[ Unicode ]
" နှလုံးသား နှောင်ကြိုး "
လူတိုင်းမှာ မမြင်နိုင်တဲ့ ကြိုးတွေဆိုတာရှိကြတယ်တဲ့။
သံယောဇဉ်ကြိုး၊ တွယ်တာခြင်းကြိုး၊ မြတ်နိုးခြင်းကြိုး၊ အနှောင်အဖွဲ့ကြိုး၊ ချစ်ခြင်းကြိုး၊ မုန်းခြင်းကြိုး၊ နာကျဉ်းခြင်းကြိုး၊ ရွံမုန်းခြင်းကြိုး ဆိုတဲ့ ခံစားချက်ပေါ်မူတည်တဲ့ ကြိုးပေါင်းမြောက်မြားစွာတွေက လူတစ်ဦးချင်းစီတိုင်းမှာ ရှိကြတယ်။
ဒီလိုပါပဲ .. ငါလည်း မင်းအပေါ်မှာ ၅၂၈ ထက်ပိုတဲ့ ချစ်ခြင်းကြိုးနဲ့ ရစ်တွယ်လိုက်မိပြီ။
ငါ့ဘက်က ကမ်းလာတဲ့ကြိုးစကို မင်းဘက်က ပြန်ဆုတ်ကိုင်ပေးခဲ့သလို ငါကမ်းခဲ့တဲ့ကြိုးစကိုလည်း ဘယ်တော့မှပြန်မဖြုတ်ချခဲ့ပါနဲ့။
ဒီတစ်ခုလေးပဲ ငါတောင်းဆိုပါရစေ အောင်....
"ခန့် .. ခန့်"
"ဟင်?"
ပခုံးကိုလာလှုပ်ရမ်းတော့မှ ခန့် သူ့မျက်စိရှေ့က မျက်မှောင်ကြီးကုတ်ကာ သူ့ကိုကြည့်နေသည့် အောင် ကိုသတိထားမိတော့သည်။
"ဘယ်သူ့အကြောင်းကို အဲ့လောက်တွေးနေလို့ ဒီလောက်သတိလက်လွတ်ဖြစ်နေရတာလဲ?"
မကျေမချမ်းမေးလာပုံက တကယ်ကိုအူယားစရာ။
ခပ်နက်နက်မျက်ခုံးမွှေးတို့က စုကျုံ့နေပြီး မျက်လုံးတို့ကလည်း 'အူတိုခြင်း' ဆိုတဲ့ အရိပ်ယောင်တို့ဖြတ်ပြေးနေသည်။
ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ သူ့ကောင်ကြီးလဲ။
"မင်းအကြောင်းတွေးနေတာ"
ခပ်ပြုံးပြုံးလေးဖြင့်ပြန်ဖြေရင်း ခန့် စက်ဘီးပေါ်မှဆင်းလိုက်သည်။
အောင်ဖြိုး ကိုပြန်ကြည့်တော့ ပြုံးချင်နေတဲ့မျက်နှာကို အတင်းကြီးတည်တင်းထားလို့။
ဒီကောင်ကတော့ သူ့ကိုအူယားအောင်လုပ်ပြန်ပြီ။
"ရယ်ချင်လည်းရယ်လိုက်။ ပြုံးချင်လည်းပြုံးလိုက်။ မြုံစိစိနဲ့ ငါ့ကိုအူယားအောင်လာမလုပ်နဲ့။ မင်းအိမ်ရှေ့လည်းမရှောင်ဘူး။ ငါဖက်နမ်းမှာနော် အောင်"
ခန့် က မျက်ခုံးတစ်ဖက်ကိုပင့်ရင်း နားနားကပ်၍ပြောလိုက်သည်။
ထိုအခါ ညိုတာမျိုးမဟုတ်ပေမယ့် ဖြူချင်ဘက်ရောက်ချင်နေသည့် အသားဝင်းဝင်းတို့က ပန်းနုရောင်လှိုင်းတို့ထလာတော့သည်။
"အိမ်ပေါ်တက်မယ်"
ရှက်ရှက်နှင့်စကားလမ်းကြောင်းလွှဲကာ သူ့လက်ကိုဆွဲရင်းခေါ်သွားသော သူ့ရှေ့က အောင်ဖြိုး သည် ဘယ်လိုပင်ကြည့်ကြည့် သူ့အတွက်တော့ချစ်စရာကောင်းနေဆဲပဲပင်။
"မမိုးရေ .. ခန့် လာပြီ"
အိမ်အပေါက်ဝကနေအော်ပြောနေသော အောင်ဖြိုး ကြောင့် ဇီးထုပ်အထုတ်ကြီးကိုကိုင်ကာ ပြေးထွက်လာသော မမိုး က အရင်လို ဖိုသီဖတ်သီပါပဲပင်။
ဒါပေမယ့် မမိုးသည် ဘယ်လောက်ပဲဖိုသီဖတ်သီနေနေပါစေ ရုပ်အခံလေးရှိသည်ကြောင့် ဘယ်လိုနေနေကို လှသည်၊ ကြည့်ကောင်းသည်။
ကြည့်ရတာ ဒီမောင်နှမနှစ်ယောက်က ဟိုဘဝမှာတုန်းက ဆုတောင်းကောင်းခဲ့ပုံရပါသည်။
"ကလေး .. လာ လာ။ အမ မျှော်နေတာ"
"ဟုတ်ကဲ့ မမိုး"
မိုးမခ ရဲ့ဆွဲခေါ်သွားမှုနောက်ပါသွားသော ခန့်။
အိမ်ရှေ့တွင်ဝင်ထိုင်တော့ စားပွဲပေါ်တွင် ထုံးစံအတိုင်းမုန့်ထုပ်တွေအစုံအလင်ဖြင့်။
"ကလေး စားဦး ရော့"
အာလူးကြော်ဘူးတွေ၊ နေကြာစေ့အထုတ်တွေ နဲ့ ဇီးထုပ်ပေါင်းမြောက်များစွာတို့ကို ကမ်းပေးလာသော အမကြောင့် ခန့် မှာ အားနာနာနှင့်တွေ့ရာဇီးထုပ်ကိုသာကောက်ယူပြလိုက်တော့၏။
"ငါတို့စာအတူလုပ်မလို့။ နင်ဘယ်သွားစရာရှိသေးလဲ အမ?"
"မရှိဘူး။ ဒီနေ့ဒီကားလေးပြီးအောင်ကြည့်မလို့စဉ်းစားထားလို့"
"အင်း ဒါဆိုကောင်းပါတယ်။ အပြင်သွားမယ်ဆိုလဲပြောသွားဦး။ တော်ကြာ ပါပါး မေးရင် ငါမဖြေတတ်ပဲနေမယ်"
"အေးပါ ငါသိပါတယ်"
မောင်နှမနှစ်ယောက်ပြောဆိုနေသည်ကို ခန့် ငြိမ်၍သာနေရင်း Tv ဘက်ကိုသာ မျက်လုံးဝေ့ကြည့်နေလိုက်တော့သည်။
"ပါပါး ဘယ်အချိန်ပြန်လာမယ်တဲ့လဲ အမ?"
"ညနေမှပေါ့။ ဒီနေ့စောမယ်လို့တော့ပြောတယ်"
"ဟုတ်လား။ ကောင်းတာပေါ့"
အမနဲ့စကားပြောရင်း အောင်ဖြိုး ခန့် ထိုင်နေရာဘက်သို့ကြည့်လိုက်သည်။
Tv ကိုသာ အာရုံပြုနေသော ခန့် က ဖြူဖြူဖွေးဖွေးနှင့် ချစ်စရာရှဉ့်ပေါက်လေးအတိုင်း။
အောင်ဖြိုး Tv ဘက်ကို လိုက်ကြည့်လိုက်သည်။
Tv ထဲတွင် ယောကျာ်းလေးနှစ်ယောက်က လက်ချင်းတွဲယှက်ကာထိုင်နေလျက် ပင်လယ်ပြင်ကြီး၏ညနေဆည်းဆာကိုထိုင်ကြည့်နေကြသည်ပင်။
ထို့နောက် တစ်ဖက်မှကောင်လေးသည် ဘေးကကောင်လေး၏ ပါးပြင်အားတစ်ချက်နမ်းလိုက်လေ၏။
ဟာ သေပြီ။ အမတို့တော့ မွှေလိုက်ပြန်ပြီ။
ခန့် ကိုကြည့်တော့ မမှိတ်မသုန်ပင် ခပ်အေးအေးသာထိုင်ကြည့်နေဆဲ။
"ချစ်တယ်"
ထိုင်းဘာသာစကားဖြင့်ဆိုလိုက်သော 'ချစ်တယ်' ဟူသောစကားအား အောက်တွင် မြန်မာစာတန်းကထင်ထင်ရှားရှားထိုးကာပေါ်လာတော့သည်။
"ခန့် .. လာ။ ငါတို့အခန်းထဲစာသွားလုပ်ကြမယ်"
"ဟဲ့။ ငါဘာမှာပေးရမလဲ?"
အလျှင်အမြန်ပင် ထိုင်နေသည့် ခန့် ကိုလှမ်းဆွဲပြီး အခန်းရှိရာသို့ဆွဲခေါ်တော့ အမကအနောက်ကနေ အာပြဲကြီးနဲ့လှမ်းမေးရှာသည်။
"ပီဇာ"
တစ်ခွန်းထဲသာ လှမ်းအော်ဖြေလိုက်၍ ခန့် ကို အခန်းထဲမနည်းဆွဲသွင်းလိုက်ရတော့သည်။
မဖြစ်သေး။ နောက်ဆို ခန့် အိမ်လာလည်မယ့်နေ့ကျရင် အမကို အဲ့ကားတွေမကြည့်ဖို့ မှာထားရမည်။
"ခန့် .. ဟို...."
"ငါတို့ဘယ်ဘာသာအရင်ကြည့်ကြမလဲ?"
ခန့် အား ဘယ်လိုရှင်းပြရမည်မှန်းမသိဖြစ်နေခိုက် ခန့် ကခပ်အေးအေးပင် စာကြည့်ဖို့ရန်ကိုသာမေးလာသည်။ ကြည့်ရတာ ခန့် က ခုနကရုပ်ရှင်အပေါ်အာရုံသိပ်မရှိဘူးနဲ့တူပါသည်။ တော်ပါသေးရဲ့....
"မင်းဘာလုပ်ချင်လဲ?"'
"ငါတို့သင်္ချာတွက်ကြမလား?"
"အင်း အိုခေလေ။ ဟိုမှာထိုင်နှင့်လိုက်"
"မင်းကရော?"
"လာခဲ့မယ်။ မမိုးကိုပြောစရာမေ့ခဲ့လို့"
ပြန်ဖြေရင်းခပ်သွက်သွက်ပြေးထွက်သွားသော အောင်ဖြိုး။
အမဆီသို့သွားကာ နောက် ခန့် အိမ်လာလည်တဲ့နေ့ကြရင် ဒီလိုကားတွေမကြည့်ဖို့ပြေးမှာရတော့သည်။
::::::::::::::::
"အောင်! ဒါက ဘယ် formula နဲ့တွက်ရမှာလဲ?"
၃နာရီလောက်ထိ အခန်းထဲတွင်ငြိမ်ကာစာလုပ်နေကြသောနှစ်ယောက်ထံမှ ခန့် က ထမေးလာသည်။
ဒီလရဲ့လပတ်စာမေးပွဲနီးပြီမို့ သူတို့နှစ်ယောက်က အချိန်ရရင်ရသလို စာအတူတူလုပ်ဖြစ်ကြသည်။
ဒီနေ့လည်း အောင် ၏အိမ်မှာ စာအတူလာလုပ်ကြတာဖြစ်သည်။
"ဘယ်အပုဒ်လဲ?"
"(10.2) က နံပါတ် 7"
"ငါရှင်းပြမယ်။ လာ...."
ခန့် ၏တွက်လက်စစာအုပ်ကိုလှမ်းယူကာ အောင်ဖြိုး ဘေးကဖုန်းရဲ့သီချင်းသံကိုခဏပိတ်လိုက်သည်။
သူတို့နှစ်ယောက်က တွက်စာတွက်နေတဲ့အချိန်ဆို သီချင်းနားထောင်ပြီးတွက်လေ့ရှိတဲ့အချက်ကတော့ တကယ်တူပါသည်။
"ဒီဟာကကွာ..."
"အင်း"
စာရှင်းပြရန် စကားအစပျိုးလာသော အောင်ဖြိုး က ခန့် ရဲ့အနားသို့ပိုတိုးကပ်လာသည်ကြောင့် ခန့် ရင်ထဲတဒိန်းဒိန်းနဲ့ပင် ခွန်းတုံ့ပြန်လိုက်ရသည်။ ရည်းစားမထားဖူးတာလည်းမဟုတ်။ ရည်းစားလည်းထားဖူးပါရဲ့နဲ့ အောင် နဲ့ကျမှ ဘာမှမသိတဲ့အင်နိုးစန့်လေးလို အရာရာရင်ခုန်တတ်နေသည်။ အခုလည်း စာသေချာရှင်းပြနေသည့် အောင် ရဲ့အသံလေးက ဩရှရှနဲ့ သူ့နားထဲစမ်းရေပမာ နှလုံးသားထဲထိ စီးဝင်လာ၏။ စာရွက်သားပေါ် ရှပ်ပြေးနေသည့် အောင် ရဲ့လက်ချောင်းတွေက ယောကျာ်းတစ်ယောက်လက်ဆိုတာထက်ကိုလှသည်။ ပိန်ရှည်သွယ်သွယ်လက်ချောင်းလေးတွေမှာမှ ပန်းဆီရောင်သန်းနေတဲ့ လက်သည်းခွံလေးတွေ။ လက်မွှေးနုနုလေးတွေက ယောကျာ်းဆန်ဆန်ဖြင့်ကြည့်ကောင်းလှ၏။ အကြောစိမ်းလေးတွေယှက်ဖြာနေသည့်လက်က ဘောပင်ကိုင်ထားသည်ကြောင့် မြင်နေရတဲ့လက်ဆစ်လေးတွေသည် ပန်းပုဆရာတစ်ယောက်ထုဆစ်ထားသည့်နှယ် သေသပ်လွန်းသည်။
"နားလည်လား?"
အဲ့မှာသေတာပဲ။ အောင် ရဲ့အလှတရားကိုစာဖွဲ့နေတာနဲ့ စာရှင်းပြသွားတာကိုတစ်လုံးမှမသိလိုက်။ မတတ်နိုင်ဘူး။ အခုတော့ ကြည့်ကြပ်ဖောပြီး နောက်မှ အဲ့ပုစ္ဆာကိုကျူရှင်ရောက်မှ ရသ ကိုမေးရတော့မှာပဲ။
"အင်း။ နားလည်သွားပြီ။ ကျေးဇူးပဲ"
ခန့် က ကျေးဇူးတင်စကားဆိုတော့ ပါးချိုင့်နက်ကြီးတွေနဲ့ 'no need' ဆိုပြီးပြုံးပြီးပြန်ဖြေလာတဲ့ အောင်။
နှလုံးသားလေးရေ မင်းအိန္နြေရရနေစမ်း။
"စာမေးပွဲဖြေပြီးတာနဲ့ ကထိန်လာတော့မှာနော် ခန့်။ ငါတို့အတန်းထဲမှာအေးဆေးကမြင်းရမယ့်ရက်တွေပြန်ရောက်လာဦးမှာပဲ"
ပြုံးပြုံးကြီးနှင့် ဝမ်းသာအားရပြောနေသော အောင် ရဲ့စကားကြောင့် သူလည်းထပ်တူရယ်လိုက်မိသည်။
၉တန်းဆိုတဲ့အချိန်က တကယ်ကိုပျော်စရာအတန်းအရွယ်လို့ဟုတောင်ထင်မိပါသည်။
ပွဲတော်ရက်တွေနဲ့ ပွဲတော်မတိုင်ခင်ရက်တွေဆို ဆရာ၊ဆရာမတွေက အတန်းမဝင်ဘဲ ပစ်ထားကြတာကများသည်။ အလုပ်မအားကြသလို အားကြရင်လည်း ၁၀တန်းတွေကိုသာ အချိန်ပေးသင်ကြသည်ကြောင့် အထက်တန်းရောက်နေသည့် သူတို့၉တန်းက အလွတ်လပ်ဆုံးပင်။ အခုလဲ မကြာခင်ရောက်တော့မည့် တန်ဆောင်မုန်းကိုတွေးကာပျော်ရပြန်၏။
"အေးကွ။ စာမေးပွဲပြီးတာနဲ့ ငါတို့အေးဆေးပြန်ဖြစ်တော့မှာပဲ။ မင်းအတွက်တော့ရှယ်ပဲပေါ့"
"ဟင် .. ဘာလို့လဲ?"
"မင်းက အတန်းထဲဖင်မမြဲတဲ့ကောင်ဆိုတော့ လွတ်လပ်ရေးရတဲ့နေ့တွေများလာဦးမှာမလား။ မင်းအတွက်ရှယ်ပဲလေ"
ရွဲ့တဲ့တဲ့ပြန်ဖြေနေသော ခန့် ကြောင့် အောင်ဖြိုး နှာခေါင်းရှုံ့လိုက်သည်။
ဒါ သူ့ကိုထိုင်ခုံမှာဖင်မြဲဖို့ သွယ်ဝိုက်ပြောနေသောစကားဆိုတာ သူသိတာပေါ့။
"မြဲပါတယ်ကွာ"
"ဘာလဲ ဆရာမစာသင်နေတဲ့အချိန်လား?"
"ဟာ မင်းကလဲ"
မျက်နှာဇီးရွက်လောက်နဲ့ပြန်ပြောနေသော အောင်ဖြိုး က သူ့ကိုဆူနေသည်ဟုအောက်မေ့နေပုံရသည်။ ဒီလိုကျတော့လည်း သူ့မှာအပြစ်မတင်ရက်နိုင်ပြန်တော့။
"ငါမင်းကိုဆူနေတာမဟုတ်ဘူး။ ပြောပြနေတာ။ တစ်ခါတစ်လေလေးကွာ အတန်းထဲမှာ ဆရာမ မဝင်တဲ့အချိန်တွေဆို ငါလည်း ငါ့ရည်းစားလေးနဲ့အေးဆေးအတူတွဲထိုင်ပြီး စကားလေးဘာလေးပြောချင်တာပေါ့။ အခုဟာက ဆရာမ မရှိတာနဲ့ မင်းကိုပါမတွေ့တော့ဘူး။ ဘယ်ပျောက်ပျောက်သွားမှန်းမသိ။ မင်းငါ့ကွယ်ရာမှာ အခြားအတန်းကကောင်မလေးတွေဘာတွေတော့ ရှိမနေပါဘူးနော် အောင်"
"ဟာ မဟုတ်ပါဘူးကွာ။ ငါက ဝဏ္ဏ ကိုအဖော်လိုက်ပေးနေတာပါ။ မင်းသိတဲ့အတိုင်း သူ့ကောင်မလေးက D အခန်းကဆိုတော့....."
ခန့် ရဲ့လက်လေးကိုလှမ်းဆွဲကာ ရယ်ကျဲကျဲနဲ့ သူ့အပြစ်လွတ်ရေး ဒို့အရေး ကို အယူခံဝင်နေသော အောင်ဖြိုး ပင်။
ခန့် က မှင်သေသေရုပ်ဖြင့် မျက်စောင်းသာထိုးလိုက်တော့သည်။
"မင်းမှာကောင်မလေးရှိမနေတာသေချာပါတယ်နော်?"
"သေချာတာပေါ့ကွ။ ငါ့မှာမင်းတစ်ယောက်ပဲရှိတာ"
"ရှိလည်းကိစ္စတော့မရှိပါဘူး"
"ဟမ်?"
သူ့အဖြေကိုခပ်အေးအေးသာပြန်ပြောလာသော ခန့် ကြောင့် အောင်ဖြိုး ကြောင်သွားလေသည်။
ဘာလဲ .. သူ့မှာနောက်တစ်ယောက်ရှိနေလဲ ခန့် က စိတ်မဝင်စားဘူးလို့ဆိုလိုတာလား?
"မင်းမှာကောင်မလေးရှိလာရင်လည်း အဲ့ကောင်မလေးဆီကနေ မင်းကိုရအောင် ငါကဆွဲထုတ်လာမှာမို့လို့"
မျက်စိတစ်ဖက်မှိတ်ကာ သွားထက်လေးတွေလက်တဲ့အထိ ရယ်ရင်းပြောလာတဲ့ ခန့် ရဲ့ စကားက အောင်ဖြိုး ၏ရင်ကို ဝုန်းဒိုင်းကြဲစေသည်။
ဖြူဖွေးဖွေးပါးပြင်လေးက ရယ်နေသည်ကြောင့် မို့တက်နေကာ မျက်လုံးလေးတွေကလည်း မှေးကျဉ်းလာလို့။ ပြတင်းပေါက်ကြားကနေတိုးဝှေ့ဝင်လာတဲ့လေနုလေးတွေက ခန့် ရဲ့ဆံနွယ်နက်တို့ကို ပိုးမျှင်လေးပမာ ယိမ်းနွဲ့စေသည်။ စားပွဲပေါ်သို့ လက်တစ်ဖက်ကိုတံတောင်မှနေ၍ထောက်ထားပြီး ထိုလက်ထဲရှိဘောပင်ကိုလှည့်ကာဆော့နေသည်ကြောင့် ခန့် ရဲ့လက်ချောင်းရှည်သွယ်သွယ်လေးတွေက နေရောင်အောက်မှာ ဖြူဝင်းလို့နေ၏။
ခန့် သည် ယောကျာ်းလေးတန်မဲ့ လှလွန်းသည်။
ချောသည်မဟုတ်၊ ခန့်ညားသည်လည်းမဆိုနိုင်။ လှကိုလှလွန်းသည်။ ယောကျာ်းလေးတစ်ယောက်အတွက် 'လှသည်' ဆိုတဲ့အသုံးအနှုန်းမျိုးသည် ခန့် နှင့်သာလိုက်ဖက်ပါသည်။
"ခန့်"
"အင်း"
"မင်းသိပ်လှတယ်"
အဆက်အစပ်မရှိထပြောလာတဲ့ အောင်ဖြိုး စကားကြောင့် ခန့် မျက်လုံးအိမ်တို့ ဝိုင်းစက်လာ၏။ ထို့နောက် ရှိန်းခနဲဖြစ်သွားသောပါးပြင်တို့က သူ့မျက်နှာကြီးရဲနေပြီဆိုတာ သေချာပေါက်ပါပဲပင်။ ရင်ထဲမှာတော့စစ်တိုက်နေလေပြီ။
အောင် က ဒီလိုစကားတွေလဲ ပြောတတ်တာပဲလား...
"မင်း ဘာ .. ဘာပြောလိုက်တာ?"
"မင်းအရမ်းလှတယ်လို့။ ယောကျာ်းလေးဖြစ်ပြီး ဘာလို့ဒီလောက်လှနေရတာလဲကွာ။ ငါမင်းကိုဖွက်ထားချင်လာပြီ"
"အောင် .. မင်းနော်။ ငါ ငါ့ကိုဘာစကားတွေလာပြောနေတာလဲ?"
ရှက်နေပြီဖြစ်သော ခန့် က ခေါင်းကြီးငုံ့ကာ စာအုပ်ကိုအာရုံပြုလိုက်တော့သည်။ တွက်နေတဲ့သင်္ချာဂဏန်းတွေကိုလည်း သူဘာမှမသိတော့။ ပူထူနေတဲ့သူ့မျက်နှာကိုသာ ရေခဲပြေးကပ်ချင်စိတ်တွေသာ ပေါက်နေသည်။ ဘေးက အောင် ကတော့ သူ့ကိုပြုံးပြုံးကြီးနှင့်သာ စိုက်ကြည့်နေဆဲကို မျက်လုံးထောင့်မှမြင်နေရ၏။
ဒီကောင်တော့လား .. လူကိုနှလုံးခုန်နှုန်းရပ်ပြီး သေအောင်လာလုပ်နေတာပဲ။
"ဘာကြည့်နေတာလဲ? စာလုပ်လေ"
မနေတတ်တော့တဲ့သူကပဲ အောင် ကိုလှမ်းဟောက်တော့ ပြုံးပြုံးကြီးနဲ့ကို ခေါင်းခါပြလာ၏။
ဒီကောင် ရူးများသွားတာလား....?
"ငါမင်းကိုနမ်းချင်တယ်"
ခန့် မရတော့။ သူ့မျက်နှာရဲ့အပူချိန်က ဒါအမြင့်ဆုံးပဲဖြစ်သည်။ ဘယ်လိုမှဟန်မဆောင်နိုင်တော့တဲ့အဆုံး ခန့် မျက်နှာကိုလက်ဝါးနဲ့အုပ်ချလိုက်တော့၏။ အေးခနဲအထိအတွေ့က သူ့လက်ဖဝါးပြင်မှဖြစ်သည်။
"ဘာဖြစ်လို့လဲ ခန့်?"
မျက်နှာကိုလက်ဖဝါးနဲ့အုပ်ထားပြီး ခေါင်းကိုပါစားပွဲပေါ်တင်ကာငုံ့ချလိုက်သည်မို့ အောင်ဖြိုး အလန့်တကြားဖြင့် မေးလေတော့သည်။
"မင်းငါ့ကိုသေအောင်လုပ်နေတာလား!"
ခေါင်းကိုဆတ်ခနဲပြန်ထောင်ပြီး စိတ်တိုတိုနှင့်ဘုဆတ်ဆတ်ပြန်ချေပလိုက်တော့ အောင်ဖြိုး သည် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် အူကြောင်ကြောင်လုပ်နေပြန်သည်။
"ငါ .. ငါ ဘာလုပ်မိလို့လဲဟင်?"
"ငါ့ကို ရင်အခုန်လွန်ပြီးသေအောင် မင်းလုပ်နေတာလေ။ ငါ့မျက်နှာလည်းလာကိုင်ကြည့်ဦး။ ကြက်ဥတောင်ကြော်လို့ရနေပြီ။ တွေ့လား"
ဇိုးဇတ်ဖြင့် အောင်ဖြိုး ၏လက်ကိုလှမ်းဆွဲကာ သူ့ပါးပေါ်တင်လိုက်သော ခန့် က မျက်မှောင်ကြီးကုတ်လို့ ရှက်ဒေါသတို့ထွက်လို့နေသည်။
အောင်ဖြိုး ရယ်သည်။ ခန့် ရဲ့ဒီပုံစံလေးကိုကြည့်ပြီး နှစ်လိုဖွယ်ရာကို ရယ်ပါသည်။
"ဟုတ်ပါရဲ့။ ကြက်ဥတောင်ကြော်လို့ရနေပြီ။ ငါနောက်ဖေးမှာကြက်ဥတစ်လုံးသွားယူလိုက်ရမလား?"
နောက်လက်တစ်ဖက်နဲ့ပါ ခန့် ရဲ့လွတ်နေတဲ့ပါးတစ်ခြမ်းပေါ်ထပ်တင်လိုက်၍ အောင်ဖြိုး ရယ်ကျဲကျဲနှင့်ဆိုသည်။ သူ့စကားကြောင့် ခန့် မျက်မှောင်ကျုံ့ကာ နှုတ်ခမ်းစူထွက်လာတော့၏။ ပါးနှစ်ဖက်ပေါ် အောင်ဖြိုး ကလက်ဖြင့်အသာတင်ကာကိုင်ထားသောကြောင့် စူနေသည့်နှုတ်ခမ်းလေးက ပန်းဆီရောင်သန်းနေကာ စိုလဲ့နေသည်။
အောင်ဖြိုး ထပ်တိုး ရင်ခုန်လာပြန်၏။
"ငါတကယ်မင်းကိုနမ်းချင်လာပြီ"
"တစ်ခါပဲရမယ်"
မျက်မှောင်ကုတ်ကာပြန်ဖြေနေသော ခန့် ရဲ့ခွင့်ပြုစကားက အောင်ဖြိုး အတွက်တော့ မုန့်ရသွားတဲ့ကလေးတစ်ယောက်လိုခံစားချက်ပဲ။
ပျော်ချင်စိတ်ကိုခဏဘေးဖယ်။ သူ့ကောင်လေးစိတ်မပြောင်းခင် အခွင့်အရေးကိုအရင်ယူရဦးမည်။
ခန့် ရဲ့ပါးပြင်လေးထဲ အောင်ဖြိုး နှုတ်ခမ်းပါးတို့အကြာကြီးထိကပ်လိုက်ပြီးမှ ပြန်ခွါပေးလိုက်လေသည်။ တစ်ခါပဲရမှာဆိုတော့ ရတဲ့တစ်ခါလေးကို အခွင့်အရေးကောင်းကောင်းယူရမယ်လေ။ သနပ်ခါးနံ့လေးရနေတဲ့ ခန့် ရဲ့ပါးလေးက နူးညံ့လွန်းသည်။
"တကယ်တစ်ခါပဲလား?"
မျက်နှာငယ်လေးနဲ့ အောင်ဖြိုး မေးတော့ ခန့် က မျက်စောင်းအရင်ထိုးသည်။
"တော်ပြီ မပိုလာနဲ့နော်။ စာလုပ်တော့"
စာအုပ်ကိုမျက်စပစ်ပြလိုက်ရင်းပြောလိုက်၍ ခန့် သည်လည်း သူ့စာကိုသာသူပြန်လုပ်နေတော့၏။ အောင်ဖြိုး မှာတော့ အင်တင်တင်ဖြင့်သာ စာပြန်လုပ်နေရတော့သည်။
ဒီလောက်တွန့်တိုနေတာ နေပလေ့စေဦး။ နောက်မှ တစ်ဝကြီးနမ်းပစ်ဦးမယ်။
* * * * * * * * * * *
တိတ်ဆိတ်နေတဲ့အခန်းထဲတွင် နာရီသံတစ်ချက်ချက်နှင့် ခြေသံပါးပါးတို့ကိုသာ ခပ်တိုးတိုးကြားနေရပါသည်။ အဝေးကပျံ့လွင့်လာတဲ့ငှက်သံတို့ကိုလည်း နားစွံနားဖျားကြားရသေးသည်။
ထိုအသံတို့မှလွဲ တိတ်ဆိတ်နေတဲ့အခန်းငယ်က ခြောက်ကပ်ကပ်တော့နိုင်လှ၏။
"ခေါင်းတွေလှည့်မနေကြနဲ့နော်။ ငါခုံနံပါတ်မှတ်ထားမှာ"
အခန်းစောင့်ဆရာမက ပုံမှန်သံဖြင့်သာပြောနေပေမယ့် စာမေးပွဲခန်းအတွင်းတိတ်ဆိတ်နေသည်ကြောင့် ထိုအသံကကျယ်လောင်သည်ဟုတော့ထင်ရသည်။
ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့။
Bio နဲ့ Eco ကို ခုံနံပါတ်အလိုက် ရောဖြေရသောကြောင့် ဘေးတွင် Eco သမားသာရှိလေသည်။ နောက်ဆုံးနေ့မို့ ဘာသာမတူတာတောင် တစ်ယောက်ကျော်တွင်ရှိနေသော ကိုယ်နဲ့ဘာသာတူအချင်းချင်းကိုရအောင်လှမ်းမေးနေပါသော ကျောင်းသားတွေသည် တော်ရုံစကေးတော့မဟုတ်ပါ။ ဆရာမ ကျောပေးတာနဲ့ အလစ်တွင် စာအုပ်ကိုရအောင်ထောင်ပြတဲ့သူကပြ၊ ကူးတဲ့သူကကူး၊ မေးခွန်းစာရွက်တွေမှာအဖြေရေးထားပြီး မေးခွန်းစာရွက်ချင်းလဲတဲ့လူကလဲနှင့် စည်းဝါးညီလှသည်။
ခန့် ကတော့ ဖြေပြီးသားအဖြေလွှာကို နှစ်ကျော့ပြန်စစ်ပြီးပြီမို့ အချိန်မပြည့်မချင်း ငုတ်တုပ်သာထိုင်နေရသည်။ ခပ်လှမ်းလှမ်းက အောင်ဖြိုး ကို လှမ်းကြည့်တော့ တစ်ဖက်က စံမြင့် ကို စာအုပ်ထောင်ပြနေတာ အားရပါးရကိုပါပဲ။ စံမြင့် သည်လည်း အားရပါးရကို ကူးနေလေသည်။
ကြည့်ရတာ အောင်ဖြိုး လည်းဖြေပြီးပြီထင်သည်။
"၅မိနစ်ပဲကျန်တော့တယ်နော်။ မပြီးသေးတဲ့သူတွေမြန်မြန်ဖြေကြ။ ဖြေပြီးသွားတဲ့သူတွေကလည်း သေချာပြန်စစ်။ မေးခွန်းနံပါတ်တွေသေချာစစ်ကြနော်။ ကျန်နေခဲ့မယ်"
ဆရာမရဲ့သတိပေးစကားသံကြောင့် လှုပ်လှုပ်ရှားရှားအသံတွေ၊ စာရွက်လှန်သံတွေ ထွက်လာတော့သည်။ သူ သည်လည်း နောက်တစ်ခေါက်စာအုပ်ပြန်လှန်လိုက်ကာ မေးခွန်းနံပါတ်တွေစုံ၊မစုံ အရင်စစ်လိုက်၏။ ပြီးမှ ဖြေထားတဲ့စာတွေကိုပြန်စစ်နေလိုက်တော့သည်။
တီ....**
ဘဲလ်သံပေါ်လာသည်နှင့် အကုန်လုံးကလည်း အဖြေလွှာအပ်ဖို့အသင့်အနေအထားတွေဖြင့် ဆရာမလာယူမည့်အချိန်ကိုစောင့်နေကြသည်။ ဆရာမနှစ်ယောက်မှ အဖြေလွှာတွေလိုက်ယူပြီးချိန်တွင် အားလုံးအတန်းပြင်သို့ထွက်လာကြကာ ချက်ချင်းပင်ဆူညံသွားလေတော့သည်။ အဖြေတိုက်သံတွေ၊ မရဘူးဆိုတာတွေ၊ မဖြေနိုင်ဘူးဆိုတဲ့စကားတွေကို နေရာတိုင်းမှာကြားနေရသည်။ အခန်းရှေ့ကကော်ရစ်တာမှာထုတ်ထားသောလွယ်အိတ်တွေရှိရာနေရာတွင် အဖြူအစိမ်းနှင့် ကျောင်းသား၊ကျောင်းသူလေးများသည် ပုရွက်ဆိတ်တွေပမာအုံဖွေးနေ၏။
"ခန့်..."
အောင်ဖြိုး က လှမ်းခေါ်သည်မို့ ခန့် လွယ်အိတ်ကိုကောက်ယူရင်း လှည့်ကြည့်လိုက်သည်။
"ဖြေနိုင်လား?"
"အင်း မဆိုးပါဘူး။ မင်းရော?"
"ငါလည်းမဆိုးပါဘူး"
"မေးခွန်းနံပါတ် 3 ကလေ....."
စကားတပြောပြောနှင့် နှစ်ယောက်အတူတူ လှေကားမှဆင်းလာကြတော့ အောက်ထပ်တွင် အခန်းထဲမှထွက်လာသော ရသ ကိုတွေ့လေ၏။
"ရသ"
ခန့် ကလှမ်းခေါ်လိုက်သည်မို့ စကားပြောနေဆဲ အောင်ဖြိုး က ရပ်သွားကာ ရသ သည်လည်း အသံကြားရာဘက်လှည့်ကြည့်လာသည်။
"သူရိန် .. ဖြေနိုင်လား?"
"အင်း။ မင်းရော?"
"ငါလည်းဖြေနိုင်ပါတယ်"
"ဒါနဲ့လေ....."
ရသ နဲ့သာစကားဆက်ပြောနေရင်း ရှေ့ကိုဆက်လျှောက်နေသော ခန့် သည် သူ့နောက်မှမျက်နှာစူပုတ်လျက်လိုက်လာသော အောင်ဖြိုး ကို သတိမထားမိပါ။
သူ့ကိုမေ့ကာ စာအကြောင်း၊ပေအကြောင်းတွေ ပြောနေသော ခန့် နဲ့ မင်းရသ တို့နှစ်ယောက်ကိုသာ ရှူတည်တည်နဲ့ကြည့်ရင်း လိုက်လာခဲ့တော့လေသည်။
"သွားပြီ။ ကျူရှင်ရောက်မှတွေ့ကြမယ် သူရိန်"
"အင်း"
ကျောင်းအပေါက်ဝရောက်မှစကားစပြတ်သွားသော ခန့် က အခုမှ အောင်ဖြိုး ကိုသတိရလေတော့သည်။
ဘေးဘီဝဲယာကိုကြည့်တော့ အောင် ရဲ့အရိပ်အစအနတောင်မတွေ့။
ခန္ဓာကိုယ်ကိုအရပ်၈မျက်နှာလှည့်ကာ ကျီးကန်းတောင်းမှောက်လိုက်ရှာမှ ခပ်လှမ်းလှမ်းတွင် စက်ဘီးလေးတွန်းပြီးသွားနေသည်ကိုမြင်လိုက်ရသည်။
လမ်းကြောင်းက အောင် ရဲ့အိမ်ဘက်ကိုသာဦးတည်နေသည်မို့ သေချာပြီ 'အောင်' တော့ ကောက်တော်မူလေပြီ။
"အောင်..."
အနောက်ကပြေးလိုက်ကာ ရယ်ကျဲကျဲနဲ့ခေါ်တော့ သူ့ဘက်ကိုလှည့်တောင်မကြည့်ပါ။ စက်ဘီးကလေးတွန်းနေရင်းဖြင့်သာ မျက်နှာတည်တည်ဖြင့်ဆက်လျှောက်နေလေသည်။
"ဟိတ် စိတ်ကောက်နေတာလား?"
သူမေးတော့ ခြေလှမ်းကိုဆတ်ခနဲရပ်လိုက်သည်ကြောင့် ဘေးကလိုက်မှေးကာလျှောက်နေသည့်သူပါ အမြန်ရပ်လိုက်ရသည်။
"မျက်ခွက်လာပြောင်မနေနဲ့ ခန့်သူရိန်။ ငါစိတ်ဆိုးနေတာ"
မျက်မှောင်ကုတ်ကာပြောလာသည့်စကားကြောင့် ခန့် ရယ်ကျဲကျဲလုပ်နေသည့်မျက်နှာလေးကိုအမြန်ပြန်တည်လိုက်ရသည်။ သူ့နာမည်အပြည့်အစုံကိုပါခေါ်လာပုံအရ တကယ်ကိုစိတ်ဆိုးနေတာပင်။
ချော့ရတော့ ခက်ပါပြီ။
"မဆိုးပါနဲ့ကွာ။ နောက်မဖြစ်စေရဘူးလေ"
"မင်းကအမြဲအဲ့လိုပဲ။ မင်းရသ နဲ့များတွေ့ပြီဆို မင်းငါ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်တော့ဘူး။ အဲ့ကောင်နဲ့များဆုံပြီဆို ငါ့ကိုမင်းကလုံးဝမေ့သွားတာလေ။ အဲ့တာကြောင့် ငါကလည်း မင်းရသ ဆိုတဲ့ကောင်ကို ကြည့်မရတာ။ ငါမလွန်ဘူးနော်"
အမှန်အကန်ကြီးစိတ်ဆိုးနေပါသော အောင် ကြောင့် သူပြန်မချော့တတ်တော့။ သူကလဲသူပဲ။ ရသ နဲ့တွေ့ပြီဆို ဝမ်းသာအားရစကားပြောရင်း ရသနဲ့စကားလက်ဆုံကျသွားတတ်သည်။ ငယ်ငယ်ထဲကပေါင်းခဲ့တဲ့ သူငယ်ချင်းမို့ ရင်းနှီးတာလည်းပါသည်ကြောင့် တစ်ခုခုဆို စကားစက အမျှင်မပြတ်တော့။
ဒီကိစ္စနဲ့ပတ်သက်ပြီး အောင် ကလဲ 'သူ စိတ်မကောင်းဖြစ်ကြောင်း၊ သူ မကြိုက်ကြောင်း' တွေကို ပြောပြဖူးပါသည်။ သတိထားပြီးဆင်ခြင်ပေးပါ့မယ်ဟုပြန်ပြောထားသည့်ကြားက အောင် ကို ခဏခဏလျစ်လျူရှူမိသည်။
အခုတော့ အောင် တကယ်ကြီးစိတ်ဆိုးနေပြီ။
"ငါတောင်းပန်ပါတယ်ကွာ။ နောက်တစ်ခါဆို ငါတကယ် မင်းကိုပစ်မထားတော့ပါဘူးကွာ"
"မင်းပြောတာပဲ။ ပြီးရင် ငါ့ကိုပဲ မင်းလျစ်လျူရှုခဲ့တာပဲလေ။ ခန့် မင်းကလေ .. ငါ့စကားကိုဆို ဘယ်တော့မှနားမထောင်ဘူး"
"မဟုတ်ပါဘူးကွာ။ ငါ-"
"ဒီနေ့တော့ ကိုယ့်ဘာသာကိုယ်ပြန်တော့။ ငါလိုက်မပို့ချင်တော့ဘူး။ ငါ အိမ်အမြန်ပြန်နားချင်ပြီ"
သူ့စကားကိုဖြတ်၍ပြောသွားသော အောင် က ချက်ချင်းပင် စက်ဘီးကိုနင်း၍ထွက်သွားလေတော့သည်။
ကျန်ခဲ့သည့် ခန့် မှာတော့ မျက်စိရှေ့က စက်ဘီးနင်း၍ထွက်သွားသော အောင်ဖြိုး ရဲ့ကျောပြင်ကိုသာ ကြည့်၍ကျန်နေခဲ့လျက်။
ခန့် ခမျာ ထမင်းချိုင့်အိတ်လေးကိုင်ကာ ငိုတော့မယ့်မျက်နှာကို မနည်းထိန်းထားရသည်။
သူတို့စကားများဖူးတာ ဒီတစ်ခါထဲမှ မဟုတ်တာ။ ခဏခဏပဲကို .. ဘာလို့အခုမှငိုချင်မိနေမှန်းမသိ။ ဒါပေမယ့် စကားခဏခဏများဖူးကြပေမယ့် အောင် က သူ့ကို ဒီနေ့ကလို ပစ်ပစ်ခါခါမလုပ်ဖူးခဲ့သည်ကတော့သေချာပါသည်။ ဒါ့ကြောင့် သူ ဝမ်းနည်းသွားတာပဲဖြစ်ရမည်။
ခန့် ငိုချင်လာသည်ကိုထိန်း၍ ခေါင်းကိုအပေါ်မော့လိုက်၏။
သူ့ရင်ထဲက တိမ်စိုင်မဲတွေကြီးတွေနဲ့ဆန့်ကျင်စွာ ကောင်းကင်ကတော့ ပြာလဲ့ကာ ကြည်လင်ရှင်းသန့်ပြီး သာယာနေလေရဲ့။
TBC.....
••••••••••••••••••••••••••••••••••••••••••••••••••••••
ဖတ်တဲ့သူသိပ်မရှိပေမယ့်လဲ plot လေးက ထွက်လာတာမို့ အားတင်းပြီးဆက်ရေးပါ့မယ် 🥺 ဖတ်တဲ့သူနည်းနည်းရှိလည်း အဲ့အသဲတို့နည်းနည်းကလဲ ကိုယ့်အတွက်တကယ်အားဖြစ်ပါတယ် 💜
~•~•~•~•~•~•
[ Zawgyi ]
" ႏွလုံးသား ေႏွာင္ႀကိဳး "
လူတိုင္းမွာ မျမင္နိုင္တဲ့ ႀကိဳးေတြဆိုတာရွိၾကတယ္တဲ့။
သံေယာဇဥ္ႀကိဳး၊ တြယ္တာျခင္းႀကိဳး၊ ျမတ္နိုးျခင္းႀကိဳး၊ အေႏွာင္အဖြဲ႕ႀကိဳး၊ ခ်စ္ျခင္းႀကိဳး၊ မုန္းျခင္းႀကိဳး၊ နာက်ဥ္းျခင္းႀကိဳး၊ ရြံမုန္းျခင္းႀကိဳး ဆိုတဲ့ ခံစားခ်က္ေပၚမူတည္တဲ့ ႀကိဳးေပါင္းေျမာက္ျမားစြာေတြက လူတစ္ဦးခ်င္းစီတိုင္းမွာ ရွိၾကတယ္။
ဒီလိုပါပဲ .. ငါလည္း မင္းအေပၚမွာ ၅၂၈ ထက္ပိုတဲ့ ခ်စ္ျခင္းႀကိဳးနဲ႔ ရစ္တြယ္လိုက္မိၿပီ။
ငါ့ဘက္က ကမ္းလာတဲ့ႀကိဳးစကို မင္းဘက္က ျပန္ဆုတ္ကိုင္ေပးခဲ့သလို ငါကမ္းခဲ့တဲ့ႀကိဳးစကိုလည္း ဘယ္ေတာ့မွျပန္မျဖဳတ္ခ်ခဲ့ပါနဲ႔။
ဒီတစ္ခုေလးပဲ ငါေတာင္းဆိုပါရေစ ေအာင္....
"ခန့္ .. ခန့္"
"ဟင္?"
ပခုံးကိုလာလွုပ္ရမ္းေတာ့မွ ခန့္ သူ႔မ်က္စိေရွ႕က မ်က္ေမွာင္ႀကီးကုတ္ကာ သူ႔ကိုၾကည့္ေနသည့္ ေအာင္ ကိုသတိထားမိေတာ့သည္။
"ဘယ္သူ႔အေၾကာင္းကို အဲ့ေလာက္ေတြးေနလို႔ ဒီေလာက္သတိလက္လြတ္ျဖစ္ေနရတာလဲ?"
မေက်မခ်မ္းေမးလာပုံက တကယ္ကိုအူယားစရာ။
ခပ္နက္နက္မ်က္ခုံးေမႊးတို႔က စုက်ဳံ႕ေနၿပီး မ်က္လုံးတို႔ကလည္း 'အူတိုျခင္း' ဆိုတဲ့ အရိပ္ေယာင္တို႔ျဖတ္ေျပးေနသည္။
ဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းတဲ့ သူ႔ေကာင္ႀကီးလဲ။
"မင္းအေၾကာင္းေတြးေနတာ"
ခပ္ျပဳံးျပဳံးေလးျဖင့္ျပန္ေျဖရင္း ခန့္ စက္ဘီးေပၚမွဆင္းလိုက္သည္။
ေအာင္ၿဖိဳး ကိုျပန္ၾကည့္ေတာ့ ျပဳံးခ်င္ေနတဲ့မ်က္ႏွာကို အတင္းႀကီးတည္တင္းထားလို႔။
ဒီေကာင္ကေတာ့ သူ႔ကိုအူယားေအာင္လုပ္ျပန္ၿပီ။
"ရယ္ခ်င္လည္းရယ္လိုက္။ ျပဳံးခ်င္လည္းျပဳံးလိုက္။ ျမဳံစိစိနဲ႔ ငါ့ကိုအူယားေအာင္လာမလုပ္နဲ႔။ မင္းအိမ္ေရွ႕လည္းမေရွာင္ဘူး။ ငါဖက္နမ္းမွာေနာ္ ေအာင္"
ခန့္ က မ်က္ခုံးတစ္ဖက္ကိုပင့္ရင္း နားနားကပ္၍ေျပာလိုက္သည္။
ထိုအခါ ညိဳတာမ်ိဳးမဟုတ္ေပမယ့္ ျဖဴခ်င္ဘက္ေရာက္ခ်င္ေနသည့္ အသားဝင္းဝင္းတို႔က ပန္းႏုေရာင္လွိုင္းတို႔ထလာေတာ့သည္။
"အိမ္ေပၚတက္မယ္"
ရွက္ရွက္ႏွင့္စကားလမ္းေၾကာင္းလႊဲကာ သူ႔လက္ကိုဆြဲရင္းေခၚသြားေသာ သူ႔ေရွ႕က ေအာင္ၿဖိဳး သည္ ဘယ္လိုပင္ၾကည့္ၾကည့္ သူ႔အတြက္ေတာ့ခ်စ္စရာေကာင္းေနဆဲပဲပင္။
"မမိုးေရ .. ခန့္ လာၿပီ"
အိမ္အေပါက္ဝကေနေအာ္ေျပာေနေသာ ေအာင္ၿဖိဳး ေၾကာင့္ ဇီးထုပ္အထုတ္ႀကီးကိုကိုင္ကာ ေျပးထြက္လာေသာ မမိုး က အရင္လို ဖိုသီဖတ္သီပါပဲပင္။
ဒါေပမယ့္ မမိုးသည္ ဘယ္ေလာက္ပဲဖိုသီဖတ္သီေနေနပါေစ ႐ုပ္အခံေလးရွိသည္ေၾကာင့္ ဘယ္လိုေနေနကို လွသည္၊ ၾကည့္ေကာင္းသည္။
ၾကည့္ရတာ ဒီေမာင္ႏွမႏွစ္ေယာက္က ဟိုဘဝမွာတုန္းက ဆုေတာင္းေကာင္းခဲ့ပုံရပါသည္။
"ကေလး .. လာ လာ။ အမ ေမၽွာ္ေနတာ"
"ဟုတ္ကဲ့ မမိုး"
မိုးမခ ရဲ့ဆြဲေခၚသြားမွုေနာက္ပါသြားေသာ ခန့္။
အိမ္ေရွ႕တြင္ဝင္ထိုင္ေတာ့ စားပြဲေပၚတြင္ ထုံးစံအတိုင္းမုန့္ထုပ္ေတြအစုံအလင္ျဖင့္။
"ကေလး စားဦး ေရာ့"
အာလူးေၾကာ္ဘူးေတြ၊ ေနၾကာေစ့အထုတ္ေတြ နဲ႔ ဇီးထုပ္ေပါင္းေျမာက္မ်ားစြာတို႔ကို ကမ္းေပးလာေသာ အမေၾကာင့္ ခန့္ မွာ အားနာနာႏွင့္ေတြ႕ရာဇီးထုပ္ကိုသာေကာက္ယူျပလိုက္ေတာ့၏။
"ငါတို႔စာအတူလုပ္မလို႔။ နင္ဘယ္သြားစရာရွိေသးလဲ အမ?"
"မရွိဘူး။ ဒီေန႔ဒီကားေလးၿပီးေအာင္ၾကည့္မလို႔စဥ္းစားထားလို႔"
"အင္း ဒါဆိုေကာင္းပါတယ္။ အျပင္သြားမယ္ဆိုလဲေျပာသြားဦး။ ေတာ္ၾကာ ပါပါး ေမးရင္ ငါမေျဖတတ္ပဲေနမယ္"
"ေအးပါ ငါသိပါတယ္"
ေမာင္ႏွမႏွစ္ေယာက္ေျပာဆိုေနသည္ကို ခန့္ ၿငိမ္၍သာေနရင္း Tv ဘက္ကိုသာ မ်က္လုံးေဝ့ၾကည့္ေနလိုက္ေတာ့သည္။
"ပါပါး ဘယ္အခ်ိန္ျပန္လာမယ္တဲ့လဲ အမ?"
"ညေနမွေပါ့။ ဒီေန႔ေစာမယ္လို႔ေတာ့ေျပာတယ္"
"ဟုတ္လား။ ေကာင္းတာေပါ့"
အမနဲ႔စကားေျပာရင္း ေအာင္ၿဖိဳး ခန့္ ထိုင္ေနရာဘက္သို႔ၾကည့္လိုက္သည္။
Tv ကိုသာ အာ႐ုံျပဳေနေသာ ခန့္ က ျဖဴျဖဴေဖြးေဖြးႏွင့္ ခ်စ္စရာရွဥ့္ေပါက္ေလးအတိုင္း။
ေအာင္ၿဖိဳး Tv ဘက္ကို လိုက္ၾကည့္လိုက္သည္။
Tv ထဲတြင္ ေယာက်ာ္းေလးႏွစ္ေယာက္က လက္ခ်င္းတြဲယွက္ကာထိုင္ေနလ်က္ ပင္လယ္ျပင္ႀကီး၏ညေနဆည္းဆာကိုထိုင္ၾကည့္ေနၾကသည္ပင္။
ထို႔ေနာက္ တစ္ဖက္မွေကာင္ေလးသည္ ေဘးကေကာင္ေလး၏ ပါးျပင္အားတစ္ခ်က္နမ္းလိုက္ေလ၏။
ဟာ ေသၿပီ။ အမတို႔ေတာ့ ေမႊလိုက္ျပန္ၿပီ။
ခန့္ ကိုၾကည့္ေတာ့ မမွိတ္မသုန္ပင္ ခပ္ေအးေအးသာထိုင္ၾကည့္ေနဆဲ။
"ခ်စ္တယ္"
ထိုင္းဘာသာစကားျဖင့္ဆိုလိုက္ေသာ 'ခ်စ္တယ္' ဟူေသာစကားအား ေအာက္တြင္ ျမန္မာစာတန္းကထင္ထင္ရွားရွားထိုးကာေပၚလာေတာ့သည္။
"ခန့္ .. လာ။ ငါတို႔အခန္းထဲစာသြားလုပ္ၾကမယ္"
"ဟဲ့။ ငါဘာမွာေပးရမလဲ?"
အလၽွင္အျမန္ပင္ ထိုင္ေနသည့္ ခန့္ ကိုလွမ္းဆြဲၿပီး အခန္းရွိရာသို႔ဆြဲေခၚေတာ့ အမကအေနာက္ကေန အာျပဲႀကီးနဲ႔လွမ္းေမးရွာသည္။
"ပီဇာ"
တစ္ခြန္းထဲသာ လွမ္းေအာ္ေျဖလိုက္၍ ခန့္ ကို အခန္းထဲမနည္းဆြဲသြင္းလိုက္ရေတာ့သည္။
မျဖစ္ေသး။ ေနာက္ဆို ခန့္ အိမ္လာလည္မယ့္ေန႔က်ရင္ အမကို အဲ့ကားေတြမၾကည့္ဖို႔ မွာထားရမည္။
"ခန့္ .. ဟို...."
"ငါတို႔ဘယ္ဘာသာအရင္ၾကည့္ၾကမလဲ?"
ခန့္ အား ဘယ္လိုရွင္းျပရမည္မွန္းမသိျဖစ္ေနခိုက္ ခန့္ ကခပ္ေအးေအးပင္ စာၾကည့္ဖို႔ရန္ကိုသာေမးလာသည္။ ၾကည့္ရတာ ခန့္ က ခုနက႐ုပ္ရွင္အေပၚအာ႐ုံသိပ္မရွိဘူးနဲ႔တူပါသည္။ ေတာ္ပါေသးရဲ့....
"မင္းဘာလုပ္ခ်င္လဲ?"'
"ငါတို႔သခၤ်ာတြက္ၾကမလား?"
"အင္း အိုေခေလ။ ဟိုမွာထိုင္ႏွင့္လိုက္"
"မင္းကေရာ?"
"လာခဲ့မယ္။ မမိုးကိုေျပာစရာေမ့ခဲ့လို႔"
ျပန္ေျဖရင္းခပ္သြက္သြက္ေျပးထြက္သြားေသာ ေအာင္ၿဖိဳး။
အမဆီသို႔သြားကာ ေနာက္ ခန့္ အိမ္လာလည္တဲ့ေန႔ၾကရင္ ဒီလိုကားေတြမၾကည့္ဖို႔ေျပးမွာရေတာ့သည္။
::::::::::::::::
"ေအာင္! ဒါက ဘယ္ formula နဲ႔တြက္ရမွာလဲ?"
၃နာရီေလာက္ထိ အခန္းထဲတြင္ၿငိမ္ကာစာလုပ္ေနၾကေသာႏွစ္ေယာက္ထံမွ ခန့္ က ထေမးလာသည္။
ဒီလရဲ့လပတ္စာေမးပြဲနီးၿပီမို႔ သူတို႔ႏွစ္ေယာက္က အခ်ိန္ရရင္ရသလို စာအတူတူလုပ္ျဖစ္ၾကသည္။
ဒီေန႔လည္း ေအာင္ ၏အိမ္မွာ စာအတူလာလုပ္ၾကတာျဖစ္သည္။
"ဘယ္အပုဒ္လဲ?"
"(10.2) က နံပါတ္ 7"
"ငါရွင္းျပမယ္။ လာ...."
ခန့္ ၏တြက္လက္စစာအုပ္ကိုလွမ္းယူကာ ေအာင္ၿဖိဳး ေဘးကဖုန္းရဲ့သီခ်င္းသံကိုခဏပိတ္လိုက္သည္။
သူတို႔ႏွစ္ေယာက္က တြက္စာတြက္ေနတဲ့အခ်ိန္ဆို သီခ်င္းနားေထာင္ၿပီးတြက္ေလ့ရွိတဲ့အခ်က္ကေတာ့ တကယ္တူပါသည္။
"ဒီဟာကကြာ..."
"အင္း"
စာရွင္းျပရန္ စကားအစပ်ိဳးလာေသာ ေအာင္ၿဖိဳး က ခန့္ ရဲ့အနားသို႔ပိုတိုးကပ္လာသည္ေၾကာင့္ ခန့္ ရင္ထဲတဒိန္းဒိန္းနဲ႔ပင္ ခြန္းတုံ႔ျပန္လိုက္ရသည္။ ရည္းစားမထားဖူးတာလည္းမဟုတ္။ ရည္းစားလည္းထားဖူးပါရဲ့နဲ႔ ေအာင္ နဲ႔က်မွ ဘာမွမသိတဲ့အင္နိုးစန့္ေလးလို အရာရာရင္ခုန္တတ္ေနသည္။ အခုလည္း စာေသခ်ာရွင္းျပေနသည့္ ေအာင္ ရဲ့အသံေလးက ဩရွရွနဲ႔ သူ႔နားထဲစမ္းေရပမာ ႏွလုံးသားထဲထိ စီးဝင္လာ၏။ စာရြက္သားေပၚ ရွပ္ေျပးေနသည့္ ေအာင္ ရဲ့လက္ေခ်ာင္းေတြက ေယာက်ာ္းတစ္ေယာက္လက္ဆိုတာထက္ကိုလွသည္။ ပိန္ရွည္သြယ္သြယ္လက္ေခ်ာင္းေလးေတြမွာမွ ပန္းဆီေရာင္သန္းေနတဲ့ လက္သည္းခြံေလးေတြ။ လက္ေမႊးႏုႏုေလးေတြက ေယာက်ာ္းဆန္ဆန္ျဖင့္ၾကည့္ေကာင္းလွ၏။ အေၾကာစိမ္းေလးေတြယွက္ျဖာေနသည့္လက္က ေဘာပင္ကိုင္ထားသည္ေၾကာင့္ ျမင္ေနရတဲ့လက္ဆစ္ေလးေတြသည္ ပန္းပုဆရာတစ္ေယာက္ထုဆစ္ထားသည့္ႏွယ္ ေသသပ္လြန္းသည္။
"နားလည္လား?"
အဲ့မွာေသတာပဲ။ ေအာင္ ရဲ့အလွတရားကိုစာဖြဲ႕ေနတာနဲ႔ စာရွင္းျပသြားတာကိုတစ္လုံးမွမသိလိုက္။ မတတ္နိုင္ဘူး။ အခုေတာ့ ၾကည့္ၾကပ္ေဖာၿပီး ေနာက္မွ အဲ့ပုစၧာကိုက်ဴရွင္ေရာက္မွ ရသ ကိုေမးရေတာ့မွာပဲ။
"အင္း။ နားလည္သြားၿပီ။ ေက်းဇူးပဲ"
ခန့္ က ေက်းဇူးတင္စကားဆိုေတာ့ ပါးခ်ိဳင့္နက္ႀကီးေတြနဲ႔ 'no need' ဆိုၿပီးျပဳံးၿပီးျပန္ေျဖလာတဲ့ ေအာင္။
ႏွလုံးသားေလးေရ မင္းအိေျႏၷရရေနစမ္း။
"စာေမးပြဲေျဖၿပီးတာနဲ႔ ကထိန္လာေတာ့မွာေနာ္ ခန့္။ ငါတို႔အတန္းထဲမွာေအးေဆးကျမင္းရမယ့္ရက္ေတြျပန္ေရာက္လာဦးမွာပဲ"
ျပဳံးျပဳံးႀကီးႏွင့္ ဝမ္းသာအားရေျပာေနေသာ ေအာင္ ရဲ့စကားေၾကာင့္ သူလည္းထပ္တူရယ္လိုက္မိသည္။
၉တန္းဆိုတဲ့အခ်ိန္က တကယ္ကိုေပ်ာ္စရာအတန္းအရြယ္လို႔ဟုေတာင္ထင္မိပါသည္။
ပြဲေတာ္ရက္ေတြနဲ႔ ပြဲေတာ္မတိုင္ခင္ရက္ေတြဆို ဆရာ၊ဆရာမေတြက အတန္းမဝင္ဘဲ ပစ္ထားၾကတာကမ်ားသည္။ အလုပ္မအားၾကသလို အားၾကရင္လည္း ၁၀တန္းေတြကိုသာ အခ်ိန္ေပးသင္ၾကသည္ေၾကာင့္ အထက္တန္းေရာက္ေနသည့္ သူတို႔၉တန္းက အလြတ္လပ္ဆုံးပင္။ အခုလဲ မၾကာခင္ေရာက္ေတာ့မည့္ တန္ေဆာင္မုန္းကိုေတြးကာေပ်ာ္ရျပန္၏။
ျပဳံးျပဳံးႀကီးႏွင့္ ဝမ္းသာအားရေျပာေနေသာ
"ေအးကြ။ စာေမးပြဲၿပီးတာနဲ႔ ငါတို႔ေအးေဆးျပန္ျဖစ္ေတာ့မွာပဲ။ မင္းအတြက္ေတာ့ရွယ္ပဲေပါ့"
"ဟင္ .. ဘာလို႔လဲ?"
"မင္းက အတန္းထဲဖင္မျမဲတဲ့ေကာင္ဆိုေတာ့ လြတ္လပ္ေရးရတဲ့ေန႔ေတြမ်ားလာဦးမွာမလား။ မင္းအတြက္ရွယ္ပဲေလ"
ရြဲ႕တဲ့တဲ့ျပန္ေျဖေနေသာ ခန့္ ေၾကာင့္ ေအာင္ၿဖိဳး ႏွာေခါင္းရွုံ႔လိုက္သည္။
ဒါ သူ႔ကိုထိုင္ခုံမွာဖင္ျမဲဖို႔ သြယ္ဝိုက္ေျပာေနေသာစကားဆိုတာ သူသိတာေပါ့။
"ျမဲပါတယ္ကြာ"
"ဘာလဲ ဆရာမစာသင္ေနတဲ့အခ်ိန္လား?"
"ဟာ မင္းကလဲ"
မ်က္ႏွာဇီးရြက္ေလာက္နဲ႔ျပန္ေျပာေနေသာ ေအာင္ၿဖိဳး က သူ႔ကိုဆူေနသည္ဟုေအာက္ေမ့ေနပုံရသည္။ ဒီလိုက်ေတာ့လည္း သူ႔မွာအျပစ္မတင္ရက္နိုင္ျပန္ေတာ့။
"ငါမင္းကိုဆူေနတာမဟုတ္ဘူး။ ေျပာျပေနတာ။ တစ္ခါတစ္ေလေလးကြာ အတန္းထဲမွာ ဆရာမ မဝင္တဲ့အခ်ိန္ေတြဆို ငါလည္း ငါ့ရည္းစားေလးနဲ႔ေအးေဆးအတူတြဲထိုင္ၿပီး စကားေလးဘာေလးေျပာခ်င္တာေပါ့။ အခုဟာက ဆရာမ မရွိတာနဲ႔ မင္းကိုပါမေတြ႕ေတာ့ဘူး။ ဘယ္ေပ်ာက္ေပ်ာက္သြားမွန္းမသိ။ မင္းငါ့ကြယ္ရာမွာ အျခားအတန္းကေကာင္မေလးေတြဘာေတြေတာ့ ရွိမေနပါဘူးေနာ္ ေအာင္"
"ဟာ မဟုတ္ပါဘူးကြာ။ ငါက ဝဏၰ ကိုအေဖာ္လိုက္ေပးေနတာပါ။ မင္းသိတဲ့အတိုင္း သူ႔ေကာင္မေလးက D အခန္းကဆိုေတာ့....."
ခန့္ ရဲ့လက္ေလးကိုလွမ္းဆြဲကာ ရယ္က်ဲက်ဲနဲ႔ သူ႔အျပစ္လြတ္ေရး ဒို႔အေရး ကို အယူခံဝင္ေနေသာ ေအာင္ၿဖိဳး ပင္။
ခန့္ က မွင္ေသေသ႐ုပ္ျဖင့္ မ်က္ေစာင္းသာထိုးလိုက္ေတာ့သည္။
"မင္းမွာေကာင္မေလးရွိမေနတာေသခ်ာပါတယ္ေနာ္?"
"ေသခ်ာတာေပါ့ကြ။ ငါ့မွာမင္းတစ္ေယာက္ပဲရွိတာ"
"ရွိလည္းကိစၥေတာ့မရွိပါဘူး"
"ဟမ္?"
သူ႔အေျဖကိုခပ္ေအးေအးသာျပန္ေျပာလာေသာ ခန့္ ေၾကာင့္ ေအာင္ၿဖိဳး ေၾကာင္သြားေလသည္။
ဘာလဲ .. သူ႔မွာေနာက္တစ္ေယာက္ရွိေနလဲ ခန့္ က စိတ္မဝင္စားဘူးလို႔ဆိုလိုတာလား?
"မင္းမွာေကာင္မေလးရွိလာရင္လည္း အဲ့ေကာင္မေလးဆီကေန မင္းကိုရေအာင္ ငါကဆြဲထုတ္လာမွာမို႔လို႔"
မ်က္စိတစ္ဖက္မွိတ္ကာ သြားထက္ေလးေတြလက္တဲ့အထိ ရယ္ရင္းေျပာလာတဲ့ ခန့္ ရဲ့ စကားက ေအာင္ၿဖိဳး ၏ရင္ကို ဝုန္းဒိုင္းၾကဲေစသည္။
ျဖဴေဖြးေဖြးပါးျပင္ေလးက ရယ္ေနသည္ေၾကာင့္ မို႔တက္ေနကာ မ်က္လုံးေလးေတြကလည္း ေမွးက်ဥ္းလာလို႔။ ျပတင္းေပါက္ၾကားကေနတိုးေဝွ႕ဝင္လာတဲ့ေလႏုေလးေတြက ခန့္ ရဲ့ဆံႏြယ္နက္တို႔ကို ပိုးမၽွင္ေလးပမာ ယိမ္းႏြဲ႕ေစသည္။ စားပြဲေပၚသို႔ လက္တစ္ဖက္ကိုတံေတာင္မွေန၍ေထာက္ထားၿပီး ထိုလက္ထဲရွိေဘာပင္ကိုလွည့္ကာေဆာ့ေနသည္ေၾကာင့္ ခန့္ ရဲ့လက္ေခ်ာင္းရွည္သြယ္သြယ္ေလးေတြက ေနေရာင္ေအာက္မွာ ျဖဴဝင္းလို႔ေန၏။
ခန့္ သည္ ေယာက်ာ္းေလးတန္မဲ့ လွလြန္းသည္။
ေခ်ာသည္မဟုတ္၊ ခန့္ညားသည္လည္းမဆိုနိုင္။ လွကိုလွလြန္းသည္။ ေယာက်ာ္းေလးတစ္ေယာက္အတြက္ 'လွသည္' ဆိုတဲ့အသုံးအႏွုန္းမ်ိဳးသည္ ခန့္ ႏွင့္သာလိုက္ဖက္ပါသည္။
"ခန့္"
"အင္း"
"မင္းသိပ္လွတယ္"
အဆက္အစပ္မရွိထေျပာလာတဲ့ ေအာင္ၿဖိဳး စကားေၾကာင့္ ခန့္ မ်က္လုံးအိမ္တို႔ ဝိုင္းစက္လာ၏။ ထို႔ေနာက္ ရွိန္းခနဲျဖစ္သြားေသာပါးျပင္တို႔က သူ႔မ်က္ႏွာႀကီးရဲေနၿပီဆိုတာ ေသခ်ာေပါက္ပါပဲပင္။ ရင္ထဲမွာေတာ့စစ္တိုက္ေနေလၿပီ။
ေအာင္ က ဒီလိုစကားေတြလဲ ေျပာတတ္တာပဲလား...
"မင္း ဘာ .. ဘာေျပာလိုက္တာ?"
"မင္းအရမ္းလွတယ္လို႔။ ေယာက်ာ္းေလးျဖစ္ၿပီး ဘာလို႔ဒီေလာက္လွေနရတာလဲကြာ။ ငါမင္းကိုဖြက္ထားခ်င္လာၿပီ"
"ေအာင္ .. မင္းေနာ္။ ငါ ငါ့ကိုဘာစကားေတြလာေျပာေနတာလဲ?"
ရွက္ေနၿပီျဖစ္ေသာ ခန့္ က ေခါင္းႀကီးငုံ႔ကာ စာအုပ္ကိုအာ႐ုံျပဳလိုက္ေတာ့သည္။ တြက္ေနတဲ့သခၤ်ာဂဏန္းေတြကိုလည္း သူဘာမွမသိေတာ့။ ပူထူေနတဲ့သူ႔မ်က္ႏွာကိုသာ ေရခဲေျပးကပ္ခ်င္စိတ္ေတြသာ ေပါက္ေနသည္။ ေဘးက ေအာင္ ကေတာ့ သူ႔ကိုျပဳံးျပဳံးႀကီးႏွင့္သာ စိုက္ၾကည့္ေနဆဲကို မ်က္လုံးေထာင့္မွျမင္ေနရ၏။
ဒီေကာင္ေတာ့လား .. လူကိုႏွလုံးခုန္ႏွုန္းရပ္ၿပီး ေသေအာင္လာလုပ္ေနတာပဲ။
"ဘာၾကည့္ေနတာလဲ? စာလုပ္ေလ"
မေနတတ္ေတာ့တဲ့သူကပဲ ေအာင္ ကိုလွမ္းေဟာက္ေတာ့ ျပဳံးျပဳံးႀကီးနဲ႔ကို ေခါင္းခါျပလာ၏။
ဒီေကာင္ ႐ူးမ်ားသြားတာလား....?
"ငါမင္းကိုနမ္းခ်င္တယ္"
ခန့္ မရေတာ့။ သူ႔မ်က္ႏွာရဲ့အပူခ်ိန္က ဒါအျမင့္ဆုံးပဲျဖစ္သည္။ ဘယ္လိုမွဟန္မေဆာင္နိုင္ေတာ့တဲ့အဆုံး ခန့္ မ်က္ႏွာကိုလက္ဝါးနဲ႔အုပ္ခ်လိုက္ေတာ့၏။ ေအးခနဲအထိအေတြ႕က သူ႔လက္ဖဝါးျပင္မွျဖစ္သည္။
"ဘာျဖစ္လို႔လဲ ခန့္?"
မ်က္ႏွာကိုလက္ဖဝါးနဲ႔အုပ္ထားၿပီး ေခါင္းကိုပါစားပြဲေပၚတင္ကာငုံ႔ခ်လိုက္သည္မို႔ ေအာင္ၿဖိဳး အလန့္တၾကားျဖင့္ ေမးေလေတာ့သည္။
"မင္းငါ့ကိုေသေအာင္လုပ္ေနတာလား!"
ေခါင္းကိုဆတ္ခနဲျပန္ေထာင္ၿပီး စိတ္တိုတိုႏွင့္ဘုဆတ္ဆတ္ျပန္ေခ်ပလိုက္ေတာ့ ေအာင္ၿဖိဳး သည္ မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ျဖင့္ အူေၾကာင္ေၾကာင္လုပ္ေနျပန္သည္။
"ငါ .. ငါ ဘာလုပ္မိလို႔လဲဟင္?"
"ငါ့ကို ရင္အခုန္လြန္ၿပီးေသေအာင္ မင္းလုပ္ေနတာေလ။ ငါ့မ်က္ႏွာလည္းလာကိုင္ၾကည့္ဦး။ ၾကက္ဥေတာင္ေၾကာ္လို႔ရေနၿပီ။ ေတြ႕လား"
ဇိုးဇတ္ျဖင့္ ေအာင္ၿဖိဳး ၏လက္ကိုလွမ္းဆြဲကာ သူ႔ပါးေပၚတင္လိုက္ေသာ ခန့္ က မ်က္ေမွာင္ႀကီးကုတ္လို႔ ရွက္ေဒါသတို႔ထြက္လို႔ေနသည္။
ေအာင္ၿဖိဳး ရယ္သည္။ ခန့္ ရဲ့ဒီပုံစံေလးကိုၾကည့္ၿပီး ႏွစ္လိုဖြယ္ရာကို ရယ္ပါသည္။
"ဟုတ္ပါရဲ့။ ၾကက္ဥေတာင္ေၾကာ္လို႔ရေနၿပီ။ ငါေနာက္ေဖးမွာၾကက္ဥတစ္လုံးသြားယူလိုက္ရမလား?"
ေနာက္လက္တစ္ဖက္နဲ႔ပါ ခန့္ ရဲ့လြတ္ေနတဲ့ပါးတစ္ျခမ္းေပၚထပ္တင္လိုက္၍ ေအာင္ၿဖိဳး ရယ္က်ဲက်ဲႏွင့္ဆိုသည္။ သူ႔စကားေၾကာင့္ ခန့္ မ်က္ေမွာင္က်ဳံ႕ကာ ႏွုတ္ခမ္းစူထြက္လာေတာ့၏။ ပါးႏွစ္ဖက္ေပၚ ေအာင္ၿဖိဳး ကလက္ျဖင့္အသာတင္ကာကိုင္ထားေသာေၾကာင့္ စူေနသည့္ႏွုတ္ခမ္းေလးက ပန္းဆီေရာင္သန္းေနကာ စိုလဲ့ေနသည္။
ေအာင္ၿဖိဳး ထပ္တိုး ရင္ခုန္လာျပန္၏။
"ငါတကယ္မင္းကိုနမ္းခ်င္လာၿပီ"
"တစ္ခါပဲရမယ္"
မ်က္ေမွာင္ကုတ္ကာျပန္ေျဖေနေသာ ခန့္ ရဲ့ခြင့္ျပဳစကားက ေအာင္ၿဖိဳး အတြက္ေတာ့ မုန့္ရသြားတဲ့ကေလးတစ္ေယာက္လိုခံစားခ်က္ပဲ။
ေပ်ာ္ခ်င္စိတ္ကိုခဏေဘးဖယ္။ သူ႔ေကာင္ေလးစိတ္မေျပာင္းခင္ အခြင့္အေရးကိုအရင္ယူရဦးမည္။
ခန့္ ရဲ့ပါးျပင္ေလးထဲ ေအာင္ၿဖိဳး ႏွုတ္ခမ္းပါးတို႔အၾကာႀကီးထိကပ္လိုက္ၿပီးမွ ျပန္ခြါေပးလိုက္ေလသည္။ တစ္ခါပဲရမွာဆိုေတာ့ ရတဲ့တစ္ခါေလးကို အခြင့္အေရးေကာင္းေကာင္းယူရမယ္ေလ။ သနပ္ခါးနံ႔ေလးရေနတဲ့ ခန့္ ရဲ့ပါးေလးက ႏူးညံ့လြန္းသည္။
"တကယ္တစ္ခါပဲလား?"
မ်က္ႏွာငယ္ေလးနဲ႔ ေအာင္ၿဖိဳး ေမးေတာ့ ခန့္ က မ်က္ေစာင္းအရင္ထိုးသည္။
"ေတာ္ၿပီ မပိုလာနဲ႔ေနာ္။ စာလုပ္ေတာ့"
စာအုပ္ကိုမ်က္စပစ္ျပလိုက္ရင္းေျပာလိုက္၍ ခန့္ သည္လည္း သူ႔စာကိုသာသူျပန္လုပ္ေနေတာ့၏။ ေအာင္ၿဖိဳး မွာေတာ့ အင္တင္တင္ျဖင့္သာ စာျပန္လုပ္ေနရေတာ့သည္။
ဒီေလာက္တြန့္တိုေနတာ ေနပေလ့ေစဦး။ ေနာက္မွ တစ္ဝႀကီးနမ္းပစ္ဦးမယ္။
* * * * * * * * * * *
တိတ္ဆိတ္ေနတဲ့အခန္းထဲတြင္ နာရီသံတစ္ခ်က္ခ်က္ႏွင့္ ေျခသံပါးပါးတို႔ကိုသာ ခပ္တိုးတိုးၾကားေနရပါသည္။ အေဝးကပ်ံ႕လြင့္လာတဲ့ငွက္သံတို႔ကိုလည္း နားစြံနားဖ်ားၾကားရေသးသည္။
ထိုအသံတို႔မွလြဲ တိတ္ဆိတ္ေနတဲ့အခန္းငယ္က ေျခာက္ကပ္ကပ္ေတာ့နိုင္လွ၏။
"ေခါင္းေတြလွည့္မေနၾကနဲ႔ေနာ္။ ငါခုံနံပါတ္မွတ္ထားမွာ"
အခန္းေစာင့္ဆရာမက ပုံမွန္သံျဖင့္သာေျပာေနေပမယ့္ စာေမးပြဲခန္းအတြင္းတိတ္ဆိတ္ေနသည္ေၾကာင့္ ထိုအသံကက်ယ္ေလာင္သည္ဟုေတာ့ထင္ရသည္။
ဒီေန႔က စာေမးပြဲေနာက္ဆုံးေန႔။
Bio နဲ႔ Eco ကို ခုံနံပါတ္အလိုက္ ေရာေျဖရေသာေၾကာင့္ ေဘးတြင္ Eco သမားသာရွိေလသည္။ ေနာက္ဆုံးေန႔မို႔ ဘာသာမတူတာေတာင္ တစ္ေယာက္ေက်ာ္တြင္ရွိေနေသာ ကိုယ္နဲ႔ဘာသာတူအခ်င္းခ်င္းကိုရေအာင္လွမ္းေမးေနပါေသာ ေက်ာင္းသားေတြသည္ ေတာ္႐ုံစေကးေတာ့မဟုတ္ပါ။ ဆရာမ ေက်ာေပးတာနဲ႔ အလစ္တြင္ စာအုပ္ကိုရေအာင္ေထာင္ျပတဲ့သူကျပ၊ ကူးတဲ့သူကကူး၊ ေမးခြန္းစာရြက္ေတြမွာအေျဖေရးထားၿပီး ေမးခြန္းစာရြက္ခ်င္းလဲတဲ့လူကလဲႏွင့္ စည္းဝါးညီလွသည္။
ခန့္ ကေတာ့ ေျဖၿပီးသားအေျဖလႊာကို ႏွစ္ေက်ာ့ျပန္စစ္ၿပီးၿပီမို႔ အခ်ိန္မျပည့္မခ်င္း ငုတ္တုပ္သာထိုင္ေနရသည္။ ခပ္လွမ္းလွမ္းက ေအာင္ၿဖိဳး ကို လွမ္းၾကည့္ေတာ့ တစ္ဖက္က စံျမင့္ ကို စာအုပ္ေထာင္ျပေနတာ အားရပါးရကိုပါပဲ။ စံျမင့္ သည္လည္း အားရပါးရကို ကူးေနေလသည္။
ၾကည့္ရတာ ေအာင္ၿဖိဳး လည္းေျဖၿပီးၿပီထင္သည္။
"၅မိနစ္ပဲက်န္ေတာ့တယ္ေနာ္။ မၿပီးေသးတဲ့သူေတြျမန္ျမန္ေျဖၾက။ ေျဖၿပီးသြားတဲ့သူေတြကလည္း ေသခ်ာျပန္စစ္။ ေမးခြန္းနံပါတ္ေတြေသခ်ာစစ္ၾကေနာ္။ က်န္ေနခဲ့မယ္"
ဆရာမရဲ့သတိေပးစကားသံေၾကာင့္ လွုပ္လွုပ္ရွားရွားအသံေတြ၊ စာရြက္လွန္သံေတြ ထြက္လာေတာ့သည္။ သူ သည္လည္း ေနာက္တစ္ေခါက္စာအုပ္ျပန္လွန္လိုက္ကာ ေမးခြန္းနံပါတ္ေတြစုံ၊မစုံ အရင္စစ္လိုက္၏။ ၿပီးမွ ေျဖထားတဲ့စာေတြကိုျပန္စစ္ေနလိုက္ေတာ့သည္။
တီ....**
ဘဲလ္သံေပၚလာသည္ႏွင့္ အကုန္လုံးကလည္း အေျဖလႊာအပ္ဖို႔အသင့္အေနအထားေတြျဖင့္ ဆရာမလာယူမည့္အခ်ိန္ကိုေစာင့္ေနၾကသည္။ ဆရာမႏွစ္ေယာက္မွ အေျဖလႊာေတြလိုက္ယူၿပီးခ်ိန္တြင္ အားလုံးအတန္းျပင္သို႔ထြက္လာၾကကာ ခ်က္ခ်င္းပင္ဆူညံသြားေလေတာ့သည္။ အေျဖတိုက္သံေတြ၊ မရဘူးဆိုတာေတြ၊ မေျဖနိုင္ဘူးဆိုတဲ့စကားေတြကို ေနရာတိုင္းမွာၾကားေနရသည္။ အခန္းေရွ႕ကေကာ္ရစ္တာမွာထုတ္ထားေသာလြယ္အိတ္ေတြရွိရာေနရာတြင္ အျဖဴအစိမ္းႏွင့္ ေက်ာင္းသား၊ေက်ာင္းသူေလးမ်ားသည္ ပုရြက္ဆိတ္ေတြပမာအုံေဖြးေန၏။
"ခန့္..."
ေအာင္ၿဖိဳး က လွမ္းေခၚသည္မို႔ ခန့္ လြယ္အိတ္ကိုေကာက္ယူရင္း လွည့္ၾကည့္လိုက္သည္။
"ေျဖနိုင္လား?"
"အင္း မဆိုးပါဘူး။ မင္းေရာ?"
"ငါလည္းမဆိုးပါဘူး"
"ေမးခြန္းနံပါတ္ 3 ကေလ....."
စကားတေျပာေျပာႏွင့္ ႏွစ္ေယာက္အတူတူ ေလွကားမွဆင္းလာၾကေတာ့ ေအာက္ထပ္တြင္ အခန္းထဲမွထြက္လာေသာ ရသ ကိုေတြ႕ေလ၏။
"ရသ"
ခန့္ ကလွမ္းေခၚလိုက္သည္မို႔ စကားေျပာေနဆဲ ေအာင္ၿဖိဳး က ရပ္သြားကာ ရသ သည္လည္း အသံၾကားရာဘက္လွည့္ၾကည့္လာသည္။
"သူရိန္ .. ေျဖနိုင္လား?"
"အင္း။ မင္းေရာ?"
"ငါလည္းေျဖနိုင္ပါတယ္"
"ဒါနဲ႔ေလ....."
ရသ နဲ႔သာစကားဆက္ေျပာေနရင္း ေရွ႕ကိုဆက္ေလၽွာက္ေနေသာ ခန့္ သည္ သူ႔ေနာက္မွမ်က္ႏွာစူပုတ္လ်က္လိုက္လာေသာ ေအာင္ၿဖိဳး ကို သတိမထားမိပါ။
သူ႔ကိုေမ့ကာ စာအေၾကာင္း၊ေပအေၾကာင္းေတြ ေျပာေနေသာ ခန့္ နဲ႔ မင္းရသ တို႔ႏွစ္ေယာက္ကိုသာ ရွူတည္တည္နဲ႔ၾကည့္ရင္း လိုက္လာခဲ့ေတာ့ေလသည္။
"သြားၿပီ။ က်ဴရွင္ေရာက္မွေတြ႕ၾကမယ္ သူရိန္"
"အင္း"
ေက်ာင္းအေပါက္ဝေရာက္မွစကားစျပတ္သြားေသာ ခန့္ က အခုမွ ေအာင္ၿဖိဳး ကိုသတိရေလေတာ့သည္။
ေဘးဘီဝဲယာကိုၾကည့္ေတာ့ ေအာင္ ရဲ့အရိပ္အစအနေတာင္မေတြ႕။
ခႏၶာကိုယ္ကိုအရပ္၈မ်က္ႏွာလွည့္ကာ က်ီးကန္းေတာင္းေမွာက္လိုက္ရွာမွ ခပ္လွမ္းလွမ္းတြင္ စက္ဘီးေလးတြန္းၿပီးသြားေနသည္ကိုျမင္လိုက္ရသည္။
လမ္းေၾကာင္းက ေအာင္ ရဲ့အိမ္ဘက္ကိုသာဦးတည္ေနသည္မို႔ ေသခ်ာၿပီ 'ေအာင္' ေတာ့ ေကာက္ေတာ္မူေလၿပီ။
"ေအာင္..."
အေနာက္ကေျပးလိုက္ကာ ရယ္က်ဲက်ဲနဲ႔ေခၚေတာ့ သူ႔ဘက္ကိုလွည့္ေတာင္မၾကည့္ပါ။ စက္ဘီးကေလးတြန္းေနရင္းျဖင့္သာ မ်က္ႏွာတည္တည္ျဖင့္ဆက္ေလၽွာက္ေနေလသည္။
"ဟိတ္ စိတ္ေကာက္ေနတာလား?"
သူေမးေတာ့ ေျခလွမ္းကိုဆတ္ခနဲရပ္လိုက္သည္ေၾကာင့္ ေဘးကလိုက္ေမွးကာေလၽွာက္ေနသည့္သူပါ အျမန္ရပ္လိုက္ရသည္။
"မ်က္ခြက္လာေျပာင္မေနနဲ႔ ခန့္သူရိန္။ ငါစိတ္ဆိုးေနတာ"
မ်က္ေမွာင္ကုတ္ကာေျပာလာသည့္စကားေၾကာင့္ ခန့္ ရယ္က်ဲက်ဲလုပ္ေနသည့္မ်က္ႏွာေလးကိုအျမန္ျပန္တည္လိုက္ရသည္။ သူ႔နာမည္အျပည့္အစုံကိုပါေခၚလာပုံအရ တကယ္ကိုစိတ္ဆိုးေနတာပင္။
ေခ်ာ့ရေတာ့ ခက္ပါၿပီ။
"မဆိုးပါနဲ႔ကြာ။ ေနာက္မျဖစ္ေစရဘူးေလ"
"မင္းကအျမဲအဲ့လိုပဲ။ မင္းရသ နဲ႔မ်ားေတြ႕ၿပီဆို မင္းငါ့ကို ဖုတ္ေလတဲ့ငပိ ရွိတယ္လို႔ေတာင္မထင္ေတာ့ဘူး။ အဲ့ေကာင္နဲ႔မ်ားဆုံၿပီဆို ငါ့ကိုမင္းကလုံးဝေမ့သြားတာေလ။ အဲ့တာေၾကာင့္ ငါကလည္း မင္းရသ ဆိုတဲ့ေကာင္ကို ၾကည့္မရတာ။ ငါမလြန္ဘူးေနာ္"
အမွန္အကန္ႀကီးစိတ္ဆိုးေနပါေသာ ေအာင္ ေၾကာင့္ သူျပန္မေခ်ာ့တတ္ေတာ့။ သူကလဲသူပဲ။ ရသ နဲ႔ေတြ႕ၿပီဆို ဝမ္းသာအားရစကားေျပာရင္း ရသနဲ႔စကားလက္ဆုံက်သြားတတ္သည္။ ငယ္ငယ္ထဲကေပါင္းခဲ့တဲ့ သူငယ္ခ်င္းမို႔ ရင္းႏွီးတာလည္းပါသည္ေၾကာင့္ တစ္ခုခုဆို စကားစက အမၽွင္မျပတ္ေတာ့။
ဒီကိစၥနဲ႔ပတ္သက္ၿပီး ေအာင္ ကလဲ 'သူ စိတ္မေကာင္းျဖစ္ေၾကာင္း၊ သူ မႀကိဳက္ေၾကာင္း' ေတြကို ေျပာျပဖူးပါသည္။ သတိထားၿပီးဆင္ျခင္ေပးပါ့မယ္ဟုျပန္ေျပာထားသည့္ၾကားက ေအာင္ ကို ခဏခဏလ်စ္လ်ဴရွူမိသည္။
အခုေတာ့ ေအာင္ တကယ္ႀကီးစိတ္ဆိုးေနၿပီ။
"ငါေတာင္းပန္ပါတယ္ကြာ။ ေနာက္တစ္ခါဆို ငါတကယ္ မင္းကိုပစ္မထားေတာ့ပါဘူးကြာ"
"မင္းေျပာတာပဲ။ ၿပီးရင္ ငါ့ကိုပဲ မင္းလ်စ္လ်ဴရွုခဲ့တာပဲေလ။ ခန့္ မင္းကေလ .. ငါ့စကားကိုဆို ဘယ္ေတာ့မွနားမေထာင္ဘူး"
"မဟုတ္ပါဘူးကြာ။ ငါ-"
"ဒီေန႔ေတာ့ ကိုယ့္ဘာသာကိုယ္ျပန္ေတာ့။ ငါလိုက္မပို႔ခ်င္ေတာ့ဘူး။ ငါ အိမ္အျမန္ျပန္နားခ်င္ၿပီ"
သူ႔စကားကိုျဖတ္၍ေျပာသြားေသာ ေအာင္ က ခ်က္ခ်င္းပင္ စက္ဘီးကိုနင္း၍ထြက္သြားေလေတာ့သည္။
က်န္ခဲ့သည့္ ခန့္ မွာေတာ့ မ်က္စိေရွ႕က စက္ဘီးနင္း၍ထြက္သြားေသာ ေအာင္ၿဖိဳး ရဲ့ေက်ာျပင္ကိုသာ ၾကည့္၍က်န္ေနခဲ့လ်က္။
ခန့္ ခမ်ာ ထမင္းခ်ိဳင့္အိတ္ေလးကိုင္ကာ ငိုေတာ့မယ့္မ်က္ႏွာကို မနည္းထိန္းထားရသည္။
သူတို႔စကားမ်ားဖူးတာ ဒီတစ္ခါထဲမွ မဟုတ္တာ။ ခဏခဏပဲကို .. ဘာလို႔အခုမွငိုခ်င္မိေနမွန္းမသိ။ ဒါေပမယ့္ စကားခဏခဏမ်ားဖူးၾကေပမယ့္ ေအာင္ က သူ႔ကို ဒီေန႔ကလို ပစ္ပစ္ခါခါမလုပ္ဖူးခဲ့သည္ကေတာ့ေသခ်ာပါသည္။ ဒါ့ေၾကာင့္ သူ ဝမ္းနည္းသြားတာပဲျဖစ္ရမည္။
ခန့္ ငိုခ်င္လာသည္ကိုထိန္း၍ ေခါင္းကိုအေပၚေမာ့လိုက္၏။
သူ႔ရင္ထဲက တိမ္စိုင္မဲေတြႀကီးေတြနဲ႔ဆန့္က်င္စြာ ေကာင္းကင္ကေတာ့ ျပာလဲ့ကာ ၾကည္လင္ရွင္းသန့္ၿပီး သာယာေနေလရဲ့။
TBC.....
••••••••••••••••••••••••••••••••••••••••••••••••••••••
ဖတ္တဲ့သူသိပ္မရွိေပမယ့္လဲ plot ေလးက ထြက္လာတာမို႔ အားတင္းၿပီးဆက္ေရးပါ့မယ္ 🥺 ဖတ္တဲ့သူနည္းနည္းရွိလည္း အဲ့အသဲတို႔နည္းနည္းကလဲ ကိုယ့္အတြက္တကယ္အားျဖစ္ပါတယ္ 💜