အပိုင်း (၁၃)

668 46 4
                                    

[ Unicode ]

" နှလုံးသား နှောင်ကြိုး "

"ငါလုပ်ပေးမယ် ငါလုပ်ပေးမယ်"

အပေါက်ဝတွင် အမှိုက်ပုံးသွားသွန်ဖို့လုပ်နေကြသော အောင်ဖြိုး နဲ့ ဇော်မင်းဦး တို့ကိုတွေ့ လိုက်ရသည်မို့ ခန့် မှာ အပြေးအလွှားပင် သွားတားရတော့သည်။ သူ့အသံကိုကြားတော့ နှစ်ယောက်လုံးက အမှိုက်ပုံးကို မ,ခံနီးမှ ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်ကြတော့၏။

"ငါ သွန်ပေးမယ် ဇော်မင်း။ ပေး"

"ဟာ မဟုတ်တာကွာ။ မင်းအသင်းလဲမဟုတ်ပဲနဲ့။ ရပါတယ်"

"ပေးပါ။ ငါလည်းလက်ဆေးချင်နေတာ။ တလက်စထဲ ငါ ကူပြီးသွန်ပေးခဲ့မယ်။ မင်း မပင်ပန်းတော့ဘူးပေါ့"

သူ နဲ့ ဇော်မင်းဦး ကသာ စကားတွေပြောနေတာ အောင်ဖြိုး ကတော့ တစ်ခွန်းမှဝင်ပြောမလာပါ။ မျက်နှာကိုသာ လွှဲထားလေ၏။ အောင်ဖြိုး သူ့ကို စိတ်ကောက်နေတုန်းပဲနဲ့ တူပါသည်။ ဒါ့ကြောင့်လဲ အောင်ဖြိုး ကို ချော့ဖို့အရေး ဒီဂွင်ကို သူ ဆင်နေခြင်းပင်။

"ဒါဆိုလဲ ကျေးဇူးကွာ သူရိန်"

ဇော်မင်းဦး က ဝမ်းသာအားရနဲ့ကျေးဇူးတင်စကားဆိုတော့ ခန့် မှာ မလိုကြောင်း လက်ကာပြ၍သာပြန်တုံ့ပြန်လိုက်လေသည်။ ဇော်မင်းဦး အခန်းထဲပြန်ဝင်သွားတော့ အောင်ဖြိုး က ထိုနေရာမှာတင် တုပ်တုပ်မှမလှုပ်။ ခန့် အမှိုက်ပုံးရဲ့တစ်ဖက်ကို မ,ကိုင်လိုက်မှ ကျန်တစ်ဖက်အား ခပ်တည်တည်ဖြင့် ဝင်မ,လာသည်။

"သွားကြမယ်"

ခန့် ဘက်ကသာ စကားစပြောပြီး ထွက်လာပေမယ့်လဲ အောင်ဖြိုး ကတော့ လိုက်သာလိုက်နေတာ သူ့ကို တစ်ချက်တောင် မကြည့်သေး။
တော်တော်လဲ စိတ်ကောက်နိုင်တဲ့ကောင်။

"စိတ်ကောက်နေတုန်းပဲလား အောင်?"

ခန့် က လှမ်း​မေးတော့ မျက်ထောင့်နီနဲ့အတူ ပေစောင်းစောင်းလှမ်းကြည့်လာတဲ့ အောင်ဖြိုး။ ခန့် မှာ လန့်လန့်ဖြင့်သာ ရယ်ပြလိုက်ရသည်။

"ငါ နောက်မလုပ်တော့ပါဘူးကွာ။ ငါ တကယ် ကတိပေးပါတယ်"

"နော် အောင် .. ငါ့ကိုစိတ်မဆိုးပါနဲ့တော့။ မင်း စိတ်ဆိုးနေရင် ငါ မနေတတ်ဘူးကွ"

"နှလုံးသား နှောင်ကြိုး"  [Myanmar BL ]Where stories live. Discover now