🎵 ေနာက္ေက်ာဘက္က ဓားခ်က္ကိုျမင္ပါတယ္... မင္းမွန္းသိလို႔သာ ၿငိမ္ေနလိုက္ပါတယ္... ငါ တလွမ္းတိုးရင္ နင္ကပဲ ေနာက္ဆုတ္လို႔သြား... မင္းအနားမွာ ေနခ်င္လို႔ ႀကိဳးစားမိ႐ံုပါ... ။ ဇာတ္သိမ္းရမဲ့ အဆံုးသတ္ကို ျမင္ေပမဲ့ မင္းမွန္းသိလို႔သာ ၿငိမ္ေနခဲ့ပါတယ္... 🎵
ညမီးေရာင္တို႔သည္ တလက္လက္ ေတာက္ပလြန္းေသာ္လည္း ထည္ဝါလင္းရိွန္ ၏ မ်က္လံုးထဲတြင္ေတာ့ ညိႇဳးေရာ္ေပ်ာက္ကြယ္သြားေတာ့မည့္ ၾကယ္ပြင့္ေလးမ်ားဟုပင္ ထင္မိသည္ ။ သူ၏ စိတ္တြင္း၌ ညိႇဳးႏြမ္းအားငယ္ျခင္းမ်ား ႀကီးမားအုပ္စိုးျခင္း ခံလာရသည့္အခါ ပတ္၀န္းက်င္၏ အလွတရား မီးေရာင္ေလးမ်ားကေတာင္ သူ႕အတြက္ အက်ည္းတန္လာခဲ့သည္ ။
စႀကၤန္လမ္းေလးေပၚတြင္ တေရြ႕ေရြ႕ ေလွ်ာက္လွမ္းသြားတဲ့အခါ ေဘးမွ ကပ္လ်က္ ျဖတ္သြားေသာ လူတခ်ဳိ႕၏ ခ်ဳိးႏိွမ္ခ်င္ေသာ အမူအရာမ်ားကို သတိထားမိသည္ ။
သူ႕ကို ေတာ္၀င္လုပ္ငန္းစု ရဲ႕ ဥကၠဌေဟာင္း ထည္ဝါလင္းရိွန္ ၊ အိမ္ေထာင္ရိွ ေယာက်္ားတစ္ေယာက္၏ အငယ္အေႏွာင္း ေဂး တစ္ေယာက္အျဖစ္ သိသူ တခ်ဳိ႕ပင္ ျဖစ္လိမ့္မည္ ။
မီဒီယာမ်ား၏ အေရးတယူ ေဖာ္ျပျခင္း ခံခဲ့ရစဥ္က
သတင္းမ်ား၏ ေခါင္းႀကီးပိုင္းတြင္ ခန္႔ညားေသာ သူ႕ပံုမ်ားေၾကာင့္ သိသူတခ်ဳိ႕က သူ႕မ်က္ႏွာကို ရင္းႏီွးေနေလာက္ေရာေပါ့ေလ... ။
" ကိုးလ္! "
သူ႕ ေရွ႕ တည့္တည့္ ေရာက္လာေသာ လူ၏ မ်က္ႏွာကို ကားမီးေရာင္မ်ားၾကားမွ ၀ါးတားတားျမင္ေနရ၏ ။ ထည္ဝါလင္းရိွန္သည္ ညအေမွာင္ ေရာယွက္လာသည့္ ညေနခင္းထိေလာက္သာ အရာ၀တၳဳမ်ားကို သဲသဲကြဲကြဲ ျမင္ရသည္ ။ လြန္ခဲ့ေသာ ႏွစ္တခ်ဳိ႕က သူ႕မ်က္လံုးရွည္တို႔သည္ ေျခေထာက္မ်ားျဖင့္ ကန္ျခင္းခံထားဖူးမွ စကာ အျမင္အာ႐ံုတို႔သည္ ပံုမွန္မဟုတ္ေတာ့ေခ် ။
ေရွ႕မွ လူသည္ အနားသို႔ တိုးကပ္လာမွ
ဦးစိုင္းထန္ ျဖစ္ေနေၾကာင္းကို သူ ျမင္လိုက္ရ၏ ။
ထိုလူသည္ အတိတ္တခ်ဳိ႕က သူ႕ကို ေသနတ္ပစ္သင္ေပးခဲ့ဖူး၏ ။ ဘိန္းျဖဴဘိန္းစိမ္းတို႔၏ေဈးကြက္ကစားပံုတို႔ကို အဓိက သင္ေပးခဲ့သူလည္း ျဖစ္သည္ ။ လက္႐ံုးရည္ႏွင့္ပတ္သက္လွ်င္လည္း ဒယ္ဒီ့ထက္ပိုစြာ အျပင္းအထန္ ေလ့က်င့္ေပးခဲ့ဖူး၏ ။
" ဘယ္သြားမလို႔လဲ? ကားေရာ! ကားမပါဘူးလား.... တစ္ေယာက္တည္းလား? မင္းတစ္ေယာက္တည္း ေလွ်ာက္သြားေနတာလား ကိုးလ္! "
မ်က္ေမွာင္ၾကဳတ္ကာ စကားေျပာေနပံုမွာ အလိုမက်မႈကို အထင္းသားေပၚလြင္ေန၏ ။
သူ တစ္ေယာက္တည္း ေလွ်ာက္သြားတာ ဒီလူ ဘ၀င္မက်စရာ ဘာမ်ားရိွလို႔လဲ?
ထိုလူ ေမးလာသည့္စကားမ်ားကို သူ ဘာျပန္ေျပာရမလဲ ေတြးမရေတာ့ေပ... ။ သူ႕ဦးေႏွာက္ႏွင့္ ႏွလံုးသားသည္ ထံုက်င္ေအးစက္လြန္းလို႔ အလုပ္ သိပ္လုပ္ခ်င္သည့္ပံုမေပၚေတာ့ေပ ။
"ငါနဲ႔လိုက္ခဲ့!! "
ဦးစိုင္းထန္ က အေျခအေနကို အကဲခတ္ၿပီးေနာက္
သူ႕လက္ကို ဆြဲကာ ကားေပၚသို႔ အတင္းတြန္းတင္သည္ ။ လမ္းတေလွ်ာက္တြင္လည္း ဘာစကားမွ မဆိုခဲ့ေပမဲ့လို႔ ခဏခဏေတာ့ အကဲခတ္ေနဟန္ျဖင့္ လွမ္းလွမ္းၾကည့္သည္။
သူ ထင္သည္မွာ မမွားလွ်င္ ဦးစိုင္းထန္မ်က္လံုးမ်ားသည္ သူ႕ဗိုက္ဆီသို႔ အာ႐ံုစူးစိုက္စြာ ေရာက္ရိွေနေလ၏ ။
ညစာ မစားရေသးေၾကာင္း စကားစပ္မိၾကေသာေၾကာင့္ စားေသာက္ဆိုင္တစ္ဆိုင္တြင္ အတူ ထိုင္ခဲ့ၾကသည္။
" ငါးသံပရာေပါင္း "
"ငါးသံပရာေပါင္း"
သူတို႔ႏွစ္ဦးလံုး 'ငါးသံပုရာေပါင္း' ဟူ၍ ၿပိဳင္တူ ေျပာလိုက္မိ၏ ။ ဦးစိုင္းထန္က ယဲ့ယဲ့ေလး ၿပံဳးလိုက္သလို သူလည္း ထိုနည္းတူ လိုက္ၿပံဳးမိသည္... ။ သူတို႔ႏွစ္ဦးက ရွားရွားပါးပါးအႀကိဳက္လာတူေနၾကသည္ ။
ဦးစိုင္းထန္သည္ ထည္ဝါလင္းရိွန္၏ မ်က္ႏွာတျခမ္းေပၚမွ အနီေရာင္ရဲေနေသာ ဒဏ္ရာကိုေတြ႕ၿပီးျဖစ္ေသာ္လည္း မ်က္ေမွာင္ၾကဳတ္လ်က္သာ ျပဳကာ ဘာမွ ေမးမလာခဲ့ေခ် ။
" ကေလးက ဘယ္ႏွလ လဲ? "
"ဗ်ာ! "
ေလးကိုင္းပံုႏႈတ္ခမ္းတို႔ ၀ိုင္းစက္သြားသည္အထိ သူ အာေမဋိတ္သံျပဳကာ အံ့ဩတုန္လႈပ္သြားရ၏ ။
သူဟာ ေယာက်္ားတစ္ေယာက္ ရဲ႕ ေသြးသားကို သူ႕ေသြးသား တို႔နဲ႔ ေပါင္းစပ္ကာ မိန္းမတစ္ေယာက္ကဲ့သို႔ ကိုယ္၀န္လြယ္ေပးရမည့္ ေယာက်္ားတစ္ေယာက္! ။ ဒီအေၾကာင္းကို သူစိမ္းတစ္ေယာက္က ဖြင့္ဟလာသည့္အခါ
သူ ခံစားလာရသည္က ရွက္ေၾကာက္ေနသည့္စိတ္လား... ။ သူ ့ ကေလးေလးက သူ႕အတြက္ ရွက္စရာ ျဖစ္တည္မႈမွ မဟုတ္ဘဲ... ။ ဒါဆို ေၾကာက္စိတ္မ်ားလား ။ ဒါက ဦးစိုင္းထန္ လို ေသြးေအးရက္စက္တတ္သူကို ေၾကာက္ရြံသြားသည့္ စိတ္မ်ားလား... ။
" ေဆး႐ံုမွာ ငါ ေတြ႕ခဲ့တယ္ ။ အဲ့ေဆး႐ံု႐ဲ့ ေဆးေပးခန္းက သြားဖြားမီးယပ္ေဆးေပးခန္း ကို သပ္သပ္တစ္ခု ခြဲထားတာ... ခက္ထန္ ကို အဲ့ေနရာမွာေတြ႕ခဲ့တယ္ ။ "
ဦးစိုင္းထန္ ဟာ သိပ္လ်င္သိပ္လည္လြန္းေၾကာင္းကို သူ သိထားၿပီးျဖစ္၏ ။ သူ သားအိမ္အထည့္ခံခဲ့ရသည့္အေၾကာင္းကိုလည္း ဦးစိုင္းထန္ တစ္ဦးသာ သိရိွထားခဲ့သည္ ။ ဦးစိုင္းထန္သည္ သူ သိၿပီးသမွ်ကို သူျမင္ခဲ့သည့္အရာမ်ားႏွင့္ ဆက္စပ္ေတြးကာ ဆံုးျဖတ္ခ်က္ကို ခိုင္မာေစခဲ့ပံုေပၚသည္ ။
" ကြၽန္ေတာ္ ဒီကေလးကို မရ, ရေအာင္ ေမြးမွာ... မာစတာ.... ခင္ဗ်ား မျမင္ခ်င္ေယာင္ေဆာင္ေပးပါ"
" ဆံုးျဖတ္ၿပီးသြားၿပီလား? ေယာက်္ားတန္မဲ့ တျခားေယာက်္ားတစ္ေယာက္ရဲ႕ ကိုယ္၀န္ကို လြယ္ေပးေနရတာ ရွက္ဖို႔ေကာင္းတယ္ မထင္ဘူးလား ထည္ဝါလင္းရိွန္! မင္း ဒီကေလးကို ေမြးၿပီးရင္ေရာ.... အေမ ဘယ္မွာလဲ လို႔ ေမးလာရင္ မင္း ဘာျပန္ေျဖမလဲ? "
" ရွက္ဖို႔ေကာင္းတယ္ လို႔ ကြၽန္ေတာ္ မထင္ဘူး! ကြၽန္ေတာ္ သူ႕ကို အရမ္းခ်စ္တယ္ ၊ ကိုယ္ခ်စ္တဲ့ လူရဲ႕ ေသြးသားကို ကိုယ္တိုင္ ေမြးထုတ္ေပးရတာ ဘယ္ေလာက္ ႏွစ္လိုစရာေကာင္းသလဲ? ကြၽန္ေတာ္ အမွားေတြ လုပ္ေနတာမွ မဟုတ္ဘဲ... ကြၽန္ေတာ္ လူတစ္ေယာက္ကို မုန္းလို႔မရေအာင္ ခ်စ္မိသြား႐ံုေလးတင္ပဲေလ...ဘာေတြကမ်ား ခင္ဗ်ားမ်က္လံုးထဲ ရွက္စရာေကာင္းေနရတာလဲ? "
ဦးစိုင္းထန္ မ်က္လံုးထဲ၌ စိတ္ပ်က္သြားသည့္ အရိပ္တခ်ဳိ႕ ျဖတ္ေျပးသြားသည္ကို သူ ျမင္လိုက္မိသည္ ။ တျခားသူတစ္ေယာက္ သူ႕အေပၚ ဘယ္လိုသေဘာထားသည္ကို သူက ဂ႐ုစိုက္တတ္ေလ့မရိွေသာ္လည္း ယခုအခ်ိန္တြင္ေတာ့ ဦးစိုင္းထန္ ၏ သက္ျပင္းခ်သံမ်ားကိုေတာင္ သူ ၀မ္းနည္းမိသည္ ။
မဆီမဆိုင္ ဒီလူႀကီးဆီက 'အဆင္ေျပသြားမွာပါ ကိုးလ္' လို႔ ေျပာသံကို ၾကားခ်င္လာသည္ ။
"မွတ္မိေသးလား? ကြၽန္ေတာ္ အသက္ ၉ႏွစ္တုန္းက ဘိန္းခင္းထဲက ကေလးေတြ ကြၽန္ေတာ့္ကို ၀ိုင္းအႏိုင္းက်င့္လို႔ ေခ်ာင္ကပ္ၿပီး ငိုခဲ့တုန္းက ခင္ဗ်ား ေျပာခဲ့တယ္... 'အဆင္ေျပသြားမွာပါ ကိုးလ္' တဲ့...။ ကြၽန္ေတာ္ ခြဲစိတ္ခံရၿပီးေနာက္ပိုင္း ျပန္ေတြ႕ၾကတဲ့အခါ ခင္ဗ်ား ထပ္ေျပာခဲ့တယ္ 'အဆင္ေျပသြားမွာပါ ကိုးလ္' တဲ့ေလ...။ အခုေရာ အဲ့လိုေျပာေပးလို႔ မရဘူးလား? ကြၽန္ေတာ္ ၾကားခ်င္တာကို ေနာက္ဆံုးအေနေလးနဲ႔ ေျပာေပးလို႔ရမလား? မေျပာႏိုင္ဘူးေလ... ကေလးေမြးႁပီး ေသသြားခဲ့ရင္ ခင္ဗ်ား ေျပာခ်င္ရင္ေတာင္ ကြၽန္ေတာ့္ အုတ္ဂူဆီပဲ လာရေတာ့မွာ! "
" ေတာ္စမ္း! မင္း ေသရင္ မင္းကေလးကိုေရာ မင္းအေကာင္ကိုေရာ ငါ အေသသတ္ပစ္မယ္ "
" ဟမ္! ဘာလို႔လဲ "
" ထားလိုက္ေတာ့... ခက္ထန္ နဲ႔ ငါ ကမ႓ာပ်က္သြားရင္ေတာင္ အဆင္ေျပႏိုင္မယ့္ပံု မေပၚဘူး ကိုးလ္! ငါတို႔ ဆက္စပ္ထားတဲ့ လုပ္ငန္းမွန္သမွ် အားလံုးကို ခက္ထန္ဘက္က ဖ်က္စီးပစ္လိုက္တယ္... သူ႕အေမကိစၥ သိသြားတယ္ဆိုတာ ငါ သိတယ္ ။ မူဆယ္မွာ ရိွတဲ့ လုပ္ငန္းကလည္း လည္ပတ္မႈ ေႏွးသြားတယ္ ။ မူဆယ္ဆိုတာ တ႐ုတ္ျပည္ဘက္က သြင္းကုန္အမ်ားဆံုး တင္သြင္းခံရတဲ့ ၿမိဳ႕မလား..? အရင္က ခက္ထန္ အလုပ္က အဲ့ထိ မတိုးခ်ဲ႕ထားဘူး... ။ အခုက အဲ့ဘက္က အ၀င္လမ္းေၾကာင္းေတြကိုပါ စခြက္လုလိုက္တဲ့သေဘာပဲ... ငါ ေျပာခဲ့တယ္မလား ကိုးလ္! မင္း ကေလးဆိုၿပီး ေမြးခဲ့တဲ့ေကာင္က က်ားတစ္ေကာင္ ျဖစ္လာရင္ ဘယ္လိုလုပ္မလဲလို႔ေလ... မင္း ဘက္က အဲ့က်ားက ငါ့ကို ယွဥ္ႏိုင္ေနၿပီဆိုၿပီး ႐ႉးတိုက္ေပးလိုက္တဲ့ သေဘာလား? "
ခက္ထန္ ေျခလွမ္းမ်ားကို ထည္ဝါလင္းရိွန္က ႀကိဳသိခဲ့သလို ထည္ဝါလင္းရိွန္၏ လႈပ္ရွားမႈမ်ားကိုလည္း ဦးစိုင္းထန္က သိေနခဲ့သည္။
" အဲ့ေတာ့ ခင္ဗ်ား ဘာဆက္လုပ္မယ္လို႔ စိတ္ကူးလဲ မာစတာ! ခက္ထန္ကို သတ္ဖို႔ဆိုရင္ ခင္ဗ်ားဘက္ကလည္း ထိခိုက္သြားရမဲ့ အရာေတြမွ အမ်ားႀကီးပဲ မလား? "
" ေသခ်ာတာေပါ့... အဲ့ေကာင္ကို ငါ သတ္ဖို္႔ႀကိဳးစားလိုက္တာနဲ႔ ငါ တန္ဖိုးထားတဲ့ အရာတစ္ခုက ခ်က္ခ်င္းကို ထိခိုက္သြားလိမ့္မယ္ "
ဦးစိုင္းထန္သည္ သူ႕ကို စိုက္ၾကည့္လာကာ ေဆြးေျမ႕ေျမ႕ေလး ေျပာလာ၏ ။ ဦးစိုင္းထန္ ထိခိုက္သြားရမည့္ အရာဆိုတာ လုပ္ငန္းေတြပဲဟုသာ သူ အလြယ္မွတ္ယူလိုက္သည္ ။
" ၿပီးခဲ့တဲ့ အပတ္က ခက္ထန္ အိမ္ျပန္လမ္းမွာ အပစ္ခံရတယ္ ဆိုတာ ငါ့လက္ခ်က္လို႔ပဲ မင္း ထင္ေနေသးလား? မဟာကေတာ့ စိတ္ပူေနေလရဲ႕.... ခက္ထန္ တစ္ခုခု ျဖစ္သြားမွာလည္း စိတ္ပူေနရွာတယ္ ။ အဲ့ေကာင္ ေသမွာကို ပူတာေတာ့ မဟုတ္ဘူး ။ သူ တစ္ခုခုျဖစ္ရင္ မင္း ငါတို႔ကို အထင္လြဲသြားမွာကို စိတ္ပူေနတာ...."
" ခက္ထန္က အပစ္ခံရတယ္? "
သူ ထိတ္လန္႔လြန္းလို႔ လက္ထဲက ဇြန္းပါ ျပဳတ္က်သြားတဲ့အထိပဲ... ။ ၿပီးခဲ့တဲ့ အပတ္ဆိုေတာ့
ခက္ထန္ သူ႕ကို အိမ္ထဲမွာ ေသာ့ခတ္ထားတဲ့ အခ်္ိန္... သူတိူ႔ မိုင္းလားမသြားခင္ အခ်ိန္တစ္ခုျဖစ္၏... ။
" မင္း မသိဘူးလား ကိုးလ္ ! သတင္းေတြထဲမွာ ဒီေလာက္ ေဟာ့ ျဖစ္ေနတာ! "
သူ သတင္းစာလည္း မဖတ္ျဖစ္သလို လိုင္းလည္းမသံုးျဖစ္ ၊ တီဗီြလည္း မၾကည့္ျဖစ္ခဲ့ေပ....။ တစ္ခ်ိန္လံုး မအီမသာ ျဖစ္ေနေသာေၾကာင့္
ခက္ထန္ အိပ္သြားခဲ့တဲ့ ေနရာမွာသာ တစ္ခ်ိန္လံုးေကြးေနခဲ့မိတာ... ။
သူ ေအးေဆးအနားယူေနတဲ့ အခ်ိန္မွာ ခက္ထန္က အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရသတဲ့လား... ။
" ကိုကို! "
သူ ဦးစိုင္းထန္ကို စကားျပန္ေျပာဖို႔ ႀကိဳးစားလိုက္ေပမဲ့ ခက္ထန္ အသံက သူ႕ လႈပ္ရွားမႈမ်ားကို ရပ္တန္႔သြားႏိုင္ေလာက္ေအာင္ လႊမ္းမိုးႏိုင္ခဲ့၏ ။
အသံလာရာဘက္သို႔ သူေရာ ဦးစိုင္းထန္ပါ လွည့္ၾကည့္လိုက္သည္ ။ အေ၀းမွ ေျပးလာသလို ပံုမ်ဴိးျဖင့္ ခက္ထန္သည္ သူတို႔အနီးသို႔ ေရာက္လာေသာအခါ ထည္ဝါလင္းရိွန္ လက္တစ္ဖက္ကို ဆြဲယူလ်က္ သူႏွင့္အတူ မတ္တပ္ရပ္ေစခဲ့သည္ ။ ၿပီးေနာက္ ႐ုတ္ခ်ည္းပင္ စူးရွလာေသာ မ်က္လံုး၀ိုင္းတို႔ျဖင့္ ဦးစိုင္းထန္ ဘက္သို႔ လွည့္ၾကည့္ကာ...
" က်ဳပ္ လူကို မထိနဲ႔ လို႔ သတိေပးထားတယ္ေနာ္ ဦးစိုင္းထန္! က်ဴပ္ကို လူသတ္ခ်င္လာေအာင္ တြန္းအားမေပးနဲ ့... က်ဳပ္ လူနဲ႔ ေ၀းေ၀းေန! "
မၾကာေသးသည့္ နာရီပိုင္းတုန္းက သူကိုယ္တိုင္ ပါး႐ိုက္ခဲ့ေသာ သူသည္ ယခုတြင္ေတာ့ သူ႕လူ ျဖစ္သြားျပန္ေလ၏ ။
သူ နားလည္လာသည္ ။ တျဖည္းျဖည္းျဖင့္ ဒီေကာင္ေလး၏ စိတၱဇ ဆန္မႈမ်ားကို ခံစားမိလာသည္ ။ ခက္ထန္ ၏ ႏွလံုးသားသည္ အျဖဴႏွင့္အမဲ... အထက္ေကာင္းကင္ယံက လမင္းျဖဴကေလးႏွင့္ အသူရာေခ်ာက္နက္ထဲက မီးခိုးနက္တို႔ ႏွစ္ခုၾကား ေမာပန္းစြာ ကူးခတ္ေနရျခင္း ျဖစ္၏ ။
ဦးစိုင္းထန္ မွာ ခက္ထန္ႏွင့္ သူ႕ကို တလွည့္စီၾကည့္ကာ မဲ့ၿပံဳးေလး ၿပံဳးလ်က္ မ်က္ႏွာလႊဲသြား၏ ။ ဦးစိုင္းထန္ ၏ မဲ့ၿပံဳးေရာေထြးေနေသာ ပါးခ်ဴိင့္ခြက္ခြက္တို႔သည္ ခက္ထန္ ႏွင့္ ဆင္တူလြန္းလွ၏ ။ သူ႕တြင္လည္း ပါးခ်ဳိင့္ေရးေရးေလး ပါေသာ္လည္း ဦးစိုင္းထန္ႏွင့္ခက္ထန္ တို႔ေလာက္ေတာ့ မထင္ရွားလွေပ ။ အမူအရာမ်ား ဆင္တူ႐ံုမက ေသြးေအးရက္စက္တတ္ေသာ စိတ္ဓာတ္ခ်င္းပါ ဆင္တူေနေသာ က်ား ႏွစ္ေကာင္ ၾကားမွ ေလထုသည္ ေအးစက္ေျခာက္ကပ္လြန္းလွ၏ ။
ခက္ထန္ဟာ သူ႕လက္ကို ဆြဲလ်က္ လွည့္မည္ျပဳလိုက္ေသာအခါ ဦးစိုင္းထန္ ထံမွ အသံထြက္လာခဲ့၏ ။
" ခက္ထန္! မင္း လူ ဆိုလည္း ေသခ်ာဂ႐ုစိုက္သင့္တာေပါ့ကြာ! ေနာက္တခါ မင္း လူ ဆိုတဲ့ ေကာင္ ကို ညဘက္ႀကီး အျပင္ေလွ်ာက္မထြက္ေစနဲ႔! "
ခက္ထန္ ၏ ေက်ာခ်မ္းေကာင္းေသာ အၾကည့္မ်ားသည္ ဦးစိုင္းထန္ ဆီသို႔ ေရာက္ရိွသြားေသာ္လည္း ဘာမွ ထပ္မေျပာလာေတာ့ဘဲ ထိုအတိုင္းသာ လွည့္ျပန္လာခဲ့၏ ။
" ေတာင္းပန္ပါတယ္...! ကြၽန္ေတာ္ လူစိတ္မရိွခဲ့မိဘူး ။ ကြၽန္ေတာ္ နာက်င္ခဲ့တာေတြပဲ ျမင္ၿပီး ကိုကို ခံစားခဲ့ရတာေတြကို လ်စ္လ်ဴ႐ႈခဲ့မိတယ္... ကြၽန္ေတာ္က လူ မဟုတ္ဘူးမလား? "
အိပ္ခန္း တံခါးကို ပိတ္လိုက္မဲ့ လက္ေတြေတာင္ ခက္ထန္စကားေၾကာင့္ ေလထဲ၌သာ ရပ္တန္႔သြားရသည္ ။ စို႔နစ္ေနေသာ ႐ိႈက္သံတစ္ခုသည္ ခက္ထန္ဆီမွ ျဖစ္၏ ။ ခက္ထန္ဟာ အနားသို႔ တိုးကပ္လာကာ အခန္းတံခါးနဲ႔ ထည္ဝါလင္းရိွန္၏ ေက်ာကို ကပ္လ်က္ျပဳကာ ေရွ႕မွ ပိတ္ရပ္ထား၏ ။ တဆတ္ဆတ္တုန္ရင္ေနေသာ ခက္ထန္ ႏႈတ္ခမ္းတို႔သည္ ေဆးလိပ္ဒဏ္ေၾကာင့္ အညိဳဘက္သို႔ သန္းခ်င္ေန၏ ။ သူသည္ အခန္းတံခါးႏွင့္ ခက္ထန္ ခႏၶာကိုယ္ၾကားတြင္ လႈပ္မရေအာင္ ပိတ္မိလို႔ေနသည္ ။
" ကြၽန္ေတာ္ ေစာင့္ေနခဲ့တာ... ကိုကို က ျပန္လာခဲ့မယ္လို႔ ေျပာခဲ့တယ္ေလ... ၊ ကြၽန္ေတာ္ တစ္ညလံုး ေစာင့္ေနခဲ့တာ... အဲ့ဒီ ေနရာေလးမွာ... ကြၽန္ေတာ္ ညစာလည္း ထမစားခဲ့ဘူး ။ ကိုကို လာရင္ ကြၽန္ေတာ့္ကို မေတြ႕ေတာ့မွာစိုးလို႔ေလ... ဒါေပမဲ့ ကိုကို ညာတယ္... ကိုကို ညာသြားတယ္... ကိုကို မလာခဲ့ဘူ း ။ ကိုကို ကြၽန္ေတာ့္ကို ညာ တယ္ ။ ညတိုင္း... ညတိုင္း... ကြၽန္ေတာ္ ေစာင့္တယ္ ။ ၿခံနားက အရိပ္ေလးတစ္ခု ျမင္ရင္ ကြၽန္ေတာ္ သိပ္ေပ်ာ္ခဲ့တာ.. ကိုကို လာတယ္အထင္နဲ႔... ေနာက္ဆံုး ကြၽန္ေတာ့္ကို ကမ္းေပးလာတဲ့ လက္တစ္ဖက္က ကြၽန္ေတာ္ ေမွ်ာ္ေနတဲ့ ခင္ဗ်ား မဟုတ္ဘဲ ေမေမ ျဖစ္ေနခဲ့တယ္ ။ ကြၽန္ေတာ္ စိတ္မဆိုးရေတာ့ဘူးလား? ဟင္! ကြၽန္ေတာ့္အတြက္ ႏွစ္သိမ့္မႈေတြ လိုအပ္ေနတဲ့ အခ်ိန္မွာ ေမေမ ကပဲ ကြၽန္ေတာ့္အနား ရိွေနေပးခဲ့တယ္... အဲ့လိုလူကို တြယ္တာမိခဲ့တာ အျပစ္ရိွလား ကိုကို.. "
ခက္ထန္ မ်က္ရည္မ်ားကို သူ သုတ္ေပးလိုက္သည္။
သူကိုယ္တိုင္၏ မ်က္ရည္မ်ားမွာေတာ့ အေဖာ္မဲ့လ်က္ျဖင့္.... ။ ခက္ထန္ မ်က္ႏွာကို မ်က္ႏွာေသျဖင့္ စိုက္ၾကည့္ေန႐ံုကလြဲလို႔ ႏွလံုးခုန္သံတစ္ခ်က္ကို သူ႕ဆီမွ မၾကားရေလာက္သည္အထိ ဆိတ္ၿငိမ္ေနခဲ့သည္ ။
" ေတာင္းပန္ပါတယ္... အဲ့လို ကိုယ္ခ်င္းစာစိတ္ကင္းမဲ့ေနတဲ့ စကားမ်ဳိး မေျပာခဲ့သင့္ဘူး ။ ေတာင္းပန္ပါတယ္ ။ ေတာင္း ..
ပန္ပါတယ္ ။ ေမေမ့ လုပ္ရပ္အတြက္နဲ႔ ကြၽန္ေတာ့္ ကေလး ရဲ႕ ျဖစ္တည္လာမႈကို ကိုကို မုန္းပစ္လိုက္မွာေၾကာက္လို႔ပါ ။ ကြၽန္ေတာ့္ကေလးေလးကို ကိုကို မလိုခ်င္ခဲ့မွာ ေၾကာက္လို႔ပါ .... ။
ကြၽန္ေတာ္ေလ... ၾကားၾကားခ်င္း မယံုႏိုင္ခဲ့ေပမဲ့ တကယ္ျဖစ္ေနေၾကာင္းကို လက္ခံလာႏိုင္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ဒီကေလးေလးကို သိပ္ခ်စ္တယ္ ။ ကြၽန္ေတာ့္ဗိုက္ထဲ ေျပာင္းလို႔ရရင္ ေျပာင္းထည့္ခ်င္ခဲ့တာပါ ။ ဒါေၾကာင့္... ဒါေၾကာင့္ ေမေမ ထည့္ေပးခဲ့တဲ့ ေဟာဒီ့အရာကို ကြၽန္ေတာ္ ေက်းဇူးတင္စိတ္ ျဖစ္မိသြားတယ္... ။ ကြၽန္ေတာ္ တကိုယ္ေကာင္းဆန္တာပါ ။ အဲ့အခ်ိန္မွာ ကိုကို နာက်င္ခဲ့ရတဲ့ ေ၀ဒနာကို ကြၽန္ေတာ္ အတၱႀကီးစြာနဲ႔ပဲ ေမ့ေဖ်ာက္လိုက္မိတယ္... ေတာင္းပန္ပါတယ္ ကိုကို..."
" ကိုကို "
သူသည္ မ်က္ရည္တို႔ လွ်ံက်လာေသာ မ်က္လံုးရွည္မ်ားျဖင့္ ခက္ထန္ ကို စိုက္ၾကည့္ေနခဲ့သည္ ။
" ကိုကို႔အတြက္ သူက မိန္းမယုတ္ ျဖစ္ေနေပမဲ့ ကြၽန္ေတာ့္ အတြက္က ေမြးေက်းဇူးရွင္ ျဖစ္ေနတယ္.... "
"ငါ သူ႕ကို မုန္းရမွာလား? မင္း ေျပာသလို မင္း ကေလးကို လြယ္ႏိုင္ဖို္ ့ ေဟာဒီ့္ အရာကို ထည့္ေပးခဲ့လို႔ ေက်းဇူးတင္ရမွာလား? မင္း ေျပာပါ ခက္ထန္! ငါ မင္းအမိန္႔အတိုင္း လိုက္လုပ္ေပးပါ့မယ္... ဒါမွ ငါ အသားမနာမွာေပါ့ ဟုတ္တယ္မလား? ငါ့ ရင္ထဲက နာက်င္မႈေတြကို ထုတ္ေျပာရင္ ငါ ထပ္ၿပီးအ႐ိုက္ခံရဦးမွာမလား? ဒါဆို.... ငါ... ငါ မင္းကို ဘာတစ္ခုမွ မေျပာေတာ့ဘူးေလ.... ငါ တစ္ေယာက္တည္းပဲ ႀကိတ္ခံမယ္ ၊ ဘာလို႔ဆို ငါ မွ အသားမနာခ်င္ေတာ့ဘဲ..."
ခက္ထန္သည္ ေခါင္းကိုတြင္တြင္ခါလ်က္
သူ႕လက္ႏွစ္ဖက္ျဖင့္ ထည္ဝါလင္းရိွန္ ၏ ပါးႏွစ္ဖက္ကိ္ု တစ္ဖက္တစ္ခ်က္စီ အုပ္ကိုင္လ်က္ သူ ႐ိုက္ခဲ့ေသာ ပါးျပင္ေလးကို ႏႈတ္ခမ္းျဖင့္ ဖြဖြေလးထိေတြ႕၏ ။
ဒါက လံုေလာက္တဲ့ ႏွစ္သိမ့္လိုက္မႈတစ္ခုလို႔ ခက္ထန္ ထင္ေနခဲ့ပံုပင္... ။ ခက္ထန္ ရင္ထဲ ၀င္ၾကည့္ဖို႔အတြက္ လိုအပ္လာခဲ့ၿပီ ။ အခုခ်ိန္မွာ သူ ခက္ထန္ ကို နားလည္ေပးႏိုင္စြမ္းေတြ ကုန္ခမ္းသြားေသာေျကာင့္မ်ားလား...။ သူသည္ ခက္ထန္ႏွင့္ အေ၀းဆံုးသို႔ ထြက္ေျပးဖို႔အတြက္ႀကိဳးစားေနမိခဲ့သည္ ။ သို႔ေသာ္ မေျပာင္းလဲေသာ နာက်င္မႈတို႔ကို သတိထားမိေသာအခါ သူ႕ေျခလွမ္းတို႔သည္ ခက္ထန္ ရင္ခြင္ထဲသို႔သာ ေနာက္ျပန္ေျပးေနမိျခင္း ျဖစ္၏ ။
ေပြ႕ဖက္လာေသာ ရင္ခြင္တစ္ခုကို ႐ုန္းကန္ေနမိသည္... ။ ဒီရင္ခြင္က လံုၿခံဳျခင္းတို႔ ခံစားမိခဲ့ဖူးသလို ေႏြးေထြးမႈမ်ားမွတဆင့္ ပူေလာင္ျခင္းမ်ားကိုပါ သူ ခံစားလာရသည္ ။
ခက္ထန္ ရိွတဲ့ အရပ္က သိပ္ကို ပူေလာင္လြန္းလို႔ သူ႕တကိုယ္လံုး ျပာက်သြားေတာ့မဲ့အတိုင္း အေသြးအသားေတြ တစစီ ပဲ့ေႂကြလာသလိုေတာင္ ခံစားလာမိသည္ ။
" ငါ မင္းအနားမွာ မေနခ်င္ေတာ့ဘူး ခက္ထန္! "
ထိုစကားေျပာလိုက္သည့္အခါ ခက္ထန္ လက္တို႔သည္ ႐ုတ္ခ်ည္းပင္ တင္းက်ပ္လာေတာ့သည္ ။ လႈပ္လႈပ္ရြရြ ျဖစ္ေနေသာ ေခါင္းေလးသည္ ခ်က္ခ်င္းကို ၿငိမ္သက္သြားေတာ့၏ ။ ခက္ထန္ဟာ ေက်ာက္႐ုပ္တစ္႐ုပ္လို မလႈပ္မယွက္ကို ၿငိမ္သက္သြားေတာ့တာ... ။ ခက္ထန္ဆီက ၾကားေနက်အသံ အသက္႐ႈသံျပင္းျပင္းတို႔ပါ ေပ်ာက္ကြယ္သြားေတာ့သည္အထိ.. ။
ထိုလူဆိုးေကာင္သည္ အသက္႐ႈဖို႔ပင္ ေမ့ေလ်ာ့သြားေတာ့ေလသည္ ။
" ကြၽန္ေတာ္က ကိုကို႔ကို ထပ္ၿပီး မထိခိုက္ေစရပါဘူးလို႔ ကတိေပးေနရင္ေတာင္မွလား.... ? "
" ငါ ပံုေရးတို္႔ဆီ လိုက္သြားခ်င္တယ္... ခြင့္ျပဳခ်က္ေတာင္းေနတာ မဟုတ္ဘူး ခက္ထန္! အသိေပးေနတာ... "
" ဘယ္ျဖစ္မလဲ? ကေလးအတြက္ေရာ!! ကိုကို မစဥ္းစားေတာ့ဘူးလား? ဒါ ဘယ္ေလာက္အသက္အႏၲရာယ္မ်ားတယ္ဆိုတာ ကိုကို သိေနၿပီးသားပဲ... ကြၽန္ေတာ့္ကို စိတ္ဆိုးေနတယ္မလား? ကြၽန္ေတာ္ ႐ိုက္ခဲ့မိလို႔မလား? ကြၽန္ေတာ္က တကိုယ္ေကာင္းဆန္အတၱႀကီးလို႔ မလား? ကိုကို ဘာျဖစ္ေစခ်င္လဲ ကြၽန္ေတာ့္ကိုေျပာ... ! "
ခက္ထန္သည္ ထည္ဝါလင္းရိွန္၏ ပခံုးႏွစ္ဖက္ကို လႈပ္ခါရမ္းလ်က္ စိတ္လႈပ္ရွားစြာ ဆို၏ ။ နီရဲမို႔အစ္ေနေသာ မ်က္လံုးေလးမ်ားသည္ ပင္ပန္းႏြယ္နယ္ျခင္းႏွင့္အတူ အႀကိမ္ႀကိမ္အဖန္ဖန္အားတင္းထူေထာင္ထားဟန္တူေန၏ ။ တစ္စံုတစ္ခုကို ဆံုး႐ံႈးလိုက္ရမည္ကို စိုးထိတ္ေနသည့္ အရိပ္အေယာင္တို႔သည္ မ်က္လံုး၀ိုင္းႀကီးမ်ားမွ တဆင့္ ထင္ဟပ္ျပေနသလို အဖ်ားခတ္တုန္ခါေနေသာ အသံလိႈင္းမ်ားကလည္း သိသာထင္ရွားလြန္း၏ ။
" ငါ့သူငယ္ခ်င္းေတြနဲ႔ သြားေတြ႕ခ်င္တယ္ ခက္ထန္! .... "
ဒီလူသားသည္ သူ႕အနားမွ ထြက္ခြာသြားခ်င္ေနၿပီကို သူ တျဖည္းျဖည္း နားလည္လာခဲ့၏ ။ အနားမွာရိွေနစဥ္အခါက စကားလံုးမ်ားျဖင့္ ထိုလူ၏ ႏွလံုးသားကို တစ္ခ်က္ခ်င္း ထိုးႏွက္ခဲ့သည္ ။ သူ မထင္ထားခဲ့မိဘူး ။ သူက တဖက္လူ၏ ႏွလံုးသားကို ေသြးစိမ္းရွင္ရွင္ က်လာေအာင္ မညႇာမတာ ထိုးႏွက္ေလေလ ထိုေသြးစက္မ်ားသည္ သူ႕ဆီသို႔ ျမင္မေကာင္းေအာင္ လာစင္ေလ ျဖစ္ခဲ့သည္။
သူ ကိုယ္တိုင္၏ ထိုးခ်က္ႏွက္အတြက္ တဖက္လူက အနာကို ေဆးထည့္ အကြက္ေစ့ေအာင္ ခ်ဳပ္ဆိုလိုက္ၿပီးခ်ိန္ေရာက္သည့္တိုင္ သူ ကေတာ့ ခႏၶာကိုယ္၌ စြန္းထင္းသြားေသာ ေသြးစက္မ်ားကို ဖယ္ထုတ္ပစ္လို႔ မရေအာင္ကို သူ႕ တကိုယ္လံုးညစ္ႏြမ္းေနခဲ့ရၿပီ ။
လႊတ္ေပးလိုက္ဖို႔ဆိုတာ တခဏတာအတြက္ပင္ သူ႕အတြက္ ႏုာက်င္မႈက တစစ လိႈက္တက္လာေတာ့သည္ ။
လူမွန္းသိတတ္စအရြယ္ကတည္းက သူ႕ႏွလံုးသားနဲ႔ဦးေႏွာက္ထဲတြင္ စြဲထင္ခဲ့သည့္ ပံုရိပ္တစ္ခုဟာ မ်က္၀န္းရွည္တစ္စံုႏွင့္ ခပ္ႏြမ္းႏြမ္းအၿပံဳးေလးတစ္ခု ျဖစ္ခဲ့သည္ဆို
သူ႕ႏွလံုးသား၌ အနာတရတစ္ခု ဖန္တီးေပးအပ္ခဲ့သည္မွာလည္း ထိုအရာတစ္ခုသာျဖစ္ေတာ့၏ ။
သူသည္ ထိုနာက်င္မႈႏွင့္ ေရာယွက္ေနေသာ နာက်ည္းမႈကို ဖက္တြယ္ထားရသည္မွာ ေသြးအစက္စက္ က်ေနသည္ဆိုလွ်င္ေတာင္ လႊတ္ခ်ေပးဖို႔ရန္လည္း မစြမ္းသာခဲ့ပါ.... ။
သူ ေခါင္းညိမ့္ကာသာ ခြင့္ျပဳေပးလိုက္မိသည္ ။ ညိႇဳးငယ္ႏြမ္းလ်မႈသည္ သူလိုလူအတြက္ လိုက္ဖက္မႈမရိွေသာ အရာျဖစ္ေနေသာ္လည္း အခုခ်ိန္၌ သူ ႏြမ္းလ်စြာ ထိုလူ၏ ဆႏၵမ်ားကို လိုက္ေလ်ာေပးလိုက္သည္ ။
သူ၏ ပင္ကိုစ႐ိုက္၌ ညႇာတာေထာက္ထားမႈ ၊ စာနာမႈကင္းမဲ့တတ္လြန္းသည္မို႔ တဖက္လူအေပၚတြင္ မစာနာမႈအတၱေရာင္ေျပးမ်ားျဖင့္ ျခယ္မႈန္းလိုက္မိ၏ ။
အစိမ္းသက္သက္ ဗိုက္ခြဲခံလိုက္ရသည့္ လူအေပၚ..... ၊ အစိမ္းသက္သက္ အသားေပၚ အပ္ျဖင့္ အခ်ဳပ္ခံလိုက္ရသည့္ လူအေပၚ မစာနာေပးခဲ့သည့္အျပင္ မိခင္၏ လူမဆန္ခဲ့မႈမ်ားအတြက္ ေပါက္ကြဲခံလာရသည့္အခါတြင္ ေဒါသစိတ္ျဖင့္ လက္ပါခဲ့မိသည္ ။
ထိုလူ ထြက္သြားခ်င္သည့္အခါ သူ႕စိတ္႐ိုင္းမ်ားကို ေလွ်ာ့ခ်လ်က္ လက္လႊတ္ေပးခဲ့သည္ ။ အိမ္ထဲမွ ၿခံ၀န္းဆီသို႔... ၿခံ၀န္းမွ တဆင့္ အျပင္ေလာကသစ္ဆီသို႔ ေျပးထြက္သြားေသာ လူေနာက္ကို သူ တိတ္ဆိတ္စြာ ေနာက္ေယာင္ခံလိုက္ခဲ့သည္ ။ တခ်က္ခ်က္ ျမန္သြားလိုက္ ခဏၾကာ ေႏွးသြားလိုက္ ျဖစ္ေနေသာ ပံုမွန္ မဟုတ္သည့္ ေျခလွမ္းမ်ားသည္ ထိုလူ၏ ၀မ္းနည္းမႈအတိမ္အနက္ကို မသိမသာ ေဖာ္ျပႏိုင္သကဲ့သို႔ က်႐ံႈးမႈကို ဟန္ေဆာင္မာေက်ာမႈမ်ားျဖင့္ ဖံုးကြယ္ေနသည္ဟုလည္း သူ ခံစားမိေစသည္ ။
သူ၏ ရန္သူျဖစ္ေသာ ဦးစိုင္းထန္ ကားေပၚသို႔ပါသြားေသာအခါ ခက္ထန္၏ အၾကင္နာကင္းမဲ့တတ္ေသာ ႏွလံုးသားေလးသည္ စို႔နစ္ တင္းၾကပ္လာမႈကို ခံစားမိလာေစသည္ ။
စားေသာက္ဆိုင္ထဲထိ ၀င္ကာ ရန္သူကို မႏွစ္ၿမိဳ႕စြာျဖင့္ သတိေပးစကားေျပာလ်က္
ထိုလူ၏ လက္ကို ဆြဲကာ ပိုင္ဆိုင္ေၾကာင္း သက္ေသတစ္ခုျပယုဂ္တစ္ခု အျဖစ္ ျပသေပးခဲ့သည္.... ။
" ကြၽန္ေတာ္ သိခ်င္တာ ရိွတယ္... ကြၽန္ေတာ္ ငယ္ငယ္ကတည္းက ကိုကို႔ကို စြပ္စြဲခဲ့တယ္ ။
ေမေမ့ကို သတ္ခဲ့တဲ့လူအျဖစ္.... အိမ္ကို မီး႐ိႈ႕ခဲ့တဲ့လူအျဖစ္... ။ ဘာလို႔ အဲ့အခ်ိန္တုန္းက ၀န္ခံသလို ၿငိမ္ေနခဲ့ၿပီးေတာ့ အခု ခ်ိန္က်မွ ဘာလို႔ ငါမလုပ္ဘူး ။ ဦးစိုင္းထန္ လုပ္တာပါ လို႔ ဖြင့္ေျပာရတာလဲ? "
" မင္း ဒီလိုေတြ ျဖစ္လာလိမ့္မယ္ ။ မင္း ငါ့အေပၚ ဒီေလာက္ထိ ရက္စက္လာလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့ဖူးလို႔ပဲ... "
ခက္ထန္ဟာ ယိုင္နဲ႔စြာ ရပ္လ်က္ သူ႕စကားကို အာ႐ံုစူးစိုက္ေနခဲ့သည္ ။ သို႔ေသာ္ ခက္ထန္မ်က္လံုးမ်ားကေတာ့ ေအာက္ၾကမ္းျပင္ဆီသို႔သာ အၾကည့္တို႔ကို ပို႔လႊတ္ထားေလ၏ ။ မ်က္လံုးခ်င္း ဆံုဖို႔ရန္ မစြမ္းသာေတာ့တဲ့ အေျခအေနတစ္ခုကို ခက္ထန္ဟာ ရင္ဆိုင္ေတြ႕ႀကံဳေနရသလိုမ်ဳိး... ။.
" ေတာ္၀င္ လုပ္ငန္းစုႀကီး ဘယ္လိုျဖစ္လာလဲ မင္းသိလား ခက္ထန္! "
ခက္ထန္ သည္ သူ၏ အဆံေခ်ာင္ခ်င္ေနေသာ မ်က္လံုးနီတို႔ျဖင့္ တျဖည္းျဖည္း ေမာ့ၾကည့္လာကာ ေအာက္ႏႈတ္ခမ္းသားကို ေသြးေျခဥ မတတ္ ဖိကိုက္ထားေလ၏ ။ ေခါင္းလည္းမညိ္မ့္ျပသလို ေခါင္းလည္းမခါခဲ့ေခ် ။ ဆက္ေျပာလာမည့္ စကားမ်ားအတြက္ တဒိတ္ဒိတ္ခုန္ေနေသာ သူ႕ရင္ခုန္သံ စည္းခ်က္ကို လိုက္မွတ္ေနပံုေပၚသည္.... ။
" မင္း စြပ္စြဲခဲ့သလိုပဲ... ငါက မင္းတို႔မိသားစုရဲ႕ လုပ္ငန္းကို အပိုင္စီးခဲ့တယ္ဆိုတဲ့အတိုင္းပဲ ၊ ဟုတ္တယ္ ငါ အပိုင္သိမ္းခဲ့တာ... လုပ္ငန္းအေသးစားေလး တစ္ခုကို အဲ့အခ်ိန္က ဘယ္သူမွေတာင္ သတိထားခဲ့မိမွာမဟုတ္ဘူး ။ မင္းတို႔မိသားစုရဲ႕ ကုမၸဏီေလးနာမည္က 'star queen ' တဲ့... ။ ငါ ့ လက္ထပ္မွာ နာမည္ေျပာင္းခဲ့တယ္ ။ 'ေတာ္၀င္' ဆိုၿပီးေတာ့ေပါ့ ။
အဲ့နာမည္နဲ႔ ငါ ညအိပ္ခ်ိန္မရိွေလာက္ေအာင္ လုပ္ငန္းေတြ တစ္ခုၿပီးတစ္ခု တိုးခ်ဲ႕ခဲ့တယ္... တဖက္မွာလည္း ေႏြးဧကရီ အေဖ လႊဲေျပာင္းတာ၀န္ေပးခဲ့တဲ့ ဖီးနစ္ကိုးလ္ ဂိုဏ္းရဲ႕ ပံုမွန္၀င္ေငြ လည္ပတ္စီးဆင္းေအာင္ ၊ ဂိုဏ္းကို ဘယ္သူမွ လာမထိရဲေအာင္ ငါ ကာကြယ္ခဲ့တယ္ ။
ေန႔ဘက္ဆို ထည္ဝါလင္းရိွန္ အျဖစ္ ငါ မနားတမ္းႀကိဳးစားခဲ့ျပီး ညဘက္ေတြဆို ငါဟာ ကိုးလ္ အျဖစ္ အေမွာင္ေလာကထဲ က်င္လည္ခဲ့တယ္ ။ ဘာအတြက္လဲ ခက္ထန္! ! "
သူ႕မ်က္ရည္တို္႔ကို ခက္ထန္ ဟာ မလႈပ္မယွက္ ေငးၾကည့္ေနခဲ့တယ္....။
" ...... "
" တေန႔... တေန႔ေန႔.... မင္း ႀကီးျပင္းလာတဲ့အခါ ငါ့လို မူးယစ္ေလာကရဲ႕ လႊမ္းမိုးခံထားရတဲ့ မျဖဴစင္တဲ့ လူျဖစ္မွာ.... ေငြမဲ ေတြရဲ႕ ေနာက္ကြယ္က လက္မဲႀကီးတစ္ဖက္ ျဖစ္လာမွာ စိုးရိမ္ခဲ့လို႔.... ငါ မင္းအတြက္ ႀကိဳးစားေပးခဲ့တာ ။ မင္း အရြယ္ေရာက္လာလို႔ အုပ္ခ်ဳပ္ႏိုင္တဲ့ တခ်ိန္က်ရင္ ငါ အားလံုး လႊဲေျပာင္းေပးခဲ့မယ္ဆိုတဲ့ ေစာက္႐ူးဆန္ဆန္ အေတြးႀကီးနဲ႔ေလ... ။ ငါ ကုမၸဏီနာမည္ကို 'ေတာ္၀င္' လို႔ ေပးခဲ့တယ္... မင္း နာမည္ကို ငါ ရည္ရြယ္ခ်က္နဲ႔ ယူသံုးထားခဲ့တာ..။
မင္း ေတြးေနမွာပဲ... ငါက မင္းကို ဘာရာထူးမွ မယ္မယ္ရရ မေပးဘဲ ႏိွမ့္ခ်ပစ္ခဲ့တယ္လို႔... အဲဒါ ငါ အတၱႀကီးခဲ့မိတာ... မင္းကို အရည္အခ်င္းနဲ႔ ၿပီးျပည့္စံုေနတဲ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ ေအာက္ေျခကေနလည္း ေလ့လာေစခ်င္တယ္ ။ ဌာနထဲမွာ သာမန္၀န္ထမ္းေနရာမွာ ထားရင္ ဥကၠဌနဲ႔ အရမ္းေ၀းေနတဲ့အတြက္ ငါ့အနားမွာ ထားျပီး တစ္ခုခ်င္း သင္ျပခဲ့တာ... ။ "
" ခက္ထန္... ငါကေလ... ငါက... မင္းနဲ႔ ေႏြးတို႔ရဲ့ ရမၼက္သံေတြၾကားမွာ ပါးစပ္ထဲ ေစာင္ကိုက္ၿပီး ငိုသံမထြက္ ေအာင္... ငါ... ငါ မင္းအတြက္ ႀကိဳးစားေပးခဲ့တဲ့ ေကာင္ ပါ... မင္း အေႏွာက္အယွက္ျဖစ္သြားမွာ သိပ္ေၾကာက္ခဲ့တဲ့ေကာင္! ငါ့ ႐ိႈ္က္သံေတြနဲ႔ေတာင္... မင္းကို အေႏွာက္အယွက္ မျဖစ္ေစခ်င္ခဲ့တဲ့ ေကာင္... မင္းေရွ႕ သန္မာခ်င္ေယာင္ေဆာင္ထားတိုင္း ေနာက္ကြယ္မွာ အႀကိမ္ႀကိမ္ ၿပိဳလဲ ေနတဲ့ေကာင္... ၊ မင္း လွည့္စားခဲ့သမွ်ကို ငါ မ်က္စိမိွတ္ေနေပးခဲ့တာေတာင္... ငါက မင္းမ်က္လံုးထဲမွာ မေကာင္းတဲ့ေကာင္ ျဖစ္ေနဆဲပဲလား? ငါ မထင္ခဲ့မိဘူး ။ ငါ့အေပၚ ဒီေလာက္ထိ လုပ္ရက္လိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့ဖူးသလို မင္းအေပၚကို သံသယထားရမဲ့ အလုပ္ကိုေတာင္ ငါ မလုပ္ရက္ခဲ့ဘူး ။ "
သူ႕စကားတို္႔သည္ ရင္ခြင္က်ယ္တစ္ခု၏ေအာက္တြင္နစ္ျမႇဳပ္က်ဆံုးသြားရသည္ ။
ခက္ထန္သည္ ေျခလွမ္း၁၀လွမ္းစာပင္ မရိွေသာ အကြာအေ၀းေလးကို ဖ်က္ဆီးကာ ထည္ဝါလင္းရိွန္၏ တကိုယ္လံုး လြတ္ေျမာက္ရာလမ္း ရွာမေတြ႕ေစရန္ သိမ္းက်ံဳးဖက္ထားလိုက္သည္ ။ သူသည္ တဖက္လူကို အသက္႐ႈခြင့္ေလးေပးဖို႔ရန္အတြက္ေတာင္ တြန္႔တိုစြာ အ႐ိုးတို႔ က်ဳိးေၾကသြားေတာ့မည္ကို ေမ့ေလ်ာ့စြာ တင္းၾကပ္စြာ ဖက္ထားရင္း ငိုသည္ ။
ထည္ဝါလင္းရိွန္၏ မ်က္ရည္စမ်ားသည္ ခက္ထန္ရင္ဘတ္ေပၚတြင္ ေပက်ံလ်က္ရိွေသာ္လည္း သူ႕လက္တို႔က ထိုေကာင္ဆိုးေလးကို ျပန္လည္ဖက္တြယ္ထားျခင္းတို႔ မရိွခဲ့ဘူး ။
" ေတာ္... ပါ ေတာ့... ၊ ကြၽန္ေတာ္... ကြၽန္ေတာ့္ကို ခြင့္မလႊတ္ပါနဲ႔ ... ၊ ကိုကို႔ ခြင့္လႊတ္မႈေတြနဲ႔ေတာင္ ကြၽန္ေတာ္လိုေကာင္က မထိုက္တန္ေတာ့ပါဘူး... ေတာင္းပန္ပါတယ္.... နာက်င္ေစခဲ့မိတဲ့အတြက္လည္း ေတာင္းပန္ပါတယ္... ထိခိုက္ေစဖို႔ ရည္ရြယ္ခဲ့မိတဲ့အတြက္လည္း ေတာင္းပန္ပါတယ္... ကြၽန္ေတာ့္ကို ခြင့္မလႊတ္ပါနဲ႔.... ကြၽန္ေတာ္ အမ်ားႀကီး ေတာင္းပန္ရင္ေတာင္ ကြၽန္ေတာ့္အျပစ္ေတြ မေက်ႏိုင္တာ သိပါတယ္ ။ ဒါေပမဲ့ ကိုကို... ကြၽန္ေတာ္ ဘာဆက္ေျပာရမွန္း မသိေလာက္ေအာင္ ရင္.. ဘတ္ထဲက အရမ္းနာေနတယ္.... "
သူ ခက္ထန္ ကို အေ၀းသို႔ေရာက္ေအာင္ တြန္းထုတ္ပစ္လိုက္သည္ ။ ငိုငင္ကာ ငိုေႂကြးေနေသာ ခက္ထန္သည္ ငယ္ငယ္တုန္းကလို အငိုသန္ဆဲ ကေလးတစ္ေယာက္ ပံု ေပၚေစ၏ ။ သို႔ေပမဲ့ ငယ္စဥ္ကလိုမ်ဳိး ထန္ထန္ေပါက္ကေလး၏ ျဖဴစင္မႈမ်ားသည္ ယခုခက္ထန္တြင္ မရိွေတာ့ပါ.......
။
" မင္း....သာမန္စီးပြားေရး လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္လာၿပီး ဒီေလာကနဲ႔ ဘာဆက္စပ္မႈ မွ ရိွလာစရာမလိုေလာက္ေအာင္ ငါ ဖန္တီးယူခဲ့တယ္... ။ မင္း ရန္သူက ဦးစိုင္းထန္ ဆိုတာသာ သိခဲ့ရင္ မင္းအတြက္ အႏၲရာယ္ေခ်ာက္ထဲ တြန္းပို႔တာနဲ႔အတူတူပဲမို႔ မင္း အထင္လြဲေနတဲ့အတို္င္း ငါေနခဲ့တယ္ ... ။ အခုေတာ့ ခက္ထန္... မင္းမွာ ငါစိတ္ခ်ႏိုင္ေလာက္တဲ့ ခြန္အားလည္း ရိွေနၿပီ ၊ အရြယ္တစ္ခုလည္း ေရာက္လာခဲ့ၿပီ... "
" မင္းအေမကို ငါ မလုပ္ခဲ့ဘူးဆိုတာလည္း မင္း ဦးစိုင္းထန္ ဆီက အတည္ျပဳၿပီးေလာက္ေရာေပါ့...
ဒါဆို ငါ့ကို အနားေခၚထားၿပီး ႏိွပ္စက္ေနစ႐ာ အေၾကာင္းျပခ်က္ မရိွေတာ့ဘူးမလား? "
ခက္ထန္ သည္ အသက္၀၀႐ႈထုတ္လိုက္ဖို႔ေတာင္ ေမ့ေလ်ာ့သြားခဲ့သည္အထိ... ၊ ၾကမ္းျပင္၌သာ ဒူးေထာက္လ်က္ သူ၏ ၀ဲဘက္ရင္အံုကို သူ႕လက္မ်ားျဖင့္ ဖိႏိွပ္ဆုတ္ကိုင္ထားေလသည္ ။ မ်က္လံုး၀ိုင္းႀကီးထဲမွ မ်က္ရည္မ်ားသည္ ၾကမ္းျပင္ေပၚ စီးက်လာခဲ့ကာ တစက္ခ်င္းမွတဆင့္ ေရအိုင္ငယ္ေလးတစ္ခုပမာ.... ။
ခက္ထန္က ကေလးတစ္ေယာက္လို ေအာ္ဟစ္ကာ ႐ိႈက္ႀကီးတငင္ ငိုေႂကြး၏ ။ သူ၏ ေခြၽးစက္မ်ားႏွင့္မ်က္ရည္မ်ား ေရာေထြးေနေသာ မ်က္ႏွာေပၚတြင္ ေနာင္တ, တရားတို႔က သူ႕ကို လႊမ္းမိုးသြားခဲ့ၿပီးေလၿပီ ။ ေရွ႕တလွမ္းတိုးလိုက္ဖို႔ႀကိဳးစားလွ်င္ ေနာင္တ, တရားေခ်ာက္နက္က သူ႕ကို အနက္႐ိႈင္းဆံုး မီးေတာက္ထဲသို႔ ဆြဲေခၚသြားကာ တကိုယ္လံုးေလာင္ကြၽမ္းျပာက်ေစေလာက္ေအာင္ အားျပင္းေတာက္ေလာင္လြန္း၏ ။ ဒါဆို ေနာက္ဆုတ္လိုက္သင့္သလား... ။ ေနာက္ဆုတ္လိုက္ဖို႔ စဥ္းစား႐ံုအေတြးေလးက သူ႕ႏွလံုးသားေပၚသို႔ ဓားထက္ထက္ျဖင့္ တခ်က္ခ်င္းအမႊန္းခံေနရသလို... ေသြးစိမ္းရွင္ရွင္က်ကာ ေသဆံုးျခင္းႏွင့္ ရွင္သန္ျခင္း၏ လြန္ဆြဲပြဲတစ္ခုၾကားတြင္ သူ႕အ႐ိုးမ်ားသည္ တစစီျပဳတ္ထြက္ကာ အသားစမ်ား တလႊာျခင္း ဆြဲၿဖဲခံေနသလို အဆံုးစြန္ ႐ူးသြားေစေလာက္ေအာင္ နာက်င္ေစလာသည္ ။
သူ ဒီလူကို မုန္းတီးေနခ်ိန္ကေတာင္ ဆံုး႐ံႈးလိုက္ဖို႔အေၾကာင္း မႀကံရြယ္မိခဲ့သည္ဆို အခုလို ေနာင္တ, တရားတို ့ ဖက္တြယ္လာခ်ိန္မွာဆိုရင္ေရာ..... ။
ထြက္ခြာသြားေသာ ေက်ာျပင္ေလးသည္ အထီးက်န္ဆန္လြန္းသလို နာက်င္မႈမ်ားစြာကို မ်က္ႏွာဖံုးစြပ္ကာ သံတံတိုင္းတစ္ခုလို ဖံုးအုပ္ထားေလသလား.... ။ ထိုေက်ာျပင္ငယ္သည္ အခ်ိန္ၾကာျမင့္စြာ သူ႕ လံုၿခံဳမႈအတြက္ တံတိုင္းတစ္ခုအျဖစ္ ကာကြယ္ေပးခဲ့သည္ ။ ထိုေက်ာေပၚတြင္ ထိုးစိုက္လာေသာ ဓားတစ္လက္ခ်င္းစီကို အရြယ္ေရာက္လာခ်ိန္၌ သူက ဆြဲႏႈတ္ကာျဖင့္ အနာက်က္သြားေစရန္ ေဖးမသင့္ပါလ်က္ သူ လုပ္ခဲ့သည္က ထိုဓားမ်ားကို ထပ္မံကာ ထိုးစိုက္ပစ္ခဲ့သည္ ။
အညႇာအတာကင္းမဲ့စြာ... စာနာမႈကင္းမဲ့စြာ... ေနာင္တ, တရားကို သူကိုယ္တိုင္က အခြင့္အေရးေပးခဲ့ျခင္းျဖစ္၏ ။ ထို႔ထက္ပိုကာ အစိမ္းသပ္သပ္ ဗိုက္အခြဲခံခဲ့ရသူကို မငဲ့ညႇာေသာ စကားလံုးမ်ားျဖင့္ ထပ္မံ ထိုးႏွက္ခဲ့ေသး၏ ။
သူ႕ခႏၶာကိုယ္တစ္ခုလံုးသည္ အားအင္တို႔ဆုတ္ေလ်ာ့သြားသည့္အလား ယိုင္နဲ႔စြာ ကုန္းထလ်က္ ကုတင္ေပၚသို႔ ေခြးေလးတစ္ေကာင္လို ေလးဘက္ေထာက္လ်က္ ကုပ္တက္လာခဲ့သည္ ။
ေဘးေစာင္းေလး အိပ္ေနသူ၏ ရင္ခြင္ထဲသို႔ ေခါင္းတိုး၀င္ကာ ထည္ဝါလင္းရိွန္၏ ခႏၶာကိုယ္အား လြတ္ထြက္သြားမွာ စိုးသည့္အလား တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္ထားခဲ့သည္ ။
" ခက္ထန္! "
ေလသံတို႔သည္ မာထန္ေနျခင္းလည္း မရိွခဲ့သလို ေပ်ာ့ေပ်ာင္းေနျခင္းမ်ဳိးလည္းမဟုတ္ခဲ့ ။ ေအးစက္ေသာအရိပ္အေယာင္တို႔ ကိန္းေအာင္းေနသည့္ႏွယ္.... ။ ေအးစက္စက္လက္တစ္ဖက္သည္ သူ႕ကို တြန္းထုတ္လာခဲ့သည္ ။
တဖက္လူက တြန္းေလ သူက ပိုၿပီး တြယ္ကပ္ေလ.... ။
" ဒီလိုေလး ခဏေနခ်င္တယ္... ကိုကို ့ ရင္ခြင္ထဲမွာ ကြၽန္ေတာ္ ဒီလိုေလး အိပ္ေနက်ပဲေလ... ကိုကို မွ မသိဘဲ... "
ခက္ထန္ သည္ အဆံုးသတ္ေရာက္ဖို႔ နီးကပ္ေနသည့္တိုင္ ကေလးဆန္စြာ တံုးအခ်င္ေနဆဲပင္ ။ သူ လုပ္ခဲ့သမွ်တိုင္းကို ထည္ဝါလင္းရိွန္ မသိခဲ့ဘူးအထင္ျဖင့္ သူ ငယ္ငယ္က ခိုးလုပ္ခဲ့သမွ်တိုင္းကို ငိုသံေႏွာကာ တ႐ံႈ႕႐ံႈ႕လုပ္ကာ ေျပာရင္း မနက္ေနထြက္ခ်ိန္ကို တားဆီးပစ္ခ်င္ေနပံုေပၚေနေတာ့၏ ။
×××××
အရမ္းခ်စ္တယ္ေနာ္ view ေတြလည္းမ်ားႀကီးပဲ ေက်းဇူးတင္ပါတယ္ အားေဆးလံုးေလးေတြ 💖💖💖💖💖
Unicode version
🎵 နောက်ကျောဘက်က ဓားချက်ကိုမြင်ပါတယ်... မင်းမှန်းသိလို့သာ ငြိမ်နေလိုက်ပါတယ်... ငါ တလှမ်းတိုးရင် နင်ကပဲ နောက်ဆုတ်လို့သွား... မင်းအနားမှာ နေချင်လို့ ကြိုးစားမိရုံပါ... ။ ဇာတ်သိမ်းရမဲ့ အဆုံးသတ်ကို မြင်ပေမဲ့ မင်းမှန်းသိလို့သာ ငြိမ်နေခဲ့ပါတယ်... 🎵
ညမီးရောင်တို့သည် တလက်လက် တောက်ပလွန်းသော်လည်း ထည်ဝါလင်းရှိန် ၏ မျက်လုံးထဲတွင်တော့ ညှိုးရော်ပျောက်ကွယ်သွားတော့မည့် ကြယ်ပွင့်လေးများဟုပင် ထင်မိသည် ။ သူ၏ စိတ်တွင်း၌ ညှိုးနွမ်းအားငယ်ခြင်းများ ကြီးမားအုပ်စိုးခြင်း ခံလာရသည့်အခါ ပတ်ဝန်းကျင်၏ အလှတရား မီးရောင်လေးများကတောင် သူ့အတွက် အကျည်းတန်လာခဲ့သည် ။
စင်္ကြံလမ်းလေးပေါ်တွင် တရွေ့ရွေ့ လျှောက်လှမ်းသွားတဲ့အခါ ဘေးမှ ကပ်လျက် ဖြတ်သွားသော လူတချို့၏ ချိုးနှိမ်ချင်သော အမူအရာများကို သတိထားမိသည် ။
သူ့ကို တော်ဝင်လုပ်ငန်းစု ရဲ့ ဥက္ကဌဟောင်း ထည်ဝါလင်းရှိန် ၊ အိမ်ထောင်ရှိ ယောကျ်ားတစ်ယောက်၏ အငယ်အနှောင်း ဂေး တစ်ယောက်အဖြစ် သိသူ တချို့ပင် ဖြစ်လိမ့်မည် ။
မီဒီယာများ၏ အရေးတယူ ဖော်ပြခြင်း ခံခဲ့ရစဉ်က
သတင်းများ၏ ခေါင်းကြီးပိုင်းတွင် ခန့်ညားသော သူ့ပုံများကြောင့် သိသူတချို့က သူ့မျက်နှာကို ရင်းနှီးနေလောက်ရောပေါ့လေ။
" ကိုးလ်! "
သူ့ ရှေ့ တည့်တည့် ရောက်လာသော လူ၏ မျက်နှာကို ကားမီးရောင်များကြားမှ ဝါးတားတားမြင်နေရ၏ ။ ထည်ဝါလင်းရှိန်သည် ညအမှောင် ရောယှက်လာသည့် ညနေခင်းထိလောက်သာ အရာဝတ္ထုများကို သဲသဲကွဲကွဲ မြင်ရသည် ။ လွန်ခဲ့သော နှစ်တချို့က သူ့မျက်လုံးရှည်တို့သည် ခြေထောက်များဖြင့် ကန်ခြင်းခံထားဖူးသည်မှ စကာ အမြင်အာရုံတို့သည် ပုံမှန်မဟုတ်တော့ချေ ။
ရှေ့မှ လူသည် အနားသို့ တိုးကပ်လာမှ
ဦးစိုင်းထန် ဖြစ်နေကြောင်းကို သူ မြင်လိုက်ရ၏ ။
ထိုလူသည် အတိတ်တချို့က သူ့ကို သေနတ်ပစ်သင်ပေးခဲ့ဖူး၏ ။ ဘိန်းဖြူဘိန်းစိမ်းတို့၏ဈေးကွက်ကစားပုံတို့ကို အဓိက သင်ပေးခဲ့သူလည်း ဖြစ်သည် ။ လက်ရုံးရည်နှင့်ပတ်သက်လျှင်လည်း ဒယ်ဒီ့ထက်ပိုစွာ အပြင်းအထန် လေ့ကျင့်ပေးခဲ့ဖူး၏ ။
" ဘယ်သွားမလို့လဲ? ကားရော! ကားမပါဘူးလား တစ်ယောက်တည်းလား? မင်းတစ်ယောက်တည်း လျှောက်သွားနေတာလား ကိုးလ်! "
မျက်မှောင်ကြုတ်ကာ စကားပြောနေပုံမှာ အလိုမကျမှုကို အထင်းသားပေါ်လွင်နေ၏ ။
သူ တစ်ယောက်တည်း လျှောက်သွားတာ ဒီလူ ဘဝင်မကျစရာ ဘာများရှိလို့လဲ?
ထိုလူ မေးလာသည့်စကားများကို သူ ဘာပြန်ပြောရမလဲ တွေးမရတော့ပေ ။ သူ့ဦးနှောက်နှင့် နှလုံးသားသည် ထုံကျင်အေးစက်လွန်းလို့ အလုပ် သိပ်လုပ်ချင်သည့်ပုံမပေါ်တော့ပေ ။
"ငါနဲ့လိုက်ခဲ့!! "
ဦးစိုင်းထန် က အခြေအနေကို အကဲခတ်ပြီးနောက်
သူ့လက်ကို ဆွဲကာ ကားပေါ်သို့ အတင်းတွန်းတင်သည် ။ လမ်းတလျှောက်တွင်လည်း ဘာစကားမှ မဆိုခဲ့ပေမဲ့လို့ ခဏခဏတော့ အကဲခတ်နေဟန်ဖြင့် လှမ်းလှမ်းကြည့်သည်။
သူ ထင်သည်မှာ မမှားလျှင် ဦးစိုင်းထန်မျက်လုံးများသည် သူ့ဗိုက်ဆီသို့ အာရုံစူးစိုက်စွာ ရောက်ရှိနေလေ၏ ။
ညစာ မစားရသေးကြောင်း စကားစပ်မိကြသောကြောင့် စားသောက်ဆိုင်တစ်ဆိုင်တွင် အတူ ထိုင်ခဲ့ကြသည်။
" ငါးသံပရာပေါင်း "
"ငါးသံပရာပေါင်း"
သူတို့နှစ်ဦးလုံး 'ငါးသံပုရာပေါင်း' ဟူ၍ ပြိုင်တူ ပြောလိုက်မိ၏ ။ ဦးစိုင်းထန်က ယဲ့ယဲ့လေး ပြုံးလိုက်သလို သူလည်း ထိုနည်းတူ လိုက်ပြုံးမိသည် ။ သူတို့နှစ်ဦးက ရှားရှားပါးပါးအကြိုက်လာတူနေကြသည် ။
ဦးစိုင်းထန်သည် ထည်ဝါလင်းရှိန်၏ မျက်နှာတခြမ်းပေါ်မှ အနီရောင်ရဲနေသော ဒဏ်ရာကိုတွေ့ပြီးဖြစ်သော်လည်း မျက်မှောင်ကြုတ်လျက်သာ ပြုကာ ဘာမှ မေးမလာခဲ့ချေ ။
" ကလေးက ဘယ်နှလ လဲ? "
"ဗျာ! "
လေးကိုင်းပုံနှုတ်ခမ်းတို့ ဝိုင်းစက်သွားသည်အထိ သူ အာမေဋိတ်သံပြုကာ အံ့ဩတုန်လှုပ်သွားရ၏ ။
သူဟာ ယောကျ်ားတစ်ယောက် ရဲ့ သွေးသားကို သူ့သွေးသား တို့နဲ့ ပေါင်းစပ်ကာ မိန်းမတစ်ယောက်ကဲ့သို့ ကိုယ်ဝန်လွယ်ပေးရမည့် ယောကျ်ားတစ်ယောက်! ။ ဒီအကြောင်းကို သူစိမ်းတစ်ယောက်က ဖွင့်ဟလာသည့်အခါ
သူ ခံစားလာရသည်က ရှက်ကြောက်နေသည့်စိတ်လား?သူ့ ကလေးလေးက သူ့အတွက် ရှက်စရာ ဖြစ်တည်မှုမှ မဟုတ်ဘဲ... ဒါဆို ကြောက်စိတ်များလား ဒါက ဦးစိုင်းထန် လို သွေးအေးရက်စက်တတ်သူကို ကြောက်ရွံသွားသည့် စိတ်များလား ။
" ဆေးရုံမှာ ငါ တွေ့ခဲ့တယ် ။ အဲ့ဆေးရုံရဲ့ ဆေးပေးခန်းက သွားဖွားမီးယပ်ဆေးပေးခန်း ကို သပ်သပ်တစ်ခု ခွဲထားတာ... ခက်ထန် ကို အဲ့နေရာမှာတွေ့ခဲ့တယ် "
ဦးစိုင်းထန် ဟာ သိပ်လျင်သိပ်လည်လွန်းကြောင်းကို သူ သိထားပြီးဖြစ်၏ ။ သူ သားအိမ်အထည့်ခံခဲ့ရသည့်အကြောင်းကိုလည်း ဦးစိုင်းထန် တစ်ဦးသာ သိရှိထားခဲ့သည် ။ ဦးစိုင်းထန်သည် သူ သိပြီးသမျှကို သူမြင်ခဲ့သည့်အရာများနှင့် ဆက်စပ်တွေးကာ ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့ပုံပေါ်သည် ။
" ကျွန်တော် ဒီကလေးကို မရ, ရအောင် မွေးမှာ မာစတာ.. ခင်ဗျား မမြင်ချင်ယောင်ဆောင်ပေးပါ"
" ဆုံးဖြတ်ပြီးသွားပြီလား? ယောကျ်ားတန်မဲ့ တခြားယောကျ်ားတစ်ယောက်ရဲ့ ကိုယ်ဝန်ကို လွယ်ပေးနေရတာ ရှက်ဖို့ကောင်းတယ် မထင်ဘူးလား ထည်ဝါလင်းရှိန်! မင်း ဒီကလေးကို မွေးပြီးရင်ရော အမေ ဘယ်မှာလဲ လို့ မေးလာရင် မင်း ဘာပြန်ဖြေမလဲ? "
" ရှက်ဖို့ကောင်းတယ် လို့ ကျွန်တော် မထင်ဘူး! ကျွန်တော် သူ့ကို အရမ်းချစ်တယ် ၊ ကိုယ်ချစ်တဲ့ လူရဲ့ သွေးသားကို ကိုယ်တိုင် မွေးထုတ်ပေးရတာ ဘယ်လောက် နှစ်လိုစရာကောင်းသလဲ? ကျွန်တော် အမှားတွေ လုပ်နေတာမှ မဟုတ်ဘဲ ကျွန်တော် လူတစ်ယောက်ကို မုန်းလို့မရအောင် ချစ်မိသွားရုံလေးတင်ပဲလေ ဘာတွေကများ ခင်ဗျားမျက်လုံးထဲ ရှက်စရာကောင်းနေရတာလဲ? "
ဦးစိုင်းထန် မျက်လုံးထဲ၌ စိတ်ပျက်သွားသည့် အရိပ်တချို့ ဖြတ်ပြေးသွားသည်ကို သူ မြင်လိုက်မိသည် ။ တခြားသူတစ်ယောက် သူ့အပေါ် ဘယ်လိုသဘောထားသည်ကို သူက ဂရုစိုက်တတ်လေ့မရှိသော်လည်း ယခုအချိန်တွင်တော့ ဦးစိုင်းထန် ၏ သက်ပြင်းချသံများကိုတောင် သူ ဝမ်းနည်းမိသည် ။
မဆီမဆိုင် ဒီလူကြီးဆီက 'အဆင်ပြေသွားမှာပါ ကိုးလ်' လို့ ပြောသံကို ကြားချင်လာသည် ။
"မှတ်မိသေးလား? ကျွန်တော် အသက် ၉နှစ်တုန်းက ဘိန်းခင်းထဲက ကလေးတွေ ကျွန်တော့်ကို ဝိုင်းအနိုင်ကျင့်လို့ ချောင်ကပ်ပြီး ငိုခဲ့တုန်းက ခင်ဗျား ပြောခဲ့တယ် 'အဆင်ပြေသွားမှာပါ ကိုးလ်' တဲ့...။ ကျွန်တော် ခွဲစိတ်ခံရပြီးနောက်ပိုင်း ပြန်တွေ့ကြတဲ့အခါ ခင်ဗျား ထပ်ပြောခဲ့တယ် 'အဆင်ပြေသွားမှာပါ ကိုးလ်' တဲ့လေ...အခုရော အဲ့လိုပြောပေးလို့ မရဘူးလား? ကျွန်တော် ကြားချင်တာကို နောက်ဆုံးအနေလေးနဲ့ ပြောပေးလို့ရမလား? မပြောနိုင်ဘူးလေ၊ ကလေးမွေးပြီး သေသွားခဲ့ရင် ခင်ဗျား ပြောချင်ရင်တောင် ကျွန်တော့် အုတ်ဂူဆီပဲ လာရတော့မှာ! "
" တော်စမ်း! မင်း သေရင် မင်းကလေးကိုရော မင်းအကောင်ကိုရော ငါ အသေသတ်ပစ်မယ် "
" ဘာလို့လဲ "
" ထားလိုက်တော့... ခက်ထန် နဲ့ ငါ ကမ္ဘာပျက်သွားရင်တောင် အဆင်ပြေနိုင်မယ့်ပုံ မပေါ်ဘူး ကိုးလ်! ငါတို့ ဆက်စပ်ထားတဲ့ လုပ်ငန်းမှန်သမျှ အားလုံးကို ခက်ထန်ဘက်က ဖျက်စီးပစ်လိုက်တယ်၊ သူ့အမေကိစ္စ သိသွားတယ်ဆိုတာ ငါ သိတယ် ။ မူဆယ်မှာ ရှိတဲ့ လုပ်ငန်းကလည်း လည်ပတ်မှု နှေးသွားတယ် ။ မူဆယ်ဆိုတာ တရုတ်ပြည်ဘက်က သွင်းကုန်အများဆုံး တင်သွင်းခံရတဲ့ မြို့မလား? အရင်က ခက်ထန် အလုပ်က အဲ့ထိ မတိုးချဲ့ထားဘူး။ အခုက အဲ့ဘက်က အဝင်လမ်းကြောင်းတွေကိုပါ စခွက်လုလိုက်တဲ့သဘောပဲ... ငါ ပြောခဲ့တယ်မလား ကိုးလ်! မင်း ကလေးဆိုပြီး မွေးခဲ့တဲ့ကောင်က ကျားတစ်ကောင် ဖြစ်လာရင် ဘယ်လိုလုပ်မလဲလို့လေ မင်း ဘက်က အဲ့ကျားက ငါ့ကို ယှဉ်နိုင်နေပြီဆိုပြီး ရှူးတိုက်ပေးလိုက်တဲ့ သဘောလား? "
ခက်ထန် ခြေလှမ်းများကို ထည်ဝါလင်းရှိန်က ကြိုသိခဲ့သလို ထည်ဝါလင်းရှိန်၏ လှုပ်ရှားမှုများကိုလည်း ဦးစိုင်းထန်က သိနေခဲ့သည်။
" အဲ့တော့ ခင်ဗျား ဘာဆက်လုပ်မယ်လို့ စိတ်ကူးလဲ မာစတာ! ခက်ထန်ကို သတ်ဖို့ဆိုရင် ခင်ဗျားဘက်ကလည်း ထိခိုက်သွားရမဲ့ အရာတွေမှ အများကြီးပဲ မလား? "
" သေချာတာပေါ့... အဲ့ကောင်ကို ငါ သတ်ဖို့်ကြိုးစားလိုက်တာနဲ့ ငါ တန်ဖိုးထားတဲ့ အရာတစ်ခုက ချက်ချင်းကို ထိခိုက်သွားလိမ့်မယ် "
ဦးစိုင်းထန်သည် သူ့ကို စိုက်ကြည့်လာကာ ဆွေးမြေ့မြေ့လေး ပြောလာ၏ ။ ဦးစိုင်းထန် ထိခိုက်သွားရမည့် အရာဆိုတာ လုပ်ငန်းတွေပဲဟုသာ သူ အလွယ်မှတ်ယူလိုက်သည် ။
" ပြီးခဲ့တဲ့ အပတ်က ခက်ထန် အိမ်ပြန်လမ်းမှာ အပစ်ခံရတယ် ဆိုတာ ငါ့လက်ချက်လို့ပဲ မင်း ထင်နေသေးလား? မဟာကတော့ စိတ်ပူနေလေရဲ့ ခက်ထန် တစ်ခုခု ဖြစ်သွားမှာလည်း စိတ်ပူနေရှာတယ် ။ အဲ့ကောင် သေမှာကို ပူတာတော့ မဟုတ်ဘူး ။ သူ တစ်ခုခုဖြစ်ရင် မင်း ငါတို့ကို အထင်လွဲသွားမှာကို စိတ်ပူနေတာ"
" ခက်ထန်က အပစ်ခံရတယ်? "
သူ ထိတ်လန့်လွန်းလို့ လက်ထဲက ဇွန်းပါ ပြုတ်ကျသွားတဲ့အထိပဲ ။ ပြီးခဲ့တဲ့ အပတ်ဆိုတော့
ခက်ထန် သူ့ကို အိမ်ထဲမှာ သော့ခတ်ထားတဲ့ အချိန်... သူတို့ မိုင်းလားမသွားခင် အချိန်တစ်ခုဖြစ်၏ ။
" မင်း မသိဘူးလား ကိုးလ် ! သတင်းတွေထဲမှာ ဒီလောက် ဟော့ ဖြစ်နေတာ! "
သူ သတင်းစာလည်း မဖတ်ဖြစ်သလို လိုင်းလည်းမသုံးဖြစ် ၊ တီဗွီလည်း မကြည့်ဖြစ်ခဲ့ပေ။ တစ်ချိန်လုံး မအီမသာ ဖြစ်နေသောကြောင့်
ခက်ထန် အိပ်သွားခဲ့တဲ့ နေရာမှာသာ တစ်ချိန်လုံးကွေးနေခဲ့မိတာ...
သူ အေးဆေးအနားယူနေတဲ့ အချိန်မှာ ခက်ထန်က အန္တရာယ်နဲ့ ရင်ဆိုင်နေရသတဲ့လား။
" ကိုကို! "
သူ ဦးစိုင်းထန်ကို စကားပြန်ပြောဖို့ ကြိုးစားလိုက်ပေမဲ့ ခက်ထန် အသံက သူ့ လှုပ်ရှားမှုများကို ရပ်တန့်သွားနိုင်လောက်အောင် လွှမ်းမိုးနိုင်ခဲ့၏ ။
အသံလာရာဘက်သို့ သူရော ဦးစိုင်းထန်ပါ လှည့်ကြည့်လိုက်သည် ။ အဝေးမှ ပြေးလာသလို ပုံမျိုးဖြင့် ခက်ထန်သည် သူတို့အနီးသို့ ရောက်လာသောအခါ ထည်ဝါလင်းရှိန် လက်တစ်ဖက်ကို ဆွဲယူလျက် သူနှင့်အတူ မတ်တပ်ရပ်စေခဲ့သည် ။ ပြီးနောက် ရုတ်ချည်းပင် စူးရှလာသော မျက်လုံးဝိုင်းတို့ဖြင့် ဦးစိုင်းထန် ဘက်သို့ လှည့်ကြည့်ကာ...
" ကျုပ် လူကို မထိနဲ့ လို့ သတိပေးထားတယ်နော် ဦးစိုင်းထန်! ကျုပ်ကို လူသတ်ချင်လာအောင် တွန်းအားမပေးနဲ့...ကျုပ် လူနဲ့ ဝေးဝေးနေ! "
မကြာသေးသည့် နာရီပိုင်းတုန်းက သူကိုယ်တိုင် ပါးရိုက်ခဲ့သော သူသည် ယခုတွင်တော့ သူ့လူ ဖြစ်သွားပြန်လေ၏ ။
သူ နားလည်လာသည် ။ တဖြည်းဖြည်းဖြင့် ဒီကောင်လေး၏ စိတ္တဇ ဆန်မှုများကို ခံစားမိလာသည် ။ ခက်ထန် ၏ နှလုံးသားသည် အဖြူနှင့်အမဲ၊ အထက်ကောင်းကင်ယံက လမင်းဖြူကလေးနှင့် အသူရာချောက်နက်ထဲက မီးခိုးနက်တို့ နှစ်ခုကြား မောပန်းစွာ ကူးခတ်နေရခြင်း ဖြစ်၏ ။
ဦးစိုင်းထန် မှာ ခက်ထန်နှင့် သူ့ကို တလှည့်စီကြည့်ကာ မဲ့ပြုံးလေး ပြုံးလျက် မျက်နှာလွှဲသွား၏ ။ ဦးစိုင်းထန် ၏ မဲ့ပြုံးရောထွေးနေသော ပါးချိုင့်ခွက်ခွက်တို့သည် ခက်ထန် နှင့် ဆင်တူလွန်းလှ၏ ။ သူ့တွင်လည်း ပါးချိုင့်ရေးရေးလေး ပါသော်လည်း ဦးစိုင်းထန်နှင့်ခက်ထန် တို့လောက်တော့ မထင်ရှားလှပေ ။ အမူအရာများ ဆင်တူရုံမက သွေးအေးရက်စက်တတ်သော စိတ်ဓာတ်ချင်းပါ ဆင်တူနေသော ကျား နှစ်ကောင် ကြားမှ လေထုသည် အေးစက်ခြောက်ကပ်လွန်းလှ၏ ။
ခက်ထန်ဟာ သူ့လက်ကို ဆွဲလျက် လှည့်မည်ပြုလိုက်သောအခါ ဦးစိုင်းထန် ထံမှ အသံထွက်လာခဲ့၏ ။
" ခက်ထန်! မင်း လူ ဆိုလည်း သေချာဂရုစိုက်သင့်တာပေါ့ကွာ! နောက်တခါ မင်း လူ ဆိုတဲ့ ကောင် ကို ညဘက်ကြီး အပြင်လျှောက်မထွက်စေနဲ့! "
ခက်ထန် ၏ ကျောချမ်းစရာကောင်းသော အကြည့်များသည် ဦးစိုင်းထန် ဆီသို့ ရောက်ရှိသွားသော်လည်း ဘာမှ ထပ်မပြောလာတော့ဘဲ ထိုအတိုင်းသာ လှည့်ပြန်လာခဲ့၏ ။
" တောင်းပန်ပါတယ်! ကျွန်တော် လူစိတ်မရှိခဲ့မိဘူး ။ ကျွန်တော် နာကျင်ခဲ့တာတွေပဲ မြင်ပြီး ကိုကို ခံစားခဲ့ရတာတွေကို လျစ်လျူရှုခဲ့မိတယ် ကျွန်တော်က လူ မဟုတ်ဘူးမလား? "
အိပ်ခန်း တံခါးကို ပိတ်လိုက်မဲ့ လက်တွေတောင် ခက်ထန်စကားကြောင့် လေထဲ၌သာ ရပ်တန့်သွားရသည် ။ စို့နစ်နေသော ရှိုက်သံတစ်ခုသည် ခက်ထန်ဆီမှ ဖြစ်၏ ။ ခက်ထန်ဟာ အနားသို့ တိုးကပ်လာကာ အခန်းတံခါးနဲ့ ထည်ဝါလင်းရှိန်၏ ကျောကို ကပ်လျက်ပြုကာ ရှေ့မှ ပိတ်ရပ်ထား၏ ။ တဆတ်ဆတ်တုန်ရင်နေသော ခက်ထန် နှုတ်ခမ်းတို့သည် ဆေးလိပ်ဒဏ်ကြောင့် အညိုဘက်သို့ သန်းချင်နေ၏ ။ သူသည် အခန်းတံခါးနှင့် ခက်ထန် ခန္ဓာကိုယ်ကြားတွင် လှုပ်မရအောင် ပိတ်မိလို့နေသည် ။
" ကျွန်တော် စောင့်နေခဲ့တာ... ကိုကို က ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်လေ၊ ကျွန်တော် တစ်ညလုံး စောင့်နေခဲ့တာ အဲဒီ နေရာလေးမှာ... ကျွန်တော် ညစာလည်း ထမစားခဲ့ဘူး ။ ကိုကို လာရင် ကျွန်တော့်ကို မတွေ့တော့မှာစိုးလို့လေ ဒါပေမဲ့ ကိုကို ညာတယ် ကိုကို ညာသွားတယ်... ကိုကို မလာခဲ့ဘူး ။ ကိုကို ကျွန်တော့်ကို ညာ တယ် ။ ညတိုင်း... ညတိုင်း... ကျွန်တော် စောင့်တယ် ။ ခြံနားက အရိပ်လေးတစ်ခု မြင်ရင် ကျွန်တော် သိပ်ပျော်ခဲ့တာ.. ကိုကို လာတယ်အထင်နဲ့... နောက်ဆုံး ကျွန်တော့်ကို ကမ်းပေးလာတဲ့ လက်တစ်ဖက်က ကျွန်တော် မျှော်နေတဲ့ ခင်ဗျား မဟုတ်ဘဲ မေမေ ဖြစ်နေခဲ့တယ် ။ ကျွန်တော် စိတ်မဆိုးရတော့ဘူးလား? ဟင်! ကျွန်တော့်အတွက် နှစ်သိမ့်မှုတွေ လိုအပ်နေတဲ့ အချိန်မှာ မေမေ ကပဲ ကျွန်တော့်အနား ရှိနေပေးခဲ့တယ် အဲ့လိုလူကို တွယ်တာမိခဲ့တာ အပြစ်ရှိလား ကိုကို.. "
ခက်ထန် မျက်ရည်များကို သူ သုတ်ပေးလိုက်သည်။
သူကိုယ်တိုင်၏ မျက်ရည်များမှာတော့ အဖော်မဲ့လျက်ဖြင့်.. ခက်ထန် မျက်နှာကို မျက်နှာသေဖြင့် စိုက်ကြည့်နေရုံကလွဲလို့ နှလုံးခုန်သံတစ်ချက်ကို သူ့ဆီမှ မကြားရလောက်သည်အထိ ဆိတ်ငြိမ်နေခဲ့သည် ။
" တောင်းပန်ပါတယ် အဲ့လို ကိုယ်ချင်းစာစိတ်ကင်းမဲ့နေတဲ့ စကားမျိုး မပြောခဲ့သင့်ဘူး ။ တောင်းပန်ပါတယ် ။ တောင်း
ပန်ပါတယ် ။ မေမေ့ လုပ်ရပ်အတွက်နဲ့ ကျွန်တော့် ကလေး ရဲ့ ဖြစ်တည်လာမှုကို ကိုကို မုန်းပစ်လိုက်မှာကြောက်လို့ပါ၊ ကျွန်တော့်ကလေးလေးကို ကိုကို မလိုချင်ခဲ့မှာ ကြောက်လို့ပါ ။ကျွန်တော်လေ... ကြားကြားချင်း မယုံနိုင်ခဲ့ပေမဲ့ တကယ်ဖြစ်နေကြောင်းကို လက်ခံလာနိုင်တဲ့အချိန်မှာ ကျွန်တော် ဒီကလေးလေးကို သိပ်ချစ်တယ် ။ ကျွန်တော့်ဗိုက်ထဲ ပြောင်းလို့ရရင် ပြောင်းထည့်ချင်ခဲ့တာပါ ။ ဒါကြောင့်... ဒါကြောင့် မေမေ ထည့်ပေးခဲ့တဲ့ ဟောဒီ့အရာကို ကျွန်တော် ကျေးဇူးတင်စိတ် ဖြစ်မိသွားတယ်။ ကျွန်တော် တကိုယ်ကောင်းဆန်တာပါ ။ အဲ့အချိန်မှာ ကိုကို နာကျင်ခဲ့ရတဲ့ ဝေဒနာကို ကျွန်တော် အတ္တကြီးစွာနဲ့ပဲ မေ့ဖျောက်လိုက်မိတယ် တောင်းပန်ပါတယ် ကိုကို..."
" ကိုကို "
သူသည် မျက်ရည်တို့ လျှံကျလာသော မျက်လုံးရှည်များဖြင့် ခက်ထန် ကို စိုက်ကြည့်နေခဲ့သည် ။
" ကိုကို့အတွက် သူက မိန်းမယုတ် ဖြစ်နေပေမဲ့ ကျွန်တော့် အတွက်က မွေးကျေးဇူးရှင် ဖြစ်နေတယ်"
"ငါ သူ့ကို မုန်းရမှာလား? မင်း ပြောသလို မင်း ကလေးကို လွယ်နိုင်ဖို့ ဟောဒီ့် အရာကို ထည့်ပေးခဲ့လို့ ကျေးဇူးတင်ရမှာလား? မင်း ပြောပါ ခက်ထန်! ငါ မင်းအမိန့်အတိုင်း လိုက်လုပ်ပေးပါ့မယ် ဒါမှ ငါ အသားမနာမှာပေါ့ ဟုတ်တယ်မလား? ငါ့ ရင်ထဲက နာကျင်မှုတွေကို ထုတ်ပြောရင် ငါ ထပ်ပြီးအရိုက်ခံရဦးမှာမလား? ဒါဆို ငါ... ငါ မင်းကို ဘာတစ်ခုမှ မပြောတော့ဘူးလေ ငါ တစ်ယောက်တည်းပဲ ကြိတ်ခံမယ် ၊ ဘာလို့ဆို ငါ မှ အသားမနာချင်တော့ဘဲ..."
ခက်ထန်သည် ခေါင်းကိုတွင်တွင်ခါလျက်
သူ့လက်နှစ်ဖက်ဖြင့် ထည်ဝါလင်းရှိန် ၏ ပါးနှစ်ဖက်ကို တစ်ဖက်တစ်ချက်စီ အုပ်ကိုင်လျက် သူ ရိုက်ခဲ့သော ပါးပြင်လေးကို နှုတ်ခမ်းဖြင့် ဖွဖွလေးထိတွေ့၏ ။
ဒါက လုံလောက်တဲ့ နှစ်သိမ့်လိုက်မှုတစ်ခုလို့ ခက်ထန် ထင်နေခဲ့ပုံပင်...ခက်ထန် ရင်ထဲ ဝင်ကြည့်ဖို့အတွက် လိုအပ်လာခဲ့ပြီ ။ အခုချိန်မှာ သူ ခက်ထန် ကို နားလည်ပေးနိုင်စွမ်းတွေ ကုန်ခမ်းသွားသောကြောင့်များလား? သူသည် ခက်ထန်နှင့် အဝေးဆုံးသို့ ထွက်ပြေးဖို့အတွက်ကြိုးစားနေမိခဲ့သည် ။ သို့သော် မပြောင်းလဲသော နာကျင်မှုတို့ကို သတိထားမိသောအခါ သူ့ခြေလှမ်းတို့သည် ခက်ထန် ရင်ခွင်ထဲသို့သာ နောက်ပြန်ပြေးနေမိခြင်း ဖြစ်၏ ။
ပွေ့ဖက်လာသော ရင်ခွင်တစ်ခုကို ရုန်းကန်နေမိသည်။ ဒီရင်ခွင်က လုံခြုံခြင်းတို့ ခံစားမိခဲ့ဖူးသလို နွေးထွေးမှုများမှတဆင့် ပူလောင်ခြင်းများကိုပါ သူ ခံစားလာရသည် ။
ခက်ထန် ရှိတဲ့ အရပ်က သိပ်ကို ပူလောင်လွန်းလို့ သူ့တကိုယ်လုံး ပြာကျသွားတော့မဲ့အတိုင်း အသွေးအသားတွေ တစစီ ပဲ့ကြွေလာသလိုတောင် ခံစားလာမိသည် ။
" ငါ မင်းအနားမှာ မနေချင်တော့ဘူး ခက်ထန်! "
ထိုစကားပြောလိုက်သည့်အခါ ခက်ထန် လက်တို့သည် ရုတ်ချည်းပင် တင်းကြပ်လာတော့သည် ။ လှုပ်လှုပ်ရွရွ ဖြစ်နေသော ခေါင်းလေးသည် ချက်ချင်းကို ငြိမ်သက်သွားတော့၏ ။ ခက်ထန်ဟာ ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက်ကို ငြိမ်သက်သွားတော့တာ...ခက်ထန်ဆီက ကြားနေကျအသံ အသက်ရှုသံပြင်းပြင်းတို့ပါ ပျောက်ကွယ်သွားတော့သည်အထိ..
ထိုလူဆိုးကောင်သည် အသက်ရှူဖို့ပင် မေ့လျော့သွားတော့လေသည် ။
" ကျွန်တော်က ကိုကို့ကို ထပ်ပြီး မထိခိုက်စေရပါဘူးလို့ ကတိပေးနေရင်တောင်မှလား? "
" ငါ ပုံရေးတို့်ဆီ လိုက်သွားချင်တယ် ခွင့်ပြုချက်တောင်းနေတာ မဟုတ်ဘူး ခက်ထန်! အသိပေးနေတာ... "
" ဘယ်ဖြစ်မလဲ? ကလေးအတွက်ရော! ကိုကို မစဉ်းစားတော့ဘူးလား? ဒါ ဘယ်လောက်အသက်အန္တရာယ်များတယ်ဆိုတာ ကိုကို သိနေပြီးသားပဲ...ကျွန်တော့်ကို စိတ်ဆိုးနေတယ်မလား? ကျွန်တော် ရိုက်ခဲ့မိလို့မလား? ကျွန်တော်က တကိုယ်ကောင်းဆန်အတ္တကြီးလို့ မလား? ကိုကို ဘာဖြစ်စေချင်လဲ ကျွန်တော့်ကိုပြော! "
ခက်ထန်သည် ထည်ဝါလင်းရှိန်၏ ပခုံးနှစ်ဖက်ကို လှုပ်ခါရမ်းလျက် စိတ်လှုပ်ရှားစွာ ဆို၏ ။ နီရဲမို့အစ်နေသော မျက်လုံးလေးများသည် ပင်ပန်းနွမ်းနယ်ခြင်းနှင့်အတူ အကြိမ်ကြိမ်အဖန်ဖန်အားတင်းထူထောင်ထားဟန်တူနေ၏ ။ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရမည်ကို စိုးထိတ်နေသည့် အရိပ်အယောင်တို့သည် မျက်လုံးဝိုင်းကြီးများမှ တဆင့် ထင်ဟပ်ပြနေသလို အဖျားခတ်တုန်ခါနေသော အသံလှိုင်းများကလည်း သိသာထင်ရှားလွန်း၏ ။
" ငါ့သူငယ်ချင်းတွေနဲ့ သွားတွေ့ချင်တယ် ခက်ထန်! "
ဒီလူသားသည် သူ့အနားမှ ထွက်ခွာသွားချင်နေပြီကို သူ တဖြည်းဖြည်း နားလည်လာခဲ့၏ ။ အနားမှာရှိနေစဉ်အခါက စကားလုံးများဖြင့် ထိုလူ၏ နှလုံးသားကို တစ်ချက်ချင်း ထိုးနှက်ခဲ့သည် ။ သူ မထင်ထားခဲ့မိဘူး ။ သူက တဖက်လူ၏ နှလုံးသားကို သွေးစိမ်းရှင်ရှင် ကျလာအောင် မညှာမတာ ထိုးနှက်လေလေ ထိုသွေးစက်များသည် သူ့ဆီသို့ မြင်မကောင်းအောင် လာစင်လေ ဖြစ်ခဲ့သည်။
သူ ကိုယ်တိုင်၏ ထိုးချက်နှက်အတွက် တဖက်လူက အနာကို ဆေးထည့် အကွက်စေ့အောင် ချုပ်ဆိုလိုက်ပြီးချိန်ရောက်သည့်တိုင် သူ ကတော့ ခန္ဓာကိုယ်၌ စွန်းထင်းသွားသော သွေးစက်များကို ဖယ်ထုတ်ပစ်လို့ မရအောင်ကို သူ့ တကိုယ်လုံးညစ်နွမ်းနေခဲ့ရပြီ ။
လွှတ်ပေးလိုက်ဖို့ဆိုတာ တခဏတာအတွက်ပင် သူ့အတွက် နာကျင်မှုက တစစ လှိုက်တက်လာတော့သည် ။
လူမှန်းသိတတ်စအရွယ်ကတည်းက သူ့နှလုံးသားနဲ့ဦးနှောက်ထဲတွင် စွဲထင်ခဲ့သည့် ပုံရိပ်တစ်ခုဟာ မျက်ဝန်းရှည်တစ်စုံနှင့် ခပ်နွမ်းနွမ်းအပြုံးလေးတစ်ခု ဖြစ်ခဲ့သည်ဆို
သူ့နှလုံးသား၌ အနာတရတစ်ခု ဖန်တီးပေးအပ်ခဲ့သည်မှာလည်း ထိုအရာတစ်ခုသာဖြစ်တော့၏ ။
သူသည် ထိုနာကျင်မှုနှင့် ရောယှက်နေသော နာကျည်းမှုကို ဖက်တွယ်ထားရသည်မှာ သွေးအစက်စက် ကျနေသည်ဆိုလျှင်တောင် လွှတ်ချပေးဖို့ရန်လည်း မစွမ်းသာခဲ့ပါ။
သူ ခေါင်းညိမ့်ကာသာ ခွင့်ပြုပေးလိုက်မိသည် ။ ညှိုးငယ်နွမ်းလျမှုသည် သူလိုလူအတွက် လိုက်ဖက်မှုမရှိသော အရာဖြစ်နေသော်လည်း အခုချိန်၌ သူ နွမ်းလျစွာ ထိုလူ၏ ဆန္ဒများကို လိုက်လျောပေးလိုက်သည် ။
သူ၏ ပင်ကိုစရိုက်၌ ညှာတာထောက်ထားမှု ၊ စာနာမှုကင်းမဲ့တတ်လွန်းသည်မို့ တဖက်လူအပေါ်တွင် မစာနာမှုအတ္တရောင်ပြေးများဖြင့် ခြယ်မှုန်းလိုက်မိ၏ ။
အစိမ်းသက်သက် ဗိုက်ခွဲခံလိုက်ရသည့် လူအပေါ် အစိမ်းသက်သက် အသားပေါ် အပ်ဖြင့် အချုပ်ခံလိုက်ရသည့် လူအပေါ် မစာနာပေးခဲ့သည့်အပြင် မိခင်၏ လူမဆန်ခဲ့မှုများအတွက် ပေါက်ကွဲခံလာရသည့်အခါတွင် ဒေါသစိတ်ဖြင့် လက်ပါခဲ့မိသည် ။
ထိုလူ ထွက်သွားချင်သည့်အခါ သူ့စိတ်ရိုင်းများကို လျှော့ချလျက် လက်လွှတ်ပေးခဲ့သည် ။ အိမ်ထဲမှ ခြံဝန်းဆီသို့... ခြံဝန်းမှ တဆင့် အပြင်လောကသစ်ဆီသို့ ပြေးထွက်သွားသော လူနောက်ကို သူ တိတ်ဆိတ်စွာ နောက်ယောင်ခံလိုက်ခဲ့သည် ။ တချက်ချက် မြန်သွားလိုက် ခဏကြာ နှေးသွားလိုက် ဖြစ်နေသော ပုံမှန် မဟုတ်သည့် ခြေလှမ်းများသည် ထိုလူ၏ ဝမ်းနည်းမှုအတိမ်အနက်ကို မသိမသာ ဖော်ပြနိုင်သကဲ့သို့ ကျရှုံးမှုကို ဟန်ဆောင်မာကျောမှုများဖြင့် ဖုံးကွယ်နေသည်ဟုလည်း သူ ခံစားမိစေသည် ။
သူ၏ ရန်သူဖြစ်သော ဦးစိုင်းထန် ကားပေါ်သို့ပါသွားသောအခါ ခက်ထန်၏ အကြင်နာကင်းမဲ့တတ်သော နှလုံးသားလေးသည် စို့နစ် တင်းကြပ်လာမှုကို ခံစားမိလာစေသည် ။
စားသောက်ဆိုင်ထဲထိ ဝင်ကာ ရန်သူကို မနှစ်မြို့စွာဖြင့် သတိပေးစကားပြောလျက်
ထိုလူ၏ လက်ကို ဆွဲကာ ပိုင်ဆိုင်ကြောင်း သက်သေတစ်ခုပြယုဂ်တစ်ခု အဖြစ် ပြသပေးခဲ့သည် ။
" ကျွန်တော် သိချင်တာ ရှိတယ် ကျွန်တော် ငယ်ငယ်ကတည်းက ကိုကို့ကို စွပ်စွဲခဲ့တယ် ။
မေမေ့ကို သတ်ခဲ့တဲ့လူအဖြစ်.. အိမ်ကို မီးရှို့ခဲ့တဲ့လူအဖြစ်... ဘာလို့ အဲ့အချိန်တုန်းက ဝန်ခံသလို ငြိမ်နေခဲ့ပြီးတော့ အခု ချိန်ကျမှ ဘာလို့ ငါမလုပ်ဘူး ။ ဦးစိုင်းထန် လုပ်တာပါ လို့ ဖွင့်ပြောရတာလဲ? "
" မင်း ဒီလိုတွေ ဖြစ်လာလိမ့်မယ် မင်း ငါ့အပေါ် ဒီလောက်ထိ ရက်စက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးလို့ပဲ"
ခက်ထန်ဟာ ယိုင်နဲ့စွာ ရပ်လျက် သူ့စကားကို အာရုံစူးစိုက်နေခဲ့သည် ။ သို့သော် ခက်ထန်မျက်လုံးများကတော့ အောက်ကြမ်းပြင်ဆီသို့သာ အကြည့်တို့ကို ပို့လွှတ်ထားလေ၏ ။ မျက်လုံးချင်း ဆုံဖို့ရန် မစွမ်းသာတော့တဲ့ အခြေအနေတစ်ခုကို ခက်ထန်ဟာ ရင်ဆိုင်တွေ့ကြုံနေရသလိုမျိုး...
" တော်ဝင် လုပ်ငန်းစုကြီး ဘယ်လိုဖြစ်လာလဲ မင်းသိလား ခက်ထန်! "
ခက်ထန် သည် သူ၏ အဆံချောင်ချင်နေသော မျက်လုံးနီတို့ဖြင့် တဖြည်းဖြည်း မော့ကြည့်လာကာ အောက်နှုတ်ခမ်းသားကို သွေးခြေဥ မတတ် ဖိကိုက်ထားလေ၏ ။ ခေါင်းလည်းမညိမ့်ပြသလို ခေါင်းလည်းမခါခဲ့ချေ ။ ဆက်ပြောလာမည့် စကားများအတွက် တဒိတ်ဒိတ်ခုန်နေသော သူ့ရင်ခုန်သံ စည်းချက်ကို လိုက်မှတ်နေပုံပေါ်သည် ။
" မင်း စွပ်စွဲခဲ့သလိုပဲ ငါက မင်းတို့မိသားစုရဲ့ လုပ်ငန်းကို အပိုင်စီးခဲ့တယ်ဆိုတဲ့အတိုင်းပဲ ၊ ဟုတ်တယ် ငါ အပိုင်သိမ်းခဲ့တာ... လုပ်ငန်းအသေးစားလေး တစ်ခုကို အဲ့အချိန်က ဘယ်သူမှတောင် သတိထားခဲ့မိမှာမဟုတ်ဘူး။မင်းတို့မိသားစုရဲ့ ကုမ္ပဏီလေးနာမည်က 'star queen ' တဲ့...ငါ့ လက်ထက်မှာ နာမည်ပြောင်းခဲ့တယ် ။ 'တော်ဝင်' ဆိုပြီးတော့ပေါ့ ။
အဲ့နာမည်နဲ့ ငါ ညအိပ်ချိန်မရှိလောက်အောင် လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု တိုးချဲ့ခဲ့တယ် တဖက်မှာလည်း နွေးဧကရီ အဖေ လွှဲပြောင်းတာဝန်ပေးခဲ့တဲ့ ဖီးနစ်ကိုးလ် ဂိုဏ်းရဲ့ ပုံမှန်ဝင်ငွေ လည်ပတ်စီးဆင်းအောင် ၊ ဂိုဏ်းကို ဘယ်သူမှ လာမထိရဲအောင် ငါ ကာကွယ်ခဲ့တယ် ။
နေ့ဘက်ဆို ထည်ဝါလင်းရှိန် အဖြစ် ငါ မနားတမ်းကြိုးစားခဲ့ပြီး ညဘက်တွေဆို ငါဟာ ကိုးလ် အဖြစ် အမှောင်လောကထဲ ကျင်လည်ခဲ့တယ် ။ ဘာအတွက်လဲ ခက်ထန်!"
သူ့မျက်ရည်တို့်ကို ခက်ထန် ဟာ မလှုပ်မယှက် ငေးကြည့်နေခဲ့တယ်။
" တနေ့... တနေ့နေ့ မင်း ကြီးပြင်းလာတဲ့အခါ ငါ့လို မူးယစ်လောကရဲ့ လွှမ်းမိုးခံထားရတဲ့ မဖြူစင်တဲ့ လူဖြစ်မှာ ငွေမဲ တွေရဲ့ နောက်ကွယ်က လက်မဲကြီးတစ်ဖက် ဖြစ်လာမှာ စိုးရိမ်ခဲ့လို့.. ငါ မင်းအတွက် ကြိုးစားပေးခဲ့တာ မင်း အရွယ်ရောက်လာလို့ အုပ်ချုပ်နိုင်တဲ့ တချိန်ကျရင် ငါ အားလုံး လွှဲပြောင်းပေးခဲ့မယ်ဆိုတဲ့ စောက်ရူးဆန်ဆန် အတွေးကြီးနဲ့လေ.. ငါ ကုမ္ပဏီနာမည်ကို 'တော်ဝင်' လို့ ပေးခဲ့တယ်၊ မင်း နာမည်ကို ငါ ရည်ရွယ်ချက်နဲ့ ယူသုံးထားခဲ့တာ..
မင်း တွေးနေမှာပဲ ငါက မင်းကို ဘာရာထူးမှ မယ်မယ်ရရ မပေးဘဲ နှိမ့်ချပစ်ခဲ့တယ်လို့... အဲဒါ ငါ အတ္တကြီးခဲ့မိတာ... မင်းကို အရည်အချင်းနဲ့ ပြီးပြည့်စုံနေတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အောက်ခြေကနေလည်း လေ့လာစေချင်တယ် ။ ဌာနထဲမှာ သာမန်ဝန်ထမ်းနေရာမှာ ထားရင် ဥက္ကဌနဲ့ အရမ်းဝေးနေတဲ့အတွက် ငါ့အနားမှာ ထားပြီး တစ်ခုချင်း သင်ပြခဲ့တာ "
" ခက်ထန် ငါကလေ.. ငါက... မင်းနဲ့ နွေးတို့ရဲ့ ရမ္မက်သံတွေကြားမှာ ပါးစပ်ထဲ စောင်ကိုက်ပြီး ငိုသံမထွက် အောင် ငါ... ငါ မင်းအတွက် ကြိုးစားပေးခဲ့တဲ့ ကောင် ပါ၊ မင်း အနှောက်အယှက်ဖြစ်သွားမှာ သိပ်ကြောက်ခဲ့တဲ့ကောင်! ငါ့ ရှိုက်သံတွေနဲ့တောင် မင်းကို အနှောက်အယှက် မဖြစ်စေချင်ခဲ့တဲ့ ကောင်! မင်းရှေ့ သန်မာချင်ယောင်ဆောင်ထားတိုင်း နောက်ကွယ်မှာ အကြိမ်ကြိမ် ပြိုလဲ နေတဲ့ကောင် မင်း လှည့်စားခဲ့သမျှကို ငါ မျက်စိမှိတ်နေပေးခဲ့တာတောင် ငါက မင်းမျက်လုံးထဲမှာ မကောင်းတဲ့ကောင် ဖြစ်နေဆဲပဲလား? ငါ မထင်ခဲ့မိဘူး ။ ငါ့အပေါ် ဒီလောက်ထိ လုပ်ရက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးသလို မင်းအပေါ်ကို သံသယထားရမဲ့ အလုပ်ကိုတောင် ငါ မလုပ်ရက်ခဲ့ဘူး"
သူ့စကားတို့်သည် ရင်ခွင်ကျယ်တစ်ခု၏အောက်တွင်နစ်မြှုပ်ကျဆုံးသွားရသည် ။
ခက်ထန်သည် ခြေလှမ်း၁၀လှမ်းစာပင် မရှိသော အကွာအဝေးလေးကို ဖျက်ဆီးကာ ထည်ဝါလင်းရှိန်၏ တကိုယ်လုံး လွတ်မြောက်ရာလမ်း ရှာမတွေ့စေရန် သိမ်းကျုံးဖက်ထားလိုက်သည် ။ သူသည် တဖက်လူကို အသက်ရှူခွင့်လေးပေးဖို့ရန်အတွက်တောင် တွန့်တိုစွာ အရိုးတို့ ကျိုးကြေသွားတော့မည်ကို မေ့လျော့ကာ တင်းကြပ်စွာ ဖက်ထားရင်း ငိုသည် ။
ထည်ဝါလင်းရှိန်၏ မျက်ရည်စများသည် ခက်ထန်ရင်ဘတ်ပေါ်တွင် ပေကျံလျက်ရှိသော်လည်း သူ့လက်တို့က ထိုကောင်ဆိုးလေးကို ပြန်လည်ဖက်တွယ်ထားခြင်းတို့ မရှိခဲ့ဘူး ။
" တော်... ပါ တော့၊ ကျွန်တော်... ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ ၊ ကိုကို့ ခွင့်လွှတ်မှုတွေနဲ့တောင် ကျွန်တော်လိုကောင်က မထိုက်တန်တော့ပါဘူး တောင်းပန်ပါတယ်၊ နာကျင်စေခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်၊ ထိခိုက်စေဖို့ ရည်ရွယ်ခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ် ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့.. ကျွန်တော် အများကြီး တောင်းပန်ရင်တောင် ကျွန်တော့်အပြစ်တွေ မကျေနိုင်တာ သိပါတယ် ။ ဒါပေမဲ့ ကိုကို... ကျွန်တော် ဘာဆက်ပြောရမှန်း မသိလောက်အောင် ရင်.. ဘတ်ထဲက အရမ်းနာနေတယ် "
သူ ခက်ထန် ကို အဝေးသို့ရောက်အောင် တွန်းထုတ်ပစ်လိုက်သည် ။ရှိုက်ငင်ကာ ငိုကြွေးနေသော ခက်ထန်သည် ငယ်ငယ်တုန်းကလို အငိုသန်ဆဲ ကလေးတစ်ယောက် ပုံ ပေါ်စေ၏ ။ သို့ပေမဲ့ ငယ်စဉ်ကလိုမျိုး ထန်ထန်ပေါက်ကလေး၏ ဖြူစင်မှုများသည် ယခုခက်ထန်တွင် မရှိတော့ပါ။
" မင်း သာမန်စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာပြီး ဒီလောကနဲ့ ဘာဆက်စပ်မှု မှ ရှိလာစရာမလိုလောက်အောင် ငါ ဖန်တီးယူခဲ့တယ် ။ မင်း ရန်သူက ဦးစိုင်းထန် ဆိုတာသာ သိခဲ့ရင် မင်းအတွက် အန္တရာယ်ချောက်ထဲ တွန်းပို့တာနဲ့အတူတူပဲမို့ မင်း အထင်လွဲနေတဲ့အတိုင်း ငါနေခဲ့တယ်။ အခုတော့ ခက်ထန်... မင်းမှာ ငါစိတ်ချနိုင်လောက်တဲ့ ခွန်အားလည်း ရှိနေပြီ ၊ အရွယ်တစ်ခုလည်း ရောက်လာခဲ့ပြီ မင်းအမေကို ငါ မလုပ်ခဲ့ဘူးဆိုတာလည်း မင်း ဦးစိုင်းထန် ဆီက အတည်ပြုပြီးလောက်ရောပေါ့၊
ဒါဆို ငါ့ကို အနားခေါ်ထားပြီး နှိပ်စက်နေစရာ အကြောင်းပြချက် မရှိတော့ဘူးမလား? "
ခက်ထန် သည် အသက်၀၀ရှူထုတ်လိုက်ဖို့တောင် မေ့လျော့သွားခဲ့သည်အထိ... ကြမ်းပြင်၌သာ ဒူးထောက်လျက် သူ၏ ဝဲဘက်ရင်အုံကို သူ့လက်များဖြင့် ဖိနှိပ်ဆုတ်ကိုင်ထားလေသည် ။ မျက်လုံးဝိုင်းကြီးထဲမှ မျက်ရည်များသည် ကြမ်းပြင်ပေါ် စီးကျလာခဲ့ကာ တစက်ချင်းမှတဆင့် ရေအိုင်ငယ်လေးတစ်ခုပမာ...
ခက်ထန်က ကလေးတစ်ယောက်လို အော်ဟစ်ကာ ရှိုက်ကြီးတငင် ငိုကြွေး၏ ။ သူ၏ ချွေးစက်များနှင့်မျက်ရည်များ ရောထွေးနေသော မျက်နှာပေါ်တွင် နောင်တ, တရားတို့က သူ့ကို လွှမ်းမိုးသွားခဲ့ပြီးလေပြီ ။ ရှေ့တလှမ်းတိုးလိုက်ဖို့ကြိုးစားလျှင် နောင်တ, တရားချောက်နက်က သူ့ကို အနက်ရှိုင်းဆုံး မီးတောက်ထဲသို့ ဆွဲခေါ်သွားကာ တကိုယ်လုံးလောင်ကျွမ်းပြာကျစေလောက်အောင် အားပြင်းတောက်လောင်လွန်း၏ ။ ဒါဆို နောက်ဆုတ်လိုက်သင့်သလား? နောက်ဆုတ်လိုက်ဖို့ စဉ်းစားရုံအတွေးလေးက သူ့နှလုံးသားပေါ်သို့ ဓားထက်ထက်ဖြင့် တချက်ချင်းအမွှန်းခံနေရသလို... သွေးစိမ်းရှင်ရှင်ကျကာ သေဆုံးခြင်းနှင့် ရှင်သန်ခြင်း၏ လွန်ဆွဲပွဲတစ်ခုကြားတွင် သူ့အရိုးများသည် တစစီပြုတ်ထွက်ကာ အသားစများ တလွှာခြင်း ဆွဲဖြဲခံနေသလို အဆုံးစွန် ရူးသွားစေလောက်အောင် နာကျင်စေလာသည် ။
သူ ဒီလူကို မုန်းတီးနေချိန်ကတောင် ဆုံးရှုံးလိုက်ဖို့အကြောင်း မကြံရွယ်မိခဲ့သည်ဆို အခုလို နောင်တ, တရားတို့ ဖက်တွယ်လာချိန်မှာဆိုရင်ရော။
ထွက်ခွာသွားသော ကျောပြင်လေးသည် အထီးကျန်ဆန်လွန်းသလို နာကျင်မှုများစွာကို မျက်နှာဖုံးစွပ်ကာ သံတံတိုင်းတစ်ခုလို ဖုံးအုပ်ထားလေသလား? ထိုကျောပြင်ငယ်သည် အချိန်ကြာမြင့်စွာ သူ့ လုံခြုံမှုအတွက် တံတိုင်းတစ်ခုအဖြစ် ကာကွယ်ပေးခဲ့သည် ။ ထိုကျောပေါ်တွင် ထိုးစိုက်လာသော ဓားတစ်လက်ချင်းစီကို အရွယ်ရောက်လာချိန်၌ သူက ဆွဲနှုတ်ကာဖြင့် အနာကျက်သွားစေရန် ဖေးမသင့်ပါလျက် သူ လုပ်ခဲ့သည်က ထိုဓားများကို ထပ်မံကာ ထိုးစိုက်ပစ်ခဲ့သည် ။
အညှာအတာကင်းမဲ့စွာ... စာနာမှုကင်းမဲ့စွာ... နောင်တ, တရားကို သူကိုယ်တိုင်က အခွင့်အရေးပေးခဲ့ခြင်းဖြစ်၏ ။ ထို့ထက်ပိုကာ အစိမ်းသပ်သပ် ဗိုက်အခွဲခံခဲ့ရသူကို မငဲ့ညှာသော စကားလုံးများဖြင့် ထပ်မံ ထိုးနှက်ခဲ့သေး၏ ။
သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အားအင်တို့ဆုတ်လျော့သွားသည့်အလား ယိုင်နဲ့စွာ ကုန်းထလျက် ကုတင်ပေါ်သို့ ခွေးလေးတစ်ကောင်လို လေးဘက်ထောက်လျက် ကုပ်တက်လာခဲ့သည် ။
ဘေးစောင်းလေး အိပ်နေသူ၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာ ထည်ဝါလင်းရှိန်၏ ခန္ဓာကိုယ်အား လွတ်ထွက်သွားမှာ စိုးသည့်အလား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့သည် ။
" ခက်ထန်! "
လေသံတို့သည် မာထန်နေခြင်းလည်း မရှိခဲ့သလို ပျော့ပျောင်းနေခြင်းမျိုးလည်းမဟုတ်ခဲ့ ။ အေးစက်သောအရိပ်အယောင်တို့ ကိန်းအောင်းနေသည့်နှယ် ။ အေးစက်စက်လက်တစ်ဖက်သည် သူ့ကို တွန်းထုတ်လာခဲ့သည် ။
တဖက်လူက တွန်းလေ သူက ပိုပြီး တွယ်ကပ်လေ...
" ဒီလိုလေး ခဏနေချင်တယ် ကိုကို့ ရင်ခွင်ထဲမှာ ကျွန်တော် ဒီလိုလေး အိပ်နေကျပဲလေ... ကိုကို မှ မသိဘဲ"
ခက်ထန် သည် အဆုံးသတ်ရောက်ဖို့ နီးကပ်နေသည့်တိုင် ကလေးဆန်စွာ တုံးအချင်နေဆဲပင် ။ သူ လုပ်ခဲ့သမျှတိုင်းကို ထည်ဝါလင်းရှိန် မသိခဲ့ဘူးအထင်ဖြင့် သူ ငယ်ငယ်က ခိုးလုပ်ခဲ့သမျှတိုင်းကို ငိုသံနှောကာ တရှုံ့ရှုံ့လုပ်ကာ ပြောရင်း မနက်နေထွက်ချိန်ကို တားဆီးပစ်ချင်နေပုံပေါ်နေတော့၏ ။
×××××
အရမ်းချစ်တယ်နော် view တွေလည်းများကြီးပဲ ကျေးဇူးတင်ပါတယ် အားဆေးလုံးလေးတွေ 💖💖💖💖💖
Unicode version