『Unicode』
ခရစ်စမတ်မတိုင်ခင် နောက်ဆုံးအကြိမ် သူတို့ ကျောက်တောင်တက်သွားတုန်းက အရုဏ်တက်ချိန် မှောင်နေဆဲပင်ဖြစ်သည်။ အန်းနင် ဆုံးဖြတ်ချက်တစ်ခုချလိုက်မိသည်။ တောင်တက်Gymထဲမှာ ချင်ဝေ့ဟော် မီးတွေအားလုံးဖွင့်လိုက်တဲ့အခါ သူသတ္တိလေးကို ထုတ်လိုက်ပြီး ပြောလိုက်သည်။
" ငါ Protector ဘယ်လိုဖြစ်ရမလဲဆိုတာ သင်ချင်တယ် ,ရမလား?"
ချင်ဝေ့ဟော်က သိသာစွာပင် တောင့်ခဲသွားပြီး ခဏတာမျှ စကားမပြောခဲ့ပေ။ အန်းနင်လဲ သူ့ကို အဖြေပေးလာဖို့ကမန်းကတန်းမလုပ်ခဲ့။ ချင်ဝေ့ဟော်က ချက်ချင်း အဖြေပေးမလာပေမယ့် သူ့ခြေလှမ်းတွေကို နှေးထားပြီး စဉ်းစားနေခဲ့သည်။ လော့ကာခန်းထဲတွင် အန်းနင်က ချင်ဝေ့ဟော်ဘေးမှာ ထိုင်နေပြီး သူ ရှူးဖိနပ်ပြောင်းနေတာကို ကြည့်နေခဲ့သည်။ဖိနပ်လဲနေတဲ့ နှူန်းက သာမန်ထက် နည်းနည်း ပိုနှေးနေခဲ့သည်။ သေချာပေါက်က်ု သူဒီအဆိုပြုချက်ရဲ့ ဖြစ်နိုင်ခြေကိုစဉ်းစားနေခဲ့တာပင်။
သေချာတာပေါ့ သူ သူ့ကို ဘယ်လို ငြင်းရမလဲဆိုတာ စဉ်းစားနေတာပဲ ဖြစ်နိုင်တယ်။
"မင်း ဒီနေ့ သင်ချင်လား?", ချင်ဝေ့ဟော်က ရုတ်တရက်မေးလာခဲ့သည်။
ထိုသို့ကြားသောအခါ အန်းနင်ခေါင်းလှည့်ကြည့်လိုက်မိသည်။ ချင်ဝေ့ဟော်က သူ့ရဲ့ရေငုပ်နာရီကို ချွတ်လိုက်၍ကျောပိုးအိတ်ထောင်ရဲ့ ဘေးကို ပစ်ထည့်လိုက်ကာ သူ့ကို ကြည့်ရင်းမေးနေခဲ့သည်။
"ဖြစ်နိုင်မယ်ဆိုရင်ပေါ့",အန်းနင် ဖြေပေးလိုက်သည်။
တစ်စုံတစ်ယောက်ရဲ့ Protectorဖြစ်နိုင်မယ့် ရက်လေးတစ်ရက် ဖြစ်လာနိုင်မယ်လို့ သူတွေးမိသည်။ ရှေ့လျှောက်မှာ သူတို့နှစ်ယောက် အတူထွက်ပြီး သူလဲ ချင်ဝေ့ဟော်ရဲ့ ပါတနာဖြစ်လာကာ သူ့ကို အထက်ကို လွှတ်လိုက်နိုင်တာမျိူးလဲ ဖြစ်လာနိုင်သည်လေ။ ဒါက သူ့အတွက် တောင်ထိပ်ဝရောက်သည်ထက်ပိုပြီး ဆန္ဒပြည့်တာမျိူးပင်။
ချင်ဝေ့ဟော်က ပြောသည်,"ဒီမှာ ငါတို့ နှစ်ယောက်ပဲရှိတယ်."
ဆိုလိုတာက,
မင်းသာ Protector ဖြစ်အောင် သင်ချင်တယ်ဆိုရင် ငါ့အတွက် Protector ဖြစ်အောင်သင်ရမယ်'ဆိုတာပင်။
အန်းနင် ဒါကို လွန်ခဲ့တဲ့ အချိန်တွေကတည်းက တွေးခဲ့ပြီးသားပင်; သူတို့တွေ ဘူတာမှာရှိနေစဉ်တုန်းကဖြစ်သည်။
ချင်ဝေ့ဟော်က သူနဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေပြီး တစ်မှေးအိပ်ရန် ခေါင်းကို ငုံ့ထားစဉ်က အန်းနင် ချင်ဝေ့ဟော်ရဲ့ ခေါင်းအစခြေအဆုံး မျက်စိနဲ့ ထပ်ခါတလဲလဲ စစ်ဆေးနေမိသည်။ သူနဲ့ယှဉ်ရင် သူ့ခြေထောက်တွေကဘယ်လောက်ရှည်လဲ, သူနဲ့ယှဉ်ရင် သူ့ပုခုံးတွေကဘယ်လောက်ကျယ်သလဲ, သူနဲ့ယှဉ်ရင် သူ့ကိုယ်လုံးကိုယ်ထည်က ဘယ်လောက်ကြီးသလဲ၊ ပြီးတော့ သူနဲ့ယှဉ်ရင် သူ့ကြွက်သားတွေက ဘယ်လောက်ပိုများသလဲ ဆိုတာတွေကိုပင်...
ချင်ဝေ့ဟော်က သူဟာ ၇၀ကီလိုဂရမ် ကျော်ကြောင်း တစ်ခါပြောပြခဲ့ဖူးသည်၊ ၎င်းက သူ့ထက် ၁၀ကီလိုဂရမ်ကျော် ပိုလေးတာပင်။ ၁.၈၆ မီတာမြင့်ပြီး ၇၀ကီလိုဂရမ်ကျော် လေးတယ် - သူက တစ်ဖက်လူအတွက် Pritectorဖြစ်နိုင်ပါ့မလား?
ချင်ဝေ့ဟော်ကို အကြာကြီးစိုက်ကြည့်နေမိပြီး သူ နည်းနည်းတော့ ရှက်သလိုခံစးရသည်။ ဒါက သူ အမှတ်တမဲ့နဲ့ ချင်ဝေ့ဟော်ရဲ့ ဘော်ဒီဆိုဒ်ကို မှတ်မိအောင်လုပ်နေသကဲ့သို့ပင်။ ကံမကောင်းစွာဘဲ သူ့ကို ထပ်ခါထပ်ခါစိုက်ကြည့်နေတာကအသုံးမဝင်ပေ။ အဲ့ဒါက ချင်ဝေ့ဟော်ကို သူ့ထက် နှစ်နည်းနည်းလောက်ငယ်နေတဲ့ပုံစံမျိုးနဲ့ကြည့်နိုင်တာမျိူး မဟုတ်ပေ။
ဒါသာ ၁၅နှစ်သား ချင်ဝေ့ဟော်ဖြစ်နေရင် သူ လွယ်လွယ်ကူကူနဲ့ ကိုင်တွယ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်မည်။ သို့သော် အခုကတော့ မဖြစ်နိုင်တော့ပေ,အဘယ့်ကြောင့်ဆိုသော် သူတို့တွေ့စဉ်ကတည်းက ချင်ဝေ့ဟော်က အခုလောက်ထိ အရပ်ရှည်နေခဲ့ပြီဖြစ်သည်။ စင်စစ်တွင်တော့ သူ အင်တာနက်မှာ ရှာဖွေလို့ရတဲ့ ဆက်စပ်သင်ကြားပေးတဲ့ ဗွီဒီယိုတွေကိုအတည်ပြုပြီး ၎င်းတို့ကို ကြိမ်ဖန်များစွာ ကြည့်ခဲ့မိသည်။ ညအခါ အိပ်ရာထက်မှာ လှဲနေရင်း လှုပ်ရှားချက်တွေကို စိတ်အားထက်စန်စွာ လေ့ကျင့်ခဲ့သည်။ သို့တိုင် ဒါက မလုံလောက်ပါဘဲ တွေးကြည့်ရုံမျှဖြစ်ပြီး ကိုယ်တွေ့ကြိုးစားချင်မိ၍ သူအကူအညီတောင်းနိူင်တဲ့ တစ်ဦးတည်းသောသူမှာ ချင်ဝေ့ဟော်ပင် ။
"ဒါကသင့်တော်တယ်လို့ မင်းမတွေးမိရင်..."
အမ်း, ဘာလို့သူက လက်လျှော့ပြီးသွားတာလဲ? ချင်ဝေ့ဟော်ရာ! မင်းသာ နည်းနည်းလောက် သေးနေခဲ့ရင်....
အန်းနင် အကူအညီမဲ့စွာ တွေးလိုက်မိသည်။
ချင်ဝေ့ဟော်က သူ့ခြေတံရှည်တွေကို တွေးဆဆဖြင့် မ,ယူလိုက်၍ သူ့လက်မောင်းတွေကိုဆန့်ကာ ဒူးပေါ်တင်လိုက်ကာခဏအကြာအထိ အချိန်ယူစဉ်းစားနေပြီးမှ မေးလာခဲ့သည်။
"မင်း တကယ်ကြီး သင်ချင်တာလား? ဘာလို့လဲ?"
မေးခံလိုက်ရတဲ့အခါ အန်းနင် ပြောစရာမဲ့သွားရသည်။
ဘာလို့လဲဆို ငါ မင်းရဲ့ Protector ဖြစ်ချင်လို့လေ..
ဒါပေမယ့် ဒီလို စကားကြီးကို ထုတ်မပြောနိုင်ခဲ့။
"ထားလိုက်ပါတော့! မင်းသင်ချင်ရင်လဲ သင်လိုက်ရုံပေါ့"
ချင်ဝေ့ဟော်က သူ့ကို ဖြေဖို့ တွန်းအားမပေးခဲ့ပေ။ သူထရပ်လိုက်ပြီး ဘေးဘက်ကို ဖြောင့်ဖြောင့်သွားလိုက်ကာ လျှပ်စစ်ကတ္တား တစ်ခုကိုယူလာခဲ့သည်။ သူက ကုန်းလိုက်ကာ အန်းနင်ရှေ့ကို ချလာပေးပြီး
"ရပ်လိုက်!"
အန်းနင် အသက်ပြင်းပြင်းရှုလိုက်ပြီး ၎င်းပေါ်မှာ ရပ်လိုက်သည်။ ချင်ဝေ့ဟော်က သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ကာသူ့အလေးချိန်ကို ငုံ့ကြည့်ရင်း ရေရွတ်သည်။
"၆၂...အရမ်းပေါ့တယ်..."
ချင်ဝေ့ဟော်က ဒါကို သဘောမပေါက်ပါဘဲ ပြောလိုက်တာဖြစ်ပေမယ့် အန်းနင်မှာတော့ ကြားလိုက်ရတဲ့အခါ အလွန်ကိုစိုးရိမ်သွားမိသည်။
ဒါဆို ခုထိ မလုံလောက်သေးဘူးပေါ့?
ချင်ဝေ့ဟော်က မတ်တပ်ရပ်လာသည်။ အန်းနင်လဲ ချိန်ခွင်ပေါ်က ဆင်းလိုက်ပြီး ချင်ဝေ့ဟော်ကို ကြည့်လျက် သူ့ထင်မြင်ချက်ကို စောင့်ပေးနေလိုက်သည်။
ချင်ဝေ့ဟော်ရဲ့ အကြည့်က ချိန်ခွင်ပေါ်မှာရှိနေဆဲပင်။ သူက ခပ်ဖျဖျ မျက်မှောင်ကြုတ်သွားပြီး မသိနိုင်သေးတာကို တွေးနေမိသည်။ ထို့နောက် သူခေါင်းကို မော့လာရာ အန်းနင်က သူ့ကို တည့်တည့်ကြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရလေသည်။ သူ့မျက်ဝန်းများမှာ အရမ်းကို မလျှော့မပေးဘဲဖြစ်နေကာ ဖုံးကွယ်ထားတဲ့ စစ်မှန်ခြင်းတွေနဲ့ လိုချင်စိတ်တွေကိုကိုင်စွဲထားသည်။ ၎င်းက တိရစ္ဆာန်တစ်ကောင်လို အကြည့်မျိုးပင်။
သူ တံတွေးမျိုချလိုက်ရပြီး စကားမပြောနိုင်တော့။
"မလုံလောက်ဘူးလား?", တစ်စုံတစ်ခုပြောဖို့ တွန့်ဆုတ်နေသည်ကို မြင်ရလျှင် အန်းနင်က လက်ဦးမှုယူကာမေးလိုက်လေသည်။
တကယ်တော့ မနေ့က စာကြည့်တိုက်မှာ ဝိတ်တိုးအောင် အသုံးပြုနိုင်မည့် အထူတကာ့အထူဆုံး လောကုတ်စာအုပ်ကြီးကိုသူငှားလာခဲ့ပြီးဖြစ်သည်။
ချင်ဝေ့ဟော်က အသံနိမ့်နိမ့်နဲ့ပြောလိုက်သည်,"ငါတို့ စမ်းကြည့်လို့ရပါတယ်."
သူ့ရင်ထဲမှာ သူ့ဟာသူ ဖျောင်းဖျနေမိသည်,
ငါကမှ ပြုတ်ကျမှာမဟုတ်တာ,ဒါကြောင့် သူ့ကို စမ်းကြည့်ခွင့်ပေးလိုက်ရင် နာကျင်စရာမရှိတော့ဘူး..
သူ ကျုံးကျင်းအတွက် Protector ဖြစ်လာတဲ့ ပထမဆုံးအကြိမ်ကို သတိရမိသည်။ သူတို့နှစ်ယောက်ရဲ့ အလေးချိန်ကွာခြားချက်က ၁၀ကီလိုဂရမ်နီးပါးရှိပေမယ့် ကျုံးကျင်းကပြုတ်ကျခဲ့သလား?
သူ မပြုတ်ကျခဲ့ဘူး။
ကျူံးကျင်းကရော သူ့လို လက်သစ်လေးက သူ့protectorဖြစ်လာတာကို စိတ်ပူခဲ့သလား?
သူ မပူခဲ့ဘူး။
ဒါကြောင့် ချင်ဝေ့ဟော် Protector တစ်ယောက်ဖြစ်ရန် သင်ယူခဲ့ရသည်။ အန်းနင်ရဲ့ အလေးချိန်က သူ့ထက် ၁၀ကီလိုဂရမ်ကျော် လျော့နေပေမယ့် Protector တစ်ဦးဖြစ်ရန် သင်ယူခြင်းကိစ္စမှာ အန်းနင်ရဲ့ ပထမဆုံးအကြိမ်ကို အခြားသူတစ်ဦးမှသင်ကြားပေးသွားတာမျိူးဖြစ်ဖို့ သူ ဆန္ဒမရှိခဲ့ပေ။
အစကနေ အဆုံးတိုင် သူ့ကိုယ်သူကို စာသင်တဲ့အရာဝတ္ထုတစ်ခုအဖြစ် အသုံးချလိမ့်မည်ဖြစ်သည်။
အလေးချိန်ကွာခြားချက်က ကိစ္စကြီးမဟုတ်ပေ။ အရေးအကြီးဆုံးကတော့ နှစ်ဦးနှစ်ဖက်ရဲ့ ယုံကြည်မှုပင်။
သူတို့တွေ ကျောက်နံရံအောက်ခြေကို ရောက်လာကြသောအခါ ချင်ဝေ့ဟော်က ကြိုးရွေးဖို့ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ အန်းနင်လဲ ကူညီဖို့ရောက်လာပြီး ကြိုးတွေကို ကိုင်ထားပေးရင်း မေးလိုက်သည်။
"မင်းက သေချာပေါက်ကို lead climbingလုပ်မလို့ မလား?"
ချင်ဝေ့ဟော်က ခေါင်းငုံ့ထား၏,"ရတယ် ငါ top ropingလဲ လုပ်နိုင်ပါတယ်."
ဒါက အန်းနင်ကို နည်းနည်းရှက်သွားစေခဲ့သည်။စင်စစ်တွင်တော့ အွန်လိုင်းမှာ သူ အဓိက သင်ထားတာတွေက Lead Climbing အတွက် Protector ဖြစ်ရတာရဲ့ အဓိက အချက်တွေပင်။
"... ဒါပေမယ့် မင်းက အမြဲလိုလို lead climbingလုပ်တာမဟုတ်ဘူးလား?"
ချင်ဝေ့ဟော် ခေါင်းမော့လျက် ကြည့်နေမိသည်။ သူ ဘာကြောင့်လဲဆိုတာကို မေးလိုက်ချင်၏။
ငါ့ကြောင့်လား။ ...အဲဒါပဲမဟုတ်လား?
လူနှစ်ယောက်လုံး အတူတူ ဆောင့်ကြောင့်ထိုင်ရင်း နီးကပ်စွာရှိနေကြသည်။ သူ့ကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံကြောင့် အန်းနင်ရဲ့ နှလုံးခုန်သံ ကမောက်ကမဖြစ်သွားသည်။
မျက်နှာကြက်မီးကနေလာတဲ့ အလင်းရောင်က ချင်ဝေ့ဟော်ရဲ့ သူငယ်အိမ်အလယ်ကို အလင်းပြန်နေပြီး ကြောင်တစ်ကောင်ရဲ့ သူငယ်အိမ်နက်နက်လိုပင်;အေးစက်ပြီး ဆွဲဆောင်မှုရှိတယ်။
ချင်ဝေ့ဟော်က ခေါင်း ပြန်ငုံ့သွားပြီး ပြောလိုက်သည်။
"ဒါဆို ငါမင်းကို Lead Climbingအတွက် Protector အဖြစ် သင်ပေးမယ်."
အန်းနင်က Lead Climbing အတွက် Protectorရဲ့ယေဘုယျ အကျဉ်းချုပ်တွေကို သင်ယူပြီးဖြစ်သည်။ ချင်ဝေ့ဟော် သူ့ကိုသရုပ်ပြပေးသောအခါတွင်လဲ သူထပ်ပြီး ကြည့်ချင်နေတုန်းပင်။ Protection ကိရိယာကို ဘယ်လိုအသုံးပြုရမလဲဆိုတာပြသရန်နဲ့ ကြိုးပေးတဲ့ လှုပ်ရှားမှုတို့အတွက် ယဒီတစ်ကြိမ်မှာတော့ချင်ဝေ့ဟော်က သိုင်းကြိုးတတ်ပြီးသောအခါ သူဂျာကင်ကို ထပ်ပြီးမဝတ်ထားတော့ပေ။
အန်းနင်က ဂရုတစိုက်နဲ့ ယဉ်ကျေးစွာ ဘယ်မှ မကြည့်ပါဘဲ သူ့မျက်လုံးတွေကို ချင်ဝေ့ဟော်ရဲ့လက်တွေဆီမှာသာအာရုံစိုက်ထားသည်။ ချင်ဝေ့ဟော် သူ့ပေါင်ဘေးကနေ ကြိုးကို ညာဘက်လက်နဲ့ ဆွဲချလိုက်ပြီး မျက်လုံးကိုလဲ အနားမပေးပါလဲ နောက်ဘက်ကို မကြည့်ခင် တစ်ချက် မြန်မြန် ကြည့်လိုက်သေးသည်။
သူက လိုအပ်တဲ့ လှုပ်ရှားမှုမှန်သမျှကို မှတ်မိနေခဲ့သည်။
"ငါတက်သွားတဲ့အခါ မင်းက ငါ့ခြေလှမ်းအတိုင်းလိုက်လာခဲ့ပြီး ကြိုးကို ဖြည်းဖြည်းပဲ ပေးလိုက်", ချင်ဝေ့ဟော်က ပြောလာသည်။
"အစမှာတော့ မင်းကောင်းကောင်းမွန်မွန် လုပ်နိုင်သေးမှာမဟုတ်ဘူး။ ဒါကြောင့် မင်း နည်းနည်းချင်းလောက် ပိုနှေးပြီးပေးနိုင်တယ်။ ငါကြိုးပိုပေးဖို့ လိုတဲ့အခါမျိုးကျရင် မင်းကို အသိပေးပါ့မယ်။ပြီးရင် ငါ့ကို ချက်ချင်းပဲ ပိုပြီးပေးလိုက်! ပုံမှန်အားဖြင့်တော့ ကြိုးကို Clipရတဲ့ အခါမျိူးမှာ မင်းအနေနဲ့ ကြိုးပိုပေးရတတ်တယ်"
အန်းနင် နားထောင်ပြီး မှတ်သားထားလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါက မင်းအချက်ပြတာကို စောင့်နေရုံပဲဟုတ်တယ်မလား?"
"အင်း,"
"ငါတို့က ခုထိ အပေါက်အလမ်းမတည့်သေးဘူးလေ ၊ ဒါကြောင့် ကြိုးပိုပေးဖို့ဆို ငါမင်းကို ပြောပေးတာက ပိုကောင်းတယ်။ ငါကြိုးလိုတဲ့အခါ မင်းကို ခေါ်လိုက်မယ် ဒါကြောင့် ဒီအတိုင်းအတာလောက်ပဲ ချက်ချင်းပေးလိုက်"
သရုပ်ပြပြီးနောက်တွင် သူက ကြိုးကို လွှတ်ပေးလိုက်ပြီး အန်းနင်ကို မေးလိုက်သည်, "နားလည်ပြီလား?"
အန်းနင် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဒါက ဗွီဒီယိုက သရုပ်ပြတာနဲ့ သိပ်မကွာဘူး။ဆိုရရင်တော့ အခုသရုပ်ပြပေးနေတဲ့ သူက ပိုချောတယ်!
ချင်ဝေ့ဟော်က လျှောက်ကြည့်လိုက်ပြီး စူပုတ်ပုတ်ပုံစံနဲ့ Protection ကိရိယာကို ချွတ်လိုက်သည်။
"ငါလဲ မင်းနားလည်မယ်လို့ ထင်ပါတယ်."
သူက ကြိုးနဲ့ Protection ကိရိယာကို သိုင်းကြိုးမှာတွဲထားသဖြင့် အန်းနင်က မေးလိုက်သည်။
"အဲ့ဒီတော့ မင်းဘယ်လောက်လေးလဲ?"
ချင်ဝေ့ဟော်က မျက်ခုံးပင့်လိုက်သည်,"မင်းက အခု ငါဘယ်လောက်လေးလဲဆိုတာပဲ မေးတာလား?"
"မင်းက ၇၀ကီလိုဂရမ်ကျော်တယ်ဆိုတာတော့ သိပါတယ်," အန်းနင်ပြောလိုက်သည်, "မင်းရဲ့ ဝိတ် အတိအကျကဘယ်လောက်လဲ?"
"၇၄,"
အန်းနင် သက်သာရာရသွားသလို သက်ပြင်းချမိသည်။
"ကောင်းတာပဲ အဆင်ပြေနေဆဲပါ..."
ချင်ဝေ့ဟော်က အက်ရှရှကြီးဖြင့် ရယ်လာခဲ့သည်။
"၇၄ကီလိုဂရမ်က ကိုင်ဖို့ လွယ်တယ်လို့ မင်းက ထင်နေတာလား?"
အန်းနင် ပြုံးကာ ပြောလိုက်မိသည်,"အနည်းဆုံးတော့ ၇၄က ၇၉ထက် ကောင်းတယ်လေ"
ချင်ဝေ့ဟော်က နည်းနည်းမလွယ်ကူသယောင်ဖြင့် အဝေးကိုကြည့်လိုက်ရင်း,
"အရမ်းကောင်းတာပဲ တော်တော်လေး အကောင်းမြင်တတ်တယ်"
ချင်ဝေ့ဟော် ကျောက်နံရံကို မသွားခင်မှာပင် အန်းနင်က လောကုတ်စာအုပ်ကြီးပါတဲ့ ကျောပိုးအိတ်ကို ဝတ်လိုက်သည်။ချင်ဝေ့ဟော်က မြင်သောအခါ သူ့နောက်ကို လျှောက်လာခဲ့သည်။ ရုတ်တရက် အန်းနင်ရဲ့နောက်ကျောက ပေါ့သွားသလိုခံစားလိုက်ရသည်။
ကျောပိုးအိတ် အမ,ခံလိုက်ရပြီ!
ထို့ကြောင့် သူ ခေါင်းလှည့်ကြည့်လိုက်မိ၏။ ချင်ဝေ့ဟော်က လွှတ်ပေးလိုက်ပြီး ဘာပြောရမှန်းမသိနေသည့်နှယ်အနည်းငယ်လဲ ရယ်ချင်နေတဲ့ပုံပေါက်နေသည်။
"... ဒါက မလုံလောက်ဘူးနော်"
အန်းနင် ရုတ်တရက် အတွေးပေါက်သွားရသည်။
"dumbbellတွေရှိလား?"
【dumbbells = လက်မောင်းနဲ့ ပုခုံများမာအောင် လေ့ကျင့်တဲ့ပစ္စည်း 】
အဆုံးမှာတော့ ချင်ဝေ့ဟော်က dumbbellတွေကို ယူလာခဲ့ပေးသည်။ သူကျောပေးလိုက်သောအခါ ချင်ဝေ့ဟော်မှာတစ်ဖက်လူရဲ့ နောက်ကျောလေးကို ကြည့်ရင်း တိတ်တခိုးရယ်နေမိသည်။
သူက ကျောပိုးအိတ်ရဲ့ ဇစ်ကိုဖွင့်လိုက်ပြီး အထဲမှာရှိနေတဲ့ ကုတ်စာအုပ်တွေကို သာမန်ကာလျှံကာကြည့်လိုက်ပြီးDumbbellကို ထည့်ပေးလိုက်ပေမယ့် လွှတ်တော့ မပေးခဲ့။ သူက အတန်းဖော်လေးရဲ့ ခေါင်းနောက်လေးကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။
"နည်းနည်း တော့လေးတယ်"
အန်းနင်မှာ ရုတ်တရက် သူ့ပခုံးပေါ် အားနှစ်ခု ချသွားလိုက်တာကို ခံစားလိုက်ရပြီး ချက်ချင်း ပိုပြီး လုံခြုံသွားသလို ခံစားလိုက်ရ၏။
ငါ အဆင်သင့်ဖြစ်ပြီ!
ချင်ဝေ့ဟော်က သူ့ရှေ့ကနေ လျှောက်သွားကာ ခေါင်းငုံ့လျက် သူ့လက်တွေကို မြေဖြူမှုန့်တွေပွတ်ရင်း ပြောလိုက်သည်။
"ငါပြုတ်ကျခဲ့ရင် မင်းကို အောက်ဆွဲချသွားနိုင်တယ်..."
အန်းနင် သူ့ကို နားထောင်ပေးလိုက်သည်, "ဒါဆို ငါဘာလုပ်သင့်လဲ?"
ချင်ဝေ့ဟော်က နောက်လှည့်လာကာ ပြောသည်
"မင်း ဘာမှလုပ်စရာမလိုပါဘူး၊ ငါပြုတ်ကျမှာမဟုတ်ဘူး"
"... အိုး, ကောင်းပြီ." အန်းနင် ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
တောင်တက်သူ ပြုတ်ကျလာတဲ့အခါ Protectorက ဘယ်လိုလုပ်ရလဲဆိုတာကို ကိုယ်တွေ့အတွေ့အကြုံ ရချင်တာ ဖြစ်ပေမယ့် ချင်ဝေ့ဟော် ပြုတ်ကျလာတဲ့မြင်ကွင်းနဲ့ဆို သူ တကယ်ပင် အတွေ့အကြုံရဖို့ မရဲပါချေ။
တကယ်တမ်းတော့ သူ Lead Climbing ကို ရွေးရတာက သူ သူ့ရဲ့ပါတနာဖြစ်ချင်လို့ဖြစ်ကြောင်း ချင်ဝေ့ဟော်ကို ပြောလိုက်ချင်ပေမယ့် သူ အခုထိ မပြောနိုင်သေးပါချေ။
ဘာကြောင့်လဲဆိုတော့ ပြောဖို့ မလိုတဲ့အတွက်ကြောင့်ဖြစ်သည်။ ၎င်းရဲ့ အရင်းခံခြင်းမှာ သူ့အတွက် သူဘာလုပ်နေတယ်ဆိုတာ ချင်ဝေ့ဟော်ကို သိစေချင်တာ ဖြစ်သည်။ သူက သူ့ကို သဘောကျတဲ့အတွက် တစ်ဖက်လူဆီက တုံ့ပြန်မှုမျိုးလိုချင်မိ၏။ သူပေးတဲ့ တုံ့ပြန်မှုကို မနှစ်ခြိုက်လျှင်တောင် တုံ့ပြန်မှုနည်းနည်းချင်းလေးကပင် သူရဲ့ ထင်ယောင်ထင်မှားဖြစ်တာမျိုးကို ကျေနပ်စေလိမ့်မည် ဖြစ်သည်။
ဒါပေမယ့် ဒီအကြောင်းပြချက်က ချင်ဝေ့ဟော်အတွက်ကျ ဘာအသုံးဝင်မှာတဲ့လဲ? ဒါက အရူးရဲ့ ကိုယ်ပိုင်-ကျေနပ်ချက်လေးတစ်ခုသာ ဖြစ်သည်လေ။
ဒါ့အပြင် ချင်ဝေ့ဟော်က သူ့အတွက် လုံလုံလောက်လောက်လုပ်ပေးခဲ့ပြီးဖြစ်၍ သူကလဲ ချင်ဝေ့ဟော်အတွက်တစ်စုံတစ်ခု ပြန်လုပ်ပေးသင့်တာပဲမဟုတ်ပါလား။
ဒါ့အပြင် သူကလဲ ကောင်းကောင်း လုပ်ပေးနိုင်မှာမဟုတ်ဘူးလေ။
----------------------------
『Zawgyi』
ခရစ္စမတ္မတိုင္ခင္ ေနာက္ဆုံးအႀကိမ္ သူတို႔ ေက်ာက္ေတာင္တက္သြားတုန္းက အ႐ုဏ္တက္ခ်ိန္ ေမွာင္ေနဆဲပင္ျဖစ္သည္။ အန္းနင္ ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္မိသည္။ ေတာင္တက္Gymထဲမွာ ခ်င္ေဝ့ေဟာ္ မီးေတြအားလုံးဖြင့္လိုက္တဲ့အခါ သူသတၱိေလးကို ထုတ္လိုက္ၿပီး ေျပာလိုက္သည္။
" ငါ Protector ဘယ္လိုျဖစ္ရမလဲဆိုတာ သင္ခ်င္တယ္ ,ရမလား?"
ခ်င္ေဝ့ေဟာ္က သိသာစြာပင္ ေတာင့္ခဲသြားၿပီး ခဏတာမၽွ စကားမေျပာခဲ့ေပ။ အန္းနင္လဲ သူ႔ကို အေျဖေပးလာဖို႔ ကမန္းကတန္းမလုပ္ခဲ့။ ခ်င္ေဝ့ေဟာ္က ခ်က္ခ်င္း အေျဖေပးမလာေပမယ့္ သူ႔ေျခလွမ္းေတြကို ေႏွးထားၿပီး စဥ္းစားေနခဲ့သည္။ ေလာ့ကာခန္းထဲတြင္ အန္းနင္က ခ်င္ေဝ့ေဟာ္ေဘးမွာ ထိုင္ေနၿပီး သူ ရွူးဖိနပ္ေျပာင္းေနတာကို ၾကည့္ေနခဲ့သည္။ ဖိနပ္လဲေနတဲ့ ႏွူန္းက သာမန္ထက္ နည္းနည္း ပိုေႏွးေနခဲ့သည္။ ေသခ်ာေပါက္က္ု သူဒီအဆိုျပဳခ်က္ရဲ့ ျဖစ္နိုင္ေျခကိုစဥ္းစားေနခဲ့တာပင္။
ေသခ်ာတာေပါ့ သူ သူ႔ကို ဘယ္လို ျငင္းရမလဲဆိုတာ စဥ္းစားေနတာပဲ ျဖစ္နိုင္တယ္။
"မင္း ဒီေန႔ သင္ခ်င္လား?", ခ်င္ေဝ့ေဟာ္က ႐ုတ္တရက္ေမးလာခဲ့သည္။
ထိုသို႔ၾကားေသာအခါ အန္းနင္ေခါင္းလွည့္ၾကည့္လိုက္မိသည္။ ခ်င္ေဝ့ေဟာ္က သူ႔ရဲ့ေရငုပ္နာရီကို ခၽြတ္လိုက္၍ ေက်ာပိုးအိတ္ေထာင္ရဲ့ ေဘးကို ပစ္ထည့္လိုက္ကာ သူ႔ကို ၾကည့္ရင္းေမးေနခဲ့သည္။
"ျဖစ္နိုင္မယ္ဆိုရင္ေပါ့",အန္းနင္ ေျဖေပးလိုက္သည္။
တစ္စုံတစ္ေယာက္ရဲ့ Protectorျဖစ္နိုင္မယ့္ ရက္ေလးတစ္ရက္ ျဖစ္လာနိုင္မယ္လို႔ သူေတြးမိသည္။ ေရွ႕ေလၽွာက္မွာ သူတို႔ႏွစ္ေယာက္ အတူထြက္ၿပီး သူလဲ ခ်င္ေဝ့ေဟာ္ရဲ့ ပါတနာျဖစ္လာကာ သူ႔ကို အထက္ကို လႊတ္လိုက္နိုင္တာမ်ိဴးလဲ ျဖစ္လာနိုင္သည္ေလ။ ဒါက သူ႔အတြက္ ေတာင္ထိပ္ဝေရာက္သည္ထက္ပိုၿပီး ဆႏၵျပည့္တာမ်ိဴးပင္။
ခ်င္ေဝ့ေဟာ္က ေျပာသည္,"ဒီမွာ ငါတို႔ ႏွစ္ေယာက္ပဲရွိတယ္."
ဆိုလိုတာက,
မင္းသာ Protector ျဖစ္ေအာင္ သင္ခ်င္တယ္ဆိုရင္ ငါ့အတြက္ Protector ျဖစ္ေအာင္သင္ရမယ္'ဆိုတာပင္။
အန္းနင္ ဒါကို လြန္ခဲ့တဲ့ အခ်ိန္ေတြကတည္းက ေတြးခဲ့ၿပီးသားပင္; သူတို႔ေတြ ဘူတာမွာရွိေနစဥ္တုန္းကျဖစ္သည္။
ခ်င္ေဝ့ေဟာ္က သူနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနၿပီး တစ္ေမွးအိပ္ရန္ ေခါင္းကို ငုံ႔ထားစဥ္က အန္းနင္ ခ်င္ေဝ့ေဟာ္ရဲ့ ေခါင္းအစေျခအဆုံး မ်က္စိနဲ႔ ထပ္ခါတလဲလဲ စစ္ေဆးေနမိသည္။ သူနဲ႔ယွဥ္ရင္ သူ႔ေျခေထာက္ေတြကဘယ္ေလာက္ရွည္လဲ, သူနဲ႔ယွဥ္ရင္ သူ႔ပုခုံးေတြကဘယ္ေလာက္က်ယ္သလဲ, သူနဲ႔ယွဥ္ရင္ သူ႔ကိုယ္လုံးကိုယ္ထည္က ဘယ္ေလာက္ႀကီးသလဲ၊ ၿပီးေတာ့ သူနဲ႔ယွဥ္ရင္ သူ႔ႂကြက္သားေတြက ဘယ္ေလာက္ပိုမ်ားသလဲ ဆိုတာေတြကိုပင္...
ခ်င္ေဝ့ေဟာ္က သူဟာ ၇၀ကီလိုဂရမ္ ေက်ာ္ေၾကာင္း တစ္ခါေျပာျပခဲ့ဖူးသည္၊ ၎က သူ႔ထက္ ၁၀ကီလိုဂရမ္ေက်ာ္ ပိုေလးတာပင္။ ၁.၈၆ မီတာျမင့္ၿပီး ၇၀ကီလိုဂရမ္ေက်ာ္ ေလးတယ္ - သူက တစ္ဖက္လူအတြက္ Pritectorျဖစ္နိုင္ပါ့မလား?
ခ်င္ေဝ့ေဟာ္ကို အၾကာႀကီးစိုက္ၾကည့္ေနမိၿပီး သူ နည္းနည္းေတာ့ ရွက္သလိုခံစးရသည္။ ဒါက သူ အမွတ္တမဲ့နဲ႔ ခ်င္ေဝ့ေဟာ္ရဲ့ ေဘာ္ဒီဆိုဒ္ကို မွတ္မိေအာင္လုပ္ေနသကဲ့သို႔ပင္။ ကံမေကာင္းစြာဘဲ သူ႔ကို ထပ္ခါထပ္ခါစိုက္ၾကည့္ေနတာက အသုံးမဝင္ေပ။ အဲ့ဒါက ခ်င္ေဝ့ေဟာ္ကို သူ႔ထက္ ႏွစ္နည္းနည္းေလာက္ငယ္ေနတဲ့ပုံစံမ်ိဳးနဲ႔ၾကည့္နိုင္တာမ်ိဴး မဟုတ္ေပ။
ဒါသာ ၁၅ႏွစ္သား ခ်င္ေဝ့ေဟာ္ျဖစ္ေနရင္ သူ လြယ္လြယ္ကူကူနဲ႔ ကိုင္တြယ္နိုင္တာ ျဖစ္ေကာင္းျဖစ္နိုင္မည္။ သို႔ေသာ္ အခုကေတာ့ မျဖစ္နိုင္ေတာ့ေပ,အဘယ့္ေၾကာင့္ဆိုေသာ္ သူတို႔ေတြ႕စဥ္ကတည္းက ခ်င္ေဝ့ေဟာ္က အခုေလာက္ထိ အရပ္ရွည္ေနခဲ့ၿပီျဖစ္သည္။ စင္စစ္တြင္ေတာ့ သူ အင္တာနက္မွာ ရွာေဖြလို႔ရတဲ့ ဆက္စပ္သင္ၾကားေပးတဲ့ ဗြီဒီယိုေတြကိုအတည္ျပဳၿပီး ၎တို႔ကို ႀကိမ္ဖန္မ်ားစြာ ၾကည့္ခဲ့မိသည္။ ညအခါ အိပ္ရာထက္မွာ လွဲေနရင္း လွုပ္ရွားခ်က္ေတြကို စိတ္အားထက္စန္စြာ ေလ့က်င့္ခဲ့သည္။ သို႔တိုင္ ဒါက မလုံေလာက္ပါဘဲ ေတြးၾကည့္႐ုံမၽွျဖစ္ၿပီး ကိုယ္ေတြ႕ႀကိဳးစားခ်င္မိ၍ သူအကူအညီေတာင္းနိူင္တဲ့ တစ္ဦးတည္းေသာသူမွာ ခ်င္ေဝ့ေဟာ္ပင္ ။
"ဒါကသင့္ေတာ္တယ္လို႔ မင္းမေတြးမိရင္..."
အမ္း, ဘာလို႔သူက လက္ေလၽွာ့ၿပီးသြားတာလဲ? ခ်င္ေဝ့ေဟာ္ရာ! မင္းသာ နည္းနည္းေလာက္ ေသးေနခဲ့ရင္....
အန္းနင္ အကူအညီမဲ့စြာ ေတြးလိုက္မိသည္။
ခ်င္ေဝ့ေဟာ္က သူ႔ေျခတံရွည္ေတြကို ေတြးဆဆျဖင့္ မ,ယူလိုက္၍ သူ႔လက္ေမာင္းေတြကိုဆန႔္ကာ ဒူးေပၚတင္လိုက္ကာ ခဏအၾကာအထိ အခ်ိန္ယူစဥ္းစားေနၿပီးမွ ေမးလာခဲ့သည္။
"မင္း တကယ္ႀကီး သင္ခ်င္တာလား? ဘာလို႔လဲ?"
ေမးခံလိုက္ရတဲ့အခါ အန္းနင္ ေျပာစရာမဲ့သြားရသည္။
ဘာလို႔လဲဆို ငါ မင္းရဲ့ Protector ျဖစ္ခ်င္လို႔ေလ..
ဒါေပမယ့္ ဒီလို စကားႀကီးကို ထုတ္မေျပာနိုင္ခဲ့။
"ထားလိုက္ပါေတာ့! မင္းသင္ခ်င္ရင္လဲ သင္လိုက္႐ုံေပါ့"
ခ်င္ေဝ့ေဟာ္က သူ႔ကို ေျဖဖို႔ တြန္းအားမေပးခဲ့ေပ။ သူထရပ္လိုက္ၿပီး ေဘးဘက္ကို ေျဖာင့္ေျဖာင့္သြားလိုက္ကာ လၽွပ္စစ္ကတၱား တစ္ခုကိုယူလာခဲ့သည္။ သူက ကုန္းလိုက္ကာ အန္းနင္ေရွ႕ကို ခ်လာေပးၿပီး
"ရပ္လိုက္!"
အန္းနင္ အသက္ျပင္းျပင္းရွုလိုက္ၿပီး ၎ေပၚမွာ ရပ္လိုက္သည္။ ခ်င္ေဝ့ေဟာ္က သူ႔ေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္လိုက္ကာ သူ႔အေလးခ်ိန္ကို ငုံ႔ၾကည့္ရင္း ေရရြတ္သည္။
"၆၂...အရမ္းေပါ့တယ္..."
ခ်င္ေဝ့ေဟာ္က ဒါကို သေဘာမေပါက္ပါဘဲ ေျပာလိုက္တာျဖစ္ေပမယ့္ အန္းနင္မွာေတာ့ ၾကားလိုက္ရတဲ့အခါ အလြန္ကို စိုးရိမ္သြားမိသည္။
ဒါဆို ခုထိ မလုံေလာက္ေသးဘူးေပါ့?
ခ်င္ေဝ့ေဟာ္က မတ္တပ္ရပ္လာသည္။ အန္းနင္လဲ ခ်ိန္ခြင္ေပၚက ဆင္းလိုက္ၿပီး ခ်င္ေဝ့ေဟာ္ကို ၾကည့္လ်က္ သူ႔ထင္ျမင္ခ်က္ကို ေစာင့္ေပးေနလိုက္သည္။
ခ်င္ေဝ့ေဟာ္ရဲ့ အၾကည့္က ခ်ိန္ခြင္ေပၚမွာရွိေနဆဲပင္။ သူက ခပ္ဖ်ဖ် မ်က္ေမွာင္ၾကဳတ္သြားၿပီး မသိနိုင္ေသးတာကို ေတြးေနမိသည္။ ထို႔ေနာက္ သူေခါင္းကို ေမာ့လာရာ အန္းနင္က သူ႔ကို တည့္တည့္ႀကီး စိုက္ၾကည့္ေနတာကို ေတြ႕လိုက္ရေလသည္။ သူ႔မ်က္ဝန္းမ်ားမွာ အရမ္းကို မေလၽွာ့မေပးဘဲျဖစ္ေနကာ ဖုံးကြယ္ထားတဲ့ စစ္မွန္ျခင္းေတြနဲ႔ လိုခ်င္စိတ္ေတြကို ကိုင္စြဲထားသည္။ ၎က တိရစၧာန္တစ္ေကာင္လို အၾကည့္မ်ိဳးပင္။
သူ တံေတြးမ်ိဳခ်လိုက္ရၿပီး စကားမေျပာနိုင္ေတာ့။
"မလုံေလာက္ဘူးလား?", တစ္စုံတစ္ခုေျပာဖို႔ တြန႔္ဆုတ္ေနသည္ကို ျမင္ရလၽွင္ အန္းနင္က လက္ဦးမွုယူကာေမးလိုက္ေလသည္။
တကယ္ေတာ့ မေန႔က စာၾကည့္တိုက္မွာ ဝိတ္တိုးေအာင္ အသုံးျပဳနိုင္မည့္ အထူတကာ့အထူဆုံး ေလာကုတ္စာအုပ္ႀကီးကို သူငွားလာခဲ့ၿပီးျဖစ္သည္။
ခ်င္ေဝ့ေဟာ္က အသံနိမ့္နိမ့္နဲ႔ေျပာလိုက္သည္,"ငါတို႔ စမ္းၾကည့္လို႔ရပါတယ္."
သူ႔ရင္ထဲမွာ သူ႔ဟာသူ ေဖ်ာင္းဖ်ေနမိသည္,
ငါကမွ ျပဳတ္က်မွာမဟုတ္တာ,ဒါေၾကာင့္ သူ႔ကို စမ္းၾကည့္ခြင့္ေပးလိုက္ရင္ နာက်င္စရာမရွိေတာ့ဘူး..
သူ က်ဳံးက်င္းအတြက္ Protector ျဖစ္လာတဲ့ ပထမဆုံးအႀကိမ္ကို သတိရမိသည္။ သူတို႔ႏွစ္ေယာက္ရဲ့ အေလးခ်ိန္ကြာျခားခ်က္က ၁၀ကီလိုဂရမ္နီးပါးရွိေပမယ့္ က်ဳံးက်င္းကျပဳတ္က်ခဲ့သလား?
သူ မျပဳတ္က်ခဲ့ဘူး။
က်ဴံးက်င္းကေရာ သူ႔လို လက္သစ္ေလးက သူ႔protectorျဖစ္လာတာကို စိတ္ပူခဲ့သလား?
သူ မပူခဲ့ဘူး။
ဒါေၾကာင့္ ခ်င္ေဝ့ေဟာ္ Protector တစ္ေယာက္ျဖစ္ရန္ သင္ယူခဲ့ရသည္။ အန္းနင္ရဲ့ အေလးခ်ိန္က သူ႔ထက္ ၁၀ကီလိုဂရမ္ေက်ာ္ ေလ်ာ့ေနေပမယ့္ Protector တစ္ဦးျဖစ္ရန္ သင္ယူျခင္းကိစၥမွာ အန္းနင္ရဲ့ ပထမဆုံးအႀကိမ္ကို အျခားသူတစ္ဦးမွ သင္ၾကားေပးသြားတာမ်ိဴးျဖစ္ဖို႔ သူ ဆႏၵမရွိခဲ့ေပ။
အစကေန အဆုံးတိုင္ သူ႔ကိုယ္သူကို စာသင္တဲ့အရာဝတၳဳတစ္ခုအျဖစ္ အသုံးခ်လိမ့္မည္ျဖစ္သည္။
အေလးခ်ိန္ကြာျခားခ်က္က ကိစၥႀကီးမဟုတ္ေပ။ အေရးအႀကီးဆုံးကေတာ့ ႏွစ္ဦးႏွစ္ဖက္ရဲ့ ယုံၾကည္မွုပင္။
သူတို႔ေတြ ေက်ာက္နံရံေအာက္ေျခကို ေရာက္လာၾကေသာအခါ ခ်င္ေဝ့ေဟာ္က ႀကိဳးေရြးဖို႔ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္သည္။ အန္းနင္လဲ ကူညီဖို႔ေရာက္လာၿပီး ႀကိဳးေတြကို ကိုင္ထားေပးရင္း ေမးလိုက္သည္။
"မင္းက ေသခ်ာေပါက္ကို lead climbingလုပ္မလို႔ မလား?"
ခ်င္ေဝ့ေဟာ္က ေခါင္းငုံ႔ထား၏,"ရတယ္ ငါ top ropingလဲ လုပ္နိုင္ပါတယ္."
ဒါက အန္းနင္ကို နည္းနည္းရွက္သြားေစခဲ့သည္။စင္စစ္တြင္ေတာ့ အြန္လိုင္းမွာ သူ အဓိက သင္ထားတာေတြက Lead Climbing အတြက္ Protector ျဖစ္ရတာရဲ့ အဓိက အခ်က္ေတြပင္။
"... ဒါေပမယ့္ မင္းက အျမဲလိုလို lead climbingလုပ္တာမဟုတ္ဘူးလား?"
ခ်င္ေဝ့ေဟာ္ ေခါင္းေမာ့လ်က္ ၾကည့္ေနမိသည္။ သူ ဘာေၾကာင့္လဲဆိုတာကို ေမးလိုက္ခ်င္၏။
ငါ့ေၾကာင့္လား။ ...အဲဒါပဲမဟုတ္လား?
လူႏွစ္ေယာက္လုံး အတူတူ ေဆာင့္ေၾကာင့္ထိုင္ရင္း နီးကပ္စြာရွိေနၾကသည္။ သူ႔ကို စိုက္ၾကည့္ေနေသာ မ်က္လုံးတစ္စုံေၾကာင့္ အန္းနင္ရဲ့ ႏွလုံးခုန္သံ ကေမာက္ကမျဖစ္သြားသည္။
မ်က္ႏွာၾကက္မီးကေနလာတဲ့ အလင္းေရာင္က ခ်င္ေဝ့ေဟာ္ရဲ့ သူငယ္အိမ္အလယ္ကို အလင္းျပန္ေနၿပီး ေၾကာင္တစ္ေကာင္ရဲ့ သူငယ္အိမ္နက္နက္လိုပင္;ေအးစက္ၿပီး ဆြဲေဆာင္မွုရွိတယ္။
ခ်င္ေဝ့ေဟာ္က ေခါင္း ျပန္ငုံ႔သြားၿပီး ေျပာလိုက္သည္။
"ဒါဆို ငါမင္းကို Lead Climbingအတြက္ Protector အျဖစ္ သင္ေပးမယ္."
အန္းနင္က Lead Climbing အတြက္ Protectorရဲ့ေယဘုယ် အက်ဥ္းခ်ဳပ္ေတြကို သင္ယူၿပီးျဖစ္သည္။ ခ်င္ေဝ့ေဟာ္ သူ႔ကို သ႐ုပ္ျပေပးေသာအခါတြင္လဲ သူထပ္ၿပီး ၾကည့္ခ်င္ေနတုန္းပင္။ Protection ကိရိယာကို ဘယ္လိုအသုံးျပဳရမလဲဆိုတာ ျပသရန္နဲ႔ ႀကိဳးေပးတဲ့ လွုပ္ရွားမွုတို႔အတြက္ ယဒီတစ္ႀကိမ္မွာေတာ့ခ်င္ေဝ့ေဟာ္က သိုင္းႀကိဳးတတ္ၿပီးေသာအခါ သူဂ်ာကင္ကို ထပ္ၿပီးမဝတ္ထားေတာ့ေပ။
protection device
အန္းနင္က ဂ႐ုတစိုက္နဲ႔ ယဥ္ေက်းစြာ ဘယ္မွ မၾကည့္ပါဘဲ သူ႔မ်က္လုံးေတြကို ခ်င္ေဝ့ေဟာ္ရဲ့လက္ေတြဆီမွာသာ အာ႐ုံစိုက္ထားသည္။ ခ်င္ေဝ့ေဟာ္ သူ႔ေပါင္ေဘးကေန ႀကိဳးကို ညာဘက္လက္နဲ႔ ဆြဲခ်လိုက္ၿပီး မ်က္လုံးကိုလဲ အနားမေပးပါလဲ ေနာက္ဘက္ကို မၾကည့္ခင္ တစ္ခ်က္ ျမန္ျမန္ ၾကည့္လိုက္ေသးသည္။
သူက လိုအပ္တဲ့ လွုပ္ရွားမွုမွန္သမၽွကို မွတ္မိေနခဲ့သည္။
"ငါတက္သြားတဲ့အခါ မင္းက ငါ့ေျခလွမ္းအတိုင္းလိုက္လာခဲ့ၿပီး ႀကိဳးကို ျဖည္းျဖည္းပဲ ေပးလိုက္", ခ်င္ေဝ့ေဟာ္က ေျပာလာသည္။
"အစမွာေတာ့ မင္းေကာင္းေကာင္းမြန္မြန္ လုပ္နိုင္ေသးမွာမဟုတ္ဘူး။ ဒါေၾကာင့္ မင္း နည္းနည္းခ်င္းေလာက္ ပိုေႏွးၿပီး ေပးနိုင္တယ္။ ငါႀကိဳးပိုေပးဖို႔ လိုတဲ့အခါမ်ိဳးက်ရင္ မင္းကို အသိေပးပါ့မယ္။ၿပီးရင္ ငါ့ကို ခ်က္ခ်င္းပဲ ပိုၿပီးေပးလိုက္! ပုံမွန္အားျဖင့္ေတာ့ ႀကိဳးကို Clipရတဲ့ အခါမ်ိဴးမွာ မင္းအေနနဲ႔ ႀကိဳးပိုေပးရတတ္တယ္"
အန္းနင္ နားေထာင္ၿပီး မွတ္သားထားလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ ငါက မင္းအခ်က္ျပတာကို ေစာင့္ေန႐ုံပဲဟုတ္တယ္မလား?"
"အင္း,"
"ငါတို႔က ခုထိ အေပါက္အလမ္းမတည့္ေသးဘူးေလ ၊ ဒါေၾကာင့္ ႀကိဳးပိုေပးဖို႔ဆို ငါမင္းကို ေျပာေပးတာက ပိုေကာင္းတယ္။ ငါႀကိဳးလိုတဲ့အခါ မင္းကို ေခၚလိုက္မယ္ ဒါေၾကာင့္ ဒီအတိုင္းအတာေလာက္ပဲ ခ်က္ခ်င္းေပးလိုက္"
သ႐ုပ္ျပၿပီးေနာက္တြင္ သူက ႀကိဳးကို လႊတ္ေပးလိုက္ၿပီး အန္းနင္ကို ေမးလိုက္သည္, "နားလည္ၿပီလား?"
အန္းနင္ ေလးနက္စြာ ေခါင္းညိတ္ျပလိုက္သည္။ ဒါက ဗြီဒီယိုက သ႐ုပ္ျပတာနဲ႔ သိပ္မကြာဘူး။ဆိုရရင္ေတာ့ အခုသ႐ုပ္ျပေပးေနတဲ့ သူက ပိုေခ်ာတယ္!
ခ်င္ေဝ့ေဟာ္က ေလၽွာက္ၾကည့္လိုက္ၿပီး စူပုတ္ပုတ္ပုံစံနဲ႔ Protection ကိရိယာကို ခၽြတ္လိုက္သည္။
"ငါလဲ မင္းနားလည္မယ္လို႔ ထင္ပါတယ္."
သူက ႀကိဳးနဲ႔ Protection ကိရိယာကို သိုင္းႀကိဳးမွာတြဲထားသျဖင့္ အန္းနင္က ေမးလိုက္သည္။
"အဲ့ဒီေတာ့ မင္းဘယ္ေလာက္ေလးလဲ?"
ခ်င္ေဝ့ေဟာ္က မ်က္ခုံးပင့္လိုက္သည္,"မင္းက အခု ငါဘယ္ေလာက္ေလးလဲဆိုတာပဲ ေမးတာလား?"
"မင္းက ၇၀ကီလိုဂရမ္ေက်ာ္တယ္ဆိုတာေတာ့ သိပါတယ္," အန္းနင္ေျပာလိုက္သည္, "မင္းရဲ့ ဝိတ္ အတိအက်ကဘယ္ေလာက္လဲ?"
"၇၄,"
အန္းနင္ သက္သာရာရသြားသလို သက္ျပင္းခ်မိသည္။
"ေကာင္းတာပဲ အဆင္ေျပေနဆဲပါ..."
ခ်င္ေဝ့ေဟာ္က အက္ရွရွႀကီးျဖင့္ ရယ္လာခဲ့သည္။
"၇၄ကီလိုဂရမ္က ကိုင္ဖို႔ လြယ္တယ္လို႔ မင္းက ထင္ေနတာလား?"
အန္းနင္ ျပဳံးကာ ေျပာလိုက္မိသည္,"အနည္းဆုံးေတာ့ ၇၄က ၇၉ထက္ ေကာင္းတယ္ေလ"
ခ်င္ေဝ့ေဟာ္က နည္းနည္းမလြယ္ကူသေယာင္ျဖင့္ အေဝးကိုၾကည့္လိုက္ရင္း,
"အရမ္းေကာင္းတာပဲ ေတာ္ေတာ္ေလး အေကာင္းျမင္တတ္တယ္"
ခ်င္ေဝ့ေဟာ္ ေက်ာက္နံရံကို မသြားခင္မွာပင္ အန္းနင္က ေလာကုတ္စာအုပ္ႀကီးပါတဲ့ ေက်ာပိုးအိတ္ကို ဝတ္လိုက္သည္။ ခ်င္ေဝ့ေဟာ္က ျမင္ေသာအခါ သူ႔ေနာက္ကို ေလၽွာက္လာခဲ့သည္။ ႐ုတ္တရက္ အန္းနင္ရဲ့ေနာက္ေက်ာက ေပါ့သြားသလို ခံစားလိုက္ရသည္။
ေက်ာပိုးအိတ္ အမ,ခံလိုက္ရၿပီ!
ထို႔ေၾကာင့္ သူ ေခါင္းလွည့္ၾကည့္လိုက္မိ၏။ ခ်င္ေဝ့ေဟာ္က လႊတ္ေပးလိုက္ၿပီး ဘာေျပာရမွန္းမသိေနသည့္ႏွယ္ အနည္းငယ္လဲ ရယ္ခ်င္ေနတဲ့ပုံေပါက္ေနသည္။
"... ဒါက မလုံေလာက္ဘူးေနာ္"
အန္းနင္ ႐ုတ္တရက္ အေတြးေပါက္သြားရသည္။
"dumbbellေတြရွိလား?"
【dumbbells = လက္ေမာင္းနဲ႔ ပုခုံမ်ားမာေအာင္ ေလ့က်င့္တဲ့ပစၥည္း 】
အဆုံးမွာေတာ့ ခ်င္ေဝ့ေဟာ္က dumbbellေတြကို ယူလာခဲ့ေပးသည္။ သူေက်ာေပးလိုက္ေသာအခါ ခ်င္ေဝ့ေဟာ္မွာ တစ္ဖက္လူရဲ့ ေနာက္ေက်ာေလးကို ၾကည့္ရင္း တိတ္တခိုးရယ္ေနမိသည္။
သူက ေက်ာပိုးအိတ္ရဲ့ ဇစ္ကိုဖြင့္လိုက္ၿပီး အထဲမွာရွိေနတဲ့ ကုတ္စာအုပ္ေတြကို သာမန္ကာလၽွံကာၾကည့္လိုက္ၿပီး Dumbbellကို ထည့္ေပးလိုက္ေပမယ့္ လႊတ္ေတာ့ မေပးခဲ့။ သူက အတန္းေဖာ္ေလးရဲ့ ေခါင္းေနာက္ေလးကို တစ္ခ်က္ၾကည့္ရင္း ေျပာလိုက္သည္။
"နည္းနည္း ေတာ့ေလးတယ္"
အန္းနင္မွာ ႐ုတ္တရက္ သူ႔ပခုံးေပၚ အားႏွစ္ခု ခ်သြားလိုက္တာကို ခံစားလိုက္ရၿပီး ခ်က္ခ်င္း ပိုၿပီး လုံျခဳံသြားသလို ခံစားလိုက္ရ၏။
ငါ အဆင္သင့္ျဖစ္ၿပီ!
ခ်င္ေဝ့ေဟာ္က သူ႔ေရွ႕ကေန ေလၽွာက္သြားကာ ေခါင္းငုံ႔လ်က္ သူ႔လက္ေတြကို ေျမျဖဴမွုန႔္ေတြပြတ္ရင္း ေျပာလိုက္သည္။
"ငါျပဳတ္က်ခဲ့ရင္ မင္းကို ေအာက္ဆြဲခ်သြားနိုင္တယ္..."
အန္းနင္ သူ႔ကို နားေထာင္ေပးလိုက္သည္, "ဒါဆို ငါဘာလုပ္သင့္လဲ?"
ခ်င္ေဝ့ေဟာ္က ေနာက္လွည့္လာကာ ေျပာသည္
"မင္း ဘာမွလုပ္စရာမလိုပါဘူး၊ ငါျပဳတ္က်မွာမဟုတ္ဘူး"
"... အိုး, ေကာင္းၿပီ." အန္းနင္ ျပဳံးရင္း ေခါင္းညိတ္ျပလိုက္သည္။
ေတာင္တက္သူ ျပဳတ္က်လာတဲ့အခါ Protectorက ဘယ္လိုလုပ္ရလဲဆိုတာကို ကိုယ္ေတြ႕အေတြ႕အၾကဳံ ရခ်င္တာ ျဖစ္ေပမယ့္ ခ်င္ေဝ့ေဟာ္ ျပဳတ္က်လာတဲ့ျမင္ကြင္းနဲ႔ဆို သူ တကယ္ပင္ အေတြ႕အၾကဳံရဖို႔ မရဲပါေခ်။
တကယ္တမ္းေတာ့ သူ Lead Climbing ကို ေရြးရတာက သူ သူ႔ရဲ့ပါတနာျဖစ္ခ်င္လို႔ျဖစ္ေၾကာင္း ခ်င္ေဝ့ေဟာ္ကို ေျပာလိုက္ခ်င္ေပမယ့္ သူ အခုထိ မေျပာနိုင္ေသးပါေခ်။
ဘာေၾကာင့္လဲဆိုေတာ့ ေျပာဖို႔ မလိုတဲ့အတြက္ေၾကာင့္ျဖစ္သည္။ ၎ရဲ့ အရင္းခံျခင္းမွာ သူ႔အတြက္ သူဘာလုပ္ေနတယ္ဆိုတာ ခ်င္ေဝ့ေဟာ္ကို သိေစခ်င္တာ ျဖစ္သည္။ သူက သူ႔ကို သေဘာက်တဲ့အတြက္ တစ္ဖက္လူဆီက တုံ႔ျပန္မွုမ်ိဳး လိုခ်င္မိ၏။ သူေပးတဲ့ တုံ႔ျပန္မွုကို မႏွစ္ၿခိဳက္လၽွင္ေတာင္ တုံ႔ျပန္မွုနည္းနည္းခ်င္းေလးကပင္ သူရဲ့ ထင္ေယာင္ထင္မွားျဖစ္တာမ်ိဳးကို ေက်နပ္ေစလိမ့္မည္ ျဖစ္သည္။
ဒါေပမယ့္ ဒီအေၾကာင္းျပခ်က္က ခ်င္ေဝ့ေဟာ္အတြက္က် ဘာအသုံးဝင္မွာတဲ့လဲ? ဒါက အ႐ူးရဲ့ ကိုယ္ပိုင္-ေက်နပ္ခ်က္ေလးတစ္ခုသာ ျဖစ္သည္ေလ။
ဒါ့အျပင္ ခ်င္ေဝ့ေဟာ္က သူ႔အတြက္ လုံလုံေလာက္ေလာက္လုပ္ေပးခဲ့ၿပီးျဖစ္၍ သူကလဲ ခ်င္ေဝ့ေဟာ္အတြက္ တစ္စုံတစ္ခု ျပန္လုပ္ေပးသင့္တာပဲမဟုတ္ပါလား။
ဒါ့အျပင္ သူကလဲ ေကာင္းေကာင္း လုပ္ေပးနိုင္မွာမဟုတ္ဘူးေလ။