Unicode
အခန်း(၃၄၃) - ကုပိုးသခင် ကျွော်ယဲ့
ယန်ထျန်းဟန်က လင်ရွှမ်းဇီနားကို လျှောက်လာသည်။
"ဘာကိုဆိုလိုတာလဲ အကိုကြီး?"
လင်ရွှမ်းဇီက ပြန်ဖြေသည်
"ရှစ်ယုန့်ထိုင်က ငါတို့ကို တိတ်တဆိတ် သတ်ဖြတ်ဖို့ ကြံစည်ရဲတယ် ဆိုမှတော့ ငါသူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်နိုင်ဘူးလေ"
"အကိုကြီးက သူ့ကိုသွားသတ်မလို့လား?" ယန်ထျန်းဟန်က မေးလိုက်သည်။
"အဲ့ဒီလူကိုသတ်ရမယ်" လင်ရွှမ်းဇီရဲ့ မျက်လုံးများက အနည်းငယ် နက်ရှိုင်းသွားသည်။
"သူကအခု စိတ်ပျက်အားငယ်သလို သရုပ်ဆောင်ပြီး ဒီအတွက် ငွေကြေးတွေ စိုက်ထုတ်ထားပြီဆိုတော့ အကယ်၍ ငါတို့ကို သတ်ဖို့ တစ်ခါကျရံှုးရင် ဒုတိယတစ်ခေါက်လည်း ထပ်ကြိုးစားလာမှာပဲ, အကယ်၍ သူသာဆက်ပြီး အသက်ရှင်နေမယ်ဆိုရင် တစ်လျှောက်လုံး ဒုက္ခတွေပဲ ရောက်လိမ့်မယ်"
ပထမဆုံး တိုက်ခိုက်နိုင်တဲ့သူက အသာစီးရနိုင်ပြီး နောက်မှတိုက်ခိုက်တဲ့သူကတော့ ဘေးဥပါဒ်ကို ခံစားရလိမ့်မည်။ ရှစ်ယုန့်ထိုင်က အရင်ဦးဆောင်ခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ သူရွေးချယ်လိုက်တဲ့သူတွေက လုံလောက်အောင် မကျွမ်းကျင်သေးပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့က သားကောင်ကို သတိပေးကာ ကိုယ့်ကိုကိုယ် ပြန်ပြီး အရူးဖြစ်သွားစေသည်။
ယန်ထျန်းဟန်သည်လည်း သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
"ကျွန်တော်တို့ အခုပဲ စလိုက်ကြရင်ရော?"
လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ လက်လေးအား လှမ်းဆုပ်ကိုင်လိုက်လေသည်။
"ငါတို့ ကိုယ့်ဘာသာကိုယ် လုပ်စရာ မလိုပါဘူး, ရှစ်ယုန့်ထိုင်ဆီမှာ တစ်ခြားအကာအကွယ် အစီအမံတွေ ရှိနိုင်တယ်, ငါတို့လွယ်လွယ် လုပ်လို့ရမှာ မဟုတ်ဘူး"
"အကိုကြီးဘာကို ဆိုလိုတာလဲ?"
"အလောင်းတွေကို သုံးလို့ရတယ်" လင်ရွှမ်းဇီက အနားတစ်ဝိုက်မှာ ပြုလုပ်ထားသည့် အလုံပိတ်အ တားအဆီးကို ဖြစ်ပေါ်စေသော မှော်ရတနာအား ဖယ်ရှားလိုက်သည်။ ထိုအခါ ခေါင်းလောင်းသံတစ်ခုက ညအမှောင်ထဲမှာ အထူးတလှယ် ကြည်လင်ပြတ်သားနေ၏။
ယန်ထျန်းဟန်က အဝေးတစ်နေရာအား လှမ်းကြည့်လိုက်သည်။ ရှည်လျားသည့် လမ်းကျဉ်းလေးတစ်ခုထဲတွင် အဖြူရောင် ဝတ်ထားသည့် ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်က ဖြူဖျော့ဖျော့ မျက်နှာဖြင့် သူတို့ရှိရာသို့ မျောလွင့်လာသည်။
သူက လင်ရွှမ်းဇီရှေ့ကိုသွားပြီး မတ်တပ်ရပ်လိုက်၏။ ဂရုမစိုက်ဟန် မျက်လုံးတစ်စုံက လင်ရွှမ်းဇီရဲ့ မျက်နှာအား ခဏတာကြည့်နေပြီးမှ မေးလာသည်။
"ဒီညနေ မင်းငါ့ကိုဘာလို့ ခေါ်လိုက်တာလဲ?"
လင်ရွှမ်းဇီက ပြန်ဖြေသည်။
"ဒီအလောင်းတွေထဲ ကုပိုးကောင်ထည့်ပြီး လူတစ်ယောက်ကိုသတ်ဖို့ မင်းကိုလိုလို့"
ထိုလူကခတ်ပြတ်ပြတ်မေးသည်။
"ဘယ်သူလဲ?"
"ယုန့်ထိုင်စံအိမ်ရဲ့ ဆိုင်ရှင် ရှစ်ယုန့်ထိုင်"
"နားလည်ပြီ"
ထို့နောက်မှာတော့ အဲ့ဒီအမျိုးသားက ချက်ချင်းလုပ်ငန်းစလိုက်ပြီး အလောင်းကို လှည့်ကြည့်ကာ သူ့လက်ညှိုးကိုလေထဲသို့ ထိုးပြလိုက်သည်။ ယန်ထျန်းဟန်သည် သူ့လက်ထဲက အနီရောင် အရာဝတ္တုတစ်ခု ထွက်လာတာကိုသာ မြင်လိုက်ရ၏။ ထိုအရာက အလောင်းပေါ်ကျသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့လေသည်။
ယန်ထျန်းဟန်သည် ထိုလူရဲ့ လှုပ်ရှားမှုများအား လွတ်သွားမှာ စိုးရိမ်စွာဖြင့် သူ့မျက်လုံးများက သိချင်စိတ်ဖြင့် ပြူးကျယ်နေလေသည်။
သူ့မှာ ထိုလူက သူမသိသည့် စကားလုံးတစ်ချို့အား တီးတိုးရွတ်ဆိုရင်း လက်စည်းတံဆိပ်များ ပြုလုပ်နေသည်ကို ငေးကြည့်နေမိသည်။ လက်ဖက်ရည်တစ်ခွက်သောက်လောက် မကြာသေးခင်မှာပဲ ဝိညာဉ်မရှိတော့သည့် အလောင်းက မမျှော်လင့်ပဲ သက်ရှိလူသားတစ်ယောက်လိုမျိုး မတ်တပ်ရပ်လာသည်။ မွဲခြောက်ခြောက်ဖြစ်နေတဲ့ မျက်လုံးတစ်စုံကလွဲရင် သူက လင်းချီကုကို အလောင်းရုပ်သေးအဖြစ် စတင်ဖန်တီးတုန်းကထက်ပင် လမ်းလျှောက်တာ လိုက်လျောညီထွေ ဖြစ်နေသေးသည်။
"သွားတော့" ထိုလူက အမိန့်ပေးလိုက်သည်။
ထိုခန္တာကိုယ်က အကြိမ်အနည်းငယ် ခုန်သွားပြီးနောက် လမ်းကြားလေးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ယန်ထျန်းဟန်က အံ့သြတကြီး မေးလာသည်။
"ဒါလည်း အင်ပါယာ အလောင်းနည်းပညာပဲလား?"
အဖြူဝတ်နဲ့လူက ယန်ထျန်းဟန်အား ဗလာအကြည့်ဖြင့် ကြည့်လာသည်။
"အဲ့ဒီလိုမျိုးပါပဲ ဒါပေမဲ့ အင်ပါယာ အလောင်းနည်းပညာက ယင်ချီနဲ့ ကုအင်းဆက်ရဲ့ အခြေခံကို ထိန်းချုပ်နိုင်တဲ့ စာချုပ်က စွမ်းရည်ကို မှီတည်နေတာ, ဒါပေမဲ့ ငါ့ရဲ့ အင်ပါယာ အလောင်း နည်းပညာကတော့ ကုအဆိပ်နဲ့ စုန်းပညာအပေါ် မှီခိုတယ်, သူတို့က အနှစ်သာရအားဖြင့် ကွဲပြားကြတယ်"
"စုန်းပညာ?" ယန်ထျန်းဟန်က အသက်ပြင်းပြင်း ရှုလိုက်မိလေသည်။
"ခင်ဗျားက တောင်ဘက်တိုက်မကြီးက ကုပိုးသခင်လား!"
အဖြူဝတ်နဲ့လူက ခေါင်းညိတ်သည်။
"ငါနာမည်က ကျွော်ယဲ့, ငါက တောင်ဘက်တိုက်မကြီးရဲ့ ကုပိုးသခင်ပဲ"
ကုသခင်များက ကုအင်းဆက်အပေါ် တစ်ဝက် မှော်ပညာပေါ် တစ်ဝက်မှီခိုကြပြီး နှစ်ခုလုံးက သူတို့အတွက် မရှိမဖြစ်ပင်။
အဖြူဝတ်နဲ့လူက စကားဆက်ပြောဖို့ မလိုလားဟန်ဖြင့် သန်းဝေလိုက်သည်။
"မနက်ဖြန်ကျရင် အဲ့ဒီလူရဲ့ သေဆုံးခြင်းအကြောင်း သတင်းရလိမ့်မယ်, ဒီကိစ္စအပြင် တစ်ခြားရှိသေးလား?"
ယန်ထျန်းဟန်က ကျွော်ယဲ့နှင့် ခွဲခွာရန် တွန့်ဆုတ်နေပုံရသည်။
"ကုပိုးကို ဘယ်လို သန့်စင်လဲ ဆိုတာ သင်ပေးလို့ရမလား?"
ကျွော်ယဲ့က ယန်ထျန်းဟန်အား ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်လေသည်။
"ကုပိုးကို သန့်စင်ဖို့က မခက်ခဲပါဘူး ; မင်းအနေနဲ့ စိတ်ရှည်ဖို့ပဲလိုတာ, ကုပိုးကောင်တစ်ကောင်ကို ဆယ်နှစ်ကနေ နှစ်နှစ်ဆယ်ထိ ပြုစုပျိုးထောင်ဖို့ လိုအပ်တယ်, အဲ့ဒါကို သည်းခံနိုင်ပါ့မလား?"
ယန်ထျန်းဟန်က ခေါင်းညိတ်သည်။
"ဝိညာဉ်ပင်တွေကို စိုက်ပျိုးတာလည်း နှစ်ပေါင်းများစွာ အချိန်ယူရတာပဲလေ, နှစ်ရာနဲ့ ချီပြီးတောင် ကြာနိုင်တယ်, အကယ်၍ ကျွန်တော်သာ အဲ့ဒီလောက် စိတ်မရှည်ဘူးဆိုရင် ဘယ်လိုပဲလုပ်လုပ် ဝိညာဉ်ပင်တွေ ကြီးထွားလာတာတောင် မြင်နိုင်မှာ မဟုတ်ဘူး"
"မင်းမှာ ဒီလိုစိတ်ထား ရှိတယ်ဆိုမှတော့ အဆင်ပြေတဲ့ အချိန်ဆိုရင် ကုအင်းဆက်တွေ သန့်စင်ဖို့အတွက် ငါ့ကိုလာရှာချေ, တကယ်တော့လည်း မင်းက အလောင်းရုပ်သေးတွေကို ထိန်းချုပ်နိုင်တာပဲလေ အဲ့ဒီတော့ ကုပိုးဘယ်လို သန့်စင်ရလဲ လေ့လာရမှာပဲ, ဒါပေမဲ့, စုန်းအတတ်ကိုတော့ မင်းကိုမသင်ပေးနိုင်ဘူး"
သူ့အပိုင်းသူ ပြောပြီးနောက် ကျွော်ယဲ့က သူလာခဲ့တဲ့အတိုင်း ပြန်ထွက်ခွာသွားပြီး လမ်းအဆုံးဆီသို့ အေးအေးဆေးဆေး ရွှေ့သွားတော့သည်။
အနီးကပ် စစ်ဆေးကြည့်သည့် အခါမှသာ ကျွော်ယဲ့က မြေပြင်ပေါ်ကနေ မျောလွင့်နေပုံရတဲ့ အကြောင်းအရင်းက သူ့ခြေထောက်အောက်ရှိ အင်းဆက်အုပ်စုကြောင့် ဖြစ်ကြောင်း ယန်ထျန်းဟန် တွေ့ရှိသွားရသည်။ ထိုအင်းဆက်တွေက အလွန်လျင်မြန်စွာ ရွှေ့လျားကြပြီး ကွဲထွက်သွားတာ ဒါမှမဟုတ် ကြေမွသွားတာ မဖြစ်တဲ့အထိ လုံလောက်အောင် သန်မာကြသည်။ ဒါကြောင့်လည်း ကျွော်ယဲ့က မြေပြင်ကနေ သုံးလက်မလောက် အကွာမှ လွင့်မျောနေပုံ ပေါ်နေခြင်းပင်။
ယန်ထျန်းဟန်မှာ မနေနိုင်စွာပင် လျှာကိုလိပ်မိတော့၏။
"ဒါက အရမ်းကို အံ့အားသင့်ဖို့ ကောင်းလွန်းတယ်"
လင်ရွှမ်းဇီက မှတ်ချက်ချသည်။
"ဒါက အရမ်းပျင်းရိလွန်းတာ မဟုတ်ဘူးလား?"
ယန်ထျန်းဟန်, "..."
ယန်ထျန်းဟန်က မေးလိုက်သည်။
"သူဘယ်မှာနေတာလဲ?"
လင်ရွှမ်းဇီသည် လမ်းကြားအဆုံးရှိ သူ့အိမ်ဘေးမှ ခြံဝင်းကို လက်ညှိုးထိုးပြကာ
"သူအဲဒီမှာနေနေတယ်"
ယန်ထျန်းဟန်မှာ သွေးအန်လုနီးပါးဖြစ်သွားရပြီး သူ့နှဖူးလေးအား လက်ခုံနဲ့ သုတ်လိုက်မိသည်။
"ခြေလှမ်းနည်းနည်းလေးပဲ"
လင်ရွှမ်းဇီက ခေါင်းညိတ်သည်။
"ဟုတ်တယ်, သူက ထိုင်နေတာထက် ထနေလိမ့်မယ် ပြီးတော့ ထနေတာထက် လမ်းလျှောက်နေလိမ့်မယ်"
ယန်ထျန်းဟန်က ပြန်ပြောသည်။
"ဒါဆို သူအားကုနဲ့ အတူတူ နေလို့ရတာပဲ, ဘယ်လိုပဲဖြစ်ဖြစ် အားကုရှိနေတယ်ဆိုတာ သူသိနေပြီးသား ပုံပေါ်နေတာပဲဟာ "
" သူက တစ်ယောက်တည်းနေရတာ အသားကျနေပြီ ပြီးတော့ တစ်ခြားသူတွေနဲ့ နေရတာလည်း မကြိုက်ဘူး, ဒါ့အပြင်....သူအားကုရဲ့ တည်ရှိမှုကို သိထားတယ်, ဒီကိုပထမဆုံး ရောက်လာတုန်းက ကျွော်ယဲ့နဲ့ အားကုတို့ လမ်းကြားလေးထဲမှာ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ကြသေးတယ်"
ယန်ထျန်းဟန်, "....."
ဘာလို့ဒီလိုအရာမျိုး ဖြစ်ခဲ့တာကို သူမသိလိုက်ရတာလဲ?
"ဘာဖြစ်ခဲ့တာလဲ?" ယန်ထျန်းဟန်က မျက်မှောင်ကြုတ်သွားသည်။
"အားကုက ဘယ်တုန်းကမှ လူတွေကို စပြီး ပြဿနာ မရှာတတ်ဘူး"
"အဲ့ဒါက အားကုရဲ့ အမှားလို့လည်း မပြောပါဘူး" လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်သည်။
"ကြည့်ရတာ ကျွော်ယဲ့ဆီမှာ ရှိတဲ့ ကုအင်းဆက်နဲ့ အားကုရဲ့ ခန္တာကိုယ်ထဲက ကုအင်းဆက်တို့က အပြန်အလှန် တုံ့ပြန်မှု ဖြစ်ကြတယ်ထင်ပါတယ် အဲ့ဒါကြောင့်လည်း အားကုကို ကျွော်ယဲ့က သိသွားတာ, အားကုက ကုပိုးထည့်ပြီး သန့်စင်ဖို့အတွက် အရမ်းကောင်းတဲ့ လက်ခံကောင်လို့ တွေးမိပြီး အလောင်းရုပ်သေးအတွက် ပစ်မှတ်ကောင်းတစ်ခုလို့ ထင်ခဲ့တယ် အဲ့ဒါကြောင့်လည်းသူက အားကုကိုယ်ထဲမှာ ကုပိုးထည့်ပြီး သူ့လက်အောက်ခံအဖြစ် ထားချင်ခဲ့တာ, အားကုက သူ့အကြံအစည်ကို သတိပြုမိလိုက်တာကြောင့် သူနဲ့တိုက်ခိုက်ကြတဲ့ပုံပဲ"
အားကုကို လိုချင်နေကြောင်း ကြားလိုက်ရတဲ့အချိန်မှာ ယန်ထျန်းဟန်သည် မကျေနပ်ကြောင်း ချက်ချင်းထုတ်ဖော်ပြောလာသည်။
"သူက တော်တော်လေး ဆိုးတာပဲ, အားကုက သခင်မရှိတဲ့သူမှ မဟုတ်တာ ဘာလို့သူက အားကုကို ဂရုစိုက်နေရတာလဲ?"
ယန်ထျန်းဟန်က သူပိုင်တဲ့အရာများအား အလွန်အမင်း ကာကွယ်တတ်သည်။ အကယ်၍ သူ့ဆီက တစ်စုံတစ်ခုကို လုယူချင်သူ ရှိလာရင် အဲ့ဒါက လွယ်ကူမှာတော့ မဟုတ်ဘူး
လင်ရွှမ်းဇီမှာ မနေနိုင်စွာဖြင့် ပြုံးလိုက်ပြီး ယန်ထျန်းဟန်ကို ကြည့်လိုက်သည်။
"အားကုက သူလိုချင်တိုင်း ရနိုင်တဲ့သူ မဟုတ်ဘူး ဆိုတာ ငါသူ့ကို ပြောပြီးသွားပါပြီ, ကျွော်ယဲ့က ငါ့နောက်က လိုက်ဖို့ ဆုံးဖြတ်ပြီးသွားပြီ ဆိုတော့ အားကုကို ထပ်ပြိးတွေးမှာ မဟုတ်တော့ပါဘူး"
ယန်ထျန်းဟန်က စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းဖွဖွချသည်။
"ဒါဆိုကောင်းတာပေါ့"
အရင်တုန်းက လင်ရွှမ်းဇီသည် ယုံကြည်စိတ်ချရတဲ့ ကုပိုးသခင်တစ်ယောက်အား ရှာပေးရန် ဂျီလန်ဂျွန်းကို အကူအညီတောင်းခဲ့ကြောင်း သူ့ကိုပြောခဲ့ဖူးသည်။ ယန်ထျန်းဟန်ကိုယ်တိုင်က ရောက်လာမယ့်သူကို မျှော်နေခဲ့တာဖြစ်ပြီး ဒီနေ့ ကျွော်ယဲ့ကို မြင်လိုက်ရတဲ့ အချိန်မှာ တကယ့်ကို စိတ်မပျက်ရပေ။
အရှေ့ဘက်တိုက်မကြီးသည် တောင်ဘက်ပိုင်းနှင့် တောင်တန်းကြီးများ၊ ပင်လယ်ပြင်ကြီးဖြင့် ပိုင်းခြားထားသည်။ တောင်ဘက်တိုက်မကြီးက တိုက်ကြီးငါးတိုက်တွင် ပိတ်ဆို့ထားမှုများနဲ့ အစွန်းရောက်မျိုးချစ်စိတ် ရှိသူများ အများဆုံး ဒေသဖြစ်တာကြောင့် အရှေ့ဘက်မှ ထိုနေရာရှိ အရာအားလုံးက အလွန်ဆန်းသစ်နေသည်။
ဒါ့အပြင် ထိုတောင်ဘက်တိုက်မကြီးတွင် ကုပိုးမွေးမြူသူများနဲ့ စုန်းအတတ်များအကြောင်း မရေမတွက်နိုင်သော ဒဏ္ဍာရီများရှိခဲ့ပြီး လူများကို ကြောက်ရွံ့ထိတ်လန့်စေကာ စူးစမ်းချင်စိတ်ဖြစ်စေခဲ့သည်။
ယန်ထျန်းဟန်သည် ကုသခင်များက မည်မျှ တန်ခိုးကြီးမားဖို့ လိုအပ်လဲ သူမသိပေမယ့် ယနေ့ တွေ့လိုက်ရသည့် ကျွော်ယဲ့ကတော့ ဂျီလန်ဂျွန်းက ရှောင်တခင် ရွေးချယ်လိုက်သည့်သူ မဟုတ်ကြောင်း သူသေချာသည်။
တကယ်တော့လည်း လင်းချီကုရဲ့ မကြာသေးခင်က စွမ်းဆောင်ချက်များအရဆိုရင် သူ့ကျင့်ကြံဆင့်က အနည်းဆုံး မာကျောတဲ့ခန္တာအဆင့် တတိယအလွှာဖြစ်ပြီး သူ့ခွန်အားက အကန့်အသတ် မရှိပေ။ ထို့ကြောင့်လည်း မာကျောတဲ့ခန္တာအဆင့် ကျင့်ကြံသူတစ်ယောက်ကို လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ လည်ပင်းချိုးလို့ ရခြင်းဖြစ်သည်။
သို့ပေမယ့် လင်းချီကုနဲ့ ကျွော်ယဲ့တို့ တိုက်ခိုက်ကြတဲ့အချိန်မှာ နှစ်ယောက်လုံး ဒဏ်ရာမရခဲ့ကြ။ ကြည့်ရတာအနိုင်ရသူ မရှိသလိုပဲ.....
"ကျွော်ယဲ့ရဲ့ နောက်ခံကဘာလဲ? သူက ယုံကြည်လို့ရရဲ့လား?" ယန်ထျန်းဟန်က စိုးရိမ်မှုတစ်ချို့နဲ့ မေးလာသည်။
"သေချာတော့ မပြောနိုင်သေးဘူး, အနာဂတ်ပေါ်ပဲ မူတည်တယ်"
လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ လက်လေးကို လှမ်းဆွဲလိုက်ပြီး ခြံဝင်းထဲသို့ ပြန်ဝင်သွားတော့၏။
"အဒေါ်ဂျီက ငါ့ကို စာရေးပို့လိုက်တာတော့ သူက သူမရဲ့ အဖေအမေ တစ်ယောက်တည်းက မွေးလာတဲ့ မောင်လေးလို့ပြောတယ်, သူက ငယ်ငယ်ကတည်းက ကုလမ်းကြောင်းကို ကျင့်ကြံခဲ့ပြီး စုန်းအတတ်မှာ မွေးရာပါ ပါရမီရှင် ဖြစ်တာကြောင့် သူ့ကို မိသားစုက နှင်ထုတ်ခဲ့ပြီး မိတ်ဆွေသူငယ်ချင်းလည်း မရှိဘူးတဲ့, သူမက သူ့ကို တတ်နိုင်ရင် ပိုပြီး ဂရုစိုက်ပေးဖို့ မျှော်လင့်နေတာ"
ယန်ထျန်းဟန်က တွေးတွေးဆဆနဲ့ ခေါင်းညိတ်သည်။
"တောင်ဘက် တိုက်မကြီးက ဂျီမိသားစုက သူတို့ကိုယ်သူတို့ တော်ဝင်တဲ့ အဆင့်အတန်းလို့ သတ်မှတ်ထားကြတာ ဆိုတော့ နတ်ဆိုးအတတ် ကျင့်ကြံသူတွေနဲ့ မကြာခဏ ဆက်စပ်နေတဲ့ ကုသခင် မှော်ဆရာတစ်ယောက်ကို သဘောမကျတာက သဘာဝကျတယ်"
"အမှန်ပဲ"
သူတို့ စကားပြောနေရင်းဖြင့်ပင် သူနဲ့ယန်ထျန်းဟန်တို့က အတွင်းပိုင်း ခြံဝင်းထဲ ရောက်လာကြလေသည်။
မူလက ပြန့်ကျဲနေသည့် အလောင်းများသည်လည်း ယခုအချိန်မှာ ပျောက်ကွယ်နေလေပြီ။ လင်ရွှမ်းဇီက မြေပြင်ပေါ်က သွေးစွန်းရာများကို တစ်ချက် ကြည့်ပြီးနောက် အတွင်းပိုင်း ဂိတ်တံခါးဝတွင် ညနှင့် ပေါင်းစည်းရန် ကြိုးစားနေသလိုမျိုး မတ်တပ်ရပ်နေသည့် လင်းချီကုအား လှမ်းကြည့်လိုက်သည်။
"အားကုက အခုဆို ဒီလိုမျိုး နောက်ဆက်တွဲတွေတောင် ဂရုစိုက်နိုင်နေပြီပဲ"
ယန်ထျန်းဟန်က ပြုံးလိုက်သည်။
"အားကု, ဒါကိုမင်းလုပ်လိုက်တာလား?"
လင်းချီကုက တောင့်တင်းစွာ ခေါင်းညိတ်ပြလာ၏။
ယန်ထျန်းဟန်က အနားကိုလျှောက်သွားလေသည်။
"ခန္တာကိုယ်တွေကို ဘယ်နားသွားပစ်လိုက်တာလဲ?"
လင်းချီကုက အိမ်အနောက်ဘက်ကို လက်ညှိုးထိုးပြလာပြီး ဆိုလိုတာတော့ သူထိုခန္တာကိုယ်များကို တောင်ပေါ်မှာ သွားပစ်တယ်ဆိုတဲ့သဘောပင်။
ယန်ထျန်းဟန်က လင်းချီကုရဲ့ လက်ကို ဆွဲယူလိုက်ပြီး သေချာဂရုတစိုက် ကြည့်လိုက်သည်။ ထိုအပေါ်တွင် သွေးအနည်းငယ် စွန်းထင်းနေတာကို မြင်လိုက်ရတာကြောင့် မျက်မှောင်ကြုတ်သွားရ၏။
"အားကု, ငါမင်းကို ဘယ်နှစ်ခေါက်လောက် ပြောရမလဲ, အဲ့ဒီအလောင်းတွေကို မင်းလက်နဲ့မထိပါနဲ့ ဆိုတာကို? ကြည့်ဦး, လက်တွေညစ်ပတ်သွားပြန်ပြီ"
လင်းချီကုသည် ယန်ထျန်းဟန်က လက်ကိုင်ပဝါလေးထုတ်ပြီး သူ့လက်ချောင်းများအား ဂရုတစိုက် သုတ်ပေးနေသည်ကို ခံယူနေသည်။
လင်ရွှမ်းဇီကတော့ သူဆက်မကြည့်နိုင်တော့ဘူးဟု ခံစားလိုက်ရ၏။ သူက အနားကို လျှောက်သွားလိုက်ပြီး ယန်ထျန်းဟန်အား ဆွဲခေါ်လိုက်လေသည်။
"ဒီအတိုင်း သုတ်နေတာ အသုံးမဝင်ဘူး အားကုကို အထဲမှာ ရေနဲ့သွားဆေးခိုင်းလိုက်"
လင်းချီကုက အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံဖြင့် ခေါင်းခါလိုက်ပုံပင်။ သူက သူ့လက်ကို မြှောက်လိုက်ပြီး ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်သည်။ ထို့နောက် သူ့ပါးစပ်ပုံစံအား အကြိမ်အနည်းငယ် ပြောင်းလဲလိုက်၏။
ထို့နောက်မှာတော့ လည်ပင်းများ ကွေးကောက်ပြီး လက်များ ပျောက်ဆုံးနေသည့် ခန္တာကိုယ်သုံးခုက ခြံဝင်း၏ အနောက်ဘက်နံရံကနေ တွယ်တက်လာပြီး သူတို့ရဲ့ လေးလံတဲ့ ခန္တာကိုယ်များအား အတွင်းခြံဝင်းထဲ ဆွဲသွင်းလာသည်ကို ယန်ထျန်းဟန်နဲ့ လင်ရွှမ်းဇီတို့ မြင်လိုက်ရလေသည်
ယန်ထျန်းဟန်မှာ ကြောင်တောင်တောင်လေး ဖြစ်သွားရှာသည်။
လင်ရွှမ်းဇီမှာတော့ မြေပြင်ပေါ်သို့ သွေးများပိုမို ကျလာတာကို ကြည့်ရင်း သူ့မျက်ခွံများ ထိန်းမရနိုင်အောင် တုန်ယင်သွားရသည်။
လင်းချီကုသည် ယန်ထျန်းဟန်က သူ့ကိုကြည့်လာသည်အား မြင်သောအခါ အတော်လေး ကျေနပ်နေပုံပင်။ ယန်ထျန်းဟန်မှာတော့ လင်းချီကုရဲ့ ပုံမှန်ဆို အမူအယာမဲ့နေသော ချောမောသည့် မျက်နှာက ချီးကျူးမှု ကို တောင်းခံနေပုံပေါ်သည်ဟု ခံစားလိုက်ရသည်။
ယန်ထျန်းဟန်က သူ့နှဖူးလေးအားကိုင်၍ မျက်နှာအား သုတ်လိုက်မိတော့၏။ သူက လင်ရွှမ်းဇီကို ပြောပြလိုက်သည်။
"အားကုပြောချင်တာက သူဒီအဆင့်နိမ့် အလောင်းတွေကို ထိန်းချုပ်နိုင်တယ်တဲ့ အဲ့ဒါကြောင့် သူတို့ကို သူ့လက်နဲ့ ကိုယ်တိုင် ပစ်ထုတ်တာ မဟုတ်ပါဘူးလို့ပြောတာ"
လင်ရွှမ်းဇီက နက်နဲလှတဲ့ အဓိပ္ပါယ်ဖြင့်ပြောလိုက်သည်။
"အဲ့ဒါဆိုလည်း သူမင်းကို တိုက်ရိုက်ပြောလိုက်ရင် လုံလောက်နေပြီလေ, သူတို့ကို ပြန်လာခိုင်းစရာမှ မလိုတာ"
ယန်ထျန်းဟန်က သူ့နှုတ်ခမ်းထောင့်စွန်းလေးအား ကွေးညွှတ်လိုက်တော့၏။
"အားကုက သူ့ကိုယ်သူ ဖော်ပြတဲ့နေရာမှာ အားနည်းလို့ပါ"
လင်းချီကုရဲ့ လျှာက တောင့်တင်းနေပြီး ကွေးညွှတ်နိုင်ခြင်း မရှိသေးပေ။ ဒါ့အပြင် သူ့ကိုယ်ထဲမှာ ဝိညာဉ်မရှိတာကြောင့် ဒီအချိန်မှာ သူလုပ်လိုက်တဲ့ အရာမှန်သမျှက ယန်ထျန်းဟန်သူ့ကို စာချုပ်ကနေတစ်ဆင့် ခိုင်းစေတဲ့ အရာကလွဲရင် ကျန်သည်များက သူမသေခင်က ကျန်နေခဲ့တဲ့ အသိစိတ်ကနေ ဖြစ်ပေါ်လာတဲ့ အေးစက်သည့် တုံ့ပြန်မှုသာဖြစ်သည်။
ဖုန်ကျင်းယွီက သူ့ကို သူ့အတိတ်အကြောင်း ထုတ်ပြောတဲ့အချိန်မှာ တိတ်တဆိတ် ငိုကြွေးတုန်းကလိုပေါ့။
လင်ရွှမ်းဇီက ထိုအကြောင်းကို စဉ်းစားလိုက်သည်။
"အကယ်၍ တစ္စေမျက်နှာဖုံးနဲ့လူကို ထပ်တွေ့ခဲ့ရင် အလောင်းရုပ်သေးကို ဘယ်လိုစကားပြောအောင် လုပ်ရမလဲ ဆိုတာ မေးလိုက်သင့်တယ်"
7.2.2022
=============
Next Episode
အလောင်းရုပ်သေး၏ ဝိညာဉ်
=============
Zawgyi
အခန္း(၃၄၃) - ကုပိုးသခင္ ေကၽြာ္ယဲ့
ယန္ထ်န္းဟန္က လင္ရႊမ္းဇီနားကို ေလွ်ာက္လာသည္။
"ဘာကိုဆိုလိုတာလဲ အကိုႀကီး?"
လင္ရႊမ္းဇီက ျပန္ေျဖသည္
"ရွစ္ယုန္႔ထိုင္က ငါတို႔ကို တိတ္တဆိတ္ သတ္ျဖတ္ဖို႔ ၾကံစည္ရဲတယ္ ဆိုမွေတာ့ ငါသူ႔ကို ဒီအတိုင္း လႊတ္ေပးလိုက္ႏိုင္ဘူးေလ"
"အကိုႀကီးက သူ႔ကိုသြားသတ္မလို႔လား?" ယန္ထ်န္းဟန္က ေမးလိုက္သည္။
"အဲ့ဒီလူကိုသတ္ရမယ္" လင္ရႊမ္းဇီရဲ႔ မ်က္လံုးမ်ားက အနည္းငယ္ နက္႐ွိဳင္းသြားသည္။
"သူကအခု စိတ္ပ်က္အားငယ္သလို သ႐ုပ္ေဆာင္ၿပီး ဒီအတြက္ ေငြေၾကးေတြ စိုက္ထုတ္ထားၿပီဆိုေတာ့ အကယ္၍ ငါတို႔ကို သတ္ဖို႔ တစ္ခါက်ရံွဳးရင္ ဒုတိယတစ္ေခါက္လည္း ထပ္ႀကိဳးစားလာမွာပဲ, အကယ္၍ သူသာဆက္ၿပီး အသက္ရွင္ေနမယ္ဆိုရင္ တစ္ေလွ်ာက္လံုး ဒုကၡေတြပဲ ေရာက္လိမ့္မယ္"
ပထမဆံုး တိုက္ခိုက္ႏိုင္တဲ့သူက အသာစီးရႏိုင္ၿပီး ေနာက္မွတိုက္ခိုက္တဲ့သူကေတာ့ ေဘးဥပါဒ္ကို ခံစားရလိမ့္မည္။ ရွစ္ယုန္႔ထိုင္က အရင္ဦးေဆာင္ခဲ့ေပမယ့္လည္း ကံမေကာင္းစြာနဲ႔ သူေရြးခ်ယ္လိုက္တဲ့သူေတြက လံုေလာက္ေအာင္ မကၽြမ္းက်င္ေသးေပ။ ဆန္႔က်င္ဘက္အားျဖင့္ သူတို႔က သားေကာင္ကို သတိေပးကာ ကိုယ့္ကိုကိုယ္ ျပန္ၿပီး အ႐ူးျဖစ္သြားေစသည္။
ယန္ထ်န္းဟန္သည္လည္း သူ႔မ်က္လံုးမ်ားကို အနည္းငယ္ က်ဥ္းေျမာင္းလိုက္သည္။
"ကၽြန္ေတာ္တို႔ အခုပဲ စလိုက္ၾကရင္ေရာ?"
လင္ရႊမ္းဇီက ယန္ထ်န္းဟန္ရဲ႔ လက္ေလးအား လွမ္းဆုပ္ကိုင္လိုက္ေလသည္။
"ငါတို႔ ကိုယ့္ဘာသာကိုယ္ လုပ္စရာ မလိုပါဘူး, ရွစ္ယုန္႔ထိုင္ဆီမွာ တစ္ျခားအကာအကြယ္ အစီအမံေတြ ရွိႏိုင္တယ္, ငါတို႔လြယ္လြယ္ လုပ္လို႔ရမွာ မဟုတ္ဘူး"
"အကိုႀကီးဘာကို ဆိုလိုတာလဲ?"
"အေလာင္းေတြကို သံုးလို႔ရတယ္" လင္ရႊမ္းဇီက အနားတစ္ဝိုက္မွာ ျပဳလုပ္ထားသည့္ အလံုပိတ္အ တားအဆီးကို ျဖစ္ေပၚေစေသာ ေမွာ္ရတနာအား ဖယ္ရွားလိုက္သည္။ ထိုအခါ ေခါင္းေလာင္းသံတစ္ခုက ညအေမွာင္ထဲမွာ အထူးတလွယ္ ၾကည္လင္ျပတ္သားေန၏။
ယန္ထ်န္းဟန္က အေဝးတစ္ေနရာအား လွမ္းၾကည့္လိုက္သည္။ ရွည္လ်ားသည့္ လမ္းက်ဥ္းေလးတစ္ခုထဲတြင္ အျဖဴေရာင္ ဝတ္ထားသည့္ ပိန္ပိန္ပါးပါးနဲ႔ အရပ္ရွည္ရွည္ အမ်ိဳးသားတစ္ေယာက္က ျဖဴေဖ်ာ့ေဖ်ာ့ မ်က္ႏွာျဖင့္ သူတို႔ရွိရာသို႔ ေမ်ာလြင့္လာသည္။
သူက လင္ရႊမ္းဇီေရွ႕ကိုသြားၿပီး မတ္တပ္ရပ္လိုက္၏။ ဂ႐ုမစိုက္ဟန္ မ်က္လံုးတစ္စံုက လင္ရႊမ္းဇီရဲ႔ မ်က္ႏွာအား ခဏတာၾကည့္ေနၿပီးမွ ေမးလာသည္။
"ဒီညေန မင္းငါ့ကိုဘာလို႔ ေခၚလိုက္တာလဲ?"
လင္ရႊမ္းဇီက ျပန္ေျဖသည္။
"ဒီအေလာင္းေတြထဲ ကုပိုးေကာင္ထည့္ၿပီး လူတစ္ေယာက္ကိုသတ္ဖို႔ မင္းကိုလိုလို႔"
ထိုလူကခတ္ျပတ္ျပတ္ေမးသည္။
"ဘယ္သူလဲ?"
"ယုန္႔ထိုင္စံအိမ္ရဲ႔ ဆိုင္ရွင္ ရွစ္ယုန္႔ထိုင္"
"နားလည္ၿပီ"
ထို႔ေနာက္မွာေတာ့ အဲ့ဒီအမ်ိဳးသားက ခ်က္ခ်င္းလုပ္ငန္းစလိုက္ၿပီး အေလာင္းကို လွည့္ၾကည့္ကာ သူ႔လက္ၫွိဳးကိုေလထဲသို႔ ထိုးျပလိုက္သည္။ ယန္ထ်န္းဟန္သည္ သူ႔လက္ထဲက အနီေရာင္ အရာဝတၱဳတစ္ခု ထြက္လာတာကိုသာ ျမင္လိုက္ရ၏။ ထိုအရာက အေလာင္းေပၚက်သြားၿပီး ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားေတာ့ေလသည္။
ယန္ထ်န္းဟန္သည္ ထိုလူရဲ႔ လွဳပ္ရွားမႈမ်ားအား လြတ္သြားမွာ စိုးရိမ္စြာျဖင့္ သူ႔မ်က္လံုးမ်ားက သိခ်င္စိတ္ျဖင့္ ျပဴးက်ယ္ေနေလသည္။
သူ႔မွာ ထိုလူက သူမသိသည့္ စကားလံုးတစ္ခ်ိဳ႔အား တီးတိုးရြတ္ဆိုရင္း လက္စည္းတံဆိပ္မ်ား ျပဳလုပ္ေနသည္ကို ေငးၾကည့္ေနမိသည္။ လက္ဖက္ရည္တစ္ခြက္ေသာက္ေလာက္ မၾကာေသးခင္မွာပဲ ဝိညာဥ္မရွိေတာ့သည့္ အေလာင္းက မေမွ်ာ္လင့္ပဲ သက္ရွိလူသားတစ္ေယာက္လိုမ်ိဳး မတ္တပ္ရပ္လာသည္။ မြဲေျခာက္ေျခာက္ျဖစ္ေနတဲ့ မ်က္လံုးတစ္စံုကလြဲရင္ သူက လင္းခ်ီကုကို အေလာင္း႐ုပ္ေသးအျဖစ္ စတင္ဖန္တီးတုန္းကထက္ပင္ လမ္းေလွ်ာက္တာ လိုက္ေလ်ာညီေထြ ျဖစ္ေနေသးသည္။
"သြားေတာ့" ထိုလူက အမိန္႔ေပးလိုက္သည္။
ထိုခႏာၱကိုယ္က အႀကိမ္အနည္းငယ္ ခုန္သြားၿပီးေနာက္ လမ္းၾကားေလးထဲသို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြားေတာ့သည္။
ယန္ထ်န္းဟန္က အံ့ၾသတႀကီး ေမးလာသည္။
"ဒါလည္း အင္ပါယာ အေလာင္းနည္းပညာပဲလား?"
အျဖဴဝတ္နဲ႔လူက ယန္ထ်န္းဟန္အား ဗလာအၾကည့္ျဖင့္ ၾကည့္လာသည္။
"အဲ့ဒီလိုမ်ိဳးပါပဲ ဒါေပမဲ့ အင္ပါယာ အေလာင္းနည္းပညာက ယင္ခ်ီနဲ႔ ကုအင္းဆက္ရဲ႔ အေျခခံကို ထိန္းခ်ဳပ္ႏိုင္တဲ့ စာခ်ဳပ္က စြမ္းရည္ကို မွီတည္ေနတာ, ဒါေပမဲ့ ငါ့ရဲ႔ အင္ပါယာ အေလာင္း နည္းပညာကေတာ့ ကုအဆိပ္နဲ႔ စုန္းပညာအေပၚ မွီခိုတယ္, သူတို႔က အႏွစ္သာရအားျဖင့္ ကြဲျပားၾကတယ္"
"စုန္းပညာ?" ယန္ထ်န္းဟန္က အသက္ျပင္းျပင္း ရႈလိုက္မိေလသည္။
"ခင္ဗ်ားက ေတာင္ဘက္တိုက္မႀကီးက ကုပိုးသခင္လား!"
အျဖဴဝတ္နဲ႔လူက ေခါင္းညိတ္သည္။
"ငါနာမည္က ေကြ်ာ္ယဲ့, ငါက ေတာင္ဘက္တိုက္မႀကီးရဲ႔ ကုပိုးသခင္ပဲ"
ကုသခင္မ်ားက ကုအင္းဆက္အေပၚ တစ္ဝက္ ေမွာ္ပညာေပၚ တစ္ဝက္မွီခိုၾကၿပီး ႏွစ္ခုလံုးက သူတို႔အတြက္ မရွိမျဖစ္ပင္။
အျဖဴဝတ္နဲ႔လူက စကားဆက္ေျပာဖို႔ မလိုလားဟန္ျဖင့္ သန္းေဝလိုက္သည္။
"မနက္ျဖန္က်ရင္ အဲ့ဒီလူရဲ႔ ေသဆံုးျခင္းအေၾကာင္း သတင္းရလိမ့္မယ္, ဒီကိစၥအျပင္ တစ္ျခားရွိေသးလား?"
ယန္ထ်န္းဟန္က ေကၽြာ္ယဲ့ႏွင့္ ခြဲခြာရန္ တြန္႔ဆုတ္ေနပံုရသည္။
"ကုပိုးကို ဘယ္လို သန္႔စင္လဲ ဆိုတာ သင္ေပးလို႔ရမလား?"
ေကၽြာ္ယဲ့က ယန္ထ်န္းဟန္အား ေပါ့ေပါ့ပါးပါး တစ္ခ်က္ၾကည့္လိုက္ေလသည္။
"ကုပိုးကို သန္႔စင္ဖို႔က မခက္ခဲပါဘူး ; မင္းအေနနဲ႔ စိတ္ရွည္ဖို႔ပဲလိုတာ, ကုပိုးေကာင္တစ္ေကာင္ကို ဆယ္ႏွစ္ကေန ႏွစ္ႏွစ္ဆယ္ထိ ျပဳစုပ်ိဳးေထာင္ဖို႔ လိုအပ္တယ္, အဲ့ဒါကို သည္းခံႏိုင္ပါ့မလား?"
ယန္ထ်န္းဟန္က ေခါင္းညိတ္သည္။
"ဝိညာဥ္ပင္ေတြကို စိုက္ပ်ိဳးတာလည္း ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူရတာပဲေလ, ႏွစ္ရာနဲ႔ ခ်ီၿပီးေတာင္ ၾကာႏိုင္တယ္, အကယ္၍ ကၽြန္ေတာ္သာ အဲ့ဒီေလာက္ စိတ္မရွည္ဘူးဆိုရင္ ဘယ္လိုပဲလုပ္လုပ္ ဝိညာဥ္ပင္ေတြ ႀကီးထြားလာတာေတာင္ ျမင္ႏိုင္မွာ မဟုတ္ဘူး"
"မင္းမွာ ဒီလိုစိတ္ထား ရွိတယ္ဆိုမွေတာ့ အဆင္ေျပတဲ့ အခ်ိန္ဆိုရင္ ကုအင္းဆက္ေတြ သန္႔စင္ဖို႔အတြက္ ငါ့ကိုလာရွာေခ်, တကယ္ေတာ့လည္း မင္းက အေလာင္း႐ုပ္ေသးေတြကို ထိန္းခ်ဳပ္ႏိုင္တာပဲေလ အဲ့ဒီေတာ့ ကုပိုးဘယ္လို သန္႔စင္ရလဲ ေလ့လာရမွာပဲ, ဒါေပမဲ့, စုန္းအတတ္ကိုေတာ့ မင္းကိုမသင္ေပးႏိုင္ဘူး"
သူ႔အပိုင္းသူ ေျပာၿပီးေနာက္ ေကၽြာ္ယဲ့က သူလာခဲ့တဲ့အတိုင္း ျပန္ထြက္ခြာသြားၿပီး လမ္းအဆံုးဆီသို႔ ေအးေအးေဆးေဆး ေရႊ႕သြားေတာ့သည္။
အနီးကပ္ စစ္ေဆးၾကည့္သည့္ အခါမွသာ ေကၽြာ္ယဲ့က ေျမျပင္ေပၚကေန ေမ်ာလြင့္ေနပံုရတဲ့ အေၾကာင္းအရင္းက သူ႔ေျခေထာက္ေအာက္ရွိ အင္းဆက္အုပ္စုေၾကာင့္ ျဖစ္ေၾကာင္း ယန္ထ်န္းဟန္ ေတြ႕ရွိသြားရသည္။ ထိုအင္းဆက္ေတြက အလြန္လ်င္ျမန္စြာ ေရႊ႕လ်ားၾကၿပီး ကြဲထြက္သြားတာ ဒါမွမဟုတ္ ေၾကမြသြားတာ မျဖစ္တဲ့အထိ လံုေလာက္ေအာင္ သန္မာၾကသည္။ ဒါေၾကာင့္လည္း ေကၽြာ္ယဲ့က ေျမျပင္ကေန သံုးလက္မေလာက္ အကြာမွ လြင့္ေမ်ာေနပံု ေပၚေနျခင္းပင္။
ယန္ထ်န္းဟန္မွာ မေနႏိုင္စြာပင္ လွ်ာကိုလိပ္မိေတာ့၏။
"ဒါက အရမ္းကို အံ့အားသင့္ဖို႔ ေကာင္းလြန္းတယ္"
လင္ရႊမ္းဇီက မွတ္ခ်က္ခ်သည္။
"ဒါက အရမ္းပ်င္းရိလြန္းတာ မဟုတ္ဘူးလား?"
ယန္ထ်န္းဟန္, "..."
ယန္ထ်န္းဟန္က ေမးလိုက္သည္။
"သူဘယ္မွာေနတာလဲ?"
လင္ရႊမ္းဇီသည္ လမ္းၾကားအဆုံးရွိ သူ႔အိမ္ေဘးမွ ၿခံဝင္းကို လက္ညႇိဳးထိုးျပကာ
"သူအဲဒီမွာေနေနတယ္"
ယန္ထ်န္းဟန္မွာ ေသြးအန္လုနီးပါးျဖစ္သြားရၿပီး သူ႔ႏွဖူးေလးအား လက္ခံုနဲ႔ သုတ္လိုက္မိသည္။
"ေျခလွမ္းနည္းနည္းေလးပဲ"
လင္ရႊမ္းဇီက ေခါင္းညိတ္သည္။
"ဟုတ္တယ္, သူက ထိုင္ေနတာထက္ ထေနလိမ့္မယ္ ၿပီးေတာ့ ထေနတာထက္ လမ္းေလွ်ာက္ေနလိမ့္မယ္"
ယန္ထ်န္းဟန္က ျပန္ေျပာသည္။
"ဒါဆို သူအားကုနဲ႔ အတူတူ ေနလို႔ရတာပဲ, ဘယ္လိုပဲျဖစ္ျဖစ္ အားကုရွိေနတယ္ဆိုတာ သူသိေနၿပီးသား ပံုေပၚေနတာပဲဟာ "
" သူက တစ္ေယာက္တည္းေနရတာ အသားက်ေနၿပီ ၿပီးေတာ့ တစ္ျခားသူေတြနဲ႔ ေနရတာလည္း မႀကိဳက္ဘူး, ဒါ့အျပင္....သူအားကုရဲ႔ တည္ရွိမႈကို သိထားတယ္, ဒီကိုပထမဆံုး ေရာက္လာတုန္းက ေကၽြာ္ယဲ့နဲ႔ အားကုတို႔ လမ္းၾကားေလးထဲမွာ ထိပ္တိုက္ေတြ႕ၿပီး တိုက္ခိုက္ၾကေသးတယ္"
ယန္ထ်န္းဟန္, "....."
ဘာလို႔ဒီလိုအရာမ်ိဳး ျဖစ္ခဲ့တာကို သူမသိလိုက္ရတာလဲ?
"ဘာျဖစ္ခဲ့တာလဲ?" ယန္ထ်န္းဟန္က မ်က္ေမွာင္ၾကဳတ္သြားသည္။
"အားကုက ဘယ္တုန္းကမွ လူေတြကို စၿပီး ျပႆနာ မရွာတတ္ဘူး"
"အဲ့ဒါက အားကုရဲ႔ အမွားလို႔လည္း မေျပာပါဘူး" လင္ရႊမ္းဇီက ခဏေလာက္ စဥ္းစားလိုက္သည္။
"ၾကည့္ရတာ ေကၽြာ္ယဲ့ဆီမွာ ရွိတဲ့ ကုအင္းဆက္နဲ႔ အားကုရဲ႔ ခႏာၱကိုယ္ထဲက ကုအင္းဆက္တို႔က အျပန္အလွန္ တုံ႔ျပန္မႈ ျဖစ္ၾကတယ္ထင္ပါတယ္ အဲ့ဒါေၾကာင့္လည္း အားကုကို ေကၽြာ္ယဲ့က သိသြားတာ, အားကုက ကုပိုးထည့္ၿပီး သန္႔စင္ဖို႔အတြက္ အရမ္းေကာင္းတဲ့ လက္ခံေကာင္လို႔ ေတြးမိၿပီး အေလာင္း႐ုပ္ေသးအတြက္ ပစ္မွတ္ေကာင္းတစ္ခုလို႔ ထင္ခဲ့တယ္ အဲ့ဒါေၾကာင့္လည္းသူက အားကုကိုယ္ထဲမွာ ကုပိုးထည့္ၿပီး သူ႔လက္ေအာက္ခံအျဖစ္ ထားခ်င္ခဲ့တာ, အားကုက သူ႔အၾကံအစည္ကို သတိျပဳမိလိုက္တာေၾကာင့္ သူနဲ႔တိုက္ခိုက္ၾကတဲ့ပံုပဲ"
အားကုကို လိုခ်င္ေနေၾကာင္း ၾကားလိုက္ရတဲ့အခ်ိန္မွာ ယန္ထ်န္းဟန္သည္ မေက်နပ္ေၾကာင္း ခ်က္ခ်င္းထုတ္ေဖာ္ေျပာလာသည္။
"သူက ေတာ္ေတာ္ေလး ဆိုးတာပဲ, အားကုက သခင္မရွိတဲ့သူမွ မဟုတ္တာ ဘာလို႔သူက အားကုကို ဂ႐ုစိုက္ေနရတာလဲ?"
ယန္ထ်န္းဟန္က သူပိုင္တဲ့အရာမ်ားအား အလြန္အမင္း ကာကြယ္တတ္သည္။ အကယ္၍ သူ႔ဆီက တစ္စံုတစ္ခုကို လုယူခ်င္သူ ရွိလာရင္ အဲ့ဒါက လြယ္ကူမွာေတာ့ မဟုတ္ဘူး
လင္ရႊမ္းဇီမွာ မေနႏိုင္စြာျဖင့္ ျပံဳးလိုက္ၿပီး ယန္ထ်န္းဟန္ကို ၾကည့္လိုက္သည္။
"အားကုက သူလိုခ်င္တိုင္း ရႏိုင္တဲ့သူ မဟုတ္ဘူး ဆိုတာ ငါသူ႔ကို ေျပာၿပီးသြားပါၿပီ, ေကၽြာ္ယဲ့က ငါ့ေနာက္က လိုက္ဖို႔ ဆံုးျဖတ္ၿပီးသြားၿပီ ဆိုေတာ့ အားကုကို ထပ္ၿပိးေတြးမွာ မဟုတ္ေတာ့ပါဘူး"
ယန္ထ်န္းဟန္က စိတ္သက္သာရာရသြားဟန္ျဖင့္ သက္ျပင္းဖြဖြခ်သည္။
"ဒါဆိုေကာင္းတာေပါ့"
အရင္တုန္းက လင္ရႊမ္းဇီသည္ ယံုၾကည္စိတ္ခ်ရတဲ့ ကုပိုးသခင္တစ္ေယာက္အား ရွာေပးရန္ ဂ်ီလန္ဂၽြန္းကို အကူအညီေတာင္းခဲ့ေၾကာင္း သူ႔ကိုေျပာခဲ့ဖူးသည္။ ယန္ထ်န္းဟန္ကိုယ္တိုင္က ေရာက္လာမယ့္သူကို ေမွ်ာ္ေနခဲ့တာျဖစ္ၿပီး ဒီေန႔ ေကၽြာ္ယဲ့ကို ျမင္လိုက္ရတဲ့ အခ်ိန္မွာ တကယ့္ကို စိတ္မပ်က္ရေပ။
အေရွ႕ဘက္တိုက္မႀကီးသည္ ေတာင္ဘက္ပိုင္းႏွင့္ ေတာင္တန္းႀကီးမ်ား၊ ပင္လယ္ျပင္ႀကီးျဖင့္ ပိုင္းျခားထားသည္။ ေတာင္ဘက္တိုက္မႀကီးက တိုက္ႀကီးငါးတိုက္တြင္ ပိတ္ဆို႔ထားမွဳမ်ားနဲ႔ အစြန္းေရာက္မ်ိဳးခ်စ္စိတ္ ရွိသူမ်ား အမ်ားဆံုး ေဒသျဖစ္တာေၾကာင့္ အေရွ႔ဘက္မွ ထိုေနရာရွိ အရာအားလံုးက အလြန္ဆန္းသစ္ေနသည္။
ဒါ့အျပင္ ထိုေတာင္ဘက္တိုက္မႀကီးတြင္ ကုပိုးေမြးျမဴသူမ်ားနဲ႔ စုန္းအတတ္မ်ားအေၾကာင္း မေရမတြက္ႏိုင္ေသာ ဒ႑ာရီမ်ားရွိခဲ့ၿပီး လူမ်ားကို ေၾကာက္႐ြံ႕ထိတ္လန႔္ေစကာ စူးစမ္းခ်င္စိတ္ျဖစ္ေစခဲ့သည္။
ယန္ထ်န္းဟန္သည္ ကုသခင္မ်ားက မည္မွ် တန္ခိုးႀကီးမားဖို႔ လိုအပ္လဲ သူမသိေပမယ့္ ယေန႔ ေတြ႕လိုက္ရသည့္ ေကၽြာ္ယဲ့ကေတာ့ ဂ်ီလန္ဂၽြန္းက ေရွာင္တခင္ ေရြးခ်ယ္လိုက္သည့္သူ မဟုတ္ေၾကာင္း သူေသခ်ာသည္။
တကယ္ေတာ့လည္း လင္းခ်ီကုရဲ႔ မၾကာေသးခင္က စြမ္းေဆာင္ခ်က္မ်ားအရဆိုရင္ သူ႔က်င့္ၾကံဆင့္က အနည္းဆံုး မာေက်ာတဲ့ခႏာၱအဆင့္ တတိယအလႊာျဖစ္ၿပီး သူ႔ခြန္အားက အကန္႔အသတ္ မရွိေပ။ ထို႔ေၾကာင့္လည္း မာေက်ာတဲ့ခႏာၱအဆင့္ က်င့္ၾကံသူတစ္ေယာက္ကို လက္တစ္ဖက္တည္းနဲ႔ အလြယ္တကူ လည္ပင္းခ်ိဳးလို႔ ရျခင္းျဖစ္သည္။
သို႔ေပမယ့္ လင္းခ်ီကုနဲ႔ ေကၽြာ္ယဲ့တို႔ တိုက္ခိုက္ၾကတဲ့အခ်ိန္မွာ ႏွစ္ေယာက္လံုး ဒဏ္ရာမရခဲ့ၾက။ ၾကည့္ရတာအႏိုင္ရသူ မရွိသလိုပဲ.....
"ေကၽြာ္ယဲ့ရဲ႔ ေနာက္ခံကဘာလဲ? သူက ယံုၾကည္လို႔ရရဲ႔လား?" ယန္ထ်န္းဟန္က စိုးရိမ္မႈတစ္ခ်ိဳ႔နဲ႔ ေမးလာသည္။
"ေသခ်ာေတာ့ မေျပာႏိုင္ေသးဘူး, အနာဂတ္ေပၚပဲ မူတည္တယ္"
လင္ရႊမ္းဇီက ယန္ထ်န္းဟန္ရဲ႔ လက္ေလးကို လွမ္းဆြဲလိုက္ၿပီး ျခံဝင္းထဲသို႔ ျပန္ဝင္သြားေတာ့၏။
"အေဒၚဂ်ီက ငါ့ကို စာေရးပို႔လိုက္တာေတာ့ သူက သူမရဲ႔ အေဖအေမ တစ္ေယာက္တည္းက ေမြးလာတဲ့ ေမာင္ေလးလို႔ေျပာတယ္, သူက ငယ္ငယ္ကတည္းက ကုလမ္းေၾကာင္းကို က်င့္ၾကံခဲ့ၿပီး စုန္းအတတ္မွာ ေမြးရာပါ ပါရမီရွင္ ျဖစ္တာေၾကာင့္ သူ႔ကို မိသားစုက ႏွင္ထုတ္ခဲ့ၿပီး မိတ္ေဆြသူငယ္ခ်င္းလည္း မရွိဘူးတဲ့, သူမက သူ႔ကို တတ္ႏိုင္ရင္ ပိုၿပီး ဂ႐ုစိုက္ေပးဖို႔ ေမွ်ာ္လင့္ေနတာ"
ယန္ထ်န္းဟန္က ေတြးေတြးဆဆနဲ႔ ေခါင္းညိတ္သည္။
"ေတာင္ဘက္ တိုက္မႀကီးက ဂ်ီမိသားစုက သူတို႔ကိုယ္သူတို႔ ေတာ္ဝင္တဲ့ အဆင့္အတန္းလို႔ သတ္မွတ္ထားၾကတာ ဆိုေတာ့ နတ္ဆိုးအတတ္ က်င့္ၾကံသူေတြနဲ႔ မၾကာခဏ ဆက္စပ္ေနတဲ့ ကုသခင္ ေမွာ္ဆရာတစ္ေယာက္ကို သေဘာမက်တာက သဘာဝက်တယ္"
"အမွန္ပဲ"
သူတို႔ စကားေျပာေနရင္းျဖင့္ပင္ သူနဲ႔ယန္ထ်န္းဟန္တို႔က အတြင္းပိုင္း ျခံဝင္းထဲ ေရာက္လာၾကေလသည္။
မူလက ျပန္႔က်ဲေနသည့္ အေလာင္းမ်ားသည္လည္း ယခုအခ်ိန္မွာ ေပ်ာက္ကြယ္ေနေလၿပီ။ လင္ရႊမ္းဇီက ေျမျပင္ေပၚက ေသြးစြန္းရာမ်ားကို တစ္ခ်က္ ၾကည့္ၿပီးေနာက္ အတြင္းပိုင္း ဂိတ္တံခါးဝတြင္ ညႏွင့္ ေပါင္းစည္းရန္ ႀကိဳးစားေနသလိုမ်ိဳး မတ္တပ္ရပ္ေနသည့္ လင္းခ်ီကုအား လွမ္းၾကည့္လိုက္သည္။
"အားကုက အခုဆို ဒီလိုမ်ိဳး ေနာက္ဆက္တြဲေတြေတာင္ ဂ႐ုစိုက္ႏိုင္ေနၿပီပဲ"
ယန္ထ်န္းဟန္က ျပံဳးလိုက္သည္။
"အားကု, ဒါကိုမင္းလုပ္လိုက္တာလား?"
လင္းခ်ီကုက ေတာင့္တင္းစြာ ေခါင္းညိတ္ျပလာ၏။
ယန္ထ်န္းဟန္က အနားကိုေလွ်ာက္သြားေလသည္။
"ခႏာၱကိုယ္ေတြကို ဘယ္နားသြားပစ္လိုက္တာလဲ?"
လင္းခ်ီကုက အိမ္အေနာက္ဘက္ကို လက္ၫွိုးထိုးျပလာၿပီး ဆိုလိုတာေတာ့ သူထိုခႏာၱကိုယ္မ်ားကို ေတာင္ေပၚမွာ သြားပစ္တယ္ဆိုတဲ့သေဘာပင္။
ယန္ထ်န္းဟန္က လင္းခ်ီကုရဲ႔ လက္ကို ဆြဲယူလိုက္ၿပီး ေသခ်ာဂ႐ုတစိုက္ ၾကည့္လိုက္သည္။ ထိုအေပၚတြင္ ေသြးအနည္းငယ္ စြန္းထင္းေနတာကို ျမင္လိုက္ရတာေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားရ၏။
"အားကု, ငါမင္းကို ဘယ္ႏွစ္ေခါက္ေလာက္ ေျပာရမလဲ, အဲ့ဒီအေလာင္းေတြကို မင္းလက္နဲ႔မထိပါနဲ႔ ဆိုတာကို? ၾကည့္ဦး, လက္ေတြညစ္ပတ္သြားျပန္ၿပီ"
လင္းခ်ီကုသည္ ယန္ထ်န္းဟန္က လက္ကိုင္ပဝါေလးထုတ္ၿပီး သူ႔လက္ေခ်ာင္းမ်ားအား ဂ႐ုတစိုက္ သုတ္ေပးေနသည္ကို ခံယူေနသည္။
လင္ရႊမ္းဇီကေတာ့ သူဆက္မၾကည့္ႏိုင္ေတာ့ဘူးဟု ခံစားလိုက္ရ၏။ သူက အနားကို ေလွ်ာက္သြားလိုက္ၿပီး ယန္ထ်န္းဟန္အား ဆြဲေခၚလိုက္ေလသည္။
"ဒီအတိုင္း သုတ္ေနတာ အသံုးမဝင္ဘူး အားကုကို အထဲမွာ ေရနဲ႔သြားေဆးခိုင္းလိုက္"
လင္းခ်ီကုက အနည္းငယ္ စိတ္ရႈပ္ေထြးသြားပံုျဖင့္ ေခါင္းခါလိုက္ပံုပင္။ သူက သူ႔လက္ကို ေႁမွာက္လိုက္ၿပီး ပါးစပ္ကို ဖြင့္လိုက္ပိတ္လိုက္ လုပ္လိုက္သည္။ ထို႔ေနာက္ သူ႔ပါးစပ္ပံုစံအား အႀကိမ္အနည္းငယ္ ေျပာင္းလဲလိုက္၏။
ထို႔ေနာက္မွာေတာ့ လည္ပင္းမ်ား ေကြးေကာက္ၿပီး လက္မ်ား ေပ်ာက္ဆံုးေနသည့္ ခႏာၱကိုယ္သံုးခုက ျခံဝင္း၏ အေနာက္ဘက္နံရံကေန တြယ္တက္လာၿပီး သူတို႔ရဲ႔ ေလးလံတဲ့ ခႏာၱကိုယ္မ်ားအား အတြင္းျခံဝင္းထဲ ဆြဲသြင္းလာသည္ကို ယန္ထ်န္းဟန္နဲ႔ လင္ရႊမ္းဇီတို႔ ျမင္လိုက္ရေလသည္
ယန္ထ်န္းဟန္မွာ ေၾကာင္ေတာင္ေတာင္ေလး ျဖစ္သြားရွာသည္။
လင္ရႊမ္းဇီမွာေတာ့ ေျမျပင္ေပၚသို႔ ေသြးမ်ားပိုမို က်လာတာကို ၾကည့္ရင္း သူ႔မ်က္ခြံမ်ား ထိန္းမရႏိုင္ေအာင္ တုန္ယင္သြားရသည္။
လင္းခ်ီကုသည္ ယန္ထ်န္းဟန္က သူ႔ကိုၾကည့္လာသည္အား ျမင္ေသာအခါ အေတာ္ေလး ေက်နပ္ေနပံုပင္။ ယန္ထ်န္းဟန္မွာေတာ့ လင္းခ်ီကုရဲ႔ ပံုမွန္ဆို အမူအယာမဲ့ေနေသာ ေခ်ာေမာသည့္ မ်က္ႏွာက ခ်ီးက်ဴးမႈ ကို ေတာင္းခံေနပံုေပၚသည္ဟု ခံစားလိုက္ရသည္။
ယန္ထ်န္းဟန္က သူ႔ႏွဖူးေလးအားကိုင္၍ မ်က္ႏွာအား သုတ္လိုက္မိေတာ့၏။ သူက လင္ရႊမ္းဇီကို ေျပာျပလိုက္သည္။
"အားကုေျပာခ်င္တာက သူဒီအဆင့္နိမ့္ အေလာင္းေတြကို ထိန္းခ်ဳပ္ႏိုင္တယ္တဲ့ အဲ့ဒါေၾကာင့္ သူတို႔ကို သူ႔လက္နဲ႔ ကိုယ္တိုင္ ပစ္ထုတ္တာ မဟုတ္ပါဘူးလို႔ေျပာတာ"
လင္ရႊမ္းဇီက နက္နဲလွတဲ့ အဓိပၸါယ္ျဖင့္ေျပာလိုက္သည္။
"အဲ့ဒါဆိုလည္း သူမင္းကို တိုက္႐ိုက္ေျပာလိုက္ရင္ လံုေလာက္ေနၿပီေလ, သူတို႔ကို ျပန္လာခိုင္းစရာမွ မလိုတာ"
ယန္ထ်န္းဟန္က သူ႔ႏႈတ္ခမ္းေထာင့္စြန္းေလးအား ေကြးၫႊတ္လိုက္ေတာ့၏။
"အားကုက သူ႔ကိုယ္သူ ေဖာ္ျပတဲ့ေနရာမွာ အားနည္းလို႔ပါ"
လင္းခ်ီကုရဲ႔ လွ်ာက ေတာင့္တင္းေနၿပီး ေကြးၫႊတ္ႏိုင္ျခင္း မရွိေသးေပ။ ဒါ့အျပင္ သူ႔ကိုယ္ထဲမွာ ဝိညာဥ္မရွိတာေၾကာင့္ ဒီအခ်ိန္မွာ သူလုပ္လိုက္တဲ့ အရာမွန္သမွ်က ယန္ထ်န္းဟန္သူ႔ကို စာခ်ဳပ္ကေနတစ္ဆင့္ ခိုင္းေစတဲ့ အရာကလြဲရင္ က်န္သည္မ်ားက သူမေသခင္က က်န္ေနခဲ့တဲ့ အသိစိတ္ကေန ျဖစ္ေပၚလာတဲ့ ေအးစက္သည့္ တုံ႔ျပန္မႈသာျဖစ္သည္။
ဖုန္က်င္းယြီက သူ႔ကို သူ႔အတိတ္အေၾကာင္း ထုတ္ေျပာတဲ့အခ်ိန္မွာ တိတ္တဆိတ္ ငိုေႂကြးတုန္းကလိုေပါ့။
လင္ရႊမ္းဇီက ထိုအေၾကာင္းကို စဥ္းစားလိုက္သည္။
"အကယ္၍ တေစၥမ်က္ႏွာဖံုးနဲ႔လူကို ထပ္ေတြ႕ခဲ့ရင္ အေလာင္း႐ုပ္ေသးကို ဘယ္လိုစကားေျပာေအာင္ လုပ္ရမလဲ ဆိုတာ ေမးလိုက္သင့္တယ္"
7.2.2022
=============
Next Episode
အေလာင္း႐ုပ္ေသး၏ ဝိညာဥ္
=============