Commando🍁(Complete)

By NandarMyintMoh

38.1K 3K 276

Zawgyi~ #Seke &Seke -ဘုန္းဆက္ရိွန္ဝါ (Zeus) -ညီေစမင္းေသာ္(Dragon) ဤဇာတ္လမ္းပါအေၾကာင္းအရာမ်ားသည္စာေရးသူ၏စိတ္... More

Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 41🍁
P - 42 🍁
P - 43 🍁
P - 44 🍁
P - 45 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)

P - 46 🍁

303 22 8
By NandarMyintMoh

Zawgyi

"သခင္ႀကီး!!... သခင္ႀကီး!! သစၥာေဖာက္ခံလိုက္ရၿပီ!!

အေပၚဆံုးအခန္းမွာဖမ္းထားတဲ့ ညီေစမင္းေသာ္ဆိုတဲ့ေကာင္ဆီကိုသြားမယ့္ေျခလွမ္းေတြဟာ အလိုလိုရပ္တန္႔သြားရသည္။
ငါ့လို ေကာင္ကိုဘယ္သူက သစၥာေဖာက္ရဲတာလဲ!!...

"ဘာက်က္သေရမရိွတာေတြလာရြတ္ျပေနတာလဲ!"

"သခင္ႀကီး သခင္ႀကီးရဲ့အခ်က္အလက္ေတြကို ရာျပည့္က Commando ဘက္ကေခါင္းေဆာင္ကိုေပးခဲ့ၿပီး သူတို႔ကထြက္ေျပးသြားၿပီ"

"သူတို႔ ဆိုတာ..."

"ရာျပည့္နဲ႔ သ...သခင္ေလး ထက္ ...ထက္ျမတ္ပါ"

"ဘာေစာက္ေရးမပါတာေတြလာေျပာေနတာလဲ!!မင္းေျပာလိုက္တာ ငါ့သား ထက္ျမတ္ကြ!..ငါ့သားက ငါ့ညာလက္ရံုးနဲ႔ေပါင္းၿပီး ငါ့ကိုသစၥာေဖာက္တယ္ဟုတ္လား!!"

"ဟုတ္ ဟုတ္ပါတယ္ အခုကြၽန္ေတာ္တို႔လူေတြအကုန္လံုး ဟိုလူေတြလက္ခ်က္နဲ႔ က်ကုန္က်ပါၿပီ ၊ကြၽန္ေတာ္က သန္႔စင္ခန္းသြားေနတာမလို႔ လြတ္လာခဲ့တာပါ ၊သူတို႔ႏွစ္ေယာက္ကေတာ့ ထြက္ေျပးသြားပါၿပီ"

"ေတာက္!!...ငါ့ေနာက္ေက်ာကိုဓားနဲ႔ထိုးတာပဲ!..အခုခ်က္ခ်င္း အဲ့ႏွစ္ေကာင္ကိုေတြ့ေအာင္ရွာခဲ့!! ေတြ့တာနဲ႔ငါ့ဆီေခၚလာခဲ့... အသာတၾကည္မလိုက္ရင္ သတ္ ျပစ္ ခဲ့!!.."

ခါးက ခါးပတ္ကိုဆြဲျဖဳတ္ရင္း ဒီျပႆနာေတြရဲ့အစကို ျဖစ္ေစတဲ့ ညီေစမင္းေသာ္ဆိုတဲ့ ေကာင္ကို အေရခြံစုပ္ျပစ္ဖို႔ အခန္းထဲဝင္ခဲ့လိုက္ေတာ့ အဲ့ေကာင္က မတ္တပ္ရပ္လ်ွက္လက္ႏွစ္ဖက္​ကိုေျမႇာက္ထားကာအေပၚမွ သံတုပ္တန္းမွသံႀကိဳး
ႏွင့္ခ်ည္ထားသည့္အတိုင္း ေခါင္းငိုက္စိုက္နဲ႔ မ်က္စိမိွတ္ထားသည္။
သည္ေကာင္ကိုျမင္ရတာ သူ႔ရင္ထဲက မီးကိုပိုၿပီး ပူေလာင္ေစတယ္ ၊၊ သူပိုင္ဆိုင္တဲ့သူ႔ပစၥည္းေတြ ၊သူ႔ရဲ့သား ၊သူယံုၾကည္အားကိုးရတဲ့ သူ႔ရဲ့ညာလက္ရံုး ၊ သူအႏွစ္ႏွစ္အလလက ရွာေဖြစုေဆာင္းခဲ့ရတဲ့ ေငြေၾကးေတြဟာ သည္ေကာင္ကအစျပဳခဲ့လို႔ ယခု ကုန္လုနီးပါး အဖမ္းခံ အသိမ္းဆည္းခံေနရသည္။

"မင္းေၾကာင့္ အားလံုးက မင္းေၾကာင့္!!.ရႊမ္း!! ရႊမ္း !!..ရႊမ္း! !!"

ဝမ္းဗိုက္ပိုင္းကို သားေရခါးပတ္ႏွင့္အားကုန္လႊဲရိုက္ခ်လိုက္သည့္ ရိုက္ခ်က္ေၾကာင့္ နဂိုနာက်င္ေနသည့္ ခႏၶာကိုယ္ဟာ ေကြးက်သြားလုနီးပါး၊ အသည္းခိုက္မတတ္နာက်င္ခံစားရသည္။
သံတုတ္နဲ႔အရိုက္ခံထားရေသာေၾကာင့္ မူးေနာက္ရီေဝေနသည့္ေခါင္းဟာလဲ ခ်ာလပတ္ရမ္းေနေအာင္မူးေနာက္ၿပီး တစ္ဆစ္ဆစ္ႏွင့္နာက်င္ေနျပန္သည္။သူ႔ေရ႔ွမွာ သတ္ခ်င္ျဖတ္ခ်င္ေနသည့္ မ်က္ဝန္းေတြႏွင့္ ေဒါသဟုန္းဟုန္း ထေနသည့္ ၪီးေကာင္းျမတ္ကိုေတာင္ သူ ေခါင္းေထာင္မၾကည့္ႏိုင္ဘူး ။
သူထင္တယ္ အခုခ်ိန္ၪီးေကာင္းျမတ္ရဲ့ရုပ္က အေတာ္အၾကည့္ရဆိုးေနမယ္ဆိုတာ...

"ရႊမ္း!!..."

ဝမ္းဗိုက္ကအေရျပားမွစိမ့္ထြက္လာသည့္ေသြးေတြေၾကာင့္ ဝတ္ထားသည့္အျဖဴတီရုပ္ကေလးကိုျဖတ္ကာ ခါးပတ္ရာအတိုင္း ေသြးစီးေၾကာင္းက ျဖတ္စီးေနသည္ကို ေခါင္းငိုက္စိုက္ခ်ထားရာမျွမင္ေနရသည္။

"ရႊမ္း!!..မင္းကိုသတ္ျပစ္မယ္!! ရႊမ္း!!..မင္းေျပာစမ္း!! ဘယ္လိုနည္းနဲ႔ေသခ်င္လဲဆိုတာ "

ဝမ္းဗိုက္ကိုရိုက္ေနရာမွ အေရ႔ွတည့္တည့္သို႔လာရပ္ကာ ခႏၶာကိုယ္၏ ေနရာအႏွံကို လွည့္ပတ္ရိုက္သည္။

နာက်င္မႈဒဏ္ေၾကာင့္ မ်က္ဝန္းမွစီးက်လုနီးနီး မ်က္ရည္ေတြကို အံက်ိတ္သိမ္းဆည္းရင္း မူးေနာက္ေနသည့္ ေခါင္းကိုအားျပဳကာ ေခါင္းေထာင္ၾကည့္လိုက္ရင္း မထီမဲ့ျမင္ အၿပံဳးတစ္ခ်က္ၿပံဳးျပရင္း ၪီးေကာင္းျမတ္ကို ပိုလို႔ေဒါသထြက္ေစလိုက္သည္။

"အဟက္!..."

သူသိတာေပါ့... ၪီးေကာင္းျမတ္ ဒီေလာက္နာက်င္ေအာင္ အရိုးထဲစိမ့္ေနေအာင္နာက်င္ခံစားလာရေအာင္အထိ သူ႔လက္အားျပင္းျပင္း
ႏွင့္ရိုက္ႏွက္ေနေပမယ့္ မနာက်င္သလို ၊ မထီမဲ့မင္အၿပံဳးက ရိုက္ႏွက္ေနသူကို အံ့အားသင့္ေစသည္ေလ...
ကိုယ္က နာက်င္ေအာင္ရိုက္ႏွက္ေနေသာ္လည္း မနာက်င္သလိုျပဳမွဴတဲ့အခါ ေဒါသပိုထြက္ၿပီး အလြဲလြဲအမွားမွားျဖစ္ေစယံုသာမက လက္အားလဲေလ်ာ့ေစသည္။

"မင္းကိုမွ ဒီေန့မသတ္ႏိုင္ရင္ ငါ့နာမည္
ေကာင္းျမတ္မဟုတ္ဘူး!!"

"အဟက္!..ဘာေတြေစာင့္ေနတာလဲ ၪီးေကာင္းျမတ္ရယ္.. က်ဳပ္ ခင္ဗ်ားေရ႔ွမွာ လက္ သံႀကိဳးခ်ည္လ်ွက္နဲ႔ရပ္ေနတာေလ ...အဟက္!..ခင္ဗ်ားသတ္ခ်င္တာမ်ား သတ္လိုက္ေပါ့ ဘာေတြေစာင့္ေနတာလဲ ..အဟင္းးး..."

"ေတာက္!!..သြား ဟိုအပတ္ကေရာက္လာတဲ့ ေသနတ္ ထဲက တစ္လက္ယူခဲ့"

ေနာက္လိုက္ထဲက တစ္ေယာက္ထြက္သြားၿပီး မၾကာခင္မွာ ေသနတ္တစ္လက္ယူၿပီး ျပန္ေရာက္လာသည္။

"ဒီမွာ ဒီေသနတ္ မင္းျမင္ဖူးလား... "

ညီေစ ေခါင္းရမ္းျပေတာ့ ၪီးေကာင္းျမတ္က ေသနတ္ထိပ္ေျပာင္းဝကို ေလတစ္ဟူးဟူးမႈတ္ရင္းတစ္ခ်က္ၿပံဳးကာ...

"ဒီေသနတ္က တရားမဝင္ ဝင္ေရာက္လာတဲ့ ေသနတ္ေတြထဲကတစ္ခုေပါ့ ၊ အသံုးျပဳခြင့္တားျမစ္ခံထားရတဲ့ထဲကတစ္ခုေပါ့ကြာ...ဒီထဲမွာပါတာကေတာ့ က်ည္ဆံေတြပါပဲ...ဒါေပမယ့္ ဒီက်ည္ဆံသာ မင္းကိုယ္ထဲဝင္သြားရင္ သူကေသြးပါမကဘူး မင္းတစ္ကိုယ္လံုးကိုပါ မီးေလာင္သြားေစႏိုင္တယ္ ၊ ၿပီးရင္ေတာ့ တစ္..ေျဖး..ေျဖး ျပာက်သြားမွာေပါ့ကြာ ၊၊ မမိုက္ဘူးလား ဒီေသနတ္ေလး..."

"အင္း..မိုက္တယ္ ေသၿဂိဳလ္စရိတ္သက္သာတာေပါ့ "

"ဟုတ္တယ္... ဒီေသနတ္က ေရာက္လာတာမၾကာေသးဘူးကြ !!ဒီေသနတ္ေတြက ကံေကာင္းစြာနဲ႔ ငါ့ဆီေနာက္ဆံုးေရာက္လာတဲ့ပစၥည္းေတြပဲ ၊ ဒီၾကားထဲ ငါ့ပစၥည္းေတြပို႔တာေတြေကာ တင္သြင္းတာေတြေကာ မင္းစနက္ေၾကာင့္ အားလံုးအဖမ္းဆည္းခံရတယ္ေလ... ေကာင္းတာတစ္ခုက ဒါေလးကေတာ့ ငါ့ဆီေရာက္လာေသးတာပဲ ဟားဟားးး"

"အင္းး.."

သူ႔စကားကိုေထာက္ခံတာမဟုတ္တဲ့ ခႏၶာကိုယ္ရဲ့ေနရာအႏွံ႔က နာက်င္မႈေၾကာင့္ ညည္းၫူမႈျပဳမိသည့္ အသံတစ္ခုသာ...

"ဒီေသနတ္ကို တစ္ခါမွစမ္းမၾကည့္ရေသးဘူးကြ..မင္းကပထမဆံုး ကံထူးရွင္ေပါ့ကြာ... "

"ေခ်ာက္!!.."

ေသနတ္ေမာင္းတင္သံပဲ...
ဟင္းးးးဒီေန့ကေတာ့ ေသမင္းကသတ္မွတ္ေပးတာမဟုတ္တဲ့ ၪီးေကာင္းျမတ္ ဖန္တီးတဲ့ညီ​​ေစမင္း​ေသာ္ရဲ့​​​ေသေန့ထင္ပါတယ္ကြာ ..ေသရမွာေတာင္ လွလွပပ မေသရဘူးပဲ ၊ ၿပီးေတာ့ သူကိုကိုနဲ႔ မလုပ္ရေသးတာေတြ အမ်ားႀကီးက်န္ေသးတယ္၊ ကိုကို႔ကို ေသခ်ာ ခ်စ္မျပရေသးဘူး ၊ ကိုကို႔ရင္ခြင္ေနြးေနြးႀကီးကိုလဲ ခိုလႈံခ်င္ေသးတယ္၊ ေနာက္ဆံုး သူ႔ရဲ့ဖခင္ကိုမ​ျမင္ဖူး​ေသဘူး၊ ​ေဖေဖ​နဲ႔​ေမ​ေမကို လက္အုပ္ခ်ီၿပီးေတာင္မကန္ေတာ့ရေသးဘူး ၊ သူမေသခ်င္ေသးတာေတာ့အမွန္ပဲ....

"အဟင္း...မင္းမလန္႔ေအာင္လို႔ ငါအသံတိတ္ေအာင္လုပ္ေပးပါ့မယ္"

ေသနတ္ေျပာင္းဝကို ႏွလံုးသားတည့္တည့္မွာလာေထာက္ၿပီး ၪီးေကာင္းျမတ္က ဇက္ကိုတစ္ခ်က္ႏွစ္ခ်က္ ခ်ိဳးေနေသးသည္။

ညီေစ့ရဲ့ ႏွလံုးသား၏ ခုန္လႈပ္မႈက အျပင္ဘက္ကေသနတ္ေျပာင္းဝေၾကာင့္လား ၊ သူ႔ရဲ့ဆႏၵေတြမျပည့္ေျမာက္ေသးလို႔ မေသခ်င္ေသးေၾကာင္း ျငင္းဆန္ျပေနသည္လား...

"သခင္ႀကီး..."

"ဘာလဲ.. "

အခန္းထဲအေလာသံုးဆယ္ဝင္ေရာက္လာသည့္ ၪီးေကာင္းျမတ္ေနာက္လိုက္တစ္ေယာက္ေၾကာင့္ ညီေစအသက္ကို​​ျပင္း​ျပင္းတစ္ခ်က္ရိႈက္ရႉမိလိုက္သည္။သည္လူဟာ သူ႔အသက္ကို နာရီပိုင္းေလာက္ကယ္တင္ေပးမည့္သူ ျဖစ္ပါေစဟုလဲတိတ္တစ္ဆိတ္ဆုေတာင္းမိေသးသည္။

"ရာျပည့္နဲ႔ သ..သခင္ေလးရဲ့ တည္ေနရာကို ေျခရာခံမိပါၿပီ.."

"ဘာ အခုလာၿပီ...ဒီေကာင့္ကိုေနာက္မွ ကိစၥရွင္းလဲ အခ်ိန္မွီပါေသးတယ္ေလ...မင္းမီးေလာင္ျပာက်သြားမွာကို တစ္စိမ့္စိမ့္ခံစားခ်င္လို႔ အခုကအခ်ိန္မရေသးလို႔ အသက္ကို တဝႀကီး ရႉထားလိုက္ပါအံုး "

သံႀကိဳးတန္းလန္းႏွင့္သူ႔ကို တစ္ခ်က္ၾကည့္ၿပီး ၪီးေကာင္းျမတ္ႏွင့္သူ႔ရဲ့ တပည့္က အခန္းထဲမွထြက္သြားသည္။ အခန္းထဲမွာက်န္ခဲ့ေသးသည့္ ေနာက္လိုက္ေတြေၾကာင့္ သူထြက္ေျပးဖို႔ရာအခြင့္ကမသာေသးပါ။
သူအသက္ျပင္းျပင္းတစ္ခ်က္ ထပ္ရႉလိုက္ေတာ့ ဝမ္းဗိုက္ကနာက်င္မႈေၾကာင့္ ရႉၿပီးသားေလေတာင္အဆုတ္ဆီ မေရာက္ခင္မွာပဲျပန္ထြက္သြားသည္ဟု ထင္မိသည္။




🍁🍁🍁🍁🍁🍁🍁

သူ႔အသက္ႏွလံုးသားေလးမရိွတဲ့ Condoကိုလဲမျပန္ခ်င္သလို၊ ကိုယ္ပိုင္Condoကိုလဲမျပန္ျဖစ္တာၾကာၿပီမလို႔ မျပန္ခ်င္ေတာ့ပါ၊၊
သူ႔ရဲ့Condoမွာဆိုရင္ အရင္လိုပဲ အခ်စ္မရိွတဲ့ ဗလာသက္သက္ႏွလံုးသားနဲ႔ မိဘေတြအတြက္လက္စားေခ်ဖို႔တစ္ခုသာ ေတြးေနတတ္တဲ့ လူ႔အရုပ္ ဘုန္းဆက္ရိွန္ဝါအျဖစ္ျပန္ေရာက္ေနရမွာ။
မနက္ျဖန္ဆို အရာအားလံုးက ၿပီးဆံုးသြားေတာ့မွာမလို႔ ဒီတစ္ညေတာ့ ညီ နဲ႔ပတ္သတ္တဲ့အမွတ္တရေတြကို သိမ္းဆည္းထားခ်င္ေသးသည္မို႔Logoကိုသာ ျပန္လာခဲ့လိုက္သည္။

"ကိုသက္ေနာင္ "

"ေအး Zeus မင္းျပန္လာတာလား ျပန္နားလိုက္ေလ မနက္အတြက္အဆင္သင့္ျဖစ္ေနေအာင္ ငါနဲ႔ Krist ျပင္ထားၿပီးပါၿပီ ၊ Kelvin ေကာ သက္သာၿပီလား "

"မဆိုးလွပါဘူး ညီ မရိွတဲ့ေနရာမွာကြၽန္ေတာ္တစ္ေယာက္တည္း မေနခ်င္လို႔ပါ"

"ေအးပါ ဒါနဲ႔မင္းအနားယူဖို႔လိုအပ္တယ္ထင္တယ္ ခဏေလာက္နားလိုက္ပါ့လား "

"ကြၽန္ေတာ့္အတြက္အခုခ်ိန္မွာ နားဖို႔ထက္ ညနကအေၾကာင္းေတြကိုအလံုးစံုသိရဖို႔က ပိုလိုအပ္တယ္၊ ကိုသက္ေနာင္ စာရြက္ေတြရၿပီလား "

"ဒီမွာ အဲ့ထဲမွာအကုန္ပါတယ္"

ကိုသက္ေနာက္ေပးတဲ့ စာရြက္ေတြကိုယူၿပီး ညီေစတို႔အဖြဲ႔ရဲ့ နားေနခန္းထဲကိုသာ ဝင္ခဲ့လိုက္ေတာ့ ကုတင္ေပၚမွာ ကန္႔လန္႔ျဖတ္ႀကီး လွဲေနတဲ့ မ်က္ႏွာမသာမယာနဲ႔ Kristကိုေတြ့လိုက္ရတယ္။

"Krist အဆင္ေျပရဲ့လား "

"အင္း မနက္အတြက္ပဲ ႀကိဳးစားၾကရေအာင္ "

"အင္း "

Jole (မာန္ျပည့္)ႏွင့္အဖြဲ႔ကေတာ့
ရာျပည့္ေပးလိုက္တဲ့အခ်က္အလက္ေတြကို ခ်ိတ္ဆက္ၾကည့္လိုက္ၿပီး တည္ေနရာႏွင့္ မူးယစ္ပစၥည္းမ်ား၊ လက္ႏွက္ေမွာင္ခိုမ်ား သိမ္းဆည္းထားသည့္ေနရာေတြကိုပါ တစ္ခါတည္းရွာေဖြၾကသည္။
အေဆာက္အၪီးေတြမွာ အေစာင့္ထားထားသည့္လူအေရအတြက္က မနည္းလွသလို သူတို႔ေတြကိုင္ေဆာင္ၾကသည့္ကလဲ ဒီႏိုင္ငံသိုတင္သြင္းခြင့္မျပဳထားသည့္ ေသနတ္ေတျြဖစ္သည္။

"ေတြ့ၿပီ "

Jole (မာန္ျပည့္)ရဲ့အားရဝမ္းသာေအာ္လိုက္
သည့္အသံေၾကာင့္ အေဆာက္အၪီး ေတြကိုရွာေဖြၾကည့္ရႈေနသူအားလံုး Joleအနားသို႔သြားၿပီး မ်က္ျပင္ကိုၾကည့္လိုက္ၾကသည္။

"ဒါ ...ဒါက... "

မွန္ျပင္ကိုလက္ႏွင့္ၫႊန္ျပၿပီး ေျပာစရာစြံ႔အ,သြားခဲ့ရသူက ကိုသက္ေနာင္...
ရာျပည့္ေပးလိုက္တဲ့အခ်က္အလက္ေတြဟာ တည္ေနရာႏွင့္ အေဆာက္အၪီး တည္ေဆာက္ပံုေျမပံုကိုသာ ပါေသာေၾကာင့္ တည္ေဆာက္ထားသည့္အေဆာက္အၪီးအျပင္ပိုင္းကို ခုမွသာျမင္ဖူးျခင္းျဖစ္ၿပီး အကုန္လံုးကို. ဒါက လူေတြေနတာလားလို႔ ေမးစရာေပၚလာေအာင္လဲ ထူးဆန္းေနခဲ့သည္။

ၿမိဳ႔အလယ္ေခါင္က ၿခံဝန္းအက်ယ္ႀကီးႏွင့္နန္းေတာ္သမ်ွႀကီးမားၿပီးခမ္းနားလွတဲ့ ၃ထပ္တိုက္ႀကီးဟာ အျပင္ဘက္အျပင္အဆင္ကိုျမင္ရသည္ႏွင့္ ရိွန္စရာေကာင္းလွသည္။ေခတ္အဆက္ဆက္ ဘုရင္ေတြနန္းေတာ္တည္ရာ အေဆာက္အၪီးလိုျပင္ဆင္ထားသည္က ခမ္းနားထည္ဝါလြန္းလွၿပီး သည္အိမ္မွာေနၾကသည့္လူေတြအေပၚ အားက်စိတ္ျဖစ္မိက်မွာမလြဲပါ ၊ ဒါေပမယ့္ သည္လွပၿပီး ခမ္းနားထည္ဝါလြန္းလွသည့္အိမ္ႀကီးကို တည္ေဆာက္ဖို႔ရသည့္ပိုက္ဆံေတြဟာ မသန္႔ရွင္းေသာေနရာမွ မတရားေသာနည္းလမ္းျဖင့္ ဥပေဒကို လုပ္ခ်င္သလိုလုပ္ေနၾကေသာ ၊ လူ႔အသက္ေပါင္းမ်ားစြာကို ေသေစႏိုင္ေသာ ဘိန္းႏွင့္ ေမွာင္ခိုလက္ႏွက္ေတြမွ ရလာသည္ဆိုတာကိုသာ သိၾကလ်ွင္... အားက် က်ပါအံုးမလား ၊၊

ထိုေန့ညက တစ္ညလံုးကုန္ဆံုးသြားၿပီး မနက္ေနေရာင္ထြက္လာသည္အထိ Zeusကတစ္ေရးမွ မအိပ္ပဲ ျမတ္ ရဲ့ပိုင္ဆိုင္မႈျဖစ္တဲ့ အေဆာက္အၪီး၏ တည္ေဆာက္ပံုအေသးစိတ္ကို တစ္ညလံုးထိုင္ၾကည့္ေနခဲ့သလို ....
လက္ႏွက္ေတြထားတဲ့အခန္းထဲကို သြားၿပီး အေကာင္းဆံုးနဲ႔ စိတ္အခ်ရဆံုး ၊ အသစ္တီထြင္ထားတဲ့လက္ႏွက္ေတြကို ထုပ္ယူေနတဲ့ ကိုသက္ေနာင္ဟာလဲ တစ္ေရးမွမအိပ္ခဲ့ပါ။
ေသခ်ာတာေနာက္တစ္ခုကေတာ့ အေဝးေျပးလမ္းမထက္က တစ္ရိပ္ရိပ္ေျပးေနတဲ့ကားထဲက ေမးခြန္းေပါင္းမ်ားစြာေမးခ်င္ေနသည့္မ်က္ဝန္းေတြႏွင့္ ကားကိုေမာင္းေနရေသာ တစ္စံုတစ္ေယာက္ႏွင့္ ေသနတ္ဒဏ္ရာမွ နာက်င္မႈဒဏ္ကို အံက်ိတ္ခံေနရသည့္ တစ္စံုတစ္ေယာက္တို႔ဟာလဲ ဘယ္သြားၿပီး ဘာလုပ္ရမည္ ၊ ဘယ္လိုအသက္ဆက္ရွင္ရမည္လဲ ...ဆိုသည့္အေမးေပါင္းမ်ားစြာႏွင့္ မၿပီးဆံုးႏိုင္ေသးသည့္ ေလာကႀကီးတစ္ေလ်ွာက္ ခရီးဆက္ေနရသည့္ ကားတစ္စီးလဲ ရိွေနခဲ့သည္.......

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#31.1.2022
#Nandar Myint Moh

I really want your Feedback and Voting💙

( A/ N ...January လ တစ္လလံုး ေလလြင့္ႏြားမ လုပ္ၿပီးသကာလ ကိုယ္ျပန္လာခဲ့ပါၿပီ 🤨😃🙃
စာဖတ္သူေတြ ရက္အၾကာႀကီးေစာင့္ေနစေရတဲ့အတြက္ ကိုယ္က ေတာင္းပန္ပါတယ္ေနာ္ အားလဲအားနာပါတယ္ကြယ္ 😔)

Unicode

"သခင်ကြီး!!... သခင်ကြီး!! သစ္စာဖောက်ခံလိုက်ရပြီ!!

အပေါ်ဆုံးအခန်းမှာဖမ်းထားတဲ့ ညီစေမင်းသော်ဆိုတဲ့ကောင်ဆီကိုသွားမယ့်ခြေလှမ်းတွေဟာ အလိုလိုရပ်တန့်သွားရသည်။
ငါ့လို ကောင်ကိုဘယ်သူက သစ္စာဖောက်ရဲတာလဲ!!...

"ဘာကျက်သရေမရှိတာတွေလာရွတ်ပြနေတာလဲ!"

"သခင်ကြီး သခင်ကြီးရဲ့အချက်အလက်တွေကို ရာပြည့်က Commando ဘက်ကခေါင်းဆောင်ကိုပေးခဲ့ပြီး သူတို့ကထွက်ပြေးသွားပြီ"

"သူတို့ ဆိုတာ..."

"ရာပြည့်နဲ့ သ...သခင်လေး ထက် ...ထက်မြတ်ပါ"

"ဘာစောက်ရေးမပါတာတွေလာပြောနေတာလဲ!!မင်းပြောလိုက်တာ ငါ့သား ထက်မြတ်ကွ!..ငါ့သားက ငါ့ညာလက်ရုံးနဲ့ပေါင်းပြီး ငါ့ကိုသစ္စာဖောက်တယ်ဟုတ်လား!!"

"ဟုတ် ဟုတ်ပါတယ် အခုကျွန်တော်တို့လူတွေအကုန်လုံး ဟိုလူတွေလက်ချက်နဲ့ ကျကုန်ကျပါပြီ ၊ကျွန်တော်က သန့်စင်ခန်းသွားနေတာမလို့ လွတ်လာခဲ့တာပါ ၊သူတို့နှစ်ယောက်ကတော့ ထွက်ပြေးသွားပါပြီ"

"တောက်!!...ငါ့နောက်ကျောကိုဓားနဲ့ထိုးတာပဲ!..အခုချက်ချင်း အဲ့နှစ်ကောင်ကိုတွေ့အောင်ရှာခဲ့!! တွေ့တာနဲ့ငါ့ဆီခေါ်လာခဲ့... အသာတကြည်မလိုက်ရင် သတ် ပြစ် ခဲ့!!.."

ခါးက ခါးပတ်ကိုဆွဲဖြုတ်ရင်း ဒီပြဿနာတွေရဲ့အစကို ဖြစ်စေတဲ့ ညီစေမင်းသော်ဆိုတဲ့ ကောင်ကို အရေခွံစုပ်ပြစ်ဖို့ အခန်းထဲဝင်ခဲ့လိုက်တော့ အဲ့ကောင်က မတ်တပ်ရပ်လျှက်လက်နှစ်ဖက်​ကိုမြှောက်ထားကာအပေါ်မှ သံတုပ်တန်းမှသံကြိုး
နှင့်ချည်ထားသည့်အတိုင်း ခေါင်းငိုက်စိုက်နဲ့ မျက်စိမှိတ်ထားသည်။
သည်ကောင်ကိုမြင်ရတာ သူ့ရင်ထဲက မီးကိုပိုပြီး ပူလောင်စေတယ် ၊၊ သူပိုင်ဆိုင်တဲ့သူ့ပစ္စည်းတွေ ၊သူ့ရဲ့သား ၊သူယုံကြည်အားကိုးရတဲ့ သူ့ရဲ့ညာလက်ရုံး ၊ သူအနှစ်နှစ်အလလက ရှာဖွေစုဆောင်းခဲ့ရတဲ့ ငွေကြေးတွေဟာ သည်ကောင်ကအစပြုခဲ့လို့ ယခု ကုန်လုနီးပါး အဖမ်းခံ အသိမ်းဆည်းခံနေရသည်။

"မင်းကြောင့် အားလုံးက မင်းကြောင့်!!.ရွှမ်း!! ရွှမ်း !!..ရွှမ်း! !!"

ဝမ်းဗိုက်ပိုင်းကို သားရေခါးပတ်နှင့်အားကုန်လွှဲရိုက်ချလိုက်သည့် ရိုက်ချက်ကြောင့် နဂိုနာကျင်နေသည့် ခန္ဓာကိုယ်ဟာ ကွေးကျသွားလုနီးပါး၊ အသည်းခိုက်မတတ်နာကျင်ခံစားရသည်။
သံတုတ်နဲ့အရိုက်ခံထားရသောကြောင့် မူးနောက်ရီဝေနေသည့်ခေါင်းဟာလဲ ချာလပတ်ရမ်းနေအောင်မူးနောက်ပြီး တစ်ဆစ်ဆစ်နှင့်နာကျင်နေပြန်သည်။သူ့ရှေ့မှာ သတ်ချင်ဖြတ်ချင်နေသည့် မျက်ဝန်းတွေနှင့် ဒေါသဟုန်းဟုန်း ထနေသည့် ဦးကောင်းမြတ်ကိုတောင် သူ ခေါင်းထောင်မကြည့်နိုင်ဘူး ။
သူထင်တယ် အခုချိန်ဦးကောင်းမြတ်ရဲ့ရုပ်က အတော်အကြည့်ရဆိုးနေမယ်ဆိုတာ...

"ရွှမ်း!!..."

ဝမ်းဗိုက်ကအရေပြားမှစိမ့်ထွက်လာသည့်သွေးတွေကြောင့် ဝတ်ထားသည့်အဖြူတီရုပ်ကလေးကိုဖြတ်ကာ ခါးပတ်ရာအတိုင်း သွေးစီးကြောင်းက ဖြတ်စီးနေသည်ကို ခေါင်းငိုက်စိုက်ချထားရာမှမြင်နေရသည်။

"ရွှမ်း!!..မင်းကိုသတ်ပြစ်မယ်!! ရွှမ်း!!..မင်းပြောစမ်း!! ဘယ်လိုနည်းနဲ့သေချင်လဲဆိုတာ "

ဝမ်းဗိုက်ကိုရိုက်နေရာမှ အရှေ့တည့်တည့်သို့လာရပ်ကာ ခန္ဓာကိုယ်၏ နေရာအနှံကို လှည့်ပတ်ရိုက်သည်။

နာကျင်မှုဒဏ်ကြောင့် မျက်ဝန်းမှစီးကျလုနီးနီး မျက်ရည်တွေကို အံကျိတ်သိမ်းဆည်းရင်း မူးနောက်နေသည့် ခေါင်းကိုအားပြုကာ ခေါင်းထောင်ကြည့်လိုက်ရင်း မထီမဲ့မြင် အပြုံးတစ်ချက်ပြုံးပြရင်း ဦးကောင်းမြတ်ကို ပိုလို့ဒေါသထွက်စေလိုက်သည်။

"အဟက်!..."

သူသိတာပေါ့... ဦးကောင်းမြတ် ဒီလောက်နာကျင်အောင် အရိုးထဲစိမ့်နေအောင်နာကျင်ခံစားလာရအောင်အထိ သူ့လက်အားပြင်းပြင်း
နှင့်ရိုက်နှက်နေပေမယ့် မနာကျင်သလို ၊ မထီမဲ့မင်အပြုံးက ရိုက်နှက်နေသူကို အံ့အားသင့်စေသည်လေ...
ကိုယ်က နာကျင်အောင်ရိုက်နှက်နေသော်လည်း မနာကျင်သလိုပြုမှူတဲ့အခါ ဒေါသပိုထွက်ပြီး အလွဲလွဲအမှားမှားဖြစ်စေယုံသာမက လက်အားလဲလျော့စေသည်။

"မင်းကိုမှ ဒီနေ့မသတ်နိုင်ရင် ငါ့နာမည်
ကောင်းမြတ်မဟုတ်ဘူး!!"

"အဟက်!..ဘာတွေစောင့်နေတာလဲ ဦးကောင်းမြတ်ရယ်.. ကျုပ် ခင်ဗျားရှေ့မှာ လက် သံကြိုးချည်လျှက်နဲ့ရပ်နေတာလေ ...အဟက်!..ခင်ဗျားသတ်ချင်တာများ သတ်လိုက်ပေါ့ ဘာတွေစောင့်နေတာလဲ ..အဟင်းးး..."

"တောက်!!..သွား ဟိုအပတ်ကရောက်လာတဲ့ သေနတ် ထဲက တစ်လက်ယူခဲ့"

နောက်လိုက်ထဲက တစ်ယောက်ထွက်သွားပြီး မကြာခင်မှာ သေနတ်တစ်လက်ယူပြီး ပြန်ရောက်လာသည်။

"ဒီမှာ ဒီသေနတ် မင်းမြင်ဖူးလား... "

ညီစေ ခေါင်းရမ်းပြတော့ ဦးကောင်းမြတ်က သေနတ်ထိပ်ပြောင်းဝကို လေတစ်ဟူးဟူးမှုတ်ရင်းတစ်ချက်ပြုံးကာ...

"ဒီသေနတ်က တရားမဝင် ဝင်ရောက်လာတဲ့ သေနတ်တွေထဲကတစ်ခုပေါ့ ၊ အသုံးပြုခွင့်တားမြစ်ခံထားရတဲ့ထဲကတစ်ခုပေါ့ကွာ...ဒီထဲမှာပါတာကတော့ ကျည်ဆံတွေပါပဲ...ဒါပေမယ့် ဒီကျည်ဆံသာ မင်းကိုယ်ထဲဝင်သွားရင် သူကသွေးပါမကဘူး မင်းတစ်ကိုယ်လုံးကိုပါ မီးလောင်သွားစေနိုင်တယ် ၊ ပြီးရင်တော့ တစ်..ဖြေး..ဖြေး ပြာကျသွားမှာပေါ့ကွာ ၊၊ မမိုက်ဘူးလား ဒီသေနတ်လေး..."

"အင်း..မိုက်တယ် သေဂြိုလ်စရိတ်သက်သာတာပေါ့ "

"ဟုတ်တယ်... ဒီသေနတ်က ရောက်လာတာမကြာသေးဘူးကွ !!ဒီသေနတ်တွေက ကံကောင်းစွာနဲ့ ငါ့ဆီနောက်ဆုံးရောက်လာတဲ့ပစ္စည်းတွေပဲ ၊ ဒီကြားထဲ ငါ့ပစ္စည်းတွေပို့တာတွေကော တင်သွင်းတာတွေကော မင်းစနက်ကြောင့် အားလုံးအဖမ်းဆည်းခံရတယ်လေ... ကောင်းတာတစ်ခုက ဒါလေးကတော့ ငါ့ဆီရောက်လာသေးတာပဲ ဟားဟားးး"

"အင်းး.."

သူ့စကားကိုထောက်ခံတာမဟုတ်တဲ့ ခန္ဓာကိုယ်ရဲ့နေရာအနှံ့က နာကျင်မှုကြောင့် ညည်းညူမှုပြုမိသည့် အသံတစ်ခုသာ...

"ဒီသေနတ်ကို တစ်ခါမှစမ်းမကြည့်ရသေးဘူးကွ..မင်းကပထမဆုံး ကံထူးရှင်ပေါ့ကွာ... "

"ချောက်!!.."

သေနတ်မောင်းတင်သံပဲ...
ဟင်းးးးဒီနေ့ကတော့ သေမင်းကသတ်မှတ်ပေးတာမဟုတ်တဲ့ ဦးကောင်းမြတ် ဖန်တီးတဲ့ညီ​​စေမင်း​သော်ရဲ့​​​သေနေ့ထင်ပါတယ်ကွာ ..သေရမှာတောင် လှလှပပ မသေရဘူးပဲ ၊ ပြီးတော့ သူကိုကိုနဲ့ မလုပ်ရသေးတာတွေ အများကြီးကျန်သေးတယ်၊ ကိုကို့ကို သေချာ ချစ်မပြရသေးဘူး ၊ ကိုကို့ရင်ခွင်နွေးနွေးကြီးကိုလဲ ခိုလှုံချင်သေးတယ်၊ နောက်ဆုံး သူ့ရဲ့ဖခင်ကိုမ​မြင်ဖူး​သေဘူး၊ ​ဖေဖေ​နဲ့​မေ​မေကို လက်အုပ်ချီပြီးတောင်မကန်တော့ရသေးဘူး ၊ သူမသေချင်သေးတာတော့အမှန်ပဲ....

"အဟင်း...မင်းမလန့်အောင်လို့ ငါအသံတိတ်အောင်လုပ်ပေးပါ့မယ်"

သေနတ်ပြောင်းဝကို နှလုံးသားတည့်တည့်မှာလာထောက်ပြီး ဦးကောင်းမြတ်က ဇက်ကိုတစ်ချက်နှစ်ချက် ချိုးနေသေးသည်။

ညီစေ့ရဲ့ နှလုံးသား၏ ခုန်လှုပ်မှုက အပြင်ဘက်ကသေနတ်ပြောင်းဝကြောင့်လား ၊ သူ့ရဲ့ဆန္ဒတွေမပြည့်မြောက်သေးလို့ မသေချင်သေးကြောင်း ငြင်းဆန်ပြနေသည်လား...

"သခင်ကြီး..."

"ဘာလဲ.. "

အခန်းထဲအလောသုံးဆယ်ဝင်ရောက်လာသည့် ဦးကောင်းမြတ်နောက်လိုက်တစ်ယောက်ကြောင့် ညီစေအသက်ကို​​ပြင်း​ပြင်းတစ်ချက်ရှိုက်ရှူမိလိုက်သည်။သည်လူဟာ သူ့အသက်ကို နာရီပိုင်းလောက်ကယ်တင်ပေးမည့်သူ ဖြစ်ပါစေဟုလဲတိတ်တစ်ဆိတ်ဆုတောင်းမိသေးသည်။

"ရာပြည့်နဲ့ သ..သခင်လေးရဲ့ တည်နေရာကို ခြေရာခံမိပါပြီ.."

"ဘာ အခုလာပြီ...ဒီကောင့်ကိုနောက်မှ ကိစ္စရှင်းလဲ အချိန်မှီပါသေးတယ်လေ...မင်းမီးလောင်ပြာကျသွားမှာကို တစ်စိမ့်စိမ့်ခံစားချင်လို့ အခုကအချိန်မရသေးလို့ အသက်ကို တဝကြီး ရှူထားလိုက်ပါအုံး "

သံကြိုးတန်းလန်းနှင့်သူ့ကို တစ်ချက်ကြည့်ပြီး ဦးကောင်းမြတ်နှင့်သူ့ရဲ့ တပည့်က အခန်းထဲမှထွက်သွားသည်။ အခန်းထဲမှာကျန်ခဲ့သေးသည့် နောက်လိုက်တွေကြောင့် သူထွက်ပြေးဖို့ရာအခွင့်ကမသာသေးပါ။
သူအသက်ပြင်းပြင်းတစ်ချက် ထပ်ရှူလိုက်တော့ ဝမ်းဗိုက်ကနာကျင်မှုကြောင့် ရှူပြီးသားလေတောင်အဆုတ်ဆီ မရောက်ခင်မှာပဲပြန်ထွက်သွားသည်ဟု ထင်မိသည်။




🍁🍁🍁🍁🍁🍁🍁

သူ့အသက်နှလုံးသားလေးမရှိတဲ့ Condoကိုလဲမပြန်ချင်သလို၊ ကိုယ်ပိုင်Condoကိုလဲမပြန်ဖြစ်တာကြာပြီမလို့ မပြန်ချင်တော့ပါ၊၊
သူ့ရဲ့Condoမှာဆိုရင် အရင်လိုပဲ အချစ်မရှိတဲ့ ဗလာသက်သက်နှလုံးသားနဲ့ မိဘတွေအတွက်လက်စားချေဖို့တစ်ခုသာ တွေးနေတတ်တဲ့ လူ့အရုပ် ဘုန်းဆက်ရှိန်ဝါအဖြစ်ပြန်ရောက်နေရမှာ။
မနက်ဖြန်ဆို အရာအားလုံးက ပြီးဆုံးသွားတော့မှာမလို့ ဒီတစ်ညတော့ ညီ နဲ့ပတ်သတ်တဲ့အမှတ်တရတွေကို သိမ်းဆည်းထားချင်သေးသည်မို့Logoကိုသာ ပြန်လာခဲ့လိုက်သည်။

"ကိုသက်နောင် "

"အေး Zeus မင်းပြန်လာတာလား ပြန်နားလိုက်လေ မနက်အတွက်အဆင်သင့်ဖြစ်နေအောင် ငါနဲ့ Krist ပြင်ထားပြီးပါပြီ ၊ Kelvin ကော သက်သာပြီလား "

"မဆိုးလှပါဘူး ညီ မရှိတဲ့နေရာမှာကျွန်တော်တစ်ယောက်တည်း မနေချင်လို့ပါ"

"အေးပါ ဒါနဲ့မင်းအနားယူဖို့လိုအပ်တယ်ထင်တယ် ခဏလောက်နားလိုက်ပါ့လား "

"ကျွန်တော့်အတွက်အခုချိန်မှာ နားဖို့ထက် ညနကအကြောင်းတွေကိုအလုံးစုံသိရဖို့က ပိုလိုအပ်တယ်၊ ကိုသက်နောင် စာရွက်တွေရပြီလား "

"ဒီမှာ အဲ့ထဲမှာအကုန်ပါတယ်"

ကိုသက်နောက်ပေးတဲ့ စာရွက်တွေကိုယူပြီး ညီစေတို့အဖွဲ့ရဲ့ နားနေခန်းထဲကိုသာ ဝင်ခဲ့လိုက်တော့ ကုတင်ပေါ်မှာ ကန့်လန့်ဖြတ်ကြီး လှဲနေတဲ့ မျက်နှာမသာမယာနဲ့ Kristကိုတွေ့လိုက်ရတယ်။

"Krist အဆင်ပြေရဲ့လား "

"အင်း မနက်အတွက်ပဲ ကြိုးစားကြရအောင် "

"အင်း "

Jole (မာန်ပြည့်)နှင့်အဖွဲ့ကတော့
ရာပြည့်ပေးလိုက်တဲ့အချက်အလက်တွေကို ချိတ်ဆက်ကြည့်လိုက်ပြီး တည်နေရာနှင့် မူးယစ်ပစ္စည်းများ၊ လက်နှက်မှောင်ခိုများ သိမ်းဆည်းထားသည့်နေရာတွေကိုပါ တစ်ခါတည်းရှာဖွေကြသည်။
အဆောက်အဦးတွေမှာ အစောင့်ထားထားသည့်လူအရေအတွက်က မနည်းလှသလို သူတို့တွေကိုင်ဆောင်ကြသည့်ကလဲ ဒီနိုင်ငံသိုတင်သွင်းခွင့်မပြုထားသည့် သေနတ်တွေဖြစ်သည်။

"တွေ့ပြီ "

Jole (မာန်ပြည့်)ရဲ့အားရဝမ်းသာအော်လိုက်
သည့်အသံကြောင့် အဆောက်အဦး တွေကိုရှာဖွေကြည့်ရှုနေသူအားလုံး Joleအနားသို့သွားပြီး မျက်ပြင်ကိုကြည့်လိုက်ကြသည်။

"ဒါ ...ဒါက... "

မှန်ပြင်ကိုလက်နှင့်ညွှန်ပြပြီး ပြောစရာစွံ့အ,သွားခဲ့ရသူက ကိုသက်နောင်...
ရာပြည့်ပေးလိုက်တဲ့အချက်အလက်တွေဟာ တည်နေရာနှင့် အဆောက်အဦး တည်ဆောက်ပုံမြေပုံကိုသာ ပါသောကြောင့် တည်ဆောက်ထားသည့်အဆောက်အဦးအပြင်ပိုင်းကို ခုမှသာမြင်ဖူးခြင်းဖြစ်ပြီး အကုန်လုံးကို. ဒါက လူတွေနေတာလားလို့ မေးစရာပေါ်လာအောင်လဲ ထူးဆန်းနေခဲ့သည်။

မြို့အလယ်ခေါင်က ခြံဝန်းအကျယ်ကြီးနှင့်နန်းတော်သမျှကြီးမားပြီးခမ်းနားလှတဲ့ ၃ထပ်တိုက်ကြီးဟာ အပြင်ဘက်အပြင်အဆင်ကိုမြင်ရသည်နှင့် ရှိန်စရာကောင်းလှသည်။ခေတ်အဆက်ဆက် ဘုရင်တွေနန်းတော်တည်ရာ အဆောက်အဦးလိုပြင်ဆင်ထားသည်က ခမ်းနားထည်ဝါလွန်းလှပြီး သည်အိမ်မှာနေကြသည့်လူတွေအပေါ် အားကျစိတ်ဖြစ်မိကျမှာမလွဲပါ ၊ ဒါပေမယ့် သည်လှပပြီး ခမ်းနားထည်ဝါလွန်းလှသည့်အိမ်ကြီးကို တည်ဆောက်ဖို့ရသည့်ပိုက်ဆံတွေဟာ မသန့်ရှင်းသောနေရာမှ မတရားသောနည်းလမ်းဖြင့် ဥပဒေကို လုပ်ချင်သလိုလုပ်နေကြသော ၊ လူ့အသက်ပေါင်းများစွာကို သေစေနိုင်သော ဘိန်းနှင့် မှောင်ခိုလက်နှက်တွေမှ ရလာသည်ဆိုတာကိုသာ သိကြလျှင်... အားကျ ကျပါအုံးမလား ၊၊

ထိုနေ့ညက တစ်ညလုံးကုန်ဆုံးသွားပြီး မနက်နေရောင်ထွက်လာသည်အထိ Zeusကတစ်ရေးမှ မအိပ်ပဲ မြတ် ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ အဆောက်အဦး၏ တည်ဆောက်ပုံအသေးစိတ်ကို တစ်ညလုံးထိုင်ကြည့်နေခဲ့သလို ....
လက်နှက်တွေထားတဲ့အခန်းထဲကို သွားပြီး အကောင်းဆုံးနဲ့ စိတ်အချရဆုံး ၊ အသစ်တီထွင်ထားတဲ့လက်နှက်တွေကို ထုပ်ယူနေတဲ့ ကိုသက်နောင်ဟာလဲ တစ်ရေးမှမအိပ်ခဲ့ပါ။
သေချာတာနောက်တစ်ခုကတော့ အဝေးပြေးလမ်းမထက်က တစ်ရိပ်ရိပ်ပြေးနေတဲ့ကားထဲက မေးခွန်းပေါင်းများစွာမေးချင်နေသည့်မျက်ဝန်းတွေနှင့် ကားကိုမောင်းနေရသော တစ်စုံတစ်ယောက်နှင့် သေနတ်ဒဏ်ရာမှ နာကျင်မှုဒဏ်ကို အံကျိတ်ခံနေရသည့် တစ်စုံတစ်ယောက်တို့ဟာလဲ ဘယ်သွားပြီး ဘာလုပ်ရမည် ၊ ဘယ်လိုအသက်ဆက်ရှင်ရမည်လဲ ...ဆိုသည့်အမေးပေါင်းများစွာနှင့် မပြီးဆုံးနိုင်သေးသည့် လောကကြီးတစ်လျှောက် ခရီးဆက်နေရသည့် ကားတစ်စီးလဲ ရှိနေခဲ့သည်.......

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#31.1.2022
#Nandar Myint Moh

I really want your Feedback and Voting💙

( A/ N ...January လ တစ်လလုံး လေလွင့်နွားမ လုပ်ပြီးသကာလ ကိုယ်ပြန်လာခဲ့ပါပြီ 🤨😃🙃
စာဖတ်သူတွေ ရက်အကြာကြီးစောင့်နေစေရတဲ့အတွက် ကိုယ်က တောင်းပန်ပါတယ်နော် အားလဲအားနာပါတယ်ကွယ် 😔)








Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...