လီမွန်ရောင်လျှပ်စီး || ဘာသာပြ...

By Rhmjrs_58

183K 31.9K 556

柠檬闪电 by "Dr.Solo" ||Burmese Translation|| Shounen Ai, School Life, Slife-of-life, Sports 65 Chapters ( Comple... More

『Description』
Characters' Introduction with Manhua
Chapter 《1》
Chapter《2》
Chapter《3》
Chapter 《4》
Chapter 《5》
Chapter 《6》
Chapter 《7》
Chapter《8》
Chapter《9》
Chapter《10》
Chapter《11》
Chapter《12》
Chapter《13》
Chapter《14》
Chapter《15》
Chapter 《16》
Chapter《17》
Chapter《18》
Chapter《19》
Chapter《20》
Chapter 《21》
Chapter《22》
Chapter《23》
Chapter 《24》
Chapter 《25》
Chapter《26》
Chapter《27》
Chapter 《28》
Chapter《29》
Chapter 《30》
Chapter 《31》
Chapter 《32》
Chapter 《33》
Chapter 《34》
Chapter《35》
Chapter《36》
Chapter《37》
Chapter 《38》
Chapter 《39》
Chapter 《40》
Chapter《41》
Chapter 《42》
Chapter 《43》
Chapter 《44》
Chapter《46》
Chapter 《47》
Chapter 《48》
Chapter 《49》
Chapter《50》
Chapter 《51》
Chapter《52》
Chapter《53》
Chapter《54》
Chapter《55》
Chapter《56》
Chapter《57》
Chapter《58》
Chapter《59》
Chapter《60》
Chapter《61》
Chapter《62》
Chapter《63》
Chapter《64》
Chapter《65》Final

Chapter 《45》

1.6K 397 8
By Rhmjrs_58


『Unicode』


အန်းနင် ပန်းအိပ်ရာဘေးမှာထိုင်လိုက်ရင်း Dataကို ဖွင့်လိုက်သည်။ WeChatမှာ ပထမဆုံးတက်လာတာကတော့ Groupထဲမှာ ရှောင်ပေါင်ပို့ထားတဲ့ Concert ပုံတွေနဲ့ ဗွီဒီယ်ိုတွေဖြစ်သည်။ သူ တစ်ခုချင်းစီ နှိပ်ကြည့်ရင်း Concertရဲ့ လေထုထဲမှာ နစ်မြှုပ်သွားခဲ့​၏။ သူ မျက်နှာချင်းဆိုင်က ကျောချမ်းဖွယ် ပန်းခြံအကြောင်းကိုပင် မေ့သွားခဲ့သည်အထိ။

​ထို့နောက် နာရီဝက်အကြာတွင် ချင်ဝေ့ဟော်ရောက်လာခဲ့သည်။ သူက R1 ကို မစီးပါဘဲ Taxi ခေါ်လာခဲ့တာဖြစ်​၏။ ပထမဆုံးအကြိမ် သူ WeChatကနေ သူ့ကို message ပို့လာခဲ့သည်။

≪ငါမင်းကို မြင်နေရပြီ၊ လမ်းရဲ့ဘေးဘက်ကို လာခဲ့≫

အန်းနင်မှာ ချင်ဝေ့ဟော် အရမ်းမြန်မြန်ကြီး ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့။ သူထရပ်လိုက်ပြိး လမ်းဘေးဘက်ကို လျှောက်သွားလိုက် အဝါရောင် Taxiတစ်စီးက အရှိန်လျှော့လာပြီး ရပ်သွားသည်ကို တွေ့လိုက်ရ​၏။ သူ ရှေ့ဆက်လျှောက်လိုက်ပြီး အနီရောင် တံခါးကို ဖွင့်လိုက်လျှင် ချင်ဝေ့ဟော်က သူ့ခန္ဓာကိုယ်ကို ကိုင်းထားပြီး အထဲမှာထိုင်နေသည်ကို တွေ့လိုက်ရသည်။

ချင်ဝေ့ဟော်သည် မနက်ခင်း ထွက်သွားကတည်းက ဝတ်ထားတဲ့ သိုးမွေးကွပ်ထားတဲ့ လေကာအင်္ကျီ၊ မီးခိုးရောင်တီရှပ်နဲ့အဖြူရောင်ဂျင်းတို့ကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။

သူ့မှာ အပိုဆိုလို့ အနက်ရောင် Duckbill Cap တစ်ခုသာပါလာခဲ့သည်။

ကားတံခါးဖွင့်လိုက်တဲ့တစ်ခဏတွင် အန်းနင်မှာ သူတို့တွေ Dry potသွားစားကြတုန်းက ချင်ဝေ့ဟော်က သူ့အတွက်ကျောင်းကို ပြန်ရန် Taxi ငှားပေးလိုက်တာကို သတိရမိသည်။

သူ အများကြီးမမှတ်မိတော့သော်လည်း ချင်ဝေ့ဟော်သည် ဒီနေ့လိုပဲ ဖြစ်လိမ့်မည်- လူက နောက်ကို မှီထားပြီး သူ့ဒူးတွေက အရှေ့ခုံကို ကန်၍ ဖိထားကာ သူ့ခြေတံရှည်တွေက ဝန်ထုတ်ဝန်ပိုး ဖြစ်နေလိမ့်မည်ဖြစ်သည်။

ချင်ဝေ့ဟော်ရဲ့ ဂျင်းတွေကအဖြူရောင်ဖြစ်ပြီး အရှေ့က Taxiခုံအကာထက်ပင် ပိုဖြူနေတဲ့ အပြာနုရောင်လေးအနည်းငယ်သာပါသည်။

ကားထဲ ဝင်,ဝင်လိုက်ချင်း သူကျေးဇူးတင်လိုက်မိ​၏။

"ကျေးဇူးပဲ၊ မင်းကို ဒုက္ခဖြစ်စေခဲ့လို့ အားနာပါတယ်!"

အရင်ကသူ့ဆီမှာ တစ်ခါမှမကြုံဖူးသည်မို့ သူ တကယ်ပက် ထိရှသွားမိခဲ့သည်။ ဒါက သူအထက်တန်းကျောင်း မိုးအရမ်းရွာနေတုန်း ကျောင်းမှာပိတ်မိနေတာမျိုးနဲ့ အလားတူပင်။ သူ့မှာ ရုတ်တရက် သူ့အမေရောက်လာပြီး ထီးလာပို့ပေးဖို့ မျှော်လင်ခဲ့ဖူးသည်။

ကွဲပြားသွားသည်ကတေ့ အထက်တန်းကျောင်းတုန်းက သူ့အမေ ထီးလာပေးတာကို မစောင့်ခဲ့တော့ပေမယ့် တက္ကသိုလ်ကျမှ အတန်းဖော်က သူ့ကို လာခေါ်မှာကို စောင့်နေခဲ့ရသည်။

တခြားသူတွေထံမှ ဂရုစိုက်ခံရတဲ့ ခံစားချက်က သူ့ရင်ထဲမှာ အကြိမ်တစ်ထောင်လောက် ပျော်ပျော်ကြီး ပြန်အမှတ်ဖော်နိုင်မည့် ခံစားချက်မျိူးဖြစ်သည်ပင်။

သတိမမူမိခင် တစ်ခဏမှာပဲ သူ့ရဲ့ လွန်နေတဲ့အတွေးတွေကို အဆုံးသတ်လိုက်ပြီး သယ်သွားခံရသည်။ ဒါက ချင်ဝေ့ဟော်သူ့အပေါ်မှာ အရမ်းကောင်းပေးတာက သူ့ကို စာနာလို့ဆိုတာကို အန်းနင် ကိုယ့်ကိုယ်ကိုယ် သတိပေးနေရသည်။ အဲ့ဒီအစားလျန်ရှန်းဟန်နဲ့ ရှောင်ပေါင်ဆိုရင်လဲ သူက အလားတူပဲ လုပ်ပေးနေမှာပဲ။

မင်းကိုယ်မင်း အမြင့်ကြီးမတွေးရဘူး အန်းနင်!

ချင်ဝေ့ဟော်က ဒရိုင်ဘာကို လိပ်စာတစ်ခုပေးလိုက်သည်။ ဘယ်ရပ်ကွက်လဲဆိုတာတော့ အန်းနင်မသိ။ ဒရိုင်ဘာဦးလေးက လှည့်လာပြီး မေးလာ​၏။

"လန်ထျန်းနိုင်ငံရဲ့ ဘေးကလား?"

ချင်ဝေ့ဟော်က "အင်း" ဟူသောအသံပြုလိုက်ပြီး အန်းနင်က သူ့ကို ကြည့်လာတဲ့အခါမှာတော့ သူကပြောပြလာသည်။

"ငါနေတဲ့နေရာ သွားနေတာ"

သူ စကားပြောလိုက်ချိန်တွင် အသံက အက်ကွဲနေပြီး အထူးတလယ်လဲ နိမ့်ရှနေသည်။

အန်းနင် နည်းနည်းလေး အံ့ဩသွားရပြီး,

"မင်း အိမ်ငှားတာကို Cancelမလုပ်ခဲ့ဘူးလား ?!"

ချင်ဝေ့ဟော်က လည်ချောင်းရှင်းလိုက်၍ ပြောလာသည်။

"တစ်နှစ်စာ ငှားပြီးသား၊ ဒါကြောင့် ငါ ပြန်ပေးလို့မရဘူး"

အန်းနင်က စိတ်ပူပန်သွားရတဲ့ အမူအရာလေးပြသလို့လာသည်။ ဒါကို ချင်ဝေ့ဟော် မြင်လျှင် သူ မချော့ပေးလိုက်ဘဲ မနေနိုင်ခဲ့။

'ငါက ချမ်းသာတယ်လေကွာ! ပူပန်သလို မခံစားစမ်းပါနဲ့!'

Taxiက ဆူညံသံတွေနဲ့ ပျားပန်းခပ်နေတဲ့ စီးပွားရေးရပ်ကွက်ကို လျင်မြန်စွာ မောင်းပေးသည်။ သူတို့ Galaxy Stadiumကြီးဆီမှ တောက်ပနေတဲ့ မီးရောင်တွေကို မြင်နေရ​၏။ Concertက ခုတင် ပြီးသွားပြီဖြစ်၍ အမိုးခုံးကလဲ ဖွင့်လို့လာရာ ၎င်းနေရာတွင် ပရိတ်သတ်များစွာနဲ့ ယာဉ်များစွာ ရှိနေဆဲ ပင်ဖြစ်သည်။ အနီးနားရှိ ယာဉ်လမ်းကျဉ်လေးတွင် လူပြည့်နေပြိးလူသံနဲ့ ကားသံတွေ ရောယှက်နေသည်ကြောင့် တက်ကြွသည့် လုံခြုံသော ခံစားချက်ကို ယူဆောင်လာခဲ့သည်။

ဒါက ကုန်ဆုံးခဲ့တဲ့ ညလယ်ဘက်နဲ့ကို မတူ၊ ခုမှ ညစတင်သကဲ့သို့ ဖြစ်နေသည်။

ချင်ဝေ့ဟော်က ဖြတ်သွားတာအတွက် ဘာမှမပြောပါသော်လည်း သူ့ခေါင်းကိုယိမ်းကာ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လို့နေသည်။ ထို့နောက် ထိုင်ခုံမှာ ပြန်မှီလာပြီး ကားပြတင်းရဲ့ ညာဘက်ပေါ်ကိုလဲ မှီထားပြန်သည်​။ ပထမတွင်တော့အန်းနင်က သူနဲ့ ကန့်လန်ဖြတ်ဖြစ်နေသော Stadiumကို ကြည့်နေမိပြီးနောက် သူ့အာရုံက ချင်ဝေ့ဟော်ပေါ်ကို ကျသွားခဲ့သည်။

ချင်ဝေ့ဟော်ရဲ့ duckbill capအနက်ရောင်ဆီမှ လှစ်ဟနေတဲ့ နဖူးပေါ်က ပွယောင်းယောင်း ဆံပင်လေးတွေကို သတိပြုလိုက်မိသည်။ သူ အချိန်အကြာကြီး တွန့်ဆုတ်နေပြီးမှ ချင်ဝေ့ဟော်က စင်းလုံးချော ကြည့်ကောင်းတဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်သည်ဟု တွေးလိုက်ပြီး အသိပေးဖို့ ဆုံးဖြတ်လိုက်သည်။

"ဒီနားမှာ ဆံပင်တွေ ထွက်နေတယ်."

ချင်ဝေ့ဟော် သူ့အကြည့်ကို ဆတ်ခနဲ့လွှဲလာပြီး သူ့ကို ကြည့်သည်။ အန်းနင် သူ့ကိုယ်ပိုင် နားထင်စပ်နဲ့ နားနောက်ကိုလက်ညှိုးထိုးပြလိုက်မိရာ ချင်ဝေ့ဟော်က ပြတင်းပေါက်ဆီမှ ထထိုင်လာပြီး ဦးထုပ်ကို ချွတ်ကာ သူ့ဆံပင်တွေကိုညာဘက်လက်နဲ့ ပြန်သပ်လိုက်ပြီး ဘယ်ဘက်လက်နဲ့ capကို ပြန်ဖိချလိုက်သည်။

သူသာ ဦးထုပ်မချွတ်လိုက်ဖူးဆိုလျှင် အန်းနင်လဲ ဒီနေ့ည ချင်ဝေ့ဟော်ဆံပင်တွေ ပွယောင်းနေတာကို သတိပြုမိမည်မထင်ပေ။ ခေါင်းထိပ်မှ ဆံပင်က,ပင် အခုထိတိုင် ကွေးကောက်နေဆဲ။ သူ သူ့ကိုခေါ်လိုက်ချိန်မှာ ချင်ဝေ့ဟော်က အိပ်ရာထဲကိုရောက်ပြီးသား ဖြစ်ပေလိမ့်မည်။ သူက ခဏလောက်တောင် အိပ်ပြီးရင် ပြီးနေမှာပဲ။

ဒါမှမဟုတ်ရင်လဲ Taxiပေါ်မှာ တစ်မှေးလောက်အိပ်ခဲ့တာကြောင့် ပထမဆုံးစကားပြောလိုက်တုန်းက သူ့အသံကအနည်းငယ် အက်ကွဲနေတာဖြစ်ပေမည်။

အန်းန် တိတ်ဆိတ်စွာ အကြည့်လွှဲလိုက်မိသည်။ တစ်စုံတစ်ယောက်ထံမှ- အတိအကျဆိုရရင်တော့ သူ တိတ်တခိုးလေးcrushနေရတဲ့ တစ်စုံတစ်ယောက်ထံမှ စိတ်ပူပေးခံရတာကနေ လာတဲ့ ပျော်ရွှင်တဲ့ခံစားချက်လေးက ပင်လယ်လှိုင်းကြီးတစ်ခုလုံး မြှင့်တက်လာခဲ့ရသည်။

သူတို့ကားထဲကနေ ထွက်လိုက်ပြီး ရပ်ကွက်ထဲကို ဝင်လိုက်သည်။ ပင်မလမ်းမကြီးဘေးမှာ ခဏမျှလမ်းလျှောက်ပြီးနောက်မှာတော့ အန်းနင်မှာ အနက်ရောင် Yamaha R1ကြီးအောက်ထပ်မှာ ရပ်ထားတာကို မြင်လိုက်ရသဖြင့် ချင်ဝေ့ဟော်နေတဲ့အဆောက်အအုံမှန်း သဘောပေါက်လိုက်မိသည်။

ချင်ဝေ့ဟော်က ကဒ်ကို ဖြတ်လိုက်ပြီး ဝင်ပေါက်အတွင်းထဲကို သွားလိုက်သည်။ ထိုအချိန်တွင် ဓာတ်လှေကားထဲ၌ သူတို့နှစ်ယောက်သာရှိတော့​၏။ ချင်ဝေ့ဟော်က ဓာတ်လှေကားထဲကို လျှောက်သွားလိုက်ပြီး အိတ်ထောင်ထဲတွင် လက်ထည့်၍အနောက်ဘက်မှာရပ်နေလျှင် သူ့ခန္ဓာကိုယ်မှာ အနည်းငယ် ခပ်လျော့လျော့ ဖြစ်လို့နေသည်။ သူက အထပ်အတွက် မဖိတာမို့ အန်းနင်မှာချောင်းဟန့်လိုက်ရင်း မေးကြည့်လိုက်ရသည်။

"ဘယ် အထပ်လဲဟင်?"

ထိုအခါမှ ချင်ဝေ့ဟော်မှာ သူ့ရဲ့ တွေဝေခြင်းတွေကနေ ဆတ်ခနဲ့ ထွက်လာပြီး လက်ဆန့်ကာ ၁၉ကို နှိပ်လိုက်သည်။

"မင်း အရမ်းအိပ်ချင်နေတာလား?", အန်းနင်မမေးတော့ဘဲ မနေနိုင်တော့ပါ။

"... အာ?"

ချင်ဝေ့ဟော်က နှေးကွေးလေးလံစွာဖြင့် ပြန်ဖြေပြီးနောက်မှ သူ့မျက်လုံးတွေကို သူ့ဆီမှာ ဖွင့်လိုက်ပြီး,

"မအိပ်ချင်ပါဘူး."

သူ မအိပ်ချင်ကြောင်း သက်သေပြရန် ချဲ့ထားသည့် သူ့မျက်လုံးတို့မှာ အလွန် ချစ်ဖို့ကောင်းနေသည်ဟု အန်းနင် ရင်ခုန်စွာနဲ့ တွေးလိုက်မိသည်။

သူ့မျက်နှာထက်မှ အပြုံးကို ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ပေ။

ဓာတ်လှေကားက ရောင်ပြန်ဟပ်သောကြောင့် ချင်ဝေ့ဟော်ကလဲ သူ့အပြုံးကို မြင်လိုက်ရသည့်အချိန်တွင်မူ သူကပါခေါင်းငုံ့လျက် ရှက်ရှက်နဲ့ ပြုံးလာတော့​၏။

လူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် သိနေလျှက် တိတ်ဆိတ်စွာနဲ့ ပြုံးရုံမျှသာ ပြုံးနေကြပြီး ဓာတ်လှေကားတံခါး တင်း'ဆိုပြီး ပွင့်လာမှာကို စောင့်နေမိကြသည်။

ချင်ဝေ့ဟော် တံခါးဖွင့်လိုက်သည်နှင့် တပြိုက်နက် အန်းနင်မှာ သူ့နောက်ကနေ သိချင်စိတ်တွေနဲ့ အခန်းကို မကြည့်လိုက်ပဲမနေနိုင်ခဲ့။ အခန်းကတော့ လုံးဝကို မှောင်မဲနေသည်။

ချင်ဝေ့ဟော်က တံခါးဘေးမှ ခလုတ်ကိုဖွင့်လိုက်သောအခါ အဝင်လမ်းမှ မီးတွေ ပွင့်လို့လာသည်။ ၎င်းက အိပ်ခန်းတစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းဖြင့် ဖွဲ့စည်းထားတာဖြစ်သည်။ အဝင်ဝမှာ ဧည့်ခန်းဖြစ်ပြီး လသာဆောင်ရဲ့ မျက်နှာချင်းဆိုင်ဖြစ်သည်။ နေရာက အတော်လေး ကျယ်ဝန်းပြီး အိမ်ကို ပြင်ဆင်ထားသည့် ပုံစံမှာလဲ တစ်သီးတစ်သန့်ဆန်၍ ရိုးရှင်းပေသည်။

ချင်ဝေ့ဟော်က ရှူးဖိနပ် ဗီရိုကို ဖွင့်ပေးလာပြီး သူ့ကို Slipper တစ်စီးပေးသည်။ အန်းနင်က ကုန်းလျက် ရှူးဖိနပ်ကို ပြောင်းလိုက်ရင်း "ခွင့်ပြုပါ"လို့ပြောကာ အထဲဝင်လာလိုက်သည်။

ချင်ဝေ့ဟော်က ဧည့်ခန်းမီးတွေကိုပါ ဖွင့်လိုက်သောအခါမှ အန်းနင်မှာ ဆိုဖာပေါ်မှာ လှဲနေတဲ့ အမွေးပွ* ဝက်ဝံရုပ်ကြီးကိုမြင်လိုက်ရသည်၊ Top Gear မဂ္ဂဇင်းက ဝက်ဝံရဲ့ကျောပေါ်မှာ ပြန့်ကျဲနေပြီး ရုပ်ပြစာအုပ်နှစ်အုပ်ကလဲ ဆိုဖာအစွန်းတွင်ရှိနေခဲ့သည်။

[*TN: အမွေးပွအရုပ်ကို လှဲနေတယ်လို့သုံးထားတဲ့အသုံးက ဝမ်းလျားမှောက်ပြီး လှဲနေတာကို ဆိုလိုပါတယ်တဲ့.]

ချင်ဝေ့ဟော်မှာ ဆိုဖာပေါ်မှာ ရှုပ်ပွနေတာကို မြင်ရလျှင် ချောင်းဟန့်လိုက်၍

"ဆိုဖာ..."

အန်းနင်က ချက်ချင်းပြောလိုက်သည်, "ငါ ဆိုဖာမှာ အိပ်လိုက်ပါ့မယ်!"

ချင်ဝေ့ဟော် ရယ်ချင်သွားပြီး ခေါင်းညိတ်ပြလိုက်​၏။

"ကောင်းပြီလေ."

သူ ဆိုဖာဆီကို လျှောက်သွားပြီး ရုပ်ပြစာအုပ်တွေကို ဘေးဖယ်လိုက်ကာ ကော်ဖီစားပွဲအောက်ကို ပစ်ချလိုက်သည်​။ သူကဝက်ဝံကြီးကိုလဲ ကောက်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်ကာ နောက်ဆုံးမှာတော့ ကော်ဖီစားပွဲပေါ်မှာသာ လှဲချထားလိုက်သည်။

သူ ဝက်ဝံကို ချလိုက်တဲ့အချိန်တွင် ဝက်ဝံအနောက်ကို ခပ်ဖွဖွပုတ်လိုက်သေးပေမယ့် အန်းနင်ရဲ့ အကြည့်ထံမှ မလွတ်မြောက်နိုင်လိုက်ပြန်ပေ။

ဘယ်အချိန်ကတည်းက စတင်ခဲ့လဲမသိသော်ငြား ချင်ဝေ့ဟော် လုပ်သမျှ ကျပန်းလို အမူအရာသေးသေးလေးတွေကပင်သူ့ကို ဆွဲဆောင်နေခဲ့သည်။

ချင်ဝေ့ဟော် ပေးတဲ့ ပဝါသန့်သန့်လေးကို ကိုင်ထားရင်း အန်းနင် ရေချိူးခန်းထဲမှာ ရေအမြန်ချိုးလိုက်သည်​။ သူ့လက်ဖဝါးပေါ်မှာ ရေချိူးဆပ်ပြာ ကို ညှစ်ချလိုက်သည်နှင့် တပြိုင်နက် ရင်းနှီးတဲ့ ရနံ့က ရုတ်ခြည်းတိုးဝင်လာခဲ့သည်။ သူ နည်းနည်းလေးပဲ ညှစ်ချလိုက်ပြီး လွှတ်လိုက်မိ​၏။ ဒါက တစ်ရက်လေးပဲ ဖြစ်တာကြောင့် သူ့အနေနဲ့ ရေချိူးဆပ်ပြာနဲ့ ပွတ်တိုက်ဖို့ မလိုဘူးလေ။ သူသာ အခု ရေချိူးဆပ်ပြာ သုံးလိုက်မယ်ဆိုရင် သူ့ စိတ်ကူးစိတ်သန်းတွေကလဲ အထိန်းအကွပ်မဲ့သွားရလိမ့်မည်ဖြစ်ပြီး ချင်ဝေ့ဟော် အပေါ်ကိုလဲ အခွင့်အရေးယူလိုက်တဲ့ အတိုင်း ဖြစ်သွားပေလိမ့်မည်။

သူ့ စိတ်ကူးတွေက တစ်ညလုံး အထိန်းအကွပ်မဲ့နေမှာ—သူ မလုပ်နိုင်ဘူး​။

ရေချိူးပြီးနောက်တွင် သူ ကြမ်းပြင်ကို ခြောက်သွားအောင် လှဲကျင်းလိုက်ပြီး တံခါးကိုဖွင့်လိုက်လျှင် ချင်ဝေ့ဟော်ကအမွေးပွ ဂျာကင်ကို လဲထားပြီဖြစ်ပြီး မီးခိုးရောင် တီရှပ်တစ်ထည်ကိုသာ ဝတ်ဆင်ထားတာကို တွေ့လိုက်ရသည်။ သူ့လက်မှာတော့ မရပ်မနား လှန်လှောကြည့်ခံထားရတဲ့ ရုပ်ပြစာအုပ်တစ်အုပ်က ဖွင့်လျက်သား ရှိနေခဲ့သည်။

သူက တကယ် အအေးကိူ မကြောက်ဘူးပဲ,

အန်းနင် တွေးလိုက်မိသည်​။ နောက်ထပ်အကြည့်မှာ Air-Conရဲ့ မီးက ပွင့်နေသည်ကို သူမြင်လိုက်ရ​၏။

ဒီတော့ သူက air-con ကိုတောင် ဖွင့်ထားပြီးပြီပေါ့....

ချင်ဝေ့ဟော်က သူထွက်လာတာကို မြင်လျှင် ရုပ်ပြစာအုပ်ကို အောက်ချလိုက်၍ ထရပ်ကာ,

"ဒီမှာ သွားတိုက်တံအပို မရှိဘူး ဖြစ်နေတယ်"

သူ လျှောက်လာခဲ့လျှင် အန်းနင် သူ့ကို လမ်းဖယ်ပေးလိုက်မိသည်။ ချင်ဝေ့ဟော်က ရေချိုးခန်းထဲကို ဝင်သွားပြီးမှန်နောက်က ဗီရိုကို ဖွင့်ကြည့်လိုက်ရင်း ပုလင်းသေးလေးတစ်လုံးကို ဆွဲယူကာ သူ့ကိုပေးလာခဲ့သည်။

"မင်း အာလုတ်ကျင်းဆေးကို သုံးလို့ရတယ်"

အန်းနင်မှာ အရင်က အာလုတ်ကျင်းဆေးကို အသုံးမပြုဖူးပေ။ သူ ယူလိုက်၍ ညွှန်ကြားချက်တွေကို သေချာဖတ်ကြည့်လိုက်ပြီး သူ့ကိုယ်သူ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ဘေစင်မှာ ချင်ဝေ့ဟော်ရဲ့ခွက်က ရှိမနေ၊ ချင်ဝေ့ဟော်က အသုံးမပြုတတ်သည့်အတွက် ဒါက ပုံမှန်ပင်။ အန်းနင်ကတော့ မေးလိုက်မိသည်။

"မင်းမှာ စက္ကူခွက်လေးတွေရှိလား?"

"မရှိဘူး."

ချင်ဝေ့ဟော်က လက်ပိုက်လိုက်၍ တံခါးကို မှီလိုက်ရင်း ပြောလိုက်သည်,

"ဒီကို ဧည့်သည်လာတာမျိူးမရှိဘူး။ ဒါကြောင့် ငါ့အတွက် ရေသောက်ဖို့ ခွက်တစ်ခွက်ပဲ ရှိတယ်"

"အိုး အဲ့ဒါဆိုလဲ ငါ မသုံးတော့ဘူး!", အန်းနင် မြန်မြန်ပြောလိုက်သည်။

ထို့နောက်မှာတော့ သူက ဘုံပိုက်ခေါင်းကို လှည့်လိုက်၍ ခေါင်းငုံ့ကာ ရေတစ်ငုံ ငုံလိုက်သည်။ ချင်ဝေ့ဟော်မှာ ဒီဖြေရှင်းချက်ကို မျှော်လင့်မထားခဲ့ပေ။ သူ ရယ်ပစ်လိုက်ချင်ပေမယ့် ထိန်းထားလိုက်ရသည်။

ငါက အမြဲတမ်း ဘုံပိုက်ခေါင်းက သောက်တာပဲလေ,မင်းက သဘောမပေါက်ဘူးလား?

သူ သူ့ဘာသာသူ တွေးလိုက်မိသည်။

မင်းက ငါ့သောက်တဲ့ခွက်ကို ကောင်းကောင်း အသုံးပြုလိုက်သင့်တာပါပဲ ထိပ်ဆုံးကျောင်းသားလေးရာ!

ဤသည်မှာ ထိုညက အန်းနင်တစ်ယောက် ကျောင်းနဲ့ ကီလိုမီတာပေါင်းများစွာဝေးတဲ့ နေရာတစ်ခုမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဘယ်လို အိပ်ပျော်ခဲ့ရသလဲ ဆိုတာပင် ဖြစ်လေသည်။

သူ ဆိုဖာပေါ်မှာ လှဲနေစဉ်အတွင်း ချင်ဝေ့ဟော်က ရောက်လာကာ အထက်ကနေ သူ့ကို မေးလာသည်။

"အေးနေလား?"

"မအေးပါဘူး," အန်းနင် ပြောလိုက်သည်။

"အိပ်ဆောင်က စောင်တောင် ဒီတစ်ခုလောက် မထူဘူးလေ."

ဒီစောင်က ပေါ့ပေါ့လေးနဲ့ နွေးတယ်။

သူ အိပ်မပျော်သေးသည့်တိုင် သူကောင်းကောင်းအိပ်ပျော်လိမ့်မယ်ဆိုတဲ့ ထင်ကြေးတစ်ခု သူ့မှာရှိခဲ့သည်။ သူက ခေါင်းလှည့်လိုက်ပြီး ဆိုဖာဘေးက air-conကို တစ်ချက် ကြည့်လိုက်ရင်း,

"air-conက ပိတ်လို့ရပြီလို့တော့ ငါထင်တယ်"

ချင်ဝေ့ဟော်က ရိုးရိုးတန်းတန်းပင် ပြောလာသည်။ "ကောင်းပြီ."

သူ air-conပိတ်ပေးလိုက်ပြီး ထွက်လာခဲ့ပေမယ့် ရပ်လိုက်ပြီး ဆိုဖာပေါ်က လူကို ပြန်လှည့်ကြည့်မိသည်။ နောက်ဆုံးမှာတော့ သူက ကုန်းလိုက်၍ ကော်ဖီစားပွဲပေါ်မှာ လှဲနေတဲ့ ဝက်ဝံကြီးကို ကောက်ယူလိုက်ပြီး အန်းနင်ရဲ့ အပေါ်မှာ ဖွဖွလေး ချပေးလာရင်း ပြောလာသည်။

"အဖော်."

ထို့နောက် ဧည့်ခန်းထဲမှ မီးရောင်မှာ ပိတ်ကျသွားခဲ့သည်။ အန်းနင်မှာ အမှောင်ထဲတွင်လှဲနေခဲ့ပြီး သူ့လက်မောင်းတွေကို မသိလိုက်ပါဘဲ ဆန့်ထုတ်လိုက်ကာ ဝက်ဝံကြီးရဲ့ နောက်ကို သူ့လက်တွေနဲ့ ညင်ညင်သာသာလေး ရစ်ပတ်ထားလိုက်မိသည်။ဝက်ဝံက သူ့အပေါ် ပိကျလာချိန်မှာ "အဖော်"ဆိုတဲ့ ညင်သာပြီး ခပ်နိမ့်နိမ့်ဖြစ်နေတဲ့ အသံက သူ့နားစည်ထဲမှာ ပဲ့တင့်နေခဲ့သည်။

သူ့ ရင်အစုံကတော့ ခုန်နေတာ အရမ်းကို မြန်လွန်းနေလို့ ပေါက်ကွဲတော့ မလိုတောင် ဖြစ်လာရတော့​၏။

----------------------------

​ဘာသာပြန်သူရဲ့ အကြိုက်ဆုံး အခန်းလေးပါပဲ(//∇//)

Duckbill Cap*

Top Gear Magazine *


『Zawgyi』


အန္းနင္ ပန္းအိပ္ရာေဘးမွာထိုင္လိုက္ရင္း Dataကို ဖြင့္လိုက္သည္။ WeChatမွာ ပထမဆုံးတက္လာတာကေတာ့ Groupထဲမွာ ေရွာင္ေပါင္ပို႔ထားတဲ့ Concert ပုံေတြနဲ႔ ဗြီဒီယ္ိုေတြျဖစ္သည္။ သူ တစ္ခုခ်င္းစီ ႏွိပ္ၾကည့္ရင္း Concertရဲ့ ေလထုထဲမွာ နစ္ျမႇုပ္သြားခဲ့​၏။ သူ မ်က္ႏွာခ်င္းဆိုင္က ေက်ာခ်မ္းဖြယ္ ပန္းၿခံအေၾကာင္းကိုပင္ ေမ့သြားခဲ့သည္အထိ။

​ထို႔ေနာက္ နာရီဝက္အၾကာတြင္ ခ်င္ေဝ့ေဟာ္ေရာက္လာခဲ့သည္။ သူက R1 ကို မစီးပါဘဲ Taxi ေခၚလာခဲ့တာျဖစ္​၏။ ပထမဆုံးအႀကိမ္ သူ WeChatကေန သူ႔ကို message ပို႔လာခဲ့သည္။

≪ငါမင္းကို ျမင္ေနရၿပီ၊ လမ္းရဲ့ေဘးဘက္ကို လာခဲ့≫

အန္းနင္မွာ ခ်င္ေဝ့ေဟာ္ အရမ္းျမန္ျမန္ႀကီး ေရာက္လာလိမ့္မယ္လို႔ ေမၽွာ္လင့္မထားခဲ့။ သူထရပ္လိုက္ၿပိး လမ္းေဘးဘက္ကို ေလၽွာက္သြားလိုက္ အဝါေရာင္ Taxiတစ္စီးက အရွိန္ေလၽွာ့လာၿပီး ရပ္သြားသည္ကို ေတြ႕လိုက္ရ​၏။ သူ ေရွ႕ဆက္ေလၽွာက္လိုက္ၿပီး အနီေရာင္ တံခါးကို ဖြင့္လိုက္လၽွင္ ခ်င္ေဝ့ေဟာ္က သူ႔ခႏၶာကိုယ္ကို ကိုင္းထားၿပီး အထဲမွာထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။

ခ်င္ေဝ့ေဟာ္သည္ မနက္ခင္း ထြက္သြားကတည္းက ဝတ္ထားတဲ့ သိုးေမြးကြပ္ထားတဲ့ ေလကာအကၤ်ီ၊ မီးခိုးေရာင္တီရွပ္နဲ႔ အျဖဴေရာင္ဂ်င္းတို႔ကို ဝတ္ဆင္ထားဆဲ ျဖစ္သည္။

သူ႔မွာ အပိုဆိုလို႔ အနက္ေရာင္ Duckbill Cap တစ္ခုသာပါလာခဲ့သည္။

ကားတံခါးဖြင့္လိုက္တဲ့တစ္ခဏတြင္ အန္းနင္မွာ သူတို႔ေတြ Dry potသြားစားၾကတုန္းက ခ်င္ေဝ့ေဟာ္က သူ႔အတြက္ ေက်ာင္းကို ျပန္ရန္ Taxi ငွားေပးလိုက္တာကို သတိရမိသည္။

သူ အမ်ားႀကီးမမွတ္မိေတာ့ေသာ္လည္း ခ်င္ေဝ့ေဟာ္သည္ ဒီေန႔လိုပဲ ျဖစ္လိမ့္မည္- လူက ေနာက္ကို မွီထားၿပီး သူ႔ဒူးေတြက အေရွ႕ခုံကို ကန္၍ ဖိထားကာ သူ႔ေျခတံရွည္ေတြက ဝန္ထုတ္ဝန္ပိုး ျဖစ္ေနလိမ့္မည္ျဖစ္သည္။

ခ်င္ေဝ့ေဟာ္ရဲ့ ဂ်င္းေတြကအျဖဴေရာင္ျဖစ္ၿပီး အေရွ႕က Taxiခုံအကာထက္ပင္ ပိုျဖဴေနတဲ့ အျပာႏုေရာင္ေလး အနည္းငယ္သာပါသည္။

ကားထဲ ဝင္,ဝင္လိုက္ခ်င္း သူေက်းဇူးတင္လိုက္မိ​၏။

"ေက်းဇူးပဲ၊ မင္းကို ဒုကၡျဖစ္ေစခဲ့လို႔ အားနာပါတယ္!" 

အရင္ကသူ႔ဆီမွာ တစ္ခါမွမၾကဳံဖူးသည္မို႔ သူ တကယ္ပက္ ထိရွသြားမိခဲ့သည္။ ဒါက သူအထက္တန္းေက်ာင္း မိုးအရမ္းရြာေနတုန္း ေက်ာင္းမွာပိတ္မိေနတာမ်ိဳးနဲ႔ အလားတူပင္။ သူ႔မွာ ႐ုတ္တရက္ သူ႔အေမေရာက္လာၿပီး ထီးလာပို႔ေပးဖို႔ ေမၽွာ္လင္ခဲ့ဖူးသည္။

ကြဲျပားသြားသည္ကေတ့ အထက္တန္းေက်ာင္းတုန္းက သူ႔အေမ ထီးလာေပးတာကို မေစာင့္ခဲ့ေတာ့ေပမယ့္ တကၠသိုလ္က်မွ အတန္းေဖာ္က သူ႔ကို လာေခၚမွာကို ေစာင့္ေနခဲ့ရသည္။

တျခားသူေတြထံမွ ဂ႐ုစိုက္ခံရတဲ့ ခံစားခ်က္က သူ႔ရင္ထဲမွာ အႀကိမ္တစ္ေထာင္ေလာက္ ေပ်ာ္ေပ်ာ္ႀကီး ျပန္အမွတ္ေဖာ္နိုင္မည့္ ခံစားခ်က္မ်ိဴးျဖစ္သည္ပင္။

သတိမမူမိခင္ တစ္ခဏမွာပဲ သူ႔ရဲ့ လြန္ေနတဲ့အေတြးေတြကို အဆုံးသတ္လိုက္ၿပီး သယ္သြားခံရသည္။ ဒါက ခ်င္ေဝ့ေဟာ္ သူ႔အေပၚမွာ အရမ္းေကာင္းေပးတာက သူ႔ကို စာနာလို႔ဆိုတာကို အန္းနင္ ကိုယ့္ကိုယ္ကိုယ္ သတိေပးေနရသည္။ အဲ့ဒီအစား လ်န္ရွန္းဟန္နဲ႔ ေရွာင္ေပါင္ဆိုရင္လဲ သူက အလားတူပဲ လုပ္ေပးေနမွာပဲ။

မင္းကိုယ္မင္း အျမင့္ႀကီးမေတြးရဘူး အန္းနင္!

ခ်င္ေဝ့ေဟာ္က ဒရိုင္ဘာကို လိပ္စာတစ္ခုေပးလိုက္သည္။ ဘယ္ရပ္ကြက္လဲဆိုတာေတာ့ အန္းနင္မသိ။ ဒရိုင္ဘာဦးေလးက လွည့္လာၿပီး ေမးလာ​၏။

"လန္ထ်န္းနိုင္ငံရဲ့ ေဘးကလား?"

ခ်င္ေဝ့ေဟာ္က "အင္း" ဟူေသာအသံျပဳလိုက္ၿပီး အန္းနင္က သူ႔ကို ၾကည့္လာတဲ့အခါမွာေတာ့ သူကေျပာျပလာသည္။

"ငါေနတဲ့ေနရာ သြားေနတာ"

သူ စကားေျပာလိုက္ခ်ိန္တြင္ အသံက အက္ကြဲေနၿပီး အထူးတလယ္လဲ နိမ့္ရွေနသည္။

အန္းနင္ နည္းနည္းေလး အံ့ဩသြားရၿပီး,

"မင္း အိမ္ငွားတာကို Cancelမလုပ္ခဲ့ဘူးလား ?!"

ခ်င္ေဝ့ေဟာ္က လည္ေခ်ာင္းရွင္းလိုက္၍ ေျပာလာသည္။

"တစ္ႏွစ္စာ ငွားၿပီးသား၊ ဒါေၾကာင့္ ငါ ျပန္ေပးလို႔မရဘူး" 

အန္းနင္က စိတ္ပူပန္သြားရတဲ့ အမူအရာေလးျပသလို႔လာသည္။ ဒါကို ခ်င္ေဝ့ေဟာ္ ျမင္လၽွင္ သူ မေခ်ာ့ေပးလိုက္ဘဲ မေနနိုင္ခဲ့။

ငါက ခ်မ္းသာတယ္ေလကြာ! ပူပန္သလို မခံစားစမ္းပါနဲ႔!

Taxiက ဆူညံသံေတြနဲ႔ ပ်ားပန္းခပ္ေနတဲ့ စီးပြားေရးရပ္ကြက္ကို လ်င္ျမန္စြာ ေမာင္းေပးသည္။ သူတို႔ Galaxy Stadiumႀကီးဆီမွ ေတာက္ပေနတဲ့ မီးေရာင္ေတြကို ျမင္ေနရ​၏။ Concertက ခုတင္ ၿပီးသြားၿပီျဖစ္၍ အမိုးခုံးကလဲ ဖြင့္လို႔လာရာ ၎ေနရာတြင္ ပရိတ္သတ္မ်ားစြာနဲ႔ ယာဥ္မ်ားစြာ ရွိေနဆဲ ပင္ျဖစ္သည္။ အနီးနားရွိ ယာဥ္လမ္းက်ဥ္ေလးတြင္ လူျပည့္ေနၿပိး လူသံနဲ႔ ကားသံေတြ ေရာယွက္ေနသည္ေၾကာင့္ တက္ႂကြသည့္ လုံျခဳံေသာ ခံစားခ်က္ကို ယူေဆာင္လာခဲ့သည္။

ဒါက ကုန္ဆုံးခဲ့တဲ့ ညလယ္ဘက္နဲ႔ကို မတူ၊ ခုမွ ညစတင္သကဲ့သို႔ ျဖစ္ေနသည္။

ခ်င္ေဝ့ေဟာ္က ျဖတ္သြားတာအတြက္ ဘာမွမေျပာပါေသာ္လည္း သူ႔ေခါင္းကိုယိမ္းကာ ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္လို႔ေနသည္။ ထို႔ေနာက္ ထိုင္ခုံမွာ ျပန္မွီလာၿပီး ကားျပတင္းရဲ့ ညာဘက္ေပၚကိုလဲ မွီထားျပန္သည္​။ ပထမတြင္ေတာ့ အန္းနင္က သူနဲ႔ ကန႔္လန္ျဖတ္ျဖစ္ေနေသာ Stadiumကို ၾကည့္ေနမိၿပီးေနာက္ သူ႔အာ႐ုံက ခ်င္ေဝ့ေဟာ္ေပၚကို က်သြားခဲ့သည္။

ခ်င္ေဝ့ေဟာ္ရဲ့ duckbill capအနက္ေရာင္ဆီမွ လွစ္ဟေနတဲ့ နဖူးေပၚက ပြေယာင္းေယာင္း ဆံပင္ေလးေတြကို သတိျပဳလိုက္မိသည္။ သူ အခ်ိန္အၾကာႀကီး တြန႔္ဆုတ္ေနၿပီးမွ ခ်င္ေဝ့ေဟာ္က စင္းလုံးေခ်ာ ၾကည့္ေကာင္းတဲ့ ေယာက္်ားေလးတစ္ေယာက္ျဖစ္သည္ဟု ေတြးလိုက္ၿပီး အသိေပးဖို႔ ဆုံးျဖတ္လိုက္သည္။

"ဒီနားမွာ ဆံပင္ေတြ ထြက္ေနတယ္."

ခ်င္ေဝ့ေဟာ္ သူ႔အၾကည့္ကို ဆတ္ခနဲ႔လႊဲလာၿပီး သူ႔ကို ၾကည့္သည္။ အန္းနင္ သူ႔ကိုယ္ပိုင္ နားထင္စပ္နဲ႔ နားေနာက္ကို လက္ညႇိုးထိုးျပလိုက္မိရာ ခ်င္ေဝ့ေဟာ္က ျပတင္းေပါက္ဆီမွ ထထိုင္လာၿပီး ဦးထုပ္ကို ခၽြတ္ကာ သူ႔ဆံပင္ေတြကို ညာဘက္လက္နဲ႔ ျပန္သပ္လိုက္ၿပီး ဘယ္ဘက္လက္နဲ႔ capကို ျပန္ဖိခ်လိုက္သည္။

သူသာ ဦးထုပ္မခၽြတ္လိုက္ဖူးဆိုလၽွင္ အန္းနင္လဲ ဒီေန႔ည ခ်င္ေဝ့ေဟာ္ဆံပင္ေတြ ပြေယာင္းေနတာကို သတိျပဳမိမည္မထင္ေပ။ ေခါင္းထိပ္မွ ဆံပင္က,ပင္ အခုထိတိုင္ ေကြးေကာက္ေနဆဲ။ သူ သူ႔ကိုေခၚလိုက္ခ်ိန္မွာ ခ်င္ေဝ့ေဟာ္က အိပ္ရာထဲကို ေရာက္ၿပီးသား ျဖစ္ေပလိမ့္မည္။ သူက ခဏေလာက္ေတာင္ အိပ္ၿပီးရင္ ၿပီးေနမွာပဲ။

ဒါမွမဟုတ္ရင္လဲ Taxiေပၚမွာ တစ္ေမွးေလာက္အိပ္ခဲ့တာေၾကာင့္ ပထမဆုံးစကားေျပာလိုက္တုန္းက သူ႔အသံက အနည္းငယ္ အက္ကြဲေနတာျဖစ္ေပမည္။

အန္းန္ တိတ္ဆိတ္စြာ အၾကည့္လႊဲလိုက္မိသည္။ တစ္စုံတစ္ေယာက္ထံမွ- အတိအက်ဆိုရရင္ေတာ့ သူ တိတ္တခိုးေလး crushေနရတဲ့ တစ္စုံတစ္ေယာက္ထံမွ စိတ္ပူေပးခံရတာကေန လာတဲ့ ေပ်ာ္ရႊင္တဲ့ခံစားခ်က္ေလးက ပင္လယ္လွိုင္းႀကီးတစ္ခုလုံး ျမႇင့္တက္လာခဲ့ရသည္။

သူတို႔ကားထဲကေန ထြက္လိုက္ၿပီး ရပ္ကြက္ထဲကို ဝင္လိုက္သည္။ ပင္မလမ္းမႀကီးေဘးမွာ ခဏမၽွလမ္းေလၽွာက္ၿပီးေနာက္မွာေတာ့ အန္းနင္မွာ အနက္ေရာင္ Yamaha R1ႀကီးေအာက္ထပ္မွာ ရပ္ထားတာကို ျမင္လိုက္ရသျဖင့္ ခ်င္ေဝ့ေဟာ္ေနတဲ့အေဆာက္အအုံမွန္း သေဘာေပါက္လိုက္မိသည္။

ခ်င္ေဝ့ေဟာ္က ကဒ္ကို ျဖတ္လိုက္ၿပီး ဝင္ေပါက္အတြင္းထဲကို သြားလိုက္သည္။ ထိုအခ်ိန္တြင္ ဓာတ္ေလွကားထဲ၌ သူတို႔ႏွစ္ေယာက္သာရွိေတာ့​၏။ ခ်င္ေဝ့ေဟာ္က ဓာတ္ေလွကားထဲကို ေလၽွာက္သြားလိုက္ၿပီး အိတ္ေထာင္ထဲတြင္ လက္ထည့္၍ အေနာက္ဘက္မွာရပ္ေနလၽွင္ သူ႔ခႏၶာကိုယ္မွာ အနည္းငယ္ ခပ္ေလ်ာ့ေလ်ာ့ ျဖစ္လို႔ေနသည္။ သူက အထပ္အတြက္ မဖိတာမို႔ အန္းနင္မွာေခ်ာင္းဟန႔္လိုက္ရင္း ေမးၾကည့္လိုက္ရသည္။

"ဘယ္ အထပ္လဲဟင္?"

ထိုအခါမွ ခ်င္ေဝ့ေဟာ္မွာ သူ႔ရဲ့ ေတြေဝျခင္းေတြကေန ဆတ္ခနဲ႔ ထြက္လာၿပီး လက္ဆန႔္ကာ ၁၉ကို ႏွိပ္လိုက္သည္။

"မင္း အရမ္းအိပ္ခ်င္ေနတာလား?", အန္းနင္မေမးေတာ့ဘဲ မေနနိုင္ေတာ့ပါ။

"... အာ?"

ခ်င္ေဝ့ေဟာ္က ေႏွးေကြးေလးလံစြာျဖင့္ ျပန္ေျဖၿပီးေနာက္မွ သူ႔မ်က္လုံးေတြကို သူ႔ဆီမွာ ဖြင့္လိုက္ၿပီး,

"မအိပ္ခ်င္ပါဘူး." 

သူ မအိပ္ခ်င္ေၾကာင္း သက္ေသျပရန္ ခ်ဲ့ထားသည့္ သူ႔မ်က္လုံးတို႔မွာ အလြန္ ခ်စ္ဖို႔ေကာင္းေနသည္ဟု အန္းနင္ ရင္ခုန္စြာနဲ႔ ေတြးလိုက္မိသည္။

သူ႔မ်က္ႏွာထက္မွ အျပဳံးကို ထိန္းသိမ္းထားရန္ မျဖစ္နိုင္ေတာ့ေပ။

ဓာတ္ေလွကားက ေရာင္ျပန္ဟပ္ေသာေၾကာင့္ ခ်င္ေဝ့ေဟာ္ကလဲ သူ႔အျပဳံးကို ျမင္လိုက္ရသည့္အခ်ိန္တြင္မူ သူကပါ ေခါင္းငုံ႔လ်က္ ရွက္ရွက္နဲ႔ ျပဳံးလာေတာ့​၏။

လူႏွစ္ေယာက္မွာ တစ္ေယာက္ကိုတစ္ေယာက္ သိေနလၽွက္ တိတ္ဆိတ္စြာနဲ႔ ျပဳံး႐ုံမၽွသာ ျပဳံးေနၾကၿပီး ဓာတ္ေလွကားတံခါး တင္း'ဆိုၿပီး ပြင့္လာမွာကို ေစာင့္ေနမိၾကသည္။

ခ်င္ေဝ့ေဟာ္ တံခါးဖြင့္လိုက္သည္ႏွင့္ တၿပိဳက္နက္ အန္းနင္မွာ သူ႔ေနာက္ကေန သိခ်င္စိတ္ေတြနဲ႔ အခန္းကို မၾကည့္လိုက္ပဲ မေနနိုင္ခဲ့။ အခန္းကေတာ့ လုံးဝကို ေမွာင္မဲေနသည္။

ခ်င္ေဝ့ေဟာ္က တံခါးေဘးမွ ခလုတ္ကိုဖြင့္လိုက္ေသာအခါ အဝင္လမ္းမွ မီးေတြ ပြင့္လို႔လာသည္။ ၎က အိပ္ခန္းတစ္ခန္းနဲ႔ ဧည့္ခန္းတစ္ခန္းျဖင့္ ဖြဲ႕စည္းထားတာျဖစ္သည္။ အဝင္ဝမွာ ဧည့္ခန္းျဖစ္ၿပီး လသာေဆာင္ရဲ့ မ်က္ႏွာခ်င္းဆိုင္ျဖစ္သည္။ ေနရာက အေတာ္ေလး က်ယ္ဝန္းၿပီး အိမ္ကို ျပင္ဆင္ထားသည့္ ပုံစံမွာလဲ တစ္သီးတစ္သန႔္ဆန္၍ ရိုးရွင္းေပသည္။

ခ်င္ေဝ့ေဟာ္က ရွူးဖိနပ္ ဗီရိုကို ဖြင့္ေပးလာၿပီး သူ႔ကို Slipper တစ္စီးေပးသည္။ အန္းနင္က ကုန္းလ်က္ ရွူးဖိနပ္ကို ေျပာင္းလိုက္ရင္း "ခြင့္ျပဳပါ"လို႔ေျပာကာ အထဲဝင္လာလိုက္သည္။

ခ်င္ေဝ့ေဟာ္က ဧည့္ခန္းမီးေတြကိုပါ ဖြင့္လိုက္ေသာအခါမွ အန္းနင္မွာ ဆိုဖာေပၚမွာ လွဲေနတဲ့ အေမြးပြ* ဝက္ဝံ႐ုပ္ႀကီးကို ျမင္လိုက္ရသည္၊ Top Gear မဂၢဇင္းက ဝက္ဝံရဲ့ေက်ာေပၚမွာ ျပန႔္က်ဲေနၿပီး ႐ုပ္ျပစာအုပ္ႏွစ္အုပ္ကလဲ ဆိုဖာအစြန္းတြင္ရွိေနခဲ့သည္။

[*TN: အေမြးပြအ႐ုပ္ကို လွဲေနတယ္လို႔သုံးထားတဲ့အသုံးက ဝမ္းလ်ားေမွာက္ၿပီး လွဲေနတာကို ဆိုလိုပါတယ္တဲ့.]

ခ်င္ေဝ့ေဟာ္မွာ ဆိုဖာေပၚမွာ ရွုပ္ပြေနတာကို ျမင္ရလၽွင္ ေခ်ာင္းဟန႔္လိုက္၍

"ဆိုဖာ..." 

အန္းနင္က ခ်က္ခ်င္းေျပာလိုက္သည္, "ငါ ဆိုဖာမွာ အိပ္လိုက္ပါ့မယ္!"

ခ်င္ေဝ့ေဟာ္ ရယ္ခ်င္သြားၿပီး ေခါင္းညိတ္ျပလိုက္​၏။

"ေကာင္းၿပီေလ."

သူ ဆိုဖာဆီကို ေလၽွာက္သြားၿပီး ႐ုပ္ျပစာအုပ္ေတြကို ေဘးဖယ္လိုက္ကာ ေကာ္ဖီစားပြဲေအာက္ကို ပစ္ခ်လိုက္သည္​။ သူက ဝက္ဝံႀကီးကိုလဲ ေကာက္လိုက္ၿပီး လွည့္ပတ္ၾကည့္လိုက္ကာ ေနာက္ဆုံးမွာေတာ့ ေကာ္ဖီစားပြဲေပၚမွာသာ လွဲခ်ထားလိုက္သည္။

သူ ဝက္ဝံကို ခ်လိုက္တဲ့အခ်ိန္တြင္ ဝက္ဝံအေနာက္ကို ခပ္ဖြဖြပုတ္လိုက္ေသးေပမယ့္ အန္းနင္ရဲ့ အၾကည့္ထံမွ မလြတ္ေျမာက္နိုင္လိုက္ျပန္ေပ။

ဘယ္အခ်ိန္ကတည္းက စတင္ခဲ့လဲမသိေသာ္ျငား ခ်င္ေဝ့ေဟာ္ လုပ္သမၽွ က်ပန္းလို အမူအရာေသးေသးေလးေတြကပင္ သူ႔ကို ဆြဲေဆာင္ေနခဲ့သည္။

ခ်င္ေဝ့ေဟာ္ ေပးတဲ့ ပဝါသန႔္သန႔္ေလးကို ကိုင္ထားရင္း အန္းနင္ ေရခ်ိဴးခန္းထဲမွာ ေရအျမန္ခ်ိဳးလိုက္သည္​။ သူ႔လက္ဖဝါးေပၚမွာ ေရခ်ိဴးဆပ္ျပာ ကို ညႇစ္ခ်လိုက္သည္ႏွင့္ တၿပိဳင္နက္ ရင္းႏွီးတဲ့ ရနံ႔က ႐ုတ္ျခည္းတိုးဝင္လာခဲ့သည္။ သူ နည္းနည္းေလးပဲ ညႇစ္ခ်လိုက္ၿပီး လႊတ္လိုက္မိ​၏။ ဒါက တစ္ရက္ေလးပဲ ျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ ေရခ်ိဴးဆပ္ျပာနဲ႔ ပြတ္တိုက္ဖို႔ မလိုဘူးေလ။ သူသာ အခု ေရခ်ိဴးဆပ္ျပာ သုံးလိုက္မယ္ဆိုရင္ သူ႔ စိတ္ကူးစိတ္သန္းေတြကလဲ အထိန္းအကြပ္မဲ့သြားရလိမ့္မည္ျဖစ္ၿပီး ခ်င္ေဝ့ေဟာ္ အေပၚကိုလဲ အခြင့္အေရးယူလိုက္တဲ့ အတိုင္း ျဖစ္သြားေပလိမ့္မည္။

သူ႔ စိတ္ကူးေတြက တစ္ညလုံး အထိန္းအကြပ္မဲ့ေနမွာ—သူ မလုပ္နိုင္ဘူး​။

ေရခ်ိဴးၿပီးေနာက္တြင္ သူ ၾကမ္းျပင္ကို ေျခာက္သြားေအာင္ လွဲက်င္းလိုက္ၿပီး တံခါးကိုဖြင့္လိုက္လၽွင္ ခ်င္ေဝ့ေဟာ္က အေမြးပြ ဂ်ာကင္ကို လဲထားၿပီျဖစ္ၿပီး မီးခိုးေရာင္ တီရွပ္တစ္ထည္ကိုသာ ဝတ္ဆင္ထားတာကို ေတြ႕လိုက္ရသည္။ သူ႔လက္မွာေတာ့ မရပ္မနား လွန္ေလွာၾကည့္ခံထားရတဲ့ ႐ုပ္ျပစာအုပ္တစ္အုပ္က ဖြင့္လ်က္သား ရွိေနခဲ့သည္။

သူက တကယ္ အေအးကိူ မေၾကာက္ဘူးပဲ,

အန္းနင္ ေတြးလိုက္မိသည္​။ ေနာက္ထပ္အၾကည့္မွာ Air-Conရဲ့ မီးက ပြင့္ေနသည္ကို သူျမင္လိုက္ရ​၏။

ဒီေတာ့ သူက air-con ကိုေတာင္ ဖြင့္ထားၿပီးၿပီေပါ့....

ခ်င္ေဝ့ေဟာ္က သူထြက္လာတာကို ျမင္လၽွင္ ႐ုပ္ျပစာအုပ္ကို ေအာက္ခ်လိုက္၍ ထရပ္ကာ,

"ဒီမွာ သြားတိုက္တံအပို မရွိဘူး ျဖစ္ေနတယ္"

သူ ေလၽွာက္လာခဲ့လၽွင္ အန္းနင္ သူ႔ကို လမ္းဖယ္ေပးလိုက္မိသည္။ ခ်င္ေဝ့ေဟာ္က ေရခ်ိဳးခန္းထဲကို ဝင္သြားၿပီး မွန္ေနာက္က ဗီရိုကို ဖြင့္ၾကည့္လိုက္ရင္း ပုလင္းေသးေလးတစ္လုံးကို ဆြဲယူကာ သူ႔ကိုေပးလာခဲ့သည္။

"မင္း အာလုတ္က်င္းေဆးကို သုံးလို႔ရတယ္" 

အန္းနင္မွာ အရင္က အာလုတ္က်င္းေဆးကို အသုံးမျပဳဖူးေပ။ သူ ယူလိုက္၍ ညႊန္ၾကားခ်က္ေတြကို ေသခ်ာဖတ္ၾကည့္လိုက္ၿပီး သူ႔ကိုယ္သူ ေခါင္းညိတ္ေထာက္ခံလိုက္သည္။ ေဘစင္မွာ ခ်င္ေဝ့ေဟာ္ရဲ့ခြက္က ရွိမေန၊ ခ်င္ေဝ့ေဟာ္က အသုံးမျပဳတတ္သည့္အတြက္ ဒါက ပုံမွန္ပင္။ အန္းနင္ကေတာ့ ေမးလိုက္မိသည္။

"မင္းမွာ စကၠဴခြက္ေလးေတြရွိလား?"

"မရွိဘူး."

ခ်င္ေဝ့ေဟာ္က လက္ပိုက္လိုက္၍ တံခါးကို မွီလိုက္ရင္း ေျပာလိုက္သည္,

"ဒီကို ဧည့္သည္လာတာမ်ိဴးမရွိဘူး။ ဒါေၾကာင့္ ငါ့အတြက္ ေရေသာက္ဖို႔ ခြက္တစ္ခြက္ပဲ ရွိတယ္"

"အိုး အဲ့ဒါဆိုလဲ ငါ မသုံးေတာ့ဘူး!", အန္းနင္ ျမန္ျမန္ေျပာလိုက္သည္။

ထို႔ေနာက္မွာေတာ့ သူက ဘုံပိုက္ေခါင္းကို လွည့္လိုက္၍ ေခါင္းငုံ႔ကာ ေရတစ္ငုံ ငုံလိုက္သည္။ ခ်င္ေဝ့ေဟာ္မွာ ဒီေျဖရွင္းခ်က္ကို ေမၽွာ္လင့္မထားခဲ့ေပ။ သူ ရယ္ပစ္လိုက္ခ်င္ေပမယ့္ ထိန္းထားလိုက္ရသည္။

ငါက အျမဲတမ္း ဘုံပိုက္ေခါင္းက ေသာက္တာပဲေလ,မင္းက သေဘာမေပါက္ဘူးလား?

သူ သူ႔ဘာသာသူ ေတြးလိုက္မိသည္။

မင္းက ငါ့ေသာက္တဲ့ခြက္ကို ေကာင္းေကာင္း အသုံးျပဳလိုက္သင့္တာပါပဲ ထိပ္ဆုံးေက်ာင္းသားေလးရာ!

ဤသည္မွာ ထိုညက အန္းနင္တစ္ေယာက္ ေက်ာင္းနဲ႔ ကီလိုမီတာေပါင္းမ်ားစြာေဝးတဲ့ ေနရာတစ္ခုမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဘယ္လို အိပ္ေပ်ာ္ခဲ့ရသလဲ ဆိုတာပင္ ျဖစ္ေလသည္။

သူ ဆိုဖာေပၚမွာ လွဲေနစဥ္အတြင္း ခ်င္ေဝ့ေဟာ္က ေရာက္လာကာ အထက္ကေန သူ႔ကို ေမးလာသည္။

"ေအးေနလား?"

"မေအးပါဘူး," အန္းနင္ ေျပာလိုက္သည္။

"အိပ္ေဆာင္က ေစာင္ေတာင္ ဒီတစ္ခုေလာက္ မထူဘူးေလ."

ဒီေစာင္က ေပါ့ေပါ့ေလးနဲ႔ ေႏြးတယ္။

သူ အိပ္မေပ်ာ္ေသးသည့္တိုင္ သူေကာင္းေကာင္းအိပ္ေပ်ာ္လိမ့္မယ္ဆိုတဲ့ ထင္ေၾကးတစ္ခု သူ႔မွာရွိခဲ့သည္။ သူက ေခါင္းလွည့္လိုက္ၿပီး ဆိုဖာေဘးက air-conကို တစ္ခ်က္ ၾကည့္လိုက္ရင္း,

"air-conက ပိတ္လို႔ရၿပီလို႔ေတာ့ ငါထင္တယ္"

ခ်င္ေဝ့ေဟာ္က ရိုးရိုးတန္းတန္းပင္ ေျပာလာသည္။ "ေကာင္းၿပီ."

သူ air-conပိတ္ေပးလိုက္ၿပီး ထြက္လာခဲ့ေပမယ့္ ရပ္လိုက္ၿပီး ဆိုဖာေပၚက လူကို ျပန္လွည့္ၾကည့္မိသည္။ ေနာက္ဆုံးမွာေတာ့ သူက ကုန္းလိုက္၍ ေကာ္ဖီစားပြဲေပၚမွာ လွဲေနတဲ့ ဝက္ဝံႀကီးကို ေကာက္ယူလိုက္ၿပီး အန္းနင္ရဲ့ အေပၚမွာ ဖြဖြေလး ခ်ေပးလာရင္း ေျပာလာသည္။

"အေဖာ္."

ထို႔ေနာက္ ဧည့္ခန္းထဲမွ မီးေရာင္မွာ ပိတ္က်သြားခဲ့သည္။ အန္းနင္မွာ အေမွာင္ထဲတြင္လွဲေနခဲ့ၿပီး သူ႔လက္ေမာင္းေတြကို မသိလိုက္ပါဘဲ ဆန႔္ထုတ္လိုက္ကာ ဝက္ဝံႀကီးရဲ့ ေနာက္ကို သူ႔လက္ေတြနဲ႔ ညင္ညင္သာသာေလး ရစ္ပတ္ထားလိုက္မိသည္။ ဝက္ဝံက သူ႔အေပၚ ပိက်လာခ်ိန္မွာ "အေဖာ္"ဆိုတဲ့ ညင္သာၿပီး ခပ္နိမ့္နိမ့္ျဖစ္ေနတဲ့ အသံက သူ႔နားစည္ထဲမွာ ပဲ့တင့္ေနခဲ့သည္။

သူ႔ ရင္အစုံကေတာ့ ခုန္ေနတာ အရမ္းကို ျမန္လြန္းေနလို႔ ေပါက္ကြဲေတာ့ မလိုေတာင္ ျဖစ္လာရေတာ့​၏။

----------------------------

​ဘာသာျပန္သူရဲ့ အႀကိဳက္ဆုံး အခန္းေလးပါပဲ(//∇//)

Continue Reading

You'll Also Like

222K 34K 112
အကြွေစေ့လေးတစ်စေ့ [၀ူးကျယ်]
283K 47.9K 72
Original Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန္ယင္းတစ္ေယာက္ မသိရသည္မွာဘာေၾကာင့္လူအုပ္ႀကီးတစ္အုပ္သူ႔ေနာက္လိုက္လာၿပီ...
1.2M 89.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
129K 18.6K 43
Title ✿ He's Not My Shadow Guard, He's My Lover Original Author ✿ Luo Gu Eng Translator : Addis Status : 21 chapters (Complet...