𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬...

harley__robbie

133K 7.7K 969

ချယ်ရီကြွေတွေပေါ်မှာ ဒူးထောက်ကာ တောင်းပန်ပြီးနောက် ... ဒီအမတလမ်းခရီးမှာ မင်းတစ်ယောက်သာ ကိုယ်ရူးရမိပါကြောင်း... Еще

Prolouge (U)
Prolouge (Z)
About Order!!
Please Read!💖 (U+Z) /12.8.2023/
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (Z)
Jere & Christ Art
Jeremiah's Art (Anime Version ) & Character Details
Christopher 's Art (Fox & Human Forms) & Character Details
Gavain AI version (Made with Dream App) Unicode
Gavain AI version (Made with Dream App) Zawgyi
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (Z)
The Seven Immortal Freeman Grandpas (AI art Version)
The Seven Immortal Freeman Grandpas (AI art Version) Zawgyi
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (Z)
Mondy's Art ( Chibi Version & AI Version)
Wonderful Paradise (Dark Fan Service 1 )
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A New Memory (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere (Z)
Passionate Screaming (Dark Fan Service 2)
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves?
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 26 - Energy and Mantras
𝕮𝖍𝖆𝖕𝖙𝖊𝖗 26 - Energy and Mantras (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 28 - The Smile (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final / U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final/ Z)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (U)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (Z)
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐮𝐩𝐩𝐨𝐫𝐭!
I prepared my plot and researched like this!!
Character Explanation About Mondy (Unicode & Zawgyi)
To Dear Readers (11.7.2022) U + Z
My New Fiction (Eternal Sunshine) U+Z
❤️ Physical Book Coming Soon ❤️
‼️Green Lantern Book House‼️

ℭ𝔥𝔞𝔭𝔱𝔢𝔯 28 - The Smile

694 63 18
harley__robbie

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 28
The Smile

╚═════ ࿇ ═════╝

[မှတ်ချက်။ ။ ယခုမှစတင်၍ မိစ္ဆာနှိမ်နင်းသူများအပြင် မကောင်းဆိုးဝါးနှိမ်နင်းသူများ၊ နတ်ဆိုးနှိမ်နင်းသူများ အစရှိသဖြင့် ဝေါဟာရအမျိုးမျိုးဖြင့် အဆင်ပြေဆီလျော်သလို ရေးသားသွားမည်။]

စံပယ်ရနံ့သင်းပျံ့၍ လေထုအနည်းငယ်အေးမြနေသော ခန်းမထဲတွင် ယောကျာ်းလေးအသွင်နှင့် ဒန်မော်ရာက တရုတ်ရိုးရာ ကြေးပလွေအား တီးမှုတ်ကာ ဂါဗင်ကို ဖျော်ဖြေနေခဲ့သည်။

ပလွေအသံ​၏သံစဉ်သာယာပုံကား နားထောင်စဉ် ဆိတ်ငြိမ်ပျော်မွေ့ဖွယ် သုခဘုံတစ်ခုကို ရောက်နေသည့်အလား ၎င်းသံစဉ်က စိတ်ဘဝကို ကြည်နူးအေးချမ်းစေသည်။

သူ တီးမှုတ်နေသည့်သီချင်းက တရုတ်ပြည်တွင် ခေတ်အဆက်ဆက်နာမည်ကြီးခဲ့သော ရိုးရာသီချင်းတစ်ပုဒ်ပင်။

ဒန်မော်ရာသည် တရုတ်ပြည်မကြီးမှ ပေါက်ဖွားလာသော ကြောင်နက်မိစ္ဆာဖြစ်​၏။

သူ​၏ယခင်တရုတ်အမည်မှာမူ Bao Shuai (ပေါင်ရွှိုက်) ဖြစ်ပေသည်။ သို့သော် သူ​၏ယခင်ဘဝကို ဇာတ်မြုပ်ချင်ခဲ့သည့်အတွက် ဒန်မော်ရာဟူ၍ အမည်သစ်နှင့်အတူ ဘဝအသစ်တစ်ခုကို သူ​၏ဖခင်နှင့် စတင်ခဲ့သည်မှာ ၃ နှစ်မျှသာရှိသေးသည်။ ဤသို့ဖြင့် ဒန်မော်ရာက တရုတ်လူမျိုးစစ်စစ်ဖြစ်ပြီး တရုတ်ရိုးရာအကများနှင့် အတီးအမှုတ်များအား စိတ်ဝင်စားကာ ဝါသနာကြီးသူလည်းဖြစ်သည်။

ထို့အပြင် ရိုးရာပလွေသာမက၊ (Guzheng) ကုချင်းခေါ် ကြိုးတူရိယာ တရုတ်ဗျပ်စောင်းအား ကောင်းစွာ တီးခတ်နိုင်သည်။

(Guzheng ပုံစံအမျိုးမျိုးရှိသည့် ဒန်မော်ရာ ခေါ် ပေါင်ရွိုက် တီးခတ်သည့် Guzheng က ဤပုံစံပင်။)

တရုတ်ရိုးရာအကများလည်း အမျိုးမျိုးကတတ်သူဖြစ်၏။ ဂါဗင်မှ သူပျင်းရိနေသည့်အချိန်များတွင် ဒန်မော်ရာအား အကအလှ၊ အတီးအမှုတ်များဖြင့် ဖျော်ဖြေခိုင်းလေ့ရှိခဲ့သည်။

​ဒန်မော်ရာက ယခုတစ်ခါ ကုချင်းကို ငြိမ့်ညောင်းသာယာစွာ တီးခတ်နေပြန်သည်။

ယခုတွင်လည်း ဂါဗင်က ဇိမ်ခံဆိုဖာကြီးပေါ်တွင် ကျော့မော့ခန့်ညားစွာ ထိုင်လျက် ဒန်မော်ရာ​၏ပလွေသံချိုချိုအပြင် ငြိမ့်ညောင်းသည့်ဗျပ်စောင်းသံတို့ကိုလည်း အာရုံစိုက်စွာ နားဆင်နေပုံမှာ တရုတ်ဧကရာဇ်မင်းကြီးမှ ပလ္လင်ပေါ်တွင် နားဆင်နေသည့်သယောင်။

ပေါင်ရွှိုက် ခေါ် ဒန်မော်ရာက တရုတ်ပြည်မကြီးတွင် အင်အားအကြီးဆုံး မိစ္ဆာနတ်ဆိုးအမျိုးအနွယ် " အမည်း" ဟု အဓိပ္ပာယ်ရသော Hei (ဟိန်း) မျိုးနွယ်မှ ဆင်းသက်လာသူပင်။

[A/N: pinyin ကို မြန်မာမှုပြုတာမှားနေလျှင် အသိပေးပါ။]

သူသည် ထိုမျိုးနွယ်​၏ အသက်အငယ်ဆုံးနှင့် အတော်ဆုံး သူလျှိုလည်းဖြစ်သည်။

တရုတ်နှစ်သစ်ကူးပွဲတော်များ၌ သူ​၏မွေးရပ်ဇာတိမြေသို့ ပြန်လေ့ရှိခဲ့​၏။

ယခုအတောအတွင်း ဒန်မော်ရာနှင့် ဂါဗင်တို့​၏မေတ္တာဆက်ဆံရေးမှာလည်း ယခင်ကထက် တိုးတက်မှုများ ပိုရှိလာသည်။

ဗျပ်စောင်းသံက သီချင်းဆုံးသဖြင့် ရပ်သွားခဲ့သည်။

သံစဉ်ထဲ စီးမျောနေခဲ့သည့်ဂါဗင်လည်း သတိပြန်ဝင်လာပြီး ပြုံးနေခဲ့သည်။

ဒန်မော်ရာက ဂါဗင့်ဆီ တဖြည်းဖြည်းလှမ်းလာပြီး သူ့ပေါင်ပေါ်တွင် ထိုင်ချခဲ့ပြီးနောက် ...

" နားထောင်လို့ ကောင်းရဲ့လား ဒါလင် "

" ကောင်းတာပေါ့။ မင်းက နယ်ပယ်အစုံမှာ ဘက်စုံတော်သားပဲ "

" ဘယ်သူ့ရဲ့ အသည်းလေးမို့ ဒီလောက်တော်နေရသလဲဆိုတာပါ ထည့်ပြောလေ ... "

" ဟားဟား ... "

ဤကဲ့သို့ သူတို့နှစ်ယောက် စကားပြောကာ အကြင်နာဝေလျက် ကြည်နူးခန်းစတင်ဖွင့်ခါနီးဆဲဆဲ အခန်းအပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။

" ဆရာ၊ သူရောက်နေပါပြီ "

" အေး၊ ဝင်လာခိုင်းလိုက် "

တံခါးမကြီးနှစ်ချပ်က ပွင့်လာခဲ့လျက်၊ သူတို့ဖိတ်ခေါ်ထားခဲ့သော ဧည့်သည်က အခန်းထဲသို့ အိန္ဒြေရှိပြီး တည်ငြိမ်စွာ ဝင်ရောက်လာခဲ့သည်။

ထိုသူက ကီမိုနိုအနက်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ အရပ်အမောင်းအနည်းငယ်ပု၍ ပိန်ပါးဖြူလှပ်​၏။

အနည်းငယ် မျက်နှာကြောတင်းဟန်ရှိသော်လည်း သူမက အေးစက်မှုထဲ၌ အလှပဆုံးပြုံးထားသည်။ မျက်လုံးများနှင့် တင်ပါးထိရှည်သော ဆံကေသာတို့ကမူ မည်းနက်နေပြီး အာရှအမျိုးသမီးတစ်ယောက်​၏ဂုဏ်ယူဖွယ်အလှတရားအား ပကတိ ပိုင်ဆိုင်ထား​၏။

သူမဟာ ဒန်မော်ရာ ဖိတ်ခေါ်ထားခဲ့သည့် ဂျပန်ပြည်ဖွား အမြှီးကိုးချောင်းမြေခွေးနက်မိစ္ဆာဖြစ်​၏။ Chiyo (ချီရို) ဟု အမည်ရသည်။

သူမ​၏အစွမ်းကား အမှောင်စွမ်းအင်များကို အခြေတည်ကာ အမှောင်မကောင်းဆိုးဝါးလောကသားများကို ဆင့်ခေါ်နိုင်ကာ သူမ​၏တပ်သားများအဖြစ် အသုံးပြုနိုင်​၏။ သူမ​၏ခန္ဓာကိုယ်ကို ကိုယ်ယောင်ဖျောက်၍ အရိပ်အဖြစ် ဖန်တီးကာ ၎င်းအရိပ်မှတစ်ဆင့် သားကောင်များကို အမဲလိုက်သတ်ဖြတ်လေ့ရှိသည်။

ထို့အပြင် ချီရိုက သူမသဘောကျသည့်အမျိုးသားများကိုပါ ဆွဲဆောင်နိုင်သေးသည်။ သူမတွင် တခြားအမှောင်စွမ်းအားများလည်းရှိသေး​၏။

" အစ်မ ချီရို ... မတွေ့ရတာကြာတော့ ပိုလှလာတယ်နော် "

ဒန်မော်ရာက ဂါဗင့်ကို လည်ပင်းသိုင်းဖက်ထားကာ ချီရိုကို နူတ်ဆက်လိုက်သည်။

" မော်ရာရောပါပဲ။ ပျော်စရာ အချစ်နဲ့တွေ့သွားလို့နေမယ်။ ပိုတောင်လှလာသေးတယ် "

" အဟဲ ... အဲဒီလိုပဲ ပြောရတော့မယ် ထင်ပါတယ်။ ဒီကလူကြီးက ကျွန်တော့်ကို အရမ်းချစ်နေတာလေ။ မကြွားတော့ပါဘူး။ ထိုင်ပါအုံး အစ်မချီရို "

" ကျေးဇူးပါ "

ချီရိုက အိန္ဒြေရှိစွာ ဂါဗင်နှင့်မော်ရာတို့​၏မျက်နှာချင်းဆိုင်က ဇိမ်ခံဆိုဖာကြီးပေါ်တွင် ထိုင်လိုက်သည်။

ထိုစဉ် ဂါဗင်​၏အိမ်တော်ထိန်းလည်းဖြစ်၊ တပည့်လည်းဖြစ်သည့် ဂျိမ်းမှ အခန်းထဲသို့ ချီရို သုံးဆောင်ရန် ကော်ဖီနှင့်မုန့်ပဲသရေစာများအား လာချပေးကာ ဧည့်ခံပြီးနောက် ပြန်ထွက်သွားသည်။

" သုံးဆောင်ပါ ချီရို "

ဂါဗင်က လောကွပ်ပြုသည်။

" ကျေးဇူးပါ "

ချီရိုက သူမ​၏အနီရောင်လက်သည်းရှည်များဖြင့် ကော်ဖီအေးခွက်​၏ ကွေးကော့နေသောကိုင်းကို အသာအယာကိုင်ကာ ခွက်အဝနှင့် သူမ​၏ချယ်ရီသီးပမာ ရဲတွတ်နေသောနူတ်ခမ်းဝကို တေ့လိုက်သည်။

ထို့နောက် ကော်ဖီကို ရှူရှိုက်ရင်း တစ်ငုံ၊ နှစ်ငုံ၊ သုံးငုံစီ ဖြည်းဖြည်းချင်း သောက်သည်။ သောက်ပြီးသော် ခွက်အား နေရာတကျ ပြန်ထား​၏။

" ဂါဗင်ရဲ့တပ်အင်အားနဲ့ ကျွန်မရဲ့တပ်အင်အားပူးပေါင်းဖို့ကို မော်ရာကနေ တောင်းဆိုထဲက စိတ်ဝင်စားနေခဲ့တာ။ ခုလ်ိုမျိုး ဂါဗင်တို့နဲ့ပူးပေါင်းခွင့်ရတာလည်း ကျေးဇူးတင်ပါတယ်။

အထူးသဖြင့် ပိုစိတ်ဝင်စားခဲ့တာ ဗိုလ်ချုပ်ခရစ်စတိုဖာကြောင့်ပေါ့။ သူက အရည်အချင်းရှိတဲ့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်တယ်လို့ သိထားတာကြောင့် သူနဲ့အလုပ်တူတူတွဲလုပ်ရရင် ပျော်စရာအခိုက်အတန့်လေးရှိလာလောက်မယ် ဟင်းဟင်း ..."

ချီရိုက သဘောကျကာ လှပသောအပြုံးဖြင့် မခို့တရို့ ရယ်သည်။ သူမ​၏အပြုံးနှင့်ရယ်သံတို့က မကောင်းဆိုးဝါးဆန်သော်လည်း အလွန်လှပသည်။

ချီရိုက ဂျပန်တွင် အင်အားအကြီးဆုံး၊ အရက်စက်ဆုံး ကြောက်မက်ဖွယ်မိစ္ဆာများထဲမှ အဆင့် ၂ ချိတ်ထားသူဖြစ်သကဲ့သို့ သူမသည် ကိုယ်ပိုင်အင်ပါယာဖြင့် တစ်ကိုယ်တည်း အုပ်ချုပ်ကာ နေထိုင်ကျက်စားနေသော မကောင်းဆိုးဝါးဧကရီတစ်ပါးပင်။

ဂါဗင်ကလည်း ချီရို​၏မျက်လုံးများကို စိုက်ကြည့်ခဲ့ပြီး အေးစက်စွာ ရယ်ခဲ့သည်။

" ဒါပေါ့။ သေချာပေါက် ပျော်စရာလေးတွေ ရှိလာမှာ ကျိန်းသေတယ်။ ခရစ်စတိုဖာနဲ့အတူတူတောင် အိပ်လို့ရတယ် "

" တကယ်လား "

" အင်း ... ဒါပေမဲ့ သူကမိန်းမစိတ်မဝင်စားဘူး "

" အို ... "

ဂါဗင်​၏စကားကြောင့် ချီရိုက အံ့အားသင့်သွားပြီးနောက် သူမ​၏မျက်နှာပေါ်တွင် မကောင်းဆိုးဝါးအပြုံးတစ်ခုက လှပစွာ ပေါ်ထွက်လာခဲ့သည်။

" ကိစ္စမရှိပါဘူး။ သူနဲ့ကစားရရင် ပျော်ဖို့ကောင်းမှာပါ ဟားဟားဟား "

မော်ရာနှင့်ဂါဗင်ကလည်း ချီရိုရယ်သံအား သံယောင်လိုက်ကာ အတူတူရယ်ခဲ့ကြလျက်။

" အစ်မချီရိုကတော့လေ လုပ်ပြီ။ ဒါဖြင့် ဒီနေ့ကစပြီး ကျွန်တော်တို့ရဲ့နန်းတော်ကြီးမှာ စိတ်ကြိုက်နေလို့ရပါတယ် "

" မော်ရာပြောသလိုပါပဲ။ ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော့်တပ်ရဲ့ဗိုလ်ချုပ်အသစ်ဖြစ်သွားပြီ။ မော်ရာ့ကိုလည်း အတတ်နိုင်ဆုံး စောင့်ရှောက်ပေးဖို့ ခင်ဗျားကိုတာဝန်လွှဲလိုက်မယ်။ ခင်ဗျားသဘောကရော ကျုပ်တို့ဆီမှာ အသက်ထက်ဆုံးထိ တာဝန်ထမ်းဆောင်ဖို့ ကတိသစ္စာပြုနိုင်လား "

ချီရို​၏ယခုတစ်ကြိမ်မှာ မြင်တွေ့ရသည့်အပြုံးသည် ယခင်အပြုံးများထက် ပို၍ပင်မကောင်းဆိုးဝါးအငွေ့အသက်အပြည့်ပါလျက် အလွန်လှပ၍ကြောက်စရာကောင်းသည်။

" ဒါပေါ့။ ကျွန်မ ချီရိုက ဘယ်တော့မှ သစ္စာမဖောက်ဘူး။ မော်ရာကလည်း ကျွန်မဒုက္ခရောက်နေတဲ့အချိန်တွေတုန်းက သူအကောင်းဆုံးကယ်ပေးခဲ့တဲ့ကျေးဇူးတရားတွေရှိတယ်လေ။ ကျွန်မရဲ့အသက်ကို အာမခံထားပြီး ရှင်တို့ရဲ့အားအကိုးရဆုံးဗိုလ်ချုပ်အဖြစ် ထမ်းဆောင်သွားပါ့မယ် ... "

စကားအဆုံးသတ်၌ သူမ​၏အပြုံးက ဟော်လိုဝင်းည​၏အငွေ့အသက်များပါဝင်နေသကဲ့သို့ တောက်ပလွန်းခဲ့သည်။

----

ယခုနှစ်၌ ကမ္ဘာ့နေရာအနှံ့အပြားတွင် မိစ္ဆာများမှ လူသားများအား ပြန်လည်အမဲလိုက်သတ်ဖြတ်မှုများဟာ တစ်လထက်တစ်လ ပိုမိုများပြားလာသည့်ကာလတစ်ခုသ်ို့ ရောက်ရှိနေလျက်။

အပြည်ပြည်ဆိုင်ရာ ကောင်းကင်နန်းတော်အသီးသီးမှ နတ်သမန်တော်များကလည်း လူ့ပြည်တွင် သောင်းကျန်းဆိုးသွမ်းနေကြသော မိစ္ဆာများအား နတ်ကြေးမုံများဖြင့် အသီးသီး ကြည့်ရှူခဲ့ကြပြီးနောက် မိစ္ဆာနာမည်များအား စာရင်းပြုစုခဲ့ကြသည်။ ထို့နောက် ၎င်းနာမည်စာရင်းများက ငရဲပြည်သို့ ပေးပို့ခြင်းခံရသည်။

ယင်း ကောင်းကင်နတ်သမန်တော်များမှ သက်ဆိုင်ရာ မကောင်းဆိုးဝါးနှိမ်နင်းသူများ​၏အကြီးအကဲခေါင်းဆောင်များထံ သဝဏ်လွှာတစ်ခုစီ ပေးပို့လေ့ရှိကြသည်မှာ အစဉ်အလာတစ်ခုပင်။

ယနေ့တွင်လည်း Freeman စံအိမ်တော်ဆီ နတ်ပြည်မှ သဝဏ်လွှာတစ်ခု ရောက်ရှိလာခဲ့လျက်။

၎င်းသဝဏ်လွှာ၌ ...

" ကောင်းကင်ပြည့်ရှင်မင်းကြီး​၏ အမိန့်တော်

လန်ဒန်မြို့တွင် လူအများအား ဖမ်းဆီးသတ်ဖြတ်စားသောက်နေသော မကောင်းဆိုးဝါးနတ်ဆိုးမိစ္ဆာများအား အမြန်သုတ်သင်ရှင်းလင်းရန် "

ဤသဝဏ်လွှာအား တီမိုသီဖရီးမန်းမှ လက်ခံရရှိပြီးသော် ဂျရယ်မိုင်ရာအား ယနေ့ညတွင် ထိုမကောင်းဆိုးဝါးနတ်ဆိုးများအား သွားရောက်နှိမ်နင်းရင် တာဝန်ပေးခဲ့​၏။

ယနေ့ ညနေတွင် မွန်ဒီနှင့်ကီရမ်က စားသောက်ဆိုင်ကောင်းကောင်းတစ်ခု၌ ညစာဒိတ်ရန် ချိန်းဆိုထားကြ​၏။

​သဝဏ်လွှာရောက်မလာခင်အထိ ဂျရယ်မိုင်ရာက မွန်ဒီအား သူမနှင့်အတူတူ အပြင်ထွက်ပေးမည်ဟု ကြိုတင်ကတိပေးထားခဲ့သည်။

​အချိန်ကား မနက် ၉ နာရီဝန်းကျင်။

မွန်ဒီက သူမ​၏အိပ်ခန်းထဲတွင် ပထမဆုံးဒိတ်အတွက် ဝတ်ရမည့်အဝတ်အစားများအား ကိုယ်တိုင်မရွေးနိုင်ဖြစ်နေ၍ ဂျရယ်မ်ိုင်ရာအား အကူအညီတောင်းခဲ့ကာ တစ်စုံပြီးတစ်စုံ ရွေးခိုင်းနေခဲ့သည်။

" ကီရမ် ဒို့ကိုမြင်မြင်ချင်း တန်းကြွေပြီး အာပွားပေးချင်စိတ်ပေါက်မဲ့ ဝတ်စုံလေး ရွေးပေးနော် ဂျရယ် "

" အေး ဒီ messi ဝတ်စုံလေးရော "

" ဟင်း မကြိုက်ဘူး ... တောဆန်နေသလားလို့ ... "

" ဒါဆိုရင် ... ဒီ ဂါဝန်အဖြူလေးရော ..."

မွန်ဒီက အဝတ်အစားနှင့်ပတ်သက်လျှင် တအားဇီဇာကြောင်ပြီး ဂျီးများလွန်းသူသေးလေးဖြစ်၍ ဂျရယ်မ်ိုင်ရာက သူမအတွက်ဆိုလျှင် အမြဲတမ်း ပင်တိုင် stylist တစ်ယောက်ဖြစ်နေသည်။

" လှတော့လှပါတယ် ... ဒါပေမဲ့ အပေအတေမခံဘူး "

" ဒိတ်မှာလား ရွံ့အိုင်ထဲ ဗွက်သွားလူးမှာလားဟ။ အပေအတေမခံဘူးဆိုရအောင် ... "

" မဟုတ်ဘူးလေ ... စားလို့သောက်လို့ ပေကျံသွားရင် အဖြူလေးမို့ အဆင်မပြေဘူးလေ "

" ဒါဖြင့် ဒီအနက်ကလေးရော။ sexy လည်းကျတယ်။ လှလည်းလှတယ်။ ယူနဲ့ဆို တအားလှမှာ။ ကီရမ်မြင်တာနဲ့ မွန်ဒီ့ကို တန်းကြွေသွားမယ်ဆိုတာ ရဲရဲကြီးအာမခံတယ် "

" ဝါးး တကယ်လား။ ဒါဆို ဒါလေးပဲဝတ်သွားမယ် ... "

" အဟဲဟဲ နင့်အစ်ကိုကြီးပါ။ ငါ့ယုံလိုက်။ ဒီကောင် နင့်ကိုဒီဝတ်စုံနဲ့မှ မကြွေရင် အဲဒီကောင် gay နေလို့ပဲ "

" အာ ... ကိုကြီးကလည်း သူ gay လည်း မွန်ဒီက ကြည်ဖြူစွာ cover တွဲပေးမှာ အဟိဟိ "

"အဟက်ဟက် ... အေးပါ၊ ဘာပဲဖြစ်ဖြစ်။ ရည်းစားတောင် မဖြစ်သေးဘဲ အရမ်းစိတ်ကူးမယဉ်နေနဲ့။

" ဟဲ ... ဘာလို့ ရည်းစားမဖြစ်နိုင်ရမှာလဲ။ ကျွန်မလို အလှပဂေးလေးက ..."

" အေးပါ ... ဒါပဲဝတ်တော့။ ငါ အခန်းပြန်ပြီ"

ဂျရယ်မိုင်ရာလည်း မွန်ဒီ​၏အခန်းတံခါးကို သေချာပိတ်ခဲ့ပြီး ထွက်လာခဲ့သည်။

သို့သော် သူ့ရှေ့တွင် အိမ်တော်ထိန်းတစ်ဦးက ရောက်နေခဲ့သည်။

" သခင်လေးကို လာခေါ်မလို့ ပြင်နေတာ။ သခင်ကြီး ဖရီးမန်းနဲ့ တခြားသခင်ကြီးတွေက အရေးပေါ် အစည်းအဝေးလုပ်ဖို့ သခင်လေးကို ခေါ်ခိုင်းလိုက်ပါတယ် "

" အာ ... အိုကေပါ။ ခုပဲလာပြီ "

ဤသို့ဖြင့် ဂျရယ်မိုင်ရာလည်း သူ​၏ဘိုးတော်ကြီးများစောင့်နေသော အစည်းအဝေးဟောခန်းမကြီးအား ရောက်ရှိခဲ့သည်။

ခန်းမထဲ ဝင်လျှင်ဝင်ချင်း အဘောဖြစ်သူ တီမိုသီဖရီးမန်း​ နှင့် ဖခင်ဖြစ်သူ ဒေါမနစ်မျက်လုံးတို့အား အကြည့်ချင်းတန်းစုံခဲ့လျက်။

ဂျရယ်မိုင်ရာလည်း အဘောဖြစ်သူ တီမိုသီဖရီးမန်းနှင့်မျက်နှာချင်းဆိုင်ရာ စားပွဲထိပ်က နေရာလွတ်မှာ ဝင်ထိုင်ခဲ့သည်။

အစည်းအဝေးစားပွဲခုံတန်းသည် အလျား ပေ ၂၀ ရှည်လျားပြီး ပတ်ပတ်လည်တွင် လှပထည်ဝါသော ဇိမ်ခံဆုံလည်ကုလားထိုင်ကြီး ၈ ခုံ တည်ရှိသည်။

တီမိုသီဖရီးမန်း​၏ကုလားထိုင်မှလွဲလျှင် ဘိုးတော်ကြီးမျာ​၏ကုလားထိုင်များက တစ်ခုံနှင်တစ်ခုံ ၅ ပေခြားထား​၏။

တီမိုသီက ချောင်းဟန့်လိုက်ပြီး စကားစပြောသည်။

" ကဲ ... ဒီညမှာ နတ်ဘုရားတွေဆီကနေ သဝဏ်လွှာရထားတယ်။ လန်ဒန်တစ်ဝိုက်မှာသောင်းကျန်း​နေတဲ့ အကောင်တွေကို ရှင်းပစ်ဖို့ပေါ့။

အဲဒီအကောင်တွေအကုန်လုံးက ဂျက်ဖရီလက်အောက်က မကောင်းဆိုးဝါးကောင်တွေချည်းပဲ။ သူတို့က လူတွေတင်မက အားနည်းတဲ့တခြားမိစ္ဆာအမျိုးနွယ်က မိစ္ဆာတွေပါ အနိုင်ကျင့်င့်သတ်ဖြတ်နေကြတယ်ဆိုပဲ။

သဝဏ်လွှာထဲမှာပါတဲ့အကောင်တွေအကြောင်းကို ငါတို့တွေ ထပ်စုံစမ်းပြီး သတင်းအချက်အလက်တွေ ပြုစုထားတယ်။

ဒီတော့ ဂျရယ်မိုင်ရာကို တာဝန်ပေးပါတယ်။ မင်းရဲ့ဖုန်းထဲ ဒေတာတွေ ပို့ပြီးပြီ။ မစ်ရှင်ကို ကျေပွန်အောင် ဆောင်ရွက်ပါ။ အဖဘုရားသခင် ကောင်းချီးပေးပါစေ "

ဂျရယ်မိုင်ရာက တီမိုသီ​၏စကားများကို နားထောင်ပြီး မျက်နှာရှုံ့မဲ့လိုက်ကာ ...

" နေ-နေပါအုံး။ အဖေတို့ အဘိုးတို့ကရော မကူပေးဘူးလား။ အဲဒီအကောင်တွေ အကုန်လုံးကို ကျွန်တော်တစ်ယောက်ထဲပဲ ချရမယ်ပေါ့။ ဒီည မွန်ဒီနဲ့အပြင်မှာ လျောက်လည်ပြီး သူစားချင်တဲ့ဆိုင်မှာ ညစားအတူတူစားပေးဖို့ ကတိပေးထားပြီးပြီ။ ကတိဖျက်ရင် သိတဲ့အတိုင်း သူကတစ်အိမ်လုံး စိတ်ကောက်ပြီး ပတ်သောင်းကျန်းမှာ "
ဂျရယ်မိုင်ရာက မွန်ဒီနှင့်သာမက ခရစ်စတိုဖာနှင့်ပါ ညဘက်ချိန်းဆိုထားတာကြောင့် အခက်တွေ့နေ​၏။

တီမိုသီက ဂျရယ်မိုင်ရာကို အေးစက်စက် ကြည့်နေခဲ့သည်။

" မွန်ဒီ့ကို ငါပြောလိုက်မယ်။ နောက်မှ မင်းနဲ့သွားဖို့။ အဲဒီကလေးမက ငါပြောရင် ရပါတယ်"

တီမိုသီက ဖြေသည်။

" အာ ... "

ဂျရယ်မ်ိုင်ရာဘက်က တင်မိုသီအား ပြန်လည်ပြောဆိုရန် ' အာ ' အစချီပြီး ပါးစပ်ဟလိုက်စဉ်မှာ တီမိုသီက အနည်းငယ်လေသံမာရင်း ပြောခဲ့သည်။

" မင်းတို့နှစ်ယောက် အပြင်မှာ ဘာမဟုတ်တာတွေလုပ်ပြီး သောင်းကျန်းမယ်လို့ ကြံစည်ထားကြလဲ။ မင်း ကလေးကို အန္တရာယ်ထဲ တွန်းပို့မနေနဲ့နော်။ သူက သာမာန်လူမဟုတ်သလို မိစ္ဆာကောင်တွေအတွက် ကစားစရာ၊ မျက်စိကျစရာဖြစ်လာနိုင်တယ်။ ပြီးတော့ ခုမှ သူနဲ့ဘာစွမ်းအင်က အလိုက်ဖက်ဆုံးလဲဆိုတာ စမ်းသပ်ပြီး လေ့ကျင်ကာစရှိသေးတယ်။ သူ့က်ိုယ်သူလည်း မကာကွယ်နိုင်သေးဘူး။ ငါက သူ့လုံခြုံရေးအတွက် ပြောတာပါ "

" ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဟိုတစ်ခါကလို တစ်ယောက်ထဲ အပြင်ခိုးမထွက်စေချင်လို့ လိုက်ပို့ပေးရုံပါ။ ပျော်ပျော်နေနေတတ်တဲ့ကလေးတစ်ယောက်ကို စည်းကမ်းတွေနဲ့ အရမ်းဖိအားပေးတာမျိုး၊ ပိတ်ပင်တာမျိုးလည်း မလုပ်ချင်ဘူး။ ကြာလေ သူ စိတ်ကျဉ်းကျပ်ပြီး မဟုတ်တာတွေ လုပ်မိနေမယ် "

ဂျရယ်မိုင်ရာက တီမိုသီ​၏မျက်လုံးအေးအေးများကို စိုက်ကြည့်ကာ မွန်ဒီ​၏ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် ကာကွယ်ပြောဆိုခဲ့သည်။

တီမိုသီက မျက်စိခဏမှိတ်လိုက်ပြီး သက်ပြင်းချသည်။

" ကဲ ... အဲဒါဆို ငါအားနေတာ။ ပျင်းလည်းပျင်းနေတော့ ငါပါ ဝိုင်းသမပေးပါ့မယ် "

ခဏတာ တိတ်ဆိတ်မှုကို အဘိုးဖြစ်သူက ကြားဖြတ်ပြောကာ ဖြိုခွင်းလိုက်​၏။

" အင်း ... ငါလည်း အစွမ်းမသုံးရတာကြာပြီဆိုတော့ မင်းနဲ့အတူလိုက်ခဲ့မယ် သား "

အဘိုးဖြစ်သူအား မျက်နှာချင်းဆိုင်တွင် ရှိသည့် အဘေးမှ လှမ်းပြောသည်။

" ကျွန်တော်ပါ လိုက်ခဲ့ရအုံးမလား အဖေနဲ့အဘိုးတို့နဲ့ ဒါမှမဟုတ် ဂျရယ်မ်ိုင်ရာနဲ့နှစ်ယောက်တစ်ဖွဲ့သွားတာပေါ့ ... "

ဒေါမနစ်လည်း စကားဝ်ိုင်းထဲ ပါလာခဲ့သည်။

" ဒါဆို မွန်ဒီနဲ့ခုပဲအပြင်ထွက်လိုက်ပါ့မယ်။ ညမရောက်ခင် သူနဲ့အိမ်ပြန်လာတာပေါ့။ မကောင်းဘူးလား။ ဒီလိုဆိုရင် မယ်မင်းကြီးမ ရစ်တာမခံရတော့ဘူး... "

" အေး ... ကောင်းပြီ။ လက်ရည်ပြန်စမ်းချင်တဲ့လူတွေလည်း ကိုယ်စီတာဝန်ယူပြီး ရှင်းပစ်ချင်တဲ့အကောင်တွေကို ကြ်ိုရွေးထားလိုက်။ မစ်ရှင်တွေက မင်းတို့ဘာသာ အဆင်ပြေသလ်ိုခွဲ။ စစ်ကူလို့မှ ငါတို့ကို အကြောင်းကြားလိုက်။ အကောင်တွေက ပမွှားကောင်လေးတွေပါ။ မင်းတို့အစွမ်းနဲ့ လေပေါ်မှာ အိပ်ပြီးတောင် ရှင်းနိုင်တယ်။ စစ်ကူခေါ်စရာ မလိုလောက်ဘူး "

တီမိုသီက မြေးမြစ်များ​၏ဆန္ဒကို သဘောတူကာ လိုက်လျောခဲ့သည်။

မကောင်းဆိုးဝါးမိစ္ဆာများ​၏ ကိုယ်ရေးရာဇဝင်နှင့်အချက်အလက်များက်ို ဂျရယ်မိုင်ရာအပြင် တခြားမြေးမြစ်များ​၏ဖုန်းများထဲပါ ပေးပို့ခဲ့သည်။

အစည်းအဝေးအပြီးမှာ ဂျရယ်မ်ိုင်ရာက ခရစတိုဖာကို စာပို့ထားခဲ့သည်။

" ဒီညတော့ အခြေအနေအရ လာနိုင်မှ လာနိုင်မယ် ဘေဘီ။ မိသားစုမှာအရေးကြီးကိစ္စပေါ်လာလို့ပါ။ ချစ်တယ် မွ 😘"

မွန်ဒီလည်း သူမအိမ်တော်​၏အရေးပေါ်ကိစ္စကြောင့် ကီရမ်ကို ဒိတ်အချိန်ပြောင်းကြောင်း အသိပေးထားခဲ့သည်။

◎ ══════ ❈ ══════ ◎

Продолжить чтение

Вам также понравится

12.2K 130 4
Just some Taekook smut • • • • • Boy×Boy Fem boy Top Kook Top Tae Bottom kook Bottom Tae
Safe Zone Saung_Nay_Chi

Любовные романы

17.1K 2.1K 21
စွမ်းအင်အသီးသီးရှိတဲ့ မြေ၊ရေ၊လေ၊မီး မျိုးနွယ်စုတွေရဲ့ ကမ္ဘာသစ်က တစ်ခု။ ကျောင်းသားဘဝ အချစ်ဇာတ်လမ်းလေးက တစ်ပုဒ်။ ဒီလောက်ပါပဲ။ (Started on_ 17/4/2024) ...
168K 10.5K 47
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...
553K 17.1K 28
© 2020, bo-kuroos [COMPLETE] You have to admit, the owl-haired, golden-eyed, obnoxious yet needy captain of Fukurodani Academy's volleyball team is h...