ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...

Par Change_7

742K 64.6K 6.6K

မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... Plus

Intro
အပိုင်း✨🍁(၂)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၉)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၄)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၇)
အပိုင်း✨🍁(၁၈)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၇)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၇)
အပိုင်း✨🍁(၃၈)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၈)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Extra✨🍁(3)
Special Extra (4)

အပိုင်း✨🍁(၁)

39.2K 2.1K 228
Par Change_7

“စိတ်မဆိုးနဲ့နော် ...ခွင့်လွှတ်ပါကွယ်...
ကိုယ်ရိုင်းနေရင်....
ကိုယ်စိတ်ကအရင်ဒီလို ...မဟုတ်ဘူးကွဲ့မင်းနဲ့မှ...ပြောင်းလဲကုန်ပြီ...ကျစ်...ဒီအရောင်မဟုတ်သေးဘူး....”

ဧကလေး ဘေးမှချထားသည့် စာကပ်ထားသော ဆေးပုံးများကိုကြည့်ရင်း စုတ်တံကို ခွက်နှုတ်ခမ်းပေါ်တင်လိုက်သည်။
Auroraအလင်းတန်းတွေပုံကိုဆွဲနေတာ တစ်ပတ်ရှိပြီ ခုထိသူ့စိတ်ကြိုက်မရသေး။
တပ်ထားသည့်မျက်မှန်ကိုချွတ်ပစ်လိုက်သည်။
ခုဆို သူ့အသက်20ပြည့်ခါနီးလာပြီဖြစ်ပြီး ဘွဲ့ယူရန်စောင့်ဆိုင်းနေသော အချိန်‌လည်းဖြစ်သည်။
အေးဆေးပဲနေချင်၍ စီးပွားရေးအဝေးသင်ယူပြီး ပန်းချီတွေပဲဆွဲနေဖြစ်သည်။
ကုမ္ပဏီသွားဖို့ရာကလည်း သိပ်စိတ်မပါသဖြင့် မသွားဖြစ်။
ဖောင်းဖောင်းလေးကလည်း အိမ်မှာပဲကိုကိုစိတ်ကြိုက် ပုံဆွဲနေပါဟုဆိုသောကြောင့် စိတ်မပါတာနှင့်ကွက်တိဖြစ်သွားသည်။

Colours Blindဖြစ်တာ သေချာသွားသည့်အချိန်မှစ၍ အကုန်လုံးက သူ့အတွက်သေချာဂရုစိုက်ပေးကြသည်။
ညီလေးဆို သူဝါသနာမပါသည့်ဆေးစပ်သည့်‌နည်းကိုပါသင်ခဲ့သေးသည်။
ဒယ်ဒီတို့ကလည်း ကိုယ်ပိုင် ပန်းချီပြခန်းလေးဖွှင့်ပေးထားသော်လည်း ဧက‌ တစ်ခါမှ မပြသဖြစ်။အခန်းထဲမှာပဲ ဆွဲထားသည့်ပုံများကိုထားဖြစ်သည်။

အရောင်ခွဲ‌မျက်မှန်ကိုတပ်ပြီးဆွဲသော်လည်း သူ့ပုံတွေကအမြဲတမ်းတစ်ခုခုလိုနေသလိုခံစားရသည်။
ဘာလိုလို့လိုမှန်းမသိသည့် ပန်းချီကားတွေကို သူဒီအတိုင်းပဲထားလိုက်သည်။
သူ့စိတ်ထဲ ဒီပန်းချီကားတွေဟာ သူ့အတွက်ပြီးပြည့်စုံမှူမရှိသေးဘူးဟုပဲအမြဲခံစားနေရသည်။ဧကလေး လူပုံမဆွဲဖြစ်တာ ၁၀နှစ်တောင်ပြည့်တော့မည်ပဲဖြစ်သည်။
ပြည့်စုံမှုမရှိသည့်ရှူခင်းပုံတွေကြားထဲမှာ သူဟာဘယ်လိုစွန့်စားမှုမျိူးနဲ့များ လူပုံကိုဆွဲကြည့်ရပါ့မလဲ။

ထို့နောက် စိတ်မကြည်မလင်ဖြစ်လာမှုကြောင့် မျက်မှန်ကိုဖြုတ်လိုက်ပြီး ခုံပေါ်တင်လိုက်ကာ ဆက်မဆွဲတော့ပဲ ထလာပြီး ရေချိုးဖို့ပြင်လိုက်သည်။
ဝတ်ထားသည့် shirtအင်္ကျီကိုဆွဲချွတ်လိုက်၍ အဝတ်ခြင်းထဲ လှမ်းထည့်လိုက်ကာ ကိုယ်လုံးပေါ်မှန်ရှေ့ ကိုယ့်ကိုကိုယ်ကြည့်လိုက်သည်။
ကျစ်လျစ်စွာထွက်နေသောsix packသေးသေးလေးကို ဂုဏ်ယူစွာကြည့်ရင်း နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးလိုက်သည်။

ထို့နောက် ထိပ်၌ ဟိုတစ်စဒီတစ်စကျနေသော ဆံပင်မွှေးများကို စုစည်းထားသည့် ကြိုးလေးကိုဖြုတ်လိုက်ရာ အညိုရောင်ဆံနွယ်ကောက်ကောက်လေးတွေက မျက်လုံးအောက်နားထိ ကျလာသည်။

ထိုဆံနွယ်လေးများကို အနောက်သို့ သပ်တင်လိုက်ပြီး...

“အင်း ငါ့ဆံပင်တွေတောင်ရှည်နေပြီပဲ... တစ်ရက်ရက်တော့ လန်းလန်းလေးသွားညှပ်ပစ်ဦးမယ်...”

ထို့နောက် ရေချိုးမခင် ဒိုက်ထိုးနေလိုက်သည်။အခါ50ဆိုတာအလွန်ဆုံးပင်။ထိုထက်ပိုပြီး မထိုးနိုင်သည်က အမြဲပင်ဖြစ်သည်။
ဧကလေးမှာ ဒီsix packလေးခြောက်ခုရဖို့ကို အသည်းအသန်ခဲမှန်သည်ထက် လုပ်ခဲ့ရသည်ပဲဖြစ်သည်။

ဖောင်းဖောင်းလေးဆို Eight packsရှိယုံမက လက်မောင်းကြွက်သားများပါ ကျစ်လျစ်နေပုံက သူ့ပိန်ညှောင်ဥသာသာ ကြွက်သားလေးနှင့်တခြားဆီပင်။
အငယ်ဖြစ်ပြီး ဘာလို့အရပ်က သူ့ထက်5"မကြီးတောင်ပိုရှည်ရသလဲဆိုတာလည်း စဉ်းစားမ‌ရပေ။

သူ့မှာတော့ ဒီအရပ်လေး6'ပြည့်ဖို့ရာ‌အတွက် ကူးလိုက်ရသည့်ရေ၊ဆွဲလိုက်ရသည့်ဘားတန်း ဟောဟဲကိုလိုက်နေသည်။
ဖောင်းဖောင်းလေးလို မနက်ခင်းတိုင်းလည်း ထ‌မပြေးနိုင်။အစားအစာလည်း သင့်တင့်မျှတယုံမစားနိုင်။
မနက်ဆိုလည်း 9နာရီကျော်ထိသိုးနေအောင်အိပ်သည်။အစားအစာဆိုလည်း သူ့အကြိုက်များတွေ့လို့ကတော့ မထနိုင်အောင်ထိစားပစ်သေးသည်။

ထို့ကြောင့်များညီညီလေးက သူ့ထက်ပိုထွားလာရသည်လားဆိုတာစဉ်းစားရင်း မနက်စောစောထလိုက်ပြီး လိုက်ပြေးသည်က သုံးရက်။
အဲ့သုံးရက်တောင် ရှိသမျှAlarmပေးယုံသာမက ပါးပါးကိုပါလာနှိုးခိုင်းရသေးသည်။
အစားအစာကိုလည်း အတော်အသင့်စားမည်ဟုဆုံးဖြတ်ပြီးနောက် တစ်ပတ်လောက်တော့ တောင့်ခံနိုင်သေးသည်။
ထို့နောက်တွင်တော့ ဒုံရင်း ဒုံရင်း မူလ
မင်းမြတ်ဧကဦးမာန်အဖြစ်သို့ပြန်ရောက်သွားသည်။

အပြင်ကလူများနှင့်ယှဉ်လျှင် သူ့အရပ်ကမပုသော်လည်း ဒယ်ဒီနှင့် ဖောင်းဖောင်းကြားတွင်တော့ သူဟာ လူပုလေးလိုခံစားရသည်။
သူ့ညီထွားပုံက ဒယ်ဒီနှင့်levelတူအထိရောက်နေသည်က အသက်17နှစ်နှင့်မျှမလိုက်အောင်ထိဖြစ်သည်။
‌ငယ်ငယ်ကတည်းက အေးစက်တည်ငြိမ်သူဖြစ်၍ ခုဆို ဒယ်ဒီထက်ဆယ်ဆပိုအေးစက်သည်။
စကားလည်းနည်းလာသည်က သူ3ခွန်းလောက်မေးမှ တစ်ခွန်းပြန်ဖြေသည်ဖြစ်၍ ဧကလေး စိတ်ကသိပ်မရှည်ချင်ဖြစ်လာရသည်။

အတွေးတွေကိုအရှိန်သပ်ပြီး ရေချိူးခန်းထဲသွားကာ ရေပန်းအောက်ဝင်ပြီးချိုးနေလိုက်သည်။
ပြီးလျှင် ထူးခြားကလာခေါ်မည်ဟုဖုန်းဆက်ထားသောကြောင့် မြို့ထဲနှစ်ယောက်သားပတ်လှိမ့်ကြဦးမည်ဖြစ်သည်။

***********

“မင်း...ဒီလိုပဲဆက်လုပ်နေဦးမှာလား...ဟမ်...ငါပြောတဲ့စကားကို အလေးအနက်မထားတာလား...ပြောစမ်း...
စဝ်မင်းကမ္ဘာဦးခိုက်.....”

ကမ္ဘာဘာမှပြန်မပြောပဲ ဒူးထောက်လျှက်ပဲငြိမ်နေမိသည်။
သူမှားသည်‌ဖြစ်စေ ။မှန်သည်ဖြစ်စေ။မည်ကဲ့သို့သော တုန့်ပြန်မှုမျိူးမှမလုပ်တာက သူ့အတွက်အကောင်းဆုံးပင်ဖြစ်သည်။

နန်းဆောင်အတွင်းမှဟိန်းထွက်လာသောအသံကြောင့် အပြင်ဘက်မှ လူများအားလုံးသည်လည်း သူတို့အရှင်သခင်၏ ဒေါ‌သကြောင့် အသက်တောင်မရှူရဲပဲ ကြောက်ရုပ်သဖွယ်ရပ်နေမိသည်။

“မယ်မယ်...ခမည်းတော်က်ို ပြောကူပေးပါဦး...ပီအိုက်ကို အပြစ်ဒဏ်အဖြစ် ရေခဲတိုက်ထဲပို့လိမ့်မယ် နော် မယ်မယ်...ပြောကူပေးပါဦး....”
စောနန်းသက်လျာ နန်းဆောင်အပြင်ဘက်မှ မယ်မယ့်လက်လေးကို ဆွဲကိုင်ရင်း ပီအိုက်အတွက် ကူပြောပေးဖို့ရန်ပြောမိသည်။

‌စောဒေဝီကလျာခေါ် မင်းမဟာဟော်နန်း၏ သခင်မဖြစ်သူသည် သက်ပြင်းကိုကြိတ်ချလိုက်သည်။
ခေါင်းမာလွန်းသောသားဖြစ်သူနှင့် အတ္တကြီးလွန်းသော မောင်တော်ကြားထဲတွင် သူမတို့ဘယ်တုန်းကမှ ဝင်ထိန်းပေးလို့မရခဲ့။
‌မင်းမဟာဟော်နန်း၏ တစ်ဦးထဲသော ဆက်ခံသူယောင်္ကျားလေးဖြစ်သည့်အတွက်ကြောင့်လည်း ပို၍ တင်းကြပ်နေသည်ဖြစ်သည်။

ကလေးတို့ခမည်းတော်ဖြစ်သူ စဝ်စံဦးခိုက်နှင့် လက်ဆက်လိုက်ရသည့်အချိန်တုန်းက တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်ဝင်၍မဟုတ်ပဲ ရှမ်းစော်ဘွားမျိုးရိုး၏အာဏာနှင့် အဓွန့်ရှည်တည်တံ့စေရန်အတွက် လက်ဆက်ဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။

တစ်ဦးအပေါ်တစ်ဦး ယုံကြည်လေးစားမှုများဖြင့် ဖေးမတည်ထောင်ခဲ့သော သူမတို့မိသားစုလေးက သားလေးအသက်၁၀နှစ်ရောက်သည့်အချိန်တွင် လေ့ကျင့်ခဲ့ရသော နာမ်ခွာစိတ်လွှတ်ခြင်းအတတ်ပညာသင်ကြားပြီး နောက်ပိုင်းတွင်ပဲ အေးစက်ခဲ့ရသည်။

“မယ်မယ်လည်း မတက်နိုင်ဘူး သမီးတော်ရယ်..အကိုတော်အကြောင်းလည်းသိရက်သားနဲ့...အဲ့ကောင်လေးက သိပ်ကိုခေါင်းမာတာ....”

“မယ်မယ်ရော ခမည်းတော်ရောကတူတူပဲ ...မယ်မယ်တို့ဖြစ်ချင်တာပဲသိတယ်...ပီအိုက်ကခုမ၁၇နှစ်ပဲရှိသေးတာပါ...ပီအိုက်သနားပါတယ်...ဟင့်....”
သက်လျာ မျက်ရည်တွေဝဲလာပြီး ငိုချမိသည်။ပီအိုက်နှင့်သူက၃နှစ်ကွာပေမယ့် အထိန်းတော်တွေပြောပြချက်အရ ပီအိုက်က ၅နှစ်သားကတည်းက ကိုယ်ခံပညာကိုသင်ယူခဲ့ရသည်ဆိုတာသိရသည်။

အပြင်းအထန်လေ့ကျင့်မှုတွေကြားထဲ စက်ရုပ်တစ်ရုပ်လို ဆက်ခံသူတစ်ယောက်၏ ကြန်အင်လက္ခဏာများနှင့်ပြည့်စုံစေရန် ပြင်းထန်သောလေ့ကျင့်မှုတွေကြားမှာ ကလေးပေါက်စလေးဟာ မျက်နှာတစ်ချက်မပျက်ပဲ တစ်ချက်မငြီးငြူပဲ ကျင့်ကြံခဲ့သည်ဆိုတာ အားလုံး၏မျက်မြင်ကိုယ်တွေ့ပဲဖြစ်သည်။

ဆုနှင့်ဒဏ်ကြားထဲ ဆုပဲရခဲ့သည့်ကလေးက တစ်ခါမှ ဆုပေးပါဟူ၍မတောင်းဆိုခဲ့။၁၀နှစ်ပြည့်သည့်အချိန် ရှေးဆန်ပြီး ဟော်နန်း၏ အမြင့်ဆုံးကျင့်စဉ်ဖြစ်သည့် လျှို့ဝှက်သိပ်သည်းပြီးအန္တရာယ်များသော နာမ်ခွာခြင်းအတတ်ပညာကိုသင်ကြားပြီးသည့်နောက်ပိုင်းတွင် အတိတ်ဘဝမှတစ်စုံတစ်ခုကြောင့် ပြောင်းလဲခဲ့သည်။
ထိုတစ်စုံတစ်ခုဟာ ခုချိန်ထိဘာလဲဆိုတာ ဘယ်သူမျှမသိပေမယ့်လို့ ထိုကဲ့သို့အတိတ်ဘဝတွေကိုရှာဖွေတူးဆွနေတာမျိုးကို ခမည်းတော်ကမကြိုက်ပေ။

ထို့ကြောင့်လည်း ပီအိုက် နာမ်ခွဲသည့်အချိန်တိုင်း အပြစ်ဒဏ်အဖြစ် ရေခဲတိုက်မှာ တစ်ညလုံးပိတ်ခံထားရသည်။
ထို့သို့ပိတ်ခံရတိုင်းလည်း ပီအိုက်က တစ်ခွန်းမှဖြေရှင်းချက်မပေး စောဒကမတက်ပဲ အေးဆေးပဲ သူ့အပြစ်ဒဏ်ကိုခံယူမြဲပင်ဖြစ်၍ ကြားထဲက မယ်မယ်နှင့် သက်လျာတို့မှာပဲ စိတ်ဆင်းရဲမြဲဖြစ်သည်။

“စဝ်မင်းကမ္ဘာဦးခိုက်...မင်း ငါ့ကိုမလေးစားတာလား...အတက်ပညာတွေစုံနေပြီဆိုတော့ အာခံချင်တဲ့သဘောလား ဟမ်...”

ကမ္ဘာဒူးထောက်ရင်း ဖမည်းတော်ကိုမော့ကြည့်လိုက်သည်။စူးရှနေသော ပယင်းရောင်တောက်တောက်မျက်ဝန်းထဲဟာ ကိုယ်လုပ်သည့်ကိစ္စတိုင်းအတွက် နောင်တမရဘူးဆိုတာ ညွှန်ပြနေသည်။

“မဟုတ်ပါဘူး..ခမည်းတော်....”

စဝ်စံဦးခိုက် သားဖြစ်သူ၏ မျက်ဝန်းတွေထဲကိုကြည့်ရင်း မယ်မယ်ပြောခဲ့သည့်စကားများကိုပြန်ကြားယောင်လာသည်။

“မြေးတော်လေးကို ဖြစ်နိုင်ရင် နာမ်ခွဲ စိတ်လွှတ်ခြင်းအတတ်ပညာကိုသင်မပေးပါနဲ့ သားတော်...သံသရာဟာ တစ်ပတ်ပြန်လည်လာပြီး မြေးတော်လေးက သူ့ရှေးဘဝကအတိတ်ကိုပြန်မှတ်မိသွားခဲ့ရင် ပုံစံတူအဖြစ်အပျက်မျိူးတွေ ထပ်ဖြစ်လာလိမ့်မယ်...သားတော်...”

“မယ်မယ်သတိပေးချင်တာကို သားတော်နားလည်ပါတယ်...ဒါပေမယ့် သားတော်တုန်းကလည်း ထိုအတတ်ပညာကိုကျင့်ခဲ့တာ ဘယ်လိုအကျိုးဆက်မျိုးမှမရှိခဲ့ပါဘူး...အတိတ်တုန်းကဘဝတစ်ခုက ထိုအတိတ်မှာပဲ ကျန်နေခဲ့တာပါပဲ...သားတော် အန္တရာယ်ကင်းကင်းနှင့်အောင်မြင်ခဲ့သလိုပဲ သားလည်း အောင်မြင်လိမ့်မယ်လို့ သားတော် ယုံကြည်ပါတယ် မယ်မယ်...”

“တားမရလည်း သားတော်သဘောအတိုင်းပါ...တစ်ခုတော့ပြောမယ်...အကယ်၍များမြေးလေးက အတိတ်ဘဝကိုပြန်ခေါ်ခဲ့ရင် သားတော် ခွင့်ပြုပေးဖို့ပါပဲ...မဟုတ်ရင် သားတော်နဲ့တင်မဟုတ်ဘူး မြေးတော်က ‌
မင်းမဟာဟော်နန်းတစ်ခုလုံးနှင့်ပါ ရေစက်ဖြတ်သွားလိမ့်မယ်...အကျိုးကြောင့် အကြောင်းဖြစ်လာတာတွေကို လက်ခံနိုင်ဖို့ ခုကတည်းက ပြင်ဆင်ထားပါ...”

ထိုအချိန်တုန်းက မယ်မယ်သတိပေးခဲ့သလို ထိုစိတ်လွှတ်ပညာကို မသင်ပေးခဲ့ရင်ကောင်းမည်ဟုတွေးမိသော်လည်း တစ်ဖက်မှာတော့ ဆက်ခံသူတစ်ယောက်အနေဖြင့် ထိုစိတ်နှင့်ဆိုင်သော ပညာဟာမလွဲမသွေတက်မြောက်ရမည်ပဲဖြစ်သည်။
ယခုက စဝ်မင်းကမ္ဘာဦးခိုက်က ကျင့်စဉ်ကိုအောင်မြင်ပြီး ထိုကျင့်စဉ်၏ အမြင့်ဆုံးဖြစ်သည့် အချိန်ခရီးသွားခြင်းကို ‌ကျင့်နေသောကြောင့်ဖြစ်သည်။ဒီကောင်လေး ဘာလုပ်ဖို့ကြိုးစားနေသည်လည်းဆိုတာ သူမမှန်းဆနိုင်အောင်ပင်ဖြစ်နေသည်။ဆရာတော်နှင့် ဒီကိစ္စကို သေချာလေးစကားပြောဖို့လိုအပ်နေပြီဆိုတာ  တွေးမိလိုက်သည်။

စဝ်စံဦးခိုက် ခုံပေါ်တွင် တင်ထားသော သော့တွဲများကြားထဲမှ ရေခဲတိုက်သော့ကိုထုတ်ပြီး စဝ်မင်းကမ္ဘာဦးခိုက်ရှေ့ကို ပစ်ပေးလိုက်သည်။

“ရော့...မင်း ၂ရက်မပြည့်မချင်း အဲ့အထဲကထွက်လာဖို့မစဉ်းစားနဲ့...ကိုယ့်အမှားကို ပြန်သုံးသပ်...အရေးမပါတာတွေပဲဆက်လုပ်နေဦးမယ်ဆိုရင် မင်းကို ဒီနိုင်ငံရဲ့အဝေးပို့‌ပစ်မယ်....နားလည်လား...”

“ဟုတ်ကဲ့... ”
ကမ္ဘာရှေ့မှ သော့ကိုကောက်ယူလိုက်ပြီး ဒူးထောက်နေရာမှ ထလိုက်သည်။

“ခွှင့်ပြုပါဦး ခမည်းတော်....”
ထို့နောက် ဦးညွှတ်ပြီး နန်းဆောင်အတွင်းမှ ထွက်လာလိုက်သည်။

နန်းဆောင်အပြင်ဘက်ရောက် ကိုယ့်အားစိုးရိမ်တကြီးကြည့်နေသော မယ်မယ်နှင့်ညီမငယ်သက်လျာကို တစ်ချက်ကြည့်ပြီးနောက် ရေခဲတိုက်နန်းဆောင်ဘက်ကို ထွက်လာလိုက်သည်။

“မယ်မယ်..ခမည်းတော်ကို ပြောမကူတော့ဘူးလား...ဟင် ပီအိုက်ထပ်ပြီး ရေခဲတိုက်ထဲအပြစ်ပေးခံရပြန်ပြီ...မယ်မယ်လို့...ဟင့်...”
သက်လျာ မယ်မယ်ဖြစ်သူကို ပြောရင်း ပြောမရသဖြင့် အကိုဖြစ်သူနောက်ပြေးလိုက်သွားလိုက်သည်။

စောဒေဝီကလျာ နားထင်ကိုလက်ဖြင့်ဖိရင်း ဒီခေါင်းမာလွန်းသော နှစ်ယောက်အကြားထဲ
မြေစာပင်ဖြစ်နေရသည့်အတွက် စိတ်ညစ်မိသည်။
မောင်တော်ကိုလည်း ဖျောင်းဖျမရ။ သားတော်ကျပြန်လည်း ဘယ်သူနှင့်တူလို့ ခေါင်းမာနေမှန်းကိုမသိ။
မူးနောက်လာသောကြောင့် ရံရွှေတော်တွေကိုခေါ်ရင်း အိပ်ဆောင်ဆီသို့ပြန်လာလိုက်သည်။

ဟော်နန်းဆောင်တစ်ခုလုံးတွင် အလုပ်သမားပေါင်းအယောက်၁၀၀နီးပါးရှိသည်။သက်ဆိုင်ရာတာဝန်အသီးသီးနှင့်အတူ အားလပ်နေသူဟူ၍မရှိ ။ဘိုးဘွားကန်တော်ဆောင်ကိုလည်း စောင့်ရှောက်နေသူ ၅ဦးရှိပြီး ထို၅ဦးဟာလည်း အလှည့်ကျပင်ဖြစ်သည်။ဟော်နန်းတစ်ခုလုံး၏ ကိစ္စအဝဝကိုစီမံခန့်ခွဲသူ ဦးစောဖလုံ၏ လက်အောက်တွင် ဆုပေး၊ဒဏ်ပေးစနစ်ဖြင့် ဝန်ထမ်းများအားလုံးကို အုပ်ချုပ်သည်။

အပြုအမူ၊အပြောအဆိုကအစ၊အမှားမမှန်ခံသော မင်းမဟာဟော်နန်းတွင် အတက်နိုင်ဆုံး ဘာအမှားမှမလုပ်မိတာအကောင်းဆုံးပင်ဖြစ်သည်။မဟုတ်လျှင် ချက်ချင်းနှင်ထုတ်ခံရသည်ပဲဖြစ်သည်။
အဘယ်မျှပင် စည်းကမ်းတင်းကြပ်ပါစေဦး ဟော်နန်းမှ မည်သူတစ်ဦးတစ်ယောက်ကမှ ထွက်မသွားချင်ပေ။
အဘယ်ကြောင့်ဆိုသော် အစားအသောက်အနေအထိုင်မှအစ ပညာရေးအထိ အစစအရာရာတာဝန်ယူပေးသည်။
အိမ်‌မှာသန့်ရှင်းရေးဖြစ်နေပါစေဦးတော့ အတန်းပညာတွင် ၈တန်းအရွယ်လောက်ထိရောက်အောင် စာပေပညာကိုသင်ကြားပေးသည်။အကယ်၍ စိတ်ဝင်စားမှုရှိပါက ၁၀တန်းအထိ ကျောင်းထားပေးသည်။တစ်နေ့နေ့တစ်ချိန်ချိန် ဟော်နန်းကနေ ထွက်သွားချင်ရင်တောင် အပြင်မှာ အလုပ်အကိုင်ရဖို့လွယ်ကူသည်။

သေစာရှင်စာဖတ်တက်ရုံဖြင့် အပြင်လောကကြီးမှာ ရှင်သန်ရပ်တည်နိုင်ဖို့ဆိုတာ အောက်ခြေလုပ်ငန်းကလွဲရင် မရနိုင်ပေ။
ထို့ကြောင့် ဟော်နန်းကသေချာဂရုစိုက်ပေးသည်။အသက်အရွယ်ကြီးမြင့်နေသူများဟာ အိမ်တော်၏ သီးသန့်အဆောင်တွင်နေရပြီး အလုပ်အကိုင် လုပ်ကိုင်နိုင်စွမ်းမရှိတော့ရင်တောင် ဟော်နန်းကနှင်ထုတ်ခြင်းမရှိပေ။
ထို့ကြောင့် ‌မိုးညှင်းအနွယ်ဝင် မင်းမဟာဟော်နန်းသည် လူများအားလုံး၏လေးစားမှုကိုခံစားရပြီး ယခုအချိန်ထိ ကိုယ့်ရေကိုယ့်မြေတွင် အာဏာတည်မြဲနေဆဲဖြစ်သည်။

စောနန်းသက်လျာ ပီအိုက်နောက်ပြေးလိုက်ရင်း နောက်မှာအတန်းလိုက်ပါလာသည့် အထိန်းတော်များအား..

“ဒီနားမှာပဲ နေခဲ့...ဆက်လိုက်လာရင်...အကုန်လုံးကိုစိတ်ကောက်ပစ်မယ်...”
ဟု ချိန်းခြောက်ပစ်လိုက်သည်။

“ဟုတ်ကဲ့ပါ သခင်မလေး...”

ရှေ့မှာ တည်တည်ငြိမ်ငြိမ်သွားနေသည့် အကိုတော်အနားအရောက် ဘေးဘီကိုအသာကြည့်ရင်း

“ပီအိုက်...ညကျ နောင့်ယိင်း ခိုးလာခဲ့မယ်နော်...”

ကမ္ဘာ နောင့်ယိင်းလိုက်လာပြီးဘာပြောမလဲဆိုတာသိ၍ ပြုံးမိသွားသည်။
ညီမငယ်လေးက သူ့ကိုတော့ အတော်လေးတွယ်ဝာာသည်။၁၅နှစ်ရှိသေး၍ ကလေးစိတ်ကမပျောက်သေးသောကြောင့်လည်း ဖြစ်သည်။
သူရေခဲတိုက်ထဲဒဏ်ပေးခံရတာ ဒါပထမဆုံးအကြိမ်လည်းမဟုတ်။
အကြိမ်တိုင်း တော်ဝင်ဆေးပေးခန်းမှ အအေးဒဏ်ခံနိုင်သော အကန့်အသတ်ဖြင့်ဖော်စပ်ထားသည့် ဆေးထုပ်ကိုခိုးလာပေးနေကြပဲဖြစ်သည်။
အကန့်အသတ်နှင့်ထုတ်တာဖြစ်သည့်အတွက် တစ်ထုပ်လျော့သွားရင် အကုန်လုံးသိသည့်ကိစ္စကို သူကတော့ဂရုမစိုက်ပေ။

“ပီအိုက် မသုံးဖြစ်ပါ‌ဘူး နောင့်ယိင်း...ခမည်းတော်မိသွားရင် ဒဏ်ပေးခံရမှာမကြောက်ဘူးလား.... ”

“မကြောက်ပါဘူး ...ဟွန့်...”

“ညကျမလာခဲ့နဲ့နော်... ပီအိုက်လုပ်စရာရှိသေးတယ်...အဆောင်တော်မှာပဲ နွေးနွေးထွေးထွေးနေပါ ...စာတွေကြိုကြည့်နေရပြီမလား... ပီအိုက်နဲ့အတူတူ ဆေးတက္ကသိုလ်တက်ချင်ရင် စာကိုပဲကြိုးစားနော်...အငယ်လေးက လိမ်မာပါတယ်...”

ကမ္ဘာ ‌ညီမငယ်သက်လျာ၏ ခေါင်းလေးကိုပုတ်ရင်း ချော့ချော့မော့မော့လေးပြောလိုက်သည်။
ဒီည ဘယ်သူမှမလာတာအကောင်းဆုံးပင်ဖြစ်သည်။ဒီညက သူ့အတွက် တစ်ခုထဲသော အခွှင့်အရေးရှိသည့်ညပင်ဖြစ်သည်။
ရေခဲတိုက်ထဲ ပြစ်ဒဏ်ခံနေရသည့် နှစ်ညတာကာလတွင် ကျင့်စဉ်ကို သေချာကျင့်၍ လုပ်ဆောင်ရမည့်ကိစ္စလည်းရှိသည်ပဲဖြစ်သည်။

“ဟွန့် လိမ်မာဘူး...‌ပီအိုက်ကျတစ်ယောက်ထဲအေးနေမှာပေါ့...ခမည်းတော်မတရားဘူး...ကိုယ့်သားတော်လေးကို ဒီလိုဆိုးဝါးတဲ့ အပြစ်ဒဏ်ပေးရသလား....နှလုံးသားကိုမရှိဘူး...”

“ခမည်းတော်ကို အဲ့လိုမပြောရဘူး အငယ်လေး....ပီအိုက်နဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်မို့ ပီအိုက်ခံယူတာပါ...အငယ်လေးနန်းဆောင်ကိုပြန်တော့နော် ...ပီအိုက် ဝင်တော့မယ်....”

“ဟုတ် ပီအိုက်....”
သက်လျာ စူပုပ်ပုပ်လေးဖြင့် ထွက်လာခဲ့လိုက်သည်။

ကမ္ဘာ ရှေ့မှာ မြင်နေရသည့် ရေခဲတိုက်ကိုကြည့်ရင်း ပြုံးမိသည်။
သူအတိတ်မှတစ်စုံတစ်ရာကိုရှာဖွေတွေ့ရှိခဲ့ပြီး ထိုတစ်စုံတစ်ရာနောက်ကိုလိုက်ခဲ့သည့်အချိန်မှစ၍ ဒီရေခဲတိုက်အခန်းက သူနှင့်ရင်းနှီးကျွမ်းဝင်ခဲ့သည်ပင် ဖြစ်သည်။
အတိတ်...သူနောင်တတရားတွေနှင့် တစ်စုံတစ်ယောက်ကို မကာကွယ်ပေးနိုင်ခဲ့သည့်ထိုအတိတ်။အန္တရာယ်ကြားထဲမှာ ရွေးချယ်စရာမရှိထားခဲ့ရသည့် ထိုအတိတ်မှ တစ်စုံတစ်ယောက်။

ယခုအချိန်တွင် ကံကြမ္မာစက်ဝန်းက တစ်ပတ်ပြန်လည်ခဲ့ပြီး သူ့အတွက်ဒုတိယအခွှင့်အရေးတစ်ခု‌ကိုပေးလာခဲ့ပြီပဲဖြစ်သည်။
ထိုတစ်စုံတစ်ယောက်ကိုလည်း လွန်ခဲ့သော ၅နှစ်ခန့်က ရှာတွေ့ခဲ့ပြီဖြစ်၍ အတိတ်ကိုပြန်ပြောင်းပစ်ဖို့ ထိုတစ်စုံတစ်ယောက်နှင့်အတူ အချိန်ခရီးတစ်ခုကို သွားမှာဖြစ်သည်။
အတိတ်ကအချိန်ခရီးတစ်ခုကို သူလိုက်ပါ၍ မရနိုင်ပေမယ့် ထိုတစ်စုံတစ်ယောက်နှင့်အတူ သူ၏စိတ်ဝိဉာဉ်အပွားကိုထည့်ပေးလိုက်၍ ရသည်ပဲဖြစ်သည်။

စိတ်ဝိဉာဏ်အပွားကိုထည့်ပေးလိုက်သည့်အတွက် သတ်မှတ်ထားသည့် အချိန်အတွင်း သူ့ဝိဉာဉ်အပွား သူ့ခန္ဓာကိုယ်ထဲပြန်ရောက်လာဖို့လိုသည်ပဲဖြစ်သည်။အကယ်၍ တစ်နှစ်ထက်ပိုကြာသွားပါက သို့မဟုတ်တစ်စုံတစ်ရာမှားယွင်းသွားပါက ကမ္ဘာ ကိုယ့်အသက်ကို အသေခံပြီး ကာကွယ်ပေးဖို့အထိဆုံးဖြတ်ပြီးသားဖြစ်သည်။
ဆရာတော်သင်ပေးခဲ့သည့်နည်းလမ်းက အချိန်တစ်နှစ်ပဲရသည်ဖြစ်သည်။ထိုအချိန်တစ်နှစ်ဟာ သူတို့နှစ်ယောက်၏ အတိတ်အတွက် လုံလောက်ကောင်းပါရဲ့ဟုတွေးမိသည်။ထိုအတိတ်တွင်တော့ သူရော ထိုတစ်စုံတစ်ယောက်ဟာ သူစိမ်းတွေပဲဖြစ်နေပြီး သူကလည်း အကြောင်းအရာများကိုသိနေမည်မဟုတ်ပေ။ကံကြမ္မာစီရာအတိုင်း လည်ပတ်ရင်း အဆုံးသတ်မှာပဲပြောင်းလဲခွှင့်ရှိမည်ဖြစ်သည်။သူကလည်း ထိုအတိတ်မှာ ထိုတစ်စုံတစ်ယောက်ကို မှတ်မိနေမည်မဟုတ်ပေ။မျှော်လင့်ချက်သိပ်မရှိသည့် စွန့်စားမှူပင်ဖြစ်သော်လည်း ကမ္ဘာကြိုးစားကြည့်ချင်သည်။

ထို့နောက် ရေခဲတိုက် တံခါးကိုဖွှင့်လိုက်ပြီး အထဲကို အေးဆေးတည်ငြိမ်စွာပဲဝင်လိုက်သည်။
သာမန်လူဆို တစ်နာရီတောင်တောင့်မခံနိုင်ပေမယ့် ဆက်ခံသူတစ်ယောက်အတွက်တော့ ထိုအရာဟာ စိတ်ကျင့်စဉ်လိုပဲ အဆိုးများကြားထဲမှ အမြတ်တစ်ခုပဲဖြစ်သည်။
အနှောင့်အယှက်တစ်စုံတစ်ရာမရှိ၍ အအေးဒဏ်ကိုသာ အံတုနိုင်ပါက နာမ်ခွာစိတ်လွှတ်ခြင်းအတွက် အကောင်းဆုံးသောအခန်းပင်ဖြစ်သည်။

ထို့နောက်တွင်တော့ သတ်မှတ်ထားသည့်နေရာတွင် ထိုင်လိုက်ပြီး ဝင်လေထွက်လေနှင့်အတူ စိတ်စုစည်းခြင်းအမှုကို ပြုလိုက်သည်။

CHANGE 🍁

ဟယ်လို Season 2လေး စပါပြီနော်
ဖိအားတွေအများကြီးနဲ့ပါပဲ
ကိုယ့်အသုံးအနှုန်းပိုင်းမှားနေရင် ချက်ချင်းလာပြောပေးကြပါနော်
မန့်ထဲမှာဖြစ်ဖြစ်...
ဝေဖန်ပေးကြဖို့လည်းတောင်းဆိုပါတယ်
အက်ပုဒိတ်ကတော့ ကိုယ်စဉ်းစားပြီးပြန်ပြောပါ့မယ်နော်🥺❤️

ပယင္းႀကိဳးသီ ခ်စ္ေသာေမာင့္ဆီ
အပိုင္း(၁)✨🍁

“စိတ္မဆိုးနဲ႔ေနာ္ ...ခြင့္လႊတ္ပါကြယ္...
ကိုယ္႐ိုင္းေနရင္....
ကိုယ္စိတ္ကအရင္ဒီလို ...မဟုတ္ဘူးကြဲ႕မင္းနဲ႔မွ...ေျပာင္းလဲကုန္ၿပီ...က်စ္...ဒီအေရာင္မဟုတ္ေသးဘူး....”

ဧကေလး ေဘးမွခ်ထားသည့္ စာကပ္ထားေသာ ေဆးပုံးမ်ားကိုၾကည့္ရင္း စုတ္တံကို ခြက္ႏႈတ္ခမ္းေပၚတင္လိုက္သည္။
Auroraအလင္းတန္းေတြပုံကိုဆြဲေနတာ တစ္ပတ္ရွိၿပီ ခုထိသူ႔စိတ္ႀကိဳက္မရေသး။
တပ္ထားသည့္မ်က္မွန္ကိုခြၽတ္ပစ္လိုက္သည္။
ခုဆို သူ႔အသက္20ျပည့္ခါနီးလာၿပီျဖစ္ၿပီး ဘြဲ႕ယူရန္ေစာင့္ဆိုင္းေနေသာ အခ်ိန္‌လည္းျဖစ္သည္။
ေအးေဆးပဲေနခ်င္၍ စီးပြားေရးအေဝးသင္ယူၿပီး ပန္းခ်ီေတြပဲဆြဲေနျဖစ္သည္။
ကုမၸဏီသြားဖို႔ရာကလည္း သိပ္စိတ္မပါသျဖင့္ မသြားျဖစ္။
ေဖာင္းေဖာင္းေလးကလည္း အိမ္မွာပဲကိုကိုစိတ္ႀကိဳက္ ပုံဆြဲေနပါဟုဆိုေသာေၾကာင့္ စိတ္မပါတာႏွင့္ကြက္တိျဖစ္သြားသည္။

Colours Blindျဖစ္တာ ေသခ်ာသြားသည့္အခ်ိန္မွစ၍ အကုန္လုံးက သူ႔အတြက္ေသခ်ာဂ႐ုစိုက္ေပးၾကသည္။
ညီေလးဆို သူဝါသနာမပါသည့္ေဆးစပ္သည့္‌နည္းကိုပါသင္ခဲ့ေသးသည္။
ဒယ္ဒီတို႔ကလည္း ကိုယ္ပိုင္ ပန္းခ်ီျပခန္းေလးဖႊင့္ေပးထားေသာ္လည္း ဧက‌ တစ္ခါမွ မျပသျဖစ္။အခန္းထဲမွာပဲ ဆြဲထားသည့္ပုံမ်ားကိုထားျဖစ္သည္။

အေရာင္ခြဲ‌မ်က္မွန္ကိုတပ္ၿပီးဆြဲေသာ္လည္း သူ႔ပုံေတြကအၿမဲတမ္းတစ္ခုခုလိုေနသလိုခံစားရသည္။
ဘာလိုလို႔လိုမွန္းမသိသည့္ ပန္းခ်ီကားေတြကို သူဒီအတိုင္းပဲထားလိုက္သည္။
သူ႔စိတ္ထဲ ဒီပန္းခ်ီကားေတြဟာ သူ႔အတြက္ၿပီးျပည့္စုံမႉမရွိေသးဘူးဟုပဲအၿမဲခံစားေနရသည္။ဧကေလး လူပုံမဆြဲျဖစ္တာ ၁၀ႏွစ္ေတာင္ျပည့္ေတာ့မည္ပဲျဖစ္သည္။
ျပည့္စုံမႈမရွိသည့္ရႉခင္းပုံေတြၾကားထဲမွာ သူဟာဘယ္လိုစြန႔္စားမႈမ်ိဴးနဲ႔မ်ား လူပုံကိုဆြဲၾကည့္ရပါ့မလဲ။

ထို႔ေနာက္ စိတ္မၾကည္မလင္ျဖစ္လာမႈေၾကာင့္ မ်က္မွန္ကိုျဖဳတ္လိုက္ၿပီး ခုံေပၚတင္လိုက္ကာ ဆက္မဆြဲေတာ့ပဲ ထလာၿပီး ေရခ်ိဳးဖို႔ျပင္လိုက္သည္။
ဝတ္ထားသည့္ shirtအက်ႌကိုဆြဲခြၽတ္လိုက္၍ အဝတ္ျခင္းထဲ လွမ္းထည့္လိုက္ကာ ကိုယ္လုံးေပၚမွန္ေရွ႕ ကိုယ့္ကိုကိုယ္ၾကည့္လိုက္သည္။
က်စ္လ်စ္စြာထြက္ေနေသာsix packေသးေသးေလးကို ဂုဏ္ယူစြာၾကည့္ရင္း ႏႈတ္ခမ္းတစ္ဖက္တြန႔္ၿပဳံးလိုက္သည္။

ထို႔ေနာက္ ထိပ္၌ ဟိုတစ္စဒီတစ္စက်ေနေသာ ဆံပင္ေမႊးမ်ားကို စုစည္းထားသည့္ ႀကိဳးေလးကိုျဖဳတ္လိုက္ရာ အညိဳေရာင္ဆံႏြယ္ေကာက္ေကာက္ေလးေတြက မ်က္လုံးေအာက္နားထိ က်လာသည္။

ထိုဆံႏြယ္ေလးမ်ားကို အေနာက္သို႔ သပ္တင္လိုက္ၿပီး...

“အင္း ငါ့ဆံပင္ေတြေတာင္ရွည္ေနၿပီပဲ... တစ္ရက္ရက္ေတာ့ လန္းလန္းေလးသြားညႇပ္ပစ္ဦးမယ္...”

ထို႔ေနာက္ ေရခ်ိဳးမခင္ ဒိုက္ထိုးေနလိုက္သည္။အခါ50ဆိုတာအလြန္ဆုံးပင္။ထိုထက္ပိုၿပီး မထိုးႏိုင္သည္က အၿမဲပင္ျဖစ္သည္။
ဧကေလးမွာ ဒီsix packေလးေျခာက္ခုရဖို႔ကို အသည္းအသန္ခဲမွန္သည္ထက္ လုပ္ခဲ့ရသည္ပဲျဖစ္သည္။

ေဖာင္းေဖာင္းေလးဆို Eight packsရွိယုံမက လက္ေမာင္းႂကြက္သားမ်ားပါ က်စ္လ်စ္ေနပုံက သူ႔ပိန္ေညႇာင္ဥသာသာ ႂကြက္သားေလးႏွင့္တျခားဆီပင္။
အငယ္ျဖစ္ၿပီး ဘာလို႔အရပ္က သူ႔ထက္5"မႀကီးေတာင္ပိုရွည္ရသလဲဆိုတာလည္း စဥ္းစားမ‌ရေပ။

သူ႔မွာေတာ့ ဒီအရပ္ေလး6'ျပည့္ဖို႔ရာ‌အတြက္ ကူးလိုက္ရသည့္ေရ၊ဆြဲလိုက္ရသည့္ဘားတန္း ေဟာဟဲကိုလိုက္ေနသည္။
ေဖာင္းေဖာင္းေလးလို မနက္ခင္းတိုင္းလည္း ထ‌မေျပးႏိုင္။အစားအစာလည္း သင့္တင့္မွ်တယုံမစားႏိုင္။
မနက္ဆိုလည္း 9နာရီေက်ာ္ထိသိုးေနေအာင္အိပ္သည္။အစားအစာဆိုလည္း သူ႔အႀကိဳက္မ်ားေတြ႕လို႔ကေတာ့ မထႏိုင္ေအာင္ထိစားပစ္ေသးသည္။

ထို႔ေၾကာင့္မ်ားညီညီေလးက သူ႔ထက္ပိုထြားလာရသည္လားဆိုတာစဥ္းစားရင္း မနက္ေစာေစာထလိုက္ၿပီး လိုက္ေျပးသည္က သုံးရက္။
အဲ့သုံးရက္ေတာင္ ရွိသမွ်Alarmေပးယုံသာမက ပါးပါးကိုပါလာႏႈိးခိုင္းရေသးသည္။
အစားအစာကိုလည္း အေတာ္အသင့္စားမည္ဟုဆုံးျဖတ္ၿပီးေနာက္ တစ္ပတ္ေလာက္ေတာ့ ေတာင့္ခံႏိုင္ေသးသည္။
ထို႔ေနာက္တြင္ေတာ့ ဒုံရင္း ဒုံရင္း မူလ
မင္းျမတ္ဧကဦးမာန္အျဖစ္သို႔ျပန္ေရာက္သြားသည္။

အျပင္ကလူမ်ားႏွင့္ယွဥ္လွ်င္ သူ႔အရပ္ကမပုေသာ္လည္း ဒယ္ဒီႏွင့္ ေဖာင္းေဖာင္းၾကားတြင္ေတာ့ သူဟာ လူပုေလးလိုခံစားရသည္။
သူ႔ညီထြားပုံက ဒယ္ဒီႏွင့္levelတူအထိေရာက္ေနသည္က အသက္17ႏွစ္ႏွင့္မွ်မလိုက္ေအာင္ထိျဖစ္သည္။
‌ငယ္ငယ္ကတည္းက ေအးစက္တည္ၿငိမ္သူျဖစ္၍ ခုဆို ဒယ္ဒီထက္ဆယ္ဆပိုေအးစက္သည္။
စကားလည္းနည္းလာသည္က သူ3ခြန္းေလာက္ေမးမွ တစ္ခြန္းျပန္ေျဖသည္ျဖစ္၍ ဧကေလး စိတ္ကသိပ္မရွည္ခ်င္ျဖစ္လာရသည္။

အေတြးေတြကိုအရွိန္သပ္ၿပီး ေရခ်ိဴးခန္းထဲသြားကာ ေရပန္းေအာက္ဝင္ၿပီးခ်ိဳးေနလိုက္သည္။
ၿပီးလွ်င္ ထူးျခားကလာေခၚမည္ဟုဖုန္းဆက္ထားေသာေၾကာင့္ ၿမိဳ႕ထဲႏွစ္ေယာက္သားပတ္လွိမ့္ၾကဦးမည္ျဖစ္သည္။

***********

“မင္း...ဒီလိုပဲဆက္လုပ္ေနဦးမွာလား...ဟမ္...ငါေျပာတဲ့စကားကို အေလးအနက္မထားတာလား...ေျပာစမ္း...
စဝ္မင္းကမာၻဦးခိုက္.....”

ကမာၻဘာမွျပန္မေျပာပဲ ဒူးေထာက္လွ်က္ပဲၿငိမ္ေနမိသည္။
သူမွားသည္‌ျဖစ္ေစ ။မွန္သည္ျဖစ္ေစ။မည္ကဲ့သို႔ေသာ တုန႔္ျပန္မႈမ်ိဴးမွမလုပ္တာက သူ႔အတြက္အေကာင္းဆုံးပင္ျဖစ္သည္။

နန္းေဆာင္အတြင္းမွဟိန္းထြက္လာေသာအသံေၾကာင့္ အျပင္ဘက္မွ လူမ်ားအားလုံးသည္လည္း သူတို႔အရွင္သခင္၏ ေဒါ‌သေၾကာင့္ အသက္ေတာင္မရႉရဲပဲ ေၾကာက္႐ုပ္သဖြယ္ရပ္ေနမိသည္။

“မယ္မယ္...ခမည္းေတာ္က္ို ေျပာကူေပးပါဦး...ပီအိုက္ကို အျပစ္ဒဏ္အျဖစ္ ေရခဲတိုက္ထဲပို႔လိမ့္မယ္ ေနာ္ မယ္မယ္...ေျပာကူေပးပါဦး....”
ေစာနန္းသက္လ်ာ နန္းေဆာင္အျပင္ဘက္မွ မယ္မယ့္လက္ေလးကို ဆြဲကိုင္ရင္း ပီအိုက္အတြက္ ကူေျပာေပးဖို႔ရန္ေျပာမိသည္။

‌ေစာေဒဝီကလ်ာေခၚ မင္းမဟာေဟာ္နန္း၏ သခင္မျဖစ္သူသည္ သက္ျပင္းကိုႀကိတ္ခ်လိုက္သည္။
ေခါင္းမာလြန္းေသာသားျဖစ္သူႏွင့္ အတၱႀကီးလြန္းေသာ ေမာင္ေတာ္ၾကားထဲတြင္ သူမတို႔ဘယ္တုန္းကမွ ဝင္ထိန္းေပးလို႔မရခဲ့။
‌မင္းမဟာေဟာ္နန္း၏ တစ္ဦးထဲေသာ ဆက္ခံသူေယာက်ၤားေလးျဖစ္သည့္အတြက္ေၾကာင့္လည္း ပို၍ တင္းၾကပ္ေနသည္ျဖစ္သည္။

ကေလးတို႔ခမည္းေတာ္ျဖစ္သူ စဝ္စံဦးခိုက္ႏွင့္ လက္ဆက္လိုက္ရသည့္အခ်ိန္တုန္းက တစ္ဦးအေပၚတစ္ဦး ေမတၱာသက္ဝင္၍မဟုတ္ပဲ ရွမ္းေစာ္ဘြားမ်ိဳး႐ိုး၏အာဏာႏွင့္ အဓြန႔္ရွည္တည္တံ့ေစရန္အတြက္ လက္ဆက္ျဖစ္ခဲ့ျခင္းလည္းျဖစ္သည္။

တစ္ဦးအေပၚတစ္ဦး ယုံၾကည္ေလးစားမႈမ်ားျဖင့္ ေဖးမတည္ေထာင္ခဲ့ေသာ သူမတို႔မိသားစုေလးက သားေလးအသက္၁၀ႏွစ္ေရာက္သည့္အခ်ိန္တြင္ ေလ့က်င့္ခဲ့ရေသာ နာမ္ခြာစိတ္လႊတ္ျခင္းအတတ္ပညာသင္ၾကားၿပီး ေနာက္ပိုင္းတြင္ပဲ ေအးစက္ခဲ့ရသည္။

“မယ္မယ္လည္း မတက္ႏိုင္ဘူး သမီးေတာ္ရယ္..အကိုေတာ္အေၾကာင္းလည္းသိရက္သားနဲ႔...အဲ့ေကာင္ေလးက သိပ္ကိုေခါင္းမာတာ....”

“မယ္မယ္ေရာ ခမည္းေတာ္ေရာကတူတူပဲ ...မယ္မယ္တို႔ျဖစ္ခ်င္တာပဲသိတယ္...ပီအိုက္ကခုမ၁၇ႏွစ္ပဲရွိေသးတာပါ...ပီအိုက္သနားပါတယ္...ဟင့္....”
သက္လ်ာ မ်က္ရည္ေတြဝဲလာၿပီး ငိုခ်မိသည္။ပီအိုက္ႏွင့္သူက၃ႏွစ္ကြာေပမယ့္ အထိန္းေတာ္ေတြေျပာျပခ်က္အရ ပီအိုက္က ၅ႏွစ္သားကတည္းက ကိုယ္ခံပညာကိုသင္ယူခဲ့ရသည္ဆိုတာသိရသည္။

အျပင္းအထန္ေလ့က်င့္မႈေတြၾကားထဲ စက္႐ုပ္တစ္႐ုပ္လို ဆက္ခံသူတစ္ေယာက္၏ ၾကန္အင္လကၡဏာမ်ားႏွင့္ျပည့္စုံေစရန္ ျပင္းထန္ေသာေလ့က်င့္မႈေတြၾကားမွာ ကေလးေပါက္စေလးဟာ မ်က္ႏွာတစ္ခ်က္မပ်က္ပဲ တစ္ခ်က္မၿငီးျငဴပဲ က်င့္ႀကံခဲ့သည္ဆိုတာ အားလုံး၏မ်က္ျမင္ကိုယ္ေတြ႕ပဲျဖစ္သည္။

ဆုႏွင့္ဒဏ္ၾကားထဲ ဆုပဲရခဲ့သည့္ကေလးက တစ္ခါမွ ဆုေပးပါဟူ၍မေတာင္းဆိုခဲ့။၁၀ႏွစ္ျပည့္သည့္အခ်ိန္ ေရွးဆန္ၿပီး ေဟာ္နန္း၏ အျမင့္ဆုံးက်င့္စဥ္ျဖစ္သည့္ လွ်ိဳ႕ဝွက္သိပ္သည္းၿပီးအႏၲရာယ္မ်ားေသာ နာမ္ခြာျခင္းအတတ္ပညာကိုသင္ၾကားၿပီးသည့္ေနာက္ပိုင္းတြင္ အတိတ္ဘဝမွတစ္စုံတစ္ခုေၾကာင့္ ေျပာင္းလဲခဲ့သည္။
ထိုတစ္စုံတစ္ခုဟာ ခုခ်ိန္ထိဘာလဲဆိုတာ ဘယ္သူမွ်မသိေပမယ့္လို႔ ထိုကဲ့သို႔အတိတ္ဘဝေတြကိုရွာေဖြတူးဆြေနတာမ်ိဳးကို ခမည္းေတာ္ကမႀကိဳက္ေပ။

ထို႔ေၾကာင့္လည္း ပီအိုက္ နာမ္ခြဲသည့္အခ်ိန္တိုင္း အျပစ္ဒဏ္အျဖစ္ ေရခဲတိုက္မွာ တစ္ညလုံးပိတ္ခံထားရသည္။
ထို႔သို႔ပိတ္ခံရတိုင္းလည္း ပီအိုက္က တစ္ခြန္းမွေျဖရွင္းခ်က္မေပး ေစာဒကမတက္ပဲ ေအးေဆးပဲ သူ႔အျပစ္ဒဏ္ကိုခံယူၿမဲပင္ျဖစ္၍ ၾကားထဲက မယ္မယ္ႏွင့္ သက္လ်ာတို႔မွာပဲ စိတ္ဆင္းရဲၿမဲျဖစ္သည္။

“စဝ္မင္းကမာၻဦးခိုက္...မင္း ငါ့ကိုမေလးစားတာလား...အတက္ပညာေတြစုံေနၿပီဆိုေတာ့ အာခံခ်င္တဲ့သေဘာလား ဟမ္...”

ကမာၻဒူးေထာက္ရင္း ဖမည္းေတာ္ကိုေမာ့ၾကည့္လိုက္သည္။စူးရွေနေသာ ပယင္းေရာင္ေတာက္ေတာက္မ်က္ဝန္းထဲဟာ ကိုယ္လုပ္သည့္ကိစၥတိုင္းအတြက္ ေနာင္တမရဘူးဆိုတာ ၫႊန္ျပေနသည္။

“မဟုတ္ပါဘူး..ခမည္းေတာ္....”

စဝ္စံဦးခိုက္ သားျဖစ္သူ၏ မ်က္ဝန္းေတြထဲကိုၾကည့္ရင္း မယ္မယ္ေျပာခဲ့သည့္စကားမ်ားကိုျပန္ၾကားေယာင္လာသည္။

“ေျမးေတာ္ေလးကို ျဖစ္ႏိုင္ရင္ နာမ္ခြဲ စိတ္လႊတ္ျခင္းအတတ္ပညာကိုသင္မေပးပါနဲ႔ သားေတာ္...သံသရာဟာ တစ္ပတ္ျပန္လည္လာၿပီး ေျမးေတာ္ေလးက သူ႔ေရွးဘဝကအတိတ္ကိုျပန္မွတ္မိသြားခဲ့ရင္ ပုံစံတူအျဖစ္အပ်က္မ်ိဴးေတြ ထပ္ျဖစ္လာလိမ့္မယ္...သားေတာ္...”

“မယ္မယ္သတိေပးခ်င္တာကို သားေတာ္နားလည္ပါတယ္...ဒါေပမယ့္ သားေတာ္တုန္းကလည္း ထိုအတတ္ပညာကိုက်င့္ခဲ့တာ ဘယ္လိုအက်ိဳးဆက္မ်ိဳးမွမရွိခဲ့ပါဘူး...အတိတ္တုန္းကဘဝတစ္ခုက ထိုအတိတ္မွာပဲ က်န္ေနခဲ့တာပါပဲ...သားေတာ္ အႏၲရာယ္ကင္းကင္းႏွင့္ေအာင္ျမင္ခဲ့သလိုပဲ သားလည္း ေအာင္ျမင္လိမ့္မယ္လို႔ သားေတာ္ ယုံၾကည္ပါတယ္ မယ္မယ္...”

“တားမရလည္း သားေတာ္သေဘာအတိုင္းပါ...တစ္ခုေတာ့ေျပာမယ္...အကယ္၍မ်ားေျမးေလးက အတိတ္ဘဝကိုျပန္ေခၚခဲ့ရင္ သားေတာ္ ခြင့္ျပဳေပးဖို႔ပါပဲ...မဟုတ္ရင္ သားေတာ္နဲ႔တင္မဟုတ္ဘူး ေျမးေတာ္က ‌
မင္းမဟာေဟာ္နန္းတစ္ခုလုံးႏွင့္ပါ ေရစက္ျဖတ္သြားလိမ့္မယ္...အက်ိဳးေၾကာင့္ အေၾကာင္းျဖစ္လာတာေတြကို လက္ခံႏိုင္ဖို႔ ခုကတည္းက ျပင္ဆင္ထားပါ...”

ထိုအခ်ိန္တုန္းက မယ္မယ္သတိေပးခဲ့သလို ထိုစိတ္လႊတ္ပညာကို မသင္ေပးခဲ့ရင္ေကာင္းမည္ဟုေတြးမိေသာ္လည္း တစ္ဖက္မွာေတာ့ ဆက္ခံသူတစ္ေယာက္အေနျဖင့္ ထိုစိတ္ႏွင့္ဆိုင္ေသာ ပညာဟာမလြဲမေသြတက္ေျမာက္ရမည္ပဲျဖစ္သည္။
ယခုက စဝ္မင္းကမာၻဦးခိုက္က က်င့္စဥ္ကိုေအာင္ျမင္ၿပီး ထိုက်င့္စဥ္၏ အျမင့္ဆုံးျဖစ္သည့္ အခ်ိန္ခရီးသြားျခင္းကို ‌က်င့္ေနေသာေၾကာင့္ျဖစ္သည္။ဒီေကာင္ေလး ဘာလုပ္ဖို႔ႀကိဳးစားေနသည္လည္းဆိုတာ သူမမွန္းဆႏိုင္ေအာင္ပင္ျဖစ္ေနသည္။ဆရာေတာ္ႏွင့္ ဒီကိစၥကို ေသခ်ာေလးစကားေျပာဖို႔လိုအပ္ေနၿပီဆိုတာ  ေတြးမိလိုက္သည္။

စဝ္စံဦးခိုက္ ခုံေပၚတြင္ တင္ထားေသာ ေသာ့တြဲမ်ားၾကားထဲမွ ေရခဲတိုက္ေသာ့ကိုထုတ္ၿပီး စဝ္မင္းကမာၻဦးခိုက္ေရွ႕ကို ပစ္ေပးလိုက္သည္။

“ေရာ့...မင္း ၂ရက္မျပည့္မခ်င္း အဲ့အထဲကထြက္လာဖို႔မစဥ္းစားနဲ႔...ကိုယ့္အမွားကို ျပန္သုံးသပ္...အေရးမပါတာေတြပဲဆက္လုပ္ေနဦးမယ္ဆိုရင္ မင္းကို ဒီႏိုင္ငံရဲ႕အေဝးပို႔‌ပစ္မယ္....နားလည္လား...”

“ဟုတ္ကဲ့... ”
ကမာၻေရွ႕မွ ေသာ့ကိုေကာက္ယူလိုက္ၿပီး ဒူးေထာက္ေနရာမွ ထလိုက္သည္။

“ခႊင့္ျပဳပါဦး ခမည္းေတာ္....”
ထို႔ေနာက္ ဦးၫႊတ္ၿပီး နန္းေဆာင္အတြင္းမွ ထြက္လာလိုက္သည္။

နန္းေဆာင္အျပင္ဘက္ေရာက္ ကိုယ့္အားစိုးရိမ္တႀကီးၾကည့္ေနေသာ မယ္မယ္ႏွင့္ညီမငယ္သက္လ်ာကို တစ္ခ်က္ၾကည့္ၿပီးေနာက္ ေရခဲတိုက္နန္းေဆာင္ဘက္ကို ထြက္လာလိုက္သည္။

“မယ္မယ္..ခမည္းေတာ္ကို ေျပာမကူေတာ့ဘူးလား...ဟင္ ပီအိုက္ထပ္ၿပီး ေရခဲတိုက္ထဲအျပစ္ေပးခံရျပန္ၿပီ...မယ္မယ္လို႔...ဟင့္...”
သက္လ်ာ မယ္မယ္ျဖစ္သူကို ေျပာရင္း ေျပာမရသျဖင့္ အကိုျဖစ္သူေနာက္ေျပးလိုက္သြားလိုက္သည္။

ေစာေဒဝီကလ်ာ နားထင္ကိုလက္ျဖင့္ဖိရင္း ဒီေခါင္းမာလြန္းေသာ ႏွစ္ေယာက္အၾကားထဲ
ေျမစာပင္ျဖစ္ေနရသည့္အတြက္ စိတ္ညစ္မိသည္။
ေမာင္ေတာ္ကိုလည္း ေဖ်ာင္းဖ်မရ။ သားေတာ္က်ျပန္လည္း ဘယ္သူႏွင့္တူလို႔ ေခါင္းမာေနမွန္းကိုမသိ။
မူးေနာက္လာေသာေၾကာင့္ ရံေ႐ႊေတာ္ေတြကိုေခၚရင္း အိပ္ေဆာင္ဆီသို႔ျပန္လာလိုက္သည္။

ေဟာ္နန္းေဆာင္တစ္ခုလုံးတြင္ အလုပ္သမားေပါင္းအေယာက္၁၀၀နီးပါးရွိသည္။သက္ဆိုင္ရာတာဝန္အသီးသီးႏွင့္အတူ အားလပ္ေနသူဟူ၍မရွိ ။ဘိုးဘြားကန္ေတာ္ေဆာင္ကိုလည္း ေစာင့္ေရွာက္ေနသူ ၅ဦးရွိၿပီး ထို၅ဦးဟာလည္း အလွည့္က်ပင္ျဖစ္သည္။ေဟာ္နန္းတစ္ခုလုံး၏ ကိစၥအဝဝကိုစီမံခန္႔ခြဲသူ ဦးေစာဖလုံ၏ လက္ေအာက္တြင္ ဆုေပး၊ဒဏ္ေပးစနစ္ျဖင့္ ဝန္ထမ္းမ်ားအားလုံးကို အုပ္ခ်ဳပ္သည္။

အျပဳအမူ၊အေျပာအဆိုကအစ၊အမွားမမွန္ခံေသာ မင္းမဟာေဟာ္နန္းတြင္ အတက္ႏိုင္ဆုံး ဘာအမွားမွမလုပ္မိတာအေကာင္းဆုံးပင္ျဖစ္သည္။မဟုတ္လွ်င္ ခ်က္ခ်င္းႏွင္ထုတ္ခံရသည္ပဲျဖစ္သည္။
အဘယ္မွ်ပင္ စည္းကမ္းတင္းၾကပ္ပါေစဦး ေဟာ္နန္းမွ မည္သူတစ္ဦးတစ္ေယာက္ကမွ ထြက္မသြားခ်င္ေပ။
အဘယ္ေၾကာင့္ဆိုေသာ္ အစားအေသာက္အေနအထိုင္မွအစ ပညာေရးအထိ အစစအရာရာတာဝန္ယူေပးသည္။
အိမ္‌မွာသန႔္ရွင္းေရးျဖစ္ေနပါေစဦးေတာ့ အတန္းပညာတြင္ ၈တန္းအ႐ြယ္ေလာက္ထိေရာက္ေအာင္ စာေပပညာကိုသင္ၾကားေပးသည္။အကယ္၍ စိတ္ဝင္စားမႈရွိပါက ၁၀တန္းအထိ ေက်ာင္းထားေပးသည္။တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ ေဟာ္နန္းကေန ထြက္သြားခ်င္ရင္ေတာင္ အျပင္မွာ အလုပ္အကိုင္ရဖို႔လြယ္ကူသည္။

ေသစာရွင္စာဖတ္တက္႐ုံျဖင့္ အျပင္ေလာကႀကီးမွာ ရွင္သန္ရပ္တည္ႏိုင္ဖို႔ဆိုတာ ေအာက္ေျခလုပ္ငန္းကလြဲရင္ မရႏိုင္ေပ။
ထို႔ေၾကာင့္ ေဟာ္နန္းကေသခ်ာဂ႐ုစိုက္ေပးသည္။အသက္အ႐ြယ္ႀကီးျမင့္ေနသူမ်ားဟာ အိမ္ေတာ္၏ သီးသန႔္အေဆာင္တြင္ေနရၿပီး အလုပ္အကိုင္ လုပ္ကိုင္ႏိုင္စြမ္းမရွိေတာ့ရင္ေတာင္ ေဟာ္နန္းကႏွင္ထုတ္ျခင္းမရွိေပ။
ထို႔ေၾကာင့္ ‌မိုးညႇင္းအႏြယ္ဝင္ မင္းမဟာေဟာ္နန္းသည္ လူမ်ားအားလုံး၏ေလးစားမႈကိုခံစားရၿပီး ယခုအခ်ိန္ထိ ကိုယ့္ေရကိုယ့္ေျမတြင္ အာဏာတည္ၿမဲေနဆဲျဖစ္သည္။

ေစာနန္းသက္လ်ာ ပီအိုက္ေနာက္ေျပးလိုက္ရင္း ေနာက္မွာအတန္းလိုက္ပါလာသည့္ အထိန္းေတာ္မ်ားအား..

“ဒီနားမွာပဲ ေနခဲ့...ဆက္လိုက္လာရင္...အကုန္လုံးကိုစိတ္ေကာက္ပစ္မယ္...”
ဟု ခ်ိန္းေျခာက္ပစ္လိုက္သည္။

“ဟုတ္ကဲ့ပါ သခင္မေလး...”

ေရွ႕မွာ တည္တည္ၿငိမ္ၿငိမ္သြားေနသည့္ အကိုေတာ္အနားအေရာက္ ေဘးဘီကိုအသာၾကည့္ရင္း

“ပီအိုက္...ညက် ေနာင့္ရင္း ခိုးလာခဲ့မယ္ေနာ္...”

ကမာၻ ေနာင့္ရင္းလိုက္လာၿပီးဘာေျပာမလဲဆိုတာသိ၍ ၿပဳံးမိသြားသည္။
ညီမငယ္ေလးက သူ႔ကိုေတာ့ အေတာ္ေလးတြယ္ဝာာသည္။၁၅ႏွစ္ရွိေသး၍ ကေလးစိတ္ကမေပ်ာက္ေသးေသာေၾကာင့္လည္း ျဖစ္သည္။
သူေရခဲတိုက္ထဲဒဏ္ေပးခံရတာ ဒါပထမဆုံးအႀကိမ္လည္းမဟုတ္။
အႀကိမ္တိုင္း ေတာ္ဝင္ေဆးေပးခန္းမွ အေအးဒဏ္ခံႏိုင္ေသာ အကန႔္အသတ္ျဖင့္ေဖာ္စပ္ထားသည့္ ေဆးထုပ္ကိုခိုးလာေပးေနၾကပဲျဖစ္သည္။
အကန႔္အသတ္ႏွင့္ထုတ္တာျဖစ္သည့္အတြက္ တစ္ထုပ္ေလ်ာ့သြားရင္ အကုန္လုံးသိသည့္ကိစၥကို သူကေတာ့ဂ႐ုမစိုက္ေပ။

“ပီအိုက္ မသုံးျဖစ္ပါ‌ဘူး ေနာင့္ရင္း...ခမည္းေတာ္မိသြားရင္ ဒဏ္ေပးခံရမွာမေၾကာက္ဘူးလား.... ”

“မေၾကာက္ပါဘူး ...ဟြန႔္...”

“ညက်မလာခဲ့နဲ႔ေနာ္... ပီအိုက္လုပ္စရာရွိေသးတယ္...အေဆာင္ေတာ္မွာပဲ ေႏြးေႏြးေထြးေထြးေနပါ ...စာေတြႀကိဳၾကည့္ေနရၿပီမလား... ပီအိုက္နဲ႔အတူတူ ေဆးတကၠသိုလ္တက္ခ်င္ရင္ စာကိုပဲႀကိဳးစားေနာ္...အငယ္ေလးက လိမ္မာပါတယ္...”

ကမာၻ ‌ညီမငယ္သက္လ်ာ၏ ေခါင္းေလးကိုပုတ္ရင္း ေခ်ာ့ေခ်ာ့ေမာ့ေမာ့ေလးေျပာလိုက္သည္။
ဒီည ဘယ္သူမွမလာတာအေကာင္းဆုံးပင္ျဖစ္သည္။ဒီညက သူ႔အတြက္ တစ္ခုထဲေသာ အခႊင့္အေရးရွိသည့္ညပင္ျဖစ္သည္။
ေရခဲတိုက္ထဲ ျပစ္ဒဏ္ခံေနရသည့္ ႏွစ္ညတာကာလတြင္ က်င့္စဥ္ကို ေသခ်ာက်င့္၍ လုပ္ေဆာင္ရမည့္ကိစၥလည္းရွိသည္ပဲျဖစ္သည္။

“ဟြန႔္ လိမ္မာဘူး...‌ပီအိုက္က်တစ္ေယာက္ထဲေအးေနမွာေပါ့...ခမည္းေတာ္မတရားဘူး...ကိုယ့္သားေတာ္ေလးကို ဒီလိုဆိုးဝါးတဲ့ အျပစ္ဒဏ္ေပးရသလား....ႏွလုံးသားကိုမရွိဘူး...”

“ခမည္းေတာ္ကို အဲ့လိုမေျပာရဘူး အငယ္ေလး....ပီအိုက္နဲ႔ထိုက္တန္တဲ့ အျပစ္ဒဏ္မို႔ ပီအိုက္ခံယူတာပါ...အငယ္ေလးနန္းေဆာင္ကိုျပန္ေတာ့ေနာ္ ...ပီအိုက္ ဝင္ေတာ့မယ္....”

“ဟုတ္ ပီအိုက္....”
သက္လ်ာ စူပုပ္ပုပ္ေလးျဖင့္ ထြက္လာခဲ့လိုက္သည္။

ကမာၻ ေရွ႕မွာ ျမင္ေနရသည့္ ေရခဲတိုက္ကိုၾကည့္ရင္း ၿပဳံးမိသည္။
သူအတိတ္မွတစ္စုံတစ္ရာကိုရွာေဖြေတြ႕ရွိခဲ့ၿပီး ထိုတစ္စုံတစ္ရာေနာက္ကိုလိုက္ခဲ့သည့္အခ်ိန္မွစ၍ ဒီေရခဲတိုက္အခန္းက သူႏွင့္ရင္းႏွီးကြၽမ္းဝင္ခဲ့သည္ပင္ ျဖစ္သည္။
အတိတ္...သူေနာင္တတရားေတြႏွင့္ တစ္စုံတစ္ေယာက္ကို မကာကြယ္ေပးႏိုင္ခဲ့သည့္ထိုအတိတ္။အႏၲရာယ္ၾကားထဲမွာ ေ႐ြးခ်ယ္စရာမရွိထားခဲ့ရသည့္ ထိုအတိတ္မွ တစ္စုံတစ္ေယာက္။

ယခုအခ်ိန္တြင္ ကံၾကမၼာစက္ဝန္းက တစ္ပတ္ျပန္လည္ခဲ့ၿပီး သူ႔အတြက္ဒုတိယအခႊင့္အေရးတစ္ခု‌ကိုေပးလာခဲ့ၿပီပဲျဖစ္သည္။
ထိုတစ္စုံတစ္ေယာက္ကိုလည္း လြန္ခဲ့ေသာ ၅ႏွစ္ခန႔္က ရွာေတြ႕ခဲ့ၿပီျဖစ္၍ အတိတ္ကိုျပန္ေျပာင္းပစ္ဖို႔ ထိုတစ္စုံတစ္ေယာက္ႏွင့္အတူ အခ်ိန္ခရီးတစ္ခုကို သြားမွာျဖစ္သည္။
အတိတ္ကအခ်ိန္ခရီးတစ္ခုကို သူလိုက္ပါ၍ မရႏိုင္ေပမယ့္ ထိုတစ္စုံတစ္ေယာက္ႏွင့္အတူ သူ၏စိတ္ဝိဉာဥ္အပြားကိုထည့္ေပးလိုက္၍ ရသည္ပဲျဖစ္သည္။

စိတ္ဝိဉာဏ္အပြားကိုထည့္ေပးလိုက္သည့္အတြက္ သတ္မွတ္ထားသည့္ အခ်ိန္အတြင္း သူ႔ဝိဉာဥ္အပြား သူ႔ခႏၶာကိုယ္ထဲျပန္ေရာက္လာဖို႔လိုသည္ပဲျဖစ္သည္။အကယ္၍ တစ္ႏွစ္ထက္ပိုၾကာသြားပါက သို႔မဟုတ္တစ္စုံတစ္ရာမွားယြင္းသြားပါက ကမာၻ ကိုယ့္အသက္ကို အေသခံၿပီး ကာကြယ္ေပးဖို႔အထိဆုံးျဖတ္ၿပီးသားျဖစ္သည္။
ဆရာေတာ္သင္ေပးခဲ့သည့္နည္းလမ္းက အခ်ိန္တစ္ႏွစ္ပဲရသည္ျဖစ္သည္။ထိုအခ်ိန္တစ္ႏွစ္ဟာ သူတို႔ႏွစ္ေယာက္၏ အတိတ္အတြက္ လုံေလာက္ေကာင္းပါရဲ႕ဟုေတြးမိသည္။ထိုအတိတ္တြင္ေတာ့ သူေရာ ထိုတစ္စုံတစ္ေယာက္ဟာ သူစိမ္းေတြပဲျဖစ္ေနၿပီး သူကလည္း အေၾကာင္းအရာမ်ားကိုသိေနမည္မဟုတ္ေပ။ကံၾကမၼာစီရာအတိုင္း လည္ပတ္ရင္း အဆုံးသတ္မွာပဲေျပာင္းလဲခႊင့္ရွိမည္ျဖစ္သည္။သူကလည္း ထိုအတိတ္မွာ ထိုတစ္စုံတစ္ေယာက္ကို မွတ္မိေနမည္မဟုတ္ေပ။ေမွ်ာ္လင့္ခ်က္သိပ္မရွိသည့္ စြန႔္စားမႉပင္ျဖစ္ေသာ္လည္း ကမာၻႀကိဳးစားၾကည့္ခ်င္သည္။

ထို႔ေနာက္ ေရခဲတိုက္ တံခါးကိုဖႊင့္လိုက္ၿပီး အထဲကို ေအးေဆးတည္ၿငိမ္စြာပဲဝင္လိုက္သည္။
သာမန္လူဆို တစ္နာရီေတာင္ေတာင့္မခံႏိုင္ေပမယ့္ ဆက္ခံသူတစ္ေယာက္အတြက္ေတာ့ ထိုအရာဟာ စိတ္က်င့္စဥ္လိုပဲ အဆိုးမ်ားၾကားထဲမွ အျမတ္တစ္ခုပဲျဖစ္သည္။
အေႏွာင့္အယွက္တစ္စုံတစ္ရာမရွိ၍ အေအးဒဏ္ကိုသာ အံတုႏိုင္ပါက နာမ္ခြာစိတ္လႊတ္ျခင္းအတြက္ အေကာင္းဆုံးေသာအခန္းပင္ျဖစ္သည္။

ထို႔ေနာက္တြင္ေတာ့ သတ္မွတ္ထားသည့္ေနရာတြင္ ထိုင္လိုက္ၿပီး ဝင္ေလထြက္ေလႏွင့္အတူ စိတ္စုစည္းျခင္းအမႈကို ျပဳလိုက္သည္။

CHANGE 🍁

ဟယ္လို Season 2ေလး စပါၿပီေနာ္
ဖိအားေတြအမ်ားႀကီးနဲ႔ပါပဲ
ကိုယ့္အသုံးအႏႈန္းပိုင္းမွားေနရင္ ခ်က္ခ်င္းလာေျပာေပးၾကပါေနာ္
မန႔္ထဲမွာျဖစ္ျဖစ္...
ေဝဖန္ေပးၾကဖို႔လည္းေတာင္းဆိုပါတယ္
အက္ပုဒိတ္ကေတာ့ ကိုယ္စဥ္းစားၿပီးျပန္ေျပာပါ့မယ္ေနာ္🥺❤️

Continuer la Lecture

Vous Aimerez Aussi

229K 23.7K 106
ဘာသာပြန်သူ - စွဲညို့အသင်း
1.7M 202K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
138K 11.6K 69
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
164K 19K 105
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...