A Thorn In My Heart(နှလုံးသား...

By ShallyDolly13

45.1K 2.1K 189

ကောင်လေးနှစ်ယောက်၊သူငယ်ချင်းနှစ်ယောက် ကြားက အချစ်အကြောင်းလေးပါပဲ ။ သူတို့တွေမှာ ရှိ‌ခဲ့တဲ့ပျော်ရွှင်မှုတွေ ၊... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 35
Part 36
Part 37 End
Kaung's POV
Kaung's POV 2
Kaung's POV 3
Kaung's POV 4
Kaung's POV 5
Kaung's POV 6
Kaung's POV 7
Kaung's POV 8 (Finale)
ဈေးဗန်း/ေဈးဗန္း
🧡
Part 1 [Zawgyi]
Part 2 [Zawgyi]
Part 3 [Zawgyi]
Part 4 [Zawgyi]
Part 5 [Zawgyi]
Part 6 [Zawgyi]
Part 7 [Zawgyi]
Part 8 [Zawgyi]
Part 9 [Zawgyi]
Part 10 [Zawgyi]
Part 11 [Zawgyi]
Part 12 [Zawgyi]
Part 13 [Zawgyi]
Part 14 [Zawgyi]
Part 15 [Zawgyi]
Part 16 [Zawgyi]
Part 17 [Zawgyi]
Part 18 [Zawgyi]
Part 19 [Zawgyi]
Part 20 [Zawgyi]
Part 21 [Zawgyi]
Part 22 [Zawgyi]
Part 23 [Zawgyi]
Part 24 [Zawgyi]
Part 25 [Zawgyi]
Part 26 [Zawgyi]
Part 27 [Zawgyi]
Part 28 [Zawgyi]
Part 29 [Zawgyi]
Part 30 [Zawgyi]
Part 31 [Zawgyi]
Part 32 [Zawgyi]
Part 33 [Zawgyi]
Part 34 [Zawgyi]
Part 35 [Zawgyi]
Part 36 [Zawgyi]
Part 37 End [Zawgyi]
Kaung's POV [Z]
Kaung's POV 2 [Z]
Kaung's POV 3 [Z]
Kaung's POV 4 [Z]
Kaung's POV 5 [Z]
Kaung's POV 6 [Z]
Kaung's POV 7 [Z]
Kaung's POV 8 [Z] Finale

Part 34

650 31 5
By ShallyDolly13

၂၀၂၄ခုနှစ်/ဧပြီလ

စံနွဲ့ ရှင်းပြချက်တို့ကို နားထောင်ပြီးသည့်နောက် ကျွန်တော့်ခန္ဓာအတွင်းရှိ အင်အားတို့သည်လည်း ယု‌တ်လျော့သွားတော့သည်။ ကောင်း ခံစားခဲ့ရတာတွေကို မသိခဲ့ဘဲ ကျွန်တော်သည် ကောင်း အပေါ်စိတ်နာနေမိခဲ့လေသည်။

ကောင်း ဘယ်လောက်တောင် ဝမ်းနည်းနာကျင် နေခဲ့ရမလဲ။ ကျွန်တော် ကောင်း ဘေးမှာရှိနေခဲ့ရမှာ။ အဲ့နေ့ညက ကျွန်တော် ချက်ခြင်းမပြန်ဘဲ ကောင်း ပြန်လာတဲ့အထိ စောင့်နေခဲ့ရမှာ။ ကျွန်တော့် စိတ်ခံစားချက်ကိုသာ ဦးစားပေးခဲ့မိပြီး ကောင်း အတွက် ကျွန်တော် ငဲ့မကြည့်မိခဲ့။

အကြောင်းစုံကို သိပြီးသည့်နောက် ကောင်း အပေါ် ကျွန်တော် အားနာမိ‌လာလေသည်။ သူတစ်ယောက်တည်း ပင်ပန်းခဲ့ရတဲ့ နှစ်တွေမှာကျွန်တော် သူ့ဘေးနား မရှိပေးနိုင်ခဲ့။

စံနွဲ့နှင့် ကျွန်တော် စကားပြောပြီးနောက် စာသင်ခန်းထဲမှ ထွက်လာခဲ့ကြသည်။ အခန်းထဲမှ ထွက်ထွက်ချင်း ကောင်း ကို ကျွန်တော် လိုက်ရှာကြည့်နေမိသည်။ ‌အခုအချိန်တွင် ကောင်း ဘေးနားမှာသာ ကျွန်တော် ရှိချင်နေမိသည်။စံနွဲ့ကို ဧည့်ခန်းထဲ ခဏထားခဲ့ပြီး အပေါ်ထပ်တွင် ကောင်း ကို ကျွန်တော်ရှာနေမိသည်။ ထိုစဉ် ကောင်း ကျွန်တော့် အခန်းထဲမှ ထွက်လာလေသည်။

ကောင်း ကို မြင်မြင်ချင်း ကျွန်တော် ပွေ့ဖက်လိုက်မိသည်။ ကျွန်တော့်ဆီမှ လွတ်ထွက်သွားမှာ စိုးသည့်အလား ကောင်း ကိုတင်းကျပ်စွာ ပွေ့ဖက်ထားမိသည်။ ကောင်း ကတော့ သူ့လက်နှစ်ဖက်နဲ့ ကျွန်တော့်မျက်နှာကို ဆွဲယူပြီး ကြည့်နေလေသည်။ မျက်ရည်ကြည်တို့ ဝေ့ဝဲ နေသော ကျွန်တော့် မျက်ဝန်းများကို ကြည့်ပြီး ကောင်း သက်ပြင်းတစ်ချ ချလေသည်။ ကျွန်တော့်ကို နှစ်သိမ့်ပေးဖို့ရန် သူသည် စကားစတင် ဆိုလေသည်။

"လင်းလေး...ညီမလေး ပြောပြတာတွေ နားထောင်ပြီးခဲ့ပြီလား ဟင်"

"အင်း..."

ကျွန်တော် ပြန်ဖြေလိုက်တော့ သူက တစ်ချက်ပြုံးပြီး ဆက်ပြောလေသည်။

"ကိုယ့်အချစ် ကိုယ့်ကို စိတ်မဆိုးတော့ဘူး မလားဟင်...ကိုယ် မင်းကို အရင် ရှင်းမပြခဲ့မိတဲ့ အတွက် ကိုယ်တောင်းပန်ပါတယ်နော်..."

"ကောင်း...ငါ မင်းကို အားနာမိတယ်...ငါ တစ်ကိုယ်ကောင်း ဆန်ပြီး တစ်ယောက်တည်း ထွက်လာခဲ့မိတယ်...မင်း ကိုငါ တောင်းပန်ပါတယ်နော်..."

"အာ...ကိုယ့်အချစ်ကလည်းကွာ...ကိုယ်ကသာ မင်းကို သေချာဆက်သွယ်ပြီး ရှင်းပြခဲ့ရမှာ...ကိုယ့် အမှားပါကွာ...အခုတော့လည်း ကိုယ်‌တို့တွေ အဆင်ပြေနေပြီလေ...နော်...ဝမ်းနည်းမနေပါနဲ့တော့...ကိုယ့်အချစ် ဝမ်းနည်းနေတော့ ကိုယ်လည်း ဝမ်းနည်းတာပေါ့...နော်..."

"အင်းပါ....ကောင်း..."

"ဟင်...ဘာလဲ အချစ်"

"ငါမင်းကို ချစ်တယ်နော်...နောက်တစ်ခါ ဘာပဲဖြစ်လာဖြစ်လာ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြပေးနော်...ငါ မင်းဘေးနားမှာ အမြဲတမ်းရှိနေပေးမှာနော်..."

"ဟုတ်ပါပြီ...အခုတော့ အောက်ထပ်ကို သွားရအောင်...ကိုယ် ဗိုက်ဆာနေပြီ...မင်းလေးနဲ့အတူစားဖို့ ကိုယ် စောင့်နေတာ..."

"ဟာ စားနှင့်တာ မဟုတ်ဘူး...သမီးကော"

"အိပ်ပျော်နေပြီ..."

"နွဲ့ ကိုပါတစ်ခါတည်း ခေါ်လိုက်လေ...သူလည်း ကားဂိတ်ကနေ တန်းလာခဲ့တာဆိုတော့..."

"ဟုတ်ပါပြီကွာ..."

ကျွန်တော်တို့ အောက်ထပ်ရောက်တော့ ကောင်းသည် စံနွဲ့ကို ထမင်းစားဖို့ သွားခေါ်လေ၏။ ကျွန်တော်လည်း မီးဖိုခန်းထဲတွင် ထမင်းဝိုင်းကို ခပ်မြန်မြန်ပင် ပြင်ဆင်လိုက်တော့သည်။ မေမေချက်ပြုတ်ပေးခဲ့သော အကြော်အလှော်လေးနှင့် စွန်တန်ဟင်းရည်ကို အမြန်လုပ်လိုက်ပြီးချိန်တွင် နေ့လည်စာသည် အဆင်သင့်ဖြစ်သွားလေပြီ။

ကောင်းနှင့်စံနွဲ့ လည်း မီးဖိုခန်းထဲ ရောက်လာပြီးသည့်နောက် ကျွန်တော်တို့ နေ့လည်စာကို စိတ်လက်ပေါ့ပါးစွာ စတင် စားသောက်ကြလေသည်။ ထမင်းစားပြီးနောက် ကော်ဖီတစ်ယောက် တစ်ခွက်စီ နှင့် ဧည့်ခန်းထဲတွင် ငယ်စဉ်ကအကြောင်းများကို ပြန်ပြောကြရင်း ကျွန်တော်တို့ သုံးယောက်လုံး ရယ်မောပျော်ရွှင်နေကြသည်။ညနေစောင်းချိန်တွင်တော့ စံနွဲ့ သည် ကောင်း နေ‌ထိုင်သော အိမ်သို့ ပြန်ဖို့ ပြင်နေလေသည်။

"နွဲ့ ရယ်ပြန်မနေပါနဲ့...မမ အခန်းလည်း ရှိနေတာပဲ...မမ အခန်းထဲမှာပဲ အိပ်လိုက်တော့လေ..."

"ဟုတ်တယ် ညီမလေး ဒီမှာပဲ အိပ်လိုက်ပါလား...ဟိုမှာဆို တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်...ဒီမှာ သမီးလည်း ရှိတာပဲ..."

စံနွဲ့ ပြန်မှာကို ကျွန်တော်နှင့် ကောင်း တားမိလိုက်သည်။ ကောင်း အိမ်ရှိရာ ရပ်ကွက်သည် လူခြေတိတ်ဆိတ်ရာ နေရာဖြစ်လေသောကြောင့် စံနွဲ့တစ်ယောက်တည်း နေမည်ကို ကျွန်တော် စိတ်မချပါ။စံနွဲ့ ကတော့ အားနာနေပုံ ပေါ်နေလေသည်။

"ဟိုလေ...နွဲ့ ဟိုမှာ သွားနေလည်း အဆင်ပြေပါတယ်..."

"အာ...နွဲ့ ကလည်း ဒီမှာပဲ နေပါ...သမီးလည်း ရှိနေတာပဲ...မမ အခန်းထဲမှာ နွဲ့ နဲ့ သမီးနဲ့ တူတူအိပ်လို့ရတာပဲ"

"ဟုတ်တယ် ညီမလေး...လင်း ပြောတဲ့ အတိုင်း ဒီမှာပဲ နေလိုက်ပါ...အဝတ်အိတ်လည်း တစ်ခါတည်း ပါလာတာပဲကို..."

"ဟုတ်ကဲ့ပါ...အဲ့ဒါဆို ညနေစာကို နွဲ့ ချက်မယ်နော်..."

"အိုကေ"

*******

ညနေစာ စားချိန်တွင် ပေါင်းပေါင်းသည် ပျော်ရွှင်နေလေသည်။ စံနွဲ့ ကိုယ်တိုင် ပေါင်းပေါင်း ကိုထမင်းခွံ့နေပြီး ဟင်းများမှာလည်း အမယ်စုံလင်လှလေသည်။ ထမင်းဝိုင်းလေးသည်ကား ချစ်ခြင်းမေတ္တာများ သက်ဝင်လျက်ရှိနေသည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ မျက်ဝန်းများသည်လည်း တောက်ပနေကြလေသည်။

ကောင်းလည်း ကျွန်တော့် လက်ကို ဖွဖွဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကျွန်တော့် ပန်းကန်ထဲ ဟင်းများထည့်ပေးနေလေသည်။ ထိုနေ့ညတွင် ‌ပေါင်းပေါင်းကို စံနွဲ့က ပုံပြင်ပြောပြပြီး ချော့သိပ်နေလေသည်။ ကျွန်တော်လည်း ကောင်း၏ ရင်ခွင်ထဲ တိုးဝင်ပြီး ကောင်း၏ ကိုယ်သင်းနံ့ကို ရှုရှိုက်နေမိသည်။ ကောင်း သည်လည်း ကျွန်တော့်၏ ဆံပင်များကို ပွတ်သပ်ပေးနေ‌ပြီး သီချင်းသံတိုးတိုးကို ဆိုညည်းနေလေသည်။

"ကောင်း...ဘာသီချင်း ဆိုနေတာလဲဟင်..."

"သိချင်လို့လား..."

"အင်း...ငါ့ကို သီချင်းဆိုပြပါလား...မင်းသီချင်းဆိုတာ နားမထောင်ရတာ ကြာပြီ..."

"လွယ်လွယ်တော့ မရပါဘူးနော်...ကိုယ့်ကို ဆိုပြစေချင်လား..."

"အင်း..."

"အဲ့တာဆို ကိုယ့်ပါးကို နမ်း...ပြီးရင် ကိုယ်ဆိုပြမယ်လေ..."

"လူလည်ကောင်...တော်ပြီ...နားမထောင်တော့ဘူး...အိပ်တာပဲ ကောင်းတယ်..."

"ဟာ...လင်းလေး ကလည်း ကိုယ်ဆိုပြမယ်လေ...မအိပ်သေးနဲ့အုံးလေ အစောကြီးရှိသေးတယ်..."

ကျွန်တော်တိတ်သွားတော့ ကောင်းသည် ကျွန်တော့်ကို ကလိလာထိုးလေသည်။ ကျွန်တော်လည်း ငြိမ်နေရာမှ အော်ရယ်မိပြီး အသံကို တိတ်လိုက်ရသည်။ အိမ်တွင် စံနွဲ့ ပါရှိနေသည့်အတွက် အနေအထိုင် ပို၍ဆင်ခြင်ရပေမည်။ ကောင်း ကတော့ ကျွန်တော့်ကို ဆက်၍ပင် စနေလေသည်။

ချစ်သူနှင့်အတူ ‌ရယ်မောနေရခြင်းသည် ကျွန်တော်တို့ ခံစားနေရတဲ့ စိတ်ပူပန်မှုတွေကို လျော့ကျစေလေသည်။ သူနဲ့သာအတူဆိုရင် ရှေ့ဆက် လျှောက်လှမ်းရမည့် လမ်းသည် မည်သို့ပင် အခက်အခဲ အတားအဆီးရှိပါစေ ကျွန်တော် ကျော်ဖြတ်မည်သာ...။

ထို့နောက်တွင်တော့ လေးပင်လာသော မျက်ခွံများကို မှိတ်လိုက်ချိန်တွင် လောကကြီးတစ်ခုလုံး မှောင်မိုက်သွားလေသည်။ ကျွန်တော့် နဖူးပေါ်တွင်တော့ အနမ်းနွေးနွေးသည် နေရာယူလျက်။ သေချာပါသည် ယနေ့ညသည်လည်း ယခင်ညများကဲ့သို့ အိပ်မက်လှလှ မက်ပေလိမ့်မည်။

၅/၂/၂၀၂၂
ဆူးခတ်နွယ်

[Note: ဇာတ်သိမ်းပိုင်းက နီးလာပါပြီ။ ကောင်းနဲ့လင်းကို နှုတ်ဆက်ရတော့မယ်။ အရေးအသား မကောင်းပေမယ့် ဖတ်ပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးပါနော်။💛]

Continue Reading

You'll Also Like

323K 38.4K 49
ဆရာသက်ခိုင်ရဲ့ မြေလတ်ဒေသက မေတ္တာစာမျက်နှာတွေအကြောင်း... #BL #Boyloves #villages #owncharacters #oc #Myanmar #Magway
131K 5.7K 55
ငယ်ငယ်ကတည်းကတစ်ယောက်နှင့်တစ်ယောက်မတည့်တဲ့ကောင်လေးနှစ်ယောက်ကအလှလေးတစ်ယောက်ကိုအပြိုင်အဆိုင်လိုက်ကြရာက မိဘတွေရဲ့အတင်းအကြပ်စီစဉ်ပေးမှုကြောင့်တစ်ယောက်အပေါ...
5.1K 319 16
စဝ်ခွန်းမဟာသက္ကရာဇ်စျာန်နဲ့ ဇူဇံဇူးရစ် တို့ကိုပြန်တင်ပေးချင်းပါ။Title ပြောင်းထားပါတယ်ရှင့်။
14.2K 571 70
Just some quotes trigger warning