်ဗျာ...အရမ်းတိုးကြိတ်ပြီးမကောက်ကြဖို့မှာချင်ပါတယ်နော် ကလေးငယ်တွေလည်းပါတာကြောင့်ဂရုစိုက်ပေးကြပါ.."
နန္ဒနဲ့လရောင်ကတော့ထိုလူအုပ်ကိုဟိုဖက်ထိပ်သည်ဖက်ထိပ်တစ်ယောက်တစ်ဖက်ပိတ်ထားကြသည်။အဲ့တာမှပိုက်ဆံကြဲရင်နေရာအစုံရောက်မည်မလား။နန္ဒလည်းဖလားတွင်းထဲမှခေါက်ထားသောပိုက်ဆံကိုလက်ဖြင့်တစ်ဆုပ်၌ကာကြဲတော့သည်။လရောင်လည်းထိုနည်းတူပင်....။
သံစဥ်ချိုနှင့်မိအေးတို့နှစ်ယောက်ကတော့ကလေးတွေထက်ပိုဆိုးနေကြသည်။ပိုက်ဆံတွေ့တာနဲ့ကိုအလုအယက်ကောက်တော့တာပဲ။မြတ်မင်းပိုင်နှင့်သာဗျောတို့လည်းထိုပွဲကိုကြည့်ပြီး ပီတိဖြစ်နေကြသည်။
ထိုအချိန်နန္ဒတို့လည်းကြဲလို့ကုန်သွားကြသည်။တစ်ချို့ဆိုရင်သောင်းနဲ့ချီရသွားတာမျိုးရှိသည်။.တစ်ချို့ကတော့လည်းတစ်ထောင်နှစ်ထောင်လောက်ပဲရတဲ့သူရှိသည်။မိအေးနဲ့သံစဥ်ချိုလည်းလက်ထဲမှပိုက်ဆံတွေကိုရေရင်းမြတ်မင်းပိုင်တို့နားသို့လျှောက်လာသည်။
"ငါတော့ထောပြီ...၁သောင်းကျော်ကျော်လောက်ရလိုက်တယ်"
ဆိုကာသံစဥ်ချိုတစ်ယောက်သွားကြီးစိကာလက်ထဲကပိုက်ဆံတွေကိုသာဗျောတို့အရှေ့သို့မြှောက်ပြသည်။
"သံစဥ်ချိုနင်ကအများကြီးပဲငါ၈ထောင်ပဲရတယ်...ငါ့ကိုနည်းနည်းလောက်ပေးပါလား"
မိအေးလည်းသူ့လက်ထဲမှပိုက်ဆံလေးကိုကိုင်ကာမျက်နှာငယ်လေးဖြင့်သံစဥ်ချိုသို့ပြောလာသည်...။
သံစဥ်ချိုတစ်ယောက်လည်းသူ့လက်ထဲမှပိုက်ဆံတွေပြန်ရေကြည့်ပြီးမိအေးဘက်သို့တစ်ချက်လှည့်ကြည့်လိုက်သည်။
"အွန်းပေးမယ်လေ...ငါရှာထားတာအားလုံးကနင့်အတွက်ပဲ...အခုတော့ငါတို့စားပွဲခုံတွေသွားသိမ်းရအောင်နော်"
မိအေးတစ်ယောက်လည်းခေါင်းညိတ်ကာပြုံးပြသည်။ထိုနေရာတွင်တော့မြတ်မင်းပိုင်တို့၄ယောက်စလုံးမိအေးတို့ကိုကြောင်ကြည့်ပြီးထိုနေရာတွင်သာကျန်ခဲ့တော့သည်။
"ငယ်ကိုတို့အဖေ့ကိုသွားကန်တော့ရအောင်လေ...နန္ဒမင်းကအပေါ်ထပ်ကိုတက်ပြီးအခန်းထဲကမှန်တင်ခုံအံဆွဲထဲမှာစာအိတ်ရှိတယ်ယူလာခဲ့"
ဆိုကာမြတ်မင်းပိုင်နန္ဒကိုခိုင်းလိုက်သည်။နန္ဒတစ်ယောက်လည်းလရောင်လက်ထဲမှဖလားကိုယူကာအိမ်ထဲသို့ဝင်သွားတော့သည်။မြတ်မင်းပိုင် နှင့်သာဗျော,လရောင်တို့လည်းအနောက်မှထပ်ကြပ်မကွာလိုက်လာခဲ့သည်။ပြီးနောက်သူကြီးတို့ထိုင်နေသောနေရာသို့လျှောက်လာကာမြတ်မင်းပိုင်တို့နှစ်ယောက်လုံးဒူးထောက်ထိုင်ချလိုက်သည်။.အောက်တွင်ကော်ဇောခင်းထားတာကြောင့်အလွယ်တကူနဲ့ဒူးထောက်လိုက်ချင်းဖြစ်သည်။ဦးဖိုးတုတ်လည်းအလိုက်တသိဘေးကနေထကာတခြားထိုင်ခုံသို့ပြောင်းထိုင်လိုက်၏။လရောင်ကလည်းထိုနားကထောင့်လေးနားတွင်မတ်တတ်ရပ်နေသည်။
ထိုအချိန်နန္ဒတစ်ယောက်စာအိတ်ကိုကိုင်၍မြတ်မင်းပိုင်သို့ပေးလိုက်ပြီးလရောင်ဘေးနားသို့သွားရပ်လေသည်။
မြတ်မင်းပိုင်တစ်ယောက်လည်းထိုစာအိတ်ကိုလက်နှစ်ဖက်ဖြင့်ထိုင်ခုံပေါ်တွင်ထိုင်နေသောသူကြီးဆီသို့ကမ်းပေးသည်။
"အဖေ..ဒီစာအိတ်ထဲမှာသိန်း၁၀၀၀ချက်လက်မှတ်ပါတယ်...ဘာလိုမှသဘောမထားပါနဲ့အဖေ့ကိုကန်တော့တာပါ.."
သည်လောက်များတဲ့ပိုက်ဆံကိုသူကြီးတစ်ယောက်ဘယ်လိုမှလက်မခံနိုင်သဖြင့်စာအိတ်ပြန်ပေးသည်။
"ဒီလောက်အများကြီးအဖေလက်မခံချင်ပါဘူးကွယ်..သားတို့ပဲယူထားပါ"
ထိုအချိန်မြတ်မင်းပိုင်လည်းသာေဗျာသို့ဝိုင်းပြောအုံးဆိုသောပုံစံဖြင့်
"သူကြီးကလည်းယူထားပါဗျာ...ဦးကဘာရည်ရွယ်ချက်မှမပါပဲသန့်သန့်ရှင်းရှင်းပေးတာပါ..ပြီးတော့ရွာကဝေရာဝေစ္စတွေဆိုလည်းလှုလို့ရတာပဲ..ယူလိုက်ပါဗျာ"
သူကြီးတစ်ယောက်လည်းဘယ်လိုမှငြင်းလို့မရတာကြောင့်ခေါင်းညိတ်ကာလက်ခံလိုက်သည်။ပြီးနောက်သာဗျောတို့နှစ်ယောက်လည်းလက်အုပ်ချီကာကန်တော့လိုက်သည်။သူကြီးတစ်ယောက်လည်းခေါင်းတညိတ်ညိတ်နဲ့မျက်ရည်လေးဝဲကာဆုပေးတော့သည်.။
"ဒီလင်ဒီမယား...အဲ..မဟုတ်သေးပါဘူး..သားတို့ကယောက်ျားလေးတွေဆိုတော့ဒီလင်ဒီယောက်ျားအိုအောင်မင်းအောင်ပေါင်းရပါစေကွယ်..လင်နဲ့ယောက်ျားလျှာနဲ့သွားတဲ့တစ်ခါတစ်လေတော့လည်းရန်ဖြစ်တတ်တဲ့အချိန်လေးတွေရှိလာခဲ့ရင်မောင်မြတ်မင်းပိုင်ကပဲအလျှော့ပေးလိုက်ပါကွယ်...သားငယ်လည်းမဆိုးရဘူးနော်"
သာဗျောတစ်ယောက်လည်းမျက်နှာငယ်လေးဖြင့်ဟုတ်ကဲ့ဆိုပြီးခေါင်းညိတ်ကာမျက်ရည်စလေးများဝဲလာသည်။ပြီးနောက်မတ်တတ်ထကာသူကြီးသို့ပြေးဖက်တော့သည်။
"သူကြီး..အင့်.ကျုပ်ရန်ကုန်ပြန်မလိုက်သွားချင်ဘူး...သူကြီးနဲ့ပဲနေချင်တယ်..ဟင့်
မသွားချင်ဘူး"
မြတ်မင်းပိုင်တစ်ယောက်လည်းဒူးထောက်ထားရာမှလျင်မြန်စွာမတ်တက်ရပ်ကာသာဗျောပုခုံးပေါ်သို့လက်လေးတင်လိုက်သည်။
"ငယ်ရယ်..မငိုရဘူးလေကွာ.. ကိုကCEOဆိုတော့Companyကိစ္စတွေကိုလည်းဒီအတိုင်းထားခဲ့လို့မရဘူးလေ..ငယ်ရန်ကုန်ကိုပဲလိုက်ခဲ့နော်လိမ်မာပါတယ်"
သူကြီးတစ်ယောက်လည်းသူ့ကိုဖက်ထားသောသာဗျောရဲ့ပုခုံးသို့ပုတ်လိုက်ပြီး..
"သားရယ်..သားကအိမ်ထောင်ပြုပြီးသားလေ..ယောက်ျားနောက်လိုက်သွားရမှာမဆန်းပါဘူး..ဟိုရောက်လည်းအဖေတို့ဖုန်းပြောလို့ရတယ်လေ...ပြီးတော့ဒီပွဲပြီးရင်နောက်ပွဲရှိသေးတာပဲအဖေနဲ့ချက်ချင်းကြီးခွဲရတာမှမဟုတ်တာ..မငိုနဲ့တော့"
ထိုသို့သူကြီးတစ်ယောက်ပြောလိုက်သောကြောင့်သာဗျောလည်းပါးမှမျက်ရည်တွေကိုသုတ်ကာဖက်ထားရာမှခွာလိုက်သည်။
"ဒါဆို..ကျုပ်ဟိုရောက်ရင်ဖုန်းအမြဲဆက်ရမယ်နော်..ကျုပ်အားတဲ့အချိန်တိုင်းပြန်လာခဲ့မယ်..ဦးဖိုးတုတ်အဖေ့ကိုဂရုစိုက်ပေးပါဦးနော်"
ဦးဖိုးတုတ် လည်းအခါးရည်တစ်ငုံသောက်ကာခွက်လေးကိုခုံပေါ်ပြန်ချလိုက်သည်။
"ဟုတ်ပါပြီဗျာ..ဦးလေးတစ်ယောက်လုံးရှိပါတယ်သားတို့သာဟိုမှာဂရုစိုက်ကြနော်...အွင်းးချောင်းသာကိုတော့ဦးလေးမလိုက်တော့ဘူးကွယ်..အိမ်မှာလည်းကိစ္စတွေကရှိသေး"
ထိုအချိန်သူကြီးတစ်ယောက်လည်းမျက်ခုံးကြီးစုကျုံ့ပြီးဦးဖိုးတုတ်ကိုကြည့်လာသည်။သာဗျောနှင့်မြတ်မင်းပိုင်လည်းထိုနည်းတူပင်။
"မင်းကလည်းကွာ..ကို့တူမင်္ဂလာဆောင်တာတောင်မလိုက်နိုင်ဘူးလား"
ဦးဖိုးတုတ် လည်းသူကြီးမျက်နှာသို့စိုက်ကြည့်ကာ..
"အေးကွာ..ကျုပ်တောင်းပန်ပါတယ်..အိမ်မှာလည်းကိစ္စတွေကရှိသေး..လယ်တွေကိုလည်းဒီတိုင်းပစ်ထားခဲ့လို့မရလို့နားလည်ပေးပါကွာ.."
ထိုအချိန်တွင်အနောက်မှကုတ်ချောင်း"လုပ်နေကြသောနန္ဒနဲ့လရောင်,မိအေးနဲ့သံစဥ်ချိုတို့လေးယောက်ကိုဘယ်သူမှသတိမထားမိကြချေ။
သာဗျောတစ်ယောက်လည်းဦးဖိုးတုတ်မလိုက်နိုင်သောကြောင့်စိတ်မကောင်းသဖြင့်မျက်နှာကပိုညှိုးကျသွားသည်။
"ကဲပါဒါဆို..မင်းကငါ့အစားရွာကိုကြည့်ပေးထားကွာ..နော်..ငါမင်းကိုအပြန်လက်ဆောင်တွေဝယ်လာပေးမယ်"
ဆိုကာသူကြီးတစ်ယောက်ဦးဖိုးတုတ်ပုခုံးသို့ပုတ်ကာစကားဆိုလိုက်သည်။မြတ်မင်းပိုင် လည်းငယ့်လက်လေးကိုကိုင်လိုက်ပြီးနားရအောင်ဆိုသောအကြည့်ဖြင့်ကြည့်လာသည်။ငယ်လည်းခေါင်းညိတ်ကာလက်ခံသဖြင့်သူတိုနှစ်ယောက်အပေါ်ထပ်သို့တက်သွားတော့သည်။
ထိုအချိန်တံခါးရှေ့မှာပိတ်ရပ်နေကြသောနန္ဒတို့လေးယောက်နန္ဒတို့အတွဲကရွှေကြိုးကိုဟိုဘက်တစ်ယောက်သည်ဘက်တစ်ယောက်ကိုင်ထားကာပိတ်ထားကြသည်။ပြီးနောက်မိအေးတို့ကကျတော့ပလတ်စတစ်ကြိုးမှာယောင်းမတွေရောဟင်းမွှေတဲ့ဇွန်းတွေရောတွဲချိတ်ထားတာကျသည်။သာဗျောလည်းသူတို့ကိုကြည့်ကာမျက်လုံးမှေးသည်အထိရယ်လိုက်သည်။သူ့ငယ်ရယ်တော့မြတ်မင်းပိုင်ပါပြုံးမိသည်။
"အဟန့်အဟန့်Boss..ရွှေအိပ်ခန်းကိုသွားချင်ရင်ကတို့ခပေးရမယ်နော်"
ထိုအချိန် သံစဥ်ချိုတို့ကလည်းထောက်ခံသည်။.ထိုအခါမြတ်မင်းပိုင်လည်းဒါကိုကြိုသိတာကြောင့်အိတ်ကပ်ထဲမှာသောင်းတန်များကိုထုတ်လိုက်သည်။
ပြီးနောက်တစ်ယောက်တစ်ရွက်ပေးလိုက်ကြသည်..
"ဟာအကိုမြတ်မင်းပိုင်ကလည်းဒါပဲလားတစ်သောင်းတည်း..သကြားလုံးတောင်စားလို့မရဘူး"
မိအေးတို့ကလည်းဝင်ပြောတော့သည်။
"ဟုတ်တယ်ဟုတ်တယ်နည်းနည်းလေးကို"
နန္ဒလည်းဆွဲကြိုးကိုခဏလွှတ်လိုက်ပြီးမြတ်မင်းပိုင်လက်ထဲကပိုက်ဆံအုပ်ကိုယူကာ..
"Bossမပေးလည်းလုတယ်ဗျာ...နောက်ကျတဲ့လူသစ္စာဖောက်ပဲနော်"
ဆိုကာလရောင်လက်ကိုဆွဲပြီးပြေးတော့သည်။မိအေးတို့လည်း..
"ဟဲ့ငါတို့ကိုစောင့်ဦး"
မိအေးတို့လည်းနန္ဒနောက်သို့ထပ်ကြပ်မကွာပြေးလိုက်တော့သည်။
"ဟျောင့်..တွေ...နေဦးလေ ဟာ"
သာဗျောလည်းမြတ်မင်းပိုင်လက်မောင်းကိုကိုင်ကာ..
"ဦးကလည်းပေးလိုက်ပါဗျာ...ဒါနဲ့ပါသွားတာဘယ်လောက်လဲ"
"၂သိန်း"
"ဟင်၂သိန်းကြီးများတောင်..ငယ်က၁သိန်းလောက်ပဲထင်တာ"
"ထားလိုက်ပါ..ပါးပါးလေးကို..အခုလောလောဆယ်တော့ဟဲဟဲ"
ဆိုကာသာဗျောကိုမြတ်မင်းပိုင်ပွေ့လိုက်သည်။.ပြီးနောက်တံခါးကိုတော့သာဗျောကဖွင့်ပေးလိုက်ပြီးကုတင်ပေါ်သို့ဦးတည်သွားကာအနီရောင်ပိတ်စခင်းထားသောကုတင်ပေါ်သို့ငယ့်ကိုဖြေးညှင်းစွာတင်လိုက်သည်။ငယ်ကအသားဖြူလို့ထင်ပါတယ်ခြေချောင်းလက်ချောင်းလေးတွေများပန်းရောင်သန်းနေတာပဲ။
အနီရောင်အခင်းကြီးပေါ်မှာဖြူဥနေသောကောင်လေးတစ်ယောက်။သူရဲ့ပုဆိုးစလေးကလည်းခြေသလုံးပေါ်သို့လိတ်တတ်နေသေးသည်။မျက်နှာကိုတစ်ဖက်သို့လှည့်ထားကာအခင်းစကိုလည်းကျစ်"ပါအောင်ဆုတ်ထားသေးသည်။
"ငယ်ဘာလို့ကို့ကိုမကြည့်တာလဲ"
သာဗျောတစ်ယောက်လည်းရှက်လို့နှင့်တူပါသည်ခြေချောင်းထိပ်လေးတွေကိုကွေးချပစ်လိုက်၏။
"ငယ်ကြည့်ပါတယ်"
မြတ်မင်းပိုင်လည်းကုတင်ပေါ်သို့တက်လိုက်ပြီးငယ့်ပေါ်မှခွကာမျက်နှာလေးကိုဆွဲယူလိုက်ပြီးအကြည့်ချင်းဆုံလိုက်သည်။
"ကြည့်တယ်ဆိုတာဒါမျိုးကိုခေါ်တာငယ်ရဲ့"
ပြီးနောက်ငယ့်ရဲ့မျက်လုံးသို့ဖွဖွလေးနမ်းလိုက်သည်။ငယ်လည်းအလိုက်သင့်လေးမျက်လုံးကိုပိတ်ချပေးလိုက်သည်။ပြီးနောက်နှာခေါင်းထိပ်လေးသို့ဖွဖွလေးနမ်းလာသည်။နောက်ဆုံးကျန်ရှိတာကတော့နှုတ်ခမ်းဖူးရဲရဲလေးဖြစ်သည်။မြတ်မင်းပိုင်လည်းထိုနှုတ်ခမ်းလေးကိုပြွတ်စ်ခနဲ့မြည်အောင်နမ်းလိုက်သည်။.ထပ်နမ်းတော့မဲ့အခိုက်..
"ဦး..ညမှလေကွာ.."