Commando🍁(Complete)

By NandarMyintMoh

38.1K 3K 276

Zawgyi~ #Seke &Seke -ဘုန်းဆက်ရှိန်ဝါ (Zeus) -ညီစေမင်းသော်(Dragon) ဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်... More

Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 41🍁
P - 42 🍁
P - 43 🍁
P - 44 🍁
P - 45 🍁
P - 46 🍁
P - 47🍁Zawgyi (Final)

P - 47 🍁Unicode -(Final)

908 39 15
By NandarMyintMoh

ရာပြည့်နဲ့ထက်မြတ်တို့ရဲ့တည်နေရာကိုခြေရာခံမိသောကြောင့် ဦးကောင်းမြတ်ကိုယ်တိုင်ထိုနေရာသို့လိုက်သွားခဲ့သည်။သို့သော် နေရာတကာအကွက်ကျကျ စေ့စေ့စပ်စပ်နှင့်နောက်ကြောင်းအေးအောင် အလုပ်ကိုသေချာအောင်လုပ်သည့် သူ့ရဲ့ ညာလက်ရုံးနေရာမှာတောင်ထားရသည့် ရာပြည့်ဟာ သည်တစ်ကြိမ်မှာလဲ အကွက်ကျကျ
လှည့်စားသွားခဲ့သည်မှာ နေရာတွင် ကားအလွတ်တစ်စီးကိုသာ ချန်ထားခဲ့သည်အထိ ။
လူတွေကတော့ နောက်ကားတစ်စီးမောင်းသွားသည်ထင်ရဲ့ ၊ အဝေးပြေးလမ်းမပေါ်ကိုတက်ရန် လမ်းသွယ်လေးခုခွဲထားသည့်နေရာမှာ သူ၏သား ထက်မြတ်၏ပြိုင်ကားအမည်းရောင်လေးကိုရပ်ထားခဲ့သည်။ ချက်ချင်း
ရာပြည့်၏ကားတည်နေရာကိုရှာကြည့်လိုက်တော့ ထိုကားတည်နေရာက "မြတ်" အိမ်တော်ကိုပြသနေသည်။

"သခင်ကြီး ရာပြည့်က ကားကိုအိမ်တော်မှာထားထားခဲ့တာ ကြာပြီလေ ၊ သူအရင်ရက်တွေကတည်းက အပြင်သွားရင် သခင်ကြီးကားကိုပဲသုံးတာဗျ"

လက်ခနဲအတွေးတစ်ခုဝင်လာသောကြောင့် သူ့အိမ်တော်မှာကျန်ခဲ့သည့် တပည့်ကိုဖုန်းဆက်ကာ ဂိုထောင်ထဲက ကားအရေအတွက်မေးကြည့်တော့လဲ ကားက ၃စီးလုံးရှိနေသည်တဲ့...

ကြံရာမရတော့သည့်အဆုံး ​​ဖြစ်ပေါ်လာသမျှဒေါသတွေကို ပုံချရန်က အခန်းထဲမှာဖမ်းထား
သည့် Commando ဆိုသည့်ကောင်ကိုသာ...

အခန်းထဲမှာ မတ်တပ်ကြိုးတန်းလန်းချည်ထားလျှက်နှင့် ခေါင်းငိုက်စိုက်ချကာ အိပ်ပျော်နေသလား သတိမေ့နေသလားမသိရသည့် ကောင်ကိုမြင်တော့ တစ်ခါတည်းနဲ့ကျည်ဆံတစ်ချက်ပြစ်သွင်းရမှာတောင်နှမြောလာမိသည်။

"ချောက်!.."

သေနတ်မောင်းတင်ပြီးပြစ်ရန်ချိန်ရွယ်လိုက်တဲ့အထိ ထိုကောင်က ခေါင်းထောင်မလာခဲ့ဘူး ၊

"သခင်ကြီး..."

"ဘာလဲ!!"

သူ့ရဲ့ ညာလက်ရုံးပြီးရင် ယုံကြည်အားကိုးအားထားပြုရသည့် နောက်လိုက်တစ်ယောက်က လက်တွေကိုတားမြစ်လာသည်။

"သခင်ကြီး စဥ်းစားပါအုံး ၊ ဒီကောင်က သခင်ကြီးအတွက် သေနတ်တွေ ဓားတွေ ဗုံးတွေထက်ပိုမိုကောင်းမွန်တဲ့ လက်နှက်တစ်ခုပဲ"

ဟုတ်တယ် ၊၊ ဒီကောင်က သူ့အတွက်လက်နှက်ကောင်းတစ်ခု ၊သူ့လက်နှက်​ကိုဖြုန်းတီးပြစ်လို့ဘယ်ဖြစ်မလဲ ...

"မင်းပြောတာမှန်တယ်... ဒီကောင့်ကို ဒီညမင်းနဲ့ နောက်ထပ်( ၇ )ယောက်လောက်တာဝန်ယူပြီးစောင့်ကြည့်ထား!!..."

"ဟုတ်!.. သခင်ကြီးနားလိုက်ပါအုံး! ညည့်လဲအတော်နက်နေပြီဆိုတော့... ဒီကောင့်ကို ကျွန်တော့်တာဝန်သာထားလိုက်ပါ "

လက်သံကြိုးတန်းချည်ထားလျှက်နှင့် မတ်တပ်ရပ်အ​နေအထားတိုင်း ရပ်နေရသည့် ကောင်လေးကိုပြန်ကြည့်ပြီး သူတစ်ချက်ပြုံးမိသည်။ ကြည့်ပါအုံး ရုပ်ပျက်ဆင်းပျက် ၊ ဒဏ်ရာဒဏ်ချက်
အပြည့်၊ သွေးအလိမ်းလိမ်းနှင့်ထ်ိုကောင်လေး ...အခုနေ ကြိုးဖြည်ပေးလိုက်လျှင်တောင် သူ့ခန္ဓာကိုယ်ကို သူနိုင်အောင်ထိန်းပြီးရပ်နိုင်မည့်အခြေအနေမဟုတ်ဘူး ။

"အေးဆေးပေါ့ကွာ!..ဒီကောင်မသေသေးရင် ဖြစ်တယ် ...ငါခဏနားမယ် မင်းတို့လဲအလှည့်ကျနားပေါ့ကွာ "

ညီစေမင်းသော် အခုမှသာအနည်းငယ်အသက်ပြင်းပြင်းရှူရဲတော့သည်။ ဒီညတော့ သူမသေတော့တာ သေချာသွားပြီလေ ၊ အား​​ဖြစ်အောင်ခဏလောက်တော့ အိပ်အုံးမှပါ...သေချာပေါက် မနက်ဖြန်ဆို သူဒီအခန်းထဲက လွတ်ပြီ....သည်အဆောက်အဦးကြီးလဲ မနက်ဖြန်ဆက်ရှိနေပါအုံးမလား အသိနိုင်ဘူး.... ...

🍁🍁🍁🍁🍁🍁🍁


မနက်ဝေလီဝေလင်းအချိန် လူသူမသဲကွဲသေး​သောအချိန်မှာပင် Logo ရဲ့Commando တစ်ဖွဲ့ကြီးက "မြတ်" အိမ်တော်ကြီးနဲ့မလှမ်းမကမ်းမှာအုပ်စုဖွဲ့ကာ အခြေအနေကိုလေ့လာကာ အဆင်သင့်အနေအထားဖြင့်ရှိနေကြသည်။
"လူအများကြီးပါနေရင် ပြစ်ရခတ်ရတာအလုပ်ရှုပ်လို့" ဆိုတဲ့ Zeusရဲ့စကားကြောင့် စစ်ဆင်ရေး( Mission) မှာလူက ၁၀ ယောက်သာပါသည်။
အထူးစစ်ဆင်ရေးလက်ရွေးစင် တပ်ဖွဲ့ဝင်များကိုသာ ခေါ်လာသောကြောင့် သိပ်ပြီး စိုးရိမ်နေစရာမရှိလှပါ။
ဒီနေ့ စစ်ဆင်ရေး(mission) မှာ Zeusက သူသေကိိုယ်သေ အကုန်လုံးကိုအရှင်မထားပဲ အမြစ်ဖြုတ်မယ့်ပုံ ပေါ်သည်။စပြီး လက်နှက်တွေရွေးကတည်းက ထိလွယ်ခိုက်လွယ်သည့်လက်နှက်တွေကိုသာ ရွေးချယ်ထားသည်။

ပြီးတော့ Zeusသုံးတဲ့သေနတ်က သည်နိုင်ငံမှာတောင်မသုံးသေးသည့် အလွန်ကိုသေးငယ်ပြီး ချွန်မြသည့် ကျည်အမျိုးအစား ဖြစ်သည်။
ဘယ်ချိန်ဘယ်နေရာသွားသွား Zeusက ထိုသေနတ်ကိုတော့ အပါယူသွားတတ်သည်။

"ကျွီ!!..."

Commando အဖွဲ့တွေ ဦးကောင်းမြတ် အိမ်တော်ကိုဝင်ရန်အမိန့်ပေးပြီးနောက် ကိုသက်နောင်ရဲ့ကားအနားသို့ ကားတစ်စီးထိုးရပ်လာသည်။

"အဲ့လို ဖယ်ထားခဲ့လို့ရကြေးလား "

"....."

ကားပေါ်မှ အနက်ရောင်ကိုယ်ကျပ်ဘောင်းဘီနှင့် ကုတ်အနက်ကိုဝတ်ဆင်ထားပြီး ဆင်းလာသူက မေကျော့ ၊ သူမလက်ထဲမှာပါလာသည်က လက်ဖြောင့်သေနတ်သမားတွေသာ ကိုင်ဆောင်ကြ
သည့် ရိုင်ဖယ်သေနတ်မျိုး ။ သူမခန္ဓာကိုယ်နှင့်မမျှမတ သေနတ်ကြီးကို ကိုင်ဆောင်ကာ ယုံကြည်ချက်အပြည့်နှင့်သူမက ရန်သူအားလုံးကိုကိုက်သတ်ပြစ်မည့် အစွယ်တစ်ဖွားဖွား ဒေါတခီးခီးကျားမလေးနှင့်တူနေသည်။

"ကျော်... "

"ငါ့ကောင်လေးကို ဒီအတိုင်းထားစရာလား ငါကိုယ်တိုင်ကယ်ရမယ်လေ"

"အမ်! .."

ကိုသက်နောင်ရဲ့ သူငယ်ချင်းမ ပြောလိုက်သည့်စကားကြောင့် ဆွံ့အရပြန်သူက Zeusသာ၊

"ဟေ့... မင်းက Zeusမလား ၊ Commando လောကမှာတော့ Zeusဆိုတာ နာမည်ကြီးပဲ ၊ ဒီနေ့ Dragonကို မင်းဘယ်လိုကယ်ထုပ်သွားမလဲဆိုတာ ငါစောင့်ကြည့်ဖို့လာတာ...

"အခုလာတာ Dragon ကိုလာကယ်တာမဟုတ်ဘူး၊ ကျွန်တော့်အသက် ကိုကျွန်တော်ပြန်လာကယ်တာ"

"ဘယ်လို...Dragon ကမင်းကောင်လေးမဟုတ်ဘူးလား"

မျက်ခုံးကိုတွန့်ကွေးပြီး နားမလည်သလိုမေးလာပြန်သည်။သူနားရှုပ်သွားမှာပေါ့ ...

"Dragon က ကျွန်တော့်ကောင်လေးဆိုတာထက်ကျွန်တော်အသက်ဓာတ်ဆိုရင်ပိုမှန်တယ်"

"......ဒီအရူးကောင်လို လင်လုဖက်နဲ့ ငါစကားမပြောဘူး ၊ Dragon ဘယ်မှာလဲ "

စူအောင့်အောင့်နှင့်မကျေမနပ်ရေရွတ်ကာ Zeusကိုမျက်စောင်းတစ်ချက်ထိုးပြီး ကိုသက်နောင်ဘက်ကိုလှည့်မေးသည်။

"ဖြေးဖြေးပေါ့.."

"မဖြေးနိုင်ဘူး!.. ငါလာတာ Dragon ကိုလာကယ်တာ ၊ ဒီအဆောက်အဦးမှာရှိတဲ့ ဘိန်းရာဇာရော၊ အို...ဦးကောင်းမြတ်ရော ဘယ်သူ့ကိုမှ ငါမသိချင်ဘူး ။ ငါလာတာDragon ကိုလာကယ်တာ ၊ Dragon ကိုကယ်ရဖို့ဆိုရင် ငါ့ကိုလာတားတဲ့ဘယ်သူ့ကိုမဆို၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငါသတ်ပြစ်မှာ "

ရဲဝံ့သည့်ဟန်အပြည့် တက်ကြွသည့်ခြေလှမ်းတွေနှင့် 'မြတ်'အိမ်တော်တစ်ခုလုံးနှင့် ညီ တည်ရှိရာကိုကြည့်နေသည့် မာန်ပြည့်(Jole)အနားသို့တိုးကပ်ကာ စခရင်ကို ကြည့်ရှုနေသည်။

သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိသည့်မျက်ဝန်းစူးရဲရဲတွေနှင့် သတ္တိအပြည့်ရှိသည့် မေကျော့ ၏စကားတွေကြောင့် Zeusရဲ့အတွေးတွေ တစ်မျိုးပြောင်းသွားသည်။
ဒီနေ့မှာ Zeus အတွက် စစ်ဆင်ရေးက တစ်ပြိုင်တည်းလုပ်ရမှာ (၃)ခု ရှိနေသည်။
ပထမတစ်ခုက မူးရစ်ရာဇာ ရာဇဝတ်သား ဦးကောင်းမြတ်ကိုဖမ်းဆီးရမည့် အထက်ကဆိုင်ရာတွေချပေးထားသည့် စစ်ဆင်ရေး ၊
ထိုလူဖမ်းဆီး နှိပ်စက်ထားသည့် မိမိချစ်ရသူကို ကယ်ဆယ်ရမည်က တစ်စက်တည်းပြုလုပ်ရမည့် ဒုတိယစစ်ဆင်ရေး ၊
နောက်ဆုံးကတော့ မည်သူတစ်ဦးတစ်ယောက် ကမှချမှတ်ပေးထားခြင်းမဟုတ်သည့် သူကိုယ်တိုင်၏ အသက်ကြွေး ပြန်ယူရမည့်စစ်ဆင်ရေးဖြစ်သည်။

ညီ့ ကိုသွားကယ်နေဖို့ဆိုလျှင် တိုက်ရခိုက်ရနှင့် ဦးကောင်းမြတ်ကို တစ်ခြားသူတွေ ဖမ်းခေါ်သွားလို့ရသည်။ သို့သော် ဦးကောင်းမြတ်လို လူ့အသက်ပေါင်းများစွာကိုသတ်ဖြတ်ထားခဲ့သည့် လူဆိုးလူမိုက်ကို သေဆုံးပြီးသားလူတွေအတွက် အသက်ကြွေးကိုကိုယ်တိုင်သာ အစီအရင်ချပေးချင်သည်။သူသာ ဦးကောင်းမြတ်ကို စီရင်လိုက်လျှင် ဒီနေ့အတွက် Mission (စစ်ဆင်ရေး) က အားလုံးပြီးပြီ....
သူ့စိတ်တွင်း ဒွန်တွဲနေမှုက ယခုမေကျော့၏ စိတ်ဓာတ်ပြင်းထန်မှုကြောင့် သူမက သေချာပေါက် ညီ့ကို အသက်ရှင်လျှက် အရာအားလုံးကိုရင်းကာ ကယ်ထုပ်လာမည်အရေးတွင်အစွမ်းကိုကူညီမည်ဆိုတာကို သူယုံကြည်လိုက်မိပြီ....

သူအတွေးတွေများနေစဥ်မှာပဲ စိတ်မြန်လက်မြန်ရှိလှတဲ့မေကျော့က သူမ ခါးမှာကြိုးကွင်းစွပ်ပြီး သုံးထပ်တိုက်အမြင့်နှင့် အညီလောက်မှာရှိနေသည့် အပင်တစ်ပင်ပေါ်သို့ တွယ်တက်သွားသည်မှာ ကြောင်မလေးတစ်ကောင်တွယ်တက်သွားသလို လျှင်မြန်လှသည်။

တော်လှထက်လှ ကျွမ်းကျင်လှပါသည်ဆိုသည့် လက်ရွေးစင်Commando တွေမှာ သူမ လုပ်ကိုင်သွားသည်များကို မျက်စိတစ်ချက်မမှိတ်ပဲသာ ကြည့်နေနိုင်တော့သည်။
သေနတ်ကို သစ်ပင်ခွကြားမှာ နေရာအတည်တကျထားပြီး မှန်ပြောင်းကိုတစ်ချက်နှစ်ကြည့်လှည့်ကြည့်ပြီး အောက်ကနေမော့ကြည့်နေသည့် လက်ရွေးစင်တပ်ဖွဲ့တွေကို လက်ညှိုးလက်မ ဝိုင်းပြကာ OK တောင်လုပ်ပြနေသေးသည်။

"ဟား..ဘယ်လိုတောင် လျှင်မြန်တက်ကြွနေမှုကြီးလဲ..."

"အဲ့ဒါကြောင့် နင်တို့လဲ အချိန်ရှိခိုက်လုံ့လစိုက်ကြတော့လေ!.."

နားမှာ နားကြပ်တပ်ထားသည်ကိုမေ့လျော့သွားကာ ပြောလိုက်မိတော့ သံပင်ပေါ်က ကြောင်မလေး၏ အသံစူးစူးကထွက်ပေါ်လာတော့၏။

အဖွဲ့ထဲက တစ်ယောက်၏ပြောသံကြားမှ အပင်ပေါ်မော့ကြည့်​​နေဆဲ ကိုသက်နောင်ဟာ ဆက်လက်လုပ်ကိုင်ရမည်များကိုသတိရလာတော့သည့်ဟန် ပြန်လည်သက်ဝင်လှုပ်ရှားလာသည်။

"မလာခင်ကပြောထားတဲ့အတိုင်းပဲ အားလုံးသတိနဲ့လုပ်ကိုင်ကြပါ ၊ ကဲ!..Logo တပ်ဖွဲ့ဝင်တွေအားလုံး ဘေးအန္တရာယ်ကင်းကြပါစေ!!"

တိုးတိတ်စွာ အမိန့်စကားနှင့်ဆုတောင်းစကားကိုပြောပြီးနောက် သူ့ရင်ထဲကနေတိတ်တဆိတ်ဆုတောင်းပြုမိသည်က သစ်ပင်ပေါ်က မျောက်မလေးလဲအန္တာရယ်ကင်းပါစေလို့...

"1... 2...3 Start! !!!!"

ကိုသက်နောင်ဆီက အချက်ပေးသံဆုံးသည်
နှင့်Krist နှင့် လက်ရွေးစင် ၃ယောက်က ခြံဝိုင်းအတွင်းသို့ စတင်ပြီးပြစ်ခတ်ကြသည်။
ထို့အတူ သစ်ပင်ခွကြားမှ ထွက်ပေါ်သွားသည့် ကျည်ဆံတစ်ထောင့်ဟာလဲ Dragon ရှိနေသည့်အခန်းထဲက အစောင့် တစ်ယောက်၏ လည်မျို
တည့်တည့်မှ ထွင်းဖောက်ဝင်ရောက်သွားကာ ချက်ချင်းဆိုသလိုလဲကျသွားသည်။

ခြံဝိုင်းအတွင်းရှိ တံခါးစောင့်များ ၊ ခြံထဲရှိအလုပ်သမားများ စသည့် စသည့် အားလုံးဟာအိပ်ချင်မူးတူးအနေအထားမှ ရုတ်ချင်းဖြစ်ပေါ်လာသည့်အခြေအနေကြောင့် နီးရာလက်နှက်ဆွဲကိုင်ကြရသည့်အဖြစ်။
အချင်းချင်းပြစ်ခတ်မှုတွင် သေနတ်ကိုယ်စီကိုင်ဆိုင်ထားသည်ဖြစ်ကြရာ ထိုခြံဝိုင်းအတွင်းရှိမည်သူမှ အပြစ်ကင်းစင်သူမဖြစ်နိုင်ကြ၍ မဲမဲမြင်ရာ အကုန်ပြစ်ခတ်လို့ရသည့်အနေအထားဖြစ်သည်။

တစ်ဖက်က ဦးကောင်းမြတ်၏ လူတွေကလဲ ပြန်လည်ပြစ်ခတ်ကြရင်း အလဲလဲအကွဲကွဲသေဆုံးကုန်ကြပြီဖြစ်ပြီး ခြံထဲဝင်လို့ရသည့်အခြေအနေရောက်လာပြီဖြစ်သည်။

Krist တို့၏ပြစ်ခတ်မှုကို အကာအကွယ်ယူပြီး ကိုသက်နောင် ဦးဆောင်သည့်အဖွဲ့က ပစ္စည်းကိရိယာ ၊ ကြိုးအကူအညီများဖြင့် ခြံဝိုင်းအတွင်းသို့ကျော်ဝင်ကြသည်။
Zeus နှင့် အထူးလက်ရွေးစင် ၂ယောက်ကတော့ Dragon ကိုကယ်ထုပ်လာရမည်ဖြစ်သောကြောင့် အသီးသီး ခြံဝိုင်းအတွင်းသို့ရောက်သည်နှင့် သုံးထပ်တိုက်၏ အပေါ်ဆုံးသို့သာ တန်းလာခဲ့ကြသည်။

"သခင်ကြီး!!..သခင်ကြီး!..အပြင်မှာ ပြစ်ခတ်မှုတွေဖြစ်နေတယ် "

"ဘာ!!..."

မနက်မိုးစင်စင်မလင်းသေးသောကြောင့် အိပ်ကောင်းနေဆဲဦးကောင်းမြတ်ဟာ ကပြာကယာ ထထိုင်ပြီး အပြင်ဘက်ကအခြေအနေအရပ်ရပ်ကိုတစ်ချက်လေ့လာကြည့်လိုက်တော့ တိုက်ပွဲကအတော်ပြင်းထန်နေပြီပဲ...

" သြော် Dragon ကိုလာခေါ်တာနေမှာပေါ့...
ဟိုတစ်ပတ်က ထိုင်းဘက်ကရောက်လာတဲ့ သေနတ်သေတ္တာတွေထုပ်ယူလာခဲ့ ၊ အဲ့သေနတ်ကိုသုံးပြီး Commando မျိုးဆက်ကို မီးလောင်တိုက်သွင်းပေးလိုက်စမ်း!!..ဟားဟားဟား!!!...."

"ဟုတ်ကဲ့သခင်ကြီး "

"သွားမယ် ဟိုဂျိုကောင် ဆီကို!!"

ညီစေမင်းသော်ကိုဖမ်းထားရာ အခန်းဆီသို့ တက်လာရင်း အောက်ထပ်က ပြစ်ခတ်မှုတွေဖြစ်နေသည့်နေရာသို့ တစ်ချက်ကြည့်လိုက်တော့ မိမိလူတွေအထိနာနေပြီ။ အခြေအနေက မကောင်းတော့ဘူး။သူ့နောက်လိုက်ပြောဖူးတဲ့ လက်နက်ကောင်းဆိုတဲ့ ကောင်ကိုသာ ခုတုံးလုပ်ရတော့
မည့်အချိန်သို့ရောက်လေပြီ....

🍁🍁🍁🍁🍁🍁🍁

ခေါင်းငိုက်စိုက်ချနှင့် ​မှေးနေဆဲအချိန်တွင်ခြေထောက်ဘေး လဲကျလာသည့်တစ်ယောက်ကြောင့် ချက်ချင်းဆိုသလို သူ့အဖွဲ့တွေရောက်လာပြီဆိုတာကို သိလိုက်ပြီ။
ထိုလူ၏ ဘောင်းဘီအိတ်ကိုခြေထောက်နှင့်စမ်းကြည့်ရာ အဆင်သင့် သော့ကိုတွေ့သောကြောင့် ခြေမနှင့် ခြေညှိုးညှပ်ကာသောယူထုပ်လိုက်ပြီး တွဲလွဲခိုလိုက်ရင်း သော့ကိုလက်မှတစ်ခါပြန်ကိုင်ထားလိုက်သည်။ထို့နောက် လက်အားကိုကြိုးစားထုပ်ပြီး သံကြိုးနှင့်လက်တုပ်ချည်ထားသည့် သံဘားတန်းသို့ ခြေထောက်တစ်ဖက်ခိုတွဲကျော်ခွလိုက်ရင်း သံကြိုးကိုဖြည့်လိုက်တော့ ခဏလေးအတွင်းမှာပင် အချုပ်အနှောင်မှကင်းလွတ်သွားပြီဖြစ်သည်။

မှန်ပြတင်းပေါက်မှ ကျည်ဆံတွေဝင်ရောက်လာနေသောဘက်သို့လှည့်ကာ လက်ညှိုးနှင့်လက်မကို အိုကေ ပုံသဏ္ဍာန်လုပ်ပြလိုက်သေးသည်။
အမှန်တစ်ကယ် သူသော့ဖွင့်ဖို့ကြိုးစားနေဆဲကာလမှာပင် အခန်းထဲတွင် လူ(၅)ယောက်က နားထင်တွင် အပေါက်ရာတွေနှင့် အတုံးအရုံး လဲနေကြပြီးဖြစ်သည်။

မေကျော့က မှန်ပြောင်းမှကြည့်ရင်း Dragon သော့ဖွင့်နေစဥ်တွင် အခက်အခဲမရှိလေအောင် အခန်းထဲမှ လူတစ်ယောက်ချင်းစီကို တစ်ယောက်ကျည်တစ်ထောင့်နှုန်းဖြင့် ဖြေရှင်းပေးထားခြင်းဖြစ်သည်။

သူမ သဘောကျရသော သူမ၏အကြည်ဓာတ်ကလေး Dragon က အရာရာမှာတော်ထက်မြတ်နေသေးသည်လေ ။ ယခုလဲ သူမကအနားထိသွားပြီးကယ်ဆယ်နေရန်မလိုအပ်ပါပဲ သူ့လွတ်လမ်းသူရှာနိုင်သည်။

သူမဘက်သို့တည့်တည့်ကြည့်ကာ အိုကေကိုလက်ကလေးနှင့်လုပ်ပြနေသည့် ထိုလူသားလေးကြောင့်သူမတစ်ချက်ပြုံးမိသေးသည်။သူမရဲ့မြတ်နိုးရာလေး လွတ်မြောက်ပြီလေ...

"Dragon လွတ်ပြီ!!.."

နားကြပ်မှကြားလိုက်ရသည့် မေကျော့၏အသံကြောင့် ပြစ်ခတ်မှုတွေကြားမှနေ တစ်ချက်ပြုံးလိုက်မိကြသေးသည်။ သူတို့ရဲ့ လာဘ်ကောင်လေး အခုတော့အသက်ရှင်ပြီလေ... တစ်ချက်ငိုင်ခနဲဖြစ်သွားတဲ့ ကိုသက်နောင်ဟာ တစ်ဖက်က ပြစ်လွှတ်လိုက်သည့်ကျည်ဆံကို သတိမထားမိလိုက်ဘူး ။

"ဒိုင်း!!!!"

Krist အခုမှသာ စိတ်​​အေးသွားရလို့သက်ပြင်းတစ်ချက်ချရုံရှိသေး ရန်သူပြစ်လိုက်သည်ကိုသတိမထားမိပဲ ပြုံးနေဆဲဖြစ်သည့်
ကိုသက်နောင်ကြောင့် ချပြီးသား သက်ပြင်းက အလုံးစုံအပြင်ရောက်မသွားနိုင်ဘူး ။

"ကိုသက်နောင် သတိထား!!!"

Krist အော်လိုက်သည့်အသံကြားမှသာ ကိုယ်ကို တစ်ဖက်ရို့ပြီးရှောင်လိုက်တော့ အနောက်ကပြစ်ခတ်ရန်ဝင်လာသည့် သူတို့လူအချင်းချင်းထိခတ်မိပြီး ထိုလူဟာလဲတစ်ခါတည်း မီးဟုန်းဟုန်းတောက်လောင်သွားပြီး လောင်ကျွမ်းကာ မဲတူးသွားသည်။

Logo ဘက်က တပ်သားဟာ စလာကတည်းက လက်ရွေးစင်တွေသာဖြစ်သောကြောင့်ယခုချိန်ထိတစ်ယောက်မှ ကျည်မမှန်သေးသောကြောင့် မသိခြင်းဖြစ်သည်။ ယခုသိလိုက်ပြီ ဦးကောင်းမြတ်ဘက်က ကိုင်ထားသည့် ကျည်အမျိုးအစားက မီးပါတစ်ခါတည်းလောင်စေသည့် သေနတ်မျိုးဖြစ်နေသည်ပဲ...
သည်ကျည်ဆံမျိုးက မသေနိုင်သည့်အစိတ်အပိုင်းကို ထိမှန်လျှင်တောင် မီးလောင်ကျွမ်းစေသည့်အရာဖြစ်သောကြောင့် သေချာပေါက် ကျည်ဆံကြောင့်မသေလဲ မီးလောင်လို့သေမည်မှာမလွဲသာ မရှောင်သာ ။

"ကျည်မထိစေနဲ့ မီးလောင်စေတဲ့ ကျည်ဆံမျိုးကိုသုံးထားတာ !!."

အားလုံးကိုသတိပေးပြီး အဆောက်အဦးကိုတစ်ချက်ကြည့်မိတော့ ဒါက လူနေအဆောက်အဦးထက် ပိုမိုခမ်းနားကြီးကျယ်သည့်အဆောက်အဦးမှန်းသိလိုက်ရသည်။
ဒါဆို သည်အိမ်ကြီးကဒီလောက်ကြီးနေတာ လူနေတာလောက်ပဲဖြစ်နိုင်ပါ့မလား ဆိုတာကိုသူတွေးမိသွားတယ် ၊
အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်နေရာမှ ​သူအပြင်ဘက်မှာကျန်ခဲ့တဲ့ Jole(မာန်ပြည့်)ကိုသတိရသွားသည်။ Joleကသည်အဆောက်အဦးကို ကြည့်နေတဲ့သူဖြစ်လို့ ဘယ်မှာဘာရှိသေးလဲဆိုတာကို အဲ့မှာကြည့်လို့ရနေတာပဲ... ချက်ချင်းပဲ Joleကိုဆက်သွယ်ပြီး တစ်ခြားနေရာတွေက မူမမှန်နေသည်များကို ကြည့်ခိုင်းလိုက်တော့ ထင်ထားသည့်အတိုင်းပါပဲ...

"အခု ရောက်နေတဲ့နေရာကနေ ၇ နာရီလောက်မှာဟောခန်းတစ်ခန်းရှိတယ် ၊ အဲ့ဒီမှာတစ်ခုခုရှိနေနိုင်တယ် လှုပ်ရှားမှုရှိသလိုပဲ "

Joleပြောလိုက်ပုံအရ သက်နောင်သွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ် ၊ ဘာတွေရှိနေမလဲ ဘာတွေလုပ်နေကြမလဲ အဲ့ထဲမှာလူတွေရှိနိုင်လောက်လား၊ မသိပေမယ့် သူ့စိတ်ထဲမှာ သည်အဆောက်အဦးကို တစ်ခုခုသင်္ကာမကင်းဘူး ။ ကိုသက်နောင်နဲ့အတူ တစ်ယောက်ခေါ်ပြီး ထိုအခန်းတံခါးကိုဖွင့်ကြည့်မိလိုက်သည်။

ဒါက တစ်ခြားကမ္ဘာတစ်ခုလား....

🍁🍁🍁🍁🍁🍁🍁

Zeus ကချက်ချင်းဆိုသလို ညီရှိရာထိပ်ဆုံးအခန်းသို့တက်သွားတော့ အမျိုးကောင်းသားလေးဘေးမှာ လူ(၆) ယောက်က သေနတ်ဒဏ်ရာတွေ
နှင့်လဲကျနေပြီး သူ့ခြေထောက်အောက်မှာ လည်ပင်းကိုခြေထောက်နှင့်ကန်ထားသေးတဲ့ လူတစ်ယောက်နှင့်ဖြစ်နေပြီ။
ဟို သစ်ပင်ပေါ်က မထော်မနန်းအမကြီးက လက်အတော်ဖြောင့်ပုံရသည်။

"ညီ.... "

လှည့်ကြည့်လာသည့် ကောင်လေးရဲ့သွင်ပြင်ဟာ တစ်စက်ကလေးမှလူရုပ်ထွက်မနေတော့ပါ ။
ခေါင်းမှ ပါးပြင်သို့ဖြတ်စီးကျနေသည့် သွေးတွေက ခြောက်သွေ့နေသေးသည်။
နောက်ဆုံးတွေ့ခဲ့သည့်အချိန်က ဝတ်ဆင်ထား
သည့် အဖြူရောင်ဝမ်းဆက်လေး ၊ သူနဲ့အတိုက်အခံလုပ်ပြီး ရှိူးထုပ်ချင်လွန်းအားကြီးပြီး ဝတ်ခဲ့တဲ့ အဖြူတီရုပ်နှင့် အဖြူဘောင်းဘီလေးဟာ ယခုမှာတော့ သွေးကွက်တွေနှင့် ရုပ်ဆိုးအကျည်းတန်စွာ အဖြူက အနီပြောင်းနေသည့်အဖြစ်။ထပ်ဝတ်ထားသည့် leather jacketလေးကဘယ်ဆီကျန်နေခဲ့သည်မသိတော့ ..

ဘယ်လောက်တောင်နာကျင်နေလိုက်မလဲ ညီရယ်...

သူ့ကို မျက်ဝန်းမှိန်ပြပြလေးနှင့်ပြုံးပြနေရှာသည့် ကောင်လေးဆီကို လေလိုအလျှင်နှုန်းနှင့်အမြန်သွားကာ နောက်တစ်ကြိမ်ပျောက်ကွယ်သွားမည်ကိုစိုးရိမ်သည့်အလားဖက်တွယ်ထားမိသည်။

"ညီရယ်..."

Zeusက သူထပ်ဝတ်လာသည့်leather jacket အနက်ကိုချွတ်ပြီး ညီ့ကိုယ်ပေါ်ကို ထပ်လွှားပေးလိုက်တော့ ညီကထပ်ပြုံးပြလာပြန်သည်။

ညီရယ်...ဖက်တွယ်ထားသည်ကအချိန်ခဏသာ ၊
မျက်နှာကလေးကို ခဏလောက်ပြန်ကြည့်ချင်သောကြောင့် ရင်ခွင်ထဲမှာဖယ်ခွာမိတော့ စူးရှပြီး ခက်ထန်လှသည့် ညီ့မျက်ဝန်းတွေဟာ အခုချိန်မှာတော့ မျက်ရည်ဝဲဝဲလေးနှင့် မှိုင်းညို့နေသည်။
သွားစွယ်ချွန်ချွန်လေးတွေပေါ်လာသည်အထိ ပြုံးရယ်တတ်သည့်ကောင်လေးက သူ့ကိုကြည့်နေသည့် ကိုယ်စိတ်ချမ်းသာဖို့ရာ ဟန်ဆောင်ပြီးပြုံးပြနေရသည့် မချိအပြုံးလေးနှင့်....

"ကိုကို....လွမ်း နေ တာ "

လူချင်းတွေ့ကတည်းက မျက်တောင်တစ်ချက်မခတ်ပဲ ပြုံးလျှက်သာကြည့်နေသည့်ညီ့ထံမှ ထွက်ကျလာသည့် အက်ကွဲနေသည့်စကားလေးက သူ့ကိုလွမ်းနေတာတဲ့လား....

"ကိုကိုနဲ့ ထပ် မ တွေ့ ရ တော့ ဘူး ထင် နေ တာ"

"ညီရယ်..... "

သူဖက်တွယ်လိုက်လျှင် သို့မဟုတ် တစ်ခြားတစ်နေရာကိုသူထိကိုင်လိုက်လျှင်တောင်မှ ညီများနာကျင်သွားမလားဆိုသည့်အတွေးကြောင့် ချစ်မြတ်နိုးမှုတွေနှင့် လွမ်းဆွတ်မှုတွေကို ညီ့ နဖူးပြင်လေးကိုသာ အကြင်နာအနမ်းလေးပေးရင်း အလွမ်းဖြေလိုက်ရသည်။

"ညီ လာ...လမ်းလျှောက်နိုင်သေးလား ကိုယ်နဲ့အပြင်ထွက်ရအောင်နော်"

ညီ့ကိုအသာတွဲကူပြီး အပေါ်ဆုံးထပ်မှ ပြန်ဆင်းလာစဥ်တွင်လှေကားအရောက်မှာပဲ မနေ့က ဦးကောင်းမြတ် သူ့ကိုအစောင့်ထားခဲ့သည်ခေါင်းဆောင်ကောင်ရောက်လာသည်။

"ရား.... ခွပ်!!... ဖောင်း... "

ဦးကောင်းမြတ်ဘက်က လူကလဲ ဇ,မသေးလှပါ၊ အတိုက်အခိုက်နှင့်အရှောင်အတိမ်းတွေက ကောင်းလှသည်။ သို့သော် ကမ္ဘာ့အဆင့်လက်ရွေးစင် Zeusနှင့် ရှင်ပြိုင်တာဖြစ်လို့ Zeusကိုတစ်ချက်မှ မထိုးမိသေးချေ။
Zeusနဲ့ ထိုလူ အပြန်​အလှန်တိုက်ခိုက်နေကြရာမှ နောက်ဆုံးတော့ Zeusကသာ ထိုလူအားလည်လိမ်ချိုးပြီး အသက်ဇိဝိန်ချုပ်ပြစ်လိုက်နိုင်သည်။

ကိုကိုနဲ့ ဟိုလူတိုက်ခိုက်နေသည်ကို ကြည့်နေပေ
မယ့် ခန္ဓာကိုယ်က ဖလက်ပြနေပြီ ၊
ခေါင်းကိုသံတုတ်နှင့်ရိုက်ခံထားရသည့်ဒဏ်က မူးနောက်ပြီး ခေါင်းထောင်မတ်ဖို့တောင်မနည်းအားပြုထားရသည့်အခြေအနေ။
ခန္ဓာကိုယ်ရဲ့ဘယ်နားကလို့ အမည်တပ်၍မရသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှ နာကျင်ခြင်းကလဲ ခြေထောက်ကိုတည့်မတ်အောင်ရပ်နိုင်စွမ်းမဲ့နေပြီ။နာကျင်ကိုက်ခဲမှုဒဏ်၊ ပင်ပန်းနွမ်းနယ်မှုဒဏ်အပြင် အနှိပ်စက်လဲခံထားရသေး၏။ ဒါ့အပြင် အပြင်ထွက်လာဖို့ အားသုံးပြီး တိုက်ခိုက်ခဲ့ရသေးတော့ ဘယ်လိုမှဆက်ပြီး တောင့်ခံမနေနိုင်တော့....

ဟိုလူလဲကျသွားတော့ ကိုကိုကသူ့ဆီအပြေးလှမ်းလာပြီး လက်မောင်းတစ်ဖက်ကိုထိန်းကိုင်ကာ ခါးမှသိုင်းဖက်ထားပြီး မတ်တပ်ရပ်စေသည်။

ညီ့ကိုထပ်တွဲခေါ်ပြီး အောက်ထပ်ဆင်းရန်ပြင်တော့ တစ်ဖြေးဖြေးချင်းပြိုကျလာသည့် ညီ့ခန္ဓာကိုယ်ကြောင့် မြေ​ပြင်ပေါ်လုံးလုံးလျားလျားလဲကျမသွားခင် အလျှင်အမြန်ပဲ ဒူးအောက်လက်လျှိုသွင်းကာ ပွေ့ချီမ လိုက်ရတော့သည်။

"ညီ!!..ညီ...ခဏလေး တောင့်ခံထားပါအုံး ညီရယ် ခဏလေးပါ "

လက်ပေါ်မှာပင် တစ်ဖြေးဖြေးမှေးမှိတ်ကျသွားသော ညီ့မျက်ဝန်းတွေကြောင့် အလျှင်အမြန်ပဲ စကားပြောစက်မှနေ Logo ရဲ့ရဟတ်ယာဥ်နှင့် ဆေးအဖွဲ့ကိုပါတစ်ခါတည်းခေါ်လာရန်ပြောပြီးအကူအညီတောင်းရတော့သည်။

"Zeus အပေါ်ထပ်မှာခေါက်မိုးထပ်ရှိတယ် ဘေးလှေကားကတက်ရမှာ ယခုနေရာကနေ ညာဘက်လေးခန်းကျော်မှာရှိတယ် "

နားကြပ်မှ ထွက်ပေါ်လာသည့် Jole(မာန်ပြည့်)စကားသံကြောင့် အောက်ထပ်ကိုဆင်းမည့်ခြေလှမ်းတွေက ခေါင်မိုးထပ်သို့ ဦးတည်ချက်ပြောင်းလိုက်ရပြန်သည်။
ခေါင်မိုးထပ်ကိုတက်ရမည့်လှေကားက ဘေးမှသွယ်ထားသည့်လှေကားသာရှိသောကြောင့် ယခုရောက်နေသည့်နေရာမှဆို အနည်းငယ်ဝေးသည့်အနေအထား ။

လှေကားမှအလျှိုလျှိုတက်လာကြသော လူတစ်စုကြောင့် zeusအနည်းငယ် ဗျာများသွားရသည်။ လက်နှစ်ဖက်လုံးက ညီ့ကိုပွေ့ထားရသောကြောင့် ညီ့ကိုထိခိုက်မိမှာကိုစိုးရသည်။

"ဒိုင်း!.."

ရှေ့ဆုံးလူဆီမှ ပြစ်လွှင့်လာသော ကျည်ဆံကို အသာလေးရှောင်တိမ်းလိုက်ပေမယ့် မျက်စိကိုမှေးမှိတ်ထားတဲ့ သူ့ရဲ့လက်ထဲကကောင်လေးကတော့ မျက်စိတွေဖွင့်လာပြီး သူ့ရဲ့ခါးကြားမှာထည့်ထားသည့်သေနတ်နှင့် လက်ကသေနတ် နှစ်လက်ကို ဆွဲယူထုပ်လိုက်ရင်း သူပွေ့ယူထား
သည့်အတိုင်း လက်တွေကိုဆန့်ထုပ်၍
တစ်ပြိုင်တည်းအဆက်မပြတ်ပြန်လည်ပြစ်ခတ်လိုက်သည်မှာ တစ်ခဏအတွင်းမှာပင် အပေါ်ထပ်တက်လာသူတွေမှာ အတုံးတုံးအရုန်းရုန်းလဲကျကုန်သည့်အဖြစ်။

"ပင် ပန်း နေ ပြီ "

သူ့ရဲ့လည်ပင်းကိုပြန်လည်သိုင်းဖက်ပြီး သွားစွယ်လေးပေါ်သည်အထိ ပြုံးရယ်ပြပြီးမှ ခေါင်းလေးကိုရင်ဘတ်မှာ ပြန်လည်မှီတွယ်ပြီး လည်ပင်းသားလေးတွေကိုရှိုက်နမ်းနေသေးသည်။

Commando Dragon က ဒဏ်ရာတွေရနေသည့်တိုင် စနိုက်ပါ (လက်ဖြောင့်တပ်သား) ဖြစ်နေဆဲပါပဲ...

🍁🍁🍁🍁🍁🍁🍁

စကားပြောစက်မှပြောနေသည်အကြောင်းအရာများအရ Dragon နဲ့Zeusတွေ့သွားတာကြောင့်စိတ်အေးရပြီဖြစ်ပေမယ့် Dragonမှာဒဏ်ရာအပြင်းအထန်ရထားသောကြောင့် Zeusတစ်ယောက်တည်း ရန်သူတွေ
နှင့်Dragonကို ထိန်းမထားနိုင်မှာစိုးရိမ်ရသောကြောင့် Kristကအပေါ်ဆုံးထပ်ကိုအမြန်တက်လာခဲ့သည်။ Zeusနဲ့အတူ တက်သွားသည့် နှစ်ယောက်ကလဲ ရန်သူတွေနှင့် ပြစ်ခတ် တိုက်ခိုက်နေရသောကြောင့် Zeusနဲ့Dragon ဆီသို့ရောက်မလာသေးပါ ။

ပြစ်ခတ်မှုတွေက အရမ်းကိုပြင်းထန်​​ပြီး အဆက်မပြတ်ပြစ်ခတ်နေကြတာဖြစ်လို့ အပေါ်ဆုံးထပ်ကိိုရောက်ဖို့က ခဲရင်းလှသည်။

အပေါ်ဆုံးထပ်ကို ရောက်လာခဲ့တော့ အောက်ဆုံးထပ်နှင့်မကွဲပြားစွာ အခန်းတွေ နှင့် အတော်ကျယ်ဝန်းပြီး ကြီးမားသည့်အဆောက်အဦးမှန်းသိလိုက်ရတယ် ။
Dragon နဲ့Zeusကိုလှည့်ပတ်ရှာဖွေရင်း တစ်ဖက်မှ လာနေသည့်ဦးကောင်းမြတ်နှင့် သူ့ရဲ့အဖွဲ့တွေကိုမြင်လိုက်သောကြောင့် အမြန်အကာအကွယ်ယူရင်း လက်ပြစ်ဗုံးတစ်ဗုံးပြစ်လွင့်ပြီး သေနတ်
နှင့်လဲအဆက်မပြတ်ပြစ်ခတ်ရင်း နားကြပ်ကနေ Jole ပြောထားသော ဘေးဆုံးလှေကားဆီသို့သာ အပြေးသွားရတော့သည်။

"တောက်!!..အဲ့ကောင်တွေကိုအသေသတ်စမ်း!!"

ဖမ်းထားတဲ့ကောင်ကို အခန်းထဲမှာမတွေ့ရကတည်းက လွတ်သွားပြီဆိုတာသိပေမယ့် ဘယ်မှာမှရှာမရဖြစ်နေတုန်း လက်ပြစ်ဗုံးချပြီး ပြေးထွက်သွားတဲ့ကောင်ကြောင့် အပြေးလိုက်ခဲ့တော့ ထိုကောင်လေးသွားတာက ခေါင်မိုးထပ်ဆီကို...

Krist ခေါင်မိုးထပ်ကိုရောက်တော့
jack လေယာဥ်ကလဲရောက်နှင့်နေပြီး Zeus ကောDragon ကော လေယာဥ်ထဲရောက်နေကြသည်။ Dragon ကိုဆေးကုသမှုလုပ်နေသည်ကို Zeusက တစ်ချက်စောင့်
ကြည့်နေသေးသည်။

"Dragon ကို​ပဲ အမြန်ခေါ်သွားလိုက်ပါ "

ဆေးတပ်သားတစ်ယောက်နှင့် မောင်းနှင်သူတစ်ယောက်သာပါသောကြောင့် ညီ့ကို ထည့်လွှတ်လိုက်ရမှာလဲ စိတ်မချဖြစ်နေရသည်။သို့သော် ဦးကောင်းမြတ်ရဲ့ကိစ္စကိုမဖြေရှင်းရသေးဘူးလေ...

"ညီ.... "

သူပြန်ဆင်းဖို့လုပ်တော့ သတိမေ့နေတဲ့ညီ့ရဲ့ ဆေးပိုက်တွေသွယ်ထားပြီးသားလက်က သူ့ရဲ့လက်ကိုအားကိုးတစ်ကြီး ဆွဲကိုင်ထားသည်ကို စိတ်မချမ်းမြေ့ဖွယ်တွေ့ရသည်။

ညီ့ရဲ့နှုတ်ခမ်းလေးကို ခပ်​ကြာ​ကြာလေးနှင့်ဖွဖွလေးသာထိကပ်နမ်းရှိုက်လိုက်မိသေးသည်။

ညီရယ်... ကိုယ့်ကိုစိတ်မချဖြစ်နေတာလား... ကိုယ်သေချာပေါက် ဦးကောင်းမြတ်ကို အသေသတ်ပြစ်ရအုံးမှာ ညီ..
အဲ့အတွက် ကိုယ့်အသက်ကိုလဲ အလဲအလှယ်လုပ်ရနိုင်တယ် ညီ...

နောက်ထပ်တစ်ကြိမ် ညီ့နှုတ်ခမ်းလေးကို အားတစ်ချက်ထည့်ပြီး စုပ်နမ်းလိုက်တော့ ဘေးကဆေးတပ်သားကောင်လေးက တစ်ချက်ပြုံးသွား​သေးသည်။

ဒီတစ်ခါ အနမ်းလေးက ကိုယ့်အတွက် အသက်အလဲအထပ်လုပ်ခြင်းမှာ အားအင်တွေလဲဖြစ်နိုင်သလို နောက်ဆုံးအကြိမ်လဲဖြစ်သွားနိုင်တာမို့ ဘယ်သူ့ကိုမှ မရှက်နိုင်သလို ဂရုလဲမစိုက်နိုင်တော့ပါ ။
ကျလုဆဲဆဲမျက်ရည်တွေကို မျက်တောင်တစ်ချက်အခပ်မှာပဲ ပြန်လည်သိမ်းဆည်းထားလိုက်သည်။

"Zeus... "

"Krist... "

တံခါးပေါက်မှာရပ်နေသည့် Krist ကိုမြင်တော့အားကိုးရာတစ်ခုတွေ့လိုက်ရသလို အားအင်ဖြစ်မိသည်။

"Dragon နဲ့အတူလိုက်သွားပေးပါလား
ဦးကောင်းမြတ်က Dragon ကိုအလွတ်ခံမှာမဟုတ်ဘူး"

"ဒီနေရာကိုကျွန်တော့်တာဝန်ထားလိုက်ပါ ၊ Dragonနဲ့အတူ Zeusပဲလိုက်သွားလိုက်ပါ "

"မဟုတ်ဘူး ကိုယ့်မှာတာဝန်ရှိသေးတယ် ၊ ညီ့ကို မင်းတာဝန်ယူပေးပါ "

"ရန်သူတွေ ခေါင်မိုးထပ်ကိုရောက်တော့မယ် ၊ လေယာဥ်အမြန်ထွက်ခွာမှဖြစ်မယ်"

နှစ်ယောက်သား ညှိနှိုင်းနေကြဆဲ နားကြပ်မှ Joleအသံကိုကြားလိုက်ရတော့ Kristက ခေါင်မိုးထပ်ရဲ့အပေါက်ကိုလှည့်ကြည့်​သည်။ချက်ချင်းဆိုသလို Zeusက Krist၏ လက်တစ်ဖက်ကိုဆွဲယူကာ သူ့လက်ကိုကိုင်ထားသည့် ညီ့လက်ထဲထည့်ပေးပြီး သူကိုယ်တိုင်က လေယာဥ်ပေါ်မှဆင်းကာ တံခါးပေါက်ကိုပါ တစ်ခါတည်းပိတ်ပေးလိုက်သည်။

ဦးကောင်းမြတ်တို့ ခေါင်မိုးထပ်အရောက် လေယာဥ်ကလဲ ထွက်ခွာသွားပြီဖြစ်သည်။

ဦးကောင်းမြတ်၏ နောက်လိုက်တွေ လေယာဥ်ကိုမပြစ်ခတ်ခင်မှာကတည်းက Zeusက သူတို့ဆီသို့ ဗုံးတစ်လုံးပြစ်လွှတ်ပေးရင်း သူကိုယ်တိုင်ပါ ကြမ်းပြင်ပေါ်သို့လွင့်စင်ကျသွားရသည်။

လေယာဥ်ပေါ်မှ Krist က အောက်ကိုပြန်လည်ပြစ်ခတ်တော့ ဦးကောင်းမြတ်ဘက်ကလူတွေလဲ လေယာဥ်ကိုမတားနိုင်တော့ပါ ။

ကံအကောင်းလွန်သည်က ဦးကောင်းမြတ်တစ်ယောက်ကတော့ ဗုံးဒဏ်နှင့်မသေပဲကျန်နေခဲ့သည်။
ပြစ်ကျသွားသည့်ဒဏ်ကို အံကျိတ်ခံရင်း ပြန်ကုန်းထတော့ ငယ်စဥ်ဘဝကတည်းက ရွံမုန်းခဲ့ရသည့် မျက်နှာနှင့်လူက သူ့ကိုရပ်ကြည့်နေသည်။
သူ ထိုလူကိုအရမ်းမုန်းပါသည်။ ရင်ထဲ အသည်းထဲကနေ မုန်းတီးသည်။ ရွံရှာသည်။ နောက်ပြီး ကြောက်လဲ ကြောက်သည်။

တစ်သက်လုံး မက်ခဲ့သမျှ အိမ်မက်ထဲမှာ ထိုလူက သူတို့မိသားစုကို ရက်စက်စွာသတ်ဖြတ်ခဲ့သူ၊ သူ့မိသားစုပြိုကွဲအောင် ဖြိုခွဲခဲ့သူ ၊ နောက်ဆုံး ထိုလူကို သူကအသားတစ်လွှာချင်းကိုဓားနှင့်မွှန်းကာ ပြန်သတ်နိုင်ခဲ့သည်။ မက်ခဲ့သမျှ အိမ်မက်ထဲမှာလဲ သူကသာ အနိုင်ရသူ ၊ ထိုလူယုတ်မာ လူ့အမှိုက်ရဲ့ သေမင်းနတ်ဘုရားက ဘုန်းဆက်ရှိန်ဝါဆိုတဲ့ သူကိုယ်တိုင်သာလျှင်....
ဒီနေ့က သူအနှစ်နှစ်အလလက မက်ခဲ့ရသည့်အိမ်မက်တွေကို လက်တွေ့အကောက်အထည်ဖော်နိုင်တော့မည့်နေ့ ...ဒီနေ့ပဲ...

🍁🍁🍁🍁🍁🍁🍁

"မင်းကရော ဘယ်သူလဲ!"..."

"ကျုပ်ကလား ...ကျုပ်ဘယ်သူလဲ ဆိုတော့ အင်း....ခင်ဗျားရဲ့ သေမင်းနတ်ဘုရားပဲ ဆိုပါတော့"

"ဘာ... ဟားဟား ဟား!!...ကောင်လေးက နေ့ခင်းအိမ်မက်တွေမက်နေတာပဲ ဟားဟား ဟင်းဟင်း!!"

တဟားဟားရယ်နေတဲ့ဒီလူကြီးကို ချက်ချင်းလက်ငင်းသတ်ပြစ်လိုက်ချင်နေပြီဆိုရင် သူ မလွန်ဘူးမလား...

"ခင်ဗျား ငတ်ပြတ်နေခဲ့စဥ်အချိန်က သတ်ဖြတ်ခဲ့တဲ့အသက်ပေါင်းဘယ်လောက်များလဲ ခင်ဗျားသိလား "

"သြော်!..ငါ နုခဲ့စဥ်အခါက သတ်ခဲ့မိတဲ့လူတွေကအများကြီးကွ!!..မင်းအသက်ထက်တောင်များနေဦးမယ်!!..မင်းကမိသားစုတစ်ခုထဲက သားတစ်ယောက်လား.. ဟားဟား ဘာလဲကွ! အကြွေးလာဆပ်တာလား... ဒါမှမဟုတ် အဲ့တုန်းက ကံကောင်းလို့မသေခဲ့တာကို အခုမှသေချင်လို့လား... ဟားဟား!!"

"မိသားစု တစ်ခုတည်းရဲ့သားမဟုတ်ဘူး!..ခင်ဗျားသတ်လို့ ​သေခဲ့တဲ့ လူတွေအားလုံးရဲ့ သား!!..အဲ့လူတွေအားလုံးအတွက် အသက်ကြွေးကို ဒီနေ့ကျုပ်ကပြန်လာယူတာ!!... "

"ဟားဟား လူစွမ်းကောင်းကြီးပဲ လူစွမ်းကောင်းကြီး လူစွမ်းကောင်းကြီး!!...ဟားဟား"

"ရယ်ထား!.. ဒီနေ့က ခင်ဗျားနောက်ဆုံးနေ့ဆိုတော့ စိတ်ကြိုက်သာ ရယ်ထား"

"မင်း ငါ့ကိုဖမ်းလို့လဲမရဘူး၊ သတ်လို့လဲမရပါဘူးကွ!! ငါ့ကိုဘာအပြစ်နဲ့သတ်မှာလဲ... မင်းတို့ကိုအထက်ကချပေးတဲ့ ဦးကောင်းမြတ်ရဲ့ ရုပ်ကဒါမျိုးမဟုတ်ဘူးလေ ၊ အခုမင်းမြင်နေရတဲ့ ကောင်းမြတ်က လွန်ခဲ့တဲ့နှစ်တွေကတည်းက သေပြီးပြီကွ!!အဲ့တော့ ငါ့မှာ ဘာရာဇဝတ်မှုမှမရှိဘူး... ဟားဟား!!"

"ခင်ဗျားမှာ ဘာရာဇဝတ်မှုမှမရှိရင် ကျုပ်မှာအမှုရှိခံလိုက်ပြီးတော့ ခင်ဗျားကိုသတ်မှာ!!"

"မင်းက အတော်ရူးတာပဲကွာ..စိတ်ကူးလဲအရမ်းယဥ်တာပဲ ငါ့လက်ထဲမှာကိုင်ထားတာက သရဏဂုံတင်ထားတဲ့ စိတ်ပုတီးမဟုတ်ဘူးကွ!!"

"ကျွန်တော့်လက်ထဲမှာကိုင်ထားတာကလဲ အချက်ပေးနာရီလှလှလေးမဟုတ်ဘူးဗျ!!"

အင်္ကျီရင်ဘတ်ထဲက ချိန်ကိုက်ဗုံးကိုထိန်းချုပ်
သည့် remoteလေးကိုပြလိုက်တော့ ဦးကောင်းမြတ် တစ်ချက်တုန်လှုပ်သွားသည်။

"မင်းက ပြည်သူတွေအများကြီးရဲ့အသက်ကို သတ်ချင်နေတာပဲကွ!!"

"......"

"မင်းမသိဘူးပဲ... အောက်ဆုံးထပ်မှာ က​လေးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရှိတယ်လေ "

Zeusတစ်ချက်တော့ တွေဝေသွားမိသည်။ သူသာအဆောက်အဦးကိုဖောက်ခွဲလိုက်လျှင် သူတို့Commando တပ်သားတွေကတော့ အသက်လုပြေးလို့ရနိုင်သည်။ သို့သော် အဲ့ကလေးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဘယ်လိုထွက်နိုင်ပါ့မလဲ ၊ ဒါပေမယ့် Jole က ဒီအဆောက်အဦးတစ်ခုလုံးကို ကြည့်နေတာလေ ၊ ခုလောက်ဆို သူတို့တွေ တွေ့ပြီးလို့ အပြင်ကိုထုပ်ပြီးလောက်ပါပြီ...

"ဟားဟား! !...မင်းက တွေဝေတတ်တဲ့လူမျိုးပဲ "

"ဒိုင်း!!..."

"ဒိုင်း!! တီ...တီ...တီ....ဝုန်းးးးး!!"

Zeus တစ်ချက်တွေဝေသွားခြင်းကို အခွင့်ကောင်းယူပြီး ဦးကောင်းမြတ်က သူ့ရဲ့သေနတ်နဲ့ Zeusဘက်ကို ပြစ်လိုက်သလို Zeusကလဲ သူ့ဘယ်ဘက်လက်မှာကိုင်ထားသည့် ချိန်ကိုက်ဗုံး ခလုပ်ကိုနှိပ်ချလိုက်ရင်း ညာဘက်လက်မှနေ ကျည်တစ်ထောင့်ကိုပါ ပြစ်ထည့်လိုက်သည်။

ဦကောင်းမြတ် ကိုင်သည့်ကျည်ဆံက သာမာန်တွေ့နေမြင်နေကြအရွယ်အစားဖြစ်ပြီး Zeusရဲ့ ကျည်ဆံကတော့ အလွန်သေးငယ်ပြီး ချွန်သည့်ကျည်ဆံမျိုးဖြစ်သည်။ကျည်ဆံနှစ်ခုဟာ အလယ်မှာစုံတွေ့သည့်ခဏ
Zeusပြစ်ထည့်လိုက်သည့် ကျည်ဆံက ဦးကောင်းမြတ်ပြစ်လွှတ်လိုက်သည့် ကျည်ဆံကို ခလယ်မှဖြတ်သွားပြီး အစိတ်စိတ်အမွမွကြေမွစေပြီး ဦးကောင်းမြတ်ရဲ့ လည်ပင်းလေပြွန်ဝ လေကြောင်းဆီသို့ ထုပ်ချင်းဖောက် ဖြတ်ထွက်သွားသည်။

လည်ပင်းကိုကိုင်ပြီး နာကျင်မှုဒဏ်ခံစားရကာ မျက်လုံးပြုံးလျှက်သားနှင့် လဲကျသေဆုံးသွား
သည့် ဦးကောင်းမြတ်ကို မျက်စိအရသာခံကာ ရပ်ကြည့်နေမိသေးသည်။ အရသာရှိလိုက်သည့်ဖြစ်ခြင်း...

တစ်ပြိုင်တည်းဆိုသလို အောက်ထပ်ကအခန်းတွေမှာပါမက Zeusက သူတက်လာခဲ့သည့်လမ်းတစ်လျှောက်ကိုပါ ချိန်ကိုက်ဗုံးကို တပ်ထားခဲ့တာဖြစ်သောကြောင့် အဆောက်အဦးတစ်ခုလုံးဟာလဲ ပေါက်ကွဲသံနှင့်အတူတူ ပြိုကျကုန်တော့သည်။

"ဝုန်း!!..ဒုန်း!!..ခွမ်!!.."

ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ဝေးဝေးမှာနားနေသည့်ငှက်တွေတောင် လန့်ဖြတ်ကာထွက်ပြေးကုန်ကြသည့်အထိ။ အဆောက်အဦးပြိုကျမှု တစ်ဒုန်းဒုန်း တစ်အုံးအုံးကိုရပ်ပြီး ကြည့်နေသူက မိဘနှစ်ပါးနှင့် သူ့ရဲ့ ညီမလေးကို ရက်ရက်စက်စက်သတ်ပြစ်ခဲ့သည့် ဦးကောင်းမြတ်ကိုသာ တစ်စိမ့်စိမ့်ကြည့်လို့....

🍁🍁🍁🍁🍁🍁🍁

လွန်ခဲ့သော မိနစ် ၂၀ ခန့်က....

သက်နောင် တံခါးကိုဖွင့်လိုက်တော့ ဒါက နောက်ထပ်လူမဆန်မှုတွေ နဲ့ ပြည့်နေတဲ့ကမ္ဘာတစ်ခုပါလားဆိုတာကို သိလိုက်ရပြန်တယ် ။

"ဟာ!!...."

မှန်ပြင်ကနေမြင်နေရတဲ့ Jole တောက်အဲ့လောက်အံ့ဩသွားသည်ဆိုလျှင် လက်တွေ့မြင်တွေ့နေရသည့် သက်နောင်တို့ဆိုလျှင် အံ့သြ၍ပွင့်ဟနေ
သည့်ပါးစပ်ကိုတောင်ပြန်မပိတ်နိုင်သလို မျက်စိရှေ့က အရာတွေကိုလဲ အမှန်မှဟုတ်ရဲ့လား တွေးလို့တောင်မရတော့ချေ။

တစ်ခန်းလုံးမှာ လင်းထိန်နေသည့် အပြာရောင်မီးအလင်းရောင်ကြောင့် ကမ္ဘာသစ်တစ်ခုကိုရောက်သွားသည်ဟုထင်ရခြင်းဖြစ်သည်။

တော်တန်ရုံအကျယ်အဝန်းမဟုတ်သည့်အခန်းကျယ်ထဲတွင် ကလေးအရွယ်စုံကို ကုတင်ပေါ်မှာ ​​ဆေးသွင်းသည့်ကြိုးတန်းလန်းတွေနှင့်တွေ့ရသည်။ ထိုကုတင်များဘေးတွင်လဲ ဆရာဝန်လိုလိုအဖြူရောင် ကုတ်အရှည်တွေနှင့် အမျိုးသား အမျိုးသမီးတွေအတော်များများကိုလဲတွေ့ရသည်။သေချာပေါက် ဒီအထဲကလူတွေက ဆရာဝန်တွေမဖြစ်နိုင်ပါ ။ ဆရာဝန်ဆိုလျှင်လဲ သည်လူတွေဟာ အတင်းအကျပ်ဖမ်းဆီးခံရပြီး အလုပ်ခိုင်းခံရသည့် လူတွေပင်ဖြစ်လိမ့်မည်။

အခန်းထဲက လူတွေက သူတို့ကိုမြင်တော့ ကြောက်ရွံ့ထိတ်လန့်နေသလို ခေါင်းတောင်ဖော်မကြည့်ကြပါ ။ သူတို့ရဲ့ပုံစံတွေကလဲ တုန်တုန်ခိုက်ခိုက်နှင့် အစာရေစာပြတ်လပ်နေ
သည့်လူတွေလို တုန်ခိုက်နေကြပြန်သည်။

"ဒါက ဘာလုပ်တဲ့အခန်းလဲ!!.ဒီကလေးတွေကကော ဘာလုပ်တာလဲ !!မင်းတို့ကော ဘယ်သူတွေလဲ!!"

သက်နောင်ရဲ့ စိတ်မရှည်သလို အော်ဟစ်လိုက်တဲ့အသံကြောင့် ဒီလူက သူတို့ကိုအန္တရာယ်ပေးမည့်လူ​မဟုတ်ဆိုတာကို သဘောပေါက်သွားသလို ၊အားကိုးရာ ရသွားသည့်ကလေးငယ်တွေလို အနားကိုပြေးကပ်လာကြပြီး အကူအညီတောင်းကြတော့သည်။

"ကျွန်တော်တို့ကိုကယ်ပါအုံးဗျာ...ဒီနေရာက မကောင်းတဲ့နေရာတစ်ခုပါ ၊ အခုကုတင်ပေါ်ကကလေးတွေက မကြာခင် အတွင်းကလီစာတွေဖြတ်ထုပ်ခံရမည့် ကလေးတွေပါ ။ ကျွန်တော်တို့ကိုလဲ အတင်းဖမ်းဆီးပြီး ဒီအခန်းထဲထည့်ပိတ်ထားတာ တစ်ပတ်ရှိပါပြီ ။ကယ်ကြပါအုံးဗျာ!!..အစာလဲ သေချာမကျွေးပဲမသေရုံသာကျွေးထားတာပါ. .ကျွန်တော်တို့တွေက ဆရာဝန်တွေနဲ့ သူနာပြုတွေပါ..ဒီကလေးတွေကလဲ လမ်းဘေးကနေ ဖမ်းလာတဲ့ကလေးတွေပါပဲ...ကယ်ကြပါအုံးဗျာ"

ခေါင်းဆောင်လို့ထင်ရသည့် လူတစ်ယောက်က စကားအရှည်ကြီးပြောပြီးနောက်မှာ စိတ်ဒုံးဒုံးချလိုက်သလို ကြမ်းပြင်ပေါ် ထိုင်ချသွားသည်။
အတွင်းကလီစာ ထုပ်ဖို့...၊ နေ့စဥ်သတင်းမှာ တက်နေတဲ့ ကလေးပျောက်မှုတွေ ၊ ညဘက် ဂျူတီမှပြန်လာသည့် ဆရာဝန်နဲ့ သူနာပြုတွေ အဆောင်ပြန်မရောက်ပဲ ပျောက်သွားမှုတွေ.. ဒါတွေက ဒီရောက်နေတာလား...

"တစ်ပတ်လောက်ပဲရှိသေးတာလား "

"ဟုတ်ပါတယ် ဒီအခန်းထဲကို ပထမဆုံး ရောက်တာက ကျွန်တော်ပါ ၊ ​အစကတော့ ကျွန်တော်ကစော်ပွေလို့ ရန်ညှိုးတစ်ခုခုကြောင့် ဖမ်းခေါ်လာတယ်ထင်မိပေမယ့် နောက်ထပ်ရောက်ရောက်လာတဲ့ ကလေးတွေ နဲ့ ဆရာဆရာမတွေကြောင့် ဒီကိစ္စလုပ်ဖို့ဆိုတာသိရတာပါ "

ရုပ်ရည်သန့်ပြန်တဲ့လူငယ်တစ်ယောက်က ထပ်ပြီးဖြေရှင်းချက်ပေးသည်။ စဥ်းတော့စဥ်းစားစရာပါပဲ... ဦးကောင်းမြတ် ဆိုတာ မူးယစ်ရာဇာ ၊ ဘိန်းရာဇာ ၊ လက်နှက်မှောင်ခိုလုပ်သည့်လူ လူမှောင်ခိုကူးတာ ဒီလောက်သာ သိထားသည်။ အတွင်းကလီစာ ထုပ်ရောင်းသည်ဆိုတာမျိုး မကြားဖူးသေးချေ ။
ဟိုတစ်လောကလဲ မိန်းကလေးတွေ ကိုတစ်ဖက်နိုင်ငံပို့ဖို့ တင်လာသည့်ကားအဖမ်းခံရသည်။ သည်ကြားထဲမှာလဲ သူ့ပစ္စည်းတွေနဲ့ မှောင်ခိုအလုပ်တွေ လုပ်လို့မရအောင် အမြဲစောင့်ကြည့်ခံနေရတာဖြစ်သည်။
တစ်ပတ်လောက်ပဲ ရှိသေးတယ်ဆိုတော့ သူ့ရဲ့ ပစ္စည်းတွေကို ဖမ်းမိကုန်လို့ တစ်ခြားအလုပ်တစ်ခုကို ထပ်လုပ်ဖို့ ပြောင်းလိုက်တာလား....

"ကလေး ဘယ်နှစ်ယောက်သေပြီးပြီလဲ!!..ဘယ်နှစ်ခါ ရောင်းပြီးပြီလဲ!! ခင်ဗျားတို့ကကော ဘာလို့သူခိုင်းတိုင်းလုပ်ရတာလဲ!!"

တွေးရင်း တွေးရင်း ဒေါသတွေအလိပ်လိုက်ထွက်ရလို့ သက်နောင်အော်မိသွားတယ်။ သေဆုံးသွားတဲ့ကလေးတွေအကြောင်းတွေးမိတော့ သူဝမ်းနည်းကြေကွဲရတယ် ။ ဒီက လူတွေဟာ အတင်းအကျပ်ဖမ်းဆီးခံရပြီး အခိုင်းခံရတယ်ဆိုတာ သိပေမယ့် သူ မကာကွယ်လိုက်နိုင်တဲ့ကလေးတွေအတွက် လိပ်ပြာမလုံဘူး ။

"တစ်ခါမှ မရောင်းရသေးပါဘူး ၊ တစ်ယောက်မှလဲကလီစာမထုပ်ရသေးသလို တစ်ယောက်မှလဲ မသေသေးပါဘူး ၊ အခုကဆေးသွင်းထားဆဲ ကာလပဲရှိပါသေးတယ် ..ကံကောင်းသွားတာက ကျွန်တော်တို့လက်တွေလဲ မကောင်းမှု ဒုစရိူက်လုပ်ငန်းရဲ့ သွေးတွေမစွန်းထင်းသေးပါဘူး ၊ အတင်းအကျပ်လုပ်ခိုင်းရင်လဲ အစွမ်းကုန်ငြင်းဖို့ တိုင်ပင်ထားပြီးသားပါ "

"တော်သေးတာပေါ့ တော်သေးတာပေါ့... "

တစ်ကယ်တော်သေးတယ်... ဘယ်သူမှ ဘာမှမဖြစ်သေးလို့ တစ်ကယ်တော်သေးတာပေါ့....

"တောင်းပန်ပါတယ် စွပ်စွဲမိလို့... ကျွန်တော်က'Logo'Commando တပ်ဖွဲ့ကပါ ၊အားလုံးကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ကျွန်တော်တို့ခေါ်ထုပ်သွားပါ့မယ် "

"ဝမ်းသာလိုက်တာဗျာ... "

"ဝမ်းသာ လိုက်တာရှင်... ကျွန်မတို့ ဒီအထဲမှာတင် သေရတော့မယ်ထင်နေတာ "

"ကျမ်းမာရေးကားတွေခေါ်ထားပေးပါအုံး "

Joleကို နားကြပ်မှတစ်ဆင့်ပြောလိုက်တော့ တစ်ဖက်က ဆေးရုံကားသံတွေကြားနေရပြီ ။
အလိုက်သိလှသည့် Joleကဆေးရုံကားတွေခေါ်ထားပြီးသား ဖြစ်နေပြီပဲ။

"ဒါဆိုရင် တစ်ယောက်စီ ကလေးတစ်ယောက်ချင်းခေါ်ပြီး ထွက်မယ် သတိထားပြီးထွက်ပါ "

အပြင်ဘက်မှာ ပြစ်ခတ်သံတွေမကြားရတော့လို့ အခြေအနေတည်ငြိမ်ပြီအထင်နှင့် အပြင်ကိုအေးဆေးသာခေါ်ထုပ်မိသည်။

"ဟာ! !!."

အခန်းထဲမှ ကလေးတွေနဲ့ လူတွေထွက်လာတာမြင်တော့ လက်ရွေးစင်တပ်သားတွေကလဲ အပြေးအလွှားလာခေါ်ကြသည်။

"ဟာ!!..Zeus တော့မဟုတ်တာလုပ်ပြီ... အဆောက်အဦးပြိုတော့မယ် အားလုံးမြန်မြန်ထွက်!!"

ကိုသက်နောင် ကလေးတွေနဲ့ပြည်သူတွေကိုအပြင်ခေါ်ထုပ်နေတော့ Jole ကစိတ်အေးရပြီအထင်နှင့် ခေါင်မိုးထပ်ကအခြေအနေကိုတစ်ချက်ကြည့်လိုက်တော့ ဦးကောင်းမြတ် နှင့်Zeus သေနတ်ယှဥ်ပြိုင်လိုက်သည်ကိုမြင်လိုက်ပြီး Zeusရဲ့ကျည်ဆံ​က ဦးကောင်းမြတ်လည်ပင်းကို ထုပ်ချင်းပေါက်ဝင်သွားတာပါ မြင်လိုက်ရသည်။Zeusကတစ်ဆက်တည်းဆိုသလို ချိန်ကိုက်ဗုံးခလုပ်ကိုနှိပ်ထည့်လိုက်သည်ကို မြင်လိုက်ရပြန်တော့ အလျှင်အမြန်သာ သတိပေးလိုက်ရတော့သည်။

ဒါပေမယ့် Zeusက ဦးကောင်းမြတ်နှင့်စကားစပြောကတည်းက သူ့ရဲ့နားကြပ်ကိုဖြုတ်ထားသောကြောင့် Joleရဲ့ သတိပေးသံကိုလဲမကြားတော့ပါ ....

🍁🍁🍁🍁🍁🍁🍁

ကြားဖြတ်သတင်းအနေဖြင့် TV ရုပ်သံလွှင့် သတင်းချန်နယ်များ ၊ အင်တာနက်လိုင်းများ၊ ရေဒီယိုသတင်းများတွင် ထပ်ခါ ထပ်ခါ လွှင့်နေသည်က မူးယစ်ရာဇာ ၊ ဘိန်းရာဇာ ၊ လက်နှက်မှောင်ခိုသမား ၊လူကုန်ကူးသူ ၊ ခိုးဆိုးလုနှိုက် ဒုစရိုက်မှု အစုံကိုပြုလုပ်ခဲ့သည့် 'မြတ်'ရဲ့ပဲ့ကိုင်သူ ဦးကောင်းမြတ်ကို Commando လက်ရွေးစင်အထူးတပ်သားတွေမှ သွားရောက်ဖမ်းဆီးရာ အသာတကြည်လက်မခံပဲ ပြန်လည်ခုခံကာ အဆောအဦးကိုပါ ဗုံးဖောက်ခွဲပြစ်ခဲ့ပြီး ဦးကောင်းမြတ်သည်လည်း ပေါက်ကွဲမှုတွင် ထိမှန်ကာ သေဆုံးသွားကြောင်း၊ထို ဦးကောင်းမြတ်ဟာ ကလေးတွေ၏ အတွင်းကလီစာတွေကိုပါ ထုပ်ရောင်းဖို့ကြံစည်နေသောကြောင့် ယခုလို သေဆုံးသွားရသည်မှာ ပြည်သူလူထုအတွက် ကောင်းမွန်သည့်ဆုလက်ဆောင်တစ်ခုဖြစ်ကြောင်းကို ထပ်ခါထပ်ခါ ထုပ်လွှင့်ပြသနေသည်။

ဝမ်းနည်းစရာသတင်းအနေဖြင့် ဦးကောင်းမြတ်ကို သွားရောက်ဖမ်းဆီးခဲ့သော ကမ္ဘာ့အဆင့် Commando Zeusဟာလဲ ထိုပေါက်ကွဲမှုတွင် အဆောက်အဦးပိ၍ သေဆုံးသွားကြောင်းကို ဝမ်းနည်းခြင်း ပြယုတ်တွေဖြင့်ထုပ်လွှင့်ပြသနေပြန်သည်။

ထိုသတင်းကိုကြားတော့ ဆေးရုံက အခန်းတစ်ခုထဲက ကုတင်နှစ်လုံးပေါ်မှာလှဲနေတဲ့ ကောင်လေးနှစ်ယောက်ရဲ့မျက်နှာမှာ အပြုံးကိုယ်စီခိုလှုံသွားကြသေးသည်။

ဟုတ်တာပေါ့ ကမ္ဘာ့အဆင့်Commando Zeusက ပေါက်ကွဲမှုမှာ ဦးကောင်းမြတ်နဲ့အတူ သေဆုံးသွားခဲ့ပြီ ။ အဲ့လိုပဲ သူ့ရဲ့ဘဝတစ်ခုလုံး ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုး အသက်ကြွေးကလဲ ထိုနေ့ကပဲ ပြီးဆုံးသွားခဲ့ပြီ ။
ကျန်ရှိနေတဲ့ဘဝမှာ ရှိနေမှာက ချစ်ရသူ ညီစေမင်းသော်ဆိုသည့် ကောင်လေးအနားမှာ 'ညီ' 'ညီ''နဲ့တစ်စာစာခေါ်ပြီး ကပ်ချွှဲနေမည့် ဘုန်းဆက်ရှိန်ဝါသာ ရှိတော့သည်လေ....

တစ်ကယ်လို့သာ ဦးကောင်းမြတ်ရဲ့အလောင်းကို ရင်ခွဲရုံပို့ပြီး ခွဲစိတ်ကြည့်မယ်ဆိုလျှင် လေပြွန်ဝက ကျည်ဆံရာအပေါက်ကြောင့် သေဆုံးရတယ်ဆိုတာကို သိရှိကြမှာပါ ၊ သိရှိခဲ့ကြလျှင်တောင် အဆောက်အဦးပေါက်ကွဲမှုတွင် သေဆုံးသည်ဟုသာ ထုပ်ပြန်မှာ မလွဲဧကန်ပါ ။

အမှန်တရားနောက်တစ်ခုကတော့ Dragon ကိုသွားမကယ်မှီညက Zeusကြည့်နေခဲ့တာက အဆောက်အဦးရဲ့တည်ဆောက်ပုံ အသေးစိတ်ကိုကြည့်နေတာဆိုလျှင် ထိုအဆောက်အဦးမှ အောက်သို့အမြန်ဆုံးရောက်သည့်လမ်းနှင့် ပေါက်ကွဲမှု ကြာချိန်တွေကို မိနစ် စက္ကန့်တွက်ချက်နေသည်ဆိုလျှင် ပိုမှန်နေလိမ့်မည်။
တစ်ကယ်တော့ Zeusက ပေါက်ကွဲမှုပြီးပြီးချင်း ဘေးဆုံး အရေးပေါ်လှေကားမှနေ အောက်သို့ဆင်းသွားခဲ့တာဖြစ်လို့ ပေါက်ကွဲပစ္စည်းတွေရဲ့ ထိမှန်ရုံလောက်သာ ဒဏ်ရာရခဲ့တာဖြစ်သည်။

အများသိသည့် Commando Zeusက ပေါက်ကွဲမှုတွင် သေဆုံးသွားသည်။

#5.2.2022
#Nandar Myint Moh

I really want your Feedback and Voting❤️

(A/N - FINAL သွားပေမယ့် EXTRAတွေကျန်ပါသေးတယ်နော် ၊ Library ထဲက ထုပ်မပြစ်လိုက်ပါနဲ့အုံး )

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...