DITOEFV
By myatzon
101K 13K 277
Gameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvil... More
Chapter. 1
Chapter . 2
Chapter .3
Chapter.4
Chapter.5
Chapter.6
Chapter7
Chapter .8
Chapter .9
Chapter .10
Chapter .11
Chapter .12
Chapter.13
Chapter.14
Chapter.15
Chapter.16
Chapter.17
Chapter .18
Chapter .19
Chapter.20
Chapter.21
Chapter.22
Chapter.23
Chapter.24
NU.Chapter.1
NU.Chapter.2
NU.Chapter.3
NU.Chapter.4
NU.CHAPTER.5
NU.Chapter.6
NU.Chapter.7
NU.Chapter.8
NU.Chapter.9
NU.Chapter.10
NU.Chapter.11
NU.Chapter.12
NU.Chapter.13
NU.Chapter.14
NU.Chapter.15
NU.Chapter.16
NU.Chapter.17
NU.Chapter.18
NU.Chapter.19
NU.Chapter.20
NU.Chapter.21
NU.Chapter.22
NU.Chapter.23
NU.Chapter.24
Chapter.25
NU.Chapter.25
Chapter.26(U&Z)
Chapter.27(U&Z)
Chapter.28(U&Z)
Chapter. 29(U&z)
Chapter.30( U & Z)
Chapter.31(U&Z)
Chapter .32(U&Z)
Chapter.33(U&Z)
Chapter.34(U&Z)
Chapter.35(U&Z)
Chapter.36(U&Z)
Chapter.37(U&Z)
Chapter.38(U&Z)
Chapter.39(U&Z)
Chapter.40(U&Z)
Chapter.41(U&Z)
Chapter.42(U&Z)
Chapter.43(U&Z)
Chapter. 44(U&Z)
Chapter.45(U&Z)
Chapter.46(U&Z)
Chapter. 47(U&Z)
Chapter.48(U&Z)
Chapter.49(U&Z)
Chapter.50(U&Z)
Chapter.51(U&Z)
Chapter.52(U&Z)
Chapter.53(U&Z)
Chapter.54(U&Z)
Chapter.55(U&Z)
Chapter.56(U&Z)
Chapter.57(U&Z)
Chapter.58(U&Z)
Chapter.60(U&Z)
Chapter.61(U&Z)
Chapter.62(U&Z)
Chapter.63(U&Z)
Chapter.64(U&Z)
Chapter.65(U&Z)
Chapter.66(U&Z)
Chapter.67(U&Z)
Chapter.68(U&Z)
Not Update
Chapter.69(U&Z)
Chapter.70(U&Z)
Chapter.71(U&Z)
Chapter.72
Chapter.73(U&Z)
Chapter.74(U&Z)
Chapter.75(U&Z)
Chapter.76(U&Z)
Chapter.77(U&Z)
Chapter.78(U&Z)
Chapter.79(U&Z)
Chapter.80(U&Z)
Update💛
Chapter.59(U&Z)
761 132 2
By myatzon
Unicode.
ရထားလုံးထဲကိုတစ်ယောက်ယောက်က ရေအေးတွေလောင်းသွားသလို အေးစက်စက်ငြိမ်သက်မှုကြီးဖြစ်သွားခဲ့တယ်၊
' ဟာဟ...ငါတော့သောက်ကျိုးနည်းပြီပဲ၊သောက်ကျိုးတော့နည်းပြီ... '
ငါစိတ်လွတ်သွားသလိုမျိုး ဒီတိုင်းရယ်နေမိတယ်၊
'' Penelope ကအဖေ့ကိုပေးတာလား ''
Derrick ကအသံတိုးတိုးနဲ့မေးလိုက်တယ်၊တချို့သောအကြောင်းရင်းတွေကြောင့် သူ့ရဲ့ဒေါသသံကိုကြားတာနဲ့တင် တုန်ယင်နေမိတယ်၊
သေချာသတိမထားမိတဲ့ Dukeက ပြုံးပြုံးကြီးနဲ့ ကြမ်းပြင်ထိရောက်အောင်ဆေးတွေတိုးပေးလိုက်သလိုပဲ
'' အဟမ်း...အဟမ်း...မင်းတို့တွေကောင်းကောင်းဆက်ဆံပေးရင်တောင် မင်းတို့ကအမျိုးသမီးတွေကြားမှာပေါ်ပြူလာဖြစ်လာမှာမဟုတ်ဘူး၊မင်းတို့ရဲ့ပင်ကိုစရိုက်ကြောင့်လေ...ဟားဟားဟား... ''
'' သူလား ''
Rennald ကပါစိတ်ကောင်းဝင်နေပြီး ရယ်မောနေပြန်တယ်၊
အဲ့အချိန်မှာပဲ Dukeကိုတိတ်တဆိတ်ကြည့်နေတဲ့ Derrickကငါ့ဘက်ကိုလှည့်လာခဲ့တယ်၊
အမည်မသိတဲ့ခံစားချက်တွေက အပြာရောင်မျက်ဝန်းတွေထဲမှာ တုန်လှုပ်နေခဲ့တယ်၊
'' မင်း....ငါ့ကို.... ''
သူကထိန်းချုပ်ထားတဲ့အသံနဲ့တစ်ခုခုပြောဖို့ကြိုးစားနေပေမဲ့ ပါးစပ်ကိုပြန်ပိတ်သွားပြီး တခြားတစ်ဖက်ကိုလှည့်လိုက်တယ်၊ပြီးတော့...
Interest.-1% ( Interest.26% )
' ဟေး...လာစမ်းပါ၊ငါကဘာလို့သူ့ကို အဆောင်ပေးရမှာလဲ '
Hard Mood ရဲ့Interestတွေအကျမြန်တာကို မကျေမနပ်ဖြစ်နေမိတယ်...
***********
ရထားလုံးက နန်းတော်နဲ့သိသိသာသာဖြည်းဖြည်းချင်းနီးကပ်လာခဲ့တယ်၊ငါပြတင်းအပြင်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါ ဝင်ပေါက်ရဲ့အနောက်ဘက်နေရာမှာ ရထားလုံးတွေစီတန်းနေတာကိုတွေ့လိုက်ရတယ်၊
'' ဘာလို့အဲ့လောက်တောင်ကြာရတာလဲ ''
နောက်ဆုံးကပွဲမှာတုန်းက ကြန့်ကြာမနေဘဲမြန်မြန်ဖြတ်သွားလို့ရခဲ့တာကြောင့် ငါစူးစမ်းနေမိ်တယ်၊
ငါရဲ့ကိုယ်ပိုင်စကားလုံးတွေကိုအဖြေပေးလိုက်သူကတော့ Duke ပါပဲ၊
'' အဲ့တာက မှော်စွမ်းအားတွေ၊လက်နက်တွေ၊သားရဲတွေနဲ့ မှော်ဆရာတွေပါမပါစစ်ဆေးနေကြတာ ''
'' စစ်ဆေးတယ်... ''
'' အိမ်ရှေ့စံက သူ့ကိုယ်သူ သူ့ဘဝကတန်ဖိုးရှိတယ်လို့ထင်နေတာကြောင့် သူကအားလုံးကိုစေ့စေ့ပေါက်ပေါက်စစ်ဆေးလိမ့်မယ် ''
ငါအ့ံဩသွားပြီး ခဏအကြာမှာခေါင်းညိမ့်ရင်းထောက်ခံလိုက်တယ်၊
စစ်ပွဲတွေရဲ့သူရဲကောင်း အိမ်ရှေ့စံမင်းသားက အင်ပါယာထဲမှာတင်မကဘူး အပြင်မှာပါရန်သူများတာပဲ...သူနန်းမတက်မချင်း အဆက်မပြတ်စစ်ဆေးခံရပြီး ဘဝကိုချိန်းခြောက်ခံရတာတွေရှိ​ေနနိုင်တယ်၊
' သူ့ရဲ့ပင်ကိုစရိုက်ကို သူချိုးနှိမ်ထားမှာသေချာတယ် '
ဒါပေမဲ့ ငါလုံးဝကိုယ်ချင်းမစာမိဘူး၊
ဒီနေရာမှာ ငါ့ကိုယ့်ငါဘဲသနားနေမိတယ်၊
' တကယ်လို့သူကစစ်ဆေးတယ်ဆိုပေမဲ့လည်း... မှော်ဆရာတွေဆိုတော့ Vinterတောင်ဝင်လို့မရဘူးပေါ့... '
သိပ်မကြာခင်ပဲ Dukeရဲ့ရထားလုံးကစစ်ဆေးရေးဂိတ်ကိုရောက်သွားခဲ့တာကြောင့် အတွေးတွေကသိပ်ပြီးမကြာလိုက်ဘူး၊
သေချာပေါက်ငါတို့ အလွယ်တကူပဲဖြတ်သွားခဲ့တယ်၊
ငါ့ရဲ့ဒူးလေးက ပုတီးစေ့တွေက မှော်စွမ်းအားတွေစစ်ဆေးတဲ့ ခရစ်စတယ်ကျောက်တုံးတွေဆီမှာမိသွားပေသော်ငြားလည်း အဲ့တာတွေက အမဲလိုက်ပွဲအတွက်ရည်ရွယ်ထားတယ်ဆိုတာသိသာနေတာကြောင့် ဘာပြသနာမှမဖြစ်ခဲ့ဘူး၊
နန်းတော်ကမှော်ဆရာတွေက ငါ့ရဲ့ဒူးလေးသေတ္တာကို နောက်ရထားလုံးမှာရှိတဲ့ Emilyဆီပြန်ပေးလိုက်တယ်၊.
'' ဒီတစ်ခါရောဘာတွေလုပ်ဦးမှာလဲ... ငါတို့အများကြီးပြင်ဆင်ခဲ့တယ်နော် ''
ပြတင်းပေါက်အပြင်ကိုကြည့်ပြီး Rennaldကရွဲ့ပြောလညခဲ့တယ်၊Derrickကလည်း သက်ပြင်းယဲ့ယဲ့ချလိုက်ပြီး ငါ့ကိုကိုယ်ချင်းစာတဲ့ ဂရုဏာသက်တဲ့အကြည့်တွေကိုဖြန့်ကျက်နေခဲ့တယ်၊
'' အဟမ်း... ''
သူ့လက်တွေနဲ့ကိုယ်တိုင်ပြင်ဆင်ပေးခဲ့တဲ့ Dukeကစိတ်သက်သာရာရအောင် ေခြာက်ခြောက်ကပ်ကပ်ချောင်းတစ်ချက်ဟန့်လိုက်ပြီး ငါကတော့နောက်တစ်ခါထပ်ပြီးအပြစ်ရှိသလိုခံစားလိုက်ရတယ်၊
အကြိုပွဲတော်က အမဲလိုက်သစ်တောနဲ့အရမ်းမဝေးတဲ့အကွာဝေးမှာရှိတဲ့ ကျယ်ဝန်းတဲ့ဥယျာဥ်တစ်ခုမှာကျင်းပလျက်ရှိတယ်၊
ဲအဲ့တာကအပြင်ဘက်မှာဆိုရင်တောင် တော်ဝင်နန်းတေယ်ကတကယ့်ကိုလှလှပပပြင်ဆင်ထားခဲ့တယ်၊ပန်းတွေနဲ့ဥယျာဥ်တွေရဲ့အလှကိုပိုပြီးမြှင့်တင်တဲ့အနေနဲ့ အထည်ကောင်းတွေ ဖဲပြားတွေနဲ့အလှဆင်ထားခဲ့တယ်၊အရောင်စုံတဲ့အလင်းတန်းတွေက ခြုံပုတ်ရှည်တွေရဲ့နံရံပေါ်မှာရှိနေပြီး ပါတီပွဲကျင်းပတဲ့နေရာကိုခြံရံထားတာကြောင့် အထဲကိုချောင်းကြည့်လို့မရနိုင်ဘူး၊
လူအတော်များများရောက်နေကြပြီး အစေခံတွေကမိသားစုတစ်ခုစီအတွက်ပြင်ဆင်ပေးထားတဲ့စားပွဲဝိုင်းတွေကြားမှာ လှည့်လည်သွားလာရင်းအလုပ်များနေကြတယ်၊
ရောက်တာနဲ့ Dukeနဲ့အကိုနှစ်ယောက်က အနားယူလို့ရတဲ့တဲအိမ်ငယ်တွေဆီသွားပြီး အမဲလိုက်ပွဲမှာသုံးမဲ့မြင်းတွေကိုစစ်ဆေးနေခဲ့တယ်၊
အဲ့တာကြောင့် Emilyကိုငါ့နောက်မှာထားပြီး ဥယျာဥ်ထဲကိုတစ်ယောက်တည်းဝင်သွားဖို့ကလွဲပြီး တခြားမှမရှိတော့ပဲ၊
' သူဘယ်မှာလဲ...အခုထိမရောက်သေးတာလား '
ငါမျိုးရိုးမြင့်တွေကြား လျှောက်သွားရင်း ရင်တလှပ်လှပ်နဲ့ ကျီးကန်းတောင်းမှောက်ကြည့်နေမိတယ်၊
ဲအရင်ဆုံးအိမ်ရှေ့စံရဲ့တည်နေရာကိုအတည်ပြုရမယ်၊ငါ့ရင်တွေအကြောင်းပြချက်မရှိတုန်လှုပ်နေခဲ့တယ် ဘာလို့ဆို သူကဘယ်နေရာကထွက်လာမလဲမသိလို့လေ၊
ငါတခြားမိသားစုတွေနဲ့အတူ ဝင်လာသင့်လား၊
သူကရူးနေတဲ့လူဆိုပေမဲ့ အာလုံးသွားလာနေတဲ့နေရာမှာတော့ ငါ့ကိုမသတ်လောက်ဘူးမလား၊
ငါ့ရဲ့ဝမ်းနည်းစရာနောင်တကို စိတ်ပျက်မိတယ်၊
ရုတ်တရက် ငါ့နားကိုတိုက်ခိုက်လာတဲ့ တီးတိုးပြောသံအချို့ကိုကြားလိုက်ရတယ်၊
'' အရှက်မရှိလိုက်တာ၊ဘယ်လိုပဲပါဝင်ခွင့်ကိုမြှင့်တင်လိုက်တယ်ပဲပြောပြော သူမကအခုထိဒီနေရာကဘယ်လိုနေရာလဲဆိုတာကိုသိသေးတာမဟုတ်ဘူး၊ဘယ်နေရာကအလင်းဝင်တာလဲတောင်မသိဘူး၊ ''
'' ကျမပြောတာအဲ့တာပဲ ဘာလို့များမင်းသားEckart ကသူ့ကလေးတွေကို ခွင့်ပေးရတာလဲ ... ''
'' အမလေး...မဒမ် အဲ့တာကိုမပြောနဲ့ ဘယ်နေရာကများပညာတတ်အောင်ကောင်းကောင်းသင်ကြားပေးမှာတဲ့လဲ ''
အဲ့တာကိုကြားတဲ့ဘယ်သူမဆို ငါ့ကိုကျိန်ဆဲနေတယ်ဆိုတာသိကြတယ်၊ငါမျက်မှောင်ကြုတ်လိုက်ပြီး အရင်းမြစ်ကိုရှာကြည့်လိုက်တယ်၊ဒါပေမဲ့ငါမရှာနိုင်ဘူး၊ဘာလို့ဆို ဥယျာဥ်ထဲကလူတိုင်းငါ့ကိုဝိုင်းကြည့်နေကြလို့ပဲ၊..
' ကောင်းပြီ၊မနှစ်ကစူပါစတားပေါ်လာလို့ဆိုတာ သဘောပေါက်ပါတယ်... '
ငါအဲ့လိုတွေးလိုက်တယ်... ဒါပေမဲ့ စော်ကားပြောခံရလို့စိတ်ရှုပ်သွားတာကိုတော့ မကယ်တင်နိုင်ဘူး၊
ငါအစောကြီးကတည်းကနားလည်ခဲ့တယ်၊ အိမ်ရှေ့စံရဲ့လူမှုဆက်ဆံရေးက ငြိမ်သက်တဲ့အပြုမှုတွေထဲမှာ ဖျက်ဆီးခံလိုက်ရတာကို လက်ခံတာ ဒါမှမဟုတ် နားလည်ပေးနိုင်တဲ့ အနေအထားမျိုးမှာမဟုတ်ဘူးဆိုတာ...
Penelope လည်းအတွင်းရောအပြင်မှာပါ ရန်သူတွေရှိနေတာပဲ...
ဒါ့အပြင် ဒါကသူမဘာလို့ဝေ့ယမ်းနေတဲ့ လူသွားလမ်းကိုမသွားရတဲ့အကြောင်းပြချက်ပဲ၊
'' ဟယ်..ကြည့်ပါဦး ဝတ်စုံကရိုင်းလိုက်တာ... ''
'' အရွယ်မရောက်သေးတဲ့Ladyတစ်ယောက်ဖြစ်ပြီး အရှက်သိက္ခာတောင်မရှိဘူး... ''
အိမ်စေတွေနဲ့အတူ Penelopeရဲ့အလှကိုထုတ်ဖော်ဖို့ဆုံးဖြတ်ခဲ့တဲ့ Emilyရဲ့မျက်နှာကြီး သုန်မှုန်သွားတော့တယ်၊
ငါ့အဝတ်စားနဲ့ပတ်သတ်ပြီးအပြစ်ပြောခံရတာ ဒီနေ့အတွက်လေးကြိမ်မြောက်ပဲ...
' အဲ့တာကသုံးကြိမ်အထက်ရှိတယ်ဆိုရင် မင်းလူသတ်တာကိုရှောင်နိုင်လိမ့်မယ်လို့ ငါကြားခဲ့တယ်... '
အခုသုံးကြိမ်ထက်ကျော်သွားပြီ...ငါပြသနာနည်းနည်းလောက်လုပ်လို့ရပြီလား...
'' Emily "
ငါလူတိုင်းကြားနိုင်လောက်တဲ့ လေသံတိုးတိုးနဲ့ အစေခံကိုခေါ်လိုက်တယ်၊
'' ငါ့ဒူးလေးသွားယူလာခဲ့ ''
Emilyရဲ့မျက်လုံးတွေက တစ်ကြိမ်လှုပ်ရှားသွားတယ်၊
'' ဟုတ်ကဲ့ပါသခင်မလေး...အခုပဲသွားယူလိုက်ပါ့မယ်... ''
ဒါပေမဲ့ သိပ်မကြာခင် သူမကငါပြောတာထက်ပိုကျယ်ကျယ်ပြောလိုက်ပြီးမှ လှည့်ထွက်သွားခဲ့တယ်
ကျေးဇူးပြုပြီး နင်လူးလွန့်နေတဲ့အချိန် ငါ့ပါးစပ်ကအချိန်မရွေးမကောင်းတာတွေထွက်လာအောင်မလုပ်ပါနဲ့လား...
သူမတဲတွေနားကနေပျောက်ကွယ်သွားတဲ့အခါ ငါရယ်မောလိုက်တယ်၊
တီးတိုးပြောသံတွေ ထကြွနေတဲ့ခုနကအချိန်နဲ့မတူပဲ
ခမ်းမကြီးတစ်ခုလုံးတိတ်ဆိတ်သွားတော့တယ်၊
' စကားလေးတစ်ခွန်းပဲ... '
ငါ့ရဲ့မေးစေ့ကို မာန်ပါပါနဲ့ပင့်ထားလိုက်ပြီး အနားတဝိုက်ကိုကြည့်နေလိုက်တယ်၊
ငါနဲ့ထိပ်တိုက်တွေ့တာနဲ့ ပျာယာခတ်သွားတဲ့မျက်အိမ်တွေကိုသတိပြုမိပြီး သူတို့ရဲ့ခေါင်းတွေကိုအလျှင်မြန်လှည့်သွားကြတဲ့သူတွေကိုကြည့်ရတာ တော်တော်လေးရယ်ရတာပဲ
အစေခံတစ်ယောက်တည်းပျောက်သွားပြီး တစ်ကိုယ်တည်းကျန်ခဲ့တာတောင် ဘယ်သူကမှ အလျှင်စလိုဟာသမလုပ်ရဲ​ြကဘူး၊
' မင်း ရူးနေတဲ့ ချင်ပန်ဇီတစ်ကောင်ဆီကနေ ဒူးလေးနဲ့ပစ်တာကိုမခံချင်ဘူးမလား '
ငါရဲ့ပထမဆုံးအတွေးက အိမ်ရှေ့စံဘယ်မှာလဲဆိုတာကိုအတည်ပြုဖို့ပဲ...
ကံကောင်းချင်တော့ သူကခုထိပေါ်မလာသေးဘူး
တကယ်လို့ သူသာဒီမှာရှိနေရင် ငါ့ကိုဒီတိုင်းရပ်ကြည့်နေမဲ့သူမဟုတ်ဘူး၊
ငါအနည်းငယ်စိတ်သက်သာစွာနဲ့ Eckart အိမ်တော်အတွက်စားပွဲဆီကိုရွေ့လိုက်တယ်၊
အဲ့နောက်ငါစားပွဲမှာပစ်ထိုင်လိုက်ပြီး ခြေချိတ်လိုက်ရင်း တွေ့တဲ့ခေါင်းလောင်းတစ်ခုကိုတီးလိုက်တယ်၊
'' ဟေး... ''
'' ဟုတ်...ဟုတ်ကဲ့.. ''
'' ငါ့ကိုသောက်စရာယူလာပေး...ဖန်ခွက်နဲ့မဟုတ်ပဲ ပုလင်းနဲ့...  ''
လူတွေက သူတို်ရဲ့သတ်မှတ်ချက်ထဲက လူရှုပ်အမျိုးစားအမြင့်ဆုံးဖြစ်သွားတဲ့အခါ ဟမ့် ဆိုတဲ့အသံတွေ နေရာတိုင်းလိုလိုမှာ ထွက်ပေါ်နေခဲ့တယ်
'' သခင်မလေး ''
ခဏအကြာမှာတော့ Emily ကဒူးလေးသေတ္တာနဲ့အတူပြန်ရောက်လာခဲ့တယ်၊
သူမပြေးရတာဘယ်လောက်ပင်ပန်းလိုက်မလဲ သူမကဟောဟဲလိုက်နေခဲ့ပြီး ငါ့အတွက်လက်ဆွဲသေတ္တာကိုပါသယ်လာခဲ့ပေးသေးတာ...
'' ကောင်းကောင်းလုပ်ခဲ့တယ် Emily... ''
ငါ့မျက်နှာနားကနေ ခနဲ့တဲ့တဲ့မျက်နှာနဲ့ Emilyကပြုံးလိုက်တယ်၊အဲ့ညစ်ကျယ်ကျယ်အပြုံးကို သူမငါ့ကိုအပ်နဲ့ထိုးပြီး အိပ်ရာနှိုးခဲ့တဲ့အချိန်တုန်းကမြင်ဖူးခဲ့တယ်၊
ဘမ်း....
ငါလက်ဆွဲသေတ္တာကို စားပွဲပေါ်ခပ်ကြမ်းကြမ်းပစ်တင်လိုက်ပြီး ဒူးလေးကိုဆွဲထုတ်လိုက်တယ်၊
သူတို့လိုချင်နေသလိုမျိုး သံပုတီးစေ့တွေကို ဒူးလေးထဲစပြီးထည့်သွင်းလိုက်တယ်၊
ကလက်ခ်...ကလစ်ခ်...ချွင် ချက်...
ငြိမ်သက်နေတဲ့ကပွဲခမ်းမထဲမှာ ဒူးလေးပေါ်ကများပြားလာတဲ့ သံပုတီးစေ့တွေရဲ့ပဲ့တင်သံသာမြည်ဟီးနေခဲ့တယ်၊
'' ဘုရားရေ...သူမကိုတစ်ယောက်ယောက်တားကြပါဦး...  ''
'' ငါတို့အစောင့်တွေကိုအထဲခေါ်လိုက်သင့်လား ''
နေရာတချို့ကတီးတိုးသံတွေကိုကြားလိုက်တယ်၊
ငါဂရုမစိုက်ပဲ မောင်းတံကိုဆွဲတင်လိုက်တဲ့အချိန်မှာပဲ...
'' ဟား...နင်ဘာလုပ်နေတာလဲ ''
ရုတ်တရက်လေပြင်းတစ်ချက်တိုက်သွားပြီး ငါကြည့်လိုက်တဲ့အချိန် Dukeနဲ့သူ့သားတွေက အနားကိုရောက်နေခဲ့ပြီ၊
သူတို့ရောက်လာတာက အနားကလူတွေကိုစိတ်သက်သာရာ ရသွားစေတယ်ဆိုတာသိသာလွန်းနေတယ်၊
'' နင့်ပုံစံကအချိန်အကြာကြီးစောင့်ဆိုင်းနေရတဲ့ပုံပဲ၊ချင်ပန်ဇီဆီကနားထောင်ကြည့်လိုက် နင်သူတို်ကိုပစ်ဖို့အဆင်သင့်ပဲလား ''
ရူးကြောင်ကြောင်လူတစ်ယောက်လို Rennaldကမေးလိုက်တယ်၊
အပြည့်ဖြည့်ပြီးသွားတဲ့နောက် ဒူးလေးကိုငါ့နောက်မှာသယ်ထားရင်း သူ့ကိုပြန်လှည့်မကြည့်ပဲဖြေလိုက်တယ်၊
'' စိတ်ထဲမထားနဲ့ ''
'' သူတို့စိုက်ကြည့်နေတာမမြင်ဘူးလား၊သိထားဖို့က ငါကနင့်ကြောင့်နဲ့ အရှက်ရစရာတစ်ခုခု... ''
" Rennald "
Dukeကအသံဩဩနဲ့သတိပေးလိုက်တယ်၊
Rennald ကအနားတစ်ဝိုက်ကိုကြည့်လိုက်ပြီး သူ့ရဲ့ဦး​ေခါင်းကိုတွန့်ချိုးလိုက်တယ်၊
'' ဒီရယ်စရာမျက်နှာကိုဒီတိုင်းထိုင်ကြည့်နေချင်တာလား သောက်ရူးမလေး... ''
အံကြိတ်ထားတဲ့အသံနဲ့ တီးတိုးကျိန်ဆဲလိုက်တာက အတော်လေးချောက်ခြားဖို့ကောင်းတယ်၊
ကာလာစုံတဲ့ဝတ်စုံနဲ့ အ့ံအားသင့်ဖွယ်ဒူးလေးတို့ခြံရံထားတဲ့ငါ့ကိုယ်ငါကြည့်ရတာ အဓိပ္ပါယ်မရှိဘူးလို့ထင်ခဲ့တယ်၊
ဒါပေမဲ့ ငါဘာမှပြန်မဖြေခဲ့ဘူး၊
ဘာလို့ဆို ငါက ဒါဟာငါ့ကိုယ်ငါကာကွယ်ဖို့ပြင်ဆင်ထားတာလို့ပြန်ဖြေရင်တောင် သူကယုံကြည်မှာမဟုတ်လို့ပဲ၊
'' Penelope Eckart ''
ငါ့ကိုသောက်ရူးတစ်ယောက်လိုကြည့်မဲ့သူတစ်ယောက်မှမရှိတော့ဘူး၊
'' ဒါကတစ်နှစ်ထက်ပိုပြီးပိတ်ပင်ထားတာ၊မင်းဘာပြသနာမှမလုပ်တာကောင်းမယ် ''
'' ဒါကအဖေကျမကိုလုပ်ခွင့်ပြုထားတဲ့အရာပဲ ''
ငါ့မှာရွေးချယ်စရာမရှိဘူး ဒါပေမဲ့ ဆင်ခြေ​​ေပးဖို့အတွက်အဲ့လိုလုပ်လိုက်တာအကောင်းဆုံးပဲ၊
Rennald ကပေါ်ပေါ်ထင်ထင်မေးလိုက်တယ်၊
'' တကယ်လား အဖေ... ''
Dukeကစူးစူးဝါးဝါးအကြည့်တစ်ချက်နဲ့ ငါ့ကိုထိုးစွလိုက်တယ်၊ကံကောင်းချင်တော့ သူကသူ့ရဲ့လျှာကိုပါးစောင်ထဲထည့်လိုက်ပြီး မဟုတ်ဘူးလို့မပြောခဲ့ဘူး၊
'' အမဲလိုက်ပွဲအတွက်သုံးမဲ့လက်နက်ကို ကပွဲထဲသယ်လာတာ အကြောင်းပြချက်ရှိစရာမှမလိုတာ၊ဆူညံဆူညံမလုပ်နဲ့ ထိုင်နေစမ်း .... ''
'' ဒါပေမဲ့အဖေ...ဒီကောင်မလေးမှာက ထင်ရှားတဲ့ပြစ်မှုမှတ်တမ်းရှိနှင့်ပြီးသားနော် ''
'' အိုး...မင်းကမင်းညီမကိုအဲ့လောက်တောင်မယုံဘူးလား၊သူမတော်တော်လေးနောင်တရခဲ့တယ်လို့မပြောခဲ့ဘူးလား အဲ့တာကြောင့်သူမကို
စောင့်ကြည့်​ေနလိုက် ''
'' ........ ''
'' ပြီးတော့ Penelope မင်းရောပဲ ''
Dukeကငါ့ကိုကြည့်လိုက်ပြီး ချိန်းခြောက်လိုက်တယ်၊
'' မင်းဒီတစ်ခါပြသနာထပ်လုပ်ရင်...တော်ဝင်အကျဥ်းထောင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် သွားခိုင်းလိုက်တော့မှာ... ''
'' ဟူတ်ကဲ့၊ကျမကိုယုံပါ အဖေ... ''
ငါသွားပေါ်အောင်ရယ်ပြလိုက်တယ်၊
Rennaldရဲ့မျက်နှာမှာ ပြောချင်တာတွေအပြည့်ဖြစ်နေပေမဲ့ အဆုံးမှာတော့ သူကပါးစပ်ကိုပိတ်လိုက်ပြီး ငါ့ရဲ့ဘယ်ဘက်မှာထိုင်လိုက်တယ်၊
မျက်လုံးတွေကငါ့ကိုစိုက်ကြည့်နေပြီး မုန်းတီးမှုတွေအ​ြပည့်နဲ့ ​ခက်ထန်နေခဲ့တယ်၊
' အမလေးဘုရားရေ...နင်မကြိုက်ဘူးဆိုလည်းအဆောင်တွေအကုန်လုံးသာသွားဝယ်လိုက်တော့ '
ငါအဆောင်ပစ္စည်းရဲ့ အစွမ်းကိုကျေနပ်နေမိတယ်၊
အထဲမှာပြသနာတွေအတော်များများပေးနေတယ်၊
ငါအဲ့တာကို Dukeကိုပေးခဲ့မိတဲ့အတွက်ဝမ်းသာတယ်...
----------------------------
THE END.😁
_________________________________________
Zawgyi.
'' သူလား ''
'' မင်း....ငါ့ကို.... ''
Interest.-1% ( Interest.26% )
***********
နောက်ဆုံးကပွဲမှာတုန်းက ကြန့်ကြာမနေဘဲမြန်မြန်ဖြတ်သွားလို့ရခဲ့တာကြောင့် ငါစူးစမ်းနေမိတယ်၊
'' စစ်ဆေးတယ်... ''
ငါအံ့ဩသွားပြီး ခဏအကြာမှာခေါင်းညိမ့်ရင်းထောက်ခံလိုက်တယ်၊
စစ်ပွဲတွေရဲ့သူရဲကောင်း အိမ်ရှေ့စံမင်းသားက အင်ပါယာထဲမှာတင်မကဘူး အပြင်မှာပါရန်သူများတာပဲ...သူနန်းမတက်မချင်း အဆက်မပြတ်စစ်ဆေးခံရပြီး ဘဝကိုချိန်းခြောက်ခံရတာတွေရှိနေနိုငျတယျ၊
'' အဟမ်း... ''
'' Emily "
' စကားလေးတစ်ခွန်းပဲ... '
အစေခံတစ်ယောက်တည်းပျောက်သွားပြီး တစ်ကိုယ်တည်းကျန်ခဲ့တာတောင် ဘယ်သူကမှ အလျှင်စလိုဟာသမလုပ်ရဲကြဘူး၊
'' ဟေး... ''
'' ဟုတ်...ဟုတ်ကဲ့.. ''
လူတွေက သူတိုရဲ့သတ်မှတ်ချက်ထဲက လူရှုပ်အမျိုးစားအမြင့်ဆုံးဖြစ်သွားတဲ့အခါ ဟမ့် ဆိုတဲ့အသံတွေ နေရာတိုင်းလိုလိုမှာ ထွက်ပေါ်နေခဲ့တယ်
'' သခင်မလေး ''
ဘမ်း....
'' ဟား...နင်ဘာလုပ်နေတာလဲ ''
'' နင့်ပုံစံကအချိန်အကြာကြီးစောင့်ဆိုင်းနေရတဲ့ပုံပဲ၊ချင်ပန်ဇီဆီကနားထောင်ကြည့်လိုက် နင်သူတိုကိုပစ်ဖို့အဆင်သင့်ပဲလား ''
'' စိတ်ထဲမထားနဲ့ ''
" Rennald "
Rennald ကအနားတစ်ဝိုက်ကိုကြည့်လိုက်ပြီး သူ့ရဲ့ဦးခေါငျးကိုတှနျ့ခြိုးလိုကျတယျ၊
ကာလာစုံတဲ့ဝတ်စုံနဲ့ အံ့အားသင့်ဖွယ်ဒူးလေးတို့ခြံရံထားတဲ့ငါ့ကိုယ်ငါကြည့်ရတာ အဓိပ္ပါယ်မရှိဘူးလို့ထင်ခဲ့တယ်၊
'' Penelope Eckart ''
ငါ့မှာရွေးချယ်စရာမရှိဘူး ဒါပေမဲ့ ဆင်ခြေပေးဖို့အတှကျအဲ့လိုလုပျလိုကျတာအကောငျးဆုံးပဲ၊
'' တကယ်လား အဖေ... ''
စောင့်ကြည့်နေလိုကျ ''
'' ........ ''
မျက်လုံးတွေကငါ့ကိုစိုက်ကြည့်နေပြီး မုန်းတီးမှုတွေအပြည့်နဲ့ ခက်ထန်နေခဲ့တယ်၊
----------------------------
THE END.😁
Continue Reading
You'll Also Like
92.5K 15.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.2M 135K 70
Love has no race!
1.1M 37.4K 55
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.8M 120K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...