B O G(ZSWW)[Complete]

By Kaori_HZar

53.2K 2.9K 78

ရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပ... More

1(U)
1(Z)
2(U)
2(Z)
3(U)
3(Z)
4(U)
4(Z)
5(U)
5(Z)
6(U)
6(Z)
7(U)
7(Z)
8(U)
8(Z)
9(U)
9(Z)
10(U)
10(Z)
11(U)
11(Z)
12(U)
12(Z)
13(U)
13(Z)
14(U)
14(Z)
15(U)
A/N
16(U)
16(Z)
17(U)
17(Z)
18(U)
18(Z)
19(U)
19(Z)
20(U)
20(Z)
21(U)
21(Z)
22(U)
22(Z)
23(U)
23(Z)
24(U)
24(Z)
A/N
25(U)
25(Z)
A/N
26(U)
26(Z)
27(U)
27(Z)
28(U)
28(Z)
29(U)
29(Z)
30(U)(Final)
30(Z)Final
A/N

15(Z)

415 16 0
By Kaori_HZar

"ရိပေါ် ဒီနေ့ companyမှာ ဘုတ်အစည်းအဝေးရှိတယ်....နောက်ပြီး... "

"ရှောင်းး ကျွန်တော် ခနလောက် နားချင်သေးတယ်....."

"ဘယ်နေရာနေလို့မကောင်းလို့လဲ... "

"အဆင်ပြေပါတယ် ဒီအတိုင်း မနေ့ညက များသွားလို့......"

"ဒါဆို ရှောင်း သံပရာရေအေးအေးလေးဖော်လာခဲ့မယ် ခနစောင့်"

ရုံးခန်းအတွင်းကနေ သုတ်သုတ် သုတ်သုတ် ပြေးထွက်သွားတဲ့ရှောင်းကိုကြည့်ရင်း လည်လာတဲ့မျက်ရည်တွေကို အပေါ်မော့လို့ ပြန်သိမ်းလိုက်တယ်။အလိုလိုကိုငိုချင်နေတာ အခုတလော......

ခေါင်းလည်းအနည်းငယ်မူးနေတာ
ကြောင့် စားပွဲပေါ် ခေါင်းတင်မှောက်အိပ်လိုက်သည်။မနေ့ညက တော်တော်ကိုများသွားတာမို့ မနက်ထကတည်းကခေါင်းကမကြည်မလင်.....

"ဝမ်"

ခေါ်သံကြားလို့အနောက်လှည့်ကြည့်တော့ လက်နှစ်ဖက်ကိုဆန့်တန်းကာ မျက်လုံးထဲတွင် ကြင်နာပြီးနူးညံ့သောအရိပ်တွေထင်အောင် နူးနူးညံ့ညံ့ပြုံးပြနေတဲ့ ထိုလူ။

"ဘာလုပ်နေတာလဲ ဝမ် လာလေ"

မသွားသေးဘဲရပ်ကြည့်နေတဲ့ သူ့ကို မှေးဆတ်ပြပြီး ပြောလာတယ်။တုန့်ဆိုင်းမနေတော့ဘဲ
အသည်းပုံနူတ်ခမ်းလေးတွေနဲ့ ပါးမို့မို့လေးများမို့တက်အောင်ပြုံးပြရင်း ပြေးသွားလိုက်သည်။သူဘယ်လောက်လွမ်းနေခဲ့ရတဲ့ ရင်ခွင်မလို့လဲ

ပြေးလေ ဝေးလေ ဖြစ်နေသလို ဘယ်လောက်မှမကွာဝေးသော အနေအထားမှာ ရှောင်းကျန့်ဆီမရောက်နိုင်ဖြစ်နေသည်။

"ဝမ် က ငါ့ကိုမချစ်ဘူးမလား"

"ဟင့်အင်းး မဟုတ်ဘူး.... ငါ..မင်းကို....ချ"

"ငါတောင်းပန်ပါတယ် ငါသိခဲ့သင့်တယ်"

"မဟုတ်ဘူးလို့ ငါမင်းကို.... "

ချစ်တယ်လို့စိတ်ထဲကအကြိမ်ကြိမ်ပြောနေပေမယ့် အာစေးမိသလို ထိုစကားလေးနှစ်လုံးကပါးစပ်ထဲကမထွက်လာ......။

မျက်ရည်တွေဝိုင်းနေတဲ့ရှောင်းကျန့်နားအပြေးသွားနေသော်လည်း ရှောင်းကျန့်ဆီမရောက်နိုင်။တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ မောဟိုက်လာတဲ့ရင်ဘတ်တစ်စုံနဲ့ ခြေထောက်များဟာလည်း အားပင်မရှိတော့ချေ။

ခွေကျချင်နေသောခြေထောက်ကို အနိုင်နိုင်ထိန်းလို့ ဆက်ပြေးတယ်။
-
-
-
-
-
-
-
ဆက်မပြေးနိုင်တော့တဲ့အဆုံး
ခွေကျသွားတော့ မြေပြင်ပေါ်မှာ ပုံ့ပုံ့လေး.....

"အားးးး!!!!!!!!ဘာလို့လဲ ဘာလို့လဲ ဟင့်...... ငါမင်းကို အရမ်းချစ်တာကို~"

တကယ့်ကိုတိုးတိုးမှ တိုးတိုးလေးထွက်သွားသည့်"ငါမင်းကိုအရမ်းးချစ်တာ"ဆိုတဲ့စကားလေးတစ်ခွန်း....

"အဟက်!!!"

လှောင်သံသဲ့သဲ့ကြောင့် အပေါ်မော့ကြည့်တော့ ဟိုတစ်နေ့ကတွေ့တဲ့ ကောင်မလေးရဲ့ပုခုံးကိုဖက်ထားပြီး လှောင်ရယ်ရိပ်သန်းနေသောမျက်နှာဖြင့်.ကြည့်နေတဲ့ရှောင်းကျန့်....

"ရှောင်းကျန့် ~"

လာထူလေမလား လမ်းကမ်းလင့်လိုက်သော်လည်း လှမ်းထားသည့်လက်ကိုရိုက်ဖယ်လို့ ကောင်မလေး၏နဖူးကဆံပင်များကိုသပ်တင်ပေးနေတယ်။နဖူးကိုလည်း ဖွဖွလေးနမ်းပြီး ရိပေါ်ကိုကြည့်လာတယ်။

"ငါတော့ မင်းကိုမချစ်ဘူး"

"မဟုတ်ဘူး"

"ဟုတ်တယ် ဝမ်ရိပေါ် ငါမင်းကို .....မ...ချစ်ဘူး"

"မဟုတ်ဘူး!!!!!"

"နိုးပြီလား ကဲ နိုးပြီဆို ဆွေးနွေးစရာရှိတာလေးတွေ ဆွေးနွေး....."

"ဘာလာလုပ်တာလဲ"

"အလုပ်ကိစ္စအတွက်ဆွေးနွေးစရာရှိတာလာဆွေးနွေးတာလေ"

"ဘယ်တုန်းကလဲ ဘယ်အချိန်ကလည်း"

"အ....."

"တော်! ရှောင်း ကျွန်တော့်ဆီလာခဲ့ဉီး"

စကားပြောစက်ကနေတစ်ဆင့် ရှောင်းကို လှမ်းခေါ်ကာ sofaပေါ်တွင် smartကျကျထိုင်ကာ မျက်ခုံးတစ်ဖက်ပင့်ပြနေသည့်ထိုလူကို မျက်စောင်းထိုးလိုက်တယ်။ အလုပ်စားပွဲပေါ်ကိုအကြည့်ရောက်တော့ သံပရာရည် ခွက်လေးတစ်ခွက်......
အပြုံးမမည်သော အပြုံးလေးတစ်ခုနူတ်ခမ်းမှာဖြစ်ထွန်းတယ်။ရှောင်းကတကယ်သူ့အပေါ်အရမ်းအလိုက်သိတယ်။

အခုမှနိုးခါစမို့ ခေါင်းမကြည်လေတော့ တစ်ခွက်လုံးကိုတစ်စက်မကျန်မော့သောက်ပစ်လိုက်သည်။
ချဉ်ချိုချိုအရသာလေးကပါးစပ်ထဲစွဲသွားသွားပြီးခေါင်းလည်းနည်းနည်းကြည်သွားသလိုပဲ.....
-
-
-
-

တံခါးခေါက်သံနဲ့အတူ ရှောင်းကအခန်းထဲဝင်လာတယ်။သူ့ရှေ့တွင်လာရပ်နေတဲ့ရှောင်းအား
sofaပေါ်မှာထိုင်နေသည့် ရှောင်းကျန့်ကို မျက်စပစ်ပြလိုက်တော့ ရှောင်းကအလိုက်တတိသူ့နားနားကပ်ကာ ရှောင်းကျန့် သူ့အခန်းထဲရောက်နေတဲ့အကြောင်းရင်းကိုပြောပြတယ်။

"အင်း.....သိပြီ"

အလုပ်စားပွဲတွင် ထိုင်နေရာက ထကာ ရှောင်းကျန့်ဆီလျှောက်သွား၍ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ပြီးနောက် ရှောင်းဆီကနေ ဖိုင်တွဲတစ်ခုကိုလက်ဖြန့် တောင်းလိုက်ပြီး
ဖိုင်တွဲတွင် ပါသည့်အကြောင်းအရာတစ်ချို့နဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖတ်လိုက်သည်။

"ကျွန်တော်တို့ ဘက်ကတော့ ဘာမှကန့်ကွက်စရာမရှိပါဘူး Mr.Seanတို့ဘက်ကအဆင်ပြေတယ်ဆို ရပါပြီ "

Sofaနောက်ကိုလက်တစ်ဖက်တင်ကာ ကျောမှီထိုင်နေသော ရှောင်းကျန့်က မျက်ခုံးကိုလက်ညိုးနဲ့တစ်ချက်ကုပ်တယ်။

"အင်းး ကိုယ်တို့ဘက်ကတော့ အကုန်အဆင်ပြေပြီးသားပါ အဲ့တော့ ဒီပူးပေါင်းခြင်းအတွက် ကိုယ်အများကြီးမျှော်လင့်ထားတယ်"

"စိတ်ချပါ Mr.Sean ကျွန်တော်တို့ companyနဲ့ပူးပေါင်းမှုအတွက် စိတ်မပျက်စေရပါဘူး "

"ဒါဆို ကိုယ်တို့ပူးပေါင်းမှုအတွက် ဒီည dinnerအတူတူစားကြတာပေါ့"

"ရှောင်း ဒီညအတွက် အချိန်ဇယား"

"ဒီနေ့ည Vale companyက သမီးနဲ့ dinnerစားဖို့ရှိပါတယ် "

"စိတ်တော့မကောင်းပေမယ့် ဒီနေ့ညကချိန်းးပြီးသားရှိနေတယ်"

"ကိစ္စမရှိပါဘူး အချိန်တွေအများကြီးရှိပါသေးတယ်"

"..."

"ဒါဆို ကိုယ့်ကို ခွင့်ပြုပါဉီး ဝမ်........ရိ.....ပေါ်"

"ကောင်းပါပြီ Mr.Sean"

အချင်းချင်းထကာ လက်ဆွဲနူတ်ဆက်လိုက်ကြသည်။

"ပျော်စရာကောင်းတဲ့ပူးပေါင်းမှုဖြစ်အောင် ကိုယ်အတတ်နိုင်ဆုံးကြိုးစားမှာမို့ ဝမ်ကအသင့်ပြင်ထား"

လက်ကိုဆွဲကာ နားနားကပ်လို့ပြောသွားတဲ့ ထိုစကားတစ်ခွန်းးး။ဝမ္တဲ့....ဘာအဓိပ္ပါယ်လဲ....
ရှောင်းကျန့်ကသူ့ကို ပြန်လက်စားချေချင်တာလား။

ရှောင်းကိုလည်းမျက်ရိပ်မျက်ကဲပြကာ ထွက်သွားခိုင်းလိုက်ပြီး Gusion ပေါ်မျက်လုံးမှိတ်လို့ထိုင်ချလိုက်သည်။ရှောင်းကျန့်ကို အခုမှသိတဲ့ လူတစ်ယောက်လိုဆက်ဆံရတာ တကယ်ပင်ပန်းတယ် ။ဉပမာ -စကားပြောနေတဲ့အချိန်မျက်လုံးချင်းဆုံကြည့်ရတာမျိုးတွေ အကြာကြီးကြည့်မိလို့ ရိပေါ်ရဲ့မျက်ဝန်းတွေထဲကရှောင်းကျန့်ကိုချစ်နေသေးတယ်ဆိုတဲ့အရိပ်တွေကိုမြင်သွားမှာကြောက်လို့ သူကအရင်အကြည့်လွဲရပါသည်။ရှောင်းကျန့်ရဲ့မျက်လုံးတွေက ထောင်ချောက်လိုပဲ ကြာကြာကြည့်မိရင် မထိန်းနိုင်ဘဲ သူချစ်နေသည်ကိုလည်း ဝန်ခံပြောမိမှာစိုးကြောက်တာလည်းပါသည်။

အိမ်မက်အကြောင်းနဲ့ရှောင်းကျန့်ရဲ့စကားများကိုဆက်စပ်တွေးတောရင်း အောင့်လာတဲ့ ဝဲဘက်ရင်အုံ.... ။ဖြစ်နိုင်ရင် ရှောင်းကျန့်နဲ့အရင်ကလို အချိန်မျိုး ပြန်လိုချင်တယ်။အဆိုးဘက်ချည်းတွေးတာမျိုးမဟုတ်တော့ ပိုဆိုးသည်။အဆိုးဘက်တွေးတာနည်းနည်း အကောင်းဘက်တွေးတာများများဖြစ်နေသည့်သူ့စိတ်က ရှောင်းကျန့်ကသူ့ကိုချစ်နေသေးလို့ စိတ်မပြတ်နိုင်သေးလို့ သူ့ဆီပြန်လာချဉ်းကပ်သည်ဟုထင်နေသည်။

ပိုပို အောင့်လာတာကြောင့် ရင်ဘတ်ကိုဖိကာ
အံဆွဲထဲကမသောက်တာကြာနေပြီဖြစ်တဲ့ ဆေးဘူးကိုအမြန်ထုတ်ပြီး ဆေးတစ်လုံးအမြန်မြောချလိုက်တယ်။

"ငါ့အသက်အမှီပြန်လာလို့ မင်းကို ကျေးဇူးတင်ရမလား"

************************************

Continue Reading

You'll Also Like

38K 2.7K 72
ဖတ်ကြည့်နော်😉😉
579K 36.2K 72
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
570K 49.5K 29
Taekook Fanfiction Jeon Kim Own creation
29.6K 4.6K 33
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...