တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

180K 29.1K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၃၃)

1.8K 314 7
By zuriiiiii8

<နှစ်ဦးနှစ်ဖက် လှုပ်ရှားဆောင်ရွက်မှု>

အချိန်အတန်ကြာမှ ဝမ်ရွှမ်တိတ်တဆိတ်သက်ပြင်းချကာ ဖော်ပြ၍မရနိုင်သောမသက်မသာခံစားချက်များမှပြန်အဆင်ပြေလာခဲ့သ
ည်။

အစပိုင်းတွင် ကျန်းရီပြောခဲ့သည့်အတိုင်း သူပို၍နက်နက်ရှိုင်းရှိုင်းခံစားမိလေသည်။ကျန်းရီသည် သူ့အကြောင်းကိုလူတစ်ဦး၏လက်
ဖဝါးပေါ်ရှိလက္ခဏာရာများကဲ့သို့ နှံ့နှံ့စပ်စပ်အကုန်နားလည်သော်လည်း သူကတော့ကျန်းရီ့အကြောင်းကိုဘာတစ်ခုမျှမသိပေ။

အင်း...ဒါပေယ့်လုံးဝမသိဘူးလို့တော့ပြော
လို့မရဘူးလေ ဟုတ်တယ်မို့လား?

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးသည်တစ်ဦးနှင့်တစ်ဦး အချိန်အတန်ငယ်ကြာအောင်သိကျွမ်းခဲ့ပြီးဖြစ်ရာထိုလူငယ်လေး၏အသွင်အပြင်၊သူ့အပြုံး၊ဒေါသထွက်ခြင်း၊မောက်မာမှု၊ရှက်ရွံမှု၊စိတ်အားထက်သန်မှုနှင့်စပ်စုလိုသောအ
မူအယာလေးကအစအရာအားလုံးကို ဝမ်ရွှမ်လွယ်လွယ်ကူကူမှတ်မိသေးသည်။

သူနည်းနည်းလောက်တွေးမိယုံဖြင့် ထိုပုံရိပ်လေးများက သူ့နှလုံးသားထဲတွင်သိသိသာ
သာပေါ်လာပေလိမ့်မည်။သို့သော်ငြားလည်း ၎င်းတို့အားလုံးသည်သူတို့နှစ်ဦးတွေ့ဆုံပြီးချိန် လွန်ခဲ့သောလအနည်းငယ်က ပုံရိပ်များသာဖြစ်ပေသည်။

ဒါဆို သူနဲ့တွေ့ခင်အချိန်တုန်းကရော?
ကျန်းရီကသူ့ရဲ့ငယ်ဘဝကိုဘယ်လိုဖြတ်
သန်းခဲ့လဲ?သူ့မှာဘယ်လိုအတွေ့အကြုံမျိုး
တွေရှိခဲ့လဲ?

ရေငတ်မပြေသကဲ့သို့ သိလိုစိတ်ပြင်းပြမှုက
ဝမ်ရွှမ့်နှလုံးသားထဲတွင် မလွဲဧကန်ပေါက်ဖွားလာခဲ့သည်။ထိုကောင်လေးနှင့်ပတ်သတ်သ
မျှအရာအားလုံးကိုသူဒီထက်ပိုပြီးသဘော
ပေါက်နားလည်ချင်မိသည်။

ယခုအချိန်တွင်မူ ကျန်းရီ၏အတိတ်နှင့်ပတ်သတ်၍ သူသိကျွမ်းခဲ့သည့်တစ်ခုတည်းသောအရာမှာ 'မျှဝေစာနာခြင်း'ကပ်ပါးနှင့်ချိတ်ဆ
က်နေစဥ်တွင် မြင်ခဲ့ရသောထူးဆန်းသည့်အ
ဖြူရောင်အခန်းငယ်တစ်ခန်းသာဖြစ်ပေသ
ည်။

သို့သော် ကျန်းရီအပေါ်သူ့နားလည်မှုကတော့ထိုအချက်လေးတစ်ချက်ကြောင့် ကြီးကြီးမားမားပြောင်းလဲအကျိုးသက်ရောက်မှုမရှိရာထိုကဲ့သို့အခန်းမျိုးကိုလည်း သူဘယ်အရပ်၌ရှာ
ဖွေရမှန်းလုံးဝမသိချေ။ဤအချက်ကကျန်းရီ
၏ဖြစ်တည်မှုကိုပို၍တောင်ထူးဆန်းစေခဲ့သ
ည်။

ထိုအချိန်က ကျန်းရီကိုအမှန်တိုင်းမေးရန်ဆုံး
ဖြတ်ခဲ့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့်ကျန်းရီဖော်ပြခဲ့သောအမူအရာများက ဝမ်ရွှမ့်သိလိုစိတ်ကိုရှေ့ဆက်ခွင့်မပေးခဲ့ပေ။

ဤတစ်ကြိမ်တွင် တစ်ဦးချင်းသီးခြားဆောင်
ရွက်ရန် ကျန်းရီရုတ်တရက်အကြံပြုခဲ့ခြင်းကလည်း ထိုကိစ္စနှင့်ပတ်သတ်သောအကြောင်း
အရာများအားဝမ်ရွှမ့်ကိုမသိစေလိုခြင်းကြော
င့်ဖြစ်ကြောင်း ဝမ်ရွှမ်သိသိသာသာခံစားမိပေသည်။

အချိန်အတန်ကြာမှ ဝမ်ရွှမ်ခေါင်းခါလိုက်၏။
မတ်တပ်ရပ်၍ သယ်လာသောပစ္စည်းများကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီးမှဂူထဲမှထွက်လာခဲ့သည်။သိလိုစိတ်များကိုဖိနှိပ်လျ
က် အန်ဖုန်းမြို့သို့ဦးတည်ကာ သူ့ခရီးစဥ်ကိုပြန်လည်စတင်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီအပေါ်ပို၍နားလ
ည်လိုစိတ်သည် ဝမ်ရွှမ့်နှလုံးသားထဲတွင်အ
မြစ်တွယ်၍ပေါက်ဖွားလာခဲ့ချေပြီ။

ထိုအချိန်တွင် ကျန်းရီနှင့်ကျောက်ဖေးယွီလ
ည်းမိုးပြာတောင်ပံဂိုဏ်း၌ သူတို့၏အစီအစဥ်များကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

မိုးပြာတောင်ပံဂိုဏ်းတွင်း၌ ကျောက်ဖေးယွီသည် အခြားဂိုဏ်းသားများထံမှစိတ်ဝင်စားမှုမျိုးတကယ်ကိုမရရှိသည့်အပြင် သူနှင့်အတူစကားလက်ဆုံပြောနိုင်မည့် မိတ်ဆွေများလ
ည်းမရှိပေ။ဤသည်မှာသူ၏ရည်ရွယ်ချက်သာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျောက်ဖေးယွီ၏ကိုယ်ရေးအချက်အလက်အစစ်အမှန်ကို လူသိခံရန်မဖြစ်နိုင်ရာ ဂိုဏ်းပြင်ပရှိဆက်ဆံရေးအ
ချို့ကပြသနာမရှိသော်လည်း ဂိုဏ်းတွင်း၌မူ နှိမ့်ချစွာနေ၍ လူသိရှင်ကြားမဖြစ်ခြင်းကပိုအားသာပေသည်။

ကျန်းရီ၏အလောတကြီးတိုက်တွန်းမှုအော
က်တွင် ပထမဆုံးအနေဖြင့်သူနေထိုင်ရာကျောက်ဂူတစ်ခုလုံးကို မွှေနှောက်ရှာဖွေခဲ့သော်ငြားအချည်းနှီးသာဖြစ်ခဲ့သည်။

ပုံမှန်အားဖြင့် 'မျှဝေစာနာခြင်း'ကပ်ပါးကိုအ
သုံးပြုခြင်းနှင့်ပယ်ဖျက်ခြင်းတို့သည် ကျော
က်စိမ်းအပိုင်းအစတစ်ခုထဲတွင်သာအတူတူရှိကြလိမ့်မည်။

ယခင်က ကျောက်ဖေးယွီသည်အသုံးပြုနည်းကိုလေ့လာခဲ့သော်လည်း ပယ်ဖျက်ခြင်းနည်းကိုတော့စွန့်ပစ်ခဲ့သည်။ယခုသူလိုအပ်လာချိန်တွင် မည်မျှပင်ရှာဖွေသော်ငြားရှာမတွေ့တော့ချေ။ဤနှစ်များအတွင်း သူအလွန်စည်းမဲ့က
မ်းမဲ့နေထိုင်ခဲ့လွန်း၍သာဖြစ်ပေလိမ့်မည်။

အခြားရွေးချယ်စရာအနေဖြင့် သူတို့နှစ်ဦးသည်အစီအစဥ်များချ၍လာခဲ့ခြင်းဖြစ်သ
ည်။ဤအခြေအနေတွင် ကျောက်ဖေးယွီ၏
နှစ်ပေါင်းများစွာကြာအောင် နှိမ့်ချနေထိုင်ခဲ့ခြင်းကဆိုးကျိုးကြီးကြီးမားမားဖြစ်နေတော့
သည်။

ဘယ်သူကမှသူ့ကိုအာရုံမစိုက်ကြတာ ဘယ်
အရပ်ကိုသွားပြီးအကူအညီတောင်းရမှာလဲ?
ဆရာကလဲဆုံးပါးသွားပြီ ဘယ်သူ့ကိုမှလဲ
မေးလို့မရဘူး။

ကောင်းသောအချက်သည်ကား ထိုကျောက်
စိမ်းအပိုင်းအစကို ဤဂိုဏ်းတွင်း၌အများဆုံးလေ့လာခဲ့ခြင်းဖြစ်ရာ သူ့တွင်ဂိုဏ်းစုငွေအမှ
တ်များ လုံလုံလောက်လောက်ရှိနေသေးသ
ရွေ့ အခြားတစ်ခုအတွက်အလဲအလှယ်ပြုလု
ပ်နိုင်ပေသည်။

သို့ပေသည့် ဂိုဏ်းစုငွေအမှတ်ကိုတွက်ကြည့်ချိန်တွင်တော့ ကျောက်ဖေးယွီ၏မျက်နှာသ
ည် စိမ်းဖန့်ဖန့်အရောင်သို့ပြောင်းလဲသွားရတော့သည်။

ဒီနှစ်တွေအတွင်းအရမ်းသုံးဖြုန်းခဲ့တာ ဘယ်
လိုလုပ်ဂိုဏ်းစုငွေအမှတ်တွေကကျန်နေပါ့
အုံးမလဲ?

အသက်ပြင်းပြင်းရှု၍ ခေါင်းလှည့်ပြီးကျန်းရီ
၏အမူအယာကို အရိပ်အခြည်လှမ်းကြည့်မိရာ ကျန်းရီသည်သူ့ကိုနည်းနည်းလေးတောင်စူးစိုက်ကြည့်မနေပါဘဲ ထိုအစားမိုးပြာတော
င်ပံဂိုဏ်းအတွင်း၌ လဲလှယ်နိုင်မည့်ဝိဥာဥ်ရေးပစ္စည်းများကိုသာ အာရုံစူးစိုက်၍လေ့လာနေလေသည်။

ခဏအကြာတွင် ကျန်းရီသည်သူ့အကြည့်များကို ထိုနေရာမှရွှေ့၍ကျေနပ်ဝမ်းသာနေသောအရိပ်အမြွက်ဖြင့်

"ဒီမှာကိုး"

ယွမ်စုစည်းအဆင့်သို့ ဝမ်ရွှမ်တက်လှမ်းရာတွ
င် လိုအပ်မည့်ပစ္စည်းများထဲမှတစ်မျိုးကိုသူမျှော်လင့်ထားသည့်အတိုင်း ဤမိုးပြာတောင်
ပံဂိုဏ်းတွင်ရှာဖွေနိုင်ခဲ့သည်။ထို့အပြင် ၎င်းသည်အတော်လေးရှာဖွေရခက်သော 'ကြက်
သွေးရောင်ကြိုးကြာငှက်၏အမြီးမှအမွေး'ဖြ
စ်လေသည်။

ကြက်သွေးရောင်ကြိုးကြာငှက်သည်သာမန်ကြိုးကြာငှက်မျိုးမဟုတ်ပေ။အရွယ်ရောက်ပြီးသားအကောင်များတွင် ယွမ်စုစည်းခြင်းအဆင့်စွမ်းအင်များပင်ရှိသေးသည်။၎င်းသ
ည် ဤပြည်ထောင်တစ်ခွင်လုံးတွင် အလွန်ရှားပါးလွန်းလှပြီး ခရမ်းတောင်ပံဂိုဏ်းတွင်မွေးမြူခြင်းမှမဟုတ်လျှင် နန်ဖုန်းပိုင်နက်တွင်သာတွေ့နိုင်ပေသည်။

အမြီးမှအမွေးသည်သာမာန်အမွေးအတောင်များနှင့်မတူချေ။၎င်းသည်ကြက်သွေးရောင်ကြိုးကြာငှက်၏အမြီးတွင်အဓိကအကျဆုံးအမွေးဖြစ်ပြီး ကြိုးကြာငှက်များသည်ဆယ်နှစ်ကြာမှသာ တစ်ကြိမ်အဖြစ်ပြန်လည်အ
စားထိုးနိုင်ကြသည်။။

မြေပြင်ပေါ်သက်ဆင်းကြွေကျပါကချက်ချင်းဆွေးမြေ့သွားသည့်အတွက်အလွန်စုဆောင်းရခက်စေသည်။

ထိုကဲ့သို့ပစ္စည်းမျိုးသည် ဝမ်ရွှမ်လိုအပ်သောပစ္စည်းများ၌ ရှာဖွေရအခက်ဆုံးတွင် အမှတ်စဥ်3အဖြစ်နေရာယူလျက်ရှိပေသည်။

ကျန်းရီသည်ထိုပစ္စည်းသာမိုးပြာတောင်ပံဂို
ဏ်းတွင်မရှိပါက မြောက်ပိုင်းနင်ပြည်ထောင်သို့ ထွက်ခွာ၍ရှာဖွေပေးရန် ကြံရွယ်ပြီးသားဖြစ်၏။

အခုတော့မိုးပြာတောင်ပံဂိုဏ်းမှာတကယ်ရှိ
နေတာမို့ဘယ်လိုလုပ်မပျော်ဘဲနေနိုင်ပါ့မ
လဲ?

အချိန်ခဏကြာအောင် ဝမ်းသာပျော်ရွှင်ပြီးနောက် ကျောက်ဖေးယွီ၏အလွန်အမင်းစူး
စမ်းနေသောအကြည့်များကိုသတိထားမိသွားလေသည်။

"ဘာဖြစ်လို့လဲ?"

ကျောက်ဖေးယွီသည် အချိန်လုံလောက်စွာတောင်းခံ၍ ပြသနာအားလုံးကိုလျင်မြန်စွာရှင်းပြတော့သည်။

"ဒါတွေကဂိုဏ်းစုငွေအမှတ်တွေပဲမို့လား?အဲ့ဒီအမှတ်တွေကိုပြန်စုဖို့ငါအကောင်းဆုံးကြိုး
စားပေးပါ့မယ် သိပ်မကြာစေရပါဘူး"

ကျန်းရီသည်သဘောတူပြီးချက်ချင်းခေါင်း
ညိတ်ပြလိုက်၏။

"ဒါဆိုလဲအရင်သွားနှင့်တော့"

သို့သော်လည်း ကျောက်ဖေးယွီတစ်ယောက်သက်ပြင်းပင်မချရသေးခင်မှာတင်ကျန်းရီဆက်ပြောသောစကားကို ကြားလိုက်ရလေသည်။

"ကြက်သွေးရောင်ကြိုးကြာငှက်ရဲ့အမြီးကအမွေးအတွက်အလဲအလှယ်လုပ်ဖို့နည်းနည်းလောက်ပိုစုခဲ့အုံး"

ကြက်သွေးရောင်ကြိုးကြာငှက်ရဲ့အမြီးက
မွေး?

နည်းနည်းမျှဂရုမစိုက်တော့ဘဲ ကျန်းရီထွက်သွားပြီးမှ ကျောက်ဖေးယွီသည်လဲလှယ်နိုင်သော ဝိဥာဥ်ရေးပစ္စည်းများစာရင်းကိုအလျ
င်အမြန်စစ်ဆေးရတော့သည်။

ထိုပစ္စည်းကိုသူချက်ချင်းရှာတွေ့ခဲ့ပြီး နဂိုက
တည်းက မသိမသာစိမ်းဖန့်ဖန့်အရောင်သန်းနေသောမျက်နှာသည် ဆီထဲသို့ပျော်ကျလုမ
တတ် စိမ်းဖန့်ဖန့်အရောင်သို့ပိုပြောင်းလဲသွားတော့သည်။

ဒါကြီးကိုဘယ်လိုလုပ်ချက်ချင်းမတွေ့ဘဲနေ
နိုင်ပါ့မလဲ?

ဤစာရင်းသည် တန်ဖိုးအမြင့်ဆုံးပစ္စည်းများမှအနိမ့်ဆုံးပစ္စည်းများသို့အစီအရီစာရင်းပြုစုထားပေသည်။

ဒီဘာကောင်ကြီးပဲဖြစ်ဖြစ်သူ့အမြီးရဲ့အမွေး
တစ်မွေးအတွက်ကိုတောင်ဂိုဏ်းစုငွေအမှတ်
သုံးသောင်းပေးရမတဲ့ ဂိုဏ်းစုငွေအမှတ်ပေါ
င်းသုံးသောင်းတောင်!!ကျန်းရီကအခုဘာ
ပြောသွားတာလဲ?နည်းနည်းလောက်လဲချင်
သေးတယ် ဟုတ်လား?ဂိုဏ်းစုငွေအမှတ်ပေါ
င်းသုံးသောင်းဆိုတာဘာမှန်းရောသိသေးရဲ့လားဟ!

ဥပမာဆိုရလျှင် အစောပိုင်းတုန်းကဝမ်ရွှမ်ကို
င်ခဲ့သည့် လော့ချင်းချွမ်ထံမှဖျက်စီးခံခဲ့ရသောချန်လန်ဓားသည် ယွမ်စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး အသုံးပြုနိုင်သည့်ဓားပျံတစ်လက်ဖြစ်ပြီး ဂိုဏ်းစုငွေအမှတ်ပေါင်းသုံးသောင်းခန့်တန်ဖိုးရှိလေသည်။

ထိုအမှတ်သည်တံခွန်တိမ်တိုက်ဂိုဏ်းမှဖြစ်လျှင်တောင် မိုးပြာတောင်ပံဂိုဏ်း၏ဂိုဏ်းစုငွေအမှတ်နှင့်သိပ်မကွာလှပေ။

ထိုအချိန်က ဝမ်ရွှမ်သည်ချန်လန်ဓားကိုရရန်ဂိုဏ်းစုငွေအမှတ်ပေါင်းသုံးသောင်းအတွက်
2နှစ်ကြာအောင်စုဆောင်းခဲ့ရသည်။

ထိုဓားကျိုးသွားပြီးနောက် ဝမ်ရွှမ်သည်အ
တောမသတ်နိုင်သော ပူဆွေးနာကျင်မှုကိုခံ
စားခဲ့ရပြီး ထိုဓားကိုပြုပြင်ရန်အတွက် အရာအားလုံးကြိုးစားခဲ့သည်။ဤနည်းဖြင့် ထိုအ
ရာသည် မည်မျှခန့်တန်ဖိုးကြီးမားလွန်းလှသ
ည်ကိုပြသရန်လုံလောက်ချေသည်။

ယခုတွင်မူ ကျောက်ဖေးယွီသည်ထိုယွမ်စုစ
ည်းအဆင့် ဓားပျံတစ်လက်ကိုလဲလှယ်ခြင်းနှင့်ညီမျှလုနီးပါးရှိသောပစ္စည်းအတွက် အမိန့်ကိုရရှိခဲ့ပြီး ၎င်းတို့ထဲမှအနည်းငယ်ကိုတောင်
သူရှာဖွေရပေလိမ့်မည်။

သူ့အမြင်အာရုံများမှောင်မိုက်သွားပြီးရပ်နေသောနေရာ၌ပင်သတိလစ်ချင်သွားတော့သ
ည်။

'မျှဝေစာနာခြင်း'ကပ်ပါး၏ လက်စွဲကျင့်စဥ်တစ်ခုလုံးသည် ဂိုဏ်းစုငွေအမှတ်ပေါင်းငါးထောင်ခန့်သာကျသင့်ပြီး နှိုင်းယှဥ်ရလျှင်အလွန်စျေးသက်သာသည်ယူဆနိုင်ပေသည်။

ကျောက်ဖေးယွီသည် ကျန်းရီနောက်သို့အလျ
င်စလိုပြေးလိုက်ပြီး သူ့ဒုက္ခများကိုလိမ္မာပါးန
ပ်စွာရှင်းပြရတော့သည်။

"အရမ်းစျေးကြီးတယ်?"

ကျန်းရီ၏အမူအယာသည်ကျောက်ဖေးယွီကိုကြည့်ရန်အချိန်ဖြုန်းနေသကဲ့သို့

"ဒီလိုပစ္စည်းမျိုးကစျေးမကြီးဘဲနေပါ့မလား?
ငါသိရသလောက်တော့မိုးပြာတောင်ပံဂိုဏ်းမှာကြက်သွေးရောင်ကြိုးကြာငှက်တွေမရှိဘူးဆို...ခရမ်းတောင်ပံဂိုဏ်းကနေတောင်းထားတာပဲဖြစ်ရမယ်ဟုတ်တယ်မို့လား?"

ပိုအဆင်မြင့်သော ကျင့်ကြံခြင်းနည်းလမ်း
အားလုံးသည်ပင်ဤပစ္စည်းကိုလိုအပ်၏။သို့
သော် ထိုပစ္စည်းသည်ဝယ်လိုအားနှင့်မမျှသည့်အတွက် ပုံမှန်အားဖြင့်အတော်လေးတန်ဖိုးမြင့်ပေသည်။

"ဟုတ်တာပေါ့ ဟုတ်တာပေါ့ ဟုတ်တာပေါ့ ငါ့လိုနိမ့်ကျတဲ့လူလဲဒီပစ္စည်းတွေရဲ့တန်ဖိုးကိုကောင်းကောင်းနားလည်ပါတယ်"

ကျောက်ဖေးယွီ၏နဖူးတွင်နောက်တစ်ဖန်ချွေးစေးပျံလာရတော့သည်။

"ဒါ...ဒါ...ဒါပေမယ့် တန်ဖိုးက ..."

"မင်းအချိန်ဘယ်လောက်လိုလို့လဲ?"

ကျန်းရီသည်ကွေ့ကိုက်မနေဘဲလိုရင်းကိုသာတည့်တိုးမေးလိုက်လေသည်။

"အနည်းဆုံးဆယ်နှစ်!"

ပြတ်ပြတ်သားသားပြန်ဖြေလာသောကျော
က်ဖေးယွီကြောင့် ကျန်းရီလည်းတောင့်တင်းသွားရတော့သည်။

"တစ်ခုအတွက်"

ကျောက်ဖေးယွီကထိုစကားကိုပါထပ်ပေါင်းထည့်လေသည်။

ကျန်းရီ၏နှုတ်ခမ်းသည်အနည်းငယ်လှုပ်ခတ်သွားပြီး 'အသုံးမကျချက်ကတော့'ဟူ
သောစကားမှာလျှာဖျားတွင်တွဲခိုလျက်ပါးစပ်မှပြောထွက်လုမတတ်ဖြစ်ကာ ကျောက်ဖေးယွီ၏မျက်နှာကိုထိုစကားဖြင့်ကျိန်ဆဲမိတော့မလိုပင်။

ကျန်းရီ၏ကြောက်လန့်ဖွယ်ရာအမူအယာကိုမြင်ရသောအခါကျောက်ဖေးယွီသည်'မုန်တို
င်းထန်တော့မည်'ဟူသောကြိုတင်အသိပေးချက်ရလိုက်သည့်နှယ်။ပြသနာတစ်ရပ်လုံးကိုထပ်ဖြေရှင်းရန် နောက်တစ်ဖန်သတ္တိမွေးရပြန်လေသည်။

'မျှဝေစာနာခြင်း'ကပ်ပါးနှင့်ဆက်နွယ်သောကျောက်စိမ်းအပိုင်းအစကိုလဲလှယ်နိုင်သည်ဟုသူပြောခဲ့ခြင်းက သူ့တွင်ရှိသောအရာအား
လုံးကိုစတေး၍ လဲလှယ်ပေးရန်ဆုံးဖြတ်ခဲ့ခြ
င်းကြောင့်ဖြစ်ပြီး ထိုလဲလှယ်မှုအတွက်သူ့ကျောက်ဂူကိုပါရောင်းချရတော့မည်ဖြစ်
ကြောင်းနှင့်ထိုဂိုဏ်းစုငွေငါးထောင်ကိုစုဆော
င်းရန် လအနည်းငယ်သာလိုအပ်သော်လည်းအခြားပစ္စည်းများကိုပါလဲလှယ်မည်ဆိုပါကဘာမျှမရှိသောသုံညဘဝမှစတင်ရမည်ဖြစ်ပြီး မည်မျှအလျင်လိုစေကာမူအချည်းနှီးသာဖြစ်လိမ့်မည်ဟူသတည်း။

ကျောက်ဖေးယွီ၏ဖြေရှင်းချက်ကအလွန်သ
နားစရာကောင်းလှသည်ဟု ကျန်းရီခံစားမိရာကျောက်ဖေးယွီကိုကျိန်ဆဲတော့မည့် သူ့အ
တွေးများကိုပြန်ခေါက်သိမ်းလိုက်ရတော့သ
ည်။

သို့ပေသည့် ကျောက်ဖေးယွီသည်ဂိုဏ်းစုငွေအမှတ်ကိုစုဆောင်းရာ၌ ဤမျှလောက်နှေးကွေးလိမ့်မည်ဟုသူလုံးဝမတွေးမိခဲ့ပေ။

ယခင်အချိန်တုန်းက ဝမ်ရွှမ်သည်ဂိုဏ်းအတွ
က် နေ့စဥ်နေ့တိုင်းပြေးလွှားကြိုးစားခဲ့ရပြီးသူ့ကိုယ်ပိုင်လိုအပ်ချက်များကိုပင် စိတ်ထဲမထည့်နိုင်ခဲ့ကာမူနှစ်နှစ်မျှသာအချိန်ယူခဲ့ရသည်။

အိုး....အဲ့ဒီအချိန်တုန်းကဝမ်ရွှမ်ကယွမ်စုစ
ည်းခြင်းအဆင့်ကျင်ကြံသူပဲ ဟုတ်ပြီ ဒီအ
ကြောင်းကိုအခုတော့မပြောသေးဘဲနေကြရ
အောင်

အခြေခံတည်ထောင်ခြင်းအဆင့်အကြောင်းကိုပြောရလျှင် ကျန်းရီသည်မူရင်းဝတ္ထုကိုဖ
တ်ခဲ့သည့်အတွက်ဤအကြောင်းကိုနားလည်
ပြီးသားဖြစ်သည်။

ထိုအချိန်က ချင်ရှိယွီသည်အခြေခံတည်
ထောင်ခြင်းအဆင့်တွင်သာရှိသေးပြီး ဂိုဏ်းစု
ငွေအမှတ်များကိုသာအာရုံစိုက်ခဲ့သည်။တစ်
နှစ်အတွင်း ဂိုဏ်းစုငွေအမှတ်ပေါင်းခြောက်
သောင်းမှခုနစ်သောင်းအထိစုဆောင်းနိုင်ခဲ့သ
ည်။

ထိုချင်ရှိယွီသည်အဓိကဇာတ်ကောင်ဖြစ်လျှ
င်တောင် ဤကျောက်ဖေးယွီကတော့ အဆင့်မြင့်နတ်ဆိုးကျင့်ကြံသူတစ်ဦးဖြစ်နေသေးသ
ည်။

ဒါပေမယ့်ကွာခြားချက်ကဘာလို့ဒီလောက်
တောင်ကြီးမားနေရတာလဲ?

ဒါဆိုရင်ချင်ရှိယွီကဂိုဏ်းစုငွေအမှတ်တွေအားလုံးကိုအဲ့ဒီအချိန်တုန်းကဘယ်လိုစုဆော
င်းခဲ့တာလဲ?

ကျန်းရီငြိမ်သက်သွားပြီးတိတ်တဆိတ်စဥ်းစားနေမိတော့သည်။

အချိန်အတော်ကြာမှကျန်းရီသည် ကျောက်
ဖေးယွီကိုအပြုံးမမည်သောအပြုံးတစ်ပွင့်ဖြ
င့်စကားစပြောလေသည်။

"မင်း တစ်နှစ်ကိုသုံးထောင်လောက်ပဲစုနိုင်တ
ယ်ဆိုတာခက်ခဲတဲ့တာဝန်တွေကိုဘယ်တုန်း
ကမှစိန်မခေါ်ခဲ့ဖူးလို့ပဲ ဟုတ်တယ်မို့လား?"

ဤအချက်ကိုကျန်းရီအလွယ်တကူမှတ်မိ၏။
ထိုအချိန်တုန်းကချင်ရှိယွီသည် ဂိုဏ်းစုငွေအ
မှတ်ပေါင်း ခြောက်သောင်းမှခုနစ်သောင်းအ
ထိစုနိုင်ခဲ့ခြင်းမှာ သူ့ဘဝတစ်ခုလုံးနှင့်ရင်း၍
နေပူသည်ဖြစ်စေ၊မိုးရွာသည်ဖြစ်စေ နေ့ရော
ညပါမချန်တိုက်ခိုက်ဆောင်ရွက်ခဲ့ခြင်းကြော
င့်သာဖြစ်သည်။

ပြင်းထန်သောစွန့်စားလိုစိတ်သည် အဆင့်အတန်းမြင့်သောဆုလာဘ်နှင့်ညီမျှသည်ဆိုကြ၏။မိမိလိုအပ်သောပစ္စည်းကိုအလျင်အ
မြန်လဲလှယ်လိုပါက မှန်ကန်တည်ငြိမ်သောလမ်းသည် ကောင်းမွန်သောရွေးချယ်မှုမျိုးမဖြစ်တန်ကောင်းရာ။

"ဒါပေမယ့်...."

ကျောက်ဖေးယွီတုန်လှုပ်သွားပြီး

"ငါ့လိုနိမ့်ကျတဲ့လူကအရည်အချင်းမရှိပါဘူး"

ကျန်းရီသည် ကျောက်ဖေးယွီ၏အရေးမပါသောပေါက်ကရစကားများကို ဆက်နားထော
င်နိုင််စွမ်းမရှိတော့သည့်နှယ်ခေါင်းခါပြလိုက်
၏။

ရွှယ်ပင်းအာနောက်သို့လိုက်လာပြီးအခြားလူများအလစ်ဝင်တိုက်ချိန်တွင် ကျောက်ဖေးယွီကတော့ အနောက်တွင်သာပုန်း၍ထောင်ချော
က်ဆင်နေခြင်းကိုမြင်ခဲ့ပြီးဖြစ်ရာ ထိုကျောက်ဖေးယွီသည်ကိုယ့်အသက်ကိုသာတန်ဖိုးထားပြီး တွန့်တိုရှက်ရွံ့တတ်သူတစ်ဦးဖြစ်မှန်းကျန်းရီသိထားပြီးဖြစ်လေသည်။

အဆုံးတွင်ကျန်းရီသည်သူ့ကိုငြင်းမရအောင်အမိန့်ပေးခဲ့သည်။

"နောက်လာမယ့်ရက်တွေမှာဒီကတာဝန်တွေကိုမင်းကြည့်ထား ဆုကြေးငွေများများရမယ့်ဘယ်တာဝန်ကိုမဆိုမင်းတွေ့တာနဲ့ငါတို့နှစ်ယောက်ကိုလှမ်းအကြောင်းကြားလိုက် ငါတို့ကမင်းကိုလက်ခံစေချင်တယ်ဆိုရင်မင်းအဲ့တာဝန်ကိုမြန်မြန်လေးလက်ခံလိုက်တာကော
င်းမယ် အဆိုးတကာ့အဆိုးဆုံးဖြစ်လာရင်တော့ငါတို့နှစ်ယောက်လုံးမင်းနဲ့အတူလိုက်ဖြေရှင်းပေးရမှာပေါ့ တာဝန်နဲ့ချည်နှောင်ထားတာမို့ဆရာတူအစ်ကိုကလဲမငြင်းလောက်ဘူးလို့ငါယုံတယ်"

ကျောက်ဖေးယွီအနေနှင့်တစ်ယောက်ထဲရုန်း
ကန်လှုပ်ရှားစရာမလိုတော့သည့်အတွက် ယခုမှသက်ပြင်းချနိုင်တော့သည်။ဝမ်ရွှမ်နှင့်ကျန်းရီတို့၏အစွမ်းအစကို သူကိုယ်တိုင်လ
ည်းအနည်းငယ်နားလည်သည့်အတွက်သူ့နှလုံးသားထဲမှကျောက်စိုင်ကျောက်ခဲကြီးချက်ချင်းပြုတ်ကျသွားသည့်အလား ခံစားလိုက်ရလေသည်။

သို့ဖြစ်ရာ မိုးပြာတောင်ပံဂိုဏ်းတွင်း၌စီစဥ်ရမည့်အစီအစဥ်များကိုအတော်လေးနေရာချ
ထားပြီးသားဖြစ်သွားသည်။ကျန်းရီသည်စာလွှာလက်ဖွဲ့ကိုထုတ်၍ ကြိုးကြာငှက်အမြီးမှအမွေး၏တည်နေရာကို ဝမ်ရွှမ့်အားလှမ်းအ
ကြောင်းကြားလိုက်၏။

ဤနည်းအားဖြင့် ဝမ်ရွှမ်သည်ယွမ်စုစည်းခြင်းအဆင့်အတွက် လိုအပ်သောအခြားပစ္စ
ည်းများကိုသာအာရုံစိုက်ရန်လိုတော့ပေမည်။

ယခုအချိန်တွင် ဝမ်ရွှမ်နှင့်ပြန်လည်တွေ့ဆုံရန်ချိန်းဆိုထားသောအချိန်မတိုင်မီရက်ပေါင်းနှစ်ဆယ်ခန့်ကျန်သေး၏။ကျန်းရီ၏အမူအ
ယာသည် အလွန်အလေးအနက်တည်ကြည်
သွားပြီး

"မင်း နေရာရှာပြီးနတ်ဆိုးကျင့်ကြံသူတွေအားလုံးကိုလာဖို့ဖိတ်ခေါ်လို့ရပြီ"

ထိုစကားကိုကြားလိုက်ရသောအခါကျောက်
ဖေးယွီ၏မျက်နှာလည်းတည်ကြည်သွားတော့သည်။သူ၏အကြီးအကျယ်ဆုံးရန်သူနှင့်တွေ့ကြုံရတော့မည်နှယ့်ခေါင်းတဆတ်ဆ
တ်ညိတ်ပြလာလေသည်။

ထိုအချိန်တွင် မိုင်ပေါင်းထောင်ချီအကွာအ
ဝေး၌ ဝမ်ရွှမ်သည်အန်ဖုန်းမြို့သို့ရောက်နှင့်ပြီးဖြစ်လေသည်။ကျန်းရီပို့လိုက်သောစာလွှာလက်ဖွဲ့ကိုရရှိချိန်တွင် သူလည်းဤမြို့သို့ရော
က်ရှိခဲ့သည်။

ချိန်းဆိုချက်အရ ကျန်းရီ၏တာဝန်များပြီး
ဆုံး၍လာမရှာခင်အထိ သူ့အနေနှင့်ဤနေရာတွင်ရက်နှစ်ဆယ်မျှနေရအုံးမည်ဖြစ်သည်။ဤကဲ့သို့အစီအစဥ်ချထားခြင်းမှာနောက်လာမည့်ဆယ်ရက်အတွင်း၌ ဝမ်ရွှမ်တက်ရောက်နိုင်မည့်လေလံပွဲတစ်ခုကိုဤနေရာတွင်ကျင်း
ပမည်ဖြစ်ခြင်းကြောင့်ပင်။

ကျန်းရီ၏အစီအစဥ်သည် ဤလေလံပွဲဖြင့်
ဝမ်ရွှမ့်ကိုဟန့်တားရန်ဖြစ်​ပေသည်။သို့သော်လက်တွေ့တွင် ဝမ်ရွှမ်သည်မိတ်ဆွေဟောင်းတစ်ဦးနှင့် မမျှော်လင့်စွာတွေ့ဆုံခဲ့ပြီးဤလေ
လံပွဲအတွင်း ဝယ်ယူရမည့်ပစ္စည်းများကို ရှာ
ဖွေနိုင်ခဲ့သည်။

လိုအပ်သောပစ္စည်းများမရှိတော့သည့်အတွ
က်ဝမ်ရွှမ်သည် စျေးတစ်ပတ်လှည့်ပတ်၍
တံခွန်တိမ်တိုက်ဂိုဏ်းအတွင်းလက်ကျန်ပြတ်လတ်နေသော သာမန်ဝိဥာဥ်ရေးရာပစ္စည်းအချို့ကိုဝယ်ယူပြီး ကျန်ရှိနေသောရက်နှစ်ဆယ်ကို အခြားတစ်မြို့သို့သွား၍လေ့လာရန်ဆုံးဖြတ်လိုက်၏။

တံခွန်တိမ်တိုက်ဂိုဏ်း၏အရှေ့အရပ်တွင်အ
ခြားဝိဥာဥ်မြို့တော်တစ်မြို့လည်းရှိသေးသ
ည်။ထိုမြို့သည် ကျန်းရီ၏မွေးဖွားရာမွေးရပ်မြေဖြစ်သည့်ကျို့ဖုန်းမြို့ဖြစ်ပေသည်။

ဂိုဏ်းတွင်နေခဲ့စဥ်ကဝမ်ရွှမ်သည်ကျန်းရီလာခဲ့သောနေရာနှင့်ကျို့ဖုန်းမြို့တွင်ဆယ့်နှစ်နှစ်
ကျော်ကြာအောင်နေထိုင်ခဲ့ကြောင်းသိရှိခဲ့ဖူး
သည်။ယခုတွင်မူ ထိုအကြောင်းအရာထက်ပို၍ဝမ်ရွှမ်သိချင်လာမိသည်။

ဤအချိန်တွင် သူတို့နှစ်ဦးစလုံးမမျှော်လင့်ခဲ့ဖူးသည်ကတော့ သူတို့အချင်းချင်းနောက်တစ်ကြိမ်ပြန်တွေ့ကြရာဝယ် ချိန်းဆိုထားခဲ့သောအချိန်မဟုတ်သည့်အပြင် သူတို့နှစ်ဦးစလုံးသဘောတူညီထားခြင်းအလျဥ်းမရှိသည့်နေရာတွင် မမျှော်လင့်ထားသောအခြေအ
နေမျိုးဖြင့် ပြန်လည်ဆုံတွေ့ကြလိမ့်မည်ဟူ
၍ပင်။

          -------------------××------------------

<ႏွစ္ဦးႏွစ္ဖက္ လႈပ္ရွားေဆာင္႐ြက္မႈ>

အခ်ိန္အတန္ၾကာမွ ဝမ္႐ႊမ္တိတ္တဆိတ္သက္ျပင္းခ်ကာ ေဖာ္ျပ၍မရနိုင္ေသာမသက္မသာခံစားခ်က္မ်ားမွျပန္အဆင္ေျပလာခဲ့သ
ည္။

အစပိုင္းတြင္ က်န္းရီေျပာခဲ့သည့္အတိုင္း သူပို၍နက္နက္ရွိုင္းရွိုင္းခံစားမိေလသည္။က်န္းရီသည္ သူ႕အေၾကာင္းကိုလူတစ္ဦး၏လက္
ဖဝါးေပၚရွိလကၡဏာရာမ်ားကဲ့သို႔ ႏွံ႕ႏွံ႕စပ္စပ္အကုန္နားလည္ေသာ္လည္း သူကေတာ့က်န္းရီ႕အေၾကာင္းကိုဘာတစ္ခုမွ်မသိေပ။

အင္း...ဒါေပမယ့္လုံးဝမသိဘူးလို႔ေတာ့ေျပာ
လို႔မရဘူးေလ ဟုတ္တယ္မို႔လား?

မည္သို႔ပင္ျဖစ္ေစ သူတို႔ႏွစ္ဦးသည္တစ္ဦးႏွင့္တစ္ဦး အခ်ိန္အတန္ငယ္ၾကာေအာင္သိကြၽမ္းခဲ့ၿပီးျဖစ္ရာထိုလူငယ္ေလး၏အသြင္အျပင္၊သူ႕အၿပဳံး၊ေဒါသထြက္ျခင္း၊ေမာက္မာမႈ၊ရွက္႐ြံမႈ၊စိတ္အားထက္သန္မႈႏွင့္စပ္စုလိုေသာအ
မူအယာေလးကအစအရာအားလုံးကို ဝမ္႐ႊမ္လြယ္လြယ္ကူကူမွတ္မိေသးသည္။

သူနည္းနည္းေလာက္ေတြးမိယုံျဖင့္ ထိုပုံရိပ္ေလးမ်ားက သူ႕ႏွလုံးသားထဲတြင္သိသိသာ
သာေပၚလာေပလိမ့္မည္။သို႔ေသာ္ျငားလည္း ၎တို႔အားလုံးသည္သူတို႔ႏွစ္ဦးေတြ႕ဆုံၿပီးခ်ိန္ လြန္ခဲ့ေသာလအနည္းငယ္က ပုံရိပ္မ်ားသာျဖစ္ေပသည္။

ဒါဆို သူနဲ႕မေတြ႕ခင္အခ်ိန္တုန္းကေရာ?
က်န္းရီကသူ႕ရဲ႕ငယ္ဘဝကိုဘယ္လိုျဖတ္
သန္းခဲ့လဲ?သူ႕မွာဘယ္လိုအေတြ႕အႀကဳံမ်ိဳး
ေတြရွိခဲ့မလဲ?

ေရငတ္မေျပသကဲ့သို႔ သိလိုစိတ္ျပင္းျပမႈက
ဝမ္႐ႊမ့္ႏွလုံးသားထဲတြင္ မလြဲဧကန္ေပါက္ဖြားလာခဲ့သည္။ထိုေကာင္ေလးႏွင့္ပတ္သတ္သ
မွ်အရာအားလုံးကိုသူဒီထက္ပိုၿပီးသေဘာ
ေပါက္နားလည္ခ်င္မိသည္။

ယခုအခ်ိန္တြင္မူ က်န္းရီ၏အတိတ္ႏွင့္ပတ္သတ္၍ သူသိကြၽမ္းခဲ့သည့္တစ္ခုတည္းေသာအရာမွာ 'မွ်ေဝစာနာျခင္း'ကပ္ပါးႏွင့္ခ်ိတ္ဆ
က္ေနစဥ္တြင္ ျမင္ခဲ့ရေသာထူးဆန္းသည့္အ
ျဖဴေရာင္အခန္းငယ္တစ္ခန္းသာျဖစ္ေပသ
ည္။

သို႔ေသာ္ က်န္းရီအေပၚသူ႕နားလည္မႈကေတာ့ထိုအခ်က္ေလးတစ္ခ်က္ေၾကာင့္ ႀကီးႀကီးမားမားေျပာင္းလဲအက်ိဳးသက္ေရာက္မႈမရွိရာထိုကဲ့သို႔အခန္းမ်ိဳးကိုလည္း သူဘယ္အရပ္၌ရွာ
ေဖြရမွန္းလုံးဝမသိေခ်။ဤအခ်က္ကက်န္းရီ
၏ျဖစ္တည္မႈကိုပို၍ေတာင္ထူးဆန္းေစခဲ့သ
ည္။

ထိုအခ်ိန္က က်န္းရီကိုအမွန္တိုင္းေမးရန္ဆုံး
ျဖတ္ခဲ့ေသာ္လည္း ဆန့္က်င္ဘက္အေနျဖင့္က်န္းရီေဖာ္ျပခဲ့ေသာအမူအရာမ်ားက ဝမ္႐ႊမ့္သိလိုစိတ္ကိုေရွ႕ဆက္ခြင့္မေပးခဲ့ေပ။

ဤတစ္ႀကိမ္တြင္ တစ္ဦးခ်င္းသီးျခားေဆာင္
႐ြက္ရန္ က်န္းရီ႐ုတ္တရက္အႀကံျပဳခဲ့ျခင္းကလည္း ထိုကိစၥႏွင့္ပတ္သတ္ေသာအေၾကာင္း
အရာမ်ားအားဝမ္႐ႊမ့္ကိုမသိေစလိုျခင္းေၾကာ
င့္ျဖစ္ေၾကာင္း ဝမ္႐ႊမ္သိသိသာသာခံစားမိေပသည္။

အခ်ိန္အတန္ၾကာမွ ဝမ္႐ႊမ္ေခါင္းခါလိုက္၏။
မတ္တပ္ရပ္၍ သယ္လာေသာပစၥည္းမ်ားကိုသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပင္ဆင္ၿပီးမွဂူထဲမွထြက္လာခဲ့သည္။သိလိုစိတ္မ်ားကိုဖိႏွိပ္လ်
က္ အန္ဖုန္းၿမိဳ႕သို႔ဦးတည္ကာ သူ႕ခရီးစဥ္ကိုျပန္လည္စတင္ခဲ့ေလသည္။

မည္သို႔ပင္ျဖစ္ေစ က်န္းရီအေပၚပို၍နားလ
ည္လိုစိတ္သည္ ဝမ္႐ႊမ့္ႏွလုံးသားထဲတြင္အ
ျမစ္တြယ္၍ေပါက္ဖြားလာခဲ့ေခ်ၿပီ။

ထိုအခ်ိန္တြင္ က်န္းရီႏွင့္ေက်ာက္ေဖးယြီလ
ည္းမိုးျပာေတာင္ပံဂိုဏ္း၌ သူတို႔၏အစီအစဥ္မ်ားကို ဆက္လက္လုပ္ေဆာင္ခဲ့သည္။

မိုးျပာေတာင္ပံဂိုဏ္းတြင္း၌ ေက်ာက္ေဖးယြီသည္ အျခားဂိုဏ္းသားမ်ားထံမွစိတ္ဝင္စားမႈမ်ိဳးတကယ္ကိုမရရွိသည့္အျပင္ သူႏွင့္အတူစကားလက္ဆုံေျပာနိုင္မည့္ မိတ္ေဆြမ်ားလ
ည္းမရွိေပ။ဤသည္မွာသူ၏ရည္႐ြယ္ခ်က္သာျဖစ္သည္။

မည္သို႔ပင္ျဖစ္ေစ ေက်ာက္ေဖးယြီ၏ကိုယ္ေရးအခ်က္အလက္အစစ္အမွန္ကို လူသိခံရန္မျဖစ္နိုင္ရာ ဂိုဏ္းျပင္ပရွိဆက္ဆံေရးအ
ခ်ိဳ႕ကျပသနာမရွိေသာ္လည္း ဂိုဏ္းတြင္း၌မူ ႏွိမ့္ခ်စြာေန၍ လူသိရွင္ၾကားမျဖစ္ျခင္းကပိုအားသာေပသည္။

က်န္းရီ၏အေလာတႀကီးတိုက္တြန္းမႈေအာ
က္တြင္ ပထမဆုံးအေနျဖင့္သူေနထိုင္ရာေက်ာက္ဂူတစ္ခုလုံးကို ေမႊႏွောက္ရွာေဖြခဲ့ေသာ္ျငားအခ်ည္းႏွီးသာျဖစ္ခဲ့သည္။

ပုံမွန္အားျဖင့္ 'မွ်ေဝစာနာျခင္း'ကပ္ပါးကိုအ
သုံးျပဳျခင္းႏွင့္ပယ္ဖ်က္ျခင္းတို႔သည္ ေက်ာ
က္စိမ္းအပိုင္းအစတစ္ခုထဲတြင္သာအတူတူရွိၾကလိမ့္မည္။

ယခင္က ေက်ာက္ေဖးယြီသည္အသုံးျပဳနည္းကိုေလ့လာခဲ့ေသာ္လည္း ပယ္ဖ်က္ျခင္းနည္းကိုေတာ့စြန့္ပစ္ခဲ့သည္။ယခုသူလိုအပ္လာခ်ိန္တြင္ မည္မွ်ပင္ရွာေဖြေသာ္ျငားရွာမေတြ႕ေတာ့ေခ်။ဤႏွစ္မ်ားအတြင္း သူအလြန္စည္းမဲ့က
မ္းမဲ့ေနထိုင္ခဲ့လြန္း၍သာျဖစ္ေပလိမ့္မည္။

အျခားေ႐ြးခ်ယ္စရာအေနျဖင့္ သူတို႔ႏွစ္ဦးသည္အစီအစဥ္မ်ားခ်၍လာခဲ့ျခင္းျဖစ္သ
ည္။ဤအေျခအေနတြင္ ေက်ာက္ေဖးယြီ၏
ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ႏွိမ့္ခ်ေနထိုင္ခဲ့ျခင္းကဆိုးက်ိဳးႀကီးႀကီးမားမားျဖစ္ေနေတာ့
သည္။

ဘယ္သူကမွသူ႕ကိုအာ႐ုံမစိုက္ၾကတာ ဘယ္
အရပ္ကိုသြားၿပီးအကူအညီေတာင္းရမွာလဲ?
ဆရာကလဲဆုံးပါးသြားၿပီ ဘယ္သူ႕ကိုမွလဲ
ေမးလို႔မရဘူး။

ေကာင္းေသာအခ်က္သည္ကား ထိုေက်ာက္
စိမ္းအပိုင္းအစကို ဤဂိုဏ္းတြင္း၌အမ်ားဆုံးေလ့လာခဲ့ျခင္းျဖစ္ရာ သူ႕တြင္ဂိုဏ္းစုေငြအမွ
တ္မ်ား လုံလုံေလာက္ေလာက္ရွိေနေသးသ
ေ႐ြ႕ အျခားတစ္ခုအတြက္အလဲအလွယ္ျပဳလု
ပ္နိုင္ေပသည္။

သို႔ေပသည့္ ဂိုဏ္းစုေငြအမွတ္ကိုတြက္ၾကည့္ခ်ိန္တြင္ေတာ့ ေက်ာက္ေဖးယြီ၏မ်က္ႏွာသ
ည္ စိမ္းဖန့္ဖန့္အေရာင္သို႔ေျပာင္းလဲသြားရေတာ့သည္။

ဒီႏွစ္ေတြအတြင္းအရမ္းသုံးျဖဳန္းခဲ့တာ ဘယ္
လိုလုပ္ဂိုဏ္းစုေငြအမွတ္ေတြကက်န္ေနပါ့
အုံးမလဲ?

အသက္ျပင္းျပင္းရႈ၍ ေခါင္းလွည့္ၿပီးက်န္းရီ
၏အမူအယာကို အရိပ္အျခည္လွမ္းၾကည့္မိရာ က်န္းရီသည္သူ႕ကိုနည္းနည္းေလးေတာင္စူးစိုက္ၾကည့္မေနပါဘဲ ထိုအစားမိုးျပာေတာ
င္ပံဂိုဏ္းအတြင္း၌ လဲလွယ္နိုင္မည့္ဝိဥာဥ္ေရးပစၥည္းမ်ားကိုသာ အာ႐ုံစူးစိုက္၍ေလ့လာေနေလသည္။

ခဏအၾကာတြင္ က်န္းရီသည္သူ႕အၾကည့္မ်ားကို ထိုေနရာမွေ႐ႊ႕၍ေက်နပ္ဝမ္းသာေနေသာအရိပ္အႁမြက္ျဖင့္

"ဒီမွာကိုး"

ယြမ္စုစည္းအဆင့္သို႔ ဝမ္႐ႊမ္တက္လွမ္းရာတြ
င္ လိုအပ္မည့္ပစၥည္းမ်ားထဲမွတစ္မ်ိဳးကိုသူေမွ်ာ္လင့္ထားသည့္အတိုင္း ဤမိုးျပာေတာင္
ပံဂိုဏ္းတြင္ရွာေဖြနိုင္ခဲ့သည္။ထို႔အျပင္ ၎သည္အေတာ္ေလးရွာေဖြရခက္ေသာ 'ၾကက္
ေသြးေရာင္ႀကိဳးၾကာငွက္၏အၿမီးမွအေမြး'ျဖ
စ္ေလသည္။

ၾကက္ေသြးေရာင္ႀကိဳးၾကာငွက္သည္သာမန္ႀကိဳးၾကာငွက္မ်ိဳးမဟုတ္ေပ။အ႐ြယ္ေရာက္ၿပီးသားအေကာင္မ်ားတြင္ ယြမ္စုစည္းျခင္းအဆင့္စြမ္းအင္မ်ားပင္ရွိေသးသည္။၎သ
ည္ ဤျပည္ေထာင္တစ္ခြင္လုံးတြင္ အလြန္ရွားပါးလြန္းလွၿပီး ခရမ္းေတာင္ပံဂိုဏ္းတြင္ေမြးျမဴျခင္းမွမဟုတ္လွ်င္ နန္ဖုန္းပိုင္နက္တြင္သာေတြ႕နိုင္ေပသည္။

အၿမီးမွအေမြးသည္သာမာန္အေမြးအေတာင္မ်ားႏွင့္မတူေခ်။၎သည္ၾကက္ေသြးေရာင္ႀကိဳးၾကာငွက္၏အၿမီးတြင္အဓိကအက်ဆဳံးအေမြးျဖစ္ၿပီး ႀကိဳးၾကာငွက္မ်ားသည္ဆယ္ႏွစ္ၾကာမွသာ တစ္ႀကိမ္အျဖစ္ျပန္လည္အ
စားထိုးနိုင္ၾကသည္။။

ေျမျပင္ေပၚသက္ဆင္းေႂကြက်ပါကခ်က္ခ်င္းေဆြးေျမ့သြားသည့္အတြက္အလြန္စုေဆာင္းရခက္ေစသည္။

ထိုကဲ့သို႔ပစၥည္းမ်ိဳးသည္ ဝမ္႐ႊမ္လိုအပ္ေသာပစၥည္းမ်ား၌ ရွာေဖြရအခက္ဆုံးတြင္ အမွတ္စဥ္3အျဖစ္ေနရာယူလ်က္ရွိေပသည္။

က်န္းရီသည္ထိုပစၥည္းသာမိုးျပာေတာင္ပံဂို
ဏ္းတြင္မရွိပါက ေျမာက္ပိုင္းနင္ျပည္ေထာင္သို႔ ထြက္ခြာ၍ရွာေဖြေပးရန္ ႀကံ႐ြယ္ၿပီးသားျဖစ္၏။

အခုေတာ့မိုးျပာေတာင္ပံဂိုဏ္းမွာတကယ္ရွိ
ေနတာမို႔ဘယ္လိုလုပ္မေပ်ာ္ဘဲေနနိုင္ပါ့မ
လဲ?

အခ်ိန္ခဏၾကာေအာင္ ဝမ္းသာေပ်ာ္႐ႊင္ၿပီးေနာက္ ေက်ာက္ေဖးယြီ၏အလြန္အမင္းစူး
စမ္းေနေသာအၾကည့္မ်ားကိုသတိထားမိသြားေလသည္။

"ဘာျဖစ္လို႔လဲ?"

ေက်ာက္ေဖးယြီသည္ အခ်ိန္လုံေလာက္စြာေတာင္းခံ၍ ျပသနာအားလုံးကိုလ်င္ျမန္စြာရွင္းျပေတာ့သည္။

"ဒါေတြကဂိုဏ္းစုေငြအမွတ္ေတြပဲမို႔လား?အဲ့ဒီအမွတ္ေတြကိုျပန္စုဖို႔ငါအေကာင္းဆုံးႀကိဳး
စားေပးပါ့မယ္ သိပ္မၾကာေစရပါဘူး"

က်န္းရီသည္သေဘာတူၿပီးခ်က္ခ်င္းေခါင္း
ညိတ္ျပလိုက္၏။

"ဒါဆိုလဲအရင္သြားႏွင့္ေတာ့"

သို႔ေသာ္လည္း ေက်ာက္ေဖးယြီတစ္ေယာက္သက္ျပင္းပင္မခ်ရေသးခင္မွာတင္က်န္းရီဆက္ေျပာေသာစကားကို ၾကားလိုက္ရေလသည္။

"ၾကက္ေသြးေရာင္ႀကိဳးၾကာငွက္ရဲ႕အၿမီးကအေမြးအတြက္အလဲအလွယ္လုပ္ဖို႔နည္းနည္းေလာက္ပိုစုခဲ့အုံး"

ၾကက္ေသြးေရာင္ႀကိဳးၾကာငွက္ရဲ႕အၿမီးက
အေမြး?

နည္းနည္းမွ်ဂ႐ုမစိုက္ေတာ့ဘဲ က်န္းရီထြက္သြားၿပီးမွ ေက်ာက္ေဖးယြီသည္လဲလွယ္နိုင္ေသာ ဝိဥာဥ္ေရးပစၥည္းမ်ားစာရင္းကိုအလ်
င္အျမန္စစ္ေဆးရေတာ့သည္။

ထိုပစၥည္းကိုသူခ်က္ခ်င္းရွာေတြ႕ခဲ့ၿပီး နဂိုက
တည္းက မသိမသာစိမ္းဖန့္ဖန့္အေရာင္သန္းေနေသာမ်က္ႏွာသည္ ဆီထဲသို႔ေပ်ာ္က်လဳမ
တတ္ စိမ္းဖန့္ဖန့္အေရာင္သို႔ပိုေျပာင္းလဲသြားေတာ့သည္။

ဒါႀကီးကိုဘယ္လိုလုပ္ခ်က္ခ်င္းမေတြ႕ဘဲေန
နိုင္ပါ့မလဲ?

ဤစာရင္းသည္ တန္ဖိုးအျမင့္ဆုံးပစၥည္းမ်ားမွအနိမ့္ဆုံးပစၥည္းမ်ားသို႔အစီအရီစာရင္းျပဳစုထားေပသည္။

ဒီဘာေကာင္ႀကီးပဲျဖစ္ျဖစ္သူ႕အၿမီးရဲ႕အေမြး
တစ္ေမြးအတြက္ကိုေတာင္ဂိုဏ္းစုေငြအမွတ္
သုံးေသာင္းေပးရမတဲ့ ဂိုဏ္းစုေငြအမွတ္ေပါ
င္းသုံးေသာင္းေတာင္!!က်န္းရီကအခုဘာ
ေျပာသြားတာလဲ?နည္းနည္းေလာက္လဲခ်င္
ေသးတယ္ ဟုတ္လား?ဂိုဏ္းစုေငြအမွတ္ေပါ
င္းသုံးေသာင္းဆိုတာဘာမွန္းေရာသိေသးရဲ႕လားဟ!

ဥပမာဆိုရလွ်င္ အေစာပိုင္းတုန္းကဝမ္႐ႊမ္ကို
င္ခဲ့သည့္ ေလာ့ခ်င္းခြၽမ္ထံမွဖ်က္စီးခံခဲ့ရေသာခ်န္လန္ဓားသည္ ယြမ္စုစည္းျခင္းအဆင့္က်င့္ႀကံသူတစ္ဦး အသုံးျပဳနိုင္သည့္ဓားပ်ံတစ္လက္ျဖစ္ၿပီး ဂိုဏ္းစုေငြအမွတ္ေပါင္းသုံးေသာင္းခန့္တန္ဖိုးရွိေလသည္။

ထိုအမွတ္သည္တံခြန္တိမ္တိုက္ဂိုဏ္းမွျဖစ္လွ်င္ေတာင္ မိုးျပာေတာင္ပံဂိုဏ္း၏ဂိုဏ္းစုေငြအမွတ္ႏွင့္သိပ္မကြာလွေပ။

ထိုအခ်ိန္က ဝမ္႐ႊမ္သည္ခ်န္လန္ဓားကိုရရန္ဂိုဏ္းစုေငြအမွတ္ေပါင္းသုံးေသာင္းအတြက္
2ႏွစ္ၾကာေအာင္စုေဆာင္းခဲ့ရသည္။

ထိုဓားက်ိဳးသြားၿပီးေနာက္ ဝမ္႐ႊမ္သည္အ
ေတာမသတ္နိုင္ေသာ ပူေဆြးနာက်င္မႈကိုခံ
စားခဲ့ရၿပီး ထိုဓားကိုျပဳျပင္ရန္အတြက္ အရာအားလုံးႀကိဳးစားခဲ့သည္။ဤနည္းျဖင့္ ထိုအ
ရာသည္ မည္မွ်ခန့္တန္ဖိုးႀကီးမားလြန္းလွသ
ည္ကိုျပသရန္လုံေလာက္ေခ်သည္။

ယခုတြင္မူ ေက်ာက္ေဖးယြီသည္ထိုယြမ္စုစ
ည္းအဆင့္ ဓားပ်ံတစ္လက္ကိုလဲလွယ္ျခင္းႏွင့္ညီမွ်လုနီးပါးရွိေသာပစၥည္းအတြက္ အမိန့္ကိုရရွိခဲ့ၿပီး ၎တို႔ထဲမွအနည္းငယ္ကိုေတာင္
သူရွာေဖြရေပလိမ့္မည္။

သူ႕အျမင္အာ႐ုံမ်ားေမွာင္မိုက္သြားၿပီးရပ္ေနေသာေနရာ၌ပင္သတိလစ္ခ်င္သြားေတာ့သ
ည္။

'မွ်ေဝစာနာျခင္း'ကပ္ပါး၏ လက္စြဲက်င့္စဥ္တစ္ခုလုံးသည္ ဂိုဏ္းစုေငြအမွတ္ေပါင္းငါးေထာင္ခန့္သာက်သင့္ၿပီး ႏွိုင္းယွဥ္ရလွ်င္အလြန္ေစ်းသက္သာသည္ယူဆနိုင္ေပသည္။

ေက်ာက္ေဖးယြီသည္ က်န္းရီေနာက္သို႔အလ်
င္စလိုေျပးလိုက္ၿပီး သူ႕ဒုကၡမ်ားကိုလိမၼာပါးန
ပ္စြာရွင္းျပရေတာ့သည္။

"အရမ္းေစ်းႀကီးတယ္?"

က်န္းရီ၏အမူအယာသည္ေက်ာက္ေဖးယြီကိုၾကည့္ရန္အခ်ိန္ျဖဳန္းေနသကဲ့သို႔

"ဒီလိုပစၥည္းမ်ိဳးကေစ်းမႀကီးဘဲေနပါ့မလား?
ငါသိရသေလာက္ေတာ့မိုးျပာေတာင္ပံဂိုဏ္းမွာၾကက္ေသြးေရာင္ႀကိဳးၾကာငွက္ေတြမရွိဘူးဆို...ခရမ္းေတာင္ပံဂိုဏ္းကေနေတာင္းထားတာပဲျဖစ္ရမယ္ဟုတ္တယ္မို႔လား?"

ပိုအဆင္ျမင့္ေသာ က်င့္ႀကံျခင္းနည္းလမ္း
အားလုံးသည္ပင္ဤပစၥည္းကိုလိုအပ္၏။သို႔
ေသာ္ ထိုပစၥည္းသည္ဝယ္လိုအားႏွင့္မမွ်သည့္အတြက္ ပုံမွန္အားျဖင့္အေတာ္ေလးတန္ဖိုးျမင့္ေပသည္။

"ဟုတ္တာေပါ့ ဟုတ္တာေပါ့ ဟုတ္တာေပါ့ ငါ့လိုနိမ့္က်တဲ့လူလဲဒီပစၥည္းေတြရဲ႕တန္ဖိုးကိုေကာင္းေကာင္းနားလည္ပါတယ္"

ေက်ာက္ေဖးယြီ၏နဖူးတြင္ေနာက္တစ္ဖန္ေခြၽးေစးပ်ံလာရေတာ့သည္။

"ဒါ...ဒါ...ဒါေပမယ့္ တန္ဖိုးက ..."

"မင္းအခ်ိန္ဘယ္ေလာက္လိုလို႔လဲ?"

က်န္းရီသည္ေကြ႕ကိုက္မေနဘဲလိုရင္းကိုသာတည့္တိုးေမးလိုက္ေလသည္။

"အနည္းဆုံးဆယ္ႏွစ္!"

ျပတ္ျပတ္သားသားျပန္ေျဖလာေသာေက်ာ
က္ေဖးယြီေၾကာင့္ က်န္းရီလည္းေတာင့္တင္းသြားရေတာ့သည္။

"တစ္ခုအတြက္"

ေက်ာက္ေဖးယြီကထိုစကားကိုပါထပ္ေပါင္းထည့္ေလသည္။

က်န္းရီ၏ႏႈတ္ခမ္းသည္အနည္းငယ္လႈပ္ခတ္သြားၿပီး 'အသုံးမက်ခ်က္ကေတာ့'ဟူ
ေသာစကားမွာလွ်ာဖ်ားတြင္တြဲခိုလ်က္ပါးစပ္မွေျပာထြက္လုမတတ္ျဖစ္ကာ ေက်ာက္ေဖးယြီ၏မ်က္ႏွာကိုထိုစကားျဖင့္က်ိန္ဆဲမိေတာ့မလိုပင္။

က်န္းရီ၏ေၾကာက္လန့္ဖြယ္ရာအမူအယာကိုျမင္ရေသာအခါေက်ာက္ေဖးယြီသည္'မုန္တို
င္းထန္ေတာ့မည္'ဟူေသာႀကိဳတင္အသိေပးခ်က္ရလိုက္သည့္ႏွယ္။ျပသနာတစ္ရပ္လုံးကိုထပ္ေျဖရွင္းရန္ ေနာက္တစ္ဖန္သတၱိေမြးရျပန္ေလသည္။

'မွ်ေဝစာနာျခင္း'ကပ္ပါးႏွင့္ဆက္ႏြယ္ေသာေက်ာက္စိမ္းအပိုင္းအစကိုလဲလွယ္နိုင္သည္ဟုသူေျပာခဲ့ျခင္းက သူ႕တြင္ရွိေသာအရာအား
လုံးကိုစေတး၍ လဲလွယ္ေပးရန္ဆုံးျဖတ္ခဲ့ျခ
င္းေၾကာင့္ျဖစ္ၿပီး ထိုလဲလွယ္မႈအတြက္သူ႕ေက်ာက္ဂူကိုပါေရာင္းခ်ရေတာ့မည္ျဖစ္
ေၾကာင္းႏွင့္ထိုဂိုဏ္းစုေငြငါးေထာင္ကိုစုေဆာ
င္းရန္ လအနည္းငယ္သာလိုအပ္ေသာ္လည္းအျခားပစၥည္းမ်ားကိုပါလဲလွယ္မည္ဆိုပါကဘာမွ်မရွိေသာသုံညဘဝမွစတင္ရမည္ျဖစ္ၿပီး မည္မွ်အလ်င္လိုေစကာမူအခ်ည္းႏွီးသာျဖစ္လိမ့္မည္ဟူသတည္း။

ေက်ာက္ေဖးယြီ၏ေျဖရွင္းခ်က္ကအလြန္သ
နားစရာေကာင္းလွသည္ဟု က်န္းရီခံစားမိရာေက်ာက္ေဖးယြီကိုက်ိန္ဆဲေတာ့မည့္ သူ႕အ
ေတြးမ်ားကိုျပန္ေခါက္သိမ္းလိုက္ရေတာ့သ
ည္။

သို႔ေပသည့္ ေက်ာက္ေဖးယြီသည္ဂိုဏ္းစုေငြအမွတ္ကိုစုေဆာင္းရာ၌ ဤမွ်ေလာက္ႏွေးေကြးလိမ့္မည္ဟုသူလုံးဝမေတြးမိခဲ့ေပ။

ယခင္အခ်ိန္တုန္းက ဝမ္႐ႊမ္သည္ဂိုဏ္းအတြ
က္ ေန႕စဥ္ေန႕တိုင္းေျပးလႊားႀကိဳးစားခဲ့ရၿပီးသူ႕ကိုယ္ပိုင္လိုအပ္ခ်က္မ်ားကိုပင္ စိတ္ထဲမထည့္နိုင္ခဲ့ကာမူႏွစ္ႏွစ္မွ်သာအခ်ိန္ယူခဲ့ရသည္။

အိုး....အဲ့ဒီအခ်ိန္တုန္းကဝမ္႐ႊမ္ကယြမ္စုစ
ည္းျခင္းအဆင့္က်င္ႀကံသူပဲ ဟုတ္ၿပီ ဒီအ
ေၾကာင္းကိုအခုေတာ့မေျပာေသးဘဲေနၾကရ
ေအာင္

အေျခခံတည္ေထာင္ျခင္းအဆင့္အေၾကာင္းကိုေျပာရလွ်င္ က်န္းရီသည္မူရင္းဝတၳဳကိုဖ
တ္ခဲ့သည့္အတြက္ဤအေၾကာင္းကိုနားလည္
ၿပီးသားျဖစ္သည္။

ထိုအခ်ိန္က ခ်င္ရွိယြီသည္အေျခခံတည္
ေထာင္ျခင္းအဆင့္တြင္သာရွိေသးၿပီး ဂိုဏ္းစု
ေငြအမွတ္မ်ားကိုသာအာ႐ုံစိုက္ခဲ့သည္။တစ္
ႏွစ္အတြင္း ဂိုဏ္းစုေငြအမွတ္ေပါင္းေျခာက္
ေသာင္းမွခုနစ္ေသာင္းအထိစုေဆာင္းနိုင္ခဲ့သ
ည္။

ထိုခ်င္ရွိယြီသည္အဓိကဇာတ္ေကာင္ျဖစ္လွ်
င္ေတာင္ ဤေက်ာက္ေဖးယြီကေတာ့ အဆင့္ျမင့္နတ္ဆိုးက်င့္ႀကံသူတစ္ဦးျဖစ္ေနေသးသ
ည္။

ဒါေပမယ့္ကြာျခားခ်က္ကဘာလို႔ဒီေလာက္
ေတာင္ႀကီးမားေနရတာလဲ?

ဒါဆိုရင္ခ်င္ရွိယြီကဂိုဏ္းစုေငြအမွတ္ေတြအားလုံးကိုအဲ့ဒီအခ်ိန္တုန္းကဘယ္လိုစုေဆာ
င္းခဲ့တာလဲ?

က်န္းရီၿငိမ္သက္သြားၿပီးတိတ္တဆိတ္စဥ္းစားေနမိေတာ့သည္။

အခ်ိန္အေတာ္ၾကာမွက်န္းရီသည္ ေက်ာက္
ေဖးယြီကိုအၿပဳံးမမည္ေသာအၿပဳံးတစ္ပြင့္ျဖ
င့္စကားစေျပာေလသည္။

"မင္း တစ္ႏွစ္ကိုသုံးေထာင္ေလာက္ပဲစုနိုင္တ
ယ္ဆိုတာခက္ခဲတဲ့တာဝန္ေတြကိုဘယ္တုန္း
ကမွစိန္မေခၚခဲ့ဖူးလို႔ပဲ ဟုတ္တယ္မို႔လား?"

ဤအခ်က္ကိုက်န္းရီအလြယ္တကူမွတ္မိ၏။
ထိုအခ်ိန္တုန္းကခ်င္ရွိယြီသည္ ဂိုဏ္းစုေငြအ
မွတ္ေပါင္း ေျခာက္ေသာင္းမွခုနစ္ေသာင္းအ
ထိစုနိုင္ခဲ့ျခင္းမွာ သူ႕ဘဝတစ္ခုလုံးႏွင့္ရင္း၍
ေနပူသည္ျဖစ္ေစ၊မိုး႐ြာသည္ျဖစ္ေစ ေန႕ေရာ
ညပါမခ်န္တိုက္ခိုက္ေဆာင္႐ြက္ခဲ့ျခင္းေၾကာ
င့္သာျဖစ္သည္။

ျပင္းထန္ေသာစြန့္စားလိုစိတ္သည္ အဆင့္အတန္းျမင့္ေသာဆုလာဘ္ႏွင့္ညီမွ်သည္ဆိုၾက၏။မိမိလိုအပ္ေသာပစၥည္းကိုအလ်င္အ
ျမန္လဲလွယ္လိုပါက မွန္ကန္တည္ၿငိမ္ေသာလမ္းသည္ ေကာင္းမြန္ေသာေ႐ြးခ်ယ္မႈမ်ိဳးမျဖစ္တန္ေကာင္းရာ။

"ဒါေပမယ့္...."

ေက်ာက္ေဖးယြီတုန္လႈပ္သြားၿပီး

"ငါ့လိုနိမ့္က်တဲ့လူကအရည္အခ်င္းမရွိပါဘူး"

က်န္းရီသည္ ေက်ာက္ေဖးယြီ၏အေရးမပါေသာေပါက္ကရစကားမ်ားကို ဆက္နားေထာ
င္နိုင္္စြမ္းမရွိေတာ့သည့္ႏွယ္ေခါင္းခါျပလိုက္
၏။

႐ႊယ္ပင္းအာေနာက္သို႔လိုက္လာၿပီးအျခားလူမ်ားအလစ္ဝင္တိုက္ခ်ိန္တြင္ ေက်ာက္ေဖးယြီကေတာ့ အေနာက္တြင္သာပုန္း၍ေထာင္ေခ်ာ
က္ဆင္ေနျခင္းကိုျမင္ခဲ့ၿပီးျဖစ္ရာ ထိုေက်ာက္ေဖးယြီသည္ကိုယ့္အသက္ကိုသာတန္ဖိုးထားၿပီး တြန့္တိုရွက္႐ြံ႕တတ္သူတစ္ဦးျဖစ္မွန္းက်န္းရီသိထားၿပီးျဖစ္ေလသည္။

အဆုံးတြင္က်န္းရီသည္သူ႕ကိုျငင္းမရေအာင္အမိန့္ေပးခဲ့သည္။

"ေနာက္လာမယ့္ရက္ေတြမွာဒီကတာဝန္ေတြကိုမင္းၾကည့္ထား ဆုေၾကးေငြမ်ားမ်ားရမယ့္ဘယ္တာဝန္ကိုမဆိုမင္းေတြ႕တာနဲ႕ငါတို႔ႏွစ္ေယာက္ကိုလွမ္းအေၾကာင္းၾကားလိုက္ ငါတို႔ကမင္းကိုလက္ခံေစခ်င္တယ္ဆိုရင္မင္းအဲ့တာဝန္ကိုျမန္ျမန္ေလးလက္ခံလိုက္တာေကာ
င္းမယ္ အဆိုးတကာ့အဆိုးဆုံးျဖစ္လာရင္ေတာ့ငါတို႔ႏွစ္ေယာက္လုံးမင္းနဲ႕အတူလိုက္ေျဖရွင္းေပးရမွာေပါ့ တာဝန္နဲ႕ခ်ည္ႏွောင္ထားတာမို႔ဆရာတူအစ္ကိုကလဲမျငင္းေလာက္ဘူးလို႔ငါယုံတယ္"

ေက်ာက္ေဖးယြီအေနႏွင့္တစ္ေယာက္ထဲ႐ုန္း
ကန္လႈပ္ရွားစရာမလိုေတာ့သည့္အတြက္ ယခုမွသက္ျပင္းခ်နိဳင္ေတာ့သည္။ဝမ္႐ႊမ္ႏွင့္က်န္းရီတို႔၏အစြမ္းအစကို သူကိုယ္တိုင္လ
ည္းအနည္းငယ္နားလည္သည့္အတြက္သူ႕ႏွလုံးသားထဲမွေက်ာက္စိုင္ေက်ာက္ခဲႀကီးခ်က္ခ်င္းျပဳတ္က်သြားသည့္အလား ခံစားလိုက္ရေလသည္။

သို႔ျဖစ္ရာ မိုးျပာေတာင္ပံဂိုဏ္းတြင္း၌စီစဥ္ရမည့္အစီအစဥ္မ်ားကိုအေတာ္ေလးေနရာခ်
ထားၿပီးသားျဖစ္သြားသည္။က်န္းရီသည္စာလႊာလက္ဖြဲ႕ကိုထုတ္၍ ႀကိဳးၾကာငွက္အၿမီးမွအေမြး၏တည္ေနရာကို ဝမ္႐ႊမ့္အားလွမ္းအ
ေၾကာင္းၾကားလိုက္၏။

ဤနည္းအားျဖင့္ ဝမ္႐ႊမ္သည္ယြမ္စုစည္းျခင္းအဆင့္အတြက္ လိုအပ္ေသာအျခားပစၥ
ည္းမ်ားကိုသာအာ႐ုံစိုက္ရန္လိုေတာ့ေပမည္။

ယခုအခ်ိန္တြင္ ဝမ္႐ႊမ္ႏွင့္ျပန္လည္ေတြ႕ဆုံရန္ခ်ိန္းဆိုထားေသာအခ်ိန္မတိုင္မီရက္ေပါင္းႏွစ္ဆယ္ခန့္က်န္ေသး၏။က်န္းရီ၏အမူအ
ယာသည္ အလြန္အေလးအနက္တည္ၾကည္
သြားၿပီး

"မင္း ေနရာရွာၿပီးနတ္ဆိုးက်င့္ႀကံသူေတြအားလုံးကိုလာဖို႔ဖိတ္ေခၚလို႔ရၿပီ"

ထိုစကားကိုၾကားလိုက္ရေသာအခါေက်ာက္
ေဖးယြီ၏မ်က္ႏွာလည္းတည္ၾကည္သြားေတာ့သည္။သူ၏အႀကီးအက်ယ္ဆုံးရန္သူႏွင့္ေတြ႕ႀကဳံရေတာ့မည္ႏွယ့္ေခါင္းတဆတ္ဆ
တ္ညိတ္ျပလာေလသည္။

ထိုအခ်ိန္တြင္ မိုင္ေပါင္းေထာင္ခ်ီအကြာအ
ေဝး၌ ဝမ္႐ႊမ္သည္အန္ဖုန္းၿမိဳ႕သို႔ေရာက္ႏွင့္ၿပီးျဖစ္ေလသည္။က်န္းရီပို႔လိုက္ေသာစာလႊာလက္ဖြဲ႕ကိုရရွိခ်ိန္တြင္ သူလည္းဤၿမိဳ႕သို႔ေရာ
က္ရွိခဲ့သည္။

ခ်ိန္းဆိုခ်က္အရ က်န္းရီ၏တာဝန္မ်ားၿပီး
ဆုံး၍လာမရွာခင္အထိ သူ႕အေနႏွင့္ဤေနရာတြင္ရက္ႏွစ္ဆယ္မွ်ေနရအုံးမည္ျဖစ္သည္။ဤကဲ့သို႔အစီအစဥ္ခ်ထားျခင္းမွာေနာက္လာမည့္ဆယ္ရက္အတြင္း၌ ဝမ္႐ႊမ္တက္ေရာက္နိုင္မည့္ေလလံပြဲတစ္ခုကိုဤေနရာတြင္က်င္း
ပမည္ျဖစ္ျခင္းေၾကာင့္ပင္။

က်န္းရီ၏အစီအစဥ္သည္ ဤေလလံပြဲျဖင့္
ဝမ္႐ႊမ့္ကိုဟန့္တားရန္ျဖစ္ေပသည္။သို႔ေသာ္လက္ေတြ႕တြင္ ဝမ္႐ႊမ္သည္မိတ္ေဆြေဟာင္းတစ္ဦးႏွင့္ မေမွ်ာ္လင့္စြာေတြ႕ဆုံခဲ့ၿပီးဤေလ
လံပြဲအတြင္း ဝယ္ယူရမည့္ပစၥည္းမ်ားကို ရွာ
ေဖြနိုင္ခဲ့သည္။

လိုအပ္ေသာပစၥည္းမ်ားမရွိေတာ့သည့္အတြ
က္ဝမ္႐ႊမ္သည္ ေစ်းတစ္ပတ္လွည့္ပတ္၍
တံခြန္တိမ္တိုက္ဂိုဏ္းအတြင္းလက္က်န္ျပတ္လတ္ေနေသာ သာမန္ဝိဥာဥ္ေရးရာပစၥည္းအခ်ိဳ႕ကိုဝယ္ယူၿပီး က်န္ရွိေနေသာရက္ႏွစ္ဆယ္ကို အျခားတစ္ၿမိဳ႕သို႔သြား၍ေလ့လာရန္ဆုံးျဖတ္လိုက္၏။

တံခြန္တိမ္တိုက္ဂိုဏ္း၏အေရွ႕အရပ္တြင္အ
ျခားဝိဥာဥ္ၿမိဳ႕ေတာ္တစ္ၿမိဳ႕လည္းရွိေသးသ
ည္။ထိုၿမိဳ႕သည္ က်န္းရီ၏ေမြးဖြားရာေမြးရပ္ေျမျဖစ္သည့္က်ိဳ႕ဖုန္းၿမိဳ႕ျဖစ္ေပသည္။

ဂိုဏ္းတြင္ေနခဲ့စဥ္ကဝမ္႐ႊမ္သည္က်န္းရီလာခဲ့ေသာေနရာႏွင့္က်ိဳ႕ဖုန္းၿမိဳ႕တြင္ဆယ့္ႏွစ္ႏွစ္
ေက်ာ္ၾကာေအာင္ေနထိုင္ခဲ့ေၾကာင္းသိရွိခဲ့ဖူး
သည္။ယခုတြင္မူ ထိုအေၾကာင္းအရာထက္ပို၍ဝမ္႐ႊမ္သိခ်င္လာမိသည္။

ဤအခ်ိန္တြင္ သူတို႔ႏွစ္ဦးစလုံးမေမွ်ာ္လင့္ခဲ့ဖူးသည္ကေတာ့ သူတို႔အခ်င္းခ်င္းေနာက္တစ္ႀကိမ္ျပန္ေတြ႕ၾကရာဝယ္ ခ်ိန္းဆိုထားခဲ့ေသာအခ်ိန္မဟုတ္သည့္အျပင္ သူတို႔ႏွစ္ဦးစလုံးသေဘာတူညီထားျခင္းအလ်ဥ္းမရွိသည့္ေနရာတြင္ မေမွ်ာ္လင့္ထားေသာအေျခအ
ေနမ်ိဳးျဖင့္ ျပန္လည္ဆုံေတြ႕ၾကလိမ့္မည္ဟူ၍ပင္။

     -------------------------------------

Continue Reading

You'll Also Like

218K 39.2K 77
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး
20.8K 2K 37
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
7.6K 638 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...
4.8K 455 5
ယာဉ်မတော်တဆဖြစ်မှုမှ နိုးလာပြီးနောက် ပရော်ဖက်ရှင်နယ် esport player တစ်ယောက်ဖြစ်တဲ့ ရဲ့ရှောက်ယန်သည် သူ့ကိုယ်သူ A/B/Oကမ္ဘာလို့ ခေါ်ကြတဲ့ ထူးခြားဆန်းပြာ...