𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬...

By harley__robbie

133K 7.7K 969

ချယ်ရီကြွေတွေပေါ်မှာ ဒူးထောက်ကာ တောင်းပန်ပြီးနောက် ... ဒီအမတလမ်းခရီးမှာ မင်းတစ်ယောက်သာ ကိုယ်ရူးရမိပါကြောင်း... More

Prolouge (U)
Prolouge (Z)
About Order!!
Please Read!💖 (U+Z) /12.8.2023/
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (Z)
Jere & Christ Art
Jeremiah's Art (Anime Version ) & Character Details
Christopher 's Art (Fox & Human Forms) & Character Details
Gavain AI version (Made with Dream App) Unicode
Gavain AI version (Made with Dream App) Zawgyi
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (Z)
The Seven Immortal Freeman Grandpas (AI art Version)
The Seven Immortal Freeman Grandpas (AI art Version) Zawgyi
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (Z)
Mondy's Art ( Chibi Version & AI Version)
Wonderful Paradise (Dark Fan Service 1 )
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere (Z)
Passionate Screaming (Dark Fan Service 2)
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves?
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 26 - Energy and Mantras
𝕮𝖍𝖆𝖕𝖙𝖊𝖗 26 - Energy and Mantras (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 28 - The Smile
𝕮𝖍𝖆𝖕𝖙𝖊𝖗 28 - The Smile (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final / U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final/ Z)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (U)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (Z)
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐮𝐩𝐩𝐨𝐫𝐭!
I prepared my plot and researched like this!!
Character Explanation About Mondy (Unicode & Zawgyi)
To Dear Readers (11.7.2022) U + Z
My New Fiction (Eternal Sunshine) U+Z
❤️ Physical Book Coming Soon ❤️
‼️Green Lantern Book House‼️

ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A New Memory (Z)

545 27 0
By harley__robbie

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 23

𝕬 𝖓𝖊𝖜 𝖒𝖊𝖒𝖔𝖗𝖞

╚═════ ࿇ ═════╝

လရောင်ဖျဖျအောက်ဝယ် အလင်းတန်းလေးများက Freeman စံအိမ်တော်​၏ ခေါင်မိုးများပေါ်တွင် နွေးထွေးစွာ ဖြာကျနေလျက်ရှိသည်။

ထိုအခိုက်အတန့်၌ လရောင်အလင်းတန်းများအောက်ဝယ် ဆေးလိပ်မီးခိုးငွေ့များက တထောင်းထောင်းဖြင့် အပေါ်သို့ တိမ်းညွတ်သွားပြီးလျှင် လေပေါ်မှာ ပြန့်ကျဲပျောက်ကွယ်သွား​၏။

လောကကြီးကို အလွန်စိတ်ကုန်နေသည့် သက်ပြင်းချသံတစ်ခု ပေါ်ထွက်လာသည်။

ဂျရယ်မိုင်ရာ​၏အတွေးများထဲ သူငယ်စဉ်က သိခဲ့သည့်ခရစ်စတိုဖာအကြောင်းတွေသာ ပြည့်နှက်နေခဲ့သည်။

သူ ကောင်းကင်ကို အကြာကြီးမော့ကြည့်ပြီး ထိုင်နေတုန်းမှာပဲ မွန်ဒီက သူ့အနားကပ်လာသည်။

မွန်ဒီကလည်း ယခင်နေ့များထဲက ဂျရယ်မိုင်ရာကဲ့သို့ ခေါင်းမိုးပေါ် တအားတက်ဖူးချင်နေခဲ့သောသူလေးပင်။

ဂျရယ်မိုင်ရာကဲ့သို့ မြေလျှိုးမိုးပျံနိုင်ခြင်းမရှိသည့်အတွက် သူမအနေဖြင့် ဂျရယ်မိုင်ရာကနေ သူမကိုချီခေါ်ပြီး ခေါင်မိုးပေါ် ချပေးမှသာ အဆင်ပြေသည်။

ယခုတွင်လည်း သူမတို့နှစ်ယောက် ခေါင်မိုးပေါ်မှာထိုင်နေခဲ့ကြတာ နာရီဝက်ရှိနေပြီဖြစ်သော်လည်း ဘာစကားမှ မပြောဖြစ်ကြပေ။

သို့သော် မွန်ဒီက စိတ်ပျက်လက်ပျက်ပုံစံရှိနေတဲ့ ဂျရယ်မိုင်ရာကို ဘဝင်မကျ ဖြစ်လာသည်။

" ဟေး ဂျရယ် ... ဘာဖြစ်နေတာလဲ  "

မွန်ဒီလည်း မေးချင်စိတ်မထိန်းနိုင်တော့ဘဲ မေးချလိုက်သည်။

" အင်း ဒီလိုပါပဲ .... ရင်ထဲမကောင်းလို့ "

ဂျရယ်မိုင်ရာ သူမကို မကြည့်နေဘဲ ရှေ့တည့်တည့်သာ စိုက်ကြည့်နေပြီး ပြန်ဖြေခဲ့သည်။

မွန်ဒီလည်း မျက်မှောင်ကုတ်လာပြီး နူတ်ခမ်းအနည်းငယ် စူပုပ်သွားသည်။

" ဘာဖြစ်နေလဲဆိုတာ သေချာပြောပြလေ ။ ကျွန်မက လူတွေရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီး တရင်းတနှီးမရှိသေးတဲ့ ရေသူမဆိုပေမဲ့လည်း အခြေခံသဘောတရားတွေလောက်တော့ နားလည်ပေး ၊ ခံစားပေးတတ်နေပါပြီ ။ အဲဒါကြောင့် ပြောပြစမ်းပါ "

" အင်း .... တစ်ချိန်ကပေါ့ ၊ အတိတ်တစ်ခုမှာ ငါ ချစ်ဖူးခဲ့တဲ့ကောင်လေးတစ်ယောက်ကြောင်း ပြန်တွေးမိလာလို့ လွမ်းနေတာ "

" ဒါဆို ဂျရယ် အချစ်စစ်နဲ့ချစ်ခဲ့တဲ့သူပေါ့လေ "

" အင်း "

မွန်ဒီက မျက်လုံးလေးတွေ ဝင်းလက်သွားပြီး ပိုစပ်စုချင်လာသည်။

" ပြောပါ ပြောပါ။ သူဘယ်သူလဲ။ ဘယ်လိုတွေဖြစ်ခဲ့ကြလဲ။ မွန်ဒီ့ကို ပြောပြ "

မွန်ဒီက ဂျရယ်မိုင်ရာ့လက်မောင်းတုတ်တုတ်ကြီးကို လှုပ်ယမ်းရင်း စိတ်အားထက်သန်စွာ မေးနေခဲ့သည်။

" မပြောပြချင်တော့ဘူး။ ပြန်ပြောပြနေရင် ငါသူ့ကိုပိုလွမ်းလာတယ်။ ထားတော့ "

" ဟာ မရဘူး။ အဲဒီလိုမလုပ်နဲ့လေ ဂျရယ်ကလည်းကွာ။ မွန်ဒီ့ကို ပုံပြင်လိုမျိုး ပြေပြစမ်းပါ။  နားထောင်ချင်လို့။ ပြောပြ ပြောပြ "

မွန်ဒီက အတင်းဖိအားပေးပြီး မေးလာတော့ ဂျရယ်မိုင်ရာဘက်ကနေ ငြင်းဖို့မသက်သာတဲ့အဆုံး ခရစ်စတိုဖာ့အကြောင်းကို သူမအား ပြောပြရန် အရှိန်ယူပြင်ဆင်နေခဲ့သည်။

" အင်းပါ ... ဆုံစည်းခွင့်မရှိတော့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံပြင်တစ်ခုလိုပဲ သဘောထားပြီး ပြောလိုက်ပါ့မယ် "

" ဟုတ်ပြီ ဟုတ်ပြီ "

မွန်ဒီက ဒူးကျုံ့ထိုင်လိုက်ပြီး ဒူးတွေပေါ်မှာ သူမလက်နှစ်ဖက်လုံးကိုတင်ရင်း သေချာနားထောင်ဖို့အတွက် မေးစေ့ထောက်ခဲ့သည်။

" ပုံပြင်လေးရဲ့အစကတော့ ချယ်ရီကြွေတွေကနေ ဇာတ်လမ်းစခဲ့တယ်လို့ ကဗျာဆန်ဆန် နိဒါန်းပျိုးရမယ်။ ချယ်ရီပန်းတွေ ဝေဝေဆာဆာပွင့်ခဲ့တဲ့တနေ့ ငါတို့မျိုးနွယ်စုတွေနဲ့ မိစ္ဆာမျိုးနွယ်စုတွေ စစ်စဖြစ်ကြတဲ့နေ့ပေါ့။ အဲဒီနေ့ ငါ့အိမ်ကလူကြီးတွေကလည်း စစ်တိုက်ထွက်ကြတယ်။ ဒါပေမဲ့ ငါ့အဖေကတော့ စံအိမ်တော်ကြီးမှာ ငါတို့တွေနဲ့အတူတူနေခဲ့တယ်လေ။ လက်ရှိအခုငါတို့နေနေတဲ့ စံအိမ်တော်တော့မဟုတ်ဘူး။ အရင့်အရင် စံအိမ်တော်အဟောင်းတစ်ခုမှာ ... "

" အင်း "

ဂျရယ်မိုင်ရာလည်း သူ့ဆေးလိပ်ကုန်ခံနီးလာတော့ ဆေးလိပ်ကို ဆက်မသောက်တော့ဘဲ ခေါင်မိုးပေါ်မှာပဲ ဖိချေရင်း ဆေးလိပ်မီးသတ်ခဲ့သည် ။

" ငါ အဲဒီနေ့က လျှာရှည်ပြီး အပြင်မထွက်ခဲ့သင့်ဘူး။ ဒါပေမဲ့ အဲဒီနေ့မှာ အဖေနဲ့အမေရော တခြားမိသားစုဝင်တွေရော ငါ့တောင်ဂရုမစိုက်နိုင်ဘဲ သူတို့ဘာသာ အခန်းတစ်ခုမှာ အကုန်စုပြီး အလုပ်ရူပ်နေကြတယ်။ အဲဒီတော့ ငါလည်း အိမ်ကနေ ထွက်ဖို့အခွင့်ရေးရခဲ့တာပေါ့။ မိစ္ဆာကောင်တွေကို ရှာရင်း အမဲလိုက်ခဲ့တယ်။

မထင်မှတ်ဘဲ ငါအမြှီးကိုးချောင်းမြေခွေးဖြူလေးကို သွားတွေ့တော့ သူ့အနောက်ကနေ သည်းကြီးမည်းကြီး ပြေးလိုက်ရင်း ငါ့မြှားနဲ့လိုက်ပစ်ခဲ့တယ်။ သူ ငါ့လက်ချက်ကြောင့် ဒဏ်ရာရသွားပေမဲ့ ငါမနှိပ်စက်နိုင်ခဲ့ဘူး။ သူ့ကိုသနားပြီးတော့ .... လွှတ်ပေးခဲ့တယ်။ ဒီလိုနဲ့ပဲ အဖြူစင်ဆုံး ဇာတ်လမ်းလေးတစ်ပုဒ်က ငါတို့နှစ်ယောက်ကြားမှာ ရှိခဲ့တယ် ... "

ယခုအချိန်တွင် ဂျရယ်မိုင်ရာ​၏ခေါင်းထဲမှာ သူနှင့်ခရစ်စတိုဖာတို့​၏ငယ်စဉ်ကလေးဘဝအကြောင်း အတွေးပုံရိပ်များဖြင့် ပြည့်နှက်နေပေသည်။

လွမ်းဆွတ်ခြင်းနှင့် နာကျင်ခြင်းကို ကိုယ်စားပြုသော မျက်ရည်စီးကြောင်းတစ်ခုက သူ့ပါးပြင်ပေါ်မှာ စီးဆင်းလာခဲ့ရင်း။

" သူနဲ့တွေ့ခဲ့ရတဲ့ ၃ နှစ်စလုံးမှာ ငါ့ဘဝက သမ္မာကျမ်းစာတွေထဲက အေးချမ်းစရာသုခဘုံလေးလိုပါပဲ။ ကလေးဘဝတုန်းကတော့ သူ့ကို ညီလေးလို သူငယ်ချင်းလို သံယောဇဉ်တွေနဲ့ ခင်တွယ်ခဲ့တယ်လို့ ထင်ခဲ့မိတယ်။ ခု လူကြီးအမြင်နဲ့ ပြန်တွေးကြည့်မယ်ဆိုရင် ငါ သူ့အပေါ်ထားခဲ့တဲ့ ခံစားချက်တွေက အဲဒီထက်ပိုနေခဲ့သား ... "

နောက်ထပ် ပါးတစ်ဖက်ပေါ်မှာ မျက်ရည်စီးကြောင်းတစ်ခု စီးကျလာခဲ့ပြန်သည်။

သူ့အတွက်တော့ ထို ၃ နှစ်တာကာလလုံးက " ပျော်ရွှင်ရပါတယ် " ဆိုတဲ့စကားလုံးထက် ပို၍တောင် အဓိပ္ပာယ်နက်ရှိုင်းနေခဲ့သည်။

သူ့အတွက် မျက်ရည်ကျခြင်းက ရွံမုန်းစရာတစ်ခုကဲ့သို့ အမြဲလိုလိုဖြစ်နေခဲ့ပြီး မျက်ရည်ကျလေ့ကျထမရှိခဲ့ပေ။

ခရစ်စတိုဖာအတွက် မျက်ရည်ကျရသည်မှာ ခြွင်းချက်တစ်ခုသာ။

" ဂျရယ် ဂျရယ် ... သူကအခုမရှိတော့ဘူးလားဟင် "

မွန်ဒီလေးက သိလိုစိတ်မျက်ဝန်းလေးများဖြင့် ကြားဖြတ်မေးလိုက်တော့ သူ့ပါးနှစ်ဖက်က မျက်ရည်စီးကြောင်းတွေကြားမှာ ရွှင်ပျတဲ့အပြုံးတစ်ခု ပေါ်လာခဲ့သည်။

" ရှိတယ်။ အပြင်မှာလည်း ရှိသေးတယ်။ ငါ့နှလုံးသားထဲမှာတော့ အမြဲတမ်းရှိနေတာပေါ့ "

" ဂျရယ် ငိုနေတယ် "

မွန်ဒီလေးလို ရေသူမလေးအနေဖြင့် လူသားတို့ရဲ့ငိုခြင်းအကြောင်း နားလည်သဘောပေါက်ခဲ့သည်မှာ မကြာသေးပေ။

" ငါကမျက်ရည်အကျလွယ်တတ်တဲ့ကောင်မဟုတ်နေဘူး။ သောက်အသည်းမာသလို ခေါင်းမာပြီး အကြောတင်းလွန်းတဲ့ကောင်။ ငါငိုရင် သိပ်ခံစားနေရလို့ပဲ "

" ဒါဆို ခုငိုနေတဲ့ခံစားချက်က သူ့ကိုမတွေ့ရလို့လား"

" မှန်တယ်။ ပြီးတော့ ချစ်လို့ အသည်းကွဲရလို့။ ဒါ့ကြောင့် မင်းလည်း တတ်နိုင်ရင် ဘယ်တော့မှ ဘယ်သူ့ကိုမှ သူငယ်ချင်းထက် ပိုမချစ်မိစေနဲ့။ တစ်ချိန်သူက မင်းအနားမှာ မရှိတော့ရင် အဲဒီခံစားချက်က သေမတတ်ပဲ။

ငါ့လို အသန်မာဆုံးကောင်တောင် ဒီလောက်ခံစားနေရရင် ရေသူမလေးဖြစ်တဲ့ မင်းဆို ငါ့ထက်ပိုဆိုးလိမ့်မယ်။ အချစ်မရှိ သံယောဇဉ်မရှိရင် ဘာမှမခံစားရဘူး ။ အဲဒါအသာယာဆုံး ဘဝနေနည်းတစ်ခုပဲ"

မွန်ဒီ မျက်နှာမဲ့သွားသည်။

ဂျရယ်မိုင်ရာလည်း ဆက်စကားမပြောနိုင်အောင် သူ့ရင်ထဲမှာ ခါးသီးမှုတွေက ရင်နှင့်မဆန့်အောင် ပြည့်တင်းလွန်းခဲ့သည်။

သူ့မျက်ဝန်းတွေထဲ၌ လရောင်​၏အလင်းပြန်မှုတစ်ခုရှိနေခဲ့ပြီး နီလာရောင်မျက်လုံးအိမ်များဟာလည်း အလှပဆုံးသက်ဝင်နေခဲ့လျက်။

----

ယနေ့က ခရစ်စတိုဖာ​၏အားလပ်ရက်ဖြစ်တာကြောင့် စံအိမ်တော်ရှိ သူ့အခန်းထဲတွင် တီဗွီကြည့်နေခဲ့​၏ ။

သူဟာ ခန္ဓာကိုယ်ကသာ ကြီးမားသန်မာထွားကျိုင်းသလောက် နှလုံးသားက အလွန်နုငယ်ပေသည်။

Romance အချစ်ကားများကို အလွန်နှစ်သက်သူဖြစ်ပြီး အားလပ်ရက်များ၌ အလွမ်းအဆွေးအချစ်ဇာတ်ကားများကို တစ်ယောက်တည်း ကြည့်ရှုခံစားကာ ငိုနေတတ်သူဖြစ်​၏ ။

သူ ယခုကြည့်နေသည့် အချစ်ဒရာမာရုပ်ရှင်က ၁၉၆၈ ခုနှစ်မှာထွက်ရှိခဲ့သော ရိုမီယို ဂျူးလိယက်ရုပ်ရှင်ကားပင်။

ဇာတ်ကားကြည့်ပြီး မျက်ရည်စမ်းစမ်းဖြင့် သက်ဝင်ခံစားစီးမျောနေခဲ့လျက်။

ထို့နောက် ဇာတ်ကားကြည့်ပြီးသွားချိန်၌ သူ စံအိမ်တော်ကနေ အပြင်ထွက် လမ်းလျောက်ဖို့ ဆုံးဖြတ်ခဲ့သည်။

ဂါဗင့်စံအိမ်တော်တွင် အားလပ်ရက်ရသော သူ့တပည့် သို့မဟုတ် ဝန်ထမ်းမှန်သမျှက သူ့ကိုခွင့်မတောင်းဘဲ အပြင်သွားလာခွင့်ရှိ​၏ ။

ဤသို့ဖြင့် ခရစ်စတိုဖာလည်း ညနေစောင်းမှာ စံအိမ်တော်ပြင်ပကနေ  နာရီဝက်လောက်ထိ တဖြည်းဖြည်း လမ်းလျှောက်ထွက်လာခဲ့တော့သည်။

မကြာခင်မှာ သူ့ခြေလှမ်းများက တုံ့ဆိုင်းသွားခဲ့ပြီး သူ့မျက်လုံးများက အံသေသွားခဲ့ရသည်။

သူနှင့် ခြေအလှမ်း ၃၀ လောက်အကွာမှာ သူတမ်းတတနေခဲ့သော ဂျရယ်မိုင်ရာကို တွေ့လိုက်ရခြင်းကြောင့်ပင်။

ဂျရယ်မိုင်ရာနှင့်အတူ မွန်ဒီလည်း ရှိနေသည်။

မောင်နှမနှစ်ယောက် တရယ်တမောဖြင့် လမ်းလျှောက်လာခဲ့ရင်း ခြေလှမ်းရပ်သွားခဲ့သော အစ်ကိုဖြစ်သူ ဂျရယ်မိုင်ရာကိုကြည့်ပြီး သူမက မျက်မှောင်ကြုတ်သွားသည်။

ဂျခရစ်စတိုဖာက ငိုချင်သလို၊ ဒေါသထွက်နေသလို အကြည့်မျိုးဖြင့် သူတို့နှစ်ယောက်ကို အဝေးကနေလှမ်းကြည့်နေခဲ့သည်ကို ဂျရယ်မိုင်ရာလည်း မြင်ခဲ့တာကြောင့် ရပ်ကြည့်မိနေသည်။

မွန်ဒီလည်း ဂျရယ်မိုင်ရာ စိုက်ကြည့်နေခဲ့သောမျက်လုံးဦးတည်ရာအတိုင်း ကြည့်လိုက်သည့်အခါ ခရစ်စတိုဖာကို တွေ့ခဲ့ရသည်။

" ဂျရယ် ဂျရယ် ... သူက ဟိုးနေ့က မွန်ဒီတို့တွေ့ခဲ့ကြတဲ့ ခွေးနဂါးကောင်ကြီးအုပ်စုထဲကမလားနော်"

" အေး ... ညကငါပြောခဲ့တဲ့ ငါ့နှလုံးသားမှာခုထိရှိနေခဲ့တာ သူလေးပေါ့"

" ဘာ ... တကယ်ကြီးလား ဂျရယ် "

" အေး "

မွန်ဒီက "ဝိုး" ဆိုပြီး အာမေဋိတ်ပြုလိုက်
ရင်း မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားနှင့် ဂျရယ်မိုင်ရာဘက်ကို ကြည့်လိုက်၊ ခရစ်စတိုဖာကို လှမ်းကြည့်လိုက်နှင့် အံ့အားသင့်နေခဲ့လျက်။

သို့သော် ခရစ်တိုဖာက သူမတို့နှစ်ယောက်စလုံးကို ဆက်မကြည့်တော့ဘဲ နောက်လှည့်လိုက်ပြီး လမ်းလျှောက်ခဲ့သည်။

" ဟာ သူဟိုမှာ သွားနေပြီ။ လုပ်လေ လိုက်လေ။ ဘာရပ်ကြည့်နေတာလဲလို့ "

မွန်ဒီက ဂျရယ်မိုင်ရာ​၏လက်မောင်းကို အသားကုန် လှုပ်ယမ်းကာ အော်ပြောနေခဲ့သည်။

" ဟင့်အင်း ... နေပါစေဟာ။ ငါသူ့နောက်လိုက်သွားရင် သူပဲငါ့ကြောင့် ထိခိုက်လိုက်မယ်"

" ရား ... ဘာလားနော် "

မွန်ဒီ​၏ ယခင်အစောပိုင်းက အံ့အားသင့်နေခဲ့သော မျက်လုံးပြူးပြူးအကြည့်များမှာ ဒေါသထွက်နေခဲ့သော အကြည့်ပြူးပြူးများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်။

" ရားးး စိတ်မရှည်တော့ဘူးဟာ။ ဂျရယ်က ငကြောက်ကောင်ကြီးပဲ "

ဂျရယ်မိုင်ရာကို မွန်ဒီလည်း စိတ်ရှိလက်ရှိ အော်ခဲ့လိုက်ပြီး ခရစ်စတိုဖာ​၏အနောက်ကို အမြန်သုတ်ခြေတင်ကာ ပြေးလိုက်ခဲ့တော့သည်။

" ဟေ့လူ .... ရှင် အဲဒီမှာ ရပ်လိုက်စမ်း။ မရပ်ရင် သေမယ်နော် "

ခရစ်စတိုဖာလည်း သူ့အနောက်က မွန်ဒီ​၏စွာစိလန်နေသောအော်သံကြောင့် နောက်လှည့်ကြည့်လိုက်သည့်အခါ မျက်လုံးပြူးကျယ်သွားလျက် ပူထူသွားခဲ့ပြီး သူလည်းနောက်လှည့်မကြည့်ဘဲ တည့်တည့်ပြေးတော့သည်။

မွန်ဒီ​၏အမျက်ဒေါသထွက်နေခဲ့သောပုံစံဟာ သူရင်ဆိုင်ခဲ့ဖူးသမျှ ရန်သူတော်များထက် အလွန်ကြောက်ဖို့ ကောင်းလွန်းနေခဲ့သည်။

" ဟာ သေစမ်း။ ဒီကလေးမလေးကတော့ သူ့စိတ်ကြီးပဲ။ မွန်ဒီရေ ..... "

ဂျရယ်မိုင်ရာလည်း ခေါင်းဆင်နင်းခံရသကဲ့သို့ လန့်ဖျပ်သွားပြီး သူတို့နှစ်ယောက်နောက်ကို အပြေးလိုက်ခဲ့ရတော့သည်။

ခရစ်စတိုဖာကတော့ တစ်စက်လေးမှ နောက်လှည့်မကြည့်ရဲဘဲ သူ့ရှေ့မှာတွေ့ရသည့် လမ်းကြားလေးတစ်ခုထဲ ပြေးဝင်သွားခဲ့သည်။

ထိုမှတစ်ဖန် နောက်ဖေးလမ်းကြိုလမ်းကြားများအတွင်း ဝှေ့ကာ ပတ်ကာ ပြေးနေခဲ့သည်။

မွန်ဒီကလည်း ခရစ်စတိုဖာနောက်ကို သည်းကြီးမည်းကြီး ပြေးလိုက်နေခဲ့​၏။

ဂျရယ်မိုင်ရာကတော့ လူသူကင်းရှင်းသည့်လမ်းကြားတစ်ခု၌ ပြေးလိုက်ခြင်းကို ရပ်တန့်စေခဲ့ပြီး လေပေါ်သို့ ပျံတက်ခဲ့သည်။

ခရစ်စတိုဖာက လေပေါ်ပျံတက်နိုင်ခဲ့သည့်အစွမ်းရှိခဲ့ပေမဲ့လည်း ရုတ်တရက်ပေါ်လာလဲ့သောအကြောက်တရားကြောင့် ပျံတက်ရန် သတိမရခဲ့ပေ။

မကြာခင် မွန်ဒီတစ်ယောက်ပြေးနေရင်း သူမခန္ဓာကိုယ်ဟာ လေပေါ်မြှောက်တက်သွားပြီး ဂျရယ်မိုင်ရာ​၏ဂုတ်ဆွဲခေါ်ခြင်းကို ခံလိုက်ရတော့သည်။

" ဂျရယ် ဘာလုပ်တာလဲ ။ လွှတ်ဟ "

ထို့နော် သူမရှေ့မှာ အသားကုန်ပြေးနေခဲ့သော ခရစ်စတိုဖာလည်း ဂုတ်ဆွဲခေါ်ခံလိုက်ရ​၏ ။

" ဟေ့ကောင် ခွေးသား ... ငါ့အောက်ချစမ်း "

ဂျရယ်မိုင်ရာကတော့ သူတို့နှစ်ယောက်လုံးကို ခွန်းတုံ့မပြန်ခဲ့ဘဲ သူစိတ်ညစ်တိုင်း သွားထိုင်လေ့ရှိသောတောင်ကုန်းတစ်ခုဆီသာ ကောင်းကင်ပေါ်ကနေ ခေါ်ဆောင်သွားခဲ့သည်။

မွန်ဒီနှင့်ခရစ်စတိုဖာလည်း ရုန်းရင်းဆန်ခတ်ဖြင့် ဂျရယ်မိုင်ရာခေါ်ဆောင်ရာနောက်ကို အော်ဟစ်နေကြလျက် ပါလာခဲ့ကြသည်။

တောင်ကုန်းပေါ်သို့ ရောက်သောအခါ ဂျရယ်မိုင်ရာက အရှိန်သတ်ပြီး သူတို့နှစ်ယောက်လုံးကို ဖြည်းညင်းစွာချခဲ့လျက်။

ခရစ်စတိုဖာ နှင့် မွန်ဒီလည်း သူတို့ခြေထောက်တွေ တောင်ကုန်းမြေပြင်ပေါ်သို့ ထိတွေ့ခဲ့သည့်အခါ ခန္ဓာကိုယ် ဟန်ချက်ညီအောင် ထိန်းရင်း မတ်တပ်ရပ်ခဲ့ကြသည်။

ခရစ်စတိုဖာက သူ့ဘေးမှာ ရပ်နေခဲ့သော မွန်ဒီ့ကိုတွေ့တော့ ပြူးကြည့်လိုက်သည်။

မွန်ဒီကလည်း ပြန်ပြူးကြည့်သည်။

" မင်း ဘာလို့ငါ့နောက် သရဲမရဲ အသားကုန်လိုက်နေရတာလဲ"

" ရှင်က နောက်လှည့်သွားတာလေ၊ ကျွန်မအစ်ကိုကို ပလစ်ပြီးတော့ "

ခရစ်စတိုဖာက စိတ်တိုတိုဖြင့် အော်ငေါက်လိုက်သောအခါ မွန်ဒီကလည်း ခပ်စွာစွာ ပြန်၍အော်လိုက်​၏။

သူတို့နှစ်ယောက် ရန်ဖြစ်နေကြတာကို မြင်နေရသည့် ဂျရယ်မိုင်ရာလည်း ဘာမှဝင်မပြောနိုင်ဘဲ သက်ပြင်းတွေချလျက် စိတ်ပျက်နေခဲ့သည်။

" ငါ့ဘာသာ သူ့မမြင်ချင်လို့ လှည့်ထွက်တာ မင်းအပူပါလား "

" ရားး ရှင့်ကြောင့် ဂျရယ် ခံစားနေရတာကို မကြည့်နိုင်တော့လို့လေ အရူးကောင်ရဲ့။ သူ့နှလုံးသားမှာ ရှင်ကခုချိန်ထိရှိတုန်းတဲ့။ ရှင့်ကြောင့် သူ့နှလုံးသားလေး ကွဲအက်နေပြီ အရူးရဲ့"

မွန်ဒီ့ဘက်က ထိုကဲ့သို့အော်လိုက်သောအခါ ခရစ်စတိုဖာ​၏မျက်ဝန်းများက အံ့အားသင့်သွားသည်။

" ဘာ ... "

ခရစ်စတိုဖာက ဂျရယ်မိုင်ရာဘက်ကို လှည့်ကြည့်ခဲ့သည်။

ဂျရယ်မိုင်ရာလည်း ခရစ်စတိုဖာကို ဝမ်းနည်းနေသည့်မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။

" ငါတို့နှစ်ယောက်က အတူတူရှိနေဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး ကလေးမ "

ခရစ်စတိုဖာက ပြတ်သားမာထန်နေသောအသံဖြင့် မွန်ဒီ့ကိုပြောခဲ့သည်။

" ဘာလို့လဲ မဖြစ်နိုင်ရမှာလဲ အရူးကြီးရဲ့။ ရှင်က ဂျရယ့်ကို မချစ်ဘူးလား "

မွန်ဒီ​၏အမေးက ခရစ်စတိုဖာကို ပြန်ဖြေဖို့ ခက်စေခဲ့သလို ဂျရယ်မိုင်ရာကိုလည်း အံ့အားသင့်စေခဲ့သည်။

ဂျရယ်မိုင်ရာက စကားစပြောဖို့ ပြင်သည်။

" မွန်ဒီ ... ငါမင်းကို မနေ့ညက အကျယ်တဝင့်မပြောပြခဲ့မိတာ ငါမှားတာ။ ဒါပေမဲ့ မင်း တဇွတ်ထိုးမဆန်ပါနဲ့။ တောင်းပန်တယ်။ ငါနဲ့သူက မိစ္ဆာနှိမ်နင်းသူနဲ့မိစ္ဆာဖြစ်နေကြလို့ နှစ်ဖက်အသိုင်းအဝိုင်း အမျိုးအနွယ်တွေက ဘယ်လိုမှ သဘောမတူကြတာ။
ငါတို့တွေက ဆွေစဉ်ခုနှစ်ဆက် ရန်သူတွေဖြစ်လာကြတဲ့ အမျိုးအနွယ်တွေမှာ မွေးလာကြလို့ ခုလိုတွေ မပတ်သက်မိအောင် နေနေကြတာ။ မင်း စိတ်ထဲရှိတိုင်း တဇွတ်ထိုး လိုက်လုပ်လို့မရဘူးဟ။ သောက်ပြဿနာတွေ ကြီးမယ်"

ဂျရယ်မိုင်ရာဘက်က ယခုကဲ့သို့ ပြောဆိုရှင်းပြလာသည်ကို မွန်ဒီသဘောပေါက်သွားပြီးနောက် သူမ အမှားလုပ်ခဲ့မှန်းသိပြီး ငြိမ်နေခဲ့သည်။

ခရစ်စတိုဖာ နှင့် ဂျရယ်မိုင်ရာလည်း အချိန်အတော်ကြာသည်အထိ မျက်လုံးချင်းမဆုံ မျက်နှာချင်းမဆိုင်ကြဘဲ ရပ်နေခဲ့ကြသည်။

ကြာလာတော့ မွန်ဒီက ကျောက်ရုပ်ကြီးများကဲ့သို့ မလှုပ်မယှက် မတ်တပ်ရပ်နေကြသော ဂျရယ်မိုင်ရာ နှင့် ခရစ်စတိုဖာကိုကြည့်ရင်း စိတ်မရှည်တော့ပေ။

" ရားး စိတ်ညစ်လိုက်တာ ... ဘာလုပ်နေကြတာလဲ "

" ဘာလုပ်ရမှာလဲ "

မွန်ဒီ​၏အော်သံကြောင့် သူတို့နှစ်ယောက်စလုံး လန့်ပြီး ပြိုင်တူအော်မိသွားကြသည်။

ထိုအချိန်တွင် သူတို့ ၃ ယောက်ရှေ့သို့ ဘွားခနဲပေါ်လာသည်က ကိုတပင်။

" ဟေး "

သူတို့ ၃ ယောက်လုံးလည်း ကိုတကို ပြူးကြောင်ကြောင် ရပ်ကြည့်နေကြသည်။

ခရစ်စတိုဖာအနေဖြင့် ကိုတကို အိမ်မက်ထဲမှာပဲ အတွေ့များခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ကိုယ်ထင်ပြခြင်းမျိုး မကြုံဖူးခဲ့တာကြောင့် စိုက်ကြည့်နေခဲ့ခြင်းသာ။

ကိုတက ပါးချိုင့်ကလေးပေါ်လာသည်အထိ ပြုံးနေခဲ့သည်။

" ခင်ဗျားက ဘာလဲ "

ဂျရယ်မိုင်ရာက မေးသည်။

" ငါက ကိုတပါ။ ခရစ်စတိုဖာရဲ့အစောင့်အရှောက်။ ပိုပြီးအသေးစိတ်ပြောရရင် ငါက ခရစ်စတိုဖာသိရမယ့် အမှန်တရားတွေကို တစ်နေ့တစ်ချိန် အခွင့်ကောင်းမှာ သူ့ကိုအလင်းပြပေးဖို့ ဖန်တီးခံထားရတဲ့ အစောင့်အရှောက်ပဲ "

ကိုတက သူ့ကိုပြူးကြည့်နေခဲ့သည့် ခရစ်စတိုဖာဘက်ကို မျက်နှာမူပြီး ပြုံးနေခဲ့သည်။

" ခရစ်စတိုဖာဆိုတာ ဒီအရူးကြီးလား "

" အေး "

မွန်ဒီ့အမေးကို ကိုတက ဖြေသည်။

သို့သော် မွန်ဒီ့အပြောကြောင့် ခရစ်စတိုဖာ စိတ်တိုသွားသည်။

" ဒီဟာမလေးကတော့ .... လုပ်လိုက်ရ "

ခရစ်စတိုဖာက မွန်ဒီ့ကို ဒေါသထွက်ခဲ့ပြီး အံကြိတ်နေခဲ့သည်။

ထို့နောက် ကိုတဘက်ကို မျက်နှာလှည့်သွားရင်း။

" နေစမ်းပါအုံး၊ မင်း အစကပြောပြခဲ့တုန်းကကျတော့ မင်းက ငါ့စိတ်အကောင်းအဆိုးပေါ်မူတည်ပြီး နေထိုင်တဲ့အစောင့်အရှောက်နတ်တစ်ပါးဆို။ အစောင့်အရှောက်နတ်တွေဆိုတာ နတ်ဘုရားတွေလို ကိုယ်ထင်မပြနိုင်ကြဘူးလို့ ကြားဖူးပါတယ်။ မင်းကတကယ့်နတ်ရော ဟုတ်ရဲ့လား"

ကိုတဟာ အမှန်တကယ်တော့ ခရစ်စတိုဖာ​၏ကိုယ်စောင့်နတ်တစ်ပါးမဟုတ်နေခဲ့ပေ။

အမှန်စင်စစ်မူ ကိုတက ခရစ်စတိုဖာ​၏မိခင် ဟီရိုကိုမှ ခရစ်စတိုဖာကို စောင့်ရှောက်ပေးရန် အကူအညီတောင်းခဲ့သည့် မှော်ဆရာတစ်ဦးသာ။

သို့သော် ခြွင်းချက်မူကား ဟီရိုကိုမှ ကိုတအား သူမ​၏သားလေး ခရစ်စတိုဖာ အသက် ၂၀ မကျော်မချင်း ကိုယ်ထင်မပြဘဲ စောင့်ရှောက်ပေးရန်  ကတိတောင်းခဲ့သည်။

" အဟဲ ငါမင်းကို တမင် ဂျင်းထည့်ပြီး လိမ်ပြောခဲ့တာ ... ဒါပေမဲ့ ငါကနတ်သားလေးလို ချောပါတယ် ဟဲဟဲ"

ကိုတက ရယ်မောလျက် ခရစ်စတိုဖာကို ပြန်ဖြေလိုက်တော့ ခရစ်စတိုဖာက ဘာမှပြန်မပြောဘဲ မှုန်ကုပ်ပြီး ကြည့်နေခဲ့သည်။

ကိုတက ရှေးဂျပန်လူမျိုး မိစ္ဆာနှိမ်နင်းသည့် မှော်ဆရာ (Onmyoji) တစ်ယောက်ဖြစ်နေသော်လည်း သူဟာ ကြင်နာသနားစိတ်အပြည့်ရှိသူဖြစ်ပြီး ဟီရိုကိုအပေါ် လည်း မေတ္တာသက်ဝင်ခဲ့သူလည်းဖြစ်​၏။

သို့သော်လည်း သူ့အနေဖြင့် သူမကို ဘယ်လောက်ထိ ချစ်ရပါကြောင်း ဘယ်သောအခါမှ ထုတ်မဖော်ပြခဲ့ပေ။

(မှတ်ချက်။ ။ ကိုတဆိုတာ တကယ်တော့ အစွမ်းထက်တဲ့ ယင်နဲ့ယမ် ☯️ စွမ်းအင်တွေပိုင်ဆိုင်ထားတဲ့ Japanese Onmyoji ပါ။ Onmyoji တွေက Japanese exorcist တွေလို့ အလွယ်ဆုံးမှတ်နိုင်တယ်။ ဒီအကြောင်းနဲ့ဆက်စပ်ရာတွေကို chapter အဆုံးမှာ  ရှင်းပြထားပါမယ်။ )

မည်သို့ပင်ဆိုစေကာမူ ကိုတအနေဖြင့် ဟီရိုကို​၏တောင်းဆိုမှုကြောင့် ခရစ်စတိုဖာငယ်စဉ်ကတည်းကနေ အသက် ၂၀ မကျော်မချင်း ကိုယ်ထင်မပြဘဲ စောင့်ရှောက်လာခဲ့​၏။

အသက် ၂၀ ကျော်လာသည့်အချိန်တွင် ခရစ်စတိုဖာကို အိမ်မက်များမှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့သည်။

ယခုအချိန်တွင်မူ ကိုတဘက်က ပထမဆုံးအကြိမ် စတင်ကိုယ်ထင်ပြခဲ့ခြင်းဖြစ်သာ။

လေအလွန်တိုက်လာသည့်အခါ ကိုတက သူ့ယပ်တောင်ကို မဖြန့်ထားတော့ဘဲ ပိတ်ခဲ့သည်။

ထို့နောက် ယပ်တောင်ကိုင်ထားရင်း သူ့လက်နှစ်ဖက်ကို သူ့ခါးနောက်မှာ ချိတ်ကပ်ထားခဲ့သည်။

သူ့မျက်လုံးများက ဂျရယ်မိုင်ရာ၊ ခရစ်စတိုဖာနှင့် မွန်ဒီတို့ကို လျောက်ပတ်ကြည့်ခဲ့ပြီးနောက် တဖြည်းဖြည်း ပို၍ပြုံးလာသည်။

" ဒီကိစ္စမှာ ငါကိုယ်တိုင် မဖြစ်မနေဝင်ပါရတော့မှာမို့လို့ ကိုယ်ထင်ပြလိုက်တာပဲ။ ခရစ်စတိုဖာရေ ... အရင်ဆုံး မင်း ငါ့ကိုအဖြေတိတိကျကျပေးရမယ်။ မင်းခံစားချက်တွေကို မညှာရဘူး။ ငါ အခုမေးသမျှမေးခွန်းတိုင်းအတွက် မှန်မှန်ကန်ကန်ဖြေဖို့ မင်းရဲ့စိတ်ကို ကြိုတင်ပြင်ဆင်ထားရမယ်"

ခရစ်စတိုဖာက သူ့အား ပြန်မဖြေဘဲ ငြိမ်နေခဲ့တာကြောင့် ကိုတလည်း စကားဆက်ပြောခဲ့သည်။

" မင်းရဲ့ပုံပြင်မှာ ပျောက်ဆုံးနေတဲ့ သဲလွန်စတွေက အများကြီးရှိနေတယ်။ အဲဒီအထဲမှာမှ မင်းရယ် ဂျရယ်မိုင်ရာရဲ့ဇာတ်လမ်းကလည်း တစိတ်တပိုင်းလောက်ပါနေတယ်။ ဒီတော့ မင်းငါ့ကိုသေချာဖြေပေး အီတို"

" မင်းကလည်း ဘယ်တော့မှ ဒဲ့မပြောဘူး။ စကားတစ်ခွန်း တစ်ခွန်းက အိန္ဒိယရုပ်ရှင်တွေလို တိုင်ပတ်ပြီး ပေရှည်နေရော"

ကိုတ​၏စကားကို တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်ကာပြောဆိုနေပုံများကြောင့် ခရစ်စတိုဖာလည်း စိတ်မရှည်တော့ပေ။

"အဟဲဟဲ ... ဒဲ့ပြောရရင် ငါမင်းကို ခုချိန်ကနေစပြီး မင်း မကြာခင် ရင်ဆိုင်ရမယ့်ပြဿနာတွေအတွက် ငါကိုယ်တိုင်ကပဲ မင်းကို တဖြည်းဖြည်းလေ့ကျင့်ပေးသွားမယ်။ မင်းရဲ့မှတ်ဉာဏ်တွေကိုပါ ဖြည်းဖြည်းချင်း ဖော်ပေးသွားမယ်ဆိုပါတော့။ မှတ်ဉာဏ်တွေကို တစ်ခါထဲ အလင်းမပြပေးတာက မကောင်းတဲ့မှတ်ဉာဏ်တွေအတွက် နာကျင်ခံပြင်းရမဲ့ စိတ်ခံစားချက်တွေပေါ်လာရင် မင်းဘက်က စိတ်လိုက်မာန်ပါနဲ့ အမှားကြီးလျောက်လုပ်မှာစိုးလို့ ..."

ခရစ်စတိုဖာနှင့်ဂျရယ်မိုင်ရာက ဘာမှမတုံ့ပြန်ကြဘဲ တိတ်နေသည်။

မွန်ဒီကတော့ ကိုတပြောနေသမျှ စကားတိုင်းအတွက် အကြောင်းအရာတွေကို နားမလည်နိုင်ဖြစ်နေတာကြောင့် မျက်နှာရှစ်ခေါက်ချိုးနေလျက်။

" ဒီလူကြီးက ဘာမှတ်ဉာဏ်ပျောက်သွားတာလဲ"

မွန်ဒီလေး​၏မေးခွန်းကို ကိုတဘက်က သဘောကျနေသည်။

သူပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်က ...

"  ဂျရယ်မိုင်ရာနဲ့သူ ... သူတို့ငယ်ဘဝက မှတ်ဉာဏ်တွေ ... "

ကိုတက မွန်ဒီတို့ဘက်ကို လှည့်မကြည့်တော့ဘဲ ပုဇွန်ဆီရောင်ကောင်းကင်ကနေ ပင်လယ်သမုဒ္ဒရာထဲ မကြာခင်ဆင်းသက်လာတော့မဲ့ ရွှေဝါရောင်နေလုံးကြီးကို ကြည့်နေရင်း စကားဆက်ပြောသည်။

" အဲဒီမှတ်ဉာဏ်တွေအပြင် တခြားမှတ်ဉာဏ်တွေရောပဲ ... "

စကားအဆုံးမှာ ကိုတက သက်ပြင်းချသည်။

" အဲဒါဆိုရင် ဒီလူကြီး ဂျရယ်နဲ့ရှိခဲ့တဲ့ မှတ်ဉာဏ်တွေ ပြန်ရအောင် မြန်မြန်လုပ်ပေးတော့လေ "

မွန်ဒီက ကိုတကို စိတ်ဆတ်ဆတ်ဖြင့် စကားအမြန်ပြောလိုက်သည်။

ကိုတက နေမင်းကြီးကို ကြည့်ပြီး ပြုံးရွှင်နေခဲ့သည်။

ဂျရယ်မိုင်ရာနှင့်ခရစ်စတိုဖာတို့လည်း ကိုတကို ကြည့်နေကြပြီး သူဘာလုပ်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။

" အင်း ... ခုတော့ သူ အဖျောက်ခံထားရတဲ့ ပထမဆုံးမှတ်ဉာဏ်ကိုပဲ ကွက်ပြီး ပြန်ရအောင် လုပ်ပေးမယ် "

ကိုတက ပြောရင်းဆိုရင်း ခရစ်စတိုဖာဘက်ကို လှည့်လာပြီး သူ့ခြေလှမ်းတွေက ခရစ်စတိုဖာ့ရှေ့ကို နီးနီးကပ်ကပ် တိုးလာခဲ့သည်။

" ငါ့ကို အရင်ဖြေဦး အီတို။ မင်း ဂျရယ်မိုင်ရာအပေါ်  မုန်းလို့မရတဲ့ခံစားချက်တွေ ရှိနေသေးသလားဆိုတာ ... မင်းရဲ့နှလုံးသားကို အလိမ်အညာတွေနဲ့ ဆက်ပြီး သော့ခတ်သိမ်းထားအုံးမလို့လား ... "

ကိုတ​၏ မေးခွန်းဟာ ခရစ်စတိုဖာ​၏ပယင်းရောင် မျက်လုံးလေးများကို ပိုကျယ်သွားစေရုံသာမက သူ့မျက်နှာပေါ်တွင် ဝမ်းနည်းမှုတစ်ချို့ ကိုလည်း ပေါ်လာစေသည်။

ခရစ်စတိုဖာဘက်က ယခုအချိန်မှာ အမှန်အကန်ဖြေနိုင်ဖို့အတွက် အရင်ဦးဆုံး သူ့ခံစားချက်တွေကို စိတ်ထဲမှာ ရှင်းလင်းနေခဲ့သည်။

ခဏအကြာမှာ ...

" ငါ ... ဂျရယ်မိုင်ရာကို ဘာလို့မှန်းမသိ လွမ်းနေခဲ့တယ် ... ငါက ငါ့ခံစားချက်ကို စကားလုံးတွေနဲ့ စီကာပတ်ကုံးတော့ မဖော်ပြတတ်တာ မင်းသိမှာပါ ... ခုအမှန်တိုင်း ဝန်ခံရရင် ငါသူ့ကို နောက်ဆုံးအော်မိခဲ့တုန်းက စိတ်မကောင်းဖြစ်ခဲ့ရသလို သူငါ့ကို အဆက်အသွယ်ဖြတ်ခဲ့တဲ့အချိန်မှာလည်း ငါစိတ်မကောင်းနေခဲ့ဘူး ... ငါ ... ငါ ဒီလောက်ဘဲ ပြောနိုင်တယ်...."

ခရစ်စတိုဖာ​၏ စကားတစ်ခွန်းတိုင်းက ကိုတကို ပိုပြုံးစေခဲ့သလို ဂျရယ်မိုင်ရာကိုလည်း ဝမ်းသာစေခဲ့သည်။

မွန်ဒီကလည်း ပြုံးနေခဲ့သည်။

" ကဲ မြေခွေးဖြူလေးရေ ... မင်းဘဝရဲ့အလှပဆုံးမှတ်ဉာဏ်လေးတွေဆီ ငါနဲ့အတူတူ ပြန်အလည်သွားကြစို့ ... "

ကိုတက သူ့စကားဆုံးမှာ ခရစ်စတိုဖာ​၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ခဲ့သည်။

ခရစ်စတိုဖာ​၏အမြင်တွေဟာလည်း ဝေဝါးထွေပြားလာခဲ့ပြီး မကြာခင်မှာ ဝင်းလက်ပြိုးပြက်နေသည့် အဖြူရောင်အလင်းတန်းများကို မြင်တွေ့ခဲ့ရသည်။

ထို့နောက်မှာ သူ့ငယ်ဘဝက ဂျရယ်မိုင်ရာနှင့်စတွေ့ခဲ့သည့်အချိန်မှစ၍ ကွဲကွာခဲ့သည့်အချိန်ထိ မှတ်ဉာဏ်ပုံရိပ်ယောက်များစွာကို တစ်ခုချင်းတွေ့ခဲ့ရသည်။

" ဟောဒီက အစ်ကိုကြီး ... ကျေးဇူးပြုပြီး သားအသက်ကို ချမ်းသာပေးပါ။ သား ဘယ်လူသားကိုမှ အန္တရာယ်မပေးပါဘူး "

" ဘယ်ရမလဲကွ ... မင်းလိုကောင်ကို ယုံမယ်ထင်နေလား? မင်းကို အသေသတ်ပစ်မှာ "

" မလုပ်ပါနဲ့။ သား မသေချင်သေးဘူး။ မသတ်ပါနဲ့ မသတ်ပါနဲ့ "

---

" မင်း ဒီနှစ်ဂျပန်ပြန်သွားရင် ငါပါလိုက်ခဲ့မယ်လေ။ မင်းရဲ့မွေးရပ်မြေကို ငါစိတ်ဝင်စားတယ် "

" တကယ်လား? ကိုကြီး ဂျရယ်ကသာ လာလည်ရင် ဂျပန်ရိုးရာမုန့်တွေ အများကြီးကို ကျွေးမှာပေါ့ "

---

" Surprise !!! "

" ဝါးးး .... အီတိုလေးက ကီမိုနိုလေးနဲ့။ အားးးးး ငါသေပြီ။ နှလုံးသားတွေထဲ အချစ်မြှားတွေ အစင်းတစ်ထောင်လောက်စိုက်သွားပြီ "

---

" ကိုကြီးက ဒီကမ္ဘာမှာ သားလို မိစ္ဆာအပေါ် လက်ခံနားလည်ပေးတဲ့ တစ်ယောက်သောသူလေ။ သားအတွက် အဖိုးတန်ရတနာလေးလိုပဲ"

" အဟက်ဟက် ... ဒီမြေခွေးပေါက်စလေးကတော့ အလိုတွေပြောလေ။ ငါ မိစ္ဆာဖမ်းရမှာတောင် မလုပ်ချင်လေ။ မင်းလေးလို စိတ်ကောင်းရှိတဲ့ မိစ္ဆာတွေ ရှိနေဦးမယ်ဆိုတဲ့အသိကြောင့် မှားယွင်းပြီး မသတ်မိချင်ဘူး "

---

ပုံရိပ်ယောင်များကို မြင်နေရသည့် ခရစ်စတိုဖာအတွက် ပါးစပ်အဟောင်းသားဖြင့် အံ့ဩမှင်သက်စရာ။

ဤသို့ဖြင့် ခရစ်စတိုဖာတစ်ယောက် သူ့ဘဝမှာ ၁၃ နှစ်အကြာ ပျောက်ဆုံးနေခဲ့သော အလှပဆုံးမှတ်ဉာဏ်အားလုံးကို ပြန်လည်ရရှိခဲ့ပါတော့သည်။

ထိုမှတ်ဉာဏ်ပုံရိပ်ယောင်များ ပျောက်ကွယ်သွားပြီးနောက် ဂျရယ်မိုင်ရာ​၏ လက်မောင်းများပေါ်မှာ မေ့မျောနေသော ခရစ်စတိုဖာလည်း မှတ်ဉာဏ်များဆီ ခရီးသွားမှုမှ နိုးထလာခဲ့လေသည်။

ဂျရယ်မိုင်ရာက မြေပြင်ပေါ်မှာ ထိုင်နေခဲ့ပြီး ညာဒူးတစ်ဖက်ကို အနည်းငယ်ကွေး၍ ထောင်ထားကာ ဘယ်လက်မောင်းဖြင့် ခရစ်စတိုဖာကို ပွေ့ဖက်ထားခဲ့သည်။

၎င်း အခိုက်အတန့်မှာတော့ ပယင်းမျက်ဝန်းများနှင့် နီလာရောင်မျက်ဝန်းများ၊ လှပ၍နှစ်လိုဖွယ်ကောင်းသော မျက်ဝန်းလေးနှစ်ခု ...။

ထိုမျက်ဝန်းများ၌ အကြင်နာမေတ္တာများအပြင် ဝမ်းနည်းခြင်းနှင့်ပျော်ရွှင်ခြင်းတို့ပါဝင်နေခဲ့ပေသည်။

" ကိုကြီး ဂျရယ် ... "

ပယင်းရောင်မျက်လုံးအိမ်ထဲမှ ဝမ်းနည်းခြင်းမျက်ရည်များ စီးကျလာခဲ့သည်။

" ခရစ်ကလေး ... "

နီလာရောင်မျက်လုံးအိမ်အတွင်း ပီတိမျက်ရည်များဟာ စီးကျလာခဲ့ရင်း .... ။

ထိုအချိန်တွင် ရွှေရောင်နေမင်းကြီးဟာ ပင်လယ်ရေများထဲ တဝက်နစ်မြှုပ်လာသည်။

ဂျရယ်မိုင်ရာ့လက်တွေက အလိုအလျောက် ခရစ်စတိုဖာ​၏ နီမြန်းနေကာ မျက်ရည်စိုစွတ်နေသောပါးပြင်လေးများဆီ ညင်သာနူးညံ့စွာ ပွတ်သပ်ပေးနေခဲ့သည်။

" ကိုကြီးရဲ့ခရစ်လေးကို အရမ်းသန်မာလာပြီထင်ထားတာ ... ကြည့်စမ်းပါအုံး၊ အခုထိကို မင်းလေးရဲ့နှလုံးသားက ထိရှလွယ်နေတုန်း... ကလေးပေါက်စလေးလို ငိုနေတုန်းပဲ ... "

ဂျရယ်မိုင်ရာ​၏လေယူလေသိမ်းများက ကရုဏာသက်ဝင်နေခဲ့ပြီး နူးညံ့နေခဲ့သည်။

နူးညံ့သိမ်မွေ့သော ဂျရယ်မိုင်ရာ​၏စကားလုံးတိုင်းဟာလည်း ခရစ်စတိုဖာ​၏နှလုံးအိမ်ကို နွေးထွေ့နူးညံ့စေခဲ့သလို ပယင်းမျက်ရည်ကြည်များကိုလည်း စီးဆင်းမှု မြန်စေခဲ့သည်။

မွန်ဒီလည်း ဂျရယ်မိုင်ရာနှင့်ခရစ်စတိုဖာတို့ကို ကြည့်ပြီး ပျော်ရင်း ငိုနေခဲ့သည်။

ကိုတကတော့ ပီတိအပြုံးများဖြင့်သာ  ကြည့်နေခဲ့သည်။

ခရစ်စတိုဖာလည်း သူ့ကိုပွေ့ဖက်ထားသည့် ဂျရယ်မိုင်ရာ​၏လက်မောင်းများထဲမှ ထလာခဲ့သည်။

" ကျွန်တော် တောင်းပန်ပါတယ် "

" မင်းအမှားမှ မဟုတ်ခဲ့တာ bae "

ခရစ်စတိုဖာက မျက်ရည်စမ်းစမ်းဖြင့် တောင်းပန်စကားဆိုခဲ့သည့်အခါ ဂျရယ်မိုင်ရာက ပြုံးပျော်နေခဲ့ပြီး ခရစ်စတိုဖာ​၏လက်နှစ်ဖက်ကို ဆွဲယူခဲ့ပြီး ညင်သာကြည်နူးဖွယ် အနမ်းလေးတစ်ခု ပေးလိုက်ရင်း ...

" ကိုကြီး ... အခုကနေစပြီး ခရစ်လေးရဲ့နှလုံးသားကို အပိုင်သိမ်းလို့ ရပြီမလား "

ဂျရယ်မိုင်ရာက အပြုံးကြီးပြုံးလျက် မေးလိုက်ချိန်မှာ ခရစ်စတိုဖာက မျက်ရည်များကြားကနေ ပြန်ပြုံးပြနေခဲ့သည်။

" ကိုကြီးအပေါ် မိုက်ရိုင်းခဲ့တဲ့ ခရစ်ဆိုတဲ့ကောင်ကို ချစ်နိုင်သေးလို့လား "

ခရစ်စတိုဖာက ရှက်သွေးဖြာသန်းနေသောမျက်နှာပေးဖြင့် ဂျရယ်မိုင်ရာကို မျက်နှာချင်းမဆိုင်နိုင်ခဲ့ဘဲ မျက်နှာလွှဲခဲ့၏။

" ပြောလေ ပြောလိုက်တော့ "

မွန်ဒီက စိတ်မရှည်လာသည့်အတွက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူမက သူတို့ကိုကြည့်နေစဉ် အသည်းယားလာပြီး သူမလက်သည်းများကို ကိုက်ခဲ့ရင်း ကြားဖြတ်ပြော​၏။

" ဟားဟား ... မင်းရဲ့ဆဲသံလေးတွေက ကိုယ့်ကို မင်းမုန်းလို့ပြောခဲ့တဲ့စကားလုံးတွေထက်စာရင် နားဝင်ချိုတဲ့ တယောသံစဉ်လေးတွေလိုပါပဲ "

ဂျရယ်မိုင်ရာ တခစ်ခစ် ရယ်နေခဲ့ကာ သူ့စကားကို ပြန်ဆက်သည်။

" အမြဲတမ်းချစ်နေခဲ့တာပါ ... မင်းရော မင်းကို သမခဲ့တဲ့ ဒီကိုကြီးကို ပြန်ချစ်ပေးနိုင်ပြီလား "

" မေးစရာလိုသေးလို့လား ... "

ခရစ်စတိုဖာက ရှက်သွေးဖြာနေသော နီမြန်းမြန်းမျက်နှာဖြင့် ဂျရယ်မိုင်ရာကို ဖြေလိုက်သည့်အခါ ခရစ်စတိုဖာ​၏ နှုတ်ခမ်းများက ဂျရယ်မိုင်ရာ​၏နှုတ်ခမ်းများမှ အလျင်အမြန် ပိုင်စိုးထားမှုကို ခံလိုက်ရသည်။

ဂျရယ်မိုင်ရာက သူ့ကိုအကြည့်လွှဲခဲ့သော ခရစ်စတိုဖာ၏မျက်နှာနှစ်ဖက်ကို သူ့လက်များဖြင့် အသာအယာကိုင်တွယ်ခဲ့ပြီး ခရစ်စတိုဖာ့နူတ်ခမ်းထက်မှာ ရိုးရှင်းသောအနမ်းတံဆိပ်လေးတစ်ခုကို ရိုက်နှိပ်ပေးခဲ့သည်။

နေလုံးကြီးဟာလည်း ပင်လယ်ရေအောက်များထဲ ဝင်သွားခဲ့ရင်း။

ဤသို့ဖြင့် သူတို့နှစ်ယောက်စလုံးလည်း နောက်ထပ်တစ်ဖန် အလှပဆုံးသောမှတ်ဉာဏ်လေးတစ်ခုကို တစ်ဖန်ပြန်လည် ပိုင်ဆိုင်နိုင်ခဲ့ကြပေတကား... ။

◎ ══════ ❈ ══════ ◎


( မှတ်ချက် ၁ ။ ။ ဂျပန်မှာ Onmyoji (အွန်မျိုးဂျိ) ဆိုတာက Shikigami (ရှီခီဂါမီ) တွေကို စိတ်ကြိုက်ထိန်းချုပ်ပြီး ခိုင်းစားနိုင်တဲ့ မှော်ဆရာတွေပေါ့လေ။ Game တောင်ရှိပါသေးတယ်။

တရုတ်မှာလည်း အဲဒီလိုတွေရှိတာပဲ။

Shikigami က အခိုင်းအစေခံလေးတွေပေါ့။ Chapter 9 - War for Valentine မှာ ဂျရယ်မိုင်ဆင့်ခေါ်ခဲ့တဲ့ အဆင့်၎ သစ္စာခံတပည့်တွေဆိုတာ ဂျပန်လိုဆို Shikigami တွေကို ရည်ညွှန်းတာပါပဲ။ ဂျရယ်မိုင်ရာက သူတို့ရဲ့ သခင် Omyoji ပေါ့။

ဂျရယ်မိုင်ရာ အင်္ဂလန်မှာ ပေါက်ဖွားလာတဲ့ စွမ်းအားကြီးတဲ့ မိစ္ဆာနှိမ်နင်းသူ မှော်ဆရာတစ်ဆူဆိုပေမဲ့ သူကလည်း ယင်နဲ့ယမ်စွမ်းအားကို အသုံးချနိုင်တဲ့သူပါ​ပဲ။ ယင်နဲ့ယမ်စွမ်းအားမှာလည်း လေ့လာစရာအချက်တွေ အများကြီးရှိပါသေးတယ်။

ဒီ IF ထဲက ဘီးဖန်တီးထားတဲ့ ကမ္ဘာက ဂျရယ်မိုင်ရာရဲ့ ယင်ယမ်စွမ်းအားတွေကို ဘီးရဲ့ကိုယ်ပိုင်စိတ်ကူးယဉ်မှုတွေနဲ့အများဆုံး ထည့်ပုံဖော်ရေးသွားမှာပါ။ )

(မှတ်ချက် ၂ ။ ။ မြန်မာစာပေပညာရှင်များရဲ့ ပြဋ္ဌာန်းချက်များအရ " ဦး " က စကားပြေအရေးအသားမှာသုံးပြီး ၊ " အုံး " က စကားပြောအရေးအသားမှာ သုံးကြောင်း ဆရာသမားတစ်ယောက်ရဲ့ သင်ကြားမှုကနေ လေ့လာသိရှိထားပါပြီ။ တော်ကြာနေ " ဦးနဲ့အုံး" မကွဲတဲ့ စာရေးဆရာလို့ မြင်ခံနေရမှာစိုးတယ်။)

Continue Reading

You'll Also Like

226K 11K 57
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
17.3K 2.1K 21
စွမ်းအင်အသီးသီးရှိတဲ့ မြေ၊ရေ၊လေ၊မီး မျိုးနွယ်စုတွေရဲ့ ကမ္ဘာသစ်က တစ်ခု။ ကျောင်းသားဘဝ အချစ်ဇာတ်လမ်းလေးက တစ်ပုဒ်။ ဒီလောက်ပါပဲ။ (Started on_ 17/4/2024) ...
29.1K 460 14
DELULU & GUILT PLEASURE
168K 10.5K 47
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...