ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစန...
By bhone_pyae_phyo
155K 20K 164
ရှန်းရှကမ္ဘာသို့ ကူးပြောင်းပြီးနောက် ချန်ချန်တစ်ယောက် သာမန်သေမျိုးအဖြစ်နဲ့သာ နေထိုင်ခဲ့သည်။ သူ အသက်ဆယ့်‌‌ေခြာ... More
မိတ်ဆက်
အပိုင်း ၁ (စာစဉ် ၁ အပိုင်း ၁)
အပိုင်း ၂ (စာစဉ် ၁ အပိုင်း ၂)
အပိုင်း ၃ (စာစဉ် ၁ အပိုင်း ၃)
အပိုင်း ၄ (စာစဉ် ၁ အပိုင်း ၄)
အပိုင်း ၅ (စာစဉ် ၁ အပိုင်း ၅)
အပိုင်း ၆ (စာစဉ် ၁ အပိုင်း ၆)
အပိုင်း ၇ (စာစဉ် ၁ အပိုင်း ၇)
အပိုင်း ၈ (စာစဉ် ၁ အပိုင်း ၈)
အပိုင်း ၉ (စာစဉ် ၁ အပိုင်း ၉)
အပိုင်း ၁၀ (စာစဉ် ၁ အပိုင်း ၁၀)
အပိုင်း ၁၁ (စာစဉ် ၁ အပိုင်း ၁၁)
အပိုင်း ၁၂ (စာစဉ် ၁ အပိုင်း ၁၂)
အပိုင်း ၁၃ (စာစဉ် ၁ အပိုင်း ၁၃)
အပိုင်း ၁၄ (စာစဉ် ၁ အပိုင်း ၁၄)
အပိုင်း ၁၅ (စာစဉ် ၁ အပိုင်း ၁၅)
အပိုင်း ၁၆ (စာစဉ် ၂ အပိုင်း ၁)
အပိုင်း ၁၇ (စာစဉ် ၂ အပိုင်း ၂)
အပိုင်း ၁၈ (စာစဉ် ၂ အပိုင်း ၃)
အပိုင်း ၁၉ (စာစဉ် ၂ အပိုင်း ၄)
အပိုင်း ၂၀ (စာစဉ် ၂ အပိုင်း ၅)
အပိုင်း ၂၁ (စာစဉ် ၂ အပိုင်း ၆)
အပိုင်း ၂၂ (စာစဉ် ၂ အပိုင်း ၇)
အပိုင်း ၂၃ (စာစဉ် ၂ အပိုင်း ၈)
အပိုင်း ၂၅ (စာစဉ် ၂ အပိုင်း ၁၀)
အပိုင်း ၂၆ (စာစဉ် ၂ အပိုင်း ၁၁)
အပိုင်း ၂၇ (စာစဉ် ၂ အပိုင်း ၁၂)
အပိုင်း ၂၈ (စာစဉ် ၂ အပိုင်း ၁၃)
အပိုင်း ၂၉ (စာစဉ် ၂ အပိုင်း ၁၄)
အပိုင်း ၃၀ (စာစဉ် ၂ အပိုင်း ၁၅)
အပိုင်း ၃၁ (စာစဉ် ၃ အပိုင်း ၁)
အပိုင်း ၃၂ (စာစဉ် ၃ အပိုင်း ၂)
အပိုင်း ၃၃ (စာစဉ် ၃ အပိုင်း ၃)
အပိုင်း ၃၄ (စာစဉ် ၃ အပိုင်း ၄)
အပိုင်း ၃၅ (စာစဉ် ၃ အပိုင်း ၅)
အပိုင်း ၃၆ (စာစဉ် ၃ အပိုင်း ၆)
အပိုင်း ၃၇ (စာစဉ် ၃ အပိုင်း ၇)
အပိုင်း ၃၈ (စာစဉ် ၃ အပိုင်း ၈)
အပိုင်း ၃၉ (စာစဉ် ၃ အပိုင်း ၉)
အပိုင်း ၄၀ (စာစဉ် ၃ အပိုင်း ၁၀)
အပိုင်း ၄၁ (စာစဉ် ၃ အပိုင်း ၁၁)
အပိုင်း ၄၂ (စာစဉ် ၃ အပိုင်း ၁၂)
အပိုင်း ၄၃ (စာစဉ် ၃ အပိုင်း ၁၃)
အပိုင်း ၄၄ (စာစဉ် ၃ အပိုင်း ၁၄)
အပိုင်း ၄၅ (စာစဉ် ၃ အပိုင်း ၁၅)
အပိုင်း ၄၆ (စာစဉ် ၄ အပိုင်း ၁)
အပိုင်း ၄၇ (စာစဉ် ၄ အပိုင်း ၂)
အပိုင်း ၄၈ (စာစဉ် ၄ အပိုင်း ၃)
အပိုင်း ၄၉ (စာစဉ် ၄ အပိုင်း ၄)
အပိုင်း ၅၀ (စာစဉ် ၄ အပိုင်း ၅)
အပိုင်း ၅၁ (စာစဉ် ၄ အပိုင်း ၆)
အပိုင်း ၅၂ (စာစဉ် ၄ အပိုင်း ၇)
အပိုင်း ၅၃ (စာစဉ် ၄ အပိုင်း ၈)
အပိုင်း ၅၄ (စာစဉ် ၄ အပိုင်း ၉)
အပိုင်း ၅၅ (စာစဉ် ၄ အပိုင်း ၁၀)
အပိုင်း ၅၆ (စာစဉ် ၄ အပိုင်း ၁၁)
အပိုင်း ၅၇ (စာစဉ် ၄ အပိုင်း ၁၂)
အပိုင်း ၅၈ (စာစဉ် ၄ အပိုင်း ၁၃)
အပိုင်း ၅၉ (စာစဉ် ၄ အပိုင်း ၁၄)
အပိုင်း ၆၀ (စာစဉ် ၄ အပိုင်း ၁၅)
အပိုင်း ၆၁ (စာစဉ် ၅ အပိုင်း ၁)
အပိုင်း ၆၂ (စာစဉ် ၅ အပိုင်း ၂)
အပိုင်း ၆၃ (စာစဉ် ၅ အပိုင်း ၃)
အပိုင်း ၆၄ (စာစဉ် ၅ အပိုင်း ၄)
အပိုင်း ၆၅ (စာစဉ် ၅ အပိုင်း ၅)
အပိုင်း ၆၆ (စာစဉ် ၅ အပိုင်း ၆)
အပိုင်း ၆၇ (စာစဉ် ၅ အပိုင်း ၇)
အပိုင်း ၆၈ (စာစဉ် ၅ အပိုင်း ၈)
အပိုင်း ၆၉ (စာစဉ် ၅ အပိုင်း ၉)
အပိုင်း ၇၀ (စာစဉ် ၅ အပိုင်း ၁၀)
အပိုင်း ၇၁ (စာစဉ် ၅ အပိုင်း ၁၁)
အပိုင်း ၇၂ (စာစဉ် ၅ အပိုင်း ၁၂)
အပိုင်း ၇၃ (စာစဉ် ၅ အပိုင်း ၁၃)
အပိုင်း ၇၄ (စာစဉ် ၅ အပိုင်း ၁၄)
အပိုင်း ၇၅ (စာစဉ် ၅ အပိုင်း ၁၅)
အပိုင်း ၇၆ (စာစဉ် ၆ အပိုင်း ၁)
အပိုင်း ၇၇ (စာစဉ် ၆ အပိုင်း ၂)
အပိုင်း ၇၈ (စာစဉ် ၆ အပိုင်း ၃)
အပိုင်း ၇၉ (စာစဉ် ၆ အပိုင်း ၄)
အပိုင်း ၈၀ (စာစဉ် ၆ အပိုင်း ၅)
အပိုင်း ၈၁ (စာစဉ် ၆ အပိုင်း ၆)
အပိုင်း ၈၂ (စာစဉ် ၆ အပိုင်း ၇)
အပိုင်း ၈၃ (စာစဉ် ၆ အပိုင်း ၈)
အပိုင်း ၈၄ (စာစဉ် အပိုင်း ၉)
အပိုင်း ၈၅ (စာစဉ် ၆ အပိုင်း ၁၀)
အပိုင်း ၈၆ (စာစဉ် ၆ အပိုင်း ၁၁)
အပိုင်း ၈၇ (စာစဉ် ၆ အပိုင်း ၁၂)
အပိုင်း ၈၈ (စာစဉ် ၆ အပိုင်း ၁၃)
အပိုင်း ၈၉ (စာစဉ် ၆ အပိုင်း ၁၄)
အပိုင်း ၉၀ (စာစဉ် ၆ အပိုင်း ၁၅)
အပိုင်း ၉၁ (စာစဉ် ၇ အပိုင်း ၁)
အပိုင်း ၉၂ (စာစဉ် ၇ အပိုင်း ၂)
အပိုင်း ၉၃ (စာစဉ် ၇ အပိုင်း ၃)
အပိုင်း ၉၄ (စာစဉ် ၇ အပိုင်း ၄)
အပိုင်း ၉၅ (စာစဉ် ၇ အပိုင်း ၅)
အပိုင်း ၉၆ (စာစဉ် ၇ အပိုင်း ၆)
အပိုင်း ၉၇ (စာစဉ် ၇ အပိုင်း ၇)
အပိုင်း ၉၈ (စာစဉ် ၇ အပိုင်း ၈)
အပိုင်း ၉၉ (စာစဉ် ၇ အပိုင်း ၉)
အပိုင်း ၁၀၀ (စာစဉ် ၇ အပိုင်း ၁၀)
Note
အပိုင်း ၂၄ (စာစဉ် ၂ အပိုင်း ၉)
1.4K 194 7
By bhone_pyae_phyo
ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၄ (စာစဉ် ၂ အပိုင်း ၉)
ကျုပ်က ကျန်းဂျိရဲ့ အကိုကြီးပဲ
"မင်း! မင်း...."
ဝူဝေ ချန်ချန့်ကို လက်ညှိုးထိုးလိုက်ကာ ထိတ်လန့်မှုကြောင့် စကားပြောမထွက်ခဲ့ပေ။
အဲ့ဒီကောင်က ဆေးခပ်ထားတဲ့ လက်ဖက်ရည်ကို မသောက်ခဲ့ဘူးလား? သူထပ်ပြီးတောင် သောက်နေသေးတာလေ ဒါဆို သူ့ကို နည်းနည်းလေးမှ အကျိုးသက်ရောက်မှု မရှိဘူး‌လား?
ဒါ့အပြင် ဓားဦးကို လက်နှစ်ချောင်းဖြင့် ညှပ်ထားခြင်းမှာ မည်သို့သော ကျွမ်းကျင်မှုမျိုးနည်း။
အချိန်ခနကြာအောင် သူစိတ်ရှုပ်ထွေးနေခဲ့သည်။
ချန်ချန်သည် မျက်ခုံးအနည်းငယ်ကျုံ့ထားသော ရုပ်ဆိုးဆိုးနှင့်လူကို လှည့်ကြည့်မိ၏။
ထိုလူက အတော့ကို ရုပ်ဆိုးလွန်းလှသည်။ လန်နေသော သူ့နှာခေါင်းကို ဘေးဖယ်ထားလိုက်ပြီး ကျီးကန်းမျက်လုံးနှင့် ခွေးနှင့်တူသော ဆုတ်ဖွားဆုတ်ဖွားဆံပင်ပုံစံကိုပါ ထည့်မပြောလျှင် သူ့နှာခေါင်းပေါက်မှ နှာခေါင်းမွှေးများက အတော်‌ေလးရှည်ထွက်နေပေသည်။
"အကိုကြီး  ခင်ဗျား ခုနတုန်းက ကျုပ်နောက်က နံရံနောက်မှာ ပုန်းနေတာမလား?" ချန်ချန် မေးလိုက်သည်။
"မင်း......မင်း ဘယ်လိုလုပ်ပြီး သိတာလဲ?" ရုပ်ဆိုးဆိုးလူသန်ကြီးက ချန်ချန့်ကို ပြန်ပြောနေရင်း ဓားကို အားစိုက်ထုတ်ကာ ဆွဲထုတ်ရန် ကြိုး‌စားနေတုန်းပင်။
ချန်ချန် သူ့ခေါင်းကို ခါလိုက်ပြီး သက်ပြင်းဖွဖွလေးချလိုက်သည်။ "ခင်ဗျားရဲ့  ဆိုးရွားလှတဲ့ ရုပ်ရည်က နံရံကိုတောင် ဖြတ်ပြီး ကျုပ်ကို သတိထားမိစေတယ် အကိုကြီး ကျုပ်ခင်ဗျားကို စော်ကားတာတော့မဟုတ်ပါဘူး ဒါပေမယ့် ကျုပ် ခင်ဗျားကို စတွေ့တော့ ကျုပ်အိမ်က ဝက်ကလေး'လောင်ဟေး' လူပုံစံပြောင်းထားတယ်လို့တောင် ထင်လိုက်မိတယ်"
ခစ်! ခစ်!
ရှိုက်ကြီးတငင်ငိုနေသော ကျန်းရှောင်ယ မတတ်နိုင်ဘဲ အော်ရယ်လိုက်မိသည်။
"ခွေးကောင် သေလိုက်တော့!" ထိုအချိန်တွင် ရုပ်ဆိုးဆိုးလူက စိတ်လွတ်သွားပြီး ချန်ချန့်မျက်နှာကို ဦးတည်၍ သူ့ခြေထောက်နှင့် ‌ကန်ထည့်လိုက်သည်။
ချန်ချန် ဒါကို ကြီးကြီးမားမားမတုံ့ပြန်ခဲ့ပေ။ သူ့လက်ချောင်းကို ပြင်းပြင်းလေး ဖိလိုက်သည်နှင့် ကြီးမားသောခွန်အားတစ်ခု ထွက်ပေါ်လာပြီး ဓားဖျားကို ချက်ချင်းချိုးပစ်လိုက်သည်။ ခနအကြာတွင် သူ့လက်ကို မိုးကြိုးပစ်ချလိုက်သလို လျင်မြန်စွာ လှုပ်ရှားလိုက်လေသည်။
အေးစက်သော အလင်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး ရုပ်ဆိုးဆိုးနှင့်လူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားကာ ခနအကြာတွင် ချန်ချန်‌့ရှေ့တွင် ဘုန်းခနဲ လဲကျသွားသည်။
"ကျွမ်းကျင်သူပဲ!"
မြင်က‌ွင်းက ရှင်းလင်းသွားသောအခါ ထိတ်လန့်မှုကြောင့် လူသန်ကြီးရှစ်ယောက်ခေါင်းဆောင်၏ မျက်ဝန်းများက ကျုံ့သွားပြီး ကျားတစ်ကောင်က သူ့သားကောင်ကို ခုန်အုပ်လိုက်သကဲ့သို့ ကျန်းဒဲဆီသို့ ခုန်ဝင်သွားသည်။
ဘာကိစ္စပဲဖြစ်လာပါစေ ယခုအချိန်တွင် အရေးကြီးဆုံးအရာက ကျန်းဒဲကို ချုပ်ကိုင်ရန်ဖြစ်သည်။
"ဟ! ဟ!"
ချန်ချန်လှောင်ရယ်လိုက်ပြီး သူ့ညာလက်ထဲရှိ လက်ဖက်ရည်ခွက်အဖုံးက ရုတ်တရက် လွင့်ပျံသွားကာ လူသန်ကြီး၏ လည်ပင်းကို ကျည်ဆံတစ်ခုလို ထိမှန်သွားလေ၏။
သွေးများ ပန်းထွက်လာပြီးနောက် လူသန်ကြီးက တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။
ထိုသို့ ပြုလုပ်ပြီးနောက် ချန်ချန်က လက်ဖက်ရည်သောက်နေခြင်းကို အဆုံးသတ်လိုက်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ "ဘယ်သူမဆို လှုပ်ရင် သေမယ်"
ခန်းမတစ်ခုလုံး ဒုတိယအကြိမ် ထပ်မံငြိမ်သက်သွားပြန်သည်။ ကျန်နေသော လူသန်ကြီး ခြောက်ယောက်က ချန်ချန်ကို နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်နေကြလေ၏။
ထိုလူငယ်လေး၏ စကားကို မည်သူမျှ သံသယမဝင်ရဲကြပေ။ သူတို့ရှေ့ရှိ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းနှစ်ခုက အကောင်းဆုံးသက်သေပင် ဖြစ်ပေသည်။
ဝူဝေ့အတွက်တော့ သူ့မျက်လုံးထဲရှိ ကြောက်ရွံ့မှုများကို မဖုံးကွယ်နိုင်တော့ပေ။
နောက်ပိုင်းတွင် သခင်ကျောက်က သူ့စကားများကို ပြန်ရုတ်သိမ်းနိုင်ခြေရှိသည်ကို သူတွေးမိသော်လည်း ယခုအချိန် ဤနေရာတွင် သူရှုံးနိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူ စိတ်ကယောက်ကယက်ဖြစ်နေပြီး စိုးရိမ်ပူပန်နေချိန်တွင် ကျန်းအိမ်တော်၏ အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်သံ ပေါ်လာပြီး ခနအကြာတွင် လူသုံးဆယ် လေးဆယ်လောက် အတွင်းထဲသို့ ဝင်လာကြလေသည်။
ထိုလူများ ခန်းမအနားကို မရောက်ခင်မှာပင် ရန်လိုသော အသံဝါကြီးတစ်ခုက ကျန်းမိသားစုခြံဝင်းတစ်ခုလုံးကို ပျံ့လွင့်လာ၏။
"လူအိုကြီးကျန်း ဒီနေ့မှာ မင်းမိသားစုက အမျိုးသမီးတွေအကုန်လုံးကို မင်းရှေ့မှာပဲ ငါဖျက်ဆီးပြမယ် သေချင်လောက်အောင် စိတ်ဆင်းရဲရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ မင်းသိအောင် ငါလုပ်ပေးပါရစေ"
ထိုအသံကို ကြားပြီး အိမ်ထဲမှ လူသန်ကြီးခြောက်ယောက်တို့သည် အပြင်ကို ကြည့်လိုက်ပြီး သူတို့ခွန်အားများ ပြန်ပြည့်လာပြီး စိတ်ဓာတ်တက်ကြွလာကြ၏။
သို့သော်လည်း သူတို့ခြေထောက်များက ကြမ်းပြင်နှင့် ကပ်ထားသလိုပင် ဖြစ်နေပြီး တစ်ယောက်မှ မလှုပ်ရှားရဲကြပေ။
ခနကြာပြီးနောက် မျက်နှာတွင် အမာရွတ်ဗရပွနှင့်  မုတ်ဆိတ်မွှေးထူလပျစ်ရှိသော လူကြီးတစ်ယောက် ခန်းမထဲသို့ လှမ်းဝင်လာသည်။ ထိုအခါမှ ထိုလူသန်ကြီးများက စတင်အော်ဟစ်ပြောဆိုကြတော့သည်။
"ခေါင်းဆောင် ဒီနေရာမှာ ကျွမ်းကျင်သူတစ်ယောက်ရှိနေတယ် ကျွန်တော်တို့ ညီအကို နှစ်ယောက်ကို သူသတ်လိုက်တာ"
တကယ်တမ်းတော့ မုတ်ဆိတ်‌မွှေးထူလပျစ်နှင့် လူကြီးသည် ကျောက်မိသားစု၏ ခေါင်းဆောင် ကျောက်ပြောင်ဖြစ်ပေ၏။ သူခန်းမထဲသို့ ဝင်လာသောအခါ အလောင်းနှစ်ခုက သူ့ကို ဆီးကြိုနေသောကြောင့် တောက်ပနေသော သူ့မျက်ဝန်းများက စိတ်ပျက်စရာအဖြစ်သို့ ပြောင်းသွားသည်။
ကျန်းမိသားစုမှ လူများအားလုံးကို သတ်မည်ဟု သူပြောခဲ့ပြီးပြီဖြစ်သော်လည်း ဘာကြောင့် သူ့ငယ်သားတစ်ချို့က သေ‌သွားသနည်း?
"ဒီနေရာမှာ ဘာဖြစ်သွားတာလဲ?" ကျောက်ပြောင်က ဝူဝေကို ဖမ်းဆုပ်လိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။
" ဒါ.....ဒါက သူပါ!" ဝူဝေသည် ချန်ချန့်ကို လက်ညှိုးထိုးလိုက်ပြီး စူးစူးဝါးဝါးအော်ပြောလိုက်သည်။ အခုပင် သူ အလွန်အံ့အားသင့်သွားပြီး ကြောက်ရွံ့မှုများကို ချက်ချင်း မောင်းထုတ်ပစ်လိုက်သည်။
ဤနေရာသို့ ခေါင်းဆောင်ရောက်လာသည်ကို ကြည့်ရင်း ဝမ်မိသားစုအပေါ် သုံးခဲ့သော နည်းဗျူဟာကို အသုံးပြုရန် ချန်ချန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ကျန်းမိသားစု၏ သစ်သားဖြင့် ဆောက်ထားသော ခန်းမကို ကြည့်ရင်း သူမျက်မှောင်ကြုတ်မိလိုက်၏။
ဒီနေရာတွင် မီးလျှံဖန်တီးခြင်းနည်းစနစ်ကိုသာ သူသုံးလိုက်လျှင် အိမ်တော်တစ်ခုလုံး ပြာကျသွားနိုင်ပေသည် မဟုတ်လော?
ယခုအချိန်တွင် ကျန်းမိသားစုမှ လူများ မလှုပ်ရှားနိုင်ဖြစ်‌နေကြတုန်းပင်။ အခြေအနေက ပရမ်းပတာဖြစ်လာပြီး လွင့်စင်လာသော တိုက်ခိုက်မှုလှိုင်းများကပင် သူတို့ကို သေဆုံးစေနိုင်သောကြောင့် သူ တာဝန်ယူရန် ဆန္ဒမရှိပေ။
အထူးသဖြင့် နုနယ်ပြီး အထိအခိုက်ခံနိုင်ပုံမရသော ကျန်းရှောင်ယပင် ဖြစ်လေ၏။ မီးလျှံများဖြင့် အဟပ်ခံလိုက်ရလျှင် သူမ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပေမည်။
"မင်းက ဘယ်သူလဲ? ငါ့ကို မင်းနာမည် ပြောစမ်း ပြီးတော့ ကျန်းမိသားစုနဲ့ ငါတို့ရဲ့အလုပ်ကို မင်ဘာကြောင့် ဝင်ရှုပ်နေရတာလဲ?"
သူဇ‌ေဝဇဝါဖြစ်နေချိန်တွင် ကျောက်ပြောင်က သူဓားဖြင့် သူ့ကို ရွယ်လိုက်သည်။
ချန်ချန် သက်ပြင်းဖွဖွလေးချကာ မတ်တပ်ရပ်လိုက်သည်။
သူ ထိုင်နေလျက်ဖြင့် အရာအားလုံးကို တစ်ခါတည်း ဖြေရှင်းကာ မီးလောင်နေသောနံရံကို ကြည့်နေရင်း စကားစမြည်ပြောပြီး အနားယူချင်နေခဲ့သည်။ သို့သော်လည်း ယခုတော့ ဒါက ဖြစ်နိုင်ပုံမရတော့ပေ။
သူမတ်တပ်ရပ်လိုက်ချိန်တွင် ခန်းမထဲရှိ လူသန်ကြီးခြောက်ယောက်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွားသည်။
ဒါကို မြင်ပြီး ကျောက်ပြောင်မျက်နှာ မည်းမှောင်သွား၏။
ထိုသာမန်ပုံစံပေါက်နေသော လူငယ်လေးက သူ့လူနှစ်ယောက်ကို မည်သို့မည်ပုံ သတ်ဖြတ်ခဲ့သနည်း? သူ့လူများက ဘာကြောင့် ထိုလူငယ်ကို အလွန်ကြောက်ရွံ့နေကြသနည်း?
"ကျုပ်က ဘယ်သူလဲ ဟုတ်လား? ဟား ဟား....."
ချန်ချန် ကျောက်ပြောင်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။
ကျောက်ပြောင် သတိမထားမိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး သူ့နဖူးမှ ချွေးအေးများ ထွက်လာသည်။ သူ့ရှေ့မှ လူငယ်က သူ့ကို တုန်လှုပ်သွားစေနိုင်သော အထောက်အထားတစ်ခု ထုတ်ပြလာမည်ကို သူမျှော်လင့်နေမိ၏။
"ကျုပ်က ဘယ်သူလဲဆိုတာ ဒီနေ့ ခင်ဗျားကို ပြောပြလိုက်မယ်"
သူစကားပြောနေစဉ် ချန်ချန်သည် ကျန်းဂျိဘေးသို့ လျှောက်သွားပြီး သူ့ကို ထူမပေးလိုက်သည်။
"ကျုပ်က ကျန်းဂျိရဲ့ အကိုကြီးပဲ ခင်ဗျား ဘယ်သူ့ကိုမဆို စော်ကားလို့ရတယ် ဒါပေမယ့် ခင်ဗျားက ကျုပ်ညီလေးနဲ့ သူ့မိသားစုကို လက်ညှိုးထိုးခဲ့မယ်ဆိုရင် ခင်ဗျား ကံဆိုးမိုးမှောင်ကျသွားလိမ့်မယ်"
ချန်ချန်၏အသံက ရှင်းလင်ကျယ်လောင်နေကာ ဖြောင့်မတ်သော အမူအရာဖြင့် ပြောလိုက်သည်။
သူ့စကားကို ကြားပြီးနောက် ကျန်းဂျိသည် အလွန်စိတ်လှုပ်ရှားသွားပြီး ချန်ချန့်ရှေ့တွင် ဒူးထောက်နေသကဲ့သို့ လှုပ်လှုပ်ရှားရှားဖြစ်လာ၏။
'ဒီလို အကိုကြီးနှင့်ဆိုလျှင် သူဘာကို ထပ်တောင်းဆိုစရာလိုတော့မည်နည်း? အခုမှစ၍ အကိုကြီးအတွက် သေရမယ်ဆိုရင်တောင် ကျွန်တော်မျက်တောင်တစ်ချက်မခတ်ဘူး!' ကျန်းဂျိသည် သူ့စိတ်ထဲတွင် ကျိန်ဆိုလိုက်ပြီး သူ့မျက်လုံးများက မျက်ရည်များဖြင့် စိုစွတ်လာသည်။
ဒါကို ကြားပြီး ကျောက်ပြောင် အတော်ဒေါကန်သွားသည်။
'သေလိုက်ပါတော့! ဒီကောင် ဒီလိုအဓိပ္ပာယ်မရှိတာ‌တွေ ပြောဖို့ကို ဒီလောက်အချိန်ယူနေတာလား? မင်းက ငါ့ကို ကြံကြံဖန်ဖန် လာနောက်နေတာလား? ငါက မင်းနဲ့ ကျန်းမိသားစုနဲ့ ပတ်သက်မှုရှိနေတာကို ငါသိဖို့ လို‌လို့လား?'
မည်သို့ပင်ဖြစ်စေ သူ့စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း သူ့မျက်လုံးထောင့်မှ ကြမ်းပြင်ပေါ်ရှိ အလောင်းကို သူသတိပြုမိသည်။
အတိအကျပြောရလျှင် အလောင်၏ လည်ပင်းတွင် စိုက်ဝင်နေသော လက်ဖက်ရည်ခွက်အဖုံးကို သူ သတိပြုမိလေ၏။
'ဒီလူရဲ့ ကျွမ်းကျင်မှုက မခေဘူး ငါတို့ သူ့ကို အုပ်စုဖွဲ့ တိုက်ခိုက်ရမယ်'
စိတ်ထဲတွင် ထိုသို့ကြံစည်ပြီးနောက် ကျောက်ပြောင်သည် ချက်ချင်းနောက်ဆုတ်သွားကာ အော်ဟစ်လိုက်သည်။ "လူတိုင်း အားလုံးတစ်ပြိုင်တည်း တိုက်ပြီး ဒီကောင့်ကို ဖျက်ဆီးကြစမ်း"
သူပြောပြီးချိန်တွင် သူ့နောက်မှ နောက်လိုက်နှစ်ယောက်က ဘာဖြစ်နေမှန်း သေသေချာချာမသိဘဲ ချန်ချန့်ဆီသို့ တဟုန်ထိုးပြေးဝင်သွားသည်။
သူတို့ပြေးဝင်တိုက်ခိုက်လိုက်သည်မှာ မြန်သော်လည်း ပြန်လွင့်ထွက်လာသည်က ပို၍ပင် မြန်နေလေ၏။
ဘန်းခနဲ အသံနှစ်ခုနှင့်အတူ သူတို့သည် ကျောက်ပြောင်ကို ကျော်ကာ ခန်းမအပြင်ဘက်သို့ လွင့်ပျံသွားပြီး မြင်းရထားနှင့် တိုက်မိသွားကြသည်။
'သူက အတော်စွမ်းအားကြီးတာပဲ'
ကျောက်ပြောင်သည် နေရာအနှံ့ခရီးသွားခဲ့ပြီး အတွေ့အကြုံများစွာရှိသော်လည်း သူ့မျက်လုံးများက ကြောက်ရွံ့နေကြောင်း ပြသနေခဲ့သည်။
သူ့ရှေ့ရှိ လူငယ်က ဘယ်လိုလူမျိုးလဲ? ကောင်းကင်က ပေးတဲ့ ခွန်အား‌နဲ့ မွေးဖွားလာတာလား ဒါမှမဟုတ် ကျင့်ကြံမှုတစ်ချို့ရှိတာလား?
"မင်းဘာဖြစ်လို့ ရပ်သွားတာလဲ?"
ချန်ချန် လက်နောက်ပစ်ကာ မတ်တပ်ရပ်နေသည်။ ခန်းမအလယ်တွင် ရပ်နေရင်း ထိုနေရာကို ရန်သူ့လက်မှ ကာကွယ်ပေးနေသလိုပင် ဖြစ်နေ၏။ ထိုမြင်ကွင်းကို ကျန်းမိသားစုမှလူများ မြင်ပြီး သူ့ကို အံ့အားသင့်နေကြသည်။
ရက်စက်ယုတ်မာတတ်သောလူတစ်ယောက်အနေဖြင့် ထိတ်လန့်သွားရုံကလွဲ၍ ကျောက်ပြောင် အရှုံးမပေးခဲ့ချေ။ ခန်းမအပြင်ဘက်တွင် လူဒါဇင်အနည်းငယ်ခန့် သူ့မှာရှိနေသေးသည်ကိုလည်း သူမမေ့ခဲ့ပေ။
အရေအတွက်ဖြင့် အားသာချက်ရယူရန် ခန်းမက သေးငယ်လွန်းသည်မှာ စိတ်မကောင်းစရာပင်။ ထိုကောင်လေးကို အပြင်သို့ မျှားခေါ်သွားပြီး သူ့ကို ထိုနေရာတွင် ဝိုင်းရံထားရပေမည်။
ထိုအတွေး‌ပေါ်လာပြီးနောက် သူအကြည့်လွှဲလိုက်ပြီး ကြမ်းကြမ်းတမ်းတမ်းပြောလိုက်သည်။ "ကောင်လေး ဒီနေရာက အားကုန်တိုက်ခိုက်ဖို့ သေးလွန်းတယ် ငါနဲ့ အပြင်မှာ တစ်ယောက်ချင်းတိုက်ခိုက်ဖို့ သတ္တိရှိရဲ့လား?"
ထိုသို့ ပြုလုပ်ရန် ချန်ချန် ဆန္ဒရှိနေခဲ့သော်လည်း ချီတုံချတုံဖြစ်ဟန်ဆောင်နေခဲ့၏။
ချန်ချန် ချက်ချင်းမငြင်းပယ်လိုက်သည်ကို ကြည့်ရင်း ကျောက်ပြောင် တိတ်တဆိတ် ဝမ်းသာသွားပြီး ခနအကြာတွင် သူ့ကို စတင်ဆွပေးတော့သည်။ "ကောင်လေး ဘယ်လိုလဲ? မင်းဒီလိုမလုပ်ရဲဘူးလား? မင်းက ငါနဲ့မတိုက်ခိုက်ချင်ဘူးဆိုရင် မင်းကို သနားညှာတာပေးဖို့အတွက် ဒူးထောက်တောင်းပန်ဖို့ နောက်မကျသေးဘူး ငါမင်းရဲ့ အသက်ကို ချမ်းသာပေးနိုင်တယ်"
သူ့စကားကို ကြားပြီး ချန်ချန့်မျက်နှာ နီမြန်းသွားသည်မှာ ကဲ့ရဲ့စော်ကားခံရမှုကို လက်မခံနိုင်သော စိတ်မြန်လက်မြန်ရှိသည့် လူငယ်တစ်ယောက်ကဲ့သို့ပင်။
"ကျုပ်က ဘာလို့ မလုပ်ရဲရမှာလဲ? ဒါပေမယ့် ခင်ဗျားတို့အားလုံး အပြင်မှာပဲ ရှိနေရမယ် ပြီးတော့ ကျုပ်ခင်ဗျားနဲ့ တိုက်ခိုက်နေတုန်း ခင်ဗျားလူတွေဆီကနေ အကူအညီနည်းနည်းလေးတောင် မယူရဘူး"
ချန်ချန်လက်ခံလိုက်သဖြင့် ကျောက်ပြောင် ပျော်ရွှင်သွားပြီး သူ့စိတ်ထဲတွင် သူ့ကို မိုက်မဲလိုက်တဲ့ကောင်ဟု တိတ်တဆိတ် ခေါ်လိုက်ကာ လျင်မြန်စွာပင် သူအာမခံလိုက်သည်။ "ငါ ကျောက်ပြောင်က သူရဲကောင်းတစ်ဦးဖြစ်တယ် ငါက ကတိချိုးဖောက်တဲ့လူမျိုး ဖြစ်နိုင်ပါ့မလား? ငါမင်းကို ပြောခဲ့သလိုပဲ တစ်ယောက်ချင်းတိုက်ကြမယ် အခြားတစ်ယောက်ယောက်က ဝင်ကူခဲ့ရင် မင်းငါ့ကို အပိုင်းပိုင်းဖြတ်နိုင်တယ်"
သူစက‌ားပြောပြီးသောအခါ ကျောက်ပြောင်သည် ချန်ချန်စိတ်ပြောင်းသွားမှာကို ကြောက်ရွံ့သောကြောင့် သူ့လူများကို ခန်းမထဲမှ အလျင်စလို ဆုတ်ခွာခိုင်းလိုက်ပြီး သူကိုယ်တိုင်လည်း အပြင်သို့ လှမ်းထွက်သွားသည်။
သူလှည့်လိုက်ချိန်တွင် သူ့မျက်နှာက စိတ်ကျေ‌နပ်နေပြီး ကြောက်စရာကောင်းသော အပြုံးတစ်ခုဆင်မြန်းနေ၏။
ကျိန်ဆိုခြင်းသာ အမှန်တကယ်ဖြစ်လျှင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သူသေပြီးနေပြီ ဖြစ်သည်။ ထိုကောင်လေးက ထူးချွန်သော်လည်း ‌အတော်ငယ်လွန်းလှသည်။
သူက ထိုကောင‌်လေးကို သင်ခန်းစာပေးပြီး  လူ့သဘာဝကို မမှန်းဆနိုင်ကြောင်း သိအောင် လုပ်ပေးရပေမည်။
သို့သော်လည်း ချန်ချန်လည်း ပြုံးလိုက်သည်ကို သူမသိလိုက်ပေ။ တကယ်ဆို သူ့အပြုံးက ပို၍ပင် ပြုံးရွှင်နေသေးသည်။
"ညီ‌လေး အဲ့ဒီကျောက်ပြောင်က အမြဲတမ်းသူ့စကားသူ ပြန်ရုတ်သိမ်းတတ်တယ် သူ့ကို မယုံနဲ့" ကျန်းဒဲက သူ့ကို စိုးရိမ်တကြီး သတိပေးလာ၏။
သူ့စကားကို ကြားသောအခါ ချန်ချန် သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး အပြင်သို့ လမ်းလျှောက်ထွက်သွားလေ၏။ တံခါးပေါက်ဝသို့ ရောက်သောအခါ သူတို့ဆီသို့ လှည့်ပြီး ပြောလိုက်သည်။ "ဒါက အဆင်ပြေပါတယ် ဒီနေ့မှာ ကျိန်ဆိုတယ်ဆိုတာ ဒီလောက်မရိုးရှင်းမှန်း သူသိသွားအောင် လုပ်ပေးရမယ်"
Continue Reading
You'll Also Like
1.6M 198K 160
224K 26K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
372K 26.6K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
250K 21.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024