P A P E R C U T S

Por eimtari

17.9K 1.5K 69

"Like the paper cuts in my hand......'' Más

O N E
T W O
T H R E E
F O U R
F I V E
S I X
S E V E N
E I G H T
Inform
N I N E
T E N
E L E V E N
T W E L V E
T H I R T E E N
F O U R T E E N
F I F T E E N
S I X T E E N
E I G H T E E N
N I N E T E E N
T W E N T Y
Twenty One [ Zawgyi ]
Twenty One [ Unicode]
Twenty Two [ Zawgyi]
Twenty Two [ Unicode ]
Twenty Three [ Zawgyi ]
Twenty Three [ Unicode ]
Twenty Four [ Zawgyi]
Twenty Four [ Unicode]
Twenty Five [ Zawgyi]
Twenty Five [ Unicode ]
Finale [ Zawgyi]
Finale [ Unicode]
Inform
EXTRA 1 [ Zawgyi]
EXTRA 1 [ Unicode ]
EXTRA 2 [ Zawgyi]
EXTRA 2 [ Unicode ]
FINAL EXTRA [ Zawgyi]
FINAL EXTRA [UNICODE]
Hello

S E V E N T E E N

490 53 4
Por eimtari

Zawgyi
_________

'' ကိုကို ဘာလုပ္ေနတာလဲ သြားမယ္ေလ ''

မျမင္ရတာၾကာၿပီျဖစ္တဲ့ ေမာင့္မ်က္ႏွာေလးကို ေငးၾကည့္ေနတုန္း ေမာင့္ေဘးလာရပ္တဲ့ ေကာင္မေလးရဲ႕ စကားသံေၾကာင့္ Baekhyun အေတြးထဲက႐ုန္းထြက္လိုက္ရသည္။

ေခတ္ဆန္ဆန္ဂါဝန္ေလးနဲ႔ ေကာင္မေလးက ေမာင့္လက္ေမာင္းကို တြဲခိုလို႔။ ေမာင္ကေတာ့ အခုထိ Baekhyun ကိုၾကည့္ေနသည္။

'' အင္း သြားၾကတာေပါ့ ''

ေမာင္ကေျပာၿပီးတာနဲ႔ ထိုေကာင္မေလးနဲ႔အတူ ဓာတ္ေလွကားထဲဝင္သြားသည္။ ထိုအခါမွ ဝန္ထမ္းေတြအားလံုးလည္း ကိုယ့္ေနရာကိုယ္ျပန္ထိုင္ကာ အလုပ္လုပ္ၾကရေတာ့သည္။

ေနရာမွာတင္ေၾကာင္ေၾကာင္ႀကီး ရပ္ေနတဲ့ Baekhyun ကို ေဘးနားက Jongin ကလက္တို႔ကာ

'' Baekhyuah ဘာလို႔မတ္တပ္ႀကီးရပ္ေနတာလဲ ''

'' ဟင္ ေအာ္ အင္း ဘာမွမဟုတ္ပါဘူး ဒီတိုင္း ''

Jongin ကိုျပန္ေျဖၿပီး Baekhyun ကိုယ့္ေနရာကိုယ္ဝင္ထိုင္လိုက္သည္။ ဝဲတတ္လာတဲ့မ်က္ရည္ေတြကို မ်က္ေတာင္ ပုတ္ခတ္ ပုတ္ခတ္လုပ္ၿပီး သိမ္းဆည္းလိုက္သည္။

မေတြ႔ရတဲ့ႏွစ္ေတြအတြင္း ဘာေတြမ်ားျဖစ္သြားတာလဲ ေမာင္။
ဒီေလာက္အၾကာႀကီး ေစာင့္ေနခဲ့ရတဲ့ငါက အ႐ူးသက္သက္ပဲလား။

ရင္ထဲကနာေပမဲ့ အလုပ္ထဲေရာက္ေနတာမို႔ အလုပ္လုပ္ဖို႔ကို
ျပန္အာ႐ုံစိုက္လိုက္ရသည္။ ေမာင္က သူတို႔ companyရဲ႕ သူေဌးျဖစ္ေနတာတဲ့လား။

_________________________________________

'' ငါ့လက္ကိုလႊတ္လိုက္''

'' ဟင္ ဘာျဖစ္လို႔လဲ ကိုကို ''

'' ခုနကလူၾကားထဲမွာမို႔ မေျပာလိုက္တာ ေနာက္တခါငါ့လက္ကိုလာတြဲတာနဲ႔ မင္းလက္ကို ျဖတ္ပစ္မယ္ ''

'' ဟင့္ ကိုကိုလည္း ''

ေယာင္းခ်ယ္ကိုၾကည့္ရင္း Chanyeol စိတ္အိုက္စြာ ေခါင္းခါလိုက္သည္။ မာမီ့ရဲ႕စနက္ေၾကာင့္ သူပါဒီေကာင္မေလးရဲ႕ ဝဋ္ကိုလာခံေနရသည္။ ကိုကို ကိုကိုနဲ႔ Chanyeol ကိုအတင္းလိုက္ကပ္ကာ စိတ္ဒုကၡအမ်ိဴးမ်ိဳးေပးသည္။ မာမီက သူကိုရီးယားမွာ ေနတုန္းခနပါပဲဆိုလို႔သာ သည္းခံေနရသည္။

Chanyeol ႐ုံးခန္းထဲေရာက္ေတာ့ ထိုင္ခံုမွာဝင္လိုက္သည္။
သူခန္႔ထားသည့္အတိုင္း Baby​ေရာ သူ႔သူငယ္ခ်င္း​ေရာ သူ႔ company မွာ႐ွိေနခဲ့သည္။

Baby အေမက အဆက္သြယ္မလုပ္ရန္သာ ေျပာခဲ့သည္၊ ေနာက္ကြယ္မွ မေစာင့္ၾကည့္ရန္ မပါ။ ၅ႏွစ္တိတိ David ရဲ႕ လက္ေအာက္မွာ train ခံခဲ့ရကာ အခု​ေတာ့ သူ Daddy ရဲ႕ေနရာကို ဆက္ခံကာ ဂိုဏ္းရဲ႕ ေနာက္ေခါင္းေဆာင္ျဖစ္လာခဲ့သည္။

မာမီကေတာ့ Chanyeol ကို အႀကီးအက်ယ္စိတ္ဆိုးကာ သူဘယ္ေတာ့မွ အဆက္သြယ္ျပန္မလုပ္ဘူးလို႔ ေျပာခဲ့တဲ့ Daddy ကိုပါ ဆက္သြယ္ကာ ရန္လုပ္သည္။ မာမီျဖစ္ေစခ်င္တဲ့အတိုင္း အဲ့တုန္းက မလုပ္ေပးခဲ့သည့္အတြက္ အခုခ်ိန္မွာ ျပန္လုပ္ေပးေနရသည္။

ေယာင္းခ်ယ္ ကိုရီးယားမွာမ႐ွိတုန္း ခနေဘးမွာေခၚထားေပးပါ၊ တကယ္လို႔ သားမႀကိဳက္ရင္ သူကိုရီးယားကျပန္သြားတာနဲ႔ အဆက္သြယ္ျဖတ္လို႔ရၿပီဆိုလို႔သာ သူလက္ခံခဲ့တာ။ ေယာင္းခ်ယ္က မာမီ့မိတ္ေဆြရဲ႕သမီး။ ကိုရီးယား Canada ကျပားျဖစ္ကာ Chanyeol မာမီ့ဆီတေခါက္သြားလည္တုန္းက ေတြ႔ကာ အသည္းအသန္လိုက္ႀကိဳက္ေတာ့သည္။ မာမီနဲ႔ Chanyeol ရဲ႕ သေဘာတူညီမႈကို ေယာင္းခ်ယ္ကပါသေဘာတူခဲ့သည္။

အခုေတာ့ Baby အထင္လြဲသြားၿပီလားမသိေတာ့ ။ ေသခ်ာျပန္႐ွင္းျပၿပီး ဒီရင္ခြင္ႀကီးထဲမွာ တသက္လံုး ဖမ္းခ်ဳပ္ထားခ်င္သည္။
သို႔ေသာ္ Baby ကေတာ့ ၇ႏွစ္လံုး အေၾကာင္းျပခ်က္မ႐ွိ ထားခဲ့တဲ့ ဒီလူကိုစိတ္နာေနေလာက္မည္မွာ အမွန္။

ဖုန္းလာလို႔ ၾကည့္လိုက္ေတာ့ Jongdae ဆီက။ အခုထိ သူ႔ေဘးမွာ ႐ွိေနေပးသည့္ Jongdae နဲ႔ Jungmin က တကယ္သူငယ္ခ်င္းေကာင္းေတြ။

'' ေအး ေျပာ ''

'' မင္း company ေရာက္ၿပီလား ''

''အင္း ေရာက္ၿပီ သိပ္မၾကာေသးဘူး ''

'' အတန္းေခါင္းေဆာင္ နဲ႔ေရာေတြ႔ၿပီးၿပီလား ''

ဒီေကာင္ေတြ ေက်ာင္းၿပီးတာျဖင့္ ၾကာလွၿပီ၊ အခုထိ Baekhyunကို အတန္းေခါင္းေဆာင္ လို႔ေခၚေနၾကတုန္း။

'' ေတြ႔ခဲ့တယ္ Baby က မင္းပို႔ေပးတဲ့ ပံုေတြထဲကလိုပဲ ဘာမွမေျပာင္းလဲဘူး ''

'' အဟမ္း ငါ့ေက်းဇူးေတြေလ ''

Jongdae ရဲ႕ ဂုဏ္ဆာသလိုေလသံေၾကာင့္ Chanyeol ရယ္လိုက္သည္။

'' ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ ''

'' ေအးပါ အဲ့ဒါအက်ိဴးအေၾကာင္း လွမ္း​ေမးတာ ဒါပဲ ''

Jongdae ဖုန္းခ်သြားေတာ့ Chanyeol ထိုင္ခံုေနာက္မွီကိုမွီခ်လိုက္ရင္း သက္ျပင္းေမာခ်လိုက္သည္။ Baby သူ႔ကို အမ်ားျကီးစိတ္ဆိုးေနေလာက္လား။

_________________________________________

ညေန႐ုံးဆင္းခါနီးေတာ့ ဝန္ထမ္းေတြအားလံုး လႈပ္လႈပ္႐ွား႐ွားျဖစ္ကာ ပစၥည္းႀကိဳသိမ္းတဲ့သူကသိမ္းလို႔။ Jongin ကိုလွမ္းၾကည့္လိုက္ေတာ့ သူ႔ဝက္ဝံအိတ္ေလးကိုပိုက္ထားကာ Baekhyun ကိုလက္လွမ္းျပသည္။ သူပစၥည္းေတြသိမ္းၿပီးပါၿပီေပါ့။

ငါးနာရီထိုးတာနဲ႔ တခ်ိဴ႕ကလည္း အုပ္စုလိုက္၊ တခ်ိဳ႕ကလည္းတစ္ေယာက္ထဲ ႐ုံးဆင္းၾကသည္။

Baekhyun နဲ႔ Jongin က ေစာင့္ရတဲ့ ကားမွတ္တိုင္တူေပမဲ့ စီးရတဲ့ ကားခ်င္းမတူ။ Jongin စီးရမဲ့ကားက အရင္ေရာက္လာတာမို႔ Jongin ကအရင္တတ္သြားသည္၊

ကားမွတ္တိုင္မွာ လူနည္းနည္းသာ႐ွိတာမို႔ Baekhyun ထိုင္စရာေနရာရသည္။

- တီ တီ

သူ႔ေ႐ွ႕တည့္တည့္ဟြန္းလာတီးတာမို႔ ေမာ့ၾကည့္လိုက္ေတာ့ ထိုကားမွန္ကတျဖည္းျဖည္း ခ်လာသည္။

'' တတ္ ''

Chanyeol က ကားေပၚကဆင္းကာ Baekhyun ဘက္ကတံခါးကို ဆြဲဖြင့္ေပးလာသည္။
Baekhyun အဖက္မလုပ္ပဲ ဆက္ထိုင္ေနလိုက္သည္။သူတတ္ဆိုတိုင္း တတ္စရာလား။

'' Baby မတတ္ရင္ ေမာင္ေပြ႔ေခၚမွာေနာ္ ''

'' က်စ္ ဘယ္သူက ခင္မ်ား Baby လဲ ''

ထိုင္ရာမွ မတ္တပ္ရပ္ကာ သူ႔ကိုရန္ေတြ႔လာသည့္ Baby ေလးကို Chanyeol အျမတ္တႏိုးၾကည့္လိုက္သည္။ ဒီမ်က္ႏွာေလးကို ဘယ္ေလာက္ေတာင္လြမ္းေနခဲ့ရတာလဲ။

'' ေမာင္အတည္ေျပာေနတာေနာ္ တကယ္ေပြ႔ေခၚမွာ မယံုရင္ ''

'' ဟာ ခင္မ်ား ဖယ္ဖယ္ တတ္မယ္ တတ္ရင္ၿပီးေရာမလား ''

Chanyeol လက္ေတြ Baekhyun ပုခံုးေပၚေရာက္လာတာမို႔ အလန္႔တၾကားဖယ္ခ်လိုက္ရသည္။

ေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ ကားေပၚတတ္သြားသည့္ Baekhyun ကိုၾကည့္ရင္း Chanyeol ပါးခ်ိဳင့္နက္နက္ေတြေပၚေအာင္ျပံဳးလိုက္မိသည္။ Baby က အခုထိ ကေလးေလးလိုပဲ။

_______________________________________

တနဂၤေႏြ up မယ္ေနာ္ 🤍

________________________________________

Unicode
_________

'' ကိုကို ဘာလုပ်နေတာလဲ သွားမယ်လေ ''

မမြင်ရတာကြာပြီဖြစ်တဲ့ မောင့်မျက်နှာလေးကို ငေးကြည့်နေတုန်း မောင့်ဘေးလာရပ်တဲ့ ကောင်မလေးရဲ့ စကားသံကြောင့် Baekhyun အတွေးထဲကရုန်းထွက်လိုက်ရသည်။

ခေတ်ဆန်ဆန်ဂါဝန်လေးနဲ့ ကောင်မလေးက မောင့်လက်မောင်းကို တွဲခိုလို့။ မောင်ကတော့ အခုထိ Baekhyun ကိုကြည့်နေသည်။

'' အင်း သွားကြတာပေါ့ ''

မောင်ကပြောပြီးတာနဲ့ ထိုကောင်မလေးနဲ့အတူ ဓာတ်လှေကားထဲဝင်သွားသည်။ ထိုအခါမှ ဝန်ထမ်းတွေအားလုံးလည်း ကိုယ့်နေရာကိုယ်ပြန်ထိုင်ကာ အလုပ်လုပ်ကြရတော့သည်။

နေရာမှာတင်ကြောင်ကြောင်ကြီး ရပ်နေတဲ့ Baekhyun ကို ဘေးနားက Jongin ကလက်တို့ကာ

'' Baekhyuah ဘာလို့မတ်တပ်ကြီးရပ်နေတာလဲ ''

'' ဟင် အော် အင်း ဘာမှမဟုတ်ပါဘူး ဒီတိုင်း ''

Jongin ကိုပြန်ဖြေပြီး Baekhyun ကိုယ့်နေရာကိုယ်ဝင်ထိုင်လိုက်သည်။ ဝဲတတ်လာတဲ့မျက်ရည်တွေကို မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး သိမ်းဆည်းလိုက်သည်။

မတွေ့ရတဲ့နှစ်တွေအတွင်း ဘာတွေများဖြစ်သွားတာလဲ မောင်။
ဒီလောက်အကြာကြီး စောင့်နေခဲ့ရတဲ့ငါက အရူးသက်သက်ပဲလား။

ရင်ထဲကနာပေမဲ့ အလုပ်ထဲရောက်နေတာမို့ အလုပ်လုပ်ဖို့ကို
ပြန်အာရုံစိုက်လိုက်ရသည်။ မောင်က သူတို့ companyရဲ့ သူဌေးဖြစ်နေတာတဲ့လား။

_________________________________________

'' ငါ့လက်ကိုလွှတ်လိုက်''

'' ဟင် ဘာဖြစ်လို့လဲ ကိုကို ''

'' ခုနကလူကြားထဲမှာမို့ မပြောလိုက်တာ နောက်တခါငါ့လက်ကိုလာတွဲတာနဲ့ မင်းလက်ကို ဖြတ်ပစ်မယ် ''

'' ဟင့် ကိုကိုလည်း ''

ယောင်းချယ်ကိုကြည့်ရင်း Chanyeol စိတ်အိုက်စွာ ခေါင်းခါလိုက်သည်။ မာမီ့ရဲ့စနက်ကြောင့် သူပါဒီကောင်မလေးရဲ့ ဝဋ်ကိုလာခံနေရသည်။ ကိုကို ကိုကိုနဲ့ Chanyeol ကိုအတင်းလိုက်ကပ်ကာ စိတ်ဒုက္ခအမျိူးမျိုးပေးသည်။ မာမီက သူကိုရီးယားမှာ နေတုန်းခနပါပဲဆိုလို့သာ သည်းခံနေရသည်။

Chanyeol ရုံးခန်းထဲရောက်တော့ ထိုင်ခုံမှာဝင်လိုက်သည်။
သူခန့်ထားသည့်အတိုင်း Babyရော သူ့သူငယ်ချင်းရော သူ့ company မှာရှိနေခဲ့သည်။

Baby အမေက အဆက်သွယ်မလုပ်ရန်သာ ပြောခဲ့သည်၊ နောက်ကွယ်မှ မစောင့်ကြည့်ရန် မပါ။ ၅နှစ်တိတိ David ရဲ့ လက်အောက်မှာ train ခံခဲ့ရကာ အခုတော့ သူ Daddy ရဲ့နေရာကို ဆက်ခံကာ ဂိုဏ်းရဲ့ နောက်ခေါင်းဆောင်ဖြစ်လာခဲ့သည်။

မာမီကတော့ Chanyeol ကို အကြီးအကျယ်စိတ်ဆိုးကာ သူဘယ်တော့မှ အဆက်သွယ်ပြန်မလုပ်ဘူးလို့ ပြောခဲ့တဲ့ Daddy ကိုပါ ဆက်သွယ်ကာ ရန်လုပ်သည်။ မာမီဖြစ်စေချင်တဲ့အတိုင်း အဲ့တုန်းက မလုပ်ပေးခဲ့သည့်အတွက် အခုချိန်မှာ ပြန်လုပ်ပေးနေရသည်။

ယောင်းချယ် ကိုရီးယားမှာမရှိတုန်း ခနဘေးမှာခေါ်ထားပေးပါ၊ တကယ်လို့ သားမကြိုက်ရင် သူကိုရီးယားကပြန်သွားတာနဲ့ အဆက်သွယ်ဖြတ်လို့ရပြီဆိုလို့သာ သူလက်ခံခဲ့တာ။ ယောင်းချယ်က မာမီ့မိတ်ဆွေရဲ့သမီး။ ကိုရီးယား Canada ကပြားဖြစ်ကာ Chanyeol မာမီ့ဆီတခေါက်သွားလည်တုန်းက တွေ့ကာ အသည်းအသန်လိုက်ကြိုက်တော့သည်။ မာမီနဲ့ Chanyeol ရဲ့ သဘောတူညီမှုကို ယောင်းချယ်ကပါသဘောတူခဲ့သည်။

အခုတော့ Baby အထင်လွဲသွားပြီလားမသိတော့ ။ သေချာပြန်ရှင်းပြပြီး ဒီရင်ခွင်ကြီးထဲမှာ တသက်လုံး ဖမ်းချုပ်ထားချင်သည်။
သို့သော် Baby ကတော့ ၇နှစ်လုံး အကြောင်းပြချက်မရှိ ထားခဲ့တဲ့ ဒီလူကိုစိတ်နာနေလောက်မည်မှာ အမှန်။

ဖုန်းလာလို့ ကြည့်လိုက်တော့ Jongdae ဆီက။ အခုထိ သူ့ဘေးမှာ ရှိနေပေးသည့် Jongdae နဲ့ Jungmin က တကယ်သူငယ်ချင်းကောင်းတွေ။

'' အေး ပြော ''

'' မင်း company ရောက်ပြီလား ''

''အင်း ရောက်ပြီ သိပ်မကြာသေးဘူး ''

'' အတန်းခေါင်းဆောင် နဲ့ရောတွေ့ပြီးပြီလား ''

ဒီကောင်တွေ ကျောင်းပြီးတာဖြင့် ကြာလှပြီ၊ အခုထိ Baekhyunကို အတန်းခေါင်းဆောင် လို့ခေါ်နေကြတုန်း။

'' တွေ့ခဲ့တယ် Baby က မင်းပို့ပေးတဲ့ ပုံတွေထဲကလိုပဲ ဘာမှမပြောင်းလဲဘူး ''

'' အဟမ်း ငါ့ကျေးဇူးတွေလေ ''

Jongdae ရဲ့ ဂုဏ်ဆာသလိုလေသံကြောင့် Chanyeol ရယ်လိုက်သည်။

'' ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ ''

'' အေးပါ အဲ့ဒါအကျိူးအကြောင်း လှမ်းမေးတာ ဒါပဲ ''

Jongdae ဖုန်းချသွားတော့ Chanyeol ထိုင်ခုံနောက်မှီကိုမှီချလိုက်ရင်း သက်ပြင်းမောချလိုက်သည်။ Baby သူ့ကို အများကြီးစိတ်ဆိုးနေလောက်လား။

_________________________________________

ညနေရုံးဆင်းခါနီးတော့ ဝန်ထမ်းတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကာ ပစ္စည်းကြိုသိမ်းတဲ့သူကသိမ်းလို့။ Jongin ကိုလှမ်းကြည့်လိုက်တော့ သူ့ဝက်ဝံအိတ်လေးကိုပိုက်ထားကာ Baekhyun ကိုလက်လှမ်းပြသည်။ သူပစ္စည်းတွေသိမ်းပြီးပါပြီပေါ့။

ငါးနာရီထိုးတာနဲ့ တချိူ့ကလည်း အုပ်စုလိုက်၊ တချို့ကလည်းတစ်ယောက်ထဲ ရုံးဆင်းကြသည်။

Baekhyun နဲ့ Jongin က စောင့်ရတဲ့ ကားမှတ်တိုင်တူပေမဲ့ စီးရတဲ့ ကားချင်းမတူ။ Jongin စီးရမဲ့ကားက အရင်ရောက်လာတာမို့ Jongin ကအရင်တတ်သွားသည်၊

ကားမှတ်တိုင်မှာ လူနည်းနည်းသာရှိတာမို့ Baekhyun ထိုင်စရာနေရာရသည်။

- တီ တီ

သူ့ရှေ့တည့်တည့်ဟွန်းလာတီးတာမို့ မော့ကြည့်လိုက်တော့ ထိုကားမှန်ကတဖြည်းဖြည်း ချလာသည်။

'' တတ် ''

Chanyeol က ကားပေါ်ကဆင်းကာ Baekhyun ဘက်ကတံခါးကို ဆွဲဖွင့်ပေးလာသည်။
Baekhyun အဖက်မလုပ်ပဲ ဆက်ထိုင်နေလိုက်သည်။သူတတ်ဆိုတိုင်း တတ်စရာလား။

'' Baby မတတ်ရင် မောင်ပွေ့ခေါ်မှာနော် ''

'' ကျစ် ဘယ်သူက ခင်များ Baby လဲ ''

ထိုင်ရာမှ မတ်တပ်ရပ်ကာ သူ့ကိုရန်တွေ့လာသည့် Baby လေးကို Chanyeol အမြတ်တနိုးကြည့်လိုက်သည်။ ဒီမျက်နှာလေးကို ဘယ်လောက်တောင်လွမ်းနေခဲ့ရတာလဲ။

'' မောင်အတည်ပြောနေတာနော် တကယ်ပွေ့ခေါ်မှာ မယုံရင် ''

'' ဟာ ခင်များ ဖယ်ဖယ် တတ်မယ် တတ်ရင်ပြီးရောမလား ''

Chanyeol လက်တွေ Baekhyun ပုခုံးပေါ်ရောက်လာတာမို့ အလန့်တကြားဖယ်ချလိုက်ရသည်။

ဆောင့်ကြီးအောင့်ကြီးနဲ့ ကားပေါ်တတ်သွားသည့် Baekhyun ကိုကြည့်ရင်း Chanyeol ပါးချိုင့်နက်နက်တွေပေါ်အောင်ပြုံးလိုက်မိသည်။ Baby က အခုထိ ကလေးလေးလိုပဲ။

_______________________________________

တနင်္ဂနွေ up မယ်နော် 🤍

________________________________________

Seguir leyendo

También te gustarán

85.7K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
295K 17.5K 46
​ကြၽန္​​ေတာ္​့စိတ္​ကို ဘယ္​စကားနဲ႔မွ အ ​ေရာင္​မျခယ္​ခ်င္​ပါနဲ႔​ေတာ့.... ခင္​ဗ်ားကိုလြမ္​းတိုင္​း အလဲလဲအၿပိဳၿပိဳ ျဖစ္​​ခဲ့တဲ့ ကြၽန္​​ေတာ္​့ကိုသနားပါ...
773K 62.8K 32
ေတာင္းပန္ပါတယ္ မွားခဲ့သမ်ွအတြက္ ကိုကို႔အရွင္သခင္ေလးအျဖစ္ တစ္သက္လံုး ခ စားသြားပါ့မယ္။
320K 14.7K 71
ဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Za...