Commando🍁(Complete)

By NandarMyintMoh

37.9K 3K 276

Zawgyi~ #Seke &Seke -ဘုန္းဆက္ရိွန္ဝါ (Zeus) -ညီေစမင္းေသာ္(Dragon) ဤဇာတ္လမ္းပါအေၾကာင္းအရာမ်ားသည္စာေရးသူ၏စိတ္... More

Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 41🍁
P - 42 🍁
P - 43 🍁
P - 44 🍁
P - 46 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)

P - 45 🍁

241 21 7
By NandarMyintMoh

Zawgyi

အေဆာက္အၪီးေရ႔ွ ကားရပ္သံေၾကာင့္အေျပးအလႊားသြားၾကည့္ေတာ့  ကားတစ္ခါးကို အၾကမ္းပတမ္းဆြဲဖြင့္ကာ ေဒါသတရႉးရႉးႏွင့္ ထြက္လာသည္က Krist ၊
အကုန္လံုးဆင္းလာၿပီးေနာက္ဆံုးမွ မ်က္ႏွာမသာမယာႏွင့္ကိုသက္ေနာင္ကို ေတြ့ရသည္။

"ကိုသက္ေနာင္ ..ဘာျဖစ္လာတာလဲ...အဆင္ေျပခဲ့ရဲ့လား "

"အဆင္ေျပပါတယ္ Zeus ၊ ဟင္းးးး... မထင္မွတ္ထားတာေတြ ျဖစ္ခဲ့တယ္ Zeus ...အကိုနဲ႔ အစည္းေဝးအခန္းထဲေရာက္မွ ေျပာၾကတာေပါ့ "

ကိုသက္ေနာင္ရဲ့ ေျခလွမ္းေလးဖင့္ဖင့္ေတြေနာက္မွလိုက္သြားရာ အခန္းထဲေရာက္ေတာ့ မ်က္ႏွာမသာမယာနဲ႔ ကိုသက္ေနာင္ကိုၾကည့္ရသည္မွာ အေတာ္ေလး အဆင္မေျပလွမွန္းသိသာေစသည္။

"Zeus ... Dragonရဲ့ တည္ေနရာကို သိခဲ့ရၿပီ "

"ဗ်ာ!! ညီ ...ညီ့ရဲ့တည္ေနရာကိုသိခဲ့ရၿပီ.. ဟုတ္လား!. ဘယ္မွာလဲ!! ညီက ဘယ္မွာလဲ !!သိရၿပီဆိုရင္ သြားဖို႔ျပင္ၾကစို႔ေလ!!.."

"ေျဖးေျဖးေပါ့ Zeus ရာ ၊ တည္ေနရာလဲသိခဲ့ရၿပီ၊သက္ေသအေထာက္အထားေတြလဲ လက္ထဲရလာခဲ့ၿပီ... ၪီးေကာင္းျမတ္ကို အရွင္လတ္လတ္ ဖမ္းၿပီးမေရခြံစုတ္ဖို႔ပဲက်န္ေတာ့တာပါကြာ !!"

"ဟာ !...ဘာပဲျဖစ္ျဖစ္ေလ ... တည္ေနရာလဲသိေနတယ္၊ သက္ေသေတြလဲရေနမွေတာ့ ဘာကိုေစာင့္ေနရအံုးဖို႔လဲ!!..အခုပဲသြားတာ ပိုမေကာင္းဘူးလား!.. ညီ့အတြက္ တစ္စကၠန္႔ေလးကအစ အသက္အႏၲရာယ္အတြက္ အေရးႀကီးေနတာကို ဘာကိုေစာင့္ဆိုင္းေနရမွာလဲ !!.."

ကိုသက္ေနာင္က တည္ၿငိမ္စြာေျပာဆိုေနသေလာက္ Zeusကေတာ့ ညီ့ရဲ့တည္ေနရာကိုသိရၿပီဆိုသည္ႏွင့္ စိတ္လႈပ္ရွားလာကာ စဥ္းစားဆင္ျခင္ဉာဏ္က မဲ့,ရျပန္သည္။စိတ္လႈပ္ရွားမႈကို ခဏမ်ွတည္ၿငိမ္သြားေအာင္ထိန္းခ်ဳပ္ၿပီးမွ လုပ္သင့္လုပ္ထိုက္တာကို လုပ္ရမည္ဆိုတာကို သူသိပါသည္။ ညီႏွင့္ပတ္သတ္လ်ွင္ စဥ္းစားဉာဏ္ေကာ အသိစိတ္ပါလြတ္တာက သူ႔ရဲ့အားနည္းခ်က္ပဲေပါ့...

"အခုက ၁၀နာရီေတာင္ခြဲေနၿပီေလ ... ေနာက္ထပ္ နာရီပိုင္းေလာက္ေစာင့္ၿပီးရင္ အရာရာျပင္ဆင္ၿပီးရင္ သြားၾကတာေပါ့ "

"ဘာလို႔ ကိုသက္ေနာင္က အခ်ိန္ကိုေျပာင္းေရႊ့တတ္တဲ့လူတစ္ေယာက္ျဖစ္သြားရတာလဲ!!.. 'အခ်ိန္ႏွင့္ ဒီရသည္လူကိုမေစာင့္´တဲ့ အခု ..အခုပဲ သြားလို႔မရဘူးလား !!"

"Zeus ..."

နာမည္ကိုေလးေလးပင္ပင္ေခၚကာ ဖုန္းတစ္လံုးကိုဖြင့္၍အေရ႔ွကိုတိုးေပးလာၿပီး ၾကည့္ေစခ်င္
သည့္ဟန္ ေမးေငါ့ျပေသာေၾကာင့္ယူၾကည့္လိုက္ေတာ့ တည္ေနရာျပေျမပံုတစ္ခု၊ အေဆာက္အၪီးပံုစံအေသးစိတ္ကို လိႈ႔ဝွက္လမ္းေတြသာမက တံခါးေတြပါအကုန္လံုးကိုအေသးစိတ္ေရးဆြဲျပထားေသာ အေဆာက္အၪီးပံုတစ္ခုကိုပါ ေတြ့ရသည္။

"ဒါေတြက ဘာလဲ ကိုသက္ေနာင္ "

တစ္ပါးသူရဲ့ဖုန္းကို ပိုင္ရွင္ျပခ်င္သည့္အေၾကာင္းအရာမွလြဲၿပီး ထပ္ၿပီးမၾကည့္သင့္ေသာေၾကာင့္ျပန္ေပးၿပီးေမးလိုက္ျခင္းသာျဖစ္သည္။သည္ဖုန္းက ကိုသက္ေနာင္ဖုန္းမဟုတ္မွန္း သူသတိထားမိသည္။

"ေနာက္ကိုထပ္ဆြဲၾကည့္လိုက္ပါအံုး "

အသက္ ႀကီးႀကီး အမ်ိဳးသားပံု ႏွစ္ပံုကိုၾကည့္ေနသည္အထိ Zeus၏မ်က္ႏွာဟာ ပကတိၿငိမ္သက္ေနသည္။သံုးပံုေျမာက္အမ်ိဳးသား၏ ဘယ္ဘက္ ပါးျပင္ကအမာရြတ္တစ္ခုႏွင့္ သူ႔တစ္သက္မေမ့ႏိုင္ေလာက္ေအာင္ရင္ထဲ အသည္းထဲမွာ စြဲက်န္ေနခဲ့သည့္ ရြံရွာစရာရုပ္ရည္ႏွင့္ ထိုလူႀကီး၊

အသက္ေႂကြးကို အသက္​နဲ႔ ျပန္ဆပ္ခြင့္ရလာၿပီေပါ့ ...

"ဒါက ..."

မ်က္ႏွာေပၚကအမာရြတ္ႏွင့္လူႀကီးပံုကို ကိုသက္ေနာင္ကို ျပလိုက္ၿပီး သိခ်င္ေနသည္ကိုသာေမးလိုက္မိသည္။

"အဲ့ပံုတစ္ပံုပဲဘယ္သူလဲသိခ်င္တာလား ...တစ္ျခားပံုေတြေကာ ဘယ္သူဆိုတာသိလား "

"တျခားပံုေတြထဲကလူေတြထက္ ဒီလူကိုပိုသိခ်င္တယ္ "

"ေျဖးေျဖးေပါ့... မင္းကို ႏိုင္ငံျခားActionတစ္ကားေျပာျပမယ္ ၊အရမ္းစိတ္ဝင္စားစရာေကာင္းလြန္းၿပီး လွည့္ကြက္ေတြအမ်ားႀကီးသံုးထားတာ ၊မင္းနားေထာင္ဖို႔အဆင္သင့္ပဲလား "

"နားမေထာင္ခ်င္ဘူး ၊ ဒီလူဘယ္သူလဲ "

"ရုပ္ေျပာင္းရုပ္လြဲ လုပ္တာကိုမင္းသိလား "

"သိတယ္ သိတယ္ ဇာတ္ကားထဲမွာလဲပါတယ္ ၊ က်ဳပ္ေနခဲ့တဲ့ ႏိုင္ငံမွာလဲအမ်ားႀကီးရိွတယ္ ၊ ခင္ဗ်ားလုပ္ခ်င္ရင္ က်ဳပ္စံုစမ္းေပးမယ္ အခုဒီလူဘယ္သူလဲ ေျပာ!!.."

Zeus၏အသံက ပိုမိုက်ယ္လာၿပီး စိတ္မရွည္မႈ စိတ္လႈပ္ရွားမႈေတြႏွင့္ ေဒါသေတြပါထြက္လာၿပီး အသက္ရႉသံကအစျပင္းထန္လာခဲ့သည္။

"အခုေျပာမယ့္ရုပ္ေျပာင္းရုပ္လြဲက အဲ့လူနဲ႔သက္ဆိုင္တယ္ ၊ ၪီးေကာင္းျမတ္.. ပံုသံုးပံုလံုးက လူကၪီးေကာင္းျမတ္ဆိုတဲ့ မူးယစ္ေဆး၊ မေကာင္းမႈအလုပ္အကုန္လုပ္တဲ့ လူ႔အမိႈက္ ၪီးေကာင္းျမတ္ပဲ "

"ဘာ!!

"ဘာလို႔ မင္းက အဲ့ဒီပံုက လူကိုပဲေမးရတာလဲ"

"အေၾကာင္းရိွလို႔ "
ကိုသက္ေနာင္ ခင္ဗ်ား ဒီဟာေတြရဖို႔ ဘာေတျြပန္ေပးလိုက္ရလဲ "

"လူ႔အသက္ႏွစ္ေခ်ာင္း ၊ ဒါေပမယ့္ အဲ့အသက္ႏွစ္ေခ်ာင္းကလဲ ရွင္လ်ွက္နဲ႔ေသရေတာ့မယ့္ဘဝေတြမလို႔ ခ်စ္ေသာသူနဲ႔အခ်ိန္ခဏေလာက္ကုန္ေစခ်င္ယံုပါပဲ "

"ဘယ္သူေတြလဲ ေမးလို႔ရမလား ေျပာျပလို႔ရရင္ေျပာျပပါ ကြၽန္ေတာ္သိခ်င္တယ္"

"မသိခ်င္ပါနဲ႔ ကိုယ့္လုပ္ရပ္မမွားဘူးလို႔ ကိုယ္ယူဆတာပဲ ၊ မင္း ဆိုရင္လဲ အဲ့ေရြးခ်ယ္မႈကိုသာေရြးမယ္လို႔ ကိုယ္ထင္တယ္ "

"......."

"မနက္ျဖန္အတြက္ ကိုယ္အဆင္သင့္ျပင္ထားေပးမယ္ ၊ ေၾသာ္ ေမေက်ာ့ကေျပာတယ္ မင္း မနက္ျဖန္ လုပ္ခ်င္တာလုပ္ခဲ့တဲ့ Dragonအသက္အႏၲရာယ္ကင္းဖို႔ဆို အစစအရာရာ သူတာဝန္ယူပါတယ္တဲ့ "

ကိုသက္ေနာင္က ဖုန္းကိုျပန္ယူကာေနာက္တစ္ေခါက္အခန္းထဲမွ ျပန္ထြက္သြားသည္။သည္တစ္ခါေျခလွမ္းေတြက တက္ႂကျြပီး စိတ္ဓာတ္ျပင္းထန္မႈေတြပါ ပါေနသည္ဟု Zeus ထင္သည္။
Zeus ကေတာ့ ရင္ထဲအသည္းထဲထိစြဲက်န္ခဲ့သည့္ ၪီးေကာင္းျမတ္ ၏မ်က္ႏွာကိုျပန္ျမင္ေယာင္ေနရင္း အသက္ေႂကြး ေသြးေႂကြးေတြကို ဘယ္လိုရက္စက္မႈေတြနဲ႔ ျပန္ယူရမလဲေတြးေတာကာ က်န္ေနခဲ့ေတာ့သည္။

🍁🍁🍁🍁🍁🍁🍁

မနက္ျဖန္မနက္ေစာေစာ ညီ့ကိုသြားကယ္မွာျဖစ္လို႔ ဒီညေတာ့ မင္းထက္ဆီကိုလူနာေမးရင္း စကားေျပာလာခဲ့လိုက္သည္။
မင္းထက္အေနနဲ႔ ညီ့အေပၚဘယ္လိုစိတ္ထားတယ္ဆိုတာ သူသိသည္။
ေႁမျြမြေခ်င္းေျချမင္တယ္ပဲေျပာေျပာ မင္းထက္က ညီ့အေပၚကို သူငယ္ခ်င္းအဆင့္ထက္ပိုမိုခ်စ္မိေနတယ္လို႔သူကထင္တယ္ ၊
ညီ့ကိုဆိုလ်ွင္ အရာရာထက္ပိုၪီးစားေပးတာေတြ၊ညီ ဘာလိုခ်င္တယ္ ဘာလုပ္ခ်င္တယ္ဆိုဆို အၿမဲအဆင္သင့္ရိွေနေပးတာေတြ ၊
ဒါေပမယ့္ မင္းထက္ကိုသူၿပိဳင္ဘက္အေနနဲ႔ သေဘာမထားပါဘူး။
မင္းထက္ဆိုတာ သူ ညီ့အနားမေရာက္လာခင္ကတည္းက ရိွႏွင့္ၿပီးသားလူတစ္ေယာက္၊ ညီ့ကိုသူဖြင့္ေျပာခ်င္လ်ွင္ရပါလ်ွက္ႏွင့္ ဖြင့္မေျပာပဲေနကတည္းက မင္းထက္က ညီ့ကို သူငယ္ခ်င္းအေနႏွင့္ပဲ ...အနားမွာေနၿပီး
ေစာင့္ေရွာက္သြားခ်င္တာသိသာေစသည္။

အထူးၾကပ္မတ္ေဆာင္ရဲ့ VIP roomထဲကို ပိုးသတ္ထားၿပီးသားဝတ္စံုဝတ္ကာ ဝင္လာခဲ့သည္။
ခြဲစိတ္မႈၿပီးကာစက oxygenေပးထားရေပမယ့္ ယခုေတာ့ သူ႔ဘာသာအသက္ရႈႏိုင္ၿပီျဖစ္သည္။
ဝမ္းဗိုက္ပိုင္းခြဲစိတ္ထားရေတာ့ ဘာအစာမွလဲမေကြၽးရေသးေခ်။ Dripခ်ိတ္ရသည့္ ဗူးမ်ားသာ အလွည့္က်ခ်ိတ္ေပးၿပီး အနားမွာလဲ ထိုဗူးမ်ားသာရိွၿပီး စားစရာဘာမွထားမထားေပ ။
အဲ့ေတာ့ သူကလဲ ဘာမွဝယ္မလာခဲ့ပဲ လက္ႀကီးဗလာ လူမမာလာေမးသည္ေလ...

သူဝင္လာတာသိေတာ့ မင္းထက္က လွဲလ်ွက္က ၿပံဳးျပသည္။သူ႔ဘာသာလဲ ငုတ္တုပ္ထိုင္လို႔မရေသးေခ်။

"ေၾသာ ကိုဘုန္းဆက္ ၁၂နာရီေတာင္ထိုးေတာ့မယ္
မနက္မွလာလဲ ရတာပဲဗ်ာ "

"မင္းထက္... သက္သာရဲ့လား.. တစ္ခုခုအဆင္မေျပရင္ ကိုယ့္ကို ေျပာေလ "

"အင္း နည္းနည္းခါးမတ္ခ်င္လို႔ "

"ဟုတ္ၿပီ... "

ကုတင္ေနာက္ဘက္ေအာက္အစြန္းကိုသြားကာ လွည့္ဘီးကိုလွည့္ၿပီး မင္းထက္ပိုသက္ေတာင့္သက္သာျဖစ္ေအာင္လုပ္ေပးလိုက္သည္။

"ညီေစ့ အေျခအေန ဘယ္လိုလဲ "

"အဆင္မေျပဘူး မနက္ျဖန္ဆို အားလံုးၿပီးသြားမွာပါ "

"ညီေစ့ ကို ဘယ္နည္းနဲ႔ပဲျဖစ္ျဖစ္ရေအာင္ေခၚလာခဲ့ေပးပါ ..ျဖစ္ႏိုင္ရင္ ကြၽန္ေတာ္ပါလိုက္ခဲ့ခ်င္တာ "

"စိတ္မပူပါနဲ႔ ညီက ကိုယ့္အသက္အမ်ွခ်စ္ရသူပါ၊ကိုယ့္အသက္နဲ႔ရင္းၿပီးကယ္ရကယ္ရ ဘယ္နည္းနဲ႔ျဖစ္ျဖစ္ကိုယ္ရေအာင္ ကယ္လာမွာပါ"

"ယံုပါတယ္ဗ်ာ ကိုဘုန္းဆက္ရိွန္ဝါျဖစ္ေနလို႔လဲ ညီေစ့ကိုစိတ္ခ်တာပါ ၊ညီေစမင္းေသာ္ကို အၿမဲတမ္းၪီးစားေပးနံပါတ္တစ္ေနရာမွထားေပးပါဗ်ာ၊ အဲ့ေကာင္ေလးက အရမ္းဝမ္းနည္းတတ္ရံုမက ေလ်ွာက္ေပါက္ၿပီးလဲ ေတြးတတ္ေသးတာ "

"ဟုတ္ပါၿပီကြာ မင္းတို႔လဲရိွေနတာပဲ"

"အဟင္း"

"ဒါဆို ကိုယ္ျပန္မယ္ မင္းလဲ အျမန္သက္သာလာေအာင္ဂရုစိုက္ "

"ဟုတ္ကဲ့ပါ အားလံုးအႏၲရာယ္ကင္းပါေစဗ်ာ"

အခန္းထဲကမွထြက္သြားေသာ ကိုဘုန္းဆက္ရဲ့ေက်ာျပင္က အထီးက်န္သလိုခံစားေနရသည္။ညီေစ့ကို အစိုးအရိမ္လြန္ေနလို႔ေနမွာပါ ၊ကိုဘုန္းဆက္နဲ႔ ညီေစ ေတြ့ၾကတာမၾကာေသးေပမယ့္ အခ်စ္ေတြတစ္ကယ္စစ္သည္ကိုျမင္ေနရသည္။

မာမီဆံုးသြားေတာ့ မင္းထက္အဖို႔ မွီခိုစရာရင္ခြင္ၿပိဳလဲသြားခဲ့ရသည္။ဖခင္ျဖစ္သူကလဲ ေအာင္ျမင္သည့္စီးပြားေရးပိုင္ရွင္ဆိုသည့္နာမည္ႏွင့္အၿပိဳင္ မိန္းမေပြၿပီး သားျဖစ္သူကိုပါ ေမ့ေလ်ာ့သည္အထိ အျပင္မွာသာေပ်ာ္ပါးေနတတ္သည္။

ေမတၲာငတ္မြတ္ေနတဲ့ သနားစရာ မင္းထက္အျဖစ္ကေန ဖခင္ႏွင့္အၿပိဳင္ လူရႈပ္လူေပေလး မင္းထက္ေက်ာ္အျဖစ္သို႔ကူးေျပာင္းသြားသည္။အသက္ငယ္ငယ္ေလးႏွင့္ ဘဝကိုအေလလိုက္ေနရံုႏွင့္မကုန္ဆံုးခ်င္တဲ့မင္းထက္က ဖခင္ရဲ့အလုပ္ေတြကိုလဲစိတ္မဝင္စားေခ်။လကုန္ရက္တိုင္းကဒ္ထဲေရာက္လာမည့္ေငြပမာဏကိုပဲစိတ္ဝင္စားေတာ့သည္။
တစ္ေန့ ႏိုင္ငံျခား Actionကားကိုၾကည့္ရင္းႏွင့္မွ မည္သည့္အဖြဲ႔အစည္းရဲ့ထိန္းခ်ဳပ္မႈေအာက္မွာမွမရိွပဲ ျပည္သူေတြကိုကယ္တင္ႏိုင္သည့္ မေကာင္းသူကိုပယ္ကာ ေကာင္းသူကိုကယ္ႏိုင္သည့္နည္းလဲ ရိွေသးတာပဲဆိုတာကိုသိရၿပီး Internetမွာလိုက္ရွာၾကည့္ရင္း Logo ဆိုတဲ့Commando အထူးသင္တန္းေက်ာင္းကို ေတြ့မိရင္း တက္ျဖစ္သြားတာျဖစ္သည္။

အဲ့ေန့က ... အဲ့ေန့ေလးကိုတစ္သက္လံုးေမ့မယ္မထင္ဘူး၊ ခႏၶာကိုယ္ကို စစ္ေဆးဖို႔လုပ္မွာမလို႔ တန္းစီေစာင့္ရင္း မ်က္ႏွာစူပုပ္ပုပ္ ၊အရပ္ရွည္ရွည္ႏွင့္ အေတာ္ေလးရုပ္ရည္ေခ်ာေမာသည့္ေကာင္ေလးကို စၿပီး သတိထားမိခဲ့သည္။
ဒီေကာင္ေလးမွာ မင္းထက္သေဘာက်တာက မ်က္ခံုးေမႊးတန္းတန္းေလးသာ ။
မင္းထက္က သူ႔မ်က္ခံုးေမႊးနဲ႔ပတ္သတ္ရင္ စိတ္ေဝဒနာရိွသည္။
သူ႔မွာရိွတဲ့မ်က္ခံုးေမႊးေတြက မည္းနက္ၿပီး ထူထဲလြန္းလွသည္။သူမ်ားေတြေျပာေနၾက မ်က္ခံုးေမႊး ေျခမေလာက္ရိွတယ္ဆိုတာ သူမွစစ္စစ္ပဲ...

ဒီေကာင္ေလး မ်က္ခံုးေမႊးေတြက မထူမပါး
တန္းတန္းေလးသာ သင့္တင့္တဲ့အေနအထားနဲ႔ လိုက္ဖက္လွစြာရိွေနသည္။
မေက်မနပ္နဲ႔စကားေျပာတိုင္း မ်က္ေမွာင္ကုပ္တတ္တာေတြ၊မ်က္ခံုးေလးပင့္ပင့္ၿပီး စစကားေျပာတတ္တဲ့အက်င့္ေလးေတြ၊ရယ္လိုက္မွေပၚလာတတ္တဲ့ သြားတက္ခြၽန္ခြၽန္ေလးရယ္ ၊ အဲ့ကတည္းက အဲ့လူသားေလးကို သူကအျပည့္အဝေစာင့္ေရွာက္ေပးခ်င္ခဲ့တာ ၊
ပိုင္ဆိုင္ရပါေစ ဆိုတဲ့စိတ္မရိွပဲ သူျမတ္ႏိုးရတဲ့ တစ္ၪီးတည္းေသာလူသားေလးအျဖစ္ရိွေနတဲ့ ညီေစမင္းေသာ္ကို မင္းထက္ေက်ာ္ဆိုတဲ့သူ႔ဘဝေနဝင္ခ်ိန္ထိ လိုအပ္သမ်ွကို ျဖည့္စည္းေပးရင္း၊အရိပ္တစ္ၾကည့္ၾကည့္ ၾကည့္ၿပီး ေစာင့္ေရွာက္သြားခ်င္တာ ။

"တစ္စံုတစ္ေယာက္ကိုစြဲစြဲၿမဲျမဲခ်စ္မိၿပီဆိုရင္
တံု႔ျပန္လာတဲ့အခ်စ္မရရင္ေတာင္မွ အဆင္ေျပတယ္....
သူ႔နားမွာတိတ္တိတ္ေလးေနခြင့္ရရင္ေက်နပ္ပါၿပီ.....
ငါေတာ့ တစ္ျခားလူေတြထက္ မင္းကိုမင္းပိုၿပီးတန္ဖိုးထားဖို႔ေမ်ွာ္လင့္တယ္.....ညီေစေရ...မနက္ျဖန္ေတြမွာလဲ မင္း အႏၲရာယ္ကင္းကင္းနဲ႔ ေပ်ာ္ရႊင္စြာ ေနရမယ္ေနာ္...."

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

# 31.1.2022
# Nandar Myint Moh

I really want your Feedback and Voting💙

Unicode

အဆောက်အဦးရှေ့ ကားရပ်သံကြောင့်အပြေးအလွှားသွားကြည့်တော့  ကားတစ်ခါးကို အကြမ်းပတမ်းဆွဲဖွင့်ကာ ဒေါသတရှူးရှူးနှင့် ထွက်လာသည်က Krist ၊
အကုန်လုံးဆင်းလာပြီးနောက်ဆုံးမှ မျက်နှာမသာမယာနှင့်ကိုသက်နောင်ကို တွေ့ရသည်။

"ကိုသက်နောင် ..ဘာဖြစ်လာတာလဲ...အဆင်ပြေခဲ့ရဲ့လား "

"အဆင်ပြေပါတယ် Zeus ၊ ဟင်းးးး... မထင်မှတ်ထားတာတွေ ဖြစ်ခဲ့တယ် Zeus ...အကိုနဲ့ အစည်းဝေးအခန်းထဲရောက်မှ ပြောကြတာပေါ့ "

ကိုသက်နောင်ရဲ့ ခြေလှမ်းလေးဖင့်ဖင့်တွေနောက်မှလိုက်သွားရာ အခန်းထဲရောက်တော့ မျက်နှာမသာမယာနဲ့ ကိုသက်နောင်ကိုကြည့်ရသည်မှာ အတော်လေး အဆင်မပြေလှမှန်းသိသာစေသည်။

"Zeus ... Dragonရဲ့ တည်နေရာကို သိခဲ့ရပြီ "

"ဗျာ!! ညီ ...ညီ့ရဲ့တည်နေရာကိုသိခဲ့ရပြီ.. ဟုတ်လား!. ဘယ်မှာလဲ!! ညီက ဘယ်မှာလဲ !!သိရပြီဆိုရင် သွားဖို့ပြင်ကြစို့လေ!!.."

"ဖြေးဖြေးပေါ့ Zeus ရာ ၊ တည်နေရာလဲသိခဲ့ရပြီ၊သက်သေအထောက်အထားတွေလဲ လက်ထဲရလာခဲ့ပြီ... ဦးကောင်းမြတ်ကို အရှင်လတ်လတ် ဖမ်းပြီးမရေခွံစုတ်ဖို့ပဲကျန်တော့တာပါကွာ !!"

"ဟာ !...ဘာပဲဖြစ်ဖြစ်လေ ... တည်နေရာလဲသိနေတယ်၊ သက်သေတွေလဲရနေမှတော့ ဘာကိုစောင့်နေရအုံးဖို့လဲ!!..အခုပဲသွားတာ ပိုမကောင်းဘူးလား!.. ညီ့အတွက် တစ်စက္ကန့်လေးကအစ အသက်အန္တရာယ်အတွက် အရေးကြီးနေတာကို ဘာကိုစောင့်ဆိုင်းနေရမှာလဲ !!.."

ကိုသက်နောင်က တည်ငြိမ်စွာပြောဆိုနေသလောက် Zeusကတော့ ညီ့ရဲ့တည်နေရာကိုသိရပြီဆိုသည်နှင့် စိတ်လှုပ်ရှားလာကာ စဥ်းစားဆင်ခြင်ဉာဏ်က မဲ့,ရပြန်သည်။စိတ်လှုပ်ရှားမှုကို ခဏမျှတည်ငြိမ်သွားအောင်ထိန်းချုပ်ပြီးမှ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမည်ဆိုတာကို သူသိပါသည်။ ညီနှင့်ပတ်သတ်လျှင် စဥ်းစားဉာဏ်ကော အသိစိတ်ပါလွတ်တာက သူ့ရဲ့အားနည်းချက်ပဲပေါ့...

"အခုက ၁၀နာရီတောင်ခွဲနေပြီလေ ... နောက်ထပ် နာရီပိုင်းလောက်စောင့်ပြီးရင် အရာရာပြင်ဆင်ပြီးရင် သွားကြတာပေါ့ "

"ဘာလို့ ကိုသက်နောင်က အချိန်ကိုပြောင်းရွှေ့တတ်တဲ့လူတစ်ယောက်ဖြစ်သွားရတာလဲ!!.. 'အချိန်နှင့် ဒီရသည်လူကိုမစောင့်´တဲ့ အခု ..အခုပဲ သွားလို့မရဘူးလား !!"

"Zeus ..."

နာမည်ကိုလေးလေးပင်ပင်ခေါ်ကာ ဖုန်းတစ်လုံးကိုဖွင့်၍အရှေ့ကိုတိုးပေးလာပြီး ကြည့်စေချင်
သည့်ဟန် မေးငေါ့ပြသောကြောင့်ယူကြည့်လိုက်တော့ တည်နေရာပြမြေပုံတစ်ခု၊ အဆောက်အဦးပုံစံအသေးစိတ်ကို လှို့ဝှက်လမ်းတွေသာမက တံခါးတွေပါအကုန်လုံးကိုအသေးစိတ်ရေးဆွဲပြထားသော အဆောက်အဦးပုံတစ်ခုကိုပါ တွေ့ရသည်။

"ဒါတွေက ဘာလဲ ကိုသက်နောင် "

တစ်ပါးသူရဲ့ဖုန်းကို ပိုင်ရှင်ပြချင်သည့်အကြောင်းအရာမှလွဲပြီး ထပ်ပြီးမကြည့်သင့်သောကြောင့်ပြန်ပေးပြီးမေးလိုက်ခြင်းသာဖြစ်သည်။သည်ဖုန်းက ကိုသက်နောင်ဖုန်းမဟုတ်မှန်း သူသတိထားမိသည်။

"နောက်ကိုထပ်ဆွဲကြည့်လိုက်ပါအုံး "

အသက် ကြီးကြီး အမျိုးသားပုံ နှစ်ပုံကိုကြည့်နေသည်အထိ Zeus၏မျက်နှာဟာ ပကတိငြိမ်သက်နေသည်။သုံးပုံမြောက်အမျိုးသား၏ ဘယ်ဘက် ပါးပြင်ကအမာရွတ်တစ်ခုနှင့် သူ့တစ်သက်မမေ့နိုင်လောက်အောင်ရင်ထဲ အသည်းထဲမှာ စွဲကျန်နေခဲ့သည့် ရွံရှာစရာရုပ်ရည်နှင့် ထိုလူကြီး၊

အသက်ကြွေးကို အသက်​နဲ့ ပြန်ဆပ်ခွင့်ရလာပြီပေါ့ ...

"ဒါက ..."

မျက်နှာပေါ်ကအမာရွတ်နှင့်လူကြီးပုံကို ကိုသက်နောင်ကို ပြလိုက်ပြီး သိချင်နေသည်ကိုသာမေးလိုက်မိသည်။

"အဲ့ပုံတစ်ပုံပဲဘယ်သူလဲသိချင်တာလား ...တစ်ခြားပုံတွေကော ဘယ်သူဆိုတာသိလား "

"တခြားပုံတွေထဲကလူတွေထက် ဒီလူကိုပိုသိချင်တယ် "

"ဖြေးဖြေးပေါ့... မင်းကို နိုင်ငံခြားActionတစ်ကားပြောပြမယ် ၊အရမ်းစိတ်ဝင်စားစရာကောင်းလွန်းပြီး လှည့်ကွက်တွေအများကြီးသုံးထားတာ ၊မင်းနားထောင်ဖို့အဆင်သင့်ပဲလား "

"နားမထောင်ချင်ဘူး ၊ ဒီလူဘယ်သူလဲ "

"ရုပ်ပြောင်းရုပ်လွဲ လုပ်တာကိုမင်းသိလား "

"သိတယ် သိတယ် ဇာတ်ကားထဲမှာလဲပါတယ် ၊ ကျုပ်နေခဲ့တဲ့ နိုင်ငံမှာလဲအများကြီးရှိတယ် ၊ ခင်ဗျားလုပ်ချင်ရင် ကျုပ်စုံစမ်းပေးမယ် အခုဒီလူဘယ်သူလဲ ပြော!!.."

Zeus၏အသံက ပိုမိုကျယ်လာပြီး စိတ်မရှည်မှု စိတ်လှုပ်ရှားမှုတွေနှင့် ဒေါသတွေပါထွက်လာပြီး အသက်ရှူသံကအစပြင်းထန်လာခဲ့သည်။

"အခုပြောမယ့်ရုပ်ပြောင်းရုပ်လွဲက အဲ့လူနဲ့သက်ဆိုင်တယ် ၊ ဦးကောင်းမြတ်.. ပုံသုံးပုံလုံးက လူကဦးကောင်းမြတ်ဆိုတဲ့ မူးယစ်ဆေး၊ မကောင်းမှုအလုပ်အကုန်လုပ်တဲ့ လူ့အမှိုက် ဦးကောင်းမြတ်ပဲ "

"ဘာ!!

"ဘာလို့ မင်းက အဲ့ဒီပုံက လူကိုပဲမေးရတာလဲ"

"အကြောင်းရှိလို့ "
ကိုသက်နောင် ခင်ဗျား ဒီဟာတွေရဖို့ ဘာတွေပြန်ပေးလိုက်ရလဲ "

"လူ့အသက်နှစ်ချောင်း ၊ ဒါပေမယ့် အဲ့အသက်နှစ်ချောင်းကလဲ ရှင်လျှက်နဲ့သေရတော့မယ့်ဘဝတွေမလို့ ချစ်သောသူနဲ့အချိန်ခဏလောက်ကုန်စေချင်ယုံပါပဲ "

"ဘယ်သူတွေလဲ မေးလို့ရမလား ပြောပြလို့ရရင်ပြောပြပါ ကျွန်တော်သိချင်တယ်"

"မသိချင်ပါနဲ့ ကိုယ့်လုပ်ရပ်မမှားဘူးလို့ ကိုယ်ယူဆတာပဲ ၊ မင်း ဆိုရင်လဲ အဲ့ရွေးချယ်မှုကိုသာရွေးမယ်လို့ ကိုယ်ထင်တယ် "

"......."

"မနက်ဖြန်အတွက် ကိုယ်အဆင်သင့်ပြင်ထားပေးမယ် ၊ သြော် မေကျော့ကပြောတယ် မင်း မနက်ဖြန် လုပ်ချင်တာလုပ်ခဲ့တဲ့ Dragonအသက်အန္တရာယ်ကင်းဖို့ဆို အစစအရာရာ သူတာဝန်ယူပါတယ်တဲ့ "

ကိုသက်နောင်က ဖုန်းကိုပြန်ယူကာနောက်တစ်ခေါက်အခန်းထဲမှ ပြန်ထွက်သွားသည်။သည်တစ်ခါခြေလှမ်းတွေက တက်ကြွပြီး စိတ်ဓာတ်ပြင်းထန်မှုတွေပါ ပါနေသည်ဟု Zeus ထင်သည်။
Zeus ကတော့ ရင်ထဲအသည်းထဲထိစွဲကျန်ခဲ့သည့် ဦးကောင်းမြတ် ၏မျက်နှာကိုပြန်မြင်ယောင်နေရင်း အသက်ကြွေး သွေးကြွေးတွေကို ဘယ်လိုရက်စက်မှုတွေနဲ့ ပြန်ယူရမလဲတွေးတောကာ ကျန်နေခဲ့တော့သည်။

🍁🍁🍁🍁🍁🍁🍁

မနက်ဖြန်မနက်စောစော ညီ့ကိုသွားကယ်မှာဖြစ်လို့ ဒီညတော့ မင်းထက်ဆီကိုလူနာမေးရင်း စကားပြောလာခဲ့လိုက်သည်။
မင်းထက်အနေနဲ့ ညီ့အပေါ်ဘယ်လိုစိတ်ထားတယ်ဆိုတာ သူသိသည်။
မြွေမြွေချင်းခြေမြင်တယ်ပဲပြောပြော မင်းထက်က ညီ့အပေါ်ကို သူငယ်ချင်းအဆင့်ထက်ပိုမိုချစ်မိနေတယ်လို့သူကထင်တယ် ၊
ညီ့ကိုဆိုလျှင် အရာရာထက်ပိုဦးစားပေးတာတွေ၊ညီ ဘာလိုချင်တယ် ဘာလုပ်ချင်တယ်ဆိုဆို အမြဲအဆင်သင့်ရှိနေပေးတာတွေ ၊
ဒါပေမယ့် မင်းထက်ကိုသူပြိုင်ဘက်အနေနဲ့ သဘောမထားပါဘူး။
မင်းထက်ဆိုတာ သူ ညီ့အနားမရောက်လာခင်ကတည်းက ရှိနှင့်ပြီးသားလူတစ်ယောက်၊ ညီ့ကိုသူဖွင့်ပြောချင်လျှင်ရပါလျှက်နှင့် ဖွင့်မပြောပဲနေကတည်းက မင်းထက်က ညီ့ကို သူငယ်ချင်းအနေနှင့်ပဲ ...အနားမှာနေပြီး
စောင့်ရှောက်သွားချင်တာသိသာစေသည်။

အထူးကြပ်မတ်ဆောင်ရဲ့ VIP roomထဲကို ပိုးသတ်ထားပြီးသားဝတ်စုံဝတ်ကာ ဝင်လာခဲ့သည်။
ခွဲစိတ်မှုပြီးကာစက oxygenပေးထားရပေမယ့် ယခုတော့ သူ့ဘာသာအသက်ရှုနိုင်ပြီဖြစ်သည်။
ဝမ်းဗိုက်ပိုင်းခွဲစိတ်ထားရတော့ ဘာအစာမှလဲမကျွေးရသေးချေ။ Dripချိတ်ရသည့် ဗူးများသာ အလှည့်ကျချိတ်ပေးပြီး အနားမှာလဲ ထိုဗူးများသာရှိပြီး စားစရာဘာမှထားမထားပေ ။
အဲ့တော့ သူကလဲ ဘာမှဝယ်မလာခဲ့ပဲ လက်ကြီးဗလာ လူမမာလာမေးသည်လေ...

သူဝင်လာတာသိတော့ မင်းထက်က လှဲလျှက်က ပြုံးပြသည်။သူ့ဘာသာလဲ ငုတ်တုပ်ထိုင်လို့မရသေးချေ။

"သြော ကိုဘုန်းဆက် ၁၂နာရီတောင်ထိုးတော့မယ်
မနက်မှလာလဲ ရတာပဲဗျာ "

"မင်းထက်... သက်သာရဲ့လား.. တစ်ခုခုအဆင်မပြေရင် ကိုယ့်ကို ပြောလေ "

"အင်း နည်းနည်းခါးမတ်ချင်လို့ "

"ဟုတ်ပြီ... "

ကုတင်နောက်ဘက်အောက်အစွန်းကိုသွားကာ လှည့်ဘီးကိုလှည့်ပြီး မင်းထက်ပိုသက်တောင့်သက်သာဖြစ်အောင်လုပ်ပေးလိုက်သည်။

"ညီစေ့ အခြေအနေ ဘယ်လိုလဲ "

"အဆင်မပြေဘူး မနက်ဖြန်ဆို အားလုံးပြီးသွားမှာပါ "

"ညီစေ့ ကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ရအောင်ခေါ်လာခဲ့ပေးပါ ..ဖြစ်နိုင်ရင် ကျွန်တော်ပါလိုက်ခဲ့ချင်တာ "

"စိတ်မပူပါနဲ့ ညီက ကိုယ့်အသက်အမျှချစ်ရသူပါ၊ကိုယ့်အသက်နဲ့ရင်းပြီးကယ်ရကယ်ရ ဘယ်နည်းနဲ့ဖြစ်ဖြစ်ကိုယ်ရအောင် ကယ်လာမှာပါ"

"ယုံပါတယ်ဗျာ ကိုဘုန်းဆက်ရှိန်၀ါဖြစ်နေလို့လဲ ညီစေ့ကိုစိတ်ချတာပါ ၊ညီစေမင်းသော်ကို အမြဲတမ်းဦးစားပေးနံပါတ်တစ်နေရာမှထားပေးပါဗျာ၊ အဲ့ကောင်လေးက အရမ်းဝမ်းနည်းတတ်ရုံမက လျှောက်ပေါက်ပြီးလဲ တွေးတတ်သေးတာ "

"ဟုတ်ပါပြီကွာ မင်းတို့လဲရှိနေတာပဲ"

"အဟင်း"

"ဒါဆို ကိုယ်ပြန်မယ် မင်းလဲ အမြန်သက်သာလာအောင်ဂရုစိုက် "

"ဟုတ်ကဲ့ပါ အားလုံးအန္တရာယ်ကင်းပါစေဗျာ"

အခန်းထဲကမှထွက်သွားသော ကိုဘုန်းဆက်ရဲ့ကျောပြင်က အထီးကျန်သလိုခံစားနေရသည်။ညီစေ့ကို အစိုးအရိမ်လွန်နေလို့နေမှာပါ ၊ကိုဘုန်းဆက်နဲ့ ညီစေ တွေ့ကြတာမကြာသေးပေမယ့် အချစ်တွေတစ်ကယ်စစ်သည်ကိုမြင်နေရသည်။

မာမီဆုံးသွားတော့ မင်းထက်အဖို့ မှီခိုစရာရင်ခွင်ပြိုလဲသွားခဲ့ရသည်။ဖခင်ဖြစ်သူကလဲ အောင်မြင်သည့်စီးပွားရေးပိုင်ရှင်ဆိုသည့်နာမည်နှင့်အပြိုင် မိန်းမပွေပြီး သားဖြစ်သူကိုပါ မေ့လျော့သည်အထိ အပြင်မှာသာပျော်ပါးနေတတ်သည်။

မေတ္တာငတ်မွတ်နေတဲ့ သနားစရာ မင်းထက်အဖြစ်ကနေ ဖခင်နှင့်အပြိုင် လူရှုပ်လူပေလေး မင်းထက်ကျော်အဖြစ်သို့ကူးပြောင်းသွားသည်။အသက်ငယ်ငယ်လေးနှင့် ဘဝကိုအလေလိုက်နေရုံနှင့်မကုန်ဆုံးချင်တဲ့မင်းထက်က ဖခင်ရဲ့အလုပ်တွေကိုလဲစိတ်မဝင်စားချေ။လကုန်ရက်တိုင်းကဒ်ထဲရောက်လာမည့်ငွေပမာဏကိုပဲစိတ်ဝင်စားတော့သည်။
တစ်နေ့ နိုင်ငံခြား Actionကားကိုကြည့်ရင်းနှင့်မှ မည်သည့်အဖွဲ့အစည်းရဲ့ထိန်းချုပ်မှုအောက်မှာမှမရှိပဲ ပြည်သူတွေကိုကယ်တင်နိုင်သည့် မကောင်းသူကိုပယ်ကာ ကောင်းသူကိုကယ်နိုင်သည့်နည်းလဲ ရှိသေးတာပဲဆိုတာကိုသိရပြီး Internetမှာလိုက်ရှာကြည့်ရင်း Logo ဆိုတဲ့Commando အထူးသင်တန်းကျောင်းကို တွေ့မိရင်း တက်ဖြစ်သွားတာဖြစ်သည်။

အဲ့နေ့က ... အဲ့နေ့လေးကိုတစ်သက်လုံးမေ့မယ်မထင်ဘူး၊ ခန္ဓာကိုယ်ကို စစ်ဆေးဖို့လုပ်မှာမလို့ တန်းစီစောင့်ရင်း မျက်နှာစူပုပ်ပုပ် ၊အရပ်ရှည်ရှည်နှင့် အတော်လေးရုပ်ရည်ချောမောသည့်ကောင်လေးကို စပြီး သတိထားမိခဲ့သည်။
ဒီကောင်လေးမှာ မင်းထက်သဘောကျတာက မျက်ခုံးမွှေးတန်းတန်းလေးသာ ။
မင်းထက်က သူ့မျက်ခုံးမွှေးနဲ့ပတ်သတ်ရင် စိတ်ဝေဒနာရှိသည်။
သူ့မှာရှိတဲ့မျက်ခုံးမွှေးတွေက မည်းနက်ပြီး ထူထဲလွန်းလှသည်။သူများတွေပြောနေကြ မျက်ခုံးမွှေး ခြေမလောက်ရှိတယ်ဆိုတာ သူမှစစ်စစ်ပဲ...

ဒီကောင်လေး မျက်ခုံးမွှေးတွေက မထူမပါး
တန်းတန်းလေးသာ သင့်တင့်တဲ့အနေအထားနဲ့ လိုက်ဖက်လှစွာရှိနေသည်။
မကျေမနပ်နဲ့စကားပြောတိုင်း မျက်မှောင်ကုပ်တတ်တာတွေ၊မျက်ခုံးလေးပင့်ပင့်ပြီး စစကားပြောတတ်တဲ့အကျင့်လေးတွေ၊ရယ်လိုက်မှပေါ်လာတတ်တဲ့ သွားတက်ချွန်ချွန်လေးရယ် ၊ အဲ့ကတည်းက အဲ့လူသားလေးကို သူကအပြည့်အဝစောင့်ရှောက်ပေးချင်ခဲ့တာ ၊
ပိုင်ဆိုင်ရပါစေ ဆိုတဲ့စိတ်မရှိပဲ သူမြတ်နိုးရတဲ့ တစ်ဦးတည်းသောလူသားလေးအဖြစ်ရှိနေတဲ့ ညီစေမင်းသော်ကို မင်းထက်ကျော်ဆိုတဲ့သူ့ဘဝနေဝင်ချိန်ထိ လိုအပ်သမျှကို ဖြည့်စည်းပေးရင်း၊အရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်သွားချင်တာ ။

"တစ်စုံတစ်ယောက်ကိုစွဲစွဲမြဲမြဲချစ်မိပြီဆိုရင်
တုံ့ပြန်လာတဲ့အချစ်မရရင်တောင်မှ အဆင်ပြေတယ်....
သူ့နားမှာတိတ်တိတ်လေးနေခွင့်ရရင်ကျေနပ်ပါပြီ.....
ငါတော့ တစ်ခြားလူတွေထက် မင်းကိုမင်းပိုပြီးတန်ဖိုးထားဖို့မျှော်လင့်တယ်.....ညီစေရေ...မနက်ဖြန်တွေမှာလဲ မင်း အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်စွာ နေရမယ်နော်...."

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

# 31.1.2022
# Nandar Myint Moh

I really want your Feedback and Voting💙
















Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...