You are my husband (Season 1)...

By nikochan065

1M 62.8K 5.3K

သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျ... More

part 1
part 2
part 8
part 9
part 10
part 11
part 3
part 12
part 13
part 14
part 15
part 16
Part 17
part 18
part 19
part 4
Announcement
part 20
part 21
part 22
part 23
part 24
part 25
part 5
part 26
Part 27
part 28
part 29
part 30
နတ္သမီးလမ္း <နတ်သမီးလမ်း >
part 32
part 33
part 6
part 33 အဆက္
part 34
34 အဆက္
35
36
Ep 7
37
38
39
40
41
42
43
44
45
46
46 အဆက္
47
48
48
49
50
51 ဇာတ္သိမ္းပိုင္း
Extra

part 31

14.7K 1K 91
By nikochan065

" ၿခံေစာင့္လား...?  သူ႕နာမည္အရင္း ဘယ္သူလဲေတာ့ ေသခ်ာမသိဘူး... ငါတို႔ကေတာ့ ဖန္လံုးလို႔ပဲ ေခၚတာပဲ... ။ သူ မရိွေတာ့တာ အေတာ္ၾကာေနၿပီ ။
ၿခံပိုင္ရွင္ ဦးဆက္ထန္ ကပဲ ေမာင္းထုတ္လိုက္သလိုလို... ၊ သူ႕ဟာသူ ထြက္သြားသလိုလိုနဲ႔ ဘာမွန္းေတာ့ ေသခ်ာမသိဘူး.... သူက ေဆးလည္းသံုး ၊ မိန္းမအ႐ႈပ္အရွင္းလည္း ရိွေတာ့ ငါတို႔ကေတာ့ သူ ေမာင္းထုတ္ခံလိုက္ရတယ္ ထင္တာပဲ! ဖန္လံုးေပးခဲ့တဲ့ ေသာ့က ငါတို႔ဆီမွာ တစ္ခု ၊ အၿမဲလာေနက် လူ ကို တစ္ခု ေပးခဲ့တဲ့ ပံုပဲ...အဲ့လူက သူ႕ဟာသူ ဖြင့္ျပီး ၀င္သြားတာ ဆိုေတာ့ေလ... "

အိုက္ခ်ဳိင္း သည္ ခက္ထန္ ေမးသမွ်တိုင္းကို စိတ္ရွည္စြာ ရွင္းျပ၏ ။

" သူ အခု ဘယ္မွာရိွေနႏို္င္လဲ?  "

အိုက္ခ်ဳိင္း က ေခါင္းကုတ္ရင္း သူ႕သူေဌး၏ သားျဖစ္သူကို စူးစမ္းသလိုၾကည့္လာ၏ ။

" ေသခ်ာေတာ့... မသိ!  အဲ... ညဖက္ဆို နတ္သမီးလမ္းမွာ ရိွေနမလားဘဲ... "

" နတ္သမီးလမ္း? "

" ဒီေဒသရဲ႕ ဗိမာန္ေလးေပါ့ကြာ! "

" သိၿပီ... သိၿပီ... မွတ္မိျပီ.. ၾကားဖူးတာၾကာေပမဲ့ ကို္ယ္တိုင္ေတာ့ မျမင္ဖူးေသးဘူး... ေက်းဇူးတင္ပါတယ္...  ခင္ဗ်ားတို႔ လိုတာ ရိွရင္လည္း ကြၽန္ေတာ့္ကို ေျပာပါ ။ က်ဳပ္ မွာတဲ့ ေဆးေရာ... "

ေဆးထုတ္ကေလးကို အိုက္ခ်ဳိင္းက ကမ္းေပးလာေသာအခါ လ်င္ျမန္စြာ ဆြဲယူလ်က္
အိမ္ထဲသို႔ ျပန္၀င္ရန္ ျပင္လိုက္သည္ ။

" ဒီမွာ... သူေဌး... ပိုတဲ့ ေငြ! "

အိုက္ခ်ဳိင္းကို ေဆး၀ယ္ဖို႔ ေပးလိုက္တဲ့ ပိုက္ဆံက ပိုမ်ားေနသည္မို႔ ပိုေနသည့္ ပိုက္ဆံက အိုက္ခ်ဳိင္းက ျပန္ေပးလာခဲ့သည္ ။ အိုက္ခ်ဳိင္း၏ ႐ိုးသားမႈကို အသိအမွတ္ျပဳေသာအေနျဖင့္ 'ပိုတာ ယူလိုက္' ဟုေျပာကာ အိမ္ထဲသို႔ သုတ္ေျခတင္ေျပးေလသည္။

သူ ယူလာေသာ ေဆးမ်ားကို အေပၚကုတ္အက်ႌအိတ္ကပ္ထဲသို႔ ထည့္၍
ၾကမ္းျပင္ေပၚတြင္ ေကြးေကြးေလး လွဲေနေသာ ထည္ဝါလင္းရိွန္ ကို ေပါ့ေပါ့ပါးပါးေလး ေပြ႕ခ်ီလိုက္သည္ ။ ဒီအိမ္ထဲမွ ထြက္မသြားခင္ေလး
ပုပ္ပြေနေသာ အေလာင္းကို တစ္ခ်က္ေတာ့ ၾကည့္မိေသး၏ ။ ၿပီးေနာက္ ထည္ဝါလင္းရိွန္ကို ကားထဲသို႔ ပစ္ထည့္ကာ ေမာင္းသူေနရာတြင္ ၀င္ထိုင္လ်က္ ထိုေနရာမွ ထြက္ခြာလာခဲ့သည္ ။

အစက အပန္းေျဖစံအိမ္မွာပဲ အနားယူမည္ဟု စဥ္းစားထားေသာ္လည္း အခုလို အပုပ္နံ႔ထြက္ေနေသာ အေလာင္းတစ္ေလာင္းႏွင့္ တစ္အိမ္ထဲေနဖို႔ စိတ္မသန္႔လွေပ ။ အိမ္ေစာင့္ရိွေနမည္ဟုထင္မိေသာ္လည္း ဘယ္သူမွ မရိွတဲ့ ဖုန္တက္ေနတဲ ့ အိမ္မွာ ေနဖို႔လည္း အဆင္မေျပျပန္ ။

" ခက္ထန္!  ဘယ္ သြား... ေနတာလဲ? "

အိပ္တ၀က္ႏိုးတ၀က္ ျဖစ္ေနသူသည္
လႈပ္စိလႈပ္စိ ျဖစ္ေနေသာ ကားအရိွန္ေၾကာင့္ ႏိုးလာေတာ့၏ ။ သူ ေမးလိုက္ေသာ္လည္း
ခက္ထန္ က သူ႕ဘက္ တစ္ခ်က္သာ ၾကည့္ကာ
မ်က္ႏွာလႊဲလ်က္ ကားသာ ဆက္ေမာင္းသည္ ။ မၾကာမီတြင္ ခက္ထန္သည္ လွ်ပ္စစ္မီးတို႔ျဖင့္ တ႐ုတ္စာတန္းထိုးထားေသာ ဟိုတယ္ တစ္ခု၏ ေရွ႕တြင္ ကား ရပ္လိုက္၏ ။

ထည္ဝါလင္းရိွန္ သည္ ကားေပၚမွ ဆင္းရမလို ဆက္ပဲေနရမလို ဘာလုပ္ရမွန္းမသိစြာ ခက္ထန္ကို ေငးၾကည့္ေနဆဲ၌ပင္ သူ႕ဘက္မွ တံခါး ပြင့္သြားကာ
ခက္ထန္၏ ေပြ႕ခ်ီျခင္းကို ခံလိုက္ရေလသည္။

ခဏေလာက္ ေၾကာင္အ,သြားေသာ္လည္း သူ ႐ုန္းကန္ျခင္းတို႔ မျပဳ...။ သူ႕ခနၶာကိုယ္က ႐ုန္းကန္ဖို႔အတြက္ အားစိုက္ခ်င္စိတ္ေတာင္ မရိွေတာ့ဘူး ။ ခက္ထန္ ကန္ခ်က္မ်ားအၾကားတြင္
သူ႕ခႏၶာကိုယ္တစ္ခုလံုး ကိုင္ေပါက္ခံထားရသလို ႏံုးခ်ိေနခဲ့ၿပီ ။ သူက လူေပ်ာ့တစ္ေယာက္မဟုတ္ေပမဲ့
အခုေတာ့ လက္တစ္ဖက္ မသယ္ခ်င္ေလာက္ေအာင္ ေပ်ာ့ေခြခ်င္ေနၿပီ ။ ဒါက ရန္ကုန္အိမ္မွာ ရိွကတည္းက သူ အားျပတ္သလို ျဖစ္ေနခဲ့တာ... ။
သူ႕ကိုယ္သူလည္း နားမလည္ဘူး ။ အရင္ကဆို ဒီေလာက္ အသားနာျခင္းမ်ဳိးက သူ႕အတြက္ စကားထဲထည့္ေျပာစရာေတာင္ မလိုေပ ။ သူ ႀကီးျပင္းလာခဲ့ရသည့္ ဘ၀က က်ည္ဆန္မ်ားၾကားထဲကပဲ မလား... ။

ခက္ထန္သည္ သူ ကန္ထား၍ ပြန္းပဲ့ေနသည့္ ေနရာမ်ားကို ကိုယ္တိုင္ ေဆးထည့္ေပးၿပီးေနာက္ အကိုက္အခဲေပ်ာက္ေဆးကို ေဘးတြင္ ခ်ေပးထားသည္ ။

ခက္ထန္ဟာ အနာေပးလိုက္ ေဆးေပးလိုက္ လုပ္လာသည့္အခါ သူသည္ အနာကို လက္ခံရသလို ေဆးကိုလည္း ၿမိဳခ်ပစ္လိုက္ဦးမည္ျဖစ္၏ ။

" ႐ႈးေပါက္ခ်င္တယ္ "

သူ မထႏိုင္ေတာ့သည့္အခါ ခက္ထန္ကသာ မ, ခ်ီလ်က္ အိမ္သာထဲသို႔ ပို႔ေပးရ၏ ။ ခက္ထန္ အတြက္ေတာ့ သူ စိတ္မေကာင္းေပ ။ သူ မုန္းေနတဲ့လူအတြက္ ဆီးပါ လိုက္တည္ေပးေနရသည့္အေပၚ ဘယ္ေလာက္ ခံျပင္းေနလိုက္မလဲ... ။

" ငါ... ကိုယ့္ဘာသာ လုပ္မယ္... သြားေတာ့!"

"ပါးစပ္ပိတ္ထား!  "

အိမ္သာထဲမွ မ, ခ်ီကာ အိပ္ရာေပၚတြင္ တင္ေပးလ်က္ သူ ကိုယ္တိုင္ပင္ အ၀တ္အစားလဲေပးသည္ ။ ညအခ်ိန္ေရာက္ေနသည္မို္ ့ ဟို္တယ္မွ အစားအေသာက္မွာကာ ႏွစ္ေယာက္အတူတူ ညစာ စားခဲ့ၾကသည္ ။ ခက္ထန္ မွာထားေပးသည္မ်ားမွာ ထည္ဝါလင္းရိွန္ အႀကိဳက္ႀကီးမ်ားသာ ျဖစ္ေသာ္လည္း အစားအေသာက္ ဂ်ီးမမ်ားတတ္ေသာ သူသည္ အခုမွ တို႔ခနဲဆိတ္ခနဲ လုပ္ေန၏ ။

ခက္ထန္ စိတ္မရွည္စြာ ျဖင့္ ထည္ဝါလင္းရွိန္ အႀကိဳက္ျဖစ္ေသာ ငါးသံပရာေပါင္းကို ဖဲ့လ်က္ ပန္းကန္ထဲသို႔ ထည့္ေပးလိုက္သည္ ။

" က်ဳပ္ကို စိတ္ဆိုးလို႔ ဘာမွ မစားရင္ ခင္ဗ်ားပဲ ဗိုက္ေဟာင္းေလာင္း ျဖစ္မွာ !"

သူ ခက္ထန္ကို စိတ္မဆိုးပါ ။ ခက္ထန္ ဖတ္ခဲ့ရတဲ့ စာအုပ္ေလးမွာ ဒယ္ဒီက ဘယ္လိုစာေတြမ်ား ေရးခဲ့လို႔ ခက္ထန္က ဒီေလာက္ေတာင္ စိတ္ဆိုးသြားရသလဲ မွ မသိဘဲ... ။ ခက္ထန္ ေနရာမွာ တျခားသူသာဆို ဒီ့ထက္ေတာင္ ပိုဆိုးသြားႏိုင္ေသးတာပဲ မဟုတ္လား... ။ သူကသာ နဂို အားျပတ္ေနျခင္းအတြက္ ႏံုးခ်ိခ်ိ ျဖစ္ေနတာ.... ခက္ထန္ က ကန္ခဲ့ေပမဲ့ အားအျပည့္ထည့္ထားတာ မဟုတ္မွန္း သူ သိသည္ ။

"....... "

ခက္ထန္ကို ဘာ စ, ေျပာရမလဲ မသိလို႔
စကားျပန္မေျပာခဲ့ေပ ။ သို႔ေသာ္ စိတ္မဆိုးေၾကာင္း ျပခ်င္၍ ခက္ထန္ ထည့္ေပးလာေသာ ငါးဖက္ကေလးကို တူျဖင့္ ညႇပ္ကာ ပါးစပ္နားေတ့လိုက္သည့္ႏွင့္ ႏွာေခါင္းထဲ တန္း၀င္လာသည့္ ငါးနံ႔ေၾကာင့္ ေနရာမွာတင္ ပ်ဳိ႕တက္လာေတာ့၏ ။

"ဘာ... ဘာ ျဖစ္တာလဲ!  ဟမ္? "

ပါးစပ္ကို လက္ျဖင့္ပိတ္ကာ ေရခ်ဳိးခန္းဘက္သို႔ ေထာ့နဲ႔နဲ႔ ေျပးသြားေသာ ထည္ဝါလင္းရိွန္ေနာက္သို႔ ခက္ထန္က ထက္ၾကပ္မကြာ လိုက္သြားခဲ့သည္။
ေဘစင္တြင္ မရိွသည့္အစာကို ထိုးအန္ေနေသာ ထည္ဝါလင္းရိွန္၏ ေက်ာကို ခက္ထန္က ဖြဖြေလး ပုတ္ေပး၏ ။ မ်က္ရည္မ်ား ရစ္၀ဲကာ ဗိုက္ကိုဖိလ်က္ ေဘစင္ေအာက္ ငုတ္တုတ္ေလး ထိုင္ခ်လိုက္ေတာ့ ခက္ထန္ကပါ လိုက္ထိုင္၏ ။

" ထည္ဝါလင္းရိွန္!  "

" ဟင္ "

ခက္ထန္ ႏႈတ္ခမ္းထူထူေလးမ်ားသည္ တစ္ခုခုကို ေျပာခ်င္ေနသည့္ ပံုမို႔ သူ အခ်ိန္အၾကာႀကီး အသံတိတ္စြာ နားစြင့္ေနမိသည္ ။ ေၾကာက္လည္းေၾကာက္ေနမိျပန္၏ ။ ခက္ထန္ စကားတစ္ခြန္း ဟ လာမည္ကိုေတာင္ အခုခ်ိန္မွာ သူ ေၾကာက္ေနမိသည္ ။

" ဘာမွ မဟုတ္ေတာ့ဘူး... "

ထိုအခါမွ စိတ္လက္သက္သာစြာ သက္ျပင္းခ်လိုက္မိသည္။

"အင္း... ေတာ္ေသးတာေပါ့... အခုခ်ိန္ စကားလံုးေတြနဲ႔မ်ား ထပ္ၿပီး ထိုးႏွက္ေနဦးမလားလို႔.... လန္႔သြားတာပဲ! "

ထည္ဝါလင္းရိွန္ သည္ အသက္မဲ့စြာ မ်က္ရည္၀ိုင္းေနေသာ မ်က္၀န္းမ်ားျဖင့္ ရယ္လ်က္ ေနရာမွ ထထြက္သြားေလသည္ ။

ယိုင္နဲ႔နဲ႔ ေက်ာျပင္ေလးသည္ အရင္ကထက္ ႏွစ္ဆေလာက္ က်ံဳ႕သြားေသာ သဲအိတ္ေလးႏွင့္ တူလွ၏ ။ ဘယ္ေလာက္မွ မရိွေသးတဲ့ လအနည္းငယ္အတြင္း သူသည္ ထည္ဝါလင္းရိွန္၏ ခႏၶာကိုယ္အေလးခ်ိန္ ထိုးက်သြားေအာင္ ၊ က်ယ္ျပန္႔ေတာင့္တင္းေသာ ပခံုးေလးမ်ားကို က်ံဳ႕သြားေအာင္ ၊ မာန္မာန အျပည့္ျဖင့္ မ်က္၀န္းရွည္တို႔တြင္ မ်က္ရည္တို႔ ရစ္၀ိုင္းလာေအာင္ ၊ အားျပတ္ျခင္းဆိုတာ ဘာလဲ ဟု ျပန္ေမးရေသာ သူကို ယိုင္နဲ႔နဲ႔ လမ္းေလွ်ာက္ေနရေအာင္ သူအမ်ားႀကီး စြမ္းေဆာင္ႏို္င္ခဲ့သည္ ။

မၾကာေသးခင္ အခ်ိန္ေလးအတြင္းက သူ တကယ္ကိုေျပာခ်င္ေနခဲ့တာ.... ။ သူ ေျပာခ်င္သည့္စကားကို အိပ္ရာေပၚ လွဲခ်သြားေသာ ေက်ာျပင္ေလးကို ၾကည့္ၿပီး ဘယ္သူမွ မၾကားေအာင္ တိုးတိုးေလး ေျပာျဖစ္ခဲ့သည္ ။

'ေတာင္းပန္ပါတယ္... ခင္ဗ်ားကို ကိုယ္ထိလက္ေရာက္ လုပ္ခဲ့မိတယ္... ထပ္ၿပီး ေတာင္းပန္ပါတယ္ ေရွ႕ဆက္ၿပီးလည္း အေျခအေနေတြ ဆိုးလာဦးမယ္ ထင္ပါရဲ႕....   ။ '

" ဘာလို႔ က်ဳပ္ကို ဘာမွ ျပန္မလုပ္ခဲ့တာလဲ? "

ခက္ထန္သည္ ကားေသာ့ကို ဆုပ္ကိုင္လို႔ မေရရာေသာ မ်က္ဝန္းတို္႔ျဖင့္ ထည္ဝါလင္းရိွန္ကို ၾကည့္ကာ ေမးခြန္းထုတ္လာ၏ ။

" ဘာကိုလဲ? "

" က်ဳပ္ ကန္ေနတဲ့အခ်ိန္မွာေလ... ျပန္လုပ္ႏိုင္ရဲ႕သားနဲ႔ ဘာလို႔ ၿငိမ္ခံေနခဲ့တာလဲ? အရင္ကလိုေတာင္ ခင္ဗ်ား က်ဳပ္ကို ေခြးတိရစၧာန္ေကာင္ လို႔ေတာင္ မေျပာခဲ့ဘူး ။ ဘာလို႔ ငိုတာလဲ... ဘာလို႔ မ်က္ရည္ေတြပဲ က်ေနရတာလဲ.... ဘယ္သူ႕အတြက္လဲ? "

" ခက္ထန္ "

" ေသသြားတဲ့ လူအတြက္ က်တဲ့ မ်က္ရည္လား.... က်ဳပ္ အျပဳအမူေတြေၾကာင့္ က်တဲ့ မ်က္ရည္လား... ဘာလဲ?  "

ခက္ထန္သည္ ကေလးေလးတစ္ေယာက္လို လိုခ်င္သည့္အေျဖကို မရမခ်င္း တစာစာေအာ္ဟစ္ေသာင္းက်န္းခ်င္ေနပံုေပၚသည္။
သူ႕ မ်က္လံုး၀ိုင္းႀကီးထဲတြင္ သူ႕ေမးခြန္းအတြက္ သူကိုယ္တိုင္ အေျဖတစ္ခု ေပးခဲ့ၿပီးသား ျဖစ္လိမ့္မည္။ သူ ၾကားခ်င္တဲ့ အေျဖကိုသာ ေမွ်ာ္လင့္ေနတဲ့ မ်က္လံုး၀ိုင္းႀကီးသည္ အင္မတန္မွ ကေလးတစ္ေယာက္လို အလိုမက်မႈမ်ဳိးျဖင့္ ျဖဴစင္တံုးအလြန္းသည္ ။

" မင္းက ငတံုးပဲ ခက္ထန္!  "

အသံတိုးေဖ်ာ့ေဖ်ာ့ေလးကို သတိမူမိေသာ္လည္း
တကိုယ္ေကာင္းဆန္စြာ သူ ၾကားခ်င္သည့္စကားကို ထည္ဝါလင္းရိွန္ ပါးစပ္က ထုတ္ေျပာလာမည္ကို လိုခ်င္မိသည္ ။

" ဘာလဲ ဗ်ာ!  ေမးေနတာပဲ ေျဖေလ!  ဘာလဲ... ခင္ဗ်ား အေျဖမေပးႏိုင္တာ... "

"မင္းေၾကာင့္... "

စကၠန္႔ပိုင္းစာေလးတစ္ခုေလာက္တြင္ သူတို္႔ႏွစ္ဦးၾကားမွ ေလထုသည္ ၿငိမ္သက္သြားရသည္ ။

"မင္းေၾကာင့္ ငါ ၀မ္းနည္းရတယ္.... မင္းအတြက္နဲ႔... ငါ နာက်င္လိုက္ရတာ... "

ခက္ထန္ ၏ တြန္႔ခ်ဳိးေနေသာ မ်က္ခံုးထူထူတို႔သည္ တျဖည္းျဖည္း ေျပေလ်ာ့သြားေတာ့သည္ ။ မသိမသာ ၿပံဳးရိပ္သန္းသြားေသာ မ်က္လံုး၀ိုင္းမ်ားကို ထည္ဝါလင္းရိွန္ မျမင္ေစရန္ ေက်ာခိုင္းပစ္လိုက္၏ ။

ဒါ သူ ၾကားခ်င္တဲ့ စကားတစ္ခုသက္သက္ပဲ... ။ ဒီလူရဲ႕ မ်က္ရည္ေတြဟာ ဘယ္သူ႕ေၾကာင့္မွ မဟုတ္ဘဲ သူ႕ေၾကာင့္ ျဖစ္ရတယ္ဆို သူ ေက်နပ္ၿပီ...... ။ ဒီလူ ဘာပဲျဖစ္ေနပါေစ... အဓိက, က သူ လိုခ်င္တာ ရဖို႔သာ အေရးႀကီးသည္ ။

ခက္ထန္ လွည့္ၾကည့္လိုက္သည့္အခါ ထည္ဝါလင္းရိွန္သည္
ေဘးတြင္ ခြၽတ္ထားေသာ သူ႕ ေဘာင္းဘီအိတ္ထဲသို႔ လက္ထိုးထည့္ကာ တစ္စံုတစ္ခုကို ရွာေဖြေနပံုေပၚသည္ ။

" ဘာရွာေနတာလဲ? "

ေမာ့ၾကည့္လာေသာ မ်က္၀န္းရွည္ထဲတြင္ အားငယ္စိတ္ပ်က္ျခင္း ၊ ၀မ္းနည္းစို႔နစ္ျခင္းတို႔ ကိန္း၀ပ္ေနခဲ့သည္ ။

" ငါ့ ပိုက္ဆံအိတ္.... ဟို အိမ္မွာ ျပဳတ္က်ခဲ့တယ္ထင္တယ္... ငါ... ငါ ျပန္သြားယူရမယ္.... "

ခက္ထန္သည္ အားမရိွ၍ နာက်င္ေနေသာ ခႏၶာကိုယ္ျဖင့္ ကုတင္ေပၚမွ အတင္း ကုန္းထေနေသာ ထည္ဝါလင္းရိွန္၏ ပခံုးႏွစ္ဖက္ကို ဖိခ်ကာ ပက္လက္အေနအထား ျဖစ္သြားေအာင္ တြန္းလွဲခ်ပစ္လိုက္၏ ။ အေပၚမွ ေစာင္ကို ဆြဲၿခံဳေပးလိုက္ကာ...

"ပိုက္ဆံအိတ္ေလးပဲေလ... အထဲမွာ ဘယ္ေလာက္ပါမွာ မို႔လို႔လဲ? "

ထည္ဝါလင္းရိွန္က ေခါင္းခါ၏ ။

က်လာျပန္ျပီ... ဒီမ်က္ရည္ေတြ... ဒီလူ တကယ္ပဲ ဘာေတြ သ႐ုပ္ေဆာင္ေနျပန္တာလဲ? 

" မဟုတ္ဘူး... အထဲမွာ အေရးႀကီးတာ ပါတယ္!  မင္း မလိုက္ခ်င္လည္း ေန... ငါ သြားယူမယ္ "

လူကသာ မ်က္ရည္က်ေနတာ ေလသံက မေလွ်ာ့ေသးသည့္အတြက္ ခက္ထန္ အနည္းငယ္ေတာ့ စိတ္ေအးရသည္ ။ ထည္ဝါလင္းရိွန္ဆိုတာ တစ္ေနရာမဟုတ္ တစ္ေနရာ မာထန္ ေနမွ သူ စိတ္ခ်ရမည္ေလ.... ။

" ေကာင္းၿပီ... က်ဳပ္ သြားယူေပးမယ္! ခင္ဗ်ား ကလန္ကဆန္ လုပ္ေနရင္ေတာ့ အဲ့အိမ္ႀကီးကို တခါတည္း မီး႐ိႈ႕ပစ္လိုက္မယ္ ... "

ထိုအခါမွ ထည္ဝါလင္းရိွန္သည္ သက္ျပင္းခ်လိုက္သလို ပံုမ်ဴိးျဖင့္ ၿငိမ္သက္သြားကာ မ်က္လံုးပါ မိွတ္ပစ္လိုက္သည္ ။

ကားေသာ့ကို ယူကာ အခန္းထဲမွ ထြက္ခါနီး၌ မတိုးမက်ယ္ အသံေလးက သူ႕ ေျခလွမ္းေတြကို ရပ္တန္႔ေစသည္ ။

" ခက္ထန္!  ျမန္ျမန္ ျပန္လာခဲ့ေနာ္! "

တဲ့.... ။

ဒီစကားတစ္ခြန္းကေလ တကယ္ေတာ့ ဘာမွမထူးျခားဘူး ။ ဒါေပမဲ့.... ဒါေပမဲ့လည္း ကိုယ္ျပန္လာမဲ့အခ်ိန္ကို တစ္ေယာက္ေယာက္က ေစာင့္ေနတယ္ဆိုတဲ့ အသိက သူ႕ဦးေႏွာက္ဆဲလ္ေတြကို မီးစနဲ႔ ထိုးခံလိုက္ရသလို ခံစားေနရတယ္ ။ အိမ္ေထာင္ဦးစီး ေနရာကို ေရာက္သြားတဲ့ အမ်ဴိးသားတစ္ေယာက္လို႔ေတာင္ ကိုယ့္ကိုယ္ကိုယ္ ေတြးမိသြားတယ္ ။ ကိုယ့္မွာ ျပန္စရာအရိပ္အၿမံဳေလးရိွေနတယ္ ။ ကိုယ့္ကို ေစာင့္ေမွ်ာ္ေနရွာတဲ့ အိမ္သူသက္ထားေလး ရိွေနတယ္ဆိုတဲ့ မဆီမဆိုင္ အေတြးႀကီးနဲ႔ သူ႕ေခါင္းေတြ ပတ္ခ်ာလည္လာခဲ့တယ္ ။

ေခါင္းကို ထု႐ိုက္ပစ္ၿပီး လက္ရိွအခ်ိန္ကိုသာ ျပန္သြားဖို႔ သူ ႀကိဳးစားမိသည္ ။

" ဘာလို႔ ခင္ဗ်ားကို မသြားခိုင္းတာလဲ သိလား ထည္ဝါလင္းရိွန္! "

မ်က္လံုးရွည္တို္႔က ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ေငးၾကည့္လာသည္ဟုပင္ သူ ထင္ေနမိသည္ ။ ခ်က္ခ်င္းပင္ မ်က္ႏွာလႊဲပစ္လိုက္၏ ။ ဒီမ်က္လံုးရွည္ေတြထဲ စိုက္ၾကည့္မိတဲ့အခါ သူ႕အတြက္ ဘာမဆို ခက္ခဲရလြန္းလို႔ပါ ။

" ေသေနတဲ့ အေလာင္းေတာင္ ခင္ဗ်ား မခ်န္ႏိုင္ဘဲ တစ္ကမ႓ာတည္ေဆာက္ေနမွာစိုးလို႔.... သိပ္ၿပီး ေစတနာ ရိွေနတယ္လို႔ေတာ့ မထင္လိုက္နဲ႔... မုန္းစရာေကာင္းလိုက္တာ... "

ျပန္ေျပာလာမည့္ စကားတို႔ကို နားေထာင္ခ်င္စိတ္မရိွဘူး ။ ေငးၾကည့္လာမဲ့ ဟန္ေဆာင္မႈအျပည့္နဲ႔ မ်က္လံုးေတြက ရြံစရာေကာင္းလြန္းတယ္ ။

ထိုေနရာက အလ်င္အျမန္ထြက္လို႔ အပန္းေျဖအိမ္ကိုအရင္သြားဖို႔ ျပင္လိုက္သည္ ။ ၿပီးမွ ၿခံေစာင့္ ဖန္လံုး ဆိုတဲ့လူ ရိွတတ္သည့္ နတ္သမီးလမ္းကို သြားမည္ဟု ဆံုးျဖတ္လိုက္သည္။ နတ္သမီးလမ္း ကို မနက္မွ သြားလို႔လည္း မျဖစ္ေပ။ ဘာေၾကာင့္ဆို ထိုေနရာက မနက္ဆိုလွ်င္ တိတ္ဆိတ္ေျခာက္ကပ္ေနသည့္ အေဆာက္အဦးပ်က္ႀကီးလိုပဲ တစ္သီးတစ္ျခား ရပ္တည္ေနသည့္ အတြက္ပင္ ျဖစ္၏ ။

အပန္းေျဖအိမ္သို႔ ေရာက္ေသာအခါ ေန႔လည္က သူတို႔ႏွစ္ဦး သြားခဲ့ဖူးသည့္ ေနရာမ်ားသို႔ ဖုန္းမီးအလင္းေရာင္ျဖင့္ လိုက္ထိုးၾကည့္သည္။ လူမေနတာၾကာေသာ အိမ္ကို မီးျဖတ္ထားသည္မို႔
ေမွာင္မဲေသာ ေျခာက္ကပ္ေနသည့္ အိမ္ႀကီးအတြင္း
ဖုန္းမီးျဖင့္ ပိုက္ဆံအိတ္လိုက္ရွာေနေသာ ေကာင္ေလးတစ္ေယာက္ႏွင့္ ပုပ္ပြနံေဟာင္ေနေသာ အေလာင္းတစ္ေလာင္းသာ ရိွသည္ ။

မျမင္ရသည့္ အရိပ္ျခမ္းတြင္ေတာ့ ခက္ထန္ လႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္ေနေသာ မ်က္လံုးရဲရဲတစံုရိွ၏ ။

ခက္ထန္သည္ အေလာင္းတင္ထားေသာ
ကုတင္၏ အစြန္းေအာက္တြင္ ျပဳတ္က်ေသာ ပိုက္ဆံအိတ္အညိဳေလးကို ေတြ႕သည္ႏွင့္ လ်င္ျမန္စြာေကာက္ယူလိုက္၏ ။ ၿပီးေနာက္ လွည့္ျပန္မည္ျပဳေသာ္လည္း သူ လႊင့္ပစ္ထားေသာ စာအုပ္ကေလးကိုၾကည့္ၿပီးကာမွ မ်က္ႏွာလႊဲပစ္လိုက္သည္ ။ သို႔ေသာ္ သူ႕စိတ္ထဲတြင္ က်န္ရိွေနမည့္ စာရြက္ေပၚမွ စကားလံုးတခ်ဳိ႕ကို သိခ်င္စိတ္ျဖင့္ သြားျပန္ေကာက္ယူကာ အိမ္ထဲမွ ျပန္ထြက္လာလိုက္သည္ ။

ကားထဲသို႔ ေရာက္ခါမွ ပိုက္ဆံအိတ္ေလးကို ဖြင့္ၾကည့္မိသည္ ။ ဘာေတြကမ်ား ထည္ဝါလင္းရိွန္အတြက္ အေရးႀကီးပစၥည္းျဖစ္ေနသလဲ သူ သိခ်င္သည္ ။
သူ႕အေဖႏွင့္ ပတ္သက္ေနသည့္ အရာ တစ္ခုခုမ်ား ျဖစ္ေနမလားဟု ေတြးလိုက္သည္ႏွင့္ သူ႕ေက်ာတျပင္လံုး ပူအိုက္လာရ၏ ။ ျပင္ပေလထုကို သေဘာက်သူမို႔ ကားမွန္တံခါးမ်ားကို ဖြင့္ထားရာမွ အလံုပိတ္လိုက္ကာ ကားထဲမွ အဲယားကြန္း ဖြင့္လိုက္သည္ ။ ေခါက္ပိုက္ဆံအိတ္ေလးကို ဆြဲဖြင့္လိုက္သည္ႏွင့္ ေဆးသားျပယ္ေနသာ
ဓာတ္ပံုေလးတစ္ပံုက တန္း၍ ေပၚလာေတာ့၏ ။ ေဆးသားတို႔ အေရာင္လြင့္ျပယ္ေနေသာ္လည္း ပံုထဲမွ လူမ်ား၏ မ်က္ႏွာမ်ားကို ေသခ်ာစြာ ျမင္ေနရေသးသည္။ အရပ္ရွည္ရွည္ပိန္ပါးပါးျဖင့္ လူတစ္ေယာက္သည္ ဂ်ဳိင္းျပတ္စြပ္က်ယ္ အႏြမ္းေလးနဲ႔ ၂ႏွစ္အရြယ္ ကေလးေလးတစ္ေယာက္ကို ခ်ီထားကာ ႏွစ္လိဖြယ္ေကာင္းေအာင္ သြားေတြေပၚသည္အထိ ရယ္ေမာေနေလ၏ ။ ကေလး၏ တစ္တုတ္ေနေသာ လက္ကေလးတစ္ဖက္သည္ ထိုလူ၏ ပခံုးကို ဖက္ထားကာ ထိုကေလးသည္လည္း မ်က္၀န္းရွည္ရွည္ေလးမ်ား ပိတ္က်သြားသည္အထိ ၿပံဳးရႊင္ေနေတာ့သည္ ။ ကေလး၏ အၿပံဳးက သူ႕ကိုပါ ကူးစက္သြားသည္ ထင္၏ ။ ခက္ထန္သည္ ပါးခ်ဳိင့္မ်ား ခြက္၀င္သြားေအာင္ လိုက္ၿပံဳးမိသည္ ။
သူ႕ႏႈတ္ခမ္းမ်ားက ၿပံဳးကာ လက္ေခ်ာင္းေလးမ်ားျဖင့္ ဓာတ္ပံုထဲမွ ကေလး၏ မ်က္ႏွာေလးကို ထိေတြ႕မိလ်က္ သတိလက္လြတ္ 'ကိုကို' ဟု ေခၚလိုက္မိသည္ ။

ဒါ ထည္ဝါလင္းရိွန္ေပါ့... ။ သူ႕အေဖအရင္းႏွင့္ငယ္ငယ္က ႐ိုက္ထားခဲ့သည့္ အမွတ္တရပံုေလး တစ္ပံု ျဖစ္လိမ့္မည္ ။

ေနာက္ေက်ာ လွန္ၾကည့္မိသည့္အခါ
ခပ္ေသာ့ေသာ့ လက္ေရးေလးတစ္ခုကို ေတြ႕ရသည္။.

'႐ႈပ္႐ႈပ္ ခ်စ္တဲ့ ေဖေဖ ' တဲ့... ။.

႐ႈပ္႐ႈပ္ တဲ့လား.... ။

ခက္ထန္သည္ ပိုက္ဆံအိတ္ထဲ ထပ္ေမႊသည္ ။ ထိုအခါ ထြက္က်လာသည္မွာ ေနာက္ထပ္ ဓာတ္ပံုေလးတစ္ခု.... ။ သံုးႏွစ္အရြယ္ကေလးေလးကို ေပါင္ေပၚတင္ကာ ေနာက္မွ ေပြ႕ဖက္ထားသည့္ မ်က္၀န္းရွည္ရွည္ျဖင့္ ေကာင္ေလး.... ။ သူတို႔ ငယ္ငယ္က ပံုေလးမွန္း ခက္ထန္သိသည္ ။ သူ ငယ္ငယ္က ပံုေတြက မီးထဲပါသြားေပမဲ့ တခ်ဳိ႕ တေလ ကိုေတာ့ ထည္ဝါလင္းရိွန္က မရ, ရေအာင္ ရွာေပးခဲ့ဖူးသည္ ။
သူတို႔ႏွစ္ေယာက္၏ ပံုေလးကိုေတာ့ ထည္ဝါလင္းရိွန္က သူ႕ကိုမေပးဘဲ သိမ္းထားခဲ့သည္။

ဓာတ္ပံုေနာက္ေက်ာေလးတြင္ ထပ္မံေရးထားသည္က...

' ကိုကို႔ရဲ႕ ထန္ထန္ ၀က္ေပါက္ သံုးႏွစ္ျပည့္အမွတ္တရ ' တဲ့..... ။

ခက္ထန္ သည္ ဓာတ္ပံုေလးကို အခ်ိန္ၾကာျမင့္စြာ ၾကည့္မိေနၿပီးမွ ပိုက္ဆံအိတ္ထဲသို႔ ပံုမပ်က္စြာ ျပန္ထည့္လိုက္သည္ ။ ပိုက္ဆံအိတ္အညိဳေရာင္ေပၚသို႔ တစက္ျပဳတ္က်လာေသာ မ်က္ရည္စမ်ားကို လက္ျဖင့္ သုတ္ဖယ္ပစ္လိုက္၏ ။

သူတို႔ႏွစ္ေယာက္ရဲ႕ အမွတ္တရေတြ ကို ဦးေႏွာက္ထဲမွ ထုတ္ဖယ္ကာ ပိုက္ဆံအိတ္ေလးကို ေဘးခံုေပၚတြင္ ပစ္လိုက္၍ 'နတ္သမီးလမ္း' ဆီသို႔ ခရီးဆက္ရန္ ဦးတည္လိုက္သည္ ။

ၿခံေစာင့္ဆိုေသာ လူကို ျပန္ရွာကာ အပန္းေျဖစံအိမ္ထဲမွ အေလာင္း၏ ဇာတ္႐ႈပ္ကို သူ သိဖို႔ လိုအပ္သည္ ။ သံႀကိဳးမ်ား ခတ္ခံထားရေသာ အေလာင္းသည္ အစာျပတ္၍ ေသသြားသည့္အေနအထားတစ္ခုပင္ ျဖစ္၏ ။ မေသမီ အႏိွပ္စက္ခံထားရမွန္း သိသာေအာင္ အေလာင္း၏ ပုပ္ပြေနေသာ ေနာက္ေက်ာဘက္ အသားတြင္ ဓားျဖင့္ အျခစ္ခံထားရသည့္ အက္ကြဲရာမ်ားက ပံုပ်က္လ်က္ ရိွေန၏ ။

အိုက္ခ်ဳိင္း၏ စကားအရဆို ေသာ့ ႏွစ္ခု ရိွရာ ထိုၿခံေစာင့္က တစ္ခုကို အိုက္ခ်ဳိင္းတို႔ထံ ေပး၍ က်န္တစ္ခုကို အၿမဲ လာေနက် လူ ဆိုသူ ကိူ ေပးအပ္ခဲ့ပံုေပၚသည္ ။

ညအခ်ိန္၌ ျဖစ္၏ ။ ေန႔ဘက္ဆိုလွ်င္ ေျခာက္ေသြ႕လြန္းေသာ ၿမိဳ႕ႀကီးသည္ ညေရာက္လွ်င္ေတာ့ သူ မဟုတ္ခဲ့သည့္အတိုင္း ေနရာတိုင္းတြင္ လွ်ပ္စစ္မီးျဖင့္ ေရးထိုးထားေသာ ဆိုင္းဘုတ္မ်ားျဖင့္ တၿမိဳ႕လံုး ထိန္ထိန္သာလ်က္ရိွ၏။

'ဘာလို႔ မနက္မွ မသြားတာလဲ ' လို႔ ေမးေနစရာ မလိုေပ ။ မိုင္းလားၿမိဳ႕၏ နတ္သမီးလမ္းသည္ ညအခ်ိန္မွသာ အသက္၀င္လာေသာ သံပတ္ေပး အ႐ုပ္မႏွင့္ပင္ဆင္တူေနေသး၏ ။

မိုင္းလားၿမိဳ႕မေဈးႀကီးနားတြင္ တည္ရိွေသာ 'နတ္သမီး' လမ္းထဲသို႔ ကား ၀င္လိုက္သည္ႏွင့္ ဆိုင္တစ္ခုခ်င္းစီ၏ ေရွ႕တြင္ ခံုေလးမ်ားျဖင့္ ထိုင္ေနေသာ မိန္းမလွေလးမ်ားက ကားနားသို႔ စုၿပံဳေရာက္လာၾက၏ ။ အသက္ ၁၆ႏွစ္မွ စကာ ၃၀ ၀န္းက်င္ အဆံုးေလာက္သာ ရိွလိမ့္မည္ ။ ေခတ္မီစြာ၀တ္စားဆင္ယင္မႈမ်ားျဖင့္ ကားထဲရိွသူမ်ားအား သူတို႔အား ေခၚရန္ ေဈးစညိႇေတာ့၏ ။ တ႐ုတ္စကားျဖင့္ ေျပာသည့္သူကေျပာ... ရွမ္းစကားသံုးသည့္သူကသံုး ႏွင့္ အာခါစကားကိုပါ ၾကားရ၏ ။

မိန္းကေလးမ်ားမွာ တစ္နာရီ ယြမ္ ၄၀၀ ျဖင့္ ေဈးစကားစေျပာၾကကာ ျမန္မာေငြ ၈ေသာင္းမွ ၁သိန္းၾကား ရိွၾက၏ ။ အားလံုးနီးပါး အေခ်ာအလွကေလးမ်ားျဖစ္ကာ တ႐ုတ္မေလးမ်ား ၊ ဗီယက္နမ္ ၊ ထိုင္း ၊ လာအို လူမ်ဳိးမ်ားသာ မက ျမန္မာတိုင္းရင္းသူေလးမ်ားပါ ပါ၀င္ၾက၏ ။ ၀မ္းေရးအတြက္ ကိုယ္တိုင္ေရာက္လာၾကသူ ပါသလို လူကုန္ကူးခံရၿပီးေနာက္ ေရာင္းစားခံခဲ့ရသူလည္း ပါလိမ့္မည္ ။

ခက္ထန္ သည္ မိန္းကေလးမ်ားကို အၿပံဳးခ်ဳိခ်ဳိေလးေပးအပ္လိုက္ကာ ကားမွန္တံခါးေဘာင္ေပၚတြင္ လက္တစ္ဖက္တင္လ်က္ မိန္းကေလးမ်ား၏ စကားကို အာ႐ံုစိုက္ၿပီး နားေထာင္ေပးေန၏ ။
ကို္ယ္လိုခ်င္တာ မရခင္ သူ ႔ အလိုကို အရင္ ဦးစားေပးေနသလိူပင္... ။

" ဖန္လံုး ဆိုတာ မလာတာ ၾကာၿပီ!  အဲ့အစ္ကိုက
ထိုင္းနယ္စပ္ဘက္ကို ခရီးထြက္သြားတယ္ ၾကားတယ္.... "

သူ သိခဲ့ရသည့္အေၾကာင္းအရာမွာ ထိုေနရာမွာ တခန္းရပ္သြားေတာ့သည္ ။

မိန္းကေလးမ်ားသည္ ကားနက္ထဲမွ ကိုလူေခ်ာမွာ သူတိူ႔ကို ေခၚခ်င္သည့္ပံု မေပၚသည္ကို သတိထားမိသြားသည္ႏွင့္ သူတို႔၏ ကတ္မ်ားကို အတင္းထိုးေပးၾကသည္ ။ အခ်ိန္မေရြး ဖုန္းဆက္ႏိုင္ေၾကာင္း တဖြဖြေျပာလ်က္ လွည့္ျပန္သြားေသာ ကားႀကီးကို ေငးၾကည့္ရင္းသာ က်န္ခဲ့ရ၏ ။ ခဏတာ မိႈင္ေတြသြားေသာ မိန္းကေလးမ်ားသည္ ေနာက္ကားတစ္စီး ၀င္လာသည္ကို ေတြ႕သည္ႏွင့္ ခ်က္ခ်င္းပင္ ၿပံဳးရႊင္သြားကာ ခုဏကလိုပင္ ေဈးစကားေျပာၾကေတာ့၏ ။ ဒါ သူတို႔ အလုပ္ပင္ ျဖစ္ေပ၏ ။

ဟိုတယ္ခန္းထဲမွ ထည္ဝါလင္းရိွန္သည္လည္း အေတြးမ်ားစြာ ျဖင့္ တစ္ေယာက္တည္း ေခါင္း႐ႈပ္လာေတာ့၏ ။ အခုတေလာ ဆီးလည္း ခဏခဏ သြားခ်င္ေနတတ္သလို ဗိုက္ထဲမွလည္း တစ္ခုခု ဆြဲညႇစ္ေနသလို ခံစားေနရသည္ ။ နဂိုမၾကည္လင္ေသာ ေခါင္းမွာ တရိပ္ရိပ္မူးေနာက္လာကာ ပ်ဳိ႕အန္ခ်င္စိတ္ပါ ျဖစ္လာ၏။

ထြက္သြားတာ ၾကာၿပီျဖစ္ေသာ ခက္ထန္သည္ အခုခ်ိန္ထိ ေပၚမလာေသးေပ ။ မူးေနာက္ေနေသာ ဦးေခါင္းသည္ ကုန္းထဖို႔ရန္ပင္ ေလးပင္လာေတာ့သည္ ။ အခန္းထဲတြင္ ေနရသည္က ေလေကာင္းေလသန္႔ ေကာင္းေကာင္းမရ၍ သူ႕ကို ပ်ဳိ႕အန္ခ်င္စိတ္ျဖစ္လာေအာင္ တြန္းအားေပးေနသည္ဟု ထင္မိသည္ ။ ျပန္မလာေသးေသာ ခက္ထန္ကိုလည္း ဟိုတယ္ေရွ႕ သြားေစာင့္ခ်င္ေသးေသာေၾကာင့္ အေႏြးထည္ေလး ေကာက္၀တ္ကာ တေရြ႕ေရြ႕ ေလွ်ာက္လွမ္းသြားေတာ့၏ ။

ဧည့္ႀကိဳေကာင္တာေရွ႕ တြင္ တ၀ဲလည္လည္ျဖင့္လုပ္ကာ ခက္ထန္ဆီ ဖုန္းဆက္ေသာ္လည္း ဖုန္းမကိုင္ေပ ။ သို႔ေသာ္ မၾကာလိုက္!  ဟို္တယ္ အေပါက္၀ေရွ႕တြင္ ခက္ထန္ ကားကို သူ ခ်က္ခ်င္းေတြ႕လိုက္သည္ ။ ခက္ထန္ဆီ ေျပးသြားမည္ ျပဳေသာ္လည္း အေရွ႕မွ သြားလာေနၾကေသာ လူမ်ားႏွင့္ ၀င္တိုက္မိကာ အေနာက္သို႔ ေျခလွမ္းတိို႔ ယိုင္က်သြားေတာ့၏ ။

သူ႕ခႏၶာကိုယ္ကို ထိန္းကာ ေခါင္းေမာ့လိုက္သည္ႏွင့္တၿပိဳင္နက္ နားအူမတတ္ ေပါက္ကြဲသံ ႀကီးႀကီး တစ္ခုသည္ သူ႕အသားေတြပါ ပဲ့ထြက္သြားမတတ္ သူႏွင့္ နီးကပ္လြန္းေနခဲ့၏ ။
႐ုတ္႐ုတ္သဲသဲ ေၾကာက္လန္႔တၾကား ေအာ္ဟစ္ ေျပးလႊားၾကေသာ လူမ်ားၾကားမွ သူ ခက္ထန္ကိုသာ အသဲအသန္ ရွာေဖြေနမိသည္ ။ အခုခ်ိန္ေလာက္ဆိူ ကားေပၚက ဆင္းလာသင့္ေနၿပီမလား.... ။

" ကားတစ္စီး ဗံုးေပါက္တာ ဗ်ဳိ႕...!  အထဲမွာ လူရိွရင္ ပြဲခ်င္းၿပီးပဲ !"

တစ္ေယာက္တစ္ေပါက္စကားမ်ားကို ၾကားေနရသည္.... ။ မူးေနာက္ေနေသာ ေခါင္းသည္ ဟိုတယ္တစ္ခုလံုး အ၀ိုင္းလည္ေနသလို သူ႕ကမ႓ာႀကီး လည္ထြက္ေန၏ ။ ထိုလူအုပ္မ်ားၾကားမွ ရိွသမွ် အားကုန္သံုးကာ သူ႕ေျခေထာက္မ်ားက အေပါက္၀ထိ အေျပး သြားေနေတာ့၏ ။ ဖိနပ္ပင္ ဘယ္မွာ ကြၽတ္ခဲ့မွန္း မသိပါေခ် ။ လူ အနည္းငယ္ၾကားမွ မီးဟူန္းဟုန္းေတာက္ေနေသာ ကားတစ္စီး... ။

ဒါ... သူ႕ခက္ထန္ရဲ႔ ကား အနက္ေရာင္ေလး... ။

ခုဏကမွ ကားရပ္လိုက္တာကို သူ ေတြ႕ခဲ့ရတာ....

" အား..... ထန္ထန္!!!!!!! "

Unicode version

" ခြံစောင့်လား?  သူ့နာမည်အရင်း ဘယ်သူလဲတော့ သေချာမသိဘူး ငါတို့ကတော့ ဖန်လုံးလို့ပဲ ခေါ်တာပဲ။ သူ မရှိတော့တာ အတော်ကြာနေပြီ ။
ခြံပိုင်ရှင် ဦးဆက်ထန် ကပဲ မောင်းထုတ်လိုက်သလိုလို ၊ သူ့ဟာသူ ထွက်သွားသလိုလိုနဲ့ ဘာမှန်းတော့ သေချာမသိဘူး သူက ဆေးလည်းသုံး ၊ မိန်းမအရှုပ်အရှင်းလည်း ရှိတော့ ငါတို့ကတော့ သူ မောင်းထုတ်ခံလိုက်ရတယ် ထင်တာပဲ! ဖန်လုံးပေးခဲ့တဲ့ သော့က ငါတို့ဆီမှာ တစ်ခု ၊ အမြဲလာနေကျ လူ ကို တစ်ခု ပေးခဲ့တဲ့ ပုံပဲ အဲ့လူက သူ့ဟာသူ ဖွင့်ပြီး ဝင်သွားတာ ဆိုတော့လေ... "

အိုက်ချိုင်း သည် ခက်ထန် မေးသမျှတိုင်းကို စိတ်ရှည်စွာ ရှင်းပြ၏ ။

" သူ အခု ဘယ်မှာရှိနေနိုင်လဲ?  "

အိုက်ချိုင်း က ခေါင်းကုတ်ရင်း သူ့သူဌေး၏ သားဖြစ်သူကို စူးစမ်းသလိုကြည့်လာ၏ ။

" သေချာတော့ မသိ!  အဲ... ညဖက်ဆို နတ်သမီးလမ်းမှာ ရှိနေမလားဘဲ... "

" နတ်သမီးလမ်း? "

" ဒီဒေသရဲ့ ဗိမာန်လေးပေါ့ကွာ! "

" သိပြီ သိပြီ... မှတ်မိပြီ.. ကြားဖူးတာကြာပေမဲ့ ကိုယ်တိုင်တော့ မမြင်ဖူးသေးဘူး ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့ လိုတာ ရှိရင်လည်း ကျုပ်ကို ပြောပါ ။ ကျုပ် မှာတဲ့ ဆေးရော... "

ဆေးထုတ်ကလေးကို အိုက်ချိုင်းက ကမ်းပေးလာသောအခါ လျင်မြန်စွာ ဆွဲယူလျက်
အိမ်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည် ။

" ဒီမှာ သူဌေး... ပိုတဲ့ ငွေ! "

အိုက်ချိုင်းကို ဆေးဝယ်ဖို့ ပေးလိုက်တဲ့ ပိုက်ဆံက ပိုများနေသည်မို့ ပိုနေသည့် ပိုက်ဆံကို အိုက်ချိုင်းက ပြန်ပေးလာခဲ့သည် ။ အိုက်ချိုင်း၏ ရိုးသားမှုကို အသိအမှတ်ပြုသောအနေဖြင့် 'ပိုတာ ယူလိုက်' ဟုပြောကာ အိမ်ထဲသို့ သုတ်ခြေတင်ပြေးလေသည်။

သူ ယူလာသော ဆေးများကို အပေါ်ကုတ်မှ အိတ်ကပ်ထဲသို့ ထည့်၍
ကြမ်းပြင်ပေါ်တွင် ကွေးကွေးလေး လှဲနေသော ထည်ဝါလင်းရှိန် ကို ပေါ့ပေါ့ပါးပါးလေး ပွေ့ချီလိုက်သည် ။ ဒီအိမ်ထဲမှ ထွက်မသွားခင်လေး
ပုပ်ပွနေသော အလောင်းကို တစ်ချက်တော့ ကြည့်မိသေး၏ ။ ပြီးနောက် ထည်ဝါလင်းရှိန်ကို ကားထဲသို့ ပစ်ထည့်ကာ မောင်းသူနေရာတွင် ဝင်ထိုင်လျက် ထိုနေရာမှ ထွက်ခွာလာခဲ့သည် ။

အစက အပန်းဖြေစံအိမ်မှာပဲ အနားယူမည်ဟု စဉ်းစားထားသော်လည်း အခုလို အပုပ်နံ့ထွက်နေသော အလောင်းတစ်လောင်းနှင့် တစ်အိမ်ထဲနေဖို့ စိတ်မသန့်လှပေ ။ အိမ်စောင့်ရှိနေမည်ဟုထင်မိသော်လည်း ဘယ်သူမှ မရှိတဲ့ ဖုန်တက်နေတဲ့ အိမ်မှာ နေဖို့လည်း အဆင်မပြေပြန် ။

" ခက်ထန်!  ဘယ် သွား နေတာလဲ? "

အိပ်တဝက်နိုးတဝက် ဖြစ်နေသူသည်
လှုပ်စိလှုပ်စိ ဖြစ်နေသော ကားအရှိန်ကြောင့် နိုးလာတော့၏ ။ သူ မေးလိုက်သော်လည်း
ခက်ထန် က သူ့ဘက် တစ်ချက်သာ ကြည့်ကာ
မျက်နှာလွှဲလျက် ကားသာ ဆက်မောင်းသည် ။ မကြာမီတွင် ခက်ထန်သည် လျှပ်စစ်မီးတို့ဖြင့် တရုတ်စာတန်းထိုးထားသော ဟိုတယ် တစ်ခု၏ ရှေ့တွင် ကား ရပ်လိုက်၏ ။

ထည်ဝါလင်းရှိန် သည် ကားပေါ်မှ ဆင်းရမလို ဆက်ပဲနေရမလို ဘာလုပ်ရမှန်းမသိစွာ ခက်ထန်ကို ငေးကြည့်နေဆဲ၌ပင် သူ့ဘက်မှ တံခါး ပွင့်သွားကာ
ခက်ထန်၏ ပွေ့ချီခြင်းကို ခံလိုက်ရလေသည်။

ခဏလောက် ကြောင်အ,သွားသော်လည်း သူ ရုန်းကန်ခြင်းတို့ မပြု။ သူ့ခန္ဓာကိုယ်က ရုန်းကန်ဖို့အတွက် အားစိုက်ချင်စိတ်တောင် မရှိတော့ဘူး ။ ခက်ထန် ကန်ချက်များအကြားတွင်
သူ့ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ပေါက်ခံထားရသလို နုံးချိနေခဲ့ပြီ ။ သူက လူပျော့တစ်ယောက်မဟုတ်ပေမဲ့
အခုတော့ လက်တစ်ဖက် မသယ်ချင်လောက်အောင် ပျော့ခွေချင်နေပြီ ။ ဒါက ရန်ကုန်အိမ်မှာ ရှိကတည်းက သူ အားပြတ်သလို ဖြစ်နေခဲ့တာ ။
သူ့ကိုယ်သူလည်း နားမလည်ဘူး ။ အရင်ကဆို ဒီလောက် အသားနာခြင်းမျိုးက သူ့အတွက် စကားထဲထည့်ပြောစရာတောင် မလိုပေ ။ သူ ကြီးပြင်းလာခဲ့ရသည့် ဘဝက ကျည်ဆန်များကြားထဲကပဲ မလား... ။

ခက်ထန်သည် သူ ကန်ထား၍ ပွန်းပဲ့နေသည့် နေရာများကို ကိုယ်တိုင် ဆေးထည့်ပေးပြီးနောက် အကိုက်အခဲပျောက်ဆေးကို ဘေးတွင် ချပေးထားသည် ။

ခက်ထန်ဟာ အနာပေးလိုက် ဆေးပေးလိုက် လုပ်လာသည့်အခါ သူသည် အနာကို လက်ခံရသလို ဆေးကိုလည်း မြိုချပစ်လိုက်ဦးမည်ဖြစ်၏ ။

" ရှုးပေါက်ချင်တယ် "

သူ မထနိုင်တော့သည့်အခါ ခက်ထန်ကသာ မ, ချီလျက် အိမ်သာထဲသို့ ပို့ပေးရ၏ ။ ခက်ထန် အတွက်တော့ သူ စိတ်မကောင်းပေ ။ သူ မုန်းနေတဲ့လူအတွက် ဆီးပါ လိုက်တည်ပေးနေရသည့်အပေါ် ဘယ်လောက် ခံပြင်းနေလိုက်မလဲ?

" ငါ... ကိုယ့်ဘာသာ လုပ်မယ် သွားတော့!"

"ပါးစပ်ပိတ်ထား!  "

အိမ်သာထဲမှ မ, ချီကာ အိပ်ရာပေါ်တွင် တင်ပေးလျက် သူ ကိုယ်တိုင်ပင် အဝတ်အစားလဲပေးသည် ။ ညအချိန်ရောက်နေသည်မို့ ဟိုတယ်မှ အစားအသောက်မှာကာ နှစ်ယောက်အတူတူ ညစာ စားခဲ့ကြသည် ။ ခက်ထန် မှာထားပေးသည်များမှာ ထည်ဝါလင်းရှိန် အကြိုက်ကြီးများသာ ဖြစ်သော်လည်း အစားအသောက် ဂျီးမများတတ်သော သူသည် အခုမှ တို့ခနဲဆိတ်ခနဲ လုပ်နေ၏ ။

ခက်ထန် စိတ်မရှည်စွာ ဖြင့် ထည်ဝါလင်းရှိန် အကြိုက်ဖြစ်သော ငါးသံပရာပေါင်းကို ဖဲ့လျက် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည် ။

" ကျုပ်ကို စိတ်ဆိုးလို့ ဘာမှ မစားရင် ခင်ဗျားပဲ ဗိုက်ဟောင်းလောင်း ဖြစ်မှာ !"

သူ ခက်ထန်ကို စိတ်မဆိုးပါ ။ ခက်ထန် ဖတ်ခဲ့ရတဲ့ စာအုပ်လေးမှာ ဒယ်ဒီက ဘယ်လိုစာတွေများ ရေးခဲ့လို့ ခက်ထန်က ဒီလောက်တောင် စိတ်ဆိုးသွားရသလဲ မှ မသိဘဲ... ခက်ထန် နေရာမှာ တခြားသူသာဆို ဒီ့ထက်တောင် ပိုဆိုးသွားနိုင်သေးတာပဲ မဟုတ်လား? သူကသာ နဂို အားပြတ်နေခြင်းအတွက် နုံးချိချိ ဖြစ်နေတာ... ခက်ထန် က ကန်ခဲ့ပေမဲ့ အားအပြည့်ထည့်ထားတာ မဟုတ်မှန်း သူ သိသည် ။

ခက်ထန်ကို ဘာ စ, ပြောရမလဲ မသိလို့
စကားပြန်မပြောခဲ့ပေ ။ သို့သော် စိတ်မဆိုးကြောင်း ပြချင်၍ ခက်ထန် ထည့်ပေးလာသော ငါးဖက်ကလေးကို တူဖြင့် ညှပ်ကာ ပါးစပ်နားတေ့လိုက်သည့်နှင့် နှာခေါင်းထဲ တန်းဝင်လာသည့် ငါးနံ့ကြောင့် နေရာမှာတင် ပျို့တက်လာတော့၏ ။

"ဘာ... ဘာ ဖြစ်တာလဲ!  ဟမ်? "

ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ရေချိုးခန်းဘက်သို့ ထော့နဲ့နဲ့ ပြေးသွားသော ထည်ဝါလင်းရှိန်နောက်သို့ ခက်ထန်က ထက်ကြပ်မကွာ လိုက်သွားခဲ့သည်။
ဘေစင်တွင် မရှိသည့်အစာကို ထိုးအန်နေသော ထည်ဝါလင်းရှိန်၏ ကျောကို ခက်ထန်က ဖွဖွလေး ပုတ်ပေး၏ ။ မျက်ရည်များ ရစ်ဝဲကာ ဗိုက်ကိုဖိလျက် ဘေစင်အောက် ငုတ်တုတ်လေး ထိုင်ချလိုက်တော့ ခက်ထန်ကပါ လိုက်ထိုင်၏ ။

" ထည်ဝါလင်းရှိန်!  "

" ဟင် "

ခက်ထန် နှုတ်ခမ်းထူထူလေးများသည် တစ်ခုခုကို ပြောချင်နေသည့် ပုံမို့ သူ အချိန်အကြာကြီး အသံတိတ်စွာ နားစွင့်နေမိသည် ။ ကြောက်လည်းကြောက်နေမိပြန်၏ ။ ခက်ထန် စကားတစ်ခွန်း ဟ လာမည်ကိုတောင် အခုချိန်မှာ သူ ကြောက်နေမိသည် ။

" ဘာမှ မဟုတ်တော့ဘူး "

ထိုအခါမှ စိတ်လက်သက်သာစွာ သက်ပြင်းချလိုက်မိသည်။

"အင်း... တော်သေးတာပေါ့ အခုချိန် စကားလုံးတွေနဲ့များ ထပ်ပြီး ထိုးနှက်နေဦးမလားလို့ လန့်သွားတာပဲ! "

ထည်ဝါလင်းရှိန် သည် အသက်မဲ့စွာ မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ရယ်လျက် နေရာမှ ထထွက်သွားလေသည် ။

ယိုင်နဲ့နဲ့ ကျောပြင်လေးသည် အရင်ကထက် နှစ်ဆလောက် ကျုံ့သွားသော သဲအိတ်လေးနှင့် တူလှ၏ ။ ဘယ်လောက်မှ မရှိသေးတဲ့ လအနည်းငယ်အတွင်း သူသည် ထည်ဝါလင်းရှိန်၏ ခန္ဓာကိုယ်အလေးချိန် ထိုးကျသွားအောင် ၊ ကျယ်ပြန့်တောင့်တင်းသော ပခုံးလေးများကို ကျုံ့သွားအောင် ၊ မာန်မာန အပြည့်ဖြင့် မျက်ဝန်းရှည်တို့တွင် မျက်ရည်တို့ ရစ်ဝိုင်းလာအောင် ၊ အားပြတ်ခြင်းဆိုတာ ဘာလဲ ဟု ပြန်မေးရသော သူကို ယိုင်နဲ့နဲ့ လမ်းလျှောက်နေရအောင် သူအများကြီး စွမ်းဆောင်နိုင်ခဲ့သည် ။

မကြာသေးခင် အချိန်လေးအတွင်းက သူ တကယ်ကိုပြောချင်နေခဲ့တာ... သူ ပြောချင်သည့်စကားကို အိပ်ရာပေါ် လှဲချသွားသော ကျောပြင်လေးကို ကြည့်ပြီး ဘယ်သူမှ မကြားအောင် တိုးတိုးလေး ပြောဖြစ်ခဲ့သည် ။

'တောင်းပန်ပါတယ်... ခင်ဗျားကို ကိုယ်ထိလက်ရောက် လုပ်ခဲ့မိတယ် ထပ်ပြီး တောင်းပန်ပါတယ် ရှေ့ဆက်ပြီးလည်း အခြေအနေတွေ ဆိုးလာဦးမယ် ထင်ပါရဲ့... '

" ဘာလို့ ကျုပ်ကို ဘာမှ ပြန်မလုပ်ခဲ့တာလဲ? "

ခက်ထန်သည် ကားသော့ကို ဆုပ်ကိုင်လို့ မရေရာသော မျက်ဝန်းတို့်ဖြင့် ထည်ဝါလင်းရှိန်ကို ကြည့်ကာ မေးခွန်းထုတ်လာ၏ ။

" ဘာကိုလဲ? "

" ကျုပ် ကန်နေတဲ့အချိန်မှာလေ... ပြန်လုပ်နိုင်ရဲ့သားနဲ့ ဘာလို့ ငြိမ်ခံနေခဲ့တာလဲ? အရင်ကလိုတောင် ခင်ဗျား ကျုပ်ကို ခွေးတိရစ္ဆာန်ကောင် လို့တောင် မပြောခဲ့ဘူး ။ ဘာလို့ ငိုတာလဲ? ဘာလို့ မျက်ရည်တွေပဲ ကျနေရတာလဲ? ဘယ်သူ့အတွက်လဲ? "

" ခက်ထန် "

" သေသွားတဲ့ လူအတွက် ကျတဲ့ မျက်ရည်လား? ကျုပ် အပြုအမူတွေကြောင့် ကျတဲ့ မျက်ရည်လား... ဘာလဲ?  "

ခက်ထန်သည် ကလေးလေးတစ်ယောက်လို လိုချင်သည့်အဖြေကို မရမချင်း တစာစာအော်ဟစ်သောင်းကျန်းချင်နေပုံပေါ်သည်။
သူ့ မျက်လုံးဝိုင်းကြီးထဲတွင် သူ့မေးခွန်းအတွက် သူကိုယ်တိုင် အဖြေတစ်ခု ပေးခဲ့ပြီးသား ဖြစ်လိမ့်မည်။ သူ ကြားချင်တဲ့ အဖြေကိုသာ မျှော်လင့်နေတဲ့ မျက်လုံးဝိုင်းကြီးသည် အင်မတန်မှ ကလေးတစ်ယောက်လို အလိုမကျမှုမျိုးဖြင့် ဖြူစင်တုံးအလွန်းသည် ။

" မင်းက ငတုံးပဲ ခက်ထန်!  "

အသံတိုးဖျော့ဖျော့လေးကို သတိမူမိသော်လည်း
တကိုယ်ကောင်းဆန်စွာ သူ ကြားချင်သည့်စကားကို ထည်ဝါလင်းရှိန် ပါးစပ်က ထုတ်ပြောလာမည်ကို လိုချင်မိသည် ။

" ဘာလဲ ဗျာ!  မေးနေတာပဲ ဖြေလေ!  ဘာလဲ ခင်ဗျား အဖြေမပေးနိုင်တာ... "

"မင်းကြောင့်... "

စက္ကန့်ပိုင်းစာလေးတစ်ခုလောက်တွင် သူတို့်နှစ်ဦးကြားမှ လေထုသည် ငြိမ်သက်သွားရသည် ။

"မင်းကြောင့် ငါ ဝမ်းနည်းရတယ် မင်းအတွက်နဲ့... ငါ နာကျင်လိုက်ရတာ... "

ခက်ထန် ၏ တွန့်ချိုးနေသော မျက်ခုံးထူထူတို့သည် တဖြည်းဖြည်း ပြေလျော့သွားတော့သည် ။ မသိမသာ ပြုံးရိပ်သန်းသွားသော မျက်လုံးဝိုင်းများကို ထည်ဝါလင်းရှိန် မမြင်စေရန် ကျောခိုင်းပစ်လိုက်၏ ။

ဒါ သူ ကြားချင်တဲ့ စကားတစ်ခုသက်သက်ပဲ... ဒီလူရဲ့ မျက်ရည်တွေဟာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘဲ သူ့ကြောင့် ဖြစ်ရတယ်ဆို သူ ကျေနပ်ပြီ။ ဒီလူ ဘာပဲဖြစ်နေပါစေ... အဓိက, က သူ လိုချင်တာ ရဖို့သာ အရေးကြီးသည် ။

ခက်ထန် လှည့်ကြည့်လိုက်သည့်အခါ ထည်ဝါလင်းရှိန်သည်
ဘေးတွင် ချွတ်ထားသော သူ့ ဘောင်းဘီအိတ်ထဲသို့ လက်ထိုးထည့်ကာ တစ်စုံတစ်ခုကို ရှာဖွေနေပုံပေါ်သည် ။

" ဘာရှာနေတာလဲ? "

မော့ကြည့်လာသော မျက်ဝန်းရှည်ထဲတွင် အားငယ်စိတ်ပျက်ခြင်း ၊ ဝမ်းနည်းစို့နစ်ခြင်းတို့ ကိန်းဝပ်နေခဲ့သည် ။

" ငါ့ ပိုက်ဆံအိတ် ဟို အိမ်မှာ ပြုတ်ကျခဲ့တယ်ထင်တယ်၊ ငါ... ငါ ပြန်သွားယူရမယ် "

ခက်ထန်သည် အားမရှိ၍ နာကျင်နေသော ခန္ဓာကိုယ်ဖြင့် ကုတင်ပေါ်မှ အတင်း ကုန်းထနေသော ထည်ဝါလင်းရှိန်၏ ပခုံးနှစ်ဖက်ကို ဖိချကာ ပက်လက်အနေအထား ဖြစ်သွားအောင် တွန်းလှဲချပစ်လိုက်၏ ။ အပေါ်မှ စောင်ကို ဆွဲခြုံပေးလိုက်ကာ...

"ပိုက်ဆံအိတ်လေးပဲလေ၊ အထဲမှာ ဘယ်လောက်ပါမှာ မို့လို့လဲ? "

ထည်ဝါလင်းရှိန်က ခေါင်းခါ၏ ။

ကျလာပြန်ပြီ ဒီမျက်ရည်တွေ... ဒီလူ တကယ်ပဲ ဘာတွေ သရုပ်ဆောင်နေပြန်တာလဲ? 

" မဟုတ်ဘူး၊ အထဲမှာ အရေးကြီးတာပါတယ်!  မင်း မလိုက်ချင်လည်းနေ... ငါ သွားယူမယ် "

လူကသာ မျက်ရည်ကျနေတာ လေသံက မလျှော့သေးသည့်အတွက် ခက်ထန် အနည်းငယ်တော့ စိတ်အေးရသည် ။ ထည်ဝါလင်းရှိန်ဆိုတာ တစ်နေရာမဟုတ် တစ်နေရာ မာထန် နေမှ သူ စိတ်ချရမည်လေ ။

" ကောင်းပြီ ကျုပ် သွားယူပေးမယ်! ခင်ဗျား ကလန်ကဆန် လုပ်နေရင်တော့ အဲ့အိမ်ကြီးကို တခါတည်း မီးရှို့ပစ်လိုက်မယ် "

ထိုအခါမှ ထည်ဝါလင်းရှိန်သည် သက်ပြင်းချလိုက်သလို ပုံမျိုးဖြင့် ငြိမ်သက်သွားကာ မျက်လုံးပါ မှိတ်ပစ်လိုက်သည် ။

ကားသော့ကို ယူကာ အခန်းထဲမှ ထွက်ခါနီး၌ မတိုးမကျယ် အသံလေးက သူ့ ခြေလှမ်းတွေကို ရပ်တန့်စေသည် ။

" ခက်ထန်!  မြန်မြန် ပြန်လာခဲ့နော်! "

တဲ့ ။

ဒီစကားတစ်ခွန်းကလေ တကယ်တော့ ဘာမှမထူးခြားဘူး ။ ဒါပေမဲ့... ဒါပေမဲ့လည်း ကိုယ်ပြန်လာမဲ့အချိန်ကို တစ်ယောက်ယောက်က စောင့်နေတယ်ဆိုတဲ့ အသိက သူ့ဦးနှောက်ဆဲလ်တွေကို မီးစနဲ့ ထိုးခံလိုက်ရသလို ခံစားနေရတယ် ။ အိမ်ထောင်ဦးစီး နေရာကို ရောက်သွားတဲ့ အမျိုးသားတစ်ယောက်လို့တောင် ကိုယ့်ကိုယ်ကိုယ် တွေးမိသွားတယ် ။ ကိုယ့်မှာ ပြန်စရာအရိပ်အမြုံလေးရှိနေတယ် ။ ကိုယ့်ကို စောင့်မျှော်နေရှာတဲ့ အိမ်သူသက်ထားလေး ရှိနေတယ်ဆိုတဲ့ မဆီမဆိုင် အတွေးကြီးနဲ့ သူ့ခေါင်းတွေ ပတ်ချာလည်လာခဲ့တယ် ။

ခေါင်းကို ထုရိုက်ပစ်ပြီး လက်ရှိအချိန်ကိုသာ ပြန်သွားဖို့ သူ ကြိုးစားမိသည် ။

" ဘာလို့ ခင်ဗျားကို မသွားခိုင်းတာလဲ သိလား ထည်ဝါလင်းရှိန်! "

မျက်လုံးရှည်တို့်က မျှော်လင့်ချက်အပြည့်နဲ့ ငေးကြည့်လာသည်ဟုပင် သူ ထင်နေမိသည် ။ ချက်ချင်းပင် မျက်နှာလွှဲပစ်လိုက်၏ ။ ဒီမျက်လုံးရှည်တွေထဲ စိုက်ကြည့်မိတဲ့အခါ သူ့အတွက် ဘာမဆို ခက်ခဲရလွန်းလို့ပါ ။

" သေနေတဲ့ အလောင်းတောင် ခင်ဗျား မချန်နိုင်ဘဲ တစ်ကမ္ဘာတည်ဆောက်နေမှာစိုးလို့... သိပ်ပြီး စေတနာ ရှိနေတယ်လို့တော့ မထင်လိုက်နဲ့၊ မုန်းစရာကောင်းလိုက်တာ "

ပြန်ပြောလာမည့် စကားတို့ကို နားထောင်ချင်စိတ်မရှိဘူး ။ ငေးကြည့်လာမဲ့ ဟန်ဆောင်မှုအပြည့်နဲ့ မျက်လုံးတွေက ရွံစရာကောင်းလွန်းတယ် ။

ထိုနေရာက အလျင်အမြန်ထွက်လို့ အပန်းဖြေအိမ်ကိုအရင်သွားဖို့ ပြင်လိုက်သည် ။ ပြီးမှ ခြံစောင့် ဖန်လုံး ဆိုတဲ့လူ ရှိတတ်သည့် နတ်သမီးလမ်းကို သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ နတ်သမီးလမ်း ကို မနက်မှ သွားလို့လည်း မဖြစ်ပေ။ ဘာကြောင့်ဆို ထိုနေရာက မနက်ဆိုလျှင် တိတ်ဆိတ်ခြောက်ကပ်နေသည့် အဆောက်အဦးပျက်ကြီးလိုပဲ တသီးတခြား ရပ်တည်နေသည့် အတွက်ပင် ဖြစ်၏ ။

အပန်းဖြေအိမ်သို့ ရောက်သောအခါ နေ့လည်က သူတို့နှစ်ဦး သွားခဲ့ဖူးသည့် နေရာများသို့ ဖုန်းမီးအလင်းရောင်ဖြင့် လိုက်ထိုးကြည့်သည်။ လူမနေတာကြာသော အိမ်ကို မီးဖြတ်ထားသည်မို့
မှောင်မဲ ခြောက်ကပ်နေသည့် အိမ်ကြီးအတွင်း
ဖုန်းမီးဖြင့် ပိုက်ဆံအိတ်လိုက်ရှာနေသော ကောင်လေးတစ်ယောက်နှင့် ပုပ်ပွနံဟောင်နေသော အလောင်းတစ်လောင်းသာ ရှိသည် ။

မမြင်ရသည့် အရိပ်ခြမ်းတွင်တော့ ခက်ထန် လှုပ်ရှားမှုများကို စောင့်ကြည့်နေသော မျက်လုံးရဲရဲတစ်စုံရှိ၏ ။

ခက်ထန်သည် အလောင်းတင်ထားသော
ကုတင်၏ အစွန်းအောက်တွင် ပြုတ်ကျနေသော ပိုက်ဆံအိတ်အညိုလေးကို တွေ့သည်နှင့် လျင်မြန်စွာကောက်ယူလိုက်၏ ။ ပြီးနောက် လှည့်ပြန်မည်ပြုသော်လည်း သူ လွှင့်ပစ်ထားသော စာအုပ်ကလေးကိုကြည့်ပြီးကာမှ မျက်နှာလွှဲပစ်လိုက်သည် ။ သို့သော် သူ့စိတ်ထဲတွင် ကျန်ရှိနေမည့် စာရွက်ပေါ်မှ စကားလုံးတချို့ကို သိချင်စိတ်ဖြင့် သွားပြန်ကောက်ယူကာ အိမ်ထဲမှ ပြန်ထွက်လာလိုက်သည် ။

ကားထဲသို့ ရောက်ခါမှ ပိုက်ဆံအိတ်လေးကို ဖွင့်ကြည့်မိသည် ။ ဘာတွေကများ ထည်ဝါလင်းရှိန်အတွက် အရေးကြီးပစ္စည်းဖြစ်နေသလဲ သူ သိချင်သည် ။
သူ့အဖေနှင့် ပတ်သက်နေသည့် အရာ တစ်ခုခုများ ဖြစ်နေမလားဟု တွေးလိုက်သည်နှင့် သူ့ကျောတပြင်လုံး ပူအိုက်လာရ၏ ။ ပြင်ပလေထုကို သဘောကျသူမို့ ကားမှန်တံခါးများကို ဖွင့်ထားရာမှ အလုံပိတ်လိုက်ကာ ကားထဲမှ အဲယားကွန်း ဖွင့်လိုက်သည် ။ ခေါက်ပိုက်ဆံအိတ်လေးကို ဆွဲဖွင့်လိုက်သည်နှင့် ဆေးသားပြယ်နေသော
ဓာတ်ပုံလေးတစ်ပုံက တန်း၍ ပေါ်လာတော့၏ ။ ဆေးသားတို့ အရောင်လွင့်ပြယ်နေသော်လည်း ပုံထဲမှ လူများ၏ မျက်နှာများကို သေချာစွာ မြင်နေရသေးသည်။ အရပ်ရှည်ရှည်ပိန်ပါးပါးဖြင့် လူတစ်ယောက်သည် ဂျိုင်းပြတ်စွပ်ကျယ် အနွမ်းလေးနဲ့ ၂နှစ်အရွယ် ကလေးလေးတစ်ယောက်ကို ချီထားကာ နှစ်လိုဖွယ်ကောင်းအောင် သွားတွေပေါ်သည်အထိ ရယ်မောနေလေ၏ ။ ကလေး၏ တစ်တုတ်နေသော လက်ကလေးတစ်ဖက်သည် ထိုလူ၏ ပခုံးကို ဖက်ထားကာ ထိုကလေးသည်လည်း မျက်ဝန်းရှည်ရှည်လေးများ ပိတ်ကျသွားသည်အထိ ပြုံးရွှင်နေတော့သည် ။ ကလေး၏ အပြုံးက သူ့ကိုပါ ကူးစက်သွားသည် ထင်၏ ။ ခက်ထန်သည် ပါးချိုင့်များ ခွက်ဝင်သွားအောင် လိုက်ပြုံးမိသည် ။
သူ့နှုတ်ခမ်းများက ပြုံးကာ လက်ချောင်းလေးများဖြင့် ဓာတ်ပုံထဲမှ ကလေး၏ မျက်နှာလေးကို ထိတွေ့မိလျက် သတိလက်လွတ် 'ကိုကို' ဟု ခေါ်လိုက်မိသည် ။

ဒါ ထည်ဝါလင်းရှိန်ပေါ့... သူ့အဖေအရင်းနှင့်ငယ်ငယ်က ရိုက်ထားခဲ့သည့် အမှတ်တရပုံလေး တစ်ပုံ ဖြစ်လိမ့်မည် ။

နောက်ကျော လှန်ကြည့်မိသည့်အခါ
ခပ်သော့သော့ လက်ရေးလေးတစ်ခုကို တွေ့ရသည်။

'ရှုပ်ရှုပ် ချစ်တဲ့ ဖေဖေ ' တဲ့... ။

ရှုပ်ရှုပ် တဲ့လား?

ခက်ထန်သည် ပိုက်ဆံအိတ်ထဲ ထပ်မွှေသည် ။ ထိုအခါ ထွက်ကျလာသည်မှာ နောက်ထပ် ဓာတ်ပုံလေးတစ်ခု... သုံးနှစ်အရွယ်ကလေးလေးကို ပေါင်ပေါ်တင်ကာ နောက်မှ ပွေ့ဖက်ထားသည့် မျက်ဝန်းရှည်ရှည်ဖြင့် ကောင်လေး... သူတို့ ငယ်ငယ်က ပုံလေးမှန်း ခက်ထန်သိသည် ။ သူ ငယ်ငယ်က ပုံတွေက မီးထဲပါသွားပေမဲ့ တချို့ တလေ ကိုတော့ ထည်ဝါလင်းရှိန်က မရ, ရအောင် ရှာပေးခဲ့ဖူးသည် ။
သူတို့နှစ်ယောက်၏ ပုံလေးကိုတော့ ထည်ဝါလင်းရှိန်က သူ့ကိုမပေးဘဲ သိမ်းထားခဲ့သည်။

ဓာတ်ပုံနောက်ကျောလေးတွင် ထပ်မံရေးထားသည်က...

' ကိုကို့ရဲ့ ထန်ထန် ဝက်ပေါက် သုံးနှစ်ပြည့်အမှတ်တရ ' တဲ့ ။

ခက်ထန် သည် ဓာတ်ပုံလေးကို အချိန်ကြာမြင့်စွာ ကြည့်မိနေပြီးမှ ပိုက်ဆံအိတ်ထဲသို့ ပုံမပျက်စွာ ပြန်ထည့်လိုက်သည် ။ ပိုက်ဆံအိတ်အညိုရောင်ပေါ်သို့ တစက်ပြုတ်ကျလာသော မျက်ရည်စများကို လက်ဖြင့် သုတ်ဖယ်ပစ်လိုက်၏ ။

သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေ ကို ဦးနှောက်ထဲမှ ထုတ်ဖယ်ကာ ပိုက်ဆံအိတ်လေးကို ဘေးခုံပေါ်တွင် ပစ်လိုက်၍ 'နတ်သမီးလမ်း' ဆီသို့ ခရီးဆက်ရန် ဦးတည်လိုက်သည် ။

ခြံစောင့်ဆိုသော လူကို ပြန်ရှာကာ အပန်းဖြေစံအိမ်ထဲမှ အလောင်း၏ ဇာတ်ရှုပ်ကို သူ သိဖို့ လိုအပ်သည် ။ သံကြိုးများ ခတ်ခံထားရသော အလောင်းသည် အစာပြတ်၍ သေသွားသည့်အနေအထားတစ်ခုပင် ဖြစ်၏ ။ မသေမီ အနှိပ်စက်ခံထားရမှန်း သိသာအောင် အလောင်း၏ ပုပ်ပွနေသော နောက်ကျောဘက် အသားတွင် ဓားဖြင့် အခြစ်ခံထားရသည့် အက်ကွဲရာများက ပုံပျက်လျက် ရှိနေ၏ ။

အိုက်ချိုင်း၏ စကားအရဆို သော့ နှစ်ခု ရှိရာ ထိုခြံစောင့်က တစ်ခုကို အိုက်ချိုင်းတို့ထံ ပေး၍ ကျန်တစ်ခုကို အမြဲ လာနေကျ လူ ဆိုသူ ကို ပေးအပ်ခဲ့ပုံပေါ်သည် ။

ညအချိန်၌ ဖြစ်၏ ။ နေ့ဘက်ဆိုလျှင် ခြောက်သွေ့လွန်းသော မြို့ကြီးသည် ညရောက်လျှင်တော့ သူ မဟုတ်ခဲ့သည့်အတိုင်း နေရာတိုင်းတွင် လျှပ်စစ်မီးဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်များဖြင့် တမြို့လုံး ထိန်ထိန်သာလျက်ရှိ၏။

'ဘာလို့ မနက်မှ မသွားတာလဲ ' လို့ မေးနေစရာ မလိုပေ ။ မိုင်းလားမြို့၏ နတ်သမီးလမ်းသည် ညအချိန်မှသာ အသက်ဝင်လာသော သံပတ်ပေး အရုပ်မနှင့်ပင်ဆင်တူနေသေး၏ ။

မိုင်းလားမြို့မဈေးကြီးနားတွင် တည်ရှိသော 'နတ်သမီး' လမ်းထဲသို့ ကား ဝင်လိုက်သည်နှင့် ဆိုင်တစ်ခုချင်းစီ၏ ရှေ့တွင် ခုံလေးများဖြင့် ထိုင်နေသော မိန်းမလှလေးများက ကားနားသို့ စုပြုံရောက်လာကြ၏ ။ အသက် ၁၆နှစ်မှ စကာ ၃၀ ဝန်းကျင် အဆုံးလောက်သာ ရှိလိမ့်မည် ။ ခေတ်မီစွာဝတ်စားဆင်ယင်မှုများဖြင့် ကားထဲရှိသူများအား သူတို့အား ခေါ်ရန် ဈေးစညှိတော့၏ ။ တရုတ်စကားဖြင့် ပြောသည့်သူကပြော... ရှမ်းစကားသုံးသည့်သူကသုံး နှင့် အာခါစကားကိုပါ ကြားရ၏ ။

မိန်းကလေးများမှာ တစ်နာရီ ယွမ် ၄၀၀ ဖြင့် ဈေးစကားစပြောကြကာ မြန်မာငွေ ၈သောင်းမှ ၁သိန်းကြား ရှိကြ၏ ။ အားလုံးနီးပါး အချောအလှကလေးများဖြစ်ကာ တရုတ်မလေးများ ၊ ဗီယက်နမ် ၊ ထိုင်း ၊ လာအို လူမျိုးများသာ မက မြန်မာတိုင်းရင်းသူလေးများပါ ပါဝင်ကြ၏ ။ ဝမ်းရေးအတွက် ကိုယ်တိုင်ရောက်လာကြသူ ပါသလို လူကုန်ကူးခံရပြီးနောက် ရောင်းစားခံခဲ့ရသူလည်း ပါလိမ့်မည် ။

ခက်ထန် သည် မိန်းကလေးများကို အပြုံးချိုချိုလေးပေးအပ်လိုက်ကာ ကားမှန်တံခါးဘောင်ပေါ်တွင် လက်တစ်ဖက်တင်လျက် မိန်းကလေးများ၏ စကားကို အာရုံစိုက်ပြီး နားထောင်ပေးနေ၏ ။
ကိုယ်လိုချင်တာ မရခင် သူ့ အလိုကို အရင် ဦးစားပေးနေသလိုပင်... ။

" ဖန်လုံး ဆိုတာ မလာတာ ကြာပြီ!  အဲ့အစ်ကိုက
ထိုင်းနယ်စပ်ဘက်ကို ခရီးထွက်သွားတယ် ကြားတယ် "

သူ သိခဲ့ရသည့်အကြောင်းအရာမှာ ထိုနေရာမှာ တခန်းရပ်သွားတော့သည် ။

မိန်းကလေးများသည် ကားနက်ထဲမှ ကိုလူချောမှာ သူတို့ကို ခေါ်ချင်သည့်ပုံ မပေါ်သည်ကို သတိထားမိသွားသည်နှင့် သူတို့၏ ကတ်များကို အတင်းထိုးပေးကြသည် ။ အချိန်မရွေး ဖုန်းဆက်နိုင်ကြောင်း တဖွဖွပြောလျက် လှည့်ပြန်သွားသော ကားကြီးကို ငေးကြည့်ရင်းသာ ကျန်ခဲ့ရ၏ ။ ခဏတာ မှိုင်တွေသွားသော မိန်းကလေးများသည် နောက်ကားတစ်စီး ဝင်လာသည်ကို တွေ့သည်နှင့် ချက်ချင်းပင် ပြုံးရွှင်သွားကာ ခုဏကလိုပင် ဈေးစကားပြောကြတော့၏ ။ ဒါ သူတို့ အလုပ်ပင် ဖြစ်ပေ၏ ။

ဟိုတယ်ခန်းထဲမှ ထည်ဝါလင်းရှိန်သည်လည်း အတွေးများစွာ ဖြင့် တစ်ယောက်တည်း ခေါင်းရှုပ်လာတော့၏ ။ အခုတလော ဆီးလည်း ခဏခဏ သွားချင်နေတတ်သလို ဗိုက်ထဲမှလည်း တစ်ခုခု ဆွဲညှစ်နေသလို ခံစားနေရသည် ။ နဂိုမကြည်လင်သော ခေါင်းမှာ တရိပ်ရိပ်မူးနောက်လာကာ ပျို့အန်ချင်စိတ်ပါ ဖြစ်လာ၏။

ထွက်သွားတာ ကြာပြီဖြစ်သော ခက်ထန်သည် အခုချိန်ထိ ပေါ်မလာသေးပေ ။ မူးနောက်နေသော ဦးခေါင်းသည် ကုန်းထဖို့ရန်ပင် လေးပင်လာတော့သည် ။ အခန်းထဲတွင် နေရသည်က လေကောင်းလေသန့် ကောင်းကောင်းမရ၍ သူ့ကို ပျို့အန်ချင်စိတ်ဖြစ်လာအောင် တွန်းအားပေးနေသည်ဟု ထင်မိသည် ။ ပြန်မလာသေးသော ခက်ထန်ကိုလည်း ဟိုတယ်ရှေ့ သွားစောင့်ချင်သေးသောကြောင့် အနွေးထည်လေး ကောက်ဝတ်ကာ တရွေ့ရွေ့ လျှောက်လှမ်းသွားတော့၏ ။

ဧည့်ကြိုကောင်တာရှေ့ တွင် တဝဲလည်လည်ဖြင့်လုပ်ကာ ခက်ထန်ဆီ ဖုန်းဆက်သော်လည်း ဖုန်းမကိုင်ပေ ။ သို့သော် မကြာလိုက်!  ဟိုတယ် အပေါက်ဝရှေ့တွင် ခက်ထန် ကားကို သူ ချက်ချင်းတွေ့လိုက်သည် ။ ခက်ထန်ဆီ ပြေးသွားမည် ပြုသော်လည်း အရှေ့မှ သွားလာနေကြသော လူများနှင့် ဝင်တိုက်မိကာ အနောက်သို့ ခြေလှမ်းတို့ ယိုင်ကျသွားတော့၏ ။

သူ့ခန္ဓာကိုယ်ကို ထိန်းကာ ခေါင်းမော့လိုက်သည်နှင့်တပြိုင်နက် နားအူမတတ် ပေါက်ကွဲသံ ကြီးကြီး တစ်ခုသည် သူ့အသားတွေပါ ပဲ့ထွက်သွားမတတ် သူနှင့် နီးကပ်လွန်းနေခဲ့၏ ။
ရုတ်ရုတ်သဲသဲ ကြောက်လန့်တကြား အော်ဟစ် ပြေးလွှားကြသော လူများကြားမှ သူ ခက်ထန်ကိုသာ အသဲအသန် ရှာဖွေနေမိသည် ။ အခုချိန်လောက်ဆို ကားပေါ်က ဆင်းလာသင့်နေပြီမလား။

" ကားတစ်စီး ဗုံးပေါက်တာ ဗျို့!  အထဲမှာ လူရှိရင် ပွဲချင်းပြီးပဲ !"

တစ်ယောက်တစ်ပေါက်စကားများကို ကြားနေရသည် ။ မူးနောက်နေသော ခေါင်းသည် ဟိုတယ်တစ်ခုလုံး အဝိုင်းလည်နေသလို သူ့ကမ္ဘာကြီး လည်ထွက်နေ၏ ။ ထိုလူအုပ်များကြားမှ ရှိသမျှ အားကုန်သုံးကာ သူ့ခြေထောက်များက အပေါက်ဝထိ အပြေး သွားနေတော့၏ ။ ဖိနပ်ပင် ဘယ်မှာ ကျွတ်ခဲ့မှန်း မသိပါချေ ။ လူ အနည်းငယ်ကြားမှ မီးဟုန်းဟုန်းတောက်နေသော ကားတစ်စီး... ။

ဒါ... သူ့ခက်ထန်ရဲ့ ကား အနက်ရောင်လေး...။

ခုဏကမှ ကားရပ်လိုက်တာကို သူ တွေ့ခဲ့ရတာ....

" အား... ထန်ထန်!! "

Unicode version

Continue Reading

You'll Also Like

317K 18.9K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
192K 15K 34
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
196K 14.9K 57
ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by Yushika Elina Date 25/07/2021
35.8K 4K 66
Author _ Shuiqiancheng That's not my work.I am Just Translator