Pa Pa's boy (ပါးပါးရဲ့ ကလေးငယ...

By Clover-Y

4.9K 350 28

ကျွန်တော် အရွယ်ရောက်လာတဲ့ အခါကျရင် ပါးပါးကို ​ပြန် ပြီး ကာကွယ်စောင့်ရှောက်မှာမို့ အဲဒီအချိန်အထိ ကျွန်တော့်ကို... More

Pa Pa's boy : 1
Pa Pa's boy : 3
Pa Pa's boy : 4
Pa Pa's boy : 5
Pa Pa's boy : 6 ( Final)

Pa Pa's boy : 2

582 55 1
By Clover-Y

လွန်ခဲ့သော ၁၂ နှစ်ခန့်ဆီက ၂၂နှစ်အရွယ် ကောင်ငယ်လေး "မင်ယူန်းဂီ"။

ထိုအချိန်က 'မင်'ဟာ ဘွဲ့ရပြီးကာစ လူငယ်လေးတစ်ယောက်။
မင်အိမ်တော်ရဲ့ သားငယ်လေးတစ်ဖြစ် တစ်အိမ်လုံးရဲ့ အချစ်ခံလေး။
ဘွဲ့ရပြီးတော့ 'မင်'ဟာ ပါးပါးရဲ့ ကုမ္ပဏီမှာဘဲ အလုပ်ဝင်လုပ်သည်။
အားလပ်ရက်တွေမှာ ပန်းချီဆွဲသည်။တစ်ခါတစ်လေ ကားလျှောက်မောင်းနေတတ်သည်။

'မင်'ဟာ အစ်ကို​​ဖြစ်သူလို ရုပ်အရမ်းချောတဲ့ထဲမှာ မပါပေမဲ့ အလွန်ချစ်စရာကောင်းသည့်ကောင်ငယ်လေးတစ်ယောက်။
လူကောင်သေးသေး အသားအရေဖွေးဖွေးလေးနဲ့ 'မင်'ဟာ ကောင်ချောလေးတွေနဲ့ မမတွေကြားမှာ ရေပန်းစားသည်။
သို့သော် 'မင်'ဟာ ထိုအရာတွေကို စိတ်မဝင်စားဘဲ လွတ်လွတ်လပ်လပ် ပျော်ပါးနေသည့် ကောင်လေး။

တစ်နေ့ ၊ အဲဒီတစ်နေ့ဆိုတာ 'မင်'ရဲ့ဘဝထဲကို 'ဂျောန်ဂျောင်ဂုဂ်'ဆိုသော ကလေးငယ်လေး ရောက်ရှိလာတဲ့ တစ်နေ့။
'မင်'ဟာ ခါတိုင်းအားလပ်ရက်တွေလိုဘဲ ကားပတ်မောင်းနေတာရယ်။
ထိုအချိန်မှာ 'မင်'ရဲ့ ကားရှေ့တည့်တည့်ကို ပြေးဝင်လာတဲ့ ကလေးငယ်လေးတစ်ယောက်။

အသက် ၁၀နှစ်ခန့်သာရှိသေးတဲ့ ထိုကလေးငယ်လေးဟာ အဝတ်အစားတို့က ဟောင်းနွမ်း၍ သူရဲ့မျက်လုံးဝိုင်းကြီးတွေက တစ်စုံတစ်ခုကို ကြောက်ရွံ့နေဟန်။
စစတွေ့ချင်းမှာပင် 'မင်' ထိုမျက်လုံးဝိုင်းဝိုင်းလေးတွေကို သဘောကျမိခြင်း။

'မင်'ကားပေါ်ကဆင်း၍ ထိုကလေးငယ်ရှေ့ရောက်သွားတော့ ကလေးငယ်ဆီက ပထမဆုံး ထွက်လာတဲ့စကားလေး။

"ကယ်ပါ ကျွန်တော့်ကိုကယ်ပါ"တဲ့။

ပြောပြီးတာနဲ့ ကလေးငယ်သည် သူ့လက်ထဲမှာတင် သတိလစ်သွားခဲ့ပါ၏။
ထို့ကြောင့် 'မင်' က ကလေးငယ်ကို ပွေ့ချီ၍ ကားပေါ်သို့တင်ကာ အိမ်သို့ ခေါ်ဆောင်လာခဲ့ပါ၏။

'မင်'အိမ်သို့ပြန်ရောက်သည့် အချိန်ထိ ကလေးငယ်မှာ မနိုးသေး။ ဧည့်ခန်းထဲတွင် ထိုင်နေသော ပါးပါးက ကလေးငယ်ကို ပွေ့ချီလာတာ မြင်တော့ မေးမြန်းပါတော့သည်။

"သားငယ် ဘယ်ကကောင်လေးကို ခေါ်လာတာလဲ"

"လမ်းမှာ သားရဲ့ကားနဲ့တိုက်မိမလို ဖြစ်လို့ ခေါ်လာတာပါးပါး"

"အပြင်က ပြဿနာ အိမ်အထိသယ်မလာရဘူးလို့ ပါးပါးပြောထားတယ်မလား အဲဒီကောင်လေးကို အခုချက်ချင်း ပြန်ပို့ပေးလိုက်"

"ပါးပါးကလည်း သူကသတိလစ်နေတယ် ပြီးတော့ သူ့ကိုကြည့်ရတာလည်း သနားစရာလေးပါ အိမ်မှာဘဲခေါ်ထားရအောင်နော် ပါးပါး"

"မင်ယူန်းဂီ အခုချက်ချင်း ပြန်ပို့လိုက်လို့ ပါးပါးပြောနေတယ်မလား"

ဒေါသတကြီး ထအော်ပါသော ပါးပါးကိုကြည့်၍ 'မင့်'ကိုယ်လေးမှာ ဆတ်ခနဲတုန်သွားပါတော့သည်။ပြီးတော့ ပါးပါးက ဘယ်တုန်းကမှ သူ့နာမည်ကို မခေါ်ဖူးပေ။

"ပြန်မပို့နိူင်ဘူး ပါးပါး ဒီကလေးကို ပါးပါးတို့ မခေါ်ထားချင်နေ သားဘာသာ ခေါ်ထားမယ်"

'မင်'သည်လည်း ပါးပါးကို တစ်ခွန်းမခံပြန်ပြောပါ၏။

"မင်ယူန်းဂီ ဘယ်တုန်းက ငါ့ကိုပြန်ပြောတတ်သွားတာလဲကွဟမ် ဘယ်ကမှန်းမသိတဲ့ကလေးကို ခုချက်ချင်းပြန်ပို့လိုက်လို့ ငါပြောနေတယ်မလား"

ထိုအချိန်တွင် မားမားလည်းရောက်လာပြီး ပါးပါးကို ဖျောင်းဖျပါသည်။

"စကားကိုတိုးတိုးသက်သာ ပြောပါအစ်ကိုရယ် သားငယ်လေးကလည်း ပါးပါးကိုပြန်မအော်ရဘူးလေ ပြီးတော့ အဲဒီကလေးကို အရင်အောက်ချထားလိုက်သား လာမားမားဆီကိုလာ ကဲဘာဖြစ်တာလဲပြောပြ"

ထိုအခါမှ 'မင်'ဟာ က​​လေးငယ်ကို မားမားထိုင်နေတဲ့ဘေးနားသို့ ချထားလိုက်သည်။

"သား ဒီကလေးလေးကို အိမ်မှာခေါ်ထားချင်လို့ မားမား"

"ဟင် ဘာဖြစ်လို့လဲ သားငယ်ရဲ့"

"ဒီတိုင်း သနားလို့ မားမား"

"သား မားမားပြောမယ် သေချာနားထောင် လူတိုင်းကို အယုံလွယ်ပြီး သနားလို့မရဘူးလေ သားကခေါ်ထားချင်တယ်ဆိုရင်တောင် သူ့မှာ မိဘတွေရှိနေအုံးမှာ သားပြန်ပို့မှရမှာပေါ့ မားမားပြောတာ နားလည်တယ်မလား"

"ဟုတ် မားမား သူသတိရလာရင် သားပြန်ပို့လိုက်ပါမယ်"

"မင်ယူန်းဂီ နောက်လထဲမှာ Park Groupရဲ့ သမီးငယ်နဲ့ လက်ထပ်ရမယ်"

ထိုအချိန်တွင် ထွက်ပေါ်လာသော ပါးပါး၏ စကားသံ။ 'မင့်' ခေါင်းထဲ ဒိန်းကနဲ၊ သူလက်မထပ်ချင်သေးဘူး၊ အမှန်ပြောရရင် သူ့မှာရည်မှန်းချက်တွေရှိသေးတယ်။'မင့်' ဘဝကြီးကို အိမ်ထောင်ဆိုတဲ့ နွံထဲမှာ မနစ်မြုပ်ထားချင်ဘူး။

"ပါးပါး ကျွန်တော် ဘယ်သူ့ကိုမှ လက်မထပ်နိူင်ဘူးနော်"

"မင်ယူန်းဂီ ငါဟိုဘက်ကို ပြောပြီးသွားပြီ ထပ်အတွန့်မတက်နဲ့"

"ပါးပါး ကျွန်တော့်ဘဝကို အဲလိုလုပ်ချင်တိုင်းလုပ်လို့မရဘူးနော်"

"ဘာလို့လဲကွ မင်းကငါ့သားလေ သားသမီးရဲ့ အနာဂတ်ကို ဘယ်မိဘမဆို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"

ပါးပါးက အတ္တသမား၊မိဘဖြစ်တာနဲ့ပဲ သားတစ်ယောက်ရဲ့ဘဝ ခြယ်လှယ်ချင်သလို ခြယ်လှယ်ရမယ်ဆို သူ့ရဲ့ကိုယ်ပိုင်ဘဝဆိုတာ ရှိမှာတောင်မဟုတ်ဘူး။

"ကျွန်တော် အိမ်ပေါ်ကဆင်းမယ်"

"ဘာကွ"

ကွပ်ခနဲပျက်သွားသော ပါးပါးရဲ့မျက်နှာ။ မားမားသည်လည်း အထိတ်တလန့်။

"သားငယ် ဘာတွေပြောနေတာလဲ"

"သားက မားမားတို့ရဲ့ ဆန္ဒကို မလိုက်လျောပေးနိူင်တဲ့အတွက် သားဒီအိမ်ပေါ်မှာ ဆက်မနေသင့်ပါဘူး တောင်းပန်ပါတယ်မားမား"

ထိုအချိန်တွင်ပင် သတိရလာပါသော ကလေးငယ်။
ကလေးငယ်သည်လည်း ကြောက်ကြောက်လန့်လန့်။
'မင်'လည်း မားမားဘေးတွင် ငုတ်တုတ်ကလေး ထိုင်နေသော ကလေးငယ်၏လက်ကိုဆွဲ၍ ထွက်လာခဲ့လိုက်သည်။

"ဒီအိမ်ထဲက ထွက်သွားပြီဆိုတာနဲ့ နောက်ဘယ်တော့မှ ခြေပြန်ချဖို့ မစဥ်းစားနဲ့"

"စိတ်ချပါ ပါးပါး ပြီးတော့တောင်းပန်ပါတယ် သွားခွင့်ပြုပါဦး"

"သားငယ် ထွက်မသွားပါနဲ့ကွယ် မားမားတို့အချိန်ယူပြီး စဥ်းစားလို့ရပါတယ်"

'မင့်'မျက်ရည်တို့သည် ပါး​ပြင်​ပေါ်သို့ ပေါက်ခနဲ။ သို့သော်လည်း 'မင်'ဟာ မိဘတွေကို တစ်ချက်လေးတောင်မှ လှည့်မကြည့်ခဲ့။
အဲဒီအချိန်က 'မင်'ဟာလည်း အတ္တတွေနဲ့ပါဘဲ။

မားသည်လည်း မျက်ရည်တွေနဲ့။
အိမ်ထဲကနေ ကောင်လေးတစ်ယောက်ရဲ့ လက်ကိုဆွဲ၍ တရွေ့ရွေ့ထွက်ခွာသွားသော ကျောပြင်ငယ်ကို ကြည့်၍ မင်ပါးပါးဆိုတာလည်း လက်သီးကိုဆုပ် အံကိုကြိတ်၍ မျက်ရည်မကျအောင် ထိန်းထားခဲ့သည်ဆိုတာကတော့ 'မင်'သာ လှည့်ကြည့်ခဲ့မည်ဆိုပါက တွေ့ကောင်းတွေ့နိူင်ပါလိမ့်မည်။

ယခု 'မင်'ရောက်ရှိနေတာက ဆေးရုံဝန်းတစ်ခုအတွင်း ။ 'မင့်'ရဲ့ လက်တို့သည် စိတ်လှုပ်ရှားမှုတစ်ခုကြောင့် ချွေးစေးများပြန်၍ အေးစက်လျှက်။ ထိုစဥ် 'မင့်'ရဲ့လက်ပေါ်သော ရောက်ရှိလာသော နွေးထွေးသော လက်တစ်ဖက်။

"ပါးပါး လာသွားကြမယ် ဂျောန်ရှိတယ်"

ပြောပြောဆိုဆိုပင် ကလေးငယ်က 'မင်'ရဲ့လက်ကို ဆွဲခေါ်၍ ပါးပါးရဲ့ အခန်းရှေ့သို့ ခေါ်ဆောင်လာခဲ့ပါ၏။

ပါးပါးအခန်းရှေ့ရောက်တော့ 'မင့်'ခြေအစုံဟာ တန့်ခနဲ။
ထိုအခါ 'ဂျောန်'ဟာ 'မင့်'ကို မျက်နှာချင်းဆိုင်ဆွဲလှည့်၍ 'မင့်'ရဲ့ လက်အစုံကို သူ့ရဲ့ နွေးထွေးသောလက်တစ်စုံနှင့် ဆုပ်ကိုင်လိုက်လေသည်။
ပြီးနောက် 'မင်'နှင့် မျက်လုံချင်းဆုံ၍

"ပါးပါး ဂျောန်ပြောမယ် သေချာနားထောင် ပါးပါးအဖေကိုတွေ့ရမှာ ကြောက်စရာမဟုတ်ဘူးလေ ပြီးတော့ ပါးပါးရှေ့မှာ ဂျောန်တစ်ယောက်လုံးရှိတယ် ဟိုတစ်ချိန်က ဂျောန်ဟာပါးပါးကို မှီခိုတဲ့သူဖြစ်ပေမဲ့ အခုဂျောန်က ပါးပါးကို ကာကွယ်ပေးမှာမို့ ဘာကိုမှ စိတ်မပူပါနဲ့"

ကြောက်၍ စိတ်လှုပ်ရှားနေသည့် ကြားမှပင် 'မင်'တစ်ချက်ပြုံးလိုက်သည်။ သူပြုစုပျိုးထောင်ခဲ့ ကလေးငယ်က သူ့ရှေ့မှာပင် အရွယ်ရောက်၍ ရင့်ကျက်နေပါရောလား။

ထို့နောက်တွင်တော့ 'မင်'သည် ကလေးငယ်နှင့်အတူ ပါးပါးရဲ့အခန်းထဲသို့ ဝင်လိုက်တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

TBC*******
အစ်ကို Jimin တစ်ယောက် Recoverပြန်ရသွားလို့ တော်ပါသေးရဲ့😌😌🤓
🤗🤗🤗🤗🤗🤗🤗

(Zawgyi)

လြန္ခဲ့ေသာ ၁၂ ႏွစ္ခန့္ဆီက ၂၂ႏွစ္အ႐ြယ္ ေကာင္ငယ္ေလး "မင္ယူန္းဂီ"။

ထိုအခ်ိန္က 'မင္'ဟာ ဘြဲ႕ရၿပီးကာစ လူငယ္ေလးတစ္ေယာက္။
မင္အိမ္ေတာ္ရဲ႕ သားငယ္ေလးတစ္ျဖစ္ တစ္အိမ္လုံးရဲ႕ အခ်စ္ခံေလး။
ဘြဲ႕ရၿပီးေတာ့ 'မင္'ဟာ ပါးပါးရဲ႕ ကုမၸဏီမွာဘဲ အလုပ္ဝင္လုပ္သည္။
အားလပ္ရက္ေတြမွာ ပန္းခ်ီဆြဲသည္။တစ္ခါတစ္ေလ ကားေလွ်ာက္ေမာင္းေနတတ္သည္။

'မင္'ဟာ အစ္ကိုျဖစ္သူလို ႐ုပ္အရမ္းေခ်ာတဲ့ထဲမွာ မပါေပမဲ့ အလြန္ခ်စ္စရာေကာင္းသည့္ေကာင္ငယ္ေလးတစ္ေယာက္။
လူေကာင္ေသးေသး အသားအေရေဖြးေဖြးေလးနဲ႕ 'မင္'ဟာ ေကာင္ေခ်ာေလးေတြနဲ႕ မမေတြၾကားမွာ ေရပန္းစားသည္။
သို႔ေသာ္ 'မင္'ဟာ ထိုအရာေတြကို စိတ္မဝင္စားဘဲ လြတ္လြတ္လပ္လပ္ ေပ်ာ္ပါးေနသည့္ ေကာင္ေလး။

တစ္ေန႕ ၊ အဲဒီတစ္ေန႕ဆိုတာ 'မင္'ရဲ႕ဘဝထဲကို 'ေဂ်ာန္ေဂ်ာင္ဂုဂ္'ဆိုေသာ ကေလးငယ္ေလး ေရာက္ရွိလာတဲ့ တစ္ေန႕။
'မင္'ဟာ ခါတိုင္းအားလပ္ရက္ေတြလိုဘဲ ကားပတ္ေမာင္းေနတာရယ္။
ထိုအခ်ိန္မွာ 'မင္'ရဲ႕ ကားေရွ႕တည့္တည့္ကို ေျပးဝင္လာတဲ့ ကေလးငယ္ေလးတစ္ေယာက္။

အသက္ ၁၀ႏွစ္ခန့္သာရွိေသးတဲ့ ထိုကေလးငယ္ေလးဟာ အဝတ္အစားတို႔က ေဟာင္းႏြမ္း၍ သူရဲ႕မ်က္လုံးဝိုင္းႀကီးေတြက တစ္စုံတစ္ခုကို ေၾကာက္႐ြံ႕ေနဟန္။
စစေတြ႕ခ်င္းမွာပင္ 'မင္' ထိုမ်က္လုံးဝိုင္းဝိုင္းေလးေတြကို သေဘာက်မိျခင္း။

'မင္'ကားေပၚကဆင္း၍ ထိုကေလးငယ္ေရွ႕ေရာက္သြားေတာ့ ကေလးငယ္ဆီက ပထမဆုံး ထြက္လာတဲ့စကားေလး။

"ကယ္ပါ ကြၽန္ေတာ့္ကိုကယ္ပါ"တဲ့။

ေျပာၿပီးတာနဲ႕ ကေလးငယ္သည္ သူ႕လက္ထဲမွာတင္ သတိလစ္သြားခဲ့ပါ၏။
ထို႔ေၾကာင့္ 'မင္' က ကေလးငယ္ကို ေပြ႕ခ်ီ၍ ကားေပၚသို႔တင္ကာ အိမ္သို႔ ေခၚေဆာင္လာခဲ့ပါ၏။

'မင္'အိမ္သို႔ျပန္ေရာက္သည့္ အခ်ိန္ထိ ကေလးငယ္မွာ မနိုးေသး။ ဧည့္ခန္းထဲတြင္ ထိုင္ေနေသာ ပါးပါးက ကေလးငယ္ကို ေပြ႕ခ်ီလာတာ ျမင္ေတာ့ ေမးျမန္းပါေတာ့သည္။

"သားငယ္ ဘယ္ကေကာင္ေလးကို ေခၚလာတာလဲ"

"လမ္းမွာ သားရဲ႕ကားနဲ႕တိုက္မိမလို ျဖစ္လို႔ ေခၚလာတာပါးပါး"

"အျပင္က ျပႆနာ အိမ္အထိသယ္မလာရဘူးလို႔ ပါးပါးေျပာထားတယ္မလား အဲဒီေကာင္ေလးကို အခုခ်က္ခ်င္း ျပန္ပို႔ေပးလိုက္"

"ပါးပါးကလည္း သူကသတိလစ္ေနတယ္ ၿပီးေတာ့ သူ႕ကိုၾကည့္ရတာလည္း သနားစရာေလးပါ အိမ္မွာဘဲေခၚထားရေအာင္ေနာ္ ပါးပါး"

"မင္ယူန္းဂီ အခုခ်က္ခ်င္း ျပန္ပို႔လိုက္လို႔ ပါးပါးေျပာေနတယ္မလား"

ေဒါသတႀကီး ထေအာ္ပါေသာ ပါးပါးကိုၾကည့္၍ 'မင့္'ကိုယ္ေလးမွာ ဆတ္ခနဲတုန္သြားပါေတာ့သည္။ၿပီးေတာ့ ပါးပါးက ဘယ္တုန္းကမွ သူ႕နာမည္ကို မေခၚဖူးေပ။

"ျပန္မပို႔နိူင္ဘူး ပါးပါး ဒီကေလးကို ပါးပါးတို႔ မေခၚထားခ်င္ေန သားဘာသာ ေခၚထားမယ္"

'မင္'သည္လည္း ပါးပါးကို တစ္ခြန္းမခံျပန္ေျပာပါ၏။

"မင္ယူန္းဂီ ဘယ္တုန္းက ငါ့ကိုျပန္ေျပာတတ္သြားတာလဲကြဟမ္ ဘယ္ကမွန္းမသိတဲ့ကေလးကို ခုခ်က္ခ်င္းျပန္ပို႔လိုက္လို႔ ငါေျပာေနတယ္မလား"

ထိုအခ်ိန္တြင္ မားမားလည္းေရာက္လာၿပီး ပါးပါးကို ေဖ်ာင္းဖ်ပါသည္။

"စကားကိုတိုးတိုးသက္သာ ေျပာပါအစ္ကိုရယ္ သားငယ္ေလးကလည္း ပါးပါးကိုျပန္မေအာ္ရဘူးေလ ၿပီးေတာ့ အဲဒီကေလးကို အရင္ေအာက္ခ်ထားလိုက္သား လာမားမားဆီကိုလာ ကဲဘာျဖစ္တာလဲေျပာျပ"

ထိုအခါမွ 'မင္'ဟာ ကေလးငယ္ကို မားမားထိုင္ေနတဲ့ေဘးနားသို႔ ခ်ထားလိုက္သည္။

"သား ဒီကေလးေလးကို အိမ္မွာေခၚထားခ်င္လို႔ မားမား"

"ဟင္ ဘာျဖစ္လို႔လဲ သားငယ္ရဲ႕"

"ဒီတိုင္း သနားလို႔ မားမား"

"သား မားမားေျပာမယ္ ေသခ်ာနားေထာင္ လူတိုင္းကို အယုံလြယ္ၿပီး သနားလို႔မရဘူးေလ သားကေခၚထားခ်င္တယ္ဆိုရင္ေတာင္ သူ႕မွာ မိဘေတြရွိေနအုံးမွာ သားျပန္ပို႔မွရမွာေပါ့ မားမားေျပာတာ နားလည္တယ္မလား"

"ဟုတ္ မားမား သူသတိရလာရင္ သားျပန္ပို႔လိုက္ပါမယ္"

"မင္ယူန္းဂီ ေနာက္လထဲမွာ Park Groupရဲ႕ သမီးငယ္နဲ႕ လက္ထပ္ရမယ္"

ထိုအခ်ိန္တြင္ ထြက္ေပၚလာေသာ ပါးပါး၏ စကားသံ။ 'မင့္' ေခါင္းထဲ ဒိန္းကနဲ၊ သူလက္မထပ္ခ်င္ေသးဘူး၊ အမွန္ေျပာရရင္ သူ႕မွာရည္မွန္းခ်က္ေတြရွိေသးတယ္။'မင့္' ဘဝႀကီးကို အိမ္ေထာင္ဆိုတဲ့ ႏြံထဲမွာ မနစ္ျမဳပ္ထားခ်င္ဘူး။

"ပါးပါး ကြၽန္ေတာ္ ဘယ္သူ႕ကိုမွ လက္မထပ္နိူင္ဘူးေနာ္"

"မင္ယူန္းဂီ ငါဟိုဘက္ကို ေျပာၿပီးသြားၿပီ ထပ္အတြန့္မတက္နဲ႕"

"ပါးပါး ကြၽန္ေတာ့္ဘဝကို အဲလိုလုပ္ခ်င္တိုင္းလုပ္လို႔မရဘူးေနာ္"

"ဘာလို႔လဲကြ မင္းကငါ့သားေလ သားသမီးရဲ႕ အနာဂတ္ကို ဘယ္မိဘမဆို ဆုံးျဖတ္ပိုင္ခြင့္ရွိတယ္"

ပါးပါးက အတၱသမား၊မိဘျဖစ္တာနဲ႕ပဲ သားတစ္ေယာက္ရဲ႕ဘဝ ျခယ္လွယ္ခ်င္သလို ျခယ္လွယ္ရမယ္ဆို သူ႕ရဲ႕ကိုယ္ပိုင္ဘဝဆိုတာ ရွိမွာေတာင္မဟုတ္ဘူး။

"ကြၽန္ေတာ္ အိမ္ေပၚကဆင္းမယ္"

"ဘာကြ"

ကြပ္ခနဲပ်က္သြားေသာ ပါးပါးရဲ႕မ်က္ႏွာ။ မားမားသည္လည္း အထိတ္တလန့္။

"သားငယ္ ဘာေတြေျပာေနတာလဲ"

"သားက မားမားတို႔ရဲ႕ ဆႏၵကို မလိုက္ေလ်ာေပးနိူင္တဲ့အတြက္ သားဒီအိမ္ေပၚမွာ ဆက္မေနသင့္ပါဘူး ေတာင္းပန္ပါတယ္မားမား"

ထိုအခ်ိန္တြင္ပင္ သတိရလာပါေသာ ကေလးငယ္။
ကေလးငယ္သည္လည္း ေၾကာက္ေၾကာက္လန့္လန့္။
'မင္'လည္း မားမားေဘးတြင္ ငုတ္တုတ္ကေလး ထိုင္ေနေသာ ကေလးငယ္၏လက္ကိုဆြဲ၍ ထြက္လာခဲ့လိုက္သည္။

"ဒီအိမ္ထဲက ထြက္သြားၿပီဆိုတာနဲ႕ ေနာက္ဘယ္ေတာ့မွ ေျချပန္ခ်ဖိဳ႕ မစဥ္းစားနဲ႕"

"စိတ္ခ်ပါ ပါးပါး ၿပီးေတာ့ေတာင္းပန္ပါတယ္ သြားခြင့္ျပဳပါဦး"

"သားငယ္ ထြက္မသြားပါနဲ႕ကြယ္ မားမားတို႔အခ်ိန္ယူၿပီး စဥ္းစားလို႔ရပါတယ္"

'မင့္'မ်က္ရည္တို႔သည္ ပါးျပင္ေပၚသို႔ ေပါက္ခနဲ။ သို႔ေသာ္လည္း 'မင္'ဟာ မိဘေတြကို တစ္ခ်က္ေလးေတာင္မွ လွည့္မၾကည့္ခဲ့။
အဲဒီအခ်ိန္က 'မင္'ဟာလည္း အတၱေတြနဲ႕ပါဘဲ။

မားသည္လည္း မ်က္ရည္ေတြနဲ႕။
အိမ္ထဲကေန ေကာင္ေလးတစ္ေယာက္ရဲ႕ လက္ကိုဆြဲ၍ တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားေသာ ေက်ာျပင္ငယ္ကို ၾကည့္၍ မင္ပါးပါးဆိုတာလည္း လက္သီးကိုဆုပ္ အံကိုႀကိတ္၍ မ်က္ရည္မက်ေအာင္ ထိန္းထားခဲ့သည္ဆိုတာကေတာ့ 'မင္'သာ လွည့္ၾကည့္ခဲ့မည္ဆိုပါက ေတြ႕ေကာင္းေတြ႕နိူင္ပါလိမ့္မည္။

ယခု 'မင္'ေရာက္ရွိေနတာက ေဆး႐ုံဝန္းတစ္ခုအတြင္း ။ 'မင့္'ရဲ႕ လက္တို႔သည္ စိတ္လႈပ္ရွားမႈတစ္ခုေၾကာင့္ ေခြၽးေစးမ်ားျပန္၍ ေအးစက္လွ်က္။ ထိုစဥ္ 'မင့္'ရဲ႕လက္ေပၚေသာ ေရာက္ရွိလာေသာ ႏြေးေထြးေသာ လက္တစ္ဖက္။

"ပါးပါး လာသြားၾကမယ္ ေဂ်ာန္ရွိတယ္"

ေျပာေျပာဆိုဆိုပင္ ကေလးငယ္က 'မင္'ရဲ႕လက္ကို ဆြဲေခၚ၍ ပါးပါးရဲ႕ အခန္းေရွ႕သို႔ ေခၚေဆာင္လာခဲ့ပါ၏။

ပါးပါးအခန္းေရွ႕ေရာက္ေတာ့ 'မင့္'ေျခအစုံဟာ တန့္ခနဲ။
ထိုအခါ 'ေဂ်ာန္'ဟာ 'မင့္'ကို မ်က္ႏွာခ်င္းဆိုင္ဆြဲလွည့္၍ 'မင့္'ရဲ႕ လက္အစုံကို သူ႕ရဲ႕ ႏြေးေထြးေသာလက္တစ္စုံႏွင့္ ဆုပ္ကိုင္လိုက္ေလသည္။
ၿပီးေနာက္ 'မင္'ႏွင့္ မ်က္လုံခ်င္းဆုံ၍

"ပါးပါး ေဂ်ာန္ေျပာမယ္ ေသခ်ာနားေထာင္ ပါးပါးအေဖကိုေတြ႕ရမွာ ေၾကာက္စရာမဟုတ္ဘူးေလ ၿပီးေတာ့ ပါးပါးေရွ႕မွာ ေဂ်ာန္တစ္ေယာက္လုံးရွိတယ္ ဟိုတစ္ခ်ိန္က ေဂ်ာန္ဟာပါးပါးကို မွီခိုတဲ့သူျဖစ္ေပမဲ့ အခုေဂ်ာန္က ပါးပါးကို ကာကြယ္ေပးမွာမို႔ ဘာကိုမွ စိတ္မပူပါနဲ႕"

ေၾကာက္၍ စိတ္လႈပ္ရွားေနသည့္ ၾကားမွပင္ 'မင္'တစ္ခ်က္ၿပဳံးလိုက္သည္။ သူျပဳစုပ်ိဳးေထာင္ခဲ့ ကေလးငယ္က သူ႕ေရွ႕မွာပင္ အ႐ြယ္ေရာက္၍ ရင့္က်က္ေနပါေရာလား။

ထို႔ေနာက္တြင္ေတာ့ 'မင္'သည္ ကေလးငယ္ႏွင့္အတူ ပါးပါးရဲ႕အခန္းထဲသို႔ ဝင္လိုက္ေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

TBC*******
အစ္ကို Jimin တစ္ေယာက္ Recoverျပန္ရသြားလို႔ ေတာ္ပါေသးရဲ႕😌😌


Continue Reading

You'll Also Like

20.7K 1.7K 17
♡︎I have placed you in my heart for the rest of my life♡︎ '𝖲𝗍𝗋𝖺𝗐𝖻𝖾𝗋𝗋𝗂𝖾𝗌 𝖺𝗇𝖽 𝖢𝗂𝗀𝖺𝗋𝖾𝗍𝗍𝖾𝗌' 𝖺𝗅𝗐𝖺𝗒𝗌 𝗍𝖺𝗌𝗍𝖾 𝗅𝗂𝗄𝖾 𝗒�...
91.2K 302 23
fetish ဖြစ်တာတွေ ချက်ဖြစ်ခဲ့တဲ့ roleplay တွေ တကယ်ဖြစ်ဖူးခဲ့တာလေးတွေ တချို့က ကိ စိတ်ကူးယဉ်တာဖြစ်သလို တချို့က ကိ တကယ်လုပ်ချင်တာ တချို့က ကိဖြစ်ခဲ့တာလ...
31.6K 2.3K 31
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...
253K 574 21
TOM KAULITZ SMUT