ချစ်ခြင်းဖွဲ့သီ... ဥယျာဉ်ဆီ...

By Babypiglet7

6.9K 822 39

ကိုယ့်လောက် မင်းကို ဘယ်သူမှမနာကျင်စေဘူး။ ဒါပေမဲ့ ကိုယ့်လောက်လည်း မင်းကို ဘယ်သူမှချစ်မပေးနိုင်ဘူး။ ကိုယ့ျလောကျ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22

Part-11

225 37 0
By Babypiglet7

(Unicode)

ရှောင်းကျန့် ပါးကိုနှုတ်ဆက်လိုက်ပြီး ကျောင်းထဲတန်းမဝင်သေးဘဲ မြင်ကွင်းထဲကနေ ပါးရဲ့ကားလေး ဝေဝါးပျောက်ကွယ်သွားသည်အထိရပ်ပြီးကြည့်နေလိုက်သည်။ အနောက်ကိုလှည့်လို့တက္ကသိုလ်ပရိဝုဏ်ထဲ ခြေချလိုက်တာနဲ့ ထုံးစံအတိုင်း parking ၌ရပ်ထားသောဆိုင်ကယ်အနားမှာ သူ့ကိုစောင့်နေသောရိပေါ်ကိုတွေ့ရသည်။

All black နဲ့ထင်းထွက်နေတဲ့ ရှောင်းကျန့်ကောင်လေးကသိပ်မိုက်တာ။ လက်ထဲမှာလည်းတစ်ခုခုကိုင်ထားတာတွေ့သည်။ ရှောင်းကျန့်အတွက် green tea ‌ဖြစ်ရင်ဖြစ် မဟုတ်ရင် juice တစ်မျိုးမျိုးဖြစ်ရင်လည်းဖြစ်နေလိမ့်မယ်။ တစ်ခါလောက်တော့ ice cream လေးပူဆာဦးမှ။

စူးရှတောက်ပတဲ့အကြည့်တွေက မြားတစ်စင်းလိုပဲ ‌လူကိုဖောက်ထွက်သွားမလားမှတ်ရသည်။ နားနှစ်ဖက်က Crosses ပုံစံ eardrops လေးတွေကလည်း နေရောင်ကြောင့် တစ်ချက်တစ်ချက် လက်ခနဲဖြစ်ဖြစ်သွားတတ်ကာ ကပိုကရိုပုံစံဖြစ်နေတဲ့ အညိုရောင်ဆံနွယ်တွေနဲ့ပေါင်းစပ်လိုက်တော့ လုံးဝကိုအရိုင်းဆန်နေတော့တာပါပဲ။ တချို့မိန်းမငယ်လေးတွေဆို အရောင်တောက်တောက်မျက်လုံးလေးတွေနဲ့ ရိပေါ်ကိုကြည့်ကာကြည့်ကာဖြင့် သူတို့အချင်းချင်းတီးတိုးပြောဆိုပြီးရှက်ပြုံးလေးတွေပြုံးသွားကြတာတွေ့ရသည်။

ရှောင်းကျန့်လည်း ပေါ့ပါးတဲ့ခြေလှမ်းလေးနဲ့အတူ ချစ်သူဆီသွက်သွက်ကလေးလျှောက်သွားလိုက်သည်။ ဟိုညကပူပန်မိတယ်ဆိုတဲ့စိတ်တွေဟာလည်း နောက်နေ့ရိပေါ်မျက်နှာကိုမြင်လိုက်တာနဲ့ အကုန်ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ရော။

ရိပေါ်ရဲ့ဂရုစိုက်ခြင်းတွေနဲ့ အချစ်တွေကြောင့် မယုံမရဲနဲ့ပူပန်မိခဲ့တဲ့သူ့စိတ်အပေါ်တောင် ရှက်မိခဲ့ရတဲ့အဖြစ်။ အချစ်ကဆန်းကြယ်လှပါလား။ အခုရက်ပိုင်းတော့ ရှောင်းကျန့်နဲ့အနီးတစ်ဝိုက်မှာ ချစ်ခြင်းရဲ့ရာသီဥတုတွေကသာသာယာယာပါပဲ။ ပန်းနုရောင်လေးသန်းလာလိုက် အပြာဖျော့ရောင်ရစ်သိုင်းလာလိုက်နဲ့ တစ်လှည့်စီကိုဖြစ်လို့။

ရိပေါ်သူ့အရှေ့ဆီက ထွက်ခါစနေရောင်ခြည်လို နုနုစင်စင်လေးနှင့် လတ်ဆတ်မှုတွေဝေဖြာနေသောအလှတရားလေးအား မမှိတ်မသုန်စိုက်ကြည့်နေမိသည်။ ရေကြည်အိုင်လေးထဲစိန်မှုန်တွေကြဲထားသလို တဖျတ်ဖျတ်လက်နေတဲ့မျက်လုံးလေးတွေကရိပေါ်ရဲ့အားနည်းချက်‌ဆို နီထွေးပါးလျပြီး ပုံကျလှတဲ့နှုတ်ခမ်းလေးကတော့ သံစဉ်မပီတော့တဲ့ရိပေါ်ရင်ခုန်သံတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။

အဲဒီပဲ့ကိုင်ရှင်လေးကို lollipop လေးသဖွယ်ငုံထွေးပြီး အားရပါးရစုပ်ယူပစ်ချင်တာ။ ဘာအရသာများဖြစ်မလဲကွာ။ သူ့ရင်ခုန်သံတွေမြန်နေတုန်း ရေကြည်အိုင်နံဘေးမှာ ကျီးခြေရာလေးတွေပေါ်လာပြီး နီထွေးထွေးနှုတ်ခမ်းပါးတွေကလှစ်ဟလာကာ ကြွေဖြူရောင် ယုန်သွားလေးတွေကဖျတ်ခနဲပေါ်လာသည်။

ရိပေါ်ရဲ့အသည်းနှလုံးလေးက ရိပေါ်ကိုရယ်ပြနေတာပဲ။ ကိုယ်တော့ရူးတော့မယ်ထင်တယ် ရှောင်းကျန့်ရာ။ ရယ်နေလိုက်တာများ ပီဘိကလေးငယ်လေးလိုပဲ။ နှုတ်ခမ်းပါးလေးကညှို့ချက်ပြင်းသလောက် အပြုံးလေးကဖြူစင်လွန်းနေတော့ မေ့မေ့မူးမူးဖြစ်ချင်နေတဲ့ရင်ခုန်သံပြင်းပြင်းတွေကတစ်ဖက် မထိရက်မတို့ရက်တဲ့ အဖြူထည်စိတ်ကတစ်ဖက်နဲ့ ရိပေါ်တစ်ယောက်လမ်းပျောက်နေပါရော။

တကယ်တော့ထိခွင့်တို့ခွင့်လည်းရှိမနေပါဘူး။ လက်တောင်ကိုင်ခွင့်မပေးပါ။ ဒီလိုကျောင်းဝန်းထဲမှာ ဘေးကနေမော်ဖူးခွင့်ပေးတာတောင် ဒီကောင်ကံကောင်းလွန်းလို့ပါပဲ။ ချစ်သူဖြစ်တာ တစ်လနီးပါးကို နှစ်ယောက်တည်းတွေ့ခွင့်ရချိန်က ရှိကိုရှိမနေတာ။ ထားလိုက်ပါ... ဒါတွေကအရေးမကြီးပါဘူး။ အရေးကြီးတာက ရှောင်းကျန့်ဟာ သူ့ချစ်သူဖြစ်နေဖို့ပါပဲ။

အနားရောက်လာတဲ့ချစ်သူလေးရဲ့လက်ထဲ သူ့အကြိုက် green tea ဘူးလေးထည့်ပေးလိုက်သည်။ ရိပေါ်တစ်ယောက် နေ့တိုင်းလာစောင့်နေတယ်ဆိုတာ ခုလိုမျိုး ရေပူရေချမ်းကမ်းချင်လို့‌လေ။ တစ်ခါတလေလည်းသူစားချင်တာလေးတောင်းဆိုတတ်သေးတာ။

အခုလည်း နောက်နေ့ ice cream လေးဝယ်ကျွေးပါလို့ပြောလာပုံလေးက ကြိုးလေးနဲ့သီပြီးလည်ပင်းမှာ‌တောင်ဆွဲထားလိုက်ချင်‌စိတ်ပေါက်တယ်။ ကိုယ့်အတွေးကိုယ်သဘောကျရင်း ချစ်သူလေးနဲ့အတူယှဉ်တွဲကာ Anthropology ဘက်ကို ခပ်ဖြည်းဖြည်းလျှောက်လာခဲ့ကြသည်။

ရှောင်းကျန့်ကို အတန်းထဲရောက်အောင်လိုက်ပို့ပေးပြီး အနားမှာနေဖို့ကြံရွယ်ထားသော်လည်း ကိုယ့်အတန်းကိုယ်ပြန်ပြီး ဘယ်စာသင်ချိန်မှအလွတ်မခံရဟူသောတစ်ချက်လွှတ်အမိန့်ကြောင့် ရွှေမင်းသားလေးအလိုကျသူ့ဆန္ဒ‌တွေကတော့ဘေးရောက်ခဲ့ရပြီး လူကတော့စာသင်ခန်းထဲရောက်လို့သွားရသည်။

အတန်းထဲရောက်မှ တစ်ချိန်တောင်အလွတ်မခံဘဲ ခုံပေါ်ခေါင်းမှောက်လို့အိပ်နေခဲ့တာကိုတော့ သူ့မင်းသားလေးသိလို့မဖြစ်ဘူးပေါ့။ မျက်လုံးမှိတ်ပြီးအိပ်လိုက်တာနဲ့ အာရုံထဲအပြေးလေးတိုးဝင်လာတာက lollipop လေးတစ်လုံး။ ဝေးသွားလိုက်နီးလာလိုက်နဲ့မို့ အမိအရဖမ်းပြီးငုံ‌ပစ်လိုက်တယ်။ အိပ်မက်ထဲတော့အရသာသိခွင့်ရှိမယ်ထင်တာပါပဲ။

                        

                          ***********

နေလယ်စာ စားချိန်ရောက်တော့ ထုံးစံအတိုင်းရှောင်းကျန့်တို့ငါးယောက်စုဆုံပြီးစားဖြစ်ကြသည်။ ဟိုရောက်ဒီရောက်အကြောင်းအရာတွေနဲ့စကားအမျိုးအစားတွေကတော့စုံလင်လို့ပါပဲ။ ပင်တိုင်အပြောသမားတွေကတော့ လုလုနဲ့ကျန်းမင်‌ပေါ့။ ကျင်းယွင်ကိုကြည့်လိုက်တော့လည်း တစ်လောကလုံးမှာ သူနဲ့သူ့နေ့လယ်စာသာရှိတဲ့ပုံစံမျိုး။

ရှောင်းကျန့်ကတော့ ကိုယ်မှာထားတဲ့ဟင်းထက် ရိပေါ်ထည့်ပေးထားတဲ့ဟင်းတွေကသာပန်းကန်ထဲစုပြုံနေပြီး ဘာကိုစစားပြီး ဘယ်ဟာကိုအရင်လက်စသပ်ရမလဲမသိတော့။ ဟိုအရင် ရိပေါ်တို့နဲ့မတွေ့ခင်တုန်းကတော့ ဒီလိုစားချိန်တိုင်း လုလုကရှောင်းကျန့်အတွက်မှာပေးတတ်ပေမဲ့ ကျင်းယွင်ကသာ သူကြိုက်တတ်တာလေးတွေကို ဖယ်ပြီးပန်းကန်ထဲသပ်သပ်ထည့်ပေးတတ်တာ။

အခုနောက်ပိုင်းတော့ ကျင်းယွင်ကအလိုက်တသိနဲ့ ထိုကဲ့သို့လုပ်ခြင်းကိုရှောင်လာသည်။ မရှောင်လို့လည်းမဖြစ်။ သူ့ရဲ့ရိပေါ်က သဝန်တိုသိပ်ကြမ်းတာ။ ရှောင်းကျန့်သဝန်တိုတယ်ဆိုတာ ရိပေါ်ကိုဘယ်မီလိမ့်မလဲ။ ကိုယ်ကမှ ဖွင့်မပြောတာရော၊ အမူအရာ‌ကိုထိန်းတာရောကြောင့် ဘေးလူကသတိမထားမိပေမဲ့ ရိပေါ်ကတော့အဲဒီလိုမဟုတ်။

ရိပေါ်လည်းသဝန်တိုတာကိုပါးစပ်ကထုတ်ပြောတာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ မျက်နှာအနေအထားနဲ့ အပြုအမူတွေမှာကိုက ဘေးလူတွေသတိထားမိလောက်အောင်ပေါ်လွင်နေတတ်တာ။

ရှောင်းကျန့်ကအပေါင်းအသင်းနည်းသလို တခြားလူတွေနဲ့လည်းအခေါ်အပြောသိပ်မရှိလှတာကြောင့်သာတော်တော့သည်။ မဟုတ်ရင်တကယ်လွယ်မှာမဟုတ်။ အခုလည်း ရှောင်းကျန့်မှာရှိတဲ့သူငယ်ချင်းနှစ်ယောက်နဲ့ကိုပဲသူကသဝန်တိုချင်နေတာ။ လုလုထက် ကျင်းယွင်နဲ့ဆိုရင်ကို ပိုသဝန်တိုတတ်တာ။

ရှောင်းကျန့်တို့သုံးယောက်မှာက အရင်ကတည်းက တစ်ဦးတည်းသောမိန်းကလေးဖြစ်တဲ့လုလုကို ဘေးလူအရိုအသေတန်မှာစိုးလို့ အတတ်နိုင်ဆုံး skinship လုပ်တာမျိုးရှောင်ကြဉ်တာက အကျင့်တစ်ခုလိုတောင်ဖြစ်နေတာ။ ရှောင်းကျန့်နဲ့ကျင်းယွင်သာ ပခုံးပုတ်တာမျိုး၊ လက်ထိတာမျိုးလောက်ရှိတတ်ကြတာဖြစ်သည်။ အဲဒါကိုပဲရိပေါ်မျက်စိထဲဘဝင်မကျတာထင်ပါရဲ့။

အဲဒါကြောင့် ရှောင်းကျန့်ကသတိထားပြီးဆင်ခြင်လိုက်သလို ကျင်းယွင်ကလည်းအကင်းပါးသူပီပီ အဲဒါမျိုးကိုရှောင်ကြဉ်သွားသည်။ အဲဒီတော့နဂိုစကားနည်းသူကျင်းယွင်က အခုဆိုတိတ်ဆိတ်နေတော့တာမဆန်းပါဘူး။ ဒါပေမဲ့ ခုလိုနေရာမှာတိတ်ဆိတ်သွားတာက အကြောင်းမဟုတ်ပေမဲ့ မားပြောတဲ့ အပြင်မှာတွေ့တာ မျက်နှာမကောင်းဘူးဆိုတဲ့ကိစ္စကရော အခုလို ခင်မင်မှုသံယောဇဉ်တွေမှာ ဆင်ခြင်ခြင်းတွေထည့်ထားရတာရဲ့ effect လား။

မဖြစ်နိုင်ဘူးထင်တယ်။ ရှောင်းကျန့်သိရသလောက် ကျင်းယွင်က လူကြီးဆန်သလိုလက်တွေ့လည်းဆန်သည်။ ရှောင်းကျန့်လိုမျိုး emotional type မဟုတ်။ ကဏ္ဍခွဲပြီး ကောင်းကောင်းအလုပ်လုပ်တတ်လွန်းလို့ ဒီအသက်အရွယ်နဲ့တောင် စီးပွားရေးနယ်ပယ်ထဲခြေဆန့်ပြီး သူ့အတိုင်းသူ့အတာနဲ့အောင်မြင်မှုရနေတာပေါ့။

ဒါဆိုရင် အပြင်မှာ မျက်နှာမကောင်းတဲ့ကိစ္စနဲ့ပတ်သက်လို့က တွေးစရာတစ်ခုပဲရှိတော့မည်။ အိမ်တွင်းရေးပြဿနာ သို့မဟုတ် ကိုယ်ရေးကိုယ်တာပြဿနာ။ ဒီလိုဆို အဲဒီကိစ္စကရှောင်းကျန့်နဲ့လွတ်တယ်ဆိုပေမဲ့ စိတ်မကောင်းတော့ဖြစ်ရတာပါပဲ။

ဘာလို့လဲဆိုရင် ကျင်းယွင်က သူ့မှာအကျပ်အတည်းတစ်ခုခုနဲ့ရင်ဆိုင်ရတိုင်းရှောင်းကျန့်ကိုတိုင်ပင်တတ်ပြီး ရှောင်းကျန့်ဆီကရတဲ့ သူနဲ့မတူခြားနားတဲ့အတွေးအမြင်တွေကို သေချာသုံးသပ်ပြီး အခက်အခဲဖြေရှင်းရာမှာသုံးလေ့ရှိသည်။

အခုတော့ သူ့မှာအရေးတစ်ခုခုရှိနေတာတောင် ရှောင်းကျန့်ကိုမပြော‌တော့ဘူးဆိုတော့ အဲဒီအတွက်ကိုတော့ဖြင့် သူတကယ်စိတ်မကောင်းဖြစ်ရပါသည်။ ရှောင်းကျန့်အနေနဲ့က ဒီစိတ်မကောင်းဖြစ်မှုနဲ့ပတ်သက်လို့တော့ စိတ်ရှင်းပြီးလိပ်ပြာလုံပါသည်။

ဘာကြောင့်လဲဆိုရင် ကျင်းယွင်ကသူ့ကိုဂရုမစိုက်တော့လို့၊ အတွင်းရေးတိုင်ပင်ရလောက်တဲ့အထိအလေးထားတဲ့ခင်မင်မှုတွေမရှိတော့လို့ စိတ်မကောင်းဖြစ်တာမျိုးလုံးဝမဟုတ်လို့ပါ။ သူတကယ်စိတ်မကောင်းဖြစ်ရတာက ချစ်သူရသွားတာနဲ့ရှောင်းကျန့်ကပြောင်းလဲသွားပြီမို့ သူ့အကြောင်းကိစ္စတွေကိုသွားရောက်တိုင်ပင်ခွင့်မရှိတော့ပါဘူးလို့ကျင်းယွင်တစ်ယောက်အားငယ်တွေး တွေးနေပြီလို့သူထင်မိလို့ပါပဲ။

ချစ်သူရှိတာနဲ့သူငယ်ချင်းတွေကြား စည်းခြားပစ်ဖို့မှမလိုတာပဲလေ။ ရှောင်းကျန့်အတွက်တော့ချစ်သူနဲ့သူငယ်ချင်းဆိုတာ နှိုင်းယှဉ်ရမဲ့အရာတွေကိုဟုတ်မနေတာ။ ဘယ်အရာကသာတယ်၊ ဘယ်အရာကလျော့တယ်လို့ဆိုလိုချင်တာမဟုတ်ဘူး။ အနေအထားချင်းကသပ်သပ်စီဖြစ်ပြီး တစ်ဦးချင်းစီကသူ့အတွက်ကိုယ်စီတန်ဖိုးတွေရှိကြတာမို့ပါပဲ။

ရိပေါ်ကသူ့ကိုချစ်လို့သဝန်တိုတယ်ဆိုတာ သူနားလည်လို့ ချစ်သူစိတ်အနှောင့်အယှက်မဖြစ်ရအောင် သူဆင်ခြင်လို့ရသလောက်ဆင်ခြင်လိုက်တယ်။ အဲဒီလိုလုပ်ခြင်းဟာ သူငယ်ချင်းတွေကြားက ခင်မင်မှုကိုအရောင်မှိန်သွားစေဖို့ရည်ရွယ်တာမှမဟုတ်တာလေ။

သူ့ကိုချစ်ခင်ပြီး သူကလည်းချစ်ရခင်ရတဲ့သူတွေစိတ်မဆင်းရဲရစေဖို့ win-win solution တစ်ခုကတော့ကျိန်းသေရှိနေမှာပါပဲ။ ရိပေါ်အလွန်အကျွံသဝန်တိုတဲ့အမူအရာတွေဖြစ်လာတတ်တဲ့အချိန်က ကျင်းယွင်နဲ့သူ skinship ရှိတဲ့အခါမျိုးတွေနဲ့ ကျင်းယွင်သူ့ကိုဂရုတစိုက်နဲ့လိုက်လုပ်ပေးတတ်တဲ့အခါမျိုးတွေမှာပဲ။

ဒါဆို အဲဒီအနေအထားမျိုးတွေကိုရှောင်ပြီး သူငယ်ချင်းတွေဆက်ဆံရေးမကျဲရလေအောင် တခြားနည်းလမ်းတွေနဲ့ communicate လုပ်လို့ရတာပဲလေ...ဥပမာ ဖုန်းဆက်စကားပြောကြတာမျိုးပေါ့။ ဘေးလူ‌တချို့ရဲ့အမြင်မှာတော့ ဒါဟာရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလို့ထင်စရာရှိပေမဲ့ အဲဒီလိုမဟုတ်တာ ကိုယ့်ကိုယ်ကိုယ်အသိဆုံးမို့ ဒါနဲ့ပတ်သက်လို့ ရှောင်းကျန့်ကလုံးဝ guilty မဖြစ်ဘူး။ ဒါဟာ ဒီကိစ္စအပေါ်သူလုပ်ပေးလို့ရတဲ့အကောင်းဆုံးအနေအထားတစ်ခုလို့ပဲမြင်သည်။

အဲဒါကြောင့် မသာမယာဖြစ်နေတယ်ဆိုတဲ့မျက်နှာကိစ္စမေးကြည့်ဖို့ ကျင်းယွင်ဆီကိုညတုန်းကဖုန်းခေါ်လိုက်‌သေးသည်။ စက်ပိတ်ထားတယ်တဲ့။ ရှောင်းကျန့်တို့သူငယ်ချင်းသုံးယောက်က အိမ်မှာရှိစဉ်ဖုန်းနဲ့စကားပြောတာမျိုးကမရှိသလောက်ပဲ။ ကျောင်းမှာနေ့တိုင်းတွေ့ကြရလို့ဆိုတာလည်းပါသလို အိမ်ပြန်ရောက်ရင် ကိုယ်စီလုပ်စရာတွေကများကြတာမို့ မနှောင့်ယှက်ချင်ကြတော့တာလည်းပါသည်။

အဲဒါကြောင့် ညဘက်တွေမှာ ကျင်းယွင်းဖုန်းစက်ပိတ်လေ့ရှိလား၊မရှိလားဆိုတာရှောင်းကျန့်တကယ်မသိဘူး။ အရင်တုန်းကမှ မားနဲ့အတူဧည့်ခံပွဲတွေလိုက်သွားရင်း သူတို့နှစ်ယောက်တွေ့ဖြစ်ကြသေးသည်။ အခုရက်ပိုင်းကျမှ စာမေးပွဲနီးလာလို့ဆိုပြီး မားကလည်း သူ့ကိုမခေါ်သွားတော့ပါ။ ဒါဆို ကျင်းယွင်နဲ့တွေ့လို့ရ၊ စကားပြောလို့ရမဲ့အခွင့်အရေးက ကျောင်းမှာပဲရှိတော့တာပေါ့။

ရှောင်းကျန့်လည်း တွေးရင်းတောရင်းနဲ့စားလိုက်တာ ကိုယ့်ပန်းကန်ထဲရှိတာ‌တွေအပြင် ရိပေါ်ထည့်ထားတာတွေပါကုန်သလောက်ရှိသွားပြီမို့ ဗိုက်‌လေးတောင်တော်တော်အင့်သွားသည်။ ကိုယ့်ဗိုက်လေးကိုယ် မသိမသာစမ်းကြည့်လိုက်တော့ ယောင်ယောင်လေးတောင်ပူလာသလိုပဲ။

သူ့ဗိုက်ကိုပူစေတဲ့ ဘေးနားကတရားခံကြီးကိုကြည့်လိုက်တော့ သူထည့်ပေးထားတာတွေကုန်အောင်စားလိုက်လို့ ကျေနပ်နေတဲ့ရုပ်ကြီးနဲ့။ အရှေ့က လုလုနဲ့ကျန်းမင်ကိုကြည့်လိုက်တော့လည်း စကားမပြောရင်တာဝန်မကျေဘူးလို့များမှတ်ထားကြသလား‌အောက်မေ့ရတယ်။ တစ်ယောက်ပါးစပ်ပိတ်ရင် နောက်တစ်ယောက်ကထပြောလိုက်နဲ့ အလှည့်လိုက်ကိုပြောနေကြပုံပဲ။

အစားအသောက်တွေကတော့ ငါးယောက်စလုံးကုန်သလောက်ရှိနေပြီမို့ ဟိုနှစ်ယောက်စကားပြောတာ ဒီတစ်ချီပြတ်ပြီဆိုရင်တော့ အတန်းထဲပြန်ဝင်ကြရုံပဲ။ အားလုံးစားပြီးကြချိန် ထုံးစံအတိုင်းရိပေါ်ကရှောင်းကျန့်ကိုလိုက်ပို့မှာမို့ ဟိုသုံးယောက်ကိုနှုတ်ဆက်လိုက်ပြီး အရင်ထွက်လာခဲ့ကြသည်။

ပုံမှန်ဆို အတန်းဝင်မဲ့ဆရာလာခါနီးမှ ပြန်တတ်တဲ့ရိပေါ်က အတန်းရှေ့ရောက်တာနဲ့ဖုန်းဝင်လာတာမို့ အခန်းထဲထိ လိုက်မဝင်တော့ဘဲ နှုတ်ဆက်ပြီးပြန်သွားသည်။ ရှောင်းကျန့်လည်း နာရီကြည့်လိုက်တော့ စာသင်ချိန်စဖို့ကအတော်လေးလိုသေးသည်။ အခုဆိုအခန်းထဲကသူတွေကလည်း ရိပေါ်ရောက်နေလို့အထူးအဆန်းဖြစ်‌မနေကြတော့။ ရှောင်းကျန့်တို့နှစ်ယောက်က အရမ်းခင်တဲ့သူငယ်ချင်းတွေလို့သူတို့ကထင်နေကြပြီလေ။ ဒါကြောင့်ဝမ်ရိပေါ်ပြန်သွားပြီလားလို့လာမေးတဲ့သူတောင်ရှိတယ်။

အရင်ကဆိုရှောင်းကျန့်ကဒီလို  lunch break တွေမှာ စားသောက်ပြီးတာနဲ့စာလုပ်နေကျ။ အခုတော့ စာလည်းလုပ်ချင်စိတ်မရှိ။ ဘေးနားရှိနေကျရိပေါ်ကိုမတွေ့ရတာမို့ ရင်ထဲလွမ်းသလိုကြီး။ စိတ်ထဲမှာလည်းဟာတာတာနဲ့။ သူအကျင့်ပျက်နေပါပြီ။

ခေါင်းလေးကို ခပ်ဖြည်းဖြည်းခါလိုက်ပြီး နောက်တစ်ချိန်သင်မဲ့စာအုပ်ကိုထုတ်လို့ pre-studying လုပ်နေလိုက်သည်။ စာလုပ်နေရင်းခေါင်းထဲအတွေးတစ်ခုပေါ်လာသည်။ ဒီအချိန်ကျင်းယွင်ကိုသွားတွေ့လိုက်ရင်ရတာပဲလေ။ ဟုတ်သားပဲ...မေ့နေတာ။ မေးစရာရှိတာမြန်မြန်မေးပြီး ပြီးတာပဲ။ ဒါဆိုရိပေါ်လည်းမသိတော့ ဘာပြဿနာမှဖြစ်စရာမရှိ‌တော့ဘူးပေါ့။ ဖုန်းဆက်ပြောမယ်ဆိုရင်တော့ ဒီအချိန်စက်ပိတ်မထားလောက်ဘူးဆိုတာသေချာပေမဲ့ လူချင်းသွားတွေ့လို့ရတဲ့အခါအခွင့်ရှိချိန်မှာတော့ သွားတွေ့ပြီးပြောလိုက်တာက respect ထားရာရောက်တာပေါ့လေ။

ပိုင်လွန်းတဲ့အကြံကြောင့်ကိုယ့်ကိုယ်ကိုယ် ကျိတ်ချီးကျူးလိုက်ပြီး ဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ဖို့ Economics ဘက်သို့ခပ်သွက်သွက်ကလေးလျှောက်လာခဲ့လိုက်သည်။ ကျင်းယွင်တို့အခန်းရှေ့ရောက်တော့ အထဲကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ နံရံဘက်ကခုံတစ်လုံးမှာထိုင်ပြီးစာလုပ်နေသော သူ့သူငယ်ချင်းကြီးကိုတွေ့ရသည်။ ရှောင်းကျန့်တို့သူငယ်ချင်းတွေဆိုတာ တကယ်စာဆိုမှစာ..အဲဒီထဲလုလုတော့မပါ။

ကိုယ့်အတွေးနဲ့ကိုယ်ပြုံးစိစိဖြစ်နေတုန်း ကျင်းယွင်ကသူ့ကိုမြင်သွားပုံရသည်။ အခန်းပြင်ထွက်ပြီးသူ့အနားလျှောက်လာသည်။

"ကျန့်ကျန့် ...ဘာလာလုပ်တာလဲ"

ကျင်းယွင်ကမေးလာတော့ သူလည်းပြောဖို့ပြင်ထားတဲ့စကားတွေက ချက်ချင်းထွက်မလာ။ အနည်းငယ်တွန့်ဆုတ်ဆုတ်ဖြစ်သွားသည်။ ဒါပေမဲ့လည်း မေးစရာရှိတာတော့မေးရမှာပဲလေ။

"မင်းကိုမေးစရာရှိလို့...မားကပြောတယ် မင်းကို‌တွေ့တုန်းကမျက်နှာမကောင်းဘူးတဲ့..."

"အာ...ဟိုရက်ကတွေ့တာကိုပြောတာဖြစ်မယ်"

"ဟုတ်မယ်...ကျောင်းမှာကလည်း မင်းနဲ့စကားသိပ်မပြောဖြစ်တော့ ငါလည်းမေးမယ်လုပ်လိုက်မမေးဖြစ်လိုက်နဲ့"

"အဲဒီရက်က ဦးလေးမိသားစုနဲ့ နည်းနည်းကတောက်ကဆဖြစ်ထားလို့ပါ...ကျန့်ကျန့်သိပါတယ် ဟိုကိစ္စပဲလေ ....ကျန့်ကျန့်ကိုပြောမပြဘူးဆိုတာက သိပ်အရေးမကြီးလို့ပါ"

ထင်တဲ့အတိုင်းပဲ အိမ်တွင်းရေးပေါ့။ ကျင်းယွင်ပြောတဲ့ဟိုကိစ္စဆိုတာ မိသားစုအမွေကိစ္စကိုပြောတာပါ။ အလားအလာရှိတဲ့တူဖြစ်သူကျင်းယွင်ကို သားသမီးတွေကိုယ်စား အမြဲမနာလိုဖြစ်နေတဲ့ ဦးလေးနဲ့ပြဿနာတက်ကြပုံပါပဲ။

"ဪ...ငါလည်းထင်ပါတယ်...ငါ့မှာလည်း မင်းကိုပြောစရာရှိနေတယ်...ငါပြောချင်တာက ငါ့မှာချစ်သူရှိသွားပေမဲ့လည်း ငါကပြောင်းလဲမသွားဘူးဆိုတာသိထားပေး...ပြီးတော့ မင်းနဲ့လုလုက ငါ့အတွက်အမြဲတမ်းနောက်ထပ်မရှိနိုင်တဲ့သူငယ်ချင်းတွေပဲ....ရိပေါ်ကိုလည်းတစ်မျိုးမထင်ပါနဲ့...သူကငါ့ကိုချစ်လို့သဝန်တိုတာပါ...နောက်ပြီး ငါကလည်းရိပေါ်ကိုအရမ်းချစ်တာမို့ အမြဲတမ်းလက်တွဲသွားမှာ...ဒါကြောင့်ငါ့ချစ်သူနဲ့ငါ့သူငယ်ချင်းဖြစ်တဲ့မင်းတို့က ဆက်ပြီးပတ်သက်နေရဦးမှာပဲ...အဲဒါကြောင့်မို့ ရိပေါ်ကိုနားလည်ပေးပါနော်"

ရှောင်းကျန့်လည်း ပြောချင်တာပြောလိုက်ရ၍ ရင်ထဲပေါ့သွားသည်။ ကျင်းယွင်က ရှောင်းကျန့်သူ့အပေါ်အားနာပြီးစိတ်မ‌ကောင်းဖြစ်နေတယ်ဆိုတာသိပုံရသည်။ ရှောင်းကျန့်ပခုံးကိုခပ်ဖွဖွပုတ်လို့ သူနားလည်လက်ခံကြောင်းပြောရှာသည်။

ရန်ဖြစ်ထားတာ‌တော့မဟုတ်ပေမဲ့ စိတ်ထဲအစိုင်အခဲဖြစ်နေတဲ့ကိစ္စတစ်ခုကို ဖွင့်ထုတ်လိုက်ရပြီး နားလည်မှုရသွားတာမို့ ရင်ထဲကြည်နူးသလိုတောင်ခံစားလိုက်ရသည်။ သူလည်းကျင်းယွင်လက်မောင်းကို လက်သီးနှင့်ခပ်ဆဆလေးပြန်ထိုးပြီးရယ်လိုက်မိသည်။

"အဟက် ...တော်တော်ကြည့်ကောင်းတဲ့မြင်ကွင်းပဲ"

"ရိပေါ်...!"

"နေ့လယ်စာတစ်ချိန်ပဲအပြင်ခေါ်ထုတ်လို့ရပြီး အခန်းထဲကအခန်းပြင်မထွက်ချင်ဘူးဆိုတဲ့သူက အခုတော့သူများအခန်းရှေ့တောင်ရောက်နေပါလား....သူငယ်ချင်းကိုတော်တော်ချစ်ပုံပဲနော်"

"ရိပေါ် ...အဲဒီလိုမျိုးမပြောပါနဲ့...ကျနော်သေချာရှင်းပြပါ့မယ်"

"ဟုတ်ပါတယ် ဝမ်ရိပေါ် ကျန့်ကျန့်ကိုအထင်မလွဲပါနဲ့"

"မင်းဝင်မပြောနဲ့....ငါ့ချစ်သူကမင်းအခန်းရှေ့ရောက်လာတာတောင်လွန်လှပြီ...ဘာကိစ္စနဲ့ သူ့အသားကိုပါထပ်ထိရတာလဲ"

"ရိပေါ်!!!"

သွားကိုတင်းတင်းစေ့ထားပြီး မေးရိုးတွေပါ‌ထင်းထွက်လာအောင် အံကိုကြိတ်လို့ပြောနေတဲ့ရိပေါ်က ကျင်းယွင်ရဲ့ရင်ဘတ်ပေါ်ကအင်္ကျီစကိုပါလက်တစ်ဖက်နဲ့ဆုပ်ကိုင်လာတာမို့ ရှောင်းကျန့်လည်းအော်လိုက်မိသည်။ ဘေးလူတွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ တ‌စေ့တစောင်းအကဲခတ်နေကြတာမို့ သူတော်တော်ရှက်နေပါပြီ။ ဒီနေရာကနေ ပရုတ်လုံးလေးလိုအငွေ့ပျံပြီးပျောက်ကွယ်သွားလိုက်ချင်သည်အထိ။

အအော်ခံလိုက်ရလို့ထင်သည်...ရိပေါ်က နီရဲနေသောမျက်လုံးတွေနဲ့ သူ့ကိုစိုက်လို့ကြည့်လာသည်။ နှုတ်ကထုတ်ပြောခြင်းမရှိပေမဲ့ အဲဒီမျက်လုံးတွေမှာ ဒေါသတွေအပြင် ဝမ်းနည်းမှုတွေပါရောယှက်နေမှန်း ရှောင်းကျန့်သိသည်။ ရိပေါ်အရမ်းဝမ်းနည်းသွားရပြီ။ အဲဒါသူမကောင်းလို့။

ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာတွေ ရှောင်းကျန့်မစဉ်းစားချင်ဘူး။ သူ့ခေါင်းထဲ ရိပေါ်ကိုတောင်းပန်လိုက်ဖို့ပဲကြီးစိုးနေသည်။ သူ့ပါးစပ်ကတောင်းပန်စကားပြောဖို့ ဖွင့်ဟရုံရှိသေး ရိပေါ်ကသူ့အရှေ့ကနေလှည့်ထွက်သွားသည်။ မသွားပါနဲ့ရိပေါ်ရယ်...တောင်းပန်ပါတယ်...ကျနော့်ကိုအဲဒီလိုမျိုးကြီးမထားခဲ့ပါနဲ့....နောက်ခိုင်းသွားတဲ့ကျောပြင်တွေကို ကျနော်မုန်းလွန်းလို့ပါ ရိပေါ်ရယ်....။

Thanks for reading, votes and comments.
Be happy!

/////////////////////////////////////////////////////////////////


(Zawgyi)














                        

                          ***********















































Thanks for reading, votes and comments.
Be happy!

Continue Reading

You'll Also Like

705K 11.3K 65
ˏˋ°•*⁀➷ 𝗔𝗱𝗱𝗶𝗻𝗴 𝘁𝗵𝗲 𝘄𝗿𝗼𝗻𝗴 𝗻𝘂𝗺𝗯𝗲𝗿 𝘁𝗼 𝗮 𝗴𝗿𝗼𝘂𝗽𝗰𝗵𝗮𝘁 𝗶𝘀 𝗲𝗮𝘀𝗶𝗹𝘆 𝗱𝗼𝗻𝗲 𝗻𝗼 𝗺𝗮𝘁𝘁𝗲𝗿 𝗵𝗼𝘄 𝗳𝗮𝗺𝗼𝘂𝘀 𝘆𝗼�...
1M 39.2K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.2M 52.8K 99
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
597K 21.6K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...