DITOEFV
By myatzon
101K 13K 277
Gameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvil... More
Chapter. 1
Chapter . 2
Chapter .3
Chapter.4
Chapter.5
Chapter.6
Chapter7
Chapter .8
Chapter .9
Chapter .10
Chapter .11
Chapter .12
Chapter.13
Chapter.14
Chapter.15
Chapter.16
Chapter.17
Chapter .18
Chapter .19
Chapter.20
Chapter.21
Chapter.22
Chapter.23
Chapter.24
NU.Chapter.1
NU.Chapter.2
NU.Chapter.3
NU.Chapter.4
NU.CHAPTER.5
NU.Chapter.6
NU.Chapter.7
NU.Chapter.8
NU.Chapter.9
NU.Chapter.10
NU.Chapter.11
NU.Chapter.12
NU.Chapter.13
NU.Chapter.14
NU.Chapter.15
NU.Chapter.16
NU.Chapter.17
NU.Chapter.18
NU.Chapter.19
NU.Chapter.20
NU.Chapter.21
NU.Chapter.22
NU.Chapter.23
NU.Chapter.24
Chapter.25
NU.Chapter.25
Chapter.26(U&Z)
Chapter.27(U&Z)
Chapter.28(U&Z)
Chapter. 29(U&z)
Chapter.30( U & Z)
Chapter.31(U&Z)
Chapter .32(U&Z)
Chapter.33(U&Z)
Chapter.34(U&Z)
Chapter.35(U&Z)
Chapter.36(U&Z)
Chapter.37(U&Z)
Chapter.38(U&Z)
Chapter.39(U&Z)
Chapter.40(U&Z)
Chapter.41(U&Z)
Chapter.42(U&Z)
Chapter.43(U&Z)
Chapter. 44(U&Z)
Chapter.45(U&Z)
Chapter.46(U&Z)
Chapter. 47(U&Z)
Chapter.48(U&Z)
Chapter.49(U&Z)
Chapter.50(U&Z)
Chapter.51(U&Z)
Chapter.52(U&Z)
Chapter.53(U&Z)
Chapter.54(U&Z)
Chapter.55(U&Z)
Chapter.56(U&Z)
Chapter.57(U&Z)
Chapter.58(U&Z)
Chapter.59(U&Z)
Chapter.60(U&Z)
Chapter.62(U&Z)
Chapter.63(U&Z)
Chapter.64(U&Z)
Chapter.65(U&Z)
Chapter.66(U&Z)
Chapter.67(U&Z)
Chapter.68(U&Z)
Not Update
Chapter.69(U&Z)
Chapter.70(U&Z)
Chapter.71(U&Z)
Chapter.72
Chapter.73(U&Z)
Chapter.74(U&Z)
Chapter.75(U&Z)
Chapter.76(U&Z)
Chapter.77(U&Z)
Chapter.78(U&Z)
Chapter.79(U&Z)
Chapter.80(U&Z)
Update💛
Chapter.61(U&Z)
763 145 8
By myatzon
Unicode.
' ဘာကြီးလဲ '
ရုတ်တရက်ပေါ်လာတဲ့အဖြူရောင်ကားချပ်ကြောင့် အ့ံအားသင့်သွားရတယ်၊
ငါကNormal Moodမှာအမဲလိုက်ပြိုင်ပွဲကို မတက်ရောက်ခဲ့ရတာမလို့ ဒီမစ်ရှင်နဲ့ပတ်သတ်ပြီး တွေးထားတာမရှိဘူး၊
ငါစဥ်းစားတွေးတောနေတုန်း အဖြူရောင်ကားချပ်ပေါ်မှာ စာလုံးတွေထပ်တိုးလာခဲ့တယ်၊
အဲ့တာကအဓိကလုပ်ဆောက်ချက်ဖြစ်နေတာကြောင့် ၅မိနစ်အတွင်းအလိုအလျောက် လက်ခံပြီးသားဖြစ်သွားလိမ့်မယ်၊
5
4
3
ခပ်မြန်မြန်ကျဆင်းလာတဲ့ နံပါတ်စဥ်ရေတွက်မှုကြောင့် ငါထပ်မတွေးတော့ပဲ ငြင်းပယ်တဲ့ခလုတ်ကိုနှိပ်လိုက်တယ်၊
အဖြူရောင်ကားချက်က ချက်ချင်းပျောက်ကွယ်သွားခဲ့တယ်၊အဲ့ဒီ့အစား ...
" မတွေ့တာကြာပြီနော် မင်းသမီး... "
အနီရောင်မျက်ဝန်းတွေက နေရာယူလာခဲ့တယ်၊
' အရူး '
ငါအလိုလိုအော်ဟစ်လုနီးပါးဖြစ်သွားတာကို မျိုသိပ်ထားနိုင်လိုက်တယ်၊
' ဒီကမ္ဘာမှာ ဘယ်နေရာများ '
ငါအိမ်ရှေ့စံဆီက အကြည့်လွှဲပြီး systemကိုစစ်ဆေးနေတာအချိန်ခဏလေးပဲရှိသေးတယ်၊
သူကအရိပ်ယောင်တောင်မပြပဲ ရောက်လာခဲ့တယ်၊
အိမ်ရှေ့စံက သူ့ရဲ့ကိုယ်တစ်ပိုင်းကိုမှီရင်း စားပွဲမှာလက်တွေထောက်ထားပြီး သူ့ရဲ့သားကောင်ကိုကြည့်နေတဲ့ လူမဆန်တဲ့အကြည့်တွေနဲ့အတူ ငါ့ကိုပြုံးပြနေခဲ့တယ်၊
ဖြူဖွေးနေတဲ့သွားတန်းတွေက အနီရောင်နှုတ်ခမ်းကြားကနေ ထွက်ပေါ်နေခဲ့တယ်၊
ဒီမြင်ကွင်းက ပိုကြောက်ဖို့ကောင်းနေပြီး ငါ့ကိုမွန်းကြပ်လာစေတယ်၊
'' ကျမ....အင်ပါယာရဲ့နေမင်းငယ်နဲ့တွေ့ဆုံပါတယ် ''
ငါ့ရဲ့တုန်ယင်နေတဲ့အသံကို ဖျစ်ညှစ်ပြီးထုတ်လိုက်တယ်၊
''မင်းရဲ့မျက်နှာလေးကို တွေ့ဖို့ခက်တာပဲ ''
'' ...... ''
'' ဒီအ​ေတာအတွင်း မင်းကိုနေမကောင်းဖြစ်အောင်လုပ်တဲ့ သံအဆိပ်ကရော...မင်းအခုနေလို့ကောင်းသွားပြီလား... ''
ငါ့ရဲ့နှုတ်ခွန်းဆက်တာကို လက်ခံမဲ့အစား သူကတခြားဟာကိုပြောနေခဲ့တယ်၊အသံက လှောင်ပြောင်နေသလိုပဲ၊
ငါသူ့ဆီက ဓားချက်ကိုရပြီးတဲ့နောက် ငါရက်အတော်များများကြာအောင် ခံစားခဲ့ရတယ်ဆိုတာအမှန်ပဲ၊
ငါအဆင်ပြေမနေတာကြောင့် သူ့ကိုပစ်လိုက်ချင်ပေမဲ့လည်း ငါ့ဘဝလေးကအဖိုးတန်တယ်လို့ထင်မိတဲ့အနေထားမျိုးမှာရှိနေတယ်လေ၊
'' အရှင့်ရဲ့အာရုံစိုက်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်၊ ကျမလုံးဝပြန်ကောင်း​ေနပါပြီ ''
ငါ့ရဲ့အဖြေက အိမ်ရှေ့စံရဲ့နှုတ်ခမ်းထောင့်တွေကို အရူးအမူးပင့်တက်သွားစေတယ်၊
အဲ့နောက်အိမ်ရှေ့စံက ဟိုလိုလိုစကားတွေကိုပြောလိုက်တယ်၊
'' တကယ်လို့ မင်းသာကိုယ်တော့်ကိုလာတွေ့ဖို့ပြောခဲ့ရင် ကိုယ်တော် အရာအားလုံးကိုချန်ထားခဲ့ပြီးပြေးလာခဲ့မှာကို... ''
'' ....... ''
'' ကိုယ်တော်ကရက်အတော်ကြာစောင့်ဆိုင်းခဲ့ပေမဲ့ မင်းဆီကဘာမှပြန်မကြားခဲ့ရဘူးလေ "
'' ဘာ...ဘာကို...ဘာတွေ...  ''
ရှင်ဒီလိုသောက်ကျိုးနည်းအရာတွေကို ဘယ်လိုများ
လုပ်လာရတာလဲ၊
ငါပျာပျာသလဲခေါင်းခါလိုက်ပြီး ပုံမှန်မဟုတ်တဲ့အသံနဲ့အော်မိလိုက်တယ်၊
'' အင်ပါယာက မရှိမဖြစ်လိုအပ်နေတဲ့အိမ်ရှေ့စံကို ကျမဆီလာတွေ့ဖို့ ဘယ်လိုများပြောဝ့ံပါ့မလဲ၊ကျမတကယ့်ကိုအဆင်ပြေပါတယ်၊အရှင့်သား...တကယ်ပါ .... ''
'' ဒါကစိတ်မကောင်းစရာပဲ၊ကိုယ်တော်က အနာဂတ်မှာ ကိုယ်တော်တို့နှစ်ဦးချစ်သူတွေဖြစ်သွားရင် ဒီလောက်တော့သဘောပေါက်ပြီး လုပ်နိုင်မယ်လို့တွေးထားတာ... ''
'' ရှင် .... "
ဒီအချိန်မှာ ငါသတိလစ်သလိုဖြစ်သွားမယ်ဆိုတာသဘောပေါက်လိုက်တယ်၊
သောက်ကျိုးနည်း သူဘာကိုပြောနေတာလဲ...
အပြုံးတွေနဲ့ငါ့မျက်နှာကိုဘေးချိတ်ပြီး ငါ့ရဲ့တုန်ယင်​​ေနတဲ့နှုတ်ခမ်းတွေဖွင့်တယ်ဆိုရုံလေး မေးလိုက်တယ်...
'' ဘယ်သူ...နဲ့ ဘယ်သူ... ''
'' သေချာပေါက် မင်းနဲ့ကိုယ်တော်နဲ့ပေါ့
မင်းသမီးလေးရဲ့.... ''
ဂျိမ်း~~~စိတ်ခြောက်ခြားစေတဲ့ မိုးခြိမ်းသံတစ်ခုကို ငါ့နားထဲမှာကြားလိုက်ရတယ်၊
ချောင်ပိတ်ရိုက်နေတဲ့ အိမ်ရှေ့စံက သူ့ရဲ့ကိုယ်အပေါ်ပိုင်းကိုကြွလိုက်ပြီးနောက် စားပွဲတစ်ဝိုက်ကိုလမိးလျှောက်လာခဲ့တယ်၊
ပြီးတော့ သူက Derrickထိုင်ခဲ့တဲ့နေရာမှာ တုန့်ဆုတ်မနေဘဲ ဝင်ထိုင်လိုက်တယ်၊
ငါအေးခဲတောင့်တင်းသွားတယ်၊
သူက သူ့ရဲ့မေးရိုးတန်းတန်းတွေနဲ့ ငါ့ကိုစိုက်ကြည့်နေခဲ့တယ်၊
'' ကိုယ်တော်နဲ့ မင်းရဲ့ကတိကိုခုထိမမေ့သေးဘူးမလား...မင်းသမီး... ''
'' ဘာကို... ''
'' နောက်တစ်ကြိမ်တွေ့ကြတဲ့အခါ သေချာပေါက် မင်းကိုယ်တော့်ကိုဘာကြောင့်ဘယ်လို သဘောကျသွားရတယ်ဆိုတာကိုအသေးစိတ်ရှင်းပြမယ်လို့ ...  ''
အဆုံးမှာတော့ သူကငါ့ကိုလွှတ်ပေးလိုက်တုန်းက သူပြောခဲ့တဲ့စကားတွေအားလုံးကို ရွတ်ပြသွားခဲ့တယ်၊
'' အဖြေကို ကျိန်းသေပေါက်ပြင်ဆင်လာခဲ့တယ်၊ဟုတ်တယ်မလား... ''
'' ..... ''
'' လာပါ..ပြောပါဦး... ''
အိမ်ရှေ့စံကခေါင်းညိတ်လိုက်ပြီး ဖြေရှင်းချက်ကိုပြောဖို့နှိုးဆော်လိုက်တယ်၊
တစ်ချိန်တည်းမှာပဲ တောက်ပလွန်းတဲ့ရွှေရောင်ဆံနွယ်တွေရဲ့အပေါ်က စပြီးလင်းလက်လာခဲ့တယ်၊
[ Interest.3% ]
အဲ့တာက3%ထဲ
တကယ်လို့သင်သာဆိုးသွမ်းခဲ့မယ်ဆိုရင် သူကသူ့ရဲ့လက်စွဲတော်နဲ့ သင့်ကိုခုတ်ပိုင်းလိမ့်မယ် ပြီးတော့
ဂိမ်းကသင့်ကိုဝန်ပိစေလိမ့်မယ်၊
ငါ့မျက်လုံးတွေက နေရောင်ထဲရောက်သွားသလို ဖြူဖွေးသွားတယ်လို့ခံစားလိုက်ရတယ်၊
" အဲ့တာ...အဲ့တာ...အဲ့တာက... ''
'' ဘာမှရှက်နေစရာမလိုဘူး အဲ့တာကြောင့်
ကိုယ်တော့်ကိုလွတ်လွတ်လပ်လပ်ရင်ဖွင့်လို့ရပါတယ်၊ဘာလို့ဆို ဒီနားမှာဘယ်ကြွက်မှရှိမနေဘူးလေ... ''
သူပြောသလိုပဲ စားပွဲရဲ့တစ်မီတာဝန်းကျင်မှာ ဘယ်သူမှရှိမနေခဲ့ဘူး၊
အားလုံးကဝေးဝေးကနေ အင်ပါယာရဲ့အကြီးဆုံးသားနဲ့ Dukeရဲ့ခွေးရူးတို့ တွေ့ဆုံမှုကိုကြည့်ပြီး စိတ်လှုပ်ရှားနေကြတယ်၊
'' ကိုယ်တော့်ကိုပြောပါ မြန်မြန်လေး... ''
အိမ်ရှေ့စံကတစ်ခါထပ်ပြီး အလောတကြီးပြောလာခဲ့တယ်၊
'' အဲ့တာ...အဲ့တာက... ''
ပြောရမဲ့စကားတွေကို အသည်းသန်ဖျစ်ညှစ်နေရင်း အတွင်းကနေသွေးမျက်ရည်တွေစီးကျလာသလိုပဲ
' သေရမှာကြောက်လို့ဆိုရင်တောင် ဘာလို့ဒီလိုအဓိပ္ပါယ်မရှိတာတွေကိုပြောခဲ့မိရတာလဲဟာ... '
ငါအဲ့တာကိုဘယ်လောက်ပဲစဥ်းစားစဥ်းစား ဘာပြောရမလဲဆိုတာကို မတွေးနိုင်ခဲ့ဘူး၊
ငါသူနဲ့ပက်ပင်းတိုးတာ နှစ်ခါပဲရှိသေးတာ၊
ပြီးတော့လဲ သူ့မှာကောင်းကွက်ဆိုလို့ ထင်ပေါ်လွန်းတဲ့ဆံပင်တွေပဲရှိတာ ပြီးတော့ လူတွေကသူတို့ရဲ့မျက်လုံးတွေဆေးကြောပြီးတဲ့နောက်မှာ အဲ့ကိုမြင်တောင်မြင်တော့တာမဟုတ်ဘူး၊
'' မင်းသမီး... ''
အိမိရှေ့စံက ထပ်ခေါ်ပြန်တယ်၊
'' ကျ...ကျမ...ကျမတောင်းပန်ပါတယ်...  ''
ငါ့ရဲ့မျက်လုံးတွေကို အတင်းပိတ်လိုက်တယ်၊
အာ...ငါမသိတော့ဘူး....
'' ကျမ အိမ်ရှေ့စံကိုမကြိုက်တော့ဘူး... ''
'' ဘာ... ''
အိမ်ရှေ့စံရဲ့မျက်ခုံးတွေက ပင့်တက်သွားတယ်၊
သူဓားကိုဆွဲထုတ်လိုက်မှာကိုကြောက်တယ်၊
သေနတ်သံလို မိုးချိန်းသံလိုမြည်ဟီးနေခဲ့တယ်
'' အခြေတည်နေတဲ့အချစ်ကို ခေါက်သိမ်းထားလိုက်တာက တခြားတစ်ယောက်ကိုလောကဝတ်ပြုတာပဲဆိုတာကို အစောပိုင်းက ကျမသဘောပေါက်ခဲ့တယ်... ''
" ... "
'' ကျမရဲ့တစ်ဖက်သတ်ခံစားချက်တွေနဲ့ အရှင့်ကိုဒက္ခပေးခဲ့မိလို့တောင်းပန်ပါတယ် အရှင့်သား၊ကျမရဲ့ပတ်ဝန်းကျင်အတွက် ပိုပြီးလက်တွေ့ကျတဲ့သူကိုပဲရှာဖွေပါတော့မယ်... ''
ငါ့ရဲ့ခေါင်းထဲမှာ ငါလုံးဝတိုက်ခိုက်ခံရမှာကိုကြောက်ရံွ့နေခဲ့တယ်၊
'' အဲ့တာကြောင့် ကျမတောင်းပန်ပါတယ်၊ကျမတောင်းပန်ပါတယ်...''
အဲ့လိုအရာမျိုးကို ဗလုံးဗထွေးပြောနေခဲ့တယ်၊
ငါ့ရဲ့တင်ပြချက်က အတော်လေးအောင်မြင်ပြီးတုန့်ဆိုင်းခြင်းမရှိပဲ ပြီးဆုံးသွားခဲ့တယ်၊
' အဲ့တာကိုလူတိုင်းကြားမယ်ဆိုတာသေချာတယ် '
ငါစကားပြောနေတုန်း အကျယ်ကြီးအော်ငိုခဲ့တယ်၊
ပုံမှန်လိုပဲ အချစ်ကပြောင်းလဲနေတယ်၊
ဘယ်လောက်ပဲ အိမ်ရှေ့စံကသောင်းကျန်းတတ်သူဖြစ်ပါစေဦး မျိုးရိုးမြင့်တွေအများကြီးရှေ့မှာတောင်းပန်နေတဲ့ မင်းသမီးလေးကို ဘယ်လိုလုပ်သတ်နိုင်မှာလဲ၊
ဂိမ်းကဘယ်လောက်ပဲ အခြေမြစ်မရှိတဲ့ဂိမ်းဖြစ်နေဦးတော့ အရူးတစ်ယောက်လိုမျိုး ဒီလိုအရာတွေကိုသူလုပ်နိုင်မှာလဲ၊
ဒါပေမဲ့ အဲ့တာက ငါသက်သက်အထင်လွဲနေတာပဲ
'' ဟား... "
အခ​ျိန်အတော်ကြာအောင် ဘာစကားမှမပြောပဲငါ့စကားတွေကို ပြန်တွေးနေတဲ့အိမ်ရှေ့စံက လွှတ်ခနဲရယ်မောလိုက်တယ်၊
'' မင်းမှာနောက်တစ်ယောက်ရှိနေတာလား ''
'' ရှင် ''
'' အဲ့ခွေးကောင် ကဘယ်သူလဲ ''
ချွင်~~~
အိမ်ရှေ့စံကရုတ်တရက် နေရာကနေထရပ်လိုက်ပြီး သူ့ခါးမှာချိတ်ဆွဲထားတဲ့ ဓားကိုဆွဲထုတ်လိုက်တယ်၊
အမဲလိုက်ပြိုင်ပွဲမှာ တိုက်ခိုက်ဖို့ဓားကိုယူလာတဲ့သူက တကယ့်အရူးပဲ၊
'' ဒီတစ်ကြိမ်တော့ မင်းဂယောင်ဂတမ်းချီးမွှမ်းတဲ့​
လေသံနဲ့ပြောနေတဲ့ ခွေးကောင်ရဲ့နာမည်ကိုပြောစမ်း... ''
အနီရောင်မျက်ဝန်းတွေကငါ့ကိုစိုက်ကြည့်နေခဲ့တယ်၊
ဲဓားကအချိန်မရွေးငါ့ကိုချိန်ရွယ်နိုင်ပြီး အဲ့တာနဲ့ထိပ်ဖျားမှာထိပ်လန့်ခြောက်ခြားဖွယ်ဥပမာတွေရှိနေခဲ့တယ်၊
' သောက်-ျီးလို ဂိမ်းကဘာဖြစ်ရပြန်တာလဲ '
ငါငိုမိတော့မယ်၊
'' ကိုယ်တော်ကအများကြီးစိတ်မရှည်ဘူးနော်  ''
'' ..... ''
'' အဲ့တာကြောင့် မြန်မြန်ဖြေတာပိုကောင်းလိမ့်မယ် ''
'' အိုး...ကျမမှာအခုထိတွဲရမဲ့သူမရှိသေး... ''
ငါအင်တင်တင်နဲ့ပြန်ဖြေလိုက်တယ်၊ချွေးတွေလည်းပြန်နေပြီ၊
[ Interest.4% ]
Interest?.1%တိုးလာတာကြောင့် အဲ့တာကအဖြေကောင်းလို့ထင်တယ်၊ဒါပေမဲ့ ငါအများကြီးမပျော်လိုက်ဘူး၊
သူ့ရဲ့ခေါင်းပေါ်ကနဲ့မတူဘဲ အိမ်ရှေ့စံရဲ့မျက်ခုံးတွေက မကောင်းဆိုးဝါးလိုတွန့်ချိုးနေခဲ့တယ်၊
'' မင်းသမီးပြောတဲ့အချစ်ဆိုတာလား၊ပေါ့ပျက်ပျက်နဲ့အရမ်းလွယ်ကူနေတာ ''
'' ဟုတ် ''
ထပ်ပြီးအဖမ်းခံရမှာကြောက်တာကြောင့် ငါအမြန်ဖြေလိုက်တယ်၊
'' ကျမကအချစ်မှာမြန်မြန်ကျရှုံးတတ်တယ်... ''
'' အဲ့အသံက အင်ပါယာထဲမှာ ကိုယ်တော့်ထက်ပိုကောင်းတဲ့သူရှိနေသေးတဲ့ပုံပဲ ''
'' အာ... ''
အဲ့တာအမှန်ပဲ ရှင်ကလွဲပြီးအကုန်လုံးကကောင်းကြတယ်၊
ဒါပေမဲ့တချို့သောအကြောင်းပြချက်တွေကြောင့် တကယ်လို့ငါသာအဲ့လိုပြန်ဖြေလိုက်ရင် ပြသနာအကြီးကျယ်တက်သွားနိုင်တယ်၊
ငါသူ့ရဲ့ခေါင်းပေါ်ကိုကျော်ကြည့်ရင်း ဘာမှမပြောနိုင်ခဲ့ဘူး၊အိမ်ရှေ့စံက ငါ့ရဲ့ရင်ဘတ်ကိုပူထူစေတယ်၊
သူကဓားကိုင်ထားတဲ့လက်နဲ့...
'' ဒါကအရမ်းလွန်တယ် မင်းသမီး၊ဒီရက်ပိုင်းတွေမှာ ကိုယ်တော်ကမင်းကိုရှာနေခဲ့တာ ညတိုင်းမအိပ်ပဲ၊ ''
သူ့ရဲ့မျက်နှာကိုထိမိတော့မလိုမျိုး ဓားရှည်ကအန္တရာယ်ရှိနေတယ်၊
အရူးတစ်ယောက်လိုသူ့ကို ငေးကြည့်နေမိတဲ့အချိန်လောက်မှာပဲ၊
'' အခု...ဘာလုပ်နေတာပါလဲ...အရှင့်သား... ''
တစ်စုံတစ်ယောက်က ကယ်တင်ရှင်လိုပေါ်ထွက်လာခဲ့တယ်၊
'' အကို...အကိုကြီး... ''
ထွက်သွားတဲ့ဒိုင်းကာတစ်ခုက အေးစက်စက်ပြန်ရောက်လာခဲ့တယ်၊
ဒီလမ်းအတိုင်းလျှောက်လာတဲ့ Derrickနောက်မှာရောင်စဥ်တွေမြင်နေရသလိုပဲ
' ဘာလို့စောစောမလာတာလဲဟာ '
ငါ့စိတ်ထဲမှာငိုယိုရေရွတ်လိုက်ပြီး Derrickရဲ့နောက်ကိုဝင်ပုန်းလိုက်တယ်၊
'' အိုး...ဒါကမြို့စားလေးမဟုတ်လား ''
ငါ့ကိုယ်ငါထူးဆန်းသလို စိုက်ကြည့်ဖို့ကြိုးစားလိုက်ပေမဲ့ မသိချင်ယောင်သာဆောင်နေလိုက်တယ်၊
Derrickက အိမ်ရှေ့စံကိုမထင်မှတ်ပဲ ရန်လိုနေခဲ့တယ်၊
'' ဘာလုပ်တာလဲလို့မေးနေတာပါ အရှင့်သား... ''
'' ကိုယ်တော်က မင်းရဲ့ညီမနဲ့ရင်းရင်းနှီးနှီးစကားပြောနေတာ ''
'' ဓားထုတ်ပြီးတော့လား ''
'' ​ေဩာ် ဒါလား... ''
အိမ်ရှေ့စံက သူထုတ်ထားတဲ့ ဓားကိုစောင်းကြည့်ပြီးပြုံးလိုက်တယ်၊
'' ဘာမှမဟုတ်ပါဘူး ဒါကတောအုပ်နဲ့နီးနေတာကြောင့်ဖြစ်မယ်၊ဒါပေမဲ့ အင်းစက်တွေကအနားမှာတဝီဝီလုပ်နေလို့လေ... ''
အဲ့နောက် သူကခြင်တွေကိုဖမ်းနေသလိုမျိုး ဓားကိုတစ်ခါနှစ်ခါလောက်လွှဲလိုက်ပြီး ဓားအိမ်ထဲမှာပြန်ထည့်လိုက်တယ်၊
တကယ်လို့သင်သာအဝေးကကြည့်နေရင် သူ့ရဲ့လှုပ်ရှားမှုတွေကအမိုက်စားပြကွက်တွေလိုဘဲ ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ သူကအရူးသာသာပဲ
'' Penelope ကအရှင့်ကိုမလေးမစားလုပ်မိလို့လား ''
ငါတစ်ယောက်တည်းအဲ့လိုတွေးခဲ့တဲ့သူမဟုတ်ဘူးပဲ အဲ့လိုဆိုပေမဲ့လည်း Derrickက သူ့ကိုအေးစက်စက်ကြည့်ပြီးမေးလိုက်တယ်၊
'' ဟုတ်သားပဲ ''
အိမ်ရှေ့စံရဲ့မေးဖျားတွေကမချိတင်ကဲ ဖြစ်နေပုံပေါ်နေပြီး အဲ့နောက်မှာတော့ သူကလက်ခုပ်တီးလိုက်ပြီး စကားစမြည်ပြောလိုက်တယ်၊
'' အမှန်ပဲ...သူမက အတော်ကြီးမားတဲ့ရိုင်းပြမှုမျိုးလုပ်ခဲ့တယ်  ''
------------------------------
THE END.😇
update လုပ်တာစောသွားလို့ စိတ်မရှိပါနဲ့နော်၊
ကိုအရမ်းတွေတင်ချင်နေလို့ပါ😁
____________________________________________
Zawgyi.
' ဘာႀကီးလဲ '
ရုတ်တရက်ပေါ်လာတဲ့အဖြူရောင်ကားချပ်ကြောင့် အံ့အားသင့်သွားရတယ်၊
5
4
3
' အရူး '
'' ...... ''
'' ဒီအတောအတှငျး မင်းကိုနေမကောင်းဖြစ်အောင်လုပ်တဲ့ သံအဆိပ်ကရော...မင်းအခုနေလို့ကောင်းသွားပြီလား... ''
'' အရှင့်ရဲ့အာရုံစိုက်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်၊ ကျမလုံးဝပြန်ကောင်းနေပါပွီ ''
'' ....... ''
'' ဘာ...ဘာကို...ဘာတွေ... ''
လုပ်လာရတာလဲ၊
'' အင်ပါယာက မရှိမဖြစ်လိုအပ်နေတဲ့အိမ်ရှေ့စံကို ကျမဆီလာတွေ့ဖို့ ဘယ်လိုများပြောဝံ့ပါ့မလဲ၊ကျမတကယ့်ကိုအဆင်ပြေပါတယ်၊အရှင့်သား...တကယ်ပါ .... ''
'' ရှင် .... "
'' ဘယ်သူ...နဲ့ ဘယ်သူ... ''
မင်းသမီးလေးရဲ့.... ''
'' ဘာကို... ''
'' ..... ''
'' လာပါ..ပြောပါဦး... ''
[ Interest.3% ]
အဲ့တာက3%ထဲ
" အဲ့တာ...အဲ့တာ...အဲ့တာက... ''
'' အဲ့တာ...အဲ့တာက... ''
'' မင်းသမီး... ''
အာ...ငါမသိတော့ဘူး....
'' ဘာ... ''
" ... "
ငါ့ရဲ့ခေါင်းထဲမှာ ငါလုံးဝတိုက်ခိုက်ခံရမှာကိုကြောက်ရွံ့နေခဲ့တယ်၊
'' ဟား... "
'' ရှင် ''
ချွင်~~~
' သောက်-ြီးလို ဂိမ်းကဘာဖြစ်ရပြန်တာလဲ '
ငါငိုမိတော့မယ်၊
'' ..... ''
[ Interest.4% ]
'' ဟုတ် ''
'' အာ... ''
'' အကို...အကိုကြီး... ''
'' ဓားထုတ်ပြီးတော့လား ''
'' ဩျော ဒါလား... ''
'' ဟုတ်သားပဲ ''
------------------------------
THE END.😇
Continue Reading
You'll Also Like
356K 35.9K 110
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
422K 22.2K 49
212K 21.4K 70
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...