ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...

By OpalHawthorn28

539K 77.9K 5.6K

ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ More

Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH. 56
CH (57)
CH 58
Ch 59
CH 60
CH 61
CH 62
CH 63
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 71
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 77
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83

အခန်း (39.1)

3.9K 775 29
By OpalHawthorn28

သတ်မှတ်မိုင်နှုန်းကျော်မတတ် အမြန်မောင်းလာတာကြောင့် ၁၀မိနစ်အတွင်းမှာပဲ company ကို ရောက်သွားခဲ့တယ်....လှေကားကနေ တက်လာရင်းနဲ့ ရုံးခန်းတံခါးဝကို​ကြည့်လိုက်တော့ အစောင့်တွေရှိနေသေးတဲ့အတွက် ဟိုမိန်းမ ရှိနေသေးမှန်း သိလိုက်ရတယ်....

သိပ်ကောင်းတယ်....Drama လေးမပြီးခင် ဝင်မွှေလိုက်ဉီးမယ်......

ရှဲ့ဟယ် ချက်ချင်းအမူအရာပြင်လိုက်ပြီး ရုံးခန်းရှေ့ကို ကမူးရူးထိုး ပြေးသွားလိုက်တယ်....

အခန်းပေါက်ဝမှာတင် အစောင့်တစ်ယောက်က သူ့ကို တားထားတယ်.....

"အခုချိန် ဝင်သွားလို့မဖြစ်ဘူး သခင်လေး"

ရှဲ့ဟယ်က လူကောင်းလေးပါ...အစောင့်တွေကို အခက်တွေ့အောင် မလုပ်တော့ဘဲ သူ့အဖေကို အော်တိုင်လိုက်တာပေါ့....

"Daddy!!! Daddy ကျွန်တော်ရောက်နေပြီ....Daddy လူတွေ​က ပေးမဝင်ကြဘူး!!!"

အ​စောင့်တွေရဲ့ မျက်နှာတွေ မည်းသည်းနေပြီ...သူတို့တွေ Boss ရဲ့ အမိန့်ကို နာခံရုံလေးပါ...ဟုတ်တယ်နော်....

တစ်မိနစ်ပြည့်အောင်တောင် မအော်ရသေးခင်မှာ လွီယန်က တံခါးလာဖွင့်ပေးပြီး သနားစရာအကြည့်တွေနဲ့ ကြည့်သွားတယ်....

"ဝင်ခဲ့ပါ..."

ရှဲ့ဟယ်ကတော့ အခြေနေတစ်ခုလုံးကို နကန်းတစ်လုံးမျှ မသိဟန်နဲ့ အစောင့်နှစ်ယောက်ကို မျက်ဆံလည်ပြလိုက်သေးတယ်...ပြီးတာနဲ့ ခေါင်းမော့ရင်ကော့ပြီး အခန်းထဲကို ဝင်လိုက်တယ်....

သတ်လတ်ပိုင်းအရွယ်အမျိုးသမီးက ရှဲ့ဟယ်အခန်းထဲ ဝင်လာကတည်းက စိတ်လှုပ်ရှားနေတဲ့ အကြည့်တွေနဲ့ ထူးဆန်းစွာ လိုက်ကြည့်နေတယ်...ရှဲ့ဟယ်ကလဲ ဒီလိုအကြည့်ခံရတာကို မကျေမချမ်းဖြစ်နေဟန်နဲ့.....

"ဘာကြည့်နေတာလဲ? ခင်ဗျားတစ်ခုခုဖြစ်နေတာလား???"

ပြီးတာနဲ့ တန့်ကျင်းဝမ်းဘက်ကိုလှည့်ပြီး အပြုံးတွေ ဖောဖောသီသီပေးလိုက်ပြီး...

"Daddy~~~"

ရှဲ့ဟယ်ရဲ့ ရုပ်ပြောင်းရုပ်လွဲSkill ကြောင့် အကုန်လုံးမှင်သက်နေကြတယ်.....

တန့်ကျင်းဝမ်းကတော့ ထုံးစံအတိုင်း မျက်နှာသေကြီးနဲ့ ခေါင်းတစ်ချက်ညိတ်ပြီး...

"ရောက်လာပြီလား..."

"အင်း..."

ရှဲ့ဟယ်က မျက်ဝန်းတွေ လခြမ်းကွေးသဏ္ဍာန်ဖြစ်တဲ့အထိပြုံးပြလို​က်ပြီး မျှော်လင့်စောင့်စားနေဟန်နဲ့....

"မှာထားတဲ့ Sport car မကြာခင်ရောက်လာတော့မယ်ဆို...."

တန့်ကျင်းဝမ်းက ခေါင်းပဲ ညိတ်ပြနေတယ်....

ဘေးမှာ ရပ်နေတဲ့ လွီယန်ကတော့ သူ့မျက်လုံးတွေကို ဖုံးကာထားချင်နေပြီ....ရှေ့မှာမြင်နေရတဲ့ ဇာက်ကွက်ကြီးက အင်မတန် သည်းထိတ်ရင်ဖိုဆန်လွန်းနေတာကြောင့် အစွမ်းကုန်သုံးပြီးတည်ငြိမ်အောင်ထိန်းနေရတယ်....သူကိုယ့်သူထိန်းနိူင်ပေမယ့် တစ်စုံတစ်ယောက်တော့ သည်းမခံနိုင်တော့ဘူးနဲ့တူတယ်!!!

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ရုတ်တရက်ကြီး စူးစူးဝါးဝါးရယ်မောနေတယ်... အူလှိုက်သည်းလှိုက်​ရယ်မောနေတာများ ခန္ဓာကိုယ်ကြီးတောင် ယိမ်းထိုးနေတယ်.....

"ဟားးဟားးးဟားးး အဲ့တာ နင့်သားလား??ဟားးးးးနင်က မမျှော်လင့်ဘဲ စောက်သုံးမကျတဲ့ အမှိုက်ကို ပြုစုပျိုးထောင်ခဲ့တာပေါ့...ဟားးးး ရယ်ရလွန်းလို့သေတော့မယ်...."

ဒီလိုမျိုးတွေ မကြားချင်ပေါင်....သူက အသုံးဖြုန်းကြိးတဲ့ သူဌေးသားဆိုပေမယ့် အခုလို မျက်နှာချင်းဆိုင်ပြီး ဒဲ့တိုးကြီးစော်ကားတာမျိုးတစ်ခါမှ မကြားခဲ့ရဖူးဘူး....

"သေချင်နေလို့ ပေါက်ကရတွေလာပြောနေတာလား??"

ထိုအမျိုးသမီးက ရှဲ့ဟယ်ကို နည်းနည်းလေးမှ အဖက်မလုပ်ဘဲ တန့်ကျင်းဝမ်းကိုသာ စူးစူးရဲရဲစိုက်ကြည့်နေပြီး လှောင်ပြုံးတွေပြုံး​ပြနေတယ်....

"နင် မယုံဘူးဆိုလဲ သွေးသားတော်စပ်မှုစစ်လိုက်ပေါ့.....ဒါဆို အကုန်ရှင်းသွားလိမ့်မယ်....နင့်သားအရင်းဘယ်ရောက်နေလဲလို့တော့ လာမမေးနဲ့ သေတောင် မပြောဘူးမှတ်....ဟားးးးးး နင်လုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ဒီလိုနေ့မျိုးနဲ့ ကြုံနေရတာ...!!!!"

ရှဲ့ဟယ် ကြောင်တောင်တောင်ဖြစ်သွားတယ်....

"သွေးသားတော်စစ်မှုစစ်မယ်???"

တန့်ကျင်းဝမ်းက ရှဲ့ဟယ်ကို စူးစူးနစ်နစ်ကြည့်နေရင်းနဲ့ လွီယန့်ကို အမိန့်လှမ်းပေးလိုက်တယ်....

"အဲ့မိန်းမကို အောက်ကို ခေါ်သွားလိုက်တော့...."

"ဟုတ်ကဲ့..."

လွီယန်က ထိုအမျိုးသမီးကို လက်မောင်းကနေ ဆွဲခေါ်သွားတယ်...ထိုမိန်းမကလဲ လမ်းတစ်လျှောက်လုံး သွေးရူးသွေးတန်းနဲ့ အော်ရယ်တယ်...ထိုရယ်သံတွေက ရှဲ့ဟယ်ကို ထိတ်လန့်ကြောက်ရွံ့စေတယ်....

ရှဲ့ဟယ် မကျေမနပ်နဲ့ နှုတ်ခမ်းဆူလိုက်ပြီး...

"အဲ့မိန်းမက ဘယ်သူလဲ??? တကယ်ကို ရွံဖို့ကောင်းတယ်..."

တန့်ကျင်းဝမ်းက မဆိုသလောက်လေးပြုံးနေတယ်.....

ရှဲ့ဟယ်က ထုံးစံအတိုင်း တန့်ကျင်းဝမ်းရဲ့ လက်မောင်းကို ပြေးဖက်လိုက်ပြီး ခေါင်းလေးမော့ကာ.....

"Daddy ကျွန်တော်မေးနေတာ ဘာလို့မဖြေတာလဲ??"

ဒီကောင်လေးကို အနီးကပ်ကြည့်လိုက်တော့မှ သူနဲ့ မတူမှန်း တွေးမိတော့တယ်...ဟိုမိန်းမပြောသွားတာတွေနဲ့ ပတ်သတ်ပြီး သူ့မှာ သံသယမရှိဘူး....သေခါနီးနေတဲ့ လူတစ်ယောက်က မုသားမဆိုလောက်ဘူးလေ...ဒါပေမယ့်လဲ တန့်ကျင်းဝမ်းဆိုတာ သက်သေသက်ကာရတွေကို အထူးဂရုစိုက်သူတစ်ယောက်ဖြစ်တယ်...ဒါ့ကြောင့်
မျက်နှာတစ်ခုတည်းကိုပဲကြည့်ပြီး လွယ်လွယ်ဆုံးဖြတ်လိမ့်မည်မဟုတ်ပေ....သွေးသားတော်စပ်မှုစစ်ဆေးဖို့ လိုလာပြီပဲ.....

"မင်းလဲ ဒီကိုရောက်နေမှတော့ သွေးသားတော်စပ်မှုသွားစစ်ကြတာပေါ့...."

ငြင်းဆန်ချင်တဲ့အပြင် မေးခွန်းထုတ်လိုဟန်အကြည့်တွေနဲ့ တန့်ကျင်းဝမ်းကို ပြန်ကြည့်လိုက်တယ်....အကြည့်တွေထဲမှာ တဖြည်းဖြည်းနဲ့ စိုးရိမ်မှုတွေပါ ပေါ်ထွက်လာတယ်....

"Daddy နေလို့မကောင်းဘူးလား???ဖျားနေတာလား???"

"မဟုတ်ပါဘူး..."

တန့်ကျင်းဝမ်းက တခစ်ခစ်ရယ်မောနေရင်းကနေ...

"ငါတို့တွေ သွေးသားတော်စပ်မှု သွားစစ်ကြမယ်"

ရှဲ့ဟယ်တစ်ယောက် ချက်ချင်းဆိုသလို ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး.....

"Daddy ပြောနေတာတွေ ကျွန်တော်နားမလည်တော့ဘူး...ဘာလို့ သွေးသားတော်စပ်မှု စစ်ရမှာလဲ??"

"ဘာလို့လဲဆိုတော့...မင်းက ငါ့သားအရင်းမဟုတ်လို့ပေါ့...."

ကောင်လေးအပေါ် ဘယ်လောက်ထိ ရက်စက်စွာအကျိုးသက်ရောက်သွားမယ်မှန်း မသိလေတဲ့ တန့်ကျင်းဝမ်းက မသိလိုက်မသိဘာသာ ပြောချလိုက်လေတယ်......

ရုတ်တရက် နောက်ဆုတ်လိုက်မိတဲ့အထိ ရှဲ့ဟယ်ရဲ့ အမူအရာတွေ အကျည်းတန်နေတယ်....

"ဒါမျိုးနဲ့တော့ မနောက်ကောင်းဘူး Daddy!!!"

တန့်ကျင်းဝမ်းဆိုသူက စာနာနားလည်တတ်သူမဟုတ်ပေ....ဒီကောင်လေးက သူ့ကလေးမဟုတ်မှတော့ ဘာမှ သည်းခံနေစရာမလိုတော့ဘူး.....

ရုတ်တရက် မတ်တပ်ထရပ်လိုက်တဲ့ တန့်ကျင်းဝမ်းက ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်တုန်ရီရီဖြစ်နေတဲ့ ရှဲ့ဟယ်ကို စီးမိုးကြည့်​နေပြီး....

"နောက်နေတာမဟုတ်ဘူး..."

ထိုလေသံက မေးခွန်းထပ်မထုတ်ရဲလောက်တော့တဲ့အထိ ရှဲ့ဟယ်ကို တုန်လှုပ်​ခြောက်ခြားသွားစေတယ်......

"မလိုက်ဘူး!!!!"

ပြီးတာနဲ့ နောက်လှည့်ပြီး အခန်းထဲကနေ ထွက်ပြေးဖို့ ပြင််တယ်....သို့ပေမယ့်လဲ ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ အပြင်မှာစောင့်နေတဲ့ အစောင့်တွေလက်ထဲ အမိခံလိုက်ရရှာတယ်.....

နဂိုကတည်းကမှ ရှဲ့ဟယ်ကို မျက်စိစပါးမွှေးစူးနေကြတဲ့ အစောင့်တွေက ရှဲ့ဟယ်ကို အခန်းထဲ ပြန်တွန်းပို့လိုက်ကြတယ်....

တန့်ကျင်းဝမ်းက ရှဲ့ဟယ်ဆီကို လျှောက်လာပြီး မျက်လုံးချင်းဆုံအောင် တည့်တာ့်ကြည့်လိုက်ကာ....

"သွားကြမယ်...."

………………… ………………… ………………… …………………

ရှဲ့ဟယ်က အလိုမတူဘဲ ဆေးရုံကို အတင်းအကြပ်ခေါ်သွားခံလိုက်ရတယ်....ဘယ်လိုပဲ ရုန်းကန်းတောင်ဆိုနေပါစေ တန့်ကျင်းဝမ်းကတော့ မျက်တောင်တစ်ချက်တောင် မခတ်သွားခဲ့ပေ....

သူ့ကို အမြဲတစေ အလိုလိုက်တတ်တဲ့ ဒီလူဆီမှာ သူ့အတွက် ခံစားချက်တွေမရှိတော့မှန်း လက်ခံလိုက်ပါပြီ...ငိုပြနေလဲ အကြောင်းမထူးတော့တာကြောင့် မျက်ရည်တွေ နှာ​ရည်တွေ သုတ်လိုက်ပြီး....

"အိမ်ပြန်ကြမယ်နော်....ကျွန်တော်က Daddy သားအရင်း မဟုတ်စရာလား???Daddy. ...???"

"မင်းက ငါသားအရင်း ဟုတ်မဟုတ် နာရီဝက်အတွင်းအဖြေသိရတော့မယ်...."

တန့်ကျင်းဝမ်းက လက်မှာပတ်ထားတဲ့နာရီကို တစ်ချက်ကြည့်ပြီး​ပြောလိုက်တယ်....

ရှဲ့ဟယ်ကို သက်တော်စောင့်တွေက ချုပ်ထားကြတယ်...ဒီလူစိတ်ပြောင်းမှာ မဟုတ်တော့မှန်း နညးလည်လိုက်ပါပြီ....ဒါ့ကြောင့် ရုန်းကန်မနေတော့ဘဲ ကြမ်းပြင်ပေါ် ဒူးထောက် ထိုင်ချလိုက်တယ်....

သက်လတ်ပိုင်းအမျိုးသမီးရဲ့ ပြသာနာကို ဖြေရှင်းပြီးသွားတာနဲ့ အမြန်လိုက်လာတဲ့ လွီယန် က ရှဲ့ဟယ်ရဲ့ လက်ရှိအနေအထားကို မြင်လိုက်ရတယ်....အရင်တုန်းကတော့ အသုံးအဖြုန်းကြီးလွန်းတဲ့ ဒီကလေးကို မစ္စတာတန့်ရဲ့သားဖြစ်ဖို့ မထိုက်တန်ဘူးလို့ပဲ ထင်ခဲ့မိတယ်...ဒါပေမယ့် ဒီကလေးသာ Bossရဲ့ သားအရင်းမဟုတ်ရင် Boss ရဲ့ ဒေါသကို ဒီကလေး ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူး.....ဒီကလေးကို စောင့်ကြိုနေမယ့်အရာတွေအကြောင်းတွေးမိလိုက်တော့ ဒီကလေးကို စာနာသနားစိတ်လေးဝင်လာတယ်....

ကောင်းကင်ဘုံကနေ ငရဲပြည်ကို ဆင်းရသလို အနိမ့်အမြင့်မျိုးကို သာမာန်လူတွေတောင် ခံနိုင်ရည်မရှိကြဘူးလေ....ဒါ့အပြင် ဒီကလေးက မွေးကတည်းက Boss ရဲ့ လက်ထဲမှာ လိုတရဘဝနဲ့ကြီးပြင်းခဲ့တာဆိုတော့ ဒီလို ဆုတ်ယုတ်မှုမျိုးကို ဒီကလေး ခံနိူင်ရည််ရှိပါ့မလဲ???

တိုက်ခိုက်လာမယ့် အရာတွေကို ဒီကလေး ခံနိုင်ရည်မရှိမှာ ကြောက်မိပါရဲ့.....

လွန်လေခဲ့သော နာရီအနည်းငယ်က ရှဲ့ဟယ်အတွက်တော့ ဘဝတစ်ခုစာ တမျှရှည်ကြာလွန်းပါတယ်....နောက်ဆုံးမှာတော့ ဆရာဝန်က ဆေးစစ်ချက်ကို လက်ကကိုင်ပြီးရောက်လာနေပြီ....

ဆရာဝန်လက်ထဲက စာရွက်နှစ်ရွက်ကို မျက်လုံးပင့်ကြည့်ပြီး စိတ်ထဲမှာတော့ သူက တန့်ကျင်းဝမ်းရဲ့ သားဖြစ်နေပါစေလို့ပဲ ဆုတောင်းနေမိတယ်....အကယ်၍ သူသာ အဖေ့သားအရင်းဆို ခုနကတုန်းက ပစ်ပစ်ခါခါဆက်ဆံခဲ့တာတွေအတွက် ဆဲရေးမိမှာအမှန်ပဲ....

တန့်ကျင်းဝမ်း ဆေးစစ်ချကိအဖြေကို ဖတ်ပြီးတဲ့ အထိစိတ်ရှည်လက်ရှည်စောင့်နေလိုက်တယ်...တန့်ကျင်းဝမ်း ခပ်ဖျော့ဖျော့ ပြုံးလို​က်တာ မြင်တာကြောင့်.....

"Daddy!!!ကျွန်တော်က Daddy သားမလား???
ဟိုမိန်းမကြီး အလိမ်အညာတွေပြောသွားတာမလား....Daddy အမှားလုပ်မိပြီနော်..."

တန့်ကျင်းဝမ်းက ဆေးစစ်ချက်အဖြေကို ချထားလိုက်ပြီး ပြုံးပြုံးကြီးနဲ့ ပြောချလို​က်တယ်....

"မဟုတ်ဘူး...မင်းက ငါ့သားမဟုတ်ဘူး..."

ကောင်လေးရဲ့ အမူအရာတွေ ပျက်ယွင်းသွားတာကို ကြည့်နေခဲ့မိတယ်...လူသေတစ်ယောက်လို မျက်နှာတစ်ခုလို ဖြူဖျော့နေပေမယ့် မဟူရာကြယ်စင်တွေလို လင်းလက်တဲ့ မျက်ဝန်းတွေရယ် တဆတ်ဆတ်တုန်ရီနေတဲ့ အနီရောင် နှုတ်ခမ်းပါးလေးကယ်က တကယ်ကို လိုက်ဖက်လွန်းနေတယ်....

တုန်ရီနေတဲ့ ခန္ဓာကိုယ်လေးကလဲ လေအဝှေ့မှာ လွင့်ပါး ပဲ့ကြွေသွားတော့မယ့် ညှိုးနွမ်းနေတဲ့ ပန်းလေးတစ်ပွင့်ပုံနှယ်.....ဒါလေးက မြင်သူတကာတိုင်းရဲ့  အင်အားစိုက်ထုတ်ပြီးဖျက်စီးပစ်စေချင်စိတ်ကို နှိုးဆွနေတယ်...

အရင်တုန်းကတော့ သူ့သားမှာ မျက်နှာတစ်ခုကလွဲရင် ကောင်းကွက်တစ်ခုမှမရှိဘူးလို့ ထင်ထားခဲ့မိတယ်...ဒါပေမယ့် အဲ့ဒီ့မျက်နှာလေးကပဲ သန်မာတဲ့ အကြောင်းပြချက်တစ်ခုဖြစ်လာနေပြီ...အနည်းဆုံးတော့ သူ့မျက်စိထဲမှာ မျက်စိပဒသာဖြစ်လွန်းနေတယ်မလား.....

ဒီကောင်လေးကို အမှိုက်တစ်ခုလို့ပဲ အမြဲတမ်းမြင်ခဲ့မိတယ်....မထင်မှတ်ထားဘဲ ဒီကောင်လေးက ရှားပါးအဖိုးတန်လေးဖြစ်နေတယ်.....

[တင်းတောင် ပစ်မှတ်ရဲ့ နှစ်သက်မှု 10မှတ် ထပ်တိုးပါတယ်...စုစုပေါင်း 35 မှတ်ပါ....]

တန့်ကျင်းဝမ်းက မတ်တပ်ထရပ်လိုက်ပြီး ရှဲ့ဟယ်ကို အုပ်မိုးပြီးကြည့်နေတယ်....

ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ရီနေတယ်....မတ်တပ်ထရပ်ဖို့ တောင် ခွန်အားမရှိတော့တာကြောင့် ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေရတယ်....မျက်ဝန်းတွေကလဲ ငိုတော့မလို ပြိုတော့မလိုဟန်နဲ့ ငွေ့ရည်တွေရစ်သိုင်းနေပြီး အသံတွေကလဲ ကွဲအက်တုန်ရီနေရှာတယ်....

"Daddy ကျွန်တော့်ကို ညာနေတာမလား??"

တန့်ကျင်းဝမ်းက ဖြည်းဖြည်းချင်းခေါင်းခါလိုက်ပြီး.....

"ငါ့ကို Daddy လို့မခေါ်နဲ့..."

"ဟင့်အင်း...Daddy က ကျွန်တော့်အဖေ...ကျွန်တော့်အဖေ!!!!"

ရှဲ့ဟယ် ခေါင်းမာမာနဲ့ ငြင်းဆန်နေတယ်...ဘယ်လိုလုပ်ပြီး သူ့ Daady မဟုတ်ရမှာလဲ???ဒီလိုမဖြစ်ရဘူး!!!!

လူမှန်းသိတတ်စအရွယ်ကတည်းကစပြီး တန့်ကျင်းဝမ်းကသာလျှင် သူ့အဖေ.....သူ့အဖေကို လေးစားတယ် ချစ်မြတ်နိုးခဲ့တယ်....သူ့အဖေဒီလိုဖြစ်နေတာကို ဘယ်လိုတားရမလဲ???တန့်ကျိုး ဘာလုပ်သင့်လဲ???....ကောင်းကင်ကြီးတစ်ခုလို ပြိုကျလာသလိုပါပဲ....

ရယ်စရာကောင်းတဲဲ့အငြင်းပွားမှုကို ဖိနှိပ်ထားဖို့ အကြောင်းပြချက်ဘယ်လိုရှာရမလဲ....

တန့်ကျင်းဝမ်းက သူ့ကို ကူကယ်ရာမဲ့စွာကြည့်နေတယ်....ဆက်လက်ပြီး အငြင်းပွားဖို့ ရည်ရွယ်ချက်မရှိတော့တာကြောင့် လှည့်ထွက်သွားခဲ့လေတယ်....

တန့်ကျင်းဝမ်း ထွက်သွားတာနဲ့ ကျန်တဲ့သူတွေကလဲ အမိန့်တစ်ခုကို လက်ခံရရှိလိုက်သည့်နှယ် တန့်ကျင်းဝမ်းနောက်ကနေ လိုက်ပါသွားကြတယ်...

တစ်ခဏအတွင်းမှာပဲ စကြန်လမ်းတစ်လျှောက်လုံးမှာ ရှဲ့ဟယ်ကလွဲရင် လူသူကင်းမဲ့ကုန်တယ်...

အချိန်တစ်ခုလောက်ထိကြာတော့မှ စွန့်ပစ်ခံလိုက်ရမှန်း နားလည်သွားခဲ့တယ်....

ဘယ်လိုတွေ ဖြစ်ကုန်တာလဲ???

ချက်ချင်းမတ်တပ်ထရပ်ပြီး ပြေးလိုက်သွားသောငြားလဲ တန့်ကျင်းဝမ်းရဲ့ ကားနောက်မှီးကိုသာမြင်လိုက်ရရှာတယ်....ဘယ်လိုပဲ ဖြစ်ဖြစ် လိုက်လို့လဲ မမှီနိူင်တော့ပေ.....သနားစရာကောင်းလောက်အောင် မြေပေါ်လဲကျခဲ့ခြင်းနဲ့ သာ အဆုံးသတ်ခဲ့ရတယ်...

[444: ဘာဆက်လုပ်သင့် လဲ Hostတာ့တာ့ QAQ]

[ရှဲ့ဟယ်: ဝှက်ဖဲတွေ ထုတ်သုံးရတော့မယ်....စကားတစ်ခွန်းတည်းနဲ့ ပြောရမယ်ဆို..."စိတ်အနှောက်အယှက်" ပေးရမယ်]

[444: ဝိုးးး ဘာပဲဖြစ်ဖြစ်ပါ...Hostတာ့တာ့ ကြိုတင်ခန့်မှန်း မိတယ်မလား???ဒီနေ့ နှစ်သက်မှုတွေ အများကြီးတက်လာတယ်...(∩_∩)]

[ရှဲ့ဟယ်: Baby ကအရမ်းချစ်ဖို့ကောင်းတာပဲ...ငါ့နှလုံးသားလေးတောင် အရည်ပျော်တော့မယ်...]

[444:. .....] Host တာ့တာ့ အခု ဘာပြောလိုက်တာလဲ????

ရှဲ့ဟယ်က System တွေလို အပေါ်ယံအခြေနေကိုပဲ ကြည့်တတ်သူမဟုတ်ပါ....တန့်ကျင်းဝမ်းရဲ့ တုန့်ပြန်မှုက သူထင်ထားတာထက်ကို အများကြီး ကျော်လွန်နေတယ်....သာမာန် အတိုင်းဆို သူ့လက်ထဲမှာ ဆယ်ရှစ်နှစ်ကျော်ကြာအောင်နေခဲ့တဲ့ ဒီကလေးမှာ ဘာအပြစ်မှမရှိပေမယ့် ရန်သူကလဲထားပေးတဲ့ ကလေးဖြစ်နေတဲ့ အတွက် အနည်းနဲ့အများတော့ ဒေါသထွက်ကြမှာပဲ...

နှစ်သက်မှုတွေ ကျဆင်းကုန်ပြီး တန့်ကျင်းဝမ်းရဲ့ ဒေါသတွေကို ခံစားရမယ်လို့ ထင်ထားခဲ့တာ...ဒီလိုသာဆို စိတ်အေးလက်အေးနဲ့ နှစ်သက်မှုတွေ ပြန်တက်လာအောင် ကြိုးစားမယ်ပေါ့....အခုဟာက အထင်နဲ့လက်တွေ့ တခြားစီတွေဖြစ်ကုန်ပြီ....

အဖြစ်မှန်ကို သိသွားတုန်းက တန့်ကျင်းဝမ်းရဲ့ အမူအရာက အနိမ့်အမြင့် အတက်အကျမရှိဘဲ တစ်သတ်မှတ်တည်းပဲ....သားရင်းသေသွားတဲ့ အတွက်လဲ ဝမ်းမနည်းသလို...တန့်ကျိုးကသားအရင်းမဟုတ်တဲ့အတွက်လဲ ဒေါသထွက်မနေဘူး...အရာအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံသွားတယ်....

တန့်ကျင်းဝမ်းရဲ့ စိတ်အခြေနေကို နှစ်ပိုင်းခွဲပြီး သုံးသပ်ရမယ်ဆို ...

အိုးးး အသုံးမကျတဲ့ကောင်က ငါ့သားမဟုတ်ဘူးတဲ့..နောက်ဆုံးတော့ ဒီကောင့်ကို ဖယ်ထုတ်လို​က်နိူင်ပြီ....

ဒီအမှိုက်ကောင်က ကြည့်ကောင်းသားပဲ...ငါသူ့ကို သုံးလို့ ရသေးသားပဲ....

Zawgyi

သတ္မွတ္မိုင္ႏႈန္းေက်ာ္မတတ္ အျမန္ေမာင္းလာတာေၾကာင့္ ၁၀မိနစ္အတြင္းမွာပဲ company ကို ေရာက္သြားခဲ့တယ္....ေလွကားကေန တက္လာရင္းနဲ႔ ႐ုံးခန္းတံခါးဝကို​ၾကည့္လိုက္ေတာ့ အေစာင့္ေတြ႐ွိေနေသးတဲ့အတြက္ ဟိုမိန္းမ ႐ွိေနေသးမွန္း သိလိုက္ရတယ္....

သိပ္ေကာင္းတယ္....Drama ေလးမၿပီးခင္ ဝင္ေမႊလိုက္ဉီးမယ္......

႐ွဲ႕ဟယ္ ခ်က္ခ်င္းအမူအရာျပင္လိုက္ၿပီး ႐ုံးခန္းေ႐ွ႕ကို ကမူး႐ူးထိုး ေျပးသြားလိုက္တယ္....

အခန္းေပါက္ဝမွာတင္ အေစာင့္တစ္ေယာက္က သူ႕ကို တားထားတယ္.....

"အခုခ်ိန္ ဝင္သြားလို႔မျဖစ္ဘူး သခင္ေလး"

႐ွဲ႕ဟယ္က လူေကာင္းေလးပါ...အေစာင့္ေတြကို အခက္ေတြ႕ေအာင္ မလုပ္ေတာ့ဘဲ သူ႕အေဖကို ေအာ္တိုင္လိုက္တာေပါ့....

"Daddy!!! Daddy ကြၽန္ေတာ္ေရာက္ေနၿပီ....Daddy လူေတြ​က ေပးမဝင္ၾကဘူး!!!"

အ​ေစာင့္ေတြရဲ႕ မ်က္ႏွာေတြ မည္းသည္းေနၿပီ...သူတို႔ေတြ Boss ရဲ႕ အမိန္႔ကို နာခံ႐ုံေလးပါ...ဟုတ္တယ္ေနာ္....

တစ္မိနစ္ျပည့္ေအာင္ေတာင္ မေအာ္ရေသးခင္မွာ လြီယန္က တံခါးလာဖြင့္ေပးၿပီး သနားစရာအၾကည့္ေတြနဲ႔ ၾကည့္သြားတယ္....

"ဝင္ခဲ့ပါ..."

႐ွဲ႕ဟယ္ကေတာ့ အေျခေနတစ္ခုလုံးကို နကန္းတစ္လုံးမွ် မသိဟန္နဲ႔ အေစာင့္ႏွစ္ေယာက္ကို မ်က္ဆံလည္ျပလိုက္ေသးတယ္...ၿပီးတာနဲ႔ ေခါင္းေမာ့ရင္ေကာ့ၿပီး အခန္းထဲကို ဝင္လိုက္တယ္....

သတ္လတ္ပိုင္းအ႐ြယ္အမ်ိဳးသမီးက ႐ွဲ႕ဟယ္အခန္းထဲ ဝင္လာကတည္းက စိတ္လႈပ္႐ွားေနတဲ့ အၾကည့္ေတြနဲ႔ ထူးဆန္းစြာ လိုက္ၾကည့္ေနတယ္...႐ွဲ႕ဟယ္ကလဲ ဒီလိုအၾကည့္ခံရတာကို မေက်မခ်မ္းျဖစ္ေနဟန္နဲ႔.....

"ဘာၾကည့္ေနတာလဲ? ခင္ဗ်ားတစ္ခုခုျဖစ္ေနတာလား???"

ၿပီးတာနဲ႔ တန္႔က်င္းဝမ္းဘက္ကိုလွည့္ၿပီး အျပဳံးေတြ ေဖာေဖာသီသီေပးလိုက္ၿပီး...

"Daddy~~~"

႐ွဲ႕ဟယ္ရဲ႕ ႐ုပ္ေျပာင္း႐ုပ္လြဲSkill ေၾကာင့္ အကုန္လုံးမွင္သက္ေနၾကတယ္.....

တန္႔က်င္းဝမ္းကေတာ့ ထုံးစံအတိုင္း မ်က္ႏွာေသႀကီးနဲ႔ ေခါင္းတစ္ခ်က္ညိတ္ၿပီး...

"ေရာက္လာၿပီလား..."

"အင္း..."

႐ွဲ႕ဟယ္က မ်က္ဝန္းေတြ လျခမ္းေကြးသ႑ာန္ျဖစ္တဲ့အထိျပဳံးျပလို​က္ၿပီး ေမွ်ာ္လင့္ေစာင့္စားေနဟန္နဲ႔....

"မွာထားတဲ့ Sport car မၾကာခင္ေရာက္လာေတာ့မယ္ဆို...."

တန္႔က်င္းဝမ္းက ေခါင္းပဲ ညိတ္ျပေနတယ္....

ေဘးမွာ ရပ္ေနတဲ့ လြီယန္ကေတာ့ သူ႕မ်က္လုံးေတြကို ဖုံးကာထားခ်င္ေနၿပီ....ေ႐ွ႕မွာျမင္ေနရတဲ့ ဇာက္ကြက္ႀကီးက အင္မတန္ သည္းထိတ္ရင္ဖိုဆန္လြန္းေနတာေၾကာင့္ အစြမ္းကုန္သုံးၿပီးတည္ၿငိမ္ေအာင္ထိန္းေနရတယ္....သူကိုယ့္သူထိန္းႏိူင္ေပမယ့္ တစ္စုံတစ္ေယာက္ေတာ့ သည္းမခံႏိုင္ေတာ့ဘူးနဲ႔တူတယ္!!!

သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးက ႐ုတ္တရက္ႀကီး စူးစူးဝါးဝါးရယ္ေမာေနတယ္... အူလိႈက္သည္းလိႈက္​ရယ္ေမာေနတာမ်ား ခႏၶာကိုယ္ႀကီးေတာင္ ယိမ္းထိုးေနတယ္.....

"ဟားးဟားးးဟားးး အဲ့တာ နင့္သားလား??ဟားးးးးနင္က မေမွ်ာ္လင့္ဘဲ ေစာက္သုံးမက်တဲ့ အမိႈက္ကို ျပဳစုပ်ိဳးေထာင္ခဲ့တာေပါ့...ဟားးးး ရယ္ရလြန္းလို႔ေသေတာ့မယ္...."

ဒီလိုမ်ိဳးေတြ မၾကားခ်င္ေပါင္....သူက အသုံးျဖဳန္းႀကိးတဲ့ သူေဌးသားဆိုေပမယ့္ အခုလို မ်က္ႏွာခ်င္းဆိုင္ၿပီး ဒဲ့တိုးႀကီးေစာ္ကားတာမ်ိဳးတစ္ခါမွ မၾကားခဲ့ရဖူးဘူး....

"ေသခ်င္ေနလို႔ ေပါက္ကရေတြလာေျပာေနတာလား??"

ထိုအမ်ိဳးသမီးက ႐ွဲ႕ဟယ္ကို နည္းနည္းေလးမွ အဖက္မလုပ္ဘဲ တန္႔က်င္းဝမ္းကိုသာ စူးစူးရဲရဲစိုက္ၾကည့္ေနၿပီး ေလွာင္ျပဳံးေတြျပဳံး​ျပေနတယ္....

"နင္ မယုံဘူးဆိုလဲ ေသြးသားေတာ္စပ္မႈစစ္လိုက္ေပါ့.....ဒါဆို အကုန္႐ွင္းသြားလိမ့္မယ္....နင့္သားအရင္းဘယ္ေရာက္ေနလဲလို႔ေတာ့ လာမေမးနဲ႔ ေသေတာင္ မေျပာဘူးမွတ္....ဟားးးးးး နင္လုပ္ခဲ့တဲ့ မေကာင္းမႈေတြေၾကာင့္ ဒီလိုေန႔မ်ိဳးနဲ႔ ၾကဳံေနရတာ...!!!!"

႐ွဲ႕ဟယ္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားတယ္....

"ေသြးသားေတာ္စစ္မႈစစ္မယ္???"

တန္႔က်င္းဝမ္းက ႐ွဲ႕ဟယ္ကို စူးစူးနစ္နစ္ၾကည့္ေနရင္းနဲ႔ လြီယန္႔ကို အမိန္႔လွမ္းေပးလိုက္တယ္....

"အဲ့မိန္းမကို ေအာက္ကို ေခၚသြားလိုက္ေတာ့...."

"ဟုတ္ကဲ့..."

လြီယန္က ထိုအမ်ိဳးသမီးကို လက္ေမာင္းကေန ဆြဲေခၚသြားတယ္...ထိုမိန္းမကလဲ လမ္းတစ္ေလွ်ာက္လုံး ေသြး႐ူးေသြးတန္းနဲ႔ ေအာ္ရယ္တယ္...ထိုရယ္သံေတြက ႐ွဲ႕ဟယ္ကို ထိတ္လန္႔ေၾကာက္႐ြံ႕ေစတယ္....

႐ွဲ႕ဟယ္ မေက်မနပ္နဲ႔ ႏႈတ္ခမ္းဆူလိုက္ၿပီး...

"အဲ့မိန္းမက ဘယ္သူလဲ??? တကယ္ကို ႐ြံဖို႔ေကာင္းတယ္..."

တန္႔က်င္းဝမ္းက မဆိုသေလာက္ေလးျပဳံးေနတယ္.....

႐ွဲ႕ဟယ္က ထုံးစံအတိုင္း တန္႔က်င္းဝမ္းရဲ႕ လက္ေမာင္းကို ေျပးဖက္လိုက္ၿပီး ေခါင္းေလးေမာ့ကာ.....

"Daddy ကြၽန္ေတာ္ေမးေနတာ ဘာလို႔မေျဖတာလဲ??"

ဒီေကာင္ေလးကို အနီးကပ္ၾကည့္လိုက္ေတာ့မွ သူနဲ႔ မတူမွန္း ေတြးမိေတာ့တယ္...ဟိုမိန္းမေျပာသြားတာေတြနဲ႔ ပတ္သတ္ၿပီး သူ႕မွာ သံသယမ႐ွိဘူး....ေသခါနီးေနတဲ့ လူတစ္ေယာက္က မုသားမဆိုေလာက္ဘူးေလ...ဒါေပမယ့္လဲ တန္႔က်င္းဝမ္းဆိုတာ သက္ေသသက္ကာရေတြကို အထူးဂ႐ုစိုက္သူတစ္ေယာက္ျဖစ္တယ္...ဒါ့ေၾကာင့္
မ်က္ႏွာတစ္ခုတည္းကိုပဲၾကည့္ၿပီး လြယ္လြယ္ဆုံးျဖတ္လိမ့္မည္မဟုတ္ေပ....ေသြးသားေတာ္စပ္မႈစစ္ေဆးဖို႔ လိုလာၿပီပဲ.....

"မင္းလဲ ဒီကိုေရာက္ေနမွေတာ့ ေသြးသားေတာ္စပ္မႈသြားစစ္ၾကတာေပါ့...."

ျငင္းဆန္ခ်င္တဲ့အျပင္ ေမးခြန္းထုတ္လိုဟန္အၾကည့္ေတြနဲ႔ တန္႔က်င္းဝမ္းကို ျပန္ၾကည့္လိုက္တယ္....အၾကည့္ေတြထဲမွာ တျဖည္းျဖည္းနဲ႔ စိုးရိမ္မႈေတြပါ ေပၚထြက္လာတယ္....

"Daddy ေနလို႔မေကာင္းဘူးလား???ဖ်ားေနတာလား???"

"မဟုတ္ပါဘူး..."

တန္႔က်င္းဝမ္းက တခစ္ခစ္ရယ္ေမာေနရင္းကေန...

"ငါတို႔ေတြ ေသြးသားေတာ္စပ္မႈ သြားစစ္ၾကမယ္"

႐ွဲ႕ဟယ္တစ္ေယာက္ ခ်က္ခ်င္းဆိုသလို ထိတ္ထိတ္ျပာျပာျဖစ္သြားၿပီး.....

"Daddy ေျပာေနတာေတြ ကြၽန္ေတာ္နားမလည္ေတာ့ဘူး...ဘာလို႔ ေသြးသားေတာ္စပ္မႈ စစ္ရမွာလဲ??"

"ဘာလို႔လဲဆိုေတာ့...မင္းက ငါ့သားအရင္းမဟုတ္လို႔ေပါ့...."

ေကာင္ေလးအေပၚ ဘယ္ေလာက္ထိ ရက္စက္စြာအက်ိဳးသက္ေရာက္သြားမယ္မွန္း မသိေလတဲ့ တန္႔က်င္းဝမ္းက မသိလိုက္မသိဘာသာ ေျပာခ်လိုက္ေလတယ္......

႐ုတ္တရက္ ေနာက္ဆုတ္လိုက္မိတဲ့အထိ ႐ွဲ႕ဟယ္ရဲ႕ အမူအရာေတြ အက်ည္းတန္ေနတယ္....

"ဒါမ်ိဳးနဲ႔ေတာ့ မေနာက္ေကာင္းဘူး Daddy!!!"

တန္႔က်င္းဝမ္းဆိုသူက စာနာနားလည္တတ္သူမဟုတ္ေပ....ဒီေကာင္ေလးက သူ႕ကေလးမဟုတ္မွေတာ့ ဘာမွ သည္းခံေနစရာမလိုေတာ့ဘူး.....

႐ုတ္တရက္ မတ္တပ္ထရပ္လိုက္တဲ့ တန္႔က်င္းဝမ္းက ထိတ္လန္႔ေၾကာက္႐ြံ႕မႈေၾကာင့္ တုန္တုန္ရီရီျဖစ္ေနတဲ့ ႐ွဲ႕ဟယ္ကို စီးမိုးၾကည့္​ေနၿပီး....

"ေနာက္ေနတာမဟုတ္ဘူး..."

ထိုေလသံက ေမးခြန္းထပ္မထုတ္ရဲေလာက္ေတာ့တဲ့အထိ ႐ွဲ႕ဟယ္ကို တုန္လႈပ္​ေျခာက္ျခားသြားေစတယ္......

"မလိုက္ဘူး!!!!"

ၿပီးတာနဲ႔ ေနာက္လွည့္ၿပီး အခန္းထဲကေန ထြက္ေျပးဖို႔ ျပင္္တယ္....သို႔ေပမယ့္လဲ ေျခလွမ္းအနည္းငယ္အတြင္းမွာပဲ အျပင္မွာေစာင့္ေနတဲ့ အေစာင့္ေတြလက္ထဲ အမိခံလိုက္ရ႐ွာတယ္.....

နဂိုကတည္းကမွ ႐ွဲ႕ဟယ္ကို မ်က္စိစပါးေမႊးစူးေနၾကတဲ့ အေစာင့္ေတြက ႐ွဲ႕ဟယ္ကို အခန္းထဲ ျပန္တြန္းပို႔လိုက္ၾကတယ္....

တန္႔က်င္းဝမ္းက ႐ွဲ႕ဟယ္ဆီကို ေလွ်ာက္လာၿပီး မ်က္လုံးခ်င္းဆုံေအာင္ တည့္တာ္႕ၾကည့္လိုက္ကာ....

"သြားၾကမယ္...."

………………… ………………… ………………… …………………

႐ွဲ႕ဟယ္က အလိုမတူဘဲ ေဆး႐ုံကို အတင္းအၾကပ္ေခၚသြားခံလိုက္ရတယ္....ဘယ္လိုပဲ ႐ုန္းကန္းေတာင္ဆိုေနပါေစ တန္႔က်င္းဝမ္းကေတာ့ မ်က္ေတာင္တစ္ခ်က္ေတာင္ မခတ္သြားခဲ့ေပ....

သူ႕ကို အၿမဲတေစ အလိုလိုက္တတ္တဲ့ ဒီလူဆီမွာ သူ႕အတြက္ ခံစားခ်က္ေတြမ႐ွိေတာ့မွန္း လက္ခံလိုက္ပါၿပီ...ငိုျပေနလဲ အေၾကာင္းမထူးေတာ့တာေၾကာင့္ မ်က္ရည္ေတြ ႏွာ​ရည္ေတြ သုတ္လိုက္ၿပီး....

"အိမ္ျပန္ၾကမယ္ေနာ္....ကြၽန္ေတာ္က Daddy သားအရင္း မဟုတ္စရာလား???Daddy. ...???"

"မင္းက ငါသားအရင္း ဟုတ္မဟုတ္ နာရီဝက္အတြင္းအေျဖသိရေတာ့မယ္...."

တန္႔က်င္းဝမ္းက လက္မွာပတ္ထားတဲ့နာရီကို တစ္ခ်က္ၾကည့္ၿပီး​ေျပာလိုက္တယ္....

႐ွဲ႕ဟယ္ကို သက္ေတာ္ေစာင့္ေတြက ခ်ဳပ္ထားၾကတယ္...ဒီလူစိတ္ေျပာင္းမွာ မဟုတ္ေတာ့မွန္း နညးလည္လိုက္ပါၿပီ....ဒါ့ေၾကာင့္ ႐ုန္းကန္မေနေတာ့ဘဲ ၾကမ္းျပင္ေပၚ ဒူးေထာက္ ထိုင္ခ်လိုက္တယ္....

သက္လတ္ပိုင္းအမ်ိဳးသမီးရဲ႕ ျပသာနာကို ေျဖ႐ွင္းၿပီးသြားတာနဲ႔ အျမန္လိုက္လာတဲ့ လြီယန္ က ႐ွဲ႕ဟယ္ရဲ႕ လက္႐ွိအေနအထားကို ျမင္လိုက္ရတယ္....အရင္တုန္းကေတာ့ အသုံးအျဖဳန္းႀကီးလြန္းတဲ့ ဒီကေလးကို မစၥတာတန္႔ရဲ႕သားျဖစ္ဖို႔ မထိုက္တန္ဘူးလို႔ပဲ ထင္ခဲ့မိတယ္...ဒါေပမယ့္ ဒီကေလးသာ Bossရဲ႕ သားအရင္းမဟုတ္ရင္ Boss ရဲ႕ ေဒါသကို ဒီကေလး ခံႏိုင္ရည္႐ွိမွာ မဟုတ္ေလာက္ဘူး.....ဒီကေလးကို ေစာင့္ႀကိဳေနမယ့္အရာေတြအေၾကာင္းေတြးမိလိုက္ေတာ့ ဒီကေလးကို စာနာသနားစိတ္ေလးဝင္လာတယ္....

ေကာင္းကင္ဘုံကေန ငရဲျပည္ကို ဆင္းရသလို အနိမ့္အျမင့္မ်ိဳးကို သာမာန္လူေတြေတာင္ ခံႏိုင္ရည္မ႐ွိၾကဘူးေလ....ဒါ့အျပင္ ဒီကေလးက ေမြးကတည္းက Boss ရဲ႕ လက္ထဲမွာ လိုတရဘဝနဲ႔ႀကီးျပင္းခဲ့တာဆိုေတာ့ ဒီလို ဆုတ္ယုတ္မႈမ်ိဳးကို ဒီကေလး ခံႏိူင္ရည္္႐ွိပါ့မလဲ???

တိုက္ခိုက္လာမယ့္ အရာေတြကို ဒီကေလး ခံႏိုင္ရည္မ႐ွိမွာ ေၾကာက္မိပါရဲ႕.....

လြန္ေလခဲ့ေသာ နာရီအနည္းငယ္က ႐ွဲ႕ဟယ္အတြက္ေတာ့ ဘဝတစ္ခုစာ တမွ်႐ွည္ၾကာလြန္းပါတယ္....ေနာက္ဆုံးမွာေတာ့ ဆရာဝန္က ေဆးစစ္ခ်က္ကို လက္ကကိုင္ၿပီးေရာက္လာေနၿပီ....

ဆရာဝန္လက္ထဲက စာ႐ြက္ႏွစ္႐ြက္ကို မ်က္လုံးပင့္ၾကည့္ၿပီး စိတ္ထဲမွာေတာ့ သူက တန္႔က်င္းဝမ္းရဲ႕ သားျဖစ္ေနပါေစလို႔ပဲ ဆုေတာင္းေနမိတယ္....အကယ္၍ သူသာ အေဖ့သားအရင္းဆို ခုနကတုန္းက ပစ္ပစ္ခါခါဆက္ဆံခဲ့တာေတြအတြက္ ဆဲေရးမိမွာအမွန္ပဲ....

တန္႔က်င္းဝမ္း ေဆးစစ္ခ်ကိအေျဖကို ဖတ္ၿပီးတဲ့ အထိစိတ္႐ွည္လက္႐ွည္ေစာင့္ေနလိုက္တယ္...တန္႔က်င္းဝမ္း ခပ္ေဖ်ာ့ေဖ်ာ့ ျပဳံးလို​က္တာ ျမင္တာေၾကာင့္.....

"Daddy!!!ကြၽန္ေတာ္က Daddy သားမလား???
ဟိုမိန္းမႀကီး အလိမ္အညာေတြေျပာသြားတာမလား....Daddy အမွားလုပ္မိၿပီေနာ္..."

တန္႔က်င္းဝမ္းက ေဆးစစ္ခ်က္အေျဖကို ခ်ထားလိုက္ၿပီး ျပဳံးျပဳံးႀကီးနဲ႔ ေျပာခ်လို​က္တယ္....

"မဟုတ္ဘူး...မင္းက ငါ့သားမဟုတ္ဘူး..."

ေကာင္ေလးရဲ႕ အမူအရာေတြ ပ်က္ယြင္းသြားတာကို ၾကည့္ေနခဲ့မိတယ္...လူေသတစ္ေယာက္လို မ်က္ႏွာတစ္ခုလို ျဖဴေဖ်ာ့ေနေပမယ့္ မဟူရာၾကယ္စင္ေတြလို လင္းလက္တဲ့ မ်က္ဝန္းေတြရယ္ တဆတ္ဆတ္တုန္ရီေနတဲ့ အနီေရာင္ ႏႈတ္ခမ္းပါးေလးကယ္က တကယ္ကို လိုက္ဖက္လြန္းေနတယ္....

တုန္ရီေနတဲ့ ခႏၶာကိုယ္ေလးကလဲ ေလအေဝွ႔မွာ လြင့္ပါး ပဲ့ေႂကြသြားေတာ့မယ့္ ညိႇဳးႏြမ္းေနတဲ့ ပန္းေလးတစ္ပြင့္ပုံႏွယ္.....ဒါေလးက ျမင္သူတကာတိုင္းရဲ႕  အင္အားစိုက္ထုတ္ၿပီးဖ်က္စီးပစ္ေစခ်င္စိတ္ကို ႏိႈးဆြေနတယ္...

အရင္တုန္းကေတာ့ သူ႕သားမွာ မ်က္ႏွာတစ္ခုကလြဲရင္ ေကာင္းကြက္တစ္ခုမွမ႐ွိဘူးလို႔ ထင္ထားခဲ့မိတယ္...ဒါေပမယ့္ အဲ့ဒီ့မ်က္ႏွာေလးကပဲ သန္မာတဲ့ အေၾကာင္းျပခ်က္တစ္ခုျဖစ္လာေနၿပီ...အနည္းဆုံးေတာ့ သူ႕မ်က္စိထဲမွာ မ်က္စိပဒသာျဖစ္လြန္းေနတယ္မလား.....

ဒီေကာင္ေလးကို အမိႈက္တစ္ခုလို႔ပဲ အၿမဲတမ္းျမင္ခဲ့မိတယ္....မထင္မွတ္ထားဘဲ ဒီေကာင္ေလးက ႐ွားပါးအဖိုးတန္ေလးျဖစ္ေနတယ္.....

[တင္းေတာင္ ပစ္မွတ္ရဲ႕ ႏွစ္သက္မႈ 10မွတ္ ထပ္တိုးပါတယ္...စုစုေပါင္း 35 မွတ္ပါ....]

တန္႔က်င္းဝမ္းက မတ္တပ္ထရပ္လိုက္ၿပီး ႐ွဲ႕ဟယ္ကို အုပ္မိုးၿပီးၾကည့္ေနတယ္....

႐ွဲ႕ဟယ္ရဲ႕ ႏႈတ္ခမ္းေတြ တဆတ္ဆတ္တုန္ရီေနတယ္....မတ္တပ္ထရပ္ဖို႔ ေတာင္ ခြန္အားမ႐ွိေတာ့တာေၾကာင့္ ၾကမ္းျပင္ေပၚမွာ ဒူးေထာက္ေနရတယ္....မ်က္ဝန္းေတြကလဲ ငိုေတာ့မလို ၿပိဳေတာ့မလိုဟန္နဲ႔ ေငြ႕ရည္ေတြရစ္သိုင္းေနၿပီး အသံေတြကလဲ ကြဲအက္တုန္ရီေန႐ွာတယ္....

"Daddy ကြၽန္ေတာ္႕ကို ညာေနတာမလား??"

တန္႔က်င္းဝမ္းက ျဖည္းျဖည္းခ်င္းေခါင္းခါလိုက္ၿပီး.....

"ငါ့ကို Daddy လို႔မေခၚနဲ႔..."

"ဟင့္အင္း...Daddy က ကြၽန္ေတာ့္အေဖ...ကြၽန္ေတာ္႕အေဖ!!!!"

႐ွဲ႕ဟယ္ ေခါင္းမာမာနဲ႔ ျငင္းဆန္ေနတယ္...ဘယ္လိုလုပ္ၿပီး သူ႕ Daady မဟုတ္ရမွာလဲ???ဒီလိုမျဖစ္ရဘူး!!!!

လူမွန္းသိတတ္စအ႐ြယ္ကတည္းကစၿပီး တန္႔က်င္းဝမ္းကသာလွ်င္ သူ႕အေဖ.....သူ႕အေဖကို ေလးစားတယ္ ခ်စ္ျမတ္ႏိုးခဲ့တယ္....သူ႕အေဖဒီလိုျဖစ္ေနတာကို ဘယ္လိုတားရမလဲ???တန္႔က်ိဳး ဘာလုပ္သင့္လဲ???....ေကာင္းကင္ႀကီးတစ္ခုလို ၿပိဳက်လာသလိုပါပဲ....

ရယ္စရာေကာင္းတဲဲ႕အျငင္းပြားမႈကို ဖိႏွိပ္ထားဖို႔ အေၾကာင္းျပခ်က္ဘယ္လို႐ွာရမလဲ....

တန္႔က်င္းဝမ္းက သူ႕ကို ကူကယ္ရာမဲ့စြာၾကည့္ေနတယ္....ဆက္လက္ၿပီး အျငင္းပြားဖို႔ ရည္႐ြယ္ခ်က္မ႐ွိေတာ့တာေၾကာင့္ လွည့္ထြက္သြားခဲ့ေလတယ္....

တန္႔က်င္းဝမ္း ထြက္သြားတာနဲ႔ က်န္တဲ့သူေတြကလဲ အမိန္႔တစ္ခုကို လက္ခံရ႐ွိလိုက္သည့္ႏွယ္ တန္႔က်င္းဝမ္းေနာက္ကေန လိုက္ပါသြားၾကတယ္...

တစ္ခဏအတြင္းမွာပဲ စၾကန္လမ္းတစ္ေလွ်ာက္လုံးမွာ ႐ွဲ႕ဟယ္ကလြဲရင္ လူသူကင္းမဲ့ကုန္တယ္...

အခ်ိန္တစ္ခုေလာက္ထိၾကာေတာ့မွ စြန္႔ပစ္ခံလိုက္ရမွန္း နားလည္သြားခဲ့တယ္....

ဘယ္လိုေတြ ျဖစ္ကုန္တာလဲ???

ခ်က္ခ်င္းမတ္တပ္ထရပ္ၿပီး ေျပးလိုက္သြားေသာျငားလဲ တန္႔က်င္းဝမ္းရဲ႕ ကားေနာက္မွီးကိုသာျမင္လိုက္ရ႐ွာတယ္....ဘယ္လိုပဲ ျဖစ္ျဖစ္ လိုက္လို႔လဲ မမွီႏိူင္ေတာ့ေပ.....သနားစရာေကာင္းေလာက္ေအာင္ ေျမေပၚလဲက်ခဲ့ျခင္းနဲ႔ သာ အဆုံးသတ္ခဲ့ရတယ္...

[444: ဘာဆက္လုပ္သင့္ လဲ Hostတာ့တာ့ QAQ]

[႐ွဲ႕ဟယ္: ဝွက္ဖဲေတြ ထုတ္သုံးရေတာ့မယ္....စကားတစ္ခြန္းတည္းနဲ႔ ေျပာရမယ္ဆို..."စိတ္အေႏွာက္အယွက္" ေပးရမယ္]

[444: ဝိုးးး ဘာပဲျဖစ္ျဖစ္ပါ...Hostတာ့တာ့ ႀကိဳတင္ခန္႔မွန္း မိတယ္မလား???ဒီေန႔ ႏွစ္သက္မႈေတြ အမ်ားႀကီးတက္လာတယ္...(∩_∩)]

[႐ွဲ႕ဟယ္: Baby ကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ...ငါ့ႏွလုံးသားေလးေတာင္ အရည္ေပ်ာ္ေတာ့မယ္...]

[444:. .....] Host တာ့တာ့ အခု ဘာေျပာလိုက္တာလဲ????

႐ွဲ႕ဟယ္က System ေတြလို အေပၚယံအေျခေနကိုပဲ ၾကည့္တတ္သူမဟုတ္ပါ....တန္႔က်င္းဝမ္းရဲ႕ တုန္႔ျပန္မႈက သူထင္ထားတာထက္ကို အမ်ားႀကီး ေက်ာ္လြန္ေနတယ္....သာမာန္ အတိုင္းဆို သူ႕လက္ထဲမွာ ဆယ္႐ွစ္ႏွစ္ေက်ာ္ၾကာေအာင္ေနခဲ့တဲ့ ဒီကေလးမွာ ဘာအျပစ္မွမ႐ွိေပမယ့္ ရန္သူကလဲထားေပးတဲ့ ကေလးျဖစ္ေနတဲ့ အတြက္ အနည္းနဲ႔အမ်ားေတာ့ ေဒါသထြက္ၾကမွာပဲ...

ႏွစ္သက္မႈေတြ က်ဆင္းကုန္ၿပီး တန္႔က်င္းဝမ္းရဲ႕ ေဒါသေတြကို ခံစားရမယ္လို႔ ထင္ထားခဲ့တာ...ဒီလိုသာဆို စိတ္ေအးလက္ေအးနဲ႔ ႏွစ္သက္မႈေတြ ျပန္တက္လာေအာင္ ႀကိဳးစားမယ္ေပါ့....အခုဟာက အထင္နဲ႔လက္ေတြ႕ တျခားစီေတြျဖစ္ကုန္ၿပီ....

အျဖစ္မွန္ကို သိသြားတုန္းက တန္႔က်င္းဝမ္းရဲ႕ အမူအရာက အနိမ့္အျမင့္ အတက္အက်မ႐ွိဘဲ တစ္သတ္မွတ္တည္းပဲ....သားရင္းေသသြားတဲ့ အတြက္လဲ ဝမ္းမနည္းသလို...တန္႔က်ိဳးကသားအရင္းမဟုတ္တဲ့အတြက္လဲ ေဒါသထြက္မေနဘူး...အရာအားလုံးကို တည္တည္ၿငိမ္ၿငိမ္နဲ႔ လက္ခံသြားတယ္....

တန္႔က်င္းဝမ္းရဲ႕ စိတ္အေျခေနကို ႏွစ္ပိုင္းခြဲၿပီး သုံးသပ္ရမယ္ဆို ...

အိုးးး အသုံးမက်တဲ့ေကာင္က ငါ့သားမဟုတ္ဘူးတဲ့..ေနာက္ဆုံးေတာ့ ဒီေကာင့္ကို ဖယ္ထုတ္လို​က္ႏိူင္ၿပီ....

ဒီအမိႈက္ေကာင္က ၾကည့္ေကာင္းသားပဲ...ငါသူ႕ကို သုံးလို႔ ရေသးသားပဲ....

Continue Reading

You'll Also Like

27K 3.6K 55
Original Title Saving the Tragic Adonis •Associated Names 拯救美强惨反派[穿书] •Type Web Novel (CN) •Genre Comedy School Life Shounen Ai Slice of Life •Author...
20.2K 2.6K 77
Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်...
261K 20.9K 156
Title - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်...
5.2M 710K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...