စိတ်ခံစားချက်တွေကို တုန်လှုပ်ခြင်း အလျင်းမရှိ တည်ငြိမ်စွာ ထိန်းချုပ်နိုင်တတ်တဲ့ ရှဲ့ဟယ်ကိုယ်တိုင်ကတောင် တစ်ဖက်လူရဲ့ တုနှိုင်းမဲ့စွမ်းရည်တွေကို လေးစားနေမိတော့တယ်.....
တန့်ကျင်းဝမ်းကိုယ်တိုင် အခက်အခဲမရှိဘဲ အေးရာအေးကြောင်းနဲ့ ဒီလို လမ်းစဉ်ကို ရွေးချယ်ခဲ့မှတော့ ရှဲ့ဟယ်ကလဲ သူ့ကိုယ်သူ တန့်ကျင်းဝမ်းလက်ထဲအမြန်ဆုံးနည်းနဲ့ ပုံအပ်လိုက်ရတော့မှာပေါ့.....
ပွဲစဉ်တစ်လျှောက်ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အရေးမကြီးဘူး...အရေးဆုံးကြီးဆုံးက ရလဒ်ပဲ...
………………… ………………… …………………
တန့်ကျင်းဝမ်းက ဒီသားကို မလိုချင်ကြောင်း ပြောနေတာ အပြောသက်သက်ပဲမဟုတ်....တကယ်ကိုလဲ မလိုချင်တာပါ....
တန့်ကျိုးရဲ့ Bank card တွေကို ညတွင်းချင်းပိတ်ပစ်လိုက်ရုံသာမက Comapny ကို ရော အိမ်ကိုပါ ဝင်ထွက်ခွင့်ပိတ်ပစ်လိုက်ပြီ.....
ရှဲ့ဟယ်ရဲ့ လက်ထဲမှာ ငွေသားဆိုလို့ ယွမ်နှစ်ထောင်တောင် မပြည့်တော့ဘူး....သူရဲ့ပင်ကိုယ်စရိုက်ကြောင့် စားဝတ်နေရေးဘယ်လောက်ခက်ခဲမှန်း နားလည်မလေတော့ ချွေတာရကောင်းမှန်းလဲ မသိခဲ့ရှာပေ....
ရှဲ့ဟယ်တစ်ယောက် Company အပြင်ဘက်မှာရော အိမ်တော် အပြင်ဘက်မှာပါ တန့်ကျင်းဝမ်းကိုတွေ့ရဖို့ နေတိုင်းထိုင်စောင့်နေခဲ့တယ်...သုံးရက်မြောက်နေမှာတော့ လက်ထဲမှာ ပိုက်ဆံပြတ်သွားခဲ့ပြီ...သို့ပေမယ့် တန့်ကျင်းဝမ်းရဲ့အနားကိုတော့ 10 မီတာအကွာလောက်မျှသော် ကပ်ခွင့်မရန်ိုင်သေးပေ.....
အစားအသောက်နဲ့ ငွေကြေးလိုအပ်လာရင် System ဆီကနေ Pointနဲ့ လဲလှယ်လို့ရပေမယ့် သဏ္ဍာန်လုပ် သရုပ်တူဖို့အတွက် ဗိုက်ဟောင်းလောင်းနဲ့ပဲ အရင်အတိုင်း ထိုင်စောင့်နေခဲ့တယ်.....
[444: Host တာ့တာ့က အလုပ်ထဲမှာ အရမ်း စိတ်နှစ်ထားတာပဲနော်....]
[ရှဲ့ဟယ်:စွန့်စားမှုမရှိဘဲ အန္တာရာယ်ကို ကျော်လွှားနိုင်ရိုး ထုံးစံမရှိဘူး....ဗိုက်ဆာတာလောက်ကတော့ အပရိကပါကွာ...]
နောက်တစ်နေ့မှာတော့ မိုးတွေသည်းထန်စွာရွာနေခဲ့တယ်....တန့်ကျင်းဝမ်းက လူတစ်ရပ်စာလောက်ရှိတဲ့ ပြတင်းပေါက်ကနေတဆင့် အောက်ဘက်ကို ငုံ့ကြည့်နေတယ်......
ဒီကောင်လေး Comapny အပြင်ဘက်မှာ လာစောင့်နေတာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ......ဝင်ခွင့်မရရှိတာကြောင့် အပြင်ဘက်မှာပဲ မိုးစိုခံပြီးရပ်နေတယ်....
ချမ်းလွန်းလို့ လက်လေးနှစ်ဖက်ကို ပိုက်ပြီးတုန်ရီနေပုံလေးက လေအဝှေ့မှာ လဲပြိုသွားတော့မယ် သစ်ပင်ပျိုလေးပုံပမာနှယ်.....
တခဏအကြာမှာတော့ ကောင်လေး မြေပြင်ပေါ် လဲကျသွားတယ်.....
တန့်ကျင်းဝမ်း မျက်ဝန်းတွေကို မှေးကျဉ်းပြီး တခဏလောက် စဉ်းစားနေတယ်....နောက်တော့ ဖုန်းတစ်Call ခေါ်လိုက်ပြီး...
"သူ့ကို အထဲခေါ်ခဲ့...."
မိုးရေစက်လက်နဲ့ သနားစရာကောင်လေးကို အမြန်ခေါ်လာကြပြီး ဆိုဖာပေါ်မှာ နေရာချပေးထားတယ်.....
တန့်ကျင်းဝမ်း ကောင်လေးနားကို လျှောက်လာပြီး မျက်နှာလှလှလေး ပေါ်လွင်လာစေဖို့ ကပ်ညှိနေတဲ့ ဆံပင်တွေကို ဖယ်ရှားပေးနေတယ်....
ကောင်လေးရဲ့ မျက်ခုံးလှလှလေးတွေ မဆိုသလောက်တွန့်ချိုးနေပြီး နီထွေးလှပတဲ့ နှုတ်ခမ်းတစ်စုံကလဲ အအေးဓာတ်ကြောင့် အရောင်အဆင်း ကင်းမဲ့နေရှာပြီ.....
တန့်ကျင်းဝမ်း ကောင်လေးရဲ့ မျက်နှာလေးကို ခပ်ဖွဖွ ဖျစ်ညှစ်လိုက်တယ်...ကောင်လေးရဲ့ အရေပြားတွေက နည်းနည်းလေးအားစိုက်လိုက်ရုံနဲ့ ပျက်စီးသွားတော့ မတတ် ဖြူဖျော့နေလေပြီ.....
ဒီကောင်လေးက သူကိုယ်တိုင် ဆယ်ရှစ်နှစ်လုံးလုံး အလိုလိုက်ပြီး ဖျက်ဆီးထားတဲ့ ကောင်လေးပါ....
ဒီလိုအသွင်ပြင်မျိုးကို တိုက်ရိုက်ကြီးစွန့်ပစ်တယ်ဆို ဖြန်းတီးလွန်းရာကျနေတော့မပေါ့...ဟုတ်တယ်မလား....
လက်ပြန်ရုတ်ပြီး နောက်မှီကာ ထိုင်ချလိုက်တယ်....
နာရီအချို့ကြာပြီးနောက်.တွေဝေစွာနဲ့ ရှဲ့ဟယ်ရဲ့ မျက်လုံးတွေ ပွင့်လာတယ်....မျက်လုံးတွေ ပွတ်သပ်ကြည့်လိုက်တော့ နူးညံ့အိစပ်နေတဲ့ ဆိုဖာတသ်ခုပေါ် ရောက်နေမှန်းသိလိုက်ရတယ်...
ဘေးနားမှာထိုင်နေတဲ့ တန့်ကျင်းဝမ်းကို မြင်လိုက်ချိန်မှာ ရှဲ့ဟယ်ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေ ဖူးပွင့်လာလေတယ်....
"Daddy !!!Daddy!!!"
အားအင်စိုက်ထုတ်ထားသော်ငြားလဲ အသံတွေက ဖျော့တော့အက်ကွဲနေဆဲပါပဲ.....
တန့်ကျင်းဝမ်းက ရှဲ့ဟယ်ကို တစ်ချက်ငေးကြည့်ပြီး.....
"အစားနည်းနည်းလောက် အရင်စားလိုက်ဉီး...."
ထိုအခါမှသာ သူ့ရှေ့မှာ စီစဉ်ပေးထားတဲ့ ပူပူနွနွေးစားသောက်ဖွယ်ရာတွေကို သတိပြုမိလိုက်လေတယ်...ဝမဗိုက်က ကျောပြင်နဲ့ ကပ်နေတော့မယောင် ဆာလောင်နေတဲ့အတွက် ဘယ်လိုများသည်းခံနိုင်တော့မှာလဲ???
ဒါဟာ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မခံမရပ်နိုင်အောင် ဗိုက်ဆာခြင်းအကြောင်း နားလည်ခဲ့ရပြီ....
အလျင်စလို စားသောက်နေတဲ့အတွက် မတော်တဆ သည်းသွားတာကြောင့် ချောင်းအဟွတ်ဟွတ်ဆိုးပြီး မျက်ရည်တွေပါကျလာတယ်....
အသေးသိမ်ဆုံးသော ခံစားချက်မျိုး ခံစားမိနေချိန်မှာ သူ့နှုတ်ခမ်းဖျားနားကို ရေတစ်ခွက်ရောက်လာပြီး...လက်တစ်ဖက်ကလဲ သူ့ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးနေတယ်.......
ရှဲ့ဟယ်က ရေတစ်ခွက်လုံးကို အငမ်းမရသောက်သုံးလိုက်တယ်....ကျောပြင်ကို ညှင်သာစွာပွတ်သပ်ပေးနေတဲ့ လက်တစ်ဖက်ဆီကနေ စကားလုံးတွေနဲ့ ရှင်းပြလို့မရတဲ့ နွေးထွေးလုံခြုံမှုမျိုးကို ခံစားမိနေတယ်.....
ရှဲ့ဟယ် တန့်ကျင်းဝမ်းကို မျက်ရာ်အဝဲသားနဲ့ မော့ကြည့်လိုက်ပြီး.....
"Daddy ကျွန်တော့်ကို မလိုချင်တော့တာ မဟုတ်မှန်း နားလည်သွားပြီလား??"
တန့်ကျင်းဝမ်းတစ်ယောက် ရသ်သပ်ရှုမောဖွယ်မျက်နှာလှလှလေးပေါ်က နက်ရှိုင်းလှစွာသော မှီခိုအားထားလိုစိတ်တွေ ပြည့်လျှံနေတဲ့ နီမြန်းနေတဲဲ့ မျက်ဝန်းတစ်စုံကို မရပ်တန့်နိုင်လောက်တဲ့အထိ ငေးကြည့်နေမိတယ်....
ဒီလို ရှားပါးတဲ့အလှတရားလေးကို သူမလိုချင်ရင်တောင် တစ်ခြားသူရဲ့ လက်ထဲတော့ အပါမခံနိုင်ပေါင်.....
ဒီကောင်လေးကို တခြားသူတစ်ယောက်က ပိုင်ဆိုင်သွားပြီး တခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အောက်မှာ ဒီကောင်လေး ငိုယို တောင်းပန်နေတဲ့အကြောင်း တွေးမိလိုက်ရုံနဲ့တင် မနှစ်မြို့ဖွယ်ရာခံစားချက်တွေ လှိုက်တက်လာတယ်.....
သူ့နလုံးသားထဲက ဆန္ဒတွေကို ဒီထက်ပိုပြီး ဖိနှ်ပ်ထားလို့မရနိုင်တော့ဘူး....ဒီကောင်လေး အနှေးနဲ့အမြန်ဆိုသလို ဒီလိုအဆုံးသန်မျိုးနဲ့ ကြုံရမယ်ဆိုရင်တောင် သူ(တန့်ကျင်းဝမ်း)နဲ့ပဲ ဖြစ်သင့်တယ်မဟုတ်လော......
ဒီကလေးက သူတစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးပါ...ဒါ့ကြောင့် တန့်ကျိုး တစ်ယောက်ယောက်နဲ့ သာယာကြည်နူးမယ်ဆိုလဲ အဲ့လူက သူ(တန့်ကျင်းဝမ်း)ပဲ ဖြစ်သင့်တယ်....
[တင်းတောင် ပစ်မှတ်ရဲ့ နှစ်သက်မှု 10မှတ် ထပ်တိုးပါတယ်...စုစုပေါင်း 45 မှတ်ပါ...]
ရှဲ့ဟယ်က တန့်ကျင်းဝမ်းရဲ့ ခါးကို ဖက်ပြီး ဆို့နင့်စွာငိုကြွေးမြည်တမ်းနေတယ်.....
"ကျွန်တော်မှားသွားပါတယ် Daddy ...အခုချိန်ကစပြီး ဒယ်ဒီ့စကားကို နားထောင်ပါတော့မယ်...ပြသာနာလဲမရှာတော့ပါဘူး....ကျွန်တော့်ကို မစွန့်ပစ်လိုက်ပါတယ်....နော်....နောက်တစ်ခါထပ်ပြီး အဝေးမှာ မထားခဲ့ပါနဲ့...ကျွန်တော် တကယ်ကြောက်လို့ပါ ဒယ်ဒီရယ်...ဝူးးး ဝူးးး(ငိုသံ)"
ကောင်လေးရဲ့ ဆံသားအိအိလေးတွေကို ထိုးဖွနေတဲ့ တန့်ကျင်းဝမ်းရဲ့ လက်ချောင်းတွေက ကောင်လေးရဲ့ မျက်နှာသွယ်သွယ်လေးတစ်လျှောက်ဖြတ်ပြေးနေပြီး နှုတ်ခမ်းနုနုလေးဆီမှာ ခရီးစဉ်အဆုံးသတ်သွားခဲ့တယ်....
"မင်း ဒီမှာ နေလို့ မရတော့တာတော့ မဟုတ်ဘူး...."
အဆုံးမဲ့သော ပျော်ရွှင်မှုအရိပ်အယောင်တွေ ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ ပေါ်ထွက်လာတယ်....
"ငါ့သားအဖြစ်နဲ့ မဟုတ်ဘဲ ငါ့ချစ်သူအဖြစ်နဲ့ဆိုရင်ရော...."
ထိတ်လန့်တုန်လှုပ်နေတဲ့ ကောင်လေးရဲ့ မျက်ဝန်းတွေကို ကြည့် ပြီး တန့်ကျင်းဝမ်း ခပ်ဖျော့ဖျော့ရယ်မောနေတယ်.....
"အဲ့လိုဆိုရင် မင်း ဒီမှာနေဖို့ ဆန္ဒရှိသေးလား??"
[ရှဲ့ဟယ်: Oh!!! ဒယ်ဒီက အရမ်းကြမ်းပြီး တည့်တိုးဆန်လိုက်တာ!!! ဒယ်ဒီ့ကို နည်းနည်းတော့ ကြွေနေပြီ...]
[TN: ငါးဆားနူကို review ရေးထားတာလေးများတွေ့ရင် လက်တို့ကြပါဉီး မုန့်မုန့်တို့ကိုတော့ review ရေးထားတာတွေ့တယ်....အရေးအသားဖတ်ရတာ အဆင်မပြေတာများရှိရင် အားမနာတမ်းပြောကြပါနော်...အားလုံးကို ချစ်တယ်နော် အာဘွား 😘]
Zawgyi
………………… ………………… …………………
ရှဲ့ဟယ်တစ်ယောက် Company အပြင်ဘက်မှာရော အိမ်တော် အပြင်ဘက်မှာပါ တန့်ကျင်းဝမ်းကိုတွေ့ရဖို့ နေတိုင်းထိုင်စောင့်နေခဲ့တယ်...သုံးရက်မြောက်နေမှာတော့ လက်ထဲမှာ ပိုက်ဆံပြတ်သွားခဲ့ပြီ...သို့ပေမယ့် တန့်ကျင်းဝမ်းရဲ့အနားကိုတော့ 10 မီတာအကွာလောက်မျှသော် ကပ်ခွင့်မရနိုင်သေးပေ.....
"သူ့ကို အထဲခေါ်ခဲ့...."
"Daddy !!!Daddy!!!"
ရှဲ့ဟယ် တန့်ကျင်းဝမ်းကို မျက်ရ်ာအဝဲသားနဲ့ မော့ကြည့်လိုက်ပြီး.....
တန့်ကျင်းဝမ်းတစ်ယောက် ရသ်သပ်ရှုမောဖွယ်မျက်နှာလှလှလေးပေါ်က နက်ရှိုင်းလှစွာသော မှီခိုအားထားလိုစိတ်တွေ ပြည့်လျှံနေတဲ့ နီမြန်းနေတဲ့ မျက်ဝန်းတစ်စုံကို မရပ်တန့်နိုင်လောက်တဲ့အထိ ငေးကြည့်နေမိတယ်....