ဖြူလွှနှင်းဆီချစ်၏ သို့သော်...

By putulay9999

5.2K 463 106

မြင့်မြတ်တဲ့ ယောကျာ်းလေးဖြစ်နေပင်မဲ့ လည်း မိန်းမသားဘဝကိုသာမက်မောသော တိုး နှင်းဆီဖြူတွေကို မက်မက်မောမောချစ်တတ်... More

အပိုင်း ၁ (Z/U)
အပိုင်း ၂ (Z/U)
အပိုင်း ၃(Z/U)
အပိုင်း ၄ (Z/U)
အပိုင်း ၅ (Z/U)
အပိုင်း ၆ (Z/U)
အပိုင်း ၇ (Z /U)
အပိုင်း ၈ (U/Z)
အပိုင်း ၉ (Z/U)
စာရေးသူရဲ့ရင်ဖွင့်ချက်
အပိုင်း ၁၀ (Z/U)
အပိုင်း ၁၁ (Z/U)
အပိုင်း ၁၂ (Z/U)
အပိုင်း ၁၃ (Z/U)
အပိုင်း ၁၄ (Z/U)
အပိုင်း ၁၅ (Z/U)
အပိုင်း ၁၇ (Z/U)
အပိုင်း ၁၈ (Z/U)
အပိုင်း ၁၉ (Z/U)
အပိုင်း ၂၀ (Z/U)

အပိုင်း ၁၆ (Z/U)

154 16 2
By putulay9999

Zawgyi

တိုးတစ္ေယာက္ ေဆးရံုလူနာခန္းထဲတြင္ ျပန္လည္ႏိုးထလာျပန္သည္။တိုးမ်က္လံုးပြင့္လာသည္ႏွင့္ ေဝယံႏွင့္ေသြးက အနားေရာက္လာကာေမးၾကေလသည္။

"မမတိုး အဆင္ေျပလား"

"အန္တီတိုး အဆင္ေျပလား"

ထိုအခ်ိန္တြင္ ဆရာမေလးတစ္ေယာက္က အခန္းထဲဝင္လာေလသည္။ေဝယံက ထိုဆရာမေလးကိုေတြ့ေတာ့အံ့ၾသသြားၿပီး ႏႈတ္ဆက္လိုက္ေလသည္။

"မမႏွင္းသဇင္ပါလား"

ႏွင္းကလည္း ေဝယံ့ကိုေတြ့ေတာ့ေပ်ာ္သြားၿပီးျပန္ႏႈတ္ဆက္လိုက္ေလသည္။

"မင္းပါလား အဲ့ေၾကာင့္ ဒီလူနာနာမည္ ၾကားဖူးေနတယ္လို႔ မ ေတြးေနတာကို မင္းအစ္မျဖစ္ေနတာေပါ့"

ေဝယံက ေခါင္းညိတ္ျပၿပီးေနာက္ ႏွင္းသဇင္ကိုၾကည့္ရင္း ေတာင္းဆိုသလိုေျပာလာေလသည္။

"မမ မမတိုးကိုၾကည့္ေပးပါအံုး"

ထိုအခါ ႏွင္းက တိုးနားသြားၿပီး ၿပံဳးကာ ေျပာလိုက္ေလသည္။

"စိတ္ခ်ပါ မ ေသခ်ာစစ္ၾကည့္ေပးပါမယ္"

ထို႔ေနာက္ တိုးကို လိုအပ္တဲ့ေနရာေတြစမ္းၾကည့္ၿပီးေနာက္ေျပာလာေလသည္။

"လူနာက အားနည္းေနတဲ့အခ်ိန္ လႈပ္လႈပ္ရွားရွား လုပ္မိလို႔ပါ ေသြးအမ်ားႀကီးထုတ္ထားၿပီးတဲ့အခ်ိန္ဆို ဘာမွမလုပ္ပဲ အိပ္ယာထဲမွာပဲ အနားယူတာအေကာင္းဆံုးပဲ အဲ့လိုအားနည္းေနတဲ့အခ်ိန္တြင္း လႈပ္ရွားမိလို႔ တစ္ခါတေလ ေရွာ့ျဖစ္ၿပီး စိုးရိမ္ရတတ္တယ္ အဲ့ေၾကာင့္ စိတ္ကိုအနားေပးၿပီး အားျပန္ျပည့္ေအာင္အနားယူတာ အေကာင္းဆံုးပဲ"

ႏွင္းက ထိုသို႔ေျပာလိုက္တဲ့အခါ တိုးကလည္း သူ႔အျပစ္နဲ႔သူဆိုေတာ့ အသံတိတ္ၿပီးေခါင္းသာ ညိတ္ျပလိုက္ေလသည္။ထိုေနာက္တစ္ခုခုကို သတိရသြားသလိုနဲ႔ႏွင္းကိုၾကည့္ကာ ေမးလိုက္ေလသည္။

"ဒါနဲ႔ ႏွင္း မဟုတ္ ဆရာမ ေမာင့္အေျခအေန မဟုတ္ပါဘူး သတို႔မေဟာ္အေျခအေနဘယ္လိုရိွလဲဟင္"

ထိုအခါ ႏွင္းက အလြန္စိုးရိမ္ေနပံုေပါက္ေသာ တိုးကိုၾကည့္ကာ ေျပာလာေလသည္။

"ႏွင္းလို႔ပဲ ေခၚလို႔အဆင္ေျပပါတယ္ ကိုမေဟာ္က မေန့ညက တိုးေမေမ်ာေနတဲ့အခ်ိန္မွာ ပံုမွန္အခန္းကိုေျပာင္းလိုက္ၿပီ ဒါမဲ့ေအာက္စီဂ်င္ေတာ့ေပးထားရတုန္းပဲ အသက္အႏၲရာယ္ကေန လႊတ္ေျမာက္သြားၿပီ ဆိုပင္မဲ့လည္း ျပန္သတိရလာဖို႔ကေတာ့ လူနာ့အေပၚမူတည္ေနတယ္ တကယ္လို႔မႏိုးလာႏိုင္ဘူးဆိုရင္ ကိုမာျဖစ္ဖို႔က မ်ားေနတယ္ အဲ့တာဆို တစ္ႏွစ္ ႏွစ္ႏွစ္ အတြင္းႏိုးလာဖို႔ကမေသခ်ာဘူးရွင့္ အဲ့ေၾကာင့္ လူနာ့အေပၚမူတည္ေနပါတယ္ တအားႀကီးေတာ့မစိုးရိမ္ပါနဲ႔ ေဆးပညာအျပင္ဘက္က ၾကည့္ရင္ တကယ္လို႔လူနာ့ နားမွာ တစ္ေယာက္ေယာက္က ရိွေနေပးၿပီး စကားေျပာေပးတာတို႔အေဖာ္လုပ္ေပးတာတို႔ဆို လူနာက ျပန္ႏိုးလာရင္ႏိုးလာတတ္တယ္ သူ႔အတြက္အေရးႀကီးတဲ့ လူတစ္ေယာက္ပဲျဖစ္ျဖစ္ေပါ့ေနာ္ ကံအေပၚမူတည္ပါတယ္"

တိုးက ႏွင္းစကားကိုၾကားေတာ့ မ်က္ရည္ေတြ က်လာၿပီး ေျပာလာေလသည္။

"အဲ့တာတိုးေၾကာင့္ပါ တိုးေၾကာင့္ျဖစ္ရတာ တကယ္လို႔တိုးသာ ကတိမေပးျဖစ္ခဲ့ရင္ ေမာင္ကအဲ့လိုျဖစ္မွာမဟုတ္ဘူး"

ေသြးက အန္တီတိုးအနားကို ကပ္လာၿပီး ႏွစ္သိမ့္ေပးေလသည္။

"အဲ့ဒါအန္တီတိုးေၾကာင့္မဟုတ္ပါဘူး ၪီးမေဟာ္ရဲ့ကံကိုက အဲ့လိုျဖစ္ဖို႔ပါလာတာပါ အခုလို အန္တီတိုးကသာ ကိုယ့္ကိုယ္ကို အျပစ္တင္ၿပီး ငိုေနတယ္ဆိုရင္ ၪီးမေဟာ္က ဘယ္စိတ္ေကာင္းပါ့မလဲ"

တိုးတို႔စကားေျပာေနတုန္း ႏွင္းက အခန္းျပင္ထြက္သြားၿပီး အေနာက္ကေန ေဝယံက လိုက္ပါလာေလသည္။ထို႔ေနာက္ အခန္းႏွင့္အနည္းငယ္လွမ္းသြားေသာေနရာတြင္ရပ္ကာ စကားေျပာၾကေလသည္။

"မမ မမကို အရင္ရက္ေတြတုန္းက မေတြ့ရပါလား"

ထိုအခါ ႏွင္းက ေဝယံ့ကိုၿပံဳးျပၿပီးေျပာလာေလသည္။

"မ အခုမွ အလုပ္စဆင္းတာ ႏွစ္လေလာက္ပဲရိွအုန္းမယ္ အဲ့ေၾကာင့္ တျခားဆရာႀကီးေတြဆီမွာ ပညာေတြယူေနရေသးတယ္ေလ အဲ့ေၾကာင့္ မေန့က တာဝန္ခ်ိန္မရိွတာ"

"ေအာ္"

ႏွင္းသဇင္က ခ်စ္ဖို႔ေကာင္းေနေသာေဝယံ့မ်က္ႏွာေလးကိုၾကည့္ၿပီးေနာက္ၿပံဳးကာ ေျပာလိုက္ေလသည္။

"မ မင္းကိုမင္းနဲ႔ေတြ့ၿပီးေနာက္ပိုင္းသတိရေနတာ မင္းေကာ မကို သတိရရဲ့လား"

ေဝယံက ရွက္ၿပံဳးေလးၿပံဳးရင္း ေျပာလိုက္ေလသည္။

"သတိရတာေပါ့ မမအဲ့ေန ျပန္သြားၿပီးကတည္းက မမကို သတိရေနတာေနာက္ၿပီး မမက အရမ္းေခ်ာတယ္ေလ တစ္ခါတေလ အိမ္မက္ထဲေတာင္ မမက ပါပါလာတတ္ေသးတယ္"

ေဝယံ့စကားကိုၾကားေတာ့ ႏွင္းသဇင္က သေဘာက်ရယ္ရင္းေျပာလိုက္ေလသည္။

"အဲ့မယ္ မင္းကစကားအရမ္းေျပာတတ္တာပဲ"

"မမကြၽန္ေတာ္ တကယ္ေျပာတာပါဗ်"

"ဟုတ္လား အာ့ဆို မတို႔ ဖုန္းနံပါတ္လဲၾကတာေပါ့ သတိရတဲ့အခ်ိန္ဖုန္းေျပာလို႔ရတယ္ေလ"

"တကယ္လား မကိုကြၽန္ေတာ္က ခင္လို႔ရတယ္ေပါ့"

"ဒါေပါ့ မက မာန ႀကီးတဲ့သူမဟုတ္ပါဘူးေနာ္ မင္းအတြက္ဆိုအၿမဲတမ္းwelcomeပါရွင့္"

"ေက်းဇူးပါ မမ"

ေဝယံတို႔ ဖုန္းနံပါတ္ေတြလဲၿပီးေနာက္ ႏွင္းက ေဝယံ့ကို ခ်စ္စႏိုးနဲ႔ၾကည့္ၿပီး ၿပံဳးကာ ေျပာေလသည္။

"မ အားတဲ့အခ်ိန္ဖုန္းဆက္လိုက္မယ္ေနာ္ အခုေတာ့ လူနာၾကည့္စရာရိွေသးလို႔ မ သြားရေတာ့မယ္ မင္းအစ္မကို ေသခ်ာဂရုစိုက္လိုက္ပါ သူ႔ၾကည့္ရတာ စိတ္ေရာ လူပါပင္ပန္းေနသလိုပဲ"

"ဟုတ္ကဲ့ မမကြၽန္ေတာ္ ဂရုစိုက္လိုက္ပါ့မယ္"

"အာ့ဆို မသြားၿပီေနာ္"

"ဟုတ္"

ထို႔ေနာက္ မမႏွင္းက ထြက္သြားေလေတာ့သည္။ေဝယံလည္း မမတိုးအခန္းထဲသို႔ျပန္လာလိုက္ေလသည္။အခန္းထဲ ေရာက္ေတာ့ မမတိုးက အိပ္​ေပ်ာ္ေနေလသည္။ထို႔ေၾကာင့္ ေဘးတြင္ထိုင္ေနေသာ ေသြးကို မၾကည္ၾကည့္နဲ႔ၾကည့္ကာ တိုးတိုးေလးေမးလိုက္ေလသည္။

"ဘာကိစၥမွမရိွရင္ မင္းသြားလို႔ရၿပီ"

ေသြးက ေဝယံရဲ့ အျပဳအမူကိုၾကည့္ၿပီးေနာက္ ရယ္ကာ ေျပာလာေလသည္။

"မင္းက ကေလးမဆန္လြန္ဘူးလို႔ ဘယ္ေလာက္ပဲ ငါ့ကိုမေက်နပ္ေနဘူးပဲ ေျပာေျပာ အခုလိုအခ်ိန္မွာေတာ့ အခ်င္းခ်င္းေျပျပေလည္လည္ေနသင့္တယ္ေလ မဟုတ္ဘူးလား"

ထိုအခါမွ ေဝယံက သက္ပ်င္းခ်လိုက္ရင္း ေသြးေဘးနားဝင္ထိုင္လိုက္ေလသည္။
ထို႔ေနာက္ မမတိုးကိုၾကည့္ေနရင္းနဲ႔ ေသြးကိုေျပာလိုက္ေလသည္။

"သူဘယ္အခ်ိန္တုန္းက အိပ္ေပ်ာ္သြားတာလဲ"

"ခုနေလးကပဲ သူပင္ပန္းေနလို႔ ခနေလးနဲ႔ အိပ္ေမာက်သြားတာ မအိပ္ေသးခင္ကို ၪီးမေဟာ္နဲ႔ေတြ့ခ်င္ေသးတယ္လို႔ေျပာေနေသးတာ ဒါမဲ့ငါက သူ႔ကိုအားျပန္မျပည့္ရင္ေတြ့ခြင့္မေပးဘူးေျပာလိုက္လို႔ သူခ်က္ခ်င္းအိပ္သြားတာပဲ"

ေဝယံက ေသြးစကားကို ေခါင္းညိတ္ျပၿပီးေနာက္ ေျပာေလသည္။

"ပံုမွန္ဆိုငါက လူမႈဆက္ဆံေရးေကာင္းတဲ့သူပါ ဒါမဲ့မမတိုးနဲ႔ပတ္သက္လာရင္ေတာ့ ငါက သည္းခံမွာမဟုတ္ဘူး မင္းသိလား မမတိုးက  သိပ့္ကိုသနားစရာေကာင္းတာ အေဖရင္းက သူ႔အေပၚမေကာင္းခဲ့ဘူးတဲ့အဲ့အျပင္ အခုပေထြးကလည္း သူ႔အေပၚမေကာင္းဘူး ဒါမဲ့သူက သည္းခံခဲ့ၿပီးငါတို႔ကို သိပ္ခ်စ္ရွာတာ အခုလည္း မမတိုးကမင္းအေဖကို အရမ္းခ်စ္ပင္မဲ့လဲ မင္းအေဖေၾကာင့္မမတိုးက စိတ္ပင္ပန္းေနျပန္တယ္ အခုထပ္ၿပီး မလတ္ေၾကာင့္ထပ္ၿပီး စိတ္ဆင္းရဲရျပန္တယ္ မင္းစဥ္းစားၾကည့္ မမတိုးက သနားစရာမေကာင္းဘူးလား ငါမမတိုးကို ၾကည့္ၿပီး အရမ္းသနားတယ္ အဲ့ေၾကာင့္မမတိုးနဲ႔ပတ္သတ္ၿပီး မမတိုးကိုစိတ္ညစ္ေအာင္လုပ္တဲ့သူမွန္မမ်ွကို ငါမေက်နပ္ႏိုင္တာငါ့အမွားလား"

ေဝယံ့အေျပာကိုၾကားေတာ့ ေသြးကလည္း မမတိုးကိုၾကည့္ၿပီး ေျပာလာေလသည္။

"ငါက မင္းလို မခ်စ္ခံဖူးေတာ့ မင္းလိုမ်ိဳးငါမခံစားတတ္တာလည္း ငါအမွားလည္းမဟုတ္ပါဘူး ဒါမဲ့နားလည္သေလာက္ေတာ့နားလည္ပါတယ္ ဒါမဲ့အခုေတာ့ ငါတို႔ၿငိမ္းခ်မ္းေရး ယူၾကရေအာင္ေလ ဘာပဲျဖစ္ျဖစ္ အန္တီတိုးက ၪီးမေဟာ္နဲ႔ေနရင္ ေပ်ာ္တာမို႔ ငါတို႔သူေပ်ာ္ရႊင္ဖို႔ ၪီးမေဟာ္ေပ်ာ္ရႊင္ဖို႔ စည္းလံုးလိုက္ရင္ မေကာင္းဘူးလား ငါတို႔ကသာ အခုလို႔ မုန္းတီးေနၾကမယ္ဆိုရင္ ပိုဆိုးရံုပဲရိွမွာေပါ့"

ထိုအခါ ေဝယံက ေသြးေျပာတာကို လက္ခံသလိုနဲ႔ေခါင္းကိုညိတ္ၿပီးေျပာလာေလသည္။

"ေကာင္းၿပီ မမတိုးက ၪီးမေဟာ္ကို အရမ္းခ်စ္ေတာ့ သူေပ်ာ္ရႊင္ဖို႔အတြက္ ငါဘာပဲျဖစ္ျဖစ္လုပ္ေပးမွာ ငါလက္ခံပါတယ္"

"ဒါမဲ့ ၪီးမေဟာ္က ထပ္ၿပီးေတာ့ အခုလိုမ်ိဳး ေနာက္တစ္ႀကိမ္ မမတိုးကို လိမ္ညာၿပီးစိတ္ဆင္းရဲေအာင္လုပ္ရင္ ငါသူ႔ကို ခြင့္လႊတ္မွာမဟုတ္ဘူးေနာ္"

"ငါလည္း ၪီးမေဟာ္ကို အလႊတ္ေပးမွာမဟုတ္ပါဘူး ငါ့မွာသူ႔အတြက္နဲ႔ မမတိုးကိုဘယ္ေလာက္ေတာင္ေျပာေပးခဲ့ရလဲ"

ထိုအခါ ေဝယံက ေသြးကိုၾကည့္ၿပီး ေျပာေလသည္။

"မင္းဘာလို႔ ၪီးမေဟာ္ကို အေဖလို႔မေခၚတာလဲ မင္းတို႔မိသားစုအေၾကာင္းကို မမတိုးဆီက ငါသိသင့္သေလာက္သိၿပီးပါၿပီ ဒါမဲ့သူကမင္းကိုေမြးခဲ့တဲ့အေဖပဲေလ အဲ့ခ်ိန္တုန္းက ၪီးမေဟာ္က အရမ္းငယ္ေသးေတာ့ သူ႔မွာ ဖခင္ျဖစ္ဖို႔  အဆင္သင့္မျဖစ္ေသးလို႔ေနမွာေပါ့ စဥ္းစားၾကည့္ျပန္ေတာ့လည္း ၪီးမေဟာ္ ဘဝကလည္း သနားစရာေကာင္းေနျပန္တယ္"

ေဝယံ့အေျပာကို ၾကားေတာ့ ေသြးက ရယ္ရင္း ေျပာလာေလသည္။

"ဒါေပါ့ ငါ့ကိုမလိုခ်င္ပဲနဲ႔ရခဲ့တာေလ ငါနဲ႔ ေဒၚပန္းခ်ီေၾကာင့္ သူဘဝက သနားစရာေကာင္းမွန္း ငါလည္းသိပါတယ္"

ထိုအခါေဝယံက ေသြးကိုအျပစ္ေျပာသလိုမ်ိဳးျဖစ္သြားသည့္အတြက္ျပာျပာသလဲနဲ႔ ေျပာလာေလသည္။

"ငါကအဲ့လိုေျပာခ်င္တာ မဟုတ္ဘူးဆိုတာ မင္းသိတယ္မို႔လား လူေတြက တစ္ေယာက္ဘဝနဲ႔ တစ္ေယာက္ဘဝ မတူၾကဘူး ဒါမဲ့ဘာပဲျဖစ္ျဖစ္ ကမ႓ာႀကီးေပၚမွာ တစ္ေနရာမွာပဲ ျဖစ္ျဖစ္ သူတို႔ကိုလိုအပ္ေနလို႔သာ လူျဖစ္လာၾကရတာေလ အဲ့ေၾကာင့္ မင္းက မင္းကိုယ္မင္း အပိုလူလို႔မသတ္မွတ္ပါနဲ႔ မင္းစဥ္းစားၾကည့္ပါ တစ္ေနရာရာမွာေတာ့ မင္းကို ခင္တြယ္ၿပီး  လိုအပ္ေနတဲ့သူတစ္ေယာက္ေယာက္ေတာ့ရိွမွာပါ"

ထိုအခ်ိန္တြင္ ကိုခန္႔ေလးက တံခါးအနည္းငယ္ဖြင့္ ေခါင္းပဲ ဝင္လာၿပီး ေသြးကိုၾကည့္ကာ ေျပာေလသည္။

"ေသြး ငါမင္းကိုရွာေနတာ မင္းေန့လည္စာ မစားရေသးဘူးမို႔လား ေဆးရံုအျပင္ကစားေသာက္ဆိုင္မွာ သြားစားၾကရေအာင္ ငါဗိုက္ဆာေနၿပီ မင္းပါတစ္ခါတည္းလိုက္စားပါလား ေနာ္ "

ေသြးက ကိုခန္႔ေလးကို ရယ္ျပၿပီးေနာက္ ေျပာလိုက္ေလသည္။

"ငါအခုပဲလိုက္ခဲ့လိုက္မယ္ ကိုခန္႔ေလး အရင္သြားၿပီး ငါ့အတြက္ပါ မွာထားလိုက္ေနာ္"

ထိုအခါ ခန္႔က ေသြးကိုၿပံဳးျပၿပီးေနာက္ ေခါင္းညိတ္ျပကာ တံခါးပိတ္ၿပီး ထြက္သြားေလသည္။ေသြးက ကိုခန္႔ေလးထြက္သြားတာကိုၾကည့္ၿပီးေနာက္ ေဝယံ့ကိုၾကည့္ကာ ေျပာလိုက္ေလသည္။

"မင္းမွန္တယ္ထင္တယ္ ဘာပဲျဖစ္ျဖစ္ ငါ့ကို လိုအပ္တဲ့တစ္ေယာက္ေလာက္ေတာ့ရိွတယ္ထင္တယ္ ငါသြားေတာ့မယ္ မင္းလည္းမစားရေသးဘူး မို႔လား အျပန္က် ငါဝယ္ခဲ့ေပးမယ္"

"ေကာင္းၿပီ"

ေဝယံက ေသြးထြက္သြားတာကိုၾကည့္ၿပီးေနာက္ ေသြးနဲ႔သူ႔သူငယ္ခ်င္းတို႔ရဲ့ အျပဳအမူေတြကိုျပန္စဥ္းစားရင္းေတြးလိုက္မိသည္။သူ မမတိုးတို႔လိုပဲ ေနာက္ထပ္ဇာတ္လမ္းတစ္ပုဒ္ၾကည့္ရအံုးမယ္ထင္ပါရဲ့ေလ။

_____________________

"မင္း ဘာပဲျဖစ္ျဖစ္ ကိုယ့္ခႏၲာကိုယ္ကိုေတာ့ ဂရုစိုက္ရမယ္ေလ "

"ဟုတ္ပါၿပီ ကိုခန္႔ေလးရဲ့ မင္းကလည္း မိန္းမႀကီးက်ေနတာပဲ"

ေသြးစကားကိုၾကားေတာ့ ခန္႔က လာခ်ေပးေတာ့ထမင္းပန္းကန္ကို ေသြးအေရ႔ွတြန္းပို႔ေပးၿပီး ေျပာလိုက္ေလသည္။

"ငါက မင္းကိုစိုးရိမ္လို႔ေျပာတာေလ ငါ့ေစတနာကိုမေစာ္ကားနဲ႔"

"ငါမင္းကို ေစာ္ကား​ေနတာမဟုတ္ပါဘူး ဒီတိုင္းမင္းက ငါ့အေပၚေကာင္းလြန္းေနလို႔ပါ မင္းကိုရတဲ့သူကေတာ့ အရမ္းကိုေပ်ာ္ရႊင္ရမွာပဲ"

ေသြးစကားကိုၾကားေတာ့ ခန္႔က ေသြးပန္းကန္ထဲ ဟင္းထည့္ေပးရင္း ေျပာလိုက္ေလသည္။

"မင္းေကာ အခု ငါနဲ႔ဆိုေပ်ာ္ရႊင္တယ္လို႔ခံစားရလားဟင္"

ေသြးက ပန္းကန္ထဲမွ ထမင္းတစ္လုပ္ကိုယူစားလိုက္ရင္း ေျပာလိုက္ေလသည္။

"ေပ်ာ္တာေပါ့ဟ မင္းက ငါဒီဟာဆို ဒီဟာ ဟိုဟာဆို ဟိုဟာ ငါစိတ္တိုင္းက် အလိုလိုက္ေပးတယ္ေလ မင္းေလာက္ေကာင္းတဲ့သူငယ္ခ်င္း ကမ႓ာေပၚမွာ မရိွႏိုင္ေလာက္ေတာ့ဘူး"

ခန္႔က ေသြးစကားကို ၾကားေတာ့ ပန္းကန္ထဲက ထမင္းအနည္းငယ္ကို ခပ္စားလိုက္ၿပီးေနာက္ ေျပာလိုက္ေလသည္။

"ဒါဆို မင္းးး......."

ေသြးက ခန္႔စကားေျပာလာမွာကို မသိဘဲဆက္ေျပာလာေလသည္။

"ဒါမဲ့ကြာ အခုခ်ိန္ပဲ မင္းကငါ့ကိုအလိုလိုက္ေပးႏိုင္မွာေပါ့ ေနာက္ဆိုရင္ မင္းက မင္းခ်စ္တဲ့သူနဲ႔ အတူေနရမွာေလ ငါကလည္း ငါခ်စ္တဲ့သူနဲ႔အတူေနရမွာဆိုေတာ့ အဲ့ခ်ိန္က်မင္းကငါ့ကိုေတာင္ သတိရေတာ့မွ မဟုတ္ေတာ့ပါဘူးကြာ အဲ့က်စိတ္မပူပါနဲ႔ ငါလည္းမင္းကို အခုလိုမ်ိဳး ဒုကၡမေပးေတာ့ပါဘူးကြာ ဟုတ္ၿပီလား"

ေသြးစကားကို ၾကားေတာ့ ခန္႔က ဇြန္းကိုေစာင့္ခ်လိုက္ၿပီးစိတ္ဆိုးဆိုးနဲ႔ေျပာလိုက္ေလသည္။

"မင္း မင္း ေသြး မင္း သတိမထားမိဘူးလားဟင္"

ေသြးက ရုတ္တရပ္ႀကီး ထၿပီးစိတ္ဆိုးကာ ထိုသို႔ေျပာလာေသာ ကိုခန္႔ေလးကိုနားမလည္သလိုနဲ႔ၾကည့္ကာ ေမးလိုက္ေလသည္။

"ကိုခန္႔ေလး ဘာျဖစ္တာလဲ ဘာကိုသတိထားမိရမွာလဲ"

ခန္႔က ေသြးကို စိတ္ပ်က္သြားသလိုတစ္ခ်က္ၾကည့္ၿပီးေနာက္ ထရပ္လိုက္ၿပီးေျပာလိုက္ေလသည္။

"ငါဗိုက္မဆာေတာ့ဘူး အိမ္ကိုခနျပန္လိုက္အံုးမယ္ ညေနၾကမွ ျပန္လာခဲ့မယ္"

"ဗိုက္မဆာေတာ့ဘူး မင္းပဲခုနက ဗိုက္ဆာေနတယ္လို႔ေျပာၿပီးေတာ့ မင္းအခုမွ ထမင္းတစ္လုပ္ပဲစားရေသးတာေလ ငါ့ကိုက်ေတာ့ ကိုယ့္ကိုယ္ကို ဂရုစိုက္ဆို မင္းလည္းကိုယ့္ကိုယ္ကို ဂရုစိုက္သင့္တယ္ေလ"

"ရတယ္ မင္းငါ့ကို ဂရုစိုက္စရာမလိုဘူး ေနာက္လည္း မစိုက္နဲ႔ ငါသြားၿပီ"

ခန္႔က ထိုသို႔ေျပာၿပီးေနာက္ ေနာက္လွည့္မၾကည့္ေတာ့ပဲ တစ္ခါတည္း ထြက္သြားလိုက္ေတာ့သည္။ရတယ္ မင္းက အဲ့ေလာက္ေတာင္ပဲ မိန္းမေတြကိုစိတ္ဝင္စားတယ္ေပါ့ေလ။အဲ့မိန္းမေတြပဲ ယူစမ္းပါ ငါကို သတိမထားမိတဲ့မင္းကိုေနာက္ဆို ငါက ဂရုမစိုက္ေတာ့မွာမို႔ မင္းကို ထပ္ၿပီး ဖမ္းမဆြဲေတာ့ပဲ  ေနေတာ့မွာမို႔ အဲ့ခါက်မွမင္း ငါ့ကို သတိရမေနနဲ႔ေတာ့ ေသြး။အစြဲအလမ္းႀကီးတဲ့ငါက မင္းကို အရမ္းစြဲလမ္းေနမိတာေၾကာင့္ မင္းကို အခုတည္းက ငါျပတ္ျပတ္သားသားေနႏိုင္ေအာင္ႀကိဳးစားရေတာ့မည္။ငါႏွလံုးသားေလးကေတာ့ နာက်င္ေနေတာ့မွာပဲေသြးရယ္။



Hello တစ္ပတ္ေလာက္ေပ်ာက္သြားတာ sorryေနာ္ အိမ္ေျပာင္းရတာနဲ႔အလုပ္မ်ားေနလို႔ပါပစၥည္းေတြေနရာခ်ရ ဝယ္ေနရလို႔မအားျဖစ္သြားတာ ေနာက္ေန့ ပံုမွန္အတိုင္းတင္ေပးပါ့မယ္ေနာ္

ေလးစားလ်က္ပါ🥰🥰🥰🥰

#################

Unicode

တိုးတစ်ယောက် ဆေးရုံလူနာခန်းထဲတွင် ပြန်လည်နိုးထလာပြန်သည်။တိုးမျက်လုံးပွင့်လာသည်နှင့် ဝေယံနှင့်သွေးက အနားရောက်လာကာမေးကြလေသည်။

"မမတိုး အဆင်ပြေလား"

"အန်တီတိုး အဆင်ပြေလား"

ထိုအချိန်တွင် ဆရာမလေးတစ်ယောက်က အခန်းထဲဝင်လာလေသည်။ဝေယံက ထိုဆရာမလေးကိုတွေ့တော့အံ့သြသွားပြီး နှုတ်ဆက်လိုက်လေသည်။

"မမနှင်းသဇင်ပါလား"

နှင်းကလည်း ဝေယံ့ကိုတွေ့တော့ပျော်သွားပြီးပြန်နှုတ်ဆက်လိုက်လေသည်။

"မင်းပါလား အဲ့ကြောင့် ဒီလူနာနာမည် ကြားဖူးနေတယ်လို့ မ တွေးနေတာကို မင်းအစ်မဖြစ်နေတာပေါ့"

ဝေယံက ခေါင်းညိတ်ပြပြီးနောက် နှင်းသဇင်ကိုကြည့်ရင်း တောင်းဆိုသလိုပြောလာလေသည်။

"မမ မမတိုးကိုကြည့်ပေးပါအုံး"

ထိုအခါ နှင်းက တိုးနားသွားပြီး ပြုံးကာ ပြောလိုက်လေသည်။

"စိတ်ချပါ မ သေချာစစ်ကြည့်ပေးပါမယ်"

ထို့နောက် တိုးကို လိုအပ်တဲ့နေရာတွေစမ်းကြည့်ပြီးနောက်ပြောလာလေသည်။

"လူနာက အားနည်းနေတဲ့အချိန် လှုပ်လှုပ်ရှားရှား လုပ်မိလို့ပါ သွေးအများကြီးထုတ်ထားပြီးတဲ့အချိန်ဆို ဘာမှမလုပ်ပဲ အိပ်ယာထဲမှာပဲ အနားယူတာအကောင်းဆုံးပဲ အဲ့လိုအားနည်းနေတဲ့အချိန်တွင်း လှုပ်ရှားမိလို့ တစ်ခါတလေ ရှော့ဖြစ်ပြီး စိုးရိမ်ရတတ်တယ် အဲ့ကြောင့် စိတ်ကိုအနားပေးပြီး အားပြန်ပြည့်အောင်အနားယူတာ အကောင်းဆုံးပဲ"

နှင်းက ထိုသို့ပြောလိုက်တဲ့အခါ တိုးကလည်း သူ့အပြစ်နဲ့သူဆိုတော့ အသံတိတ်ပြီးခေါင်းသာ ညိတ်ပြလိုက်လေသည်။ထိုနောက်တစ်ခုခုကို သတိရသွားသလိုနဲ့နှင်းကိုကြည့်ကာ မေးလိုက်လေသည်။

"ဒါနဲ့ နှင်း မဟုတ် ဆရာမ မောင့်အခြေအနေ မဟုတ်ပါဘူး သတို့မဟော်အခြေအနေဘယ်လိုရှိလဲဟင်"

ထိုအခါ နှင်းက အလွန်စိုးရိမ်နေပုံပေါက်သော တိိုးကိုကြည့်ကာ ပြောလာလေသည်။

"နှင်းလို့ပဲ ခေါ်လို့အဆင်ပြေပါတယ် ကိုမဟော်က မနေ့ညက တိုးမေမျောနေတဲ့အချိန်မှာ ပုံမှန်အခန်းကိုပြောင်းလိုက်ပြီ ဒါမဲ့အောက်စီဂျင်တော့ပေးထားရတုန်းပဲ အသက်အန္တရာယ်ကနေ လွှတ်မြောက်သွားပြီ ဆိုပင်မဲ့လည်း ပြန်သတိရလာဖို့ကတော့ လူနာ့အပေါ်မူတည်နေတယ် တကယ်လို့မနိုးလာနိုင်ဘူးဆိုရင် ကိုမာဖြစ်ဖို့က များနေတယ် အဲ့တာဆို တစ်နှစ် နှစ်နှစ် အတွင်းနိုးလာဖို့ကမသေချာဘူးရှင့် အဲ့ကြောင့် လူနာ့အပေါ်မူတည်နေပါတယ် တအားကြီးတော့မစိုးရိမ်ပါနဲ့ ဆေးပညာအပြင်ဘက်က ကြည့်ရင် တကယ်လို့လူနာ့ နားမှာ တစ်ယောက်ယောက်က ရှိနေပေးပြီး စကားပြောပေးတာတို့အဖော်လုပ်ပေးတာတို့ဆို လူနာက ပြန်နိုးလာရင်နိုးလာတတ်တယ် သူ့အတွက်အရေးကြီးတဲ့ လူတစ်ယောက်ပဲဖြစ်ဖြစ်ပေါ့နော် ကံအပေါ်မူတည်ပါတယ်"

တိုးက နှင်းစကားကိုကြားတော့ မျက်ရည်တွေ ကျလာပြီး ပြောလာလေသည်။

"အဲ့တာတိုးကြောင့်ပါ တိုးကြောင့်ဖြစ်ရတာ တကယ်လို့တိုးသာ ကတိမပေးဖြစ်ခဲ့ရင် မောင်ကအဲ့လိုဖြစ်မှာမဟုတ်ဘူး"

သွေးက အန်တီတိုးအနားကို ကပ်လာပြီး နှစ်သိမ့်ပေးလေသည်။

"အဲ့ဒါအန်တီတိုးကြောင့်မဟုတ်ပါဘူး ဦးမဟော်ရဲ့ကံကိုက အဲ့လိုဖြစ်ဖို့ပါလာတာပါ အခုလို အန်တီတိုးကသာ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး ငိုနေတယ်ဆိုရင် ဦးမဟော်က ဘယ်စိတ်ကောင်းပါ့မလဲ"

တိုးတို့စကားပြောနေတုန်း နှင်းက အခန်းပြင်ထွက်သွားပြီး အနောက်ကနေ ဝေယံက လိုက်ပါလာလေသည်။ထို့နောက် အခန်းနှင့်အနည်းငယ်လှမ်းသွားသောနေရာတွင်ရပ်ကာ စကားပြောကြလေသည်။

"မမ မမကို အရင်ရက်တွေတုန်းက မတွေ့ရပါလား"

ထိုအခါ နှင်းက ဝေယံ့ကိုပြုံးပြပြီးပြောလာလေသည်။

"မ အခုမှ အလုပ်စဆင်းတာ နှစ်လလောက်ပဲရှိအုန်းမယ် အဲ့ကြောင့် တခြားဆရာကြီးတွေဆီမှာ ပညာတွေယူနေရသေးတယ်လေ အဲ့ကြောင့် မနေ့က တာဝန်ချိန်မရှိတာ"

"အော်"

နှင်းသဇင်က ချစ်ဖို့ကောင်းနေသောဝေယံ့မျက်နှာလေးကိုကြည့်ပြီးနောက်ပြုံးကာ ပြောလိုက်လေသည်။

"မ မင်းကိုမင်းနဲ့တွေ့ပြီးနောက်ပိုင်းသတိရနေတာ မင်းကော မကို သတိရရဲ့လား"

ဝေယံက ရှက်ပြုံးလေးပြုံးရင်း ပြောလိုက်လေသည်။

"သတိရတာပေါ့ မမအဲ့နေ ပြန်သွားပြီးကတည်းက မမကို သတိရနေတာနောက်ပြီး မမက အရမ်းချောတယ်လေ တစ်ခါတလေ အိမ်မက်ထဲတောင် မမက ပါပါလာတတ်သေးတယ်"

ဝေယံ့စကားကိုကြားတော့ နှင်းသဇင်က သဘောကျရယ်ရင်းပြောလိုက်လေသည်။

"အဲ့မယ် မင်းကစကားအရမ်းပြောတတ်တာပဲ"

"မမကျွန်တော် တကယ်ပြောတာပါဗျ"

"ဟုတ်လား အာ့ဆို မတို့ ဖုန်းနံပါတ်လဲကြတာပေါ့ သတိရတဲ့အချိန်ဖုန်းပြောလို့ရတယ်လေ"

"တကယ်လား မကိုကျွန်တော်က ခင်လို့ရတယ်ပေါ့"

"ဒါပေါ့ မက မာန ကြီးတဲ့သူမဟုတ်ပါဘူးနော် မင်းအတွက်ဆိုအမြဲတမ်းwelcomeပါရှင့်"

"ကျေးဇူးပါ မမ"

ဝေယံတို့ ဖုန်းနံပါတ်တွေလဲပြီးနောက် နှင်းက ဝေယံ့ကို ချစ်စနိုးနဲ့ကြည့်ပြီး ပြုံးကာ ပြောလေသည်။

"မ အားတဲ့အချိန်ဖုန်းဆက်လိုက်မယ်နော် အခုတော့ လူနာကြည့်စရာရှိသေးလို့ မ သွားရတော့မယ် မင်းအစ်မကို သေချာဂရုစိုက်လိုက်ပါ သူ့ကြည့်ရတာ စိတ်ရော လူပါပင်ပန်းနေသလိုပဲ"

"ဟုတ်ကဲ့ မမကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်"

"အာ့ဆို မသွားပြီနော်"

"ဟုတ်"

ထို့နောက် မမနှင်းက ထွက်သွားလေတော့သည်။ဝေယံလည်း မမတိုးအခန်းထဲသို့ပြန်လာလိုက်လေသည်။အခန်းထဲ ရောက်တော့ မမတိုးက အိပ်​ပျော်နေလေသည်။ထို့ကြောင့် ဘေးတွင်ထိုင်နေသော သွေးကို မကြည်ကြည့်နဲ့ကြည့်ကာ တိုးတိုးလေးမေးလိုက်လေသည်။

"ဘာကိစ္စမှမရှိရင် မင်းသွားလို့ရပြီ"

သွေးက ဝေယံရဲ့ အပြုအမူကိုကြည့်ပြီးနောက် ရယ်ကာ ပြောလာလေသည်။

"မင်းက ကလေးမဆန်လွန်ဘူးလို့ ဘယ်လောက်ပဲ ငါ့ကိုမကျေနပ်နေဘူးပဲ ပြောပြော အခုလိုအချိန်မှာတော့ အချင်းချင်းပြေပြေလည်လည်နေသင့်တယ်လေ မဟုတ်ဘူးလား"

ထိုအခါမှ ဝေယံက သက်ပျင်းချလိုက်ရင်း သွေးဘေးနားဝင်ထိုင်လိုက်လေသည်။
ထို့နောက် မမတိုးကိုကြည့်နေရင်းနဲ့ သွေးကိုပြောလိုက်လေသည်။

"သူဘယ်အချိန်တုန်းက အိပ်ပျော်သွားတာလဲ"

"ခုနလေးကပဲ သူပင်ပန်းနေလို့ ခနလေးနဲ့ အိပ်မောကျသွားတာ မအိပ်သေးခင်ကို ဦးမဟော်နဲ့တွေ့ချင်သေးတယ်လို့ပြောနေသေးတာ ဒါမဲ့ငါက သူ့ကိုအားပြန်မပြည့်ရင်တွေ့ခွင့်မပေးဘူးပြောလိုက်လို့ သူချက်ချင်းအိပ်သွားတာပဲ"

ဝေယံက သွေးစကားကို ခေါင်းညိတ်ပြပြီးနောက် ပြောလေသည်။

"ပုံမှန်ဆိုငါက လူမှုဆက်ဆံရေးကောင်းတဲ့သူပါ ဒါမဲ့မမတိုးနဲ့ပတ်သက်လာရင်တော့ ငါက သည်းခံမှာမဟုတ်ဘူး မင်းသိလား မမတိုးက  သိပ့်ကိုသနားစရာကောင်းတာ အဖေရင်းက သူ့အပေါ်မကောင်းခဲ့ဘူးတဲ့အဲ့အပြင် အခုပထွေးကလည်း သူ့အပေါ်မကောင်းဘူး ဒါမဲ့သူက သည်းခံခဲ့ပြီးငါတို့ကို သိပ်ချစ်ရှာတာ အခုလည်း မမတိုးကမင်းအဖေကို အရမ်းချစ်ပင်မဲ့လဲ မင်းအဖေကြောင့်မမတိုးက စိတ်ပင်ပန်းနေပြန်တယ် အခုထပ်ပြီး မလတ်ကြောင့်ထပ်ပြီး စိတ်ဆင်းရဲရပြန်တယ် မင်းစဥ်းစားကြည့် မမတိုးက သနားစရာမကောင်းဘူးလား ငါမမတိုးကို ကြည့်ပြီး အရမ်းသနားတယ် အဲ့ကြောင့်မမတိုးနဲ့ပတ်သတ်ပြီး မမတိုးကိုစိတ်ညစ်အောင်လုပ်တဲ့သူမှန်မမျှကို ငါမကျေနပ်နိုင်တာငါ့အမှားလား"

ဝေယံ့အပြောကိုကြားတော့ သွေးကလည်း မမတိုးကိုကြည့်ပြီး ပြောလာလေသည်။

"ငါက မင်းလို မချစ်ခံဖူးတော့ မင်းလိုမျိုးငါမခံစားတတ်တာလည်း ငါအမှားလည်းမဟုတ်ပါဘူး ဒါမဲ့နားလည်သလောက်တော့နားလည်ပါတယ် ဒါမဲ့အခုတော့ ငါတို့ငြိမ်းချမ်းရေး ယူကြရအောင်လေ ဘာပဲဖြစ်ဖြစ် အန်တီတိုးက ဦးမဟော်နဲ့နေရင် ပျော်တာမို့ ငါတို့သူပျော်ရွှင်ဖို့ ဦးမဟော်ပျော်ရွှင်ဖို့ စည်းလုံးလိုက်ရင် မကောင်းဘူးလား ငါတို့ကသာ အခုလို့ မုန်းတီးနေကြမယ်ဆိုရင် ပိုဆိုးရုံပဲရှိမှာပေါ့"

ထိုအခါ ဝေယံက သွေးပြောတာကို လက်ခံသလိုနဲ့ခေါင်းကိုညိတ်ပြီးပြောလာလေသည်။

"ကောင်းပြီ မမတိုးက ဦးမဟော်ကို အရမ်းချစ်တော့ သူပျော်ရွှင်ဖို့အတွက် ငါဘာပဲဖြစ်ဖြစ်လုပ်ပေးမှာ ငါလက်ခံပါတယ်"

"ဒါမဲ့ ဦးမဟော်က ထပ်ပြီးတော့ အခုလိုမျိုး နောက်တစ်ကြိမ် မမတိုးကို လိမ်ညာပြီးစိတ်ဆင်းရဲအောင်လုပ်ရင် ငါသူ့ကို ခွင့်လွှတ်မှာမဟုတ်ဘူးနော်"

"ငါလည်း ဦးမဟော်ကို အလွှတ်ပေးမှာမဟုတ်ပါဘူး ငါ့မှာသူ့အတွက်နဲ့ မမတိုးကိုဘယ်လောက်တောင်ပြောပေးခဲ့ရလဲ"

ထိုအခါ ဝေယံက သွေးကိုကြည့်ပြီး ပြောလေသည်။

"မင်းဘာလို့ ဦးမဟော်ကို အဖေလို့မခေါ်တာလဲ မင်းတို့မိသားစုအကြောင်းကို မမတိုးဆီက ငါသိသင့်သလောက်သိပြီးပါပြီ ဒါမဲ့သူကမင်းကိုမွေးခဲ့တဲ့အဖေပဲလေ အဲ့ချိန်တုန်းက ဦးမဟော်က အရမ်းငယ်သေးတော့ သူ့မှာ ဖခင်ဖြစ်ဖို့  အဆင်သင့်မဖြစ်သေးလို့နေမှာပေါ့ စဥ်းစားကြည့်ပြန်တော့လည်း ဦးမဟော် ဘဝကလည်း သနားစရာကောင်းနေပြန်တယ်"

ဝေယံ့အပြောကို ကြားတော့ သွေးက ရယ်ရင်း ပြောလာလေသည်။

"ဒါပေါ့ ငါ့ကိုမလိုချင်ပဲနဲ့ရခဲ့တာလေ ငါနဲ့ ဒေါ်ပန်းချီကြောင့် သူဘဝက သနားစရာကောင်းမှန်း ငါလည်းသိပါတယ်"

ထိုအခါဝေယံက သွေးကိုအပြစ်ပြောသလိုမျိုးဖြစ်သွားသည့်အတွက်ပြာပြာသလဲနဲ့ ပြောလာလေသည်။

"ငါကအဲ့လိုပြောချင်တာ မဟုတ်ဘူးဆိုတာ မင်းသိတယ်မို့လား လူတွေက တစ်ယောက်ဘဝနဲ့ တစ်ယောက်ဘဝ မတူကြဘူး ဒါမဲ့ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးပေါ်မှာ တစ်နေရာမှာပဲ ဖြစ်ဖြစ် သူတို့ကိုလိုအပ်နေလို့သာ လူဖြစ်လာကြရတာလေ အဲ့ကြောင့် မင်းက မင်းကိုယ်မင်း အပိုလူလို့မသတ်မှတ်ပါနဲ့ မင်းစဥ်းစားကြည့်ပါ တစ်နေရာရာမှာတော့ မင်းကို ခင်တွယ်ပြီး  လိုအပ်နေတဲ့သူတစ်ယောက်ယောက်တော့ရှိမှာပါ"

ထိုအချိန်တွင် ကိုခန့်လေးက တံခါးအနည်းငယ်ဖွင့် ခေါင်းပဲ ဝင်လာပြီး သွေးကိုကြည့်ကာ ပြောလေသည်။

"သွေး ငါမင်းကိုရှာနေတာ မင်းနေ့လည်စာ မစားရသေးဘူးမို့လား ဆေးရုံအပြင်ကစားသောက်ဆိုင်မှာ သွားစားကြရအောင် ငါဗိုက်ဆာနေပြီ မင်းပါတစ်ခါတည်းလိုက်စားပါလား နော် "

သွေးက ကိုခန့်လေးကို ရယ်ပြပြီးနောက် ပြောလိုက်လေသည်။

"ငါအခုပဲလိုက်ခဲ့လိုက်မယ် ကိုခန့်လေး အရင်သွားပြီး ငါ့အတွက်ပါ မှာထားလိုက်နော်"

ထိုအခါ ခန့်က သွေးကိုပြုံးပြပြီးနောက် ခေါင်းညိတ်ပြကာ တံခါးပိတ်ပြီး ထွက်သွားလေသည်။သွေးက ကိုခန့်လေးထွက်သွားတာကိုကြည့်ပြီးနောက် ဝေယံ့ကိုကြည့်ကာ ပြောလိုက်လေသည်။

"မင်းမှန်တယ်ထင်တယ် ဘာပဲဖြစ်ဖြစ် ငါ့ကို လိုအပ်တဲ့တစ်ယောက်လောက်တော့ရှိတယ်ထင်တယ် ငါသွားတော့မယ် မင်းလည်းမစားရသေးဘူး မို့လား အပြန်ကျ ငါဝယ်ခဲ့ပေးမယ်"

"ကောင်းပြီ"

ဝေယံက သွေးထွက်သွားတာကိုကြည့်ပြီးနောက် သွေးနဲ့သူ့သူငယ်ချင်းတို့ရဲ့ အပြုအမူတွေကိုပြန်စဥ်းစားရင်းတွေးလိုက်မိသည်။သူ မမတိုးတို့လိုပဲ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ကြည့်ရအုံးမယ်ထင်ပါရဲ့လေ။

_____________________

"မင်း ဘာပဲဖြစ်ဖြစ် ကိုယ့်ခန္တာကိုယ်ကိုတော့ ဂရုစိုက်ရမယ်လေ "

"ဟုတ်ပါပြီ ကိုခန့်လေးရဲ့ မင်းကလည်း မိန်းမကြီးကျနေတာပဲ"

သွေးစကားကိုကြားတော့ ခန့်က လာချပေးတော့ထမင်းပန်းကန်ကို သွေးအရှေ့တွန်းပို့ပေးပြီး ပြောလိုက်လေသည်။

"ငါက မင်းကိုစိုးရိမ်လို့ပြောတာလေ ငါ့စေတနာကိုမစော်ကားနဲ့"

"ငါမင်းကို စော်ကား​နေတာမဟုတ်ပါဘူး ဒီတိုင်းမင်းက ငါ့အပေါ်ကောင်းလွန်းနေလို့ပါ မင်းကိုရတဲ့သူကတော့ အရမ်းကိုပျော်ရွှင်ရမှာပဲ"

သွေးစကားကိုကြားတော့ ခန့်က သွေးပန်းကန်ထဲ ဟင်းထည့်ပေးရင်း ပြောလိုက်လေသည်။

"မင်းကော အခု ငါနဲ့ဆိုပျော်ရွှင်တယ်လို့ခံစားရလားဟင်"

သွေးက ပန်းကန်ထဲမှ ထမင်းတစ်လုပ်ကိုယူစားလိုက်ရင်း ပြောလိုက်လေသည်။

"ပျော်တာပေါ့ဟ မင်းက ငါဒီဟာဆို ဒီဟာ ဟိုဟာဆို ဟိုဟာ ငါစိတ်တိုင်းကျ အလိုလိုက်ပေးတယ်လေ မင်းလောက်ကောင်းတဲ့သူငယ်ချင်း ကမ္ဘာပေါ်မှာ မရှိနိုင်လောက်တော့ဘူး"

ခန့်က သွေးစကားကို ကြားတော့ ပန်းကန်ထဲက ထမင်းအနည်းငယ်ကို ခပ်စားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဒါဆို မင်းးး......."

သွေးက ခန့်စကားပြောလာမှာကို မသိဘဲဆက်ပြောလာလေသည်။

"ဒါမဲ့ကွာ အခုချိန်ပဲ မင်းကငါ့ကိုအလိုလိုက်ပေးနိုင်မှာပေါ့ နောက်ဆိုရင် မင်းက မင်းချစ်တဲ့သူနဲ့ အတူနေရမှာလေ ငါကလည်း ငါချစ်တဲ့သူနဲ့အတူနေရမှာဆိုတော့ အဲ့ချိန်ကျမင်းကငါ့ကိုတောင် သတိရတော့မှ မဟုတ်တော့ပါဘူးကွာ အဲ့ကျစိတ်မပူပါနဲ့ ငါလည်းမင်းကို အခုလိုမျိုး ဒုက္ခမပေးတော့ပါဘူးကွာ ဟုတ်ပြီလား"

သွေးစကားကို ကြားတော့ ခန့်က ဇွန်းကိုစောင့်ချလိုက်ပြီးစိတ်ဆိုးဆိုးနဲ့ပြောလိုက်လေသည်။

"မင်း မင်း သွေး မင်း သတိမထားမိဘူးလားဟင်"

သွေးက ရုတ်တရပ်ကြီး ထပြီးစိတ်ဆိုးကာ ထိုသို့ပြောလာသော ကိုခန့်လေးကိုနားမလည်သလိုနဲ့ကြည့်ကာ မေးလိုက်လေသည်။

"ကိုခန့်လေး ဘာဖြစ်တာလဲ ဘာကိုသတိထားမိရမှာလဲ"

ခန့်က သွေးကို စိတ်ပျက်သွားသလိုတစ်ချက်ကြည့်ပြီးနောက် ထရပ်လိုက်ပြီးပြောလိုက်လေသည်။

"ငါဗိုက်မဆာတော့ဘူး အိမ်ကိုခနပြန်လိုက်အုံးမယ် ညနေကြမှ ပြန်လာခဲ့မယ်"

"ဗိုက်မဆာတော့ဘူး မင်းပဲခုနက ဗိုက်ဆာနေတယ်လို့ပြောပြီးတော့ မင်းအခုမှ ထမင်းတစ်လုပ်ပဲစားရသေးတာလေ ငါ့ကိုကျတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဆို မင်းလည်းကိုယ့်ကိုယ်ကို ဂရုစိုက်သင့်တယ်လေ"

"ရတယ် မင်းငါ့ကို ဂရုစိုက်စရာမလိုဘူး နောက်လည်း မစိုက်နဲ့ ငါသွားပြီ"

ခန့်က ထိုသို့ပြောပြီးနောက် နောက်လှည့်မကြည့်တော့ပဲ တစ်ခါတည်း ထွက်သွားလိုက်တော့သည်။ရတယ် မင်းက အဲ့လောက်တောင်ပဲ မိန်းမတွေကိုစိတ်ဝင်စားတယ်ပေါ့လေ။အဲ့မိန်းမတွေပဲ ယူစမ်းပါ ငါကို သတိမထားမိတဲ့မင်းကိုနောက်ဆို ငါက ဂရုမစိုက်တော့မှာမို့ မင်းကို ထပ်ပြီး ဖမ်းမဆွဲတော့ပဲ  နေတော့မှာမို့ အဲ့ခါကျမှမင်း ငါ့ကို သတိရမနေနဲ့တော့ သွေး။အစွဲအလမ်းကြီးတဲ့ငါက မင်းကို အရမ်းစွဲလမ်းနေမိတာကြောင့် မင်းကို အခုတည်းက ငါပြတ်ပြတ်သားသားနေနိုင်အောင်ကြိုးစားရတော့မည်။ငါနှလုံးသားလေးကတော့ နာကျင်နေတော့မှာပဲသွေးရယ်။



Hello တစ်ပတ်လောက်ပျောက်သွားတာ sorryနော် အိမ်ပြောင်းရတာနဲ့အလုပ်များနေလို့ပါပစ္စည်းတွေနေရာချရ ဝယ်နေရလို့မအားဖြစ်သွားတာ နောက်နေ့ ပုံမှန်အတိုင်းတင်ပေးပါ့မယ်နော်

လေးစားလျက်ပါ🥰🥰🥰🥰

Continue Reading

You'll Also Like

28.2K 4.7K 51
ဘာသာပြန်သူ - စွဲညို့အသင်း
707K 109K 161
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှိဘူးထင်လို့ပါ၊ ပြန်ထားတဲ့လူရှိတယ်ဆိုရင်...
3.5M 282K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...