Behind the lust for a man(Com...
By YitDaungNyo_15
261K 13.2K 616
ခင်‌ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံ... More
BTLFAM ( 1 ) Unicode
BTLFAM (1) Zawgyi
BTLFAM (2) Unicode
BTLFAM(2) Zawgyi
BTLFAM (3) Unicode
BTLFAM (4) Unicode
BTLFAM (4) Zawgyi
BTLFAM (5) Unicode
BTLFAM (5) Zawgyi
BTLFAM (6) Unicode
BTLFAM (6) Zawgyi
BTLFAM (7)+ Unicode
BTLFAM (7)+ Zawgyi
BTLFAM (8) Unicode
BTLFAM (8) Zawgyi
BTLFAM (9) Unicode
BTLFAM (9) Zawgyi
BTLFAM (10) Unicode
BTLFAM (10) Zawgyi
BTLFAM (11) Unicode
BTLFAM (11) Zawgyi
BTLFAM (12) Unicode
BTLFAM (12) Zawgyi
BTLFAM (13) Unicode
BTLFAM (13) Zawgyi
BTLFAM (14) Unicode
BTLFAM (14) Zawgyi
BTLFAM (15) Unicode
BTLFAM (15) Zawgyi
BTLFAM (16) Unicode
BTLFAM (16) Zawgyi
BTLFAM (17) Unicode
BTLFAM (17) Zawgyi
BTLFAM (18) Unicode
BTLFAM (18) Zawgyi
BTLFAM (19.5) Uni/Zawgyi
BTLFAM (19) Unicode
BTLFAM (19) Zawgyi
BTLFAM (20) Unicode
BTLFAM (20) Zawgyi
BTLFAM (21) Unicode
BTLFAM (21) Zawgyi
BTLFAM (22) Unicode
BTLFAM (22) Zawgyi
BTLFAM (23) Unicode
BTLFAM (23) Zawgyi
BTLFAM (24) Unicode
BTLFAM (24) Zawgyi
BTLFAM (25) Unicode
BTLFAM (25) Zawgyi
BTLFAM (26) Unicode
BTLFAM (26) Zawgyi
BTLFAM (27) Unicode
BTLFAM (27) Zawgyi
BTLFAM (28) Unicode
BTLFAM (28) Zawgyi
BTLFAM (29) Unicode
BTLFAM (29) Zawgyi
BTLFAM (Final 30)Unicode
BTLFAM (Final 30) Zawgyi
တစ်ခန်းရပ်(uni/Zawgyi)
For New fic
BTLFAM (3) Zawgyi
2.4K 54 1
By YitDaungNyo_15
Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)
အပိုင်း(၃)
စားဖိုဆောင်၏အမှိုက်စွန့်ပြစ်ရာ ဂျောင်တစ်ဂျောင်၌ စားပွဲထိုးတစ်ယောက်ကို ထုရိုက်နေသည့် Bazကို Hotel၏ Securityလေးယောက်ကအပြေးလာ၍တားလေသည်။
" Hey Master ဒီလိုထုရိုက်နေလို့မရဘူး "
ခွပ်..ခွပ်
အနောက်ကနေဖက်ကာလက်ကိုအတင်းလာချုပ်နေသည့် လုံခြုံရေးနှစ်ယောက်ကို ထပ်ထိုးလိုက်ပြန်သည်။
" မင်းတို့ကဘာမို့ ငါ့ကိုလာတားရဲတာလဲ"
Baz၏အသံသည် စားဖိုဆောင်တစ်ခွင် ခြင်္သေ့တစ်ကောင်ဟိန်းသကဲ့သို့ လွှမ်းမိုးသွားသည်။ Bazက အခုသွေးဆာနေတဲ့ ခြင်္သေ့တစ်ကောင်ထက်မပို..။
Ti.Ti
" စားဖိုဆောင်က Securityတွေ bossရဲ့ရုံးခန်းကိုလာခဲ့ပေးပါ..စားဖိုဆောင်က Securityတွေ bossရဲ့ရုံးခန်းကိုလာခဲ့ပေးပါ "
Securityတွေရဲ့ ရင်ဘတ်ရှိ စကားပြောကရိယာလေး၏ အသံကြောင့် လဲကျနေသည့်နှစ်ယောက်ကိုထူကာ မပြေးရုံတမယ်‌လေးယောက်စလုံးပြန်ထွက်သွားသည်။ Bazလည်း ထိုအရာကိုကြည့်ပြီး ခနဲ့ပြုံး ပြုံးလိုက်သည်။
ယူနီဖောင်းအားကိုးပြီး Maxiyoကိုလာဟောက်ချင်လို့တော့မရဘူး.. Maxiyoကိုဟောက်ချင်ရင် ယူနီဖောင်းမလိုဘူး သေရဲဖို့ ပဲလိုတယ်.. Maxiyoတွေကယူနီဖောင်းကိုမကြောက်တတ်ဘူး..
Baz အရှေ့ရှိမသေရုံတမယ်ကွဲပြဲကာ သွေးတို့ပင်ယိုစိမ့်‌နေသည့်သူကိုကြည့်လိုက်ပြီး မကျေနပ်ချက်များတန်းစီနေသည်။ Bazထိုလူကို လွှတ်ပေးဖို့စိတ်ကူးမရှိ‌ပါ။
" မင်းကတော့ဆရာယုံစားပြီး ကံဆိုးသွားပြီ ဒါပေမဲ့ မင်းစိတ်ချပါ မင်းအနောက်ကို မင်းရဲ့သမီးလေးရော မိန်းမကိုရောပါထည့်ပေးလိုက်မှာ အဟက်.! "
သွေးပျက်ကာ ဖြူစွတ်သွားပြီး လည်ချောင်းလှုပ်ရုံသာတတ်နိုင်သည့်လူကို Bazအရသာခံကြည့်နေသည်။ ပြီးနောက် Bazသာအချိန်မမှီလိုက်ရင် ထိုလူနေရာမှာ နှလုံးသားရဲ့ပဲ့ကိုင်ရှင်ဖြစ်နေမည့်အကြောင်းတွေးမိ၍ Baz၏စိတ်တို့အစိုးမရတော့ချေ။
Baz၏ပုံသည် စိတ္တစဆန်လွန်းသည်။
" နောင်ဘဝအထိမှတ်သွား ဆရာမကောင်းရင် ဒီဘဝလိုပဲမင်းသေရအုံးမှာ "
Bazအိတ်ကပ်ထဲ၌သိမ်းထားသည့် ထိုလူရဲ့အသံတိတ်ပြောင်းတပ်ထားသည့်သေနတ်ဖြင့် ထိုလူ၏ရင်ဝကို သုံးချက်တိတိဆင့်၍ပြစ်လိုက်သည်။ တစိမ့်စိမ့်ယိုစီးလာသောသွေးတွေကို Bazဂရုမစိုက်ဘဲ စီးကရက်ကိုမီးညှိလိုက်သည်။ တခြားလူဆို gasအိုးတွေရှိ၍သောက်ရဲမှာမဟုတ်ပေမယ့် Bazက Mr.Maxiyoလေ..။
Maxiyoတွေက သေရဲတယ်၊ သတ်ရဲတယ်။
နက်ပြောင်နေသောလည်သာဖိနပ်၏အောက်ခြေ၌ စိုစွတ်သောသွေးတို့သည် စေးကပ်ကပ်ဖြစ်လာသည်။ Bazသည် ထိုအချင်းအရာကိုမမှုပါ။ Baz၏ စီးကရက်သောက်ခြင်းသည် ညှီစို့စို့သွေးရနံ့တချို့ပါမှပြည့်စုံသွားသည်မို့ ဆက်ရပ်နေခဲ့သည်။
" Master.. Ms.Maxiyoကဖုန်းပြောချင်လို့ပါတဲ့ "
အနားကိုအ‌ပြေးရောက်လာသည့် M2ကိုဂျို(ချို)ကြည့်ကြည့်ပြီး လက်ထဲကဖုန်းကိုဆွဲယူလိုက်သည်။
" Baz သေချင်နေပြီလား အခုထွက်တော့ လင်ချစ်မခံရသေးပဲ သေချင်လို့လား "
" Oh!Mom..ကျွန်တော်စိတ်ခံစားချက်ကောင်းမနေဘူး Momနဲ့စ မနေနိုင်ဘူး ပြီးတော့ကျွန်တော်ဒီကထွက်လို့မရသေးဘူး..."
" ပူမနေနဲ့ မင်းလင်ထွက်သွားပြီ အမြန်အဲ့ထဲကနေထွက်တော့ ငါ့ကိုနှလုံးရောဂါရအောင်မလုပ်နဲ့ "
" Ms.Maxiyoကို နှလုံးရောဂါ‌ရအောင်မလုပ်ရဲပါဘူးဗျာ အဟား..."
Baz ဖုန်းမြန်မြန်ချကာ M2ကိုပေးလိုက်ပြီး စားဖိုဆောင်ထဲကထွက်ရန်ပြင်လိုက်သည်။ Baz Momနှင့်စကားအကြာကြီးပြောရလောက်တဲ့အထိ စိတ်ခံစားချက်တို့သည် ကောင်းမနေပါ။
လွန်ခဲ့သော ငါးမိနစ်ခန့်က..
Bellaကွန်ပျူတာနှစ်လုံးနှင့်အလုပ်ရှုတ်နေခဲ့သည်။ ဂိုဏ်းထဲမှာယုံကြည်အားကိုးရသည့် ကလေးတွေရှိပေမယ့် ကိုယ့်သားကိစ္စကို ကိုယ်တိုင်ဖြေရှင်းချင်သည့် စိတ်ကြောင့် အလုပ်ရှုတ်သွားရခြင်းဖြစ်သည်။
ဆိုဖာရှိ ကွန်ပျူတာတွင် Baz၏ကားကိုခြေရာခံပြီး စားပွဲပေါ်ရှိကွန်ပျူတာတွင်Logan၏ကားကိုခြေရာခံနေသည်။သိပ်မကြာလိုက် Hotelတစ်ခုကိုဝင်သွားပြန်တော့ Hotel၏CCTVကို Hackရပြန်သည်။ သားဖြစ်သူ၏စိတ်မြန်လက်မြန်ကြောင့် Hotelပိုင်ရှင်ကိုဖုန်းမဆက်ရသေးခင် Securityတွေနဲ့ပြဿနာတက်သည်မို့ အမြန်ပင်ဖုန်းဆက်ရသည်။
" Hello Mr.Kitt(ခေတ်) ရှင်တို့Hotelမှာ Maxiyoကကိစ္စတစ်ခုဖြစ်နေတယ် ဂိုဏ်းရဲ့ကိစ္စမို့ရှင်တို့ဝင်မပါဖို့ မျှော်လင့်ပါတယ် "
Hotelပိုင်ရှင်သည် Maxiyoနဲ့မလွတ်ကင်းသူမို့ ပျာပျာသလဲ မသိသလိုနေမည်ဖြစ်ကြောင်းပြောသည်။ သို့သော်သူမ မယုံပါ။ ဒီတစ်လောကလုံးမှာ သူမသည် သူမ၏ဝမ်းနှင့်မလွယ်ခဲ့ရသော သားကိုသာယုံပါသည်။
Hotel၏ စာဖိုးဆောင်ထဲ၌ ယနေ့ တာဝန်ကျသည့်လူတိုင်း မနက်ဖြန်နေထွက်တာမြင်ရဖို့မသေချာသလို Securityလေးယောက်သည်လည်း Eiffel tower၏အလှကိုမြင်ရဖို့မသေချာတော့ချေ။ CCTV recordတချို့လဲ ဖျက်လိုက်သည်မို့ စိတ်အေးသွားရသည်။ သူမသည် သူမ၏သွေးသားကို အထိအခိုက်မခံနိုင်လောက်အောင်အထိချစ်သည်မို့ ဂိုဏ်း၏ဆက်ခံသူမှန်းရုပ်လုံးထွက်မပြခိုင်းချေ။
နှလုံးသားထပ် ရှင်သန်ရာကိုရွေးချယ်ခဲ့တဲ့သူမအဖို့ တစ်ခုတည်းသောရှင်သန်ရာလေးကို တန်ဖိုးထားရသည်လေ..
-----------------------------------
" Ace ဟိုခွေးမသားဆီသွားမယ် ပြီးတော့ဟိုအကောင်ရဲ့မိသားစုကိုသတ်လိုက် ရှင်နေတာငါမမြင်ချင်ဘူး "
အပြစ်မရှိသည့် လူတွေကို သတ်ဖို့သွေးအေးစွာပြောနိုင်သည့်လူဟာ Maxiyo၏ ပဲ့ကိုင်သူပင်ဖြစ်ပေသည်။ Maxiyoတွေသည်  သူတို့ခံရသည်ထက် အစပေါင်းများစွာပြန်ကလဲ့စားချေသည့် သူတွေဖြစ်သည်မို့ တော်ရုံလူတွေမထိရဲချေ။
Bazတော်ရုံဆို ကျူပင်ခုတ် ကျူငုတ်မကျန်မရှင်းပြစ်ခဲ့သော်လည်း အတ္တ‌ကြီးသော အချစ်ကြောင့် ဤသို့လုပ်ဖြစ်သွားသည်။
Maxiyoတွေ၏ ငွေဖြူ၊ငွေမည်းပိုင်ဆိုင်မှုသည် Loganထပ်သာလွန်ပါသည်။
" Yes Master "
BMWကားအနက်လေးသည် ‌ဖြောင့်ဖြူးသောလမ်းမထက်၌ ပုံမှန်အမြန်နှုန်းဖြင့်သာ မောင်းနှင်နေလေသည်။
" Ace M3နဲ့M4ကို Loganနောက်လိုက်ခိုင်းထားလား "
" လိုက်ခိုင်းထားပါတယ် Master "
Aceသည် Baz၏လူယုံဖြစ်ခြင်းဟာ မထူးဆန်းချေ။ Baz၏ဆန္ဒများကို အသိဆုံးက Momပြီးရင် Aceဖြစ်နေ၍ပင်။
" Master "
Aceအနောက်ခန်းကို ဆေးသေတ္တာလှမ်းပေးလိုက်သည်။
ဆေးသေတ္တာမြင်မှ Bazဘယ်ဘက်လက်ကိုကြည့်မိလိုက်သည်။ လက်ဖဝါးအလည် ခြောက်နေသောသွေးတွေ၏အောက်၌ နက်ရှိုင်းသော ဓားဒဏ်ရာ..။ ဤဓားဒဏ်ရာသည် Bazကိုယ်တိုင် စိတ်လိုလက်ရယူထားသည်မို့ Bazနှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်သည်။
စိတ်လိုလက်ရ ကိုယ်တိုင်ရယူထားသည့် ဒဏ်ရာဒဏ်ချက်တွေကို Bazသိပ်ကြိုက်သည်။ အကြိုက်ဆုံးကအဲ့ဒဏ်ရာတွေကပေးတဲ့ နာကျင်မှုကိုပေါ့။
Baz ဆေးသေတ္တာထဲက အရက်ပြန်ပုလင်းကိုကိုင်လိုက်သည်။ ပြီးနောက် Aceပေးသည့် စီလီကွန်ခွက်လေးကို လက်အောက်၌ခံပြီး ဒဏ်ရာအပေါ် အရက်ပြန်တွေလောင်းချလိုက်သည်။ အရက်ပြန်သည် အသားထဲလှိုက်စားသကဲ့သို့ စပ်ဖျင်းဖျင်းဖြစ်သည်။ စီလီကွန်ခွက်ထဲ၌ သွေးနှင့်ရောပြီးကျနေသည့် အရက်ပြန်အစက်တွေကို အသက်မဲ့သည့်လူတစ်ယောက်လို အချိန်အတော်အတန်ကြာသည်အထိ ထိုင်ကြည့်နေလိုက်သည်။ ပြီးမှ အဖြူရောင်ပတ်တီးစကို အနာပေါ်အုပ်ပြီး လက်မကိုဝိုက်ကာ ဖြစ်သလိုပတ်လိုက်သည်။
ဆေးထည့်ဖို့မလိုဘဲ ပိုးသေဖို့သာလိုသည်မို့ အရက်ပြန်တစ်မျိုးထဲသာ ခိုက်ရန်ဖြစ်တတ်သော Bazအတွက်အလိုအပ်ဆုံးဖြစ်သည်။
BMWအနက်ရောင်ကားလေးသည် လူ‌တွေနှင့်ဝေးသည့် ဂိုထောင်တစ်ခု၏ရှေ့၌ ရပ်သွားသည်။ ကားအရှေ့ခန်းမှလူသည် အရင်ထွက်ပြီး အနောက်ခန်းတံခါးကို ရိုသေစွာဖွင့်ပေးနေသည်။ ထိုကားထဲမှာထွက်လာသော လူ၏မျက်နှာသည် ခက်ထန်လှသည်။ အရှေ့မှဦးဆောင်သွားသော ခက်ထန်လှသည့် လူ၏နောက်ကို သန်မာသည့် လူငါးယောက်လိုက်လာကြသည်။
ဂိုထောင်တံခါးပွင့်သွားသည်နှင့် ခေါင်းငုံ့ကာရိုကျိုးကြသည့် လူတွေကို Bazတစ်ချက်သာကြည့်ပြီး အလည်ရှိ ‌ထိုင်ခုံတွင်နောက်ပြန်ကြိုးတုတ်ခံထားရသည့် လူဆီ လျင်မြန်သောအရှိန်နှင့်သွားကာ ဆောင့်ကန်လိုက်သည်။
ဘုတ်.!
" အာ့ ကျွန်..ကျွန်တော် မှား..မှားပါတယ် Master ကျွန်တော့်ကို..ပဲ သတ်..သတ်ပါ..မိ..မိသားစုကိုတော့..မသတ်ပါနဲ့ "
ထိုလူသည် လဲကျနေရာမှ တုန်တုန်ရီရီတောင်းဆိုလာသည်။ ထိုလူသည် Maxiyo၏ သစ္စာဖောက် Jonဖြစ်သည်။
" မင်းဘာအမှားလုပ်ထားလဲ မင်းသိလား ဟမ်.! "
လဲကျနေသည့်လူကိုပြန် မ ကာ လည်ပင်းရှိ အင်္ကျီစကိုဆောင့်ဆွဲပြီး ဒေါသတကြီးအော်နေသော Maxiyo၏ပဲ့ကိုင်ရှင်ကြောင့် အခန်းအတွင်းရှိလူများငြိမ်ကျသွားပြီး ခေါင်းငုံ့ထားသည်။
" ကျွန်..ကျွန်တော် သိ..သိပါတယ် "
" အေး Maxiyoတွေက သစ္စာဖောက်ကိုခွင့်လွှတ်ရိုးထုံးစံမရှိဘူး မိ သား စုကိုလည်း လွှတ်ပေးရိုးထုံးစံမရှိဘူး..ငါ့ကိုသစ္စာဖောက်ချင်ရင် ငါ့ထပ်တစ်လှမ်းသာအောင်လုပ်ထား..မင်းရဲ့အမေနဲ့ညီမလေးကိုတော့သနားပါတယ် မင်းကြောင့်သေရတော့မယ်လေ "
Baz Aceကမ်းပေးသည့် ipadကိုယူပြီး Jonရဲ့ရှေ့၌ ထောင်ပြလိုက်သည်။ ipadထဲ၌ ဆူညံစွာအော်ဟစ်ငိုကြွေးနေသည့် အမျိုးသမီးနှစ်ဦးသည် မိနစ်ပိုင်းအတွင်း တစ်ယောက်ပြီးတစ်ယောက် ဘဝနိဂုံးချုပ်သွားကြလေသည်။
" မဟုတ်ဘူး..မဟုတ်ဘူး "
ထိုလူသည် သွေးရူးသွေးတမ်းအော်ဟစ်နေသည်။ Bazသည်လည်း စီးကရက်ကိုဖွာကာ သွေးရူးသွေးတမ်းဖြစ်နေသည့် လူကိုမိနစ်ခဏကြာသည်အထိ ထိုင်ကြည့်နေလိုက်သည်။ ပြီးမှ မတ်တတ်ရပ်ကာ..
" Maxiyoကို ဘယ်ဘဝမှာဖြစ်ဖြစ်သစ္စာမဖောက်မိစေနဲ့ ဖောက်မိတာနဲ့ဒီနေ့ ဒီနေရာမှာ ဒီလိုနိဂုံးချုပ်မယ်ဆိုတာ ပြန်သတိရကြ.! "
ဒိုင်း..ဒိုင်း..
ကျဆင်းလာသောသွေးတို့ပေါင်းစုံရာနေရာ၌ သွေးကွက်ကြီးဖြစ်တည်သွားပြီး လှုပ်နေသည့်ခန္ဓာကိုယ်သည် တစ်ခဏအတွင်းငြိမ်သက်သွားသည်။
" မင်း ဒီမြင်ကွင်းကိုသေချာမှတ်မိဖို့ မျှော်လင့်ပါတယ် "
Jonနေရာ နောက်အစားထိုးမည့်
Philip(ဖိလစ်)၏ ပခုံးကိုပုတ်ပြီး ဂိုထောင်ထဲမှတစ်လှမ်းချင်းထွက်လာခဲ့သည်။ ပြီးသည်နှင့် Logan၏စံအိမ်ကိုပဲပြန်လာခဲ့သည်။
ထိုလူတွေ၏ တာဝန်သည် ဘက်ပေါင်းစုံမှလုပ်ကြံတတ်သောသူတွေရဲ့ရန်မှ Loganကို ကယ်တင်ရန်၊ Bazကိုအချိန်မှီသတင်းပေးရန်ဖြစ်သည်။
Bazစံအိမ်ရောက်တော့ Loganစီးသွားသည့် ကားကိုတွေ့သည်မို့ Loganပြန်ရောက်နေကြောင်းသိလိုက်သည်။
" Master Bossက ထမင်းစားခန်းထဲကိုလာခဲ့ဖို့ပြောလိုက်ပါတယ် "
Baz ခေါင်းညိတ်ပြပြီး အိမ်ထဲသို့ဝင်လာခဲ့သည်။ မသိစိတ်ကပျော်နေသည့် အပျော်သည် ဖုံးဖိထား၍ပင်မရလောက်အောင်ကို နှုတ်ခမ်းတို့ကော့ညွတ်သွားခဲ့သည်။
သို့သော်ကြာကြာမခံချေ။ ထမင်းစားခန်းကကြားနေရသော ရယ်သံများ‌ကြောင့် Baz၏‌အပျော်များသည် မြေမှုန့်လေးတွေလို လေထဲ၌လွင့်စင်ကုန်သည်။
" ဟီး ခစ်ခစ် Mr.Loganကသိပ်ပြောတတ်တာပဲ "
Baz ထမင်းစားခန်းအဝရောက်သည်နှင့် Bazထိခွင့်မရှိသော Logan၏လက်ကိုလှမ်းပုတ်လိုက်သော မိန်းမတစ်ယောက်၏မြင်ကွင်းသည် မနှစ်မြို့စွာ စောင့်ကြိုနေသည်။ Bazလက်သီးကို တင်းတင်းစုတ်လိုက်သည်နှင့် အဖြူရောင်ပတ်တီးပေါ်၌ နီရဲရဲသွေးတို့က ယိုစိမ့်လာသည်။
" ဪ Mr.Loganရဲ့ ယောင်္ကျားပဲ "
ထိုမိန်းမသည် Bazရပ်နေသည့် ဘက်ကိုကြည့်ကာ မဲ့ကာရွဲ့ကာဖြင့်ခနဲ့လေသည်။
" လာထိုင် ကြည့်မနေနဲ့ "
Loganက Bazကိုအကြည့်စူးစူးတွေဖြင့်ကြည့်ပြီး လာထိုင်ဖို့အမိန့်ပေးလေသည်။
Loganနှင့်ယှဉ်လိုက်ရင် Bazဟာအလိုလိုသိမ်ငယ်သွားပြီး အမိန့်နာခံတတ်သည့် ကြောင်ပေါက်လေးဖြစ်သွားတတ်သည်။
Logan၏စူးရှထက်မြက်သောအညိုရောင်မျက်ဝန်းတွေဟာလည်း အမိန့်နာခံစေသည့်အကြောင်းပြချက်ပင်ဖြစ်သည်။
Baz Logan‌ဘေးရှိ ခုံကိုဆွဲကာ ဟိုမိန်းမနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။ ပြီးသည်နှင့် လက်ကိုင်ပုဝါကို ပေါင်ပေါ်၌ခင်းကာ အရှေ့ရှိ အရွက်သုတ်ကိုထည့်ပြီးစားလိုက်သည်။
" Mr.Logan ဒီပါစတာကအရမ်းကောင်းတယ် စားကြည့်ပါအုံး "
" Mr.Logan ဒီစွတ်ပြုတ်က အရမ်းကောင်းတယ် "
" Mr.Logan...."
အစရှိသည်ဖြင့် ထိုမိန်းမ၏သူ့အိမ်သူ့ယာလိုပြုမူနေသမျှကို ပြုံးကာငြိမ်ခံနေသည့် Logan..။ ဝန်တိုခြင်းတွေကိုပါ စားသုံးနေရသည့်Baz၏ ညစာ...။ ပတ်တီးတစ်ခုလုံးချင်းချင်းနီကာ ခုံအောက်တွင် အကွက်များဖြစ်နေသည့် နာကျင်မှု၏ပြယုဂ်..။ ထိုအရာတွေသည် သိမ်းပိုက်ခြင်း၏ ရလာဒ်ပင်ဖြစ်သည်မို့ Bazအကောင်းဆုံးသည်းခံနိုင်ခဲ့သည်။
ညစာဝိုင်းက ထွက်သွားသောLoganနှင့်အမျိုးသမီးကြောင့် Bazပါထရပ်လိုက်သည်။
ပြီးသည်နှင့် သွေးများစိုရွဲနေသော ပတ်တီးကိုဖြုတ်ကာ အခန်းထောင့်ရှိ အမှိုက်ပုံးထဲသို့ လွှတ်ပြစ်လိုက်ပြီး အရှေ့သို့အမြန်ထွက်ကာ ကားကိုအမြန်မောင်းပြီး ထွက်လာခဲ့သည်။
ထိုအချင်းအရာများကို မဲ့ပြုံးတစ်ခုကို ပန်ဆင်ထာစကာ မသိမသာကြည့်နေသောလူတစ်ယောက်သည်လည်း ရှိသေးသည်။
စံအိမ်ရှိအလုပ်သမားများသည်တော့ စားပွဲအောက်၌ကျနေသောသွေးတွေနှင့် Baz၏သည်းခံမှုကိုကြည့်ကာ လေးစားနေကြလေသည်။
ကမူးရှူးထိုးမောင်းနှင်သွားသည့်ကားလေးသည် ကျယ်ဝန်းလှသော Maxiyoပိုင်စံအိမ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ကားပေါ်ကလူဆင်းသည်နှင့် စံအိမ်အတွင်း၌ အလုပ်လုပ်နေသောသူများလုပ်လက်စကိုရပ်ကာ ဦးညွှတ်ကြသည်။
" Mom.."
Baz၏ပုံစံသည် နာကျင်စရာတွေများနေ၍ မိခင်ကိုရှာနေသော ကလေးတစ်ယောက်လိုဖြစ်နေသည်။
" Mom.."
" Ms.က boxingခန်းထဲမှာပါ Master "
ဂိုဏ်းသားတစ်ယောက်ကသတိပေး၍ Baz boxingခန်းထဲသို့အပြေးသွားသည်။ သန်မာလှသော Bazသည် သိမ်ငယ်စရာများကြုံလာသည့်အခါမှာတော့ မိခင်ကိုအလိုအပ်ဆုံးဖြစ်သည်။
" Baz ကလေးလိုလျှောက်ပြေးမနေနဲ့ "
Momသည် လက်အိတ်ကိုချွတ်ကာ ရေဘူးကိုင်ပြီး ဆိုဖာမှာဝင်ထိုင်ရင်း အခန်းဝရှိ Bazကိုပြောလာသည်။
" Mom.."
Baz Mom၏ရင်ခွင်ထဲသို့ အပြေးတိုးဝှေ့လာသည်။
" ပျော့ညံ့လို့မရဘူး Baz မင်းရွေးချယ်ခဲ့တာပဲမို့ ပျော့ညံ့နေလို့မရဘူး..ပျော့ညံ့တာက အရှုံးရဲ့ရှေ့ဆောင်ပဲ Baz..မင်းပျော့ညံ့တာနဲ့ မင်းရှုံးဖို့သေချာနေပြီ "
‌ရင်ခွင်ထဲရှိ သားဖြစ်သူရဲ့ ခေါင်းကိုဖွဖွလေးပုတ်ကာ ခွန်အားများပေးနေမိသည်။
သူ(မ)သည်သားဖြစ်သူကို ရယူတတ်ရန်နှင့်ရွေးချယ်တတ်ရန်သာသင်ပေးခဲ့သည်။ စွန့်လွှတ်တတ်ဖို့ကို ဘယ်တော့မှမသင်ပေးခဲ့၍ စွန့်လွှတ်ဖို့ကိုပြောမည်မဟုတ်ပါ။
" Baz ဒီနေ့ဝအောင်ငိုလိုက် နောက်နေ့ကျလို့မင်းမျက်ရည်ကျတာကိုမြင်ရရင် မင်းကို ငါကိုယ်တိုင်သတ်မှာ..အခုတော့ဒဏ်ရာကိုဆေးထည့်မယ် "
Bella ခုံအောက်ရှိဆေးသေတ္တာကိုထုတ်ပြီး သားဖြစ်သူ၏ လက်ဖဝါးကိုဖြန့်ကာ အနာသန့်စင်ခြင်းနှင့် ဆေးထည့်ခြင်းအမှုကိုပြုပေးနေသည်။
" မင်းရွေးချယ်တာမို့ မင်းလက်လျော့လို့မရဘူး ဒါကိုမှတ်ထား Baz "
" အင်း "
အသံသည်တိုးဖျော့ပေမယ့် Bellaကြားရဖို့အထိလုံလောက်ပါသည်။ Bellaပြုံးပြီး ပတ်တီးကိုသေချာစည်းနှောင်ပေးလိုက်သည်။
" Mom ကျွန်တော်ကူညီဖို့ပြောထားတဲ့ကိစ္စမှတ်မိလား "
" အင်း "
" Loganရဲ့အနားကိုရောက်လာတဲ့မိန်းကလေးတိုင်း နောက်နေ့ကူးတာနဲ့ဒီနိုင်ငံမှာမမြင်ချင်ဘူး..ကျန်တာ Momလုပ်ချင်သလိုလုပ် "
" အင်း စိတ်ချ Be strong my son "
" အင်း Mom ကျွန်တော်ပြန်ပြီ "
Baz Momကိုနှုတ်ဆက်ပြီး အပြင်ကိုပြန်ထွက်လာခဲ့သည်။ စံအိမ်ကိုမပြန်ဘဲ တစ်နေရာကိုအရင်ဝင်လိုက်သည်။ ပြီး‌မှ စံအိမ်ဆီသို့အရှိန်တင်ကာမောင်းလာခဲ့သည်။
#5.1.22
Edit-13.7.22
Continue Reading
You'll Also Like
552K 14.7K 77
4.3K 243 59
ဒီအလင်းမဲ့နန်းတော်ကိုရောက်လာပြီးရင် ပြန်ထွက်လို့ရမယ်ထင်နေလား ပုတ်သိုးဆွေးမြေ့ပြီးအရိုးကျတဲ့အထိ ဒီနေရာမှာပဲနေရလိမ့်မယ် (ကမ္ဘာခေတ်)
3.6K 145 11
❌ Translation မဟုတ်ပါ Now there's green light in my eyes And my lover on my mind And I sing from the piano Tear my yellow dress and Cry and cry and c...
650K 61.1K 67
About a boy who loves butterflies, white roses and a boy..... ◾◽◾◽◾◽◾◽◾◽◾◽◾◽◾ (AN: This OC is based on the true story)