Part-12

206 37 2
                                    

(Unicode)

ရှင်းပြခွင့်တောင်မပေးဘဲ ထွက်သွားတဲ့လူကိုကြည့်ပြီး ပြောချင်တဲ့စကားတွေကလည်ပင်းဝမှာတင်တစ်နေပြီး နှုတ်ဖျားဆီရောက်မလာခဲ့။ အရှေ့မှာမြင်နေရတဲ့ကျောပြင်ကျယ်ကိုကြည့်ပြီး ဝမ်းနည်းစိတ်က လှိုက်လှိုက်ပြီးတက်လို့လာသည်။ ငိုချလိုက်ချင်ပေမဲ့ လည်ပင်းအညှစ်ခံထားရတဲ့လူလို တစ်ချက်တောင်ရှိုက်လို့မရခဲ့။

အခုနကခံစားနေရတဲ့ရှက်တယ်ဆိုတဲ့စိတ်တွေလည်း ဘယ်ရောက်ကုန်တယ်မသိ။ ဝမ်းနည်းစိတ်ကသာကြီးစိုးလို့နေသည်။ ဘေးကနေမသိမသာအကဲခတ်နေတဲ့သူတွေလည်းခေါင်းထဲမရှိတော့။ ယုတ်စွအဆုံး ဘာအပြစ်မှမည်မည်ရရမရှိဘဲ ရှောင်းကျန့်တို့နှစ်ယောက်ကြားညပ်သလိုဖြစ်သွားတဲ့ ကျင်းယွင်ကိုတောင် မျက်စိထဲမမြင်မိတော့တဲ့အထိ။

ရှောင်းကျန့်မျက်စိထဲ တရွေ့ရွေ့နဲ့သူ့အနားကဝေးသွားတဲ့ကျောပြင်တစ်ခုနဲ့အတူ ဒေါသနဲ့ဝမ်းနည်းမှုရောယှက်နေတဲ့နီရဲရဲမျက်ဝန်းတစ်စုံကသာ တစ်လှည့်စီဝဲလည်လို့နေသည်။ မင်းဘာဖြစ်လို့များရိပေါ်ကိုအော်လိုက်ရတာလဲ ရှောင်းကျန့်ရယ်။

နှုတ်ခမ်းဖျားတွေပဲတဆတ်ဆတ်တုန်နေပြီး တစ်ချက်တစ်ချက် ကိုယ်လုံးလေးလှုပ်လှုပ်သွားတဲ့ရှောင်းကျန့်ရဲ့ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်သီးလေးကို ကျင်းယွင်ကလာကိုင်ပြီးဖြည်ပေးသည်။ ရှောင်းကျန့်ရဲ့ယခုလိုပုံစံကို ကျင်းယွင်တစ်ခါမှမမြင်ဖူးဘူး။

နူးညံ့သိမ်မွေ့ပြီးထိရှလွယ်တဲ့ စိတ်ခံစားချက်နဲ့စရိုက်ရှိတာသိပေမဲ့ သူတို့ရှေ့မှာတော့အမြဲပဲ တည်ငြိမ်အေးဆေးပြီးရင့်ကျက်တဲ့ဘက်အခြမ်းကိုသာထုတ်ပြတတ်တဲ့ရှောင်းကျန့်ပါ။

မြင်ရခဲတဲ့သူ့သူငယ်ချင်းလေးရဲ့ခုလိုပုံစံကြောင့် တော်တော်လေး ဝမ်းနည်းနေတယ်ဆိုတာသူသိသည်။ အဲဒါကြောင့် လက်သီးဆုပ်လေးကိုဖြည်ပေးပြီးအားပေးဖို့ ကြံရွယ်လိုက်တာပါ။ ဒါပေမဲ့ ရှောင်းကျန့်ကသူ့လက်ကိုအကိုင်မခံပဲ ဖယ်ချလိုက်ပါသည်။

ရှောင်းကျန့်လည်း ကျင်းယွင်ကိုအားတော့နာမိပေမဲ့ မတတ်နိုင်ပါ။ သူ့အသားကိုသူများတွေထိတာ ရိပေါ်ကမကြိုက်ဘူးမလား။ ရိပေါ်မကြိုက်ရင် သူလည်းမကြိုက်ဖို့ဆုံးဖြတ်လိုက်ပြီ။ မချစ်ဖူးလို့ရူးတယ်လို့ပြောရင်လည်း အပြောခံလိုက်မယ်...ဟုတ်တယ် ရှောင်းကျန့်ကအရူးလေး။

 ချစ်ခြင်းဖွဲ့သီ... ဥယျာဉ်ဆီ (Love Garden) (Hiatus)Where stories live. Discover now