Lop_Eared Guard (နားရွက်ကျလေး...

By Wine-Y

65.5K 5.5K 421

ငါ အိမ်ပြန်တိုင်း နှင်းဆီပန်းလေးတစ်ပွင့် အမြဲယူသွားတယ်။.... ငါ့ရဲ့ Alphaက ငါ့ကိုတစ်ချက်လောက် စောင်းငဲ့ကြည့်မယ... More

Lop_Eared Guard
အခန်း(၁) uni
အခန်း(၁)Zawgyi
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၂)
အခန်း(၁၃)

အခန်း(၁၁)

2K 264 20
By Wine-Y

အခန်း(၁၁)

၂၀၁၆ ခုနှစ် ၂ လပိုင်း ၁၄ ရက်၊ ည ၁၁နာရီ။

Keldivia မြို့ရှိ ထင်ရှူးတောများ မီးလောင်နေရာမှ မီးတောက်နီနီရဲရဲတို့က မိုးကောင်းကင်တစ်ခွင်လုံးတွင်ပင် ပျံ့လွင့်လျက်ရှိနေသည်။

ပဲ့တင်သံများထပ်နေသော လမ်းကျဉ်းလေး၏ အမှောင်ရိပ်များထဲတွင် ယန်ယိတစ်ယောက်တည်း လမ်းလျှောက်နေသည်။ ယန်ယိရဲ့ အပေါ်ဝတ်လေကာအင်္ကျီက တိုက်လေနှင့်အတူ ဝဲလွင့်နေပြီး လက်ထဲတွင် 590M သေနတ်တစ်လက်ကိုင်ထားကာ ဘယ်ဘက်ဝမ်းဗိုက်တွင်ရထားသော သေနတ်ဒဏ်ရာကြောင့် ဦးခေါင်းက ညွတ်ကျိုးကျနေသည်။ ဇကာပေါက်အလား ဖြစ်သွားသည်အထိ သေနတ်ဖြင့် အပစ်ခံထားရသော တောခွေးရိုင်း အယ်လ်ဖာများ၏အလောင်းတွေပေါ် နင်းကာလျှောက်နေရင်း ယန်ယိရဲ့ တိုက်ခိုက်ရေးဘွတ်ဖိနပ်၏အောက်ခြေမှာ စေးကပ်သောသွေးများ စွန်းထင်းနေသည်။ စေးကပ်နေသော မြေကြီးပေါ်လျှောက်နေတဲ့ ယန်ယိရဲ့ခြေလှမ်းတို့က မလှမ်းချင့် လှမ်းချင် ဖြစ်နေသည်။

ယန်ယိက ပန်းဆိုင်လေးတစ်ဆိုင်ကို ဖြတ်လျှောက်လာခဲ့သည်။ ထိုပန်းဆိုင်ရဲ့ ပိုင်ရှင်က သက်လတ်ပိုင်းအရွယ် သာမန်ဘီတာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ကလင်းဆဲလ်က ငြိမ်ဝပ်ကာ ရှုပ်ထွေးနေသည်။ သူက လက်မောင်းထဲပွေ့ချီထားတဲ့ကလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားရင်း ကိုယ်တိုင်က နံရံထောင့်ကြားသို့ ဆုတ်ကာကျုံ့ကျုံ့ကလေးနေနေခဲ့သည်။ တုန်ရီနေတဲ့လက်နဲ့ ငွေရှင်းကောင်တာတွင်ရှိသော ပိုက်ဆံအားလုံးကို ယန်ယိခြေထောက်နားပုံချပေးပြီး ဒူးထောက်ကာ တောင်းပန်နေခဲ့သည်။

"မ ... မပစ်ပါနဲ့ .. ပိုက်ဆံတွေ ... ပိုက်ဆံတွေ အားလုံးကိုယူသွားလိုက်ပါ...."

ပန်းဆိုင်ပိုင်ရှင်က သူ့ကလေးရဲ့မျက်လုံးကို လက်နဲ့အုပ်ထားပြီး ခေါင်းကိုတွင်တွင်ခါကာ ယန်ယိကိုတောင်းပန်နေခဲ့သည်။ လေကာအင်္ကျီရဲ့အောက်မှာ အနက်ရောင်အိမ်တော်ထိန်းဝတ်စုံကိုဝတ်ဆင်ထားပြီး အရပ်ရှည်ရှည် ၊ ပိန်ပိန်သွယ်သွယ်ရှိသော ထိုကောင်လေးက နူးညံ့ကာ ချောမောသော အိုမီဂါတစ်ယောက်ဖြစ်လေသည်။ ပြာ'၏အရောင်နှင့်ဆင်တူသော မီးခိုရောင်ဆံပင်ပျော့ပျော့အတွင်း၌ရှိသည့် ယုန်နားရွက်တို့က သူ့နားရွက်ပေါ်ရှိနေတဲ့ နှင်းမှုန်တို့ကို ဖယ်ရှားဖို့ မသိသာစွာ လှုပ်ရမ်းနေသည်။

သူက .. အခုလေးတင် လမ်းကျဉ်းလေးထဲမှာ J1အဆင့် ကွဲပြားမှုရှိတဲ့ တောခွေးရိုင်းတို့ရဲ့ ဂျစ်ကားဆယ်စီးနဲ့ ရင်ဆိုင်တွေ့ခဲ့တဲ့ အိုမီဂါပင်။ ဆယ်ယောက်ထက်မကပိုသော အင်အားကြီးပြီး လျင်မြန်လွန်းသည့် အယ်လ်ဖာများကို ဆေးရောင်အစက်အပြောက်တို့ပါဝင်တဲ့ 590M shotgun ဖြင့်သာ တိုက်ခိုက်ခဲ့ပြီး ထိုလမ်းကြားထဲမှ အသက်ရှင်လျက် ပြန်ထွက်လာသူမှာ သူတစ်ယောက်တည်းသာ ဖြစ်လေသည်။

ယန်ယိက ကိုယ်ကိုကိုင်းလိုက်ပြီး ငွေရှင်းကောင်တာမှာတင်ထားတဲ့ ပန်းအိုးထဲမှ နှင်းဆီပန်းတစ်ပွင့်ကို လှမ်းယူလိုက်ကာ နှင်းဆီပန်းလေး ငွားစွင့်ပွင့်လာဖို့ တားဆီးထားတဲ့ အဖြူရောင်အစွပ်ကို ဂရုတစိုက်ဖယ်လိုက်သည်။ သွေးတို့စီးကျနေတဲ့ သူ့ရဲ့လက်က သွေးထွက်လွန်နေခြင်းကြောင့် ဖြူဖျော့ကာနေပြီး အားအင်တို့မဲ့နေသည်။

ယန်ယိက နှင်းဆီပန်းလေးကို အင်္ကျီ၏အရှေ့အိတ်ကပ်ထဲထည့်ထားလိုက်သည်။

လုရှန်းကျင်က ဒီလိုမွှေးရနံ့တို့ သင်းထုံနေတဲ့ ပန်းမျိုးဆို သိပ်ကြိုက်သည်။ ယန်ယိက သူ့လည်ပင်းရဲ့အနောက်ဘက်ကို လက်ဖြင့်ပွတ်သပ်လိုက်သည်။ ယန်ယိရဲ့ကလင်းက တိုက်ပွဲဖြစ်နေချိန်အတွင်းမှာဝတ်ထားရသည့် လည်ပင်းအကာအကွယ်အောက်မှာ တင်းကြပ်နေပြီး ထိုအကာအကွယ်က နို့သကြားလုံးလေးလို မွှေးရနံ့ရှိတဲ့ ယန်ယိရဲ့ ဟော်မုန်းနံ့တို့မထွက်အောင်လည်း ကာကွယ်ပေးသည်။ ဆိုတော့ လုရှန်းကျင်ကိုလည်း စိတ်လှုပ်ရှားမှုမဖြစ်စေတော့ဘူးပေါ့။

မီးရောင်မရှိတဲ့ လမ်းဆုံ၏အရိပ်ကျရာနေရာတွင် ခဲငွေရောင် Porsche(ပေါ်ရှေး) တစ်စီးရပ်ထားသည်။ ယန်ယိက ကိုယ်ကိုယ်ကိုင်းလိုက်ပြီး ကားမှန်ပြတင်းပေါက်ကို ခေါက်လိုက်သည်။

"သခင် ... ကိစ္စအားလုံးပြီးပါပြီ"

လုရှန်းကျင်က သူ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး ကားတံခါးကိုတွန်းဖွင့်လိုက်သည်။ ထို့နောက် ယန်ယိကို ကားဘက်သို့ တွန်းလိုက်ပြီး ခန့်ငြားကြော့မော့ကာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသော ကျားသစ်တစ်ကောင်၏ သူ့ရဲ့သားကောင်ကိုစစ်ဆေးနေသကဲ့သို့ အပေါ်အောက်ကို စူးစမ်းကာကြည့်နေသည်။

လက်တစ်ဖက်က ခါးပတ်တွင်ထိုးထားသည့် သေနတ်ကိုထိန်းကိုင်ထားရင်း ကျန်တဲ့ညာဘက်လက်ဖြင့် အိတ်ကပ်ထဲက နှင်းဆီပွင့်ကို လုရှန်းကျင်ထံပေးလိုက်သည်။

"သခင်က လရောင်အောက်မှာရှိနေတဲ့ အနက်ရောင်ခြင်္သေ့ လိုပဲ၊ ကျွန်တော် ချစ်တယ်"

အလဲအထပ်အနေဖြင့် လုရှန်းကျင်က ယန်ယိကို ပြင်းထန်စွာနမ်းရှိုက်လိုက်ပြီး ယန်ယိလည်ပင်းပေါ်ဝတ်ဆင်ထားတဲ့ အကာအကွယ်ကိုလည်း စိတ်မရှည်စွာဖယ်ရှားပစ်လိုက်သည်။ ယန်ယိကိုကားပေါ်မှီထားစေရင်း သူကအပေါ်ကနေ ဖိထားကာ ယန်ယိလည်ပင်းအနောက်မှာရှိတဲ့ ကလင်းကို လျှာဖြင့်လျက်' လျက် သူ့လက်မောင်းအတွင်းရှိ နူးညံ့ပြီးနာခံတတ်သော အိုမီဂါ၏ နာကျင်စွာထွက်ဆိုလာသံများကို နားထောင်နေခဲ့သည်။

"သခင် တာဝန်က ချောချောမွေ့မွေ့ပဲ ပြီးသွားတယ်" ဒီစကားလုံးတွေက လုရှန်းကျင်ကို ပိုပြီးစိတ်ငြိမ်သွားအောင် ပြုလုပ်နိုင်မည်လို့' မျှော်လင့်ရင်း နူးညံ့စွာဖြင့် ယန်ယိပြောလိုက်သည်။

လုရှန်းကျင်ကတော့ မဟုတ် ... "ဒါက မင်း ရည်ရွယ်ထားသလိုပဲလေ"

ယန်ယိရဲ့ သေနတ်ဒဏ်ရာကို ဂရုထားခြင်းမရှိဘဲ လုရှန်းကျင်က ပိုလို့တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ယန်ယိကတော့ ချစ်ရသူပေးတဲ့ ဒဏ်ရာကို အံကြိတ်ကာ တောင့်ခံနေခဲ့သည်။ သူတို့ အတူနေတဲ့အချိန်တိုင်း (sex) သူ့ရဲ့ အယ်လ်ဖာက အတွင်းထဲမှနေ၍ လှိုက်ကာတက်လာသော မချိမဆံ့နာကျင်မှုဖြင့် မမျှော်လင့်ထားသော အတွေ့အကြုံကို ခံစားစေသည်။

နားရွက်ကျယုန်လေးက အားနည်းချက်များစွာရှိတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ခဲ့သည်။

ကားနောက်ကြည့်မှန်မှတဆင့် ယန်ယိက အေးစက်သော အရပ်မြင့်မြင့်အယ်လ်ဖာကို ကြည့်လိုက်သည်။ သူ့ရဲ့ အယ်လ်ဖာက သူ့ရဲ့ခေါင်းကို ညင်သာစွာထိန်းကိုင်ပေးပြီး နောက်ကျောပြင်ကို ပွေ့ချီထားပေးရင် ဘယ်လောက်တောင်မှ ကြည်နူးစရာကောင်းပြီး ကံကောင်းမှုတစ်ခု ဖြစ်လေလိမ့်မလဲ။ ကိုယ်ကိုကွေးညွတ်ကာ ကုန်းထားရင်း အယ်လ်ဖာရဲ့ နှစ်သိမ့်ပေးမှုကို ယန်ယိ စိတ်ကူးယဉ်နေခဲ့သည်။

လုရှန်းကျင်ရဲ့ မျက်လုံးထဲမှာတော့ သူ့ရဲ့ ထူးကဲလွန်းစွာ အစွမ်းထက်သော ကိုယ်ရံတော် ယန်ယိက ချစ်ခင်နှစ်သက်စရာကောင်းပြီး စိတ်ကျေနပ်မှုပေးလွန်းသော ခွေးတစ်ကောင်သာ ဖြစ်လေသည်။

ယန်ယိကတော့ ကွဲပြားစွာဘဲ သူ့အတွေး သူ့အမြင်ထဲမှာ အသက်ရှင်ရဖို့ အခွင့်အရေးသေးသေးလေးကိုပဲ ပိုင်ဆိုင်ထားရတဲ့အခါ ဝန်ခံချက်တစ်ခုစီတိုင်းက နှလုံးသားရဲ့ အနက်ဆုံးမှနေ၍ ခါးသက်ကာ နာကျင်စရာကောင်းနေခဲ့သည်။ သူက သူ့ရဲ့အယ်လ်ဖာကို တိတ်တိတ်လေးနဲ့ အသဲစွဲအောင်ကို အရူးအမူးချစ်ရသည့်အတိုင်း အမှားတွေကို ပြန်ပြင်ဖို့အတွက် သူ့အယ်လ်ဖာနောက်လိုက်ပြီး ပြန်ပြီးလည်း ပိုးပန်းချင်သေးသည်။

အကူအညီမဲ့စွာဖြင့် ယန်ယိက ကားတံခါးကို ဆုပ်ကိုင်ထားဆဲပင် ၊ ထို့နောက် ရုန်းကန်လှုပ်ရှားခြင်းဆိုတာ ထပ်မရှိတော့ဘဲ သူ့ခန္ဓာကိုယ်နှင့် လုရှန်းကျင်ပြုလုပ်မည့် စိတ်ကျေနပ်စရာ ကိစ္စအားလုံးကို လုပ်ခွင့်ပြုလိုက်သည်။

သူ့ရဲ့လည်ပင်းအနောက်ဘက်ရှိ ဖယ်ရှားပစ်ခဲ့တဲ့ အမှတ်အသားပေါ် အရေပြားအသစ်တို့က ဆက်လက်ဖွံ့ဖြိုးနေပြီး အတောမသတ်နိုင်သော နာကျင်မှုအစုံအညီတို့က လွန်ခဲ့သော တစ်ပတ်က ကွာရှင်းခဲ့သည့် အဖြစ်အပျက်ကို အမှတ်ရဖို့ ပြန်လည်သတိပေးနေခဲ့သည်။ သို့ပေမယ့် ဒါကို ကွာရှင်းတယ်လို့ သတ်မှတ်လို့မရသေး ... သူတို့က ဒီအတိုင်း လမ်းခွဲခဲ့ရုံလေးလေ။

လုရှန်းကျင်က ယန်ယိ အကြာကြီးနေထိုင်ခဲ့တဲ့ ဗီလာကနေပြီး မောင်းထုတ်ခဲ့သည်။ ထိုအချိန်မှစပြီး အလုပ်ကအလုပ်ဖြစ်သွားပေမယ့် ပဲ့ကြွေခဲ့တဲ့ သူတို့ရဲ့ခံစားချက်များထဲမှာတော့ နှောင်ကြိုးများက အခုချိန်ထိ ကျန်ရှိလို့ နေသေးသည်။

ဒါ သူ့အပြစ်ဆိုတာ ယန်ယိသိသည်။

ခုနစ်နှစ်တာ အချိန်ကာလအတွင်းမှာ သူတို့ခံစားချက်တွေ အများကြီး ပျက်စီးခဲ့ရပြီး တစ်ခါတစ်လေ လုရှန်းကျင်က အိမ်ပြန်မလာတဲ့အတွက် ဘယ်သူမှမရှိတဲ့ အထီးကျန်စံအိမ်ကြီးထဲမှာ ယန်ယိတစ်ယောက်တည်း နေခဲ့ရသည်။

သူ့ရဲ့မြိုင်ကျချိန်ကာလအတွင်းမှာ ဦးခေါင်းမှထိုးကိုက်လာတဲ့အချိန်ထိ တောင့်ခံထားခဲ့ပေမယ့် တကယ်တမ်း ဒါကို ကြာရှည်စွာ သည်းခံထားနိုင်ဖို့ ယန်ယိမလုပ်နိုင်ခဲ့ပေ။ ကြမ်းပြင်တွင် ဆေးတွေကကြဲပြန့်နေလျက် တားဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေထိုးပြီးတာတောင် ယန်ယိက ပြင်းထန်လွန်းတဲ့ နာကျင်မှုကို ခံစားနေရတုန်းပင်။

နောက်ဆုံး သူ့ရဲ့ မြိုင်ကျချိန်ကာလ၏ ညှင်းပန်းနှိပ်စက်မှုကို မခံစားနိုင်တော့သည့် အချိန်မှာတော့ အပေါ်ကုတ်ကိုထပ်ဝတ်ပြီး ချည်ဦးထုပ်ကိုဆောင်းကာ ကြီးမားသောအမွှေးပွပုဝါဖြင့် သူ့မျက်နှာတစ်ဝက်လောက်ထိကို ဖုံးကာလိုက်ပြီးနောက် ပင့်ကူအယ်လ်ဖာ၏ နှိပ်ပေးခြင်းကို ခံယူဖို့ ကလပ်အတွင်း ခိုးကြောင်ခိုးဝှက်ဝင်ခဲ့သည်။

အခန်းထဲသို့ ပင့်ကူအယ်လ်ဖာဝင်လာသည်နှင့် လုပ်ရိုးလုပ်စဉ်တွေအတိုင်း သူကအင်္ကျီချွတ်လိုက်သည်။ ဒီလိုညသန်းခေါင်ယံမှာ ကလပ်အတွင်း ခိုးကြောင်ခိုးဝှက်ဝင်လာတဲ့ အိုမီဂါကို ထိုအယ်လ်ဖာဘာလုပ်တော့မလဲဆိုတာကိုတော့ လူတိုင်းက သိနေပြီးသားပင်။ ပင့်ကူအယ်လ်ဖာက စကားတွေနဲ့ အချိန်ကုန်အောင်လုပ်မနေတော့။

'ဒီအိုမီလေးက သိပ်ကိုလှပပြီး ချစ်စရာကောင်းနေတာကြောင့် ဒီနေ့ညက အိပ်စက်ခြင်းမရှိတဲ့ ခပ်မိုက်မိုက်ညတစ်ည ဖြစ်နေတော့မည်။ '

မမျှော်လင့်ထားစွာဘဲ ယန်ယိကသူ့ရဲ့အပေါ်ဝတ်ကိုချွတ်ပြီးချိန်မှာ ထိုကုတ်အောက်၌ အိမ်နေဝတ်ချစ်စရာသိုးမွှေးဆွယ်တာက အောက်ခံအင်္ကျီအဖြစ် ရှိနေခဲ့သည်။ ယန်ယိက ပင့်ကူအယ်လ်ဖာဘက်သို့ ကျောပေးကာ မှောက်ခုံအနေအထားဖြင့် အနှိပ်ကုတင်ပေါ်၌ နာခံမှုရှိရှိလဲလျောင်းလိုက်သည်။

".... မင်းရဲ့အဝတ်တွေကို ချွတ်စရာမလိုဘူး .... ဒီအတိုင်းဘဲ ပွတ်ပေး ... ငါ့ကျောကို ဒီအတိုင်း ပွတ်ပေး "

ရှက်သွေးဖြာမှုအနည်းငယ်ဖြင့် ယန်ယိက ကြမ်းပြင်ကိုစိုက်ကြည့်နေရင်းသာ ပြောလိုက်သည်။

ပင့်ကူအယ်လ်ဖာမှာ ကြောင်အနေခဲ့သည်။

ထို့နောက် သူ့ရဲ့ သေသပ်ကာစတိုင်လ်ကျလွန်းသော ဆံပင်တွေကို အနောက်သို့သပ်တင်လိုက်ပြီး ယန်ယိရဲ့ကျောပြင်ကို တစ်ညလုံး ပွတ်သပ်ပေးနေခဲ့သည်။

နားရွက်ကျယုန်ငယ်လေးက သက်သာမှုရှိစွာဖြင့် တစ်ဖက်သို့ လှည့်လာသည်။ သူ့မျက်ဝန်းတွေက အိပ်ငိုက်တစ်ဝက်နှင့်‌ မှေးစင်းနေပြီး ဖြေးညင်းစွာအသက်ရှူနေရင်းမှ မျက်ဝန်းတွေကို အလိုက်အထိုက်မှေးမှိတ်လိုက်သည်။ သူ့ရဲ့ ကော့ဖြာနေတဲ့ မျက်တောင်စိပ်စိပ်တို့က နှင်းစွတ်နေတဲ့အတောင်ပံကို ခါယမ်းနေတဲ့ ပိုးကောင်လေးလိုဖြစ်ပြီး သေးငယ်တဲ့ နားရွက်တို့ကလည်း တစ်ခါတစ်ရံလှုပ်ရှားနေသည်။

ပင့်ကူအယ်လ်ဖာက ယန်ယိရဲ့ထိုကဲ့သို့သောပုံရိပ်တွေကို မှင်သက်စွာနဲ့ ငေးကြည့်နေခဲ့သည်။ ထိုပုံရိပ်တွေကြားမှာ ထိန်းချုပ်နိုင်ခြင်းမှာ မတတ်နိုင် ... ပင့်ကူအယ်လ်ဖာက လက်ကိုဒူးပေါ်ထောက်လိုက်ပြီး ကိုယ်ကိုယ်ကိုင်းကာ နားရွက်ကျယုန်ငယ်လေး၏ နဖူးကို ထိတွေ့ပြီး စွဲမက်စရာအနံ့အသက်ကို ခိုးနမ်းလိုက်သည်။

'သူက သိပ်ကို ချစ်စရာကောင်းသည်'

ယန်ယိကသိပ်ကိုချစ်စရာကောင်းနေခဲ့ပြီး ထိုအရာကပဲ တစ်ဖက်သူကို သူတို့အဝတ်အစားတွေမချွတ်ဘဲ ပိုက်ဆံအကြောင်းမပြောဘဲ သူ့ရဲ့ကျောပြင်အား ဂရုတစိုက်နှင့် ပွတ်သပ်နေစေခဲ့သည်။

သူက သန့်စင်တဲ့ အိုမီဂါပဲ .. သို့ပေမယ့် ကံမကောင်းတာက သူ့လည်ပင်းအနောက်ဘက်ရှိ ကလင်းအပေါ်မှာ အမှတ်အသားရှိနေသည်။ သူက လက်ထပ်ထားပြီးပြီး ဒါကြောင့် ပင့်ကူအယ်လ်ဖာအနေနဲ့ ယန်ယိအပေါ် ထပ်ပြီး စိတ်ကူးယဉ်ကြည့်နေလို့မရနိုင်တော့ပေ။

ယန်ယိရဲ့ မြိုင်ကျချိန်ကာလက ပင့်ကူအယ်လ်ဖာရဲ့ အထိအတွေ့ကြောင့် တည်ငြိမ်မှုရခဲ့ပြီး ထိုနောက်မှာ ယန်ယိအိမ်သို့ ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တဲ့အခါ လုရှန်းကျင်က ဆိုဖာပေါ်မှာထိုင်နေပြီး အပြင်မှ ပြန်လာသည့် ယန်ယိကို အကဲခတ်နေသည့် မျက်ဝန်းများဖြင့် စစ်ဆေးကြည့်နေသည်။

"မင်း မနေ့ညက ဘယ်သွားခဲ့လဲ"

ယန်ယိက ထိုအမေးကိုပြန်ဖြေဖို့ပြင်လိုက်သည်။ သို့ပေမယ့် အမှန်ကိုပြောလိုက်ရင် လုရှန်းကျင်စိတ်တိုသွားမည်ကိုလည်း ကြောက်နေသည့်အတွက် တခြားသော အကြောင်းပြချက်တစ်ခုကိုသာ ပေးဖို့ပြင်ဆင်ရင်း အိမ်ထဲသို့ ဝင်သွားခဲ့သည်။

သို့ပေမယ့် ယန်ယိစီစဉ်ထားသလို မဖြစ်ခဲ့ အဲ့ဒီအစား ယန်ယိရဲ့ ခြေထောက်နားသို့ လုရှန်းကျင်က ဓာတ်ပုံတစ်ပုံကို ပစ်ထုတ်ပေးလိုက်သည်။

ဓာတ်ပုံထဲ၌ နားရွက်ကျယုန်ငယ်လေးက အနှိပ်ကုတင်ပေါ်အိပ်နေပြီး ကြည့်ကောင်းသော အနှိပ်သည်အယ်လ်ဖာက ယန်ယိရဲ့နဖူးကိုနမ်းဖို့အတွက် ခေါင်းငုံ့နေသည့် ပုံဖြစ်သည်။

ဒါက ပိုင်ဆိုးပိုင်နင်းလုပ်လွန်းသော အယ်လ်ဖာတစ်ယောက်၏ ဖုံးကွယ်မှုမရှိသော အထင်အမြင်သေးလွန်းသည့် အပြုအမူဖြစ်လေသည်။ ဒုတိယအဆင့် ကွဲပြားမှုရှိသော အမဲလိုက်သိမ်းငှက် အယ်လ်ဖာဆိုသည့် ဂုဏ်ပုဒ်ကြောင့် ယုန်ငယ်၏အရှက်မရှိပေါ်တင်ဖြစ်လွန်းသော ဖောက်ပြန်မှုအပေါ် လုရှန်းကျင် သည်းမခံနိုင်ပေ။

အသက်နှစ်ဆယ် ဟူသော ထိုစဉ်ကာလများ၌ ယန်ယိကလည်း ပြန်လည်တိုက်ခိုက်ခဲ့ပြီး ထို့ကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး ပျက်စီးသွားခဲ့သည်။

ကျည်ဆံတွေက မိုးပေါက်တွေလိုရွာကျနေတဲ့ စစ်မြေပြင်မှာ ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့တဲ့ အစေးမကပ်တဲ့ ချစ်သူနှစ်ဦးက ခုနစ်နှစ်တာအချိန်မှာ ကြုံဆုံရတဲ့ အခက်အခဲအဖုအထစ်တွေကို ရင်ဆိုင်တောင့်ခံနိုင်ခြင်း မရှိဘဲ ကျရှုံးခဲ့ကာ အရူးအမူးချစ်ခဲ့ရသည့် ချစ်ခြင်းတွေကလည်း ပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့သည်။

——

အခုလည်း ယန်ယိက တံခါးအပြင်ဘက်သို့ စွန့်ပစ်ခြင်း ခံလိုက်ရပြန်သည်။

သူ့ရဲ့ ပိုက်ဆံအိတ်ထဲ၌ လုရှန်းကျင်ဆီမှာ အလုပ်လုပ်တုန်းက ရတဲ့ပိုက်ဆံတွေကိုစုထားတဲ့ ဘဏ်ကဒ်ရှိနေသေးသည်။ သူတို့နှစ်ယောက်လမ်းခွဲပြီးနောက်မှာ ယန်ယိက လပေးစနစ်နဲ့ လုရှန်းကျင်လက်အောက်ရှိ သာမန်အလုပ်သမားတစ်ယောက်ဖြစ်ခဲ့သည်။ သကြားကဲ့သို့ ချိုမြသော တခြားအိုမီဂါတွေအပေါ်ဆက်ဆံသည်နှင့်မတူဘဲ သူ့ရဲ့ဘဝ၌ အသုံးဝင်မည်မဟုတ်သည့် ကဒ်ကို လုရှန်းကျင်က ယန်ယိထံပေပေးမည်မဟုတ်ပေ။

သူ့ရဲ့ဗိုက်ထဲမှာရှိတဲ့ ကလေးလေးအသက်ရှင်နေနိုင်ဖို့အတွက် နွေးထွေးတဲ့နေရာလေးတစ်ခုကို ယန်ယိရှာရမည်။

ဒါကြောင့် နွေးထွေးတဲ့ဆွယ်တာအောက်က ဝမ်းဗိုက်သေးသေးလေးကို တယုတယကိုင်ရင်း တွေဝေမိန်းမောကာဖြင့် လုအိမ်တော်၏ ခြံဝင်းအတွင်းမှ ထွက်လာခဲ့သည်။ 

_____________

Lop Eared Guard
Words-2623
Feb/11/2022
Wine.

_____________

For my lovely zawgyi readers.

____

အခန္း(၁၁)

၂၀၁၆ ခုႏွစ္ ၂ လပိုင္း ၁၄ ရက္၊ ည ၁၁နာရီ။

Keldivia ၿမိဳ႕ရွိ ထင္ရႉးေတာမ်ား မီးေလာင္ေနရာမွ မီးေတာက္နီနီရဲရဲတို႔က မိုးေကာင္းကင္တစ္ခြင္လုံးတြင္ပင္ ပ်ံ့လြင့္လ်က္ရွိေနသည္။

ပဲ့တင္သံမ်ားထပ္ေနေသာ လမ္းက်ဥ္းေလး၏ အေမွာင္ရိပ္မ်ားထဲတြင္ ယန္ယိတစ္ေယာက္တည္း လမ္းေလွ်ာက္ေနသည္။ ယန္ယိရဲ႕ အေပၚဝတ္ေလကာအကၤ်ီက တိုက္ေလႏွင့္အတူ ဝဲလြင့္ေနၿပီး လက္ထဲတြင္ 590M ေသနတ္တစ္လက္ကိုင္ထားကာ ဘယ္ဘက္ဝမ္းဗိုက္တြင္ရထားေသာ ေသနတ္ဒဏ္ရာေၾကာင့္ ဦးေခါင္းက ၫြတ္က်ိဳးက်ေနသည္။ ဇကာေပါက္အလား ျဖစ္သြားသည္အထိ ေသနတ္ျဖင့္ အပစ္ခံထားရေသာ ေတာေခြးရိုင္း အယ္လ္ဖာမ်ား၏အေလာင္းေတြေပၚ နင္းကာေလွ်ာက္ေနရင္း ယန္ယိရဲ႕ တိုက္ခိုက္ေရးဘြတ္ဖိနပ္၏ေအာက္ေျခမွာ ေစးကပ္ေသာေသြးမ်ား စြန္းထင္းေနသည္။ ေစးကပ္ေနေသာ ေျမႀကီးေပၚေလွ်ာက္ေနတဲ့ ယန္ယိရဲ႕ေျခလွမ္းတို႔က မလွမ္းခ်င့္ လွမ္းခ်င္ ျဖစ္ေနသည္။

ယန္ယိက ပန္းဆိုင္ေလးတစ္ဆိုင္ကို ျဖတ္ေလွ်ာက္လာခဲ့သည္။ ထိုပန္းဆိုင္ရဲ႕ ပိုင္ရွင္က သက္လတ္ပိုင္းအ႐ြယ္ သာမန္ဘီတာတစ္ေယာက္ျဖစ္ၿပီး သူ႕ရဲ႕ ကလင္းဆဲလ္က ၿငိမ္ဝပ္ကာ ရႈပ္ေထြးေနသည္။ သူက လက္ေမာင္းထဲေပြ႕ခ်ီထားတဲ့ကေလးကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားရင္း ကိုယ္တိုင္က နံရံေထာင့္ၾကားသို႔ ဆုတ္ကာက်ဳံ႕က်ဳံ႕ကေလးေနေနခဲ့သည္။ တုန္ရီေနတဲ့လက္နဲ႕ ေငြရွင္းေကာင္တာတြင္ရွိေသာ ပိုက္ဆံအားလုံးကို ယန္ယိေျခေထာက္နားပုံခ်ေပးၿပီး ဒူးေထာက္ကာ ေတာင္းပန္ေနခဲ့သည္။

"မ ... မပစ္ပါနဲ႕ .. ပိုက္ဆံေတြ ... ပိုက္ဆံေတြ အားလုံးကိုယူသြားလိုက္ပါ...."

ပန္းဆိုင္ပိုင္ရွင္က သူ႕ကေလးရဲ႕မ်က္လုံးကို လက္နဲ႕အုပ္ထားၿပီး ေခါင္းကိုတြင္တြင္ခါကာ ယန္ယိကိုေတာင္းပန္ေနခဲ့သည္။ ေလကာအကၤ်ီရဲ႕ေအာက္မွာ အနက္ေရာင္အိမ္ေတာ္ထိန္းဝတ္စုံကိုဝတ္ဆင္ထားၿပီး အရပ္ရွည္ရွည္ ၊ ပိန္ပိန္သြယ္သြယ္ရွိေသာ ထိုေကာင္ေလးက ႏူးညံ့ကာ ေခ်ာေမာေသာ အိုမီဂါတစ္ေယာက္ျဖစ္ေလသည္။ ျပာ'၏အေရာင္ႏွင့္ဆင္တူေသာ မီးခိုေရာင္ဆံပင္ေပ်ာ့ေပ်ာ့အတြင္း၌ရွိသည့္ ယုန္နား႐ြက္တို႔က သူ႕နား႐ြက္ေပၚရွိေနတဲ့ ႏွင္းမႈန္တို႔ကို ဖယ္ရွားဖို႔ မသိသာစြာ လႈပ္ရမ္းေနသည္။

သူက .. အခုေလးတင္ လမ္းက်ဥ္းေလးထဲမွာ J1အဆင့္ ကြဲျပားမႈရွိတဲ့ ေတာေခြးရိုင္းတို႔ရဲ႕ ဂ်စ္ကားဆယ္စီးနဲ႕ ရင္ဆိုင္ေတြ႕ခဲ့တဲ့ အိုမီဂါပင္။ ဆယ္ေယာက္ထက္မကပိုေသာ အင္အားႀကီးၿပီး လ်င္ျမန္လြန္းသည့္ အယ္လ္ဖာမ်ားကို ေဆးေရာင္အစက္အေျပာက္တို႔ပါဝင္တဲ့ 590M shotgun ျဖင့္သာ တိုက္ခိုက္ခဲ့ၿပီး ထိုလမ္းၾကားထဲမွ အသက္ရွင္လ်က္ ျပန္ထြက္လာသူမွာ သူတစ္ေယာက္တည္းသာ ျဖစ္ေလသည္။

ယန္ယိက ကိုယ္ကိုကိုင္းလိုက္ၿပီး ေငြရွင္းေကာင္တာမွာတင္ထားတဲ့ ပန္းအိုးထဲမွ ႏွင္းဆီပန္းတစ္ပြင့္ကို လွမ္းယူလိုက္ကာ ႏွင္းဆီပန္းေလး ငြားစြင့္ပြင့္လာဖို႔ တားဆီးထားတဲ့ အျဖဴေရာင္အစြပ္ကို ဂ႐ုတစိုက္ဖယ္လိုက္သည္။ ေသြးတို႔စီးက်ေနတဲ့ သူ႕ရဲ႕လက္က ေသြးထြက္လြန္ေနျခင္းေၾကာင့္ ျဖဴေဖ်ာ့ကာေနၿပီး အားအင္တို႔မဲ့ေနသည္။

ယန္ယိက ႏွင္းဆီပန္းေလးကို အကၤ်ီ၏အေရွ႕အိတ္ကပ္ထဲထည့္ထားလိုက္သည္။

လုရွန္းက်င္က ဒီလိုေမႊးရနံ႕တို႔ သင္းထုံေနတဲ့ ပန္းမ်ိဳးဆို သိပ္ႀကိဳက္သည္။ ယန္ယိက သူ႕လည္ပင္းရဲ႕အေနာက္ဘက္ကို လက္ျဖင့္ပြတ္သပ္လိုက္သည္။ ယန္ယိရဲ႕ကလင္းက တိုက္ပြဲျဖစ္ေနခ်ိန္အတြင္းမွာဝတ္ထားရသည့္ လည္ပင္းအကာအကြယ္ေအာက္မွာ တင္းၾကပ္ေနၿပီး ထိုအကာအကြယ္က နို႔သၾကားလုံးေလးလို ေမႊးရနံ႕ရွိတဲ့ ယန္ယိရဲ႕ ေဟာ္မုန္းနံ႕တို႔မထြက္ေအာင္လည္း ကာကြယ္ေပးသည္။ ဆိုေတာ့ လုရွန္းက်င္ကိုလည္း စိတ္လႈပ္ရွားမႈမျဖစ္ေစေတာ့ဘူးေပါ့။

မီးေရာင္မရွိတဲ့ လမ္းဆုံ၏အရိပ္က်ရာေနရာတြင္ ခဲေငြေရာင္ Porsche(ေပၚေရွး) တစ္စီးရပ္ထားသည္။ ယန္ယိက ကိုယ္ကိုယ္ကိုင္းလိုက္ၿပီး ကားမွန္ျပတင္းေပါက္ကို ေခါက္လိုက္သည္။

"သခင္ ... ကိစၥအားလုံးၿပီးပါၿပီ"

လုရွန္းက်င္က သူ႕မ်က္လုံးေတြကိုဖြင့္လိုက္ၿပီး ကားတံခါးကိုတြန္းဖြင့္လိုက္သည္။ ထို႔ေနာက္ ယန္ယိကို ကားဘက္သို႔ တြန္းလိုက္ၿပီး ခန႔္ျငားေၾကာ့ေမာ့ကာ ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးလြန္းေသာ က်ားသစ္တစ္ေကာင္၏ သူ႕ရဲ႕သားေကာင္ကိုစစ္ေဆးေနသကဲ့သို႔ အေပၚေအာက္ကို စူးစမ္းကာၾကည့္ေနသည္။

လက္တစ္ဖက္က ခါးပတ္တြင္ထိုးထားသည့္ ေသနတ္ကိုထိန္းကိုင္ထားရင္း က်န္တဲ့ညာဘက္လက္ျဖင့္ အိတ္ကပ္ထဲက ႏွင္းဆီပြင့္ကို လုရွန္းက်င္ထံေပးလိုက္သည္။

"သခင္က လေရာင္ေအာက္မွာရွိေနတဲ့ အနက္ေရာင္ျခေသၤ့ လိုပဲ၊ ကြၽန္ေတာ္ ခ်စ္တယ္"

အလဲအထပ္အေနျဖင့္ လုရွန္းက်င္က ယန္ယိကို ျပင္းထန္စြာနမ္းရွိုက္လိုက္ၿပီး ယန္ယိလည္ပင္းေပၚဝတ္ဆင္ထားတဲ့ အကာအကြယ္ကိုလည္း စိတ္မရွည္စြာဖယ္ရွားပစ္လိုက္သည္။ ယန္ယိကိုကားေပၚမွီထားေစရင္း သူကအေပၚကေန ဖိထားကာ ယန္ယိလည္ပင္းအေနာက္မွာရွိတဲ့ ကလင္းကို လွ်ာျဖင့္လ်က္' လ်က္ သူ႕လက္ေမာင္းအတြင္းရွိ ႏူးညံ့ၿပီးနာခံတတ္ေသာ အိုမီဂါ၏ နာက်င္စြာထြက္ဆိုလာသံမ်ားကို နားေထာင္ေနခဲ့သည္။

"သခင္ တာဝန္က ေခ်ာေခ်ာေမြ႕ေမြ႕ပဲ ၿပီးသြားတယ္" ဒီစကားလုံးေတြက လုရွန္းက်င္ကို ပိုၿပီးစိတ္ၿငိမ္သြားေအာင္ ျပဳလုပ္နိုင္မည္လို႔' ေမွ်ာ္လင့္ရင္း ႏူးညံ့စြာျဖင့္ ယန္ယိေျပာလိုက္သည္။

လုရွန္းက်င္ကေတာ့ မဟုတ္ ... "ဒါက မင္း ရည္႐ြယ္ထားသလိုပဲေလ"

ယန္ယိရဲ႕ ေသနတ္ဒဏ္ရာကို ဂ႐ုထားျခင္းမရွိဘဲ လုရွန္းက်င္က ပိုလို႔တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ၿပီး ယန္ယိကေတာ့ ခ်စ္ရသူေပးတဲ့ ဒဏ္ရာကို အံႀကိတ္ကာ ေတာင့္ခံေနခဲ့သည္။ သူတို႔ အတူေနတဲ့အခ်ိန္တိုင္း (sex) သူ႕ရဲ႕ အယ္လ္ဖာက အတြင္းထဲမွေန၍ လွိုက္ကာတက္လာေသာ မခ်ိမဆံ့နာက်င္မႈျဖင့္ မေမွ်ာ္လင့္ထားေသာ အေတြ႕အႀကဳံကို ခံစားေစသည္။

နား႐ြက္က်ယဳန္ေလးက အားနည္းခ်က္မ်ားစြာရွိတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ခဲ့သည္။

ကားေနာက္ၾကည့္မွန္မွတဆင့္ ယန္ယိက ေအးစက္ေသာ အရပ္ျမင့္ျမင့္အယ္လ္ဖာကို ၾကည့္လိုက္သည္။ သူ႕ရဲ႕ အယ္လ္ဖာက သူ႕ရဲ႕ေခါင္းကို ညင္သာစြာထိန္းကိုင္ေပးၿပီး ေနာက္ေက်ာျပင္ကို ေပြ႕ခ်ီထားေပးရင္ ဘယ္ေလာက္ေတာင္မွ ၾကည္ႏူးစရာေကာင္းၿပီး ကံေကာင္းမႈတစ္ခု ျဖစ္ေလလိမ့္မလဲ။ ကိုယ္ကိုေကြးၫြတ္ကာ ကုန္းထားရင္း အယ္လ္ဖာရဲ႕ ႏွစ္သိမ့္ေပးမႈကို ယန္ယိ စိတ္ကူးယဥ္ေနခဲ့သည္။

လုရွန္းက်င္ရဲ႕ မ်က္လုံးထဲမွာေတာ့ သူ႕ရဲ႕ ထူးကဲလြန္းစြာ အစြမ္းထက္ေသာ ကိုယ္ရံေတာ္ ယန္ယိက ခ်စ္ခင္ႏွစ္သက္စရာေကာင္းၿပီး စိတ္ေက်နပ္မႈေပးလြန္းေသာ ေခြးတစ္ေကာင္သာ ျဖစ္ေလသည္။

ယန္ယိကေတာ့ ကြဲျပားစြာဘဲ သူ႕အေတြး သူ႕အျမင္ထဲမွာ အသက္ရွင္ရဖို႔ အခြင့္အေရးေသးေသးေလးကိုပဲ ပိုင္ဆိုင္ထားရတဲ့အခါ ဝန္ခံခ်က္တစ္ခုစီတိုင္းက ႏွလုံးသားရဲ႕ အနက္ဆုံးမွေန၍ ခါးသက္ကာ နာက်င္စရာေကာင္းေနခဲ့သည္။ သူက သူ႕ရဲ႕အယ္လ္ဖာကို တိတ္တိတ္ေလးနဲ႕ အသဲစြဲေအာင္ကို အ႐ူးအမူးခ်စ္ရသည့္အတိုင္း အမွားေတြကို ျပန္ျပင္ဖို႔အတြက္ သူ႕အယ္လ္ဖာေနာက္လိုက္ၿပီး ျပန္ၿပီးလည္း ပိုးပန္းခ်င္ေသးသည္။

အကူအညီမဲ့စြာျဖင့္ ယန္ယိက ကားတံခါးကို ဆုပ္ကိုင္ထားဆဲပင္ ၊ ထို႔ေနာက္ ႐ုန္းကန္လႈပ္ရွားျခင္းဆိုတာ ထပ္မရွိေတာ့ဘဲ သူ႕ခႏၶာကိုယ္ႏွင့္ လုရွန္းက်င္ျပဳလုပ္မည့္ စိတ္ေက်နပ္စရာ ကိစၥအားလုံးကို လုပ္ခြင့္ျပဳလိုက္သည္။

သူ႕ရဲ႕လည္ပင္းအေနာက္ဘက္ရွိ ဖယ္ရွားပစ္ခဲ့တဲ့ အမွတ္အသားေပၚ အေရျပားအသစ္တို႔က ဆက္လက္ဖြံ႕ၿဖိဳးေနၿပီး အေတာမသတ္နိုင္ေသာ နာက်င္မႈအစုံအညီတို႔က လြန္ခဲ့ေသာ တစ္ပတ္က ကြာရွင္းခဲ့သည့္ အျဖစ္အပ်က္ကို အမွတ္ရဖို႔ ျပန္လည္သတိေပးေနခဲ့သည္။ သို႔ေပမယ့္ ဒါကို ကြာရွင္းတယ္လို႔ သတ္မွတ္လို႔မရေသး ... သူတို႔က ဒီအတိုင္း လမ္းခြဲခဲ့႐ုံေလးေလ။

လုရွန္းက်င္က ယန္ယိ အၾကာႀကီးေနထိုင္ခဲ့တဲ့ ဗီလာကေနၿပီး ေမာင္းထုတ္ခဲ့သည္။ ထိုအခ်ိန္မွစၿပီး အလုပ္ကအလုပ္ျဖစ္သြားေပမယ့္ ပဲ့ေႂကြခဲ့တဲ့ သူတို႔ရဲ႕ခံစားခ်က္မ်ားထဲမွာေတာ့ ေႏွာင္ႀကိဳးမ်ားက အခုခ်ိန္ထိ က်န္ရွိလို႔ ေနေသးသည္။

ဒါ သူ႕အျပစ္ဆိုတာ ယန္ယိသိသည္။

ခုနစ္ႏွစ္တာ အခ်ိန္ကာလအတြင္းမွာ သူတို႔ခံစားခ်က္ေတြ အမ်ားႀကီး ပ်က္စီးခဲ့ရၿပီး တစ္ခါတစ္ေလ လုရွန္းက်င္က အိမ္ျပန္မလာတဲ့အတြက္ ဘယ္သူမွမရွိတဲ့ အထီးက်န္စံအိမ္ႀကီးထဲမွာ ယန္ယိတစ္ေယာက္တည္း ေနခဲ့ရသည္။

သူ႕ရဲ႕ၿမိဳင္က်ခ်ိန္ကာလအတြင္းမွာ ဦးေခါင္းမွထိုးကိုက္လာတဲ့အခ်ိန္ထိ ေတာင့္ခံထားခဲ့ေပမယ့္ တကယ္တမ္း ဒါကို ၾကာရွည္စြာ သည္းခံထားနိုင္ဖို႔ ယန္ယိမလုပ္နိုင္ခဲ့ေပ။ ၾကမ္းျပင္တြင္ ေဆးေတြကႀကဲျပန႔္ေနလ်က္ တားေဆးနဲ႕ အကိုက္အခဲေပ်ာက္ေဆးေတြထိုးၿပီးတာေတာင္ ယန္ယိက ျပင္းထန္လြန္းတဲ့ နာက်င္မႈကို ခံစားေနရတုန္းပင္။

ေနာက္ဆုံး သူ႕ရဲ႕ ၿမိဳင္က်ခ်ိန္ကာလ၏ ညွင္းပန္းႏွိပ္စက္မႈကို မခံစားနိုင္ေတာ့သည့္ အခ်ိန္မွာေတာ့ အေပၚကုတ္ကိုထပ္ဝတ္ၿပီး ခ်ည္ဦးထုပ္ကိုေဆာင္းကာ ႀကီးမားေသာအေမႊးပြပုဝါျဖင့္ သူ႕မ်က္ႏွာတစ္ဝက္ေလာက္ထိကို ဖုံးကာလိုက္ၿပီးေနာက္ ပင့္ကူအယ္လ္ဖာ၏ ႏွိပ္ေပးျခင္းကို ခံယူဖို႔ ကလပ္အတြင္း ခိုးေၾကာင္ခိုးဝွက္ဝင္ခဲ့သည္။

အခန္းထဲသို႔ ပင့္ကူအယ္လ္ဖာဝင္လာသည္ႏွင့္ လုပ္ရိုးလုပ္စဥ္ေတြအတိုင္း သူကအကၤ်ီခြၽတ္လိုက္သည္။ ဒီလိုညသန္းေခါင္ယံမွာ ကလပ္အတြင္း ခိုးေၾကာင္ခိုးဝွက္ဝင္လာတဲ့ အိုမီဂါကို ထိုအယ္လ္ဖာဘာလုပ္ေတာ့မလဲဆိုတာကိုေတာ့ လူတိုင္းက သိေနၿပီးသားပင္။ ပင့္ကူအယ္လ္ဖာက စကားေတြနဲ႕ အခ်ိန္ကုန္ေအာင္လုပ္မေနေတာ့။

'ဒီအိုမီေလးက သိပ္ကိုလွပၿပီး ခ်စ္စရာေကာင္းေနတာေၾကာင့္ ဒီေန႕ညက အိပ္စက္ျခင္းမရွိတဲ့ ခပ္မိုက္မိုက္ညတစ္ည ျဖစ္ေနေတာ့မည္။ '

မေမွ်ာ္လင့္ထားစြာဘဲ ယန္ယိကသူ႕ရဲ႕အေပၚဝတ္ကိုခြၽတ္ၿပီးခ်ိန္မွာ ထိုကုတ္ေအာက္၌ အိမ္ေနဝတ္ခ်စ္စရာသိုးေမႊးဆြယ္တာက ေအာက္ခံအကၤ်ီအျဖစ္ ရွိေနခဲ့သည္။ ယန္ယိက ပင့္ကူအယ္လ္ဖာဘက္သို႔ ေက်ာေပးကာ ေမွာက္ခုံအေနအထားျဖင့္ အႏွိပ္ကုတင္ေပၚ၌ နာခံမႈရွိရွိလဲေလ်ာင္းလိုက္သည္။

".... မင္းရဲ႕အဝတ္ေတြကို ခြၽတ္စရာမလိုဘူး .... ဒီအတိုင္းဘဲ ပြတ္ေပး ... ငါ့ေက်ာကို ဒီအတိုင္း ပြတ္ေပး "

ရွက္ေသြးျဖာမႈအနည္းငယ္ျဖင့္ ယန္ယိက ၾကမ္းျပင္ကိုစိုက္ၾကည့္ေနရင္းသာ ေျပာလိုက္သည္။

ပင့္ကူအယ္လ္ဖာမွာ ေၾကာင္အေနခဲ့သည္။

ထို႔ေနာက္ သူ႕ရဲ႕ ေသသပ္ကာစတိုင္လ္က်လြန္းေသာ ဆံပင္ေတြကို အေနာက္သို႔သပ္တင္လိုက္ၿပီး ယန္ယိရဲ႕ေက်ာျပင္ကို တစ္ညလုံး ပြတ္သပ္ေပးေနခဲ့သည္။

နား႐ြက္က်ယဳန္ငယ္ေလးက သက္သာမႈရွိစြာျဖင့္ တစ္ဖက္သို႔ လွည့္လာသည္။ သူ႕မ်က္ဝန္းေတြက အိပ္ငိုက္တစ္ဝက္ႏွင့္‌ ေမွးစင္းေနၿပီး ေျဖးညင္းစြာအသက္ရႉေနရင္းမွ မ်က္ဝန္းေတြကို အလိုက္အထိုက္ေမွးမွိတ္လိုက္သည္။ သူ႕ရဲ႕ ေကာ့ျဖာေနတဲ့ မ်က္ေတာင္စိပ္စိပ္တို႔က ႏွင္းစြတ္ေနတဲ့အေတာင္ပံကို ခါယမ္းေနတဲ့ ပိုးေကာင္ေလးလိုျဖစ္ၿပီး ေသးငယ္တဲ့ နား႐ြက္တို႔ကလည္း တစ္ခါတစ္ရံလႈပ္ရွားေနသည္။

ပင့္ကူအယ္လ္ဖာက ယန္ယိရဲ႕ထိုကဲ့သို႔ေသာပုံရိပ္ေတြကို မွင္သက္စြာနဲ႕ ေငးၾကည့္ေနခဲ့သည္။ ထိုပုံရိပ္ေတြၾကားမွာ ထိန္းခ်ဳပ္နိုင္ျခင္းမွာ မတတ္နိုင္ ... ပင့္ကူအယ္လ္ဖာက လက္ကိုဒူးေပၚေထာက္လိုက္ၿပီး ကိုယ္ကိုယ္ကိုင္းကာ နား႐ြက္က်ယဳန္ငယ္ေလး၏ နဖူးကို ထိေတြ႕ၿပီး စြဲမက္စရာအနံ႕အသက္ကို ခိုးနမ္းလိုက္သည္။

'သူက သိပ္ကို ခ်စ္စရာေကာင္းသည္'

ယန္ယိကသိပ္ကိုခ်စ္စရာေကာင္းေနခဲ့ၿပီး ထိုအရာကပဲ တစ္ဖက္သူကို သူတို႔အဝတ္အစားေတြမခြၽတ္ဘဲ ပိုက္ဆံအေၾကာင္းမေျပာဘဲ သူ႕ရဲ႕ေက်ာျပင္အား ဂ႐ုတစိုက္ႏွင့္ ပြတ္သပ္ေနေစခဲ့သည္။

သူက သန႔္စင္တဲ့ အိုမီဂါပဲ .. သို႔ေပမယ့္ ကံမေကာင္းတာက သူ႕လည္ပင္းအေနာက္ဘက္ရွိ ကလင္းအေပၚမွာ အမွတ္အသားရွိေနသည္။ သူက လက္ထပ္ထားၿပီးၿပီး ဒါေၾကာင့္ ပင့္ကူအယ္လ္ဖာအေနနဲ႕ ယန္ယိအေပၚ ထပ္ၿပီး စိတ္ကူးယဥ္ၾကည့္ေနလို႔မရနိုင္ေတာ့ေပ။

ယန္ယိရဲ႕ ၿမိဳင္က်ခ်ိန္ကာလက ပင့္ကူအယ္လ္ဖာရဲ႕ အထိအေတြ႕ေၾကာင့္ တည္ၿငိမ္မႈရခဲ့ၿပီး ထိုေနာက္မွာ ယန္ယိအိမ္သို႔ ျပန္လာခဲ့သည္။ အိမ္ျပန္ေရာက္တဲ့အခါ လုရွန္းက်င္က ဆိုဖာေပၚမွာထိုင္ေနၿပီး အျပင္မွ ျပန္လာသည့္ ယန္ယိကို အကဲခတ္ေနသည့္ မ်က္ဝန္းမ်ားျဖင့္ စစ္ေဆးၾကည့္ေနသည္။

"မင္း မေန႕ညက ဘယ္သြားခဲ့လဲ"

ယန္ယိက ထိုအေမးကိုျပန္ေျဖဖို႔ျပင္လိုက္သည္။ သို႔ေပမယ့္ အမွန္ကိုေျပာလိုက္ရင္ လုရွန္းက်င္စိတ္တိုသြားမည္ကိုလည္း ေၾကာက္ေနသည့္အတြက္ တျခားေသာ အေၾကာင္းျပခ်က္တစ္ခုကိုသာ ေပးဖို႔ျပင္ဆင္ရင္း အိမ္ထဲသို႔ ဝင္သြားခဲ့သည္။

သို႔ေပမယ့္ ယန္ယိစီစဥ္ထားသလို မျဖစ္ခဲ့ အဲ့ဒီအစား ယန္ယိရဲ႕ ေျခေထာက္နားသို႔ လုရွန္းက်င္က ဓာတ္ပုံတစ္ပုံကို ပစ္ထုတ္ေပးလိုက္သည္။

ဓာတ္ပုံထဲ၌ နား႐ြက္က်ယဳန္ငယ္ေလးက အႏွိပ္ကုတင္ေပၚအိပ္ေနၿပီး ၾကည့္ေကာင္းေသာ အႏွိပ္သည္အယ္လ္ဖာက ယန္ယိရဲ႕နဖူးကိုနမ္းဖို႔အတြက္ ေခါင္းငုံ႕ေနသည့္ ပုံျဖစ္သည္။

ဒါက ပိုင္ဆိုးပိုင္နင္းလုပ္လြန္းေသာ အယ္လ္ဖာတစ္ေယာက္၏ ဖုံးကြယ္မႈမရွိေသာ အထင္အျမင္ေသးလြန္းသည့္ အျပဳအမူျဖစ္ေလသည္။ ဒုတိယအဆင့္ ကြဲျပားမႈရွိေသာ အမဲလိုက္သိမ္းငွက္ အယ္လ္ဖာဆိုသည့္ ဂုဏ္ပုဒ္ေၾကာင့္ ယုန္ငယ္၏အရွက္မရွိေပၚတင္ျဖစ္လြန္းေသာ ေဖာက္ျပန္မႈအေပၚ လုရွန္းက်င္ သည္းမခံနိုင္ေပ။

အသက္ႏွစ္ဆယ္ ဟူေသာ ထိုစဥ္ကာလမ်ား၌ ယန္ယိကလည္း ျပန္လည္တိုက္ခိုက္ခဲ့ၿပီး ထို႔ေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရး ပ်က္စီးသြားခဲ့သည္။

က်ည္ဆံေတြက မိုးေပါက္ေတြလို႐ြာက်ေနတဲ့ စစ္ေျမျပင္မွာ ေဘးခ်င္းယွဥ္တိုက္ခိုက္ခဲ့တဲ့ အေစးမကပ္တဲ့ ခ်စ္သူႏွစ္ဦးက ခုနစ္ႏွစ္တာအခ်ိန္မွာ ႀကဳံဆုံရတဲ့ အခက္အခဲအဖုအထစ္ေတြကို ရင္ဆိုင္ေတာင့္ခံနိုင္ျခင္း မရွိဘဲ က်ရႈံးခဲ့ကာ အ႐ူးအမူးခ်စ္ခဲ့ရသည့္ ခ်စ္ျခင္းေတြကလည္း ပ်က္စီးျခင္းသို႔ ဆိုက္ေရာက္ခဲ့သည္။

——

အခုလည္း ယန္ယိက တံခါးအျပင္ဘက္သို႔ စြန႔္ပစ္ျခင္း ခံလိုက္ရျပန္သည္။

သူ႕ရဲ႕ ပိုက္ဆံအိတ္ထဲ၌ လုရွန္းက်င္ဆီမွာ အလုပ္လုပ္တုန္းက ရတဲ့ပိုက္ဆံေတြကိုစုထားတဲ့ ဘဏ္ကဒ္ရွိေနေသးသည္။ သူတို႔ႏွစ္ေယာက္လမ္းခြဲၿပီးေနာက္မွာ ယန္ယိက လေပးစနစ္နဲ႕ လုရွန္းက်င္လက္ေအာက္ရွိ သာမန္အလုပ္သမားတစ္ေယာက္ျဖစ္ခဲ့သည္။ သၾကားကဲ့သို႔ ခ်ိဳျမေသာ တျခားအိုမီဂါေတြအေပၚဆက္ဆံသည္ႏွင့္မတူဘဲ သူ႕ရဲ႕ဘဝ၌ အသုံးဝင္မည္မဟုတ္သည့္ ကဒ္ကို လုရွန္းက်င္က ယန္ယိထံေပေပးမည္မဟုတ္ေပ။

သူ႕ရဲ႕ဗိုက္ထဲမွာရွိတဲ့ ကေလးေလးအသက္ရွင္ေနနိုင္ဖို႔အတြက္ ေႏြးေထြးတဲ့ေနရာေလးတစ္ခုကို ယန္ယိရွာရမည္။

ဒါေၾကာင့္ ေႏြးေထြးတဲ့ဆြယ္တာေအာက္က ဝမ္းဗိုက္ေသးေသးေလးကို တယုတယကိုင္ရင္း ေတြေဝမိန္းေမာကာျဖင့္ လုအိမ္ေတာ္၏ ၿခံဝင္းအတြင္းမွ ထြက္လာခဲ့သည္။ 

_____________

Lop Eared Guard
Words-2623
Feb/11/2022
Wine.

_____________

Continue Reading

You'll Also Like

364K 34.8K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
78.4K 5.7K 20
'အင်္ကျီနဲ့အတူ မောင့်နှလုံးသားလေးပါသွားတာ အန်တီပြန်မထည့်ပေးထားဘူး ရပါတယ် ယူထားပါ မောင်နေ့တိုင်းလာတောင်းလှည့်မယ်' 'အဲ့တာဘာစကားဆိုတာလဲ' 'အင်း..ချစ်စကား...
2M 104K 32
The entire story line and character names are just the imagination of the author.
794K 25.7K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...